Xiao,I Need Your D**k

By ShweHtet1

179K 5.3K 667

Zhanyi Only Tagsကိုအရင်ကြည့်ပီးမှ ဖတ်သင့်မဖတ်သင့် အကြံပေးချင်တယ် More

Emergency Stair
Party
Wine
Xiao's Omega
Kitchen Room
Sweet Smell
Suffering From Hunger
Early Morning Workout
Heat Cycle
The Virgin Room
Lovely Cowboy
Safe And Warm
A Caring Man
Exciting Morning
Daily Life, But Love Isn't Around
Twin Evicted From Home
Taking Two Daughters To Work
Babe Has Arrived
Love
Sweaty And Active On A Rainy Day
Summary Of Errors
Sweet Family Day
Shopping Time

Yellow Wild Sunflower

6K 253 31
By ShweHtet1

Unicode

ရှောင်းကျန့်လက်မောင်းပေါ် ခေါင်းအုံးကာမှေးနေတဲ့ရိပေါ်က ခေါင်းလေးမော့လာကာ ရှောင်းကျန့်နှုတ်ခမ်းပါးနဲ့ထိကပ်လိုက်ပီး မျက်လုံးကိုမှိတ်ချလိုက်တော့ မျက်ရည်စီးကြောင်းလေးနှစ်ကြောင်းက ပါးပြင်ပေါ်မှတဆင့် မွေ့ယာပေါ်သို့ ခုန်ပေါက်စီးဆင်းသွားတော့တယ်

*ဟင့်*

နှုတ်ခမ်းနှစ်ခုကိုထိကပ်လျက်ပဲ ရှိုက်သံထွက်လာတော့ babeမျက်နှာလေးကို ဆွဲယူကြည့်ဖို့လုပ်ပေမဲ့ ရင်ခွင်ထဲတိုးဝင်လာကာ ခေါင်းကိုခါယမ်းနေတာကြောင့် ငြိမ်ငြိမ်လေးသာ နေပေးလိုက်သည်

မြတ်နိုးချင်းအပြည့်နဲ့ နဖူးပြင်လေးကို နမ်းရှိုက်လိုက်တော့ မျက်နှာလေးက ပြုံးယောင်သမ်းလာကာ ပါးမို့မို့လေးတွေ ဖောင်းတတ်လို့လာတယ်

နှာတစ်ရှုံ့ရှုံ့ရှိက်သံက ရပ်တန့်မသွားသေးပဲ မျက်ရည်အဝဲသားနဲ့ မျက်လုံးချင်းစုံကာ ကြည့်လာတာကြောင့် ခေါင်းလုံးလုံးလေးကို ကြည်နူးခြင်းများစွာနဲ့ ပွတ်သပ်ပေးလိုက်သည်

"ရှောင်းကို ငါက အရမ်းအရမ်းချစ်တာနော်...ရှောင်းကရော ငါ့ကိုချစ်သေးရဲ့လား?"

"ဘာလို့သိချင်ရတာလဲ...babeဒါနဲ့ဆို ကိုယ့်ကိုမေးတာ ငါးရာငါးဆယ့်ငါးခါတောင် ရှီနေပီဆိုတာ သိရဲ့လား...ကိုယ့်အသက်ထက်တောင် အတော်များနေပီ"

ဒီတစ်ကြိမ်လည်း အဖြေပြန်ပေးမလာပါဘူး...အမှန်တိုင်းပြောရရင် ရှောင်းနဲ့ချစ်သူရည်းစားတွေဖြစ်ကတည်းက ရှောင်းဘက်ကသူ့ကိုချစ်တယ်ဆိုတဲ့စကားတစ်ခွန်း မပြောခဲ့ဘူးဘူး

သူကလည်း ရှောင်းချစ်တာသိရဲ့သားနဲ့ ချစ်လားလို့မေးရတာကို သဘောကျပါတယ်...တစ်ခါလောက်လေးတော့ ရှောင်းရဲ့နှုတ်ဖျားပေါ်ကထွက်ကျလာမဲ့ ချစ်တယ်ဆိုတဲ့ စကားလုံးလေးနှစ်လုံးကိုသာ ကြားသိရရင် ပျော်ရွှင်မှု့တွေက ဖမ်းဆုတ်ထားလို့ရမှာတောင် မဟုတ်လောက်ဘူး

"ငါတစ်ယောက်တည်း အထီးကျန်သလို ခံစားရတယ်"

တစ်ခါမှဖွင့်ဟပီး ပြောဆိုမလာဘူးတဲ့babeက တစ်ယောက်တည်း အထီးကျန်ရတာများလွန်းလို့ သူ့ကိုတောင် ဖွင့်ပြောခဲ့လေပီ

သူကလည်း အဘယ်ကြောင့်များ တွန့်ဆုတ်နေရမှာလဲ...နှစ်ယောက်စလုံးမှာ ရည်မှန်းချက် ကိုယ်စီရှီနေတဲ့လမ်းစကို အတူနီးစပ်ဖို့အတွက် ဖောက်ဖျက်ရမလား

"ကိုယ်အလုပ်ကို တခြားသူ လွဲပြောင်းပေးလိုက်ရမလား"

"ဟင့်အင်း အဲ့လိုလည်းမလုပ်ချင်ဘူး"

"Babeကြိုက်တာပြော...ဒါပေမဲ့တစ်ခုတော့ရှီတယ်...Baeဝမ်းနည်းနေတာကိုတော့ မမြင်ချင်ဘူး"

သူ့စကားကြောင့် သွားတန်းဖြူဖြူလေးတွေပေါ်လွှင်တဲ့ထိ ပြုံးရယ်နေတာကြောင့် ပါးမို့မို့လေးထက်မှာ တွယ်ကပ်နေတဲ့ မျက်ရည်စတချို့ကို လျှာနဲ့ယပ်ကာ သုတ်ပေးလိုက်တယ်

"ရှောင်း...ငါမျက်နှာလည်းမသစ်ရသေးဘူး ညစ်ပတ်နေတာလေ...တော်တော့နော်...ရုပ်ဆိုးနေရင် ရှောင်းကပစ်သွားတော့မှာပဲ"

မျက်နှာကို လက်နှစ်ဖက်နဲ့အုပ်ထားပီး လေသံတိုးတိုးလေးနှင့်ပြောကာ တစ်ဖက်ကိုလှည့်သွားတော့ ခြုံထားတဲ့စောင်နဲ့ လွှတ်သွားတာကြောင့် ခန္ဓာကိုယ်တစ်ပိုင်းတစ်ဆက လစ်ဟာသွားတယ်

"ကိုယ်ဘက်ကို လှည့်ကြည့်ပါဦးကွာ...ကိုယ်လည်းအတူတူပဲ မျက်နှာမသစ်ရသေးဘူး"

"မတူဘူးလေ...ရှောင်းကဘယ်လိုနေနေ ချောပီးသားကို"

*ဟား ဟား ဟား*

သူ့ရဲ့Omegaအလှလေးက မြှောက်ပင့်နေတာကြောင့် မနေတတ်စွာ အကျယ်ကြီး အော်ရယ်လိုက်တော့တယ်

ကိုယ်တိုင်ချောတယ်လို့ သတ်မှတ်မထားတဲ့ ရှောင်းကျန့်က ထိုဂုဏ်ပုဒ်ကို မခံယူပဲ babeကိုယ်လုံးလေးကို မျက်နှာချင်းဆိုင်အနေထားဖြစ်အောင် သူအိပ်နေတဲ့ဘက်အခြမ်းကို စွေ့ခနဲ့ပွေ့ယူလိုက်တယ်

"ရှောင်း!!!"

ကျောပေးအိပ်နေရာမှ ရှောင်းကလက်တစ်ဖက်နဲ့ သူ့ကိုယ်လုံးလေးကို ဆွဲယူကာ လေပေါ်မြှောက်ပီး မွေ့ယာပေါ်ချပေးတာကြောင့် အလန့်တကြားဖြစ်မိသွားသည်

တစ်ကိုယ်လုံး အဝတ်အစားမကပ်ဖူးဆိုတာ သိပြန်တော့လည်း ရှက်စိတ်ကြောင့် မျက်နှာတစ်ခုလုံး နီရဲလာတော့တယ်

"Babeက နေကြာရိုင်းလေးနဲ့တူတယ်...ကိုယ့်နှလုံးသားထဲကို အမြစ်တွယ်အောင် လာလာကပ်ညှိနေတတ်တဲ့ အဝါရောင် နေကြာရိုင်းလေး"

"နေကြာရိုင်း?"

"ဟုတ်တာပေါ့...အရိုင်းတောထဲမှာ တစ်ပွင့်တည်းသာ ပေါက်နေတဲ့ နေကြာရိုင်းလေး...အဲ့နေကြာရိုင်းလေးကို ကိုယ်တစ်ယောက်တည်း အပိုင်အဖြစ်တံဆိပ်ခတ်နှိပ်ပီး ပိုင်ဆိုင်ခွင့်ရတယ်လေ"

"ဝွန့် ရှောင်းကမမိုက်ပါဘူး...ငါ့ကို စနစ်တကျစိုက်ပျိုးထားတဲ့ နေကြာပန်းလေးလို့ ခိုင်းနှိုင်းမပြောဆိုဘူး"

သူ့စကားချပ်ကို သဘောမကျစွာ နှုတ်ခမ်းဆူလျက်ပြောနေပုံမှာ ချစ်ဖို့ကောင်းလှတယ်...အဲ့တစ်ခုတည်းလားဆိုတော့လည်း မဟုတ်ပြန်ဘူး...babeရဲ့အပြုအမူ အသေးအဖွဲကအစ ချစ်ဖို့ကောင်းနေတော့ သူ့မှာအချိန်တိုင်း ပြုံးနေရတယ်

ဆူပုတ်ပုတ်လေးဖြစ်နေတဲ့babeကြောင့် ရိုမန့်တစ်ဆန်တာတွေကို နားမလည်ပေမဲ့ စဥ်းစားပြောမယ်ဆိုတဲ့ ရည်ရွယ်ချက်လေးက ပျောက်ရှသွားတော့တယ်

ကိုယ်babeကို ချစ်လားဆိုတဲ့မေးခွန်းကိုတော့ မမေးပါနဲ့...ကိုယ်ဖြေနိုင်မှာ မဟုတ်သေးဘူး...အကြောင်းပြချက်ပြောဆိုရင်လည်း ရေရေရာရာမရှီပြန်ဘူး

တစ်နေ့ကိုယ်တို့အတူ နီးစပ်တဲ့အချိန်ကျရင် ချစ်တယ်ဆိုတဲ့စကားကို နားပူတဲ့အထိ မကြာခနပြောပေးမယ်...ကိုယ်ကbabeမျက်နှာ တစ်ကမ္ဘာလုပ်ပီးနေတာမလို့ တခြားစိုးရိမ်စိတ်တွေ မဝင်ပါနဲ့

ချစ်ခြင်းမေတ္တာဆိုတာက အစလည်းမရှီသလို အဆုံးသတ်လည်းမရှီပြန်ဘူး...ကိုယ်က တစ်ဘဝလုံး babeနဲ့အတူ ဖြတ်သန်းဖို့ ဆန္ဒရှီလို့ အနားမှာbabeတစ်ယောက်လုံး ရှီနေရုံနဲ့တင် လိုအပ်တာထက် ပြည့်စုံနေပါပီ

*ပြွတ်*

နှုတ်ခမ်းအောက်က မှည့်နက်လေးကိုနမ်းကာ စောင်ကိုတစ်ကိုယ်လုံးပတ်လို့ ရေချိုးခန်းထဲပြေးဝင်သွားတဲ့ရိပေါ်က နောက်ကခြေလှမ်းကျဲကြီးနဲ့လိုက်လာတဲ့ ရှောင်းကျန့်ကိုတော့ မမှီနိုင်ဘူးဖြစ်သွားတယ်

.................

"ရှောင်း လာလေ ဘာလုပ်နေတာလဲ"

ဝမ်စံအိမ်ကိုရောက်တာနဲ့ ကလေးသုံးယောက်က ကားပေါ်ကပြေးဆင်းသွားပေမဲ့ အိမ်ပေါက်ဝကနေ မတ်တပ်ရပ်လျက် ဂုတ်ကိုလက်ဖြင့်ပွတ်နေတဲ့ရှောင်းကိုတော့ အော်ခေါ်နေရသည်

"အင်း...ကိုယ်...ကိုယ်ကားပေါ်မှာ ပစ္စည်းကျန်ခဲ့လို့"

"ဘာကျန်ခဲ့လို့လည်း ငါသွားယူပေးမယ်လေ"

"ကိုယ်...ဖုန်း...ဖုန်းကျန်ခဲ့လို့ ဟုတ်တယ်"

"ဒီမှာလေ ရှောင်းမေ့နေခဲ့လို့ ငါယူခဲ့တယ်"

လက်ထဲကဖုန်းကိုမြှောက်ပြလိုက်ရင်း တွန့်ဆုတ်နေတဲ့ ရှောင်းကိုယ်ကြီးကို ကျောကနေတွန်းပေးပီး အရှေ့ကိုပို့လိုက်မှ အင်တင်တင်နဲ့ လျှောက်သွားတော့တယ်

တကယ်ပါပဲ ရှောင်းက ဖေဖေစမှာသိလို့ အချိန်ဆွဲနေတာ...ယောက္ခထီးဆိုတာကို မာန်တိုင်တပ်ပီး အာဏာပြနေတော့ ရှောင်းစိတ်တိုတာဖြစ်သင့်ပါတယ်

"ဟော သမက်ကြီးရောက်လာပီလား နောက်ကျတယ်နော်"

ဧည့်ခန်းထဲကနေ သတင်းစာဖတ်နေတဲ့ဖေဖေက သူတို့နှစ်ယောက်ကိုမြင်တာနဲ့ ထလာကာ ရှောင်းပခုံးကိုပုတ်လို့ ပြောလိုက်လေသည်

နောက်ကျရတဲ့ အကြောင်းအရင်းကလည်း ရိပေါ်ကရှောင်းကိုမြူစွယ်လိုက်လို့ဆိုပီး ရေချိုးခန်းထဲမှာ အပြစ်ပေးခံရတယ်လေ

ဒါတောင် သူကဖေ့ဖေ့မွေးနေ့မမှီပဲ နေလိမ့်မယ်လို့ တားလို့ ရှောင်းကရပ်ပေးလိုက်တာ...ဒါမဲ့ဆိုရင် ရှောင်းကသူ့ကို တနေ့လုံးအိပ်ခန်းထဲကနေတောင် ထွက်ခိုင်းမှာမဟုတ်လောက်ဘူး

"သမက်ကြီးလို့လာမခေါ်စမ်းနဲ့ကွာ နားကြားမြင်းကပ်တယ်"

ရှောင်းကျန့် ဝမ်လိကျန်းရဲ့လက်ကိုပုတ်ထုတ်လိုက်ကာ ဧည့်ခန်းကဆိုဖာပေါ်မှာ ခြေချိတ်ထိုင်လျက် မျက်ရိုးကို လက်နဲ့ဖိထားလိုက်သည်

"ဟျောင့် ရှောင်းကျန့် မင်းကြွားသွားတာက ကလေးဆယ်ယောက်ရမှ ငါတို့အိမ်ကိုခြေလှမ်းလှမ်းလာမယ်ဆို ဘယ်လိုဖြစ်ရတာလဲ ဟား ဟား"

ဝမ်လိကျန်း သူ့အနားကိုကပ်ထိုင်ကတည်းက နှိပ်ကွက်တော့မယ်ဆိုတာသိလို့ မကြားချင်ယောင်ဆောင်ကာ လျစ်လျူရှု့ထားမယ် လုပ်ပေမဲ့ သူ့ကျောကိုတဘုန်းဘုန်းထုကာ ခွက်ထိုးခွက်လန်ရယ်နေတဲ့ကောင်ကို တခြားသူသာဆို ပိတ်ထိုးပီးနေပီ

Babeရဲ့အဖေဖြစ်နေလို့သာ ခွင့်လွှတ်နေရတာ...သူငယ်ချင်းဝမ်လိကျန်းရဲ့မျက်နှာကို သူကလက်သီးတွေနဲ့ မိတ်ဆတ်ပေးချင်နေတာကြာပေါ့

"Babe လာ ကိုယ့်ပေါင်ပေါ် ထိုင်"

ပြဿနာဖြစ်မှာစိုးလို့ ရှောင်းရဲ့ဘေးမှာ ဖေဖေနဲ့ရှောင်းကိုအကဲခတ်နေတုန်း ရှောင်းကပွေ့ချီကာ ပေါင်ပေါ်တင်လိုက်တာကြောင့် သူမျက်နှာတစ်ခုလုံးနီရဲတတ်လာတယ်

ဖေဖေကိုမျက်လုံးလေး လှန်ကြည့်လိုက်တော့လည်း ရှူးရှူးရှားရှားနဲ့ ဒေါသဖြစ်နေတဲ့ပုံကြောင့် ဒီတခါရှောင်းက နိုင်သွားတော့တယ်

သူကရှောင်းကို လက်လွတ်မခံနိုင်လွန်းလို့ မိသားစုရဲ့ ကြီးစဥ်ငယ်လိုက် လက်ထပ်ထိမ်းမြားမှု့ကို အလွဲသုံးစားလုပ်လာခဲ့တာ

သူထက်အပေါ်မှာ ဆယ်ယောက်လောက်က လက်ထပ်ဖို့ရှီနေသေးတာကို သူကအဆင့်အများကြီးကျော်ပီး ရှောင်းနဲ့သဘောတူလက်ထပ်ခဲ့တယ်

မိသားစုရဲ့အချစ်တော်လေးဖြစ်တဲ့သူမလို့ ဘယ်သူကမှဗွင်မယူခဲ့ပေမဲ့ သူကတော့အခုထက်ထိမျက်နှာပူနေတုန်းပဲ

အသက်အရွယ်ငယ်ငယ်လေးမှာတင် ကိုယ်ထက်အသက်အများကြီး ကြီးတဲ့သူကို လက်ထပ်လိုက်လို့ မောင်နှမတွေရဲ့ ဝိုင်းပီးစနောက်ခြင်းခံရတယ်

နှစ်နာလိုတဲ့သဘောနဲ့စတာမဟုတ်ပဲ အပေါ်ယံအပြောင်အပျက်နဲ့စတဲ့သဘောမလို့ စိတ်ဆိုးစရာတော့မရှီပေမဲ့ သူတို့စတိုင်း မျက်နှာကပန်းရောင်ပြောင်းသွားတာကြောင့် ပိုပီးစနောက်လာကြတယ်

သူတို့ပြောတာကို သဘောကျပီး ရှက်နေတယ်တဲ့လေ...တကယ် ပေါက်ပေါက်ရှာရှာ ပြောလည်းပြောတတ်ပါ့...မျက်နှာတွေက ပြုံးဖြီးနေပီး မျက်နှာပိုးမသတ်နိုင်ကြတဲ့သူတွေနဲ့ ဘယ်လိုများ မောင်နှမလာတော်နေပါလိမ့်

"ဟျောင့် ငါ့ရှေ့မှာငါ့သားကို ပလူးပလဲလာမလုပ်နဲ့"

ရိပေါ်ပခုံးပေါ်ကိုမျက်နှာအပ်လို့ တရှုံ့ရှုံ့နမ်းနေတဲ့ရှောင်းကြောင့် ဖေဖေကဒေါသအကြီးအကျယ်ထွက်လာပီး လက်ညိုးထိုးကာ အော်ပြောလေတယ်

ရှောင်းကဖေဖေ့စကားကို အရေးမလုပ်ပဲ သူ့ဒူးခေါင်းကိုပွတ်သပ်နေကာ လည်ပင်းသားတွေကို သွေးထွက်သည်အထိ ကိုက်ဆုတ်နေသည်

ဒီအခြေအနေမှာ ရိပေါ်ကအပိုလူကြီးလိုခံစားရပေမဲ့ မိသားစုရှေ့မှာ ဒီလိုပေါ်တင်ကြီးလုပ်နေတာကိုတော့ နည်းနည်းရှက်မိတယ်

"ရှောင်း တော်တော့နော် ဖေ့ဖေ့ကိုအားနာစရာကြီး"

"Babeအဖေက ကိုယ့်ကိုလာကြောနေလို့ ပညာပြလိုက်တာလေ...ကိုယ်ကbabeသေးသေးလေးကို ပိုင်ဆိုင်ထားရတော့ ကလေးတွေအများကြီးနဲ့ တိုင်ပတ်နေမှာစိုးရိမ်လို့ကို"

"ဟုတ်ပါတယ် ရှောင်းကအတော်ဆုံးပဲ"

"အဲ့တာဆို ကိုယ့်ကိုနမ်းပါဦး"

သူ့အနမ်းတွေကို တဝကြီးခံစားနေတဲ့ရှောင်းက ဖေ့ဖေ့ကိုမဲ့ပြုံးကြီးနဲ့ ပြုံးပြလိုက်တော့ ဖေ့ဖေ့ရဲ့ဒေါသတွေက အနီရောင်အဆင့်ကနေ ပေါက်ထွက်တော့မယ့်ထိဖြစ်လာတယ်

"ဘယ်လိုလဲ အားကျနေပီလား?"

"ရှောင်းကျန့်!!!"

"ဝမ်လိကျန်း!!!"

အော်သံနှစ်ခုက တပြိုင်တည်းထွက်လာကာ မီးဖိုခန်းထဲနေက ဟင်းချက်ဇွန်းကြီးနဲ့ထွက်လာတဲ့ပါးပါးက ဖေ့ဖေ့ကိုနားရွက်ဆွဲကာ ခေါ်သွားလေသည်

"ကလေးတွေကို လွတ်လွတ်လပ်လပ်နေခိုင်းစမ်းပါ...သူတို့ကလက်ထပ်ပီးသား စုံတွဲတွေလေ...မင်းကသွားမရှုပ်နဲ့...ငါပြောတာနားလည်လား"

ခေါင်းညိမ့်ကာ မိန်းမစကားကို နားထောင်နေတုန်း ရိပေါ် ကိုပွေ့ချီကာ အပေါ်ထပ်ထပ်သွားတဲ့ရှောင်းကျန့်ကြောင့် လိုက်သွားဖို့ပြင်တော့ ခေါင်းကိုအခေါက်လိုက်ရတော့တယ်

"လိုက်သွားဖို့ပြင်ရင် ဒီညအခန်းထဲဝင်မလာခဲ့နဲ့"

ပိတ်ဟောက်ခြင်းခံရတာကြောင့် လှေကားထိပ်ကနေ လည်တဆန့်ဆန့်ငေးမောရင်း ကျန်ခဲ့တော့တယ်...သားငယ်လေးဘာမှမဖြစ်ပါစေနဲ့ ဒီကဖေဖေ့အမှားတွေပါ

T.B.C
2.10.2021 (Sat)


Zawgyi


*ဟင့်*



















*ဟား ဟား ဟား*



"ရှောင်း!!!"




"နေကြာရိုင်း?"








*ပြွတ်*


.................





































"ရှောင်းကျန့်!!!"

"ဝမ်လိကျန်း!!!"






T.B.C
2.10.2021 (Sat)

Continue Reading

You'll Also Like

389K 21.7K 44
The outcasts of their pack, Dylan and Casey meet the mysterious Grey who breaks the rules of mating practices by being their third soulmate and chang...
Wattpad App - Unlock exclusive features