"ကာယချိန်.. ဒါပေမယ့် စာမေးပွဲနီးနေလို့ ငါ၀င်မှာ"
ခုံတန်းရှည်ပေါ် ဆရာမရဲ့ကြိမ်လုံးရိုက်ခတ်သံနှင့်အတူ သူတို့ရဲ့ငြီးငြူသံများကဆူညံသွား၏။ ကာယ၊ သက်မွေး၊ စာရိတ္တချိန်တွေတိုင်း ဆရာမတွေ၀င်လေ့ရှိပေမဲ့ နှစ်သာဆုံးတော့မယ်..သူတို့ကခုချိန်ထိ ကျင့်သားမရချင်စွာ ငြီးငြူနေကြတုန်း။
"ငါမှတ်မိတာမမှားဘူးဆို. ဆရာမကနှစ်စကတည်းက ကာယချိန်တိုင်းစာသင်နေတာဘဲ မဟုတ်ဘူးလား"
"အင်း"
"အဲ့တာဘာလို့ဆရာမကစာမေးပွဲနီးလို့လို့ အကြောင်းပြချက်ပေးနေတာလဲ.. ငါတို့ကိုကြောက်လို့လား"
"မိုးကြိုးအတောင့်လိုက်ပစ်ချခံနေရပါဦးမယ် ပညာရှိရယ်. ငါတို့ကစက်ကွင်းမလွတ်ဖြစ်နေရပါ့မယ်"
၀င်ငေါက်လိုက်တဲ့အောင်ကျော်ကိုကြည့်ရင်း ဘုန်းခန့်ကမချိုမချဉ်လုပ်နေပြန်သည်။ လေပြေကတော့ မရယ်မိအောင်မျက်နှာတည်တတ်နေခဲ့ပြီ။ အောင်ကျော့်ခေါင်းဟာ ဟိုတနေ့ကပင် ဆရာမရဲ့ကတ်ကြေးစာမိထား၍ ကတုံးဆံပင်ပေါက်ကေဖြစ်နေခဲ့တာမို့..
"ရယ်ဖို့မစဉ်းစားနဲ့ ကျော်လင်းသား.. ငါနားရင်းအုပ်လိုက်မယ်"
"မင်း ငါ့ကိုလုပ်ရက်လို့လား"
"ဒီ.. ခွေးသားလေးကတော့"
အောင်ကျော်က ဆဲရေးလိုက်ရင်း ဆရာမ ရှိရာသို့အကြည့်လွှဲသွား၏။ ဘုန်းခန့်က အောင်ကျော်ကို ထပ်စချင်နေသလိုရှိပေမယ့် သဘောကျစွာငေးနေပြန်လေသည်။ လေပြေက နှစ်ယောက်ကြားမှာထိုင်ရင်း ကြားထဲကနေရခက်နေမိသည်။
"ဆရာမ ဒီနေ့စာမေးမယ်ဆို"
"-ီး သတိပေးမှပေးပါ့မလားလို့စိတ်ပူနေတာ. မယ်မင်းကြီးမ ကျန်းမာပါစေကွာ"
"မကျက်လာပြန်ဘူးလား ဘုန်းခန့်"
"နောက်လဆိုရင်ဘဲ စာမေးပွဲဖြေရတော့မှာ မင်းကမလွန်လွန်းဘူးလား ဘုန်းခန့်"
"စာမေးပွဲအတွက်ကစာလုပ်ပါတယ်.. ဒီအပုဒ်ဘဲမကျက်ရသေးတာ"
အောင်ကျော်က ဘုန်းခန့်ကိုဂရုဏာဒေါသောလေးနဲ့ဆူပြန်ပါ၏။ လေပြေကတော့ ရောမဆူတော့ဘဲ ငြိမ်သက်နေလိုက်မိသည်။ သူတို့ရှေ့နှစ်တန်းကျော်ကကောင်မလေးက ရုတ်တရက်နောက်လှည့်လာ၏။
သူတို့ကိုကျော်ကာကြည့်ရင်း တစ်စုံတစ်ယောက်ကိုအချက်ပြနေတာမို့ လေပြေကလှည့်ကြည့်မိခိုက်မှာတော့ လက်ထဲမှာစာအုပ်လေးကိုထောင်ပြနေခဲ့သောခွန်ပြည့်။ ထိုကောင်မလေးကိုအကြောင်းပြု၍ တစ်စုံတစ်ယောက်နဲ့ခွန်ပြည့်စာအပေးအယူလုပ်နေခဲ့ပြန်တာကို လေပြေရိပ်မိခဲ့တာရက်ပိုင်းမျှရှိနေခဲ့ပြီ။
သူကလဲ မမေးခဲ့သလို. ခွန်ပြည့်ကလဲ အဖက်လုပ်ကာရှင်းမပြခဲ့. ခွန်ပြည့်စိတ်ထဲ သူ့ကိုချစ်ခွင့်ပန်ခဲ့တာကိုပင် မေ့သွားဟန်တူ၏။ ခွန်ပြည့်က လေပြေ့နားတွင်သူ့အတွက်အာရုံနောက်လောက်စရာတစုံတစ်ယောက်ရှိမနေခဲ့ရင် လေပြေကိုရှိတယ်လို့ပင် အဖက်လုပ်ဖော်မရခဲ့..။
ချစ်တယ် တဲ့လား ခွန်ပြည့်.. ဒီလိုမျိုးငါ့ကိုအလွယ်တကူမေ့လျော့ထားပစ်တတ်တဲ့မင်းဟာ ငါ့ကိုသိပ်ချစ်ပါတယ်တဲ့လားဟင်။
... 💜 ...
အတန်းထဲမှကျောင်းသားများ၏ရီသံကကျယ်လောင်စွာမြည်ဟီးလျက်ရှိသည်။ အကြောင်းမှာမုန့်ဈေးတန်းသွားသောအတန်းသားတစ်ယောက်ရဲ့နောက်တွင် 'ကျနော်အရူးပါ' ဆိုသောစာကပ်ပေးလိုက်ရ၍ဖြစ်၏။
"အိပ်နေပြန်ပြီလား လေပြေ"
လေပြေရဲ့ဘေးနေရာလွတ်တွေလာထိုင်သောခွန်ပြည့်ကြောင့် လေပြေကကိုယ်လေးကိုမတ်ရင်း တောင့်တောင့်လေးလုပ်လိုက်မိကာ
"အိပ်ချင်လို့လေ"
"အမြဲအိပ်ချင်နေတာဘဲ.. မင်းမားသားကြီးက မင်းကိုတော်တော်နှိပ်စက်လား"
"ခွန်ပြည့် မင်းဘယ်လိုကြီးမေးတာလဲ. အမေက သားကိုနှိပ်စက်တယ်ဆိုတာရှိမလား"
"မိဘတိုင်း သားသမီးကိုချစ်တယ်ထင်လား လေပြေ"
"ချစ်တာပေါ့ကွ"
ခွန်ပြည့်က လေပြေခေါင်းအုံးထားသောစာအုပ်လေးကိုလှည့်နေခဲ့၏။ လေပြေက စာအုပ်ကိုလှည့်ရင် စာမေးပွဲခန်းထဲမှာ မေးခွန်းစာရွက်ထဲကစာတွေလည်တတ်ကြောင်း ခွန်ပြည့်ကိုပြောပြရင် ယုံနိုင်သလား လို့ အဖြေထုတ်နေခဲ့မိသည်။
"ဒါဆို မိဘမဲ့ဂေဟာတွေ ဘယ်ရှိမလဲကွ.. မိဘတိုင်း သားသမီးကိုမချစ်ပါဘူး"
"အင်.. ဒါတော့ဒါပေါ့လေ။ ဒါပေမဲ့အများစုကတော့ ချစ်ကြပါတယ်။ အဲ့ကိုယ့်ကလေးကိုယ်စွန့်ပစ်တဲ့မိဘတွေထဲမှာလဲ ချစ်လျက်နဲ့စွန့်လိုက်ရတဲ့လူတွေရှိမှာဘဲ"
ခွန်ပြည့်က လှည့်လက်စစာအုပ်ကိုရပ်လိုက်ရင်း လေပြေခေါင်းကိုဖြေးဖြေးရိုက်ပြီး ခပ်ဟဟရီ၏။
"မင်းမရင့်ကျက်သေးဘူး လေပြေ. မင်း လူတွေအကြောင်းမသိသေးဘူးဘဲ"
"မင်းလဲမသိပါဘူး"
မင်းငါ့အကြောင်းနည်းနည်းလေးမှမသိဘူး လို့ လေပြေခပ်နာနာလေးပြောပစ်ချင်လာသည်။
"အဟွန်း.. အေးပေါ့ မသိဘူးဆိုလဲမသိဘူးပေါ့။ ဒါပေမဲ့ မင်းထက်တော့သာမယ်ထင်ပါတယ်"
"အိပ်ချင်ပြီ"
"လာလေ. ငါဖက်ပြီးသိပ်ရမလား"
"ဘာတွေပြောနေပြန်တာလဲ ခွန်ပြည့်. မင်းကလေ အရမ်းလွန်တာဘဲ"
"Oh. Sry အဲ့လောက်စိတ်ဆိုးစရာပါသွားလား. မရည်ရွယ်ပါဘူး"
"ငါ့ကျောပေါ်ဘယ်ကောင်စာကပ်သွားတာလဲ. ကျော်ဇေယျ မင်းမှတ်လား!"
"မဟုတ်ပါဘူးကွာ.. ဟဲ ဟဲ"
"ခွေးသားလေး. မိလို့ကတော့သေပြီမှတ်"
Corridorတစ်လျှောက်ပြေးနေပြီဖြစ်တဲ့နှစ်ကောင်ကိုကြည့်ရင်း ဟက်ဟက်ပက်ပက်လေးရယ်မောနေပြန်တဲ့ လေပြေ့ကို ခွန်ပြည့်ကငေးမိသွားရ၏။ သွားတက်ချွန်ချွန်လေးတွေပေါ်လာတာမို့ သူကြည့်နေတဲ့ကားထဲက Vampire လေးနှင့်ပင် တူနေသလို. ချစ်ဖို့ကောင်းသွားတတ်တာကိုတော့ သူသတိထားမိသည်။
"အိပ်တော့.. အိပ်တော့"
"မင်းငါ့ကိုချစ်တယ်ပြောထားတာ မင်းကိုယ်မင်းမှတ်မိသေးရဲ့လားဟင်"
"အင်း.. မှတ်မိသားဘဲ"
ပေါ့ပျက်ပျက်စကားဆိုနေတဲ့ခွန်ပြည့်မျက်နှာဟာ လေပြေ့နှလုံးသားကို ဆစ်ခနဲနာကျင်သွားရလောက်အောင် စွမ်းနိုင်ခဲ့လေပြီ။
"ငါ မင်းကိုအဖြေမပေးရသေးတာရောသိလား"
"အာ.. အင်း ဆောရီးကွာ"
"ငါမင်းကိုမချစ်ဘူး သိလား"
"ကျစ်! တကူးတကငြင်းဖို့များကွာ။ အိပ်တော့"
ဆူညံနေတဲ့အသံများကြား ခွန်ပြည့်စကားသံဟာ လေပြေကြားသာရုံ.။ သို့သော် လေပြေ့နားထံတွင် ကြိမ်ဖန်များစွာမြည်ဟီးလျက်။ သူဟာ ခွန်ပြည့်ရဲ့ကြိုးစားပန်းစား ချစ်စကားတောင်းခံမှုကို လက်ခံရမဲ့လူသားတစ်ယောက်မဟုတ်ခဲ့..။
မိမိ မချစ်ခြင်းနဲ့ချစ်ခြင်းဟာ ခွန်ပြည့်ဘ၀အတွက် မြူတစ်မှုန်စာတောင်ပြောင်းလဲမှုမရှိခဲ့ပုံ။ ခွန်ပြည့်အတွက်ပြောင်းလဲမှုဆိုသည်မှာ မိမိဟာသူမဟုတ်သောပိုင်နှင့်ရှိနေခဲ့ခြင်း၊ မရှိနေခဲ့ခြင်းသာဖြစ်လေသည်။
"ဒါပေမဲ့ မင်းမမေ့နဲ့ လေပြေ. ငါမင်းကိုချစ်ပါတယ်။ မင်းနားလည်အောင်ပြောရရင် ငါတွဲနေတဲ့မိန်းမတွေနဲ့နှိုင်းယှဉ်စရာမလိုလောက်အောင် မင်းကိုအများကြီးပိုနိုင်ပါတယ်"
မဲ့စပြုသွားတဲ့မျက်နှာလေးကြောင့် ခွန်ပြည့်ကလျင်မြန်စွာဖြေရှင်းချက်ပေးမိ၏။ လေပြေဟာ သူ့ကိုတတိတိပြောင်းလဲစေနိုင်တဲ့လူသားလေးဖြစ်သည်။
"..
"ပြီးတော့ ဒီနှစ်ပြီးတဲ့အခါ မင်းငါ့ကိုချစ်တယ်လို့ ၀န်ခံလာမှာပါ လေပြေရာ"
"မင်းက တကယ့်ဘ၀င်ရူးဘဲ"
ခွန်ပြည့်က လေပြေ့ခေါင်းလေးကိုတစ်ချက်ထိုးဖွရင်း အောင်နိုင်သူကဲ့သို့ပြုံး၏။ ခွန်ပြည့်တွဲနေတဲ့မိန်းကလေးတွေထက် ပိုတယ်ဆိုတာ ဘယ်လိုသဘောလဲ. လေပြေမသဲကွဲနိုင်ပါ။
သို့သော် ခွန်ပြည့်ရဲ့မျက်၀န်းတွေဟာ ပုံမှန်ထက်နူးညံ့နေခဲ့တယ်လို့ လေပြေထင်မိခဲ့တယ်..။
... 💜 ...
စာမေးပွဲမဖြေခင် နောက်ဆုံးလပါတ်ဖြေရချိန်တွင် ဘုန်းခန့်ပါ ဘာသာစုံအောင်ခဲ့၏။ Report Card နဲ့အတူ မိဘပါခေါ်လာနေကျဖြစ်သော သူငယ်ချင်းတချို့ပင် အောင်ခဲ့ကြလေသည်။
ထို့နောက်တော့နီးကပ်လာသောစာမေးပွဲကြီးနှင့်အတူ နှုတ်ဆက်ပွဲကျင်းပရမယ့်အချိန်သို့ရောက်ရှိလာခဲ့ပြီ။ နောက်တစ်နှစ်တက်ရဦးမယ် ဆိုပေမဲ့လဲ ရောက်ရာ၊ပေါက်ရာ ရည်မှန်းချက်တစ်ချို့အကြောင်း သူတို့ဆွေးနွေးဖြစ်ခဲ့ကြ၏။
"ငါက အင်ဂျင်နီယာဖြစ်ချင်တာ"
အောင်ကျော့်ရဲ့အဖြေစကားကို လေပြေခေါင်းဆတ်မိ၏။ ဖြစ်နိုင်တဲ့ရည်မှန်းချက်ဘဲ လို့ ထောက်ခံလိုက်မိသည်။
"ငါကတော့ မင်းလုပ်စာဘဲထိုင်စားချင်တယ်"
"-ီး ကောင်းလိုက်တဲ့ရည်မှန်းချက်"
အောင်ကျော်က ဆဲရေးလိုက်ပေမယ့် ချက်ချင်းကြည်နူးစွာပြုံး၏။ သိပ်မကြာခင်လေးကတင် အောင်ကျော်နှင့်ဘုန်းခန့်ဟာ နှစ်ဦးသဘောတူချစ်သူဘ၀ရောက်ခဲ့ကြသည်။ ကျောင်းသားဘ၀ရဲ့ဖြူစင်လှတဲ့အချစ်ဟာ ဘယ်လောက်တာရှည်ခံမလဲ မသိပေမဲ့ ဘုန်းခန့်ကိုစိတ်ချမ်းသာအောင်ထားချင်တာ သူ့ဆန္ဒဟု အောင်ကျော်က တည်ကြည်စွာပြောခဲ့ဖူး၏။
"မင်းကရော လေပြေ"
"ငါက.. ငါက ငါ့မှာရည်မှန်းချက်မရှိဘူးဟ. အဟက် ငါကကျောင်းပြီးရင် အလုပ်ကောင်းကောင်းရှာပြီး အိမ်ကိုပိုက်ဆံရှာပေးရမှာဘဲ။ အမေကလဲ ကျောင်းပြီးတာနဲ့အလုပ်လုပ်ပြီး အိမ်ကိုထောက်ပံ့ဖို့ဘဲပြောနေတာ။ အဝေးသင်တော့တက်ဖြစ်မှာပေါ့လေ"
"မင်းဟာကလဲကွာ.. ဒါပေမဲ့လဲ ပြောလို့တော့မရပါဘူး။ ပြောင်းလဲချင်လဲ ပြောင်းလဲဦးမှာပေါ့"
"ငါ့ဘ၀က ငါ့အမေခင်းတဲ့လမ်းဘဲလျှောက်ရမှာပါဘဲလေ. ဒီဘာသာရပ်တွေခွဲတုန်းကတောင် ငါကBio လိုချင်တာ၊ ငါ့အမေက Ecoယူခိုင်းလို့။ ထားပါလေ. ငါ့အကြောင်းကစိတ်၀င်စားစရာမကောင်းပါဘူး"
"မင်းသိလား.. ခွန်ပြည့်က ၉တန်းပြီးတာနဲ့ကျောင်းထွက်ပြီး ထိုင်းဘက်သွားတော့မယ်ကြားတယ်"
"ဟမ်.. ဘာလို့တဲ့လဲ"
ခွန်ပြည့်ဟာ လေပြေ့ကိုတစ်ခါမှ အရေးတယူလုပ်ပြီး ပြောပြခြင်းမရှိခဲ့တဲ့အကြောင်းအရာတွေ။ လေပြေထင်နေခဲ့တာ.. ခွန်ပြည့်ဟာ နောင်နှစ်လဲသူနဲ့အတူရှိနေခဲ့မယ်လို့ပေါ့။
"ငါလဲသေချာတော့မသိဘူး. ဘောလုံးအသင်းကိစ္စလို့တော့ပြောတာဘဲ။ ခွန်ပြည့်ရဲ့ရည်မှန်းချက်က ဘောလုံးသမားဖြစ်ဖို့တဲ့လေ. ပြီးတော့ သူကျောင်းစာလဲစိတ်မ၀င်စားတော့ဘူးတဲ့"
"အော်.
"ငါထင်တာ. မင်းတို့နှစ်ယောက် အဖြေတစ်ခုကိုသေချာစဉ်းစားသင့်ပြီထင်တယ်။ မင်းတို့ကြည့်ရတာ မသေမချာနဲ့"
အောင်ကျော်က နှစ်ယောက်စလုံးရဲ့သူငယ်ချင်းပီပီ ညီမျှစွာတိုက်တွန်း၏။ မင်းသူငယ်ချင်း ငါ့ကိုတကယ်မချစ်တာ မင်းမသိဖူးလား လို့မေးခဲ့ရင်တောင် အောင်ကျော်ဟာ ချစ်မှာပါကွာ လို့ ၀င်ဖျန်ဖြေစကားသာပြောမှာအသေအချာ..။
"ဘာမှအဖြေထုတ်စရာမလိုပါဘူး. ငါလေပြေ့ကို ခွန်ပြည့်နဲ့သဘောမတူဘူး"
"မင်းကဘာသိလို့လဲ. ကလေးဦးနှောက်လေးနဲ့"
"မင်းကရောဘာသိလို့လဲ အောင်ကျော်. မင်းကောင်အကြောင်း မင်းမသိဘူးလား။ မိန်းကလေးတွေကိုတောင် အင်္ကျီလိုလဲတဲ့ကောင်ကလေ. လေပြေ့ကို.."
"တော်ပါတော့ကွာ.. ငါ့ဘာသာစဉ်းစားပါ့မယ်"
လေပြေက ရန်ဖြစ်တော့မှာစိုး၍ ၀င်ဖြေရှင်းပြီးနောက် ပင့်သက်သာရှိုက်လိုက်မိ၏။ ဒီနှစ်ပြီးတဲ့အခါမင်းငါ့ကိုချစ်တယ် လို့ ၀န်ခံလာမှာပါဆိုတဲ့ ခွန်ပြည့်စကားကို သတိရမိသည်။
ခွန်ပြည့်ဟာ ပိုင်မယ်ဆိုတာသေချာမှ လောင်းကြေးထပ်လိုတဲ့ကောင်လေးတစ်ယောက်ဖြစ်လေသည်။
... 💜 ...
ကျောင်းနှုတ်ဆက်ပွဲနေ့..။
ဆရာ၊ဆရာမတွေကိုကန်တော့ပြီးတဲ့နောက် ဒံပေါက်နှင့်အအေးဝေကြ၏။ ခုံတွေကိုနောက်ကပ်ထားတာမို့ နေရာကွက်လပ်တွင် ဆော့တဲ့သူကဆော့ပြီး သီချင်းအော်ဆိုတဲ့လူက အော်ဆိုနေခဲ့ကြသည်။
လေပြေက၀င်ဆော့ပြီးနောက် ပျင်းလာသလိုရော၊ ၀မ်းနည်းစိတ်ကလေး၀င်နေတာရောကြောင့် ကစားပွဲကထွက်လာရင်း ခုံများစုထားရာ နောက်ဆုံးခုံလေးတွင်ထိုင်ငေးနေ၏။ ကောင်လေးတစ်ယောက်ဟာ မဲကျတဲ့စာအရ ကပြဖျော်ဖြေနေခဲ့သည်။
ဘုန်းခန့်နဲ့အောင်ကျော်ဟာ လှစ်ခနဲဆိုသလိုပျောက်နေခဲ့ကြသည်။ အတန်းပိုင်ဆရာမရဲ့ဆုံးမစကားနဲ့ လေပြေ့ကိုကျောင်းကိစ္စအ၀၀ကူညီသူရဲ့နာမည်လေးကိုပြန်ကြားယောင်နေမိခဲ့၏။
သူ့ကိုအစစအရာရာကူညီခဲ့သူဟာ ခွန်ပြည့်စုံရှိန်းပါတဲ့လား.။ နှစ်စကတည်းက ဘာစိတ်ကူးနဲ့ကူညီခဲ့ရတာလဲ။ ရင်ထဲမှာ ကျေးဇူးတင်စိတ်နဲ့သိမ်ငယ်စိတ်က ရောယှက်လို့နေခဲ့၏။ ခွန်ပြည့်တိုက်တဲ့ကော်ဖီအေးကို ဘုန်းခန့်လက်ထဲထိုးပေးလိုက်တဲ့အချိန်ကို သတိရသည်။
ခွန်ပြည့်သာမြင်လျှင် မဲ့ပြုံးပြုံးနေခဲ့မည်လား..။ ခွန်ပြည့်ဟာ လေပြေ့ရင်ထဲကို သိမ်ငယ်စိတ်အမြဲထည့်ပေးနိုင်သူ ဖြစ်၏။
ခုံပေါ်ကိုမှောက်အိပ်ရင်း စဉ်းစားနေမိခိုက် လှုပ်သွားသောခုံတန်းတွေနှင့်အတူ မိမိဆံနွယ်များကို လာဆော့ကစားနေခဲ့သောအထိအတွေ့..။ မော့မကြည့်ပေမဲ့ ခွန်ပြည့်ဖြစ်ကြောင်း ကိုယ်သင်းနံ့လေးအရ အလိုအလျောက်သိနေခဲ့၏။
ခွန်ပြည့်ဟာ မိမိဆံပင်လေးတွေကိုဆော့ကစားလိုက်. သပ်တင်ပေးလိုက် လုပ်နေခဲ့၏။ လေပြေဟာ ရင်ခုန်လွန်း၍ အသက်ပင်၀၀မရှုရဲဘဲ ငြိမ်သက်နေမိသည်။ စာမေးပွဲပြီးရင် ခွဲရတော့မယ်ဆိုသောအသိက လူကိုမွမ်းကြပ်စေ၏။
"ခွန်ပြည့်"
"အာ.. Sry နိုးသွားလား.. ဒီစာအုပ်ကဘယ်သူ့ဟာလဲ"
ခွန်ပြည့်က သူ့လွယ်အိတ်ပေါ်က 'ရေးပေးပါ' စာအုပ်လေးကိုကြည့်ရင်းမေး၏။
"ယမင်းစာအုပ်ပါ.. ငါ့ကိုရေးခိုင်းထားလို့"
"မရေးပေးစမ်းပါနဲ့.. မင်းအကြိုက်တွေကိုက ငါသိရင်လုံလောက်ပြီ"
ချစ်တာကိုသာ သ၀န်တိုခြင်းနဲ့တိုင်းတာလို့ရမယ်ဆို ခွန်ပြည့် သူ့ကိုတကယ်ချစ်တယ်ဆိုတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သို့သော်...
"မင်း ကျောင်းဆက်မတတ်တော့ဘူးဆို"
"အင်း ငါဆက်မတတ်တော့ဘူး လေပြေ. ဒီနှစ်တောင် မင်းကိုကတိပေးထားလို့ ဆုံးအောင်ဖြေမှာ"
"မင်း ဘာဆက်လုပ်မှာလဲ"
"ဘောလုံးအသင်းထဲ၀င်ဖို့စဉ်းစားထားတယ် လေပြေ. ဒါ ငါ့အိမ်မက်ဘဲ"
"မင်း ထိုင်းဘက်သွားတော့မယ်ဆို"
"အင်း.. သွားဖြစ်မယ်ထင်တယ်။ Trainee သဘောမျိုးလောက်ပါဘဲ။ မြန်မာအသင်းမှာဘဲကစားဖြစ်မှာပါ"
"ငါ့ကိုရော.. ငါ့ကို. ငါတကယ်မသိတော့ဘူး ခွန်ပြည့်"
ခွန်ပြည့်ဟာ မျက်လွှာချသွားတဲ့လေပြေ့ကိုကြည့်ရင်း စိတ်မကောင်းဖြစ်သွားရ၏။ သူ့ရဲ့အိမ်မက်တွေရဲ့တစေ့တစောင်းထဲမှာ လေပြေ့အကြောင်းကို သူထည့်မစဉ်းစားခဲ့တာတော့မဟုတ်ခဲ့။ ဘယ်သူ့ကိုမှမချစ်ဘူးလို့ သံဓိဌာန်ချထားခဲ့သူမို့ လေပြေ့ကို သူမချစ်လိုပေမဲ့ ခွဲလဲမခွဲလို..။
လေပြေ့ကို ပိုင်သူမဲ့အရုပ်လေးလိုထားချင်ခဲ့တယ်။ သူဘယ်အချိန်လွမ်းလာ၊ လွမ်းလာ ငေးမောနိုင်မယ့်ကျောပြင်သေးသေးလေးဖြစ်စေချင်တယ်။ ဒီအတွက် အကောင်းဆုံးနည်းလမ်းကို သူရှာဖွေခဲ့ပြီးသား..။
လေပြေဟာ သူကိုယ်တိုင်ချမှတ်ခဲ့တဲ့ သူ့ဘ၀ရဲ့စည်းမျဉ်းတစ်ချို့ကို ဖောက်ဖျက်နိုင်အောင်စွမ်းဆောင်နိုင်သူဖြစ်၏။
ဘယ်သူ့ကိုမှ နှစ်နဲ့ချီမတွဲဘူး..။
ဘယ်သူ့ကိုမှ သူ့ဘ၀ထဲထည့်မစဉ်းစားဘူး..။
ဘယ်သူ့ကိုမှ သူ့အနားမှာကြာရှည်မထားဘူး. စသဖြင့် အချက်တွေကိုပေါ့။
ခွန်ပြည့်ဟာ ဘယ်သူ့ကိုမှသူ့ဘ၀ထဲမခေါ်လိုသလို. ဘယ်သူ့ဘ၀ထဲမှလဲမ၀င်ရောက်လိုသောကောင်လေးတစ်ယောက်ဖြစ်သည်။ သို့သော် လေပြေလျှမ်းခဆိုသောကောင်လေးကိုတော့ သူ့ဘ၀ထဲခေါ်လိုသောစိတ်ဖြစ်ပေါ်လာရ၏။
"ငါ့ကိုချစ်လား လေပြေ"
"..
"စာမေးပွဲနောက်ဆုံးရက်ကျ ကျောင်းရှေ့မှာငါစောင့်နေမယ်။ ငါ့ဘ၀ထဲမင်းလာချင်လဲရတယ်. မလာချင်လဲရတယ်။ မင်းအဖြေအပေါ်မှာဘဲ မူတည်တယ် လေပြေ။ ငါ မင်းရဲ့ချစ်သူဖြစ်ချင်ပါတယ်. ငါ မသွားခင် မင်းကိုငါပိုင်ကြောင်းသက်သေထူသွားချင်ပါတယ်"
လေပြေဟာ ခွန်ပြည့်မျက်၀န်းထဲမှာ အချစ်ဆိုတဲ့အရာကိုရှာဖွေနေခဲ့ပုံ. သို့သော် အထပ်ထပ်ကာရံထားခဲ့တဲ့သူ့ဘ၀ရဲ့စည်းမျဉ်းတွေရဲ့ဖုံးလွှမ်းမှုရဲ့အောက်မှာ အချစ်ဆိုတဲ့အရာကို လေပြေဘယ်တော့မှရှာတွေ့မှာမဟုတ်ချေ။
သူ့ဘ၀ရဲ့နံပါတ်တစ်စည်းမျဉ်းဟာ. ဘယ်သူ့ကိုမှမချစ်လိုခြင်းသာဖြစ်၏။ လေပြေလျှမ်းခဆိုတဲ့ကောင်လေးကို သူဟာတစ်သက်လုံးချစ်မိမှာမဟုတ်။
အချစ်ဆိုတာဟာ သူ့ဘ၀တွင်ကစားစရာသက်သက်ထပ်မပိုခဲ့...။
#Unicode
"ကာယခ်ိန္.. ဒါေပမယ့္ စာေမးပြဲနီးေနလို႔ ငါ၀င္မွာ"
ခုံတန္း႐ွည္ေပၚ ဆရာမရဲ႕ႀကိမ္လုံး႐ိုက္ခတ္သံႏွင့္အတူ သူတို႔ရဲ႕ၿငီးျငဴသံမ်ားကဆူညံသြား၏။ ကာယ၊ သက္ေမြး၊ စာရိတၱခ်ိန္ေတြတိုင္း ဆရာမေတြ၀င္ေလ့႐ွိေပမဲ့ ႏွစ္သာဆုံးေတာ့မယ္..သူတို႔ကခုခ်ိန္ထိ က်င့္သားမရခ်င္စြာ ၿငီးျငဴေနၾကတုန္း။
"ငါမွတ္မိတာမမွားဘူးဆို. ဆရာမကႏွစ္စကတည္းက ကာယခ်ိန္တိုင္းစာသင္ေနတာဘဲ မဟုတ္ဘူးလား"
"အင္း"
"အဲ့တာဘာလို႔ဆရာမကစာေမးပြဲနီးလို႔လို႔ အေၾကာင္းျပခ်က္ေပးေနတာလဲ.. ငါတို႔ကိုေၾကာက္လို႔လား"
"မိုးႀကိဳးအေတာင့္လိုက္ပစ္ခ်ခံေနရပါဦးမယ္ ပညာ႐ွိရယ္. ငါတို႔ကစက္ကြင္းမလြတ္ျဖစ္ေနရပါ့မယ္"
၀င္ေငါက္လိုက္တဲ့ေအာင္ေက်ာ္ကိုၾကည့္ရင္း ဘုန္းခန္႔ကမခ်ိဳမခ်ဥ္လုပ္ေနျပန္သည္။ ေလေျပကေတာ့ မရယ္မိေအာင္မ်က္ႏွာတည္တတ္ေနခဲ့ၿပီ။ ေအာင္ေက်ာ္႕ေခါင္းဟာ ဟိုတေန႔ကပင္ ဆရာမရဲ႕ကတ္ေၾကးစာမိထား၍ ကတုံးဆံပင္ေပါက္ေကျဖစ္ေနခဲ့တာမို႔..
"ရယ္ဖို႔မစဥ္းစားနဲ႔ ေက်ာ္လင္းသား.. ငါနားရင္းအုပ္လိုက္မယ္"
"မင္း ငါ့ကိုလုပ္ရက္လို႔လား"
"ဒီ.. ေခြးသားေလးကေတာ့"
ေအာင္ေက်ာ္က ဆဲေရးလိုက္ရင္း ဆရာမ ႐ွိရာသို႔အၾကည့္လႊဲသြား၏။ ဘုန္းခန္႔က ေအာင္ေက်ာ္ကို ထပ္စခ်င္ေနသလို႐ွိေပမယ့္ သေဘာက်စြာေငးေနျပန္ေလသည္။ ေလေျပက ႏွစ္ေယာက္ၾကားမွာထိုင္ရင္း ၾကားထဲကေနရခက္ေနမိသည္။
"ဆရာမ ဒီေန႔စာေမးမယ္ဆို"
"-ီး သတိေပးမွေပးပါ့မလားလို႔စိတ္ပူေနတာ. မယ္မင္းႀကီးမ က်န္းမာပါေစကြာ"
"မက်က္လာျပန္ဘူးလား ဘုန္းခန္႔"
"ေနာက္လဆိုရင္ဘဲ စာေမးပြဲေျဖရေတာ့မွာ မင္းကမလြန္လြန္းဘူးလား ဘုန္းခန္႔"
"စာေမးပြဲအတြက္ကစာလုပ္ပါတယ္.. ဒီအပုဒ္ဘဲမက်က္ရေသးတာ"
ေအာင္ေက်ာ္က ဘုန္းခန္႔ကိုဂ႐ုဏာေဒါေသာေလးနဲ႔ဆူျပန္ပါ၏။ ေလေျပကေတာ့ ေရာမဆူေတာ့ဘဲ ၿငိမ္သက္ေနလိုက္မိသည္။ သူတို႔ေ႐ွ႕ႏွစ္တန္းေက်ာ္ကေကာင္မေလးက ႐ုတ္တရက္ေနာက္လွည့္လာ၏။
သူတို႔ကိုေက်ာ္ကာၾကည့္ရင္း တစ္စုံတစ္ေယာက္ကိုအခ်က္ျပေနတာမို႔ ေလေျပကလွည့္ၾကည့္မိခိုက္မွာေတာ့ လက္ထဲမွာစာအုပ္ေလးကိုေထာင္ျပေနခဲ့ေသာခြန္ျပည့္။ ထိုေကာင္မေလးကိုအေၾကာင္းျပဳ၍ တစ္စုံတစ္ေယာက္နဲ႔ခြန္ျပည့္စာအေပးအယူလုပ္ေနခဲ့ျပန္တာကို ေလေျပရိပ္မိခဲ့တာရက္ပိုင္းမွ်႐ွိေနခဲ့ၿပီ။
သူကလဲ မေမးခဲ့သလို. ခြန္ျပည့္ကလဲ အဖက္လုပ္ကာ႐ွင္းမျပခဲ့. ခြန္ျပည့္စိတ္ထဲ သူ႕ကိုခ်စ္ခြင့္ပန္ခဲ့တာကိုပင္ ေမ့သြားဟန္တူ၏။ ခြန္ျပည့္က ေလေျပ့နားတြင္သူ႕အတြက္အာ႐ုံေနာက္ေလာက္စရာတစုံတစ္ေယာက္႐ွိမေနခဲ့ရင္ ေလေျပကို႐ွိတယ္လို႔ပင္ အဖက္လုပ္ေဖာ္မရခဲ့..။
ခ်စ္တယ္ တဲ့လား ခြန္ျပည့္.. ဒီလိုမ်ိဳးငါ့ကိုအလြယ္တကူေမ့ေလ်ာ့ထားပစ္တတ္တဲ့မင္းဟာ ငါ့ကိုသိပ္ခ်စ္ပါတယ္တဲ့လားဟင္။
... 💜 ...
အတန္းထဲမွေက်ာင္းသားမ်ား၏ရီသံကက်ယ္ေလာင္စြာျမည္ဟီးလ်က္႐ွိသည္။ အေၾကာင္းမွာမုန္႔ေဈးတန္းသြားေသာအတန္းသားတစ္ေယာက္ရဲ႕ေနာက္တြင္ 'က်ေနာ္အ႐ူးပါ' ဆိုေသာစာကပ္ေပးလိုက္ရ၍ျဖစ္၏။
"အိပ္ေနျပန္ၿပီလား ေလေျပ"
ေလေျပရဲ႕ေဘးေနရာလြတ္ေတြလာထိုင္ေသာခြန္ျပည့္ေၾကာင့္ ေလေျပကကိုယ္ေလးကိုမတ္ရင္း ေတာင့္ေတာင့္ေလးလုပ္လိုက္မိကာ
"အိပ္ခ်င္လို႔ေလ"
"အၿမဲအိပ္ခ်င္ေနတာဘဲ.. မင္းမားသားႀကီးက မင္းကိုေတာ္ေတာ္ႏွိပ္စက္လား"
"ခြန္ျပည့္ မင္းဘယ္လိုႀကီးေမးတာလဲ. အေမက သားကိုႏွိပ္စက္တယ္ဆိုတာ႐ွိမလား"
"မိဘတိုင္း သားသမီးကိုခ်စ္တယ္ထင္လား ေလေျပ"
"ခ်စ္တာေပါ့ကြ"
ခြန္ျပည့္က ေလေျပေခါင္းအုံးထားေသာစာအုပ္ေလးကိုလွည့္ေနခဲ့၏။ ေလေျပက စာအုပ္ကိုလွည့္ရင္ စာေမးပြဲခန္းထဲမွာ ေမးခြန္းစာ႐ြက္ထဲကစာေတြလည္တတ္ေၾကာင္း ခြန္ျပည့္ကိုေျပာျပရင္ ယုံႏိုင္သလား လို႔ အေျဖထုတ္ေနခဲ့မိသည္။
"ဒါဆို မိဘမဲ့ေဂဟာေတြ ဘယ္႐ွိမလဲကြ.. မိဘတိုင္း သားသမီးကိုမခ်စ္ပါဘူး"
"အင္.. ဒါေတာ့ဒါေပါ့ေလ။ ဒါေပမဲ့အမ်ားစုကေတာ့ ခ်စ္ၾကပါတယ္။ အဲ့ကိုယ့္ကေလးကိုယ္စြန္႔ပစ္တဲ့မိဘေတြထဲမွာလဲ ခ်စ္လ်က္နဲ႔စြန္႔လိုက္ရတဲ့လူေတြ႐ွိမွာဘဲ"
ခြန္ျပည့္က လွည့္လက္စစာအုပ္ကိုရပ္လိုက္ရင္း ေလေျပေခါင္းကိုေျဖးေျဖး႐ိုက္ၿပီး ခပ္ဟဟရီ၏။
"မင္းမရင့္က်က္ေသးဘူး ေလေျပ. မင္း လူေတြအေၾကာင္းမသိေသးဘူးဘဲ"
"မင္းလဲမသိပါဘူး"
မင္းငါ့အေၾကာင္းနည္းနည္းေလးမွမသိဘူး လို႔ ေလေျပခပ္နာနာေလးေျပာပစ္ခ်င္လာသည္။
"အဟြန္း.. ေအးေပါ့ မသိဘူးဆိုလဲမသိဘူးေပါ့။ ဒါေပမဲ့ မင္းထက္ေတာ့သာမယ္ထင္ပါတယ္"
"အိပ္ခ်င္ၿပီ"
"လာေလ. ငါဖက္ၿပီးသိပ္ရမလား"
"ဘာေတြေျပာေနျပန္တာလဲ ခြန္ျပည့္. မင္းကေလ အရမ္းလြန္တာဘဲ"
"Oh. Sry အဲ့ေလာက္စိတ္ဆိုးစရာပါသြားလား. မရည္႐ြယ္ပါဘူး"
"ငါ့ေက်ာေပၚဘယ္ေကာင္စာကပ္သြားတာလဲ. ေက်ာ္ေဇယ် မင္းမွတ္လား!"
"မဟုတ္ပါဘူးကြာ.. ဟဲ ဟဲ"
"ေခြးသားေလး. မိလို႔ကေတာ့ေသၿပီမွတ္"
Corridorတစ္ေလွ်ာက္ေျပးေနၿပီျဖစ္တဲ့ႏွစ္ေကာင္ကိုၾကည့္ရင္း ဟက္ဟက္ပက္ပက္ေလးရယ္ေမာေနျပန္တဲ့ ေလေျပ့ကို ခြန္ျပည့္ကေငးမိသြားရ၏။ သြားတက္ခြၽန္ခြၽန္ေလးေတြေပၚလာတာမို႔ သူၾကည့္ေနတဲ့ကားထဲက Vampire ေလးႏွင့္ပင္ တူေနသလို. ခ်စ္ဖို႔ေကာင္းသြားတတ္တာကိုေတာ့ သူသတိထားမိသည္။
"အိပ္ေတာ့.. အိပ္ေတာ့"
"မင္းငါ့ကိုခ်စ္တယ္ေျပာထားတာ မင္းကိုယ္မင္းမွတ္မိေသးရဲ႕လားဟင္"
"အင္း.. မွတ္မိသားဘဲ"
ေပါ့ပ်က္ပ်က္စကားဆိုေနတဲ့ခြန္ျပည့္မ်က္ႏွာဟာ ေလေျပ့ႏွလုံးသားကို ဆစ္ခနဲနာက်င္သြားရေလာက္ေအာင္ စြမ္းႏိုင္ခဲ့ေလၿပီ။
"ငါ မင္းကိုအေျဖမေပးရေသးတာေရာသိလား"
"အာ.. အင္း ေဆာရီးကြာ"
"ငါမင္းကိုမခ်စ္ဘူး သိလား"
"က်စ္! တကူးတကျငင္းဖို႔မ်ားကြာ။ အိပ္ေတာ့"
ဆူညံေနတဲ့အသံမ်ားၾကား ခြန္ျပည့္စကားသံဟာ ေလေျပၾကားသာ႐ုံ.။ သို႔ေသာ္ ေလေျပ့နားထံတြင္ ႀကိမ္ဖန္မ်ားစြာျမည္ဟီးလ်က္။ သူဟာ ခြန္ျပည့္ရဲ႕ႀကိဳးစားပန္းစား ခ်စ္စကားေတာင္းခံမႈကို လက္ခံရမဲ့လူသားတစ္ေယာက္မဟုတ္ခဲ့..။
မိမိ မခ်စ္ျခင္းနဲ႔ခ်စ္ျခင္းဟာ ခြန္ျပည့္ဘ၀အတြက္ ျမဴတစ္မႈန္စာေတာင္ေျပာင္းလဲမႈမ႐ွိခဲ့ပုံ။ ခြန္ျပည့္အတြက္ေျပာင္းလဲမႈဆိုသည္မွာ မိမိဟာသူမဟုတ္ေသာပိုင္ႏွင့္႐ွိေနခဲ့ျခင္း၊ မ႐ွိေနခဲ့ျခင္းသာျဖစ္ေလသည္။
"ဒါေပမဲ့ မင္းမေမ့နဲ႔ ေလေျပ. ငါမင္းကိုခ်စ္ပါတယ္။ မင္းနားလည္ေအာင္ေျပာရရင္ ငါတြဲေနတဲ့မိန္းမေတြနဲ႔ႏိႈင္းယွဥ္စရာမလိုေလာက္ေအာင္ မင္းကိုအမ်ားႀကီးပိုႏိုင္ပါတယ္"
မဲ့စျပဳသြားတဲ့မ်က္ႏွာေလးေၾကာင့္ ခြန္ျပည့္ကလ်င္ျမန္စြာေျဖ႐ွင္းခ်က္ေပးမိ၏။ ေလေျပဟာ သူ႕ကိုတတိတိေျပာင္းလဲေစႏိုင္တဲ့လူသားေလးျဖစ္သည္။
"..
"ၿပီးေတာ့ ဒီႏွစ္ၿပီးတဲ့အခါ မင္းငါ့ကိုခ်စ္တယ္လို႔ ၀န္ခံလာမွာပါ ေလေျပရာ"
"မင္းက တကယ့္ဘ၀င္႐ူးဘဲ"
ခြန္ျပည့္က ေလေျပ့ေခါင္းေလးကိုတစ္ခ်က္ထိုးဖြရင္း ေအာင္ႏိုင္သူကဲ့သို႔ျပဳံး၏။ ခြန္ျပည့္တြဲေနတဲ့မိန္းကေလးေတြထက္ ပိုတယ္ဆိုတာ ဘယ္လိုသေဘာလဲ. ေလေျပမသဲကြဲႏိုင္ပါ။
သို႔ေသာ္ ခြန္ျပည့္ရဲ႕မ်က္၀န္းေတြဟာ ပုံမွန္ထက္ႏူးညံ့ေနခဲ့တယ္လို႔ ေလေျပထင္မိခဲ့တယ္..။
... 💜 ...
စာေမးပြဲမေျဖခင္ ေနာက္ဆုံးလပါတ္ေျဖရခ်ိန္တြင္ ဘုန္းခန္႔ပါ ဘာသာစုံေအာင္ခဲ့၏။ Report Card နဲ႔အတူ မိဘပါေခၚလာေနက်ျဖစ္ေသာ သူငယ္ခ်င္းတခ်ိဳ႕ပင္ ေအာင္ခဲ့ၾကေလသည္။
ထို႔ေနာက္ေတာ့နီးကပ္လာေသာစာေမးပြဲႀကီးႏွင့္အတူ ႏႈတ္ဆက္ပြဲက်င္းပရမယ့္အခ်ိန္သို႔ေရာက္႐ွိလာခဲ့ၿပီ။ ေနာက္တစ္ႏွစ္တက္ရဦးမယ္ ဆိုေပမဲ့လဲ ေရာက္ရာ၊ေပါက္ရာ ရည္မွန္းခ်က္တစ္ခ်ိဳ႕အေၾကာင္း သူတို႔ေဆြးေႏြးျဖစ္ခဲ့ၾက၏။
"ငါက အင္ဂ်င္နီယာျဖစ္ခ်င္တာ"
ေအာင္ေက်ာ့္ရဲ႕အေျဖစကားကို ေလေျပေခါင္းဆတ္မိ၏။ ျဖစ္ႏိုင္တဲ့ရည္မွန္းခ်က္ဘဲ လို႔ ေထာက္ခံလိုက္မိသည္။
"ငါကေတာ့ မင္းလုပ္စာဘဲထိုင္စားခ်င္တယ္"
"-ီး ေကာင္းလိုက္တဲ့ရည္မွန္းခ်က္"
ေအာင္ေက်ာ္က ဆဲေရးလိုက္ေပမယ့္ ခ်က္ခ်င္းၾကည္ႏူးစြာျပဳံး၏။ သိပ္မၾကာခင္ေလးကတင္ ေအာင္ေက်ာ္ႏွင့္ဘုန္းခန္႔ဟာ ႏွစ္ဦးသေဘာတူခ်စ္သူဘ၀ေရာက္ခဲ့ၾကသည္။ ေက်ာင္းသားဘ၀ရဲ႕ျဖဴစင္လွတဲ့အခ်စ္ဟာ ဘယ္ေလာက္တာ႐ွည္ခံမလဲ မသိေပမဲ့ ဘုန္းခန္႔ကိုစိတ္ခ်မ္းသာေအာင္ထားခ်င္တာ သူ႕ဆႏၵဟု ေအာင္ေက်ာ္က တည္ၾကည္စြာေျပာခဲ့ဖူး၏။
"မင္းကေရာ ေလေျပ"
"ငါက.. ငါက ငါ့မွာရည္မွန္းခ်က္မ႐ွိဘူးဟ. အဟက္ ငါကေက်ာင္းၿပီးရင္ အလုပ္ေကာင္းေကာင္း႐ွာၿပီး အိမ္ကိုပိုက္ဆံ႐ွာေပးရမွာဘဲ။ အေမကလဲ ေက်ာင္းၿပီးတာနဲ႔အလုပ္လုပ္ၿပီး အိမ္ကိုေထာက္ပံ့ဖို႔ဘဲေျပာေနတာ။ အေဝးသင္ေတာ့တက္ျဖစ္မွာေပါ့ေလ"
"မင္းဟာကလဲကြာ.. ဒါေပမဲ့လဲ ေျပာလို႔ေတာ့မရပါဘူး။ ေျပာင္းလဲခ်င္လဲ ေျပာင္းလဲဦးမွာေပါ့"
"ငါ့ဘ၀က ငါ့အေမခင္းတဲ့လမ္းဘဲေလွ်ာက္ရမွာပါဘဲေလ. ဒီဘာသာရပ္ေတြခြဲတုန္းကေတာင္ ငါကBio လိုခ်င္တာ၊ ငါ့အေမက Ecoယူခိုင္းလို႔။ ထားပါေလ. ငါ့အေၾကာင္းကစိတ္၀င္စားစရာမေကာင္းပါဘူး"
"မင္းသိလား.. ခြန္ျပည့္က ၉တန္းၿပီးတာနဲ႔ေက်ာင္းထြက္ၿပီး ထိုင္းဘက္သြားေတာ့မယ္ၾကားတယ္"
"ဟမ္.. ဘာလို႔တဲ့လဲ"
ခြန္ျပည့္ဟာ ေလေျပ့ကိုတစ္ခါမွ အေရးတယူလုပ္ၿပီး ေျပာျပျခင္းမ႐ွိခဲ့တဲ့အေၾကာင္းအရာေတြ။ ေလေျပထင္ေနခဲ့တာ.. ခြန္ျပည့္ဟာ ေနာင္ႏွစ္လဲသူနဲ႔အတူ႐ွိေနခဲ့မယ္လို႔ေပါ့။
"ငါလဲေသခ်ာေတာ့မသိဘူး. ေဘာလုံးအသင္းကိစၥလို႔ေတာ့ေျပာတာဘဲ။ ခြန္ျပည့္ရဲ႕ရည္မွန္းခ်က္က ေဘာလုံးသမားျဖစ္ဖို႔တဲ့ေလ. ၿပီးေတာ့ သူေက်ာင္းစာလဲစိတ္မ၀င္စားေတာ့ဘူးတဲ့"
"ေအာ္.
"ငါထင္တာ. မင္းတို႔ႏွစ္ေယာက္ အေျဖတစ္ခုကိုေသခ်ာစဥ္းစားသင့္ၿပီထင္တယ္။ မင္းတို႔ၾကည့္ရတာ မေသမခ်ာနဲ႔"
ေအာင္ေက်ာ္က ႏွစ္ေယာက္စလုံးရဲ႕သူငယ္ခ်င္းပီပီ ညီမွ်စြာတိုက္တြန္း၏။ မင္းသူငယ္ခ်င္း ငါ့ကိုတကယ္မခ်စ္တာ မင္းမသိဖူးလား လို႔ေမးခဲ့ရင္ေတာင္ ေအာင္ေက်ာ္ဟာ ခ်စ္မွာပါကြာ လို႔ ၀င္ဖ်န္ေျဖစကားသာေျပာမွာအေသအခ်ာ..။
"ဘာမွအေျဖထုတ္စရာမလိုပါဘူး. ငါေလေျပ့ကို ခြန္ျပည့္နဲ႔သေဘာမတူဘူး"
"မင္းကဘာသိလို႔လဲ. ကေလးဦးေႏွာက္ေလးနဲ႔"
"မင္းကေရာဘာသိလို႔လဲ ေအာင္ေက်ာ္. မင္းေကာင္အေၾကာင္း မင္းမသိဘူးလား။ မိန္းကေလးေတြကိုေတာင္ အက်ႌလိုလဲတဲ့ေကာင္ကေလ. ေလေျပ့ကို.."
"ေတာ္ပါေတာ့ကြာ.. ငါ့ဘာသာစဥ္းစားပါ့မယ္"
ေလေျပက ရန္ျဖစ္ေတာ့မွာစိုး၍ ၀င္ေျဖ႐ွင္းၿပီးေနာက္ ပင့္သက္သာ႐ိႈက္လိုက္မိ၏။ ဒီႏွစ္ၿပီးတဲ့အခါမင္းငါ့ကိုခ်စ္တယ္ လို႔ ၀န္ခံလာမွာပါဆိုတဲ့ ခြန္ျပည့္စကားကို သတိရမိသည္။
ခြန္ျပည့္ဟာ ပိုင္မယ္ဆိုတာေသခ်ာမွ ေလာင္းေၾကးထပ္လိုတဲ့ေကာင္ေလးတစ္ေယာက္ျဖစ္ေလသည္။
... 💜 ...
ေက်ာင္းႏႈတ္ဆက္ပြဲေန႔..။
ဆရာ၊ဆရာမေတြကိုကန္ေတာ့ၿပီးတဲ့ေနာက္ ဒံေပါက္ႏွင့္အေအးေဝၾက၏။ ခုံေတြကိုေနာက္ကပ္ထားတာမို႔ ေနရာကြက္လပ္တြင္ ေဆာ့တဲ့သူကေဆာ့ၿပီး သီခ်င္းေအာ္ဆိုတဲ့လူက ေအာ္ဆိုေနခဲ့ၾကသည္။
ေလေျပက၀င္ေဆာ့ၿပီးေနာက္ ပ်င္းလာသလိုေရာ၊ ၀မ္းနည္းစိတ္ကေလး၀င္ေနတာေရာေၾကာင့္ ကစားပြဲကထြက္လာရင္း ခုံမ်ားစုထားရာ ေနာက္ဆုံးခုံေလးတြင္ထိုင္ေငးေန၏။ ေကာင္ေလးတစ္ေယာက္ဟာ မဲက်တဲ့စာအရ ကျပေဖ်ာ္ေျဖေနခဲ့သည္။
ဘုန္းခန္႔နဲ႔ေအာင္ေက်ာ္ဟာ လွစ္ခနဲဆိုသလိုေပ်ာက္ေနခဲ့ၾကသည္။ အတန္းပိုင္ဆရာမရဲ႕ဆုံးမစကားနဲ႔ ေလေျပ့ကိုေက်ာင္းကိစၥအ၀၀ကူညီသူရဲ႕နာမည္ေလးကိုျပန္ၾကားေယာင္ေနမိခဲ့၏။
သူ႕ကိုအစစအရာရာကူညီခဲ့သူဟာ ခြန္ျပည့္စုံ႐ွိန္းပါတဲ့လား.။ ႏွစ္စကတည္းက ဘာစိတ္ကူးနဲ႔ကူညီခဲ့ရတာလဲ။ ရင္ထဲမွာ ေက်းဇူးတင္စိတ္နဲ႔သိမ္ငယ္စိတ္က ေရာယွက္လို႔ေနခဲ့၏။ ခြန္ျပည့္တိုက္တဲ့ေကာ္ဖီေအးကို ဘုန္းခန္႔လက္ထဲထိုးေပးလိုက္တဲ့အခ်ိန္ကို သတိရသည္။
ခြန္ျပည့္သာျမင္လွ်င္ မဲ့ျပဳံးျပဳံးေနခဲ့မည္လား..။ ခြန္ျပည့္ဟာ ေလေျပ့ရင္ထဲကို သိမ္ငယ္စိတ္အၿမဲထည့္ေပးႏိုင္သူ ျဖစ္၏။
ခုံေပၚကိုေမွာက္အိပ္ရင္း စဥ္းစားေနမိခိုက္ လႈပ္သြားေသာခုံတန္းေတြႏွင့္အတူ မိမိဆံႏြယ္မ်ားကို လာေဆာ့ကစားေနခဲ့ေသာအထိအေတြ႕..။ ေမာ့မၾကည့္ေပမဲ့ ခြန္ျပည့္ျဖစ္ေၾကာင္း ကိုယ္သင္းနံ႔ေလးအရ အလိုအေလ်ာက္သိေနခဲ့၏။
ခြန္ျပည့္ဟာ မိမိဆံပင္ေလးေတြကိုေဆာ့ကစားလိုက္. သပ္တင္ေပးလိုက္ လုပ္ေနခဲ့၏။ ေလေျပဟာ ရင္ခုန္လြန္း၍ အသက္ပင္၀၀မ႐ႈရဲဘဲ ၿငိမ္သက္ေနမိသည္။ စာေမးပြဲၿပီးရင္ ခြဲရေတာ့မယ္ဆိုေသာအသိက လူကိုမြမ္းၾကပ္ေစ၏။
"ခြန္ျပည့္"
"အာ.. Sry ႏိုးသြားလား.. ဒီစာအုပ္ကဘယ္သူ႕ဟာလဲ"
ခြန္ျပည့္က သူ႕လြယ္အိတ္ေပၚက 'ေရးေပးပါ' စာအုပ္ေလးကိုၾကည့္ရင္းေမး၏။
"ယမင္းစာအုပ္ပါ.. ငါ့ကိုေရးခိုင္းထားလို႔"
"မေရးေပးစမ္းပါနဲ႔.. မင္းအႀကိဳက္ေတြကိုက ငါသိရင္လုံေလာက္ၿပီ"
ခ်စ္တာကိုသာ သ၀န္တိုျခင္းနဲ႔တိုင္းတာလို႔ရမယ္ဆို ခြန္ျပည့္ သူ႕ကိုတကယ္ခ်စ္တယ္ဆိုတာ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ သို႔ေသာ္...
"မင္း ေက်ာင္းဆက္မတတ္ေတာ့ဘူးဆို"
"အင္း ငါဆက္မတတ္ေတာ့ဘူး ေလေျပ. ဒီႏွစ္ေတာင္ မင္းကိုကတိေပးထားလို႔ ဆုံးေအာင္ေျဖမွာ"
"မင္း ဘာဆက္လုပ္မွာလဲ"
"ေဘာလုံးအသင္းထဲ၀င္ဖို႔စဥ္းစားထားတယ္ ေလေျပ. ဒါ ငါ့အိမ္မက္ဘဲ"
"မင္း ထိုင္းဘက္သြားေတာ့မယ္ဆို"
"အင္း.. သြားျဖစ္မယ္ထင္တယ္။ Trainee သေဘာမ်ိဳးေလာက္ပါဘဲ။ ျမန္မာအသင္းမွာဘဲကစားျဖစ္မွာပါ"
"ငါ့ကိုေရာ.. ငါ့ကို. ငါတကယ္မသိေတာ့ဘူး ခြန္ျပည့္"
ခြန္ျပည့္ဟာ မ်က္လႊာခ်သြားတဲ့ေလေျပ့ကိုၾကည့္ရင္း စိတ္မေကာင္းျဖစ္သြားရ၏။ သူ႕ရဲ႕အိမ္မက္ေတြရဲ႕တေစ့တေစာင္းထဲမွာ ေလေျပ့အေၾကာင္းကို သူထည့္မစဥ္းစားခဲ့တာေတာ့မဟုတ္ခဲ့။ ဘယ္သူ႕ကိုမွမခ်စ္ဘူးလို႔ သံဓိဌာန္ခ်ထားခဲ့သူမို႔ ေလေျပ့ကို သူမခ်စ္လိုေပမဲ့ ခြဲလဲမခြဲလို..။
ေလေျပ့ကို ပိုင္သူမဲ့အ႐ုပ္ေလးလိုထားခ်င္ခဲ့တယ္။ သူဘယ္အခ်ိန္လြမ္းလာ၊ လြမ္းလာ ေငးေမာႏိုင္မယ့္ေက်ာျပင္ေသးေသးေလးျဖစ္ေစခ်င္တယ္။ ဒီအတြက္ အေကာင္းဆုံးနည္းလမ္းကို သူ႐ွာေဖြခဲ့ၿပီးသား..။
ေလေျပဟာ သူကိုယ္တိုင္ခ်မွတ္ခဲ့တဲ့ သူ႕ဘ၀ရဲ႕စည္းမ်ဥ္းတစ္ခ်ိဳ႕ကို ေဖာက္ဖ်က္ႏိုင္ေအာင္စြမ္းေဆာင္ႏိုင္သူျဖစ္၏။
ဘယ္သူ႕ကိုမွ ႏွစ္နဲ႔ခ်ီမတြဲဘူး..။
ဘယ္သူ႕ကိုမွ သူ႕ဘ၀ထဲထည့္မစဥ္းစားဘူး..။
ဘယ္သူ႕ကိုမွ သူ႕အနားမွာၾကာ႐ွည္မထားဘူး. စသျဖင့္ အခ်က္ေတြကိုေပါ့။
ခြန္ျပည့္ဟာ ဘယ္သူ႕ကိုမွသူ႕ဘ၀ထဲမေခၚလိုသလို. ဘယ္သူ႕ဘ၀ထဲမွလဲမ၀င္ေရာက္လိုေသာေကာင္ေလးတစ္ေယာက္ျဖစ္သည္။ သို႔ေသာ္ ေလေျပလွ်မ္းခဆိုေသာေကာင္ေလးကိုေတာ့ သူ႕ဘ၀ထဲေခၚလိုေသာစိတ္ျဖစ္ေပၚလာရ၏။
"ငါ့ကိုခ်စ္လား ေလေျပ"
"..
"စာေမးပြဲေနာက္ဆုံးရက္က် ေက်ာင္းေ႐ွ႕မွာငါေစာင့္ေနမယ္။ ငါ့ဘ၀ထဲမင္းလာခ်င္လဲရတယ္. မလာခ်င္လဲရတယ္။ မင္းအေျဖအေပၚမွာဘဲ မူတည္တယ္ ေလေျပ။ ငါ မင္းရဲ႕ခ်စ္သူျဖစ္ခ်င္ပါတယ္. ငါ မသြားခင္ မင္းကိုငါပိုင္ေၾကာင္းသက္ေသထူသြားခ်င္ပါတယ္"
ေလေျပဟာ ခြန္ျပည့္မ်က္၀န္းထဲမွာ အခ်စ္ဆိုတဲ့အရာကို႐ွာေဖြေနခဲ့ပုံ. သို႔ေသာ္ အထပ္ထပ္ကာရံထားခဲ့တဲ့သူ႕ဘ၀ရဲ႕စည္းမ်ဥ္းေတြရဲ႕ဖုံးလႊမ္းမႈရဲ႕ေအာက္မွာ အခ်စ္ဆိုတဲ့အရာကို ေလေျပဘယ္ေတာ့မွ႐ွာေတြ႕မွာမဟုတ္ေခ်။
သူ႕ဘ၀ရဲ႕နံပါတ္တစ္စည္းမ်ဥ္းဟာ. ဘယ္သူ႕ကိုမွမခ်စ္လိုျခင္းသာျဖစ္၏။ ေလေျပလွ်မ္းခဆိုတဲ့ေကာင္ေလးကို သူဟာတစ္သက္လုံးခ်စ္မိမွာမဟုတ္။
အခ်စ္ဆိုတာဟာ သူ႕ဘ၀တြင္ကစားစရာသက္သက္ထပ္မပိုခဲ့...။
#Zawgyi
#Blfic
-Hanna
2021 Oct 5 Tue
5:42PM