[ Unicode ]
မျက်စိရှေ့မြင်နေရသည့်ရင်အုံကျယ်ကျယ်ကို လက်ညိုးလေးဖြင့် တတိတိတို့ရင်း Baekhyunတစ်ယောက် သဘောအကျကြီးကျနေမိသည်။ မနက်အစောကြီးနိုးလာခဲ့ပင်မဲ့လည်း ထူးထူးဆန်းဆန်းပြန်မှေးချင်စိတ်တောင်ရှိမနေ။ အရမ်းကိုမှ စိတ်ကြည်လင်နေသည်။
ခါးအားပွေ့ဖက်ထားသည့်လက်ဖျံတို့က သန်မာလွန်းသည်။ နောက်ပြီး ခိုလှုံနေရသည့်ရင်ခွင်ကျယ်ဟာလည်း နွေးထွေးလွန်းသည်။ ရင်ခွင်ထဲငြိမ်နေရာမှ ခေါင်းလေးအား အနည်းငယ်မော့ကြည့်မိတော့ အိပ်မောကျနေဆဲ မျက်နှာလေးကိုမြင်ရ၏။
Baekhyun အခုထိ သူ့အိမ်ထောင်ဦးစီးလေးရဲ့ ဆုံးဖြတ်ချက်ကို မယုံကြည်နိုင်သေးဘူး။ ဒီလိုမျိုးဆုံးဖြတ်ချက်ချဖို့ အများကြီးတွေးခဲ့ရမှာပဲ...။
အတွေးနဲ့အတူ ချစ်စိတ်ပိုကာ အချိုးကျကျတည်ရှိနေသည့်မေးချွန်ချွန်လေးအား လှမ်းနမ်းလိုက်မိသည်။ အဲ့ကတဆင့် လည်တိုင်ကျော့ကျော့ဆီ...။ တချက်ဖိကပ်နမ်းရုံလောက်လေးပါပဲ။
လည်တိုင်နှင့် ရင်ဘတ်တလျှောက်မှာ အရောင်ရင့်ရင့်အမှတ်အသားတွေက မြင်ဖူးနေကျဖြစ်ပင်မဲ့ ဘယ်တော့ဖြစ်ဖြစ်မရိုးသွားပဲ သူ့အားသဘောကျစိတ်ပိုစေသည်။
နောက်ပြီး... ဘယ်ဘက်ရင်အုံထက်က သွားရာလေး...။ Baekhyunလက်ညိုးလေးဖြင့်ထိကြည့်မိပြန်သည်။ အရာထင်သည်အထိကိုက်ထားမိခဲ့သောထိုအမာရွတ်က လွန်ခဲ့သောနှစ်နှစ်ခန့်လောက်ကတည်းကပင်။ "သူငယ်ချင်းတွေလာခေါ်လို့လိုက်သွားရမှာမို့ အိမ်ပြန်နောက်ကျမယ်။ မစောင့်ပဲ အိပ်နှင့်နော်"လို့ပြောပင်မဲ့၊ Baekhyunက မအိပ်ပဲထိုင်စောင့်နေခဲ့သည်။ ညသန်းခေါင်လောက်မှ ပြန်ရောက်လာတဲ့Chanyeolက အများကြီးတော့သောက်မလာ...။ ဒါပင်မဲ့လည်း အနည်းငယ်ဆိုးသွမ်းချင်လာတဲ့စိတ်ကလေးနဲ့Baekhyunက Chanyeolရဲ့ရင်ဘတ်ကို စိတ်ကောက်သည်ဆိုသည့်အကြောင်းပြချက်နှင့် ကိုက်ခဲခဲ့သည်။ Baekhyunစိတ်ကောက်ပြေဖို့အတွက် အသဲအသန်ချော့နေခဲ့သည့်Chanyeolကလည်း အံကြိတ်ကာသည်းခံပေးခဲ့သည်လေ။ အတော်ဆိုးသွမ်းမိခဲ့သည်ထင်...။ အခုထိ အမာရွတ်အဖြစ်ကျန်နေခဲ့၏။ ဒါပင်မဲ့ Chanyeolက အပြစ်မတင်သည့်အပြင် "မောင် သဘောကျတယ်"လို့ဆိုသည်။ အင်း... Baekhyunလည်း သဘောကျသည်။
ကြည့်နေရင်းမှ အသဲယားလာသည်ကြောင့် ထိုသွားရာလေးနေရာကိုပဲ Baekhyunလှမ်းကိုက်လိုက်မိပြန်သည်။ သွားယားနေသလိုမျိုး ခပ်ဖွဖွလေး တတိတိကိုက်နေမိတာပင်။ ဒီအကျင့်လည်း Chanyeolဆီကနေ ကူးလာတာထင်ပါရဲ့...။
"အွန်း... Baek.."
ခပ်ဖွဖွလေးကိုက်နေပင်မဲ့လည်း တချက်တော့အားပါသွားလို့ထင်သည်။ Chanyeolက အနည်းငယ်လှုပ်ရွရင်းနိုးလာကာ ရင်ခွင်ထဲက Baekhyunထံငုံ့ကြည့်လာလေ၏။ Baekhyunကတော့ ကိုက်ထားသည်ကို မလွတ်ပေးသေး...။
"မနက်စောစောစီးစီး ရင်ခွင်ထဲကို ခွေးပေါက်လေးတစ်ကောင်ရောက်နေတာပဲ"
နိုးနိုးချင်းမို့ Chanyeolရဲ့အသံသည် ပုံမှန်ထက်ပင် ဩရှရှနိုင်၏။ တချက်လောက်အားပါပါကိုက်ချပစ်ကာ လွှတ်ပေးလိုက်တော့... Chanyeolထံမှ နာကျင်သည့်အသံအစား ရယ်သံခပ်ဩဩလေးသာထွက်ကျလာသည်။
"ဘာတွေအလိုမကျဖြစ်နေသလဲ မောင့် Park Baekhyunလေး"
"ဟင့်အင်း... အသဲယားလို့ကိုက်တာ"
ရယ်ပြန်သည်။ သူ့ရဲ့မောင်က ရင့်ကျက်လာလို့ပဲလားမသိ... Baekhyunရဲ့ အမူအယာတွေ၊ အပြောအဆိုတွေ တခုချင်းဆီကို သဘောကျတဲ့အခါတိုင်း ခပ်တိုးတိုးရယ်တတ်လာသည်။ နဂိုအသံဩရှရှဟာ ခပ်တိုးတိုးရယ်သံနှင့်ရောသွားတိုင်း Baekhyunမှာ ဆယ်ကျော်သက်လေးလိုမျိုး ရင်ခုန်ရဆဲပင်။
"မောင်... အဆင်ပြေလား"
Baekhyunရဲ့အမေးကို ချက်ချင်းသဘောပေါက်သည့်Chanyeolက ပွေ့ဖက်မှုတွေကိုပိုတင်းကြပ်စေလာသည်။
"အင်း... သဘောကျရဲ့လား"
အမေးထဲတွင် စိုးရိမ်မှုတွေကိန်းအောင်းနေပြန်တာကို Baekhyunသတိထားမိသည်။ သူ့တုန်းကလည်း ဒီလိုပဲ စိုးရိမ်ခဲ့မိသည်လေ။
"မောင်မို့လို့ သဘောကျတယ် အရမ်း..."
ညကအကြောင်းပြန်တွေးမိတော့ ရင်ဘတ်ထဲကအကောင်က လှိုက်ခနဲခုန်သွားပြန်သည်။ အိမ်ထောင်သက် 6နှစ်နဲ့2ရက်ဖြစ်တဲ့အချိန်အထိ Park Chanyeolက လူကိုပြုစားနိုင်နေသေးတာ မလွန်လွန်းဘူးလား!
ရင်ခွင်ထဲက တဟိဟိအသံလေးထွက်လာသည်ကြောင့် Chanyeolငုံ့ကြည့်မိပြန်သည်။
"တအားသဘောကျနေတာလား"
Baekhyunသည် သူ့ခံစားချက်တွေကို မထိန်းလိုက်နိုင်စွာ...
"မောင်မို့လို့ အရမ်း အရမ်းကိုမှ သဘောကျပါတယ်ဆို ဟိ"
အဆုံးသတ်ဟာ ရယ်သံလေးနဲ့...။
"ပြသနာပဲကွာ...၊ Baekက အဲ့လောက်ထိ သဘောကျပြနေတော့... မောင်တော့ နောက်တကြိမ်ဆိုတာမျိုးတွေအထိ တွေးပေးမိတော့မယ်ထင်တယ်"
"နောက်တခါတော့ ငါခွင့်မပြုတော့ဘူးနော် မောင်"
"ဘာလို့လဲ၊ သဘောကျတယ်ဆို..."
"သဘောကျပင်မဲ့..."
စကားသံလေးက ရပ်သွားပြီးနောက် Chanyeolကိုမော့ကြည့်လာလေသည်။
"ဒီတကြိမ်နဲ့တင် လုံလောက်ပြီ...၊ မောင်က ငါ့ကိုအများကြီးအလေးနက်ထားပြီး မြတ်နိုးပေးတာသိပြီးပြီမို့.. အာ..အာ.. အရင်ကတည်းက သိခဲ့ပင်မဲ့ အခုက ပိုသိသွားတာ"
မော့ကြည့်ပြီးပြောရင်းကနေ Chanyeolရဲ့ခေါင်းလေးဆီ လက်လှမ်းလာတာကြောင့်...
"ရင်ခွင်ထဲလာပေးရလား"
Baekhyunက တက်တက်ကြွကြွပင်ခေါင်းငြိမ့်ပြလာသည်ေကြာင့် Chanyeolလည်း ခေါင်းအုံးအားအနည်းငယ် အောက်လျောကာ ခန္ဓာကိုယ်ပါ လျောချပြီး Baekhyunရင်ခွင်ထဲဝင်မိသည်။ ပွယောင်းယောင်းဆံပင်တွေထဲ လက်ထိုးထည့်ကာ ဆော့ကစားနေသည်မို့ ခါးသွယ်သွယ်လေးအား သိမ်းကြုံးဖက်ကာ ရင်ခွင်သေးသေးလေးထဲ မျက်လုံးလေးမှိတ်ရင်း ဇိမ်ခံနေလိုက်တော့သည်။ သူနဲ့ယှဉ်ရင်, ရင်ခွင်သေးသေးလေးဆိုပင်မဲ့ နွေးထွေးမှုအပြည့်ပေးနိုင်သည်မို့ Chanyeolသဘောကျသည်။
ယောကျာ်းလေးတွေက အသက်ကြီးလာရင် အများကြီးပြောင်းလဲသွားတတ်သည်လို့ စာအုပ်ထဲမှာဖတ်ဖူးခဲ့သည်။ အသက်10နှစ်နဲ့ အသက်20မှာကွာခြားသလိုပဲ၊ အသက်20နဲ့ အသက်30ကလည်း ကွာခြားလာနိုင်သည်တဲ့...။ တကယ်ပဲထင်ပါရဲ့။ အရင်နှစ်တွေက သူ့မျက်စိထဲ Park Baekhyunလေးက ကောင်လေးသေးသေးလေးလိုပဲ...၊ ဒီနှစ်တွေထဲတော့ အဲ့ကောင်လေးသေးသေးလေးက မျက်စိရှေ့တင် ပြောင်းလဲလာသလိုခံစားရသည်။ တခါတလေ Baekhyunရဲ့ တအားယောကျာ်းဆန်တဲ့ပုံစံမျိုးတွေမြင်ရရင် Chanyeolမှာ ငေးခနဲဖြစ်မိသည်အထိ။
လောလောလတ်လတ် ညက Park Baekhyunလေးရဲ့ ယောကျာ်းဆန်တဲ့ပုံရိပ်ကိုပြန်မြင်ယောင်မိတော့ Chanyeolသတိလက်လွတ်ပြုံးလိုက်မိပြန်၏။
"မောင့်အမျိုးသားလေးက အသက်36နှစ်ရှိပြီမို့ထင်တယ်...၊ နူးနူးညံ့ညံ့နဲ့ ရင်ခွင်ထဲသိမ်းထုတ်ထားချင်စရာလေးကနေ အခုဆို မောင်ကပြန်ပြီး အိမ်ထောင်ဦးစီးလို့ခေါ်ချင်တဲ့စိတ်တွေတောင်ပေါက်လာပြီ"
ရင်ခွင်ထဲရောက်လက်စနဲ့ တခါတည်းချွဲမိပြန်တော့...
"မောင်.. ငါ့အသက်ကိုထည့်ထည့်ပြောနေတာက တဖက်လှည့်နဲ့ အသက်ကြီးနေပြီနော်လို့ ပြောချင်နေတာတော့မဟုတ်ဘူးမလား"
Baekhyunဆီက မကျေမနပ်သံလေးက ထွက်လို့လာသည်။
"အာ... အဲ့တာလည်းပါတာပေါ့"
"သွား!! သွားလိုက်တော့!!
ရင်ခွင်ထဲလည်း မနေနဲ့!! အိမ်ထောင်ဦးစီးလည်းမဖြစ်ချင်ဘူး!! သွား!!"
ချက်ချင်းဆိုသလို Baekhyunက တွန်းထုတ်တော့သည်။
"ဟားဟား၊ ကျွန်တော်က နောက်တာပါ ကိုကိုရဲ့.."
တွန်းထုတ်နေသည့်Baekhyunရဲ့လက်တွေရပ်တန့်သွားတော့သည်။ အဲ့တာကို အခွင့်ကောင်းယူပြီး Chanyeolက ရင်ခွင်ထဲပြန်တိုးဝင်လာ၏။
"ဘယ်လိုခေါ်လိုက်တာလဲ"
"ဒီနေ့တော့ ထမင်းစားချိန်အထိအိပ်ရအောင်၊ ပင်ပန်းတယ်"
"မောင်လို့..."
"ပြန်အိပ်ကြမယ်"
"ပြန်ခေါ်ကြည့်၊ ပြန်ခေါ်ကြည့်"
"...."
Chanyeolက ရင်ခွင်ထဲအတင်းကို တိုးဝင်ကာ ပြန်အိပ်ဖို့ပြင်သည်။ တကယ်မအိပ်ချင်တော့ပဲနဲ့များ!
"မောင်ကကွာ...၊ ငါကသဘောကျသွားတဲ့ဟာကို..."
ပုံစံသည် Chanyeol, Baekhyunထံမှ "မောင်"ဆိုသည့်ခေါ်သံအားစကြားခဲ့စဉ်အခါကနှင့်ဆင်တူနေလေသည်။
"တခါပဲ၊ တခါပဲထပ်ခေါ်ပေး"
"အွန်း... ကိုကို"
Baekhyunသည် သဘောကျစွာ Chanyeolရဲ့ဆံပင်တွေကြားထဲငုံ့နမ်း၏။
"ကိုကို... ကျွန်တော်တို့ ရေအတူချိုးကြမလား"
မော့ကြည့်လာသည့်မျက်ဝန်းဝိုင်းဝိုင်းတို့က ခပ်မြူးမြူး။
"ရေချိုးရုံပဲလား"
"သေချာပေါက် မဟုတ်ဘူးပေါ့"
Baekhyunရဲ့ရယ်သံတို့က အိပ်ခန်းလေးထဲပျံ့နှံ့သွားလေသည်။
-- Still Yours --
Baekhyunက အခု အိပ်ယာထဲပြန်ရောက်နေရသည်။ ကုတင်ခေါင်းရင်းအားမှီထိုင်နေတဲ့Chanyeolရဲ့ ရင်ဘတ်ပေါ်ပါးလေးအပ်တင်ကာ မျက်နှာလေးက မအီမသာဖြင့်..။
ရေချိုးခန်းထဲ နာရီအတော်ကြာအချိန်ကုန်ခဲ့သည်လေ။ Baekhyunက Chanyeolရဲ့လည်တိုင်ကိုဖက်တွယ်ထားရသည်ကိုသဘောကျပင်မဲ့၊ Chanyeolကတော့ Baekhyunရဲ့လက်ကောက်ဝတ်နှစ်ဖက်လုံးကို Baekhyunရဲ့ခေါင်းရင်းဘက်ဆီမြှောက်တင်ကာ သူ့လက်တစ်ဖက်တည်းနှင့်ချုပ်ကိုင်ထားရသည်ကိုသဘောကျသည်။ အဲ့တာကြောင့် ရေချိုးခန်းထဲတွင် အချိန်တော်တော်ကြာ မြှောက်တင်ခံထားခဲ့ရသောလက်မောင်းတွေမှာလည်း ညောင်းကိုက်နေ၏။ အကုန်ပေါင်းလိုက်တဲ့အခါ Baekhyunတစ်ယောက် နေလို့မကောင်းတော့...။
နဖူးပြင်အား လက်ဖဝါးဖြင့်စမ်းကြည့်မိတော့ ကိုယ်ငွေ့နွေးနွေးကို ခံစားလိုက်ရသည်။
"အိုက်ဂူး... မောင့်အသည်းလေး မောင့်ကြောင့်နေမကောင်းဖြစ်နေရပြီ"
အပြောနဲ့အတူ ခန္ဓာကိုယ်လေးအား ရင်ခွင်ထဲေပွ့ဖက်မိသည်။ ဖက်ထားသည့်အတိုင်းလေး ငြိမ်ငြိမ်လေးနေနေတဲ့အကောင်လေးက Chanyeolရဲ့ရင်ခွင်ထဲမှာဆို သေးသေးကွေးကွေး...။ အသက်တွေကြီးလာလည်း Baekhyunက သူ့အတွက်မြတ်မြတ်နိုးနိုးနဲ့ ကာကွယ်ပေးချင်စရာလေးဖြစ်နေတုန်းပဲ။
နေထိုင်မကောင်းဖြစ်တဲ့အခါ အမေဖြစ်သူကိုသတိရတတ်တဲ့Baekhyunရဲ့စိတ်ကိုသိတာမို့ စကားမပြောပဲငြိမ်နေသည်ကို သူ့မှာစိတ်မဆိုးရက်။
"စောနက ပေါင်မုန့်ပဲစားထားတာမလား။
နေ့ခင်း ဘာစားချင်လဲ"
"ဟင့်အင်း"
"မောင်လုပ်ပေးမယ်လေ။ စားချင်တာတခုခုမရှိဘူးလား"
ခဏအကြာမှာ Baekhyunထံမှထွက်လာတဲ့အသံလေးက... "လက်လုပ်ခေါက်ဆွဲ"တဲ့။
"ကောင်းပြီဗျာ..."
"ခဏ.. ခဏနေမှလုပ်ပေး၊ ငါဒီတိုင်းလေးနေချင်သေးလို့"
Chanyeolပြုံးမိသည်။ ချစ်သူတွေဖြစ်ခါစက သူအတင်းလိုက်ကပ်ပြီး ဖက်တာ၊နမ်းတာလုပ်ရင်တောင် ရှောင်ဖယ်တတ်တဲ့အကောင်ပေါက်လေးပုံစံကို အခုထိသူမှတ်မိနေပါသေးသည်။ အခုရင်ခွင်ထဲက Park Baekhyunလေးနဲ့တခြားစီပင်။
"သားက ဒီနေ့ကျောင်းမသွားဘူးလား၊
မနေ့ကလည်း ခွင့်ယူလိုက်ရတာကို... ကျောင်းစတက်ရတာမှ ရက်ပိုင်းပဲရှိသေးတယ်၊ ပျက်ရက်တွေဆက်နေပြီ"
"မောင် မနေ့က Sehunတို့နဲ့ လွယ်အိတ်တွေပါ တခါတည်းထည့်ပေးလိုက်တာပါကွာ"
"အဲ့လိုဆိုရင် Park Chanyeolကအကွက်ကိုစိနေရောနော်..
Sehunတို့ကို မျက်နှာပူစရာကြီး"
အပြောနဲ့အတူ Chanyeolရဲ့ရင်ဘတ်ကိုလည်း လက်သီးဆုပ်ကလေးနဲ့ တချက်ထုရိုက်လာသေးသည်။
"Sehunတို့ကကိစ္စမရှိပါဘူး၊
မဟုတ်ရင် မျက်နှာပူရမယ့်လူက မောင်တို့သားလေးကိုဖြစ်သွားလိမ့်မယ်လေ"
ရယ်ကြဲကြဲနဲ့ပြောလာတဲ့Chanyeolကို Baekhyunမျက်စောင်းသာထိုးမိတော့သည်။
"အဲ့တော့ သားကဘယ်ချိန်ပြန်လာမှာလဲ"
"ညနေလောက်မှပြန်ရောက်မယ်ထင်တယ်၊ ဘာလို့လဲ၊ Sehunတို့ကို ဖုန်းဆက်ပြီး ကျောင်းဆင်းတာနဲ့ ပြန်လာပို့ခိုင်းလိုက်ရမလား"
"ဟင့်အင်း... မေးကြည့်တာ။
သားပြန်ရောက်လို့ ငါဖျားနေရင် အခန်းထဲဝင်လာရင် အဖျားကူးမှာစိုးလို့ မောင်ပဲခဏထိန်းပေးနော်"
Parkသားအဖနှစ်ယောက်ဆင်တူတာ အဲ့ဒီစိတ်ကလေးဖြစ်သည်။ Baekhyunနေမကောင်းဖြစ်တဲ့အခါ "သားလေး အဖျားကူးလိမ့်မယ်"ဆိုကာ စိတ်ပူတတ်ပြီး၊ Chaneunနေမကောင်းဖြစ်သည့်အခါ "အာပါးအဖျားကူးလိမ့်မယ်"ဆိုကာ အချင်းချင်းစိတ်ပူတတ်ကြတာပင်။ Chanyeolကတော့ တော်ရုံတန်ရုံမဖျားတတ်တဲ့လူမို့ သူ့အမျိုးသားလေးနဲ့ သားလေးနေမကောင်းဖြစ်တိုင်း ပင်တိုင်ပြုစုပေးရတဲ့လူပေါ့။
"အိုက်ဂူး... မောင့်အသည်းလေးမဖျားအောင် မောင်ကဂရုစိုက်ပေးမှာပေါ့၊
ထ.. မောင် ခေါက်ဆွဲသွားလုပ်ပေးမယ်၊ လန်းလန်းဆန်းဆန်းဖြစ်သွားအောင် အိပ်ယာထဲလှဲမနေပဲ မီးဖိုချောင်ထဲလိုက်စောင့်ပေး၊ ခေါက်ဆွဲစားပြီးရင် ဆေးတိုက်မယ်"
ညက သူပေးထားသည့် နီညိုရောင်ဆွယ်တာလေးကိုဝတ်ထားပြီး လက်မောင်းကနေဆွဲထူကာ တတွတ်တွတ်စကားတွေပြောနေတဲ့Chanyeolကို အဖိုးကြီးနဲ့တူတယ်လို့ Baekhyunစိတ်ထဲတွေးမိလိုက်တော့သည်။
-- Still Yours --
Baekhyunထိုင်နေရာကနေ သားဖြစ်သူကို မသိမသာလှမ်းကြည့်နေမိသည်။ တစ်ယောက်တည်းအိမ်ရှေ့ထွက်လာလိုက် အိမ်နောက်ဖေးဝင်သွားလိုက်ဖြင့် ဂနာမငြိမ်သည်မှာ တအားကိုသိသာနေသည်လေ။
"Park Chaneun! ငါ တအားတွေ မျက်စိနောက်နေပြီ"
Chaneunသည် Baekhyunရဲ့အသံကြောင့် တချက်တုန်တက်သွားရှာသည်။ နောက်တော့ မဝံ့မရဲလေးအနောက်ကိုလှည့်ကြည့်လာကာ သွားလေးဖြီးပြလာလေ၏။
"ဘာဖြစ်နေတာလဲ"
Chaneunသည် လှုပ်စိလှုပ်စိဖြင့် Baekhyunနားသို့ရောက်လာလေသည်။ ဆိုဖာခုံပေါ်တက်ဖို့အထိမမှီတာကြောင့် Baekhyunရဲ့ ခြေထောက်တစ်ဖက်ကိုသာဆွဲဖက်ပြီးလှုပ်ရမ်းနေလေရဲ့။
"နေပါဦး... ဒါက!
ဘာလိုချင်နေပြန်လို့လဲ"
"ဟီးဟီး"
ရယ်ပြလာပြန်သည်။ Park Chanyeolရဲ့သားက Park Chanyeolအတိုင်းပင်။ လိုချင်တာရှိရင် သိပ်ကိုမှမျက်နှာချိုသွေးတတ်လွန်းသည်။
"အာပါးနဲ့ပြောချင်ဘူး၊ ဒယ်ဒီ့ဆီခေါ်သွားပေး၊
ဒယ်ဒီ့ကို ပူဆာမို့"
အာပါးထက် ဒယ်ဒီကပိုပြီးသူ့ကိုအလိုလိုက်တာသိနေတဲ့Chaneunပါပဲ။
"ဘာမို့လို့လဲ"
"ဟင့်အင်း... အာပါးကိုပြောရင် ချန်အွန်းက ရလည်းမရပဲ အဆူခံရမှာ"
Baekhyunမှာ မျက်ခုံးတစ်ဖက်ကို လက်ညိုးလေးနဲ့ကုတ်ပြီး ဘာပြန်ပြောရမလဲမသိတော့။ ဒီကလေးတအားစကားတတ်လာလွန်းသည်မဟုတ်လား။
"အဲ့တာဆိုလည်း မင်းဒယ်ဒီလာမှပြော"
"ခုပြောချင်တာ... လိုက်ပို့"
နံရံကပ်နာရီအားလှမ်းကြည့်မိလိုက်တော့ မနက်10နာရီသာရှိသေးသည်။
"နော်..အာပါး ~
ဒယ်ဒီ့ဆီသွားပြီးရင် ချန်အွန်းတို့ ရှော့ပင်ထွက်ကြမယ်လေ"
အကျင့်ကလေးအတိုင်းမျက်ခုံးလေးပါပင့်ပြီး အဖော်စွယ်လာတဲ့ကလေးငယ်ကြောင့် Baekhyunရယ်ရင်း မြင်နေရသည့် ခေါင်းလုံးလုံးလေးမှဆံပင်တို့ကိုဆွဲဖွမိတော့သည်။ ဒီအတတ်ကလေးကို တခါတလေဆူချင်တာတောင် သူ့မှာမဆူရက်တွေဖြစ်နေရပြီ။
"အာပါး..ကိုးလ်?"
လက်ကလေးပါအစစ်ထောင်ပြလာသည်ကြောင့်...
"အိုခေ ~ ကိုလ်း!"
လက်ဖဝါးသေးသေးလေးဆီ Baekhyunရဲ့လက်ဖဝါးလေးက ပြေးကပ်လိုက်ရသည်။
-- Still Yours --
"ဒယ်ဒီ!!!"
သူ့ဒယ်ဒီရဲ့ရုံးခန်းရှေ့ရောက်တာနဲ့ အော်ခေါ်ပြီးပြေးဝင်သွားတဲ့Chaneunကို Baekhyunလှမ်းမဆွဲလိုက်နိုင်...။ အခန်းဝနားက တာဝန်ကျတဲ့ဝန်ထမ်းကောင်မလေးကလည်း အခက်တွေ့သွားတဲ့မျက်နှာလေးဖြင့်...
"ဟို.. အခန်းထဲမှာဧည့်သည်တွေ..."
Baekhyunမှာလည်းမအီမသာမျက်နှာလေးနဲ့သာ ခေါင်းတချက်ငြိမ့်ပြပြီး အခန်းထဲလိုက်ဝင်လိုက်ရတော့သည်။
တောင်းပန်စကားဆိုပြီး Chaneunကို အပြင်ခဏပြန်ခေါ်ထုတ်သွားရမယ်ဆိုတဲ့အတွေးနဲ့Baekhyunရဲ့ခြေလှမ်းတွေက Chaneunကို ပေါင်ပေါ်တင်ပြီး ဧည့်သည်တွေကိုစကားပြောနေတဲ့Chanyeolကိုတွေ့လိုက်တဲ့အခါမှာတော့ရပ်တန့်သွားရသည်။ ဆက်ပဲ ဝင်ရမလိုလို၊ ပြန်ပဲထွက်ရတော့မလိုလို။
"အော... Mr.Parkရဲ့ အမျိုးသားနဲ့သားလေးကတော့ ကုမ္မဏီကို အလည်လိုက်လာတာထင်တယ်"
Chanyeolရှေ့က အသက်ကြီးကြီးလူကြီးကပြောလာတော့ Baekhyunမှာ ပြုံးပြရင်းသာတုံ့ပြန်လိုက်ရသည်။ ဒီလိုမျိုးအသိုင်းအဝိုင်းနဲ့အခုထိသူနေသားမကျသေးဘူး။
"Baek... မောင့်ခုံမှာသွားထိုင်နေလည်းရတယ်"
Chanyeolရဲ့ရုံးခန်းထဲက မျက်နှာချင်းဆိုင်ဆိုဖာနှစ်လုံးမှာ လူလေးယောက်နဲ့တင်ပြည့်နေပြီမို့ Baekhyunကို အလုပ်စားပွဲကခုံဆီသွားထိုင်စေချင်ပုံရပါသည်။
အမှန်ဆို Baekhyunက Chanyeolကိုအနှောင့်ယှက်ပေးမိသလိုဖြစ်မှာစိုးရိမ်တာကြောင့် Chaneunကိုခေါ်ပြီး အပြင်ခဏထွက်နေပေးဖို့တွေးခဲ့တာ...။ ဒါပင်မဲ့ Chanyeolပေါင်ပေါ်ဇိမ်ကျနေတဲ့Chaneunက တစက်ကလေးမှတောင် သူ့ဒယ်ဒီပေါင်ပေါ်ကနေဆင်းချင်စိတ်မရှိတော့တဲ့ပုံပဲမို့ Baekhyunမှာလက်လျော့လိုက်ရပြီး Chanyeolထိုင်စေချင်တဲ့ခုံမှာသာသွားထိုင်နေလိုက်ရတော့သည်။
လုပ်ငန်းရှင်တွေကြားထဲ ကလေးတစ်ယောက်ပေါင်ပေါ်တင်ပြီး အလုပ်ကိစ္စဆွေးနွေးနေတဲ့Chanyeolက အဆင်ပြေနေတဲ့ရပင်မဲ့ Baekhyunကတော့အားနာနေရသည်။ တော်ရုံဆို ဒီလိုလုပ်ငန်းရှင်တွေက သူတို့ရဲ့အိမ်သူသက်ထားတွေရှေ့တောင် လုပ်ငန်းအကြောင်းတိုင်ပင်ပြောဆိုကြတာမဟုတ်ဘူးထင်တာပဲ...။ သူကျတော့ ဆွေးနွေးနေတဲ့ရုံးခန်းထဲထိရောက်နေရပြီး " CEO Chanyeol Park" ဆိုတဲ့ ဖန်တုံးလေးတင်ထားတဲ့ခုံမှာတောင် ဝင်ထိုင်နေရသည်လေ။
"Lilyကတော့ ကံကောင်းလွန်းတာပေါ့၊
ကျုပ်တောင် ဒီရှယ်ယာကိုကံကောင်းလို့ရလိုက်တာ၊ အားကျတယ်ဗျာ"
"Lilyဒီရှယ်ယာတွေကိုရသွားလို့သာ အသက်ရှင်နေရတာပါရှင်~ Dadက Lilyကို Mr.Parkတို့ဆီကရှယ်ယာတွေသာမယူနိုင်ခဲ့ရင် ဒီနိုင်ငံကိုပြန်မလာနဲ့၊ ဟန်မြစ်ထဲသာခုန်ချပြီးသတ်သေလိုက်ဆိုပြီးပြောထားတာရှင့်"
"ဟားဟား... Mr.Smithတို့များ စီးပွားရေးအတွက်ဆို အရမ်းတက်ကြွနေတော့တာပဲ"
တစွန်းတစကြားနေရတဲ့စကားတွေကိုနားထောင်ပြီး Baekhyunမျက်နှာလေးရှုံ့လိုက်မိသည်။ ဘာတွေကိုသဘောကျပြီးရယ်နေကြသလဲမသိ...။ Lilyဆိုတဲ့ကောင်မလေးက ဟိုတနေ့က Baekhyunတို့နဲ့တောင် ထမင်းအတူစားခဲ့တာမို့ စကားပြောရင်သက်တောင့်သက်သာပဲပြောတတ်တာတော့သတိထားမိခဲ့သည်။ ဒါပင်မဲ့ အဖေဖြစ်သူဆီကနေ ဒီလိုစကားမျိုးအပြောခံရတာကို ရယ်ရယ်မောမောပြန်ပြောပြနေနိုင်တာကတော့ Baekhyunအတွက်ထူးဆန်းလေသည်။ သူလည်းမိဘပါပဲ။ သားသမီးကို ဆူပူတာ၊ကျိန်းမောင်းတာမျိုးလုပ်ဖူးပင်မဲ့ အဲ့လိုစကားကြီးကတော့ မဟုတ်သေးပါဘူးလေ။ ဘေးကလူကြီးတွေကလည်း ဘာတွေသဘောကျပြီးလိုက်ရယ်သလဲ။ သူဖြင့် ဒီစီးပွားရေးသမားတွေရဲ့စိတ်ကို နားကိုမလည်နိုင်တော့ဘူး။
"Mr.Parkက လုပ်ငန်းရှင်ဆုကိုရတာ လေးနှစ်ဆက်တိုက်တောင်ရှိနေပြီ၊ ဘာလဲ ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင်အထိ ရည်မှန်းချက်ထားနေတာလားဗျ"
"အဟား... မဟုတ်တာဗျာ၊ ရည်မှန်းချက်ဆိုလို့ သက်ဆိုင်တဲ့သူလေးနှစ်ယောက် လက်ညိုးညွှန်ရာရွှေဖြစ်ပေးဖို့အတွက်ပဲ ဆန္ဒရှိပါတော့တယ်"
ကြားလိုက်ရသည့်Chanyeolရဲ့စကားေကြာင့် စားပွဲပေါ်တင်ထားတဲ့ မိသားစုသုံးယောက်ပုံလေးအားအကြောင်းမရှိကြည့်နေရင်းမှ Baekhyun မျက်နှာလေးပူသွားမိသည်။
"ဟုတ်သားပဲ၊ Mr.Parkရဲ့သားလေးမွေးပြီးတော့မှပဲ လုပ်ငန်းရှင်ဆုက လေးနှစ်ဆက်တိုက်ရတာဆိုတော့ တွေးကြည့်ရင် တကယ်ကိုကြိုးစားနေတာပဲ၊
ဒီသားလေးကလည်း လာဘ်ကောင်လေးထင်တယ်"
"သေချာပေါက်ပေါ့"
"ဒါဆို ကျုပ်တို့လည်း ပြန်ကြရအောင်၊
နောက်ရက်မှပဲ တစ်ဝိုင်းပေါ့"
"Mr.Park တာဝန်ယူပြီး တစ်ဝိုင်းနော်၊ အို... အမျိုးသားရှိတာကိုမေ့ပြီးပြောမိပြီ"
"ဟား... ရပါတယ်ဗျာ"
ပြန်ဖို့ပြန်နေကြတဲ့လူတွေကြောင့်Baekhyunမှာလည်း ထိုင်နေရာမှ လက်ကလေးနှစ်ဖက်ယှက်လို့ ထရပ်ရတော့သည်။
"Baekhyun shi... ပြန်လိုက်ဦးမယ်နော်၊
နောက်မှ ထပ်တွေ့ကြတာပေါ့"
"အာ... ဟုတ်.. ဟုတ်ကဲ့ပါဗျ"
ဧည့်သည်တွေပြန်သွားတော့မှ Baekhyunမှာလေးလေးပင်ပင်သက်ပြင်းကြီးကိုချကာ ခုံလေးပေါ်ပစ်ထိုင်လိုက်မိတော့သည်။ သူဒီနာရီဝက်ဆိုတဲ့အချိန်လေးမှာ စိတ်ထဲကျောက်တုံးကြီးဆွဲထားရသလိုဖြစ်နေခဲ့တာ...။
Chaneunက ဆိုဖာပေါ်တွင်သာထိုင်ပြီး Chanyeolကျွေးထားတဲ့ ကိတ်တွေကိုစားနေပြီး Chanyeolကတော့ Baekhyunအားပြုံးပြရင်း အနားသို့လျှောက်လာလေသည်။
"သက်ပြင်းတွေတောင်ချလို့"
နဖူးပေါ်ကဆံပင်လေးတွေကို လက်ညှိုးနဲ့သပ်တင်ပေးလာတဲ့Chanyeolကို Baekhyunမော့ကြည့်လိုက်ရင်း...
"မောင် ဒီလူတွေနဲ့စကားပြောရတာ မပင်ပန်းဘူးလားဟင်၊ ငါတော့ ကိုယ်တိုင်ဝင်မပြောရတာတောင် ဒီနားကထိုင်နားထောင်နေရရုံနဲ့တင် စိတ်မောချင်စရာကြီး"
"ဒီလောကမှာက ဒီလိုပဲ Park Baekhyunရဲ့...၊ အစစ်အမှန်ဆိုတာရှားတယ်။ အကုန်အတုအယောင်တွေချည်းပဲ။ ဒါပင်မဲ့လည်း မပင်ပန်းပါဘူး။ မောင့်မှာ ဒီအမောပြေလေးတွေရှိနေတာကို"
မနိုင်ဘူးဆိုသည့်အကြည့်ဖြင့်ကြည့်ကာ
ပါးကိုလာဆွဲနေသည့်လက်တွေကိုပုတ်ထုတ်ရင်း Baekhyunထိုင်နေရာမှဖယ်ပေးလိုက်တော့သည်။
"CEO Parkခင်ဗျ~ ကိုယ့်နေရာ ကိုယ်ထိုင်နိုင်ပါပြီခင်ဗျ"
အသံနေအသံထားကအစ ထိန်းပြီးပြောလာBaekhyunကြောင့် Chanyeolသဘောတကျရယ်မိသည်။
"ဟား...တကယ်ကို အသက်ရှည်ဆေးလေးပါပဲကွာ"
ရယ်သောသူအသက်ရှည်၏ဆိုတဲ့စကားအတိုင်းသာဆို Baekhyunကြောင့်နဲ့Chanyeolတော့ အသက်ရာကျော်တဲ့အထိနေရတော့မှာပဲ။
"မင်းကိုက အားတိုင်းရယ်နေတာပါနော်"
"huh... Baekလည်း မောင်နဲ့ရှိတဲ့အချိန်ဆို အမြဲလိုလိုရယ်နေတာပဲလေ"
စကားနိုင်လုပြီးမပြောချင်လို့ပဲလား၊ ပြန်ပြောစရာစကားမတွေ့တော့၍ပဲလားမသိ။ Baekhyunကမသိချင်ယောင်ဆောင်ပြီး သူ့သားလေး နားကိုရောက်သွားတော့သည်။
"အများကြီးမစားနဲ့လေ Chaneun၊
ခဏနေ ထမင်းစားရတော့မှာကို"
"နေ့လည်စာအတူစားဖို့ရောက်လာကြတာလား"
"အဲ့တာတော့ မင်းရဲ့သားကိုသာမေးတော့"
Baekhyunလည်း ထိုသားအဖနှစ်ယောက်ကြားထဲဝင်မပါဘူးဆိုသည့်ပုံစံနှင့် Chaneunရဲ့မျက်နှာခြင်းဆိုင်က ဆိုဖာခုံတွင်ဝင်ထိုင်လိုက်သည်။ Chanyeolကလည်း Chaneunရဲ့ဘေးတွင်ဝင်ထိုင်လာ၏။
"Chaneun na~ စားပြီးရင် လက်ကိုသေချာသုတ်လေ၊ ပုရွက်ဆိတ်တွေကိုက်မယ်"
Chanyeolကပြောလည်းပြော၊ လက်ကလည်း သားဖြစ်သူရဲ့လက်ပုစိလေးတွေကိုဆွဲယူပြီး တစ်ရှူးဖြင့်သုတ်ပေးလေသည်။
"ပြောပါဦး...၊ ဒယ့်ဒီဆီကိုရောက်လာရတဲ့အကြောင်းအရင်းလေး"
Chaneunကမပြောသေး..။ Baekhyunကိုတချက်လှမ်းကြည့်သည်။ Baekhyunကလည်း ဘာလဲဆိုတဲ့သဘောနဲ့မေးပင့်ပြလိုက်တော့မှ Chanyeolနားနားဆီတိုးတိုးလေးကပ်ပြောတော့သည်။
"အာ..."
Chanyeolက ခေါင်းတငြိမ့်ငြိမ့်လုပ်ကာ Chaneunကို မျက်စိတစ်ဖက်မှိတ်ပြ၏။
ဘာလဲ ဒီသားအဖနှစ်ယောက်က။ တကယ်ပဲ သူ့ကိုမျက်စိရှေ့ထားပြီး နှစ်ယောက်သားတိုးတိုးတိတ်တိတ်အပေးအယူမျှနေကြတာလား။
"ဘာလဲ။ Chaneunက ဘာပူဆာနေတာလဲ"
Baekhyunရဲ့ အမေးကို Chanyeolက မသိချင်ယောင်ဆောင်သည်။
"ဒယ်ဒီနောက်ရက်မှ အွန်လိုင်းကနေမှာပေးမယ်နော်"
"ဘာမို့လို့ အွန်လိုင်းကနေအထိမှာ,မှာလဲ"
ပြန်ဖြေသူမရှိ။
"ဟား... ဒီသားအဖနှစ်ယောက်က ငါ့ကိုတကယ် လူရာမသွင်းတော့တာပဲ"
တရားကျနေသောလေသံသည် Baekhyunထံမှဖြစ်သည်။
Baekhyunဘက်က အကဲပိုပြီးဖြစ်ပျက်ပြနေတာကိုသိတဲ့ Chanyeolက Baekhyunကို Chaneunနဲ့အတူ မသိချင်ယောင်သာဆောင်နေ၏။ အမြဲတမ်းလိုလို သားလေးနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်တွေမှာ Chanyeolကိုယုံယုံကြည်ကြည်နဲ့လွဲထားပေးတတ်တာသိနေတာကြောင့်လေ...။ ပြောရရင် Chanyeolဘက်က ကောင်းမယ်ထင်တာမျိုးစီစဉ်ပေးရင် ဝင်ပြီးကန့်ကွက်တာမျိုးမလုပ်တတ်တာပင်။
"ဒယ်ဒီ! အာပါးနဲ့သားနဲ့ ရှော့ပင်ထွက်ဖို့လည်းပြောထားတယ်"
"ဟုတ်လား... ဘယ်လိုလုပ်မလဲ Chaneun ah~ ဒယ်ဒီက ခဏနေအစည်းအဝေးရှိသေးတယ်"
"မင်းအစည်းအဝေးရှိရင် နေတော့လေ၊ ထွေထွေထူးထူးလည်း မရှိပါဘူး။ မင်းရဲ့သားက သူ့ဒယ်ဒီကိုပူဆာစရာရှိတယ်လိုက်ပို့ဆိုတာနဲ့ရောက်လာတာ"
Baekhyunက ဝင်ပြောတော့ Chaneunက မျက်နှာမဲ့သည်။
"အာပါးက ကိုးလ်လို့ပြောခဲ့တယ်မလား၊
ရှော့ပင်ထွက်ဖို့ကို ကိုးလ်လို့ပြောခဲ့တယ်လေ။
"ကဲပါ Baekရယ်... သားလေးသွားချင်ရင် လိုက်ပို့ပေးလိုက်ပါ"
သူ့Parkအသေးလေးနှစ်ယောက်ရဲ့ ရှော့ပင်ထွက်သည်ဆိုသောစကားမှာ စင်တာထဲလျှောက်ပတ်ကြည့်ပြီး မုန့်တွေဝယ်ရုံလောက်သာ။
"လူကြားထဲ လက်ဖြုတ်မပြေးဘူးလို့ ကတိပေးရင် လိုက်ပို့မယ်။ မင်းဒယ်ဒီမပါရင် ငါတစ်ယောက်တည်း မင်းကိုမနိုင်ဘူး"
"ဒါပေါ့~ ဒါပေါ့~ ချန်အွန်းက အာပါးရဲ့လက်ကိုသေချာဆွဲထားမှာပါ"
Baekhyunမှာ Chanyeolအကြီးကြီးကိုတင် မျက်စောင်းထိုးရသည်မဟုတ်၊ ဒီChanyeolအသေးစားလေးကိုလည်း မျက်စောင်းထိုးရသေးသည်။ တကယ်ပဲ တတ်လည်းတတ်နိုင်လွန်းသည့် Chanyeolအသေးစားလေးပဲ။
"မောင်... ငါ အိမ်ကနေ ဒီတိုင်းထွက်လာမိတာ။ ဖုန်းနဲ့ကားခပဲပါလာတယ်"
"အာ.. မောင့်ကဒ်ယူသွား၊ ခဏလေး"
Chanyeolသည် ထိုင်နေရာမှထကာ သူ့စားပွဲခုံဘေးက အကျီချိတ်သည့်တိုင်တွေချိတ်ထားသောအိတ်ကဒ်ထဲမှ ပိုက်ဆံကိုထုတ်ယူလာလေသည်။
"အိတ်လိုက်သာ ယူသွားလိုက်တော့ Baek၊
ကားသော့လည်းပါတယ်။ ကားငှားချင်ရင်ငှားသွား၊ မဟုတ်လည်း ကားယူသွားလိုက်"
ပိုက်ဆံအိတ်လိုက်ကြီးကမ်းပေးလာသည့် သူ့အိမ်ထောင်ဦးစီးလေးရဲ့အပြုအမူကိုကြည့်ပြီး Baekhyunမှာ ခိုးပြုံးမိသည်။ အရင်ကတော့ Chanyeolက ကဒ်ပေးတာကိုတောင် သူသိပ်ပြီးသဘောမကျခဲ့တာ...။ အခုတော့ ဆန့်ကျင်ဘက်နိုင်စွာ ထိုအပြုအမူကို အများကြီးသဘောကျနေမိပြီ။
Baekhyunကို Chanyeolကိုတိုင် ကားမောင်းသင်ပေးခဲ့တာကလည်း လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကပဲဖြစ်သည်။ သူရှိတယ်ဆိုပင်မဲ့ ယောကျာ်းလေးတစ်ယောက်က ကားမောင်းတတ်ဖို့လိုတယ်ဆိုတဲ့ စကားနဲ့အတူ သူကိုယ်တိုင်သင်ပေးခဲ့တာပင်။ ကိုယ်ပိုင်ကားတစ်စီးဝယ်ပေးဖို့ကိုတော့ Baekhyunက ငြင်းသည်။ ထွေထွေထူးထူးသွားစရာနေရာမရှိတာကြောင့် ကားတစ်စီးအပိုဝယ်ထားပြီး ဂိုထောင်ထဲဖုန်အတက်ခံရမှာ မကောင်းဘူးလေ။ နီးနီးနားနားသွားစရာရှိတိုင်း Chanyeolကလိုက်ပို့ရင်ပို့၊ မဟုတ်ရင် ကားငှားသွားနေကြပင်။
"ကားမောင်းသွားလိုက်မယ်။
စိတ်ချနော်၊ ရှေ့ဘော်ဒီလေးပဲထိအောင်မောင်းခဲ့မယ်"
"Baek! ပေါက်ကရတွေ!
ဂရုစိုက်မောင်းသွား၊ ကားကဖြစ်ချင်တာဖြစ်ခဲ့လို့ရတယ်၊ Baekတို့သာ အထိအခိုက်မဖြစ်စေနဲ့"
Baekhyunက ရယ်ကြဲကြဲနဲ့လှမ်းနောက်ပင်မဲ့ Chanyeolကတော့ မျက်မှောင်ကြီးကြုတ်ကာ မျက်နှာပျက်နေပြီဖြစ်သည်။
Chanyeolရဲ့ကားကို Baekhyunယူမောင်းတိုင်း ဒီလိုမျိုးပဲ စနောက်နေကြဖြစ်သည်။ Chanyeolကလည်း ကားဖြစ်ချင်တာဖြစ်ပါစေ၊ Baekhyunမထိခိုက်ရင်ပြီးရောဆိုတာချည်းပဲ။
"နောက်တာပါ... စိတ်ချ၊ စိတ်ချ"
"အွန်း... ဂရုစိုက်သွား၊
ပြီးရင် ဒီပဲပြန်လာမှာမို့လား"
Baekhyunသည် Chaneunကို လက်တစ်ဖက်ကဆွဲရင်း အခန်းထဲကထွက်ရန်ပြင်ပြီးမှ နောက်တချက်လှည့်ကြည့်လာပြန်ကာ...
"ဟင့်အင်း၊ မောင့်ရဲ့ပိုက်ဆံအိတ်တွေရော ကားရောယူပြီး အိမ်တန်းပြန်မှာ။
လမ်းလျှောက်ပြီးပြန်ခဲ့နော်... တာ့တာ"
"ဒယ်ဒီ တာ့တာ ~ "
"ဂရုစိုက်သွား"
လက်ကလေးပြကာ စနောက်ပြီးထွက်သွားကြတဲ့ Parkအသေးလေးနှစ်ယောက်ကို Chanyeolရန်လှမ်းတွေ့ရမယ့်အစား ရယ်ပြီးသာကျန်ခဲ့ရတော့သည်။
TBC ~~~
ဒီအကြောင်းကိုပဲ ခဏခဏပြောနေတယ်လို့မထင်ပါနဲ့~
နားလည်မှုလွဲနေတာလေးပြောပြချင်လို့ပါ။
မက်ကျူးဝါးအွန်မယ်ဆိုတာက အရိပ်ပြရုံလောက်လေးပါလို့~။ S2တုန်းကထက်ပိုပြီး အရိပ်တွေအများကြီးပါလာမှာမို့ စိတ်ခုသွားကြမှာစိုးရိမ်လို့ အသိပေးတဲ့အနေနဲ့ထည့်ပြောလိုက်တာပါ။
ရှေ့အပိုင်းတွေနဲ့ အပေါ်ပိုင်းမှာပါခဲ့သလိုမျိုး
အရိပ်လေးပဲ အရိပ်လေးပဲ ဟဲဟဲ👀
----------------------------------
[ Zawgyi ]
မ်က္စိေရွ႕ျမင္ေနရသည့္ရင္အုံက်ယ္က်ယ္ကို လက္ညိဳးေလးျဖင့္ တတိတိတို႔ရင္း Baekhyunတစ္ေယာက္ သေဘာအက်ႀကီးက်ေနမိသည္။ မနက္အေစာႀကီးႏိုးလာခဲ့ပင္မဲ့လည္း ထူးထူးဆန္းဆန္းျပန္ေမွးခ်င္စိတ္ေတာင္ရွိမေန။ အရမ္းကိုမွ စိတ္ၾကည္လင္ေနသည္။
ခါးအားေပြ႕ဖက္ထားသည့္လက္ဖ်ံတို႔က သန္မာလြန္းသည္။ ေနာက္ၿပီး ခိုလႈံေနရသည့္ရင္ခြင္က်ယ္ဟာလည္း ေႏြးေထြးလြန္းသည္။ ရင္ခြင္ထဲၿငိမ္ေနရာမွ ေခါင္းေလးအား အနည္းငယ္ေမာ့ၾကည့္မိေတာ့ အိပ္ေမာက်ေနဆဲ မ်က္ႏွာေလးကိုျမင္ရ၏။
Baekhyun အခုထိ သူ႔အိမ္ေထာင္ဦးစီးေလးရဲ႕ ဆုံးျဖတ္ခ်က္ကို မယုံၾကည္ႏိုင္ေသးဘူး။ ဒီလိုမ်ိဳးဆုံးျဖတ္ခ်က္ခ်ဖို႔ အမ်ားႀကီးေတြးခဲ့ရမွာပဲ...။
အေတြးနဲ႔အတူ ခ်စ္စိတ္ပိုကာ အခ်ိဳးက်က်တည္ရွိေနသည့္ေမးခြၽန္ခြၽန္ေလးအား လွမ္းနမ္းလိုက္မိသည္။ အဲ့ကတဆင့္ လည္တိုင္ေက်ာ့ေက်ာ့ဆီ...။ တခ်က္ဖိကပ္နမ္း႐ုံေလာက္ေလးပါပဲ။
လည္တိုင္ႏွင့္ ရင္ဘတ္တေလွ်ာက္မွာ အေရာင္ရင့္ရင့္အမွတ္အသားေတြက ျမင္ဖူးေနက်ျဖစ္ပင္မဲ့ ဘယ္ေတာ့ျဖစ္ျဖစ္မ႐ိုးသြားပဲ သူ႔အားသေဘာက်စိတ္ပိုေစသည္။
ေနာက္ၿပီး... ဘယ္ဘက္ရင္အုံထက္က သြားရာေလး...။ Baekhyunလက္ညိဳးေလးျဖင့္ထိၾကည့္မိျပန္သည္။ အရာထင္သည္အထိကိုက္ထားမိခဲ့ေသာထိုအမာ႐ြတ္က လြန္ခဲ့ေသာႏွစ္ႏွစ္ခန႔္ေလာက္ကတည္းကပင္။ "သူငယ္ခ်င္းေတြလာေခၚလို႔လိုက္သြားရမွာမို႔ အိမ္ျပန္ေနာက္က်မယ္။ မေစာင့္ပဲ အိပ္ႏွင့္ေနာ္"လို႔ေျပာပင္မဲ့၊ Baekhyunက မအိပ္ပဲထိုင္ေစာင့္ေနခဲ့သည္။ ညသန္းေခါင္ေလာက္မွ ျပန္ေရာက္လာတဲ့Chanyeolက အမ်ားႀကီးေတာ့ေသာက္မလာ...။ ဒါပင္မဲ့လည္း အနည္းငယ္ဆိုးသြမ္းခ်င္လာတဲ့စိတ္ကေလးနဲ႔Baekhyunက Chanyeolရဲ႕ရင္ဘတ္ကို စိတ္ေကာက္သည္ဆိုသည့္အေၾကာင္းျပခ်က္ႏွင့္ ကိုက္ခဲခဲ့သည္။ Baekhyunစိတ္ေကာက္ေျပဖို႔အတြက္ အသဲအသန္ေခ်ာ့ေနခဲ့သည့္Chanyeolကလည္း အံႀကိတ္ကာသည္းခံေပးခဲ့သည္ေလ။ အေတာ္ဆိုးသြမ္းမိခဲ့သည္ထင္...။ အခုထိ အမာ႐ြတ္အျဖစ္က်န္ေနခဲ့၏။ ဒါပင္မဲ့ Chanyeolက အျပစ္မတင္သည့္အျပင္ "ေမာင္ သေဘာက်တယ္"လို႔ဆိုသည္။ အင္း... Baekhyunလည္း သေဘာက်သည္။
ၾကည့္ေနရင္းမွ အသဲယားလာသည္ေၾကာင့္ ထိုသြားရာေလးေနရာကိုပဲ Baekhyunလွမ္းကိုက္လိုက္မိျပန္သည္။ သြားယားေနသလိုမ်ိဳး ခပ္ဖြဖြေလး တတိတိကိုက္ေနမိတာပင္။ ဒီအက်င့္လည္း Chanyeolဆီကေန ကူးလာတာထင္ပါရဲ႕...။
"အြန္း... Baek.."
ခပ္ဖြဖြေလးကိုက္ေနပင္မဲ့လည္း တခ်က္ေတာ့အားပါသြားလို႔ထင္သည္။ Chanyeolက အနည္းငယ္လႈပ္႐ြရင္းႏိုးလာကာ ရင္ခြင္ထဲက Baekhyunထံငုံ႔ၾကည့္လာေလ၏။ Baekhyunကေတာ့ ကိုက္ထားသည္ကို မလြတ္ေပးေသး...။
"မနက္ေစာေစာစီးစီး ရင္ခြင္ထဲကို ေခြးေပါက္ေလးတစ္ေကာင္ေရာက္ေနတာပဲ"
ႏိုးႏိုးခ်င္းမို႔ Chanyeolရဲ႕အသံသည္ ပုံမွန္ထက္ပင္ ဩရွရွႏိုင္၏။ တခ်က္ေလာက္အားပါပါကိုက္ခ်ပစ္ကာ လႊတ္ေပးလိုက္ေတာ့... Chanyeolထံမွ နာက်င္သည့္အသံအစား ရယ္သံခပ္ဩဩေလးသာထြက္က်လာသည္။
"ဘာေတြအလိုမက်ျဖစ္ေနသလဲ ေမာင့္ Park Baekhyunေလး"
"ဟင့္အင္း... အသဲယားလို႔ကိုက္တာ"
ရယ္ျပန္သည္။ သူ႔ရဲ႕ေမာင္က ရင့္က်က္လာလို႔ပဲလားမသိ... Baekhyunရဲ႕ အမူအယာေတြ၊ အေျပာအဆိုေတြ တခုခ်င္းဆီကို သေဘာက်တဲ့အခါတိုင္း ခပ္တိုးတိုးရယ္တတ္လာသည္။ နဂိုအသံဩရွရွဟာ ခပ္တိုးတိုးရယ္သံႏွင့္ေရာသြားတိုင္း Baekhyunမွာ ဆယ္ေက်ာ္သက္ေလးလိုမ်ိဳး ရင္ခုန္ရဆဲပင္။
"ေမာင္... အဆင္ေျပလား"
Baekhyunရဲ႕အေမးကို ခ်က္ခ်င္းသေဘာေပါက္သည့္Chanyeolက ေပြ႕ဖက္မႈေတြကိုပိုတင္းၾကပ္ေစလာသည္။
"အင္း... သေဘာက်ရဲ႕လား"
အေမးထဲတြင္ စိုးရိမ္မႈေတြကိန္းေအာင္းေနျပန္တာကို Baekhyunသတိထားမိသည္။ သူ႔တုန္းကလည္း ဒီလိုပဲ စိုးရိမ္ခဲ့မိသည္ေလ။
"ေမာင္မို႔လို႔ သေဘာက်တယ္ အရမ္း..."
ညကအေၾကာင္းျပန္ေတြးမိေတာ့ ရင္ဘတ္ထဲကအေကာင္က လႈိက္ခနဲခုန္သြားျပန္သည္။ အိမ္ေထာင္သက္ 6ႏွစ္နဲ႔2ရက္ျဖစ္တဲ့အခ်ိန္အထိ Park Chanyeolက လူကိုျပဳစားႏိုင္ေနေသးတာ မလြန္လြန္းဘူးလား!
ရင္ခြင္ထဲက တဟိဟိအသံေလးထြက္လာသည္ေၾကာင့္ Chanyeolငုံ႔ၾကည့္မိျပန္သည္။
"တအားသေဘာက်ေနတာလား"
Baekhyunသည္ သူ႔ခံစားခ်က္ေတြကို မထိန္းလိုက္ႏိုင္စြာ...
"ေမာင္မို႔လို႔ အရမ္း အရမ္းကိုမွ သေဘာက်ပါတယ္ဆို ဟိ"
အဆုံးသတ္ဟာ ရယ္သံေလးနဲ႔...။
"ျပသနာပဲကြာ...၊ Baekက အဲ့ေလာက္ထိ သေဘာက်ျပေနေတာ့... ေမာင္ေတာ့ ေနာက္တႀကိမ္ဆိုတာမ်ိဳးေတြအထိ ေတြးေပးမိေတာ့မယ္ထင္တယ္"
"ေနာက္တခါေတာ့ ငါခြင့္မျပဳေတာ့ဘူးေနာ္ ေမာင္"
"ဘာလို႔လဲ၊ သေဘာက်တယ္ဆို..."
"သေဘာက်ပင္မဲ့..."
စကားသံေလးက ရပ္သြားၿပီးေနာက္ Chanyeolကိုေမာ့ၾကည့္လာေလသည္။
"ဒီတႀကိမ္နဲ႔တင္ လုံေလာက္ၿပီ...၊ ေမာင္က ငါ့ကိုအမ်ားႀကီးအေလးနက္ထားၿပီး ျမတ္ႏိုးေပးတာသိၿပီးၿပီမို႔.. အာ..အာ.. အရင္ကတည္းက သိခဲ့ပင္မဲ့ အခုက ပိုသိသြားတာ"
ေမာ့ၾကည့္ၿပီးေျပာရင္းကေန Chanyeolရဲ႕ေခါင္းေလးဆီ လက္လွမ္းလာတာေၾကာင့္...
"ရင္ခြင္ထဲလာေပးရလား"
Baekhyunက တက္တက္ႂကြႂကြပင္ေခါင္းၿငိမ့္ျပလာသည္ေၾကာင့္ Chanyeolလည္း ေခါင္းအုံးအားအနည္းငယ္ ေအာက္ေလ်ာကာ ခႏၶာကိုယ္ပါ ေလ်ာခ်ၿပီး Baekhyunရင္ခြင္ထဲဝင္မိသည္။ ပြေယာင္းေယာင္းဆံပင္ေတြထဲ လက္ထိုးထည့္ကာ ေဆာ့ကစားေနသည္မို႔ ခါးသြယ္သြယ္ေလးအား သိမ္းႀကဳံးဖက္ကာ ရင္ခြင္ေသးေသးေလးထဲ မ်က္လုံးေလးမွိတ္ရင္း ဇိမ္ခံေနလိုက္ေတာ့သည္။ သူနဲ႔ယွဥ္ရင္, ရင္ခြင္ေသးေသးေလးဆိုပင္မဲ့ ေႏြးေထြးမႈအျပည့္ေပးႏိုင္သည္မို႔ Chanyeolသေဘာက်သည္။
ေယာက်ာ္းေလးေတြက အသက္ႀကီးလာရင္ အမ်ားႀကီးေျပာင္းလဲသြားတတ္သည္လို႔ စာအုပ္ထဲမွာဖတ္ဖူးခဲ့သည္။ အသက္10ႏွစ္နဲ႔ အသက္20မွာကြာျခားသလိုပဲ၊ အသက္20နဲ႔ အသက္30ကလည္း ကြာျခားလာႏိုင္သည္တဲ့...။ တကယ္ပဲထင္ပါရဲ႕။ အရင္ႏွစ္ေတြက သူ႔မ်က္စိထဲ Park Baekhyunေလးက ေကာင္ေလးေသးေသးေလးလိုပဲ...၊ ဒီႏွစ္ေတြထဲေတာ့ အဲ့ေကာင္ေလးေသးေသးေလးက မ်က္စိေရွ႕တင္ ေျပာင္းလဲလာသလိုခံစားရသည္။ တခါတေလ Baekhyunရဲ႕ တအားေယာက်ာ္းဆန္တဲ့ပုံစံမ်ိဳးေတြျမင္ရရင္ Chanyeolမွာ ေငးခနဲျဖစ္မိသည္အထိ။
ေလာေလာလတ္လတ္ ညက Park Baekhyunေလးရဲ႕ ေယာက်ာ္းဆန္တဲ့ပုံရိပ္ကိုျပန္ျမင္ေယာင္မိေတာ့ Chanyeolသတိလက္လြတ္ၿပဳံးလိုက္မိျပန္၏။
"ေမာင့္အမ်ိဳးသားေလးက အသက္36ႏွစ္ရွိၿပီမို႔ထင္တယ္...၊ ႏူးႏူးညံ့ညံ့နဲ႔ ရင္ခြင္ထဲသိမ္းထုတ္ထားခ်င္စရာေလးကေန အခုဆို ေမာင္ကျပန္ၿပီး အိမ္ေထာင္ဦးစီးလို႔ေခၚခ်င္တဲ့စိတ္ေတြေတာင္ေပါက္လာၿပီ"
ရင္ခြင္ထဲေရာက္လက္စနဲ႔ တခါတည္းခြၽဲမိျပန္ေတာ့...
"ေမာင္.. ငါ့အသက္ကိုထည့္ထည့္ေျပာေနတာက တဖက္လွည့္နဲ႔ အသက္ႀကီးေနၿပီေနာ္လို႔ ေျပာခ်င္ေနတာေတာ့မဟုတ္ဘူးမလား"
Baekhyunဆီက မေက်မနပ္သံေလးက ထြက္လို႔လာသည္။
"အာ... အဲ့တာလည္းပါတာေပါ့"
"သြား!! သြားလိုက္ေတာ့!!
ရင္ခြင္ထဲလည္း မေနနဲ႔!! အိမ္ေထာင္ဦးစီးလည္းမျဖစ္ခ်င္ဘူး!! သြား!!"
ခ်က္ခ်င္းဆိုသလို Baekhyunက တြန္းထုတ္ေတာ့သည္။
"ဟားဟား၊ ကြၽန္ေတာ္က ေနာက္တာပါ ကိုကိုရဲ႕.."
တြန္းထုတ္ေနသည့္Baekhyunရဲ႕လက္ေတြရပ္တန႔္သြားေတာ့သည္။ အဲ့တာကို အခြင့္ေကာင္းယူၿပီး Chanyeolက ရင္ခြင္ထဲျပန္တိုးဝင္လာ၏။
"ဘယ္လိုေခၚလိုက္တာလဲ"
"ဒီေန႔ေတာ့ ထမင္းစားခ်ိန္အထိအိပ္ရေအာင္၊ ပင္ပန္းတယ္"
"ေမာင္လို႔..."
"ျပန္အိပ္ၾကမယ္"
"ျပန္ေခၚၾကည့္၊ ျပန္ေခၚၾကည့္"
"...."
Chanyeolက ရင္ခြင္ထဲအတင္းကို တိုးဝင္ကာ ျပန္အိပ္ဖို႔ျပင္သည္။ တကယ္မအိပ္ခ်င္ေတာ့ပဲနဲ႔မ်ား!
"ေမာင္ကကြာ...၊ ငါကသေဘာက်သြားတဲ့ဟာကို..."
ပုံစံသည္ Chanyeol, Baekhyunထံမွ "ေမာင္"ဆိုသည့္ေခၚသံအားစၾကားခဲ့စဥ္အခါကႏွင့္ဆင္တူေနေလသည္။
"တခါပဲ၊ တခါပဲထပ္ေခၚေပး"
"အြန္း... ကိုကို"
Baekhyunသည္ သေဘာက်စြာ Chanyeolရဲ႕ဆံပင္ေတြၾကားထဲငုံ႔နမ္း၏။
"ကိုကို... ကြၽန္ေတာ္တို႔ ေရအတူခ်ိဳးၾကမလား"
ေမာ့ၾကည့္လာသည့္မ်က္ဝန္းဝိုင္းဝိုင္းတို႔က ခပ္ျမဴးျမဴး။
"ေရခ်ိဳး႐ုံပဲလား"
"ေသခ်ာေပါက္ မဟုတ္ဘူးေပါ့"
Baekhyunရဲ႕ရယ္သံတို႔က အိပ္ခန္းေလးထဲပ်ံ႕ႏွံ႔သြားေလသည္။
-- Still Yours --
Baekhyunက အခု အိပ္ယာထဲျပန္ေရာက္ေနရသည္။ ကုတင္ေခါင္းရင္းအားမွီထိုင္ေနတဲ့Chanyeolရဲ႕ ရင္ဘတ္ေပၚပါးေလးအပ္တင္ကာ မ်က္ႏွာေလးက မအီမသာျဖင့္..။
ေရခ်ိဳးခန္းထဲ နာရီအေတာ္ၾကာအခ်ိန္ကုန္ခဲ့သည္ေလ။ Baekhyunက Chanyeolရဲ႕လည္တိုင္ကိုဖက္တြယ္ထားရသည္ကိုသေဘာက်ပင္မဲ့၊ Chanyeolကေတာ့ Baekhyunရဲ႕လက္ေကာက္ဝတ္ႏွစ္ဖက္လုံးကို Baekhyunရဲ႕ေခါင္းရင္းဘက္ဆီေျမႇာက္တင္ကာ သူ႔လက္တစ္ဖက္တည္းႏွင့္ခ်ဳပ္ကိုင္ထားရသည္ကိုသေဘာက်သည္။ အဲ့တာေၾကာင့္ ေရခ်ိဳးခန္းထဲတြင္ အခ်ိန္ေတာ္ေတာ္ၾကာ ေျမႇာက္တင္ခံထားခဲ့ရေသာလက္ေမာင္းေတြမွာလည္း ေညာင္းကိုက္ေန၏။ အကုန္ေပါင္းလိုက္တဲ့အခါ Baekhyunတစ္ေယာက္ ေနလို႔မေကာင္းေတာ့...။
နဖူးျပင္အား လက္ဖဝါးျဖင့္စမ္းၾကည့္မိေတာ့ ကိုယ္ေငြ႕ေႏြးေႏြးကို ခံစားလိုက္ရသည္။
"အိုက္ဂူး... ေမာင့္အသည္းေလး ေမာင့္ေၾကာင့္ေနမေကာင္းျဖစ္ေနရၿပီ"
အေျပာနဲ႔အတူ ခႏၶာကိုယ္ေလးအား ရင္ခြင္ထဲေပြ႕ဖက္မိသည္။ ဖက္ထားသည့္အတိုင္းေလး ၿငိမ္ၿငိမ္ေလးေနေနတဲ့အေကာင္ေလးက Chanyeolရဲ႕ရင္ခြင္ထဲမွာဆို ေသးေသးေကြးေကြး...။ အသက္ေတြႀကီးလာလည္း Baekhyunက သူ႔အတြက္ျမတ္ျမတ္ႏိုးႏိုးနဲ႔ ကာကြယ္ေပးခ်င္စရာေလးျဖစ္ေနတုန္းပဲ။
ေနထိုင္မေကာင္းျဖစ္တဲ့အခါ အေမျဖစ္သူကိုသတိရတတ္တဲ့Baekhyunရဲ႕စိတ္ကိုသိတာမို႔ စကားမေျပာပဲၿငိမ္ေနသည္ကို သူ႔မွာစိတ္မဆိုးရက္။
"ေစာနက ေပါင္မုန႔္ပဲစားထားတာမလား။
ေန႔ခင္း ဘာစားခ်င္လဲ"
"ဟင့္အင္း"
"ေမာင္လုပ္ေပးမယ္ေလ။ စားခ်င္တာတခုခုမရွိဘူးလား"
ခဏအၾကာမွာ Baekhyunထံမွထြက္လာတဲ့အသံေလးက... "လက္လုပ္ေခါက္ဆြဲ"တဲ့။
"ေကာင္းၿပီဗ်ာ..."
"ခဏ.. ခဏေနမွလုပ္ေပး၊ ငါဒီတိုင္းေလးေနခ်င္ေသးလို႔"
Chanyeolၿပဳံးမိသည္။ ခ်စ္သူေတြျဖစ္ခါစက သူအတင္းလိုက္ကပ္ၿပီး ဖက္တာ၊နမ္းတာလုပ္ရင္ေတာင္ ေရွာင္ဖယ္တတ္တဲ့အေကာင္ေပါက္ေလးပုံစံကို အခုထိသူမွတ္မိေနပါေသးသည္။ အခုရင္ခြင္ထဲက Park Baekhyunေလးနဲ႔တျခားစီပင္။
"သားက ဒီေန႔ေက်ာင္းမသြားဘူးလား၊
မေန႔ကလည္း ခြင့္ယူလိုက္ရတာကို... ေက်ာင္းစတက္ရတာမွ ရက္ပိုင္းပဲရွိေသးတယ္၊ ပ်က္ရက္ေတြဆက္ေနၿပီ"
"ေမာင္ မေန႔က Sehunတို႔နဲ႔ လြယ္အိတ္ေတြပါ တခါတည္းထည့္ေပးလိုက္တာပါကြာ"
"အဲ့လိုဆိုရင္ Park Chanyeolကအကြက္ကိုစိေနေရာေနာ္..
Sehunတို႔ကို မ်က္ႏွာပူစရာႀကီး"
အေျပာနဲ႔အတူ Chanyeolရဲ႕ရင္ဘတ္ကိုလည္း လက္သီးဆုပ္ကေလးနဲ႔ တခ်က္ထု႐ိုက္လာေသးသည္။
"Sehunတို႔ကကိစၥမရွိပါဘူး၊
မဟုတ္ရင္ မ်က္ႏွာပူရမယ့္လူက ေမာင္တို႔သားေလးကိုျဖစ္သြားလိမ့္မယ္ေလ"
ရယ္ႀကဲႀကဲနဲ႔ေျပာလာတဲ့Chanyeolကို Baekhyunမ်က္ေစာင္းသာထိုးမိေတာ့သည္။
"အဲ့ေတာ့ သားကဘယ္ခ်ိန္ျပန္လာမွာလဲ"
"ညေနေလာက္မွျပန္ေရာက္မယ္ထင္တယ္၊ ဘာလို႔လဲ၊ Sehunတို႔ကို ဖုန္းဆက္ၿပီး ေက်ာင္းဆင္းတာနဲ႔ ျပန္လာပို႔ခိုင္းလိုက္ရမလား"
"ဟင့္အင္း... ေမးၾကည့္တာ။
သားျပန္ေရာက္လို႔ ငါဖ်ားေနရင္ အခန္းထဲဝင္လာရင္ အဖ်ားကူးမွာစိုးလို႔ ေမာင္ပဲခဏထိန္းေပးေနာ္"
Parkသားအဖႏွစ္ေယာက္ဆင္တူတာ အဲ့ဒီစိတ္ကေလးျဖစ္သည္။ Baekhyunေနမေကာင္းျဖစ္တဲ့အခါ "သားေလး အဖ်ားကူးလိမ့္မယ္"ဆိုကာ စိတ္ပူတတ္ၿပီး၊ Chaneunေနမေကာင္းျဖစ္သည့္အခါ "အာပါးအဖ်ားကူးလိမ့္မယ္"ဆိုကာ အခ်င္းခ်င္းစိတ္ပူတတ္ၾကတာပင္။ Chanyeolကေတာ့ ေတာ္႐ုံတန္႐ုံမဖ်ားတတ္တဲ့လူမို႔ သူ႔အမ်ိဳးသားေလးနဲ႔ သားေလးေနမေကာင္းျဖစ္တိုင္း ပင္တိုင္ျပဳစုေပးရတဲ့လူေပါ့။
"အိုက္ဂူး... ေမာင့္အသည္းေလးမဖ်ားေအာင္ ေမာင္ကဂ႐ုစိုက္ေပးမွာေပါ့၊
ထ.. ေမာင္ ေခါက္ဆြဲသြားလုပ္ေပးမယ္၊ လန္းလန္းဆန္းဆန္းျဖစ္သြားေအာင္ အိပ္ယာထဲလွဲမေနပဲ မီးဖိုေခ်ာင္ထဲလိုက္ေစာင့္ေပး၊ ေခါက္ဆြဲစားၿပီးရင္ ေဆးတိုက္မယ္"
ညက သူေပးထားသည့္ နီညိဳေရာင္ဆြယ္တာေလးကိုဝတ္ထားၿပီး လက္ေမာင္းကေနဆြဲထူကာ တတြတ္တြတ္စကားေတြေျပာေနတဲ့Chanyeolကို အဖိုးႀကီးနဲ႔တူတယ္လို႔ Baekhyunစိတ္ထဲေတြးမိလိုက္ေတာ့သည္။
-- Still Yours --
Baekhyunထိုင္ေနရာကေန သားျဖစ္သူကို မသိမသာလွမ္းၾကည့္ေနမိသည္။ တစ္ေယာက္တည္းအိမ္ေရွ႕ထြက္လာလိုက္ အိမ္ေနာက္ေဖးဝင္သြားလိုက္ျဖင့္ ဂနာမၿငိမ္သည္မွာ တအားကိုသိသာေနသည္ေလ။
"Park Chaneun! ငါ တအားေတြ မ်က္စိေနာက္ေနၿပီ"
Chaneunသည္ Baekhyunရဲ႕အသံေၾကာင့္ တခ်က္တုန္တက္သြားရွာသည္။ ေနာက္ေတာ့ မဝံ့မရဲေလးအေနာက္ကိုလွည့္ၾကည့္လာကာ သြားေလးၿဖီးျပလာေလ၏။
"ဘာျဖစ္ေနတာလဲ"
Chaneunသည္ လႈပ္စိလႈပ္စိျဖင့္ Baekhyunနားသို႔ေရာက္လာေလသည္။ ဆိုဖာခုံေပၚတက္ဖို႔အထိမမွီတာေၾကာင့္ Baekhyunရဲ႕ ေျခေထာက္တစ္ဖက္ကိုသာဆြဲဖက္ၿပီးလႈပ္ရမ္းေနေလရဲ႕။
"ေနပါဦး... ဒါက!
ဘာလိုခ်င္ေနျပန္လို႔လဲ"
"ဟီးဟီး"
ရယ္ျပလာျပန္သည္။ Park Chanyeolရဲ႕သားက Park Chanyeolအတိုင္းပင္။ လိုခ်င္တာရွိရင္ သိပ္ကိုမွမ်က္ႏွာခ်ိဳေသြးတတ္လြန္းသည္။
"အာပါးနဲ႔ေျပာခ်င္ဘူး၊ ဒယ္ဒီ့ဆီေခၚသြားေပး၊
ဒယ္ဒီ့ကို ပူဆာမို႔"
အာပါးထက္ ဒယ္ဒီကပိုၿပီးသူ႔ကိုအလိုလိုက္တာသိေနတဲ့Chaneunပါပဲ။
"ဘာမို႔လို႔လဲ"
"ဟင့္အင္း... အာပါးကိုေျပာရင္ ခ်န္အြန္းက ရလည္းမရပဲ အဆူခံရမွာ"
Baekhyunမွာ မ်က္ခုံးတစ္ဖက္ကို လက္ညိဳးေလးနဲ႔ကုတ္ၿပီး ဘာျပန္ေျပာရမလဲမသိေတာ့။ ဒီကေလးတအားစကားတတ္လာလြန္းသည္မဟုတ္လား။
"အဲ့တာဆိုလည္း မင္းဒယ္ဒီလာမွေျပာ"
"ခုေျပာခ်င္တာ... လိုက္ပို႔"
နံရံကပ္နာရီအားလွမ္းၾကည့္မိလိုက္ေတာ့ မနက္10နာရီသာရွိေသးသည္။
"ေနာ္..အာပါး ~
ဒယ္ဒီ့ဆီသြားၿပီးရင္ ခ်န္အြန္းတို႔ ေရွာ့ပင္ထြက္ၾကမယ္ေလ"
အက်င့္ကေလးအတိုင္းမ်က္ခုံးေလးပါပင့္ၿပီး အေဖာ္စြယ္လာတဲ့ကေလးငယ္ေၾကာင့္ Baekhyunရယ္ရင္း ျမင္ေနရသည့္ ေခါင္းလုံးလုံးေလးမွဆံပင္တို႔ကိုဆြဲဖြမိေတာ့သည္။ ဒီအတတ္ကေလးကို တခါတေလဆူခ်င္တာေတာင္ သူ႔မွာမဆူရက္ေတြျဖစ္ေနရၿပီ။
"အာပါး..ကိုးလ္?"
လက္ကေလးပါအစစ္ေထာင္ျပလာသည္ေၾကာင့္...
"အိုေခ ~ ကိုလ္း!"
လက္ဖဝါးေသးေသးေလးဆီ Baekhyunရဲ႕လက္ဖဝါးေလးက ေျပးကပ္လိုက္ရသည္။
-- Still Yours --
"ဒယ္ဒီ!!!"
သူ႔ဒယ္ဒီရဲ႕႐ုံးခန္းေရွ႕ေရာက္တာနဲ႔ ေအာ္ေခၚၿပီးေျပးဝင္သြားတဲ့Chaneunကို Baekhyunလွမ္းမဆြဲလိုက္ႏိုင္...။ အခန္းဝနားက တာဝန္က်တဲ့ဝန္ထမ္းေကာင္မေလးကလည္း အခက္ေတြ႕သြားတဲ့မ်က္ႏွာေလးျဖင့္...
"ဟို.. အခန္းထဲမွာဧည့္သည္ေတြ..."
Baekhyunမွာလည္းမအီမသာမ်က္ႏွာေလးနဲ႔သာ ေခါင္းတခ်က္ၿငိမ့္ျပၿပီး အခန္းထဲလိုက္ဝင္လိုက္ရေတာ့သည္။
ေတာင္းပန္စကားဆိုၿပီး Chaneunကို အျပင္ခဏျပန္ေခၚထုတ္သြားရမယ္ဆိုတဲ့အေတြးနဲ႔Baekhyunရဲ႕ေျခလွမ္းေတြက Chaneunကို ေပါင္ေပၚတင္ၿပီး ဧည့္သည္ေတြကိုစကားေျပာေနတဲ့Chanyeolကိုေတြ႕လိုက္တဲ့အခါမွာေတာ့ရပ္တန႔္သြားရသည္။ ဆက္ပဲ ဝင္ရမလိုလို၊ ျပန္ပဲထြက္ရေတာ့မလိုလို။
"ေအာ... Mr.Parkရဲ႕ အမ်ိဳးသားနဲ႔သားေလးကေတာ့ ကုမၼဏီကို အလည္လိုက္လာတာထင္တယ္"
Chanyeolေရွ႕က အသက္ႀကီးႀကီးလူႀကီးကေျပာလာေတာ့ Baekhyunမွာ ၿပဳံးျပရင္းသာတုံ႔ျပန္လိုက္ရသည္။ ဒီလိုမ်ိဳးအသိုင္းအဝိုင္းနဲ႔အခုထိသူေနသားမက်ေသးဘူး။
"Baek... ေမာင့္ခုံမွာသြားထိုင္ေနလည္းရတယ္"
Chanyeolရဲ႕႐ုံးခန္းထဲက မ်က္ႏွာခ်င္းဆိုင္ဆိုဖာႏွစ္လုံးမွာ လူေလးေယာက္နဲ႔တင္ျပည့္ေနၿပီမို႔ Baekhyunကို အလုပ္စားပြဲကခုံဆီသြားထိုင္ေစခ်င္ပုံရပါသည္။
အမွန္ဆို Baekhyunက Chanyeolကိုအေႏွာင့္ယွက္ေပးမိသလိုျဖစ္မွာစိုးရိမ္တာေၾကာင့္ Chaneunကိုေခၚၿပီး အျပင္ခဏထြက္ေနေပးဖို႔ေတြးခဲ့တာ...။ ဒါပင္မဲ့ Chanyeolေပါင္ေပၚဇိမ္က်ေနတဲ့Chaneunက တစက္ကေလးမွေတာင္ သူ႔ဒယ္ဒီေပါင္ေပၚကေနဆင္းခ်င္စိတ္မရွိေတာ့တဲ့ပုံပဲမို႔ Baekhyunမွာလက္ေလ်ာ့လိုက္ရၿပီး Chanyeolထိုင္ေစခ်င္တဲ့ခုံမွာသာသြားထိုင္ေနလိုက္ရေတာ့သည္။
လုပ္ငန္းရွင္ေတြၾကားထဲ ကေလးတစ္ေယာက္ေပါင္ေပၚတင္ၿပီး အလုပ္ကိစၥေဆြးေႏြးေနတဲ့Chanyeolက အဆင္ေျပေနတဲ့ရပင္မဲ့ Baekhyunကေတာ့အားနာေနရသည္။ ေတာ္႐ုံဆို ဒီလိုလုပ္ငန္းရွင္ေတြက သူတို႔ရဲ႕အိမ္သူသက္ထားေတြေရွ႕ေတာင္ လုပ္ငန္းအေၾကာင္းတိုင္ပင္ေျပာဆိုၾကတာမဟုတ္ဘူးထင္တာပဲ...။ သူက်ေတာ့ ေဆြးေႏြးေနတဲ့႐ုံးခန္းထဲထိေရာက္ေနရၿပီး " CEO Chanyeol Park" ဆိုတဲ့ ဖန္တုံးေလးတင္ထားတဲ့ခုံမွာေတာင္ ဝင္ထိုင္ေနရသည္ေလ။
"Lilyကေတာ့ ကံေကာင္းလြန္းတာေပါ့၊
က်ဳပ္ေတာင္ ဒီရွယ္ယာကိုကံေကာင္းလို႔ရလိုက္တာ၊ အားက်တယ္ဗ်ာ"
"Lilyဒီရွယ္ယာေတြကိုရသြားလို႔သာ အသက္ရွင္ေနရတာပါရွင္~ Dadက Lilyကို Mr.Parkတို႔ဆီကရွယ္ယာေတြသာမယူႏိုင္ခဲ့ရင္ ဒီႏိုင္ငံကိုျပန္မလာနဲ႔၊ ဟန္ျမစ္ထဲသာခုန္ခ်ၿပီးသတ္ေသလိုက္ဆိုၿပီးေျပာထားတာရွင့္"
"ဟားဟား... Mr.Smithတို႔မ်ား စီးပြားေရးအတြက္ဆို အရမ္းတက္ႂကြေနေတာ့တာပဲ"
တစြန္းတစၾကားေနရတဲ့စကားေတြကိုနားေထာင္ၿပီး Baekhyunမ်က္ႏွာေလးရႈံ႕လိုက္မိသည္။ ဘာေတြကိုသေဘာက်ၿပီးရယ္ေနၾကသလဲမသိ...။ Lilyဆိုတဲ့ေကာင္မေလးက ဟိုတေန႔က Baekhyunတို႔နဲ႔ေတာင္ ထမင္းအတူစားခဲ့တာမို႔ စကားေျပာရင္သက္ေတာင့္သက္သာပဲေျပာတတ္တာေတာ့သတိထားမိခဲ့သည္။ ဒါပင္မဲ့ အေဖျဖစ္သူဆီကေန ဒီလိုစကားမ်ိဳးအေျပာခံရတာကို ရယ္ရယ္ေမာေမာျပန္ေျပာျပေနႏိုင္တာကေတာ့ Baekhyunအတြက္ထူးဆန္းေလသည္။ သူလည္းမိဘပါပဲ။ သားသမီးကို ဆူပူတာ၊က်ိန္းေမာင္းတာမ်ိဳးလုပ္ဖူးပင္မဲ့ အဲ့လိုစကားႀကီးကေတာ့ မဟုတ္ေသးပါဘူးေလ။ ေဘးကလူႀကီးေတြကလည္း ဘာေတြသေဘာက်ၿပီးလိုက္ရယ္သလဲ။ သူျဖင့္ ဒီစီးပြားေရးသမားေတြရဲ႕စိတ္ကို နားကိုမလည္ႏိုင္ေတာ့ဘူး။
"Mr.Parkက လုပ္ငန္းရွင္ဆုကိုရတာ ေလးႏွစ္ဆက္တိုက္ေတာင္ရွိေနၿပီ၊ ဘာလဲ ကမာၻ႔အခ်မ္းသာဆုံးစာရင္းဝင္အထိ ရည္မွန္းခ်က္ထားေနတာလားဗ်"
"အဟား... မဟုတ္တာဗ်ာ၊ ရည္မွန္းခ်က္ဆိုလို႔ သက္ဆိုင္တဲ့သူေလးႏွစ္ေယာက္ လက္ညိဳးၫႊန္ရာေ႐ႊျဖစ္ေပးဖို႔အတြက္ပဲ ဆႏၵရွိပါေတာ့တယ္"
ၾကားလိုက္ရသည့္Chanyeolရဲ႕စကားေၾကာင့္ စားပြဲေပၚတင္ထားတဲ့ မိသားစုသုံးေယာက္ပုံေလးအားအေၾကာင္းမရွိၾကည့္ေနရင္းမွ Baekhyun မ်က္ႏွာေလးပူသြားမိသည္။
"ဟုတ္သားပဲ၊ Mr.Parkရဲ႕သားေလးေမြးၿပီးေတာ့မွပဲ လုပ္ငန္းရွင္ဆုက ေလးႏွစ္ဆက္တိုက္ရတာဆိုေတာ့ ေတြးၾကည့္ရင္ တကယ္ကိုႀကိဳးစားေနတာပဲ၊
ဒီသားေလးကလည္း လာဘ္ေကာင္ေလးထင္တယ္"
"ေသခ်ာေပါက္ေပါ့"
"ဒါဆို က်ဳပ္တို႔လည္း ျပန္ၾကရေအာင္၊
ေနာက္ရက္မွပဲ တစ္ဝိုင္းေပါ့"
"Mr.Park တာဝန္ယူၿပီး တစ္ဝိုင္းေနာ္၊ အို... အမ်ိဳးသားရွိတာကိုေမ့ၿပီးေျပာမိၿပီ"
"ဟား... ရပါတယ္ဗ်ာ"
ျပန္ဖို႔ျပန္ေနၾကတဲ့လူေတြေၾကာင့္Baekhyunမွာလည္း ထိုင္ေနရာမွ လက္ကေလးႏွစ္ဖက္ယွက္လို႔ ထရပ္ရေတာ့သည္။
"Baekhyun shi... ျပန္လိုက္ဦးမယ္ေနာ္၊
ေနာက္မွ ထပ္ေတြ႕ၾကတာေပါ့"
"အာ... ဟုတ္.. ဟုတ္ကဲ့ပါဗ်"
ဧည့္သည္ေတြျပန္သြားေတာ့မွ Baekhyunမွာေလးေလးပင္ပင္သက္ျပင္းႀကီးကိုခ်ကာ ခုံေလးေပၚပစ္ထိုင္လိုက္မိေတာ့သည္။ သူဒီနာရီဝက္ဆိုတဲ့အခ်ိန္ေလးမွာ စိတ္ထဲေက်ာက္တုံးႀကီးဆြဲထားရသလိုျဖစ္ေနခဲ့တာ...။
Chaneunက ဆိုဖာေပၚတြင္သာထိုင္ၿပီး Chanyeolေကြၽးထားတဲ့ ကိတ္ေတြကိုစားေနၿပီး Chanyeolကေတာ့ Baekhyunအားၿပဳံးျပရင္း အနားသို႔ေလွ်ာက္လာေလသည္။
"သက္ျပင္းေတြေတာင္ခ်လို႔"
နဖူးေပၚကဆံပင္ေလးေတြကို လက္ညႇိဳးနဲ႔သပ္တင္ေပးလာတဲ့Chanyeolကို Baekhyunေမာ့ၾကည့္လိုက္ရင္း...
"ေမာင္ ဒီလူေတြနဲ႔စကားေျပာရတာ မပင္ပန္းဘူးလားဟင္၊ ငါေတာ့ ကိုယ္တိုင္ဝင္မေျပာရတာေတာင္ ဒီနားကထိုင္နားေထာင္ေနရ႐ုံနဲ႔တင္ စိတ္ေမာခ်င္စရာႀကီး"
"ဒီေလာကမွာက ဒီလိုပဲ Park Baekhyunရဲ႕...၊ အစစ္အမွန္ဆိုတာရွားတယ္။ အကုန္အတုအေယာင္ေတြခ်ည္းပဲ။ ဒါပင္မဲ့လည္း မပင္ပန္းပါဘူး။ ေမာင့္မွာ ဒီအေမာေျပေလးေတြရွိေနတာကို"
မႏိုင္ဘူးဆိုသည့္အၾကည့္ျဖင့္ၾကည့္ကာ
ပါးကိုလာဆြဲေနသည့္လက္ေတြကိုပုတ္ထုတ္ရင္း Baekhyunထိုင္ေနရာမွဖယ္ေပးလိုက္ေတာ့သည္။
"CEO Parkခင္ဗ်~ ကိုယ့္ေနရာ ကိုယ္ထိုင္ႏိုင္ပါၿပီခင္ဗ်"
အသံေနအသံထားကအစ ထိန္းၿပီးေျပာလာBaekhyunေၾကာင့္ Chanyeolသေဘာတက်ရယ္မိသည္။
"ဟား...တကယ္ကို အသက္ရွည္ေဆးေလးပါပဲကြာ"
ရယ္ေသာသူအသက္ရွည္၏ဆိုတဲ့စကားအတိုင္းသာဆို Baekhyunေၾကာင့္နဲ႔Chanyeolေတာ့ အသက္ရာေက်ာ္တဲ့အထိေနရေတာ့မွာပဲ။
"မင္းကိုက အားတိုင္းရယ္ေနတာပါေနာ္"
"huh... Baekလည္း ေမာင္နဲ႔ရွိတဲ့အခ်ိန္ဆို အၿမဲလိုလိုရယ္ေနတာပဲေလ"
စကားႏိုင္လုၿပီးမေျပာခ်င္လို႔ပဲလား၊ ျပန္ေျပာစရာစကားမေတြ႕ေတာ့၍ပဲလားမသိ။ Baekhyunကမသိခ်င္ေယာင္ေဆာင္ၿပီး သူ႔သားေလး နားကိုေရာက္သြားေတာ့သည္။
"အမ်ားႀကီးမစားနဲ႔ေလ Chaneun၊
ခဏေန ထမင္းစားရေတာ့မွာကို"
"ေန႔လည္စာအတူစားဖို႔ေရာက္လာၾကတာလား"
"အဲ့တာေတာ့ မင္းရဲ႕သားကိုသာေမးေတာ့"
Baekhyunလည္း ထိုသားအဖႏွစ္ေယာက္ၾကားထဲဝင္မပါဘူးဆိုသည့္ပုံစံႏွင့္ Chaneunရဲ႕မ်က္ႏွာျခင္းဆိုင္က ဆိုဖာခုံတြင္ဝင္ထိုင္လိုက္သည္။ Chanyeolကလည္း Chaneunရဲ႕ေဘးတြင္ဝင္ထိုင္လာ၏။
"Chaneun na~ စားၿပီးရင္ လက္ကိုေသခ်ာသုတ္ေလ၊ ပု႐ြက္ဆိတ္ေတြကိုက္မယ္"
Chanyeolကေျပာလည္းေျပာ၊ လက္ကလည္း သားျဖစ္သူရဲ႕လက္ပုစိေလးေတြကိုဆြဲယူၿပီး တစ္ရႉးျဖင့္သုတ္ေပးေလသည္။
"ေျပာပါဦး...၊ ဒယ့္ဒီဆီကိုေရာက္လာရတဲ့အေၾကာင္းအရင္းေလး"
Chaneunကမေျပာေသး..။ Baekhyunကိုတခ်က္လွမ္းၾကည့္သည္။ Baekhyunကလည္း ဘာလဲဆိုတဲ့သေဘာနဲ႔ေမးပင့္ျပလိုက္ေတာ့မွ Chanyeolနားနားဆီတိုးတိုးေလးကပ္ေျပာေတာ့သည္။
"အာ..."
Chanyeolက ေခါင္းတၿငိမ့္ၿငိမ့္လုပ္ကာ Chaneunကို မ်က္စိတစ္ဖက္မွိတ္ျပ၏။
ဘာလဲ ဒီသားအဖႏွစ္ေယာက္က။ တကယ္ပဲ သူ႔ကိုမ်က္စိေရွ႕ထားၿပီး ႏွစ္ေယာက္သားတိုးတိုးတိတ္တိတ္အေပးအယူမွ်ေနၾကတာလား။
"ဘာလဲ။ Chaneunက ဘာပူဆာေနတာလဲ"
Baekhyunရဲ႕ အေမးကို Chanyeolက မသိခ်င္ေယာင္ေဆာင္သည္။
"ဒယ္ဒီေနာက္ရက္မွ အြန္လိုင္းကေနမွာေပးမယ္ေနာ္"
"ဘာမို႔လို႔ အြန္လိုင္းကေနအထိမွာ,မွာလဲ"
ျပန္ေျဖသူမရွိ။
"ဟား... ဒီသားအဖႏွစ္ေယာက္က ငါ့ကိုတကယ္ လူရာမသြင္းေတာ့တာပဲ"
တရားက်ေနေသာေလသံသည္ Baekhyunထံမွျဖစ္သည္။
Baekhyunဘက္က အကဲပိုၿပီးျဖစ္ပ်က္ျပေနတာကိုသိတဲ့ Chanyeolက Baekhyunကို Chaneunနဲ႔အတူ မသိခ်င္ေယာင္သာေဆာင္ေန၏။ အၿမဲတမ္းလိုလို သားေလးနဲ႔ပတ္သက္တဲ့ဆုံးျဖတ္ခ်က္ေတြမွာ Chanyeolကိုယုံယုံၾကည္ၾကည္နဲ႔လြဲထားေပးတတ္တာသိေနတာေၾကာင့္ေလ...။ ေျပာရရင္ Chanyeolဘက္က ေကာင္းမယ္ထင္တာမ်ိဳးစီစဥ္ေပးရင္ ဝင္ၿပီးကန႔္ကြက္တာမ်ိဳးမလုပ္တတ္တာပင္။
"ဒယ္ဒီ! အာပါးနဲ႔သားနဲ႔ ေရွာ့ပင္ထြက္ဖို႔လည္းေျပာထားတယ္"
"ဟုတ္လား... ဘယ္လိုလုပ္မလဲ Chaneun ah~ ဒယ္ဒီက ခဏေနအစည္းအေဝးရွိေသးတယ္"
"မင္းအစည္းအေဝးရွိရင္ ေနေတာ့ေလ၊ ေထြေထြထူးထူးလည္း မရွိပါဘူး။ မင္းရဲ႕သားက သူ႔ဒယ္ဒီကိုပူဆာစရာရွိတယ္လိုက္ပို႔ဆိုတာနဲ႔ေရာက္လာတာ"
Baekhyunက ဝင္ေျပာေတာ့ Chaneunက မ်က္ႏွာမဲ့သည္။
"အာပါးက ကိုးလ္လို႔ေျပာခဲ့တယ္မလား၊
ေရွာ့ပင္ထြက္ဖို႔ကို ကိုးလ္လို႔ေျပာခဲ့တယ္ေလ။
"ကဲပါ Baekရယ္... သားေလးသြားခ်င္ရင္ လိုက္ပို႔ေပးလိုက္ပါ"
သူ႔Parkအေသးေလးႏွစ္ေယာက္ရဲ႕ ေရွာ့ပင္ထြက္သည္ဆိုေသာစကားမွာ စင္တာထဲေလွ်ာက္ပတ္ၾကည့္ၿပီး မုန႔္ေတြဝယ္႐ုံေလာက္သာ။
"လူၾကားထဲ လက္ျဖဳတ္မေျပးဘူးလို႔ ကတိေပးရင္ လိုက္ပို႔မယ္။ မင္းဒယ္ဒီမပါရင္ ငါတစ္ေယာက္တည္း မင္းကိုမႏိုင္ဘူး"
"ဒါေပါ့~ ဒါေပါ့~ ခ်န္အြန္းက အာပါးရဲ႕လက္ကိုေသခ်ာဆြဲထားမွာပါ"
Baekhyunမွာ Chanyeolအႀကီးႀကီးကိုတင္ မ်က္ေစာင္းထိုးရသည္မဟုတ္၊ ဒီChanyeolအေသးစားေလးကိုလည္း မ်က္ေစာင္းထိုးရေသးသည္။ တကယ္ပဲ တတ္လည္းတတ္ႏိုင္လြန္းသည့္ Chanyeolအေသးစားေလးပဲ။
"ေမာင္... ငါ အိမ္ကေန ဒီတိုင္းထြက္လာမိတာ။ ဖုန္းနဲ႔ကားခပဲပါလာတယ္"
"အာ.. ေမာင့္ကဒ္ယူသြား၊ ခဏေလး"
Chanyeolသည္ ထိုင္ေနရာမွထကာ သူ႔စားပြဲခုံေဘးက အက်ီခ်ိတ္သည့္တိုင္ေတြခ်ိတ္ထားေသာအိတ္ကဒ္ထဲမွ ပိုက္ဆံကိုထုတ္ယူလာေလသည္။
"အိတ္လိုက္သာ ယူသြားလိုက္ေတာ့ Baek၊
ကားေသာ့လည္းပါတယ္။ ကားငွားခ်င္ရင္ငွားသြား၊ မဟုတ္လည္း ကားယူသြားလိုက္"
ပိုက္ဆံအိတ္လိုက္ႀကီးကမ္းေပးလာသည့္ သူ႔အိမ္ေထာင္ဦးစီးေလးရဲ႕အျပဳအမူကိုၾကည့္ၿပီး Baekhyunမွာ ခိုးၿပဳံးမိသည္။ အရင္ကေတာ့ Chanyeolက ကဒ္ေပးတာကိုေတာင္ သူသိပ္ၿပီးသေဘာမက်ခဲ့တာ...။ အခုေတာ့ ဆန႔္က်င္ဘက္ႏိုင္စြာ ထိုအျပဳအမူကို အမ်ားႀကီးသေဘာက်ေနမိၿပီ။
Baekhyunကို Chanyeolကိုတိုင္ ကားေမာင္းသင္ေပးခဲ့တာကလည္း လြန္ခဲ့တဲ့ ႏွစ္ႏွစ္ေလာက္ကပဲျဖစ္သည္။ သူရွိတယ္ဆိုပင္မဲ့ ေယာက်ာ္းေလးတစ္ေယာက္က ကားေမာင္းတတ္ဖို႔လိုတယ္ဆိုတဲ့ စကားနဲ႔အတူ သူကိုယ္တိုင္သင္ေပးခဲ့တာပင္။ ကိုယ္ပိုင္ကားတစ္စီးဝယ္ေပးဖို႔ကိုေတာ့ Baekhyunက ျငင္းသည္။ ေထြေထြထူးထူးသြားစရာေနရာမရွိတာေၾကာင့္ ကားတစ္စီးအပိုဝယ္ထားၿပီး ဂိုေထာင္ထဲဖုန္အတက္ခံရမွာ မေကာင္းဘူးေလ။ နီးနီးနားနားသြားစရာရွိတိုင္း Chanyeolကလိုက္ပို႔ရင္ပို႔၊ မဟုတ္ရင္ ကားငွားသြားေနၾကပင္။
"ကားေမာင္းသြားလိုက္မယ္။
စိတ္ခ်ေနာ္၊ ေရွ႕ေဘာ္ဒီေလးပဲထိေအာင္ေမာင္းခဲ့မယ္"
"Baek! ေပါက္ကရေတြ!
ဂ႐ုစိုက္ေမာင္းသြား၊ ကားကျဖစ္ခ်င္တာျဖစ္ခဲ့လို႔ရတယ္၊ Baekတို႔သာ အထိအခိုက္မျဖစ္ေစနဲ႔"
Baekhyunက ရယ္ႀကဲႀကဲနဲ႔လွမ္းေနာက္ပင္မဲ့ Chanyeolကေတာ့ မ်က္ေမွာင္ႀကီးၾကဳတ္ကာ မ်က္ႏွာပ်က္ေနၿပီျဖစ္သည္။
Chanyeolရဲ႕ကားကို Baekhyunယူေမာင္းတိုင္း ဒီလိုမ်ိဳးပဲ စေနာက္ေနၾကျဖစ္သည္။ Chanyeolကလည္း ကားျဖစ္ခ်င္တာျဖစ္ပါေစ၊ Baekhyunမထိခိုက္ရင္ၿပီးေရာဆိုတာခ်ည္းပဲ။
"ေနာက္တာပါ... စိတ္ခ်၊ စိတ္ခ်"
"အြန္း... ဂ႐ုစိုက္သြား၊
ၿပီးရင္ ဒီပဲျပန္လာမွာမို႔လား"
Baekhyunသည္ Chaneunကို လက္တစ္ဖက္ကဆြဲရင္း အခန္းထဲကထြက္ရန္ျပင္ၿပီးမွ ေနာက္တခ်က္လွည့္ၾကည့္လာျပန္ကာ...
"ဟင့္အင္း၊ ေမာင့္ရဲ႕ပိုက္ဆံအိတ္ေတြေရာ ကားေရာယူၿပီး အိမ္တန္းျပန္မွာ။
လမ္းေလွ်ာက္ၿပီးျပန္ခဲ့ေနာ္... တာ့တာ"
"ဒယ္ဒီ တာ့တာ ~ "
"ဂ႐ုစိုက္သြား"
လက္ကေလးျပကာ စေနာက္ၿပီးထြက္သြားၾကတဲ့ Parkအေသးေလးႏွစ္ေယာက္ကို Chanyeolရန္လွမ္းေတြ႕ရမယ့္အစား ရယ္ၿပီးသာက်န္ခဲ့ရေတာ့သည္။
TBC ~~~
ဒီအေၾကာင္းကိုပဲ ခဏခဏေျပာေနတယ္လို႔မထင္ပါနဲ႔~
နားလည္မႈလြဲေနတာေလးေျပာျပခ်င္လို႔ပါ။
မက္က်ဴးဝါးအြန္မယ္ဆိုတာက အရိပ္ျပ႐ုံေလာက္ေလးပါလို႔~။ S2တုန္းကထက္ပိုၿပီး အရိပ္ေတြအမ်ားႀကီးပါလာမွာမို႔ စိတ္ခုသြားၾကမွာစိုးရိမ္လို႔ အသိေပးတဲ့အေနနဲ႔ထည့္ေျပာလိုက္တာပါ။
ေရွ႕အပိုင္းေတြနဲ႔ အေပၚပိုင္းမွာပါခဲ့သလိုမ်ိဳး
အရိပ္ေလးပဲ အရိပ္ေလးပဲ ဟဲဟဲ👀