အဓိပတိလမ်းမထက်က မောင့်ခြေရာ{အ...
By HoarFROST_
5.4M 576K 116K
ကျွန်တော်လေ...သည်အဓိပတိလမ်းမကြီးကို သိပ်သဘောကျတယ်။အထူးသဖြင့် မောင့်ခြေဖမိုးလေးနဲ့တွဲမြင်ရတာကို ပိုသဘောကျတယ်။ ... More
Prologue
{၁}U&Z
{၂}U/Z
{၃}U/Z
{၄}U/Z
{၅}U/Z
{၆}U/Z
{၇}U/Z
{၈}U/Z
{၉}U/Z
{၁၀}U/Z
{၁၁}U/Z
{၁၂}U/Z
{၁၃}U/Z
{၁၄}U/Z
{၁၅}U/Z
{၁၆}U/Z
{၁၇}U/Z
{၁၈}U/Z
{၁၉}U/Z
{၂၀}U/Z
{၂၁}U/Z
{၂၂}U/Z
{၂၃}U/Z
၂၄{U/Z}
{၂၅}U/Z
{၂၆}U/Z
{၂၇}U/Z
{၂၈}U/Z
{၂၉}U/Z
{၃၀}U/Z
{၃၁}U/Z
{၃၂}U/Z
{၃၃}U/Z
{၃၄}U/Z
{၃၅} U/ Z
{၃၆}U/Z
{၃၇}U/Z
{၃၈}U/Z
{၃၉}U/Z
{၄၀}U/Z
{၄၁}U/Z*
{၄၂}U/Z
{၄၃}U/Z
{၄၄}U/Z
{၄၅}U/Z
{၄၆}U/Z
{၄၇}U/Z
{၄၈}U/Z
{၄၉}U/Z
{၅၀}U/Z
{၅၁}U/Z
{၅၂}U/Z
{၅၃}U/Z
{၅၄}U/Z
{၅၅}U/Z-Final
Book Preorder Details
Q/A
Mg's Footprint
108K 8K 13K
By HoarFROST_
Unicode
All About Mg' Footprint on Chancellor, The Road
(စာရှည်ပေမဲ့ ဖတ်ကြည့်ပါ)
အဓိပတိလေးကို ဖန်တီးဖြစ်ခဲ့တဲ့အကြောင်းနဲ့ ဇာတ်ကောင်တွေအပေါ် ကျွန်တော့်ရဲ့ point of view နဲ့တခြားသောအတွေးတွေ၊ပေးချင်တဲ့ Msg တွေပေါ့။
ခင်ဗျားတို့ရဲ့အမြင်တွေလည်းဝင်ဆွေးနွေးလို့ရပါတယ်။
-ပထမဆုံး ဒီ ဝတ္ထုကို one shot(တစ်ပိုင်းအပြီး) ရေးဖြစ်ဖို့ စိတ်ကူးရတာက ရန်ကုန်တက္ကသိုလ်ရဲ့လမ်းနာမည်ကြောင့်ပဲ။ တိတိကျကျပြောရရင် ဆရာငှက်ရဲ့ သီချင်းကြောင့်ဆိုပိုမှန်မယ်။
အဓိပတိလမ်းမထက်အတိတ်ကတို့ခြေရာများ..
အဲ့သီချင်းကြောင့်ပဲ ဒီဇာတ်ကောင်နှစ်ခု မွေးဖွားလာတာ။ ပထမ character တွေကိုစဉ်းစားတယ်။
အဆောင်နေကျောင်းသားလေးတွေပေါ့။
-'မောင်' ဆိုတဲ့နာမ်စားကို အရမ်းကြိုက်တော့ နာမည်မှာ မောင်ပါရင် 'မောင်' လို့ခေါ်ရမဲ့အကြောင်းပြချက်ပေါ်အောင်ပေါ့။
ပြီးရင်နာမည်ကြားလိုက်တာနဲ့ ငြိမ့်ငြိမ့်လေးဖြစ်ရမယ်။ နွေးထွေးရမယ်။အာဏာအရှိန်အဝါတွေပြည့်နေတာထက် လေပြည်လိုနာမည်မျိုး။
အဲ့တာနဲ့*နွေဦးမောင်* ဖြစ်လာတယ်။
-နောက် character ကို ကျ တိုင်းရင်းသားပုံစံရေးမယ်ပေါ့။ နယ်ကနေရန်ကုန်ကိုတက်လာတဲ့အမျိုးသားလေး။
ကချင်/ကရင်/ချင်း
ဒီသုံးမျိုးမှာ ကချင်နဲ့ချင်းကို သီးသန့်နောက်ခံနဲ့ fic ရေးဦးမှာမို့ Drop ပြီး ကရင်ကိုယူလိုက်တယ်။နာမည်ပေးဖို့ရာက လွဲချော်မှာစိုးတာနဲ့ Google ခေါက်တော့ စောဟင်နရီဆိုတဲ့နာမည်ကိုတွေ့တယ်။
(မယုံရင် gg မှာ ကရင်နာမည်များ ဆိုပြီးရှာရန်)
စောဟင်နရီဆိုတော့ ဘိုဆန်လွန်းတယ်ဆိုပြီး ဟင်ကိုဖြုတ် *စောနရီ* ဆိုပြီးပေးခဲ့တာ။ အဓိပ္ပာယ်လည်းပြည့်ဝသလိုခံစားရတယ်။
-တက္ကသိုလ်နောက်ခံ
ကျွန်တော် ရန်ကုန်တက္ကသိုလ်ကိုမရောက်ဖူးတော့ ပုံမဖော်နိုင်မှာအရမ်းကြောက်တယ်။
သူများတွေအတွက်တော့သေချာမသိပေမဲ့ ကျွန်တော့်အတွက် နေရာစိမ်းမှာ လူနှစ်ယောက်ကိုမွေးဖွားရတာ တကယ်ခက်တယ်။
Os မှာတော့ သိပ်မလိုတာမို့ အဆောင်တွေပဲစုံစမ်းခဲ့ပေမဲ့ Long Story ရေးတဲ့အခါ ကျွန်တော် စာအုပ်တချို့နဲ့ Google တွေ၊အသိမိတ်ဆွေတွေကို အားကိုးခဲ့တယ်။
ဖတ်ခဲ့သည့်စာအုပ်များ-
အမုန်းအလိုမရှိ
ရေတမာ
အချစ်သည်သက်တော်ရာကျော်...
ချစ်သူပါးတစ်ဖက်ကိုခိုးဝှက်သွားတဲ့တစ္ဆေ
ငါတို့ခေတ်ကတက္ကသိုလ်
ချစ်သောပန်းကလေး
ရင်ခုန်သူများ။
ကျန်တာရှိသေးပေမဲ့မမှတ်မိတော့လို့ပါ။😁
ဒါတွေဖတ်တယ်ဆိုတာ တက္ကသိုလ်နောက်ခံအတွက်ရယ်၊ အဆောင်နေကျောင်းသားဘဝကိုလေ့လာဖို့အတွက်ပဲ။ ( ဆရာ/ဆရာမများကို ကျေးဇူးတင်လျက်ပါ။ စာတွေ့နဲ့ ကျောင်းထဲလည်ခဲ့ရတယ်)
Google မှာ ပုံတွေရှာတယ်။ တက္ကသိုလ်မြေပုံကို အလွတ်ဆွဲနိုင်သွားတယ်🤣🤣🤣 ကြည့်ရလွန်းလို့။
Fb မှာ ကံ့ကော်မြေဆိုတဲ့ gp ထဲဝင်တယ်။ gp ထဲကလူတွေ ment တဲ့ cmt တွေကိုပါလိုက်ဖတ်ပြီး ခေတ်အခြေအနေတွေကိုလေ့လာတယ်။
အဆောင်နေကျောင်းသားအစ်ကိုတစ်ယောက်ကို ဖုန်းတွေဆက်ပြီး မေးရတယ်။ညီမလေးတစ်ယောက်ကို ပုံတွေပြပြီး ဒါဘယ်နေရာလဲ။ ဘာတွေလဲဆိုပြီးစပ်စုရတယ်။ အဲ့အစ်ကိုနဲ့ညီမလေး ကိုလည်းတကယ်ကျေးဇူးတင်ပါတယ်။
၂၀၀၀ ခုနှစ် အခြေတည်တဲ့ ဝတ္ထုမို့ အဲ့ခေတ်က အန်တီကိုလည်း စကားတွေသွားပြောပြီး မေးခဲ့ရတယ်။ ဘတ်စ်ကားခ ၁ကျပ်ဆိုလို့ မျက်လုံးပြူးခဲ့ရသေးတာ။(မြန်မာနိုင်ငံရဲ့ငွေကြေးဖောင်းပွမှူက ကြောက်ခမန်းလိလိပါပဲ)
တော်တော်များများလေ့လာပြီးတော့ အရှည်စရေးပါတယ်။
ရေးဖူးသမျှထဲ Character အများဆုံးမို့ မနိုင်မှာလည်းကြောက်ခဲ့ရတယ်။
-မဂ္ဂဒီပါ ၊ သူက ဝန်ကြီးသားလေ။ သူ့နာမည်ကြားလိုက်တာနဲ့ အရှိန်အဝါတစ်ခုရှိနေတာမျိုးကိုလိုချင်လို့ဒီနာမည်ကို ပေးဖြစ်ခဲ့တာ။
-ဇေရဲ ဆိုတာကတော့ ရဲစခန်းအမြဲရောက်တတ်တာကိုစွဲပြီး အဲ့လိုပေးဖြစ်တာ။
-ခွန်စဝ်လွန်းနောင်။ပအိုဝ်းတိုင်းရင်းသားဆိုပေမဲ့ ရိုးရှင်းတဲ့နာမည်ထက် ပဟေဠိတွေများတဲ့နာမည်လိုမျိုး။ ကိုက်ရဲ့လားမသိပေမဲ့ သူ့နာမည်ကလည်း ရိုးမလိုနဲ့ဆန်းတယ်။
-ပန်းဦးမေ။ နွေဦးမောင်ညီမလေးမို့ ပန်းဦးမောင်လို့ အစကပေးထားပေမဲ့ နောက်တော့ မေလို့ ပြန်ပြောင်းဖြစ်တာ။
-ဥဿဦး။ ဥဿဖရား ဆိုတဲ့ ကျောက်မျက်ရတနာထဲက ဥဿ။ သူ့မိဘနာမည်တွေကိုက အဲ့လို ရတနာပစ္စည်းနဲ့ပက်သတ်တဲ့နာမည်မျိုး၊
သူကဂေးလား၊အဖြောင့်လား။
ကျွန်တော်လည်းမသိဘူး။
နောက်ဆုံးမှာ သူ့အကြောင်းကတော့ ရေရေရာရာထပ်မပါတော့ပါဘူး။
-ခင်စံပယ်ညို ၊ နာမည်လှလှလေးနဲ့ပေါ့။
ဒီမှာ သူ့ကို အစစ်မ မလို့၊မိန်းမ မလို့ယုတ်မာနေတာ လို့မမြင်စေချင်ဘူး။ပန်းဦးလည်း မိန်းမပဲ၊ ဇင်ငြိမ်းသူလည်းမိန်းမပဲ။
ဒီမှာ သူ ဗီလိန်ဖြစ်တာက တခြားသူတွေကို ငယ်ငယ်ကစိတ်ဒဏ်ရာတွေဘာတွေကြောင့်လည်းမဟုတ်ဘူး။ မနာလိုစိတ်ကြောင့်ပဲ။
မနာလိုစိတ်ကလောကမှာကြောက်စရာအကောင်းဆုံးပဲ။ သူလုပ်ခဲ့တဲ့ အမှားတွေအပြုအမူတွေက မိန်းမ၊ တခြားသူတွေပြောတတ်ကြသလို အစစ်မ ဖြစ်နေလို့မဟုတ်ဘူး။ မိန်းမဖြစ်စေ၊ယောက်ျားဖြစ်စေ မနာလိုစိတ်ရှိလာရင် ဒီလူက ယုတ်မာဖို့ အစပျိုးလာပြီပဲ။
အဲ့တာကြောင့်အစစ်မမို့ ယုတ်နေတာဆိုတဲ့အတွေးမထားပါနဲ့။
-ဒေါ်ရင်ရင်လတ်ကတော့ နွေဦးမောင်ကိုချစ်တဲ့အမေ။ သူ့သားကို ထိခိုက်လာမဲ့အကြောင်းဆိုရင် ဘာမဆိုလုပ်မဲ့သဘော။ မိခင်စိတ်ကြောင့်လည်းပြောလို့ရသလို အတ္တစိတ်လည်းပါမှာပေါ့။ လူတိုင်းရဲ့ အမြင်မှာသူကနူးညံ့တဲ့မိန်းမပဲ။ဒါပေမဲ့နွေဦးမောင်နဲ့ပက်သတ်ရင် sensitive ...
-ဒီဝတ္ထုထဲမှာ အကောင်းအဆိုးဒွန်တွဲနေတာ။ နွေဦးမောင်တို့လို ကောင်းတဲ့လူမျိုးရှိပေမဲ့လည်း ဥဿဦး အဖေ ဦးကျောက်လုံးတို့လို မိန်းမကို ကျွန်လိုသဘောထားတတ်တဲ့ လူမျိုးလည်းရှိတာပဲ။
ဦးညိုမောင်(နွေဦးမောင်) အဖေကတော့ လူယုတ်မာဖြစ်နေပေမဲ့လည်း သူ့မိန်းမကိုသေအောင်ချစ်တာ။ဒါမျိုးပေါ့ လောကမှာဘယ်အရာမှတသတ်မတ်ထဲမရှိဘူး။
-ခင်လွှမ်းက အစပိုင်းမှာ နွေဦးမောင်ကိုစိတ်ယိုင်နေတယ်လို့ထင်နေပေမဲ့ မသိစိတ်က ဥဿကိုချစ်နေတာ။ဥဿကသူ့အပေါ်အမြဲသံသယတွေ​ြပည့်နေတဲ့အပြင်၊ ဖိအားတွေကြောင့် သူထွက်ပြေးပြီး တခြားလူနဲ့ အကြောင်းပါသွားတယ်ပေါ့။ သူဥဿကို ချစ်ခဲ့ပေမဲ့ ကလေးကို တော့ နွေဦးမောင်ဆီပေးခဲ့တာ။ နွေဦးမောင်က သူ့အတွက်အစ်ကိုတစ်ယောက်လိုပဲမလို့။ ဒါက ဇာတ်လမ်းမှာ မဖော်ပြထားတာက တွေးလို့ရအောင်ပါ။
စောဦးယံရဲ့အဖေက ဒီဇာတ်လမ်းမှာမပါခဲ့တဲ့လူတစ်ယောက်ပါ။ ပဟေဠိအဖြစ်ကျန်ခဲ့မဲ့ အရာပါ။ ခင်လွှမ်းကလွဲပြီး ဘယ်သူမှမသိတဲ့အကြောင်းပေါ့။
စောဦးယံ သာ comeback လာခဲ့ရင် သူ့အဖေက ဘာကြီးလဲ ဆိုတာကပြန်ပါမှာပါ။comeback မရှိရင် မသိရတော့ဘူးပေါ့။
-ဒီထဲမှာ SE နှစ်တွဲပါ ပါတယ်။
ဥဿဦးနဲ့ခင်လွှမ်းရယ်။
ဇေရဲနဲ့ ဇင်ငြိမ်းသူပါ။ သတိထားမိလားမသိဘူး😁
အဆုံးသတ်အနေနဲ့ ဇာတ်ကောင်အကုန်လုံးကကြည့်ပျော်ရှုပျော်/ချောတာမျိုးပေါ့။ဒါကဝတ္ထုကို။
ဒါပေမဲ့ ဒီခရီးရှည်ကြီးမှာ ဒီဇာတ်ကောင်တွေက ကိုယ်နဲ့အတူရှိနေသလိုပဲ။ ရေးရင်း ပြုံးခဲ့ရသလို၊ မျက်ရည်တောက်တောက်ကျခဲ့ရတာတွေလည်းရှိတယ်။ ကျွန်တော်ကအသည်းနုပါတယ်။(><)
Drama အခန်းဆို ရေးရင်းငိုတယ်။ ဒီဇာတ်ကောင်တွေကို ကျွန်တော့်လောက်ဘယ်သူ့မှမချစ်နိုင်ပါဘူး။ ဒီဇာတ်ကောင်တွေဝမ်းနည်းရင် ကျွန်တော်လည်းထပ်တူပါပဲ။
-မဂ္ဂလွန်း အတွက် က သီးသန့်ထပ်လာဖို့ရှိတယ်။book ခွဲမှာပါ။ s2 သဘောမဟုတ်တာမို့ ဒါကိုပြီးအောင်မဖတ်ထားလည်းဖတ်လို့ရတဲ့ ဝတ္ထုသက်သက်တစ်ပုဒ်ဖြစ်မှာပါ။ ချက်ချင်းမရေးဖြစ်ပါဘူးနော်။ လတ်တလောတော့ နားဦးမယ်။ မဂ္ဂလွန်းကိုလည်း စိတ်ရှိမှသာလိုက်ဖတ်ပါ။❤️
-၁လပိုင်း ကနေရေးခဲ့တဲ့ ဇာတ်လမ်းက ၉လအကြာမှာအဆုံးထိရောက်ခဲ့ပြီ၊ ကြားထဲ Coup ကြောင့်နားလိုက်ရသေးတယ်။ လိုအပ်ချက်တွေများပေမဲ့လည်း လုပ်နိုင်သွားပြီ။ အဆုံးထိလိုက်ပါလာတဲ့လူတွေကိုလည်းကျေးဇူးတင်ပါတယ်။လိုက်မပါနိုင်တဲ့လူတွေကိုလည်းအပြစ်မတင်ပါဘူး။ သူ့အကြိုက်နဲ့သူမို့ ကျွန်တော့်လက်ရာက သူတို့တွက် ဟင်းကောင်းတစ်ပွဲဖြစ်ချင်မှလည်းဖြစ်မှာပေါ့။စာလုံးပေါင်းတချို့မှားနေမယ်ထင်ပါတယ်။ မျက်စိလျှမ်းပြီးစစ်ဖို့ ကျန်ခဲ့တာမို့ ခွင့်လွှတ်ပေးပါ။
နောက်တစ်ခုက Extra-
Extra က အချပ်ပိုဆိုတဲ့အတိုင်းပဲ အပိုလို့ပဲမြင်နေမိတယ်။(ကျွန်တော့်Extra ကိုကျွန်တော်ပြောတာပါ)
နောက်ဆုံးအပိတ်စကားလုံးတွေနဲ့တင် လုံလောက်ပြီလို့ခံစားရတယ်။ Extra ဆိုပြီးမရေးလည်း ကျွန်တော့်အတွေးတွေထဲမှာ သူတို့ကရှင်သန်နေဆဲဖြစ်မှာပါ။The End လို့အဆုံးမသတ်ချင်ပေမဲ့လည်း
ဆက်ဖို့ရန်မရှိသေးပါ။ သူတို့ပျော်နေကြမှာပါ။
So There is no more Extra .
အမှတ်တရနေ့တွေမှာတော့ ရေးကောင်းရေးဖြစ်မယ်ထင်ပါတယ်။မသေချာပါဘူး။
-စာအုပ်နဲ့ပက်သတ်တာ အမေးများလို့။ ဒီနှစ်လုံးဝမထုတ်ပါ။ နောက်နှစ်ဖြစ်နိုင်ပါတယ်။ နောက်နှစ်မဟုတ်လည်း တစ်နှစ်နှစ်ပေါ့။ စာအုပ်အဖြစ်သာထုတ်ရင် သေချာကို စီစဉ်ပေးမှာပါ။ အရမ်းလည်းမျှော်လင့်ခဲ့ရတဲ့ အရာမို့ပါပဲ။
-completed ဆိုပေမဲ့ fb လို social mediaမှာ spoil ရှောင်ပေးနော်😁❤️ ဖတ်ချင်တဲ့သူက လာဖတ်ပါစေ။ အများကြီးညွှန်းစရာမလိုပါဘူးဗျ။ မျက်စိနောက်ကုန်ရင် စောင်းငန်းပြောတဲ့လူက မရေးခင်ကတည်းကရှိတော့ အလစ်တဲလေး စိတ်ရှုပ်မခံချင်လို့ပါ။cmt တွေအကုန်လိုက်ဖတ်ပေမဲ့ Spam ဖြစ်မှစိုးလို့ မပြန်တော့ဘူးနော်😽
-ဒါဆို အမေးအဖြေ အစီအစဉ်လေးစကြစို့✊ Haiyo
၁။ဒီဇာတ်လမ်းနဲ့ပတ်သက်တဲ့ခံစားချက်လေး။
၂။ဒီဇာတ်လမ်းအတွက်ဝေဖန်ချင်တာ။(အပြုသဘောဆောင်)
၃။အကြိုက်ဆုံးဇာတ်ကောင်။
၄။အကြိုက်ဆုံးဇာတ်ဝင်ခန်း။
၅။အငိုခဲ့ရဆုံးအခန်း။
၆။ဖက်ထားပေးချင်တဲ့ဇာတ်ကောင်။
၇။ကြည်နူးရဆုံးသောအခန်း။
၈။ဇာတ်လမ်းပါအကြောင်းအရာထဲမှာ ကိုယ်အားကျမိတာမျိုးရှိသလား။
၉။ကိုယ်သာ ဒီဇာတ်လမ်းထဲက ဇာတ်ကောင်တစ်ယောက်ဖြစ်ရမယ်ဆိုရင် ဘယ်သူ့နေရာမှာနေချင်လဲ။
၁၀။ ဒီထဲကဇာတ်ကောင်ကိုဖြစ်ဖြစ်၊ စာရေးသူကိုဖြစ်ဖြစ် ပြောချင်တဲ့စကားရှိလား။ရှိရင်ပြောခဲ့လို့ရပါတယ်။
၁၁။ နရီနဲ့ နွေဦးမောင် ဘယ်မှာစတွေ့ကြတာလဲ။
၁၂။ မဂ္ဂ လွန်း တို့စတွေ့ခဲ့ပုံကို မှတ်မိလား။
၁၃။ ကလေးနဲ့ပက်သတ်ပြီး နွေဦးမောင် ရဲ့ hint ကိုမှတ်မိလား။
၁၄။ဥဿကို ဂေးလို့ထင်လား။ အဖြောင့်လို့ထင်လား။
၁၅။ ပန်းဦးမေရဲ့ Crush က ဘယ်သူလဲ?
Love U All❤️
°°°°°°°
Zawgyi
All About Mg' Footprint on Chancellor, The Road
ကချင်/ကရင်/ချင်း
-တက္ကသိုလ်နောက်ခံ
အမုန်းအလိုမရှိ
ရေတမာ
ချစ်သောပန်းကလေး
ရင်ခုန်သူများ။
ကျွန်တော်လည်းမသိဘူး။
ဥဿဦးနဲ့ခင်လွှမ်းရယ်။
နောက်တစ်ခုက Extra-
၅။အငိုခဲ့ရဆုံးအခန်း။
၁၄။ဥဿကို ဂေးလို့ထင်လား။ အဖြောင့်လို့ထင်လား။
Love U All❤️
3/10
Continue Reading
You'll Also Like
207K 5.1K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
2.3M 209K 35
My first Story 💜 (Own Creation)
1.2M 50.6K 62
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
10.6M 714K 67
punishment type ပါ။ အဆင်ပြေတယ်ဆိုမှဖတ်ပါ။