အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အ...

Par Hnine-Wai

18.4K 2.9K 183

စာသင်သားဖုန့်ရှီ -အပျော်တမ်းသူခိုး၊ ရည်မှန်းချက် -တစ်ကမ္ဘာလုံးရှိ ပစ္စည်းတွေခိုးဖို့၊ သေပြီးတာတောင် အငြိမ်မနေ... Plus

ဒုတိယပိုင်း
Chapter 199: Ming Qingyu was Tricked
Chapter 200: They were Embarrassed
Chapter 201: Why Are You Here?
Chapter 202: The Test of the Heaven World
Chapter 204 The Conflict
Chapter 205 F**k Your Duel!
Chapter 206 Mo Feihan the Prince
Chapter 207 Just Use This Excuse
Chapter 208 Make her Unable to Attend the Banquet
Chapter 209 An Imposing Appearance
Chapter 210: The True Pig Head
Chapter 211: The Cunning Feng Xi
Chapter 212: Why Can't You Change Your Ways of Thinking?
Chapter 213: I'm Not Here to Sabotage
Chapter 214: Disgust Me
Chapter 215: I'm Your Papa
Chapter 216: A Yellowish Book
Chapter 217. You're Mine
Chapter 218. More Handsome than You?
Chapter 219. You Can't Replace Him
Chapter 220. Perform In Her True Colors
Chapter 221. Two Priceless Treasures
Chapter 222. This is Not My Room
Chapter 223. Uncle White Coming Around
Chapter 224. A Sleep Overnight
Chapter 225. This Was The Truth
Chapter 226. Eliminating the Flaws
Chapter 227. Aren't you fighting?
Chapter 228. The Troublesome Feature
Chapter 229. You're Worse Than a Nobody
Chapter 230. The Auction Began
Chapter 231. Cut Down a Bit
Chapter 232. King of the Netherworld Took Action
Chapter 233. Identity Was Exposed

Chapter 203: One Cannot Avoid His Enemy

494 82 2
Par Hnine-Wai

အပိုင်း ၂၀၃: ရန်သူကို မရှောင်နိုင်သည့်သူ

တိမ်ပင်လယ်သည် ကောင်းကင်ဘုံ၏ တတိယထပ်တွင် တည်ရှိပြီး ကောင်းကင်ဘုံမှ လူငယ်များစွာတို့ မကြာခဏ သွားလေ့ရှိသော နေရာဖြစ်သည်။

တိမ်ပင်လယ်ရင်ပြင်တွင် ကောင်းကင်ဘုံ၏ အခမ်းနားဆုံးသော သဘာဝရှုခင်းများ ရှိသည်။ ရက်သတ္တပါတ် ဆယ်ရက်တိုင်းတွင် တိမ်တိုက်များက ညနေခင်းတွင် မြင်းစီးသမားများ စီးနင်းနေကြသော မြင်းအုပ်များကဲ့သို့ ပြေးလွှားနေကြသည်ကို မြင်တွေ့ရနိုင်ပြီး နေ့ခင်းဘက်တွင် တိမ်တိုက်များက ရင်ပြင်တစ်ခုလုံးကို လွှမ်းခြုံကာ ရင်ပြင်ကို တိမ်ကမ္ဘာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားစေသည်။ ထို့ကြောင့် ကောင်းကင်ဘုံရှိ အမျိုးသား၊ အမျိုးသမီး အများအပြားတို့က ကျင့်ကြံရန် သို့မဟုတ် ရှုခင်းကြည့်ရန်အတွက် တိမ်ပင်လယ်ရင်ပြင်သို့ သွားရခြင်းကို နှစ်သက်ကြသည်။

ကောင်းကင်ဘုံတတိယထပ်၏ ဆွဲငင်အားမှာ အလွန်ပြင်းထန်ခြင်းမရှိပေ။ တစ်ဦးတစ်ယောက်၏ ကျင့်ကြံမှုအဆင့်က နတ်ဘုရားအဆင့်သို့ ရောက်သည်နှင့် ထိုသူက တတိယလွှာသို့ သွားနိုင်မည်ဖြစ်သည်။ ထို့ကြောင့် တိမ်ပင်လယ်ရင်ပြင်ကို သွားရောက်ကြည့်ရှုနိုင်ဖို့အတွက် ကောင်းကင်ဘုံမှ အမျိုးသား အမျိုးသမီးတို့က နတ်ဘုရားအဆင့် ကျင့်ကြံဆင့်သို့ ရောက်ရန် အစွမ်းကုန် ကြိုးစားကြသည်။

ဒါကလည်း ကောင်းကင်ဘုံ၏ ဘိုးဘေးဘီဘင်တွေက အဆိုပါကြီးမားသော ဆွဲငင်အားကျောက်တုံးကြီးကို ရယူဖို့ သူတို့၏ အသက်ကို စွန့်စားခဲ့ရသည့် အကြောင်းရင်းတစ်ခုလည်း ဖြစ်ပါသည်။ ကောင်းကင်ဘုံတွင် အထပ်ဆယ်ထပ်ရှိသော်လည်း တစ်ခုစီတွင် ကျင့်ကြံဆင့် ကန့်သတ်ချက်များရှိသောကြောင့် သင် မြင့်မြင့်သွားလိုလေလေ ကျင့်ကြံဆင့် တက်အောင် ပိုကြိုးစားရလေဖြစ်သည်၊ မဟုတ်ပါက သင်သည် အောက်ထပ်တွင်သာ လှည့်လည်သွားလာနိုင်ပြီး သင်က အရှုံးသမားတစ်ယောက်ဖြစ်ကြောင်း အခြားသူများက သိလာမည်ဖြစ်သည်။

ဘယ်သူကမှ အရှုံးသမားလို့ တံဆိပ်မကပ်ချင်ကြသည့်အတွက်ကြောင့် ကောင်းကင်ဘုံက လူငယ်လေးတွေက ပိုမြင့်တဲ့အထပ်ကိုတက်နိုင်ဖို့အတွက် ကျင့်ကြံ ကြိုးစားကြသည်။

ဤသည်မှာ အလွန်အကျိုးရှိသော ပြိုင်ဆိုင်မှု မူဝါဒတစ်ခုဖြစ်သည်။ ပြိုင်ဆိုင်မှုက လူတွေကို ပျင်းရိပျော့ညံ့ခြင်းကနေ ကာကွယ်ပေးသည်။ ၎င်းက ကောင်းကင်ဘုံသည် မိစ္ဆာလောကနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိခြင်း၏ အရေးကြီးဆုံးအကြောင်းရင်းဖြစ်သည်။

မိစ္ဆာလောကမှ လူများအားလုံးက စစ်ရူးများ ဖြစ်ကြပြီး၊ တိုက်ခိုက်ခြင်းကို အလိုလို အရူးအမူး ဖြစ်ကြသူများဖြစ်သည်။ တိုက်ပြီဆိုသည်နှင့် ပြင်းပြင်းထန်ထျန် တိုက်ခိုက်ကြသည်။ ကောင်းကင်ဘုံ၏ နောင်လာနောက်သားများက သူတို့ကိုယ်သူတို့ သူများတွေထက် သာလွန်သူများဆိုပြီး ကျင့်ကြံမှုအပေါ် အားမထည့်ပါက ၎င်းတို့သည် မိစ္ဆာလောက၏ နင်းချေခြင်းကို ကြာရှည်စွာ ခံရမည်ဖြစ်သည်။

ဒါပေမဲ့ ကောင်းကင်ဘုံ၏ ဆယ်ထပ်လုံးသို့ အလွယ်တကူ ဝင်နိုင် ထွက်နိုင်သည့် အခြားနည်းလမ်းတစ်ခု ရှိသေးသည်။

ကောင်းကင်ဘုံ၏ဘိုးဘေးများက အဆိုပါဆွဲငင်အားကျောက်တုံးကိုရယူစဥ်တွင် အတွင်းတွင် အနီရောင်အရည်တစ်မျိုးကို တွေ့ရှိခဲ့ကြသည်။ ထိုအရည်များ ခဲသွားပြီးနောက်၊ ၎င်းသည် ဆွဲငင်အား ကျောက်တုံး၏ ဆွဲအားကို တွန်းလှန်နိုင်မည်ဖြစ်သည်။ ထိုအရည်မှ သလင်းကျောက်ကို ရသရွေ့ ကောင်းကင်ဘုံ၏ အထပ်ဆယ်ထပ်လုံးသို့ ဝင်ထွက်ရန် ခက်ခဲမည်မဟုတ်ပေ။ သို့သော်လည်း ထိုအနီရောင်အရည်များမှ ပေါင်းစပ်ဖြစ်တည်ထားသော သလင်းကျောက်များက အများအပြား မရှိပေ။ ၎င်းကိုရရှိရန်အတွက်၊ ကောင်းကင်ဘုံ၌ ‌ငွေပမာဏတစ်ခုအထိ အလှုအတန်း ပြုလုပ်ရန် လိုအပ်သည်။ ထိုအကြောင်းခြင်းရာကြောင့် လူအနည်းငယ်ကသာ ၎င်းကိုရယူလိုစိတ်ရှိကြသည်။

မည်သို့ပင်ဆိုစေကာမူ ထိုသလင်းကျောက်မျိုးဖြင့်ဆိုလျင် ကောင်းကင်ဘုံ၏ ဆယ်ထပ်မြောက်သို့ အလွယ်တကူ ဝင်ရောက်နိုင်သည်၊ အကြောင်းမှာ ဆယ်ထပ်မြောက်သည် ကောင်းကင်ဘုံ၏ အရေးကြီးဆုံး တားမြစ်နယ်မြေဖြစ်သည့် နေ၏ ဝင်ပေါက်နှင့် ထွက်ပေါက်ဖြစ်သောကြောင့် ဖြစ်သည်။

သို့သော်၊ ကောင်းကင်ဘုံ၏ ဆယ်လွှာတွင် နေနိုင်ဖို့အတွက် ထိုသူ၌ မြင့်မားသော ကျင့်ကြံဆင့်လိုအပ်ချက်များ ရှိသည်။ ဆယ်လွှာသို့ဝင်ရန်၊ ထိုသူ၏ ကျင့်ကြံဆင့်မှာ ကောင်းကင်ဘုံနတ်ဘုရား အငယ်တန်းအဆင့်ကို ရောက်ရှိရမည်ဖြစ်သည်၊ သို့မဟုတ်ပါက မြေဆွဲအားကြောင့် အသားဆော့စ်အဖြစ် ကြေမွသွားမည်ဖြစ်သည်။ ကောင်းကင်ဘုံနတ်ဘုရား အငယ်စားအဆင့် မရောက်သေးသူဆိုပါက သလင်းကျောက်အနီ၏ အကူအညီ လိုအပ်မည်ဖြစ်သည်။

ဖုန့်ရှီက အခြားသူများနှင့် စကားစမြည် အနည်းငယ်ပြောရုံမျှနှင့် ထိုသို့သော အရေးကြီးသည့် သတင်းအချက်အလက်များကို ရရှိလိုက်နိုင်သည်ကို မမျှော်လင့်ထားခဲ့ပေ။ သူက နေ၏ ဝင်‌ပေါက်နှင့် ထွက်ပေါက်အကြောင်း စုံစမ်းဖို့ ဘယ်လိုမေးရမလဲ စိတ်ပူနေသေးစဥ်မှာပဲ ၎င်းအခြင်းအရာက လော့လိန်းအပါအဝင် အားလုံးသိသည့်အချက်အလက် ဖြစ်နေသည်။

"ဘာကိစ္စရှိလို့လဲ? ဆယ်လွှာကို သွားချင်တယ်လို့တော့ မပြောပါဘူးနော်၊ ဟုတ်တယ်မဟုတ်လား?" ဖုန့်ရှီ၏ အတွေးပင်လယ်ထဲ နစ်မြောနေပုံကိုကြည့်ပြီး လော့လိန်းက စလိုက်သည်။

"ငါ တော်တော်လေး သိချင်နေလို့" ဖုန့်ရှီက ၎င်းကို ဖုံးကွယ်မထားပေ။ အမှန်ပင် သူတွင် ဆယ်လွှာကို အလွန်ကြီးကြီးမားမား စိတ်ဝင်စားမှုရှိနေပြီး၊ ပုံမှန်မဟုတ်သော စိတ်ဝင်စားမှုဖြစ်သည်။

"ဒီအကြံကို ဖျက်ဖို့ ငါအကြံပေးတယ်။ ပထမအနေနဲ့၊ ကောင်းကင်ဘုံနတ်ဘုရား အငယ်စားအဆင့် ကျင့်ကြံဆင့်အတွက်ဆိုရင် မင်းက အဲ့အဆင့်ကို ရောက်ဖို့ အဝေးကြီး လိုသေးတယ်။ အဲ့အပြင် သလင်းကျောက် အနီကလည်း ကောင်းကင်ဘုံရဲ့ ရတနာ။ အဲ့အကြောင်း စဥ်းတောင် မစဥ်းစားနဲ့။ မင်းမအောင်မြင်နိုင်လောက်တဲ့ ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတွေကို ဘေးဖယ်ထားလိုက်ဦး။ မင်း ဝင်နိုင်တယ်ဆိုရင်တောင်မှ ကောင်းကင်ဘုံက မင်းကို ဝင်ခွင့်ပြုမှာမဟုတ်ဘူး။ ဆယ်လွှာက နေမင်းငယ်ဆီ ဝင်ပေါက်ပဲ၊ ပြီးတော့ အဲ့တာက ကောင်းကင်ဘုံရဲ့ တားမြစ်နယ်မြေ။ အပြင်လူတစ်ယောက်ဖြစ်တဲ့ မင်းက မင်း ငရဲမင်းကြီးနဲ့ ဘယ်လောက်ပဲ ရင်းနှီးတဲ့ဆက်ဆံရေးရှိရှိ၊ မင်းအတွက် သူတို့က တံခါးကို ဖွင့်ပေးမှာမဟုတ်ဘူး။"

ဖုန့်ရှီက ၎င်းအချက်ကို မငြင်းနိုင်ပေ၊ သူ ရှင်းရှင်းလင်းလင်းကို သိသည်။

တကယ်တော့၊ လွင်ပြင်ကျယ်မှာတုန်းက သီထျန်းဟွာဆီကနေ သူ ရယူထားခဲ့သည့် နေရာလွတ်လက်စွပ် နှစ်ကွင်းထဲတွင် အနီရောင်ကျောက်တုံးတစ်တုံးလို့ သူထင်တာတစ်ခု ရှိတာကို သတိရလိုက်သည်။ ဒါပေမဲ့ အဲ့ဒီ့အချိန်တုန်းက အဆိုပါကျောက်တုံး၏ အသုံးဝင်ပုံကို သူ မသိသောကြောင့် လက်စွပ်ထောင့်တွင် ချထားလိုက်ပြီး သေချာ မလေ့လာခဲ့ပေ။ သူ၏ မှတ်ဉာဏ်ကောင်းမှုကို ကျေးဇူးတင်ရမည်၊ အခု အသုံးဝင်လာလေပြီ။

အဆုံးတော့လည်း သီထျန်းဟွာက ကောင်းကင်ဘုံ၏ မင်းသမီးတစ်ဦးဖြစ်သည်လေ။ ကျောက်နီက မည်မျှပင် အဖိုးတန်စေကာမူ ကောင်းကင်ဘုံ၏ အထက်တန်းကျမှုက သူမကို တစ်တုံးလောက် ပေးဖို့တော့ အလွန် တွန့်တိုနေမည်မဟုတ်ပေ။ အင်းပေါ့၊ နောက်ဆုံးတော့လည်း ဖုန့်ရှီက အကျိုးအမြတ် ရသွားသူဖြစ်သွားတာပေါ့။

ဒီလိုနည်းလမ်းနှင့် အရာရာက အဆင်သင့်ဖြစ်နေပြီး သင့်လျော်သည့် အခွင့်အရေးတစ်ခုကို စောင့်ရုံသာ ကျန်တော့သည်လေ!

"ဒီအကြောင်း မပြောကြရအောင်။ တိမ်ပင်လယ်ရင်ပြင်ရဲ့ ခမ်းနားတဲ့ ရှုခင်းကို သွားကြည့်ကြရအောင်။" ဖုန့်ရှီက သူ၏ မကောင်းသော အတွေးများကို သိမ်းဆည်းလိုက်ကာ လူသုံးဦး၏ အာရုံကို တိမ်ပင်လယ်ရင်ပြင်သို့ ဆွဲခေါ်လိုက်သည်။ သူတို့က ကောင်းကင်ဘုံကို ရောက်ဖူးကြသောကြောင့် ထိုမြင်ကွင်းကို သူတို့ ကျိန်းသေပေါက် ပျော်ကြမည်ဖြစ်သည်။

သူ၏စိတ်အားထက်သန်မှုကိုမြင်တော့ လော့လိန်းက ဖုန့်ရှီ တကယ်ပဲ တိမ်ပင်လယ်ကို သိချင်နေသည်ဟု ထင်လိုက်ပြီး ထိုခေါင်းစဥ်ကို ဆက်မပြောတော့ချေ။

သူတို့လေးယောက်က နေရာကူးပြောင်းအခင်းအကျင်းကိုဖြတ်ပြီး တိမ်ပင်လယ်ရင်ပြင်သို့ ရောက်သွားကြသည်။ သဘက်ခါက ကောင်းကင်ဘုံမင်းသမီး၏ မွေးနေ့ဖြစ်သောကြောင့်၊ ဤရက်များတွင် လူတိုင်း အလုပ်ရှုပ်နေကြသည်။ ထို့ကြောင့် တိမ်ပင်လယ်ရင်ပြင်သည် သို့ ခါတိုင်းထက်ပင် လာရောက်သူနည်းပါးသော်လည်း လူစုစု အနည်းငယ်ကိုတော့ ဤနေရာတွင် မြင်တွေ့နေရဆဲဖြစ်သည်။ အများစုမှာ သဘက်ခါတွင် ကျင်းပမည့် ပွဲအကြောင်း ပြောနေကြပြီး သူတို့လေသံများတွင် အားကျနေကြသံများက အထင်းသားပင်။

"ဒီအကြိမ်တော့ ပြေးနေတဲ့တိမ်တွေကို မြင်ရဖို့ မဖြစ်နိုင်ဘူးလို့ ထင်တယ်" ဟု ဟွမ်ရဲက ဝမ်းနည်းစွာပြောလိုက်သည်။

"နေမင်းလေးကြောင့် တိမ်တွေ ပေါ်လာတာလို့ ငါကြားတယ်။ ဆယ်ရက်ပြည့်တိုင်းရဲ့ ညနေခင်းမှာ ကောင်းကင်ဘုံက နေမင်းငယ်က အနီရောင် ဒီရေ ပန်းထွက်လာပြီး ကောင်းကင်တစ်ခွင်ကို ပြည့်လျှံသွားစေတယ်။ ကျယ်ပြောလှတဲ့ အာကာသနဲ့ နေမင်းငယ်ကို မျက်နှာမူပြီး၊ အဲ့အပြင် ပတ်ပတ်လည်က တိမ်တိုက်တွေနဲ့မို့ ရင်ပြင်ဟာ အဲ့လောက်ကို လှပတဲ့ သဘာဝရှုခင်းတွေ ဖြစ်ပေါ်လာတယ်။ ဒါပေမယ့် ငါတို့ အချိန်ကိုက်ကို ရောက်လာပုံမရဘူး" လို့ ကျုံးဝူချင်းက အပြုံးလေးနှင်း နောင်တအနည်းငယ်စွက်ကာ ပြောလိုက်သည်။

"ကောင်းကင်ဘုံရဲ့ နေမင်းငယ်က ဘာကြောင့် ဒီရေနီတွေ ထွက်လာတာလဲ။" ဖုန့်ရှီက မေးလိုက်သည်။

ကျုံးဝူချင်းက ဒီကိစ္စနှင့်ပတ်သက်ပြီး စိုးရိမ်စရာ မရှိဘူးဟု သူ ယူဆသည့်

သူက အဲ့ကိစ္စကို ပိုပြီး စိုးရိမ်နေမည်ဟု ကျုံးဝူချင်း မမျှော်လင့်ထားခဲ့ပေ။ သူ မရီဘဲ မနေနိုင်တော့ရကာ၊ "မသိဘူး။ အဲ့တာက သဘာဝဖြစ်စဥ်တစ်ခုဖြစ်နိုင်တယ်!"

"ဒီ တိမ်ပင်လယ်ရင်ပြင်က အရမ်း ကျယ်တယ်၊ ဒါပေမဲ့ သူ့ကျော်ကြားမှုနဲ့တကယ်ပဲ ထိုက်တန်ပါတယ်။ တိမ်တွေနဲ့ ဝန်းရံနေပြီး လူတွေကို အချင်းချင်း ရှင်းရှင်းလင်းလင်း မြင်ရဖို့တောင် တကယ်ခက်တယ်။" လော့လိန်က သူ့ညာလက်ကို သူ့မျက်လုံး၏ အပေါ်ကို တင်ကာလိုက်ပြီး ရှေ့သို့ ကြည့်လိုက်သည်။ သူ့မျက်စိအမြင်နှင့်ဆို မီတာတစ်ရာအတွင်းသာ သူ မြင်နိုင်သည်။

"ငါတို့ တူတူပုန်းတန်း ကစားကြမလား?" ဖုန့်ရှီက ရုတ်တရက် အကြံပြုလိုက်သည်။

"..." ကျုံးဝူချင်း။

"..." လော့လိန်။

"..." ဟွမ်ရဲ။

နောက်ဆုံးတော့ သုံးယောက်လုံး တစ်ပြိုင်တည်း ချောင်းဆိုးသွားကြတော့၏။ ဒီအဆိုပြုချက်က ကလေးဆန်လွန်းတယ်။ ကလေးတွေကစားတဲ့ဂိမ်းကြီးလေ။ ဖုန့်ရှီက သဘာဝအလျောက်ကို ကလေးဆန်နေသေးပေမဲ့လည်း အရွယ်ရောက်ပြီးသူ သုံးဦးကို သူနဲ့အတူ အဲ့ဂိမ်းကို ကစားစေတာက ဂွကျတယ်။ သူများတွေမြင်ရင် ရှက်စရာကြီးလေ။

ဖုန့်ရှီက မျက်ခုံးပင့်လိုက်ပြီး "ဘာလဲ? မကစားရဲဘူးလား?"

"ငါ မကစားရဲဘူးလို့ ဘယ်သူပြောလဲ!" ‌လော့လိန်းက ချက်ချင်းပင် အလိုအလျောက် ပြန်တုံ့ပြန်လိုက်ပေမဲ့လည်း သူ ပြန်ပြောပြီးကာမှ မြန်လွန်းလှသည့် သူ့ပါးစပ်အတွက် သူ့ကိုယ်သူ နောင်တရသွားတော့သည်၊ အကြောင်းကတော့ ဖုန့်ရှီ၏ မျက်လုံးများက လင်းသွားပြီး ဂိမ်းအပေါ် စိတ်ဝင်စားမှုက ရှင်းရှင်းလင်းလင်း ပြနေသည်မို့ပင်။

"အားလုံးသဘောတူပြီဆိုတော့ စည်းကမ်းတွေအကြောင်းပြောမယ်။ ပထမဦးဆုံး လက်ညှိုးမှန်းတဲ့ဂိမ်းကို ကစားကြည့်ရအောင်၊ ဘယ်သူပဲ ရှုံးရှုံး ရှုံးတဲ့သူက တစ္ဆေလုပ်ရမယ်၊ ပြီးတော့ တခြားသူတွေကို လိုက်ဖမ်းရမယ်။ အချိန်ကန့်သတ်ချက်က နှစ်နာရီ၊ ကစားပွဲကို တိမ်ပင်လယ်ရင်ပြင်အတွင်းပဲ ကန့်သတ်ထားမယ်။ အကယ်၍ တစ်ယောက်ယောက်က အပြင်ဘက် ထွက်ပြေးသွားခဲ့ရင် အရှုံးပဲ၊ ပြီးတော့ အပြစ်ပေးလည်း ခံရမယ်။ အနိုင်ရသူက ပြစ်ဒဏ်ကို ဆုံးဖြတ်နိုင်ပြီး ရှုံးတဲ့သူကို တစ်ခုခုလုပ်ဖို့ တောင်းဆိုနိုင်မယ်။

ဖုန့်ရှီက မြန်မြန်ဆန်ဆန်ပဲ ချက်ကျလက်ကျ ပြောလိုက်သည်။ ရုတ်တရက်ပေါက်လာတဲ့ စိတ်ကူး ဖြစ်ပုံမရပေ။ သူ၏ တောက်ပနေသော မျက်လုံးများကို အကဲရရင် ဒီကစားပွဲကို သူ စောင့်မျှော်နေမှန်း သိသာသည်။

လော့လိန်က ဟွမ်ရဲနှင့် ကျုံးဝူချင်း၏ မျက်လုံးလှန်ပြခြင်းကို ခံလိုက်ရသည်။ မရှင်းဘူးဟု ပြောလိုသော်လည်း သူ လုံးဝမကစားချင်သောကြောင့် သွယ်ဝိုက်၍သာ သဘောတူခဲ့ခြင်းဖြစ်သဖြင့် အခုမှ သူ့စကားကို ပြန်ပြင်လျင် ကဲ့ရဲ့ခံရမည်ဖြစ်သည်။ ထို့ကြောင့် သူက "ရှင်းပြီ" ဟူသော စကားလုံးကို ဖြစ်ညှစ်ထုတ်ကာ ပြောလိုက်ရ၏။

လော့လိန်က လက်ချောင်းခန့်မှန်းသည့်ကစားပွဲတွင် ရှုံးသွားခဲ့သည်။ ကစားပွဲမစတင်ခင်က ဖုန့်ရှီရှင်းပြခဲ့သည်ကို သူ ကြားလိုက်သော်လည်း အတွေ့အကြုံရှိသည့်သူတွေက လူသစ်တွေထက် အမြဲ ပိုကောင်းသည်လေ။ ဟွမ်ရဲနှင့် ကျုံးဝူချင်းတို့က ကစားပွဲကို လုံးဝ မကစားဖူးသော်လည်း သူတို့က ကစားနည်းကို တခါမှတောင် မကြားဖူးသည့် လော့လိန်ထက်တော့ ပိုပြီး ရင်းနှီးမှုရှိသည်။ ထို့ကြောင့် သူတို့က အလွယ်တကူပဲ အနိုင်ရသွားခဲ့ခြင်းဖြစ်သည်။

လော့လိန်က မျက်လုံးမှိတ်လိုက်သောအခါတွင် ဖုန့်ရှီ၊ ဟွမ်ရဲနှင့် ကျုံးဝူချင်းတို့ စတင်လှုပ်ရှားကြတော့သည်။

ဖုန့်ရှီကို ကောင်းကောင်း ဂရုစိုက်ပါမယ်လို့ သူတို့ ငရဲမင်းကြီးကို ကတိပေးခဲ့သည့်အတွက် ဟွမ်ရဲနှင့် ကျုံးဝူချင်းတို့က ဖုန့်ရှီနှင့် ဝေးဝေး မသွားရဲသည့်အတွက် သူ့အနောက်ကနေသာ လိုက်သွားခဲ့ကြသည်။ ဒါပေမဲ့လည်း မိနစ်အနည်းငယ်အတွင်းမှာပဲ ဖုန့်ရှီက သူတို့ရှေ့ကနေ ပျောက်သွားလိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ကြပေ။ နေရာတိုင်းတွင် တိမ်တိုက်ဖြူများ ရှိနေ၏။ နှစ်ယောက်သား ခါးသက်သက် ပြုံးလိုက်ကြပြီး သူ့ကို လူခွဲပြီး ရှာဖို့သာ လုပ်နိုင်တော့သည်။

လော့လိန်က ဒီလိုမျိုး ဖြစ်လာနိုင်တယ်လို့ ထင်ခဲ့သည့်အတွက် သူ ဖုန့်ရှီကို အဓိကထား ရှာဖြစ်သည်။ သို့သော် တိမ်ပင်လယ်ရင်ပြင်က ကြီးမားလွန်းပြီး နေရာတိုင်းတွင် တိမ်တိုက်များရှိသည့်အပြင် တဖက်သူက ပုန်းဖို့ ကြံရွယ်ထားခြင်းဖြစ်သည်။ ဖုန့်ရှီကို တကယ်ရှာချင်တယ်ဆိုရင်တော့ ငါးနာရီ ခြောက်နာရီအတွင်း ပြီးနိုင်တော့မှာ မဟုတ်ပေ။ ကံကောင်းထောက်မစွာနှင့် ဖုန့်ရှီက လေးနာရီအတွင်း ပြန်လာမည်ဟု ငရဲမင်းကြီးကို ကတိပေးထားခဲ့သည်။ ထို့ကြောင့် အချိန်တန်ရင်တော့ သူ့ဘာသာသူ ထွက်လာသင့်သည်။

ဒါပေမဲ့လည်း သူတို့ စကားပုံတစ်ခုကို မေ့သွားခဲ့သည်၊ 'အလွန်ပျော်မြူးခြင်းက ဝမ်းနည်းမှု၏ အစပျိုးဖြစ်သည်'တဲ့

ဖုန့်ရှီက အရမ်း နာခံတတ်ရဲ့လား? အတိတ်တုန်းကလည်း သူက ငရဲမင်းကြီးကို သိပ်မကြာခင် ပြန်လာမယ်လို့ ကတိပေးခဲ့ဖူးပြီး အချိန်ကျော်လွန်သွားတဲ့အတွက်ကြောင့် ငရဲမင်းကြီးကိုယ်တိုင် ဖုန့်ရှီကို ပြန်ဖမ်းခေါ်ခဲ့ရတဲ့အကြိမ်တွေ တစ်ကြိမ်ထက်မနည်း ရှိခဲ့ဖူးသည်၊ ထို့ကြောင့် သူတို့သုံးယောက် စိတ်သက်သာရာရတာ စောလွန်းလှသည်လေ!

ဖုန့်ရှီက တကယ်ပဲ တူတူပုန်းတန်း ကစားလိုခဲ့သည့်အတွက် သူက လော့လိန်းထံကနေ အဝေးကို အရင်ဆုံး ပြေးသွားခဲ့သည်။ သူ ပြေးစဉ်မှာပဲ သူ လမ်းပျောက်သွားပြီဖြစ်ကြောင်း သိလိုက်ရပြီး သူ ထင်ထားခဲ့သည့်လမ်းကြောင်းတွင် တိမ်တိုက်ကြီးတစ်ခုက ပိတ်ဆို့ထားသည်။ မြူခိုးများကြားမှ သူ ပြေးထွက်တော့ ဖုန့်ရှီ ချက်ချင်းပဲ အရှက်ရသွားတော့သည်၊ အကြောင်းကတော့ သူ မသိဘဲ တိမ်ပင်လယ်ရင်ပြင်အပြင်ဘက်ကို ပြေးထွက်သွားမိမှန်း သိလိုက်ရသောကြောင့်ဖြစ်၏။

သူပြေးတာ အရမ်းမြန်သည့်အတွက် သူ့ဆီ လျှောက်လာနေသည့် လူတစ်အုပ်ကို သူ မတွေ့ခဲ့ပေ။ ရလဒ်ကတော့ ရှေ့ကလျှောက်နေတဲ့လူကို သူ ဝင်တိုက်မိသွားသည်။ ထိုသူက အတိုက်ခံရသည့်အတွက် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားပြီး မောက်မာအထက်စီးဆန်သော လေသံက ထွက်ပေါ်လာ၏။

"ဘယ်သောက်ကန်းကောင်လဲ? မြင့်မြတ်တဲ့မင်းသမီးကို မင်းဘယ်လိုတောင် ဝင်တိုက်ရဲတာလဲ?"

20231210; 1841

Stay tuned for the next chapter:

Chapter 204: The Conflict

🥰Thanks for reading, sharing, comments and votes.

—————————— 👀 —————————

အပိုင္း ၂၀၃: ရန္သူကို မေရွာင္နိုင္သည့္သူ

တိမ္ပင္လယ္သည္ ေကာင္းကင္ဘုံ၏ တတိယထပ္တြင္ တည္ရွိၿပီး ေကာင္းကင္ဘုံမွ လူငယ္မ်ားစြာတို႔ မၾကာခဏ သြားေလ့ရွိေသာ ေနရာျဖစ္သည္။

တိမ္ပင္လယ္ရင္ျပင္တြင္ ေကာင္းကင္ဘုံ၏ အခမ္းနားဆုံးေသာ သဘာဝရႈခင္းမ်ား ရွိသည္။ ရက္သတၱပါတ္ ဆယ္ရက္တိုင္းတြင္ တိမ္တိုက္မ်ားက ညေနခင္းတြင္ ျမင္းစီးသမားမ်ား စီးနင္းေနၾကေသာ ျမင္းအုပ္မ်ားကဲ့သို႔ ေျပးလႊားေနၾကသည္ကို ျမင္ေတြ႕ရနိုင္ၿပီး ေန႔ခင္းဘက္တြင္ တိမ္တိုက္မ်ားက ရင္ျပင္တစ္ခုလုံးကို လႊမ္းျခဳံကာ ရင္ျပင္ကို တိမ္ကမၻာတစ္ခုအျဖစ္သို႔ ေျပာင္းလဲသြားေစသည္။ ထို႔ေၾကာင့္ ေကာင္းကင္ဘုံရွိ အမ်ိဳးသား၊ အမ်ိဳးသမီး အမ်ားအျပားတို႔က က်င့္ႀကံရန္ သို႔မဟုတ္ ရႈခင္းၾကည့္ရန္အတြက္ တိမ္ပင္လယ္ရင္ျပင္သို႔ သြားရျခင္းကို ႏွစ္သက္ၾကသည္။

ေကာင္းကင္ဘုံတတိယထပ္၏ ဆြဲငင္အားမွာ အလြန္ျပင္းထန္ျခင္းမရွိေပ။ တစ္ဦးတစ္ေယာက္၏ က်င့္ႀကံမႈအဆင့္က နတ္ဘုရားအဆင့္သို႔ ေရာက္သည္ႏွင့္ ထိုသူက တတိယလႊာသို႔ သြားနိုင္မည္ျဖစ္သည္။ ထို႔ေၾကာင့္ တိမ္ပင္လယ္ရင္ျပင္ကို သြားေရာက္ၾကည့္ရႈနိုင္ဖို႔အတြက္ ေကာင္းကင္ဘုံမွ အမ်ိဳးသား အမ်ိဳးသမီးတို႔က နတ္ဘုရားအဆင့္ က်င့္ႀကံဆင့္သို႔ ေရာက္ရန္ အစြမ္းကုန္ ႀကိဳးစားၾကသည္။

ဒါကလည္း ေကာင္းကင္ဘုံ၏ ဘိုးေဘးဘီဘင္ေတြက အဆိုပါႀကီးမားေသာ ဆြဲငင္အားေက်ာက္တုံးႀကီးကို ရယူဖို႔ သူတို႔၏ အသက္ကို စြန႔္စားခဲ့ရသည့္ အေၾကာင္းရင္းတစ္ခုလည္း ျဖစ္ပါသည္။ ေကာင္းကင္ဘုံတြင္ အထပ္ဆယ္ထပ္ရွိေသာ္လည္း တစ္ခုစီတြင္ က်င့္ႀကံဆင့္ ကန႔္သတ္ခ်က္မ်ားရွိေသာေၾကာင့္ သင္ ျမင့္ျမင့္သြားလိုေလေလ က်င့္ႀကံဆင့္ တက္ေအာင္ ပိုႀကိဳးစားရေလျဖစ္သည္၊ မဟုတ္ပါက သင္သည္ ေအာက္ထပ္တြင္သာ လွည့္လည္သြားလာနိုင္ၿပီး သင္က အရႈံးသမားတစ္ေယာက္ျဖစ္ေၾကာင္း အျခားသူမ်ားက သိလာမည္ျဖစ္သည္။

ဘယ္သူကမွ အရႈံးသမားလို႔ တံဆိပ္မကပ္ခ်င္ၾကသည့္အတြက္ေၾကာင့္ ေကာင္းကင္ဘုံက လူငယ္ေလးေတြက ပိုျမင့္တဲ့အထပ္ကိုတက္နိုင္ဖို႔အတြက္ က်င့္ႀကံ ႀကိဳးစားၾကသည္။

ဤသည္မွာ အလြန္အက်ိဳးရွိေသာ ၿပိဳင္ဆိုင္မႈ မူဝါဒတစ္ခုျဖစ္သည္။ ၿပိဳင္ဆိုင္မႈက လူေတြကို ပ်င္းရိေပ်ာ့ညံ့ျခင္းကေန ကာကြယ္ေပးသည္။ ၎က ေကာင္းကင္ဘုံသည္ မိစၧာေလာကႏွင့္ ယွဥ္ၿပိဳင္နိုင္စြမ္းရွိျခင္း၏ အေရးႀကီးဆုံးအေၾကာင္းရင္းျဖစ္သည္။

မိစၧာေလာကမွ လူမ်ားအားလုံးက စစ္႐ူးမ်ား ျဖစ္ၾကၿပီး၊ တိုက္ခိုက္ျခင္းကို အလိုလို အ႐ူးအမူး ျဖစ္ၾကသူမ်ားျဖစ္သည္။ တိုက္ၿပီဆိုသည္ႏွင့္ ျပင္းျပင္းထန္ထ်န္ တိုက္ခိုက္ၾကသည္။ ေကာင္းကင္ဘုံ၏ ေနာင္လာေနာက္သားမ်ားက သူတို႔ကိုယ္သူတို႔ သူမ်ားေတြထက္ သာလြန္သူမ်ားဆိုၿပီး က်င့္ႀကံမႈအေပၚ အားမထည့္ပါက ၎တို႔သည္ မိစၧာေလာက၏ နင္းေခ်ျခင္းကို ၾကာရွည္စြာ ခံရမည္ျဖစ္သည္။

ဒါေပမဲ့ ေကာင္းကင္ဘုံ၏ ဆယ္ထပ္လုံးသို႔ အလြယ္တကူ ဝင္နိုင္ ထြက္နိုင္သည့္ အျခားနည္းလမ္းတစ္ခု ရွိေသးသည္။

ေကာင္းကင္ဘုံ၏ဘိုးေဘးမ်ားက အဆိုပါဆြဲငင္အားေက်ာက္တုံးကိုရယူစဥ္တြင္ အတြင္းတြင္ အနီေရာင္အရည္တစ္မ်ိဳးကို ေတြ႕ရွိခဲ့ၾကသည္။ ထိုအရည္မ်ား ခဲသြားၿပီးေနာက္၊ ၎သည္ ဆြဲငင္အား ေက်ာက္တုံး၏ ဆြဲအားကို တြန္းလွန္နိုင္မည္ျဖစ္သည္။ ထိုအရည္မွ သလင္းေက်ာက္ကို ရသေရြ႕ ေကာင္းကင္ဘုံ၏ အထပ္ဆယ္ထပ္လုံးသို႔ ဝင္ထြက္ရန္ ခက္ခဲမည္မဟုတ္ေပ။ သို႔ေသာ္လည္း ထိုအနီေရာင္အရည္မ်ားမွ ေပါင္းစပ္ျဖစ္တည္ထားေသာ သလင္းေက်ာက္မ်ားက အမ်ားအျပား မရွိေပ။ ၎ကိုရရွိရန္အတြက္၊ ေကာင္းကင္ဘုံ၌ ‌ေငြပမာဏတစ္ခုအထိ အလႈအတန္း ျပဳလုပ္ရန္ လိုအပ္သည္။ ထိုအေၾကာင္းျခင္းရာေၾကာင့္ လူအနည္းငယ္ကသာ ၎ကိုရယူလိုစိတ္ရွိၾကသည္။

မည္သို႔ပင္ဆိုေစကာမူ ထိုသလင္းေက်ာက္မ်ိဳးျဖင့္ဆိုလ်င္ ေကာင္းကင္ဘုံ၏ ဆယ္ထပ္ေျမာက္သို႔ အလြယ္တကူ ဝင္ေရာက္နိုင္သည္၊ အေၾကာင္းမွာ ဆယ္ထပ္ေျမာက္သည္ ေကာင္းကင္ဘုံ၏ အေရးႀကီးဆုံး တားျမစ္နယ္ေျမျဖစ္သည့္ ေန၏ ဝင္ေပါက္ႏွင့္ ထြက္ေပါက္ျဖစ္ေသာေၾကာင့္ ျဖစ္သည္။

သို႔ေသာ္၊ ေကာင္းကင္ဘုံ၏ ဆယ္လႊာတြင္ ေနနိုင္ဖို႔အတြက္ ထိုသူ၌ ျမင့္မားေသာ က်င့္ႀကံဆင့္လိုအပ္ခ်က္မ်ား ရွိသည္။ ဆယ္လႊာသို႔ဝင္ရန္၊ ထိုသူ၏ က်င့္ႀကံဆင့္မွာ ေကာင္းကင္ဘုံနတ္ဘုရား အငယ္တန္းအဆင့္ကို ေရာက္ရွိရမည္ျဖစ္သည္၊ သို႔မဟုတ္ပါက ေျမဆြဲအားေၾကာင့္ အသားေဆာ့စ္အျဖစ္ ေၾကမြသြားမည္ျဖစ္သည္။ ေကာင္းကင္ဘုံနတ္ဘုရား အငယ္စားအဆင့္ မေရာက္ေသးသူဆိုပါက သလင္းေက်ာက္အနီ၏ အကူအညီ လိုအပ္မည္ျဖစ္သည္။

ဖုန႔္ရွီက အျခားသူမ်ားႏွင့္ စကားစျမည္ အနည္းငယ္ေျပာ႐ုံမၽွႏွင့္ ထိုသို႔ေသာ အေရးႀကီးသည့္ သတင္းအခ်က္အလက္မ်ားကို ရရွိလိုက္နိုင္သည္ကို မေမၽွာ္လင့္ထားခဲ့ေပ။ သူက ေန၏ ဝင္‌ေပါက္ႏွင့္ ထြက္ေပါက္အေၾကာင္း စုံစမ္းဖို႔ ဘယ္လိုေမးရမလဲ စိတ္ပူေနေသးစဥ္မွာပဲ ၎အျခင္းအရာက ေလာ့လိန္းအပါအဝင္ အားလုံးသိသည့္အခ်က္အလက္ ျဖစ္ေနသည္။

"ဘာကိစၥရွိလို႔လဲ? ဆယ္လႊာကို သြားခ်င္တယ္လို႔ေတာ့ မေျပာပါဘူးေနာ္၊ ဟုတ္တယ္မဟုတ္လား?" ဖုန႔္ရွီ၏ အေတြးပင္လယ္ထဲ နစ္ေျမာေနပုံကိုၾကည့္ၿပီး ေလာ့လိန္းက စလိုက္သည္။

"ငါ ေတာ္ေတာ္ေလး သိခ်င္ေနလို႔" ဖုန႔္ရွီက ၎ကို ဖုံးကြယ္မထားေပ။ အမွန္ပင္ သူတြင္ ဆယ္လႊာကို အလြန္ႀကီးႀကီးမားမား စိတ္ဝင္စားမႈရွိေနၿပီး၊ ပုံမွန္မဟုတ္ေသာ စိတ္ဝင္စားမႈျဖစ္သည္။

"ဒီအႀကံကို ဖ်က္ဖို႔ ငါအႀကံေပးတယ္။ ပထမအေနနဲ႔၊ ေကာင္းကင္ဘုံနတ္ဘုရား အငယ္စားအဆင့္ က်င့္ႀကံဆင့္အတြက္ဆိုရင္ မင္းက အဲ့အဆင့္ကို ေရာက္ဖို႔ အေဝးႀကီး လိုေသးတယ္။ အဲ့အျပင္ သလင္းေက်ာက္ အနီကလည္း ေကာင္းကင္ဘုံရဲ့ ရတနာ။ အဲ့အေၾကာင္း စဥ္းေတာင္ မစဥ္းစားနဲ႔။ မင္းမေအာင္ျမင္နိုင္ေလာက္တဲ့ ခက္ခဲၾကမ္းတမ္းတဲ့ အေျခအေနေတြကို ေဘးဖယ္ထားလိုက္ဦး။ မင္း ဝင္နိုင္တယ္ဆိုရင္ေတာင္မွ ေကာင္းကင္ဘုံက မင္းကို ဝင္ခြင့္ျပဳမွာမဟုတ္ဘူး။ ဆယ္လႊာက ေနမင္းငယ္ဆီ ဝင္ေပါက္ပဲ၊ ၿပီးေတာ့ အဲ့တာက ေကာင္းကင္ဘုံရဲ့ တားျမစ္နယ္ေျမ။ အျပင္လူတစ္ေယာက္ျဖစ္တဲ့ မင္းက မင္း ငရဲမင္းႀကီးနဲ႔ ဘယ္ေလာက္ပဲ ရင္းႏွီးတဲ့ဆက္ဆံေရးရွိရွိ၊ မင္းအတြက္ သူတို႔က တံခါးကို ဖြင့္ေပးမွာမဟုတ္ဘူး။"

ဖုန႔္ရွီက ၎အခ်က္ကို မျငင္းနိုင္ေပ၊ သူ ရွင္းရွင္းလင္းလင္းကို သိသည္။

တကယ္ေတာ့၊ လြင္ျပင္က်ယ္မွာတုန္းက သီထ်န္းဟြာဆီကေန သူ ရယူထားခဲ့သည့္ ေနရာလြတ္လက္စြပ္ ႏွစ္ကြင္းထဲတြင္ အနီေရာင္ေက်ာက္တုံးတစ္တုံးလို႔ သူထင္တာတစ္ခု ရွိတာကို သတိရလိုက္သည္။ ဒါေပမဲ့ အဲ့ဒီ့အခ်ိန္တုန္းက အဆိုပါေက်ာက္တုံး၏ အသုံးဝင္ပုံကို သူ မသိေသာေၾကာင့္ လက္စြပ္ေထာင့္တြင္ ခ်ထားလိုက္ၿပီး ေသခ်ာ မေလ့လာခဲ့ေပ။ သူ၏ မွတ္ဉာဏ္ေကာင္းမႈကို ေက်းဇူးတင္ရမည္၊ အခု အသုံးဝင္လာေလၿပီ။

အဆုံးေတာ့လည္း သီထ်န္းဟြာက ေကာင္းကင္ဘုံ၏ မင္းသမီးတစ္ဦးျဖစ္သည္ေလ။ ေက်ာက္နီက မည္မၽွပင္ အဖိုးတန္ေစကာမူ ေကာင္းကင္ဘုံ၏ အထက္တန္းက်မႈက သူမကို တစ္တုံးေလာက္ ေပးဖို႔ေတာ့ အလြန္ တြန႔္တိုေနမည္မဟုတ္ေပ။ အင္းေပါ့၊ ေနာက္ဆုံးေတာ့လည္း ဖုန႔္ရွီက အက်ိဳးအျမတ္ ရသြားသူျဖစ္သြားတာေပါ့။

ဒီလိုနည္းလမ္းႏွင့္ အရာရာက အဆင္သင့္ျဖစ္ေနၿပီး သင့္ေလ်ာ္သည့္ အခြင့္အေရးတစ္ခုကို ေစာင့္႐ုံသာ က်န္ေတာ့သည္ေလ!

"ဒီအေၾကာင္း မေျပာၾကရေအာင္။ တိမ္ပင္လယ္ရင္ျပင္ရဲ့ ခမ္းနားတဲ့ ရႈခင္းကို သြားၾကည့္ၾကရေအာင္။" ဖုန႔္ရွီက သူ၏ မေကာင္းေသာ အေတြးမ်ားကို သိမ္းဆည္းလိုက္ကာ လူသုံးဦး၏ အာ႐ုံကို တိမ္ပင္လယ္ရင္ျပင္သို႔ ဆြဲေခၚလိုက္သည္။ သူတို႔က ေကာင္းကင္ဘုံကို ေရာက္ဖူးၾကေသာေၾကာင့္ ထိုျမင္ကြင္းကို သူတို႔ က်ိန္းေသေပါက္ ေပ်ာ္ၾကမည္ျဖစ္သည္။

သူ၏စိတ္အားထက္သန္မႈကိုျမင္ေတာ့ ေလာ့လိန္းက ဖုန႔္ရွီ တကယ္ပဲ တိမ္ပင္လယ္ကို သိခ်င္ေနသည္ဟု ထင္လိုက္ၿပီး ထိုေခါင္းစဥ္ကို ဆက္မေျပာေတာ့ေခ်။

သူတို႔ေလးေယာက္က ေနရာကူးေျပာင္းအခင္းအက်င္းကိုျဖတ္ၿပီး တိမ္ပင္လယ္ရင္ျပင္သို႔ ေရာက္သြားၾကသည္။ သဘက္ခါက ေကာင္းကင္ဘုံမင္းသမီး၏ ေမြးေန႔ျဖစ္ေသာေၾကာင့္၊ ဤရက္မ်ားတြင္ လူတိုင္း အလုပ္ရႈပ္ေနၾကသည္။ ထို႔ေၾကာင့္ တိမ္ပင္လယ္ရင္ျပင္သည္ သို႔ ခါတိုင္းထက္ပင္ လာေရာက္သူနည္းပါးေသာ္လည္း လူစုစု အနည္းငယ္ကိုေတာ့ ဤေနရာတြင္ ျမင္ေတြ႕ေနရဆဲျဖစ္သည္။ အမ်ားစုမွာ သဘက္ခါတြင္ က်င္းပမည့္ ပြဲအေၾကာင္း ေျပာေနၾကၿပီး သူတို႔ေလသံမ်ားတြင္ အားက်ေနၾကသံမ်ားက အထင္းသားပင္။

"ဒီအႀကိမ္ေတာ့ ေျပးေနတဲ့တိမ္ေတြကို ျမင္ရဖို႔ မျဖစ္နိုင္ဘူးလို႔ ထင္တယ္" ဟု ဟြမ္ရဲက ဝမ္းနည္းစြာေျပာလိုက္သည္။

"ေနမင္းေလးေၾကာင့္ တိမ္ေတြ ေပၚလာတာလို႔ ငါၾကားတယ္။ ဆယ္ရက္ျပည့္တိုင္းရဲ့ ညေနခင္းမွာ ေကာင္းကင္ဘုံက ေနမင္းငယ္က အနီေရာင္ ဒီေရ ပန္းထြက္လာၿပီး ေကာင္းကင္တစ္ခြင္ကို ျပည့္လၽွံသြားေစတယ္။ က်ယ္ေျပာလွတဲ့ အာကာသနဲ႔ ေနမင္းငယ္ကို မ်က္ႏွာမူၿပီး၊ အဲ့အျပင္ ပတ္ပတ္လည္က တိမ္တိုက္ေတြနဲ႔မို႔ ရင္ျပင္ဟာ အဲ့ေလာက္ကို လွပတဲ့ သဘာဝရႈခင္းေတြ ျဖစ္ေပၚလာတယ္။ ဒါေပမယ့္ ငါတို႔ အခ်ိန္ကိုက္ကို ေရာက္လာပုံမရဘူး" လို႔ က်ဳံးဝူခ်င္းက အျပဳံးေလးႏွင္း ေနာင္တအနည္းငယ္စြက္ကာ ေျပာလိုက္သည္။

"ေကာင္းကင္ဘုံရဲ့ ေနမင္းငယ္က ဘာေၾကာင့္ ဒီေရနီေတြ ထြက္လာတာလဲ။" ဖုန႔္ရွီက ေမးလိုက္သည္။

က်ဳံးဝူခ်င္းက ဒီကိစၥႏွင့္ပတ္သက္ၿပီး စိုးရိမ္စရာ မရွိဘူးဟု သူ ယူဆသည့္

သူက အဲ့ကိစၥကို ပိုၿပီး စိုးရိမ္ေနမည္ဟု က်ဳံးဝူခ်င္း မေမၽွာ္လင့္ထားခဲ့ေပ။ သူ မရီဘဲ မေနနိုင္ေတာ့ရကာ၊ "မသိဘူး။ အဲ့တာက သဘာဝျဖစ္စဥ္တစ္ခုျဖစ္နိုင္တယ္!"

"ဒီ တိမ္ပင္လယ္ရင္ျပင္က အရမ္း က်ယ္တယ္၊ ဒါေပမဲ့ သူ႔ေက်ာ္ၾကားမႈနဲ႔တကယ္ပဲ ထိုက္တန္ပါတယ္။ တိမ္ေတြနဲ႔ ဝန္းရံေနၿပီး လူေတြကို အခ်င္းခ်င္း ရွင္းရွင္းလင္းလင္း ျမင္ရဖို႔ေတာင္ တကယ္ခက္တယ္။" ေလာ့လိန္က သူ႔ညာလက္ကို သူ႔မ်က္လုံး၏ အေပၚကို တင္ကာလိုက္ၿပီး ေရွ႕သို႔ ၾကည့္လိုက္သည္။ သူ႔မ်က္စိအျမင္ႏွင့္ဆို မီတာတစ္ရာအတြင္းသာ သူ ျမင္နိုင္သည္။

"ငါတို႔ တူတူပုန္းတန္း ကစားၾကမလား?" ဖုန႔္ရွီက ႐ုတ္တရက္ အႀကံျပဳလိုက္သည္။

"..." က်ဳံးဝူခ်င္း။

"..." ေလာ့လိန္။

"..." ဟြမ္ရဲ။

ေနာက္ဆုံးေတာ့ သုံးေယာက္လုံး တစ္ၿပိဳင္တည္း ေခ်ာင္းဆိုးသြားၾကေတာ့၏။ ဒီအဆိုျပဳခ်က္က ကေလးဆန္လြန္းတယ္။ ကေလးေတြကစားတဲ့ဂိမ္းႀကီးေလ။ ဖုန႔္ရွီက သဘာဝအေလ်ာက္ကို ကေလးဆန္ေနေသးေပမဲ့လည္း အရြယ္ေရာက္ၿပီးသူ သုံးဦးကို သူနဲ႔အတူ အဲ့ဂိမ္းကို ကစားေစတာက ဂြက်တယ္။ သူမ်ားေတြျမင္ရင္ ရွက္စရာႀကီးေလ။

ဖုန႔္ရွီက မ်က္ခုံးပင့္လိုက္ၿပီး "ဘာလဲ? မကစားရဲဘူးလား?"

"ငါ မကစားရဲဘူးလို႔ ဘယ္သူေျပာလဲ!" ‌ေလာ့လိန္းက ခ်က္ခ်င္းပင္ အလိုအေလ်ာက္ ျပန္တုံ႔ျပန္လိုက္ေပမဲ့လည္း သူ ျပန္ေျပာၿပီးကာမွ ျမန္လြန္းလွသည့္ သူ႔ပါးစပ္အတြက္ သူ႔ကိုယ္သူ ေနာင္တရသြားေတာ့သည္၊ အေၾကာင္းကေတာ့ ဖုန႔္ရွီ၏ မ်က္လုံးမ်ားက လင္းသြားၿပီး ဂိမ္းအေပၚ စိတ္ဝင္စားမႈက ရွင္းရွင္းလင္းလင္း ျပေနသည္မို႔ပင္။

"အားလုံးသေဘာတူၿပီဆိုေတာ့ စည္းကမ္းေတြအေၾကာင္းေျပာမယ္။ ပထမဦးဆုံး လက္ညႇိုးမွန္းတဲ့ဂိမ္းကို ကစားၾကည့္ရေအာင္၊ ဘယ္သူပဲ ရႈံးရႈံး ရႈံးတဲ့သူက တေစၧလုပ္ရမယ္၊ ၿပီးေတာ့ တျခားသူေတြကို လိုက္ဖမ္းရမယ္။ အခ်ိန္ကန႔္သတ္ခ်က္က ႏွစ္နာရီ၊ ကစားပြဲကို တိမ္ပင္လယ္ရင္ျပင္အတြင္းပဲ ကန႔္သတ္ထားမယ္။ အကယ္၍ တစ္ေယာက္ေယာက္က အျပင္ဘက္ ထြက္ေျပးသြားခဲ့ရင္ အရႈံးပဲ၊ ၿပီးေတာ့ အျပစ္ေပးလည္း ခံရမယ္။ အနိုင္ရသူက ျပစ္ဒဏ္ကို ဆုံးျဖတ္နိုင္ၿပီး ရႈံးတဲ့သူကို တစ္ခုခုလုပ္ဖို႔ ေတာင္းဆိုနိုင္မယ္။

ဖုန႔္ရွီက ျမန္ျမန္ဆန္ဆန္ပဲ ခ်က္က်လက္က် ေျပာလိုက္သည္။ ႐ုတ္တရက္ေပါက္လာတဲ့ စိတ္ကူး ျဖစ္ပုံမရေပ။ သူ၏ ေတာက္ပေနေသာ မ်က္လုံးမ်ားကို အကဲရရင္ ဒီကစားပြဲကို သူ ေစာင့္ေမၽွာ္ေနမွန္း သိသာသည္။

ေလာ့လိန္က ဟြမ္ရဲႏွင့္ က်ဳံးဝူခ်င္း၏ မ်က္လုံးလွန္ျပျခင္းကို ခံလိုက္ရသည္။ မရွင္းဘူးဟု ေျပာလိုေသာ္လည္း သူ လုံးဝမကစားခ်င္ေသာေၾကာင့္ သြယ္ဝိုက္၍သာ သေဘာတူခဲ့ျခင္းျဖစ္သျဖင့္ အခုမွ သူ႔စကားကို ျပန္ျပင္လ်င္ ကဲ့ရဲ့ခံရမည္ျဖစ္သည္။ ထို႔ေၾကာင့္ သူက "ရွင္းၿပီ" ဟူေသာ စကားလုံးကို ျဖစ္ညႇစ္ထုတ္ကာ ေျပာလိုက္ရ၏။

ေလာ့လိန္က လက္ေခ်ာင္းခန္႔မွန္းသည့္ကစားပြဲတြင္ ရႈံးသြားခဲ့သည္။ ကစားပြဲမစတင္ခင္က ဖုန႔္ရွီရွင္းျပခဲ့သည္ကို သူ ၾကားလိုက္ေသာ္လည္း အေတြ႕အၾကဳံရွိသည့္သူေတြက လူသစ္ေတြထက္ အျမဲ ပိုေကာင္းသည္ေလ။ ဟြမ္ရဲႏွင့္ က်ဳံးဝူခ်င္းတို႔က ကစားပြဲကို လုံးဝ မကစားဖူးေသာ္လည္း သူတို႔က ကစားနည္းကို တခါမွေတာင္ မၾကားဖူးသည့္ ေလာ့လိန္ထက္ေတာ့ ပိုၿပီး ရင္းႏွီးမႈရွိသည္။ ထို႔ေၾကာင့္ သူတို႔က အလြယ္တကူပဲ အနိုင္ရသြားခဲ့ျခင္းျဖစ္သည္။

ေလာ့လိန္က မ်က္လုံးမွိတ္လိုက္ေသာအခါတြင္ ဖုန႔္ရွီ၊ ဟြမ္ရဲႏွင့္ က်ဳံးဝူခ်င္းတို႔ စတင္လႈပ္ရွားၾကေတာ့သည္။

ဖုန႔္ရွီကို ေကာင္းေကာင္း ဂ႐ုစိုက္ပါမယ္လို႔ သူတို႔ ငရဲမင္းႀကီးကို ကတိေပးခဲ့သည့္အတြက္ ဟြမ္ရဲႏွင့္ က်ဳံးဝူခ်င္းတို႔က ဖုန႔္ရွီႏွင့္ ေဝးေဝး မသြားရဲသည့္အတြက္ သူ႔အေနာက္ကေနသာ လိုက္သြားခဲ့ၾကသည္။ ဒါေပမဲ့လည္း မိနစ္အနည္းငယ္အတြင္းမွာပဲ ဖုန႔္ရွီက သူတို႔ေရွ႕ကေန ေပ်ာက္သြားလိမ့္မည္ဟု သူတို႔ မေမၽွာ္လင့္ခဲ့ၾကေပ။ ေနရာတိုင္းတြင္ တိမ္တိုက္ျဖဴမ်ား ရွိေန၏။ ႏွစ္ေယာက္သား ခါးသက္သက္ ျပဳံးလိုက္ၾကၿပီး သူ႔ကို လူခြဲၿပီး ရွာဖို႔သာ လုပ္နိုင္ေတာ့သည္။

ေလာ့လိန္က ဒီလိုမ်ိဳး ျဖစ္လာနိုင္တယ္လို႔ ထင္ခဲ့သည့္အတြက္ သူ ဖုန႔္ရွီကို အဓိကထား ရွာျဖစ္သည္။ သို႔ေသာ္ တိမ္ပင္လယ္ရင္ျပင္က ႀကီးမားလြန္းၿပီး ေနရာတိုင္းတြင္ တိမ္တိုက္မ်ားရွိသည့္အျပင္ တဖက္သူက ပုန္းဖို႔ ႀကံရြယ္ထားျခင္းျဖစ္သည္။ ဖုန႔္ရွီကို တကယ္ရွာခ်င္တယ္ဆိုရင္ေတာ့ ငါးနာရီ ေျခာက္နာရီအတြင္း ၿပီးနိုင္ေတာ့မွာ မဟုတ္ေပ။ ကံေကာင္းေထာက္မစြာႏွင့္ ဖုန႔္ရွီက ေလးနာရီအတြင္း ျပန္လာမည္ဟု ငရဲမင္းႀကီးကို ကတိေပးထားခဲ့သည္။ ထို႔ေၾကာင့္ အခ်ိန္တန္ရင္ေတာ့ သူ႔ဘာသာသူ ထြက္လာသင့္သည္။

ဒါေပမဲ့လည္း သူတို႔ စကားပုံတစ္ခုကို ေမ့သြားခဲ့သည္၊ 'အလြန္ေပ်ာ္ျမဴးျခင္းက ဝမ္းနည္းမႈ၏ အစပ်ိဳးျဖစ္သည္'တဲ့

ဖုန႔္ရွီက အရမ္း နာခံတတ္ရဲ့လား? အတိတ္တုန္းကလည္း သူက ငရဲမင္းႀကီးကို သိပ္မၾကာခင္ ျပန္လာမယ္လို႔ ကတိေပးခဲ့ဖူးၿပီး အခ်ိန္ေက်ာ္လြန္သြားတဲ့အတြက္ေၾကာင့္ ငရဲမင္းႀကီးကိုယ္တိုင္ ဖုန႔္ရွီကို ျပန္ဖမ္းေခၚခဲ့ရတဲ့အႀကိမ္ေတြ တစ္ႀကိမ္ထက္မနည္း ရွိခဲ့ဖူးသည္၊ ထို႔ေၾကာင့္ သူတို႔သုံးေယာက္ စိတ္သက္သာရာရတာ ေစာလြန္းလွသည္ေလ!

ဖုန႔္ရွီက တကယ္ပဲ တူတူပုန္းတန္း ကစားလိုခဲ့သည့္အတြက္ သူက ေလာ့လိန္းထံကေန အေဝးကို အရင္ဆုံး ေျပးသြားခဲ့သည္။ သူ ေျပးစဥ္မွာပဲ သူ လမ္းေပ်ာက္သြားၿပီျဖစ္ေၾကာင္း သိလိုက္ရၿပီး သူ ထင္ထားခဲ့သည့္လမ္းေၾကာင္းတြင္ တိမ္တိုက္ႀကီးတစ္ခုက ပိတ္ဆို႔ထားသည္။ ျမဴခိုးမ်ားၾကားမွ သူ ေျပးထြက္ေတာ့ ဖုန႔္ရွီ ခ်က္ခ်င္းပဲ အရွက္ရသြားေတာ့သည္၊ အေၾကာင္းကေတာ့ သူ မသိဘဲ တိမ္ပင္လယ္ရင္ျပင္အျပင္ဘက္ကို ေျပးထြက္သြားမိမွန္း သိလိုက္ရေသာေၾကာင့္ျဖစ္၏။

သူေျပးတာ အရမ္းျမန္သည့္အတြက္ သူ႔ဆီ ေလၽွာက္လာေနသည့္ လူတစ္အုပ္ကို သူ မေတြ႕ခဲ့ေပ။ ရလဒ္ကေတာ့ ေရွ႕ကေလၽွာက္ေနတဲ့လူကို သူ ဝင္တိုက္မိသြားသည္။ ထိုသူက အတိုက္ခံရသည့္အတြက္ ေျခလွမ္းအနည္းငယ္ ေနာက္ဆုတ္သြားၿပီး ေမာက္မာအထက္စီးဆန္ေသာ ေလသံက ထြက္ေပၚလာ၏။

"ဘယ္ေသာက္ကန္းေကာင္လဲ? ျမင့္ျမတ္တဲ့မင္းသမီးကို မင္းဘယ္လိုေတာင္ ဝင္တိုက္ရဲတာလဲ?"

20231210; 1841

Stay tuned for the next chapter:

Chapter 204: The Conflict

🥰Thanks for reading, sharing, comments and votes.

—————————— 👀 —————————

Continuer la Lecture

Vous Aimerez Aussi

4.5K 175 25
When Steven Universe, Ben 10, Gumball, Blossom, Supergirl, Robotboy, Samurai Jack, Generator Rex, Sonic and Juniper Lee team up to face their enemies...
77.6K 1.9K 40
This has to be my favorite BNHA ship so I had to write a story about them. Also, warning I'm going to: spoil all of the manga written so far add so...
4.2K 388 25
သွမ့်ရွေ့xသွမ့်ရန် အရိုးစစ်
26.8K 2K 59
(A Reverse Harem) Due to her above-average height, Shiina Kisaragi lives as the constant object of ridicule by her high school peers. Not a day goes...