သောကမီးလျှံ

By Ling____

137K 23.1K 2.1K

အဓိကဇာတ်ဆောင်များ : ရွှမ်းကျီး, ရှန့်လင်ယွမ်း More

Description and Synopsis
နိဒါန်း
အတွဲ(၁) အပိုင်း (၁)
(၂)
(၃-၁)
(၃-၂)
(၄)
(၅-၁)
(၅-၂)
(၆)
(၇)
(၈)
(၉)
(၁၀)
(၁၁)
(၁၂-၁)
(၁၂-၂)
(၁၃)
အတွဲ (၂) အပိုင်း(၁၄)
(၁၅)
(၁၆)
(၁၇-၁)
(၁၇-၂)
(၁၈)
(၁၉)
(၂၀)
(၂၁)
(၂၂)
(၂၃)
(၂၄)
(၂၅)
(၂၆)
(၂၇)
(၂၈)
(၂၉)
(၃၀)
(၃၁)
(၃၂)
(၃၃)
(၃၄)
(၃၅)
(၃၆)
(၃၇)
(၃၈)
(၃၉)
(၄၀)
(၄၁)
(၄၂-၁)
(၄၂-၂)
Announcement
(၄၄)
(၄၅)
(၄၆)
(၄၇)
(၄၈)
(၄၉)
(၅၀)
(၅၁)
(၅၂)
(၅၃)
(၅၄)
(၅၅)
(၅၆-၁)
(၅၆-၂)
(၅၇)
(၅၈)
(၅၉)
(၆၀)
(၆၁)
(၆၂)
(၆၃)
အတွဲ (၄) အခန်း (၆၄)
(၆၅)
(၆၆)
(၆၇)

အတွဲ (၃) အပိုင်း (၄၃)

1.5K 294 47
By Ling____

လူ့ဘုံခန်းဝါသေမျိုးလောကကြီးဟူသည် မီးဟုန်းဟုန်းတောက်လောင်နေသော အပါယ်ငရဲဘုံတစ်ခုသဖွယ်၊
နက်ရှိုင်းစွာ ချစ်ခင်စုံမက်ခဲ့ကြသူများ၏အပြစ်ကြွေးများအား ခွင့်လွှတ်နိုင်ဖွယ်ရာမရှိ
(ကမ္ဗည်းစာ)


ရှန့်လင်ယွမ်းတစ်ယောက် သုံးချွမ်း၏မြို့တော်နယ်နိမိတ်အတွင်း၌ အချိန်အတော်ကြာအောင် ရောက်ရာပေါက်ရာလျှောက်သွားနေမိသည်။ ဟိုတယ်ရှေ့တွင်ရှိသည့် ရင်ပြင်လေးအတိုင်း လျှောက်လှမ်းသွားလာနေရင်း မြို့တွင်းရှိမြစ်တစ်စင်းဆီသို့ရောက်ရှိသွားလေသည်။ နေဝင်ရီတရောညနေဆည်းဆာအချိန်ဝယ် မြစ်ပြင်ထက်ရှိ ခရီးသွားလှေငယ်လေးများသည်ကား ပေါင်းအိုးတစ်လုံးထဲတွင်ရှိနေသော ဖက်ထုပ်များသဖွယ်။ ထိုနေရာမှာ သင်္ဘောဆိပ်ကမ်းတစ်ခုကဲ့သို့ပင် လူသွားလူလာများဖြင့်ရှုပ်ထွေးစည်ကားနေလျက်ရှိပြီး လက်မှတ်ရောင်းသောပြတင်းပေါက်နားတွင်လည်း လူများဖြင့်ကြိတ်ကြိတ်တိုးနေလျက်ရှိ၏။ ကမ်းစပ်တစ်လျှောက်တွင် အသေးစား တီးဝိုင်းလေးများဆီမှ တေးသီချင်းသံများ ရံဖန်ရံခါပျံ့လွင့်ထွက်ပေါ်လာနေသည်။ ညနေခင်းလေနုအေးလေးက နို့လက်ဖက်ရည်နံ့များ ကပ်ငြိစိုစွတ်နေဆဲဖြစ်သော ရှန့်လင်ယွမ်း၏ နားထင်ပေါ်ရှိ ဆံချည်တစ်မျှင်အား အထက်သို့ပင့်တင်လွင့်မျောစေ
လိုက်လေသည်။

ရှန့်လင်ယွမ်းမှာ ပန်းခြံအတွင်းရှိခုံတန်းရှည်တစ်လုံးပေါ်တွင် ထိုင်နေလျက် ရေပြင်ကျယ်၏တစ်ဖက်ကမ်းသို့ ငေးစိုက်ကြည့်ရှုနေရင်း လူငယ်ဓာတ်ပုံဆရာလေးများက သူ့အား သူတို့၏ဓာတ်ပုံထဲတွင် ညမြင်ကွင်းတစ်စိတ်တစ်ပိုင်းအဖြစ်ရိုက်ယူနေတာကိုလည်း တိတ်တဆိတ်သာ ခွင့်ပြုထားလိုက်သည်။

သူ့အပြုံးများကိုရောင်းစားခြင်းဖြင့်ရရှိလာသော ချောကလက်ပူပူတစ်ခွက်ကိုကိုင်ထားလျက်ပင် ထိုအရောင်းအဝယ်မှာ အရှုံးပေါ်သွားပြီဟု သူတွေးလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤအရာမှာ စေးပျစ်အီဆိမ့်လှပြီး ခါးသက်သက်အရသာအထဲမှ ချိုမွှေးနေသောအရသာတို့ထွက်ပေါ်လာခြင်းဖြစ်သည်။ ပူစီဖောင်းကလေးများတစီစီထနေသော ‘အနက်ရောင်အရည်’ များလောက်တောင် သောက်လို့မကောင်းလှပါချေ။ သို့ပေသိ သူ ထိုအရာကို လွှတ်လည်းလွှတ်မပစ်နိုင်ပေ။ တစ်ငုံပြီးတစ်ငုံသောက်ရင်းပင် နောက်ဆုံး တစ်ခွက်လုံးကုန်စင်သွားသည်အထိသောက်ခဲ့လေသည်။ ဤအရာမှာ အရသာဆိုးဝါးလှသည့်တိုင် အနည်းဆုံးတော့ လစ်ဟာနေသောဝမ်းဗိုက်ကိုပြည့်တင်းစေနိုင်တာပဲဖြစ်သည်။ အစာရေစာငတ်မွတ်ခေါင်းပါးသောခေတ်ကာလများတွင် ထိုအရာသည်ကား လူ့အသက်တစ်ချောင်းကိုကယ်တင်ပေးနိုင်သောအရာဖြစ်ပေလိမ့်မည်။ သူ၏ငယ်စဉ်တောင်ကျေးကလေးဘဝရှိနှစ်ကာလအများစုမှာ အငတ်ဘေးဆိုက်ခဲ့ဖူးသောနှစ်ကာလများဖြစ်ပြီး ၎င်းမှာ ထိုငတ်မွတ်ခေါင်းပါးခြင်းတည်းဟူသော ဒုဗ္ဘိက္ခန္တရကပ်ဆိုးကြီးကို ကောင်းကောင်းကြီးတွေ့ကြုံခံစားခဲ့ရဖူးသူဖြစ်သည်။ သို့ဖြစ်ရာ မိမိမှာ နှစ်ပေါင်းအတော်ကြာအောင် ဥပုသ်သီတင်းသီလစောင့်တည်ကာ အစာအာဟာရမှီဝဲခြင်းမရှိဘဲနေထိုင်လာခဲ့သူတစ်ဦးဖြစ်စေကာမူ ထိုအရာကို အလဟဿဖြုန်းတီးမပစ်လိုပါချေ။

ည (၇) နာရီခွဲသို့ရောက်သောအခါ စင်မြင့်ထက်ရှိမီးအလင်းရောင်များ စတင်ထွန်းလင်းလာပြီး သုံးချွမ်းခရီးသွားရာသီ၏ အထူးအစီအစဉ်တစ်ရပ်စတင်ကျင်းပတော့မည်ဖြစ်သည်။ ရေပြင်ထက်တွင် ဖျော်ဖြေတင်ဆက်သော အော်ပရာပြဇာတ်မျိုးဖြစ်သည်။ အော်ပရာပြဇာတ်များမှာ ‘ရိုးရာအနုပညာတစ်ရပ်’ တွင်ပါဝင်သောပြဇာတ်တစ်မျိုးဖြစ်သော်ငြား အနှီမိစ္ဆာအိုကြီးသည်ကား ထိုရိုးရာထုံးတမ်းအစဉ်အလာများထက်ပင် ပို၍ရိုးရာဆန်နေသူဖြစ်သည့်အတွက် *တပ်မက်စွဲလမ်းဖွယ်ရာကောင်းလှသည့် ကျော့ရှင်းလှပသောပန်းမာလာအခန်းကဏ္ဍ’ တို့မှာ သူ့အတွက် အလွန်တရာအသစ်အဆန်းဖြစ်လို့နေသည်။ သို့ဖြစ်ရာ ၎င်းသည်ကား  အနောက်တိုင်းဆန်ဆန်လှလှပပဝတ်ဆင်ထားသော မြစ်ကမ်းဘေးရှိ လူငယ်လေးများနှင့်အတူ တေးသီချင်းများကို သံရှည်ဆွဲလျက် သီဆိုဖျော်ဖြေတင်ဆက်နေသူများ၏ကျယ်ဝန်းသော**ရေဝတ်ရုံလက်များကို မျက်လုံးအဝိုင်းသားဖြင့် တွေဝေမိန်းမောစွာငေးမောကြည့်ရှုနေမိလေတော့သည်__ကြောင်အမ်းဆွံ့အစွာငေးမောကြည့်ရှုနေကြသူများ၏မျက်နှာအမူအရာများမှာ ငယ်ရွယ်နုပျိုသစ်လွင်လို့နေ၏။

T/N

*၁၈ ရာစုက တရုတ်ရိုးရာအော်ပရာပြဇာတ်ပုံစံများကိုဆိုလိုတာပါ။
**ရေဝတ်စုံလက်--တရုတ်ရိုးရာအော်ပရာပွဲတွေမှာဝတ်ဆင်လေ့ရှိတဲ့ ဝတ်ရုံအနားစွန်းနဲ့ တွဲချုပ်ထားတဲ့ အဖြူရောင်ပိုးသားအင်္ကျီလက်နှစ်ထပ်ကိုဆိုလိုပါတယ်။

လူငယ်လူရွယ်လေးများသည်ကား သူတို့၏ကင်မရာများကို တဖျတ်ဖျတ်ရိုက်နေကြပြီး ထိုနေရာတွင်ပင် ဓာတ်ပုံများကိုပြန်လည်တည်းဖြတ်ပြုပြင်နေကြလေသည်။ တစ်ချိန်တည်းမှာပင် အော်ပရာသီချင်းများကို နားထောင်နေရင်းက ရှန့်လင်ယွမ်း၏စိတ်အလျဉ်မှာ လွန်ခဲ့သောအတိတ်ကာလများဆီသို့ပြန်လည်မျောလွင့်သွားရှာသည်။

ထိုနှစ်တုန်းက ဤမြစ်ပြင်တစ်ဖက်ကမ်းမှာပင် မျိုးနွယ်စုခေါင်းဆောင်ဟောင်းကြီးသည်ကား သူ့အား ကောက်ယူခေါ်ဆောင်လာခဲ့သည်ကို သူ ယခုလေးတင်အမှတ်ရသွားသည်။

လွန်ခဲ့သောနှစ်ပေါင်းသုံးထောင်ဝန်းကျင်က သုံးချွမ်းမြို့တော်အတွင်း၌ရှိသော အနှီမြစ်တစ်စင်းသည်ကား နတ်ဆရာမျိုးနွယ်စု၏နယ်နိမိတ်စည်းမျဉ်းတစ်ခုဖြစ်ခဲ့တာဖြစ်သည်။ မြစ်ကြမ်းပြင်ထက်တွင်ရှိသော ကျောက်တုံးကျောက်ခဲများပေါ်တွင် မန္တန်အစီအရင်များအပြည့်ရှိနေခဲ့တာဖြစ်သလို မြစ်ကမ်းစပ်တစ်လျှောက်၌ အစီအရီပေါက်ရောက်နေသော ထူထပ်သည့်သစ်တောအုပ်များအတွင်းတွင်လည်း စိတ်ကိုညှို့ယူဖမ်းစားနိုင်သောမြူခိုးငွေ့များမှာ နေရာအနှံ့ထိုးဖောက်ပျံ့နှံ့နေလျက်ရှိသည်။ ဤမြစ်ပြင်ကျယ်ကြီးနှင့်ပတ်သက်သော ကျောချမ်းဖွယ်ရာ ကြောက်မက်စရာကောင်းလှသည့် ကောလာဟလစကားများမှာလည်း အတော်လေးပျံ့နှံ့နေခဲ့တာဖြစ်သည်။

သို့သော် ယနေ့ခေတ်အချိန်အခါမှာတော့ ဤနေရာသည်ကား အလွန်တရာသက်ဝင်စည်ကားသိုက်မြိုက်သောနေရာတစ်ခုဖြစ်လာခဲ့လေပြီ။

မျိုးနွယ်စုခေါင်းဆောင်ဟောင်းဖြစ်သူမှာ ကြင်နာသနားတတ်သောနှလုံးသားပိုင်ရှင်တစ်ဦးဖြစ်သည်။ လူသားမျိုးနွယ်စုအတွင်းရှိ သူတို့ညီနောင်များ၏ကံဆိုးမိုးမှောင်ကျသောအဖြစ်အပျက်များကို ပြန်ပြောင်းစဉ်းစားမိသည့်အခါတိုင်း အမြဲတစေ သက်ပြင်းတချချဖြင့်စိတ်မကောင်းဖြစ်နေတတ်သည်__ဘိုးဘေးဘီဘင်များချမှတ်ခဲ့သော စည်းမျဉ်းစည်းကမ်းများကြောင့် ၎င်းမှာ တောင်ကိုစွန့်ခွာပြီး ကမ္ဘာလောကကြီးကိုကယ်တင်သူတစ်ယောက်အဖြစ်မစွမ်းဆောင်နိုင်ခဲ့သောကြောင့်ဖြစ်သည်။ အကယ်၍ အဆိုပါအဘိုးအိုကြီးသည်ကား ယခုလိုမြင်ကွင်းအခြေအနေမျိုးကိုမြင်တွေ့လိုက်ရပါမူ မည်ကဲ့သို့ခံစားရပါမည်နည်း? ကျေနပ်သဘောကျနေပါမည်လော?

သို့တည်းမဟုတ် အားလော့ကျင်းကဲ့သို့ပင် အမုန်းတရားအာဃာတများကြောင့် သွက်သွက်ခါအောင်ရူးသွပ်သွားလိမ့်မည်လော?

ရှန့်လင်ယွမ်းတစ်ယောက် အတွေးရေယာဉ်ကြောတွင် နစ်မြောနေရင်း မြစ်ကမ်းပါးဘေးတွင်ထိုင်နေမိသည်။ ညဉ့်နက်လာချိန်မှာတော့ အစောတုန်းက ဆူညံပွက်လောရိုက်နေသော သက်ဝင်စည်ကားနေမှုများမှာ ပျောက်ကွယ်သွားသလို မြစ်ကမ်းပါးရှိမီးအလင်းရောင်များမှာလည်း မှိန်ဖျော့သွား၏။ သူက မတ်တပ်ထရပ်လိုက်ပြီးနောက် ခုနတုန်းက သာမန်လူသားများပြုလုပ်သွားကြသည့်အတိုင်းပင် စက္ကူခွက်အလွတ်ကို လမ်းဘေးရှိအမှိုက်ပုံးအတွင်းသို့ ပစ်ထည့်လိုက်သည်။ ထို့နောက်တွင်မူ သူကိုယ်တိုင်ကိုယ်ကျရေးသားပေးထားခဲ့သော နတ်ဆရာမန္တန်အစီအရင်ကိုအနံ့ခံလိုက်ပြီး ထိုရနံ့များနောက်သို့လိုက်သွားရင်း ညအမှောင်ထုအတွင်းတိုးဝင်ပျောက်ကွယ်သွားလေတော့သည်။
.
.
.

ရှောင်းကျန်းမှာ ဆေးရုံရှိတစ်ယောက်ခန်းလူနာဆောင်ထဲတွင်ရှိနေတာဖြစ်သည်။ မီးများကိုပိတ်လိုက်ပြီးချိန်၌ သူနာပြုလေးတစ်ယောက်က လူနာအခြေအနေကိုလာရောက်ကြည့်ရှုရင်း ပြတင်းပေါက်များကိုလည်းကြည့်ရှုစစ်ဆေးလိုက်ပြီးသော် သူမ ကိုယ်တိုင်လည်းအနားယူရန်ပြန်လည်ထွက်ခွာသွား၏။ အခန်းထဲတွင် တတောက်တောက်မြည်နေသော ခပ်တိုးတိုးနာရီသံများကိုသာကြားနေရသည်။ ခေတ္တခဏကြာပြီးနောက်တွင်မူ စင်္ကြံလမ်းတစ်လျှောက်လုံးတွင် မည်သည့်လူသံများကိုမှမကြားရတော့ပါချေ။ ရှောင်းကျန်း၏မျက်လုံးများက ရုတ်တရက်ပွင့်လာသည်။ သူက နည်းနည်းလေးမှကိုအိပ်ချင်စိတ်ရှိမနေသည့်အတွက် သူ့အား ရွှမ်းကျီးပေးထားခဲ့သော ‘နတ်ဆရာမန္တန်အစီအရင်’ ကို ခေါင်းအုံးအောက်မှထုတ်ယူလိုက်သည်။

ထိုအရာမှာ သူ ခုနတုန်းက လက်ဖြင့်ထိလိုက်စဉ်တွင်သာ တစ်ချက်မျှလင်းခနဲလက်ခနဲဖြစ်သွားခဲ့တာဖြစ်ပြီး ထို့နောက်တွင်မူ လုံးဝကိုတုံ့ပြန်လှုပ်ရှားမှုမရှိတော့ပါချေ။ ၎င်းမှာ အပြင်ပန်းကကြည့်လျှင် အပျော်အပြက် ဟိုလျှောက်ခြစ်သည်လျှောက်ခြစ်လုပ်ထားသောစာသားများနှင့်သာတူနေ၏။ ခဲတံဖြင့်ခပ်ဖွဖွရေးဆွဲထားသည့်အရာများပျက်သွားမည်စိုးသဖြင့် ရှောင်းကျန်းမှာ ထိုစာလုံးများအပေါ်သို့ သူ့လက်ဖြင့်ပွတ်မကြည့်ရဲပါချေ။ သူက ကြိုတင်ကာကွယ်သည့်အနေဖြင့် သူ့ဖုန်းထဲတွင်ရှိသည့် scan ဖတ်သည့် App တစ်ခုဖြင့် ထိုနတ်ဆရာမန္တန်ကို အရင်ဆုံး scan ဖတ်ယူထားလိုက်သည်။ ငှက်လူသား ရွှမ်းကျီးပြောပုံအရဆိုလျှင် ဤမန္တန်၏စွမ်းအားများသည်ကား အက္ခရာစကားလုံးများပေါ်တွင်သာရှိနေတာဖြစ်ပြီး လက်ရေးဖြင့်ရေးသားထားခြင်း သို့မဟုတ် စကန်ဖတ်ယူထားခြင်းတို့နှင့် မသက်ဆိုင်ပါချေ။

‘တံလျှပ်လိပ်ပြာများ’ မှာ နတ်ဆရာမန္တန်အစီအရင်တစ်မျိုးဖြစ်သည့်အတွက် ထိုလိပ်ပြာများကို အလွဲသုံးစားပြုလုပ်အသုံးချနေသူများအား တိတိကျကျဖော်ထုတ်ပေးနိုင်မည့် ‘တန်ပြန်မန္တန်အစီအရင်’ လည်းရှိနေတာဖြစ်သည်__တစ်နည်းအားဖြင့်ဆိုရလျှင် ဤကိစ္စမှာ လစ်တမတ်စ်စက္ကူဖြင့်စမ်းသပ်မှုတစ်ခုကဲ့သို့ပင်။

သူတို့ထံတွင် ထိုမန္တန်ရှိနေပါက မည်သူကလိပ်ပြာများနှင့်ထိတွေ့ခဲ့ဖူးသလဲ၊ မည်သူက ကတုံးပေါ်က ‘သန်း’ လဲဆိုတာကို ရမ်းသမ်းမှန်းသန်းလျှောက်ခန့်မှန်းနေစရာမလိုသလို ဌာနတွင်းရှိလူများကိုလည်း အရိုးကြေကြေအရေခန်းခန်းအသည်းအသန်စုံစမ်းစစ်ဆေးရှာဖွေနေစရာမလိုတော့ဘဲ လိပ်ပြာနှင့်ထိတွေ့ခဲ့ဖူးသူမှန်သမျှကို ချက်ချင်းသိရှိနိုင်မည်ဖြစ်သည်။ DCO အတွင်း၌ လွန်ခဲ့သောဆယ်စုနှစ်ပေါင်းများစွာအတွင်း သေဆုံးမှုအရေအတွက်များကို လိမ်လည်ထားခဲ့သော သပွတ်အူတမျှရှုပ်ထွေးပွေလီလွန်းလှသည့်အမှုကိစ္စများမှာ တစ်ချက်တည်းဖြင့် ဘူးပေါ်သလိုပေါ်ပေါက်သွားလိမ့်မည်ဖြစ်သည်။

သူ နှိုက်နှိုက်ချွတ်ချွတ်စုံစမ်းချင်လျှင် စုံစမ်းချင်သလောက်ပေါ့။

ယခင်အချိန်တုန်းက တံလျှပ်လိပ်ပြာများအမှုကိုစုံစမ်းရာ၌ သူတို့၏လုပ်ပုံကိုင်ပုံမှာနှေးကွေးလွန်းလှသည့်အပြင် အများပြည်သူများအထိတ်တလန့်မဖြစ်စေရန် ဟူသည့်ဆင်ခြေဖြင့် ထိုဖြစ်စဉ်ကိုလည်း ဖုံးဖုံးဖိဖိဆောင်ရွက်ခဲ့တာဖြစ်သည်။ သို့သော် ယခုအချိန်တွင်မူ ဆင်ခြေဆင်လက်များပေးလို့မရတော့လေပြီ။ ‘ပြန်လည်ပြုပြင်ရေးဌာန၏ စွမ်းအားရှင်ခေါင်းဆောင်’ တစ်ဦးဖြစ်သည့် ရွှမ်းကျီး၏အရည်အချင်းများသည်ကား သူတို့မျှော်လင့်ထားသည်ထက်ကိုကျော်လွန်နေကာ တံလျှပ်လိပ်ပြာများ၏မူလရင်းမြစ်ကို လျင်မြန်စွာရှာဖွေတွေ့ရှိသွားခဲ့သည်။ ထိုမျှမကသေး တစ်ချိန်တည်းမှာပင် ထူးဆန်းနက်နဲသော နတ်ဆရာမန္တန်အစီအရင်များကိုပါ တိုက်တိုက်ဆိုင်ဆိုင်ရှာဖွေတူးထုတ်နိုင်ခဲ့ပြန်သည်။

ထိုတခဏအတွင်း၌ ရှောင်းကျန်းတစ်ယောက် သူ၏မိတ်ဆွေဟောင်းကြီးကို မနာလိုဝန်တိုစိတ်များဖြစ်မိတော့မလိုပင်။

အနှီဉာဏ်များလှသော ရွှမ်းကျီးဆိုသည့်ကောင်မှာ သူ့အား ဤပစ္စည်းကို တမင်တကာ သူတစ်ပါးမမြင်ကွယ်ရာတွင်ပေးခဲ့တာဖြစ်ပြီး နောက်တစ်ဆင့်ဘာဆက်လုပ်ရမလဲဆိုသည့်ဆုံးဖြတ်ချက်ကို မိမိအား ဆက်လက်ဆုံးဖြတ်ခိုင်းလိုက်တာပဲဖြစ်သည်။ အကယ်၍ မိမိသာ ဆန္ဒရှိပါက ဤစာရွက်ကိုဖျက်ဆီးပစ်လိုက်ပြီး ထိုပစ္စည်းမှာ ကမ္ဘာလောကကြီးအတွင်းတွင် မည်သည့်အခါကမှမတည်ရှိခဲ့သလို ဟန်ဆောင်လိုက်လို့ရတာပဲဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ‘နတ်ဆရာဂူသင်္ချိုင်း’ ဟုခေါ်သည့်အရာမှာလည်း ယွဲ့သယ်ဘိုးဘိုးအုပ်စုလက်ချက်ဖြင့် ပေါက်ကွဲပျက်စီးသွားခဲ့ပြီမဟုတ်ပါလော။

သို့သော်….သူ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်နိုင်ပါမည်လား?

ဤနတ်ဆရာမန္တန်အစီအရင်တစ်ခုကို ဘယ်တုန်းကမှ မတွေ့ဖူးခဲ့သလို ဟန်ဆောင်နေနိုင်ပါမည်လား? မိမိသည်ကား အစွန်းအထင်းတစ်စက်မှမရှိသော ထူးချွန်ထက်မြက်သည့်လူငယ်ခေါင်းဆောင်တစ်ဦးအဖြစ် ဟန်ဆောင်နေနိုင်ပါမည်လား? လူအများ၏လေးစားကြည်ညိုခြင်းကိုခံရသော သူ၏အထက်လူကြီးများသည်ကား ချိုးဖြူငှက်လေးများသဖွယ် ဖြူစင်သန့်ရှင်းအပြစ်ကင်းလှပြီး မည်သို့မှမထိသင့်သော အနီရောင်စည်းမျဉ်းကို တစ်ကြိမ်တစ်ခါမှထိတွေ့ခဲ့ဖူးခြင်းမရှိပါဘူး ဟူ၍ဟန်ဆောင်နေနိုင်ပါမည်လား?

ညဉ့်သန်းခေါင်ယံအချိန်၌ ရှောင်းကျန်း၏ဦးနှောက်တစ်ခုလုံးမှာ ရှုပ်ထွေးနောက်ကျိနေပြီဖြစ်သည်။ ဟိုတယ်မှပေးသော မှတ်စုစာရွက်မှာ အရည်အသွေးမကောင်းတာလည်းဖြစ်နိုင်သလို နေ့အလင်းရောင်ကိုမမြင်တွေ့လိုသော သူ၏မသိစိတ်ထဲမှ ဆန္ဒတစ်ခုကြောင့်လည်းဖြစ်နိုင်သည်။ ၎င်းမှာ ငူငူငိုင်ငိုင်ဖြစ်နေခိုက်မှာပင် လက်မနှင့်လက်ညှိုးကြားတွင်ညှပ်ကိုင်ထားသော အနှီမှတ်စုစာရွက်မှာ မတော်တဆပြဲထွက်သွားပြီး ထိုပြဲရာမှာ တိုက်တိုက်ဆိုင်ဆိုင်ပင် အစီအရင်စာသား၏အလယ်တည့်တည့်သို့ထိုးခွင်းသွားလေရာ မန္တန်၏ပြီးပြည့်စုံမှုကို ဖျက်ဆီးပစ်လိုက်သလိုဖြစ်သွားလေတော့သည်။ ထိုအခါ စာရွက်ပေါ်ရှိ ထူးခြားဆန်းကြယ်သောစွမ်းအားများမှာလည်း ပျောက်ချင်းမလှပျောက်ကွယ်သွားရှာတော့သည်။

နတ်ဆရာမန္တန်များ၏သဘောတရားများကို သူ များများစားစားနားမလည်သည့်တိုင်အောင် သူ၏ကွင်းဆင်းအတွေ့အကြုံများနှင့် လိမ္မာပါးနပ်သော ပင်ကိုယ်ထိုးထွင်းဉာဏ်အရ အနှီမန္တန်အစီအရင်မှာ အလဟဿဖြစ်သွားပြီဆိုတာကို သူသိလိုက်သည်။

ရှောင်းကျန်းမှာ စိတ်ရှုပ်ထွေးစွာပင် ထိုဟာလာဟင်းလင်းဖြစ်သွားရှာသော မန္တန်အား စူးစိုက်ကြည့်ရှုနေပြီးနောက် ထိုအရာကို သူ့ခေါင်းအုံးအောက်တွင်သာ ထိုးထည့်ဖွက်သိမ်းထားလိုက်လေတော့သည်။

တကယ်လို့….ဒါက ဘုရားသခင်ရဲ့အလိုတော်အတိုင်းပဲဖြစ်သွားတာလား?

သူက ဖုန်းကိုဆွဲထုတ်ယူလိုက်ပြီး ရွှမ်းကျီးထံသို့ မက်ဆေ့ချ်တစ်စောင်ပို့ရန်ပြင်လိုက်သော်ငြား ‘မင်း’ ဟူသည့် စကားလုံးတစ်လုံးကိုရိုက်ပြီးသည့်နှင့် တုံ့ဆိုင်းရပ်တန့်သွား၏။ သူ အမှန်တကယ်ကိုပင် ရွှမ်းကျီးအား ဘာပြောလို့ပြောရမှန်းမသိပါချေ။ တခဏမျှကြာပြီးနောက်တွင်မူ သူက ထိုမက်ဆေ့ချ်မူကြမ်းကိုပြန်ဖျက်လိုက်ပြီး အိပ်ရာပေါ်၌လဲလျောင်းလိုက်ရင်း အတင်းအဓမ္မအိပ်စက်ရန်ကြိုးစားအားထုတ်လိုက်သည်။ အဆိုပါငှက်လူသားမှာ အပြောကောင်းအဆိုကောင်း နှုတ်သီးကောင်းလျှာပါးသူတစ်ယောက်ဖြစ်သော်ငြား ပါးစပ်ပိတ်ထားရမည့်အချိန်သို့ရောက်လာလျှင်လည်း လုံးလုံးလျားလျားကိုအပိုစာသားတစ်ခွန်းမှမပြောတတ်သူတစ်ဦးဖြစ်သည်။ အကယ်၍ ရှောင်းကျန်းသာ ဤကိစ္စများကိုဘာမှမဖြစ်သလို ဟန်ဆောင်နေလိုက်မည်ဆိုပါက ရွှမ်းကျီးသည်လည်း ဘာတစ်ခွန်းမှအထွန့်တက်ပြောဆိုလိမ့်မည်မဟုတ်မှန်း သူသိပါ၏။

အလွန်ဆုံးမှ နောက်ပိုင်း သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေး နည်းနည်းလေးပိုကျဲသွားရုံလောက်ပဲပေါ့။

အုံ့ဆိုင်းမှိုင်းညို့နေသော အနက်ရောင်တိမ်စိုင်တစ်အုပ်သည်ကား သုံးချွမ်း၏ညဉ့်ကောင်းကင်ယံတစ်ခွင်အတွင်း ညင်သာစွာရွေ့လျားမျောလွင့်လာရင်း ဆီးနှင်းသဖွယ်ကြယ်တာရာများနှင့်သော်တာလဝန်းကြီးတို့အား ဖုံးအုပ်လွှမ်းခြုံထားလိုက်လေတော့သည်။ လျှပ်တပြက်အတွင်းမှာပင် ပြတင်းပေါက်အပြင်ဘက်ရှိ ညဉ့်အမှောင်ထုသည်ကား ပို၍ပင်မည်းမှောင်သိပ်သည်းလာကာ အတိတ်နိမိတ်မကောင်းသော မြူခိုးငွေ့များ စတင်၍ဖြစ်တည်လာကြသည်။ ရှောင်းကျန်းကတော့ ထိုအခြေအနေများကိုလုံးလုံးလျားလျားသတိထားမိခြင်းမရှိဘဲ မီးအလင်းရောင်ကောင်းစွာရနေသော တစ်ယောက်ခန်းလူနာဆောင်အတွင်း၌ လဲလျောင်းနေခဲ့လေသည်။ ပြတင်းပေါက်အပြင်ဘက်တွင်ရှိနေသည့် မြူခိုးငွေ့များအတွင်းမှ လူသေကောင်တမျှဖြူဆွတ်နေသော လက်တစ်ဖက်ထိုးထွက်လာကာ ရေခဲတမျှအေးစက်နေသော ပြတင်းပေါက်အောက်ခြေဘောင်နားသို့ဖြည်းဖြည်းချင်းချဉ်းကပ်လာနေသည်။

လေပြည်လေညင်းတစ်သုတ်က ပြတင်းပေါက်ချပ်များအကြားရှိ လှစ်ဟ,နေသောအက်ကြောင်းရာများအတွင်းသို့ တိုးဝင်တိုက်ခတ်လာပြီး ခန်းဆီးလိုက်ကာစများကို ဘေးသို့တွန်းဖယ်လိုက်လေသည်။ ထိုလက်တစ်ဖက်က ပြတင်းပေါက်နားသို့ရောက်လုဆဲဆဲမှာပင် ‘နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေသော’ ရှောင်းကျန်းမှာ အိပ်နေရင်းလမ်းထလျှောက်သူတစ်ယောက်လို ရုတ်တရက် မတ်မတ်ထထိုင်လာတော့သည်။ သူက ဖုန်းထဲရှိ scan ဖတ်ထားသောမန္တန်အစီအရင်ကိုဖွင့်လိုက်ပြီး မျက်လုံးများနီရဲလာသည်အထိ အချိန်အတော်ကြာအောင်စူးစိုက်ကြည့်ရှုနေသည်။ ထို့နောက် သူ့ဘေးနားတွင်ရှိသော လပ်တော့ပ်ကိုလှမ်းယူလိုက်ပြီး scan ဖတ်ထားသောပုံကို စက်ထဲသို့ထည့်လိုက်ကာ တစ်ချိန်တည်းမှာပင် ကြည်လင်သော ‘ရေစာ’ တစ်ခုအဖြစ်ဖန်တီးပြုလုပ်လိုက်သည်။

ထို့နောက်တွင်မူ သူက ရုံးရှိ *backend system ထဲသို့ဝင်ရောက်လိုက်ပြီး ဤမမြင်ရသော ‘ရေစာ’ အကြည်ကို ရုံးတက်ရုံးဆင်းချိန်ကိုမှတ်သားသည့် အင်တာနက်စာမျက်နှာပေါ်တွင် တိတ်တဆိတ်တင်ထားလိုက်သည်__DCO တွင် ရုံးတက်ရုံးဆင်းချိန်ကိုမှတ်သားသည့်စနစ်နှစ်မျိုးရှိသည်။ ရုံးသို့လာသူများသည်ကား သူတို့၏ **အချိန်မှတ်စက်ပေါ်သို့ တစ်ချက်ဖိနှိပ်လိုက်ကာ မိမိတို့၏အလုပ်ဆင်းချိန်တက်ချိန်ကိုမှတ်သားပေးရမည်ဖြစ်ပြီး ကွင်းဆင်းလုပ်ငန်းများကိုဆောင်ရွက်ရသူများမှာမူ သူတို့၏အဖွဲ့ခေါင်းဆောင်ဖြစ်သူက ရုံးတွင်းကွန်ယက်ထဲသို့ Log in ဝင်ရောက်ကာ သတ်မှတ်ထားသောအလုပ်တာဝန်ပေါ်တွင် အချိန်မှတ်သားစာရင်းသွင်းပေးရမည်ဖြစ်သည်။ ပြီးမြောက်သွားပါက ဤအင်တာနက်စာမျက်နှာကို ပြသလာမည်ဖြစ်သည်။

[T/N

*backend system ဆိုတာက computer software (သို့) program code တွေကိုပြောတာပါ။ User တွေမမြင်နိုင်တဲ့ နောက်ကွယ်ကနေအလုပ်လုပ်နေကြတဲ့ system တွေဖြစ်ပါတယ်။
**အချိန်မှတ်စက်---ရုံးတက်ရုံးဆင်းချိန်ကိုမှတ်တဲ့စနစ်မျိုးပါ။ ဒီနိုင်ငံမှာဆိုရင်တော့ လက်ဗွေနှိပ်ရတဲ့စနစ်မျိုးနဲ့တူပါလိမ့်မယ်။]

ရှောင်းကျန်းသည်ကား ဤစာမျက်နှာအား အစားထိုးလဲလှယ်လိုက်ပြီးသော် တခဏမျှငူငူငိုင်ငိုင်ဖြင့် စူးစိုက်ကြည့်ရှုနေမိသည်။ ထို့နောက် သူက E-mail တစ်စောင်ကို ခပ်မြန်မြန်ရေးသားလိုက်ပြီး မန္တန်ရေစာကို စာသားများအတွင်း၌ထည့်သွင်းလိုက်ကာ ထို E-mail ကို အစုလိုက်အပြုံလိုက်ပို့လွှတ်လိုက်လေတော့သည်__ဤကဲ့သို့အစုလိုက်အပြုံလိုက် E-mail ပို့ခြင်းဟူသည်မှာ များသောအားဖြင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာအသိပေးအကြောင်းကြားစာများပေးပို့ရာတွင်အသုံးပြုလေ့ရှိသောပုံစံတစ်မျိုးဖြစ်သည်။ ထိုအီးမေးလ်များထဲတွင် လစာကိစ္စနှင့်အခြားသောအကျိုးအမြတ်ခံစားခွင့်ဆိုင်ရာအကြောင်းအရာများပါဝင်လေ့ရှိပြီး ပင်စင်ယူသွားသူများနှင့် အလုပ်မှခွင့်ယူထားသူများထံသို့ပင်ရောက်ရှိနိုင်အောင်ပြုလုပ်ထားတာဖြစ်သည်။ အီးမေးလ်ကို အောင်မြင်စွာပေးပို့လိုက်ပြီးဖြစ်ကြောင်း အချက်ပြသမှုထွက်ပေါ်လာသောအခါမှာတော့ မိမိမှာ ပြန်လမ်းမရှိတော့ပြီဖြစ်ကြောင်းကို ရှောင်းကျန်းတစ်ယောက်သိနားလည်ထားပါ၏။ သူက သက်ပြင်းရှည်ကြီးတစ်ချက်ကိုမှုတ်ထုတ်လိုက်ရင်း စိတ်တည်ငြိမ်စေရန်အလို့ငှာ ယခုအချိန်၌ စီးကရက်သောက်ရန်လိုအပ်ကြောင်းခံစားမိလေသည်။ သူက ဆေးရုံထဲသို့ ခိုးသွင်းယူဆောင်လာခဲ့သော စီးကရက်ဘူးကိုထုတ်ယူလိုက်ပြီး မီးခြစ်ခြစ်လိုက်ကာ ပြတင်းပေါက်ကိုသွားဖွင့်ရန်ပြင်လိုက်စဉ်မှာပင် ပြတင်းပေါက်နား၌ရှိနေသော အနက်ရောင်အရိပ်သဏ္ဌာန်တစ်ခုကို မျက်ဝန်းထောင့်စွန်းမှတဆင့် တွေ့မြင်လိုက်ရလေသည်။

“ဘယ်သူလဲ?”

(T/N

ဒီနေရာလေးကို နားမလည်မှာစိုးလို့ရှင်းပြချင်လို့ပါ။ ရှောင်းကျန်းက သူ့ဖုန်းထဲမှာ စကန်ဖတ်ထားတဲ့မန္တန်အစီအရင်ကို သာမန်မျက်စိနဲ့မမြင်နိုင်တဲ့ ‘ရေစာ’အကြည်ဖြစ်အောင်လုပ်လိုက်ပြီး ရုံးရဲ့ Webpage မှာတင်လိုက်တဲ့အပြင် အီးမေးလ်တွေထဲမှာပါထည့်ပြီး လူတွေအများကြီးဆီကိုတပြိုင်နက်တည်းပို့လိုက်တာပါ။ ဆိုလိုတာက ရုံးတက်ရုံးဆင်းချိန်ကိုမှတ်ဖို့အတွက် webpage ကိုဝင်ရောက်တဲ့သူတွေရော အီးမေးလ်ကိုဖွင့်ကြည့်လိုက်တဲ့လူတွေရော အဲဒီမန္တန်အစီအရင်နဲ့ထိတွေ့သွားကြမှာပါ။ တစ်ယောက်မှမလွတ်အောင် စစ်ဆေးလိုက်တဲ့သဘောပေါ့။)

ခပ်ဖွဖွရယ်သံတစ်သံထွက်ပေါ်လို့လာသည်။ ထို့နောက် အနက်ရောင်အရိပ်အတွင်းမှ လူတစ်ယောက်သည်ကား တိတ်ဆိတ်စွာပင် လမ်းလျှောက်ထွက်ပေါ်လာ၏။ ထိုသူ၏မျက်နှာမှာ ချိယွမ်း၌တွေ့ခဲ့ရသောမိစ္ဆာနှင့်တစ်ပုံစံတည်းပင်ဖြစ်သည်။ ထိုခဏအတွင်း ရှောင်းကျန်းတစ်ယောက် ကြက်သီးတဖြန်းဖြန်းထသွားရှာပြီး Adrenaline ဟော်မုန်းများ တဟုန်ထိုးဆောင့်တက်သွားရှာတော့သည်။ ညကြီးသန်းခေါင်အချိန်၌ မိုးကြိုးစက်ကွင်းများဖြင့်အပစ်ခံလိုက်ရရှာသော အနှီမိစ္ဆာသခင်ကြီးသည်ကား သရဲဇာတ်ကားများထဲမှမြင်ကွင်းများအတိုင်း ထွက်ပေါ်လာခြင်းဖြစ်သည်….

ထို့အပြင် ဤနေရာသည်ကား DCO လက်အောက်တွင်ရှိသော ဆေးရုံ၏အထူးလူနာခန်းဖြစ်သည်။ ပြတင်းပေါက်များနှင့်အခန်းတံခါးကို တင်းကြပ်စွာပိတ်ထားတာဖြစ်ပြီး အခန်းထဲတွင်လည်း မန္တန် အစီအရင်များနှင့်စွမ်းအင်တိုင်းကိရိယာများအပြည့်ရှိနေတာဖြစ်သည်။ သူက ဘယ်လိုလုပ်ပြီး ဝင်လာတာလဲ?

ဧည့်သည်တော်ကြီးက သူ့ကိုပြုံးပြလိုက်ရင်း လက်ကိုတစ်ချက်ဝှေ့ယမ်းပြကာ ဆို၏။

“မကြောက်ပါနဲ့”

သူကပြောရင်းဆိုရင်းမှာပင် လက်ဖျောက်တစ်ချက်တီးလိုက်သောအခါ ကုတင်ဘေးရှိမီးအိမ်ငယ်လေးများမှာ ထွန်းလင်းလို့လာသည်။ ထိုအခါမှသာလျှင် တစ်ဖက်လူသည်ကား အဖြူရောင်အားကစားဝတ်စုံနှင့် အားကစားဘောင်းဘီရှည်တို့ကိုဝတ်ဆင်ထားကြောင်း ရှောင်းကျန်းတွေ့မြင်လိုက်ရလေသည်။ အင်္ကျီရင်ဘတ်ပေါ်တွင် ‘သုံးချွမ်းဌာနခွဲ၏ (၄၇) ကြိမ်မြောက် ဆောင်းဦးအားကစားပွဲတော်’ ဟူသောစာသားများကိုရေးသားထားသည်။ သူက နှာခေါင်းတရှုံ့ရှုံ့လုပ်လိုက်သောအခါ ဟိုတယ်မှခေါင်းလျှော်ရည်ရနံ့ကိုရလိုက်သည်။ ရှောင်းကျန်းမှာ ထိုအနံ့ကိုကောင်းကောင်းကြီးရင်းနှီးနေပြီသားဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုဟိုတယ်သည်ကား သုံးချွမ်းဌာနခွဲနှင့်နှစ်ပေါင်းများစွာလက်တွဲလာသောဟိုတယ်ဖြစ်ပြီး ရှောင်းကျန်း၏ဖခင်ဖြစ်သူဖွင့်လှစ်ထားသောဟိုတယ်ပင်ဖြစ်သည်။ ဟိုတယ်အတွင်း၌တည်းခိုနေထိုင်စရိတ်များကို နှစ်ကုန်ပိုင်းတွင် ကျသင့်ငွေပေးချေရလေ့ရှိသည်__ကပ်စီးနည်းသော DCO ဌာနခွဲအနေဖြင့် (၇၀) ရာခိုင်နှုန်း လျှော့ဈေးရရှိတတ်သည်။

ရှောင်းကျန်းက အနည်းငယ်စိတ်တည်ငြိမ်သွားစေကာမူ သတိကိုမလျော့လိုက်ပါချေ။

“ခင်ဗျားက….ရွှမ်းကျီးရဲ့ ဓားဝိညာဉ်လား?”

‘ညဉ့်သန်းခေါင်ယံအချိန်၌ ဖောက်ထွင်းဝင်ရောက်လာသူ’ သည်ကား ရှန့်လင်ယွမ်းပင်တည်း။ သူက နူးညံ့သိမ်မွေ့သောအမူအရာဖြင့် ရှောင်းကျန်း၏ဒဏ်ရာရထားသောခြေထောက်ကို လက်ညှိုးထိုးပြကာပြောလိုက်သည်။

“မင်းရဲ့ခြေထောက်က သိပ်မကောင်းသေးဘူး၊ ငါတို့ ထိုင်ပြီးပြောကြတာပေါ့”

ရှောင်းကျန်း :  “……”

ရှောင်းကျန်းခမျာ ဘာရယ်ကြောင့်မှန်းမသိဘဲ ဤကဲ့သို့သောသနားကြင်နာမှုအပြည့်ဖြင့် အထူးတလည်အလေးပေးခံရမှုအပေါ် ကျေးဇူးအနန္တတင်သင့်သလိုခံစားလိုက်ရရှာတော့၏__ဝင်လာသူက အခန်းပိုင်ရှင်ဖြစ်သူကိုပင် နေရာထိုင်ခင်းစီစဉ်ပေးနေသေးသည်! ဒါရိုက်တာရှောင်းမှာ ဤအသက်အရွယ်ရောက်လာအခါမှသာလျှင် မဖိတ်ခေါ်ဘဲရောက်လာသောဧည့်သည်က အိမ်ရှင်ဖြစ်သူအား အပြင်လူတစ်ယောက်ကဲ့သို့ဆက်ဆံနေတာမျိုးကို ပထမဆုံးအကြိမ်တွေ့ကြုံလိုက်ရတာဖြစ်သည်။

ရှောင်းကျန်းက ဆေးရုံဝတ်စုံ၏အိတ်ကပ်အတွင်းသို့ လက်တစ်ဖက်ထိုးထည့်လိုက်ပြီး မန္တန်အစီအရင်တစ်ခုကိုညှပ်ကိုင်ထားလိုက်သည်။ ယနေ့အချိန်ထိတိုင်အောင် ဓားလက်နက်ဝိညာဉ်များသည်ကား တွေ့မြင်ရခဲသောအရာများဖြစ်နေဆဲဖြစ်ပြီး သူတို့အကြောင်းကိုလည်း လုံးစေ့ပတ်စေ့နားမလည်နိုင်ကြသေးပါချေ။ ၎င်းတို့မှာ အလွန်အင်မတန်မှကို အမှီအခိုကင်းရှင်းသူများဖြစ်ကြပြီး လူအစစ်များကဲ့သို့ပင် ကိုယ်ပိုင်အတွေးအခေါ်များနှင့် အပြုအမူလှုပ်ရှားမှုများရှိကြသည်။ ပြောကြသည်မှာ အကယ်၍ ပိုင်ရှင်ဖြစ်သူသည်ကား သူတို့ကိုကောင်းကောင်းမထိန်းချုပ်နိုင်ပါက လက်နက်ဝိညာဉ်များမှာ ပိုင်ရှင်ဖြစ်သူ၏အမိန့်ကိုနာခံကြမှာမဟုတ်သည့်အပြင် ပိုင်ရှင်ကိုပါပြန်ကိုက်စားပစ်နိုင်ကြသည်တဲ့လေ။

ရှောင်းကျန်းက သတိကြီးစွာထား၍မေးမြန်းလိုက်သည်။

“ရွှမ်းကျီးက ခင်ဗျားကိုလွှတ်လိုက်တာလား? သူရော?”

ရှန့်လင်ယွမ်း၏မျက်နှာအမူအရာမှာ နွေးထွေးလှသော်ငြား သူ့အကြည့်များမှာမူ ကျဉ်းမြောင်းသောဓားသွားနှစ်လက်ပမာ။ ရှောင်းကျန်းခမျာ သူ၏အပေါ်ယံအသွေးအသားများမှသည် အသက်ဝိညာဉ်ထိတိုင်အောင် ထွင်းဖောက်ကြည့်ရှုခံလိုက်ရသလိုခံစားလိုက်ရရှာ၏။

သူက သူ့မေးခွန်းကိုပြန်မဖြေပေ။ ထိုအစား အဆိုပါ ‘ဓားဝိညာဉ်’ ဆိုသူက သူ့အား စူးစမ်းသလိုနှင့်ပြန်လည်မေးခွန်းထုတ်လိုက်သေးသည်။

“ခုနတုန်းက မင်းဘာလုပ်နေတာလဲ? နတ်ဆရာမန္တန်ကို ပို့လွှတ်လိုက်တာလား?”

ရှန့်လင်ယွမ်း၏အများသုံးဘာသာစကားအရ ၎င်းမှာ စကားလုံးတစ်လုံးချင်းစီကိုရှင်းလင်းပီသစွာအသံထွက်ပြောဆိုလာသည့်အတွက် အသင့်အတင့်နားလည်နိုင်သောအခြေအနေတွင်ရှိသည်။ သူ၏သံနေသံထားနှင့်လေယူလေသိမ်းတို့ကသာ တစ်မျိုးတစ်ဖုံထူးဆန်းနေတာဖြစ်သည်။ ရှောင်းကျန်းသည်ကား ၎င်းမှာ ရှေးဟောင်းဓားတစ်လက်ဖြစ်သည်ဆိုသည့်အကြောင်းကိုကြားထားခဲ့ဖူးသည့်အတွက် ထိုသူအား “အချိန်မှတ်စနစ်” ၊ “E-mail” စသည့်အရာများကိုကြိုးစားရှင်းပြလျှင်သော်မှ သူနားလည်မည်မဟုတ်ကြောင်းကိုသဘောပေါက်ပါ၏။ သို့ဖြစ်ရာ သူက ရိုးရိုးရှင်းရှင်းပင် ခေါင်းညိတ်ပြလိုက်သည်။

“မနက်ရောက်ရင် လူအများစုဟာ ဖွက်ထားတဲ့မန္တန်အစီအရင်နဲ့ထိတွေ့သွားကြလိမ့်မယ်၊ တံလျှပ်လိပ်ပြာနဲ့ထိတွေ့ခဲ့ဖူးသူတိုင်းဟာ သူတို့ရဲ့နဖူးပေါ်မှာ သင်္ကေတအမှတ်အသားတစ်ခုပေါ်လာလိမ့်မယ်လို့ ရွှမ်းကျီးကပြောခဲ့တယ်။ ပိုက်ကွန်ထဲက လွတ်သွားတဲ့ ငါးတချို့တလေရှိကောင်းရှိနိုင်ပေမယ့် ကိစ္စတော့မရှိပါဘူး၊ ကျွန်တော်တို့အဖွဲ့အစည်းရဲ့ စိတ်ကိုစမ်းသပ်စစ်ဆေးတဲ့နည်းပညာက အတော်လေးကောင်းမွန်ပြည့်စုံတာမို့လို့ သူတို့အတွင်းပိုင်းကသာ ဆက်သွယ်ပူးပေါင်းပေးတာနဲ့ အမြန်ဆုံးစစ်ဆေးဖော်ထုတ်နိုင်မှာပါ”

သူက ရိုးရှင်းလွယ်ကူသောစကားအသုံးအနှုန်းများဖြင့်ပြောဆိုလိုက်စေကာမူ ‘ဓားဝိညာဉ်’ လူကြီးမင်းသည်ကား နားလည်ကောင်းနားလည်မည်မဟုတ်သေးပေ။ သူက ရှောင်းကျန်းကို တခဏမျှ ခေါင်းစခြေဆုံးအကဲခတ်ပြီးသည့်နောက်မှာတော့ လုံးဝကိုကျိုးကြောင်းဆီလျော်မှုမရှိသော စကားတစ်ခွန်းကိုပြောလာသည်။

“ငါကြည့်ရသလောက် မင်းရဲ့မျက်နှာနဲ့အသံက သန်မာအားကောင်းပြီး တရားမျှတမှုရှိတယ်၊ မင်းရဲ့ *မြောက်ပိုင်းကြယ်တံခွန်က တောက်ပလင်းလက်ပြီးချောမွေ့နေတယ်၊ မင်းရဲ့ဘိုးဘေးဘီဘင်တွေက အတော်လေးကိုကောင်းချီးမင်္ဂလာနဲ့ပြည့်စုံတဲ့သူတွေဖြစ်နိုင်တယ်၊ မင်းဘဝမှာ အခက်အခဲအတားအဆီးတွေကိုတွေ့ကြုံကောင်းတွေ့ကြုံနိုင်ပေမယ့် နောက်ဆုံးမှာတော့ ကံဆိုးမိုးမှောင်ကျနေတဲ့အရာအားလုံးဟာ ကျိန်းသေပေါက် ကံကောင်းမှုတွေအဖြစ်ပြောင်းလဲသွားလိမ့်မယ်”

(T/N

*မြောက်ပိုင်းကြယ်တံခွန်ဆိုတာ တရုတ်ရိုးရာဗေဒင်ဟောစာတမ်းတွေမှာ အသုံးများတဲ့အသုံးအနှုန်းတစ်ခုပါ။ လူတစ်ယောက်ရဲ့မွေးနေ့မွေးနံနဲ့တွက်ချက်ပြီး သူ့ရဲ့အတွင်းစိတ်၊ သူ့ဘဝမှာဖြစ်လာနိုင်တဲ့အရာတွေကိုဟောကိန်းထုတ်တဲ့နေရာမှာသုံးပါတယ်။)

ရှောင်းကျန်းတစ်ယောက် ထိုစကားကိုကြားသော်ပဟေဠိဖြစ်သွားလျက် စိတ်ထဲ၌တွေးလိုက်မိ၏။

“ဘာတွေပေါက်ကရလေးဆယ်လျှောက်ပြောနေတာလဲ? ဒီဓားက အလိုအလျောက်ဗေဒင်ဟောတဲ့စနစ်ပါပါတာလားဟ”

ထိုအခိုက်မှာပင် သူ၏အမြင်အာရုံမှာမှုန်ဝါးဝါးဖြစ်သွားရှာသည်။ သူနှင့်မီတာအနည်းငယ်အကွာအဝေးတွင်ရပ်နေသည့် ဓားဝိညာဉ်ဖြစ်သူမှာ ရုတ်ချည်းပင် သူ့ရှေ့မှောက်တည့်တည့်သို့ရောက်ချလာသည်။ ရှောင်းကျန်းမှာ တုံ့ပြန်ချိန်မမီလိုက်ရှာသလို မန္တန်အစီအရင်ကိုဆုပ်ကိုင်ထားသည့် သူ့လက်ကောက်ဝတ်တစ်ဖက်မှာလည်း အနက်ရောင်မြူခိုးများဖြင့် ရစ်ပတ်ဖမ်းချုပ်လိုက်ခြင်းကိုခံလိုက်ရရှာသည်။ ရှန့်လင်ယွမ်းသည်ကား သူ့နဖူးပြင်အလယ်တည့်တည့်ကိုလက်ဖြင့် အသာအယာထိတွေ့လိုက်သောအခါဝယ် ရှောင်းကျန်းခမျာ သူ့ကိုယ်သူ လူပုံသဏ္ဌာန်ရေကရားအိုးတစ်လုံးအသွင်ဘဝပြောင်းသွားရှာသလိုခံစားလိုက်ရသည်__သူ့နဖူးပြင်မှာ ရေကရားအိုးနှုတ်ခမ်းဝသဖွယ်ဖြစ်သွားကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးအတွင်းသို့ ရေအေးများဒရဟောလောင်းထည့်ခံလိုက်ရသည့်နှယ်။ သူ၏ကိုယ်တွင်းကလီစာများမှာလည်း ထိုရေခဲတမျှအေးစက်သောရေဖြင့်ဆေးကြောခံလိုက်ရသကဲ့သို့ပင်၊ အေးလွန်း၍တစ်ကိုယ်လုံးတုန်ယင်သွားရှာ၏။ ထို့နောက်တွင်မူ သူ့နဖူးပြင်ထဲမှ ပြာမှုန့်များပျံထွက်လာကာ ရှန့်လင်ယွမ်း၏လက်ဖဝါးပေါ်၌ လုံးထွေးစုစည်းသွားလေတော့သည်။

ရှောင်းကျန်း၏ခန္ဓာကိုယ်မှာ တမုဟုတ်ချင်းပေါ့ပါးသွား၏။ ထိုခဏအတွင်းမှာပင် မိမိ၏ခန္ဓာကိုယ်မှာ ‘စက်ရုံမှအသစ်ထုတ်လာသည့်ပုံစံ’ အတိုင်းပြန်ဖြစ်သွားသလို ထင်ယောင်ထင်မှားပင်ခံစားလိုက်ရရှာသည်။ တစ်စုံတစ်ခု၏ဝင်ပူးခြင်းကိုခံခဲ့ရပြီး မိုးကြိုးအပစ်ခံလိုက်ရသောကြောင့်ရရှိခဲ့သော အတွင်းဒဏ်ရာများသာမက လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက ရရှိထားခဲ့ဖူးသောစုပုံနေသည့်ဒဏ်ရာဒဏ်ချက်ဟောင်းများမှာလည်း လုံးလုံးလျားလျားကို အရှင်းပျောက်ကင်းသက်သာသွားလေတော့သည်။

ပြန်လည်၍ရှည်ထွက်မလာနိုင်သော သူ၏ဆံပင်များမှလွဲ၍ သူ့ဘဝတစ်လျှောက်လုံးတွင် ဤမျှလောက်ကျန်းမာသန်စွမ်းသောခံစားချက်မျိုးကို တစ်ခါမှမခံစားခဲ့ရဖူးပါချေ။ သူ့ခန္ဓာကိုယ်အတွင်း၌ အဆုံးအစမဲ့စွမ်းအားများတဟုန်ထိုးထွက်ပေါ်လာပြီး ယခုချက်ချင်းပင် ဆေးရုံမှဆင်းလို့ရနိုင်တော့မလိုတောင် ခံစားလိုက်ရသည်။ ဆေးရုံကိုလည်း အပတ်ပေါင်းများစွာပတ်ပြေးနိုင်သည်အထိပင်။ သူက ပြူးကျယ်ဝိုင်းစက်သောမျက်လုံးများဖြင့် မေးမြန်းလိုက်သည်။

“ခင်ဗျား…..”

ရှောင်းကျန်း၏နဖူးပြင်ထဲမှပျံထွက်လာသော ပြာမှုန့်များမှာ တုန်ခါလှုပ်ယမ်းသွားလျက် ရှန့်လင်ယွမ်း၏လက်ဖဝါးပေါ်၌ သေးငယ်သောအလုံးလေးတစ်လုံးအဖြစ်လိပ်ခွေစုစည်းသွား၏။ ရှန့်လင်ယွမ်းက ခေါင်းငုံ့ကာ ထိုအရာကို အနံ့ခံလိုက်သည်။

“အင်း…ဒီအနံ့က…မိစ္ဆာမျိုးနွယ်စုများလား?”

သူက ထိုစကားကို ‘ယာ’ စကားဖြင့်ပြောလိုက်ခြင်းဖြစ်သောကြောင့် ရှောင်းကျန်းခမျာနားမလည်ပါချေ။

“ဘာ?”

ရှန့်လင်ယွမ်းက သူ့လက်ကိုမြှောက်လိုက်ပြီး လက်မနှင့်လက်ညှိုးဖြင့်ဖိညှပ်ဟန်ပြုလိုက်သောအခါ ထိုပြာမှုန့်အလုံးလေးမှာ သူ့လက်ဖဝါးပေါ်၌ပင် လွင့်ပါးပျောက်ကွယ်သွားရှာ၏။ ပြာမှုန့်များထဲတွင်ရှိနေသည့် တစ်စုံတစ်ခုထံမှ ခပ်တိုးတိုးအော်ဟစ်သံတစ်သံကိုပင်ကြားလိုက်ရသယောင်။ ပြီးသွားချိန်မှာတော့ သူက ခေါင်းမော့ကာ ရှောင်းကျန်းကိုတစ်ချက်ပြုံးပြလိုက်သည်။ ရှောင်းကျန်းခမျာ ထိုအပြုံးတစ်ပွင့်ကိုတွေ့မြင်လိုက်ရသောအခါ ကြက်သေသေသွားရှာသည်__မည်ကဲ့သို့သော စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုမျိုးကို သူခံစားလိုက်ရသည်မသိ၊ ထိုခဏ၌ ၎င်းမှာ သူ၏ပိုင်ဆိုင်မှုပစ္စည်းဥစ္စာများသာမက သူ့ဘဝ၊ သူ့အသက်ခန္ဓာကိုပင် ထိုသူအား ရက်ရက်ရောရောပေးဆပ်အပ်နှင်းချင်စိတ်များ တဖွားဖွားဖြစ်ပေါ်လာတော့သည်။

သူ ထိုကဲ့သို့ကြောင်အမ်းအမ်းဖြစ်နေခိုက်မှာပင် အဆိုပါ ‘ဓားဝိညာဉ်’ သည်ကား ဆေးရုံခန်းအတွင်းမှ ပျောက်ချင်းမလှပျောက်ကွယ်သွားပြီဖြစ်သည်။

အခန်းတွင်း၌ ဟိုတယ်မှခေါင်းလျှော်ရည်ရနံ့များသာ ကျန်ရစ်ခဲ့လေသည်။

ရှောင်းကျန်းတစ်ကိုယ်လုံး အတုန်တုန်အယင်ယင်ဖြစ်သွားရှာသည်။ ထို့နောက်တွင်မှ ၎င်းမှာအသိစိတ်ပြန်ကပ်လာပြီး ကမန်းကတန်းပင် လူနာခန်းကိုသုံးကြိမ်သုံးခါတိုင်တိုင် ဝင်လိုက်ထွက်လိုက်လုပ်ကာ ကြည့်ရှုစစ်ဆေးလိုက်၏။ မန္တန်အစီအရင်များအားလုံးကို ထိတောင်မထိထားသလို အခန်းတံခါးနှင့်ပြတင်းပေါက်များအားလုံးကိုလည်း အတွင်းဘက်မှလော့ခ်ချထားတာဖြစ်သည်။ ထူးခြားစွမ်းအင်တိုင်းစက်ကိရိယာများမှာလည်း အသံတိတ်နေကြသည်။ အချက်ပြမီးများမှာလည်း မလင်းလာကြပေ။ ခုနတုန်းက ဖြစ်ပျက်ခဲ့သမျှအရာအားလုံးမှာ သူ၏ကိုယ်ပိုင်ထင်ယောင်ထင်မှားဖြစ်နေမှုများသာဖြစ်သလို။

ရှောင်းကျန်းတစ်ယောက် အရူးတပိုင်းဖြစ်သွားရှာတော့သည်။

“မဖြစ်နိုင်ဘူး…မဖြစ်နိုင်ဘူး!”

ရုတ်တရက် သူတစ်စုံတစ်ခုကို သတိရသွားသည်__မဟုတ်သေးဘူး! အခန်းထဲတွင်ရှိနေသည့် သူကိုယ်တိုင်ကလည်း မိုးကြိုးလျှပ်စီးအမျိုးအစားထူးခြားစွမ်းရည်ပိုင်ရှင်တစ်ယောက်ဖြစ်သည်ပဲလေ။ ထူးခြားစွမ်းအင်တိုင်းကိရိယာပေါ်က အချက်ပြမီးတွေက ဘာဖြစ်လို့မလင်းလာရတာလဲ?

သူက ပြတင်းပေါက်နားသို့ ခပ်သွက်သွက်လျှောက်လှမ်းသွားလိုက်ပြီး ထူးခြားစွမ်းအင်တိုင်းကိရိယာကိုစစ်ဆေးကြည့်လိုက်သောအခါ ထိုစက်ပစ္စည်းမှာ ဝန်ပိုဓာတ်အားများကြောင့် ရှော့ဖြစ်ကာပျက်စီးသွားပြီဖြစ်ကြောင်းကို တွေ့ရှိလိုက်ရလေသည်!

ရှောင်းကျန်းက သူ့ဦးခေါင်းကိုဖြည်းညင်းစွာမော့ကြည့်လိုက်သည်။ ပြတင်းပေါက်အပြင်ဘက်ရှိ သိပ်သည်းထူထဲသောအနက်ရောင်မြူခိုးငွေ့များမှာ ပြိုကွဲလွင့်ပါးသွားပြီဖြစ်သည်။ ပြတင်းပေါက်မှန်ပေါ်တွင်မူ ထိတ်လန့်ချောက်ချားနေသော သူ့မျက်နှာပုံရိပ်သာလျှင်ရောင်ပြန်ထင်ဟပ်နေလျက်ရှိသည်။ သူ ငယ်စဉ်ကလေးဘဝတုန်းက နဖူးပေါ်တွင် ချော်လဲရာမှရရှိခဲ့သောဒဏ်ရာတစ်ခုရှိပြီး လေးချက်ချုပ်ခဲ့ရဖူးသည်။ မျက်ခုံးပင့်လိုက်သည့်အခါတိုင်း ပါးလျရှည်လျားသော ခပ်ဖျော့ဖျော့အမာရွတ်ဟောင်းတစ်ခုကို သူ့မျက်ခုံးအပေါ်နားတွင်တွေ့မြင်နိုင်သည်။ သို့သော် ယခုအချိန်၌ ထိုအမာရွတ်မှာလည်း ပျောက်ကွယ်သွားပြီဖြစ်သည်။

တစ်ချိန်တည်းမှာပင် ကုတင်ပေါ်တွင်ရှိနေသည့် သူ့လပ်တော့ပ်ထဲမှ တရှဲရှဲမြည်သံများနှင့်အတူ အနက်ရောင်မီးခိုးငွေ့များထွက်ပေါ်လာကာ လပ်တော့ပ်၏မျက်နှာပြင်မှာ အမှောင်အတိကျသွားလေတော့သည်။

ရှောင်းကျန်းက သူ့မျက်နှာကိုလက်ဖြင့်ပွတ်သုတ်လိုက်ပြီး သူ့ဖုန်းကိုထုတ်ယူကာ ရွှမ်းကျီးထံသို့ဖုန်းဆက်လိုက်သည်။

ရွှမ်းကျီးမှာ ထောက်ပံ့ပို့ဆောင်ရေးဌာနမှဝန်ထမ်းတစ်ဦးဖြစ်သည့်အလျောက် (၂၄) နာရီပတ်လုံး အထက်မှညွှန်ကြားချက်အမိန့်ကိုစောင့်ဆိုင်းနေတတ်သည့်အလေ့အကျင့်ကောင်းမျိုးမရှိပါချေ။ ညဘက်ရောက်သည်နှင့် သူ့ဖုန်းမှာအလိုအလျောက်ပင် အသံပိတ်သွားတတ်သည်။ သို့ဖြစ်ရာ ဖုန်းဝင်လာချိန်၌ ဖုန်းမျက်နှာပြင်မှာလင်းရုံသာလင်းသွားပြီး အသံမမြည်ခဲ့ပေ။ ကုတင်ပေါ်တွင်လဲလျောင်းနေသော သူ့မျက်နှာပေါ်သို့ ဖုန်းအလင်းရောင်ဟပ်သွားချိန်ဝယ် ၎င်းမှာမျက်မှောင်ကြုတ်သွား၏။ နိုးထလာမည့်အရိပ်အယောင်မျိုးကိုတော့မတွေ့ရပေ။ သူ့ပုံစံကိုကြည့်ရသည်မှာ အိပ်မက်မက်နေပုံရသည်။

ဝေးလံသောအနောက်တောင်ကုန်းတွင်းပိုင်းတစ်နေရာရှိ ချိယွမ်းယဇ်ပလ္လင်ဘေးတွင်ရှိသော ဂူသင်္ချိုင်းကျောက်တိုင်တောအုပ်အတွင်း၌ ဂူကျောက်တိုင်သုံးခုမှာပျက်စီးသွားခဲ့ပြီဖြစ်သည်။ စတုတ္ထမြောက်ဂူသင်္ချိုင်းကျောက်တိုင်မှာလည်း လေပြင်းများတိုက်ခတ်ခြင်းမရှိပါဘဲနှင့် ပါးလျသောသဲမှုန်သဲနုများမှာ စတင်၍ဖြည်းဖြည်းချင်းစီပြိုဆင်းလို့လာနေသည်။

ရွှမ်းကျီးမှာ ယခုတလော မကြာခဏဆိုသလိုအိပ်မက်များခပ်စိပ်စိပ်မက်လာတတ်ပြီး အိပ်မက်တစ်ခုထက်တစ်ခုမှာလည်း တဖြည်းဖြည်းပို၍ထူးဆန်းလို့လာသည်။

သူက ခေါင်းငုံ့ကာ မီးလျှံအရောင်အဆင်းရှိသော သူ၏ဝတ်ရုံရှည်ကြီးကိုငုံ့ကြည့်လိုက်သည်။ ဤညအိပ်ဝတ်စုံမှာ မည်ကဲ့သို့သောနာမည်ကြီးရေပန်းစားသည့်ဖက်ရှင်ဒီဇိုင်းပုံစံမျိုးမှန်း သူအမှန်တကယ်မသိသော်ငြား စိတ်ထဲ၌တွေးလိုက်သည်။

ဒီလောက်အရောင်တောက်တောက် ဝတ်စုံကြီးကိုဝတ်ထားမှတော့
အိပ်ပျော်စေတဲ့ဟော်မုန်းဓာတ်က ဘယ်လိုလုပ်ပြီးအလုပ်လုပ်တော့မှာလဲ? ဒီလိုပုံစံကြီးနဲ့ ဘယ်လိုလုပ်ပြီးအိပ်လို့ပျော်မှာလဲ?

ထိုအခိုက်မှာပင် သူ၏ခြေထောက်အစုံမှာ အလိုအလျောက်လှုပ်ရှားလာကာ သူ့ကိုအရပ်မျက်နှာတစ်နေရာဆီသို့ ဆွဲယူခေါ်ဆောင်သွားလေတော့သည်။

ရွှမ်းကျီး : “အိုင်း….ငါ ဖိနပ်မစီးရသေးဘူးဟ!”

သို့ပေသိ ဤအိပ်မက်အတွင်း၌ ၎င်းမှာ ကိုယ့်ဘာသာကိုယ်မထိန်းချုပ်နိုင်ရှာသော ကြိုးဆွဲရုပ်သေးရုပ်တစ်ရုပ်ပမာ။ နီယွန်မီးအလင်းရောင်တို့ဖြင်ဖွဲ့စည်းထားသည့် သူ့ခန္ဓာကိုယ်သည်ကား သူ့စကားကိုနားမထောင်ပါချေ။ ၎င်းမှာ ခြေဗလာဖြင့်ပင် အေးစက်သောကြမ်းခင်းကျောက်ပြားများပေါ်သို့ နင်းလျှောက်သွားရင်း…… နန်းတော်ရာတစ်ခုနှင့်တူသော ရှေးဟောင်းအဆောက်အဦးတစ်ခုအတွင်းသို့ တိတ်တိတ်လေးဝင်ရောက်သွားလေသည်။

နန်းတော်ရာအပြင်ဘက်တွင်မူ အစေခံတစ်ဦး သို့မဟုတ် အစောင့်အကြပ်တစ်ဦးနှင့်တူသည့် လူတစ်ယောက်ရှိနေပြီး ထိုသူမှာ တစ်ချက်တစ်ချက်ခေါင်းငိုက်စိုက်ကျသွားရင်း ငိုက်မြည်းလို့နေသည်။ သို့သော် ရုတ်တရက် ၎င်းမှာ တစ်ခုခုကြားလိုက်သည့်နှယ် လန့်နိုးလာပြီး သူရှိနေသောအရပ်မျက်နှာဆီသို့လှမ်းကြည့်လိုက်သည်။

ရွှမ်းကျီးတစ်ယောက် အထိတ်တလန့်ဖြစ်သွား၏။

သေစမ်း….. ငါ့ကိုတွေ့သွားပြီ

ဒီ ‘နီယွန်မီး’ က သူခိုးတစ်ယောက်တော့မဟုတ်ဘူးမလား

သို့သော် ထိုအစောင့်မှာ သူ့ကိုမြင်တွေ့ပုံမရ။ ထိုသူ၏ဆုံချက်မဲ့နေသောအကြည့်များမှာ သူ့ကိုထွင်းဖောက်သွားပြီး ကြောင်အမ်းအမ်းဖြင့်သာ အရပ်လေးမျက်နှာသို့လှည့်ပတ်ကြည့်ရှုနေသည်။ ဘာကိုမှမတွေ့ရသည့်အဆုံး ၎င်းမှာ တစ်ချက်သန်းဝေလိုက်ပြီး သူ၏ပင်ပန်းနွမ်းလျနေသောမျက်ဝန်းများကို နောက်တစ်ကြိမ်ပြန်လည်မှိတ်ချလိုက်လေသည်။

မိမိသည်ကား တစ်ဖက်လူ၏မျက်လုံးထဲတွင် ဖောက်ထွင်းမြင်နိုင်သော ကိုယ်ပျောက်လူသားတစ်ယောက်ဖြစ်နေခဲ့တာဖြစ်သည်__ရွှမ်းကျီးမှာ ထိတ်လန့်အံ့ဩနေရင်းက နီယွန်မီးများသည်ကား သူ့အား နန်းတော်၏အတွင်းဘက်ဆီသို့ခေါ်ဆောင်သွားလေသည်။

ထပ်မံ၍အတွင်းပိုင်းသို့ဝင်ရောက်သွားသောအခါမှာတော့ အတွင်းနန်းဆောင်ထဲသို့ရောက်ရှိသွားသည်။ ကြည့်ရသလောက် နားနေဆောင်တစ်ခုဖြစ်ပုံရသည်။ အထဲတွင် ပန်းခက်ပန်းနွယ်များဖြင့်အလှဆင်ထွင်းဆစ်ထားပြီး ပိုးသားခန်းစီးလိုက်ကာစများဖြင့်အလွှာပေါင်းများစွာဖုံးကာအုပ်လွှမ်းထားသော ဧရာမကုတင်တစ်လုံးရှိနေ၏။ အလွန်တရာကို အကျင့်ပျက်ခြစားပြီး အသုံးအဖြုန်းကြီးကာ ကိန်းကြီးခန်းကြီးနိုင်သောအရင်းရှင်လူတန်းစားတို့၏အပြင်အဆင်မျိုးပင်ဖြစ်သည်။ သို့ပေသိ ဤနားနေဆောင်အတွင်း၌ ဘာရယ်ကြောင့်မှန်းမသိဘဲ တစ်ခုခုမူမမှန်သလိုခံစားနေရသည်။

ရွှမ်းကျီးမှာ အရှေ့သို့ရွေ့လျားနေသော သူ့ခန္ဓာကိုယ်နောက်သို့လိုက်သွားရင်း တစ်ဖက်တွင်လည်း သေသေချာချာစူးစမ်းကြည့်ရှုနေမိသည်။ ခေတ္တခဏကြာသောအခါ အခန်းထောင့်တစ်နေရာတွင်ရှိနေသည့် မီးလင်းဖိုမှာမီးငြိမ်းနေပြီဖြစ်ကြောင်းကို သူသတိထားမိသွားသည်။ သို့သော် မည်သူကမှ မီးလင်းဖိုထဲသို့ မီးသွေးလောင်စာများလာရောက်ဖြည့်တင်းပေးခြင်းမရှိကြပေ။ ဤနေရာရှိမူမမှန်ဖြစ်နေသည့်အရာကို သူ ချက်ချင်းပင်သဘောပေါက်နားလည်သွား၏__သည်လောက်ကြီးမားကျယ်ပြောလှသော နန်းဆောင်အတွင်း၌ အစေခံတစ်ဦးတလေမှရှိမနေခြင်းပင်ဖြစ်သည်။ အေးစက်ပြီးလူသူကင်းမဲ့လျက်ရှိသည်မှာ နည်းနည်းတောင်ကြောက်စရာကောင်းလာသလိုပင်။ ညအချိန်မှာပင် မီးလင်းဖိုကိုဂရုတစိုက်ကြည့်ရှုပေးမည့်လူမရှိ။

သူတို့ ကာဗွန်မိုနောက်ဆိုဒ်အဆိပ်မိမှာကိုမကြောက်ကြဘူးလားမသိဘူး?

ရွှမ်းကျီးမှာ ပေါက်ကရလေးဆယ်လျှောက်တွေးနေရင်းမှာပင် နီယွန်မီးများဝင်ပူးခံထားရသော သူ၏ခန္ဓာကိုယ်မှာ ကုတင်နားသို့လျှောက်လှမ်းသွားကာ တစ္ဆေသရဲတစ်ကောင်ပမာ ပိုးသားခန်းဆီးလိုက်ကာစကို ဖောက်ထွင်းဖြတ်သန်းသွားလေသည်။ ‘နီယွန်မီး’ သည်ကား နောက်ဆုံး၌ ရပ်တန့်သွားပြီး ခေါင်းကိုငုံ့ကာ ကန့်လန့်ကာအတွင်း၌ရှိနေသည့်လူကို တိတ်တဆိတ်ကြည့်ရှုလိုက်သည်။

ရွှမ်းကျီးသည်ကား သူ့ကိုယ်ပေါ်မှရောင်ပြန်လင်းလက်နေသော အလင်းရောင်များကြောင့် ကုတင်ပေါ်၌ရှိနေသောလူကို ရှင်းရှင်းလင်းလင်းတွေ့မြင်လိုက်ရသည်။ ထိုသူသည်ကား ကုတင်ပေါ်တွင်လဲလျောင်းအိပ်စက်အနားယူနေပြီး ထိုသို့အိပ်စက်နေချိန်အတွင်းမှာပင် စိတ်မသက်မသာဖြစ်နေဟန်ဖြင့် သူ့မျက်ခုံးများမှာ မျက်မှောင်ကြုတ်ထားလျက်ရှိနေသည်။ ချောမောလှပသောရုပ်ရည်သွင်ပြင်ထက်မှာပင် လူကိုဖိအားပေးခြိမ်းခြောက်လျက်ရှိသော ရက်စက်ကြမ်းကြုတ်သည့်အရိပ်အယောင်များလည်းပေါ်ထွက်လို့နေသည်။

သူ အလန့်တကြားဖြစ်သွား၏__ဤနန်းဆောင်၏အရှင်သခင်ဖြစ်သူသည်ကား ရှန့်လင်ယွမ်း__ရှန့်ရှောင်းပင်တည်း!

ဒါဖြင့် ဒီနေရာက ဒဏ္ဍာရီထဲက ‘သုလင် နန်းတော်’ လို့ခေါ်တဲ့ နေရာများလား?

ရွှမ်းကျီးခမျာ သိချင်စိတ်ပြင်းပြလွန်းပြီး ပေါက်ကွဲထွက်တော့မယောင်။ သို့သော် ၎င်းမှာ သူ့ခန္ဓာကိုယ်အတွင်း၌ပိတ်လှောင်အကျဉ်းချထားခြင်းကိုခံနေရရှာပြီး ဘာရယ်ကြောင့်မှန်းမသိဘဲ ကုတင်ဘေးနားတွင် ငူငူငိုင်ငိုင်ဖြင့်ဆက်လက်ရပ်နေမိဆဲဖြစ်သည်။ သူက တုတ်တုတ်မျှမလှုပ်ဘဲ ရှန့်လင်ယွမ်းအား ငေးမောကြည့်ရှုနေမိသည်။ ဤသို့ကြည့်ရှုနေရင်းက အချိန်မည်မျှကြာသွားသည်မသိ၊ သူက ရုတ်တရက်ရှေ့သို့ ယိုင်တီးယိုင်တိုင်ဖြင့်တိုးလျှောက်သွားသည်။ သူ့ကျောကုန်းပေါ်တွင် အလွန်တရာလေးလံသောဝန်ထုပ်ဝန်ပိုးများကိုထမ်းပိုးထားရသည့်နှယ် ၎င်းမှာ သူ့ခန္ဓာကိုယ်ကိုကိုင်းညွှတ်လိုက်၏။ ထို့နောက် ဒယိမ်းဒယိုင်ဖြင့်ကုတင်စွန်းတွင်ဝင်ထိုင်လိုက်သည်။ သူနှင့် ဤအခန်းပိုင်ရှင်တို့ကြားအကွာအဝေးမှာ လက်နှစ်လုံးခန့်သာလိုတော့သည်။ သူ့လက်များမှာ ရှန့်လင်ယွမ်း၏ဆံချည်တစ်မျှင်ကိုပင် ဖိထားမိနေသည်။

ရွှမ်းကျီးတစ်ယောက် နောက်တစ်ကြိမ် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ထိုကဲ့သို့တစ်စုံတစ်ယောက်၏ခန္ဓာကိုယ်ထဲသို့ လူစားထိုးခံထားရသည့်ခံစားချက်မှာ အတော်လေးကိုအားကောင်းပြင်းထန်လှသည်ထင်၊ ၎င်းမှာ ညကြီးသန်းခေါင်အချိန်၌ မဟုတ်တရုတ်လုပ်ရပ်များကိုကျူးလွန်တော့မည့် ဤအစ်ကိုကြီးအစား ရင်တထိတ်ထိတ်ဖြစ်လာကာ သူ့နှလုံးအိမ်သည်ပင် လည်ချောင်းအတွင်းသို့ခုန်တက်လာသယောင်။

ဒီတစ်ယောက်က ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် အရှက်မရှိရတာလဲ?

နောက်တခဏအကြာတွင်မူ သူ၏ထောင်ထောင်မောင်းမောင်းခန္ဓာကိုယ်ဖြင့်ထိုင်ချထားသည်တောင်မှ ကုတင်မှာနိမ့်ဆင်းချိုင့်ဝင်သွားခြင်းမရှိကြောင်းကို သူသတိပြုမိသွားသည်။ ကုတင်ပျဉ်ချပ်များကပဲ မာကြောလွန်းတာလား သို့မဟုတ် အခြားအကြောင်းရင်းကြောင့်ပဲလားမသိ။ ရှန့်လင်ယွမ်းထံမှလည်း မည်သည့်တုံ့ပြန်မှုမှထွက်မလာပါချေ။

ဤ ‘နီယွန်မီး’ သည်ကား တကယ့်သရဲတစ္ဆေအစစ်တစ်ကောင်လို၊ ခြေရာလက်ရာမရှိ၊ အကောင်အထည်မရှိ၊ အလေးချိန်တောင်မှရှိမနေ။

ထိုအခိုက် အဆိုပါ ‘နီယွန်မီး’ မှာ သက်ပြင်းတစ်ချက်ချလိုက်ပြီး ‘ယာ’ စကားဖြင့် စကားတစ်ခွန်းခပ်တိုးတိုးပြောဆိုလိုက်သည်ကို သူကြားလိုက်ရသည်။

“ကျွန်တော်တို့ ဒီနေ့ဒီအချိန်မှာ နှုတ်ဆက်ခွဲခွာရတော့မယ်…
ကျန်တဲ့ဘဝတစ်သက်တာလုံးမှာ ခင်ဗျားနဲ့ နောက်တစ်ကြိမ်ပြန်တွေ့ခွင့်မရမှာကိုပဲ ကြောက်ရွံ့မိပါတယ်”

ရှန့်လင်ယွမ်းထံမှ မည်သည့်တုံ့ပြန်မှုမျိုးမှ ထွက်မလာပါချေ။ ၎င်းမှာ မျက်မှောင်ကိုသာ ပို၍တင်းကြပ်စွာကြုတ်ထားနေသည်။

ရွှမ်းကျီးတစ်ယောက် သူ၏ ‘ကိုယ်ပိုင်’ လက်များမှာ ထိန်းချုပ်လို့မရဘဲ မြောက်တက်သွားသည်ကိုတွေ့မြင်လိုက်ရသည်။ ရဲရဲတောက်နေသည့် မီးလျှံဝတ်ရုံအတွင်းမှ လက်တစ်ဖက်သည်ကား အတုန်တုန်အယင်ယင်ဖြင့် ရှေ့သို့ဆန့်တန်းထွက်ပေါ်လာ၏။ ထိုလက်မှာ လေထုထဲတွင် ခေတ္တခဏမျှ တိုးလို့တန်းလန်းဖြစ်နေပြီးနောက် ရှန့်လင်ယွမ်း၏ပါးပြင်ပေါ်သို့ညင်သာစွာသက်ဆင်းသွားလေသည်။ ရတနာပစ္စည်းတစ်ပါးကိုကိုင်တွယ်နေသည့်နှယ် အဆိုပါလက်မှာ သရဲတစ္ဆေများကိုပင် ဝမ်းနည်းကြေကွဲသွားစေနိုင်သော ရှန့်လင်ယွမ်း၏မျက်နှာပြင်လေးအား ပွတ်သပ်ထိတွေ့လို့နေသည်။

ရွှမ်းကျီးခမျာ တစ်ကိုယ်လုံးကြက်သီးတဖြန်းဖြန်းထသွားရှာသည်။ ရှန့်လင်ယွမ်းကတော့ လူသေကောင်အလား နှစ်ခြိုက်စွာအိပ်မောကျနေဆဲ။ သူ့အား ဤကဲ့သို့ပွတ်သီးပွတ်သပ်လုပ်နေသည့်တိုင်အောင် ယခုအချိန်ထိ မည်သို့မှတုံ့ပြန်လာခြင်းမရှိပေ။

ရွှမ်းကျီးမှာ အတော်လေးကိုစိတ်ကသိကအောက်ဖြစ်သွားရှာပြီး သူ၏ ‘နီယွန်မီးလက်’ ကို အနောက်သို့ပြန်ဆွဲယူရန်အစွမ်းကုန်ကြိုးစားလိုက်၏။ လက်က သူ့အမိန့်ကိုမနာခံသည့်အပြင် အင်္ကျီလက်အတွင်းသို့ပြန်ဝင်မသွားရုံသာမကဘဲ သူ့ခန္ဓာကိုယ်တစ်ခုလုံးကိုပါ အရှေ့သို့ဆွဲချလိုက်လေတော့သည်။

ဟေး….ပြန်လာခဲ့!

ခဏလေး! ဘာလုပ်တာလဲ! ဒါက ဘာလုပ်မလို့လဲလို့!

“လင်ယွမ်း…..”

အဆိုပါစကားလုံးနှစ်လုံးမှာ ‘နီယွန်မီး၏လျှာဖျားလေး’ ထံမှ အသာအယာခုန်ပေါက်ထွက်ကျလာသည်။

ထို့နောက်တွင်မူ ရွှမ်းကျီး၏စိတ်ထဲ၌ထွက်ပေါ်လာသည့် ‘ငါ့လခွမ်း’ ဟူသောအသံကျယ်ကြီးနှင့်အတူ သူ့အိပ်မက်အတွင်း၌ သူ့ကိုဝင်ပူးကပ်နေသော အဆိုပါ ‘နီယွန်မီး’ သည်ကား နူးညံ့ညင်သာစွာ ကိုင်းရှိုင်းရိုကျိုးစွာဖြင့် ဦးခေါင်းကိုငုံ့လိုက်ကာ သူ့နှုတ်ခမ်းများကို လူသားဧကရာဇ် ပိရှ၏ခြောက်သွေ့ဖြူလျော်နေသောနှုတ်ခမ်းလွှာများပေါ်သို့ ဖိကပ်လိုက်လေတော့သည်။

5.10.21

*********

Zawgyi

လူ႕ဘုံခန္းဝါေသမ်ိဳးေလာကႀကီးဟူသည္ မီးဟုန္းဟုန္းေတာက္ေလာင္ေနေသာ အပါယ္ငရဲဘုံတစ္ခုသဖြယ္၊
နက္ရွိုင္းစြာ ခ်စ္ခင္စုံမက္ခဲ့ၾကသူမ်ား၏အျပစ္ေႂကြးမ်ားအား ခြင့္လႊတ္နိုင္ဖြယ္ရာမရွိ
(ကမၺည္းစာ)

ရွန႔္လင္ယြမ္းတစ္ေယာက္ သုံးခြၽမ္း၏ၿမိဳ႕ေတာ္နယ္နိမိတ္အတြင္း၌ အခ်ိန္အေတာ္ၾကာေအာင္ ေရာက္ရာေပါက္ရာေလွ်ာက္သြားေနမိသည္။ ဟိုတယ္ေရွ႕တြင္ရွိသည့္ ရင္ျပင္ေလးအတိုင္း ေလွ်ာက္လွမ္းသြားလာေနရင္း ၿမိဳ႕တြင္းရွိျမစ္တစ္စင္းဆီသို႔ေရာက္ရွိသြားေလသည္။ ေနဝင္ရီတေရာညေနဆည္းဆာအခ်ိန္ဝယ္ ျမစ္ျပင္ထက္ရွိ ခရီးသြားေလွငယ္ေလးမ်ားသည္ကား ေပါင္းအိုးတစ္လုံးထဲတြင္ရွိေနေသာ ဖက္ထုပ္မ်ားသဖြယ္။ ထိုေနရာမွာ သေဘၤာဆိပ္ကမ္းတစ္ခုကဲ့သို႔ပင္ လူသြားလူလာမ်ားျဖင့္ရႈပ္ေထြးစည္ကားေနလ်က္ရွိၿပီး လက္မွတ္ေရာင္းေသာျပတင္းေပါက္နားတြင္လည္း လူမ်ားျဖင့္ႀကိတ္ႀကိတ္တိုးေနလ်က္ရွိ၏။ ကမ္းစပ္တစ္ေလွ်ာက္တြင္ အေသးစား တီးဝိုင္းေလးမ်ားဆီမွ ေတးသီခ်င္းသံမ်ား ရံဖန္ရံခါပ်ံ့လြင့္ထြက္ေပၚလာေနသည္။ ညေနခင္းေလႏုေအးေလးက နို႔လက္ဖက္ရည္နံ႕မ်ား ကပ္ၿငိစိုစြတ္ေနဆဲျဖစ္ေသာ ရွန႔္လင္ယြမ္း၏ နားထင္ေပၚရွိ ဆံခ်ည္တစ္မွ်င္အား အထက္သို႔ပင့္တင္လြင့္ေမ်ာေစလိုက္ေလသည္။

ရွန႔္လင္ယြမ္းမွာ ပန္းၿခံအတြင္းရွိခုံတန္းရွည္တစ္လုံးေပၚတြင္ ထိုင္ေနလ်က္ ေရျပင္က်ယ္၏တစ္ဖက္ကမ္းသို႔ ေငးစိုက္ၾကည့္ရႈေနရင္း လူငယ္ဓာတ္ပုံဆရာေလးမ်ားက သူ႕အား သူတို႔၏ဓာတ္ပုံထဲတြင္ ညျမင္ကြင္းတစ္စိတ္တစ္ပိုင္းအျဖစ္ရိုက္ယူေနတာကိုလည္း တိတ္တဆိတ္သာ ခြင့္ျပဳထားလိုက္သည္။

သူ႕အၿပဳံးမ်ားကိုေရာင္းစားျခင္းျဖင့္ရရွိလာေသာ ေခ်ာကလက္ပူပူတစ္ခြက္ကိုကိုင္ထားလ်က္ပင္ ထိုအေရာင္းအဝယ္မွာ အရႈံးေပၚသြားၿပီဟု သူေတြးလိုက္သည္။ အဘယ္ေၾကာင့္ဆိုေသာ္ ဤအရာမွာ ေစးပ်စ္အီဆိမ့္လွၿပီး ခါးသက္သက္အရသာအထဲမွ ခ်ိဳေမႊးေနေသာအရသာတို႔ထြက္ေပၚလာျခင္းျဖစ္သည္။ ပူစီေဖာင္းကေလးမ်ားတစီစီထေနေသာ ‘အနက္ေရာင္အရည္’ မ်ားေလာက္ေတာင္ ေသာက္လို႔မေကာင္းလွပါေခ်။ သို႔ေပသိ သူ ထိုအရာကို လႊတ္လည္းလႊတ္မပစ္နိုင္ေပ။ တစ္ငုံၿပီးတစ္ငုံေသာက္ရင္းပင္ ေနာက္ဆုံး တစ္ခြက္လုံးကုန္စင္သြားသည္အထိေသာက္ခဲ့ေလသည္။ ဤအရာမွာ အရသာဆိုးဝါးလွသည့္တိုင္ အနည္းဆုံးေတာ့ လစ္ဟာေနေသာဝမ္းဗိုက္ကိုျပည့္တင္းေစနိုင္တာပဲျဖစ္သည္။ အစာေရစာငတ္မြတ္ေခါင္းပါးေသာေခတ္ကာလမ်ားတြင္ ထိုအရာသည္ကား လူ႕အသက္တစ္ေခ်ာင္းကိုကယ္တင္ေပးနိုင္ေသာအရာျဖစ္ေပလိမ့္မည္။ သူ၏ငယ္စဥ္ေတာင္ေက်းကေလးဘဝရွိႏွစ္ကာလအမ်ားစုမွာ အငတ္ေဘးဆိုက္ခဲ့ဖူးေသာႏွစ္ကာလမ်ားျဖစ္ၿပီး ၎မွာ ထိုငတ္မြတ္ေခါင္းပါးျခင္းတည္းဟူေသာ ဒုဗၻိကၡႏၲရကပ္ဆိုးႀကီးကို ေကာင္းေကာင္းႀကီးေတြ႕ႀကဳံခံစားခဲ့ရဖူးသူျဖစ္သည္။ သို႔ျဖစ္ရာ မိမိမွာ ႏွစ္ေပါင္းအေတာ္ၾကာေအာင္ ဥပုသ္သီတင္းသီလေစာင့္တည္ကာ အစာအာဟာရမွီဝဲျခင္းမရွိဘဲေနထိုင္လာခဲ့သူတစ္ဦးျဖစ္ေစကာမူ ထိုအရာကို အလဟႆျဖဳန္းတီးမပစ္လိုပါေခ်။

ည (၇) နာရီခြဲသို႔ေရာက္ေသာအခါ စင္ျမင့္ထက္ရွိမီးအလင္းေရာင္မ်ား စတင္ထြန္းလင္းလာၿပီး သုံးခြၽမ္းခရီးသြားရာသီ၏ အထူးအစီအစဥ္တစ္ရပ္စတင္က်င္းပေတာ့မည္ျဖစ္သည္။ ေရျပင္ထက္တြင္ ေဖ်ာ္ေျဖတင္ဆက္ေသာ ေအာ္ပရာျပဇာတ္မ်ိဳးျဖစ္သည္။ ေအာ္ပရာျပဇာတ္မ်ားမွာ ‘ရိုးရာအႏုပညာတစ္ရပ္’ တြင္ပါဝင္ေသာျပဇာတ္တစ္မ်ိဳးျဖစ္ေသာ္ျငား အႏွီမိစာၦအိုႀကီးသည္ကား ထိုရိုးရာထုံးတမ္းအစဥ္အလာမ်ားထက္ပင္ ပို၍ရိုးရာဆန္ေနသူျဖစ္သည့္အတြက္ *တပ္မက္စြဲလမ္းဖြယ္ရာေကာင္းလွသည့္ ေက်ာ့ရွင္းလွပေသာပန္းမာလာအခန္းက႑’ တို႔မွာ သူ႕အတြက္ အလြန္တရာအသစ္အဆန္းျဖစ္လို႔ေနသည္။ သို႔ျဖစ္ရာ ၎သည္ကား  အေနာက္တိုင္းဆန္ဆန္လွလွပပဝတ္ဆင္ထားေသာ ျမစ္ကမ္းေဘးရွိ လူငယ္ေလးမ်ားႏွင့္အတူ ေတးသီခ်င္းမ်ားကို သံရွည္ဆြဲလ်က္ သီဆိုေဖ်ာ္ေျဖတင္ဆက္ေနသူမ်ား၏က်ယ္ဝန္းေသာ**ေရဝတ္႐ုံလက္မ်ားကို မ်က္လုံးအဝိုင္းသားျဖင့္ ေတြေဝမိန္းေမာစြာေငးေမာၾကည့္ရႈေနမိေလေတာ့သည္__ေၾကာင္အမ္းဆြံ႕အစြာေငးေမာၾကည့္ရႈေနၾကသူမ်ား၏မ်က္ႏွာအမူအရာမ်ားမွာ ငယ္႐ြယ္ႏုပ်ိဳသစ္လြင္လို႔ေန၏။

T/N

*၁၈ ရာစုက တ႐ုတ္ရိုးရာေအာ္ပရာျပဇာတ္ပုံစံမ်ားကိုဆိုလိုတာပါ။
**ေရဝတ္စုံလက္--တ႐ုတ္ရိုးရာေအာ္ပရာပြဲေတြမွာဝတ္ဆင္ေလ့ရွိတဲ့ ဝတ္႐ုံအနားစြန္းနဲ႕ တြဲခ်ဳပ္ထားတဲ့ အျဖဴေရာင္ပိုးသားအကၤ်ီလက္ႏွစ္ထပ္ကိုဆိုလိုပါတယ္။

လူငယ္လူ႐ြယ္ေလးမ်ားသည္ကား သူတို႔၏ကင္မရာမ်ားကို တဖ်တ္ဖ်တ္ရိုက္ေနၾကၿပီး ထိုေနရာတြင္ပင္ ဓာတ္ပုံမ်ားကိုျပန္လည္တည္းျဖတ္ျပဳျပင္ေနၾကေလသည္။ တစ္ခ်ိန္တည္းမွာပင္ ေအာ္ပရာသီခ်င္းမ်ားကို နားေထာင္ေနရင္းက ရွန႔္လင္ယြမ္း၏စိတ္အလ်ဥ္မွာ လြန္ခဲ့ေသာအတိတ္ကာလမ်ားဆီသို႔ျပန္လည္ေမ်ာလြင့္သြားရွာသည္။

ထိုႏွစ္တုန္းက ဤျမစ္ျပင္တစ္ဖက္ကမ္းမွာပင္ မ်ိဳးႏြယ္စုေခါင္းေဆာင္ေဟာင္းႀကီးသည္ကား သူ႕အား ေကာက္ယူေခၚေဆာင္လာခဲ့သည္ကို သူ ယခုေလးတင္အမွတ္ရသြားသည္။

လြန္ခဲ့ေသာႏွစ္ေပါင္းသုံးေထာင္ဝန္းက်င္က သုံးခြၽမ္းၿမိဳ႕ေတာ္အတြင္း၌ရွိေသာ အႏွီျမစ္တစ္စင္းသည္ကား နတ္ဆရာမ်ိဳးႏြယ္စု၏နယ္နိမိတ္စည္းမ်ဥ္းတစ္ခုျဖစ္ခဲ့တာျဖစ္သည္။ ျမစ္ၾကမ္းျပင္ထက္တြင္ရွိေသာ ေက်ာက္တုံးေက်ာက္ခဲမ်ားေပၚတြင္ မႏၲန္အစီအရင္မ်ားအျပည့္ရွိေနခဲ့တာျဖစ္သလို ျမစ္ကမ္းစပ္တစ္ေလွ်ာက္၌ အစီအရီေပါက္ေရာက္ေနေသာ ထူထပ္သည့္သစ္ေတာအုပ္မ်ားအတြင္းတြင္လည္း စိတ္ကိုညွို႔ယူဖမ္းစားနိုင္ေသာျမဴခိုးေငြ႕မ်ားမွာ ေနရာအႏွံ႕ထိုးေဖာက္ပ်ံ့ႏွံ႕ေနလ်က္ရွိသည္။ ဤျမစ္ျပင္က်ယ္ႀကီးႏွင့္ပတ္သက္ေသာ ေက်ာခ်မ္းဖြယ္ရာ ေၾကာက္မက္စရာေကာင္းလွသည့္ ေကာလာဟလစကားမ်ားမွာလည္း အေတာ္ေလးပ်ံ့ႏွံ႕ေနခဲ့တာျဖစ္သည္။

သို႔ေသာ္ ယေန႕ေခတ္အခ်ိန္အခါမွာေတာ့ ဤေနရာသည္ကား အလြန္တရာသက္ဝင္စည္ကားသိုက္ၿမိဳက္ေသာေနရာတစ္ခုျဖစ္လာခဲ့ေလၿပီ။

မ်ိဳးႏြယ္စုေခါင္းေဆာင္ေဟာင္းျဖစ္သူမွာ ၾကင္နာသနားတတ္ေသာႏွလုံးသားပိုင္ရွင္တစ္ဦးျဖစ္သည္။ လူသားမ်ိဳးႏြယ္စုအတြင္းရွိ သူတို႔ညီေနာင္မ်ား၏ကံဆိုးမိုးေမွာင္က်ေသာအျဖစ္အပ်က္မ်ားကို ျပန္ေျပာင္းစဥ္းစားမိသည့္အခါတိုင္း အၿမဲတေစ သက္ျပင္းတခ်ခ်ျဖင့္စိတ္မေကာင္းျဖစ္ေနတတ္သည္__ဘိုးေဘးဘီဘင္မ်ားခ်မွတ္ခဲ့ေသာ စည္းမ်ဥ္းစည္းကမ္းမ်ားေၾကာင့္ ၎မွာ ေတာင္ကိုစြန႔္ခြာၿပီး ကမာၻေလာကႀကီးကိုကယ္တင္သူတစ္ေယာက္အျဖစ္မစြမ္းေဆာင္နိုင္ခဲ့ေသာေၾကာင့္ျဖစ္သည္။ အကယ္၍ အဆိုပါအဘိုးအိုႀကီးသည္ကား ယခုလိုျမင္ကြင္းအေျခအေနမ်ိဳးကိုျမင္ေတြ႕လိုက္ရပါမူ မည္ကဲ့သို႔ခံစားရပါမည္နည္း? ေက်နပ္သေဘာက်ေနပါမည္ေလာ?

သို႔တည္းမဟုတ္ အားေလာ့က်င္းကဲ့သို႔ပင္ အမုန္းတရားအာဃာတမ်ားေၾကာင့္ သြက္သြက္ခါေအာင္႐ူးသြပ္သြားလိမ့္မည္ေလာ?

ရွန႔္လင္ယြမ္းတစ္ေယာက္ အေတြးေရယာဥ္ေၾကာတြင္ နစ္ေျမာေနရင္း ျမစ္ကမ္းပါးေဘးတြင္ထိုင္ေနမိသည္။ ညဉ့္နက္လာခ်ိန္မွာေတာ့ အေစာတုန္းက ဆူညံပြက္ေလာရိုက္ေနေသာ သက္ဝင္စည္ကားေနမႈမ်ားမွာ ေပ်ာက္ကြယ္သြားသလို ျမစ္ကမ္းပါးရွိမီးအလင္းေရာင္မ်ားမွာလည္း မွိန္ေဖ်ာ့သြား၏။ သူက မတ္တပ္ထရပ္လိုက္ၿပီးေနာက္ ခုနတုန္းက သာမန္လူသားမ်ားျပဳလုပ္သြားၾကသည့္အတိုင္းပင္ စကၠဴခြက္အလြတ္ကို လမ္းေဘးရွိအမွိုက္ပုံးအတြင္းသို႔ ပစ္ထည့္လိုက္သည္။ ထို႔ေနာက္တြင္မူ သူကိုယ္တိုင္ကိုယ္က်ေရးသားေပးထားခဲ့ေသာ နတ္ဆရာမႏၲန္အစီအရင္ကိုအနံ႕ခံလိုက္ၿပီး ထိုရနံ႕မ်ားေနာက္သို႔လိုက္သြားရင္း ညအေမွာင္ထုအတြင္းတိုးဝင္ေပ်ာက္ကြယ္သြားေလေတာ့သည္။
.
.
.

ေရွာင္းက်န္းမွာ ေဆး႐ုံရွိတစ္ေယာက္ခန္းလူနာေဆာင္ထဲတြင္ရွိေနတာျဖစ္သည္။ မီးမ်ားကိုပိတ္လိုက္ၿပီးခ်ိန္၌ သူနာျပဳေလးတစ္ေယာက္က လူနာအေျခအေနကိုလာေရာက္ၾကည့္ရႈရင္း ျပတင္းေပါက္မ်ားကိုလည္းၾကည့္ရႈစစ္ေဆးလိုက္ၿပီးေသာ္ သူမ ကိုယ္တိုင္လည္းအနားယူရန္ျပန္လည္ထြက္ခြာသြား၏။ အခန္းထဲတြင္ တေတာက္ေတာက္ျမည္ေနေသာ ခပ္တိုးတိုးနာရီသံမ်ားကိုသာၾကားေနရသည္။ ေခတၱခဏၾကာၿပီးေနာက္တြင္မူ စၾကၤံလမ္းတစ္ေလွ်ာက္လုံးတြင္ မည္သည့္လူသံမ်ားကိုမွမၾကားရေတာ့ပါေခ်။ ေရွာင္းက်န္း၏မ်က္လုံးမ်ားက ႐ုတ္တရက္ပြင့္လာသည္။ သူက နည္းနည္းေလးမွကိုအိပ္ခ်င္စိတ္ရွိမေနသည့္အတြက္ သူ႕အား ႐ႊမ္းက်ီးေပးထားခဲ့ေသာ ‘နတ္ဆရာမႏၲန္အစီအရင္’ ကို ေခါင္းအုံးေအာက္မွထုတ္ယူလိုက္သည္။

ထိုအရာမွာ သူ ခုနတုန္းက လက္ျဖင့္ထိလိုက္စဥ္တြင္သာ တစ္ခ်က္မွ်လင္းခနဲလက္ခနဲျဖစ္သြားခဲ့တာျဖစ္ၿပီး ထို႔ေနာက္တြင္မူ လုံးဝကိုတုံ႕ျပန္လႈပ္ရွားမႈမရွိေတာ့ပါေခ်။ ၎မွာ အျပင္ပန္းကၾကည့္လွ်င္ အေပ်ာ္အျပက္ ဟိုေလွ်ာက္ျခစ္သည္ေလွ်ာက္ျခစ္လုပ္ထားေသာစာသားမ်ားႏွင့္သာတူေန၏။ ခဲတံျဖင့္ခပ္ဖြဖြေရးဆြဲထားသည့္အရာမ်ားပ်က္သြားမည္စိုးသျဖင့္ ေရွာင္းက်န္းမွာ ထိုစာလုံးမ်ားအေပၚသို႔ သူ႕လက္ျဖင့္ပြတ္မၾကည့္ရဲပါေခ်။ သူက ႀကိဳတင္ကာကြယ္သည့္အေနျဖင့္ သူ႕ဖုန္းထဲတြင္ရွိသည့္ scan ဖတ္သည့္ App တစ္ခုျဖင့္ ထိုနတ္ဆရာမႏၲန္ကို အရင္ဆုံး scan ဖတ္ယူထားလိုက္သည္။ ငွက္လူသား ႐ႊမ္းက်ီးေျပာပုံအရဆိုလွ်င္ ဤမႏၲန္၏စြမ္းအားမ်ားသည္ကား အကၡရာစကားလုံးမ်ားေပၚတြင္သာရွိေနတာျဖစ္ၿပီး လက္ေရးျဖင့္ေရးသားထားျခင္း သို႔မဟုတ္ စကန္ဖတ္ယူထားျခင္းတို႔ႏွင့္ မသက္ဆိုင္ပါေခ်။

‘တံလွ်ပ္လိပ္ျပာမ်ား’ မွာ နတ္ဆရာမႏၲန္အစီအရင္တစ္မ်ိဳးျဖစ္သည့္အတြက္ ထိုလိပ္ျပာမ်ားကို အလြဲသုံးစားျပဳလုပ္အသုံးခ်ေနသူမ်ားအား တိတိက်က်ေဖာ္ထုတ္ေပးနိုင္မည့္ ‘တန္ျပန္မႏၲန္အစီအရင္’ လည္းရွိေနတာျဖစ္သည္__တစ္နည္းအားျဖင့္ဆိုရလွ်င္ ဤကိစၥမွာ လစ္တမတ္စ္စကၠဴျဖင့္စမ္းသပ္မႈတစ္ခုကဲ့သို႔ပင္။

သူတို႔ထံတြင္ ထိုမႏၲန္ရွိေနပါက မည္သူကလိပ္ျပာမ်ားႏွင့္ထိေတြ႕ခဲ့ဖူးသလဲ၊ မည္သူက ကတုံးေပၚက ‘သန္း’ လဲဆိုတာကို ရမ္းသမ္းမွန္းသန္းေလွ်ာက္ခန႔္မွန္းေနစရာမလိုသလို ဌာနတြင္းရွိလူမ်ားကိုလည္း အရိုးေၾကေၾကအေရခန္းခန္းအသည္းအသန္စုံစမ္းစစ္ေဆးရွာေဖြေနစရာမလိုေတာ့ဘဲ လိပ္ျပာႏွင့္ထိေတြ႕ခဲ့ဖူးသူမွန္သမွ်ကို ခ်က္ခ်င္းသိရွိနိုင္မည္ျဖစ္သည္။ DCO အတြင္း၌ လြန္ခဲ့ေသာဆယ္စုႏွစ္ေပါင္းမ်ားစြာအတြင္း ေသဆုံးမႈအေရအတြက္မ်ားကို လိမ္လည္ထားခဲ့ေသာ သပြတ္အူတမွ်ရႈပ္ေထြးေပြလီလြန္းလွသည့္အမႈကိစၥမ်ားမွာ တစ္ခ်က္တည္းျဖင့္ ဘူးေပၚသလိုေပၚေပါက္သြားလိမ့္မည္ျဖစ္သည္။

သူ ႏွိုက္ႏွိုက္ခြၽတ္ခြၽတ္စုံစမ္းခ်င္လွ်င္ စုံစမ္းခ်င္သေလာက္ေပါ့။

ယခင္အခ်ိန္တုန္းက တံလွ်ပ္လိပ္ျပာမ်ားအမႈကိုစုံစမ္းရာ၌ သူတို႔၏လုပ္ပုံကိုင္ပုံမွာေႏွးေကြးလြန္းလွသည့္အျပင္ အမ်ားျပည္သူမ်ားအထိတ္တလန႔္မျဖစ္ေစရန္ ဟူသည့္ဆင္ေျချဖင့္ ထိုျဖစ္စဥ္ကိုလည္း ဖုံးဖုံးဖိဖိေဆာင္႐ြက္ခဲ့တာျဖစ္သည္။ သို႔ေသာ္ ယခုအခ်ိန္တြင္မူ ဆင္ေျခဆင္လက္မ်ားေပးလို႔မရေတာ့ေလၿပီ။ ‘ျပန္လည္ျပဳျပင္ေရးဌာန၏ စြမ္းအားရွင္ေခါင္းေဆာင္’ တစ္ဦးျဖစ္သည့္ ႐ႊမ္းက်ီး၏အရည္အခ်င္းမ်ားသည္ကား သူတို႔ေမွ်ာ္လင့္ထားသည္ထက္ကိုေက်ာ္လြန္ေနကာ တံလွ်ပ္လိပ္ျပာမ်ား၏မူလရင္းျမစ္ကို လ်င္ျမန္စြာရွာေဖြေတြ႕ရွိသြားခဲ့သည္။ ထိုမွ်မကေသး တစ္ခ်ိန္တည္းမွာပင္ ထူးဆန္းနက္နဲေသာ နတ္ဆရာမႏၲန္အစီအရင္မ်ားကိုပါ တိုက္တိုက္ဆိုင္ဆိုင္ရွာေဖြတူးထုတ္နိုင္ခဲ့ျပန္သည္။

ထိုတခဏအတြင္း၌ ေရွာင္းက်န္းတစ္ေယာက္ သူ၏မိတ္ေဆြေဟာင္းႀကီးကို မနာလိုဝန္တိုစိတ္မ်ားျဖစ္မိေတာ့မလိုပင္။

အႏွီဉာဏ္မ်ားလွေသာ ႐ႊမ္းက်ီးဆိုသည့္ေကာင္မွာ သူ႕အား ဤပစၥည္းကို တမင္တကာ သူတစ္ပါးမျမင္ကြယ္ရာတြင္ေပးခဲ့တာျဖစ္ၿပီး ေနာက္တစ္ဆင့္ဘာဆက္လုပ္ရမလဲဆိုသည့္ဆုံးျဖတ္ခ်က္ကို မိမိအား ဆက္လက္ဆုံးျဖတ္ခိုင္းလိုက္တာပဲျဖစ္သည္။ အကယ္၍ မိမိသာ ဆႏၵရွိပါက ဤစာ႐ြက္ကိုဖ်က္ဆီးပစ္လိုက္ၿပီး ထိုပစၥည္းမွာ ကမာၻေလာကႀကီးအတြင္းတြင္ မည္သည့္အခါကမွမတည္ရွိခဲ့သလို ဟန္ေဆာင္လိုက္လို႔ရတာပဲျဖစ္သည္။ ဘာပဲျဖစ္ျဖစ္ ‘နတ္ဆရာဂူသခၤ်ိဳင္း’ ဟုေခၚသည့္အရာမွာလည္း ယြဲ႕သယ္ဘိုးဘိုးအုပ္စုလက္ခ်က္ျဖင့္ ေပါက္ကြဲပ်က္စီးသြားခဲ့ၿပီမဟုတ္ပါေလာ။

သို႔ေသာ္….သူ ဘာမွမျဖစ္ခဲ့သလို ဟန္ေဆာင္နိုင္ပါမည္လား?

ဤနတ္ဆရာမႏၲန္အစီအရင္တစ္ခုကို ဘယ္တုန္းကမွ မေတြ႕ဖူးခဲ့သလို ဟန္ေဆာင္ေနနိုင္ပါမည္လား? မိမိသည္ကား အစြန္းအထင္းတစ္စက္မွမရွိေသာ ထူးခြၽန္ထက္ျမက္သည့္လူငယ္ေခါင္းေဆာင္တစ္ဦးအျဖစ္ ဟန္ေဆာင္ေနနိုင္ပါမည္လား? လူအမ်ား၏ေလးစားၾကည္ညိုျခင္းကိုခံရေသာ သူ၏အထက္လူႀကီးမ်ားသည္ကား ခ်ိဳးျဖဴငွက္ေလးမ်ားသဖြယ္ ျဖဴစင္သန႔္ရွင္းအျပစ္ကင္းလွၿပီး မည္သို႔မွမထိသင့္ေသာ အနီေရာင္စည္းမ်ဥ္းကို တစ္ႀကိမ္တစ္ခါမွထိေတြ႕ခဲ့ဖူးျခင္းမရွိပါဘူး ဟူ၍ဟန္ေဆာင္ေနနိုင္ပါမည္လား?

ညဉ့္သန္းေခါင္ယံအခ်ိန္၌ ေရွာင္းက်န္း၏ဦးေႏွာက္တစ္ခုလုံးမွာ ရႈပ္ေထြးေနာက္က်ိေနၿပီျဖစ္သည္။ ဟိုတယ္မွေပးေသာ မွတ္စုစာ႐ြက္မွာ အရည္အေသြးမေကာင္းတာလည္းျဖစ္နိုင္သလို ေန႕အလင္းေရာင္ကိုမျမင္ေတြ႕လိုေသာ သူ၏မသိစိတ္ထဲမွ ဆႏၵတစ္ခုေၾကာင့္လည္းျဖစ္နိုင္သည္။ ၎မွာ ငူငူငိုင္ငိုင္ျဖစ္ေနခိုက္မွာပင္ လက္မႏွင့္လက္ညွိုးၾကားတြင္ညွပ္ကိုင္ထားေသာ အႏွီမွတ္စုစာ႐ြက္မွာ မေတာ္တဆၿပဲထြက္သြားၿပီး ထိုၿပဲရာမွာ တိုက္တိုက္ဆိုင္ဆိုင္ပင္ အစီအရင္စာသား၏အလယ္တည့္တည့္သို႔ထိုးခြင္းသြားေလရာ မႏၲန္၏ၿပီးျပည့္စုံမႈကို ဖ်က္ဆီးပစ္လိုက္သလိုျဖစ္သြားေလေတာ့သည္။ ထိုအခါ စာ႐ြက္ေပၚရွိ ထူးျခားဆန္းၾကယ္ေသာစြမ္းအားမ်ားမွာလည္း ေပ်ာက္ခ်င္းမလွေပ်ာက္ကြယ္သြားရွာေတာ့သည္။

နတ္ဆရာမႏၲန္မ်ား၏သေဘာတရားမ်ားကို သူ မ်ားမ်ားစားစားနားမလည္သည့္တိုင္ေအာင္ သူ၏ကြင္းဆင္းအေတြ႕အႀကဳံမ်ားႏွင့္ လိမၼာပါးနပ္ေသာ ပင္ကိုယ္ထိုးထြင္းဉာဏ္အရ အႏွီမႏၲန္အစီအရင္မွာ အလဟႆျဖစ္သြားၿပီဆိုတာကို သူသိလိုက္သည္။

ေရွာင္းက်န္းမွာ စိတ္ရႈပ္ေထြးစြာပင္ ထိုဟာလာဟင္းလင္းျဖစ္သြားရွာေသာ မႏၲန္အား စူးစိုက္ၾကည့္ရႈေနၿပီးေနာက္ ထိုအရာကို သူ႕ေခါင္းအုံးေအာက္တြင္သာ ထိုးထည့္ဖြက္သိမ္းထားလိုက္ေလေတာ့သည္။

တကယ္လို႔….ဒါက ဘုရားသခင္ရဲ႕အလိုေတာ္အတိုင္းပဲျဖစ္သြားတာလား?

သူက ဖုန္းကိုဆြဲထုတ္ယူလိုက္ၿပီး ႐ႊမ္းက်ီးထံသို႔ မက္ေဆ့ခ်္တစ္ေစာင္ပို႔ရန္ျပင္လိုက္ေသာ္ျငား ‘မင္း’ ဟူသည့္ စကားလုံးတစ္လုံးကိုရိုက္ၿပီးသည့္ႏွင့္ တုံ႕ဆိုင္းရပ္တန႔္သြား၏။ သူ အမွန္တကယ္ကိုပင္ ႐ႊမ္းက်ီးအား ဘာေျပာလို႔ေျပာရမွန္းမသိပါေခ်။ တခဏမွ်ၾကာၿပီးေနာက္တြင္မူ သူက ထိုမက္ေဆ့ခ်္မူၾကမ္းကိုျပန္ဖ်က္လိုက္ၿပီး အိပ္ရာေပၚ၌လဲေလ်ာင္းလိုက္ရင္း အတင္းအဓမၼအိပ္စက္ရန္ႀကိဳးစားအားထုတ္လိုက္သည္။ အဆိုပါငွက္လူသားမွာ အေျပာေကာင္းအဆိုေကာင္း ႏႈတ္သီးေကာင္းလွ်ာပါးသူတစ္ေယာက္ျဖစ္ေသာ္ျငား ပါးစပ္ပိတ္ထားရမည့္အခ်ိန္သို႔ေရာက္လာလွ်င္လည္း လုံးလုံးလ်ားလ်ားကိုအပိုစာသားတစ္ခြန္းမွမေျပာတတ္သူတစ္ဦးျဖစ္သည္။ အကယ္၍ ေရွာင္းက်န္းသာ ဤကိစၥမ်ားကိုဘာမွမျဖစ္သလို ဟန္ေဆာင္ေနလိုက္မည္ဆိုပါက ႐ႊမ္းက်ီးသည္လည္း ဘာတစ္ခြန္းမွအထြန႔္တက္ေျပာဆိုလိမ့္မည္မဟုတ္မွန္း သူသိပါ၏။

အလြန္ဆုံးမွ ေနာက္ပိုင္း သူတို႔ႏွစ္ေယာက္ရဲ႕ဆက္ဆံေရး နည္းနည္းေလးပိုက်ဲသြား႐ုံေလာက္ပဲေပါ့။

အုံ႕ဆိုင္းမွိုင္းညို႔ေနေသာ အနက္ေရာင္တိမ္စိုင္တစ္အုပ္သည္ကား သုံးခြၽမ္း၏ညဉ့္ေကာင္းကင္ယံတစ္ခြင္အတြင္း ညင္သာစြာေ႐ြ႕လ်ားေမ်ာလြင့္လာရင္း ဆီးႏွင္းသဖြယ္ၾကယ္တာရာမ်ားႏွင့္ေသာ္တာလဝန္းႀကီးတို႔အား ဖုံးအုပ္လႊမ္းၿခဳံထားလိုက္ေလေတာ့သည္။ လွ်ပ္တျပက္အတြင္းမွာပင္ ျပတင္းေပါက္အျပင္ဘက္ရွိ ညဉ့္အေမွာင္ထုသည္ကား ပို၍ပင္မည္းေမွာင္သိပ္သည္းလာကာ အတိတ္နိမိတ္မေကာင္းေသာ ျမဴခိုးေငြ႕မ်ား စတင္၍ျဖစ္တည္လာၾကသည္။ ေရွာင္းက်န္းကေတာ့ ထိုအေျခအေနမ်ားကိုလုံးလုံးလ်ားလ်ားသတိထားမိျခင္းမရွိဘဲ မီးအလင္းေရာင္ေကာင္းစြာရေနေသာ တစ္ေယာက္ခန္းလူနာေဆာင္အတြင္း၌ လဲေလ်ာင္းေနခဲ့ေလသည္။ ျပတင္းေပါက္အျပင္ဘက္တြင္ရွိေနသည့္ ျမဴခိုးေငြ႕မ်ားအတြင္းမွ လူေသေကာင္တမွ်ျဖဴဆြတ္ေနေသာ လက္တစ္ဖက္ထိုးထြက္လာကာ ေရခဲတမွ်ေအးစက္ေနေသာ ျပတင္းေပါက္ေအာက္ေျခေဘာင္နားသို႔ျဖည္းျဖည္းခ်င္းခ်ဥ္းကပ္လာေနသည္။

ေလျပည္ေလညင္းတစ္သုတ္က ျပတင္းေပါက္ခ်ပ္မ်ားအၾကားရွိ လွစ္ဟ,ေနေသာအက္ေၾကာင္းရာမ်ားအတြင္းသို႔ တိုးဝင္တိုက္ခတ္လာၿပီး ခန္းဆီးလိုက္ကာစမ်ားကို ေဘးသို႔တြန္းဖယ္လိုက္ေလသည္။ ထိုလက္တစ္ဖက္က ျပတင္းေပါက္နားသို႔ေရာက္လုဆဲဆဲမွာပင္ ‘ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေမာက်ေနေသာ’ ေရွာင္းက်န္းမွာ အိပ္ေနရင္းလမ္းထေလွ်ာက္သူတစ္ေယာက္လို ႐ုတ္တရက္ မတ္မတ္ထထိုင္လာေတာ့သည္။ သူက ဖုန္းထဲရွိ scan ဖတ္ထားေသာမႏၲန္အစီအရင္ကိုဖြင့္လိုက္ၿပီး မ်က္လုံးမ်ားနီရဲလာသည္အထိ အခ်ိန္အေတာ္ၾကာေအာင္စူးစိုက္ၾကည့္ရႈေနသည္။ ထို႔ေနာက္ သူ႕ေဘးနားတြင္ရွိေသာ လပ္ေတာ့ပ္ကိုလွမ္းယူလိုက္ၿပီး scan ဖတ္ထားေသာပုံကို စက္ထဲသို႔ထည့္လိုက္ကာ တစ္ခ်ိန္တည္းမွာပင္ ၾကည္လင္ေသာ ‘ေရစာ’ တစ္ခုအျဖစ္ဖန္တီးျပဳလုပ္လိုက္သည္။

ထို႔ေနာက္တြင္မူ သူက ႐ုံးရွိ *backend system ထဲသို႔ဝင္ေရာက္လိုက္ၿပီး ဤမျမင္ရေသာ ‘ေရစာ’ အၾကည္ကို ႐ုံးတက္႐ုံးဆင္းခ်ိန္ကိုမွတ္သားသည့္ အင္တာနက္စာမ်က္ႏွာေပၚတြင္ တိတ္တဆိတ္တင္ထားလိုက္သည္__DCO တြင္ ႐ုံးတက္႐ုံးဆင္းခ်ိန္ကိုမွတ္သားသည့္စနစ္ႏွစ္မ်ိဳးရွိသည္။ ႐ုံးသို႔လာသူမ်ားသည္ကား သူတို႔၏ **အခ်ိန္မွတ္စက္ေပၚသို႔ တစ္ခ်က္ဖိႏွိပ္လိုက္ကာ မိမိတို႔၏အလုပ္ဆင္းခ်ိန္တက္ခ်ိန္ကိုမွတ္သားေပးရမည္ျဖစ္ၿပီး ကြင္းဆင္းလုပ္ငန္းမ်ားကိုေဆာင္႐ြက္ရသူမ်ားမွာမူ သူတို႔၏အဖြဲ႕ေခါင္းေဆာင္ျဖစ္သူက ႐ုံးတြင္းကြန္ယက္ထဲသို႔ Log in ဝင္ေရာက္ကာ သတ္မွတ္ထားေသာအလုပ္တာဝန္ေပၚတြင္ အခ်ိန္မွတ္သားစာရင္းသြင္းေပးရမည္ျဖစ္သည္။ ၿပီးေျမာက္သြားပါက ဤအင္တာနက္စာမ်က္ႏွာကို ျပသလာမည္ျဖစ္သည္။

[T/N

*backend system ဆိုတာက computer software (သို႔) program code ေတြကိုေျပာတာပါ။ User ေတြမျမင္နိုင္တဲ့ ေနာက္ကြယ္ကေနအလုပ္လုပ္ေနၾကတဲ့ system ေတြျဖစ္ပါတယ္။
**အခ်ိန္မွတ္စက္---႐ုံးတက္႐ုံးဆင္းခ်ိန္ကိုမွတ္တဲ့စနစ္မ်ိဳးပါ။ ဒီနိုင္ငံမွာဆိုရင္ေတာ့ လက္ေဗြႏွိပ္ရတဲ့စနစ္မ်ိဳးနဲ႕တူပါလိမ့္မယ္။]

ေရွာင္းက်န္းသည္ကား ဤစာမ်က္ႏွာအား အစားထိုးလဲလွယ္လိုက္ၿပီးေသာ္ တခဏမွ်ငူငူငိုင္ငိုင္ျဖင့္ စူးစိုက္ၾကည့္ရႈေနမိသည္။ ထို႔ေနာက္ သူက E-mail တစ္ေစာင္ကို ခပ္ျမန္ျမန္ေရးသားလိုက္ၿပီး မႏၲန္ေရစာကို စာသားမ်ားအတြင္း၌ထည့္သြင္းလိုက္ကာ ထို E-mail ကို အစုလိုက္အၿပဳံလိုက္ပို႔လႊတ္လိုက္ေလေတာ့သည္__ဤကဲ့သို႔အစုလိုက္အၿပဳံလိုက္ E-mail ပို႔ျခင္းဟူသည္မွာ မ်ားေသာအားျဖင့္ အုပ္ခ်ဳပ္ေရးပိုင္းဆိုင္ရာအသိေပးအေၾကာင္းၾကားစာမ်ားေပးပို႔ရာတြင္အသုံးျပဳေလ့ရွိေသာပုံစံတစ္မ်ိဳးျဖစ္သည္။ ထိုအီးေမးလ္မ်ားထဲတြင္ လစာကိစၥႏွင့္အျခားေသာအက်ိဳးအျမတ္ခံစားခြင့္ဆိုင္ရာအေၾကာင္းအရာမ်ားပါဝင္ေလ့ရွိၿပီး ပင္စင္ယူသြားသူမ်ားႏွင့္ အလုပ္မွခြင့္ယူထားသူမ်ားထံသို႔ပင္ေရာက္ရွိနိုင္ေအာင္ျပဳလုပ္ထားတာျဖစ္သည္။ အီးေမးလ္ကို ေအာင္ျမင္စြာေပးပို႔လိုက္ၿပီးျဖစ္ေၾကာင္း အခ်က္ျပသမႈထြက္ေပၚလာေသာအခါမွာေတာ့ မိမိမွာ ျပန္လမ္းမရွိေတာ့ၿပီျဖစ္ေၾကာင္းကို ေရွာင္းက်န္းတစ္ေယာက္သိနားလည္ထားပါ၏။ သူက သက္ျပင္းရွည္ႀကီးတစ္ခ်က္ကိုမႈတ္ထုတ္လိုက္ရင္း စိတ္တည္ၿငိမ္ေစရန္အလို႔ငွာ ယခုအခ်ိန္၌ စီးကရက္ေသာက္ရန္လိုအပ္ေၾကာင္းခံစားမိေလသည္။ သူက ေဆး႐ုံထဲသို႔ ခိုးသြင္းယူေဆာင္လာခဲ့ေသာ စီးကရက္ဘူးကိုထုတ္ယူလိုက္ၿပီး မီးျခစ္ျခစ္လိုက္ကာ ျပတင္းေပါက္ကိုသြားဖြင့္ရန္ျပင္လိုက္စဥ္မွာပင္ ျပတင္းေပါက္နား၌ရွိေနေသာ အနက္ေရာင္အရိပ္သဏၭာန္တစ္ခုကို မ်က္ဝန္းေထာင့္စြန္းမွတဆင့္ ေတြ႕ျမင္လိုက္ရေလသည္။

“ဘယ္သူလဲ?”

(T/N

ဒီေနရာေလးကို နားမလည္မွာစိုးလို႔ရွင္းျပခ်င္လို႔ပါ။ ေရွာင္းက်န္းက သူ႕ဖုန္းထဲမွာ စကန္ဖတ္ထားတဲ့မႏၲန္အစီအရင္ကို သာမန္မ်က္စိနဲ႕မျမင္နိုင္တဲ့ ‘ေရစာ’အၾကည္ျဖစ္ေအာင္လုပ္လိုက္ၿပီး ႐ုံးရဲ႕ Webpage မွာတင္လိုက္တဲ့အျပင္ အီးေမးလ္ေတြထဲမွာပါထည့္ၿပီး လူေတြအမ်ားႀကီးဆီကိုတၿပိဳင္နက္တည္းပို႔လိုက္တာပါ။ ဆိုလိုတာက ႐ုံးတက္႐ုံးဆင္းခ်ိန္ကိုမွတ္ဖို႔အတြက္ webpage ကိုဝင္ေရာက္တဲ့သူေတြေရာ အီးေမးလ္ကိုဖြင့္ၾကည့္လိုက္တဲ့လူေတြေရာ အဲဒီမႏၲန္အစီအရင္နဲ႕ထိေတြ႕သြားၾကမွာပါ။ တစ္ေယာက္မွမလြတ္ေအာင္ စစ္ေဆးလိုက္တဲ့သေဘာေပါ့။)

ခပ္ဖြဖြရယ္သံတစ္သံထြက္ေပၚလို႔လာသည္။ ထို႔ေနာက္ အနက္ေရာင္အရိပ္အတြင္းမွ လူတစ္ေယာက္သည္ကား တိတ္ဆိတ္စြာပင္ လမ္းေလွ်ာက္ထြက္ေပၚလာ၏။ ထိုသူ၏မ်က္ႏွာမွာ ခ်ိယြမ္း၌ေတြ႕ခဲ့ရေသာမိစာၦႏွင့္တစ္ပုံစံတည္းပင္ျဖစ္သည္။ ထိုခဏအတြင္း ေရွာင္းက်န္းတစ္ေယာက္ ၾကက္သီးတျဖန္းျဖန္းထသြားရွာၿပီး Adrenaline ေဟာ္မုန္းမ်ား တဟုန္ထိုးေဆာင့္တက္သြားရွာေတာ့သည္။ ညႀကီးသန္းေခါင္အခ်ိန္၌ မိုးႀကိဳးစက္ကြင္းမ်ားျဖင့္အပစ္ခံလိုက္ရရွာေသာ အႏွီမိစာၦသခင္ႀကီးသည္ကား သရဲဇာတ္ကားမ်ားထဲမွျမင္ကြင္းမ်ားအတိုင္း ထြက္ေပၚလာျခင္းျဖစ္သည္….

ထို႔အျပင္ ဤေနရာသည္ကား DCO လက္ေအာက္တြင္ရွိေသာ ေဆး႐ုံ၏အထူးလူနာခန္းျဖစ္သည္။ ျပတင္းေပါက္မ်ားႏွင့္အခန္းတံခါးကို တင္းၾကပ္စြာပိတ္ထားတာျဖစ္ၿပီး အခန္းထဲတြင္လည္း မႏၲန္ အစီအရင္မ်ားႏွင့္စြမ္းအင္တိုင္းကိရိယာမ်ားအျပည့္ရွိေနတာျဖစ္သည္။ သူက ဘယ္လိုလုပ္ၿပီး ဝင္လာတာလဲ?

ဧည့္သည္ေတာ္ႀကီးက သူ႕ကိုၿပဳံးျပလိုက္ရင္း လက္ကိုတစ္ခ်က္ေဝွ႕ယမ္းျပကာ ဆို၏။

“မေၾကာက္ပါနဲ႕”

သူကေျပာရင္းဆိုရင္းမွာပင္ လက္ေဖ်ာက္တစ္ခ်က္တီးလိုက္ေသာအခါ ကုတင္ေဘးရွိမီးအိမ္ငယ္ေလးမ်ားမွာ ထြန္းလင္းလို႔လာသည္။ ထိုအခါမွသာလွ်င္ တစ္ဖက္လူသည္ကား အျဖဴေရာင္အားကစားဝတ္စုံႏွင့္ အားကစားေဘာင္းဘီရွည္တို႔ကိုဝတ္ဆင္ထားေၾကာင္း ေရွာင္းက်န္းေတြ႕ျမင္လိုက္ရေလသည္။ အကၤ်ီရင္ဘတ္ေပၚတြင္ ‘သုံးခြၽမ္းဌာနခြဲ၏ (၄၇) ႀကိမ္ေျမာက္ ေဆာင္းဦးအားကစားပြဲေတာ္’ ဟူေသာစာသားမ်ားကိုေရးသားထားသည္။ သူက ႏွာေခါင္းတရႈံ႕ရႈံ႕လုပ္လိုက္ေသာအခါ ဟိုတယ္မွေခါင္းေလွ်ာ္ရည္ရနံ႕ကိုရလိုက္သည္။ ေရွာင္းက်န္းမွာ ထိုအနံ႕ကိုေကာင္းေကာင္းႀကီးရင္းႏွီးေနၿပီသားျဖစ္သည္။ အဘယ္ေၾကာင့္ဆိုေသာ္ ထိုဟိုတယ္သည္ကား သုံးခြၽမ္းဌာနခြဲႏွင့္ႏွစ္ေပါင္းမ်ားစြာလက္တြဲလာေသာဟိုတယ္ျဖစ္ၿပီး ေရွာင္းက်န္း၏ဖခင္ျဖစ္သူဖြင့္လွစ္ထားေသာဟိုတယ္ပင္ျဖစ္သည္။ ဟိုတယ္အတြင္း၌တည္းခိုေနထိုင္စရိတ္မ်ားကို ႏွစ္ကုန္ပိုင္းတြင္ က်သင့္ေငြေပးေခ်ရေလ့ရွိသည္__ကပ္စီးနည္းေသာ DCO ဌာနခြဲအေနျဖင့္ (၇၀) ရာခိုင္ႏႈန္း ေလွ်ာ့ေဈးရရွိတတ္သည္။

ေရွာင္းက်န္းက အနည္းငယ္စိတ္တည္ၿငိမ္သြားေစကာမူ သတိကိုမေလ်ာ့လိုက္ပါေခ်။

“ခင္ဗ်ားက….႐ႊမ္းက်ီးရဲ႕ ဓားဝိညာဥ္လား?”

‘ညဉ့္သန္းေခါင္ယံအခ်ိန္၌ ေဖာက္ထြင္းဝင္ေရာက္လာသူ’ သည္ကား ရွန႔္လင္ယြမ္းပင္တည္း။ သူက ႏူးညံ့သိမ္ေမြ႕ေသာအမူအရာျဖင့္ ေရွာင္းက်န္း၏ဒဏ္ရာရထားေသာေျခေထာက္ကို လက္ညွိုးထိုးျပကာေျပာလိုက္သည္။

“မင္းရဲ႕ေျခေထာက္က သိပ္မေကာင္းေသးဘူး၊ ငါတို႔ ထိုင္ၿပီးေျပာၾကတာေပါ့”

ေရွာင္းက်န္း :  “……”

ေရွာင္းက်န္းခမ်ာ ဘာရယ္ေၾကာင့္မွန္းမသိဘဲ ဤကဲ့သို႔ေသာသနားၾကင္နာမႈအျပည့္ျဖင့္ အထူးတလည္အေလးေပးခံရမႈအေပၚ ေက်းဇူးအနႏၲတင္သင့္သလိုခံစားလိုက္ရရွာေတာ့၏__ဝင္လာသူက အခန္းပိုင္ရွင္ျဖစ္သူကိုပင္ ေနရာထိုင္ခင္းစီစဥ္ေပးေနေသးသည္! ဒါရိုက္တာေရွာင္းမွာ ဤအသက္အ႐ြယ္ေရာက္လာအခါမွသာလွ်င္ မဖိတ္ေခၚဘဲေရာက္လာေသာဧည့္သည္က အိမ္ရွင္ျဖစ္သူအား အျပင္လူတစ္ေယာက္ကဲ့သို႔ဆက္ဆံေနတာမ်ိဳးကို ပထမဆုံးအႀကိမ္ေတြ႕ႀကဳံလိုက္ရတာျဖစ္သည္။

ေရွာင္းက်န္းက ေဆး႐ုံဝတ္စုံ၏အိတ္ကပ္အတြင္းသို႔ လက္တစ္ဖက္ထိုးထည့္လိုက္ၿပီး မႏၲန္အစီအရင္တစ္ခုကိုညွပ္ကိုင္ထားလိုက္သည္။ ယေန႕အခ်ိန္ထိတိုင္ေအာင္ ဓားလက္နက္ဝိညာဥ္မ်ားသည္ကား ေတြ႕ျမင္ရခဲေသာအရာမ်ားျဖစ္ေနဆဲျဖစ္ၿပီး သူတို႔အေၾကာင္းကိုလည္း လုံးေစ့ပတ္ေစ့နားမလည္နိုင္ၾကေသးပါေခ်။ ၎တို႔မွာ အလြန္အင္မတန္မွကို အမွီအခိုကင္းရွင္းသူမ်ားျဖစ္ၾကၿပီး လူအစစ္မ်ားကဲ့သို႔ပင္ ကိုယ္ပိုင္အေတြးအေခၚမ်ားႏွင့္ အျပဳအမူလႈပ္ရွားမႈမ်ားရွိၾကသည္။ ေျပာၾကသည္မွာ အကယ္၍ ပိုင္ရွင္ျဖစ္သူသည္ကား သူတို႔ကိုေကာင္းေကာင္းမထိန္းခ်ဳပ္နိုင္ပါက လက္နက္ဝိညာဥ္မ်ားမွာ ပိုင္ရွင္ျဖစ္သူ၏အမိန႔္ကိုနာခံၾကမွာမဟုတ္သည့္အျပင္ ပိုင္ရွင္ကိုပါျပန္ကိုက္စားပစ္နိုင္ၾကသည္တဲ့ေလ။

ေရွာင္းက်န္းက သတိႀကီးစြာထား၍ေမးျမန္းလိုက္သည္။

“႐ႊမ္းက်ီးက ခင္ဗ်ားကိုလႊတ္လိုက္တာလား? သူေရာ?”

ရွန႔္လင္ယြမ္း၏မ်က္ႏွာအမူအရာမွာ ေႏြးေထြးလွေသာ္ျငား သူ႕အၾကည့္မ်ားမွာမူ က်ဥ္းေျမာင္းေသာဓားသြားႏွစ္လက္ပမာ။ ေရွာင္းက်န္းခမ်ာ သူ၏အေပၚယံအေသြးအသားမ်ားမွသည္ အသက္ဝိညာဥ္ထိတိုင္ေအာင္ ထြင္းေဖာက္ၾကည့္ရႈခံလိုက္ရသလိုခံစားလိုက္ရရွာ၏။

သူက သူ႕ေမးခြန္းကိုျပန္မေျဖေပ။ ထိုအစား အဆိုပါ ‘ဓားဝိညာဥ္’ ဆိုသူက သူ႕အား စူးစမ္းသလိုႏွင့္ျပန္လည္ေမးခြန္းထုတ္လိုက္ေသးသည္။

“ခုနတုန္းက မင္းဘာလုပ္ေနတာလဲ? နတ္ဆရာမႏၲန္ကို ပို႔လႊတ္လိုက္တာလား?”

ရွန႔္လင္ယြမ္း၏အမ်ားသုံးဘာသာစကားအရ ၎မွာ စကားလုံးတစ္လုံးခ်င္းစီကိုရွင္းလင္းပီသစြာအသံထြက္ေျပာဆိုလာသည့္အတြက္ အသင့္အတင့္နားလည္နိုင္ေသာအေျခအေနတြင္ရွိသည္။ သူ၏သံေနသံထားႏွင့္ေလယူေလသိမ္းတို႔ကသာ တစ္မ်ိဳးတစ္ဖုံထူးဆန္းေနတာျဖစ္သည္။ ေရွာင္းက်န္းသည္ကား ၎မွာ ေရွးေဟာင္းဓားတစ္လက္ျဖစ္သည္ဆိုသည့္အေၾကာင္းကိုၾကားထားခဲ့ဖူးသည့္အတြက္ ထိုသူအား “အခ်ိန္မွတ္စနစ္” ၊ “E-mail” စသည့္အရာမ်ားကိုႀကိဳးစားရွင္းျပလွ်င္ေသာ္မွ သူနားလည္မည္မဟုတ္ေၾကာင္းကိုသေဘာေပါက္ပါ၏။ သို႔ျဖစ္ရာ သူက ရိုးရိုးရွင္းရွင္းပင္ ေခါင္းညိတ္ျပလိုက္သည္။

“မနက္ေရာက္ရင္ လူအမ်ားစုဟာ ဖြက္ထားတဲ့မႏၲန္အစီအရင္နဲ႕ထိေတြ႕သြားၾကလိမ့္မယ္၊ တံလွ်ပ္လိပ္ျပာနဲ႕ထိေတြ႕ခဲ့ဖူးသူတိုင္းဟာ သူတို႔ရဲ႕နဖူးေပၚမွာ သေကၤတအမွတ္အသားတစ္ခုေပၚလာလိမ့္မယ္လို႔ ႐ႊမ္းက်ီးကေျပာခဲ့တယ္။ ပိုက္ကြန္ထဲက လြတ္သြားတဲ့ ငါးတခ်ိဳ႕တေလရွိေကာင္းရွိနိုင္ေပမယ့္ ကိစၥေတာ့မရွိပါဘူး၊ ကြၽန္ေတာ္တို႔အဖြဲ႕အစည္းရဲ႕ စိတ္ကိုစမ္းသပ္စစ္ေဆးတဲ့နည္းပညာက အေတာ္ေလးေကာင္းမြန္ျပည့္စုံတာမို႔လို႔ သူတို႔အတြင္းပိုင္းကသာ ဆက္သြယ္ပူးေပါင္းေပးတာနဲ႕ အျမန္ဆုံးစစ္ေဆးေဖာ္ထုတ္နိုင္မွာပါ”

သူက ရိုးရွင္းလြယ္ကူေသာစကားအသုံးအႏႈန္းမ်ားျဖင့္ေျပာဆိုလိုက္ေစကာမူ ‘ဓားဝိညာဥ္’ လူႀကီးမင္းသည္ကား နားလည္ေကာင္းနားလည္မည္မဟုတ္ေသးေပ။ သူက ေရွာင္းက်န္းကို တခဏမွ် ေခါင္းစေျခဆုံးအကဲခတ္ၿပီးသည့္ေနာက္မွာေတာ့ လုံးဝကိုက်ိဳးေၾကာင္းဆီေလ်ာ္မႈမရွိေသာ စကားတစ္ခြန္းကိုေျပာလာသည္။

“ငါၾကည့္ရသေလာက္ မင္းရဲ႕မ်က္ႏွာနဲ႕အသံက သန္မာအားေကာင္းၿပီး တရားမွ်တမႈရွိတယ္၊ မင္းရဲ႕ *ေျမာက္ပိုင္းၾကယ္တံခြန္က ေတာက္ပလင္းလက္ၿပီးေခ်ာေမြ႕ေနတယ္၊ မင္းရဲ႕ဘိုးေဘးဘီဘင္ေတြက အေတာ္ေလးကိုေကာင္းခ်ီးမဂၤလာနဲ႕ျပည့္စုံတဲ့သူေတြျဖစ္နိုင္တယ္၊ မင္းဘဝမွာ အခက္အခဲအတားအဆီးေတြကိုေတြ႕ႀကဳံေကာင္းေတြ႕ႀကဳံနိုင္ေပမယ့္ ေနာက္ဆုံးမွာေတာ့ ကံဆိုးမိုးေမွာင္က်ေနတဲ့အရာအားလုံးဟာ က်ိန္းေသေပါက္ ကံေကာင္းမႈေတြအျဖစ္ေျပာင္းလဲသြားလိမ့္မယ္”

(T/N

*ေျမာက္ပိုင္းၾကယ္တံခြန္ဆိုတာ တ႐ုတ္ရိုးရာေဗဒင္ေဟာစာတမ္းေတြမွာ အသုံးမ်ားတဲ့အသုံးအႏႈန္းတစ္ခုပါ။ လူတစ္ေယာက္ရဲ႕ေမြးေန႕ေမြးနံနဲ႕တြက္ခ်က္ၿပီး သူ႕ရဲ႕အတြင္းစိတ္၊ သူ႕ဘဝမွာျဖစ္လာနိုင္တဲ့အရာေတြကိုေဟာကိန္းထုတ္တဲ့ေနရာမွာသုံးပါတယ္။)

ေရွာင္းက်န္းတစ္ေယာက္ ထိုစကားကိုၾကားေသာ္ပေဟဠိျဖစ္သြားလ်က္ စိတ္ထဲ၌ေတြးလိုက္မိ၏။

“ဘာေတြေပါက္ကရေလးဆယ္ေလွ်ာက္ေျပာေနတာလဲ? ဒီဓားက အလိုအေလ်ာက္ေဗဒင္ေဟာတဲ့စနစ္ပါပါတာလားဟ”

ထိုအခိုက္မွာပင္ သူ၏အျမင္အာ႐ုံမွာမႈန္ဝါးဝါးျဖစ္သြားရွာသည္။ သူႏွင့္မီတာအနည္းငယ္အကြာအေဝးတြင္ရပ္ေနသည့္ ဓားဝိညာဥ္ျဖစ္သူမွာ ႐ုတ္ခ်ည္းပင္ သူ႕ေရွ႕ေမွာက္တည့္တည့္သို႔ေရာက္ခ်လာသည္။ ေရွာင္းက်န္းမွာ တုံ႕ျပန္ခ်ိန္မမီလိုက္ရွာသလို မႏၲန္အစီအရင္ကိုဆုပ္ကိုင္ထားသည့္ သူ႕လက္ေကာက္ဝတ္တစ္ဖက္မွာလည္း အနက္ေရာင္ျမဴခိုးမ်ားျဖင့္ ရစ္ပတ္ဖမ္းခ်ဳပ္လိုက္ျခင္းကိုခံလိုက္ရရွာသည္။ ရွန႔္လင္ယြမ္းသည္ကား သူ႕နဖူးျပင္အလယ္တည့္တည့္ကိုလက္ျဖင့္ အသာအယာထိေတြ႕လိုက္ေသာအခါဝယ္ ေရွာင္းက်န္းခမ်ာ သူ႕ကိုယ္သူ လူပုံသဏၭာန္ေရကရားအိုးတစ္လုံးအသြင္ဘဝေျပာင္းသြားရွာသလိုခံစားလိုက္ရသည္__သူ႕နဖူးျပင္မွာ ေရကရားအိုးႏႈတ္ခမ္းဝသဖြယ္ျဖစ္သြားကာ သူ႕ခႏၶာကိုယ္တစ္ခုလုံးအတြင္းသို႔ ေရေအးမ်ားဒရေဟာေလာင္းထည့္ခံလိုက္ရသည့္ႏွယ္။ သူ၏ကိုယ္တြင္းကလီစာမ်ားမွာလည္း ထိုေရခဲတမွ်ေအးစက္ေသာေရျဖင့္ေဆးေၾကာခံလိုက္ရသကဲ့သို႔ပင္၊ ေအးလြန္း၍တစ္ကိုယ္လုံးတုန္ယင္သြားရွာ၏။ ထို႔ေနာက္တြင္မူ သူ႕နဖူးျပင္ထဲမွ ျပာမႈန႔္မ်ားပ်ံထြက္လာကာ ရွန႔္လင္ယြမ္း၏လက္ဖဝါးေပၚ၌ လုံးေထြးစုစည္းသြားေလေတာ့သည္။

ေရွာင္းက်န္း၏ခႏၶာကိုယ္မွာ တမုဟုတ္ခ်င္းေပါ့ပါးသြား၏။ ထိုခဏအတြင္းမွာပင္ မိမိ၏ခႏၶာကိုယ္မွာ ‘စက္႐ုံမွအသစ္ထုတ္လာသည့္ပုံစံ’ အတိုင္းျပန္ျဖစ္သြားသလို ထင္ေယာင္ထင္မွားပင္ခံစားလိုက္ရရွာသည္။ တစ္စုံတစ္ခု၏ဝင္ပူးျခင္းကိုခံခဲ့ရၿပီး မိုးႀကိဳးအပစ္ခံလိုက္ရေသာေၾကာင့္ရရွိခဲ့ေသာ အတြင္းဒဏ္ရာမ်ားသာမက လြန္ခဲ့ေသာႏွစ္ေပါင္းမ်ားစြာကတည္းက ရရွိထားခဲ့ဖူးေသာစုပုံေနသည့္ဒဏ္ရာဒဏ္ခ်က္ေဟာင္းမ်ားမွာလည္း လုံးလုံးလ်ားလ်ားကို အရွင္းေပ်ာက္ကင္းသက္သာသြားေလေတာ့သည္။

ျပန္လည္၍ရွည္ထြက္မလာနိုင္ေသာ သူ၏ဆံပင္မ်ားမွလြဲ၍ သူ႕ဘဝတစ္ေလွ်ာက္လုံးတြင္ ဤမွ်ေလာက္က်န္းမာသန္စြမ္းေသာခံစားခ်က္မ်ိဳးကို တစ္ခါမွမခံစားခဲ့ရဖူးပါေခ်။ သူ႕ခႏၶာကိုယ္အတြင္း၌ အဆုံးအစမဲ့စြမ္းအားမ်ားတဟုန္ထိုးထြက္ေပၚလာၿပီး ယခုခ်က္ခ်င္းပင္ ေဆး႐ုံမွဆင္းလို႔ရနိုင္ေတာ့မလိုေတာင္ ခံစားလိုက္ရသည္။ ေဆး႐ုံကိုလည္း အပတ္ေပါင္းမ်ားစြာပတ္ေျပးနိုင္သည္အထိပင္။ သူက ျပဴးက်ယ္ဝိုင္းစက္ေသာမ်က္လုံးမ်ားျဖင့္ ေမးျမန္းလိုက္သည္။

“ခင္ဗ်ား…..”

ေရွာင္းက်န္း၏နဖူးျပင္ထဲမွပ်ံထြက္လာေသာ ျပာမႈန႔္မ်ားမွာ တုန္ခါလႈပ္ယမ္းသြားလ်က္ ရွန႔္လင္ယြမ္း၏လက္ဖဝါးေပၚ၌ ေသးငယ္ေသာအလုံးေလးတစ္လုံးအျဖစ္လိပ္ေခြစုစည္းသြား၏။ ရွန႔္လင္ယြမ္းက ေခါင္းငုံ႕ကာ ထိုအရာကို အနံ႕ခံလိုက္သည္။

“အင္း…ဒီအနံ႕က…မိစာၦမ်ိဳးႏြယ္စုမ်ားလား?”

သူက ထိုစကားကို ‘ယာ’ စကားျဖင့္ေျပာလိုက္ျခင္းျဖစ္ေသာေၾကာင့္ ေရွာင္းက်န္းခမ်ာနားမလည္ပါေခ်။

“ဘာ?”

ရွန႔္လင္ယြမ္းက သူ႕လက္ကိုျမႇောက္လိုက္ၿပီး လက္မႏွင့္လက္ညွိုးျဖင့္ဖိညွပ္ဟန္ျပဳလိုက္ေသာအခါ ထိုျပာမႈန႔္အလုံးေလးမွာ သူ႕လက္ဖဝါးေပၚ၌ပင္ လြင့္ပါးေပ်ာက္ကြယ္သြားရွာ၏။ ျပာမႈန႔္မ်ားထဲတြင္ရွိေနသည့္ တစ္စုံတစ္ခုထံမွ ခပ္တိုးတိုးေအာ္ဟစ္သံတစ္သံကိုပင္ၾကားလိုက္ရသေယာင္။ ၿပီးသြားခ်ိန္မွာေတာ့ သူက ေခါင္းေမာ့ကာ ေရွာင္းက်န္းကိုတစ္ခ်က္ၿပဳံးျပလိုက္သည္။ ေရွာင္းက်န္းခမ်ာ ထိုအၿပဳံးတစ္ပြင့္ကိုေတြ႕ျမင္လိုက္ရေသာအခါ ၾကက္ေသေသသြားရွာသည္__မည္ကဲ့သို႔ေသာ စိတ္ပိုင္းဆိုင္ရာတိုက္ခိုက္မႈမ်ိဳးကို သူခံစားလိုက္ရသည္မသိ၊ ထိုခဏ၌ ၎မွာ သူ၏ပိုင္ဆိုင္မႈပစၥည္းဥစၥာမ်ားသာမက သူ႕ဘဝ၊ သူ႕အသက္ခႏၶာကိုပင္ ထိုသူအား ရက္ရက္ေရာေရာေပးဆပ္အပ္ႏွင္းခ်င္စိတ္မ်ား တဖြားဖြားျဖစ္ေပၚလာေတာ့သည္။

သူ ထိုကဲ့သို႔ေၾကာင္အမ္းအမ္းျဖစ္ေနခိုက္မွာပင္ အဆိုပါ ‘ဓားဝိညာဥ္’ သည္ကား ေဆး႐ုံခန္းအတြင္းမွ ေပ်ာက္ခ်င္းမလွေပ်ာက္ကြယ္သြားၿပီျဖစ္သည္။

အခန္းတြင္း၌ ဟိုတယ္မွေခါင္းေလွ်ာ္ရည္ရနံ႕မ်ားသာ က်န္ရစ္ခဲ့ေလသည္။

ေရွာင္းက်န္းတစ္ကိုယ္လုံး အတုန္တုန္အယင္ယင္ျဖစ္သြားရွာသည္။ ထို႔ေနာက္တြင္မွ ၎မွာအသိစိတ္ျပန္ကပ္လာၿပီး ကမန္းကတန္းပင္ လူနာခန္းကိုသုံးႀကိမ္သုံးခါတိုင္တိုင္ ဝင္လိုက္ထြက္လိုက္လုပ္ကာ ၾကည့္ရႈစစ္ေဆးလိုက္၏။ မႏၲန္အစီအရင္မ်ားအားလုံးကို ထိေတာင္မထိထားသလို အခန္းတံခါးႏွင့္ျပတင္းေပါက္မ်ားအားလုံးကိုလည္း အတြင္းဘက္မွေလာ့ခ္ခ်ထားတာျဖစ္သည္။ ထူးျခားစြမ္းအင္တိုင္းစက္ကိရိယာမ်ားမွာလည္း အသံတိတ္ေနၾကသည္။ အခ်က္ျပမီးမ်ားမွာလည္း မလင္းလာၾကေပ။ ခုနတုန္းက ျဖစ္ပ်က္ခဲ့သမွ်အရာအားလုံးမွာ သူ၏ကိုယ္ပိုင္ထင္ေယာင္ထင္မွားျဖစ္ေနမႈမ်ားသာျဖစ္သလို။

ေရွာင္းက်န္းတစ္ေယာက္ အ႐ူးတပိုင္းျဖစ္သြားရွာေတာ့သည္။

“မျဖစ္နိုင္ဘူး…မျဖစ္နိုင္ဘူး!”

႐ုတ္တရက္ သူတစ္စုံတစ္ခုကို သတိရသြားသည္__မဟုတ္ေသးဘူး! အခန္းထဲတြင္ရွိေနသည့္ သူကိုယ္တိုင္ကလည္း မိုးႀကိဳးလွ်ပ္စီးအမ်ိဳးအစားထူးျခားစြမ္းရည္ပိုင္ရွင္တစ္ေယာက္ျဖစ္သည္ပဲေလ။ ထူးျခားစြမ္းအင္တိုင္းကိရိယာေပၚက အခ်က္ျပမီးေတြက ဘာျဖစ္လို႔မလင္းလာရတာလဲ?

သူက ျပတင္းေပါက္နားသို႔ ခပ္သြက္သြက္ေလွ်ာက္လွမ္းသြားလိုက္ၿပီး ထူးျခားစြမ္းအင္တိုင္းကိရိယာကိုစစ္ေဆးၾကည့္လိုက္ေသာအခါ ထိုစက္ပစၥည္းမွာ ဝန္ပိုဓာတ္အားမ်ားေၾကာင့္ ေရွာ့ျဖစ္ကာပ်က္စီးသြားၿပီျဖစ္ေၾကာင္းကို ေတြ႕ရွိလိုက္ရေလသည္!

ေရွာင္းက်န္းက သူ႕ဦးေခါင္းကိုျဖည္းညင္းစြာေမာ့ၾကည့္လိုက္သည္။ ျပတင္းေပါက္အျပင္ဘက္ရွိ သိပ္သည္းထူထဲေသာအနက္ေရာင္ျမဴခိုးေငြ႕မ်ားမွာ ၿပိဳကြဲလြင့္ပါးသြားၿပီျဖစ္သည္။ ျပတင္းေပါက္မွန္ေပၚတြင္မူ ထိတ္လန႔္ေခ်ာက္ခ်ားေနေသာ သူ႕မ်က္ႏွာပုံရိပ္သာလွ်င္ေရာင္ျပန္ထင္ဟပ္ေနလ်က္ရွိသည္။ သူ ငယ္စဥ္ကေလးဘဝတုန္းက နဖူးေပၚတြင္ ေခ်ာ္လဲရာမွရရွိခဲ့ေသာဒဏ္ရာတစ္ခုရွိၿပီး ေလးခ်က္ခ်ဳပ္ခဲ့ရဖူးသည္။ မ်က္ခုံးပင့္လိုက္သည့္အခါတိုင္း ပါးလ်ရွည္လ်ားေသာ ခပ္ေဖ်ာ့ေဖ်ာ့အမာ႐ြတ္ေဟာင္းတစ္ခုကို သူ႕မ်က္ခုံးအေပၚနားတြင္ေတြ႕ျမင္နိုင္သည္။ သို႔ေသာ္ ယခုအခ်ိန္၌ ထိုအမာ႐ြတ္မွာလည္း ေပ်ာက္ကြယ္သြားၿပီျဖစ္သည္။

တစ္ခ်ိန္တည္းမွာပင္ ကုတင္ေပၚတြင္ရွိေနသည့္ သူ႕လပ္ေတာ့ပ္ထဲမွ တရွဲရွဲျမည္သံမ်ားႏွင့္အတူ အနက္ေရာင္မီးခိုးေငြ႕မ်ားထြက္ေပၚလာကာ လပ္ေတာ့ပ္၏မ်က္ႏွာျပင္မွာ အေမွာင္အတိက်သြားေလေတာ့သည္။

ေရွာင္းက်န္းက သူ႕မ်က္ႏွာကိုလက္ျဖင့္ပြတ္သုတ္လိုက္ၿပီး သူ႕ဖုန္းကိုထုတ္ယူကာ ႐ႊမ္းက်ီးထံသို႔ဖုန္းဆက္လိုက္သည္။

႐ႊမ္းက်ီးမွာ ေထာက္ပံ့ပို႔ေဆာင္ေရးဌာနမွဝန္ထမ္းတစ္ဦးျဖစ္သည့္အေလ်ာက္ (၂၄) နာရီပတ္လုံး အထက္မွၫႊန္ၾကားခ်က္အမိန႔္ကိုေစာင့္ဆိုင္းေနတတ္သည့္အေလ့အက်င့္ေကာင္းမ်ိဳးမရွိပါေခ်။ ညဘက္ေရာက္သည္ႏွင့္ သူ႕ဖုန္းမွာအလိုအေလ်ာက္ပင္ အသံပိတ္သြားတတ္သည္။ သို႔ျဖစ္ရာ ဖုန္းဝင္လာခ်ိန္၌ ဖုန္းမ်က္ႏွာျပင္မွာလင္း႐ုံသာလင္းသြားၿပီး အသံမျမည္ခဲ့ေပ။ ကုတင္ေပၚတြင္လဲေလ်ာင္းေနေသာ သူ႕မ်က္ႏွာေပၚသို႔ ဖုန္းအလင္းေရာင္ဟပ္သြားခ်ိန္ဝယ္ ၎မွာမ်က္ေမွာင္ၾကဳတ္သြား၏။ နိုးထလာမည့္အရိပ္အေယာင္မ်ိဳးကိုေတာ့မေတြ႕ရေပ။ သူ႕ပုံစံကိုၾကည့္ရသည္မွာ အိပ္မက္မက္ေနပုံရသည္။

ေဝးလံေသာအေနာက္ေတာင္ကုန္းတြင္းပိုင္းတစ္ေနရာရွိ ခ်ိယြမ္းယဇ္ပလႅင္ေဘးတြင္ရွိေသာ ဂူသခၤ်ိဳင္းေက်ာက္တိုင္ေတာအုပ္အတြင္း၌ ဂူေက်ာက္တိုင္သုံးခုမွာပ်က္စီးသြားခဲ့ၿပီျဖစ္သည္။ စတုတၳေျမာက္ဂူသခၤ်ိဳင္းေက်ာက္တိုင္မွာလည္း ေလျပင္းမ်ားတိုက္ခတ္ျခင္းမရွိပါဘဲႏွင့္ ပါးလ်ေသာသဲမႈန္သဲႏုမ်ားမွာ စတင္၍ျဖည္းျဖည္းခ်င္းစီၿပိဳဆင္းလို႔လာေနသည္။

႐ႊမ္းက်ီးမွာ ယခုတေလာ မၾကာခဏဆိုသလိုအိပ္မက္မ်ားခပ္စိပ္စိပ္မက္လာတတ္ၿပီး အိပ္မက္တစ္ခုထက္တစ္ခုမွာလည္း တျဖည္းျဖည္းပို၍ထူးဆန္းလို႔လာသည္။

သူက ေခါင္းငုံ႕ကာ မီးလွ်ံအေရာင္အဆင္းရွိေသာ သူ၏ဝတ္႐ုံရွည္ႀကီးကိုငုံ႕ၾကည့္လိုက္သည္။ ဤညအိပ္ဝတ္စုံမွာ မည္ကဲ့သို႔ေသာနာမည္ႀကီးေရပန္းစားသည့္ဖက္ရွင္ဒီဇိုင္းပုံစံမ်ိဳးမွန္း သူအမွန္တကယ္မသိေသာ္ျငား စိတ္ထဲ၌ေတြးလိုက္သည္။

ဒီေလာက္အေရာင္ေတာက္ေတာက္ ဝတ္စုံႀကီးကိုဝတ္ထားမွေတာ့
အိပ္ေပ်ာ္ေစတဲ့ေဟာ္မုန္းဓာတ္က ဘယ္လိုလုပ္ၿပီးအလုပ္လုပ္ေတာ့မွာလဲ? ဒီလိုပုံစံႀကီးနဲ႕ ဘယ္လိုလုပ္ၿပီးအိပ္လို႔ေပ်ာ္မွာလဲ?

ထိုအခိုက္မွာပင္ သူ၏ေျခေထာက္အစုံမွာ အလိုအေလ်ာက္လႈပ္ရွားလာကာ သူ႕ကိုအရပ္မ်က္ႏွာတစ္ေနရာဆီသို႔ ဆြဲယူေခၚေဆာင္သြားေလေတာ့သည္။

႐ႊမ္းက်ီး : “အိုင္း….ငါ ဖိနပ္မစီးရေသးဘူးဟ!”

သို႔ေပသိ ဤအိပ္မက္အတြင္း၌ ၎မွာ ကိုယ့္ဘာသာကိုယ္မထိန္းခ်ဳပ္နိုင္ရွာေသာ ႀကိဳးဆြဲ႐ုပ္ေသး႐ုပ္တစ္႐ုပ္ပမာ။ နီယြန္မီးအလင္းေရာင္တို႔ျဖင္ဖြဲ႕စည္းထားသည့္ သူ႕ခႏၶာကိုယ္သည္ကား သူ႕စကားကိုနားမေထာင္ပါေခ်။ ၎မွာ ေျခဗလာျဖင့္ပင္ ေအးစက္ေသာၾကမ္းခင္းေက်ာက္ျပားမ်ားေပၚသို႔ နင္းေလွ်ာက္သြားရင္း…… နန္းေတာ္ရာတစ္ခုႏွင့္တူေသာ ေရွးေဟာင္းအေဆာက္အဦးတစ္ခုအတြင္းသို႔ တိတ္တိတ္ေလးဝင္ေရာက္သြားေလသည္။

နန္းေတာ္ရာအျပင္ဘက္တြင္မူ အေစခံတစ္ဦး သို႔မဟုတ္ အေစာင့္အၾကပ္တစ္ဦးႏွင့္တူသည့္ လူတစ္ေယာက္ရွိေနၿပီး ထိုသူမွာ တစ္ခ်က္တစ္ခ်က္ေခါင္းငိုက္စိုက္က်သြားရင္း ငိုက္ျမည္းလို႔ေနသည္။ သို႔ေသာ္ ႐ုတ္တရက္ ၎မွာ တစ္ခုခုၾကားလိုက္သည့္ႏွယ္ လန႔္နိုးလာၿပီး သူရွိေနေသာအရပ္မ်က္ႏွာဆီသို႔လွမ္းၾကည့္လိုက္သည္။

႐ႊမ္းက်ီးတစ္ေယာက္ အထိတ္တလန႔္ျဖစ္သြား၏။

ေသစမ္း….. ငါ့ကိုေတြ႕သြားၿပီ

ဒီ ‘နီယြန္မီး’ က သူခိုးတစ္ေယာက္ေတာ့မဟုတ္ဘူးမလား

သို႔ေသာ္ ထိုအေစာင့္မွာ သူ႕ကိုျမင္ေတြ႕ပုံမရ။ ထိုသူ၏ဆုံခ်က္မဲ့ေနေသာအၾကည့္မ်ားမွာ သူ႕ကိုထြင္းေဖာက္သြားၿပီး ေၾကာင္အမ္းအမ္းျဖင့္သာ အရပ္ေလးမ်က္ႏွာသို႔လွည့္ပတ္ၾကည့္ရႈေနသည္။ ဘာကိုမွမေတြ႕ရသည့္အဆုံး ၎မွာ တစ္ခ်က္သန္းေဝလိုက္ၿပီး သူ၏ပင္ပန္းႏြမ္းလ်ေနေသာမ်က္ဝန္းမ်ားကို ေနာက္တစ္ႀကိမ္ျပန္လည္မွိတ္ခ်လိဳက္ေလသည္။

မိမိသည္ကား တစ္ဖက္လူ၏မ်က္လုံးထဲတြင္ ေဖာက္ထြင္းျမင္နိုင္ေသာ ကိုယ္ေပ်ာက္လူသားတစ္ေယာက္ျဖစ္ေနခဲ့တာျဖစ္သည္__႐ႊမ္းက်ီးမွာ ထိတ္လန႔္အံ့ဩေနရင္းက နီယြန္မီးမ်ားသည္ကား သူ႕အား နန္းေတာ္၏အတြင္းဘက္ဆီသို႔ေခၚေဆာင္သြားေလသည္။

ထပ္မံ၍အတြင္းပိုင္းသို႔ဝင္ေရာက္သြားေသာအခါမွာေတာ့ အတြင္းနန္းေဆာင္ထဲသို႔ေရာက္ရွိသြားသည္။ ၾကည့္ရသေလာက္ နားေနေဆာင္တစ္ခုျဖစ္ပုံရသည္။ အထဲတြင္ ပန္းခက္ပန္းႏြယ္မ်ားျဖင့္အလွဆင္ထြင္းဆစ္ထားၿပီး ပိုးသားခန္းစီးလိုက္ကာစမ်ားျဖင့္အလႊာေပါင္းမ်ားစြာဖုံးကာအုပ္လႊမ္းထားေသာ ဧရာမကုတင္တစ္လုံးရွိေန၏။ အလြန္တရာကို အက်င့္ပ်က္ျခစားၿပီး အသုံးအျဖဳန္းႀကီးကာ ကိန္းႀကီးခန္းႀကီးနိုင္ေသာအရင္းရွင္လူတန္းစားတို႔၏အျပင္အဆင္မ်ိဳးပင္ျဖစ္သည္။ သို႔ေပသိ ဤနားေနေဆာင္အတြင္း၌ ဘာရယ္ေၾကာင့္မွန္းမသိဘဲ တစ္ခုခုမူမမွန္သလိုခံစားေနရသည္။

႐ႊမ္းက်ီးမွာ အေရွ႕သို႔ေ႐ြ႕လ်ားေနေသာ သူ႕ခႏၶာကိုယ္ေနာက္သို႔လိုက္သြားရင္း တစ္ဖက္တြင္လည္း ေသေသခ်ာခ်ာစူးစမ္းၾကည့္ရႈေနမိသည္။ ေခတၱခဏၾကာေသာအခါ အခန္းေထာင့္တစ္ေနရာတြင္ရွိေနသည့္ မီးလင္းဖိုမွာမီးၿငိမ္းေနၿပီျဖစ္ေၾကာင္းကို သူသတိထားမိသြားသည္။ သို႔ေသာ္ မည္သူကမွ မီးလင္းဖိုထဲသို႔ မီးေသြးေလာင္စာမ်ားလာေရာက္ျဖည့္တင္းေပးျခင္းမရွိၾကေပ။ ဤေနရာရွိမူမမွန္ျဖစ္ေနသည့္အရာကို သူ ခ်က္ခ်င္းပင္သေဘာေပါက္နားလည္သြား၏__သည္ေလာက္ႀကီးမားက်ယ္ေျပာလွေသာ နန္းေဆာင္အတြင္း၌ အေစခံတစ္ဦးတေလမွရွိမေနျခင္းပင္ျဖစ္သည္။ ေအးစက္ၿပီးလူသူကင္းမဲ့လ်က္ရွိသည္မွာ နည္းနည္းေတာင္ေၾကာက္စရာေကာင္းလာသလိုပင္။ ညအခ်ိန္မွာပင္ မီးလင္းဖိုကိုဂ႐ုတစိုက္ၾကည့္ရႈေပးမည့္လူမရွိ။

သူတို႔ ကာဗြန္မိုေနာက္ဆိုဒ္အဆိပ္မိမွာကိုမေၾကာက္ၾကဘူးလားမသိဘူး?

႐ႊမ္းက်ီးမွာ ေပါက္ကရေလးဆယ္ေလွ်ာက္ေတြးေနရင္းမွာပင္ နီယြန္မီးမ်ားဝင္ပူးခံထားရေသာ သူ၏ခႏၶာကိုယ္မွာ ကုတင္နားသို႔ေလွ်ာက္လွမ္းသြားကာ တေစၦသရဲတစ္ေကာင္ပမာ ပိုးသားခန္းဆီးလိုက္ကာစကို ေဖာက္ထြင္းျဖတ္သန္းသြားေလသည္။ ‘နီယြန္မီး’ သည္ကား ေနာက္ဆုံး၌ ရပ္တန႔္သြားၿပီး ေခါင္းကိုငုံ႕ကာ ကန႔္လန႔္ကာအတြင္း၌ရွိေနသည့္လူကို တိတ္တဆိတ္ၾကည့္ရႈလိုက္သည္။

႐ႊမ္းက်ီးသည္ကား သူ႕ကိုယ္ေပၚမွေရာင္ျပန္လင္းလက္ေနေသာ အလင္းေရာင္မ်ားေၾကာင့္ ကုတင္ေပၚ၌ရွိေနေသာလူကို ရွင္းရွင္းလင္းလင္းေတြ႕ျမင္လိုက္ရသည္။ ထိုသူသည္ကား ကုတင္ေပၚတြင္လဲေလ်ာင္းအိပ္စက္အနားယူေနၿပီး ထိုသို႔အိပ္စက္ေနခ်ိန္အတြင္းမွာပင္ စိတ္မသက္မသာျဖစ္ေနဟန္ျဖင့္ သူ႕မ်က္ခုံးမ်ားမွာ မ်က္ေမွာင္ၾကဳတ္ထားလ်က္ရွိေနသည္။ ေခ်ာေမာလွပေသာ႐ုပ္ရည္သြင္ျပင္ထက္မွာပင္ လူကိုဖိအားေပးၿခိမ္းေျခာက္လ်က္ရွိေသာ ရက္စက္ၾကမ္းၾကဳတ္သည့္အရိပ္အေယာင္မ်ားလည္းေပၚထြက္လို႔ေနသည္။

သူ အလန႔္တၾကားျဖစ္သြား၏__ဤနန္းေဆာင္၏အရွင္သခင္ျဖစ္သူသည္ကား ရွန႔္လင္ယြမ္း__ရွန႔္ေရွာင္းပင္တည္း!

ဒါျဖင့္ ဒီေနရာက ဒ႑ာရီထဲက ‘သုလင္ နန္းေတာ္’ လို႔ေခၚတဲ့ ေနရာမ်ားလား?

႐ႊမ္းက်ီးခမ်ာ သိခ်င္စိတ္ျပင္းျပလြန္းၿပီး ေပါက္ကြဲထြက္ေတာ့မေယာင္။ သို႔ေသာ္ ၎မွာ သူ႕ခႏၶာကိုယ္အတြင္း၌ပိတ္ေလွာင္အက်ဥ္းခ်ထားျခင္းကိုခံေနရရွာၿပီး ဘာရယ္ေၾကာင့္မွန္းမသိဘဲ ကုတင္ေဘးနားတြင္ ငူငူငိုင္ငိုင္ျဖင့္ဆက္လက္ရပ္ေနမိဆဲျဖစ္သည္။ သူက တုတ္တုတ္မွ်မလႈပ္ဘဲ ရွန႔္လင္ယြမ္းအား ေငးေမာၾကည့္ရႈေနမိသည္။ ဤသို႔ၾကည့္ရႈေနရင္းက အခ်ိန္မည္မွ်ၾကာသြားသည္မသိ၊ သူက ႐ုတ္တရက္ေရွ႕သို႔ ယိုင္တီးယိုင္တိုင္ျဖင့္တိုးေလွ်ာက္သြားသည္။ သူ႕ေက်ာကုန္းေပၚတြင္ အလြန္တရာေလးလံေသာဝန္ထုပ္ဝန္ပိုးမ်ားကိုထမ္းပိုးထားရသည့္ႏွယ္ ၎မွာ သူ႕ခႏၶာကိုယ္ကိုကိုင္းၫႊတ္လိုက္၏။ ထို႔ေနာက္ ဒယိမ္းဒယိုင္ျဖင့္ကုတင္စြန္းတြင္ဝင္ထိုင္လိုက္သည္။ သူႏွင့္ ဤအခန္းပိုင္ရွင္တို႔ၾကားအကြာအေဝးမွာ လက္ႏွစ္လုံးခန႔္သာလိုေတာ့သည္။ သူ႕လက္မ်ားမွာ ရွန႔္လင္ယြမ္း၏ဆံခ်ည္တစ္မွ်င္ကိုပင္ ဖိထားမိေနသည္။

႐ႊမ္းက်ီးတစ္ေယာက္ ေနာက္တစ္ႀကိမ္ အသက္ျပင္းျပင္းရႉသြင္းလိုက္သည္။ ထိုကဲ့သို႔တစ္စုံတစ္ေယာက္၏ခႏၶာကိုယ္ထဲသို႔ လူစားထိုးခံထားရသည့္ခံစားခ်က္မွာ အေတာ္ေလးကိုအားေကာင္းျပင္းထန္လွသည္ထင္၊ ၎မွာ ညႀကီးသန္းေခါင္အခ်ိန္၌ မဟုတ္တ႐ုတ္လုပ္ရပ္မ်ားကိုက်ဴးလြန္ေတာ့မည့္ ဤအစ္ကိုႀကီးအစား ရင္တထိတ္ထိတ္ျဖစ္လာကာ သူ႕ႏွလုံးအိမ္သည္ပင္ လည္ေခ်ာင္းအတြင္းသို႔ခုန္တက္လာသေယာင္။

ဒီတစ္ေယာက္က ဘယ္လိုျဖစ္ၿပီး ဒီေလာက္ေတာင္ အရွက္မရွိရတာလဲ?

ေနာက္တခဏအၾကာတြင္မူ သူ၏ေထာင္ေထာင္ေမာင္းေမာင္းခႏၶာကိုယ္ျဖင့္ထိုင္ခ်ထားသည္ေတာင္မွ ကုတင္မွာနိမ့္ဆင္းခ်ိဳင့္ဝင္သြားျခင္းမရွိေၾကာင္းကို သူသတိျပဳမိသြားသည္။ ကုတင္ပ်ဥ္ခ်ပ္မ်ားကပဲ မာေၾကာလြန္းတာလား သို႔မဟုတ္ အျခားအေၾကာင္းရင္းေၾကာင့္ပဲလားမသိ။ ရွန႔္လင္ယြမ္းထံမွလည္း မည္သည့္တုံ႕ျပန္မႈမွထြက္မလာပါေခ်။

ဤ ‘နီယြန္မီး’ သည္ကား တကယ့္သရဲတေစၦအစစ္တစ္ေကာင္လို၊ ေျခရာလက္ရာမရွိ၊ အေကာင္အထည္မရွိ၊ အေလးခ်ိန္ေတာင္မွရွိမေန။

ထိုအခိုက္ အဆိုပါ ‘နီယြန္မီး’ မွာ သက္ျပင္းတစ္ခ်က္ခ်လိဳက္ၿပီး ‘ယာ’ စကားျဖင့္ စကားတစ္ခြန္းခပ္တိုးတိုးေျပာဆိုလိုက္သည္ကို သူၾကားလိုက္ရသည္။

“ကြၽန္ေတာ္တို႔ ဒီေန႕ဒီအခ်ိန္မွာ ႏႈတ္ဆက္ခြဲခြာရေတာ့မယ္…
က်န္တဲ့ဘဝတစ္သက္တာလုံးမွာ ခင္ဗ်ားနဲ႕ ေနာက္တစ္ႀကိမ္ျပန္ေတြ႕ခြင့္မရမွာကိုပဲ ေၾကာက္႐ြံ႕မိပါတယ္”

ရွန႔္လင္ယြမ္းထံမွ မည္သည့္တုံ႕ျပန္မႈမ်ိဳးမွ ထြက္မလာပါေခ်။ ၎မွာ မ်က္ေမွာင္ကိုသာ ပို၍တင္းၾကပ္စြာၾကဳတ္ထားေနသည္။

႐ႊမ္းက်ီးတစ္ေယာက္ သူ၏ ‘ကိုယ္ပိုင္’ လက္မ်ားမွာ ထိန္းခ်ဳပ္လို႔မရဘဲ ေျမာက္တက္သြားသည္ကိုေတြ႕ျမင္လိုက္ရသည္။ ရဲရဲေတာက္ေနသည့္ မီးလွ်ံဝတ္႐ုံအတြင္းမွ လက္တစ္ဖက္သည္ကား အတုန္တုန္အယင္ယင္ျဖင့္ ေရွ႕သို႔ဆန႔္တန္းထြက္ေပၚလာ၏။ ထိုလက္မွာ ေလထုထဲတြင္ ေခတၱခဏမွ် တိုးလို႔တန္းလန္းျဖစ္ေနၿပီးေနာက္ ရွန႔္လင္ယြမ္း၏ပါးျပင္ေပၚသို႔ညင္သာစြာသက္ဆင္းသြားေလသည္။ ရတနာပစၥည္းတစ္ပါးကိုကိုင္တြယ္ေနသည့္ႏွယ္ အဆိုပါလက္မွာ သရဲတေစၦမ်ားကိုပင္ ဝမ္းနည္းေၾကကြဲသြားေစနိုင္ေသာ ရွန႔္လင္ယြမ္း၏မ်က္ႏွာျပင္ေလးအား ပြတ္သပ္ထိေတြ႕လို႔ေနသည္။

႐ႊမ္းက်ီးခမ်ာ တစ္ကိုယ္လုံးၾကက္သီးတျဖန္းျဖန္းထသြားရွာသည္။ ရွန႔္လင္ယြမ္းကေတာ့ လူေသေကာင္အလား ႏွစ္ၿခိဳက္စြာအိပ္ေမာက်ေနဆဲ။ သူ႕အား ဤကဲ့သို႔ပြတ္သီးပြတ္သပ္လုပ္ေနသည့္တိုင္ေအာင္ ယခုအခ်ိန္ထိ မည္သို႔မွတုံ႕ျပန္လာျခင္းမရွိေပ။

႐ႊမ္းက်ီးမွာ အေတာ္ေလးကိုစိတ္ကသိကေအာက္ျဖစ္သြားရွာၿပီး သူ၏ ‘နီယြန္မီးလက္’ ကို အေနာက္သို႔ျပန္ဆြဲယူရန္အစြမ္းကုန္ႀကိဳးစားလိုက္၏။ လက္က သူ႕အမိန႔္ကိုမနာခံသည့္အျပင္ အကၤ်ီလက္အတြင္းသို႔ျပန္ဝင္မသြား႐ုံသာမကဘဲ သူ႕ခႏၶာကိုယ္တစ္ခုလုံးကိုပါ အေရွ႕သို႔ဆြဲခ်လိဳက္ေလေတာ့သည္။

ေဟး….ျပန္လာခဲ့!

ခဏေလး! ဘာလုပ္တာလဲ! ဒါက ဘာလုပ္မလို႔လဲလို႔!

“လင္ယြမ္း…..”

အဆိုပါစကားလုံးႏွစ္လုံးမွာ ‘နီယြန္မီး၏လွ်ာဖ်ားေလး’ ထံမွ အသာအယာခုန္ေပါက္ထြက္က်လာသည္။

ထို႔ေနာက္တြင္မူ ႐ႊမ္းက်ီး၏စိတ္ထဲ၌ထြက္ေပၚလာသည့္ ‘ငါ့လခြမ္း’ ဟူေသာအသံက်ယ္ႀကီးႏွင့္အတူ သူ႕အိပ္မက္အတြင္း၌ သူ႕ကိုဝင္ပူးကပ္ေနေသာ အဆိုပါ ‘နီယြန္မီး’ သည္ကား ႏူးညံ့ညင္သာစြာ ကိုင္းရွိုင္းရိုက်ိဳးစြာျဖင့္ ဦးေခါင္းကိုငုံ႕လိုက္ကာ သူ႕ႏႈတ္ခမ္းမ်ားကို လူသားဧကရာဇ္ ပိရွ၏ေျခာက္ေသြ႕ျဖဴေလ်ာ္ေနေသာႏႈတ္ခမ္းလႊာမ်ားေပၚသို႔ ဖိကပ္လိုက္ေလေတာ့သည္။

5.10.21

Continue Reading

You'll Also Like

1.6M 291K 198
ဝိဉာဥ္ကူးေျပာင္းခဲ့ၿပီးေနာက္ ေသာက္တလြဲေတြ ျဖစ္ကုန္ၿပီ..! ... သူလုပ်ခဲ့မိသမျှထဲက အဆိုးဆုံးတစ်ခုကို ပြောပါဆိုရင် -'ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်' ဆိုတ...
3M 234K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023
263K 9.2K 61
ဒယ်ဒီဆိုတာ ကျွန်တော့်ဘဝရဲ့ အသက်သည်းညှာဆိုတာ ယုံထားပါ..။ START DATE -28,9,2023 END DATE -14,11,2023