(Completed) Reborn as a good...

Par Xiao_Yiii

1.9M 299K 9.1K

အသံုးမက်ပဲဆိုးသြမ္းသည့္ကေလးတစ္ေယာက္အေနျဖင့္ေနာက္ဆံုးတြင္ပိုင္ရိဟန္ကသူ႔မိသားစုကိုအဆံုးသတ္ေစခဲ့သည္။ ျပန္လည္ေမြး... Plus

Description
Translator's Note
Chapter《1》
Chapter《2》
Chapter《3》
Chapter《4》
Chapter《5》
Chapter《6》
Chapter《7》
Chapter《8》
Chapter《9》
Chapter《10 and 11》
Chapter《12 and 13》
Chapter《14 and 15》
Chapter《16 and 17》
Chapter《18 and 19》
Chapter《20 and 21》
Chapter《22 and 23》
Chapter《24 and 25》
Chapter《26 and 27》
Chapter《28 and 29》
Chapter《30 and 31》
Chapter《32 and 33》
Chapter《34 and 35》
Chapter《36 and 37》
Chapter《38 and 39》
Chapter《43 and 44》
Chapter《45 and 46》
Chapter《47 and 48》
Chapter《49 and 50》
Chapter《51 and 52》
Chapter《53 and 54》
Chapter《55 and 56》
Chapter《57 and 58》
Chapter《59 and 60》
Chapter《61 and 62》
Chapter《63 and 64》
Chapter《65 and 66》
Chapter《67 and 68》
Chapter《69 and 70》
Chapter《71 and 72》
Chapter《73 and 74》
Chapter《75 and 76》
Chapter《77 and 78》
Chapter《79 and 80》
Chapter《81 and 82》
Chapter《83 and 84》
Chapter《85 and 86》
Chapter《87 and 88》
Chapter《89 and 90》
Chapter《91》
Chapter《92》
Chapter《93》
Chapter《94》
Chapter《95》
Chapter《96》
Chapter《97》
Chapter《98》
Chapter《99》
Chapter《100》
Chapter《101》
Chapter《102》
Chapter《103》
Chapter《104》
Chapter《105》
Chapter《106》
Chapter《107》
Chapter《108》
Chapter《109》
Chapter《110》
Chapter《111》
Chapter《112》
Chapter《113》
Chapter《114》
Chapter《115》
Chapter《116》
Chapter《117》
Chapter《118》
Chapter《119》
Chapter《120》
Chapter《121》
Chapter《122》
Chapter《123》
Chapter《124》
Chapter《125》
Chapter《126》
Chapter《127》
Chapter《128》
Chapter《129》
Chapter《130》
Chapter《131》
Chapter《132》
Chapter《133》
Chapter《134》
Chapter《135》
Chapter《136》
Chapter《137》
Chapter《138》
Chapter《139》
Chapter《140》
Chapter《141》
Chapter《142》
Chapter《143》
Chapter《144》
Chapter《145》
Chapter《146》
Chapter《147》
Chapter《148》
Chapter《149》
Not Update
Chapter《150》
Chapter《151》
Chapter《152》
Chapter《153》
Chapter《154》
Chapter《155》
Chapter《156》
Chapter《157》
Chapter《158》
Chapter《159》
Chapter《160》
Chapter《161》
Chapter《162》
Chapter《163》
Chapter《164》
Chapter《165》
Chapter《166》
Chapter《167》
Chapter《168》
Chapter《169》
Chapter《170》
Chapter《171》
Chapter《172》
Chapter《173》
Chapter《174》
Chapter《175》
Chapter《176》
Chapter《177》
Chapter《178》
Chapter《179》
Chapter《180》
Chapter《181》
Chapter《182》
Chapter《183》
Chapter《184》
Chapter《185》
Chapter《186》
Chapter《187》
Chapter《188》
Chapter《189》
Chapter《190》
Chapter《191》
Chapter《192》
Chapter《193》
Chapter《194》
Chapter《195》
Chapter《196》
Chapter《197》
Chapter《198》
Chapter《199》
Chapter《200》
Chapter《201》
Chapter《202》
Chapter《203》
Chapter《204》
Chapter《205》
Chapter《206》
Chapter《207》
Chapter《208》
Chapter《209》
Chapter《210》
Chapter《211》
Chapter《212》
Chapter《213》
Chapter《214》
Chapter《215》
Chapter《216》
Chapter《217》
Chapter《218》
Chapter《219》
Chapter《220》
Chapter《221》
For Reader

Chapter《40, 41 and 42》

18K 2.5K 97
Par Xiao_Yiii

Unicode

အခန်း(၄၀) - ငါ့ကိုကယ်ဖို့ပြန်လာတာလား?

ကျင်းယွမ်ရဲ့ မျက်စံများကျုံ့သွားကာ သူ့မျက်လုံးထဲ သွေးများစီးဝင်လာသည်။ ရိဟန်ရဲ့ နှုတ်ခမ်းမှ ထွက်ပေါ်လာသော 'ဒိုင်း' ဆိုတဲ့ အသံနူးနူးညံ့ညံ့လေးက သူ့တစ်ကိုယ်လုံးကို တုန်ယင်သွားစေပြီး သူ့သွေးများကို အေးခဲသွားစေသည်။

ဘာလို့လဲ? ဘာလို့သူ့ရဲ့ အသေးလေးက ဒီလို မလျော်ကန်တဲ့ စကားလုံးမျိုးနဲ့ သူ့ကိုယ်သူ ကျိန်ဆဲနေရတာလဲ? သူကသေပြီးသွားပြီလို့ ဘာလို့ပြောနေရတာလဲ?

ထိုစကားများက ကျင်းယွမ်ရဲ့ နှလုံးသားအား ဓားထက်ထက်နဲ့ ထိုးစိုက်နေသလိုမျိုးပဲ!

ရိဟန်က ရှင်းရှင်းလင်းလင်းကို လူတိုင်းရဲ့ မျက်လုံးထဲက ပန်းသီးလေးလေ, ဘာလို့များ သူ့ကိုယ်သူ သနားစရာကောင်းပြီး အထီးကျန်နေတဲ့ လေလွင့်ကလေး တစ်ယောက်လိုမျိုး ဖော်ပြနေရတာလဲ? တကယ်ပဲ ဘာတွေဖြစ်သွားခဲ့တာလဲ? သူ့ကိုဘယ်သူများ အနိုင်ကျင့်လိုက်တာလဲ?

အန်ကယ်နဲ့အန်တီကရော သူ့ကိုဘယ်တုန်းက စိတ်ဆိုးခဲ့ကြလို့လဲ? ယန်နဲ့ရွှယ်ချင်းတို့ကရော ဘယ်အချိန်တုန်းကများ သူ့ကိုဂရုစိုက်ပေးဖို့ ငြင်းဆန်ခဲ့ကြလို့လဲ? သူ့ကိုစော်ကားတာတွေ၊တိုက်ခိုက်တာတွေ၊နာကျင်အောင် လုပ်တာတွေကို ကျင်းယွမ်က ဘာမှမလုပ်ပဲ ဒီအတိုင်း လွှတ်ပေးထားမယ်လို့ ခံစားနေရအောင် ဘယ်သူကများ လုပ်လိုက်တာလဲ?

ရိဟန်က တကယ်ပဲ ဘာအကြောင်းကိုပြောနေတာလဲ? ဒါတွေအားလုံး ဘယ်တုန်းက ဖြစ်သွားခဲ့တာလဲ?

သူအလုပ်ခရီးသွားနေတဲ့ နှစ်ပတ်အတွင်းမှာလား? တကယ်ပဲ ဘာတွေဖြစ်သွားခဲ့တာလဲ?

ကျင်းယွမ်ရဲ့ မျက်နှာက တင်းကျပ်လာပြီး မျက်မှောင်ကျုံ့နေသည်။ သူ့မျက်လုံးထဲမှာတော့ မှုန်တိုင်းထန်နေ၏။ ရိဟန်ကိုဆုပ်ကိုင်ထားတဲ့ လက်များသည်လည်း မသိမသာ တင်းကျပ်လာရသည်။

ရိဟန်က တုန်လှုပ်သွားကာ သူ့ပုခုံးလေးများက ကျုံ့သွားရလေသည်။

"နာတယ်...." သူက ရှိုက်သံလေးနဲ့ ပြောလာသော်လည်း လုံးဝမရုန်းကန်ဘူး။

အိမ်မက်က လန့်နိုးလာသလိုမျိုး ကျင်းယွမ်က မျက်တောင်ခတ်လိုက်ပြီး ရိဟန်အား ဆုပ်ကိုင်ထားမှုကို အလျင်စလို ဖြေလျော့ပေးလိုက်မိသည်။ 

အသေးလေးက မူးနေတယ်ဆိုတာ ရှင်းနေတာပဲ, အမူးသမားဆိုတာ အမှန်တရားပဲပြောတယ်လို့ အားလုံးကပြောကြတယ်

ဟန်ဟန်က တစ်ညတည်းနဲ့ ရင့်ကျက်လာတယ်လို့ အန်တီပိုင်ပြောခဲ့တာ, အခုပြောတဲ့ အရာအားလုံးက သူ့အိမ်မက်ဆိုးထဲမှာ ဖြစ်ခဲ့တာတွေများလား?

သေစမ်း, သူ့ဟန်ဟန်က ဒီလောက်ချစ်ဖို့ကောင်းတာ ဘာလို့ဒီလိုအိမ်မက်ဆိုးမျိုး မက်ရတာလဲ?

ကျင်းယွမ်သည် ဒိလိုအရေးကြီးတဲ့ အချိန်အပိုင်းအခြားလေးမှာ စီပွားရေးခရီး ထွက်ခဲ့မိခြင်းအား စတင်နောင်တရလာမိသည်။

ဒီအသေးလေးမှာ ထူးခြားတဲ့ အရာတစ်ခုခု ဖြစ်ခဲ့တယ်ဆိုတာ သိသာနေတယ်, အခုသူက ဘာမှမသိတဲ့ အရူးလေးလို သတိလက်လွတ် ဖြစ်နေတယ်!

သူတို့တွေ စစ်အေးတိုက်ပွဲ ဖြစ်တဲ့အချိန်မှာ သူထွက်သွားခဲ့မိတာက ရိဟန်ကို မလုံမခြုံခံစားသွားရစေတာလား? ဒါပေမဲ့ ရိဟန်အနေနဲ့ သူ့ကိုအသွေးအသားထဲက ချစ်ခင်တဲ့ မိသားစုက စွန့်ပစ်လိမ့်မယ်လို့တွေးတာကတော့ အကြောင်းပြချက်မရှိဘူး, ဒါမှမဟုတ်.....ရိဟန်ရဲ့စိတ်ထဲမှာ တစ်စုံတစ်ယောက်ကများ သံသယမျိုးစေ့ထည့်ပေးလိုက်တာလား?

ကျင်းယွမ်သည် လက်မောင်း နာကျင်တာအား အော်ဟစ်ပြီး ဝိုင်းဒိုင်းကြဲရမယ့်အစား သူနာကျင်ကြောင်းကို တီးတိုးပြောသလိုလေးပြောပြီး ချိုမြိန်ကာနာခံနေသည့် သူ့ရှေ့က ရိဟန်ကို ကြည့်လိုက်မိသည်။သူ့နှလုံးသားက သွေးများ ထွက်လာသည်ကိုပင် ခံစားလို့ရနိုင်၏။

တကယ်ပဲ ဘယ်လို ခံစားချက်တိုက်ခိုက်မှုမျိုးက သူ့ရဲ့ ဂုဏ်ယူဝံ့ကြွားပြီး ဟိန်းဟောက်နေတတ်တဲ့ ကျားလေးကို ချစ်ဖို့ကောင်းတဲ့ ယုန်ငယ်လေးဖြစ်သွားအောင်ထိ နာကျင်သွားစေရတာလဲ? ဒါကလုံးဝကို ခွင့်မလွှတ်နိင်စရာပဲ!

ကျင်းယွမ်ရဲ့ မျက်လုံးများကသွေးကြောများ ထင်းထွက်နေသော်လည်း သူ့လက်များကတော့ ရိဟန်အားသူ့အင်္ကျီပေါ်ကနေ ညင်ညင်သာသာ ဆွဲထုတ်နေသည်။

"ကိုယ်တောင်းပန်ပါတယ် ဟန်ဟန်, မင်းကို နာကျင်စေဖို့ မရည်ရွယ်ပါဘူး, လက်မောင်းနာသွားသေးလား ကြည့်ရအောင်? ရောင်သွားသေးလား?"

ကျင်းယွမ်က နူးညံ့စွာ တောင်းပန်တိုးလျှိုးနေသည်။

သို့သော်လည်း ကျင်းယွမ်က ရိဟန်ရဲ့ ရှပ်အင်္ကျီ ကြယ်သီးကို ဖြုတ်လိုက်တဲ့အချိန်မှာပဲ ရိဟန်က အော်ဟစ်ပြီး လျင်မြန်စွာ ကျောခိုင်းပစ်လိုက်သည်။ ထို့နောက် ကြောက်လန့်တကြားနဲ့ စားပွဲခုံအောက် တိုးဝင်သွားကာ သူ့ကိုယ်သူ သေးသေးလေးဖြစ်သွားအောင် ကွေးလိုက်ပြီး သူ့အင်္ကျီအား တင်းကြပ်စွာ ဆုပ်ကိုင်ထား၏။

"မလုပ်ပါနဲ့, ကျေးဇူးပြုပြီး, တောင်းပန်ပါတယ်, မလုပ်ပါနဲ့, သတ်လိုက်ပါ, ဒီအတိုင်းပဲ သတ်လိုက်ပါတော့..."

ရိဟန်က တိုးညှင်းစွာ ငိုကြွေးနေသည်။

အံ့အားသင့်သွားတာကြောင့် ကျင်းယွမ်ရဲ့ လက်မောင်းများက ဆန့်ထုတ်ထားသည့် အတိုင်းသာ တည်ရှိနေလေသည်။ သူ့မျက်လုံးများက စားပွဲခုံအောက်မှ လူထံရောက်ရှိနေသည်။ သူ့ရင်တစ်ခုလုံးက လေးလံလာပြီး သွေးများဆူပွက်လာသည်။ သူအခု အရမ်းကို ဒေါသထွက်လွန်းလို့ နေရာမှာတင် အော်ဟစ်ပစ်လိုက်ချင်တယ်

တကယ်ပဲ!ဘာတွေ!ဖြစ်ခဲ့တာလဲ?

ကျင်းယွမ်က နေရာမှာတင် ရပ်နေမိသည်။ သူ့နှာခေါင်းကတော့ လေများကို ပြင်းထန်စွာ ရှုရှိုက်နေမိသည်။ သူက မျက်လုံးများကို မှိတ်ကာ အကြိမ်အနည်းငယ်မျှ အသက်ပြင်းပြင်းရှုုလိုက်၏။ ပြီးမှသာ ခါးကိုင်းလိုက်ပြီး ကြမ်းပြင်ပေါ် ဒူးထောက်ထိုင်ကာ ညင်သာစွာ ချော့မြူလိုက်သည်။

"ဟန်ဟန်, ထွက်လာခဲ့လေ, အဆင်ပြေတယ်နော်, ကိုယ့်ကိုကြည်ပါဦး, ကိုယ်က မုကျင်းယွမ်လေ, မင်းရဲ့ကျင်းယွမ်, ကိုယ့်ကိုမုန်းလို့လား?"

သူမြင်နေရတဲ့ သတိကြီးကြီးထားနေသော မျက်နှာလေးပေါ်မှာ မျက်ရည်များ ပြည့်လျှံနေသည်။ ရိဟန်က သူ့မျက်လုံးထဲက မျက်ရည်များအား ပုတ်ခတ်ပုတ်ခတ်လုပ်၍ ဖယ်ရှားလိုက်၏။ သူ့ရှေ့က အမျိုးသားအား ဂရုတစိုက် ကြည့်ပြီးနောက်မှာတော့ ပိုပြီးတော့ပင် ဝမ်းနည်းသွားမိသည်။ သူက စားပွဲခုံအောက်ကနေ ပြန်တိုးထွက်လာပြီး သူ့ကိုယ်သူ ကျင်းယွမ်ရဲ့ လက်မောင်းကြားထဲ ပစ်ဝင်လိုက်လေသည်။

"မင်းထွက်သွားပြီ မဟုတ်ဘူးလား? ဘယ်တော့မှ နောက်တစ်ခေါက် ပြန်မလာတော့ဘူး မဟုတ်ဘူးလား? ဘာလို့ပြန်လာတာလဲ?"

ရိဟန်က နူးညံ့စွာ ညည်းညူနေသည်။ သူက ကျင်းယွမ်အား ဂရုတစိုက်နဲ့မော့ကြည့်ကာ သူ့နှုတ်ခမ်းပေါ်မှာတော့ အသနားခံနေသည့် အပြုံးတစ်ပွင့်ရှိနေရင်း မဝံ့မရဲနဲ့ မေးလာသည်။

"ငါ့ကိုကယ်ဖို့ ပြန်လာတာလား? ငါ့ကိုထပ်ပြီး စိတ်မဆိုးတော့ဘူးမှတ်လား?" 

=============

အခန်း(၄၁) - ဝမ်းနည်းနာကျင်မှုကို သောက်တာနဲ့ မဖြေနိုင်ဘူး

ကျင်းယွမ်မှာတော့ တစ်ညတည်းနဲ့ သူ့နှလုံးသားက ဘယ်နှစ်ကြိမ်တောင် အပိုင်းပိုင်းအစစ ကွဲကြေနေရမှန်းပင်မသိတော့။ သူငယ်စဉ်ကတည်းက စေ့စေ့စပ်စပ် ဂရုစိုက်ပြီး ကာကွယ်ပေးခဲ့ရတဲ့ ကောင်လေးရဲ့ အသနားခံနေတဲ့ မျက်နှာလေးကို မြင်နေရတဲ့အပြင် ထိုသူရဲ့ စကားများကို ထပ်ပေါင်း နားထောင်လိုက်ရသောအခါ သူ့နှလုံးသားကို နောက်တစ်ဖန် ပြိုကွဲသွားစေသည်။

သူက သူ့အသေးလေးအား ရင်ခွင်ထဲကို ဂရုတစိုက်ထည့်လိုက်ပြီး တစ်ဖက်လူရဲ့ခေါင်းလေးအား ညင်ညင်သာသာ နမ်းလိုက်သည်။

"ဟုတ်တယ်, ကိုယ်မင်းကို ကယ်ဖို့ရောက်နေတာ, ဒီနေ့ကစပြီး မင်းကို ဘယ်တော့မှ စိတ်မဆိုးတော့ဘူးနော်, ကိုယ်အသက်ရှင်နေသ၍ မင်းကိုတစ်ခြားသူတွေ နောက်တစ်ခေါက် နာကျင်အောင် မလုပ်စေရတော့ဘူး" သူကသက်ပြင်းချမိသည်။

ရိဟန်က ခင်လွင်လွင်လေး ရယ်လိုက်ပြီး မျက်လုံးများကို တင်းကြပ်စွာပိတ်၍ ကျင်းယွမ်ရဲ့ ကျစ်လစ်တဲ့ခါးကို တင်းတင်းကြပ်ကြပ် ဖက်တွယ်လိုက်သည်။

"ငါသိတယ်" သူကတိုးတိုးလေးပြောနေသည်။

"ငါကငါ့အိမ်မက်အကြောင်းပြောနေတာပါ, ငါနည်းနည်းလောက် ထပ်အိပ်ချင်သေးတယ်, မင်းငါနဲ့ခဏလောက်နေပေးနိုင်မလား ..?"

ကျင်းယွမ်သည် သူ့အသည်းနှလုံးတစ်ခုလုံး အေးခဲနေတဲ့ ရေခဲအဖြစ် ပြောင်းလဲသွားသလို ခံစားလိုက်ရသည်။ သူက သူ့ကောင်လေးအား အရိုးတွေအသားတွေထဲ နက်နက်ရှိုင်းရှိုင်း နစ်မြှုပ်ချင်သလိုမျိုး တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။

"အိပ်တော့, မင်းနိုးလာရင်တောင် ကိုယ်မသွားဘူး, မင်းသာကိုယ့်ကို ခွင့်ပြုသ၍ ကိုယ်မင်းနဲ့ပဲ အမြဲအတူရှိနေမှာ" သူကနက်နဲတဲ့အသံနဲ့ ကျိန်ဆိုသည်။

ရိဟန်မှာ ပင်ပန်းနေလေပြီ။ သူ့ကိုလုံခြုံမှု ခံစားရစေတဲ့ ပွေ့ဖက်ပေးထားမှုနဲ့ ဝန်းရံလိုက်တဲ့အခါမှာတော့ ဖြည်းညှင်းစွာပင် အိပ်ပျော်သွားတော့သည်။

ကျင်းယွမ်က ထိုအနေအထားအတိုင်းသာ မလှုပ်မယှက်နေနေသည်။ သူ့ရင်ခွင်ထဲကကောင်လေး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားမှသာ တစ်ဖက်လူကို သူ့လက်မောင်းနဲ့ သတိကြီးစွာ ပွေ့လိုက်ပြီး ကုတင်ပေါ်သို့ ညင်သာစွာ တင်ပေးလိုက်သည်။

ထို့နောက် ကျင်းယွမ်က ဗီဒိုထဲမှ ညအိပ်ဝတ်စုံကို ရှာဖွေလိုက်သည်။ သူက တစ်ဖက်လူအား အဝတ်အစားအသစ်များ ညင်သာစွာ လဲလှယ်ပေးလိုက်လေသည်။ တစ်ချိန်လုံး ရိဟန်ရဲ့ နှင်းဖြူရောင် ခန္တာကိုယ်ကို မကြည့်မိစေရန် ခက်ခက်ခဲခဲ ကြိုးစားနေသလို ထိုနူးညံ့သိမ်မွေ့လှတဲ့ အသားအရည်ကိုလည်း မထိတွေ့မိစေရန် ကြိုးစားနေရသည်။

ရိဟန်နဲ့ ပတ်သတ်ရတဲ့အခါမှာ သူအရမ်းကို ဂုဏ်ယူရတဲ့ ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်မှုက လုံးဝပျက်စီးသွားတာကို နားလည်သဘောပေါက်လိုက်ရသည်။ ရိဟန်က ကိုယ်လုံးတီး ဖြစ်မနေတာတောင် နူးညံ့တဲ့ နှင်းဆီဖူးနှုတ်ခမ်းတစ်စုံနဲ့တင် သူ့တစ်ကိုယ်လုံး လောင်ကျွမ်းလာသည်။ ဒီအကောင်ပေါက်လေးက သူ့ကိုရေချိုးဖို့ အကူအညီမတောင်းတာကိုပင် ကျေးဇူးတင်မိသွားသည်။ မဟုတ်လို့ကတော့ ဘယ်လိုအကျိုးဆက်တွေ ဖြစ်သွားမလဲ ဘယ်သူသိမလဲ?

ရိဟန်ကို သန့်ရှင်းတဲ့ ညအိပ်ဝတ်စုံများ အပြည့်အဝ ဆင်ယင်ပေးပြီးသောအခါမှာတော့ ကျင်းယွမ်တစ်ကိုယ်လုံး ချွေးများနဲ့ ရွှဲနစ်နေလေပြီ။ သူက ရိဟန်ရဲ နှဖူးပေါ်မှာ ဝဲကျနေသော ဆံနွယ်များအား ခပ်ဖွဖွလေး သပ်တင်ပေးလိုက်သည်။

သူက အိပ်ယာဘေးမှာသာ ရပ်နေပြီး အိပ်ပျော်နေသော ရိဟန်ကို ငေးစိုက်ကြည့်နေမိသည်။သူ့စိတ်များကတော့ တစ်ဆက်ဆက်တုန်ယင်ပြီး အဝေးကိုလွင့်ပါးနေ၏။ 

သူ့လက်များကတော့ တင်းတင်းကြပ်ကြပ် ဆုပ်ထားတာကြောင့် လက်သည်းများပင် လက်ဖဝါးထဲ စိုက်ဝင်လုနီးနီးပင်။

သူက ရိဟန်အား နမ်းရှိုက်ချင်နေသည့် စိတ်ဆန္ဒကို အတင်းအကြပ် ချွန်းအုပ်၍ တံခါးဖက်လှည့်ထွက်လိုက်သည်။ တံခါးဘက်ကိုင်ဘုကို လက်ရောက်သွားတဲ့တစ်ခဏမှာပင် ရပ်တန့်သွားမိသည်။

သူအသေးလေးကို အတူတူနေပေးမယ်လို့ ကတိပေးထားတယ်, အဲ့ဒါကို ရိဟန်အိပ်ပျော်နေတုန်း ဘယ်လိုများ ထွက်သွားနိုင်ပါ့မလဲ?

ကျင်းယွမ်က လေးလံစွာသက်ပြင်းချပြီး ပြန်လှည့်လာသည်။ ထို့နောက် စားပွဲခုံဘေးက ထိုင်ခုံပေါ်မှာ ထိုင်ချလိုက်ကာ နာကျင်နေသော နားထင်များကို နှိပ်နယ်နေမိလေသည်။ ဒီနေ့ည အဖြစ်အပျက်တွေက သူ့အတွက်တော့ လိုက်လျောညီထွေ နေနိုင်ဖို့ ခက်ခဲလှသည်။ ကောင်လေးမှာ ဖြစ်နေတဲ့ အပြောင်းအလဲတွေက သူ့ကိုဒေါသလည်း ထွက်စေသလို ဝမ်းလည်း ဝမ်းနည်းမိစေသည်လေ။ 

ဘာလို့ ဒီလိုပြောင်းလဲမှုတွေ ဖြစ်ပေါ်လာလဲ သူမသိဘူး, သူလဝက်လောက်ပဲ အဝေးရောက်သွားတာကို ဘာလို့ သူ့မင်းသားလေးက ဒီအခြေအနေ ဖြစ်သွားရတာလဲ?

သူ့ရဲ့ မှောင်မိုက်တဲ့ အကြည့်အောက်မှာ ပြင်းထန်တဲ့ မုန်တိုင်းတစ်ခု တိုက်ခတ်လာသည်။

ဒါက တစ်စုံတစ်ယောက်ရဲ့ မကောင်းကြံမှုကြောင့်သာ ဆိုရင် အဲ့ဒီလူကတော့ သူဘယ်သူလဲ ရှာမတွေ့အောင်သာ ဆုတောင်းထားတော့ပဲ, ဘယ်သူလဲ သိတာနဲ့ တစ်ဖက်လူကို ငရဲတွင်းထဲ တွန်းချတာပဲဖြစ်ဖြစ် သတ်တာပဲဖြစ်ဖြစ် လုပ်ပစ်မယ်!

သူက တစ်ဖက်ကိုလှည့်လိုက်ပြီး ကုတင်ပေါ်မှာ သနားစရာကောင်းအောင် ဘောလုံးလေးလို ကွေးကွေးလေး အိပ်နေသော ရိဟန်အား လှမ်းကြည့်ကာ လေးလံစွာ သက်ပြင်းချမိလေသည်။ သူ့စိတ်ထဲက အလိုမကျမှုတွေက ထွက်ပေါက်လည်းမရှိ၊ လွတ်လမ်းလည်းမရှိ။

ထို့ကြောင့် စားပွဲပေါ်က အရက်ပုလင်းများသို့သာ လက်လှမ်းလိုက်ပြီး ပြင်းပြင်းထန်ထန် တစ်ငုံ သောက်ချပစ်လိုက်ရသ့ည်။

အချိန်က တရွေ့ရွေ့ကုန်ဆုံးလာသလို စားပွဲပေါ်က ပုလင်းများသည်လည်း တစ်ဖြည်းဖြည်း လွတ်လာသည်။ ကျင်းယွမ်က စားပွဲခုံအား တံတောင်ဆစ်နဲ့ မှီထားပြီး သူ့ခေါင်းကို လက်ဖဝါးနဲ့ ထောက်ကန်ထားသည်။ သူ့စိတ်များကတော့ နားမလည်နိုင်တဲ့ အတွေးများကိုသာ ခြေရာခံနေမိ၏။

ထိုအချိန်မှာပဲ အိပ်ယာပေါ်က ထလာတဲ့ လှုပ်ရှားမှုတစ်ခုကို ကြားလိုက်ရသည်။ သူက အလျင်စလိုပင် မတ်တပ်ရပ်ဖို့ တစ်ဖက်သို့သွားရန် ကြိးစားလိုက်သည်။

ကျင်းယွမ်က ဖြောင့်ဖြောင့် ရပ်လိုက်တဲ့ တစ်ခဏမှာပဲ မူးဝေမှုက သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။ သူ့မျက်နှာပေါ်မှာတော့ ခါးသီးတဲ့ အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ ကြည့်ရတာ သောက်တာက သူ့ဝမ်းနည်းနာကျင်မှုကို တကယ်ပဲ မဖြေဖျောက်နိုင်ဘူး။ အချိန်တိုင်းက ထုနှက်ခံနေရသလိုပဲ။

အိပ်ယာပေါ်က အကောင်ပေါက်လေးကို စိတ်ပူနေတာကြောင့် သူ့အမြင်အာရုံတွေ ကြည်လင်လာသည်အထိ မစောင့်နိုင်တော့ပဲ ကုတင်ပေါ် အမြန်အဆန် တက်လိုက်သည်။

သူက တစ်စုံတစ်ခုအတွက် စိတ်အနှောင့်အယှက်ဖြစ်ပြီး အော်ဟစ်ညည်းညူနေသည့် အသေးလေးဆီ သွားလိုက်သည်။ အနားကပ်ပြီး နားထောင်ကြည့်လိုက်တော့ ရိဟန်က သန့်စင်ခန်းသုံးချင်နေသည်တဲ့လေ။

ကျင်းယွမ်ကတော့ ရယ်ရမလား ငိုရမလားပင် မသိတော့။ သူက သူ့ခေါင်းထဲက ခံစားချက်များကို ခါယမ်းလိုက်ပြီး ရိဟန်ပေါ်က စောင်အား ဖယ်ရှားလိုက်ကာ တစ်ဖက်လူကို သူ့လက်မောင်းနဲ့ ဂရုတစိုက် ချီပွေ့လိုက်ပြီး ရေချိုးခန်းဆီ သွားလိုက်သည်။

အထဲကိုရောက်တာနဲ့ မျက်လုံးဖွင့်ဖို့ ငြင်းဆန်နေသည့် ကောင်လေးကို လက်တစ်ဖက်နဲ့ ကိုင်ထားပေးပြီး နောက်တစ်ဖက်နဲ့ ဘောင်းဘီကို ဆွဲချွတ်ပေးရပြန်သည်။ သူက သူ့ကိုယ်သူ တည်ငြိမ်စေရန် ခဏလောက် အချိန်ယူပြီးမှ ရိဟန်အသေးလေးကို ဂရုတစိုက် ကိုင်တွယ်လိုက်သည်။ နူးညံ့တဲ့ လေချွန်သံတိုးတိုးက သူ့သွားကြားမှတစ်ဆင့် ထွက်လာပြီး ညင်သာစွာဖြင့်ပင် ကျင်းယွမ်က ရိဟန်အား ခန္တာကိုယ် လုပ်ဆောင်ချက်များကို ဖြေရှင်းရန် ချော့မြူလိုက်သည်။

=============

အခန်း(၄၂) - ဒီအိမ်မက်က အံ့သြဖို့ကောင်းလိုက်တာ

ရိဟန်ရဲ့ ကိစ္စရှင်းပြီးသည်နှင့် ကျင်းယွမ်က သူ့ကိုပြန်ဝတ်ဆင်ပေးလိုက်သည်။ ကျင်းယွမ်က သူ့ကိုအိပ်ယာပေါ်သို့ ခေါ်သွားဖို့ လုပ်လိုက်သော်လည်း အသေးလေးက နောက်တစ်ခေါက် စိတ်မသက်မသာဟန် ပြန်စလာပြန်သည်။ သူ့လက်မောင်းကြားထဲမှာ တွန့်လိမ်နေရင်း ညည်းညူရေရွတ်နေသည်။

"အင်း, ရေချိုးချင်တယ်, စေးကပ်နေတာပဲ, မကြိုက်ဘူး"

ရိဟန်ရဲ့ တွန့်လိမ်မှုက ကျင်းယွမ်ရဲ့ အသက်ရှုသံများကို တုန့်ခနဲ ရပ်သွားစေသည်။ သူ့အောက်ပိုင်းက စိတ်အားထက်သန်လာသည်လေ။ သူက ရိဟန်အား ကြမ်းပြင်ပေါ် လျောမကျသွားစေရန် အလျင်စလို ဖက်တွယ်လိုက်ရသည်။

"လိမ်မာပါ ဟန်ဟန်ရယ်, အရင်အိပ်လိုက်နော်, ပြီးမှရေချိုး ဟုတ်ပြီလား?" သူက ညင်ညင်သာသာ ချော့မော့သည်။

ရိဟန်ရဲ့ စိတ်အခြေအနေက ပိုမို ဆိုးရွားလာပေမယ့်လည်း 'လိမ်မာပါ' ဆိုတဲ့ စကားကို ကြားရတဲ့အချိန်မှာ ရုန်းကန်နေခြင်းအား ရပ်တန့်ပစ်လိုက်သည်။ သူက နူးညံ့စွာပဲ 'အမ်း' ဟုရေရွတ်လာပြီး ခဏလောက် ရပ်တန့်ပြီးနောက်မှာ တိုးတိုးထပ်ပြောသည်။

"ငါက လိမ်မာတဲ့ကောင်လေး"

ကျင်းယွမ်ရဲ့ နှလုံးသားက တုန်ယင်သွားသည်။

လိမ်မာတဲ့ကောင်လေး? သူ့မင်းသားလေးက လိမ်မာတဲ့ ကောင်လေးဖြစ်စရာ မလိုဘူးလေ! ဒါက ရေချိုးတာလေးပဲ မဟုတ်ဘူးလား, ဘာအရေးကြီးတာမို့လို့လဲ? လုပ်လိုက်ပြီးနေတာပဲ!

ကျင်းယွမ်က ရိဟန်အား ကုတင်ပေါ်ကို ပြန်တင်ပေးရန် ညင်သာစွာ လှည့်လိုက်ပြီး ရေချိုးခန်းတံခါးကနေ ထွက်လာရင်း ပြောလိုက်သည်။

"ကိုယ်တို့ ရေချိုးကြမယ်နော်, ဒီမှာခဏစောင့်နေ, ရေဖြည့်လိုက်ဦးမယ်"

ရိဟန်အား အခြေကျအောင် ချပေးပြီးနောက်မှာ ကျင်းယွမ်က ရေချိုးခန်းထဲ ပြန်ဝင်သွားလိုက်ကာ ရေချိုးကန်အား ရေပူဖြည့်လိုက်သည်။ ယာယီရေနွေးငွေ့သုံး ချွေးပေါင်းအိမ်က အယ်ကိုဟောများအား သူ့ခေါင်းထဲ တိုးဝင်လာစေ၏။ သို့သော်လည်း ရေချိုးတဲ့ ဝန်ဆောင်မှုကို စောင့်နေတဲ့ သူ့အသေးလေးကိုတော့ သတိရနေဆဲပဲ။ သူက အိပ်ခန်းထဲကို ပြန်ဝင်သွားသည်။

လာတော့, အခုက သူ့ဆန္ဒတွေကို စုံစမ်းဖို့ အချိန်ရောက်ပြီ!

သူက ရိဟန်ရဲ့ ကိုယ်ပေါ်က အဝတ်များအား တုန်ယီနေသော လက်များဖြင့် ချွတ်ပေးလိုက်သည်။ ရိဟန်ရဲ့ ဗလာကျင်းနေတဲ့ ခန္တာကိုယ်လေး သူ့မြင်ကွင်းအောက် ရောက်လာသည်နှင့် သူ့စိတ်တစ်ခုလုံး ပေါက်ကွဲထွက်သွားတော့လေသည်။ အပူများက သူ့နှာခေါင်းမှတစ်ဆင့် အရှိန်ပြင်းပြင်း ထိုးထွက်လာသည်။

မကြာခင် နှာခေါင်းသွေးလျှံပြီးများ သူ့ကိုယ်သူ အရှက်ရစေမလားဆိုတာကိုပင် သံသယဝင်သွားမိသည်။

ကျင်းယွမ်က သူ့ကိုယ်သူ တင်းတင်းကြပ်ကြပ် ဖိနှိပ်ထားလိုက်သည်။ ထို့နောက် တစ်ဖြည်းဖြည်း ရွေ့လျားလိုက်ကာ ရိဟန်အား သူ့ရင်ခွင်ထဲ တစ်ဖန်ပြန်ထည့်လိုက်ပြီး ရေချိုးခန်းဘက် ခြေဦးလှည့်လိုက်၏။ တစ်ချိန်လုံးသူက အရှေ့ကိုသာ တည့်တည့်ကြည့်ကာ သူရဲ့ ဆင်ခြင်တုံတရားကို အသုံးပြု၍ သူ့ဆန္ဒတရားများကို နှိမ်နင်းနေရသည်။ စိတ်ထဲမှာတော့ သူကိုယ်သူ တရဆက်ပြောနေရသည်။

ဒါက ဟန်ဟန်, ငါ့ရဲ့ အသေးလေး, လွဲမှားတဲ့ လုပ်ရပ်လေး တစ်ခုတောင် မလုပ်မိစေနဲ့, ထိန်းချုပ်မှုမလွတ်စေနဲ့

ဘယ်လိုပဲဖြစ်ဖြစ် ဒါက သူ့အတွေးသာဖြစ်သည်။ သူနစ်နစ်နဲနဲ ချစ်နေရသူရဲ့ ဗလာကျင်းတဲ့ အသားအရည်ကို ထိတွေ့ရတဲ့အချိန်မှာ သူ့စိတ်ဝိညာဉ်ကနေတစ်ဆင့် ရောက်ရှိလာတဲ့ တုန်ယင်မှုက မခံမရပ်နိုင်အောင်ပင်။

ကျင်းယွမ်ရဲ့ နှလုံးခုန်သံများ မြန်ဆန်လာသည်။ ဒါက အရက်ကြောင့်လား ဒါမှမဟုတ် သူ့မျက်စိရှေ့က စားစရာလေးကြောင့်လားတော့ သူမသိဘူး။ သူသိတာက သူရူးတော့မယ်

ဒါက သူလိုချင်တောင့်တနေခဲ့ရတဲ့သူလေ, ပုံမှန်ဆိုရင် ဆူးပင်တွေနဲ့ လွှမ်းခြုံထားလေ့ရှိတဲ့ အကောင်ပေါက်လေးက သူ့ရှေ့မှာ ဒီအတိုင်း ချထားရုံတင်မကပဲ ဘာအစောင့်အကြပ်မှလည်း ရှိမနေတာကြောင့် သူ့အတွက်တော့ ခြိမ်းခြောက်မှုသေးသေးလေးတောင် ရှိမနေဘူး။ လူတစ်ယောက်က ကျန်းမာရေးပြဿနာသာ မရှိနေဘူးဆိုရင် ဘယ်သူကများ တွန်းလှန်နိုင်မှာလဲ?

သို့ပေမယ့်လည်း သူ့ကိုယ်သူ ထပ်ခါထပ်ခါ ပြောနေမိသည်

သူလုံးဝကို ထိန်းချုပ်မှု လွတ်သွားလို့ မဖြစ်ဘူး, ပိုင်ရိဟန်ကို ထိခိုက်စေလို့ မဖြစ်ဘူး

ရေချိုးခန်းက အရမ်းစိုထိုင်းနေသည်။ ကျင်းယွမ်ရဲ့ အဝတ်အစားများသည်လည်း စိုစွတ်နေပြီး သူ့ကိုယ်ပေါ်မှာ ကပ်နေသေးသည်။ အထူးသဖြင့် သူ့ရဲ့ အောက်ပိုင်းကလည်း နေလို့မကောင်းနေသလို သူ့ဘောင်းဘီကတည်း တင်းကျပ်လာသည်လေ။

ဘုရားရေ, ဘယ်လို ညှင်းဆဲခြင်းမျိုးလဲ

ရိဟန်ကတော့ အရမ်းအဆင်ပြေနေသည်။ သူက ရေနွေးထဲမှာ ကိုယ်ကို ဆန့်ထုတ်ထားပြီး သူ့တစ်ကိုယ်လုံးက သက်တောင့်သက်သာဖြစ်နေသည်။

ရေနွေးနွေးလေးတွေက သူ့ကိုဝိုင်းရံစီးဆင်းနေပြီး ရင်းနှီးနေတဲ့ လုံခြုံမှုပေးနိုင်သော တည်ရှိမှုကလည်း သူ့ဘေးမှာ ရှိနေသည်လေ။ အယ်ကိုဟောရဲ့ သက်ရောက်မှုကြောင့် သူ့စိတ်နဲ့ မှတ်ဉာဏ်များက အနည်းငယ် ရှုပ်ထွေးနေဆဲပင်။ သူမက်ခဲ့တဲ့ အိမ်မက်ကို သတိရနေမိသည်။ ကျင်းယွမ်က သူ့ဆီပြန်လာပြီး သူ့ကိုကယ်တင်ပေးတဲ့ အိမ်မက်....

ရိဟန်က အဲ့ဒီအိမ်မက်ကို အကြိမ်ပေါင်းများစွာ မက်ခဲ့ဘူးသည်။ 

ဖုန်းချွင်နဲ့ ထိုသူခိုးနှစ်ယောက်သူ့ရဲ့ 'လျှို့ဝှက်နေရာ'လေးဆီ နောက်ယောင်ခံလိုက်လာတဲ့အချိန်တုန်းက သူ့ကျင်းယွမ်က ကောင်းကင်ပေါ်ကနေ သူ့ဆီ ရောက်လာဖို့ မျှော်လင့်ဘူးသည်။ ထိုလူက အဲ့ဒီကြောက်စရာ ကောင်းတဲ့သူတွေကို ရပ်ခိုင်းပြီး သူ့ကို အဝေးခေါ်သွားလိမ့်မည်။ ဒါပေမဲ့လည်း သူမသိခဲ့တာက အတိတ်ဟာ အတိတ်ပဲဆိုတာ, အကယ်၍ ဆိုတာ မရှိခဲ့သလို သူ့ကိုကယ်ပေးမယ့်သူလည်း မရှိခဲ့ဘူး။

ဒါပေမဲ့လည်း ဒါက အိမ်မက်လေ, အိမ်မက်ဆိုတာ အိမ်မက်မက်တဲ့သူ ဖြစ်စေချင်တဲ့အတိုင်း ဖန်တီးတာပဲ...အခုလိုပေါ့, ဘာမှမဖြစ်သေးဘူး, သူလည်း သန့်ရှင်းနေသေးတယ်, ကျင်းယွမ်လည်း သူ့ဘေးမှာရှိနေတယ်

ဒီအိမ်မက်လေးကို ကြာကြာလေး ရှိနေဖို့ သူမျှော်လင့်မိပါတယ်, သူဒီကနေ ဘယ်တော့မှ မနိုးတော့ရင်ကောင်းမယ်။

သူ့ခန္တာကိုယ်ပေါ်က ကျင်းယွမ်ရဲ့ လက်ဖဝါးတွေကို စွဲမက်တယ်...

ကြည်နူးနေတဲ့ ညည်းညူသံလေးတစ်ခုက သူ့နှုတ်ခမ်းမှ ထွက်ခွာသွားသည်။ သူကကျင်းယွမ်ရဲ့ ရင်ဘက်ပေါ်မှာ သူ့ခေါင်းကို မြှုပ်နှံထားလိုက်၏။

ဒီအိမ်မက်က အံ့သြဖို့ကောင်းလိုက်တာ....

3.10.2021

================
Zawgyi

အခန္း(၄၀) - ငါ့ကိုကယ္ဖို႔ျပန္လာတာလား?

က်င္းယြမ္ရဲ႔ မ်က္စံမ်ားက်ံု႔သြားကာ သူ႔မ်က္လံုးထဲ ေသြးမ်ားစီးဝင္လာသည္။ ရိဟန္ရဲ႔ ႏႈတ္ခမ္းမွ ထြက္ေပၚလာေသာ 'ဒိုင္း' ဆိုတဲ့ အသံႏူးႏူးညံ့ညံ့ေလးက သူ႔တစ္ကိုယ္လံုးကို တုန္ယင္သြားေစၿပီး သူ႔ေသြးမ်ားကို ေအးခဲသြားေစသည္။

ဘာလို႔လဲ? ဘာလို႔သူ႔ရဲ႔ အေသးေလးက ဒီလို မေလ်ာ္ကန္တဲ့ စကားလံုးမ်ိဳးနဲ႔ သူ႔ကိုယ္သူ က်ိန္ဆဲေနရတာလဲ? သူကေသၿပီးသြားၿပီလို႔ ဘာလို႔ေျပာေနရတာလဲ?

ထိုစကားမ်ားက က်င္းယြမ္ရဲ႔ ႏွလံုးသားအား ဓားထက္ထက္နဲ႔ ထိုးစိုက္ေနသလိုမ်ိဳးပဲ!

ရိဟန္က ရွင္းရွင္းလင္းလင္းကို လူတိုင္းရဲ႔ မ်က္လံုးထဲက ပန္းသီးေလးေလ, ဘာလို႔မ်ား သူ႔ကိုယ္သူ သနားစရာေကာင္းၿပီး အထီးက်န္ေနတဲ့ ေလလြင့္ကေလး တစ္ေယာက္လိုမ်ိဳး ေဖာ္ျပေနရတာလဲ? တကယ္ပဲ ဘာေတြျဖစ္သြားခဲ့တာလဲ? သူ႔ကိုဘယ္သူမ်ား အႏိုင္က်င့္လိုက္တာလဲ?

အန္ကယ္နဲ႔အန္တီကေရာ သူ႔ကိုဘယ္တုန္းက စိတ္ဆိုးခဲ့ၾကလို႔လဲ? ယန္နဲ႔ရႊယ္ခ်င္းတို႔ကေရာ ဘယ္အခ်ိန္တုန္းကမ်ား သူ႔ကိုဂ႐ုစိုက္ေပးဖို႔ ျငင္းဆန္ခဲ့ၾကလို႔လဲ? သူ႔ကိုေစာ္ကားတာေတြ၊တိုက္ခိုက္တာေတြ၊နာက်င္ေအာင္ လုပ္တာေတြကို က်င္းယြမ္က ဘာမွမလုပ္ပဲ ဒီအတိုင္း လႊတ္ေပးထားမယ္လို႔ ခံစားေနရေအာင္ ဘယ္သူကမ်ား လုပ္လိုက္တာလဲ?

ရိဟန္က တကယ္ပဲ ဘာအေၾကာင္းကိုေျပာေနတာလဲ? ဒါေတြအားလံုး ဘယ္တုန္းက ျဖစ္သြားခဲ့တာလဲ?

သူအလုပ္ခရီးသြားေနတဲ့ ႏွစ္ပတ္အတြင္းမွာလား? တကယ္ပဲ ဘာေတြျဖစ္သြားခဲ့တာလဲ?

က်င္းယြမ္ရဲ႔ မ်က္ႏွာက တင္းက်ပ္လာၿပီး မ်က္ေမွာင္က်ံဳ႕ေနသည္။ သူ႔မ်က္လံုးထဲမွာေတာ့ မႈန္တိုင္းထန္ေန၏။ ရိဟန္ကိုဆုပ္ကိုင္ထားတဲ့ လက္မ်ားသည္လည္း မသိမသာ တင္းက်ပ္လာရသည္။

ရိဟန္က တုန္လႈပ္သြားကာ သူ႔ပုခံုးေလးမ်ားက က်ံဳ႔သြားရေလသည္။

"နာတယ္...." သူက ႐ွိဳက္သံေလးနဲ႔ ေျပာလာေသာ္လည္း လံုးဝမ႐ုန္းကန္ဘူး။

အိမ္မက္က လန္႔ႏိုးလာသလိုမ်ိဳး က်င္းယြမ္က မ်က္ေတာင္ခတ္လိုက္ၿပီး ရိဟန္အား ဆုပ္ကိုင္ထားမႈကို အလ်င္စလို ေျဖေလ်ာ့ေပးလိုက္မိသည္။ 

အေသးေလးက မူးေနတယ္ဆိုတာ ရွင္းေနတာပဲ, အမူးသမားဆိုတာ အမွန္တရားပဲေျပာတယ္လို႔ အားလံုးကေျပာၾကတယ္

ဟန္ဟန္က တစ္ညတည္းနဲ႔ ရင့္က်က္လာတယ္လို႔ အန္တီပိုင္ေျပာခဲ့တာ, အခုေျပာတဲ့ အရာအားလံုးက သူ႔အိမ္မက္ဆိုးထဲမွာ ျဖစ္ခဲ့တာေတြမ်ားလား?

ေသစမ္း, သူ႔ဟန္ဟန္က ဒီေလာက္ခ်စ္ဖို႔ေကာင္းတာ ဘာလို႔ဒီလိုအိမ္မက္ဆိုးမ်ိဳး မက္ရတာလဲ?

က်င္းယြမ္သည္ ဒိလိုအေရးႀကီးတဲ့ အခ်ိန္အပိ္ုင္းအျခားေလးမွာ စီပြားေ၇းခရီး ထြက္ခဲ့မိျခင္းအား စတင္ေနာင္တရလာမိသည္။

ဒီအေသးေလးမွာ ထူးျခားတဲ့ အရာတစ္ခုခု ျဖစ္ခဲ့တယ္ဆိုတာ သိသာေနတယ္, အခုသူက ဘာမွမသိတဲ့ အ႐ူးေလးလို သတိလက္လြတ္ ျဖစ္ေနတယ္!

သူတို႔ေတြ စစ္ေအးတိုက္ပြဲ ျဖစ္တ့ဲ့အခ်ိန္မွာ သူထြက္သြားခဲ့မိတာက ရိဟန္ကို မလံုမျခံဳခံစားသြားရေစတာလား? ဒါေပမဲ့ ရိဟန္အေနနဲ႔ သူ႔ကိုအေသြးအသားထဲက ခ်စ္ခင္တဲ့ မိသားစုက စြန္႔ပစ္လိမ့္မယ္လို႔ေတြးတာကေတာ့ အေၾကာင္းျပခ်က္မရွိဘူး, ဒါမွမဟုတ္.....ရိဟန္ရဲ႔စိတ္ထဲမွာ တစ္စံုတစ္ေယာက္ကမ်ား သံသယမ်ိဳးေစ့ထည့္ေပးလိုက္တာလား?

က်င္းယြမ္သည္ လက္ေမာင္း နာက်င္တာအား ေအာ္ဟစ္ၿပီး ဝိုင္းဒိုင္းႀကဲရမယ့္အစား သူနာက်င္ေၾကာင္းကို တီးတိုးေျပာသလိုေလးေျပာၿပီး ခ်ိဳၿမိန္ကာနာခံေနသည့္ သူ႔ေရွ႕က ရိဟန္ကို ၾကည့္လိုက္မိသည္။သူ႔ႏွလံုးသားက ေသြးမ်ား ထြက္လာသည္ကိုပင္ ခံစားလို႔ရႏိုင္၏။

တကယ္ပဲ ဘယ္လို ခံစားခ်က္တိုက္ခိုက္မႈမ်ိုးက သူ႔ရဲ႔ ဂုဏ္ယူဝံ့ႂကြားၿပီး ဟိန္းေဟာက္ေနတတ္တဲ့ က်ားေလးကို ခ်စ္ဖို႔ေကာင္းတဲ့ ယုန္ငယ္ေလးျဖစ္သြားေအာင္ထိ နာက်င္သြားေစရတာလဲ? ဒါကလံုးဝကို ခြင့္မလႊတ္နိင္စရာပဲ!

က်င္းယြမ္ရဲ႔ မ်က္လံုးမ်ားကေသြးေၾကာမ်ား ထင္းထြက္ေနေသာ္လည္း သူ႔လက္မ်ားကေတာ့ ရိဟန္အားသူ႔အက်ႌေပၚကေန ညင္ညင္သာသာ ဆြဲထုတ္ေနသည္။

"ကိုယ္ေတာင္းပန္ပါတယ္ ဟန္ဟန္, မင္းကို နာက်င္ေစဖို႔ မရည္ရြယ္ပါဘူး, လက္ေမာင္းနာသြားေသးလား ၾကည့္ရေအာင္? ေရာင္သြားေသးလား?"

က်င္းယြမ္က ႏူးညံ့စြာ ေတာင္းပန္တိုးလွ်ိဳးေနသည္။

သို႔ေသာ္လည္း က်င္းယြမ္က ရိဟန္ရဲ႔ ရွပ္အက်ႌ ၾကယ္သီးကို ျဖဳတ္လိုက္တဲ့အခ်ိန္မွာပဲ ရိဟန္က ေအာ္ဟစ္ၿပီး လ်င္ျမန္စြာ ေက်ာခိုင္းပစ္လိုက္သည္။ ထို႔ေနာက္ ေၾကာက္လန္႔တၾကားနဲ႔ စားပြဲခံုေအာက္ တိုးဝင္သြားကာ သူ႔ကိုယ္သူ ေသးေသးေလးျဖစ္သြားေအာင္ ေကြးလိုက္ၿပီး သူ႔အက်ႌအား တင္းၾကပ္စြာ ဆုပ္ကိုင္ထား၏။

"မလုပ္ပါနဲ႔, ေက်းဇူးျပဳၿပီး, ေတာင္းပန္ပါတယ္, မလုပ္ပါနဲ႔, သတ္လိုက္ပါ, ဒီအတိုင္းပဲ သတ္လိုက္ပါေတာ့..."

ရိဟန္က တိုးၫွင္းစြာ ငိုေႂကြးေနသည္။

အံ့အားသင့္သြားတာေၾကာင့္ က်င္းယြမ္ရဲ႔ လက္ေမာင္းမ်ားက ဆန္႔ထုတ္ထားသည့္ အတိုင္းသာ တည္ရွိေနေလသည္။ သူ႔မ်က္လံုးမ်ားက စားပြဲခံုေအာက္မွ လူထံေရာက္ရွိေနသည္။ သူ႔ရင္တစ္ခုလံုးက ေလးလံလာၿပီး ေသြးမ်ားဆူပြက္လာသည္။ သူအခု အရမ္းကို ေဒါသထြက္လြန္းလို႔ ေနရာမွာတင္ ေအာ္ဟစ္ပစ္လိုက္ခ်င္တယ္

တကယ္ပဲ!ဘာေတြ!ျဖစ္ခဲ့တာလဲ?

က်င္းယြမ္က ေနရာမွာတင္ ရပ္ေနမိသည္။ သူ႔ႏွာေခါင္းကေတာ့ ေလမ်ားကို ျပင္းထန္စြာ ရွဳ႐ွိဳက္ေနမိသည္။ သူက မ်က္လံုးမ်ားကို မွိတ္ကာ အႀကိမ္အနည္းငယ္မွ် အသက္ျပင္းျပင္းရွဳုလိုက္၏။ ၿပီးမွသာ ခါးကိုင္းလိုက္ၿပီး ၾကမ္းျပင္ေပၚ ဒူးေထာက္ထိုင္ကာ ညင္သာစြာ ေခ်ာ့ျမဴလိုက္သည္။

"ဟန္ဟန္, ထြက္လာခဲ့ေလ, အဆင္ေျပတယ္ေနာ္, ကိုယ့္ကိုၾကည္ပါဦး, ကိုယ္က မုက်င္းယြမ္ေလ, မင္းရဲ႔က်င္းယြမ္, ကိုယ့္ကိုမုန္းလို႔လား?"

သူျမင္ေနရတဲ့ သတိႀကီးႀကီးထားေနေသာ မ်က္ႏွာေလးေပၚမွာ မ်က္ရည္မ်ား ျပည့္လွ်ံေနသည္။ ရိဟန္က သူ႔မ်က္လံုးထဲက မ်က္ရည္မ်ားအား ပုတ္ခတ္ပုတ္ခတ္လုပ္၍ ဖယ္ရွားလိုက္၏။ သူ႔ေရွ႕က အမ်ိဳးသားအား ဂ႐ုတစိုက္ ၾကည့္ၿပီးေနာက္မွာေတာ့ ပိုၿပီးေတာ့ပင္ ဝမ္းနည္းသြားမိသည္။ သူက စားပြဲခံုေအာက္ကေန ျပန္တိုးထြက္လာၿပီး သူ႔ကိုယ္သူ က်င္းယြမ္ရဲ႔ လက္ေမာင္းၾကားထဲ ပစ္ဝင္လိုက္ေလသည္။

"မင္းထြက္သြားၿပီ မဟုတ္ဘူးလား? ဘယ္ေတာ့မွ ေနာက္တစ္ေခါက္ ျပန္မလာေတာ့ဘူး မဟုတ္ဘူးလား? ဘာလို႔ျပန္လာတာလဲ?"

ရိဟန္က ႏူးညံ့စြာ ညည္းညဴေနသည္။ သူက က်င္းယြမ္အား ဂ႐ုတစိုက္နဲ႔ေမာ့ၾကည့္ကာ သူ႔ႏႈတ္ခမ္းေပၚမွာေတာ့ အသနားခံေနသည့္ အျပံဳးတစ္ပြင့္ရွိေနရင္း မဝံ့မရဲနဲ႔ ေမးလာသည္။

"ငါ့ကိုကယ္ဖို႔ ျပန္လာတာလား? ငါ့ကိုထပ္ၿပီး စိတ္မဆိုးေတာ့ဘူးမွတ္လား?" 

=============

အခန္း(၄၁) - ဝမ္းနည္းနာက်င္မႈကို ေသာက္တာနဲ႔ မေျဖႏိုင္ဘူး

က်င္းယြမ္မွာေတာ့ တစ္ညတည္းနဲ႔ သူ႔ႏွလံုးသားက ဘယ္ႏွစ္ႀကိမ္ေတာင္ အပိုင္းပိုင္းအစစ ကြဲေၾကေနရမွန္းပင္မသိေတာ့။ သူငယ္စဥ္ကတည္းက ေစ့ေစ့စပ္စပ္ ဂ႐ုစိုက္ၿပီး ကာကြယ္ေပးခဲ့ရတဲ့ ေကာင္ေလးရဲ႔ အသနားခံေနတဲ့ မ်က္ႏွာေလးကို ျမင္ေနရတဲ့အျပင္ ထိုသူရဲ႔ စကားမ်ားကို ထပ္ေပါင္း နားေထာင္လိုက္ရေသာအခါ သူ႔ႏွလံုးသားကို ေနာက္တစ္ဖန္ ၿပိဳကြဲသြားေစသည္။

သူက သူ႔အေသးေလးအား ရင္ခြင္ထဲကို ဂ႐ုတစိုက္ထည့္လိုက္ၿပီး တစ္ဖက္လူရဲ႔ေခါင္းေလးအား ညင္ညင္သာသာ နမ္းလိုက္သည္။

"ဟုတ္တယ္, ကိုယ္မင္းကို ကယ္ဖို႔ေရာက္ေနတာ, ဒီေန႔ကစၿပီး မင္းကို ဘယ္ေတာ့မွ စိတ္မဆိုးေတာ့ဘူးေနာ္, ကိုယ္အသက္ရွင္ေနသ၍ မင္းကိုတစ္ျခားသူေတြ ေနာက္တစ္ေခါက္ နာက်င္ေအာင္ မလုပ္ေစရေတာ့ဘူး" သူကသက္ျပင္းခ်မိသည္။

ရိဟန္က ခင္လြင္လြင္ေလး ရယ္လိုက္ၿပီး မ်က္လံုးမ်ားကို တင္းၾကပ္စြာပိတ္၍ က်င္းယြမ္ရဲ႔ က်စ္လစ္တဲ့ခါးကို တင္းတင္းၾကပ္ၾကပ္ ဖက္တြယ္လိုက္သည္။

"ငါသိတယ္" သူကတိုးတိုးေလးေျပာေနသည္။

"ငါကငါ့အိမ္မက္အေၾကာင္းေျပာေနတာပါ, ငါနည္းနည္းေလာက္ ထပ္အိပ္ခ်င္ေသးတယ္, မင္းငါနဲ႔ခဏေလာက္ေနေပးႏိုင္မလား ..?"

က်င္းယြမ္သည္ သူ႔အသည္းႏွလံုးတစ္ခုလံုး ေအးခဲေနတဲ့ ေရခဲအျဖစ္ ေျပာင္းလဲသြားသလို ခံစားလိုက္ရသည္။ သူက သူ႔ေကာင္ေလးအား အ႐ိုးေတြအသားေတြထဲ နက္နက္႐ွိဳင္း႐ွိဳင္း နစ္ႁမွဳပ္ခ်င္သလိုမ်ိဳး တင္းတင္းၾကပ္ၾကပ္ ဖက္ထားလိုက္သည္။

"အိပ္ေတာ့, မင္းႏိုးလာရင္ေတာင္ ကိုယ္မသြားဘူး, မင္းသာကိုယ့္ကို ခြင့္ျပဳသ၍ ကိုယ္မင္းနဲ႔ပဲ အၿမဲအတူရွိေနမွာ" သူကနက္နဲတဲ့အသံနဲ႔ က်ိန္ဆိုသည္။

ရိဟန္မွာ ပင္ပန္းေနေလၿပီ။ သူ႔ကိုလံုျခံဳမႈ ခံစားရေစတဲ့ ေပြ႕ဖက္ေပးထားမႈနဲ႔ ဝန္းရံလိုက္တဲ့အခါမွာေတာ့ ျဖည္းၫွင္းစြာပင္ အိပ္ေပ်ာ္သြားေတာ့သည္။

က်င္းယြမ္က ထိုအေနအထားအတိုင္းသာ မလႈပ္မယွက္ေနေနသည္။ သူ႔ရင္ခြင္ထဲကေကာင္ေလး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္သြားမွသာ တစ္ဖက္လူကို သူ႔လက္ေမာင္းနဲ႔ သတိႀကီးစြာ ေပြ႕လိုက္ၿပီး ကုတင္ေပၚသို႔ ညင္သာစြာ တင္ေပးလိုက္သည္။

ထို႔ေနာက္ က်င္းယြမ္က ဗီဒိုထဲမွ ညအိပ္ဝတ္စံုကို ရွာေဖြလိုက္သည္။ သူက တစ္ဖက္လူအား အဝတ္အစားအသစ္မ်ား ညင္သာစြာ လဲလွယ္ေပးလိုက္ေလသည္။ တစ္ခ်ိန္လံုး ရိဟန္ရဲ႔ ႏွင္းျဖဴေရာင္ ခႏာၱကိုယ္ကို မၾကည့္မိေစရန္ ခက္ခက္ခဲခဲ ႀကိဳးစားေနသလို ထိုႏူးညံ့သိမ္ေမြ႕လွတဲ့ အသားအရည္ကိုလည္း မထိေတြ႕မိေစရန္ ႀကိဳးစားေနရသည္။

ရိဟန္နဲ႔ ပတ္သတ္ရတဲ့အခါမွာ သူအရမ္းကို ဂုဏ္ယူရတဲ့ ကိုယ့္ကိုကိုယ္ ထိန္းခ်ဳပ္ႏိုင္မႈက လံုးဝပ်က္စီးသြားတာကို နားလည္သေဘာေပါက္လိုက္ရသည္။ ရိဟန္က ကိုယ္လံုးတီး ျဖစ္မေနတာေတာင္ ႏူးညံ့တဲ့ ႏွင္းဆီဖူးႏႈတ္ခမ္းတစ္စံုနဲ႔တင္ သူ႔တစ္ကိုယ္လံုး ေလာင္ကၽြမ္းလာသည္။ ဒီအေကာင္ေပါက္ေလးက သူ႔ကိုေရခ်ိဳးဖို႔ အကူအညီမေတာင္းတာကိုပင္ ေက်းဇူးတင္မိသြားသည္။ မဟုတ္လို႔ကေတာ့ ဘယ္လိုအက်ိဳးဆက္ေတြ ျဖစ္သြားမလဲ ဘယ္သူသိမလဲ?

ရိဟန္ကို သန္႔ရွင္းတဲ့ ညအိပ္ဝတ္စံုမ်ား အျပည့္အဝ ဆင္ယင္ေပးၿပီးေသာအခါမွာေတာ့ က်င္းယြမ္တစ္ကိုယ္လံုး ေခၽြးမ်ားနဲ႔ ရႊဲနစ္ေနေလၿပီ။ သူက ရိဟန္ရဲ ႏွဖူးေပၚမွာ ဝဲက်ေနေသာ ဆံႏြယ္မ်ားအား ခပ္ဖြဖြေလး သပ္တင္ေပးလိုက္သည္။

သူက အိပ္ယာေဘးမွာသာ ရပ္ေနၿပီး အိပ္ေပ်ာ္ေနေသာ ရိဟန္ကို ေငးစိုက္ၾကည့္ေနမိသည္။သူ႔စိတ္မ်ားကေတာ့ တစ္ဆက္ဆက္တုန္ယင္ၿပီး အေဝးကိုလြင့္ပါးေန၏။ 

သူ႔လက္မ်ားကေတာ့ တင္းတင္းၾကပ္ၾကပ္ ဆုပ္ထားတာေၾကာင့္ လက္သည္းမ်ားပင္ လက္ဖဝါးထဲ စိုက္ဝင္လုနီးနီးပင္။

သူက ရိဟန္အား နမ္းရႈိက္ခ်င္ေနသည့္ စိတ္ဆႏၵကို အတင္းအၾကပ္ ခၽြန္းအုပ္၍ တံခါးဖက္လွည့္ထြက္လိုက္သည္။ တံခါးဘက္ကိုင္ဘုကို လက္ေရာက္သြားတဲ့တစ္ခဏမွာပင္ ရပ္တန္႔သြားမိသည္။

သူအေသးေလးကို အတူတူေနေပးမယ္လို႔ ကတိေပးထားတယ္, အဲ့ဒါကို ရိဟန္အိပ္ေပ်ာ္ေနတုန္း ဘယ္လိုမ်ား ထြက္သြားႏိုင္ပါ့မလဲ?

က်င္းယြမ္က ေလးလံစြာသက္ျပင္းခ်ၿပီး ျပန္လွည့္လာသည္။ ထို႔ေနာက္ စားပြဲခံုေဘးက ထိုင္ခံုေပၚမွာ ထိုင္ခ်လိုက္ကာ နာက်င္ေနေသာ နားထင္မ်ားကို ႏွိပ္နယ္ေနမိေလသည္။ ဒီေန႔ည အျဖစ္အပ်က္ေတြက သူ႔အတြက္ေတာ့ လိုက္ေလ်ာညီေထြ ေနႏိုင္ဖို႔ ခက္ခဲလွသည္။ ေကာင္ေလးမွာ ျဖစ္ေနတဲ့ အေျပာင္းအလဲေတြက သူ႔ကိုေဒါသလည္း ထြက္ေစသလို ဝမ္းလည္း ဝမ္းနည္းမိေစသည္ေလ။ 

ဘာလို႔ ဒီလိုေျပာင္းလဲမႈေတြ ျဖစ္ေပၚလာလဲ သူမသိဘူး, သူလဝက္ေလာက္ပဲ အေဝးေရာက္သြားတာကို ဘာလို႔ သူ႔မင္းသားေလးက ဒီအေျခအေန ျဖစ္သြားရတာလဲ?

သူ႔ရဲ႔ ေမွာင္မိုက္တဲ့ အၾကည့္ေအာက္မွာ ျပင္းထန္တဲ့ မုန္တိုင္းတစ္ခု တိုက္ခတ္လာသည္။

ဒါက တစ္စံုတစ္ေယာက္ရဲ႔ မေကာင္းၾကံမႈေၾကာင့္သာ ဆိုရင္ အဲ့ဒီလူကေတာ့ သူဘယ္သူလဲ ရွာမေတြ႕ေအာင္သာ ဆုေတာင္းထားေတာ့ပဲ, ဘယ္သူလဲ သိတာနဲ႔ တစ္ဖက္လူကို ငရဲတြင္းထဲ တြန္းခ်တာပဲျဖစ္ျဖစ္ သတ္တာပဲျဖစ္ျဖစ္ လုပ္ပစ္မယ္!

သူက တစ္ဖက္ကိုလွည့္လိ္ုက္ၿပီး ကုတင္ေပၚမွာ သနားစရာေကာင္းေအာင္ ေဘာလံုးေလးလို ေကြးေကြးေလး အိပ္ေနေသာ ရိဟန္အား လွမ္းၾကည့္ကာ ေလးလံစြာ သက္ျပင္းခ်မိေလသည္။ သူ႔စိတ္ထဲက အလိုမက်မႈေတြက ထြက္ေပါက္လည္းမရွိ၊ လြတ္လမ္းလည္းမရွိ။

ထို႔ေၾကာင့္ စားပြဲေပၚက အရက္ပုလင္းမ်ားသို႔သာ လက္လွမ္းလိုက္ၿပီး ျပင္းျပင္းထန္ထန္ တစ္ငံု ေသာက္ခ်ပစ္လိုက္ရသ့ည္။

အခ်ိန္က တေရြ႕ေရြ႕ကုန္ဆံုးလာသလို စားပြဲေပၚက ပုလင္းမ်ားသည္လည္း တစ္ျဖည္းျဖည္း လြတ္လာသည္။ က်င္းယြမ္က စားပြဲခံုအား တံေတာင္ဆစ္နဲ႔ မွီထားၿပီး သူ႔ေခါင္းကို လက္ဖဝါးနဲ႔ ေထာက္ကန္ထားသည္။ သူ႔စိတ္မ်ားကေတာ့ နားမလည္ႏိုင္တဲ့ အေတြးမ်ားကိုသာ ေျခရာခံေနမိ၏။

ထိုအခ်ိန္မွာပဲ အိပ္ယာေပၚက ထလာတဲ့ လွဳပ္ရွားမႈတစ္ခုကို ၾကားလိုက္ရသည္။ သူက အလ်င္စလိုပင္ မတ္တပ္ရပ္ဖို႔ တစ္ဖက္သို႔သြားရန္ ႀကိးစားလိုက္သည္။

က်င္းယြမ္က ေျဖာင့္ေျဖာင့္ ရပ္လိုက္တဲ့ တစ္ခဏမွာပဲ မူးေဝမႈက သူ႔တစ္ကိုယ္လံုးကို လႊမ္းျခံဳသြားသည္။ သူ႔မ်က္ႏွာေပၚမွာေတာ့ ခါးသီးတဲ့ အျပံဳးတစ္ခု ျဖစ္ေပၚလာသည္။ ၾကည့္ရတာ ေသာက္တာက သူ႔ဝမ္းနည္းနာက်င္မႈကို တကယ္ပဲ မေျဖေဖ်ာက္ႏိုင္ဘူး။ အခ်ိန္တိုင္းက ထုႏွက္ခံေနရသလိုပဲ။

အိပ္ယာေပၚက အေကာင္ေပါက္ေလးကို စိတ္ပူေနတာေၾကာင့္ သူ႔အျမင္အာရံုေတြ ၾကည္လင္လာသည္အထိ မေစာင့္ႏိုင္ေတာ့ပဲ ကုတင္ေပၚ အျမန္အဆန္ တက္လိုက္သည္။

သူက တစ္စံုတစ္ခုအတြက္ စိတ္အေႏွာင့္အယွက္ျဖစ္ၿပီး ေအာ္ဟစ္ညည္းညဴေနသည့္ အေသးေလးဆီ သြားလိုက္သည္။ အနားကပ္ၿပီး နားေထာင္ၾကည့္လိုက္ေတာ့ ရိဟန္က သန္႔စင္ခန္းသံုးခ်င္ေနသည္တဲ့ေလ။

က်င္းယြမ္ကေတာ့ ရယ္ရမလား ငိုရမလားပင္ မသိေတာ့။ သူက သူ႔ေခါင္းထဲက ခံစားခ်က္မ်ားကို ခါယမ္းလိုက္ၿပီး ရိဟန္ေပၚက ေစာင္အား ဖယ္ရွားလိုက္ကာ တစ္ဖက္လူကို သူ႔လက္ေမာင္းနဲ႔ ဂ႐ုတစိုက္ ခ်ီေပြ႕လိုက္ၿပီး ေရခ်ိဳးခန္းဆီ သြားလိုက္သည္။

အထဲကိုေရာက္တာနဲ႔ မ်က္လံုးဖြင့္ဖို႔ ျငင္းဆန္ေနသည့္ ေကာင္ေလးကို လက္တစ္ဖက္နဲ႔ ကိုင္ထားေပးၿပီး ေနာက္တစ္ဖက္နဲ႔ ေဘာင္းဘီကို ဆြဲခၽြတ္ေပးရျပန္သည္။ သူက သူ႔ကိုယ္သူ တည္ၿငိမ္ေစရန္ ခဏေလာက္ အခ်ိန္ယူၿပီးမွ ရိဟန္အေသးေလးကို ဂ႐ုတစိုက္ ကိုင္တြယ္လိုက္သည္။ ႏူးညံ့တဲ့ ေလခၽြန္သံတိုးတိုးက သူ႔သြားၾကားမွတစ္ဆင့္ ထြက္လာၿပီး ညင္သာစြာျဖင့္ပင္ က်င္းယြမ္က ရိဟန္အား ခႏာၱကိုယ္ လုပ္ေဆာင္ခ်က္မ်ားကို ေျဖရွင္းရန္ ေခ်ာ့ျမဴလိုက္သည္။

=============

အခန္း(၄၂) - ဒီအိမ္မက္က အံ့ၾသဖို႔ေကာင္းလိုက္တာ

ရိဟန္ရဲ႔ ကိစၥရွင္းၿပီးသည္ႏွင့္ က်င္းယြမ္က သူ႔ကိုျပန္ဝတ္ဆင္ေပးလိုက္သည္။ က်င္းယြမ္က သူ႔ကိုအိပ္ယာေပၚသို႔ ေခၚသြားဖို႔ လုပ္လိုက္ေသာ္လည္း အေသးေလးက ေနာက္တစ္ေခါက္ စိတ္မသက္မသာဟန္ ျပန္စလာျပန္သည္။ သူ႔လက္ေမာင္းၾကားထဲမွာ တြန္႔လိမ္ေနရင္း ညည္းညဴေရရြတ္ေနသည္။

"အင္း, ေရခ်ိဳးခ်င္တယ္, ေစးကပ္ေနတာပဲ, မႀကိဳက္ဘူး"

ရိဟန္ရဲ႔ တြန္႔လိမ္မႈက က်င္းယြမ္ရဲ႔ အသက္ရွဳသံမ်ားကို တုန္႔ခနဲ ရပ္သြားေစသည္။ သူ႔ေအာက္ပိုင္းက စိတ္အားထက္သန္လာသည္ေလ။ သူက ရိဟန္အား ၾကမ္းျပင္ေပၚ ေလ်ာမက်သြားေစရန္ အလ်င္စလို ဖက္တြယ္လိုက္ရသည္။

"လိမ္မာပါ ဟန္ဟန္ရယ္, အရင္အိပ္လိုက္ေနာ္, ၿပီးမွေရခ်ိဳး ဟုတ္ၿပီလား?" သူက ညင္ညင္သာသာ ေခ်ာ့ေမာ့သည္။

ရိဟန္ရဲ႔ စိတ္အေျခအေနက ပိုမို ဆိုးရြားလာေပမယ့္လည္း 'လိမ္မာပါ' ဆိုတဲ့ စကားကို ၾကားရတဲ့အခ်ိန္မွာ ႐ုန္းကန္ေနျခင္းအား ရပ္တန္႔ပစ္လိုက္သည္။ သူက ႏူးညံ့စြာပဲ 'အမ္း' ဟုေရရြတ္လာၿပီး ခဏေလာက္ ရပ္တန္႔ၿပီးေနာက္မွာ တိုးတိုးထပ္ေျပာသည္။

"ငါက လိမ္မာတဲ့ေကာင္ေလး"

က်င္းယြမ္ရဲ႔ ႏွလံုးသားက တုန္ယင္သြားသည္။

လိမ္မာတဲ့ေကာင္ေလး? သူ႔မင္းသားေလးက လိမ္မာတဲ့ ေကာင္ေလးျဖစ္စရာ မလိုဘူးေလ! ဒါက ေရခ်ိဳးတာေလးပဲ မဟုတ္ဘူးလား, ဘာအေရးႀကီးတာမို႔လို႔လဲ? လုပ္လိုက္ၿပီးေနတာပဲ!

က်င္းယြမ္က ရိဟန္အား ကုတင္ေပၚကို ျပန္တင္ေပးရန္ ညင္သာစြာ လွည့္လိုက္ၿပီး ေရခ်ိဳးခန္းတံခါးကေန ထြက္လာရင္း ေျပာလိုက္သည္။

"ကိုယ္တို႔ ေရခ်ိဳးၾကမယ္ေနာ္, ဒီမွာခဏေစာင့္ေန, ေရျဖည့္လိုက္ဦးမယ္"

ရိဟန္အား အေျခက်ေအာင္ ခ်ေပးၿပီးေနာက္မွာ က်င္းယြမ္က ေရခ်ိဳးခန္းထဲ ျပန္ဝင္သြားလိုက္ကာ ေရခ်ိဳးကန္အား ေရပူျဖည့္လိုက္သည္။ ယာယီေရေႏြးေငြ႕သံုး ေခၽြးေပါင္းအိမ္က အယ္ကိုေဟာမ်ားအား သူ႔ေခါင္းထဲ တိုးဝင္လာေစ၏။ သို႔ေသာ္လည္း ေရခ်ိဳးတဲ့ ဝန္ေဆာင္မႈကို ေစာင့္ေနတဲ့ သူ႔အေသးေလးကိုေတာ့ သတိရေနဆဲပဲ။ သူက အိပ္ခန္းထဲကို ျပန္ဝင္သြားသည္။

လာေတာ့, အခုက သူ႔ဆႏၵေတြကို စံုစမ္းဖို႔ အခ်ိန္ေရာက္ၿပီ!

သူက ရိဟန္ရဲ႔ ကိုယ္ေပၚက အဝတ္မ်ားအား တုန္ယီေနေသာ လက္မ်ားျဖင့္ ခၽြတ္ေပးလိုက္သည္။ ရိဟန္ရဲ႔ ဗလာက်င္းေနတဲ့ ခႏာၱကိုယ္ေလး သူ႔ျမင္ကြင္းေအာက္ ေရာက္လာသည္ႏွင့္ သူ႔စိတ္တစ္ခုလံုး ေပါက္ကြဲထြက္သြားေတာ့ေလသည္။ အပူမ်ားက သူ႔ႏွာေခါင္းမွတစ္ဆင့္ အရွိန္ျပင္းျပင္း ထိုးထြက္လာသည္။

မၾကာခင္ ႏွာေခါင္းေသြးလွ်ံၿပီးမ်ား သူ႔ကိုယ္သူ အရွက္ရေစမလားဆိုတာကိုပင္ သံသယဝင္သြားမိသည္။

က်င္းယြမ္က သူ႔ကိုယ္သူ တင္းတင္းၾကပ္ၾကပ္ ဖိႏွိပ္ထားလိုက္သည္။ ထို႔ေနာက္ တစ္ျဖည္းျဖည္း ေရြ႕လ်ားလိုက္ကာ ရိဟန္အား သူ႔ရင္ခြင္ထဲ တစ္ဖန္ျပန္ထည့္လိုက္ၿပီး ေရခ်ိဳးခန္းဘက္ ေျခဦးလွည့္လိုက္၏။ တစ္ခ်ိန္လံုးသူက အေရွ႕ကိုသာ တည့္တည့္ၾကည့္ကာ သူရဲ႔ ဆင္ျခင္တံုတရားကို အသံုးျပဳ၍ သူ႔ဆႏၵတရားမ်ားကို ႏွိမ္နင္းေနရသည္။ စိတ္ထဲမွာေတာ့ သူကိုယ္သူ တရဆက္ေျပာေနရသည္။

ဒါက ဟန္ဟန္, ငါ့ရဲ႔ အေသးေလး, လြဲမွားတဲ့ လုပ္ရပ္ေလး တစ္ခုေတာင္ မလုပ္မိေစနဲ႔, ထိန္းခ်ဳပ္မႈမလြတ္ေစနဲ႔

ဘယ္လိုပဲျဖစ္ျဖစ္ ဒါက သူ႔အေတြးသာျဖစ္သည္။ သူနစ္နစ္နဲနဲ ခ်စ္ေနရသူရဲ႔ ဗလာက်င္းတဲ့ အသားအရည္ကို ထိေတြ႕ရတဲ့အခ်ိန္မွာ သူ႔စိတ္ဝိညာဥ္ကေနတစ္ဆင့္ ေရာက္ရွိလာတဲ့ တုန္ယင္မွဳက မခံမရပ္ႏိုင္ေအာင္ပင္။

က်င္းယြမ္ရဲ႔ ႏွလံုးခုန္သံမ်ား ျမန္ဆန္လာသည္။ ဒါက အရက္ေၾကာင့္လား ဒါမွမဟုတ္ သူ႔မ်က္စိေရွ႕က စားစရာေလးေၾကာင့္လားေတာ့ သူမသိဘူး။ သူသိတာက သူ႐ူးေတာ့မယ္

ဒါက သူလိုခ်င္ေတာင့္တေနခဲ့ရတဲ့သူေလ, ပံုမွန္ဆိုရင္ ဆူးပင္ေတြနဲ႔ လႊမ္းျခံဳထားေလ့ရွိတဲ့ အေကာင္ေပါက္ေလးက သူ႔ေရွ႕မွာ ဒီအတိုင္း ခ်ထားရံုတင္မကပဲ ဘာအေစာင့္အၾကပ္မွလည္း ရွိမေနတာေၾကာင့္ သူ႔အတြက္ေတာ့ ၿခိမ္းေျခာက္မႈေသးေသးေလးေတာင္ ရွိမေနဘူး။ လူတစ္ေယာက္က က်န္းမာေရးျပႆနာသာ မရွိေနဘူးဆိုရင္ ဘယ္သူကမ်ား တြန္းလွန္ႏိုင္မွာလဲ?

သို႔ေပမယ့္လည္း သူ႔ကိုယ္သူ ထပ္ခါထပ္ခါ ေျပာေနမိသည္

သူလံုးဝကို ထိန္းခ်ဳပ္မႈ လြတ္သြားလို႔ မျဖစ္ဘူး, ပိုင္ရိဟန္ကို ထိခိုက္ေစလို႔ မျဖစ္ဘူး

ေရခ်ိဳးခန္းက အရမ္းစိုထိုင္းေနသည္။ က်င္းယြမ္ရဲ႔ အဝတ္အစားမ်ားသည္လည္း စိုစြတ္ေနၿပီး သူ႔ကိုယ္ေပၚမွာ ကပ္ေနေသးသည္။ အထူးသျဖင့္ သူ႔ရဲ႔ ေအာက္ပိုင္းကလည္း ေနလို႔မေကာင္းေနသလို သူ႔ေဘာင္းဘီကတည္း တင္းက်ပ္လာသည္ေလ။

ဘုရားေရ, ဘယ္လို ၫွင္းဆဲျခင္းမ်ိဳးလဲ

ရိဟန္ကေတာ့ အရမ္းအဆင္ေျပေနသည္။ သူက ေရေႏြးထဲမွာ ကိုယ္ကို ဆန္႔ထုတ္ထားၿပီး သူ႔တစ္ကိုယ္လံုးက သက္ေတာင့္သက္သာျဖစ္ေနသည္။

ေရေႏြးေႏြးေလးေတြက သူ႔ကိုဝိုင္းရံစီးဆင္းေနၿပီး ရင္းႏွီးေနတဲ့ လံုျခံဳမႈေပးႏိုင္ေသာ တည္ရွိမႈကလည္း သူ႔ေဘးမွာ ရွိေနသည္ေလ။ အယ္ကိုေဟာရဲ႔ သက္ေရာက္မႈေၾကာင့္ သူ႔စိတ္နဲ႔ မွတ္ဉာဏ္မ်ားက အနည္းငယ္ ရႈပ္ေထြးေနဆဲပင္။ သူမက္ခဲ့တဲ့ အိမ္မက္ကို သတိရေနမိသည္။ က်င္းယြမ္က သူ႔ဆီျပန္လာၿပီး သူ႔ကိုကယ္တင္ေပးတဲ့ အိမ္မက္....

ရိဟန္က အဲ့ဒီအိမ္မက္ကို အႀကိမ္ေပါင္းမ်ားစြာ မက္ခဲ့ဘူးသည္။ 

ဖုန္းခၽြင္နဲ႔ ထိုသူခိုးႏွစ္ေယာက္သူ႔ရဲ႔ 'လွ်ိဳ႔ဝွက္ေနရာ'ေလးဆီ ေနာက္ေယာင္ခံလိုက္လာတဲ့အခ်ိန္တုန္းက သူ႔က်င္းယြမ္က ေကာင္းကင္ေပၚကေန သူ႔ဆီ ေရာက္လာဖို႔ ေမွ်ာ္လင့္ဘူးသည္။ ထိုလူက အဲ့ဒီေၾကာက္စရာ ေကာင္းတဲ့သူေတြကို ရပ္ခိုင္းၿပီး သူ႔ကို အေဝးေခၚသြားလိမ့္မည္။ ဒါေပမဲ့လည္း သူမသိခဲ့တာက အတိတ္ဟာ အတိတ္ပဲဆိုတာ, အကယ္၍ ဆိုတာ မရွိခဲ့သလို သူ႔ကိုကယ္ေပးမယ့္သူလည္း မရွိခဲ့ဘူး။

ဒါေပမဲ့လည္း ဒါက အိမ္မက္ေလ, အိမ္မက္ဆိုတာ အိမ္မက္မက္တဲ့သူ ျဖစ္ေစခ်င္တဲ့အတိုင္း ဖန္တီးတာပဲ...အခုလိုေပါ့, ဘာမွမျဖစ္ေသးဘူး, သူလည္း သန္႔ရွင္းေနေသးတယ္, က်င္းယြမ္လည္း သူ႔ေဘးမွာရွိေနတယ္

ဒီအိမ္မက္ေလးကို ၾကာၾကာေလး ရွိေနဖို႔ သူေမွ်ာ္လင့္မိပါတယ္, သူဒီကေန ဘယ္ေတာ့မွ မႏိုးေတာ့ရင္ေကာင္းမယ္။

သူ႔ခႏာၱကိုယ္ေပၚက က်င္းယြမ္ရဲ႔ လက္ဖဝါးေတြကို စြဲမက္တယ္...

ၾကည္ႏူးေနတဲ့ ညည္းညဴသံေလးတစ္ခုက သူ႔ႏႈတ္ခမ္းမွ ထြက္ခြာသြားသည္။ သူကက်င္းယြမ္ရဲ႔ ရင္ဘက္ေပၚမွာ သူ႔ေခါင္းကို ႁမွဳပ္ႏွံထားလိုက္၏။

ဒီအိမ္မက္က အံ့ၾသဖို႔ေကာင္းလိုက္တာ....

================

3.10.2021

Continuer la Lecture

Vous Aimerez Aussi

2.2M 145K 91
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
1.3M 195K 144
မနက္ခင္းတစ္ခုတြင္ system နွင့္ခ်ည္ေနွာင္ခံရျပီးေနာက္ MC မွာလုပ္ရိုးလုပ္စဥ္တစ္ခုကဲ့သို႔ပင္ ML ဤဖမ္းဆီးျခင္း/တုိက္ခိုက္ျခင္းအားခံရသည္။ ML ရဲ႔ညီငယ္ေလးပဲ...
60.8K 8.2K 8
အခုတေလာ ငါ့ရဲ႕ငယ္သူငယ္ခ်င္းက အရမ္းကိုဒြိဟျဖစ္ေစတဲ့ လကၡဏာေတြျပေနတယ္။ သူ ငါ့ကိုေဂးသြားေအာင္ႀကိဳးစားေနတာလား..? အခုတလော ငါ့ရဲ့ငယ်သူငယ်ချင်းက အရမ်းကိုဒွိ...
938K 138K 115
ကျန်းရှန်က အဆောက်အဉီးအမြင့်ကနေ ပြုတ်ကျသွားခဲ့တယ် သူ့ကိုယ်သူသေမယ်လို့ထင်နေပေမဲ့ တကယ်တမ်းသူ့ဂိဉာဉ်က တခြားကမ္ဘာတစ်ခုကို အချိန်ခရီးထွက်သွားတယ်။ ဒီထပ်ပို...