We fell in love in October

By kismosmei

9.7K 1.1K 77

NI-KI don't try to run away from me - SN - [ NI-KI & Kim Sunoo ] More

Oct
Oct
October
Oct
October
This Oct is Different

October

1.2K 174 7
By kismosmei

"အဲ့ဒီတော့ ကျွန်တော်တို့ ဘာလုပ်ကြမလဲ"

နေဝင်ခံနီးစဲစဲဖြစ်နေသည့် အချိန်ဖြစ်သည့်
အတွက် လူရှင်းနေပြီး ပျံသန်းနေသည့် ဌက်လေးများကလဲ အိမ်ပြန်နေကြပြီဖြစ်သည်။ နီရဲနေသည့် လိမ္မော်ရောင် နေလုံးကြီးကလဲ ပင်လယ်ထဲ တစ်ဝက်ဝင်နေသည့် သယောင် ပေါ်နေသည်။သဲဖြူဖြူလေးတွေထဲ နှစ်ယောက်သား ဘေးချင်းကပ်လျက် လမ်းလျှောက်နေပြီး စကားတွေရှည်ရှည်ဝေးဝေးမပြောဖြစ်ခဲ့ကြပေ။

"ဘာမှမလုပ်ချင်ဘူး အိမ်ပြန်တော့မယ်"

"ရည်းစားက ပျော်စရာမကောင်းဘူးပဲ"

"တစ်ရက်တာ ရည်းစားလေးကလဲ ပျော်စရာမကောင်းပါဘူး"

"တစ်ရက်တာလို့ မသတ်မှတ်ထားဘူး"

ရုပ်တည်ဖြင့် ပြောနေသော ကောင်လေးသည် အတည် စိတ်ရင်းဖြင့် ပြောနေသည့်ပုံပေါ်သည်။ ဖြူဖွေးနေသည့် အသားအရောင်ပေါ်တွင် ထင်းနေသည့် မှဲ့နက်များအပြင် လေတိုက်ခတ်ရာထဲ လှုပ်ရှားနေသည့် ရွှေရောင်ဆံနွယ် ပိုင်ရှင် မျက်နှာကို စိုက်ကြည့်လိုက်သည်။ မဲနက်နေပြီး အရည်ရွှမ်းနေသည့် မျက်ဝန်းများသည် စိတ်ရင်းဖြစ်ကြောင်း ခန့်မှန်းမိသည်။

"ဒါဆို ငါကမင်းနဲ့ Octoberတစ်လလုံး တွဲရမှာလား"

ခနဲ့တာလဲ မဟုတ်သလို ထိတ်လန့်သွားတာလဲ မဟုတ်။ခုနက ဒီအတိုင်း နမ်းပြီးရင် ပြန်မတွေ့ရတော့မည့် လူလို့ သတ်မှတ်လိုက်သော်လည်း တစ်ဖက်လူက ပြုံးနေလျက် သူ့ကို တော်တော် မျှော်မှန်းထားသည့်
ပုံစံပေါ်လွင်နေသည်။

"အင်း ကျွန်တော်က ဒီတစ်လလုံး အနားမှာရှိနေပေးမယ် ဒီတစ်လလုံး ဘာကိစ္စပဲရှိရှိ ကျွန်တော် ထားမသွားပါဘူး"

ဒါဆို ဒီကောင်လေးက Octoberလကုန်ရင် သူ့အနားက ထွက်သွားမယ်နဲ့ တူတယ်...။ ဒါကိုတော့ ထုတ်မပြောခဲ့။

"အားနာပေမယ့် ငါလူတွေကိုမယုံဘူး"

"ပြီးတော့ ငါတို့အချင်းချင်း စသိတာ နာရီပိုင်းပဲ ရှိသေးတယ်"

"ဘာလို့ လူတွေကိုမယုံတာလဲ"

သူ့ကို မကြည့်နေပဲ သဲတွေထဲကို ကန်နေရင်း မေးသည်။

"လူတွေက လိမ်တယ် ကောင်းချင်ယောင်ဆောင်တယ်
ဟန်ဆောင်တယ် ထွက်သွားကြတယ် မထွက်သွားရင်တောင် အဖိုးမတန်တော့သလိုနဲ့ သူတို့မလိုတော့ရင် စွန့်ပစ်တယ် ပယ်တယ်"

"ငါမယုံဘူး ငါဘယ်သူ့ကိုမှမယုံဘူး ဘယ်သူ့ကိုမှလဲ သံယောဇဉ်မထားချင်ဘူး ငါရခဲ့တဲ့ သင်ခန်းစာတွေရော မြင်ခဲ့ရတာတွေရော အကုန် လူတွေကြောင့်ပဲ"

ပင်လယ်ကြီးကို ကြည့်နေရင်း ပထမဦးဆုံး သူစိမ်းတစ်ယောက်ကို ခံစားချက်တွေကို ထုတ်ပြောခဲ့တာမို့ အနည်းငယ် ပြုံးမိသွားသည်။ ကင်မ်ဆောနူ မွန်းကျပ်ခဲ့တာ များပြီပဲ။

"အများကြီး ပင်ပန်းခဲ့မှာပဲ"

"ဟမ်"

ပထမဆုံး ကြားဖူးတဲ့ ဒီလိုစကားမျိုး….။
လူတစ်ယောက်က ဒီလိုစကားမျိုးကို ပထမဆုံး ပြောခဲ့တယ်...။ နှစ်သိမ့်ပေးနေတာလား ၊ အားပေးနေတာလား ၊ လှောင်နေတာလား မသိပေမယ့် ရုတ်တရက် ဝဲတက်သွားသည့် မျက်ရည်တို့သည် သူ့ကို လှောင်နေသယောင်။

"ဆောနူက ငယ်ငယ်လေးနဲ့ ဒါမျိုးမကောင်းတာတွေ ကြုံခဲ့ရလို့"

"လူ့အသိုင်းအဝိုင်းကအဲ့လိုပါပဲ….သူများကို ဝေဖန်မယ် ကိုယ့်အလှည့်ကျ ဝေဖန်ခံရမှာကြောက်တယ်
ယုံကြည်ရတဲ့လူတွေက သစ္စာဖောက်တယ် သူငယ်ချင်းအချင်းချင်းလဲ သစ္စာဖောက်ပြီး စိမ်းသွားကြတယ်"

"သံယောဇဉ်တွေနဲ့ ရုန်းမထွက်နိုင်ကြတဲ့
လူတွေလဲရှိတယ် ရည်းစားကို ဖောက်ပြန်ကြတဲ့လူတွေလဲရှိတယ်"

သဲတွေထဲ သစ်ကိုင်း တစ်ချောင်းဖြင့် ဟိုရွှေ့ ဒီရွှေ့လုပ်နေပြီး လူကြီး ဆန်ဆန်စကားတို့ကို
ပြောသည်။ နေပါဦး သူ့ထက် အသက်ကြီးတာလား နီခီက ၊ ဒါတွေလဲ မတွေးဖြစ်တော့ ရုတ်တရက် ငြိမ်ကျသွားပြီး နီခီပြောတာတွေကို တွေးနေမိသည်။

"ဒါပေမယ့်သိလား တစ်ချို့လူတွေကတော့ တကယ်ယုံကြည်လို့ရပါတယ် ဥပမာ ကျွန်တော့်လိုလူပေါ့"

ရုတ်တရက် ဝမ်းနည်းသလို ခံစားချက်ကြီးလဲ ရုတ်ချင်းဆိုသလို ပျောက်ကွယ်သွားပြီး ဘာလဲဟ ဆိုပြီး ပိတ်ထိုးပစ်ချင်သွားသည်။

"စတာပါ ဆောနူကလဲ"

"မင်း ဘာရေးနေတာလဲ"

"Nephophile"

သဲတွေထဲ သစ်ကိုင်းထဲရေးထားတာ ဒီလောက်ထိလှတယ်ဆိုတော့ ဘယ်ဆိုးလို့လဲ။

"တိမ်တွေကို ချစ်တဲ့လူတွေကိုခေါ်တာလေ"

သူမသိမှာဆိုးလို့ အဓိပ္ပါယ်ကိုသေချာ ပြန်ရှင်းပြသေးသည်။

"ငါပြန်တော့မယ် နီခီ"

"ဆောနူ … ဒီရက်၃၀လုံး ကျွန်တော်တို့ ဖြည်းဖြည်းချင်း သွားရအောင် တစ်ယောက်အကြောင်း တစ်ယောက်
သိလာအောင် လုပ်ကြမယ် ဆောနူကို ပျော်အောင်လုပ်ပေးမယ်"

"ငါမင်းကို မယုံဘူး ယုံလာစရာ
အကြောင်းလဲမရှိဘူး"

"နောက်ဆိုယုံလာစေရမယ်"

"ဒါနဲ့လေ ဆောနူကအိမ်ကိုတကယ်ရော ပြန်ချင်လို့လား"

ဒီမေးခွန်းနှင့် ပတ်သက်ပြီး နီခီ့ကို ပြန်ချေပစရာ အဖြေမရှိ။ အိမ်ကို တကယ်ပြန်ချင်လား။ အဖြေကတော့ ဟင့်အင်း ။ အိမ်ကနေ ထွက်ပြေးချင်တာ။

•••

အိမ် ၊ သူများတွေအတွက် နွေးထွေးပြီး အနားယူစရာ နေရာလေး။ မိသားစုဆိုတာ တစ်ဦးကိုတစ်ဦး ဖေးမတယ် အားပေးတယ် ချစ်ခင်တယ်တဲ့။ ဒါဘယ်လို ခွေးစကားတွေလဲ။ တကယ်တမ်း မိသားစုဝင်ကပဲ ကိုယ့် ယုံကြည်မှုတွေ စိတ်အားထက်သန်မှုတွေကို အနီးကပ် ဖျက်ဆီးပစ်တာ...။ အိမ်ကနေ ထွက်ပြေးချင်တယ်…မွန်းကျပ်တယ်။

"ပြန်လာပြီလား အားနေ အလေလိုက်နေတာပဲ မင်းညီမနဲ့ တခြားစီ"

"ညစာစားမှာလား"

"ငါချက်ထားတာမစားပဲ ဘာလုပ်ဦးမှာလဲ နေရာတကာ လိုက်မွှေနေတာပဲ"

"မင်းကို စိတ်မချတာဒါတွေကြောင့်ပဲ ကင်မ်ဆောနူ"

စိတ်ပျက်တယ်..။ ဒါလေးအမေ ။ နားပူအောင် နောက်ကနေ ပြောတဲ့အပြင် သူဘာလုပ်ချင်လဲ၊  ဘာကို သဘောကျလဲ ၊ ဘာတွေ ဝါသနာပါလဲ ဘာဆိုဘာမှ မသိတဲ့ ဘုရားစူး အမေရင်း။ ပြီးတော့ ညီမ။ သူ့ထက် အရာရာ ကောင်းမွန်နေပေမယ့် တကယ်တမ်း သူ့လက်အောက်က ညီမ။ ဒါပေမယ့် ညီမဆိုသောတစ်ယောက်က...
အချစ်ခံရပြီး သူကျ အဲ့တစ်ယောက်ထက် သာနေပေမယ့် အချစ်မခံရပါလား။

" စာမေးပွဲမှာ အမှတ်ကောင်းကောင်းရခဲ့တယ်
မေမေ " ဟုပြောရင် " သူများကရော
ဘယ်လောက်ရလဲ "အရင်မေးတတ်ပြီး နှိုင်းယှဉ်တတ်သည့် မေမေသည် ညီမဆိုသော တစ်ယောက် စာမေးပွဲရလဒ်တွေကို ကြည့်ပြီး
" တော်ပါတယ် ဒီလောက်လုပ်နိုင်တာပဲ " ဟု ပြောလေ့ရှိသည်။

မုန်းတယ်...။ အကုန်လုံးကို မုန်းတယ်။ တစ်နေ့နေ့ကျရင် အကုန်လုံးကို သတ်ပစ်ပြီး ထောင်ထဲဝင်မယ်။ နားပူအောင်လုပ်လို့ မုန်းတယ်။ အချစ်မခံရလို့ မုန်းတယ်။ အသိအမှတ်မပြုခံရလို့ မုန်းတယ်….။

ရေချိုးပြီးနောက် အ်ိပ်ရာပေါ် ပစ်လှဲချလိုက်ပြီး နားကျပ်တပ်ကာ သီချင်းအကျယ်ကြီးကို ဖွင့်လိုက်သည်။ရေစိုနေသည့် ဆံပင်တို့ကို လျစ်လျူရှူထားလိုက်သည်။

မုန်းတယ် ၊ မုန်းလွန်းလို့ တစ်နေ့နေ့ကျ အကုန်လုံးကိုသတ်ပစ်မှာ...။

ထို့နောက် Social Mediaကို ဖွင့်လိုက်သည့်အခါ
သူငယ်ချင်းတွေ ပျော်ပါးနေသည့်ပုံတွေကို တွေ့ရသေးသည်။ ငါ့ကို ပယ်ထားပြီး ပျော်နေကြတာပဲ။သူငယ်ချင်းအပေါင်းအသင်းများလွန်းသည့် ဆောနူသည် တကယ်တမ်း သူငယ်ချင်းတွေထဲမှ ပယ်ခံထားရတာ ဘယ်သူမှမသိချေ။ ဘယ်သူငယ်ချင်းရဲ့ အရင်းနှီးဆုံး စာရင်းထဲမှ မပါသည့် အပြင် သူငယ်ချင်းတွေထဲတောင် အချစ်မခံရပေ။

နားကျပ်ဖြုတ်ကာ မျက်ရည်တွေ စိုစွတ်နေသည့် ခေါင်းအုံးအပြာလေးပေါ်တွင် ခေါင်းချလျက် မျက်လုံးတို့ကို ခပ်ဖွဖွမှိတ်လိုက်သည်။ ဒီနေ့လဲ တာဝန်ကျေခဲ့ပါတယ်လေ….။

အိပ်ခံနီးစဲစဲ ရုတ်တရက် အခန်းပြတင်းပေါက်မှ လူတစ်ယောက် ဝင်လာသံကြားတာကြောင့် မျက်လုံးတို့ကို အလန့်တကြား ပြန်ဖွင့်ကြည့်လိုက်တော့

"နီခီ!!!!"

"ဘာလာလုပ်တာလဲ"

ပြုံးစိစိဖြင့် ဆံနွယ်တွေကို သပ်တင်နေတာသည့် နီခီ။ နေပါဦး သူကဘာလာလုပ်တာလဲ ၊ အိမ်ကိုရော ဘယ်လိုသိတာလဲ။ဒါတွေလဲ မမေးဖြစ်တော့၊ ပင်ပန်းတာကြောင့် အိပ်စက်ချင်နေပြီဖြစ်သည်။

ဒါပေမယ့် တော်ပါသေးတယ်။ သူခိုး မဟုတ်တာပဲ တော်ပါသေးတယ်လေ….။

"ဆောနူအခန်းက လှသားပဲ"

အလင်းရောင် မှိန်မှိန်လေးထဲ အခန်းကို ဟိုကြည့် ဒီကြည့် လုပ်နေသည့် နီခီ့ကြောင့် ဒေါသထွက်သွားပြီး

"မကြိုက်ဘူး ထွက်သွား !!!"

"ဆံပင်တွေ ရေစိုနေတယ် မသုတ်ဖူးလား"

"ရေစိုနဲ့ အိပ်ရင် နေမကောင်းဖြစ်တတ်တယ်"

ရုတ်တရက် အနားပိုပို ကပ်လာပြီး ဆံနွယ်တွေကို သပ်တင်ပေးနေတာကြောင့်

"ထွက်သွား"

"နောက်နေ့ မလာဘူး ဒီနေ့ညပဲ"

"ကျွန်တော့်ဆောနူ ဝမ်းနည်းနေတာ မမြင်ချင်လို့"

ကျေးဇူးပြုပြီး ငါ့အပေါ် ဒီလိုမလုပ်ပါနဲ့။ ငါမင်းကို မယုံဘူး။ မင်းလဲ ထွက်သွားဦးမှာပဲ။
ညအမှောင်ထဲတောင် တောက်ပနေသည့် နို့နှစ်ရောင် အသားအရောင်ပိုင်ရှင် ကောင်လေးသည် သူ့အနားက ငွေရောင်ဆံနွယ်တွေဖြင့် ကောင်လေးအား မျက်ဝန်းမှ အရည်ကြည်များ ပြည့်နှက်လျက် အကြည့်ချင်း ထပ်တူကျနေမိသည်။

•••

Thanks For Reading , good night


Zawgyi

"အဲ့ဒီေတာ့ ကၽြန္ေတာ္တို႔ ဘာလုပ္ၾကမလဲ"

ေနဝင္ခံနီးစဲစဲျဖစ္ေနသည့္ အခ်ိန္ျဖစ္သည့္အတြက္ လူရွင္းေနၿပီး ပ်ံသန္းေနသည့္ ဌက္ေလးမ်ားကလဲ အိမ္ျပန္ေနၾကၿပီျဖစ္သည္။ နီရဲေနသည့္ လိေမၼာ္ေရာင္ ေနလံုးႀကီးကလဲ ပင္လယ္ထဲ တစ္ဝက္ဝင္ေနသည့္ သေယာင္ ေပၚေနသည္။သဲျဖဴျဖဴေလးေတြထဲ ႏွစ္ေယာက္သား ေဘးခ်င္းကပ္လ်က္ လမ္းေလၽွာက္ေနၿပီး စကားေတြရွည္ရွည္ေဝးေဝးမေျပာျဖစ္ခဲ့ၾကေပ။

"ဘာမွမလုပ္ခ်င္ဘူး အိမ္ျပန္ေတာ့မယ္"

"ရည္းစားက ေပ်ာ္စရာမေကာင္းဘူးပဲ"

"တစ္ရက္တာ ရည္းစားေလးကလဲ ေပ်ာ္စရာမေကာင္းပါဘူး"

"တစ္ရက္တာလို႔ မသတ္မွတ္ထားဘူး"

ရုပ္တည္ျဖင့္ ေျပာေနေသာ ေကာင္ေလးသည္ အတည္ စိတ္ရင္းျဖင့္ ေျပာေနသည့္ပံုေပၚသည္။ ျဖဴေဖြးေနသည့္ အသားအေရာင္ေပၚတြင္ ထင္းေနသည့္ မွဲ႔နက္မ်ားအျပင္ ေလတိုက္ခတ္ရာထဲ လႈပ္ရွားေနသည့္ ေရႊေရာင္ဆံႏြယ္ ပိုင္ရွင္ မ်က္ႏွာကို စိုက္ၾကည့္လိုက္သည္။ မဲနက္ေနၿပီး အရည္ရႊမ္းေနသည့္ မ်က္ဝန္းမ်ားသည္ စိတ္ရင္းျဖစ္ေၾကာင္း ခန္႔မွန္းမိသည္။

"ဒါဆို ငါကမင္းနဲ႔ Octoberတစ္လလံုး တြဲရမွာလား"

ခနဲ႔တာလဲ မဟုတ္သလို ထိတ္လန္႔သြားတာလဲ မဟုတ္။ခုနက ဒီအတိုင္း နမ္းၿပီးရင္ ျပန္မေတြ႕ရေတာ့မည့္ လူလို႔ သတ္မွတ္လိုက္ေသာ္လည္း တစ္ဖက္လူက ျပံဳးေနလ်က္ သူ႔ကို ေတာ္ေတာ္ ေမၽွာ္မွန္းထားသည့္
ပံုစံေပၚလြင္ေနသည္။

"အင္း ကၽြန္ေတာ္က ဒီတစ္လလံုး အနားမွာရွိေနေပးမယ္ ဒီတစ္လလံုး ဘာကိစၥပဲရွိရွိ ကၽြန္ေတာ္ ထားမသြားပါဘူး"

ဒါဆို ဒီေကာင္ေလးက Octoberလကုန္ရင္ သူ႔အနားက ထြက္သြားမယ္နဲ႔ တူတယ္...။ ဒါကိုေတာ့ ထုတ္မေျပာခဲ့။

"အားနာေပမယ့္ ငါလူေတြကိုမယံုဘူး"

"ၿပီးေတာ့ ငါတို႔အခ်င္းခ်င္း စသိတာ နာရီပိုင္းပဲ ရွိေသးတယ္"

"ဘာလို႔ လူေတြကိုမယံုတာလဲ"

သူ႔ကို မၾကည့္ေနပဲ သဲေတြထဲကို ကန္ေနရင္း ေမးသည္။

"လူေတြက လိမ္တယ္ ေကာင္းခ်င္ေယာင္ေဆာင္တယ္
ဟန္ေဆာင္တယ္ ထြက္သြားၾကတယ္ မထြက္သြားရင္ေတာင္ အဖိုးမတန္ေတာ့သလိုနဲ႔ သူတို႔မလိုေတာ့ရင္ စြန္႔ပစ္တယ္ ပယ္တယ္"

"ငါမယံုဘူး ငါဘယ္သူ႔ကိုမွမယံုဘူး ဘယ္သူ႔ကိုမွလဲ သံေယာဇဥ္မထားခ်င္ဘူး ငါရခဲ့တဲ့ သင္ခန္းစာေတြေရာ ျမင္ခဲ့ရတာေတြေရာ အကုန္ လူေတြေၾကာင့္ပဲ"

ပင္လယ္ႀကီးကို ၾကည့္ေနရင္း ပထမဦးဆံုး သူစိမ္းတစ္ေယာက္ကို ခံစားခ်က္ေတြကို ထုတ္ေျပာခဲ့တာမို႔ အနည္းငယ္ ျပံဳးမိသြားသည္။ ကင္မ္ေဆာႏူ မြန္းက်ပ္ခဲ့တာ မ်ားၿပီပဲ။

"အမ်ားႀကီး ပင္ပန္းခဲ့မွာပဲ"

"ဟမ္"

ပထမဆံုး ၾကားဖူးတဲ့ ဒီလိုစကားမ်ိဳး….။
လူတစ္ေယာက္က ဒီလိုစကားမ်ိဳးကို ပထမဆံုး ေျပာခဲ့တယ္...။ ႏွစ္သိမ့္ေပးေနတာလား ၊ အားေပးေနတာလား ၊ ေလွာင္ေနတာလား မသိေပမယ့္ ရုတ္တရက္ ဝဲတက္သြားသည့္ မ်က္ရည္တို႔သည္ သူ႔ကို ေလွာင္ေနသေယာင္။

"ေဆာႏူက ငယ္ငယ္ေလးနဲ႔ ဒါမ်ိဳးမေကာင္းတာေတြ ၾကံဳခဲ့ရလို႔"

"လူ႔အသိုင္းအဝိုင္းကအဲ့လိုပါပဲ….သူမ်ားကို ေဝဖန္မယ္ ကုိယ့္အလွည့္က် ေဝဖန္ခံရမွာေၾကာက္တယ္
ယံုၾကည္ရတဲ့လူေတြက သစၥာေဖာက္တယ္ သူငယ္ခ်င္းအခ်င္းခ်င္းလဲ သစၥာေဖာက္ၿပီး စိမ္းသြားၾကတယ္"

"သံေယာဇဥ္ေတြနဲ႔ ရုန္းမထြက္ႏိုင္ၾကတဲ့
လူေတြလဲရွွိတယ္ ရည္းစားကို ေဖာက္ျပန္ၾကတဲ့လူေတြလဲရွိတယ္"

သဲေတြထဲ သစ္ကိုင္း တစ္ေခ်ာင္းျဖင့္ ဟိုေရႊ႕ ဒီေရႊ႕လုပ္ေနၿပီး လူႀကီး ဆန္ဆန္စကားတို႔ကို
ေျပာသည္။ ေနပါဦး သူ႔ထက္ အသက္ႀကီးတာလား နီခီက ၊ ဒါေတြလဲ မေတြးျဖစ္ေတာ့ ရုတ္တရက္ ၿငိမ္က်သြားၿပီး နီခီေျပာတာေတြကို ေတြးေနမိသည္။

"ဒါေပမယ့္သိလား တစ္ခ်ိဳ႕လူေတြကေတာ့ တကယ္ယံုၾကည္လို႔ရပါတယ္ ဥပမာ ကၽြန္ေတာ့္လိုလူေပါ့"

ရုတ္တရက္ ဝမ္းနည္းသလို ခံစားခ်က္ႀကီးလဲ ရုတ္ခ်င္းဆိုသလို ေပ်ာက္ကြယ္သြားၿပီး ဘာလဲဟ ဆိုၿပီး ပိတ္ထိုးပစ္ခ်င္သြားသည္။

"စတာပါ ေဆာႏူကလဲ"

"မင္း ဘာေရးေနတာလဲ"

"Nephophile"

သဲေတြထဲ သစ္ကိုင္းထဲေရးထားတာ ဒီေလာက္ထိလွတယ္ဆိုေတာ့ ဘယ္ဆိုးလို႔လဲ။

"တိမ္ေတြကို ခ်စ္တဲ့လူေတြကိုေခၚတာေလ"

သူမသိမွာဆိုးလို႔ အဓိပၸါယ္ကိုေသခ်ာ ျပန္ရွင္းျပေသးသည္။

"ငါျပန္ေတာ့မယ္ နီခီ"

"ေဆာႏူ … ဒီရက္၃၀လံုး ကၽြန္ေတာ္တို႔ ျဖည္းျဖည္းခ်င္း သြားရေအာင္ တစ္ေယာက္အေၾကာင္း တစ္ေယာက္သိလာေအာင္ လုပ္ၾကမယ္ ေဆာႏူကို ေပ်ာ္ေအာင္လုပ္ေပးမယ္"

"ငါမင္းကို မယံုဘူး ယံုလာစရာအေၾကာင္းလဲမရွိဘူး"

"ေနာက္ဆိုယံုလာေစရမယ္"

"ဒါနဲ႔ေလ ေဆာႏူကအိမ္ကိုတကယ္ေရာ ျပန္ခ်င္လို႔လား"

ဒီေမးခြန္းႏွင့္ ပတ္သက္ၿပီး နီခီ့ကို ျပန္ေခ်ပစရာ အေျဖမရွိ။ အိမ္ကို တကယ္ျပန္ခ်င္လား။ အေျဖကေတာ့ ဟင့္အင္း ။ အိမ္ကေန ထြက္ေျပးခ်င္တာ။

•••

အိမ္ ၊ သူမ်ားေတြအတြက္ ေႏြးေထြးၿပီး အနားယူစရာ ေနရာေလး။ မိသားစုဆိုတာ တစ္ဦးကိုတစ္ဦး ေဖးမတယ္ အားေပးတယ္ ခ်စ္ခင္တယ္တဲ့။ ဒါဘယ္လို ေခြးစကားေတြလဲ။ တကယ္တမ္း မိသားစုဝင္ကပဲ ကုိယ့္ ယံုၾကည္မႈေတြ စိတ္အားထက္သန္မႈေတြကို အနီးကပ္ ဖ်က္ဆီးပစ္တာ...။ အိမ္ကေန ထြက္ေျပးခ်င္တယ္…
မြန္းက်ပ္တယ္။

"ျပန္လာၿပီလား အားေန အေလလိုက္ေနတာပဲ မင္းညီမနဲ႔ တျခားစီ"

"ညစာစားမွာလား"

"ငါခ်က္ထားတာမစားပဲ ဘာလုပ္ဦးမွာလဲ ေနရာတကာ လိုက္ေမႊေနတာပဲ"

"မင္းကို စိတ္မခ်တာဒါေတြေၾကာင့္ပဲ ကင္မ္ေဆာႏူ"

စိတ္ပ်က္တယ္..။ ဒါေလးအေမ ။ နားပူေအာင္ ေနာက္ကေန ေျပာတဲ့အျပင္ သူဘာလုပ္ခ်င္လဲ၊  ဘာကို သေဘာက်လဲ ၊ ဘာေတြ ဝါသနာပါလဲ ဘာဆိုဘာမွ မသိတဲ့ ဘုရားစူး အေမရင္း။ ၿပီးေတာ့ ညီမ။ သူ႔ထက္ အရာရာ ေကာင္းမြန္ေနေပမယ့္ တကယ္တမ္း သူ႔လက္ေအာက္က ညီမ။ ဒါေပမယ့္ ညီမဆိုေသာ တစ္ေယာက္က...အခ်စ္ခံရၿပီး သူက် အဲ့တစ္ေယာက္ထက္ သာေနေပမယ့္ အခ်စ္မခံရပါလား။

" စာေမးပြဲမွာ အမွတ္ေကာင္းေကာင္းရခဲ့တယ္
ေမေမ " ဟုေျပာရင္ " သူမ်ားကေရာ
ဘယ္ေလာက္ရလဲ "အရင္ေမးတတ္ၿပီး ႏွိုင္းယွဥ္တတ္သည့္ ေမေမသည္ ညီမဆိုေသာ တစ္ေယာက္ စာေမးပြဲရလဒ္ေတြကို ၾကည့္ၿပီး
" ေတာ္ပါတယ္ ဒီေလာက္လုပ္ႏိုင္တာပဲ " ဟု ေျပာေလ့ရွိသည္။

မုန္းတယ္...။ အကုန္လံုးကို မုန္းတယ္။ တစ္ေန႔ေန႔က်ရင္ အကုန္လံုးကို သတ္ပစ္ၿပီး ေထာင္ထဲဝင္မယ္။ နားပူေအာင္လုပ္လုိ႔ မုန္းတယ္။ အခ်စ္မခံရလို႔ မုန္းတယ္။ အသိအမွတ္မျပဳခံရလို႔ မုန္းတယ္….။

ေရခ်ိဳးၿပီးေနာက္ အိ္ပ္ရာေပၚ ပစ္လွဲခ်လိုက္ၿပီး နားက်ပ္တပ္ကာ သီခ်င္းအက်ယ္ႀကီးကို ဖြင့္လိုက္သည္။ေရစိုေနသည့္ ဆံပင္တို႔ကို လ်စ္လ်ဴရႉထားလိုက္သည္။

မုန္းတယ္ ၊ မုန္းလြန္းလို႔ တစ္ေန႔ေန႔က် အကုန္လံုးကိုသတ္ပစ္မွာ...။

ထို႔ေနာက္ Social Mediaကို ဖြင့္လိုက္သည့္အခါ
သူငယ္ခ်င္းေတြ ေပ်ာ္ပါးေနသည့္ပံုေတြကို ေတြ႕ရေသးသည္။ ငါ့ကို ပယ္ထားၿပီး ေပ်ာ္ေနၾကတာပဲ။သူငယ္ခ်င္းအေပါင္းအသင္းမ်ားလြန္းသည့္ ေဆာႏူသည္ တကယ္တမ္း သူငယ္ခ်င္းေတြထဲမွ ပယ္ခံထားရတာ ဘယ္သူမွမသိေခ်။ ဘယ္သူငယ္ခ်င္းရဲ႕ အရင္းႏွီးဆံုး စာရင္းထဲမွ မပါသည့္ အျပင္ သူငယ္ခ်င္းေတြထဲေတာင္ အခ်စ္မခံရေပ။

နားက်ပ္ျဖဳတ္ကာ မ်က္ရည္ေတြ စိုစြတ္ေနသည့္ ေခါင္းအံုးအျပာေလးေပၚတြင္ ေခါင္းခ်လ်က္ မ်က္လံုးတို႔ကို ခပ္ဖြဖြမွိတ္လိုက္သည္။ ဒီေန႔လဲ တာဝန္ေက်ခဲ့ပါတယ္ေလ….။

အိပ္ခံနီးစဲစဲ ရုတ္တရက္ အခန္းျပတင္းေပါက္မွ လူတစ္ေယာက္ ဝင္လာသံၾကားတာေၾကာင့္ မ်က္လံုးတို႔ကို အလန္႔တၾကား ျပန္ဖြင့္ၾကည့္လိုက္ေတာ့

"နီခီ!!!!"

" ဘာလာလုပ္တာလဲ"

ျပံဳးစိစိျဖင့္ ဆံႏြယ္ေတြကို သပ္တင္ေနတာသည့္ နီခီ။ ေနပါဦး သူကဘာလာလုပ္တာလဲ ၊ အိမ္ကိုေရာ ဘယ္လိုသိတာလဲ။ဒါေတြလဲ မေမးျဖစ္ေတာ့၊ ပင္ပန္းတာေၾကာင့္ အိပ္စက္ခ်င္ေနၿပီျဖစ္သည္။

ဒါေပမယ့္ ေတာ္ပါေသးတယ္။ သူခိုး မဟုတ္တာပဲ ေတာ္ပါေသးတယ္ေလ….။

"ေဆာႏူအခန္းက လွသားပဲ"

အလင္းေရာင္ မွိန္မွိန္ေလးထဲ အခန္းကို ဟိုၾကည့္ ဒီၾကည့္ လုပ္ေနသည့္ နီခီ့ေၾကာင့္ ေဒါသထြက္သြားၿပီး

"မႀကိဳက္ဘူး ထြက္သြား !!!"

"ဆံပင္ေတြ ေရစိုေနတယ္ မသုတ္ဖူးလား"

"ေရစိုနဲ႔ အိပ္ရင္ ေနမေကာင္းျဖစ္တတ္တယ္"

ရုတ္တရက္ အနားပိုပို ကပ္လာၿပီး ဆံႏြယ္ေတြကို သပ္တင္ေပးေနတာေၾကာင့္

"ထြက္သြား"

"ေနာက္ေန႔ မလာဘူး ဒီေန႔ညပဲ"

"ကၽြန္ေတာ့္ေဆာႏူ ဝမ္းနည္းေနတာ မျမင္ခ်င္လို႔"

ေက်းဇူးျပဳၿပီး ငါ့အေပၚ ဒီလိုမလုပ္ပါနဲ႔။ ငါမင္းကို မယံုဘူး။ မင္းလဲ ထြက္သြားဦးမွာပဲ။
ညအေမွာင္ထဲေတာင္ ေတာက္ပေနသည့္ ႏို႔ႏွစ္ေရာင္ အသားအေရာင္ပိုင္ရွင္ ေကာင္ေလးသည္ သူ႔အနားက ေငြေရာင္ဆံႏြယ္ေတြျဖင့္ ေကာင္ေလးအား မ်က္ဝန္းမွ အရည္ၾကည္္မ်ား ျပည့္ႏွက္လ်က္ အၾကည့္ခ်င္း ထပ္တူက်ေနမိသည္။

•••

Thanks For Reading , good night

Continue Reading

You'll Also Like

5.2K 182 16
join the journey of yua and taeyong to children. prequel & sequel of children. read children first! • swearing involved • sensitive topics • adult to...
185K 8.5K 106
In the vast and perilous world of One Piece, where the seas are teeming with pirates, marines, and untold mysteries, a young man is given a second ch...
794K 29.4K 97
𝐀 𝐒𝐌𝐀𝐋𝐋 𝐅𝐀𝐂𝐓: you are going to die. does this worry you? ❪ tua s1 ⎯⎯⎯ 4 ❫ © 𝙵𝙸𝚅𝙴𝙷𝚇𝚁𝙶𝚁𝙴𝙴𝚅𝙴𝚂...
1.1K 96 12
[𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱] 𝑤𝑒 𝑑𝑜𝑛'𝑡 𝑛𝑒𝑒𝑑 𝑛𝑜𝑡ℎ𝑖𝑛𝑔 𝑖𝑡'𝑠 𝑝𝑒𝑟𝑓𝑒𝑐𝑡 𝑒𝑛𝑜𝑢𝑔ℎ 𝑦𝑜𝑢 𝑎𝑛𝑑 𝑚𝑒 》a mini fiction #1 main: renmin lan...