For Birthday Baby🐣🎂

By 4Ddochi

14.7K 1.4K 305

My present for Park jimin'26th birthday. Enjoy it all!!. #minimoni #jinmin #yoonmin #jihope #Vmin #jikook More

The bad boy of the guide{minimoni}
Florist's Daisy{jinmin}
Florist's Daisy{jinmin}
My little orange{yoonmin}
My little orange{yoonmin}
Dancer's Owner {Jihope}
Dancer's Owner{Jihope}
Lovely Plumy Cheeks{Vmin}
Lovely Plumy Cheeks{Vmin}
21Century Cinderella{jikook}
21 Century Cinderella{Jikook}

The bad boy of the guide{minimoni}

1.1K 123 7
By 4Ddochi

Unicode

ဂျီမင်သည် လူကြီးကြောင့် စာကျက်ရမှာ စာရေးရမှာ မကြောက်တော့ပေ။လူကြီးနဲ့စာသင်ရတာ အပျော်ဆုံးအချိန်အခါများဖြစ်သော်လည်း ချစ်သူတွေသဘာဝ ခွျှဲချင်ဆိုးချင်သည်။ရေးသာရေးနေသော်လည်းလက်ကိုအရှေ့မရောက်တော့တာကြောင့် ဘောပင်ကို ဒေါက်ခနဲချလိုက်သည်။ပြီးနောက် လူကြီး၏ထိုင်ခုံနှင့် အညီကပ်လိုက်ပြီး ဒူးလေးပိုက်လျက် လူကြီးရင်ဘတ်ကို မှီနေလိုက်သည်။ငြိမ်းချမ်းစရာရင်ခွင်ကျယ်ကြီးနဲ့ထိစပ်မိရင် မျက်လုံးများအလိုလို မှိတ်ကျသွားရသည်။

"jimin…"

"နှစ်ယောက်တည်းရှိချိန်မှာ ခေါ်နေကျအတိုင်းပဲခေါ်ပါ"

စာလုပ်နေရာမှ ရုတ်တရက် ငြင်သာသိမ်မွေ့သောအပြုအမူလေးနှင့်ကောင်လေးက မျက်လုံးလေးပြူးမော့ကြည့်ပြီး ရင်ဘတ်ထဲပို တိုးဝှေ့လာသည်။အိစက်လွန်းသောပါးဖောင်းဖောင်းလေးကို ရင်ဘတ်ထက် ပွတ်ရမ်း နေ၍ အသည်းများကလိကလိယားလာသည်။ခြေထောက်နှစ်ဖက်ခုံပေါ်တင်..လက်နဲ့ကွေးပိုက်ထား၍ လုံးလုံးသေးသေးလေးဖြစ်နေသောအကောင်ပေါက်လေးကို တကိုယ်လုံး ခြေပါချုပ်၍ သိမ်းကျုံးဖက်ထားလိုက်သည်။နှာခေါင်းနားက ဆံပင်ပျော့ပျော့လေးတွေက မွှေးတေးတေး ပျံ့တက်လာ၍ တရှုံ့ရှုံ့နမ်းမိတော့ ကောင်လေးကပြုံးစိစိနှင့်မော့ကြည့်ပြန်သည်။ကောင်လေးက အဲ့လိုနူးညံ့ပေးရင်သိပ်သဘောကျတာ။

"ဦး…ကျွန်တော်ဦးအကြောင်းသိချင်တယ်"

"ကိုယ့်အကြောင်းဘာထပ်သိစရာလိုသေးလို့လဲ ကိုယ်ကဆရာတယောက်လေ"

လူကြီးအဖြေအား အလိုမကျစွာ ရင်ခွင်ထဲ၌နေ၍ နှုတ်ခမ်းဆူမိပါသည်။လူကြီးက လျှို့ဝှက်တတ်တာလား။ဆရာတယောက်ဆိုတာကလွဲပြီး တခြားအကြောင်းများ မသိစေချင်မှန်း သူရိပ်မိပါသည်။လူကြီးနဲ့ တစ်ဘဝလုံးအတူတူရှိနေချင်လို့ ကိုယ့်ချစ်သူအကြောင်း အတွင်းကျကျသိချင်မိတာဘာများမှားလို့လဲ။ဒီနေ့တော့ လူကြီးပြောပြလာအောင် မရ ရတဲ့နည်းသုံးတော့မည်။

"ဦး…ဦးကျွန်တော့်ကိုတကယ်ချစ်တယ်ဆို…ဦးအကြောင်းပြောပြနော်…ဦးပြောဖူးတယ်လေ ကျွန်တော်ကဦးရဲ့တပည့်မလို့ ကျွန်တော့်အကြောင်းသိသင့်တယ်တဲ့…အခုဦးကကျွန်တော်ချစ်တဲ့သူမို့ ဦးအကြောင်းကျွန်တော်သိသင့်တယ်"

စာစသင့်သည့်နေ့က ပြောခဲ့တဲ့စကားကိုကောင်လေးမှတ်မိနေ၍ ပြုံးလိုက်ရင်း ကောင်လေးကိုယ်ထဲမှအင့်ခနဲအသံမြည်အောင် အားကုန်ညှစ်ဖက်လိုက်သည်။တုပ်ပိုက်ထားတဲ့ခြေသလုံးတွေပါ ဝိုက်ဖက်ထားတာတောင် ကောင်လေးကသေးသေးလေး။ပိုးတုံးလုံးလေးလို လုံးတုပ်နေတဲ့ကိုယ်လေးက အမြဲတမ်းရင်ခွင်အထဲထိနစ်ဝင်အောင်ဖက်ထားချင်မိသည်။

"ဦး မေးတာဖြေလေဗျာ…အင့်…အရမ်းမဖက်နဲ့ မွန်းတယ်"

ကိုယ့်ထက်ကြီးသည့်လူကြီးတယောက်ကို ခင်များလို့ခေါ်ပြီး စာသင်ချိန်ပီကေထုတ်ဝါးသည့်ခပ်ဆိုးဆိုးကောင်ကလေးကအခုများကျတော့ ချစ်စဖွယ် အသံလေးကို စကားမပီသည့်ကလေးလေးတယောက်လိုဆိုသည်။အကျၤီလက်မောင်းတဝက်ရှပ်ဝတ်လာ၍ လက်မောင်းကိုသူ့လက်သေးလေးလေးနှင့်အဝိုင်းလိုက်လုပ်၍တိုင်းတာနေသည်။လက်ပုတိုလေးများဟာ တဖက်နဲ့တဖက် လက်ထိပ်များ ကွာနေတာကိုကြည့်၍ ရယ်သံစူးစူးလေးထွက်လာတော့သည်။အနီးကပ်ရှိနေရင် ရင်ဘတ်မဟုတ်ရင် လက်မောင်း ချစ်စရာလက်လေးများနှင့်စပ်စုတတ်သည်။ပိုးတုံးလုံးကောင်လေး၏ ကျောပြင်နှင့် ဒူးအောက်တွင် လက်ဖျံတုပ်တုပ်ကြီးနှင့်ရစ်သွယ်ပြီး ပေါင်ပေါ်အသာလေးတင်လိုက်သည်။ထိုအခါ ပျော့တိပျော့ဖတ် လည်ပင်းထက်မျက်နှာအပ်ကာခိုအာလာလေးလုပ်နေသော ကောင်လေး၏ပါးနှစ်ဖက်ကို ထိန်းကိုင်ထားပြီးတည့်တည့်ကြည့်ပေးလိုက်သည်။

"ကိုယ်က အဖေအမေမရှိတော့ဘူး တိုက်ခန်းမှာနေတယ် လက်ရှိbusiness သင်တန်းတခုမှာအင်္ဂလိပ်ဆရာလုပ်နေတယ် မနက်ပိုင်းအဲ့ဒီမှာသွားတယ် ညနေပိုင်း ကလေးဆီလာတယ် အိမ်ပြန်တယ် ကိုယ့်အကြောင်းကဘာမှစိတ်ဝင်စားဖို့မကောင်းလို့ ကလေးကိုမပြောပြတာ…"

ပြည့်ပြည့်စုံစုံပြောပြလိုက်မှ ဆူကောက်ကောက်မျက်နှာလေးက ပြန်ဝင်းပလာပြီး စပ်စုစိန်လေးမူအတိုင်း ထပ်၍မေးခွန်းထုတ်သေးသည်။

"ဦးရဲ့အလုပ်ကအဆင်ပြေနေတာပဲကို ဘာလို့appa guideခေါ်တော့လာလုပ်တာ"

"တခြားမဟုတ်ပါဘူး…ကိုယ့်အတွက် ညနေပိုင်းကအချိန်အားတယ်လေ တယောက်တည်းဆိုတော့ ယောင်လည်လည်ဖြစ်နေတာနဲ့ကလေးappaခေါ်တဲ့အလုပ်ကအဆင်ပြေသွားတာ"

"အော်……ဟီး…အဲ့လောက်သိရင်ရပါပြီ"

"ကလေးကဘာတွေထပ်သိချင်လို့လဲ"

"မဟုတ်ပါဘူး…ကျွန်တော်ကဦးနဲ့ ဒီအချိန်မှာပဲတွေ့ရတော့ ဦးကအပြင်မှာ တခြားတယောက်……"

ဂျီမင်မှာ ပေါက်ကရဝင်မိသည့်စိုးရိမ်စိတ်လေးကြောင့် မနေနိုင်လို့ ပြောသာပြောနေပေမဲ့ လူကြီးစိတ်ဆိုးသွားမလားဟု မျက်နှာရိပ်မျက်နှာကဲလည်း ကြည့်ရသေးသည်။ချစ်သူတယောက်ကိုမယုံရကောင်းလားဟု စိတ်ဆိုးဒေါသထွက်မည့်အစား ရင်အေးသောအပြုံးမျိုးနှင့်ကြည့်နေသည်။

"ကိုယ် ကလေးတယောက်ပဲချစ်တယ်ဆိုတာ ကလေးကိုယုံပါလို့ကိုယ်အတင်းမပြောချင်ဘူး …ကိုယ့်အရွယ်က စိတ်ကစားတတ်တဲ့အရွယ်မဟုတ်တော့လို့ ကိုယ့်ဆီမှာရှိသမျှအချစ်တွေအကုန်ပုံပေးထားတာ ကလေးတယောက်တည်းပဲ"

လူကြီးက သူ့ဆံပင်တွေကို လက်ချောင်းလေးများဖြင့်ညှပ်၍ ရှင်းချပေးနေသည်။အကြင်နာဓာတ်များပြည့်နေတဲ့မျက်ဝန်းတွေက ဖြောင့်မတ်တဲ့စိတ်ထားရှိကြောင်းအထူးတလည်ဖွဲ့ဆိုနေစရာမလိုတော့ပါ။

"ဟုတ်…ကျွန်တော်ဦးကို ယုံပြီးသားပါ…ဦးရဲ့အချစ်ကိုကျွန်တော်ပဲပိုင်ဆိုင်ရတာအရမ်းကံကောင်းတာပဲနော်"

"ဟုတ်ပါပြီ…စကားတတ်…ကဲ အခုတော့စာသင်ရကြအောင် …ကလေးခုနစာမပြီးသေးဘူးလား အလွတ်ရေးနေရင်းကိုယ့်ကိုလာခြွေနေတယ်ပေါ့ဟုတ်လား"

သေချာဂရုစိုက်ပေးလို့စာလုပ်ဖြစ်လာတဲ့ကောင်လေးက နည်းနည်းလေးပေါ့လိုက်တာနှင့်အပျင်းစရိုက်လေးပြန်ပေါ်လာတော့တာ။အခုလည်း စာပြန်ရေးခိုင်းတာကို လည်ပင်တွင်မှီကပ်ထားသည်။

"ကလေး…စာလုပ်ကြရအောင်လေကွာ…ကိုယ့်ပေါ်ကဆင်း ဒီနေ့ဘယ်စာမှသိပ်မပြီးသေးဘူး"

ညစာစားပြီးချိန်မှ ကောင်လေးကဝေ့လည်ချောင်ပတ်လုပ်နေ၍ 10နာရီသာထိုးခါနီးတယ်။စာကအရှေ့မရောက်၍ ချိုင်းကနေမ,ခွာတော့ တဟင့်ဟင့် ဖြင့် ပြန်ကပ်ခွျှဲနေသည်။

"ကလေး …စာလုပ်ကြရအောင်လို့"

"ဟင့်အင်း…မလုပ်ချင်ဘူး ဦးနဲ့ဒီလိုပဲနေချင်တာ…အဲ့စာကြီးမလုပ်ချင်တော့ဘူး"

"ကလေးရယ် လိမ်မာပါတယ်…ဒီလိုနဲ့ စာကြွေးတွေစုသွားရင်ကလေးပိုပင်ပန်းလိမ့်မယ်…နော်…ဆင်းပါဦး…တော်ကြာ ကလေးappaရောက်လာလိမ့်မယ်"

တုန်နေအောင်မြတ်နိုးရသူမို့ချော့မြူ၍သာသာလေးခွာချသော်လည်းလည်ပင်းကိုအခိုင်ကုတ်တွယ်ထားလေသည်။

"အဟင့်…မဆင်းဘူး…appaကစာသင်နေရင်ဘယ်တုန်းကဝင်လာဖူးလို့လဲ…ဒီတိုင်းလေးပဲနေမယ်…ဦးနဲ့ဒီလိုမျိုးအချိန်ဖြုန်းချင်တာ"

ကောင်လေး၏အဖေက ပညာရေးတခုတည်းအတွက် ယုံကြည်စိတ်ချစွာအပ်နှံထား၍ မျက်နှာချင်းဆိုင်မိလှျှင်တောင်အားနာစိတ်တွေတလုံးတခဲဝင်မိတာ။သူဟာ ကောင်လေးကို ပိုကောင်းအောင်လုပ်ပေးပါ့မယ်လို့ကတိပေးထားပြီးမှ ဖျက်ဆီးမိတဲ့သူအဖြစ်မခံနိုင်တာကြောင့် ချစ်တာတခုနှင့် အလှျှော့ပေးလို့မဖြစ်ပေ။

"ကလေး…ကိုယ်နောက်ဆုံးတခေါက်ပဲပြောတော့မယ်နော်…ကိုယ့်ပေါ်ကဆင်း…စာလုပ်တော့…မပျင်းစမ်းနဲ့"

လည်ပင်းကလက်တွေကိုဆွဲဖယ်၍ တဆက်တည်း မျက်နှာတည်ကြီးနှင့် ပြောလာတဲ့အသံက စိတ်မရှည်တော့ဘူးထင်၏။

"ဦး…ကျွန်တော့်ကိုဘာလို့စာတွေပဲလုပ်ခိုင်းနေရတာလဲ…ဦးနဲ့ကျွန်တော်က ချစ်သူတွေလေ…လက်ပွန်းတတီးနေချင်တာ ဘာများဖြစ်သွားလို့လဲ"

"မင်းကိုလိမ်မာစေချင်ပြီးတခြားကလေးတွေလိုတော်စေချင်တာ ငါ့စေတနာ…အချစ်ကိုအကြောင်းရှာပြီး စာမလုပ်ချင်တာတွေဖျောက်လိုက်တော့…အခုမင်းအာရုံစိုက်ရမှာစာပဲ…"

ကောင်လေးက ဒီလိုမှ မပြတ်သားလျှင် ပိုရောင့်တက်လွယ်၍ ဘေးကထိုင်ခုံပေါ်ပြန်တင်ပေးလိုက်သည်။မာဆတ်ဆတ်အသံကတော့ ဒေါသထွက်တာကောင်လေးသိအောင် အပိုထည့်ပြောမိခြင်း။သနားကမားမျက်နှာလေးမြင်ရင် စိတ်ပျော့မိမှာစိုး၍ ဖတ်လတ်စစာအုပ်ကို တောက်လျှောက်ကြည့်နေလိုက်သည်။

မျက်နှာထားတင်းတင်းသူ့အား စိုက်ကြည့်နေတဲ့ကောင်လေးက လက်လျှော့သွား၍ ကျန်ခဲ့သည့်စာအုပ်လေးကိုဆွဲယူ ရေးနေသည်။
အဆိုးလေးက သူဒေါသထွက်တာနှင့် တန်းငြိမ်သွားတာမို့ ခိုးပြုံးမိသည်။

စာရွက်ထက် လက်ပုတိုလေးများစေရာအတိုင်း ဘောပင်လေး
ကတလှုပ်လှုပ်ဖြစ်နေသော်လည်း ကျောပြင်လေးက တုန်တက်လာသည်။ထို့ပြင်ရှိုက်သံဟုထင်ရသည့် အသံသေးသေးလေးက ထိန်းထားရင်းကြားမှ ထွက်လာသည့်ပုံ။

"ဟင့်……ဟင့်"

ထိုအသံက ဆက်တိုက်ထွက်လာ၍ မသင်္ကာလို့ကြည့်လိုက်တော့စာရွက်ပေါ် တစက်ပြီးတစက် မျက်ရည်ဥလေးများ ပြိုကျနေသည်။

"ကလေး……"

ကောင်လေးအား ငိုစေတော့ဟု မရည်ရွယ်ခဲ့တာမို့ ပုခုံးထက်လက်လေးတင်လိုက်တော့ ဒေါသတရှုးရှုးထွက်၍ဖြုတ်ချပစ်သည်။မျက်ရည်ပေါက်များက ပါးထက်မဖြတ်သန်းနိုင်တော့အောင် ခေါင်းငုံ့စာရေးနေဆဲမို့ မျက်ခမ်းစပ်မှတိုက်ရိုက် ကျနေခြင်းဖြစ်သည်။မဟုတ်သေးဘူးလေ။ကောင်းစေချင်လို့ စာလုပ်ခိုင်းတာ ဒီလောက်ထိငိုစရာမလိုဘူးလေ။ကင်နမ်ဂျွန်းတော့ ကိုယ်နဲ့မညီမမျှကလေးအရွယ်ကိုရည်းစားတော်ထားရမိ၍ ချော့နိုင်မှတော်ခါကျတော့မည်။

"ဟင့် ဟင့်"

သူ့ကိုရွဲ့ချင်သော ကလေးငယ်က မျက်လုံးမပွင့်နိုင်အောင် ရှိုက်တငင်ငင်ဆွဲငိုနေတာတောင် စာရေးနေသောလက်ကပိုလို့မြန်လာသေးသည်။ဝမ်းနည်းစိတ်တွေပေါက်ကွဲထွက်ကာငိုနေ၍ ပုခုံးနှစ်ဖက်မှကိုင်ကာ မျက်နှာချင်းဆိုင်ဖြစ်အောင်ဆွဲလှည့်လိုက်သည်။

"ကလေး ကလေး…စိတ်ထိန်းစမ်း…ဘာတွေဖြစ်နေတာလဲ…မငိုနဲ့တော့ တိတ်"

"ဖယ်…ဦးအတွက်စာသင်ချိန်တွေလျော့ကုန်မယ် "

မနိုင်သည့်အားပျော့ပျော့လေးနှင့် သူ့လက်တွေကိုဖယ်ရှားဖို့ကြိုးစားနေတဲ့ကလေးငယ်အား ရင်ခွင်ထဲဆွဲထည့်လိုက်သည်။အစကတော့ ဟိုတွန်း ဒီတွန်း နှှင့်လက်မခံချင်ပဲရုန်းသည်။တုန်တုန်တက်လာတဲ့ကျောပြင်လေးကို ဖြေးဖြေးလေး သပ်ချပေးနေတော့ ရင်ဘတ်ကိုမျက်နှာအပ်၍ တအိအိငိုနေသည်။ကျန်လက်တဖက်နှင့် လွတ်နေသောရင်ဘတ်တနေရာကို ဆုတ်ချည်ပြန့်ချည် ပြုနေသည်။သူ၏အရှေ့တင်ဖခင် အော်ငေါက်နေတာတောင် လျှာထုတ်ပြောင်ပြနိုင်သေးတာ။လေသံမာလိုက်ရုံပဲရှိပါသေးတယ်။နောက်တခါ မလုပ်ရဲတော့အောင်စုပေါင်းငိုနေတာပဲဖြစ်မည်။

"ကလေး…ငိုတာတော်ပါတော့ကွာ…ဘာလို့ဒီလောက်တောင်ငိုရတာလဲ ဟမ်…"

"ဦးက ကျွန်တော့်ကိုအကပ်မှမခံတာ…ဦးချစ်သူလို့သဘောထားသေးရဲ့လား အမြဲတမ်း စာမှစာ…ကျွန်တော့်ကိုချစ်ပေးဖို့ထက်ဦးတာဝန်ကအရေးကြီးနေတယ်မလား"

ငိုသံပါကြီးနှင့်ကလေးငယ်ကသူ၏မကျေနပ်ချက်တွေကို လက်သီးလေးနှင့်ထု၍ ထုတ်ဖော်ပြနေသည်။

"ကလေးရယ် မင်းတမျိုးတွေထင်နေပြီကွာ…မင်းကိုစာလုပ်ခိုင်းတာ မင်းအဖေကြောင့်နဲ့လစာကြောင့်လို့ထင်နေလား…ကိုယ်က ကိုယ်ချစ်ရတဲ့ကလေးကို တော်စေတတ်စေချင်တာ ကိုယ့်မေတ္တာတွေပါ…ကိုယ်နဲ့အချိန်တွေဖြုန်းနေတာထက် ဘာမှမလုပ်လိုက်ရပဲကုန်သွားတဲ့စာသင်ချိန်တွေက ပိုနှမျောဖို့ကောင်းတယ်လေ…"

စိတ်မရှည်သံပါသွားလှျှင်ကလေးလေး ပိုငိုနေမည်စိုး၍နားထဲဝင်အောင် သေချာလေးရှင်းပြပေးတော့နှာတရှုံ့ရှုံ့ဖြင့် ခေါင်းလေးပြူကြည့်နေသည်။အသံလေးနည်းနည်းမာလိုက်တာကို မျက်နှာတပြင်လုံး ရွှဲရွှဲစိုအောင် ငိုရတယ်လို့။တကယ့်ကိုကလေးပေါက်စ။ရင်ဘတ်မှာလည်း မျက်ရည်တွေရော နှပ်တွေရောထွက်ထားတာ အကွက်လိုက်စိုပြီးအသားနဲ့ကပ်နေသည်။

"ဦး ကျွန်တော့်ကို ထပ်မအော်နဲ့နော် ဦးစကားနားထောင်စေချင်ရင် ကျွန်တော့်ကိုပြုံးပြ…ဦးရဲ့ပါးချိုင့်တွေကကျွန်တော့်ကိုအရာရာဦးဆောင်သွားတာ "

ပါးတပြင်ကမျက်ရည်တွေအား လက်နဲ့ကလေးလေးလိုပွတ်သုတ်ထား၍ အရည်စိုနေသောလက်ညိုးလေးဖြင့် ပါးချိုင့်နေရာကို မှန်းထိုးလာသည်။အခုလေးတင်ချုံးပွဲချငိုထားသည့်ရုပ်ကလေးက မျက်ရည်များမပြောင်သေးတာကြောင့် အသွေးကြွနေသောမျက်နှာနုနုလေးကအရောင်တောက်နေသည်။

ကလေးငယ်အား ကျေနပ်သွားအောင်ပြုံးပြလိုက်တော့ လက်ညိုးလေးက ပါးချိုင့်ထဲ နစ်ဝင်သွားသည်။ဦးကိုချစ်လိုက်တာ ဟုဆိုသေးပြန်ကာ လည်ပင်းမှပါးထိတမွမွနမ်းလေသည်။

အမျိုးမျိုးတတ်နိုင်သောကလေးငယ် ငိုနေစဉ် အသည်းအသန်ရေးနေသော အရည်စက်များတွန့်ခြောက်ကုန်သော စာအုပ်လေးကိုယူကြည့်တော့ 'ဦးကိုမုန်းတယ်'ကိုအထပ်ထပ်အခါခါ ရေးထားသည်။

အခုမုန်းလိုက်..အခုချစ်လိုက်နဲ့ ဘယ်လိုကလေးပေါက်လေးမှန်းကိုမသိဘူး။
.
.
ညနေတိုင်းစာသင်ရန်နမ်ဂျွန်းရောက်လာတော့အိမ်ရှေ့တွင် ကလေးကိုကျောင်းကြိုတဲ့ကားရပ်ထားတာတွေ့၍ သူနောက်ကျမှန်းသိသွားခဲ့သည်။

"အော်…ဆရာKim…မလာတော့ဘူးလို့တောင်ထင်နေတာ"

"ဟုတ်ကဲ့…အန်တီ…ကျနော်အလုပ်ပြန်တာနောက်ကျလို့ …က…အာ jiminရော အပေါ်ရောက်သွားပြီလား"

နှုတ်ကယောင်ယမ်းထွက်တော့မည့်အခေါ်အဝေါ်ကို အမူအယာထိန်းကာအမြန်ပြင်ဆင်လိုက်ရသည်။အန်တီကတော့ နှုတ်ဖျားမှတိုးတိုးလေးထွက်သွား၍ မရိပ်မိသွားပါ။

"ခုနလေးတင်ပြန်ရောက်တာ…ဆရာKim လိုက်သွားလိုက်လေ…"

"ဟုတ်…"

အန်တီက ကလေးအပေါ်စာကလွဲလျှင် ကျန်သည့် ကိစ္စရပ်တွေမှာ အချုပ်အချယ်များမလုပ်ပါ။လွတ်လွတ်လပ်လပ်သာနေစေသည်။စာသင်နေချိန်လည်း guideကိုမယုံကြည်လို့ အခန်းထဲဝင်လာအကဲခတ်တာမိျိုးလည်းမရှိပေ။အဲ့ဒါကြောင့် ကလေးက အရင်guideဆရာတွေရှေ့ပိုဆိုးသွမ်းလို့ကောင်းသွားတာပေါ့။

ကလေးအခန်းရှေ့အရောက် စွတ်စပ်ဝင်မသွားပဲ တံခါးခေါက်နေပေမဲ့ တော်တော်ကြာသည်ထိအထဲကအသံပြန်မကြားရပါ။ကလေးအထဲမှာတခုခုများဖြစ်နေသလား ဟူသော စိုးရိမ်စိတ်ကြောင့် နှစ်ခါမတွေးပဲ လက်က တံခါးကိုဖွင့်ပြီးသားဖြစ်နေခဲ့သည်။အခန်းတွင်းသူ့နေရာသူအားလုံးက ပုံမှန်ဖြစ်နေသည့်အပြင် ရေသံတတောက်တောက်အသံလေးပါကြားရမှ စိတ်အေးမှုကြောင့် သက်ပျင်းလေးချလိုက်ပါသည်။ကလေးအတွက်သူ့ပါးချိုင့်တွေက အားဆေးဖြစ်သလို park jiminဆိုတဲ့ကလေးလေးကလည်း သူ့အတွက် စကြာဝဋ္ဌာကြီးပါ။

ကလေးရေချိုးခန်းဝင်နေစဉ် အချိန်လပ်တုန်းလေး အခန်းထဲ ဝေ့ဝှိုက်၍သေချာလေးပတ်ကြည့်မိသည်။အိပ်ယာခင်း, ခေါင်းအုံးတွေက သုံးနှစ်သားကလေးလေးနေသည့်အခန်းလို ကာတွန်းရုပ်လေးများနှင့်။ကုတင်ဘေးတွင် မီးအိမ်လေးတခုနှင့် ဓာတ်ပုံဘောင်လေးများထောင်ထားသည်။လက်နဲ့ယူမကြည့်မိတော့ပါ။မတော်တဆဆိုတာထက်သူ့ကိုယ်သူ မယုံလို့ကလေးပစ္စည်းများ တခုခုကျိုးပဲ့ကုန်မှာစိုးရိမ်ရပါသည်။ထိုအစား ခါးကုန်း၍ အနီးကပ်ကြည့်လိုက်သည်။ကလေးက ငယ်ငယ်ကတည်းကပဲအတော်များတာကိုး။ကျောင်းက,ပွဲမှာ နှုတ်ခမ်းလေးဆူထွက်ပြီး မိုက်ရှေ့မှာ သီချင်းဆိုနေပုံရသည်။တော်တော်ငယ်သေးပေမဲ့အခုအရွယ်နှင့် တခါတလေ ဤလိုရုပ်ကလေးပေါက်နေတုန်းပင်။

ရေသံများတိတ်ကျသွားပြီးရေချိုးခန်းတံခါးဖွင့်သံကြား၍ အပြုံးလေးနှင့်တွဲစပ် လှည့်ကြည့်လိုက်တော့ bathrobeနဲ့ကလေးက သူ့ကိုမြင်ပြီး တုန့်ခနဲလန့်သွားသည်။

"ဦး…ဘယ်ချိန်ကရောက်နေတာလဲ"

"မကြာသေးပါဘူး…ကလေးဓာတ်ပုံတွေကြည့်နေတာ …အခုလိုပဲနော် ဘာမှမပြောင်းဘူး"

လူကြီးက ဓာတ်ပုံတွေဆီအကြည့်ပြန်ရောက်ပြီး ဘယ်ချိန်မဆို ရင်ထဲလှုပ်ခတ်နိုင်စေတဲ့ အပြုံးလေးနှင့် စကားများဆက်တိုက်ပြောနေသည်။ ဂျီမင်မှာခန္ဓာပေါ်bathrobeလေးသာရှိသောကြောင့်စိတ်မလုံသလိုခံစားလာရသည်။အကျၤီယူပြီးရေချိုးခန်းထဲပြန်ဝင်လဲဖို့ကျပြန်တော့ ရေပန်းနဲ့ဖွင့်ချိုးခဲ့၍ အခင်းတွေရေတွေစိုနေလို့ မလဲတတ်ပေ။

"ဒါလေးရောပဲ…ချစ်စရာလေး…နွားရုပ်အကျၤီလေးနဲ့ ဗိုက်ကလေးကိုပူနေရော…ကလေးငယ်ငယ်ကလူကြီးတွေတော်တော်ချစ်ကြမှာ အမယ် mickey mouseလေးက,နေသေးတယ်…ကိုယ်နဲ့လက်ထပ်ပြီးရင် ကလေးနဲ့တူတဲ့သမီးလေးတယောက်မွေးပေး သိလား"

ကုတင်တဖက်ခြမ်းကလူကြီးက နောက်ဆုံး 'သိလား'ဆိုသောနေရာတွင် သူ့ဆီမချိပြုံးလေးနှင့်စောင်းကြည့်၍ပြောသည်။လူကြီးမှာသူနဲ့လက်ထပ်ချစ်တဲ့စိတ်ရှိတာကိုသိလိုက်ရ၍ ပျော်မိပါသည်။သို့ပေမဲ့ သမီးလေးမွေးပေး လို့ပြောတာကတော့ အပေါ်ယံလေးတွေးကြည့်မိတာတောင် ရှက်ရသည်။

မျက်လုံးများကရောက်တတ်ရာရာကြည့်နေမိပြီး နေရာမရွေ့ပဲစကားသံမထွက်တဲ့သူ့ဆီ လူကြီးက လျှောက်လာလေသည်။

"ကလေး ဘာဖြစ်နေတာ ကိုယ့်ကိုစကားလည်းမပြောဘူး"

"ဟင့်အင်း…ဘာမှမဖြစ်ဘူး"

ဘာမှမဖြစ်ဘူးလို့ပြောနေတဲ့ကလေးကပါးနှစ်ဖက်သွေးကြောနီလေးများဖြာ၍ ရှက်နေတယ်ဆိုတာ နမ်ဂျွန်း သတိထားမိပါသည်။လက်ချောင်းရဲရဲလေးတွေက အချင်းချင်းဆုပ်လိုက်ကျစ်လိုက်နှင့် သူ့ကိုမကြည့်ပေ။ပုခုံးနှစ်ဖက်အား ငြင်သာစွာ လှည့်စေတာတောင် မျက်နှာတဖက်လွှဲထားသည်။ကလေးက သူ့နဲ့အနီးနားရှိနေရင် သေးကွေးတာ ပိုသိသာသည်။သူနဲ့ယှဉ်ရင် ခန္ဓာ အစိတ်အပိုင်းတွေအားလုံးက သေးသေးလေးတွေ။

"ကလေး…ကိုယ့်ကိုကြည့်ပါဦး"

မေးဖျားလေးမှကိုင်မော့ကာ ပြောလိုက်တော့ ဘေးသို့ပို့ထားတဲ့မျက်လုံးလေးတွေက နှေးကွေးစွာသူ့မျက်နှာထက်ရာက်လာသည်။

"ဦး…ကျွန်တော့်ကိုဘယ်တော့လက်ထပ်မှာလဲ"

"ဘာလဲ ကိုယ့်အတွက်သမီးလေးမွေးပေးချင်နေပြီလား"

အတည်ပေါက်နဲ့နောက်လိုက်တော့ ချစ်စရာဖူးကြွကြွမျက်နှာလေးကပြုံးတုံးတုံးလေးဖြစ်သွားပြီးရင်ဘတ်ကို လက်သီးလေးနဲ့ထုသည်။

"ဟာ ဦးကလည်း…ဖြစ်ချင်တာတွေလျှောက်ပြောနေတယ် ကျွန်တော်က ဦးနဲ့ စာသင်ချိန်မှာပဲတွေ့ရတာကိုမလိုချင်တော့ဘူး ဦးနဲ့တပူးပူးတကပ်ကပ်အမြဲနေချင်တာ "

ကလေးက သူရဲ့ပင်တိုင်ခိုအာလာလေးလုပ်ချင်တာသူသိတာပေ့ါ။

"ကိုယ်တို့အခြေအနေကမလွယ်ကူမှန်းကလေးသိတယ်မလား…"

သူတို့နှစ်ယောက်ကဆရာနဲ့တပည့် ဆက်ဆံရေးကို အပြီးပြတ်နှုတ်ထွက်လို့မရသေးတာကလေးနားလည်နေပုံရသည်။

"ကျွန်တော်သိပါတယ်…ဒါပေမဲ့ တချိန်ချိန်မှာတော့ကျွန်တော်တို့တွေ ဖွင့်ပြောလိုက်သင့်တယ်"

"အဲ့ဒါတွေကလေးခေါင်းထဲမထည့်နဲ့ဦး … ကိုယ်ကပဲစဉ်းစားမယ် အခုကလေးက ကလေးမိဘတွေဖြစ်စေချင်တဲ့အတိုင်း အထက်တန်းအောင်ပြီးတက္ကသိုလ်ကောင်းကောင်းတတ်နိုင်ဖို့ကြိုးစား"

"ဟုတ်……"

သူ့စကားတခွန်းဆိုတခွန်း..စွဲစွဲမြဲမြဲမှတ်တတ်လာသည့်ကလေးငယ်က လိမ်မာစွာခေါင်းလေးငြိမ့်သည်။

bathrobeလေးနှင့်လည်းတမျိုးချစ်စရာကောင်းနေ၍ မျက်တခတ်အတွင်း ပွေ့ချီလိုက်တော့ မျက်လုံးလေးပြူးထွက်လာသည်။

"ဦး ဘာလုပ်တာလဲ"

ဘာမှမပြောသေးပဲ ကုတင်ပေါ်အသာလေးချပေးလိုက်၍ ကလေးငယ်၏အလန့်တကြားစိုးရိမ်စိတ်တွေလျော့သွားသည်။ခေါင်းအုံးထူထူနှစ်ခုထပ်ထား၍ကျောမှီစရာရသွားသောကဘေးငယ်ဘေး တင်တစောင်းလွှဲထိုင်လိုက်သည်။

"ကလေး …ကိုယ်ကလေးကိုနမ်းချင်တယ်"

လူကြီး၏လုပ်ရပ်တွေကိုနားမလည်ဖြစ်ရင်းမှစကားအခံမပါ။ရုတ်တရက် အခွင့်ဆိုလာ၍ ရွှန်းရွှန်းစားစား အကြည့်တွေကြား ခေါင်းလေးပဲငြိမ့်ပြခဲ့သည်။
လူကြီးသည် သူ့ကိုယ်လုံးကိုကျော်၍ လက်တဖက်ထောက်ထားတာကြောင့် ရင်ဘတ်ကျယ်ကြီးအောက်သူ့မျက်နှာက ပုန်းကွယ်နေခဲ့သည်။ခေါင်းကိုအရှေ့ ခပ်နှေးနှေးတိုးလာသည့်လူကြီး၏အကြည့်တွေက သူ့နှုတ်ခမ်းကို ပစ်မှတ်တည်ထားသည်။တော်ဝင်မင်းသားတပါးကဲ့သို့ ခန့်ညားထည်ဝါသည့်မျက်နှာ ချောချောက အနားကပ်မှန်းမသိကပ် လာပြီး နှုတ်ခမ်းကိုအမိဖမ်းထား၍ ရင်ဖိုလှိုက်မောစွာ လူကြီးရင်ဘတ်ကို လှမ်းကုတ်မိသည်။လူကြီးဟာ အောက်နှုတ်ခမ်းကို တလွှာချင်းစုပ်ယူနေသည်။ထူလျားသော နှုတ်ခမ်းတွေကြောင့် လူကြီးအနမ်းတွေကပိုထိမိနေသည်။အလိုက်သင့်နေရင်းကျွန်တော်အနည်းငယ်တုန့်ပြန့်လိုက်တော့လူကြီး၏စုပ်ယူမှုက မြန်ဆန်လာသည်။အဆမတန်ခုန်ပေါက်နေသောနှလုံးသားကြောင့်လူကြီးရင်ဘတ်ကအကျၤီသားအား ဆုပ်ချေမိသည်။ကျွန်တော့်ဘက်ကပါးနှင့်နှုတ်ခမ်းသာမန်ကာလျှံကာ ဆိုရုံလောက်သာ အကြင်နာပေးဖူးပြီး လူကြီးဆီက အချိန်ကြာကြာအနမ်းခံဖူးတာ ပထမဆုံးပင်။
ဖွဖွလေးစေ့ထားသောသွားနှစ်တန်းကြားထဲ လူကြီး၏ ပျော့ပျော့ရှည်ရှည် လျှာကမရမကဝင်လာသည်။

"ဒုန်း! မင်းတို့တွေဘာလုပ်နေကြတာလဲ!!"

အားမာန်အပြည့်နဲ့အော်သံတခုကြောင့် နမ်ဂျွန်းရောဂျီမင်ရော နှလုံးခုန်များရပ်သွားတော့မတတ် ထိတ်လန့်သွားရသည်။

"ap…appa…"

နှစ်ဦးသားအနမ်းနွံထဲ နစ်မျောနေချိန်မို့ သူခိုးလူမိသလိုဖြစ်သွားတာကြောင့် ဂျီမင်မှာ မီးဝင်းဝင်းတောက်နေသောဖခင်ကိုအကြောက်လွန်၍ နမ်ဂျွန်းအကျၤီကိုအသေကုတ်ထားသည်။ဂျီမင်အဖေနှင့်အမေသည် ကုတင်ပေါ်မိုးမမြင်လေမမြင်နမ်းနေကြတာမို့လွန်စွာစိတ်ဆိုးနေကြသည်။

ဂျီမင်အဖေဟာ စိတ်ဆိုးမာန်ဆိုးနဲ့လျှောက်လာပြီး နမ်ဂျွန်းအားမျက်နှာတဖက်သို့ပိတ်လွှဲထိုးသည်။သန်မာသောယောကျ်ားတယောက်၏အား ဖြစ်နေ၍အထိုးခံရသောနမ်ဂျွန်းဟာ ဂျီမင်ကိုဖက်ထားတဲ့လက်တွေလျော့သွားခဲ့သည်။

"appa…ဦးကိုမထိုးပါနဲ့…သားတောင်းပန်ပါတယ်…သားအမှားကြောင့်ပါ"

"မင်းပါးစပ်ပိတ်ထားစမ်းPark jimin!! "

ဂျီမင်မှာတုန်ယင်နေသောအသံဖြင့်ချစ်သောသူ အားဖခင်ကထပ်ထိုးမည်ရွယ်နေ၍ လက်ကိုချုပ်တားသော်လည်း တွန်းဖြုတ်ချလိုက်တာကြောင့် ကုတင်ပေါ်ပစ်လဲကျသွားသည်။

တနေ့ဒီအဖြစ်ကိုရောက်မယ်မှန်းသိရက်နဲ့အချစ်ကိုမရှောင်လွှဲနိုင်ပဲဇွတ်တိုးခဲ့မိတဲ့နမ်ဂျွန်းဟာ ကြမ်းပြင်ပေါ်လဲကျသည်ထိဂျီမင်အဖေထိုးသမျှ လှိမ့်ခံနေသည်။မျက်နှာတပြင်လုံး အရိုးတွေကြေအောင် အထိုးခံနေရသော်လည်း သူမမှုပါ။တပည့်တယောက်ကို စည်းတွေဘောင်တွေကျော်လွန်ပြီးချစ်ခဲ့မှတော့ ရလဒ်ကိုလည်စင်းခံနိုင်ရမှာပေါ့။ဦးလေးနဲ့အန်တီရှေ့ဖြူစင်စွာလိမ်ညာထားခဲ့တဲ့အပြစ်အတွက်ခံရတာပဲ။ အကြွေးတင်စရာမရှိတော့ဘူးလို့သဘောထားရင်ရပါတယ်။

"အဆင့်မရှိတဲ့ကောင်…$ရှက်မရှိတဲ့ကောင်…မင်းကိုယုံစားပြီးငါ့သားကိုအပ်ခဲ့တာကွ!မင်းအတွက်တနှာရူးဖို့မဟုတ်ဘူး ဆရာတယောက်ဖြစ်ပြီး တပည့်ကိုကုတင်ပေါ်ထိကျူးကျော်ရဲတာ မင်းမှာသိက္ခာနည်းနည်းလေးမှမရှိဘူးလား…မင်းကိုငါသံသယဝင်နေလို့ အခုအမိဖမ်းလိုက်တာဘယ်ချိန်ထဲကငါ့သားကိုဖျားယောင်းနေခဲ့တာလဲ ဟမ်! "

"appa…appa…တော်ပါတော့…ဦးကိုနာကျင်အောင်မလုပ်ပါနဲ့…သားတောင်းပန်ပါတယ်…သားဘက်ကဦးကိုစချစ်ခဲ့တာမလို့ …ထိုးချင်ရင်သားကိုပဲထိုးပါ"

ဂျီမင်ဟာ မိခင်ဖြစ်သူလက်ထဲမှရုန်းထွက်ပြီး  နမ်ဂျွန်း၏ကော်လံမှ မ,ကာထပ်ထိုးရန်အဆင်သင့်ဖြစ်နေသောဖခင်ကြားဝင်တားသည်။ နမ်ဂျွန်း၏မျက်နှာကိုသူ့ရင်ဘတ်နှင့် ကွယ်ထားပြီး မျက်နှာကိုသူ့အဖေထိုးရန် မော့ပေးထားသည်။စတင်စည်းဖောက်ခဲ့တာသူ့ဘက်ကမလို့ တယောက်တည်းပြစ်ဒဏ်ခံနေရသည့် အကွဲအပြဲဒဏ်ရာတွေနဲ့လူကြီးကိုရင်ခွင်သေးသေးလေးထဲထည့်ကာကျစ်ကျစ်ပါအောင်ဖက်ထားသည်။
မျက်ဝန်းအိမ်မှမျက်ရည်ကြည်များပြိုဆင်းလာသော်လည်း ဖခင်ဆီက ချစ်ရသူအစား အထိုးခံဖို့ ကြောက်ရွံခြင်းများမရှိပေ။

"Park jimin!မင်း$ရူးမထနဲ့ ဖယ်လိုက်စမ်း…သတ္တိကြောင်တဲ့ကောင် ငါ့သားအကာအကွယ်နဲ့မင်းလဲမနေနဲ့…ငါပေးတဲ့လစာတွေယူပြီးသစ္စာမရှိတဲ့မင်းကို ငါအသေသတ်ပစ်မှာ"

"appa!!သားတောင်းပန်ပါတယ်!ဦးကြောင့်မဟုတ်ပါဘူး…ဦးကြောင့်မဟုတ်ဘူး သားဘက်ကစမှားခဲ့တာပါ ဦးကိုအဲ့လိုစကားတွေမပြောပါနဲ့ "

မိမိကြောင့် အပြစ်မရှိတဲ့ ဦး…အသရေပျက်စေသောစကားလုံးများနှင့်သိက္ခာတွေမြေကြီးထဲထိထိုးဝင်အောင် နှစ်ပြားမတန်ပြောဆိုနေသောဖခင်အား ငိုစွတ်သံနှင့်ဟစ်အော်မိတော့သည်။

သားတယောက်လုံးက အငိုနှင့်အယို အလယ်မှပိတ်ပင်နေ၍ ဂျီမင်အဖေမှာ ဒေါသကို ပြန်ထိန်းချုပ်နေရသည်။

နမ်ဂျွန်းဟာ ဂျီမင်က ကာကွယ်ပေးနေရ၍ သူ့ကိုယ်သူ သတ္တိကြောင်သူဟုခံစားလာရသည်။ကလေးရဲ့ငိုသံတွေက ပျော့ညံ့သူအဖြစ်တွန်းပို့နေခဲ့တော့ကလေးအဖက်ခံထားရာမှ ထွက်၍ မတ်တပ်ရပ်လိုက်သည်။

"ကျွန်တော် ဦးလေးတို့ကိုလိမ်ခဲ့တယ်…ကျွန်တော်jiminကိုချစ်မိလို့ ကျွန်တော်ထိန်းမထားနိုင်"

"မင်းအခုချက်ချင်းငါ့အိမ်ထဲကထွက်သွား!"

"ဦးလေး…ကျွန်တော်jiminကိုမြတ်မြတ်နိုးနိုးချစ်တာ ကျွန်တော့်အချစ်ကြောင့်သူ့ဘဝမနစ်မွန်းစေရဘူး ကျွန်တော်ကတိပေးတယ် "

"မင်းဒီလိုပဲကတိပေးပြီး ငါ့သားကိုမင်းကုတင်ပေါ်တင်ခဲ့တာလေ…မင်းကိုငါဘယ်လိုယုံကြည်ရတော့မလဲ ငါ့သားကအခုမှကလေးပဲရှိသေးတာ မင်းကမတူမတန်မျှော်မှန်းနေတာလား ထွက်သွားစမ်းကွာ!ငါ့အိမ်ကိုနောက်တသက်လုံးမလာနဲ့!မင်းနဲ့ငါ့သားပတ်သတ်ခဲ့တာတွေမေ့လိုက်"

ဂျီမင်သည်ဒဏ်ရာများကြား သိမ်ငယ်နေသော မျက်နှာလေးကိုမော့ကြည့်ရင်း ခေါင်းတွင်တွင်ခါ၍ နမ်ဂျွန်းလက်မောင်းကို ကုတ်ဖက်ထားသည်။

"ဟင့်အင်း…ဦးကိုသားချစ်တယ်…ဦးကြောင့်သားပြောင်းလဲလာတာ ဦးကိုမလာခိုင်းပဲတော့မနေပါနဲ့appaရယ်…appaတို့မကြိုက်ရင် သားဦးကိုမချစ်တော့ဘူး ဒါပေမဲ့ ဦးနဲ့စာလေးတော့သင်ခွင့်ပေးပါနော်…ဦးနဲ့ရိုးရိုးသားသားပဲပြန်နေပါ့မယ်…"

မျက်ရည်တသွင်သွင်စီးကျရင်း လက်အုပ်ချီ၍
အသနားခံ တောင်းပန်နေသောကလေးငယ်၏စကားများကို
နမ်ဂျွန်းလက်မခံနိုင်ပါ။ပွတ်ချေနေသောလက်ဖဝါးနှစ်ဖက်အား ဆွဲယူပြီး သူ့မျက်နှာကိုတည့်တည့်ကြည့်စေလိုက်သည်။ကလေးငယ်ကတော့ သူ့မျက်နှာပေါ်က အဖူးအရောင် ဒဏ်ရာတွေကိုကြည့်ပြီးပိုလို့ငိုလာသေးသည်။

"ကလေး…ကိုယ့်ကိုကြည့်…ကိုယ့်အတွက်ကလေးရဲ့အချစ်ပဲလိုတာ…အခုအတိုင်းဆက်ချစ်နေပေး…ဘာကြောင့်နဲ့မှကိုယ့်ကိုပေးမဲ့အချစ်တွေမစွန့်ပစ်စေရဘူး…ကိုယ်မကြာခင် ကလေးဆီပြန်လာခဲ့မယ်"

နမ်ဂျွန်းဟာ  ခေါင်းငုံ့ခံနေရသည့်အခြေအနေမျိုးနှင့် သဘောတူအောင် မတောင်းခံချင်၍ တိကျပြတ်သားသော စကားကို အပြုံးလေးတခုနှင့်ပြောကာ အေးဆေးစွာ ဂျီမင်အားကျောခိုင်းခဲ့သည်။
ထားရစ်ခဲ့တဲ့ဦးကနည်းနည်းလေးတောင်မတွေဝေခဲ့ဘူး။နောက်ဆုံးပြုံးပြသွားတဲ့အပြုံး။သေချာပေါက်သူ့ဆီပြန်လာပါ့မယ်လို့ ကတိပြုံးလေးတခု ချန်ထားခဲ့တာ။ဦးကိုယုံကြည်တာမလို့အချစ်မပျက်ပဲမျှော်နေမယ်။အကြာကြီးလွမ်းရအောင်တော့မလုပ်ပါနဲ့။ဦးအပြုံးတွေ မမြင်တာကြာရင် လောကကြီးကိုစိတ်ကုန်မိသွားလိမ့်မယ်။

နောက်ရက်တွေထိ appaဟာ ကျွန်တော့်ကို စိတ်ဆိုးမပြေသေးပဲစကားမပြောပါ။နားလည်ပေးတဲ့ommaကတော့ ကျွန်တော်ငိုတိုင်းမုန့်တွေကျွေးကာ ချော့ရှာသည်။အသစ်ခေါ်ပေးထားတဲ့guideဆရာမက appaမိတ်ဆွေထဲကမလို့ စာနည်းနည်းလေးမလုပ်မိတာနှင့် appaကိုတိုင်သည်။အစတည်းကဉာဏ်ကအတော်အသင့်လောက်ပဲရှိလို့လူကြီးလို စိတ်မရှည်တတ်သည့်အပြင် စာမရ ရင်appaအတွက်ပါရောပေါင်းပြီး ဆူသည်။လူကြီးက ဖုန်းနံပါတ်တို့ အိမ်လိပ်စာတို့ ရေရေရာရာပြောမပြထားတာကြောင့် တဖြည်းဖြည်းအားငယ်စိတ်တွေ သောင်ထွန်းလာသည်။

ကျွန်တော်ဟာ လူကြီးပြန်လာချိန်တွင် စိတ်မပျက်သွားရအောင် ကိုယ့်ကိုကိုယ်အလေလိုက်မခံပါ။လူကြီးဖြစ်စေချင်သလို စာပိုကြိုးစားမှ လူကြီးမြန်မြန်ရောက်လာမယ်ဆိုတဲ့စိတ်မွေးပြီး အသိတရားလေးထားကာ အထက်တန်းကို လျှောလျှောရှုရှုဖြေနိုင်ခဲ့သည်။ထိုအခါမှappaက အခေါ်အပြောလေးလုပ်လာသည်။လူကြီးကို မေ့မပြစ်နိုင်သေးတာကြောင့်လည်း လုံးဝမကြည်ဖြူသေးတာပင်။

အထက်တန်းပြီးလျှင် ကျွန်တော်တက်ချင်တဲ့တက္ကသိုလ်တက်မှာလို့ရာဇသံကြိုပေးထားတာကြောင့် ကိုယ့်စိတ်ကြိုက်သူငယ်ချင်းတွေနဲ့ တိုင်ပင်နေတုန်းရှိသည်။
.
.

အခန်းထဲမှမုန့်ယူဖို့အောက်ကိုဆင်းလာရင်း အိမ်ပြန်နောက်ကျတဲ့appaကို ommaကထမင်းခူးကျွေးနေသည်။appaကမျက်နှာမကောင်းသည်မှာ ရှားသည်မို့ommaနဲ့ဘာတွေပြောနေလဲသိချင်၍ ဝင်မသွားပဲ ခိုးနားထောင်နေမိသည်။

"ဒါဆိုရှင်ဘယ်လိုလုပ်မှာလဲ…ရှင်ကဥက္ကဋ္ဌဆိုတော့ ရှင်ပဲတာဝန်ယူဖြေရှင်းပေးရမှာလေ"

"companyအကျိုးအမြတ်များနေချိန်တုန်းကကပ်ဖားယက်ဖား လုပ်နေပြီး အခုပစ္စည်းအရည်အသွေးကြောင့် အရှုံးပေါ်ခါနီးကျတော့အကုန်ရှယ်ယာတွေထုတ်ကုန်ကြတယ် တောက်ခ်!!သစ္စာမရှိတဲ့ကောင်တွေ"

"ရှင်အဲ့လိုဒေါသတွေအမြဲထွက်နေလို့မဖြစ်ဘူူးလေ…ပစ္စည်းအရည်အသွေးကိုပြန်စစ်ကြည့်ရမှာပေါ့ "

"အရည်အသွေးပြန်စစ်လည်းဘာထူးတော့မှာလဲ…စက်ရုံမှာလည်ပတ်ဖို့ငွေကမလောက်တော့ဘူး "

ommaကစိတ်ငြိမ်စွာစဉ်းစားပေးနေသလောက် ဒေါသထွက်ပြီးထမင်းပင်ဖြောင့်အောင်မစားနိုင်သောappaတို့ကို ကြည့်ပြီးဂျီမင် သူ့ကိုယ်သူ အသုံးမကျတဲ့သားတယောက်ဖြစ်နေမှန်းသိခဲ့ရပြီ။ကိုယ်လုပ်ချင်တာသာ ဇွတ်တရွတ်လုပ်နေပြီး appaနဲ့ommaကို စိတ်ညစ်စရာတွေသာပေးခဲ့သည်။စီးပွားရေးအတွက်appaရှိနေတာပဲဟု လွယ်လွယ်လေးတွေးထားခဲ့တော့ အခုလို တိတ်တိတ်လေးနားမထောင်ဖြစ်ခဲ့ရင် companyအကြောင်းလည်းဘာတခုမှသိမှာမဟုတ်ဘူး။

ကူညီနိုင်တာရှိလားလို့မေးရအောင်ကလည်းအထက်တန်းအောင်ခါစကျောင်းသားတယောက်က အားတင်းထားဆိုတာကလွဲရင်ဘာမှမလုပ်ပေးနိုင်လို့ အိမ်ပေါ်လေးပင်စွာတက်ခဲ့သည်။အခုချိန်လူကြီးလည်းသူ့ကိုမေ့နေလောက်ပြီလား။

"ရှင်သိလား အခုချိန်မှာcomapnyနဲ့လက်တွဲဖို့ရင်းနှီးမြှုပ်နှံသူတွေကိုဖိတ်ခေါ်ရမှာ…ဒါကလုပ်ကြံတဲ့အမှားမလို့ လုပ်ငန်းရှင်တွေယုံကြည်အောင်လုပ်ဖို့ဆိုတာမခက်ပါဘူး"

"ရင်းနှီးမြှုပ်နှံသူ??အာ… companyအကြောင်းသိနေသူလားမသိဘူး ရှယ်ယာဝင်ဖို့ကမ်းလှမ်းထားတာတယောက်တော့ရှိတယ် ဒါပေမဲ့သူကအများဆုံးလိုချင်တာ ဥက္ကဋ္ဌထက်ပိုများနေရင်တော့ ငါကဘာကိစ္စရှိနေရတော့မှာ အဲ့ဒီသူက အပိုင်စီးသွားတော့မှာပေါ့"

"ဒါပေမဲ့ ရှင့်ကိုဖယ်ထုတ်လိုက်တာမှမဟုတ်တာ…လိုအပ်နေချိန်မှာ ဒါကရှင့်အတွက် ဘုရားသခင်က အကူအညီပေးမဲ့သူလွှတ်လိုက်တာပဲ companyဒေဝါလီခံသွားရတာထက်စာရင် ရှင့်ရှယ်ယာတည်တည်တံ့တံ့ရှိနေတော့ကောင်းတာပေါ့ ဘာဖြစ်ဖြစ်ကြိုဆိုကြည့်တာမမှားဘူးမလား"

ဇနီးသည်၏စကားတွေက အထောက်အကူဖြစ်နေ၍ ဂျီမင့်အဖေသည် ဒေါသလျှော့. စဉ်းစားနေကာ အိတ်ကပ်ထဲကဖုန်းလေးနဲ့လိပ်စာကတ်လေးကိုထုတ်လိုက်သည်။

"hello…Monster King companyကဥက္ကဋ္ဌဟုတ်ပါရဲ့လား ……အာ……ရုံးခန်းဖြစ်ဖြစ်ဆိုင်တဆိုင်ဖြစ်ဖြစ်မှာတွေ့ရင်ရပါတယ်အိမ်ထိလာစရာမလိုဘူးထင်တယ်…ဒါနဲ့ဥက္ကဋ္ဌသေချာရဲ့လား ဘာလို့နာမည်အပြည့်အစုံရေးမထားတာလဲမသိဘူး…အရေးမပါတာကိုပြောတာမဟုတ်ပါဘူး…နောက်ဆုံးလက်ကျန်ဖြစ်ရင်တောင်ရေစုန်မျောမခံနိုင်လို့ သေချာစေချင်လို့ပါ ……သိနေတယ်ဆိုရင်လည်းတွေ့ကြတာပေါ့ "

ယောကျာ်းဖြစ်သူမှာ မာနမလျှော့တဲ့သူမို့ တဖက်လူနဲ့ စကားပြောရာတွင် မာကျောနေ၍ မိန်းမဖြစ်သူ ကစိုးရိမ်တကြီးနှင့်နှစ်ဦးနှစ်ဖက်ပြေလည်စေဖို့ တွေးပူနေရသည်။ဖုန်းချလိုက်သည့်ယောကျာ်းက ရှယ်ယာရှင်အတော်အများနှုတ်ထွက်ကုန်၍စိတ် ရှုပ်နေလေသည်။

"ဘာတဲ့လဲယောကျ်ား တွေ့ကြည့်ဖို့အဆင်ပြေရဲ့လား"

"အလိမ်အညာမဖြစ်ဖို့ဆုတောင်းရမှာပဲ…နာမည်လည်းအတိအကျမသိရ …သေချာတော့စုံစမ်းကြည့်မှဖြစ်မယ်…ထူးဆန်းနေတယ် အကျိုးအမြတ်ရဖို့အခွင့်နည်းတဲ့အရှုံးပေါ်တော့မဲ့companyကိုဘာလို့ ရင်းနှီးငွေ ထည့်တာဖြစ်မလဲ"
.
.
ဂျီမင်တယောက် အိမ်နားတွင်သူငယ်ချင်းများနဲ့လမ်းခွဲပြီး ခြံထဲဝင်လာတော့ အိမ်တွင်ရှိသည့်ကားနှစ်စီးအပြင် ကားတစီးရပ်ထားတာတွေ့သည်။အိမ်ကိုမိဘနှစ်ပါးနှင့်သက်ဆိုင်သည့်ဧည့်သည်တယောက်ယောက် ရောက်နေတာပဲဖြစ်လိမ့်မည်ဟုတွေး၍ အိမ်ထဲတိုးတိုးသက်သာဝင်ခဲ့သည်။

ဧည့်ခန်းကိုဖြတ်အလျှောက် sofaထက်က appaနဲ့ommaတို့၏မျက်နှာဟာ ကျွန်တော့်ဝင်လာတာမြင်တော့ထိန်းမရအောင်ပျက်သွားခဲ့သည်။ရှေ့ကမှန်စားပွဲခုံပေါ်တွင် စာချုပ်ချုပ်သည့်စာရွက်များနဲ့တံဆိပ်တုံးများရှိသည်။ဧည့်သည်ဟုထင်ရသည့်လူက ကျောပေးထားတာကြောင့် ထိုင်ခုံကကျောမှီဟာ မြင့်နေတော့ ခေါင်းအပေါ်တဝက်နဲ့လက်ရန်းပေါ်တင်ထားသည့်လက်သာမြင်ရသည်။

မဟုတ်မှလွဲရော…ကုန်ပစ္စည်းအရည်အသွေးနိမ့်လို့နာမည်ပျက်နေတဲ့appa companyက ဖျက်သိမ်းလိုက်ရပြီလား။အမြတ်မရတဲ့အပြင် သူတို့အိမ်တွေကားတွေပါ အပေါင်ထားလိုက်ရပြီလား။

"appa……"

သနားစရာဘဝပျက်သွားတဲ့ဖခင်အား ကြေကွဲဖွယ်ခေါ်လိုက်တော့ ကျောပေးထားတဲ့လူကိုထိုး၍တခွန်း
တည်းပြောတဲ့စကား ကြားပြီးဂျီမင် ဆံပင်မွှေးများထောင်လာသည်။

"jimin…မင်းသူနဲ့လိုက်သွားတော့…"

ဘာစကားကြီးလဲ……။ပစ္စည်းဥစ္စာတွေရောင်းရုံတင်အားမရလို့ အိမ်မှာလူပိုဖြစ်နေတဲ့သူ့ကို ခိုင်းချင်ခိုင်း ဒါမှမဟုတ် အတွင်းကလီစာတွေဖောက်ထုတ်ချင်ဖောက်ထုတ် ဆိုကာရောင်းစားလိုက်တာလား။ဒီလိုတော့မရဘူး။Park jiminကKim namjoonဆိုတဲ့လူကြီးပြန်မလာမချင်း အသက်ရှင်လျက် စောင့်သွားရဦးမှာ။ ဘာခိုင်းခိုင်းမိဘကျေးဇူးဆပ်သည့်အနေနဲ့လုပ်ပေးလို့ရပေမဲ့လူကြီးနဲ့သေကွဲကွဲတဲ့အဖြစ်မျိုးမရောက်ချင်၍ appaကိုစိတ်ဆိုးဆိုးနှင့် ထိုအနားကို လျှောက်သွားလိုက်သည်။

"appa!ဒါတော့မလွန်ဘူးလား…ကျွန်တော့်နှလုံးသားကိုသတ်ပြစ်တဲ့အပြင် မကျေနပ်သေးလို့ ခန္ဓာပါရောင်းစားမလို့လား…ကျွန်တော်သာဘွဲ့ရ လို့အလုပ်လုပ်ရင် appa companyကြီးကိုပြန်ယူပေးမယ် ဒီလိုအချောင်သမားဆီတော့……"

ကောင်းကျိုးမပေးတဲ့ဧည့်သည်ဟာ လူငယ်လားလူကြီးလားမသိ၍ ယဉ်ကျေးစွာမသုံးနှုန်းနိုင်တော့ပဲ appaဆီမှ ထိုလူအားလက်ညိုးထိုးရင်းလှည့်အကြည့်…ရှေ့ဆက်ပြောမည့်စကားလုံးတွေဘာမှမသိတော့ပါ။လက်ညိုးထိုးထားရက်အတိုင်း ကျောက်ရုပ်ကြီးလို ပါးစပ်လေးဟ၍ ကြည့်နေမိသည်။ဝမ်းလည်းမသာအားသလိုအံ့အားသင့်လွန်းလို့ကြောင်တောင်ကြီးရပ်နေမိတာ။

ထိုလူဟာ…ထိုလူဟာ ပြန်လာပါ့မယ်လို့နှုတ်ဆက်ထွက်ခွာသွားပြီး 5လလောက်ဘာသတင်းမှမရပဲအစအနမရှိ.ပျောက်သွားခဲ့တဲ့ချစ်ရပါသောလူကြီးကင်နမ်ဂျွန်းတဲ့လေ။သူသိထားတဲ့လူကြီးက အကောင်းစားအသုံးအဆောင်ဟူ၍နာရီပင်ဈေးပေါပေါကိုပတ်ထားပြီး ရှပ်နဲ့ဘောင်းဘီသာဝတ်လေ့ရှိသည့်သူ။ကိုယ့်ဆီမှာပညာအရည်အချင်းကို အကျိုးရှိရှိအသုံးချကာ စာသင်ပြသည့်အသက်မွေးဝမ်းကြောင်းနှင့် ဘဝကိုအေးဆေးရိုးရှင်းစွာနေထိုင်သူလေ။အခုတော့ဖြင့် ကိုယ်ရည်ကိုယ်သွေး တွေတောက်ပကာ suitအဝတ်အစားနှင့်ခြေချိတ်ထိုင်နေသည်မှာ အင်္ဂလိပ်ကားထဲမှမင်းသားကြီးကဲ့သို့ပင်။ဒါ ကင်နမ်ဂျွန်းမဖြစ်နိုင်လောက်ဘူး။ဒါပေမဲ့ နူးညံ့တဲ့အကြည့်နှင့်အပြုံး……သူသဘောကျတဲ့ပါးချိုင့်ကြီးနှစ်ဖက်က သူ့အတွေးများမှာဘယ်ဟာကအမှား ဘယ်ဟာကအမှန် ဆိုတာခွဲခြားပေးလေသည်။
.
.
"ကားရပ်ပေး!!!!"

လက်ပိုက်ထားလျက်ဆူပုတ်ပုတ်ကောင်လေးဆီကစူးစူးဝါးဝါးအော်သံကြောင့် ကားလေးအား လမ်းဘေးသို့အနည်းငယ်ကပ်၍ တိခနဲရပ်ပေးလိုက်ရသည်။အောက်နှုတ်ခမ်းကြီးကိုထော်လန်၍ အပျင်းစားဘဲမျက်စောင်းနဲ့ ပုခုံးနှစ်ဖက်တက်လိုက်ကျလိုက် ကောင်လေးအား နမ်ဂျွန်းမချိုမချဉ်လေးပြုံးပြလိုက်သည်။

"မပြုံးနဲ့!ဖြေ!ဘယ်ကနေဘယ်လိုပေါ်လာတာလဲ!ဘယ်ကိုပျောက်သွားတာလဲ!အခုမှဘယ်ချောင်ကထွက်လာပြီးguideဆရာကင်နမ်ဂျွန်းကနေ တော်ဝင်မျိုးနွယ်Monster King companyကဥက္ကဋ္ဌကင်နမ်ဂျွန်း ဖြစ်သွားရတာလဲ… ဘာလို့ကျွန်တော့်ကိုလိမ်ခဲ့တာလဲ!!"

လက်နှစ်ဖက်ဆုပ်၍မျက်စိစုံမှိတ်ကာအားကုန်ညှစ်ထုတ်အော်နေတာကြောင့် နမ်ဂျွန်းနား နှစ်ဖက်ပိတ်ထားရသည်။
ကလေးကလိမ်ညာခဲ့တဲ့သူ့အား အော်လို့ဝသွားပြီးအောက်ဆီဂျင်များများရှုသွင်းကာ မောနေသည်။

"ကိုယ်ရှင်းပြပေးမယ်ကလေး…ကိုယ် ကလေးဆီလိမ်ညာပြီးရောက်လာခဲ့ပေမဲ့ ကိုယ်အချစ်အတွက်လုပ်ခဲ့တာကြီးပဲ"

ဆုံးပါးသွားတဲ့မိဘနှစ်ပါး၏Monster King အမျိုးအစားခွဲပိုင်ဆိုင်မှုလုပ်ငန်းကြီးတွေက နိုင်ငံအနှံ့ခြေရာလက်ရာ အများအပြားကျန်ရစ်နေခဲ့တာကြောင့် မိဘတွေကိုယ်စားအလုပ်ကိုခန္ဓာတခုလုံးထည့်ထားခဲ့တဲ့ကင်နမ်ဂျွန်း။အပြိုင်အဆိုင် အတိုက်အခိုက်တွေကြား အောင်နိုင်ခြင်းကသူနဲ့သာတွဲစပ်ပါနေလို့ စီးပွားရေးမှာဘုရင်တပါးအဖြစ်အသိအမှတ်ပြုခံထားရတဲ့ကင်နမ်ဂျွန်း။အသက်35နှစ်သာရောက်သော်လည်း မိဘတွေရဲ့ သုံးမကုန်ဖြုန်းမကုန်တဲ့အမွေတွေကို ထိမ်းသိန်းနေရလို့ အချစ်က အလုံးကြီးလား အပြားကြီးလာတောင်မသိခဲ့လေသော နှလုံးသားမှာလဟာပြင်ဖြစ်နေတဲ့ကင်နမ်ဂျွန်း။

မိုးတွေသည်းကြီးမဲကြီးရွာတဲ့နေ့မှာ စက်ရပ်သွားတဲ့ကားထဲ..
အထက်တန်းကျောင်းဝတ်စုံလေးနှင့် ထီးလေးတွေကိုယ်စီဆောင်လာတဲ့ကောင်လေးသုံးယောက်ကို ဘာရယ်မဟုတ် မျက်စိကရောက်မိလေသည်။နောက်ဆုံးက ပုလုံးလုံးကောင်လေးဟာ ထီးအနက်ရောင်လေးကို လွှတ်ချပြီးမိုးရေထဲ ခုန်ပေါက်ဆော့နေသည်။အရှေ့ကနှစ်ယောက်၏ထီးတွေလဲ ဆွဲလွှတ်ပစ်ပြီး သူနဲ့အတူဆော့စေတဲ့ကောင်လေးဟာ ကလေးစိတ်နဲ့ကောင်ဆိုးလေးဆိုတာ ထိုအချိန်ထဲကသိခဲ့သည်။မိုးပေါက်များကာခြားထားသော်လည်းအပြုံးများက သူပါလိုက်တုပြုံးမိလောက်အောင် ချိုမြိန်လွန်းခဲ့သည်။ထိုကောင်လေးကြောင့် ပြုံးမိလျှင်ပါးချိုင့်တွေရှိနေခဲ့မှန်းသတိရခဲ့ပြီ။ အချစ်ကထိုကောင်လေးဆိုတာ သိသွားလေတော့ လဟာပြင်ဖြစ်ခဲ့တဲ့နှလုံးသားလေးကရင်ဘတ်ထဲမှ ပေါက်ထွက်ပြီး ကောင်လေးဆီ ခုန်ဆွ၍ကျောပိုးလွယ်အိတ်လေးထဲကပ်ပါသွားခဲ့သည်။

ကားဆင်းကြည့်နေတဲ့အတွင်းရေးမှူးအား တယောက်တည်းထားခဲ့၍ မိုးရေကြီးထဲ မိမိကိုယ်ကိုဥက္ကဋ္ဌတယောက်ဆိုတာ ခဏမေ့ပြီး နှလုံးသားလေးကိုပိုင်ရှင်သိရက်နှင့်ခေါ်ဆောင်သွားခဲ့တဲ့ကောင်လေး..ဘယ်ဆီပြန်မလဲဆိုတာ လိုက်ချောင်းခဲ့သည်။

ပိုင်ရှင်က အပြုံးတွေနဲ့အခိုးခံရတာကိုကျေနပ်ခဲ့တာ။ လူတယောက်ရဲ့နှလုံးသားကိုခိုးယူပြီးစားမရအိပ်မရဖြစ်အောင် လုပ်ခဲ့လည်း ခိုးတဲ့ကောင်လေးကသူကိုယ်တိုင်တောင်မသိဘူးတဲ့လေ။

အိမ်တည်နေရာကိုသိမှတော့ ကျန်တာစုံစမ်းဖို့ကင်နမ်ဂျွန်းအတွက်မိနစ်အတွင်းမှာတင် လိုချင်တာအကုန်ရခဲ့တယ်။အတန်းထဲ နောက်ဆုံးပိတ်အဆင့်မှာရှိနေတဲ့ကောင်လေးက ဘယ်guideခေါ်ခေါ်တပတ်တောင်မခံဘူးတဲ့လေ။

စာသံကြားလျှင်နေမကောင်းတောင်ဖြစ်တယ်ဆိုတဲ့ ကောင်ဆိုးလေးPark jiminအား တချက်ခုတ်နှစ်ချက်ပြတ် အကြံကိုသုံး၍ guideဆရာကင်နမ်ဂျွန်းအဖြစ် အခိုးခံရတဲ့နှလုံးသား ခိုးသူလေးထံ နေ့တိုင်းအခစားခဲ့ခြင်းဖြစ်သည်။

"အဲ့ဒါဆို ဦးက…ကျွန်တော့်ကိုကျွန်တော်မချစ်ခင်ထဲက ချစ်ခဲ့တာပေါ့ဟုတ်လား"

လက်လေးနှစ်ဖက်ကိုလိမ်ကျစ်နေပြီး ပြုံးရောင်သမ်းနေသောကောင်လေးက စိတ်မဆိုးတော့တာသေချာလေသည်။

"အင်း…ကိုယ်ချစ်တဲ့ကလေးကို…ကိုယ်တိုင်ပြောင်းလဲပေးချင်တာ"

လက်တုပ်တုပ်လေးတွေအား ညှစ်ဆုပ်ထားရင်းပြောလေတော့ ခေါင်းလေးငုံ့လျက်ပြုံးသည်။ရှက်သွားတယ်ဆိုပါတော့။

"ဦး…ဦးကဘာလို့အဲ့နေ့ထဲက အမှန်ကိုမပြောပဲ appaနှိမ့်ချတာခံရတာလဲ ဦးက ဂုဏ်သရေရှိတဲ့လူတယောက်ဆိုတာသာပြောလိုက်ရင် appaထိုးရဲမှာတောင်မဟုတ်ဘူး"

သားမက်အားပြန်မှီခိုရတော့မည့်အခြေအနေနဲ့အိမ်တွင်ကျန်ခဲ့သော ဖခင်အား ဖြစ်ပြီးသားကိစ္စအတွက် ရန်စွာ နေသေးသော မြတ်နိုးငယ်ကကင်နမ်ဂျွန်းရဲ့ ကောင်ဆိုးလေး။

"အဲ့နေ့ကပြောခဲ့ရင် ဦးလေးကငြင်းနိုင်သေးတယ်လေ အခုလိုကျဉ်းထဲကျပ်ထဲရောက်နေတော့ ကိုယ့်အပြောကိုမလွန်ဆန်နိုင်တော့ဘူးမလား "

"လူလည်ကြီး…ဘာလို့ဒီနေ့မှပေါ်လာတာ ကျွန်တော်နဲ့appaမသိအောင် အရင်လတွေကတွေ့လို့ရ ရဲ့သားနဲ့…လွမ်းလိုက်ရတာ"

"တကယ်တော့ ကိုယ်စိတ်လွတ်ကိုယ်လွတ်ချစ်လို့ရအောင်ကလေး အသက်ပြည့်တာကိုစောင့်နေတာ…ဒီနေ့က,ကလေးမွေးနေ့လေ…"

မွေးနေ့ကို မေ့နေတဲ့ကောင်လေးက သူပြောမှသတိရသွား၍ ပါးစပ်လေးဟကာအံ့သြနေသည်။

"ကလေး အသက်ပြည့်ပြီမို့ ကလေးမွေးနေ့မှာ ကိုယ်က ကလေးကိုအပိုင်သိမ်းပြစ်တော့မှာ လာခဲ့စမ်းကိုယ့်ရဲ့ကောင်ဆိုးလေး"

"အား!"

သူခိုးတွေထဲမှာ နှလုံးသားသူခိုးက အပြစ်ကင်းတဲ့အပြင် ပိုင်ရှင်ကို အချစ်ဆေးတွေတိုက်ကျွေးခဲ့လို့ ကုသိုလ်တောင်ရသေးတယ်တဲ့။

ပိုင်ရှင်ကသူခိုးလေးတယောက်အတွက်ပဲ ကန့်သတ်ချက်နှင့်ထုတ်ယူသွားစေခဲ့တာပါတဲ့လေ။

သဘောကောင်းတဲ့ပိုင်ရှင်က ပြစ်ဒဏ်အစားအနမ်းတွေခြွေချခဲ့လို့ရင်ခွင်ကျယ်ကြီးထံ ပိတ်မိသွားတဲ့သူခိုးလေးဟာ ဝန်ခံရင်း လျော့နည်းမသွားတဲ့အချစ်တွေကိုတသက်လုံး ခိုးယူနေသွားပါတော့တယ်။

>>>>>>>>>>>>>>THE END>>>>>>>>>>>>>


Zawgyi

ဂ်ီမင္သည္ လူျကီးေျကာင့္ စာက်က္ရမွာ စာေရးရမွာ မေျကာက္ေတာ့ေပ။လူျကီးနဲ႕စာသင္ရတာ အေပ်ာ္ဆုံးအခ်ိန္အခါမ်ားျဖစ္ေသာ္လည္း ခ်စ္သူေတြသဘာဝ ခႊ်ဲခ်င္ဆုိးခ်င္သည္။ေရးသာေရးေနေသာ္လည္းလက္ကုိအေရွ႕မေရာက္ေတာ့တာေျကာင့္ ေဘာပင္ကုိ ေဒါက္ခနဲခ်လုိက္သည္။ျပီးေနာက္ လူျကီး၏ထုိင္ခုံႏွင့္ အညီကပ္လုိက္ျပီး ဒူးေလးပုိက္လ်က္ လူျကီးရင္ဘတ္ကုိ မွီေနလုိက္သည္။ျငိမ္းခ်မ္းစရာရင္ခြင္က်ယ္ျကီးနဲ႕ထိစပ္မိရင္ မ်က္လုံးမ်ားအလုိလုိ မွိတ္က်သြားရသည္။

"jimin…"

"ႏွစ္ေယာက္တည္းရွိခ်ိန္မွာ ေခၚေနက်အတုိင္းပဲေခၚပါ"

စာလုပ္ေနရာမွ ရုတ္တရက္ ျငင္သာသိမ္ေမြ႕ေသာအျပဳအမူေလးႏွင့္ေကာင္ေလးက မ်က္လုံးေလးျပဴးေမာ့ျကည့္ျပီး ရင္ဘတ္ထဲပုိ တုိးေဝွ႕လာသည္။အိစက္လြန္းေသာပါးေဖာင္းေဖာင္းေလးကုိ ရင္ဘတ္ထက္ ပြတ္ရမ္း ေန၍ အသည္းမ်ားကလိကလိယားလာသည္။ေျခေထာက္ႏွစ္ဖက္ခုံေပၚတင္..လက္နဲ႕ေကြးပုိက္ထား၍ လုံးလုံးေသးေသးေလးျဖစ္ေနေသာအေကာင္ေပါက္ေလးကုိ တကုိယ္လုံး ေျခပါခ်ဳပ္၍ သိမ္းက်ံဳးဖက္ထားလုိက္သည္။နွာေခါင္းနားက ဆံပင္ေပ်ာ့ေပ်ာ့ေလးေတြက ေမႊးေတးေတး ပ်ံ႕တက္လာ၍ တရႈံ႕ရႈံ႕နမ္းမိေတာ့ ေကာင္ေလးကျပံဳးစိစိနွင့္ေမာ့ျကည့္ျပန္သည္။ေကာင္ေလးက အဲ႕လုိနူးည့ံေပးရင္သိပ္သေဘာက်တာ။

"ဦး…ကြ်န္ေတာ္ဦးအေျကာင္းသိခ်င္တယ္"

"ကုိယ့္အေျကာင္းဘာထပ္သိစရာလုိေသးလုိ႕လဲ ကုိယ္ကဆရာတေယာက္ေလ"

လူျကီးအေျဖအား အလုိမက်စြာ ရင္ခြင္ထဲ၌ေန၍ နႈတ္ခမ္းဆူမိပါသည္။လူျကီးက လ်ွိဳ႕ဝွက္တတ္တာလား။ဆရာတေယာက္ဆုိတာကလဲြျပီး တျခားအေျကာင္းမ်ား မသိေစခ်င္မွန္း သူရိပ္မိပါသည္။လူျကီးနဲ႕ တစ္ဘဝလုံးအတူတူရွိေနခ်င္လုိ႕ ကုိယ့္ခ်စ္သူအေျကာင္း အတြင္းက်က်သိခ်င္မိတာဘာမ်ားမွားလုိ႕လဲ။ဒီေန႕ေတာ့ လူျကီးေျပာျပလာေအာင္ မရ ရတဲ႕နည္းသုံးေတာ့မည္။

"ဦး…ဦးကြ်န္ေတာ့္ကုိတကယ္ခ်စ္တယ္ဆုိ…ဦးအေျကာင္းေျပာျပေနာ္…ဦးေျပာဖူးတယ္ေလ ကြ်န္ေတာ္ကဦးရဲ႕တပည့္မလုိ႕ ကြ်န္ေတာ့္အေျကာင္းသိသင့္တယ္တဲ႕…အခုဦးကကြ်န္ေတာ္ခ်စ္တဲ႕သူမုိ႕ ဦးအေျကာင္းကြ်န္ေတာ္သိသင့္တယ္"

စာစသင့္သည့္ေန႔က ေျပာခဲ႕တဲ႔စကားကုိေကာင္ေလးမွတ္မိေန၍ ျပံဳးလုိက္ရင္း ေကာင္ေလးကုိယ္ထဲမွအင့္ခနဲအသံျမည္ေအာင္ အားကုန္ညွစ္ဖက္လုိက္သည္။တုပ္ပုိက္ထားတဲ႕ေျခသလုံးေတြပါ ဝုိက္ဖက္ထားတာေတာင္ ေကာင္ေလးကေသးေသးေလး။ပုိးတုံးလုံးေလးလုိ လုံးတုပ္ေနတဲ႕ကုိယ္ေလးက အျမဲတမ္းရင္ခြင္အထဲထိနစ္ဝင္ေအာင္ဖက္ထားခ်င္မိသည္။

"ဦး ေမးတာေျဖေလဗ်ာ…အင့္…အရမ္းမဖက္နဲ႕ မြန္းတယ္"

ကုိယ့္ထက္ျကီးသည့္လူျကီးတေယာက္ကုိ ခင္မ်ားလုိ႔ေခၚျပီး စာသင္ခ်ိန္ပီေကထုတ္ဝါးသည့္ခပ္ဆုိးဆုိးေကာင္ကေလးကအခုမ်ားက်ေတာ့ ခ်စ္စဖြယ္ အသံေလးကုိ စကားမပီသည့္ကေလးေလးတေယာက္လုိဆုိသည္။အက်ၤီလက္ေမာင္းတဝက္ရွပ္ဝတ္လာ၍ လက္ေမာင္းကုိသူ႕လက္ေသးေလးေလးႏွင့္အဝုိင္းလုိက္လုပ္၍တုိင္းတာေနသည္။လက္ပုတိုေလးမ်ားဟာ တဖက္နဲ႕တဖက္ လက္ထိပ္မ်ား ကြာေနတာကုိျကည့္၍ ရယ္သံစူးစူးေလးထြက္လာေတာ့သည္။အနီးကပ္ရွိေနရင္ ရင္ဘတ္မဟုတ္ရင္ လက္ေမာင္း ခ်စ္စရာလက္ေလးမ်ားႏွင့္စပ္စုတတ္သည္။ပုိးတုံးလုံးေကာင္ေလး၏ ေက်ာျပင္ႏွင့္ ဒူးေအာက္တြင္ လက္ဖ်ံတုပ္တုပ္ျကီးႏွင့္ရစ္သြယ္ျပီး ေပါင္ေပၚအသာေလးတင္လုိက္သည္။ထုိအခါ ေပ်ာ့တိေပ်ာ့ဖတ္ လည္ပင္းထက္မ်က္ႏွာအပ္ကာခုိအာလာေလးလုပ္ေနေသာ ေကာင္ေလး၏ပါးႏွစ္ဖက္ကုိ ထိန္းကုိင္ထားျပီးတည့္တည့္ျကည့္ေပးလုိက္သည္။

"ကုိယ္က အေဖအေမမရွိေတာ့ဘူး တုိက္ခန္းမွာေနတယ္ လက္ရွိbusiness သင္တန္းတခုမွာအဂၤလိပ္ဆရာလုပ္ေနတယ္ မနက္ပုိင္းအဲ႕ဒီမွာသြားတယ္ ညေနပုိင္း ကေလးဆီလာတယ္ အိမ္ျပန္တယ္ ကုိယ့္အေျကာင္းကဘာမွစိတ္ဝင္စားဖုိ႔မေကာင္းလုိ႕ ကေလးကုိမေျပာျပတာ…"

ျပည့္ျပည့္စုံစုံေျပာျပလုိက္မွ ဆူေကာက္ေကာက္မ်က္ႏွာေလးက ျပန္ဝင္းပလာျပီး စပ္စုစိန္ေလးမူအတုိင္း ထပ္၍ေမးခြန္းထုတ္ေသးသည္။

"ဦးရဲ႕အလုပ္ကအဆင္ေျပေနတာပဲကုိ ဘာလုိ႕appa guideေခၚေတာ့လာလုပ္တာ"

"တျခားမဟုတ္ပါဘူး…ကုိယ့္အတြက္ ညေနပုိင္းကအခိ်န္အားတယ္ေလ တေယာက္တည္းဆုိေတာ့ ေယာင္လည္လည္ျဖစ္ေနတာနဲ႕ကေလးappaေခၚတဲ႕အလုပ္ကအဆင္ေျပသြားတာ"

"ေအာ္……ဟီး…အဲ႕ေလာက္သိရင္ရပါျပီ"

"ကေလးကဘာေတြထပ္သိခ်င္လုိ႕လဲ"

"မဟုတ္ပါဘူး…ကြ်န္ေတာ္ကဦးနဲ႕ ဒီအခ်ိန္မွာပဲေတြ႕ရေတာ့ ဦးကအျပင္မွာ တျခားတေယာက္……"

ဂ်ီမင္မွာ ေပါက္ကရဝင္မိသည့္စုိးရိမ္စိတ္ေလးေျကာင့္ မေနနုိင္လုိ႕ ေျပာသာေျပာေနေပမဲ႕ လူျကီးစိတ္ဆုိးသြားမလားဟု မ်က္ႏွာရိပ္မ်က္ႏွာကဲလည္း ျကည့္ရေသးသည္။ခ်စ္သူတေယာက္ကုိမယုံရေကာင္းလားဟု စိတ္ဆုိးေဒါသထြက္မည့္အစား ရင္ေအးေသာအျပံဳးမ်ိဳးနွင့္ျကည့္ေနသည္။

"ကုိယ္ ကေလးတေယာက္ပဲခ်စ္တယ္ဆုိတာ ကေလးကုိယုံပါလုိ႕ကုိယ္အတင္းမေျပာခ်င္ဘူး …ကုိယ့္အရြယ္က စိတ္ကစားတတ္တဲ႕အရြယ္မဟုတ္ေတာ့လုိ႕ ကုိယ့္ဆီမွာရွိသမွ်အခ်စ္ေတြအကုန္ပုံေပးထားတာ ကေလးတေယာက္တည္းပဲ"

လူျကီးက သူ႕ဆံပင္ေတြကုိ လက္ေခ်ာင္းေလးမ်ားျဖင့္ညွပ္၍ ရွင္းခ်ေပးေနသည္။အျကင္နာဓာတ္မ်ားျပည့္ေနတဲ႕မ်က္ဝန္းေတြက ေျဖာင့္မတ္တဲဲ႕စိတ္ထားရွိေျကာင္းအထူးတလည္ဖဲြ႕ဆုိေနစရာမလုိေတာ့ပါ။

"ဟုတ္…ကြ်န္ေတာ္ဦးကုိ ယုံျပီးသားပါ…ဦးရဲ႕အခ်စ္ကုိကြ်န္ေတာ္ပဲပုိင္ဆုိင္ရတာအရမ္းကံေကာင္းတာပဲေနာ္"

"ဟုတ္ပါျပီ…စကားတတ္…ကဲ အခုေတာ့စာသင္ရျကေအာင္ …ကေလးခုနစာမျပီးေသးဘူးလား အလြတ္ေရးေနရင္းကုိယ့္ကုိလာေျခြေနတယ္ေပါ့ဟုတ္လား"

ေသခ်ာဂရုစုိက္ေပးလုိ႔စာလုပ္ျဖစ္လာတဲ႕ေကာင္ေလးက နည္းနည္းေလးေပါ့လုိက္တာႏွင့္အပ်င္းစရုိက္ေလးျပန္ေပၚလာေတာ့တာ။အခုလည္း စာျပန္ေရးခုိင္းတာကုိ လည္ပင္တြင္မွီကပ္ထားသည္။

"ကေလး…စာလုပ္ျကရေအာင္ေလကြာ…ကုိယ့္ေပၚကဆင္း ဒီေန႔ဘယ္စာမွသိပ္မျပီးေသးဘူး"

ညစာစားျပီးခ်ိန္မွ ေကာင္ေလးကေဝ႕လည္ေခ်ာင္ပတ္လုပ္ေန၍ 10နာရီသာထုိးခါနီးတယ္။စာကအေရွ႕မေရာက္၍ ခ်ိဳင္းကေနမ,ခြာေတာ့ တဟင့္ဟင့္ ျဖင့္ ျပန္ကပ္ခႊ်ဲေနသည္။

"ကေလး …စာလုပ္ျကရေအာင္လုိ႕"

"ဟင့္အင္း…မလုပ္ခ်င္ဘူး ဦးနဲ႕ဒီလုိပဲေနခ်င္တာ…အဲ႕စာျကီးမလုပ္ခ်င္ေတာ့ဘူး"

"ကေလးရယ္ လိမ္မာပါတယ္…ဒီလုိနဲ႕ စာေျကြးေတြစုသြားရင္ကေလးပုိပင္ပန္းလိမ့္မယ္…ေနာ္…ဆင္းပါဦး…ေတာ္ျကာ ကေလးappaေရာက္လာလိမ့္မယ္"

တုန္ေနေအာင္ျမတ္နုိးရသူမုိ႕ေခ်ာ့ျမဴ၍သာသာေလးခြာခ်ေသာ္လည္းလည္ပင္းကုိအခုိင္ကုတ္တြယ္ထားေလသည္။

"အဟင့္…မဆင္းဘူး…appaကစာသင္ေနရင္ဘယ္တုန္းကဝင္လာဖူးလုိ႕လဲ…ဒီတုိင္းေလးပဲေနမယ္…ဦးနဲ႕ဒီလုိမ်ိဳးအခ်ိန္ျဖဳန္းခ်င္တာ"

ေကာင္ေလး၏အေဖက ပညာေရးတခုတည္းအတြက္ ယုံျကည္စိတ္ခ်စြာအပ္ႏွံထား၍ မ်က္ႏွာခ်င္းဆုိင္မိလွွ်င္ေတာင္အားနာစိတ္ေတြတလုံးတခဲဝင္မိတာ။သူဟာ ေကာင္ေလးကုိ ပုိေကာင္းေအာင္လုပ္ေပးပါ့မယ္လုိ႕ကတိေပးထားျပီးမွ ဖ်က္ဆီးမိတဲ႕သူအျဖစ္မခံနုိင္တာေျကာင့္ ခ်စ္တာတခုႏွင့္ အေလွွ်ာ့ေပးလုိ႔မျဖစ္ေပ။

"ကေလး…ကုိယ္ေနာက္ဆုံးတေခါက္ပဲေျပာေတာ့မယ္ေနာ္…ကုိယ့္ေပၚကဆင္း…စာလုပ္ေတာ့…မပ်င္းစမ္းနဲ႕"

လည္ပင္းကလက္ေတြကုိဆဲြဖယ္၍ တဆက္တည္း မ်က္ႏွာတည္ျကီးႏွင့္ ေျပာလာတဲ႕အသံက စိတ္မရွည္ေတာ့ဘူးထင္၏။

"ဦး…ကြ်န္ေတာ့္ကုိဘာလုိ႕စာေတြပဲလုပ္ခုိင္းေနရတာလဲ…ဦးနဲ႕ကြ်န္ေတာ္က ခ်စ္သူေတြေလ…လက္ပြန္းတတီးေနခ်င္တာ ဘာမ်ားျဖစ္သြားလုိ႕လဲ"

"မင္းကုိလိမ္မာေစခ်င္ျပီးတျခားကေလးေတြလုိေတာ္ေစခ်င္တာ ငါ့ေစတနာ…အခ်စ္ကုိအေျကာင္းရွာျပီး စာမလုပ္ခ်င္တာေတြေဖ်ာက္လုိက္ေတာ့…အခုမင္းအာရုံစုိက္ရမွာစာပဲ…"

ေကာင္ေလးက ဒီလုိမွ မျပတ္သားလ်ွင္ ပုိေရာင့္တက္လြယ္၍ ေဘးကထုိင္ခုံေပၚျပန္တင္ေပးလုိက္သည္။မာဆတ္ဆတ္အသံကေတာ့ ေဒါသထြက္တာေကာင္ေလးသိေအာင္ အပုိထည့္ေျပာမိျခင္း။သနားကမားမ်က္ႏွာေလးျမင္ရင္ စိတ္ေပ်ာ့မိမွာစုိး၍ ဖတ္လတ္စစာအုပ္ကုိ ေတာက္ေလ်ွာက္ျကည့္ေနလုိက္သည္။

မ်က္ႏွာထားတင္းတင္းသူ႕အား စုိက္ျကည့္ေနတဲ႕ေကာင္ေလးက လက္ေလွ်ာ့သြား၍ က်န္ခဲ႕သည့္စာအုပ္ေလးကုိဆဲြယူ ေရးေနသည္။
အဆုိးေလးက သူေဒါသထြက္တာႏွင့္ တန္းျငိမ္သြားတာမုိ႕ ခုိးျပံဳးမိသည္။

စာရြက္ထက္ လက္ပုတုိေလးမ်ားေစရာအတုိင္း ေဘာပင္ေလး
ကတလႈပ္လႈပ္ျဖစ္ေနေသာ္လည္း ေက်ာျပင္ေလးက တုန္တက္လာသည္။ထုိ႕ျပင္ရႈိက္သံဟုထင္ရသည့္ အသံေသးေသးေလးက ထိန္းထားရင္းျကားမွ ထြက္လာသည့္ပုံ။

"ဟင့္……ဟင့္"

ထုိအသံက ဆက္တုိက္ထြက္လာ၍ မသကၤာလုိ႔ျကည့္လုိက္ေတာ့စာရြက္ေပၚ တစက္ျပီးတစက္ မ်က္ရည္ဥေလးမ်ား ျပိဳက်ေနသည္။

"ကေလး……"

ေကာင္ေလးအား ငုိေစေတာ့ဟု မရည္ရြယ္ခဲ႕တာမုိ႕ ပုခုံးထက္လက္ေလးတင္လုိက္ေတာ့ ေဒါသတရႈးရႈးထြက္၍ျဖဳတ္ခ်ပစ္သည္။မ်က္ရည္ေပါက္မ်ားက ပါးထက္မျဖတ္သန္းနုိင္ေတာ့ေအာင္ ေခါင္းငုံ႕စာေရးေနဆဲမုိ႕ မ်က္ခမ္းစပ္မွတုိက္ရုိက္ က်ေနျခင္းျဖစ္သည္။မဟုတ္ေသးဘူးေလ။ေကာင္းေစခ်င္လို႕ စာလုပ္ခုိင္းတာ ဒီေလာက္ထိငုိစရာမလုိဘူးေလ။ကင္နမ္ဂြ်န္းေတာ့ ကုိယ္နဲ႕မညီမမွ်ကေလးအရြယ္ကုိရည္းစားေတာ္ထားရမိ၍ ေခ်ာ့နုိင္မွေတာ္ခါက်ေတာ့မည္။

"ဟင့္ ဟင့္"

သူ႔ကုိရြဲ႕ခ်င္ေသာ ကေလးငယ္က မ်က္လုံးမပြင့္နုိင္ေအာင္ ရႈိက္တငင္ငင္ဆဲြငုိေနတာေတာင္ စာေရးေနေသာလက္ကပုိလုိ႕ျမန္လာေသးသည္။ဝမ္းနည္းစိတ္ေတြေပါက္ကဲြထြက္ကာငုိေန၍ ပုခုံးႏွစ္ဖက္မွကုိင္ကာ မ်က္ႏွာခ်င္းဆုိင္ျဖစ္ေအာင္ဆဲြလွည့္လုိက္သည္။

"ကေလး ကေလး…စိတ္ထိန္းစမ္း…ဘာေတြျဖစ္ေနတာလဲ…မငုိနဲ႕ေတာ့ တိတ္"

"ဖယ္…ဦးအတြက္စာသင္ခ်ိန္ေတြေလ်ာ့ကုန္မယ္ "

မနုိင္သည့္အားေပ်ာ့ေပ်ာ့ေလးႏွင့္ သူ႕လက္ေတြကုိဖယ္ရွားဖုိ႔ျကိဳးစားေနတဲ႕ကေလးငယ္အား ရင္ခြင္ထဲဆဲြထည့္လုိက္သည္။အစကေတာ့ ဟုိတြန္း ဒီတြန္း ႏွွင့္လက္မခံခ်င္ပဲရုန္းသည္။တုန္တုန္တက္လာတဲ႕ေက်ာျပင္ေလးကုိ ေျဖးေျဖးေလး သပ္ခ်ေပးေနေတာ့ ရင္ဘတ္ကုိမ်က္ႏွာအပ္၍ တအိအိငုိေနသည္။က်န္လက္တဖက္ႏွင့္ လြတ္ေနေသာရင္ဘတ္တေနရာကုိ ဆုတ္ခ်ည္ျပန္႔ခ်ည္ ျပဳေနသည္။သူ၏အေရွ႕တင္ဖခင္ ေအာ္ေငါက္ေနတာေတာင္ လ်ွာထုတ္ေျပာင္ျပနုိင္ေသးတာ။ေလသံမာလုိက္ရုံပဲရွိပါေသးတယ္။ေနာက္တခါ မလုပ္ရဲေတာ့ေအာင္စုေပါင္းငုိေနတာပဲျဖစ္မည္။

"ကေလး…ငုိတာေတာ္ပါေတာ့ကြာ…ဘာလုိ႕ဒီေလာက္ေတာင္ငုိရတာလဲ ဟမ္…"

"ဦးက ကြ်န္ေတာ့္ကုိအကပ္မွမခံတာ…ဦးခ်စ္သူလုိ႕သေဘာထားေသးရဲ႕လား အျမဲတမ္း စာမွစာ…က်ြန္ေတာ့္ကုိခ်စ္ေပးဖုိ႕ထက္ဦးတာဝန္ကအေရးျကီးေနတယ္မလား"

ငုိသံပါျကီးႏွင့္ကေလးငယ္ကသူ၏မေက်နပ္ခ်က္ေတြကုိ လက္သီးေလးႏွင့္ထု၍ ထုတ္ေဖာ္ျပေနသည္။

"ကေလးရယ္ မင္းတမ်ိဳးေတြထင္ေနျပီကြာ…မင္းကုိစာလုပ္ခုိင္းတာ မင္းအေဖေျကာင့္နဲ႕လစာေျကာင့္လုိ႕ထင္ေနလား…ကုိယ္က ကုိယ္ခ်စ္ရတဲ႔ကေလးကုိ ေတာ္ေစတတ္ေစခ်င္တာ ကုိယ့္ေမတၱာေတြပါ…ကုိယ္နဲ႕အခ်ိန္ေတြျဖဳန္းေနတာထက္ ဘာမွမလုပ္လုိက္ရပဲကုန္သြားတဲ႕စာသင္ခ်ိန္ေတြက ပုိႏွေမ်ာဖုိ႔ေကာင္းတယ္ေလ…"

စိတ္မရွည္သံပါသြားလွွ်င္ကေလးေလး ပုိငုိေနမည္စုိး၍နားထဲဝင္ေအာင္ ေသခ်ာေလးရွင္းျပေပးေတာ့ႏွာတရႈံ႕ရႈံ႕ျဖင့္ ေခါင္းေလးျပဴျကည့္ေနသည္။အသံေလးနည္းနည္းမာလုိက္တာကုိ မ်က္ႏွာတျပင္လုံး ရႊဲရႊဲစုိေအာင္ ငုိရတယ္လုိ႔။တကယ့္ကုိကေလးေပါက္စ။ရင္ဘတ္မွာလည္း မ်က္ရည္ေတြေရာ ႏွပ္ေတြေရာထြက္ထားတာ အကြက္လုိက္စုိျပီးအသားနဲ႕ကပ္ေနသည္။

"ဦး ကြ်န္ေတာ့္ကုိ ထပ္မေအာ္နဲ႕ေနာ္ ဦးစကားနားေထာင္ေစခ်င္ရင္ ကြ်န္ေတာ့္ကုိျပံဳးျပ…ဦးရဲ႕ပါးခ်ိဳင့္ေတြကကြ်န္ေတာ့္ကုိအရာရာဦးေဆာင္သြားတာ "

ပါးတျပင္ကမ်က္ရည္ေတြအား လက္နဲ႕ကေလးေလးလုိပြတ္သုတ္ထား၍ အရည္စုိေနေသာလက္ညိဳးေလးျဖင့္ ပါးခ်ိဳင့္ေနရာကုိ မွန္းထုိးလာသည္။အခုေလးတင္ခ်ံဳးပဲြခ်ငုိထားသည့္ရုပ္ကေလးက မ်က္ရည္မ်ားမေျပာင္ေသးတာေျကာင့္ အေသြးျကြေနေသာမ်က္ႏွာနုနုေလးကအေရာင္ေတာက္ေနသည္။

ကေလးငယ္အား ေက်နပ္သြားေအာင္ျပံဳးျပလုိက္ေတာ့ လက္ညိဳးေလးက ပါးခ်ိဳင့္ထဲ နစ္ဝင္သြားသည္။ဦးကုိခ်စ္လုိက္တာ ဟုဆုိေသးျပန္ကာ လည္ပင္းမွပါးထိတမြမြနမ္းေလသည္။

အမ်ိဳးမ်ိဳးတတ္နုိင္ေသာကေလးငယ္ ငုိေနစဥ္ အသည္းအသန္ေရးေနေသာ အရည္စက္မ်ားတြန္႕ေျခာက္ကုန္ေသာ စာအုပ္ေလးကုိယူျကည့္ေတာ့ 'ဦးကုိမုန္းတယ္'ကုိအထပ္ထပ္အခါခါ ေရးထားသည္။

အခုမုန္းလုိက္..အခုခ်စ္လုိက္နဲ႕ ဘယ္လုိကေလးေပါက္ေလးမွန္းကုိမသိဘူး။
.
.
ညေနတုိင္းစာသင္ရန္နမ္ဂြ်န္းေရာက္လာေတာ့အိမ္ေရွ႕တြင္ ကေလးကုိေက်ာင္းျကိဳတဲ႕ကားရပ္ထားတာေတြ႕၍ သူေနာက္က်မွန္းသိသြားခဲ႕သည္။

"ေအာ္…ဆရာKim…မလာေတာ့ဘူးလုိ႕ေတာင္ထင္ေနတာ"

"ဟုတ္ကဲ႕…အန္တီ…က်ေနာ္အလုပ္ျပန္တာေနာက္က်လုိ႕ …က…အာ jiminေရာ အေပၚေရာက္သြားျပီလား"

နႈတ္ကေယာင္ယမ္းထြက္ေတာ့မည့္အေခၚအေဝၚကုိ အမူအယာထိန္းကာအျမန္ျပင္ဆင္လုိက္ရသည္။အန္တီကေတာ့ နႈတ္ဖ်ားမွတုိးတုိးေလးထြက္သြား၍ မရိပ္မိသြားပါ။

"ခုနေလးတင္ျပန္ေရာက္တာ…ဆရာKim လုိက္သြားလုိက္ေလ…"

"ဟုတ္…"

အန္တီက ကေလးအေပၚစာကလဲြလွ်င္ က်န္သည့္ ကိစၥရပ္ေတြမွာ အခ်ဳပ္အခ်ယ္မ်ားမလုပ္ပါ။လြတ္လြတ္လပ္လပ္သာေနေစသည္။စာသင္ေနခ်ိန္လည္း guideကုိမယုံျကည္လုိ႕ အခန္းထဲဝင္လာအကဲခတ္တာမိိ်ဳးလည္းမရွိေပ။အဲ႕ဒါေျကာင့္ ကေလးက အရင္guideဆရာေတြေရွ႕ပုိဆုိးသြမ္းလုိ႕ေကာင္းသြားတာေပါ့။

ကေလးအခန္းေရွ႕အေရာက္ စြတ္စပ္ဝင္မသြားပဲ တံခါးေခါက္ေနေပမဲ႕ ေတာ္ေတာ္ျကာသည္ထိအထဲကအသံျပန္မျကားရပါ။ကေလးအထဲမွာတခုခုမ်ားျဖစ္ေနသလား ဟူေသာ စုိးရိမ္စိတ္ေျကာင့္ ႏွစ္ခါမေတြးပဲ လက္က တံခါးကုိဖြင့္ျပီးသားျဖစ္ေနခဲ႕သည္။အခန္းတြင္းသူ႕ေနရာသူအားလုံးက ပုံမွန္ျဖစ္ေနသည့္အျပင္ ေရသံတေတာက္ေတာက္အသံေလးပါျကားရမွ စိတ္ေအးမႈေျကာင့္ သက္ပ်င္းေလးခ်လုိက္ပါသည္။ကေလးအတြက္သူ႕ပါးခ်ိဳင့္ေတြက အားေဆးျဖစ္သလုိ park jiminဆုိတဲ႕ကေလးေလးကလည္း သူ႔အတြက္ စျကာဝ႒ာျကီးပါ။

ကေလးေရခ်ိဳးခန္းဝင္ေနစဥ္ အခ်ိန္လပ္တုန္းေလး အခန္းထဲ ေဝ႕ဝႈိက္၍ေသခ်ာေလးပတ္ျကည့္မိသည္။အိပ္ယာခင္း, ေခါင္းအုံးေတြက သုံးႏွစ္သားကေလးေလးေနသည့္အခန္းလုိ ကာတြန္းရုပ္ေလးမ်ားႏွင့္။ကုတင္ေဘးတြင္ မီးအိမ္ေလးတခုႏွင့္ ဓာတ္ပုံေဘာင္ေလးမ်ားေထာင္ထားသည္။လက္နဲ႕ယူမျကည့္မိေတာ့ပါ။မေတာ္တဆဆုိတာထက္သူ႕ကုိယ္သူ မယုံလုိ႕ကေလးပစၥည္းမ်ား တခုခုက်ိဳးပဲ႕ကုန္မွာစုိးရိမ္ရပါသည္။ထုိအစား ခါးကုန္း၍ အနီးကပ္ျကည့္လုိက္သည္။ကေလးက ငယ္ငယ္ကတည္းကပဲအေတာ္မ်ားတာကုိး။ေက်ာင္းက,ပဲြမွာ နႈတ္ခမ္းေလးဆူထြက္ျပီး မုိက္ေရွ႕မွာ သီခ်င္းဆုိေနပုံရသည္။ေတာ္ေတာ္ငယ္ေသးေပမဲ႕အခုအရြယ္ႏွင့္ တခါတေလ ဤလုိရုပ္ကေလးေပါက္ေနတုန္းပင္။

ေရသံမ်ားတိတ္က်သြားျပီးေရခ်ိဳးခန္းတံခါးဖြင့္သံျကား၍ အျပံဳးေလးနွင့္တဲြစပ္ လွည့္ျကည့္လုိက္ေတာ့ bathrobeနဲ႕ကေလးက သူ႕ကုိျမင္ျပီး တုန္႕ခနဲလန္႔သြားသည္။

"ဦး…ဘယ္ခ်ိန္ကေရာက္ေနတာလဲ"

"မျကာေသးပါဘူး…ကေလးဓာတ္ပုံေတြျကည့္ေနတာ …အခုလုိပဲေနာ္ ဘာမွမေျပာင္းဘူး"

လူျကီးက ဓာတ္ပုံေတြဆီအျကည့္ျပန္ေရာက္ျပီး ဘယ္ခ်ိန္မဆုိ ရင္ထဲလႈပ္ခတ္နုိင္ေစတဲ႕ အျပံဳးေလးႏွင့္ စကားမ်ားဆက္တုိက္ေျပာေနသည္။ ဂ်ီမင္မွာခႏၶာေပၚbathrobeေလးသာရွိေသာေျကာင့္စိတ္မလုံသလုိခံစားလာရသည္။အက်ၤီယူျပီးေရခ်ိဳးခန္းထဲျပန္ဝင္လဲဖုိ႕က်ျပန္ေတာ့ ေရပန္းနဲ႕ဖြင့္ခ်ိဳးခဲ႕၍ အခင္းေတြေရေတြစုိေနလုိ႕ မလဲတတ္ေပ။

"ဒါေလးေရာပဲ…ခ်စ္စရာေလး…ႏြားရုပ္အက်ၤီေလးနဲ႕ ဗုိက္ကေလးကုိပူေနေရာ…ကေလးငယ္ငယ္ကလူျကီးေတြေတာ္ေတာ္ခ်စ္ျကမွာ အမယ္ mickey mouseေလးက,ေနေသးတယ္…ကုိယ္နဲ႕လက္ထပ္ျပီးရင္ ကေလးနဲ႕တူတဲ႕သမီးေလးတေယာက္ေမြးေပး သိလား"

ကုတင္တဖက္ျခမ္းကလူျကီးက ေနာက္ဆုံး 'သိလား'ဆုိေသာေနရာတြင္ သူ႕ဆီမခ်ိျပံဳးေလးႏွင့္ေစာင္းျကည့္၍ေျပာသည္။လူျကီးမွာသူနဲ႕လက္ထပ္ခ်စ္တဲ႕စိတ္ရွိတာကုိသိလုိက္ရ၍ ေပ်ာ္မိပါသည္။သုိ႕ေပမဲ႕ သမီးေလးေမြးေပး လုိ႕ေျပာတာကေတာ့ အေပၚယံေလးေတြးျကည့္မိတာေတာင္ ရွက္ရသည္။

မ်က္လုံးမ်ားကေရာက္တတ္ရာရာျကည့္ေနမိျပီး ေနရာမေရြ႕ပဲစကားသံမထြက္တဲ႕သူ႕ဆီ လူျကီးက ေလ်ွာက္လာေလသည္။

"ကေလး ဘာျဖစ္ေနတာ ကုိယ့္ကုိစကားလည္းမေျပာဘူး"

"ဟင့္အင္း…ဘာမွမျဖစ္ဘူး"

ဘာမွမျဖစ္ဘူးလုိ႔ေျပာေနတဲ႕ကေလးကပါးႏွစ္ဖက္ေသြးေျကာနီေလးမ်ားျဖာ၍ ရွက္ေနတယ္ဆုိတာ နမ္ဂြ်န္း သတိထားမိပါသည္။လက္ေခ်ာင္းရဲရဲေလးေတြက အခ်င္းခ်င္းဆုပ္လုိက္က်စ္လုိက္ႏွင့္ သူ႕ကုိမျကည့္ေပ။ပုခုံးႏွစ္ဖက္အား ျငင္သာစြာ လွည့္ေစတာေတာင္ မ်က္ႏွာတဖက္လႊဲထားသည္။ကေလးက သူ႕နဲ႕အနီးနားရွိေနရင္ ေသးေကြးတာ ပုိသိသာသည္။သူနဲ႕ယွဥ္ရင္ ခႏၶာ အစိတ္အပုိင္းေတြအားလုံးက ေသးေသးေလးေတြ။

"ကေလး…ကုိယ့္ကုိျကည့္ပါဦး"

ေမးဖ်ားေလးမွကုိင္ေမာ့ကာ ေျပာလုိက္ေတာ့ ေဘးသုိ႕ပုိ႕ထားတဲ႕မ်က္လုံးေလးေတြက ေႏွးေကြးစြာသူ႕မ်က္ႏွာထက္ရာက္လာသည္။

"ဦး…ကြ်န္ေတာ့္ကုိဘယ္ေတာ့လက္ထပ္မွာလဲ"

"ဘာလဲ ကုိယ့္အတြက္သမီးေလးေမြးေပးခ်င္ေနျပီလား"

အတည္ေပါက္နဲ႕ေနာက္လုိက္ေတာ့ ခ်စ္စရာဖူးျကြျကြမ်က္ႏွာေလးကျပံဳးတုံးတုံးေလးျဖစ္သြားျပီးရင္ဘတ္ကုိ လက္သီးေလးနဲ႕ထုသည္။

"ဟာ ဦးကလည္း…ျဖစ္ခ်င္တာေတြေလ်ွာက္ေျပာေနတယ္ ကြ်န္ေတာ္က ဦးနဲ႕ စာသင္ခ်ိန္မွာပဲေတြ႕ရတာကုိမလုိခ်င္ေတာ့ဘူး ဦးနဲ႕တပူးပူးတကပ္ကပ္အျမဲေနခ်င္တာ "

ကေလးက သူရဲ႕ပင္တုိင္ခုိအာလာေလးလုပ္ခ်င္တာသူသိတာေပ့ါ။

"ကုိယ္တုိ႔အေျခအေနကမလြယ္ကူမွန္းကေလးသိတယ္မလား…"

သူတုိ႕ႏွစ္ေယာက္ကဆရာနဲ႕တပည့္ ဆက္ဆံေရးကုိ အျပီးျပတ္နႈတ္ထြက္လုိ႕မရေသးတာကေလးနားလည္ေနပုံရသည္။

"ကြ်န္ေတာ္သိပါတယ္…ဒါေပမဲ႕ တခ်ိန္ခ်ိန္မွာေတာ့ကြ်န္ေတာ္တုိ႕ေတြ ဖြင့္ေျပာလုိက္သင့္တယ္"

"အဲ႕ဒါေတြကေလးေခါင္းထဲမထည့္နဲ႕ဦး … ကုိယ္ကပဲစဥ္းစားမယ္ အခုကေလးက ကေလးမိဘေတြျဖစ္ေစခ်င္တဲ႕အတုိင္း အထက္တန္းေအာင္ျပီးတကၠသုိလ္ေကာင္းေကာင္းတတ္နုိင္ဖုိ႕ျကိဳးစား"

"ဟုတ္……"

သူ႕စကားတခြန္းဆုိတခြန္း..စဲြစဲြျမဲျမဲမွတ္တတ္လာသည့္ကေလးငယ္က လိမ္မာစြာေခါင္းေလးျငိမ့္သည္။

bathrobeေလးႏွင့္လည္းတမ်ိဳးခ်စ္စရာေကာင္းေန၍ မ်က္တခတ္အတြင္း ေပြ႕ခ်ီလုိက္ေတာ့ မ်က္လုံးေလးျပဴးထြက္လာသည္။

"ဦး ဘာလုပ္တာလဲ"

ဘာမွမေျပာေသးပဲ ကုတင္ေပၚအသာေလးခ်ေပးလုိက္၍ ကေလးငယ္၏အလန္႕တျကားစုိးရိမ္စိတ္ေတြေလ်ာ့သြားသည္။ေခါင္းအုံးထူထူႏွစ္ခုထပ္ထား၍ေက်ာမွီစရာရသြားေသာကေဘးငယ္ေဘး တင္တေစာင္းလႊဲထုိင္လုိက္သည္။

"ကေလး …ကုိယ္ကေလးကုိနမ္းခ်င္တယ္"

လူျကီး၏လုပ္ရပ္ေတြကုိနားမလည္ျဖစ္ရင္းမွစကားအခံမပါ။ရုတ္တရက္ အခြင့္ဆုိလာ၍ ရႊန္းရႊန္းစားစား အျကည့္ေတြျကား ေခါင္းေလးပဲျငိမ့္ျပခဲ႕သည္။
လူျကီးသည္ သူ႕ကုိယ္လုံးကုိေက်ာ္၍ လက္တဖက္ေထာက္ထားတာေျကာင့္ ရင္ဘတ္က်ယ္ျကီးေအာက္သူ႕မ်က္ႏွာက ပုန္းကြယ္ေနခဲ႕သည္။ေခါင္းကုိအေရွ႕ ခပ္ေႏွးေႏွးတုိးလာသည့္လူျကီး၏အျကည့္ေတြက သူ႕ႏႈတ္ခမ္းကုိ ပစ္မွတ္တည္ထားသည္။ေတာ္ဝင္မင္းသားတပါးကဲ႕သုိ႕ ခန္႕ညားထည္ဝါသည့္မ်က္ႏွာ ေခ်ာေခ်ာက အနားကပ္မွန္းမသိကပ္ လာျပီး နႈတ္ခမ္းကုိအမိဖမ္းထား၍ ရင္ဖုိလႈိက္ေမာစြာ လူျကီးရင္ဘတ္ကုိ လွမ္းကုတ္မိသည္။လူျကီးဟာ ေအာက္နႈတ္ခမ္းကုိ တလႊာခ်င္းစုပ္ယူေနသည္။ထူလ်ားေသာ နႈတ္ခမ္းေတြေျကာင့္ လူျကီးအနမ္းေတြကပုိထိမိေနသည္။အလုိက္သင့္ေနရင္းကြ်န္ေတာ္အနည္းငယ္တုန္႔ျပန္႔လုိက္ေတာ့လူျကီး၏စုပ္ယူမႈက ျမန္ဆန္လာသည္။အဆမတန္ခုန္ေပါက္ေနေသာႏွလုံးသားေျကာင့္လူျကီးရင္ဘတ္ကအက်ၤီသားအား ဆုပ္ေခ်မိသည္။ကြ်န္ေတာ့္ဘက္ကပါးႏွင့္ႏႈတ္ခမ္းသာမန္ကာလ်ွံကာ ဆုိရုံေလာက္သာ အျကင္နာေပးဖူးျပီး လူျကီးဆီက အခ်ိန္ျကာျကာအနမ္းခံဖူးတာ ပထမဆုံးပင္။
ဖြဖြေလးေစ့ထားေသာသြားႏွစ္တန္းျကားထဲ လူျကီး၏ ေပ်ာ့ေပ်ာ့ရွည္ရွည္ လ်ွာကမရမကဝင္လာသည္။

"ဒုန္း! မင္းတုိ႕ေတြဘာလုပ္ေနျကတာလဲ!!"

အားမာန္အျပည့္နဲ႕ေအာ္သံတခုေျကာင့္ နမ္ဂြ်န္းေရာဂ်ီမင္ေရာ ႏွလုံးခုန္မ်ားရပ္သြားေတာ့မတတ္ ထိတ္လန္႕သြားရသည္။

"ap…appa…"

ႏွစ္ဦးသားအနမ္းႏြံထဲ နစ္ေမ်ာေနခ်ိန္မုိ႕ သူခုိးလူမိသလုိျဖစ္သြားတာေျကာင့္ ဂ်ီမင္မွာ မီးဝင္းဝင္းေတာက္ေနေသာဖခင္ကုိအေျကာက္လြန္၍ နမ္ဂြ်န္းအက်ၤီကုိအေသကုတ္ထားသည္။ဂ်ီမင္အေဖႏွင့္အေမသည္ ကုတင္ေပၚမုိးမျမင္ေလမျမင္နမ္းေနျကတာမုိ႕လြန္စြာစိတ္ဆုိးေနျကသည္။

ဂ်ီမင္အေဖဟာ စိတ္ဆုိးမာန္ဆုိးနဲ႕ေလ်ွာက္လာျပီး နမ္ဂြ်န္းအားမ်က္ႏွာတဖက္သုိ႕ပိတ္လႊဲထုိးသည္။သန္မာေသာေယာက်္ားတေယာက္၏အား ျဖစ္ေန၍အထုိးခံရေသာနမ္ဂြ်န္းဟာ ဂ်ီမင္ကုိဖက္ထားတဲ႕လက္ေတြေလ်ာ့သြားခဲ႕သည္။

"appa…ဦးကုိမထုိးပါနဲ႕…သားေတာင္းပန္ပါတယ္…သားအမွားေျကာင့္ပါ"

"မင္းပါးစပ္ပိတ္ထားစမ္းPark jimin!! "

ဂ်ီမင္မွာတုန္ယင္ေနေသာအသံျဖင့္ခ်စ္ေသာသူ အားဖခင္ကထပ္ထုိးမည္ရြယ္ေန၍ လက္ကုိခ်ဳပ္တားေသာ္လည္း တြန္းျဖဳတ္ခ်လုိက္တာေျကာင့္ ကုတင္ေပၚပစ္လဲက်သြားသည္။

တေန႕ဒီအျဖစ္ကုိေရာက္မယ္မွန္းသိရက္နဲ႕အခ်စ္ကုိမေရွာင္လႊဲနုိင္ပဲဇြတ္တုိးခဲ႕မိတဲ႕နမ္ဂြ်န္းဟာ ျကမ္းျပင္ေပၚလဲက်သည္ထိဂ်ီမင္အေဖထုိးသမ်ွ လွိမ့္ခံေနသည္။မ်က္ႏွာတျပင္လုံး အရုိးေတြေျကေအာင္ အထုိးခံေနရေသာ္လည္း သူမမႈပါ။တပည့္တေယာက္ကုိ စည္းေတြေဘာင္ေတြေက်ာ္လြန္ျပီးခ်စ္ခဲ႕မွေတာ့ ရလဒ္ကုိလည္စင္းခံနုိင္ရမွာေပါ့။ဦးေလးနဲ႕အန္တီေရွ႕ျဖဴစင္စြာလိမ္ညာထားခဲ႕တဲ႕အျပစ္အတြက္ခံရတာပဲ။ အေျကြးတင္စရာမရွိေတာ့ဘူးလုိ႔သေဘာထားရင္ရပါတယ္။

"အဆင့္မရွိတဲ႔ေကာင္…$ရွက္မရွိတဲ႕ေကာင္…မင္းကုိယုံစားျပီးငါ့သားကုိအပ္ခဲ႕တာကြ!မင္းအတြက္တနွာရူးဖုိ႕မဟုတ္ဘူး ဆရာတေယာက္ျဖစ္ျပီး တပည့္ကုိကုတင္ေပၚထိက်ဴးေက်ာ္ရဲတာ မင္းမွာသိကၡာနည္းနည္းေလးမွမရွိဘူးလား…မင္းကုိငါသံသယဝင္ေနလုိ႕ အခုအမိဖမ္းလုိက္တာဘယ္ခ်ိန္ထဲကငါ့သားကုိဖ်ားေယာင္းေနခဲ႕တာလဲ ဟမ္! "

"appa…appa…ေတာ္ပါေတာ့…ဦးကုိနာက်င္ေအာင္မလုပ္ပါနဲ႕…သားေတာင္းပန္ပါတယ္…သားဘက္ကဦးကုိစခ်စ္ခဲ႕တာမလုိ႕ …ထုိးခ်င္ရင္သားကုိပဲထုိးပါ"

ဂ်ီမင္ဟာ မိခင္ျဖစ္သူလက္ထဲမွရုန္းထြက္ျပီး  နမ္ဂြ်န္း၏ေကာ္လံမွ မ,ကာထပ္ထုိးရန္အဆင္သင့္ျဖစ္ေနေသာဖခင္ျကားဝင္တားသည္။ နမ္ဂြ်န္း၏မ်က္ႏွာကုိသူ႕ရင္ဘတ္ႏွင့္ ကြယ္ထားျပီး မ်က္ႏွာကုိသူ႕အေဖထုိးရန္ ေမာ့ေပးထားသည္။စတင္စည္းေဖာက္ခဲ႕တာသူ႕ဘက္ကမလုိ႕ တေယာက္တည္းျပစ္ဒဏ္ခံေနရသည့္ အကဲြအျပဲဒဏ္ရာေတြနဲ႕လူျကီးကုိရင္ခြင္ေသးေသးေလးထဲထည့္ကာက်စ္က်စ္ပါေအာင္ဖက္ထားသည္။
မ်က္ဝန္းအိမ္မွမ်က္ရည္ျကည္မ်ားျပိဳဆင္းလာေသာ္လည္း ဖခင္ဆီက ခ်စ္ရသူအစား အထုိးခံဖုိ႔ ေျကာက္ရြံျခင္းမ်ားမရွိေပ။

"Park jimin!မင္း$ရူးမထနဲ႕ ဖယ္လုိက္စမ္း…သတိၱေျကာင္တဲ႕ေကာင္ ငါ့သားအကာအကြယ္နဲ႕မင္းလဲမေနနဲ႕…ငါေပးတဲ႕လစာေတြယူျပီးသစၥာမရွိတဲ႕မင္းကုိ ငါအေသသတ္ပစ္မွာ"

"appa!!သားေတာင္းပန္ပါတယ္!ဦးေျကာင့္မဟုတ္ပါဘူး…ဦးေျကာင့္မဟုတ္ဘူး သားဘက္ကစမွားခဲ႔တာပါ ဦးကုိအဲ႕လုိစကားေတြမေျပာပါနဲ႕ "

မိမိေျကာင့္ အျပစ္မရွိတဲ႕ ဦး…အသေရပ်က္ေစေသာစကားလုံးမ်ားႏွင့္သိကၡာေတြေျမျကီးထဲထိထုိးဝင္ေအာင္ ႏွစ္ျပားမတန္ေျပာဆုိေနေသာဖခင္အား ငုိစြတ္သံႏွင့္ဟစ္ေအာ္မိေတာ့သည္။

သားတေယာက္လုံးက အငုိႏွင့္အယုိ အလယ္မွပိတ္ပင္ေန၍ ဂ်ီမင္အေဖမွာ ေဒါသကုိ ျပန္ထိန္းခ်ဳပ္ေနရသည္။

နမ္ဂြ်န္းဟာ ဂ်ီမင္က ကာကြယ္ေပးေနရ၍ သူ႕ကုိယ္သူ သတိၱေျကာင္သူဟုခံစားလာရသည္။ကေလးရဲ႕ငုိသံေတြက ေပ်ာ့ည့ံသူအျဖစ္တြန္းပုိ႕ေနခဲ႕ေတာ့ကေလးအဖက္ခံထားရာမွ ထြက္၍ မတ္တပ္ရပ္လုိက္သည္။

"ကြ်န္ေတာ္ ဦးေလးတုိ႔ကုိလိမ္ခဲ႕တယ္…ကြ်န္ေတာ္jiminကုိခ်စ္မိလုိ႕ ကြ်န္ေတာ္ထိန္းမထားနုိင္"

"မင္းအခုခ်က္ခ်င္းငါ့အိမ္ထဲကထြက္သြား!"

"ဦးေလး…ကြ်န္ေတာ္jiminကုိျမတ္ျမတ္နုိးနုိးခ်စ္တာ ကြ်န္ေတာ့္အခ်စ္ေျကာင့္သူ႕ဘဝမနစ္မြန္းေစရဘူး ကြ်န္ေတာ္ကတိေပးတယ္ "

"မင္းဒီလိုပဲကတိေပးျပီး ငါ့သားကုိမင္းကုတင္ေပၚတင္ခဲ႕တာေလ…မင္းကုိငါဘယ္လုိယုံျကည္ရေတာ့မလဲ ငါ့သားကအခုမွကေလးပဲရွိေသးတာ မင္းကမတူမတန္ေမ်ွာ္မွန္းေနတာလား ထြက္သြားစမ္းကြာ!ငါ့အိမ္ကုိေနာက္တသက္လုံးမလာနဲ႕!မင္းနဲ႕ငါ့သားပတ္သတ္ခဲ႕တာေတြေမ့လုိက္"

ဂ်ီမင္သည္ဒဏ္ရာမ်ားျကား သိမ္ငယ္ေနေသာ မ်က္ႏွာေလးကုိေမာ့ျကည့္ရင္း ေခါင္းတြင္တြင္ခါ၍ နမ္ဂြ်န္းလက္ေမာင္းကုိ ကုတ္ဖက္ထားသည္။

"ဟင့္အင္း…ဦးကုိသားခ်စ္တယ္…ဦးေျကာင့္သားေျပာင္းလဲလာတာ ဦးကုိမလာခုိင္းပဲေတာ့မေနပါနဲ႕appaရယ္…appaတုိ႕မျကိဳက္ရင္ သားဦးကုိမခ်စ္ေတာ့ဘူး ဒါေပမဲ႕ ဦးနဲ႕စာေလးေတာ့သင္ခြင့္ေပးပါေနာ္…ဦးနဲ႕ရုိးရုိးသားသားပဲျပန္ေနပါ့မယ္…"

မ်က္ရည္တသြင္သြင္စီးက်ရင္း လက္အုပ္ခ်ီ၍
အသနားခံ ေတာင္းပန္ေနေသာကေလးငယ္၏စကားမ်ားကုိ
နမ္ဂြ်န္းလက္မခံနုိင္ပါ။ပြတ္ေခ်ေနေသာလက္ဖဝါးႏွစ္ဖက္အား ဆဲြယူျပီး သူ႕မ်က္ႏွာကုိတည့္တည့္ျကည့္ေစလုိက္သည္။ကေလးငယ္ကေတာ့ သူ႔မ်က္ႏွာေပၚက အဖူးအေရာင္ ဒဏ္ရာေတြကုိျကည့္ျပီးပုိလုိ႕ငုိလာေသးသည္။

"ကေလး…ကုိယ့္ကုိျကည့္…ကုိယ့္အတြက္ကေလးရဲ႕အခ်စ္ပဲလုိတာ…အခုအတုိင္းဆက္ခ်စ္ေနေပး…ဘာေျကာင့္နဲ႕မွကုိယ့္ကုိေပးမဲ႕အခ်စ္ေတြမစြန္႕ပစ္ေစရဘူး…ကုိယ္မျကာခင္ ကေလးဆီျပန္လာခဲ႕မယ္"

နမ္ဂြ်န္းဟာ  ေခါင္းငုံ႕ခံေနရသည့္အေျခအေနမ်ိဳးႏွင့္ သေဘာတူေအာင္ မေတာင္းခံခ်င္၍ တိက်ျပတ္သားေသာ စကားကုိ အျပံဳးေလးတခုႏွင့္ေျပာကာ ေအးေဆးစြာ ဂ်ီမင္အားေက်ာခုိင္းခဲ႕သည္။
ထားရစ္ခဲ႕တဲ႕ဦးကနည္းနည္းေလးေတာင္မေတြေဝခဲ႕ဘူး။ေနာက္ဆုံးျပံဳးျပသြားတဲ႕အျပံဳး။ေသခ်ာေပါက္သူ႕ဆီျပန္လာပါ့မယ္လုိ႕ ကတိျပံဳးေလးတခု ခ်န္ထားခဲ႕တာ။ဦးကုိယုံျကည္တာမလုိ႕အခ်စ္မပ်က္ပဲေမ်ွာ္ေနမယ္။အျကာျကီးလြမ္းရေအာင္ေတာ့မလုပ္ပါနဲ႕။ဦးအျပံဳးေတြ မျမင္တာျကာရင္ ေလာကျကီးကုိစိတ္ကုန္မိသြားလိမ့္မယ္။

ေနာက္ရက္ေတြထိ appaဟာ ကြ်န္ေတာ့္ကုိ စိတ္ဆုိးမေျပေသးပဲစကားမေျပာပါ။နားလည္ေပးတဲ႕ommaကေတာ့ ကြ်န္ေတာ္ငုိတုိင္းမုန္႕ေတြေကြ်းကာ ေခ်ာ့ရွာသည္။အသစ္ေခၚေပးထားတဲ႕guideဆရာမက appaမိတ္ေဆြထဲကမလုိ႕ စာနည္းနည္းေလးမလုပ္မိတာႏွင့္ appaကုိတုိင္သည္။အစတည္းကဥာဏ္ကအေတာ္အသင့္ေလာက္ပဲရွိလုိ႕လူျကီးလုိ စိတ္မရွည္တတ္သည့္အျပင္ စာမရ ရင္appaအတြက္ပါေရာေပါင္းျပီး ဆူသည္။လူျကီးက ဖုန္းနံပါတ္တုိ႕ အိမ္လိပ္စာတုိ႕ ေရေရရာရာေျပာမျပထားတာေျကာင့္ တျဖည္းျဖည္းအားငယ္စိတ္ေတြ ေသာင္ထြန္းလာသည္။

ကြ်န္ေတာ္ဟာ လူျကီးျပန္လာခ်ိန္တြင္ စိတ္မပ်က္သြားရေအာင္ ကုိယ့္ကုိကုိယ္အေလလုိက္မခံပါ။လူျကီးျဖစ္ေစခ်င္သလုိ စာပုိျကိဳးစားမွ လူျကီးျမန္ျမန္ေရာက္လာမယ္ဆုိတဲ႕စိတ္ေမြးျပီး အသိတရားေလးထားကာ အထက္တန္းကုိ ေလွ်ာေလ်ွာရႈရႈေျဖနုိင္ခဲ႕သည္။ထုိအခါမွappaက အေခၚအေျပာေလးလုပ္လာသည္။လူျကီးကုိ ေမ့မျပစ္နုိင္ေသးတာေျကာင့္လည္း လုံးဝမျကည္ျဖဴေသးတာပင္။

အထက္တန္းျပီးလ်ွင္ ကြ်န္ေတာ္တက္ခ်င္တဲ႕တကၠသုိလ္တက္မွာလုိ႕ရာဇသံျကိဳေပးထားတာေျကာင့္ ကုိယ့္စိတ္ျကိဳက္သူငယ္ခ်င္းေတြနဲ႕ တုိင္ပင္ေနတုန္းရွိသည္။
.
.

အခန္းထဲမွမုန္႕ယူဖုိ႕ေအာက္ကုိဆင္းလာရင္း အိမ္ျပန္ေနာက္က်တဲ႕appaကုိ ommaကထမင္းခူးေကြ်းေနသည္။appaကမ်က္ႏွာမေကာင္းသည္မွာ ရွားသည္မုိ႕ommaနဲ႕ဘာေတြေျပာေနလဲသိခ်င္၍ ဝင္မသြားပဲ ခုိးနားေထာင္ေနမိသည္။

"ဒါဆုိရွင္ဘယ္လုိလုပ္မွာလဲ…ရွင္ကဥကၠ႒ဆုိေတာ့ ရွင္ပဲတာဝန္ယူေျဖရွင္းေပးရမွာေလ"

"companyအက်ိဳးအျမတ္မ်ားေနခ်ိန္တုန္းကကပ္ဖားယက္ဖား လုပ္ေနျပီး အခုပစၥည္းအရည္အေသြးေျကာင့္ အရႈံးေပၚခါနီးက်ေတာ့အကုန္ရွယ္ယာေတြထုတ္ကုန္ျကတယ္ ေတာက္ခ္!!သစၥာမရွိတဲ႕ေကာင္ေတြ"

"ရွင္အဲ႕လုိေဒါသေတြအျမဲထြက္ေနလုိ႕မျဖစ္ဘူူးေလ…ပစၥည္းအရည္အေသြးကုိျပန္စစ္ျကည့္ရမွာေပါ့ "

"အရည္အေသြးျပန္စစ္လည္းဘာထူးေတာ့မွာလဲ…စက္ရုံမွာလည္ပတ္ဖုိ႔ေငြကမေလာက္ေတာ့ဘူး "

ommaကစိတ္ျငိမ္စြာစဥ္းစားေပးေနသေလာက္ ေဒါသထြက္ျပီးထမင္းပင္ေျဖာင့္ေအာင္မစားနုိင္ေသာappaတုိ႔ကုိ ျကည့္ျပီးဂ်ီမင္ သူ႔ကုိယ္သူ အသုံးမက်တဲ႔သားတေယာက္ျဖစ္ေနမွန္းသိခဲ႕ရျပီ။ကုိယ္လုပ္ခ်င္တာသာ ဇြတ္တရြတ္လုပ္ေနျပီး appaနဲ႕ommaကုိ စိတ္ညစ္စရာေတြသာေပးခဲ႕သည္။စီးပြားေရးအတြက္appaရွိေနတာပဲဟု လြယ္လြယ္ေလးေတြးထားခဲ႕ေတာ့ အခုလုိ တိတ္တိတ္ေလးနားမေထာင္ျဖစ္ခဲ႕ရင္ companyအေျကာင္းလည္းဘာတခုမွသိမွာမဟုတ္ဘူး။

ကူညီနုိင္တာရွိလားလုိ႕ေမးရေအာင္ကလည္းအထက္တန္းေအာင္ခါစေက်ာင္းသားတေယာက္က အားတင္းထားဆုိတာကလဲြရင္ဘာမွမလုပ္ေပးနုိင္လုိ႕ အိမ္ေပၚေလးပင္စြာတက္ခဲ႕သည္။အခုခိ်န္လူျကီးလည္းသူ႕ကုိေမ့ေနေလာက္ျပီလား။

"ရွင္သိလား အခုခိ်န္မွာcomapnyနဲ႕လက္တဲြဖုိ႕ရင္းႏွီးျမွဳပ္ႏွံသူေတြကုိဖိတ္ေခၚရမွာ…ဒါကလုပ္ျကံတဲ႕အမွားမလုိ႔ လုပ္ငန္းရွင္ေတြယုံျကည္ေအာင္လုပ္ဖုိ႕ဆုိတာမခက္ပါဘူး"

"ရင္းႏွီးျမွဳပ္ႏွံသူ??အာ… companyအေျကာင္းသိေနသူလားမသိဘူး ရွယ္ယာဝင္ဖုိ႕ကမ္းလွမ္းထားတာတေယာက္ေတာ့ရွိတယ္ ဒါေပမဲ႕သူကအမ်ားဆုံးလုိခ်င္တာ ဥကၠ႒ထက္ပုိမ်ားေနရင္ေတာ့ ငါကဘာကိစၥရွိေနရေတာ့မွာ အဲ႕ဒီသူက အပုိင္စီးသြားေတာ့မွာေပါ့"

"ဒါေပမဲ႕ ရွင့္ကုိဖယ္ထုတ္လုိက္တာမွမဟုတ္တာ…လုိအပ္ေနခ်ိန္မွာ ဒါကရွင့္အတြက္ ဘုရားသခင္က အကူအညီေပးမဲ႕သူလႊတ္လုိက္တာပဲ companyေဒဝါလီခံသြားရတာထက္စာရင္ ရွင့္ရွယ္ယာတည္တည္တ့ံတံ့ရွိေနေတာ့ေကာင္းတာေပါ့ ဘာျဖစ္ျဖစ္ျကိဳဆုိျကည့္တာမမွားဘူးမလား"

ဇနီးသည္၏စကားေတြက အေထာက္အကူျဖစ္ေန၍ ဂ်ီမင့္အေဖသည္ ေဒါသေလွ်ာ့. စဥ္းစားေနကာ အိတ္ကပ္ထဲကဖုန္းေလးနဲ႕လိပ္စာကတ္ေလးကုိထုတ္လုိက္သည္။

"hello…Monster King companyကဥကၠ႒ဟုတ္ပါရဲ႕လား ……အာ……ရုံးခန္းျဖစ္ျဖစ္ဆုိင္တဆုိင္ျဖစ္ျဖစ္မွာေတြ႕ရင္ရပါတယ္အိမ္ထိလာစရာမလုိဘူးထင္တယ္…ဒါနဲ႕ဥကၠ႒ေသခ်ာရဲ႕လား ဘာလုိ႕နာမည္အျပည့္အစုံေရးမထားတာလဲမသိဘူး…အေရးမပါတာကုိေျပာတာမဟုတ္ပါဘူး…ေနာက္ဆုံးလက္က်န္ျဖစ္ရင္ေတာင္ေရစုန္ေမ်ာမခံနုိင္လုိ႕ ေသခ်ာေစခ်င္လုိ႕ပါ ……သိေနတယ္ဆုိရင္လည္းေတြ႕ျကတာေပါ့ "

ေယာက်ာ္းျဖစ္သူမွာ မာနမေလ်ွာ့တဲ႕သူမုိ႕ တဖက္လူနဲ႕ စကားေျပာရာတြင္ မာေက်ာေန၍ မိန္းမျဖစ္သူ ကစုိးရိမ္တျကီးႏွင့္ႏွစ္ဦးႏွစ္ဖက္ေျပလည္ေစဖုိ႕ ေတြးပူေနရသည္။ဖုန္းခ်လုိက္သည့္ေယာက်ာ္းက ရွယ္ယာရွင္အေတာ္အမ်ားနႈတ္ထြက္ကုန္၍စိတ္ ရႈပ္ေနေလသည္။

"ဘာတဲ႕လဲေယာက်္ား ေတြ႔ျကည့္ဖုိ႔အဆင္ေျပရဲ႕လား"

"အလိမ္အညာမျဖစ္ဖုိ႕ဆုေတာင္းရမွာပဲ…နာမည္လည္းအတိအက်မသိရ …ေသခ်ာေတာ့စုံစမ္းျကည့္မွျဖစ္မယ္…ထူးဆန္းေနတယ္ အက်ိဳးအျမတ္ရဖုိ႕အခြင့္နည္းတဲ႕အရႈံးေပၚေတာ့မဲ႕companyကုိဘာလုိ႕ ရင္းႏွီးေငြ ထည့္တာျဖစ္မလဲ"
.
.
ဂ်ီမင္တေယာက္ အိမ္နားတြင္သူငယ္ခ်င္းမ်ားနဲ႕လမ္းခဲြျပီး ျခံထဲဝင္လာေတာ့ အိမ္တြင္ရွိသည့္ကားႏွစ္စီးအျပင္ ကားတစီးရပ္ထားတာေတြ႕သည္။အိမ္ကုိမိဘႏွစ္ပါးႏွင့္သက္ဆုိင္သည့္ဧည့္သည္တေယာက္ေယာက္ ေရာက္ေနတာပဲျဖစ္လိမ့္မည္ဟုေတြး၍ အိမ္ထဲတုိးတုိးသက္သာဝင္ခဲ႕သည္။

ဧည့္ခန္းကုိျဖတ္အေလွ်ာက္ sofaထက္က appaနဲ႕ommaတုိ႔၏မ်က္ႏွာဟာ ကြ်န္ေတာ့္ဝင္လာတာျမင္ေတာ့ထိန္းမရေအာင္ပ်က္သြားခဲ႕သည္။ေရွ႕ကမွန္စားပဲြခုံေပၚတြင္ စာခ်ဳပ္ခ်ဳပ္သည့္စာရြက္မ်ားနဲ႕တံဆိပ္တုံးမ်ားရွိသည္။ဧည့္သည္ဟုထင္ရသည့္လူက ေက်ာေပးထားတာေျကာင့္ ထုိင္ခုံကေက်ာမွီဟာ ျမင့္ေနေတာ့ ေခါင္းအေပၚတဝက္နဲ႕လက္ရန္းေပၚတင္ထားသည့္လက္သာျမင္ရသည္။

မဟုတ္မွလဲြေရာ…ကုန္ပစၥည္းအရည္အေသြးနိမ့္လုိ႕နာမည္ပ်က္ေနတဲ႔appa companyက ဖ်က္သိမ္းလုိက္ရျပီလား။အျမတ္မရတဲ႕အျပင္ သူတုိ႕အိမ္ေတြကားေတြပါ အေပါင္ထားလုိက္ရျပီလား။

"appa……"

သနားစရာဘဝပ်က္သြားတဲ႕ဖခင္အား ေျကကဲြဖြယ္ေခၚလုိက္ေတာ့ ေက်ာေပးထားတဲ႕လူကုိထုိး၍တခြန္း
တည္းေျပာတဲ႕စကား ျကားျပီးဂ်ီမင္ ဆံပင္ေမႊးမ်ားေထာင္လာသည္။

"jimin…မင္းသူနဲ႕လုိက္သြားေတာ့…"

ဘာစကားျကီးလဲ……။ပစၥည္းဥစၥာေတြေရာင္းရုံတင္အားမရလုိ႕ အိမ္မွာလူပုိျဖစ္ေနတဲ႕သူ႕ကုိ ခုိင္းခ်င္ခုိင္း ဒါမွမဟုတ္ အတြင္းကလီစာေတြေဖာက္ထုတ္ခ်င္ေဖာက္ထုတ္ ဆုိကာေရာင္းစားလုိက္တာလား။ဒီလုိေတာ့မရဘူး။Park jiminကKim namjoonဆုိတဲ႕လူျကီးျပန္မလာမခ်င္း အသက္ရွင္လ်က္ ေစာင့္သြားရဦးမွာ။ ဘာခုိင္းခုိင္းမိဘေက်းဇူးဆပ္သည့္အေနနဲ႕လုပ္ေပးလုိ႕ရေပမဲ႕လူျကီးနဲ႕ေသကဲြကဲြတဲ႕အျဖစ္မ်ိဳးမေရာက္ခ်င္၍ appaကုိစိတ္ဆုိးဆုိးနွင့္ ထုိအနားကုိ ေလွ်ာက္သြားလုိက္သည္။


"appa!ဒါေတာ့မလြန္ဘူးလား…ကြ်န္ေတာ့္ႏွလုံးသားကုိသတ္ျပစ္တဲ႕အျပင္ မေက်နပ္ေသးလုိ႕ ခႏၶာပါေရာင္းစားမလုိ႕လား…ကြ်န္ေတာ္သာဘဲြ႕ရ လုိ႕အလုပ္လုပ္ရင္ appa companyျကီးကုိျပန္ယူေပးမယ္ ဒီလုိအေခ်ာင္သမားဆီေတာ့……"

ေကာင္းက်ိဳးမေပးတဲ႕ဧည့္သည္ဟာ လူငယ္လားလူျကီးလားမသိ၍ ယဥ္ေက်းစြာမသုံးႏႈန္းနုိင္ေတာ့ပဲ appaဆီမွ ထုိလူအားလက္ညိဳးထုိးရင္းလွည့္အျကည့္…ေရွ႕ဆက္ေျပာမည့္စကားလုံးေတြဘာမွမသိေတာ့ပါ။လက္ညိဳးထုိးထားရက္အတုိင္း ေက်ာက္ရုပ္ျကီးလုိ ပါးစပ္ေလးဟ၍ ျကည့္ေနမိသည္။ဝမ္းလည္းမသာအားသလုိအ့ံအားသင့္လြန္းလုိ႕ေျကာင္ေတာင္ျကီးရပ္ေနမိတာ။

ထုိလူဟာ…ထုိလူဟာ ျပန္လာပါ့မယ္လုိ႔ႏႈတ္ဆက္ထြက္ခြာသြားျပီး 5လေလာက္ဘာသတင္းမွမရပဲအစအနမရွိ.ေပ်ာက္သြားခဲ႕တဲ႕ခ်စ္ရပါေသာလူျကီးကင္နမ္ဂြ်န္းတဲ႕ေလ။သူသိထားတဲ႕လူျကီးက အေကာင္းစားအသုံးအေဆာင္ဟူ၍နာရီပင္ေစ်းေပါေပါကုိပတ္ထားျပီး ရွပ္နဲ႕ေဘာင္းဘီသာဝတ္ေလ့ရွိသည့္သူ။ကုိယ့္ဆီမွာပညာအရည္အခ်င္းကုိ အက်ိဳးရွိရွိအသုံးခ်ကာ စာသင္ျပသည့္အသက္ေမြးဝမ္းေျကာင္းႏွင့္ ဘဝကုိေအးေဆးရုိးရွင္းစြာေနထုိင္သူေလ။အခုေတာ့ျဖင့္ ကုိယ္ရည္ကုိယ္ေသြး ေတြေတာက္ပကာ suitအဝတ္အစားႏွင့္ေျခခ်ိတ္ထုိင္ေနသည္မွာ အဂၤလိပ္ကားထဲမွမင္းသားျကီးကဲ႕သုိ႕ပင္။ဒါ ကင္နမ္ဂြ်န္းမျဖစ္နုိင္ေလာက္ဘူး။ဒါေပမဲ႕ နူးည့ံတဲ႕အျကည့္ႏွင့္အျပံဳး……သူသေဘာက်တဲ႕ပါးခ်ိဳင့္ျကီးႏွစ္ဖက္က သူ႕အေတြးမ်ားမွာဘယ္ဟာကအမွား ဘယ္ဟာကအမွန္ ဆုိတာခဲြျခားေပးေလသည္။
.
.
"ကားရပ္ေပး!!!!"

လက္ပုိက္ထားလ်က္ဆူပုတ္ပုတ္ေကာင္ေလးဆီကစူးစူးဝါးဝါးေအာ္သံေျကာင့္ ကားေလးအား လမ္းေဘးသုိ႕အနည္းငယ္ကပ္၍ တိခနဲရပ္ေပးလုိက္ရသည္။ေအာက္နႈတ္ခမ္းျကီးကုိေထာ္လန္၍ အပ်င္းစားဘဲမ်က္ေစာင္းနဲ႕ ပုခုံးႏွစ္ဖက္တက္လုိက္က်လုိက္ ေကာင္ေလးအား နမ္ဂြ်န္းမခ်ိဳမခ်ဥ္ေလးျပံဳးျပလုိက္သည္။

"မျပံဳးနဲ႕!ေျဖ!ဘယ္ကေနဘယ္လုိေပၚလာတာလဲ!ဘယ္ကုိေပ်ာက္သြားတာလဲ!အခုမွဘယ္ေခ်ာင္ကထြက္လာျပီးguideဆရာကင္နမ္ဂြ်န္းကေန ေတာ္ဝင္မ်ိဳးႏြယ္Monster King companyကဥကၠ႒ကင္နမ္ဂြ်န္း ျဖစ္သြားရတာလဲ… ဘာလုိ႕ကြ်န္ေတာ့္ကုိလိမ္ခဲ႕တာလဲ!!"

လက္ႏွစ္ဖက္ဆုပ္၍မ်က္စိစုံမွိတ္ကာအားကုန္ညွစ္ထုတ္ေအာ္ေနတာေျကာင့္ နမ္ဂြ်န္းနား ႏွစ္ဖက္ပိတ္ထားရသည္။
ကေလးကလိမ္ညာခဲ႕တဲ႕သူ႕အား ေအာ္လုိ႕ဝသြားျပီးေအာက္ဆီဂ်င္မ်ားမ်ားရႈသြင္းကာ ေမာေနသည္။

"ကုိယ္ရွင္းျပေပးမယ္ကေလး…ကုိယ္ ကေလးဆီလိမ္ညာျပီးေရာက္လာခဲ႕ေပမဲ႕ ကုိယ္အခ်စ္အတြက္လုပ္ခဲ႕တာျကီးပဲ"

ဆုံးပါးသြားတဲ႕မိဘႏွစ္ပါး၏Monster King အမ်ိဳးအစားခဲြပုိင္ဆုိင္မႈလုပ္ငန္းျကီးေတြက နုိင္ငံအႏွံ႕ေျခရာလက္ရာ အမ်ားအျပားက်န္ရစ္ေနခဲ႕တာေျကာင့္ မိဘေတြကုိယ္စားအလုပ္ကုိခႏၶာတခုလုံးထည့္ထားခဲ႕တဲ႕ကင္နမ္ဂြ်န္း။အျပိဳင္အဆုိင္ အတုိက္အခုိက္ေတြျကား ေအာင္နုိင္ျခင္းကသူနဲ႔သာတဲြစပ္ပါေနလို႕ စီးပြားေရးမွာဘုရင္တပါးအျဖစ္အသိအမွတ္ျပဳခံထားရတဲ႕ကင္နမ္ဂြ်န္း။အသက္35ႏွစ္သာေရာက္ေသာ္လည္း မိဘေတြရဲ႕ သုံးမကုန္ျဖဳန္းမကုန္တဲ႕အေမြေတြကုိ ထိမ္းသိန္းေနရလုိ႔ အခ်စ္က အလုံးျကီးလား အျပားျကီးလာေတာင္မသိခဲ႕ေလေသာ ႏွလုံးသားမွာလဟာျပင္ျဖစ္ေနတဲ႕ကင္နမ္ဂြ်န္း။

မုိးေတြသည္းျကီးမဲျကီးရြာတဲ႕ေန႔မွာ စက္ရပ္သြားတဲ႕ကားထဲ..
အထက္တန္းေက်ာင္းဝတ္စုံေလးႏွင့္ ထီးေလးေတြကုိယ္စီေဆာင္လာတဲ႕ေကာင္ေလးသုံးေယာက္ကုိ ဘာရယ္မဟုတ္ မ်က္စိကေရာက္မိေလသည္။ေနာက္ဆုံးက ပုလုံးလုံးေကာင္ေလးဟာ ထီးအနက္ေရာင္ေလးကုိ လႊတ္ခ်ျပီးမုိးေရထဲ ခုန္ေပါက္ေဆာ့ေနသည္။အေရွ႕ကႏွစ္ေယာက္၏ထီးေတြလဲ ဆဲြလႊတ္ပစ္ျပီး သူနဲ႕အတူေဆာ့ေစတဲ႕ေကာင္ေလးဟာ ကေလးစိတ္နဲ႔ေကာင္ဆုိးေလးဆုိတာ ထုိအခ်ိန္ထဲကသိခဲ႕သည္။မုိးေပါက္မ်ားကာျခားထားေသာ္လည္းအျပံဳးမ်ားက သူပါလုိက္တုျပံဳးမိေလာက္ေအာင္ ခ်ိဳျမိန္လြန္းခဲ႔သည္။ထုိေကာင္ေလးေျကာင့္ ျပံဳးမိလ်ွင္ပါးခ်ိဳင့္ေတြရွိေနခဲ႕မွန္းသတိရခဲ႕ျပီ။ အခ်စ္ကထုိေကာင္ေလးဆုိတာ သိသြားေလေတာ့ လဟာျပင္ျဖစ္ခဲ႕တဲ႕ႏွလုံးသားေလးကရင္ဘတ္ထဲမွ ေပါက္ထြက္ျပီး ေကာင္ေလးဆီ ခုန္ဆြ၍ေက်ာပုိးလြယ္အိတ္ေလးထဲကပ္ပါသြားခဲ႕သည္။

ကားဆင္းျကည့္ေနတဲ႕အတြင္းေရးမွဴးအား တေယာက္တည္းထားခဲ႕၍ မုိးေရျကီးထဲ မိမိကုိယ္ကုိဥကၠ႒တေယာက္ဆုိတာ ခဏေမ့ျပီး ႏွလုံးသားေလးကုိပုိင္ရွင္သိရက္ႏွင့္ေခၚေဆာင္သြားခဲ႕တဲ႕ေကာင္ေလး..ဘယ္ဆီျပန္မလဲဆုိတာ လုိက္ေခ်ာင္းခဲ႕သည္။

ပုိင္ရွင္က အျပံဳးေတြနဲ႕အခုိးခံရတာကုိေက်နပ္ခဲ႕တာ။ လူတေယာက္ရဲ႕ႏွလုံးသားကုိခုိးယူျပီးစားမရအိပ္မရျဖစ္ေအာင္ လုပ္ခဲ႕လည္း ခုိးတဲ႕ေကာင္ေလးကသူကုိယ္တုိင္ေတာင္မသိဘူးတဲ႕ေလ။

အိမ္တည္ေနရာကုိသိမွေတာ့ က်န္တာစုံစမ္းဖုိ႕ကင္နမ္ဂြ်န္းအတြက္မိနစ္အတြင္းမွာတင္ လုိခ်င္တာအကုန္ရခဲ႕တယ္။အတန္းထဲ ေနာက္ဆုံးပိတ္အဆင့္မွာရွိေနတဲ႕ေကာင္ေလးက ဘယ္guideေခၚေခၚတပတ္ေတာင္မခံဘူးတဲ႕ေလ။

စာသံျကားလွ်င္ေနမေကာင္းေတာင္ျဖစ္တယ္ဆုိတဲ႕ ေကာင္ဆုိးေလးPark jiminအား တခ်က္ခုတ္ႏွစ္ခ်က္ျပတ္ အျကံကုိသုံး၍ guideဆရာကင္နမ္ဂြ်န္းအျဖစ္ အခုိးခံရတဲ႕ႏွလုံးသား ခုိးသူေလးထံ ေန႕တုိင္းအခစားခဲ႕ျခင္းျဖစ္သည္။

"အဲ႕ဒါဆုိ ဦးက…ကြ်န္ေတာ့္ကုိကြ်န္ေတာ္မခ်စ္ခင္ထဲက ခ်စ္ခဲ႕တာေပါ့ဟုတ္လား"

လက္ေလးႏွစ္ဖက္ကုိလိမ္က်စ္ေနျပီး ျပံဳးေရာင္သမ္းေနေသာေကာင္ေလးက စိတ္မဆုိးေတာ့တာေသခ်ာေလသည္။

"အင္း…ကုိယ္ခ်စ္တဲ႕ကေလးကုိ…ကုိယ္တုိင္ေျပာင္းလဲေပးခ်င္တာ"

လက္တုပ္တုပ္ေလးေတြအား ညွစ္ဆုပ္ထားရင္းေျပာေလေတာ့ ေခါင္းေလးငုံ႕လ်က္ျပံဳးသည္။ရွက္သြားတယ္ဆုိပါေတာ့။

"ဦး…ဦးကဘာလုိ႕အဲ႕ေန႔ထဲက အမွန္ကုိမေျပာပဲ appaႏွိမ့္ခ်တာခံရတာလဲ ဦးက ဂုဏ္သေရရွိတဲ႕လူတေယာက္ဆုိတာသာေျပာလုိက္ရင္ appaထုိးရဲမွာေတာင္မဟုတ္ဘူး"

သားမက္အားျပန္မွီခုိရေတာ့မည့္အေျခအေနနဲ႕အိမ္တြင္က်န္ခဲ႕ေသာ ဖခင္အား ျဖစ္ျပီးသားကိစၥအတြက္ ရန္စြာ ေနေသးေသာ ျမတ္နုိးငယ္ကကင္နမ္ဂြ်န္းရဲ႕ ေကာင္ဆုိးေလး။

"အဲ႕ေန႔ကေျပာခဲ႕ရင္ ဦးေလးကျငင္းနုိင္ေသးတယ္ေလ အခုလုိက်ဥ္းထဲက်ပ္ထဲေရာက္ေနေတာ့ ကုိယ့္အေျပာကုိမလြန္ဆန္နုိင္ေတာ့ဘူးမလား "

"လူလည္ျကီး…ဘာလုိ႔ဒီေန႕မွေပၚလာတာ ကြ်န္ေတာ္နဲ႕appaမသိေအာင္ အရင္လေတြကေတြ႕လုိ႕ရ ရဲ႕သားနဲ႕…လြမ္းလုိက္ရတာ"

"တကယ္ေတာ့ ကုိယ္စိတ္လြတ္ကုိယ္လြတ္ခ်စ္လုိ႕ရေအာင္ကေလး အသက္ျပည့္တာကုိေစာင့္ေနတာ…ဒီေန႔က,ကေလးေမြးေန႕ေလ…"

ေမြးေန႔ကုိ ေမ့ေနတဲ႔ေကာင္ေလးက သူေျပာမွသတိရသြား၍ ပါးစပ္ေလးဟကာအ့ံျသေနသည္။

"ကေလး အသက္ျပည့္ျပီမုိ႔ ကေလးေမြးေန႔မွာ ကုိယ္က ကေလးကုိအပုိင္သိမ္းျပစ္ေတာ့မွာ လာခဲ႕စမ္းကုိယ့္ရဲ႕ေကာင္ဆုိးေလး"

"အား!"

သူခုိးေတြထဲမွာ ႏွလုံးသားသူခုိးက အျပစ္ကင္းတဲ႔အျပင္ ပုိင္ရွင္ကုိ အခ်စ္ေဆးေတြတုိက္ေကြ်းခဲ႕လုိ႕ ကုသုိလ္ေတာင္ရေသးတယ္တဲ႕။

ပုိင္ရွင္ကသူခုိးေလးတေယာက္အတြက္ပဲ ကန္႔သတ္ခ်က္ႏွင့္ထုတ္ယူသြားေစခဲ႕တာပါတဲ႕ေလ။

သေဘာေကာင္းတဲ႕ပုိင္ရွင္က ျပစ္ဒဏ္အစားအနမ္းေတြေျခြခ်ခဲ႕လုိ႕ရင္ခြင္က်ယ္ျကီးထံ ပိတ္မိသြားတဲ႕သူခုိးေလးဟာ ဝန္ခံရင္း ေလ်ာ့နည္းမသြားတဲ႕အခ်စ္ေတြကုိတသက္လုံး ခုိးယူေနသြားပါေတာ့တယ္။

>>>>>>>>>>>>>>THE END>>>>>>>>>>>>>

Continue Reading

You'll Also Like

10.9M 251K 60
𝐅𝐫𝐨𝐦 𝐄𝐧𝐞𝐦𝐢𝐞𝐬 𝐭𝐨 𝐋𝐨𝐯𝐞𝐫𝐬 Enzo Mariano is known for being nothing but ruthless. He is feared by all in the Italian mafia. He kills on...
3.8M 160K 62
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
35.3K 3.2K 96
ငယ္႐ြယ္ပီးေခ်ာေမာတဲ့CEOေကာင္ေလးတစ္ေယာက္နဲ႔ လြတ္လြတ္လပ္လပ္ေနတတ္တဲ့ေကာင္ေလးနွစ္ေယာက္ရဲ႕အခ်စ္ဇာတ္လမ္း မိုးနတ္သားဆိုပီးစေနာက္ခဲ့ရာကေန ဘယ္လိုေတြေရွ႕ဆက္မလ...
5.2K 443 6
(taejinkook) oneshot Jungkook- အချစ်လား.ဘာကိုပြောတယ်ဆိုတာတော့သေချာမသိဘူး... အစွမ်းကုန်ရူးမိုက်မယ် လွန်ခဲ့တဲ့ကတိတွေကိုပြန်တည်မယ် ကျွန်တော့်အပိုင်ဖြစ်...