အနောက်တောင်အရပ်က လွမ်းတဲ့အလွမ...

By flickstar1

42.1K 2.4K 42

❤ကိုယ်နေထိုင်ရာ အနောက်တောင်အရပ်ကနေ ခင်ဗျားရှိရာ အရပ်ကို လွမ်းတဲ့အလွမ်း❤ More

အပိုင်း-(၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
ဇာတ်သိမ်း
Special Part
အပိုင်း-(၁) (Unicode)
အပိုင်း-(၃) (Unicode)
အပိုင်း-(၄) (Unicode)
အပိုင်း-(၅) (Unicode)
အပိုင်း-(၆) (Unicode)
ဇာတ်သိမ်း(Unicode)

အပိုင်း-(၂) (Unicode)

1.9K 163 1
By flickstar1

အလိုက်တသိန့ဲ မသိချင်ယောင်ဆောင် နေတတ်တယ်ဆိုတာ
တုံးအနေလို့ မဟုတ်ဘဲ သိပ်ချစ်မိသူတစ်ယောက်ရ့ဲ ချစ်တတ်ခြင်း တစ်မျိုးပါဆိုရင်...
အစ်မဟာ ဒီကမ္ဘာမှာ သိပ်ကံကောင်းတ့ဲ အမျိုးသမီးတစ်ယောက် ဆိုပြီး ဂုဏ်ယူလိုက်ပါ..။

*****

မနေ့ညက အမှောင်ထဲလျှောက်ခ့ဲရတ့ဲ ခနော်နီခနော်နဲ့ လမ်းလေးက အခုမနက်ေ၀လီေ၀လင်းအချိန်မှာတွေ့လိုက်ရတော့ အရမ်းကို လှပလွန်းနေသည်။ မျက်စိတစ်ဆုံးမြင်နေရသော မြေနီလမ်းလေး ဘေးတစ်ဖက်တစ်ချက်စီမှာ စိမ်းစိုနေသည့် အပင်များကို မြေနီလမ်းလေးနည်းတူ မျက်စိတစ်ဆုံးမြင်နေရပြီး လင်္ကာ့အမြင်အာရုံတွေဆုံးသည်အထိ မြင်နေရသော အ့ဲမြေနီလမ်းလေးဟာ မနက်ခင်းအစတွင် သိ်ပ်ကိုလှပနေပြန်သည်။ ဆောင်းတွင်းရဲ့ အစောဆုံးကာလမို့ မနက်ခင်းရဲ့ ေ၀လီေ၀လင်းအချိန်မှာ မြူနှင်းတွေအပြည့်ဖြင့်ပင် လင်္ကာတို့လျှောက်နေသော မြေနီလမ်းလေးဟာ အရမ်းကို အသက်၀င်ကာ လှပလွန်းနေ၏။

လင်္ကာ့ဘေးက အစ်မကတော့ နားကြပ်တစ်စုံကို နားထဲတပ်ထားပြီး လင်္ကာသူ့ဘေးမှာ ပါလာတယ်ဆိုတာကိုတောင် ဂရုစိုက်ရဲ့လား မသိ...။လမ်းတူတူလျှောက်နေတယ် ဆိုပေမ့ဲ လင်္ကာက တစ်ယောက်တည်းဖြစ်နေရသော အခြေအနေတွင် အနေခက်နေသည်လေ။ အ့ဲတော့ လင်္ကာက ဘောင်းဘီအိတ်ထဲက ဖုန်းလေးကိုထုတ်လိုက်ပြီး မြေနီလမ်းလေးတစ်လျှောက် လင်္ကာတစ်ခါမှ မမြင်ဖူးသည့် အမျိုးအမည်မသိသော ပန်းလှလှလေးတွေ အပင်လှလှလေးတွေအား ဓာတ်ပုံလိုက်ရိုက်သည်။ လင်္ကာ့အကျင့်က တစ်ခုခုမှာ အာရုံ၀င်စားသွားပြီဆို ပတ်၀န်းကျင်ကို မေ့သွားတတ်ခြင်းပါ။ ပန်းတွေအလှမှာ မျောသွားတ့ဲ လင်္ကာက အ့ဲအစ်မကိုပါ မေ့သွားခ့ဲလေသည်။

"ပန်းတွေကို သဘောကျလို့လား ကာ"

အသံကြားမှ ပန်းတွေကိုသာ ဓာတ်ပုံရိုက်ဖို့ စိတ်ရောက်နေတ့ဲ လင်္ကာ့အာရုံတွေက ပုံမှန်ပြန်ဖြစ်ပြီး ဆောင့်ကြောင့်လေး ထိုင်နေရာက အသံလာရာဆီ မော့ကြည့်တော့ နဖူးနားလေးတစ်၀ိုက်တွင် ချေွးအနည်းငယ်စို့နေကာ ပြေပြစ်ပြီး လှလွန်းရက်နိုင်သည့် မျက်နှာလေးကို မြူနှင်းတွေကြားထဲ နတ်သမီးတစ်ပါးရောက်နေသက့ဲသို့ အရင်မြင်၏။

လင်္ကာဖြစ်သွားတ့ဲပုံက အခုလို အလှတွေနဲ့ ပြည့်စုံနေတ့ဲ သဘာ၀ ပတ်၀န်းကျင်အောက်မှာပဲ အစ်မရဲ့ လှပလွန်းတ့ဲ မျက်နှာလေးကို မြင်လိုက်ရတော့ အရာရာက ရပ်တန့်သွားပြီး အစ်မအလှတွေအောက်၌သာ စူးစူးစိုက်စိုက်ယစ်မူးနေတာမျိုးပေါ့...

"ဟေ့...ကလေးမ"

အစ်မရဲ့ နောက်တစ်ကြိမ် ခေါ်သံကြားတော့မှ အစ်မအလှတွေကြား ယစ်မူးနေတ့ဲ ကိုယ်က အသိပြန်၀င်လာပြီး ရှက်မိကာ မျက်နှာကြီးကို အစွမ်းကုန် အောက်ကိုငုံ့ထားလိုက်၍...

"ပန်းလေးတွေ လှလို့လေ အစ်မ...ကျွန်မ စိတ်၀င်စားတ့ဲ အရာဆိုရင်အ့ဲလိုပဲ နစ်မြောမိတတ်လို့ပါ"

"ဟုတ်လား...တို့က အရှေ့တော်တော်တောင် ရောက်နေပြီ ကိုယ့်အာရုံနဲ့ ကိုယ်လျှောက်နေတော့ ကာကျန်ခ့ဲတာ မသိလိုက်ဘူးလေ...အ့ဲတာကြောင့်ပါ...ပြီးတော့ ဟိုဘက်ကုန်းနားလေးမှာ အိမ်လေးတစ်အိမ်ရှိတယ်...အ့ဲအိမ်လေးမြင်ရင် မင်းပိုပြီးတောင် စိတ်၀င်စားသွားအုံးမယ်...ဒါနဲ့ ကာလို့ မပြောဘူးလား"

"ဟုတ်က့ဲ အစ်မ ကျွန်မ ကာလို့ မသုံးတတ်လို့ပါ"

"ဟုတ်ပါပြီ ဒါလည်း မဆိုးပါဘူး ကျွန်မနဲ့ အစ်မပေါ့"

အစ်မကတော့ ဘယ်လို အဓိပ္ပာယ်နဲ့ပြောလိုက်လဲ မသိပေမ့ဲ အစ်မ ပြောလိုက်တ့ဲ စကားကြောင့် လင်္ကာ့ရင်ထဲမှာတော့ ဗလောင်ဆူနေပြီ။ လင်္ကာ အဖြေရှာမရသေးတ့ဲ ငါဘာဖြစ်နေတာလဲ ဆိုသည့် စကားဟာလည်း အခုထက်ထိကိုရင်ထဲမှာ ပ့ဲတင်နေပြန်၏။

"အော် ဒါနဲ့ တို့ကို ကာ့ဖုန်းနဲ့ ဓာတ်ပုံမရိုက်ပေးချင်ဘူးလား...ကာ့ဖုန်းထဲမှာ တို့ပုံရှိသွားရင် ခုနကလို တို့ကို အကြာကြီးစိုက်ကြည့်နေစရာမလိုတော့ဘူးလေ"

စလိုက်တာလား နောက်လိုက်တာလား မသိသည့် အစ်မရဲ့ စကားနောက်မှာ လင်္ကာ့ရင်တွေ ခုန်နေတာ လင်္ကာသာသိသည်။ပြီးတော့ ငါ အစ်မကို ကြည့်လိုက်မိတာ အ့ဲလောက်တောင်များ သိသာသွားပြီလားတွေးကာ အတွေးတွေဖြင့်ပင် ရှက်လိုက်ရတာ...

"ဟိတ် ကာ ဓာတ်ပုံရိုက်ပေးလေ"

အစ်မရဲ့ ဒုတိယအသံကြောင့် လကာၤက မြေနီလမ်းလေးအား နောက်ခံထားလျက်ပင် အမကို ဓာတ်ပုံရိုက်ပေးလိုက်လေသည်။ လင်္ကာ စိတ်ကူးထားတာက တစ်ပုံနှစ်ပုံလောက်သာ ရိုက်ဖို့ပါ ဒါပေမ့ဲ ပုံရိုက်လိုက်တ့ဲ အချိန်မှာ အစ်မရဲ့ ပိုစ့်ပေးနေတ့ဲ ပုံလေးကို အရမ်းသဘောကျတာကြောင့် တစ်ခါတည်း ပိုစ့်တစ်မျိုးတည်းကိုပင် ၁၀ပုံလောက် ရိုက်မိသွား၏။ အစ်မကတော့ လင်္ကာရိုက်ပေးတ့ဲ ပုံကို ကြည့်တောင်မကြည့်ဘဲ သိမ်းထားနော် တစ်ခွန်းပြောပြီး လမ်းသာဆက်လျှောက်နေလေသည်။

လင်္ကာတစ်ယောက်တည်းသာ အစ်မနဲ့ ပတ်သက်ပြီး အခုလို ယောက်ယက်ခက်နေခ့ဲတာပါ။ အစ်မကတော့အခုလို အခြေအနေကို အေးအေးသက်သာပင် ဖြစ်နေပြန်သည်။ဒါ့ကြောင့် အစ်မဟာ ပွင့်လင်းလွန်းသည့် အမျိုးသမီးတစ်ယောက်လို့ လင်္ကာ မှတ်ချက်ချလိုက်မိသည်။

အစက အစ်မပြောခ့ဲသလိုပါပဲ အစ်မသွားသမျှ နေရာတွေဟာ မနက်ခင်း အလင်းရောင်ဖွဖွအောက်မှာ အမှန်တကယ်ကို စိတ်အပန်းပြေပြီး လှလွန်းတ့ဲ နေရာတွေပါ။ နေရာတစ်ခုရောက်တိုင်း အစ်မက လင်္ကာ့ကို ဓာတ်ပုံရိုက်ပေးတာလေးကလည်း လင်္ကာ့စိတ်ထဲ အ့ဲအခြေအနေလေးအား တစ်မျိုးလေးခံစားနေရပြန်၏။

အစ်မထက် အသားပိုညိုပြီး အရပ်အနည်းငယ်မြင့်သည့် လင်္ကာ့ကို ညိုချော တစ်ယောက်ဟု အစ်မရဲ့ ချီးမွန်းမှုတွေအောက်မှာလည်း ကျေနပ်နေမိကာ လင်္ကာ့ရဲ့ ဖြစ်တည်မှုကို ဒီတစ်ခါမှာတော့ သဘောကျနေမိတာ ကိုယ်ကိုယ်တိုင်သာ သိနေသည်။

လင်္ကာတို့ ရောက်နေသည့် Resort က ကိုယ်ထူကိုယ်ထစနစ်ဖြင့်သာ တည်းခိုရသော နေရာတစ်ခုပါ။ ဥပမာ မနေ့ည ညစာစားချိန်ကဆို ဘူဖေးစနစ်နဲ့ စကောလေးတွေပေါ်မှာ ဟင်းတွေမျိုးစုံကို တစ်မျိုးစီ ချခင်းထားပေးပြီး ကိုယ့်ဘာသာကိုယ်ယူစား။ ကိုယ်စားပြီးသား ပန်းကန်ကိုလည်း ကိုယ့်ဘာသာကိုယ်ဆေး...အ့ဲလို စနစ်ပါ။

နောက်ထပ် ကော်ဖီဖျော်သောက်တာ...ဂျင်းပြုတ်ရည်၊ လက်ဖက်ခြောက်၊ ရေနွေးကြမ်းသောက်တာက အစ ကိုယ့်ဘာသာကိုယ် ဖျော်သောက်...သောက်ပြီးသားခွက် ကိုယ့်ဘာသာကိုယ်ဆေး..အ့ဲလိုပုံစံနဲ့ နေရတာပါ။

လမ်းလျှောက်ပြီးတော့ အစ်မက Dining room ကိုတစ်ခါတည်းသွားမယ်ဆိုလို့ လင်္ကာတို့ dining room ကိုတန်းတန်းမတ်မတ် ရောက်သွားလေသည်။ ကုန်းမြင့်လေးပေါ်မှာ သီးသန့်လေးလိုရှိနေတ့ဲ Dining room ရဲ့ ဘေးပတ်ပတ်လည်မှာတော့ ပန်းပင်လေးတွေ မျိုးစုံကို အလှဆင်စိုက်ထားပြီး dining room ကနေ လှမ်းမျှော်ကြည့်မယ်ဆိုလျှင် ရိုးမတောကြီးကို မြင်နေရတာမို့ လင်္ကာ့အတွက်ကတော့ သိပ်ကို သာယာလွန်းနေပြန်၏။

မနက်စာကို ထမင်းကြော်ရယ် ကြက်အူချောင်းကြော်လေးရယ်၊ ရေနွေးတစ်ခွက်ရယ်ကြောင့်ပဲ ပြီးပြည့်စုံနေသည့် မနက်ခင်းကြောင့် လင်္ကာ လမ်းလျှောက်လာရ၍ ဆာနေသည့် ဗိုက်ကိုဖြည့်တင်းရန် ဟန်မဆောင်နိုင်ပင် စားမိသည်။

"ဟင်းချိုမသောက်ဘူးလား ကာ...ကြည့်ပါအုံး ဘယ်လိုဖြစ်လို့ ထမင်းကြော်လဲ အများကြီးစားရတာတုန်း...အများကြီးစားရင် ရင်ပြည့်လိမ့်မယ်...ရော့ ကာ့အတွက် အစ်မဟင်းချိုခပ်လာတယ်...ပြီးတော့ ဂျင်းဖျော်ရည်လေးသောက်...အ့ဲတာမှ အချမ်းဒဏ်လည်း ခံနိုင်သလို အစာချေစနစ်အတွက်လည်း ကောင်းလိမ့်မယ်"

ကိုယ်က ဗိုက်ဆာလို့ ပလုပ်ပလောင်းစားနေတာတွေက အစ်မ စကားတစ်ခွန်းတည်းနှင့်ပင် လင်္ကာ့အတွက် ယူလာပေးသော ဟင်းချိုရယ် ဂျင်းဖျော်ရည်ရယ်ကို လကာၤ့ပန်းကန်ရှေ့ ချပေးပြီး လင်္ကာ့ဘေးဝင်ထိုင် လိုက်တ့ဲအစ်မကြောင့် လင်္ကာ့မှာ တစ်ခုမှပြန်မပြောနိုင်ဘဲ ကြောင်တောင်တောင်လေးရယ်။ အ့ဲတာကို အစ်မက အသင့်ခွဲထားတ့ဲ သစ်သီးစိပ်ပန်းကန်လေးကို လင်္ကာတို့ နှစ်ယောက်ကြားထဲ ချကာ...

"ရော့ ဒီမှာ သစ်သီးလည်းစား...ဘယ်လိုလုပ် တစ်မျိုးတည်းပဲ စားနေရတာလဲ ကာရ့ဲ...အစားအစာဆိုတာ အမျိုးစုံအောင် စားမှ အာဟာရဓာတ်ရပြီး အားပြည့်မှာပေါ့...ဒီမှာရှိတ့ဲအစာတွေအကုန်လုံးက ကြိုက်ရာယူစားလို့ရပါတယ် ကာရယ်"

"ဟုတ်...ဟုတ်က့ဲပါ အစ်မ...ကျေးဇူးပါနော်"

လင်္ကာ အစ်မစားတာကိုကြည့်တော့ အစ်မက အများကြီးမစားဘဲ ပေါင်မုန့်ယိုသုပ်လေးရယ်၊ ဂျင်းဖျော်ရည်တစ်ခွက်ရယ်၊ လင်္ကာတို့နှစ်ယောက်ကြားချထားတ့ဲ သစ်သီးပန်းကန်လေးရယ် ဒါပဲရှိလေသည်။ အ့ဲတော့ လင်္ကာက ပန်းကန်တွေဆီက အကြည့်လွှဲပြီး အစ်မကို ပြန်ကြည့်ကာ...

"အစ်မကရော စားတာနည်းလိုက်တာ...ထမင်းကြော်တွေဘာတွေရော မစားဘူးလား...ကျွန်မ သွားယူပေးရမလားဟင်"

လင်္ကာ့ စကားကြောင့် အစ်မက လင်္ကာ့ကို ပြုံးပြလိုက်ပြီး...

"ရပါတယ် ကာရ့ဲ အစ်မက မနက်စာကို အများကြီးမစားတတ်လို့လေ...အစ်မအတွက် မနက်စာက ကော်ဖီန့ဲ အသီးတွေရှိရင် ရပြီ"

ပြီးတော့ လင်္ကာတို့ စကားဝိုင်းလေးက တိတ်ဆိတ်သွားပြန်သည်။ လင်္ကာကတော့ ဘာကြောင့်မှန်းမသိ အစ်မကို ခိုးခိုးကြည့်နေမိတာ အခါခါပါ...အခုလိုခံစားချက်မျိုးဆိုတာလည်း အစ်မကြောင့်သာ ဖြစ်လာခ့ဲတယ်ဆိုတာ လင်္ကာသိသည်။ ဒါပေမ့ဲ ဘာလို့ဆိုတာကိုတော့ လင်္ကာ သေချာမခွဲခြားတတ်သေးပေ။

*****

လင်္ကာ့တို့ သင်တန်းလေးက ၉နာရီဆိုစတာပါ။ အစ်မက လင်္ကာ့ထက် မနက်စာကိုအရင်စားပြီးတော့ အခန်းပြန်ရေချိုးမယ်ဆိုပြီး ထွက်သွားပြီး လင်္ကာအခန်းရောက်တော့ အစ်မကို မတွေ့ရတော့ပြန်ပေ။

အကုန်ပြင်ဆင်ပြီးရင်တော့ စာသင်ခန်းကိုပဲ တန်းသွားမယ်ဟု ပြောသွားတာကြောင့် လင်္ကာလည်း သင်တန်းချိန်မှီအောင်လို့ တစ်ကိုယ်ရေသန့်ရှင်းရေးကို အမြန်အဆန်ပဲ ပြုလုပ်လိုက်သည်။

လကာၤတို့ စာသင်ရတော့လည်း အစ်မဟာ လင်္ကာ့ကို ညကရော မနက်ကပါ ရင်းနှီးခ့ဲသည့် အပြုအမူတွေပျောက်ပြီး ကျောင်းသူတစ်ယောက်လိုသာ တည်တည်တင်းတင်း ဆက်ဆံတော့ လင်္ကာ အစ်မစိတ်ကို တွေးမရခ့ဲ ပြန်ပေ။

Break time အချိန်နားပြန်တော့လည်း အစ်မန့ဲ တူတူနေရတာ ဖြစ်တာကြောင့် တစ်ခြားအဖွ့ဲတွေန့ဲ မရင်းနှီးတ့ဲ လင်္ကာက နဂိုထဲကမှ စကားလည်း နည်းတော့ သီးသီသန့်သန့်လေးလို တစ်ယောက်တည်း ဖြစ်နေပြန်တော့လည်း လင်္ကာန့ဲတူတူ အစ်မက နေ့လည်စာ မစားဘဲ တစ်ခြား ဆရာမတွေန့ဲ စကားတွေဖောင်ဖွ့ဲ ပြောနေပြန်၏။

လင်္ကာကလည်း အစ်မ လင်္ကာ့ကို အခုလိုဂရုမစိုက်တာကို အလိုမကျသလို စိတ်တိုနေသလိုဖြစ်နေတာ ဘာကြောင့်မှနး် မသိ။ အ့ဲတော့ ငါက ငယ်ငယ်ထဲက အခုလို အပယ်ခံ ဘ၀နဲ့နေခ့ဲရတာပဲ ဒီတစ်ခါလည်း အခုလိုဖြစ်တာ ဘာမှမခံစားနေနဲ့ လင်္ကာဆိုပြီးတော့ ကိုယ်ကိုယ့်ကို အားပေးလိုက်တော့ အတော်လေးတော့ နေရတာ အဆင်ပြေသွားလေသည်။

တစ်နေကုန် အစ်မက လင်္က့ာကို ပုံမှန်ဆက်ဆံတော့ လင်္ကာလည်း ပုံမှန်ပဲ ပြန်ဆက်ဆံလိုက်တော့တယ်။ သူများတွေက တီချယ်ခေါ်တော့ ကိုယ်လည်း တီချယ်ပဲခေါ်တာပေါ့။ အ့ဲထက်ဘာမှ မပိုတာပဲ ကောင်းပါတယ်လေဆိုတ့ဲ စိတ်တစ်ခုနဲ့ပါပဲ။

"ကာ..."

ကိုယ့်ကို ခေါ်နေသည့် အသံကြောင့် လင်္ကာ့ ဘန်ဂလိုကိုပြန်တ့ဲ လမ်းလေးမှာပဲ အနောက်ကိုလှည့်ကြည့်ဖြစ်သည်။ ဒီအသံပိုင်ရှင်ဟာ ဘယ်သူလဲဆိုတာ လင်္ကာကောင်းကောင်းသိတယ်လေ။

"ကလေးမ အစ်မကို စိတ်ကောက်နေတာလား"

နောက်ထပ်ထပ်ထွက်လာသော စကားကြောင့် လင်္ကာ့တစ်ကိုယ်လုံး ကြက်သီးလေးများထသွားသည် အထိအောင် မေးခွန်းကသတ်ပြန်သည်။

"မဟုတ်ပါဘူး...စိတ်ကောက်ရအောင် ကျွန်မက ကလေးမှမဟုတ်တာ အစ်မရဲ့"

"ခစ်ခစ်...ဟုတ်လား အစ်မက မသိပါဘူး...အစ်မကိုများ ကာတစ်ယောက် အမြင်မကြည်ဖြစ်နေသလားလို့ပါ။ စာသင်ခန်းမှာဆိုတော့ တစ်ခြားကျောင်းသားတွေလည်း ရှိနေတာလေ...အ့ဲတော့ အစ်မက အကုန်လုံးကို တန်းတူညီတူဆက်ဆံရမယ်။ ဒါပေမ့ဲ အစ်မကတော့ ကာ့ကိုပဲ ချစ်တာပါနော်"

ချစ်တယ်ဆိုတာ အစ်မတစ်ယောက်ကတော့ ရိုးရိုးသာသား ပြောတာဖြစ်ပါလိမ့်မယ်ဆိုပေမ့ဲ လင်္ကာ့ရင်ထဲမှာတော့ ဗြောင်းဆန်နေပြီ...လျှောက်နေတ့ဲ လမ်းမှာပင် ဒူးတွေတုန်နေလို့ ထိုင်ချလိုက်ရမလား...အခုချက်ချင်းပဲ အစ်မရှေ့က ပြေးထွက်လိုက်ရမလားဆိုတ့ဲ ပုံမှန်မဟုတ်တ့ဲ အတွေးအခေါ်တွေကလည်း အတွေးထဲတွင် ယောက်ယက်ခတ်နေလေသည်။

"ကာ"

"ဟင်...ဟုတ်...ဟုတ်က့ဲ အစ်မ"

အစ်မရဲ့ စကားတစ်ခွန်းကြောင့် လင်္ကာ့မှာ လူက အာစေးမိနေသလို စကားစပြောခါစ ကလေးငယ်လိုဖြင့် နှုတ်ထွက်စကားတွေက ယောင်နဲ့နဲ့...

"ဘယ်လိုဖြစ်တာတုန်း...ကြောင်တောင်တောင်လေးနဲ့...အစ်မကို စာသင်ပေးတ့ဲ ဆရာမဆိုပြီး ကြောက်နေတာလား"

"မ...မ..မဟုတ်ပါဘူး အစ်မ....ကျွန်မ နည်းနည်းအေးနေလို့ပါ"

ဖြတ်တိုက်သွားတ့ဲ ဆောင်းလေအေးလေးကို အကာအကွယ်ယူပြီး လင်္ကာကပြောတော့ အစ်မကသွားတန်းဖြူဖြူလေးတွေ ပေါ်အောင်ရယ်လိုက်ပြီး...

"ချမ်းတတ်တယ်ပေါ့...အခုလို အအေးဓာတ်ရလာတ့ဲ အချိန်ဆို ရင်ခွင်နွေနွေးလေး တစ်စုံတော့ ရှိထားသင့်တယ်နော်"

လင်္ကာ သတိထားလိုက်မိတာက အ့ဲလို ပြောလိုက်တ့ဲ အစ်မရဲ့ မျက်၀န်းလှလှလေးတွေက အနည်းငယ် ၀မ်းနည်းရိပ်သန်းသွားတာကိုပါ။ဘာရယ်ကြောင့်တော့ မသိခ့ဲ။

"ကာ...အခု စာသင်တာလည်း ပြီးပြီဆိုတော့ အားသွားပြီ မဟုတ်လား"

"ဟုတ်က့ဲ အစ်မ"

"အင်း...အ့ဲတာဆို အစ်မနဲ့ ရိုးမနားလေးက ခြံကိုလိုက်ခ့ဲ...အ့ဲမှာ အစ်မသူငယ်ချင်းတစ်ယောက်နေတာ...သူက အခုနောက်ပိုင်းအ့ဲမှာပဲ အဖေအမေတွေနဲ့ နေတယ်လေ။ အစ်မဒီလာတိုင်း သူ့ဆီကို သွားနေကျ...လိုက်မယ်မဟုတ်လား"

"ဟိုလေ...အစ်မ ကျွန်မ မကြည်ပြာကို ခွင့်တောင်းရမယ်ထင်တယ်...သူက ဘာပဲပြောပြောလေ ကျွန်မတို့အဖွဲ့ရဲ့ တာ၀န်ကိုယူထားရတော့လေ"

"အ့ဲအတွက် မပူနဲ့..တို့ သူ့ကို ပြောထားပြီးပြီ...ကာ့ကို တို့ဒီနားကခြံကို ခနခေါ်သွားမယ်ဆိုပြီးလေ"

အစ်မက ဘယ်လောက်စေ့စပ်လိုက်သည့် အမျိုးသမီးလဲ...လင်္ကာ့ကို ခေါ်သွားမယ်ဆိုတာ လင်္ကာငြင်းမရအောင်ကို တစ်ခါတည်းစီစဉ်ထားခ့ဲတာ...လင်္ကာက နေရာအသစ်အဆန်း တစ်နေရာရောက်ရင် ပတ်၀န်းကျင်ကို စူးစူးစမ်းစမ်းရှိတတ်သည့် စိတ်လေးက ရှိတော့ အစ်မရဲ့ ဖိတ်ခေါ်မှုကို မငြင်းခ့ဲပေ။

အစ်မသူငယ်ချင်းရဲ့ ခြံဆိုတာက လင်္ကာတို့နေတ့ဲ Resort လေး၀င်ပေါက်က ထွက်လိုက်ပြီး လမ်းလေးအတိုင်း အနောက်ကို နာရီ၀က်လောက် အတန်ငယ်ဆက်သွားတာန့ဲ ရောက်လေသည်။ ခြံက ဧကတော်တော်များများလောက် ကျယ်နိုင်ပြီး ခြံထဲမှာ အပင်ကြီးတော်တော်များများလည်း ရှိသည်။ အစ်မကားလေးက ထိုခြံ၀န်းထဲ၀င်ပြီး တစ်ထပ်တိုက် ပုလေးရှေ့ရောက်တော့ ရပ်လိုက်ကာ အစ်မ ကားပေါ်ကဆင်းတော့ လင်္ကာလည်း လိုက်ဆင်းလိုက်သည်။ တိုက်လေးဆောက်ထားတာက ဂျပန်ဒီဇိုင်းလေး ဆောက်ထားပြီး တော်တော်လေးလည်း လက်ရာမြောက်လှသည်။ လင်္ကာတို့ တိုက်ရှေ့ရောက်တယ်ဆိုရင်ပဲ အစ်မတို့ အရွယ်အသားဖြူဖြူ ချောချော အစ်မတစ်ယောက် တိုက်ထဲမှာထွက်လာကာ...

"ရှင်း...လာလာ...မတွေ့ရတာကြာပြီ...ငါ နင်ကြိုက်တတ်တာတွေ ရှယ်ပြင်ထားတယ်နော်"

ထိုအစ်မက လင်္က့ာကို ကြည့်ပြီး အစ်မကို ပြန်ကြည့်၍...

"သူကရော ဘယ်သူလေးလဲ ရှင်း"

"အာ အေး ဟုတ်သားပဲ။ မိတ်ဆက်ပေးရမယ်။ သူက လင်္ကာဖြူတ့ဲ။ ငါနဲ့ အခု တစ်ခန်းထဲနေတာ တပည့် ညီမလေးပေါ့။ သူအခန်းမှာ တစ်ယောက်တည်း ကျန်ခ့ဲမှာစိုးလို့လေ...ငါခေါ်လာတာ"

"အေးပါ...ရတယ် ဘယ်သူ့ခေါ်လာလာ...ဟိုတစ်ယောက်ရော ရှင်း အဆင်ပြေရဲ့လား"

"ငါ သူ့အကြောင်း မပြောချင်ဘူး ခြည်"

"အော် ကာ...ဒါက နေခြည်မွန်တ့ဲ အစ်မ သူငယ်ချင်း အစ်မလိုပဲ ခင်လို့ရတယ်နော်"

အစ်မ သူငယ်ချင်းရဲ့ နာမည်ကို လင်္ကာသေချာမှတ်လိုက်ပေမ့ဲ လင်္ကာ့ အတွေးတွေထဲ စိုးမိုးနေတာ မနေခြည်မေးလိုက်တ့ဲ ဟိုတစ်ယောက်ဆိုတာကိုပါပဲ။

အစ်မသူငယ်ချင်းက ညနေစာကို ကောင်းကောင်းမွန်မွန်ကို ပြင်ဆင်ထားလေသည်။ တိုက်ပုလေးရဲ့ ဘေးဘက်၀ရံတာလေးမှာ အလှဆင်မီးလေးတွေရော အလင်းရောင် နည်းလာတာနဲ့အမျှ အေးစိမ့်တက်လာတာမို့ ချမ်းမှာစိုးလို့ မီးပုံလေးထားထားသေးသည်။ အစားအသောက်အပြင်ကို ၀ိုင်အချို့လည်း ချထားပေးသေးသည်။

မနေခြည်ရဲ့ မိဘတွေကတော့ အစ်မနဲ့ တော်တော်လေးရင်းနှီးပုံရပြီး သမီးကနေကို ပါးစပ်ဖျားက မချ။ အ့ဲတော့ အပြင်လူဆိုလို့ လင်္ကာတစ်ယောက်တည်းသာ ရှိနေသလို ခံစားရပြန်သည်။ ဒါဟာလည်း မထူးဆန်းတော့ပါ။ လင်္ကာငယ်ငယ်ထဲက ဒီလို အခြေအနေအများအပြားကို ကြုံတွေ့ဖူူးနေကျမို့လေ...။

လင်္ကာတို့ရဲ့ ညစာစားပွဲလေးက အစ်မနဲ့ အစ်မခြည်တို့ရဲ့ စကား၀ိုင်းသပ်သပ်ပါ။သူတို့ ပြောဆိုသမျှ ရယ်မောသမျှ အရာမှန်သမျှကို လင်္ကာက တစ်ခွန်းမှ နားမလည်တော့ ငြိမ်ပြီးတော့သာ နားထောင်နေရသည်။ မီးပုံလေး ဖိုထားတယ်ဆိုပေမ့ဲ စိမ့်တက်လာတ့ဲ အအေးဓာတ်ကြောင့် အစ်မ ထည့်ပေးထားတ့ဲ မလျော့သေးတ့ဲ ၀ိုင်ခွက်ကို တစ်ရှိန်ထိုးမော့သောက်လိုက်သည်။ မသောက်လို့လည်း မရ အတန်းပြီးထဲက ဒီကိိုလိုက်ခ့ဲဖို့ရာ အစ်မခေါ်လာကတည်းက အကျၤ ီလက်တိုလေးနဲ့ပါလာတ့ဲ လင်္ကာက ရာသီဥတုရဲ့ အအေးဓာတ်ကြောင့် တော်တော်လေး ချမ်းနေပြီ။

"ခြည် ငါ့ကို အနွေးထည် တစ်ထည်လောက်ပေးပါအုံး"

စကားသံနဲ့အတူ လင်္ကာ့ပခုံးပေါ်ကို အစ်မရဲ့ အပေါ်ထပ်ကုတ်လေးက ၀တ်ပေးပြီးသားဖြစ်၏။ လင်္ကာက အ့ံသြဟန်ရော အားနာဟန်ရော အစ်မကို ပြန်ကြည့်တော့...

"ရတယ်...တို့က ခြည့်အနွေးထည်၀တ်လိုက်မယ်...ကာ ကတော့ အစ်မအကျၤ ီ၀တ်ထားပေါ့"

တစ်ဆက်တည်းဆိုသလို အစ်မက လင်္ကာ့ လက်တွေကို ရုတ်တရက်ကိုင်လိုက်ပြီး...

"ကြည့်စမ်း လက်တွေ အေးစက်နေတာပဲ...အေးနေတာကို အစထဲက မပြောဘူး"

လင်္ကာ့မှာ အစ်မရဲ့ အခုလို ဂရုစိုက်ပေးမှုကြောင့် ရင်တွေခုန်နေပြီး...အခုလို အခြေအနေလေးကို ရပ်တန့်ထားချင်မိပြန်သည်။ အစ်မက လင်္ကာ့လက်ကို ကိုင်ထားပြီးထဲက မလွှတ်တော့ လင်္ကာ့မှာ ရင်တွေခုန်ပြီး လက်တွေတုန်နေတာကို အစ်မ မရိပ်မိအောင်ကို ထိန်းထားနေရလေသည်။

"ရှင်း ရော့ အနွေးထည်...ကာက အရပ်မြင့်တော့ တော်ပါ့မလား မသိဘူး...ငါက အရပ်ပုတယ်လေ"

"ရတယ် ခြည်...ကာက ငါ့အကျၤ ီပဲ ၀တ်ပါစေ...နင့်အကျၤ ီကို ငါပဲ ၀တ်မယ်"

အစ်မက အနွေးထည်၀တ်ပြီးတော့လည်း လင်္ကာ့လက်တွေက အေးစက်နေတာပဲဆိုပြီး ဆုပ်ကိုင်ထားလျက်သာ အစ်မခြည်နဲ့ စကားတွေ ပြောနေခ့ဲ၏။

အစ်မရေ လင်္ကာ့ကို အခုလို ပုံစံမျိုးနဲ့တော့ နှလုံးခုန်ရပ်အောင် မလုပ်ပါနဲ့။

အစ်မနဲ့ သူ့သူငယ်ချင်းနဲ့ စကားတွေ ဖောင်ဖွဲ့ပြောပြီး လင်္ကာတို့ပြန်တော့ ၈ခွဲလောက်တော့ရှိနေပြီ။ ၀ိုင်တွေ တစ်ခွက်ပြီးတစ်ခွက် သောက်ထားတ့ဲ အရှိန်ကြောင့် အစ်မက လင်္ကာ့ကို ကားမောင်းတတ်လားမေးပြီး ကားမောင်းခိုင်းသည်။ သူတော်တေ်ာလေး မူးနေလို့ဆိုပြီးလေ။

လင်္ကာတို့ ဘန်ဂလိုလေးရှေ့ရောက်တ့ဲထိကို အစ်မက အမူး မပြေသေး...အ့ဲတော့ လင်္ကာကပဲ အစ်မကို အခန်းထဲ တွဲခေါ်ရပြန်သည်။မူးတယ်ဆိုတာ ဘယ်လိုမှန်း မသောက်တတ်တ့ဲ လင်္ကာက သိပ်ပြီးသေချာမသိ...ဒါပေမ့ဲ အချမ်းပြေအောင် ၀ိုင်တစ်ခွက်သောက်ထားတ့ဲ လင်္ကာကမျက်နှာတွေက ရှိန်းတိန်းဖိန်းတိန်း ဖြစ်သလိုတော့ ခံစားရသည်။

အစ်မကတော့ ယိုင်နဲ့နဲ့ ဖြစ်နေတာမို့ အစ်မကို တစ်ဖက်ကလည်းထိန်း...လက်တစ်ဖက်ကလည်း အခန်းသေ့ာကို ဖွင့်ရတာတကယ်တော့ မလွယ်...။ အခန်းပွင့်တော့လည်း အစ်မကို ထိန်းထားပြီး အခန်းတံခါးကို ဂျက်ပြန်ထိုးရတာ လူက ချွေးတောင်ပြန်၏။ အစ်မကတော့ လင်္ကာ့ပခုံးပေါ်မှာ မျက်နှာလေးအပ်ပြီး မှိန်းနေလေသည်။ အစ်မကို ဖြေးဖြေးချင်းတွဲပြီး အစ်မအိပ်ယာပေါ်ဆီကို တွဲခေါ်ပြီး အစ်မ အိပ်ယာပေါ်ကို အစ်မအရင်ထိုင်ဖို့ရာ အသာချပေးတော့ အစ်မရဲ့ မျက်၀န်းလှလှတွေက ဖျက်ခနဲပွင့်လာပြီး လင်္ကာ့ လည်တိုင်ကို အစ်မ၏ လက်သွယ်သွယ်လေးတွေဖြင့် ဖက်တွယ်ထားကာ လင်္ကာ့ကို စိုက်ကြည့်၍...

"ကာ...ဒီည အစ်မနားမှာပဲ နေပေးပါ။ အစ်မ နွေးထွေးတ့ဲရင်ခွင်တစ်ခု သိပ်ကို လိုအပ်လို့ပါ ကာ...။ အစ်မနားမှာ နေပေးပါနော်"

အစ်မက ပြောပြီးတာနဲ့ကို လင်္ကာ့ရဲ့ နှုတ်ခမ်းလေးကို ဖွဖွလေး ဖိကပ်နမ်းလိုက်၏။ လင်္ကာ့ရဲ့ ရင်ခုန်သံတွေဟာ ဆူနာမီ လှိုင်းတွေထက်ကို မြင့်တက်နေမယ်ဆိုတာကို လင်္ကာသိနေသည်။

ခနတာသာ ဖိကပ်နမ်းလိုက်သည့် အနမ်းတွေပြီးတော့ အစ်မက လင်္ကာ့ရင်ခွင်ထဲ အတင်းတိုး၀င်ကာ လင်္ကာ့ကို တင်းတင်းဖက်ထားလေတော့သည်။

အစ်မက လင်္ကာ့ရင်ခုန်သံတွေကို ကြားနေမှာ အသေချာပါပဲ...။ ထူးဆန်းတာက အစ်မရဲ့ ရင်ခုန်သံတွေကို လင်္ကာ လုံး၀မခံစားရတာပါပဲ။ လင်္ကာ့ရင်ခွင်ထဲ တင်းတငး်ကျပ်ကျပ်ဖက်ထားတ့ဲ အစ်မဆီက ဘာကြောင့်မှန်း မသိသည့် မျက်ရည်တွေက လင်္ကာအကျႌမှာ စိုရွှဲနေတာကို လင်္ကာသိလိုက်ရသည်။

တစ်ခဏအတွင်းမှာ ပြောင်းလဲသွားတ့ဲ အခြေအနေကြောင့် ဘာ့ကြောင့်မှန်း လင်္ကာ အစ်မကို မမေးမိတော့ပါဘူး။ အစ်မ ကျောပြင်လေးကို လင်္ကာ့လက်လေးနဲ့ ဖွဖွလေးသာ ပွတ်ပေးရင်း...

"ဒီည အစ်မဘေးနားမှာ ကျွန်မ ရှိနေပေးပါ့မယ်နော် အစ်မ"

********

❤love you all ❤
flickstar

Continue Reading

You'll Also Like

85.5K 4.2K 15
ဘာကြောင့်များရှုးလောက်အောင်ချစ်မိတာလဲ........
7.8K 922 20
စိတ်ထဲမှာ တစ်ခုခုကိုလွမ်းဆွတ်ချိန်တိုင်း မင်းကိုပဲ အမြဲသတိရတယ် ဆူးလ်.......။
11.3K 983 11
We fall in LOVE by CHANCE ... We stay in LOVE by CHOICE ...