သူတို့ကဘယ်သူတွေလဲ....ဘာလို့ငါ့ကိုလက်သီးနဲ့လာထိုးတာလဲ...ဒုတိယအစ်ကိုနဲ့ ငါးမြွှာပူးတွေဘယ်ရောက်သွားတာလဲ...ပြီ်းတော့ ငါဘယ်ရောကျနေတာလဲ...
ရုန်ယိ သူ့ကိုယ်သူ ခေတ်သစ်အပြင်အဆင်နဲ့အခန်းမှာမဟုတ်ဘဲ TV ထဲမှာသာမြင်ခဲ့ဖူးတဲ့ ရှေးခေတ် အဆောက်အဦးရှေ့မှာရပ်နေမှန်း သတိပြုမိသွားသည်။ ရုန်ချီရဲ့ရယ်စရာကောင်းတဲ့သူငယ်ချင်းတွေက သူ့အပေါ် မှော်အတတ်သုံးလိုက်တာဖြစ်မယ်။
"ဝိုး.. ဒီအခြောက်က ငါ့လက်သီးကိုရှောင်နိုင်တယ်ဟ..အထင်ကြီးစရာပဲ.."
ရုန်ယိရှေ့မှာရပ်နေတဲ့ယောက်ျားကပြုံးပြီး
"မင်းရဲ့ နို့တိုက်နေရတဲ့ယောက်ျားခွန်အားတွေကိုသုံးလိုက်တာလား...."
တစ်ခြားယောက်ျားနှစ်ယောက်က ကျယ်လောင်စွာရယ်မောလာကြသည်။
"အစ်ကိုချွမ် အချိန်မဖြုန်းနဲ့တော့.... သူ့ကို ဂိုဏ်းတူအစ်မရဲ့ မဂ်လာဆောင်ဖိတ်စာပေးလိုက်တော့..ဒါမှသူထာဝရလက်လျော့သွားမှာ..." ဒီယောက်ျားရဲ့နောက်ကမိန်းကလေးက အထင်သေးမှုတွေနဲ့ပြောလာသည်။
"ကောင်းပြီ" ချွမ်ဖုန်း သူ့အကျီရင်ဘက်ထဲကနေ အနီရောင်ဖိတ်စာကတ်ကိုထုတ်ကာ သူ့လက်ပေါ်သူပုတ်နေရင်းနဲ့
"သူမက မင်းကိုဖိတ်စာပေးခိုင်းလိုက်တယ်...။နောက်နှစ်လကြာရင် သူမနဲ့မင်းရဲ့ဆရာတူအစ်ကိုကြီးက ထျန်းယွမ်ဂိုဏ်းရဲ့ ကံကြမ္မာတောင်ထွတ်မှာ လက်ထပ်တော့မှာ..မင်းကို သူတို့ရဲ့ မဂ်လာပွဲကိုဖိတ်လိုက်တယ်...။ဒါပေမဲ့ မင်းမှာက လရင့်နေတဲ့ကိုယ်ဝန်ကြီးနဲ့ဆိုတော့ မလာတာကပိုကောင်းမယ်..။.မဟုတ်ရင် အဲ့မြင်ကွင်းက မင်းအတွက်လက်ခံနိုင်ဖို့ အရမ်းများလွန်းတော့ မဂ်လာပွဲမှာတင် ကလေးမွေးနေဦးမယ်..။"
"အစ်ကိုချွမ်..ကျွန်တော်တို့ လက်သည်တစ်ယောက်ပါဖိတ်လိုက်မယ်လေ..ဒါမှသူကလေးမွေးတဲ့အခါ သူ့ဘောင်းဘီကိုချွတ်ပြီးတော့ ယောက်ျားတစ်ယောက်ဘယ်လိုကလေးမွေးလဲဆိုတာ တစ်ဂိုဏ်းလုံးပြလို့ရမှာ.."ကျန်တဲ့သူတွေကပါ ဝိုင်းလှောင်ပြောင်ကြ၏။
"အကြံကောင်းဘဲ..."
ရုန်ယိက သူတို့ဘာပြောပြောအာရုံမစိုက်ပေ။ တစ်ယောက်ယောက်လုပ်လိုက်တဲ့ ဒီပုံရိပ်ယောင်ထဲကနေ ဘယ်လိုထွက်ရမလဲဘဲ သူ့အာရုံထဲရှိ၏။
"ဖမ်းလိုက်...အခြောက်" ချွမ်ဖုန်းက ဖိတ်စာကတ်ကို ရုန်ယိရဲ့မျက်နှာညာဘက်ခြမ်းကိုပစ်ပေးလိုက်သည်။
ရုန်ယိလက်ရှိကို ပြန်သတိဝင်လာပြီးနောက် ဖိတ်စာကတ်ကို လက်နှစ်ချောင်းထဲနှင့်ညှပ်ယူလိုက်သည်။ ဒါပေမဲ့ သူ့ခြေထောက်က ဘယ်လိုမှမထိန်းနိုင်တော့ဘဲနဲ့ မြေကြီးပေါ်လဲကျသွားရပြီးနောက် ဖိတ်စာကတ်ကို ချွမ်ဖုန်းဆီကို လှံတံအသေးပစ်သလို မြန်မြန်နဲ့အားအပြည့်ဖြင့် ပြန်ပစ်ပေးလိုက်၏။
ချွမ်ဖုန်းက ဖိတ်စာကတ်ကိုရုန်ယိတစ်ယောက် ပြန်ပစ်ပေးမယ်လို့မထင်ထားတာကြောင့် ကတ်က သူ့မျက်နှာကိုခပ်နက်နက်ရှသွားသည်။
"အားး.."
သူ့မျက်နှာသူထိကြည့်လိုက်ပြီးနောက် လက်ချောင်းထိပ်မှာသွေးတွေကိုတွေ့လိုက်ရသည်။ ဒီအားနည်းတဲ့ရုန်ယိက စက္ကူတစ်ရွက်နဲ့သူ့ကိုဒဏ်ရာရအောင်လုပ်နိုင်တာကြောင့် သူနဲ့သူ့အဖော်တွေအကုန် ထိတ်လန့်အံ့အားသင့်သွားရ၏။
"ခွေးမသား..မင်းငါ့ကိုဒဏ်ရာရအောင်လုပ်ရဲတယ်!!. ."
ချွမ်ဖုန်း သူ့ဓားကိုဆွဲထုတ်လိုက်သည်။
အဲ့အချိန်မှာ ခပ်လှမ်းလှမ်းကနေ ယောက်ျားတစ်ယောက်လှမ်းအော်သံကြားလိုက်ကြရ၏။
"ချွမ်ဖုန်း!!..မင်းဘဲလား..ငါ့နေရာလာပြီး ငါ့သခင်လေးကိုအနိုင်ကျင့်နေတာ မင်းသေချင်နေတာလား..."
ချွမ်ဖုန်းနဲ့တစ်ခြားသူတွေက အဲ့လူက ရုန်ယိရဲ့ကိုယ်ရံတော် ရုန်စု မှန်းသိလိုက်တဲ့အခါ အကုန်ရပ်သွားကြသည်။ရုန်စုက အခြေတည်အဆင့်၉ ဖြစ်ပြီး သူတို့ကအခုမှအခြေတည်အဆင့်အစောပိုင်းသာရှိသေးသည်။ သူတို့အကုန်ပေါင်းတာတောင်မှ သူ့ကိုမနိုင်နိုင်ပေ။ ဒါကြောင့် စကားတစ်ခွန်းပြောပြီးနောက်ချက်ချင်းပြေးထွက်သွားကြသည်။
"ရုန်ယိ....နောက်မှတွေ့ကြတာပေါ့.."
"သခင်လေး အဆင်ပြေရဲ့လား..။ဒဏ်ရာရသွားသေးလား..။သူတို့သခင်လေးကို လက်သီးနဲ့ထိုးလိုက်သေးလား..။သူတို့တစ်ခြား ရှုံ့ချတဲ့စကားတွေရောပြောသွားကြသေးလား...။သူတို့ပြောတာလုံးဝနားမထောင်နဲ့နော် သူတို့ကသခင်လေးကိုစိတ်ဆိုးအောင် ရည်ရွယ်ချက်ရှိရှိလုပ်နေကြတာ...။သူတို့ဆန္ဒအတိုင်းမဖြစ်စေနဲ့...."
ရုန်စုကရှေ့ကိုတိုးလာပြီး ရုန်ယိကိုသူ့လက်မောင်းထဲမှာပွေ့ချီလိုက်ကာ အကြိမ်အနည်းငယ်လောက် လေထဲကိုခုန်တက်သွားလိုက်ကာ ခြံဝန်းတစ်ခုထဲဆင်းလိုက်သည်။ ထို့နောက် သူ့ကိုအိပ်ယာပေါ်တင်ပေးရင်းနဲ့ ပြောသည်။
"သခင်လေး နာနေတာလား...။သေချာအောင်လုပ်မှဖြစ်မှာပါ...။ကျွန်တော်စစ်ဆေးကြည့်ဖို့လက်သည်သွားခေါ်လိုက်ဦးမယ်...။ဒီကနေစောင့်နေနော်...ကျွန်တော်မကြာဘူးပြန်လာမယ်။"
"ဟမ်.!!. "
ရုန်ယိဘာမှတောင်မပြောလိုက်ရသေးဘူး ရုန်စုက မြှားလိုမျိုးအလျင်နဲ့ထွက်သွားလေပြီ။
သောက်ကျိုးနည်းတဲ့မှ...သူဘာပြောသွားတယ်...လက်သည်....
လက်သည်ဆိုတာ ကလေးမွေးပေးတဲ့သူမဟုတ်ဘူးလားဟ.....။
****************
Zawgyi
သူတို႔ကဘယ္သူေတြလဲ....ဘာလို႔ငါ့ကိုလက္သီးနဲ႕လာထိုးတာလဲ...ဒုတိယအစ္ကိုနဲ႕ ငါးႁမႊာပူးေတြဘယ္ေရာက္သြားတာလဲ...ၿပီ္းေတာ့ ငါဘယ္ေရာက်နေတာလဲ....
႐ုန္ယိ သူ႕ကိုယ္သူ ေခတ္သစ္အျပင္အဆင္နဲ႕အခန္းမွာမဟုတ္ဘဲ TV ထဲမွာသာျမင္ခဲ့ဖူးတဲ့ ေရွးေခတ္ အေဆာက္အဦးေရွ႕မွာရပ္ေနမွန္း သတိျပဳမိသြားသည္။ ႐ုန္ခ်ီရဲ႕ရယ္စရာေကာင္းတဲ့သူငယ္ခ်င္းေတြက သူ႕အေပၚ ေမွာ္အတတ္သုံးလိုက္တာျဖစ္မယ္။
"ဝိုး.. ဒီအေျခာက္က ငါ့လက္သီးကိုေရွာင္နိုင္တယ္ဟ..အထင္ႀကီးစရာပဲ.."
႐ုန္ယိေရွ႕မွာရပ္ေနတဲ့ေယာက္်ားကၿပဳံးၿပီး
"မင္းရဲ႕ နို႔တိုက္ေနရတဲ့ေယာက္်ားခြန္အားေတြကိုသုံးလိုက္တာလား...."
တစ္ျခားေယာက္်ားႏွစ္ေယာက္က က်ယ္ေလာင္စြာရယ္ေမာလာၾကသည္။
"အစ္ကိုခြၽမ္ အခ်ိန္မျဖဳန္းနဲ႕ေတာ့.... သူ႕ကို ဂိုဏ္းတူအစ္မရဲ႕ မဂ္လာေဆာင္ဖိတ္စာေပးလိုက္ေတာ့..ဒါမွသူထာဝရလက္ေလ်ာ့သြားမွာ..." ဒီေယာက္်ားရဲ႕ေနာက္ကမိန္းကေလးက အထင္ေသးမႈေတြနဲ႕ေျပာလာသည္။
"ေကာင္းၿပီ" ခြၽမ္ဖုန္း သူ႕အက်ီရင္ဘက္ထဲကေန အနီေရာင္ဖိတ္စာကတ္ကိုထုတ္ကာ သူ႕လက္ေပၚသူပုတ္ေနရင္းနဲ႕
"သူမက မင္းကိုဖိတ္စာေပးခိုင္းလိုက္တယ္...။ေနာက္ႏွစ္လၾကာရင္ သူမနဲ႕မင္းရဲ႕ဆရာတူအစ္ကိုႀကီးက ထ်န္းယြမ္ဂိုဏ္းရဲ႕ ကံၾကမၼာေတာင္ထြတ္မွာ လက္ထပ္ေတာ့မွာ..မင္းကို သူတို႔ရဲ႕ မဂ္လာပြဲကိုဖိတ္လိုက္တယ္...။ဒါေပမဲ့ မင္းမွာက လရင့္ေနတဲ့ကိုယ္ဝန္ႀကီးနဲ႕ဆိုေတာ့ မလာတာကပိုေကာင္းမယ္..။.မဟုတ္ရင္ အဲ့ျမင္ကြင္းက မင္းအတြက္လက္ခံနိုင္ဖို႔ အရမ္းမ်ားလြန္းေတာ့ မဂ္လာပြဲမွာတင္ ကေလးေမြးေနဦးမယ္..။"
"အစ္ကိုခြၽမ္..ကြၽန္ေတာ္တို႔ လက္သည္တစ္ေယာက္ပါဖိတ္လိုက္မယ္ေလ..ဒါမွသူကေလးေမြးတဲ့အခါ သူ႕ေဘာင္းဘီကိုခြၽတ္ၿပီးေတာ့ ေယာက္်ားတစ္ေယာက္ဘယ္လိုကေလးေမြးလဲဆိုတာ တစ္ဂိုဏ္းလုံးျပလို႔ရမွာ.."က်န္တဲ့သူေတြကပါ ဝိုင္းေလွာင္ေျပာင္ၾက၏။
"အႀကံေကာင္းဘဲ..."
႐ုန္ယိက သူတို႔ဘာေျပာေျပာအာ႐ုံမစိုက္ေပ။ တစ္ေယာက္ေယာက္လုပ္လိုက္တဲ့ ဒီပုံရိပ္ေယာင္ထဲကေန ဘယ္လိုထြက္ရမလဲဘဲ သူ႕အာ႐ုံထဲရွိ၏။
"ဖမ္းလိုက္...အေျခာက္" ခြၽမ္ဖုန္းက ဖိတ္စာကတ္ကို ႐ုန္ယိရဲ႕မ်က္ႏွာညာဘက္ျခမ္းကိုပစ္ေပးလိုက္သည္။
႐ုန္ယိလက္ရွိကို ျပန္သတိဝင္လာၿပီးေနာက္ ဖိတ္စာကတ္ကို လက္ႏွစ္ေခ်ာင္းထဲႏွင့္ညွပ္ယူလိုက္သည္။ ဒါေပမဲ့ သူ႕ေျခေထာက္က ဘယ္လိုမွမထိန္းနိုင္ေတာ့ဘဲနဲ႕ ေျမႀကီးေပၚလဲက်သြားရၿပီးေနာက္ ဖိတ္စာကတ္ကို ခြၽမ္ဖုန္းဆီကို လွံတံအေသးပစ္သလို ျမန္ျမန္နဲ႕အားအျပည့္ျဖင့္ ျပန္ပစ္ေပးလိုက္၏။
ခြၽမ္ဖုန္းက ဖိတ္စာကတ္ကို႐ုန္ယိတစ္ေယာက္ ျပန္ပစ္ေပးမယ္လို႔မထင္ထားတာေၾကာင့္ ကတ္က သူ႕မ်က္ႏွာကိုခပ္နက္နက္ရွသြားသည္။
"အားး.."
သူ႕မ်က္ႏွာသူထိၾကည့္လိုက္ၿပီးေနာက္ လက္ေချာင်းထိပ်မှာသွေးတွေတွေ့လိုက်ရသည်။ ဒီအားနည္းတဲ့႐ုန္ယိက စကၠဴတစ္႐ြက္နဲ႕သူ႕ကိုဒဏ္ရာရေအာင္လုပ္နိုင္တာေၾကာင့္ သူနဲ႕သူ႕အေဖာ္ေတြအကုန္ ထိတ္လန့္အံ့အားသင့္သြားရ၏။
"ေခြးမသား..မင္းငါ့ကိုဒဏ္ရာရေအာင္လုပ္ရဲတယ္!!. ."
ခြၽမ္ဖုန္း သူ႕ဓားကိုဆြဲထုတ္လိုက္သည္။
အဲ့အခ်ိန္မွာ ခပ္လွမ္းလွမ္းကေန ေယာက္်ားတစ္ေယာက္လွမ္းေအာ္သံၾကားလိုက္ၾကရ၏။
"ခြၽမ္ဖုန္း!!..မင္းဘဲလား..ငါ့ေနရာလာၿပီး ငါ့သခင္ေလးကိုအနိုင္က်င့္ေနတာ မင္းေသခ်င္ေနတာလား..."
ခြၽမ္ဖုန္းနဲ႕တစ္ျခားသူေတြက အဲ့လူက ႐ုန္ယိရဲ႕ကိုယ္ရံေတာ္ ႐ုန္စု မွန္းသိလိုက္တဲ့အခါ အကုန္ရပ္သြားၾကသည္။႐ုန္စုက အေျခတည္အဆင့္၉ ျဖစ္ၿပီး သူတို႔ကအခုမွအေျခတည္အဆင့္အေစာပိုင္းသာရွိေသးသည္။ သူတို႔အကုန္ေပါင္းတာေတာင္မွ သူ႕ကိုမနိုင္နိုင္ေပ။ ဒါေၾကာင့္ စကားတစ္ခြန္းေျပာၿပီးေနာက္ခ်က္ခ်င္းေျပးထြက္သြားၾကသည္။
"႐ုန္ယိ....ေနာက္မွေတြ႕ၾကတာေပါ့.."
"သခင္ေလး အဆင္ေျပရဲ႕လား..။ဒဏ္ရာရသြားေသးလား..။သူတို႔သခင္ေလးကို လက္သီးနဲ႕ထိုးလိုက္ေသးလား..။သူတို႔တစ္ျခား ရႈံ႕ခ်တဲ့စကားေတြေရာေျပာသြားၾကေသးလား...။သူတို႔ေျပာတာလုံးဝနားမေထာင္နဲ႕ေနာ္ သူတို႔ကသခင္ေလးကိုစိတ္ဆိုးေအာင္ ရည္႐ြယ္ခ်က္ရွိရွိလုပ္ေနၾကတာ...။သူတို႔ဆႏၵအတိုင္းမျဖစ္ေစနဲ႕...."
႐ုန္စုကေရွ႕ကိုတိုးလာၿပီး ႐ုန္ယိကိုသူ႕လက္ေမာင္းထဲမွာေပြ႕ခ်ီလိုက္ကာ အႀကိမ္အနည္းငယ္ေလာက္ ေလထဲကိုခုန္တက္သြားလိုက္ကာ ၿခံဝန္းတစ္ခုထဲဆင္းလိုက္သည္။ ထို႔ေနာက္ သူ႕ကိုအိပ္ယာေပၚတင္ေပးရင္းနဲ႕ ေျပာသည္။
"သခင္ေလး နာေနတာလား...။ေသခ်ာေအာင္လုပ္မွျဖစ္မွာပါ...။ကြၽန္ေတာ္စစ္ေဆးၾကည့္ဖို႔လက္သည္သြားေခၚလိုက္ဦးမယ္...။ဒီကေနေစာင့္ေနေနာ္...ကြၽန္ေတာ္မၾကာဘူးျပန္လာမယ္။"
"ဟမ္.!!. "
႐ုန္ယိဘာမွေတာင္မေျပာလိုက္ရေသးဘူး ႐ုန္စုက ျမႇားလိုမ်ိဳးအလ်င္နဲ႕ထြက္သြားေလၿပီ။
ေသာက္က်ိဳးနည္းတဲ့မွ...သူဘာေျပာသြားတယ္...လက္သည္....
လက္သည္ဆိုတာ ကေလးေမြးေပးတဲ့သူမဟုတ္ဘူးလား.....။
*****************
3.10.2021