သောကမီးလျှံ

By Ling____

137K 23.1K 2.1K

အဓိကဇာတ်ဆောင်များ : ရွှမ်းကျီး, ရှန့်လင်ယွမ်း More

Description and Synopsis
နိဒါန်း
အတွဲ(၁) အပိုင်း (၁)
(၂)
(၃-၁)
(၃-၂)
(၄)
(၅-၁)
(၅-၂)
(၆)
(၇)
(၈)
(၉)
(၁၀)
(၁၁)
(၁၂-၁)
(၁၂-၂)
(၁၃)
အတွဲ (၂) အပိုင်း(၁၄)
(၁၅)
(၁၆)
(၁၇-၁)
(၁၇-၂)
(၁၈)
(၁၉)
(၂၀)
(၂၁)
(၂၂)
(၂၃)
(၂၄)
(၂၅)
(၂၆)
(၂၇)
(၂၈)
(၂၉)
(၃၀)
(၃၁)
(၃၂)
(၃၃)
(၃၄)
(၃၅)
(၃၆)
(၃၇)
(၃၈)
(၃၉)
(၄၀)
(၄၁)
(၄၂-၁)
အတွဲ (၃) အပိုင်း (၄၃)
Announcement
(၄၄)
(၄၅)
(၄၆)
(၄၇)
(၄၈)
(၄၉)
(၅၀)
(၅၁)
(၅၂)
(၅၃)
(၅၄)
(၅၅)
(၅၆-၁)
(၅၆-၂)
(၅၇)
(၅၈)
(၅၉)
(၆၀)
(၆၁)
(၆၂)
(၆၃)
အတွဲ (၄) အခန်း (၆၄)
(၆၅)
(၆၆)
(၆၇)

(၄၂-၂)

1.3K 305 26
By Ling____

ရှောင်းကျန်းက သူ့မျက်လုံးများကိုမှေးကျဉ်းလိုက်သည်။

"ဘာအဓိပ္ပာယ်လဲ?"

"မင်းကြည့်လေ...ပထမဆုံးပူဆွေးယဇ်ပူဇော်ပွဲကို ချိယွမ်းမှာပြုလုပ်ဖို့ကိုရွေးချယ်ခဲ့တယ်၊ အားလုံးက ပိချွင်းရှန်းလုပ်ခဲ့တာပဲ။ ဒါပေမဲ့ ကိစ္စတွေပြီးသွားတော့ ပိချွင်းရှန်းဘာဖြစ်သွားသလဲဆိုတာကို ဘယ်သူမှဂရုမစိုက်ကြတော့ဘူး။ အားလုံးရဲ့အာရုံက တံလျှပ်လိပ်ပြာအရှုပ်တော်ပုံတွေဆီကို ရောက်သွားကြတယ်၊ သူ့ရဲ့နောက်ဆုံးသားကောင်ကလည်း တိုက်တိုက်ဆိုင်ဆိုင်ပဲ သုံးချွမ်းပူဆွေးယဇ်ပူဇော်ပွဲပြဿနာရဲ့ အဓိကလက်သည်တရားခံတွေထဲက တစ်ယောက်ဖြစ်နေပြန်တယ်၊ အဲဒါက နည်းနည်းလေး ထူးတော့ထူးဆန်းနေတယ်__မုတ်ဆိတ်နဲ့လူနဲ့ သူဒုက္ခပေးခဲ့တဲ့ ဟိုကောင်လေးတို့နှစ်ယောက်က ငါတို့ရဲ့စုံစမ်းစစ်ဆေးမှုတွေကို ကြားဖြတ်နှောင့်ယှက်လိုက်ကြတာပဲ။ အထူးသဖြင့် မုတ်ဆိတ်နဲ့လူပေါ့၊ သူက ပိချွင်းရှန်းကိုကာကွယ်ဖို့အတွက် သူ့အသက်ကိုသူစတေးခံဖို့တောင်အဆင်သင့်ဖြစ်နေခဲ့တာ။ အဲဒီကိစ္စတွေကြောင့် ငါတို့လည်း သုံးချွမ်းကိုရောက်လာကြပြီး ယွဲ့သယ်ဘိုးဘိုးတို့ရဲ့ ကလိမ်ကကျစ်လုပ်ရပ်တွေကိုဖော်ထုတ်နိုင်သွားတာပဲ။ မဟုတ်လို့ကတော့ တံလျှပ်လိပ်ပြာကူးစက်ခံရတဲ့လူတွေကလည်း ရောဂါလက္ခဏာသိသိသာသာမပြတဲ့အပြင် နတ်ဆရာဂူသင်္ချိုင်းကလည်း မြေအောက်ထဲမှာနစ်မြုပ်နေတာဆိုတော့....အားလော့ကျင်းတစ်ယောက် ဝုန်းခနဲထွက်လာရင်တောင် သူဘယ်သူလဲဆိုတာကို ဘယ်သူမှသိကြမှာမဟုတ်ဘူး၊ သူ့ရဲ့အသိုက်ကိုလည်း ဘယ်သူကရှာတွေ့မှာတဲ့လဲ? ဒီဖြစ်ရပ်နှစ်ခုနဲ့ပတ်သက်ပြီး ငါတစ်ခုခုခံစားမိတာရှိတယ်၊ အထူးသဖြင့် ဒုတိယဖြစ်ရပ်ကိုပေါ့။ နောက်ကွယ်မှာရှိနေတဲ့လူက ဒီလျှို့ဝှက်ကြံစည်မှုတွေကိုဖော်ထုတ်ဖို့ ငါတို့ကိုလမ်းပြခေါ်ဆောင်သွားပြီး တရားခံတပြုံတခေါင်းကြီးကို အမြစ်ကနေတူးထုတ်နိုင်ဖို့လုပ်ပေးလိုက်သလိုပဲ၊ အကယ်၍ ပူဆွေးယဇ်ပူဇော်ပွဲကသာ ရက်စက်ယုတ်မာပြီး လူသားမဆန်တဲ့လုပ်ရပ်မျိုးဖြစ်မနေခဲ့ဘူးဆိုရင် အဲဒီနောက်ကွယ်ကလူကို အများအကျိုးဆောင်တဲ့ အမှန်တရားဘက်တော်သားတစ်ယောက်လို့တောင် ငါ ထင်မိတော့မလို့ပဲ"

ယွဲ့သယ်ဘိုးဘိုးတို့၏ပြဿနာသည်ကား ကျိန်းသေပေါက်ကို တသီးတခြားဖြစ်နေသောဖြစ်ရပ်တစ်ခုမဟုတ်ပါချေ။ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ပြီး လူများအပေါ်ဂုတ်သွေးစုတ်အမြတ်ထုတ်ခဲ့သော ထူးခြားစွမ်းရည်ပိုင်ရှင်မှာ သူတစ်ယောက်တည်းမဟုတ်ပေ။ ယခု ယွဲ့သယ်ဘိုးဘိုးတို့အုပ်စု၏လုပ်ရပ်များမှာ ဘူးပေါ်သလိုပေါ်သွားချိန်မှာတော့ မဖော်ထုတ်ရသေးသည့် ကျန်သောလူများကရော? သူတို့ခမျာလည်း ထိုလူများအတိုင်းဖြစ်သွားလေမလားဟု စိုးရိမ်ထိတ်လန့်ကြောက်ရွံ့နေရတာမှလွဲ၍ အခြားဘာများလုပ်နိုင်ပါမည်နည်း?

ထပ်ပြောရလျှင် DCO တွင်လည်း တံလျှပ်လိပ်ပြာနှင့်ပတ်သက်သောပြဿနာများကြောင့် လှုပ်လှုပ်ရှားရှားဖြစ်နေကြလေပြီ။ ဤအခြေအနေသို့ရောက်လာချိန်မှာတော့ ထိုပြဿနာမှာ 'အတွင်း၌တိုးတိုးတိတ်တိတ်ကြိတ်ပြီးဖြေရှင်း' လို့ရသော ပြဿနာမျိုးမဟုတ်တော့ပါချေ။ အကြီးအကဲဟွမ်တစ်ယောက် မည်သို့မည်ပုံကိုင်တွယ်ဖြေရှင်းမလဲဆိုသည်ကိုအပထား၊ သေဆုံးသူအရေအတွက်ကိုလိမ်ညာဖုံးကွယ်ခဲ့ရာတွင်ပါဝင်ပတ်သက်နေကြသော လိပ်ပြာမလုံဘဲဖြစ်နေရှာသည့် ကွင်းဆင်းဝန်ထမ်းများကရော မည်ကဲ့သို့ထင်ကြပါမည်နည်း?

ရွှမ်းကျီးမှာ သူဟိုတယ်မှထွက်မလာခင်အချိန်၌ ပိရှ သူ့ကိုပြောခဲ့သောစကားများကို ပြန်လည်အမှတ်ရသွားသည်__

ရှန့်လင်ယွမ်းက ပြောခဲ့သည်။

"မင်းနဲ့မင်းတို့အဖွဲ့အစည်းက အုပ်ချုပ်သူအရာရှိတွေ...အာ...သူတို့ကိုဘယ်လိုခေါ်ပါလိမ့်? ဪ...ဒါရိုက်တာတွေ၊ မင်းတို့တွေက လူမျက်နှာလိပ်ပြာပြဿနာကို ဖုံးဖိဖို့ကြိုးစားကြတာက အမြော်အမြင်ရှိတဲ့လုပ်ရပ်တစ်ခုပါပဲ။ ဒါပေမဲ့ ဒီကိစ္စက တိုက်ဆိုင်မှုသက်သက်မဟုတ်ဘူးဆိုတာကိုတော့ မမေ့နဲ့။ တစ်စုံတစ်ယောက်က နောက်ကွယ်ကနေ ဒီကိစ္စကြီးတစ်ခုကို သေသေချာချာကြိုးကိုင်ဖန်တီးနေတာပဲ။ မင်းတို့ဖုံးချင်တိုင်း ဖုံးလို့ရမှာမဟုတ်ဘူး။ မင်းတို့က အခြေအနေတွေကိုရုတ်ရုတ်သဲသဲမဖြစ်စေချင်လို့ ဖုံးဖိပေးထားတယ်ဆိုရင်တောင်မှပဲ အောက်ခြေက အယူအဆကိုယ်စီရှိကြတဲ့လူတွေက မင်းတို့ရဲ့စေတနာကိုနားလည်ကြမှာမဟုတ်ဘူး။ သူတို့က လက်ဦးမှုယူတဲ့အနေနဲ့ စိတ်ထင်ရာလျှောက်လုပ်ကြမှာကိုလည်း သတိထား"

ရှောင်းကျန်းက မေးလိုက်သည်။

"မင်း ဆိုလိုတဲ့သဘောက.....?"

"မြန်မြန်ဆန်ဆန်နဲ့သပ်သပ်ရပ်ရပ် ရှင်းပစ်ရမှာပေါ့"

ရွှမ်းကျီးက သူ့အိတ်ကပ်ထဲမှ စာရွက်တစ်ရွက်ကိုထုတ်ယူလိုက်သည်။ ၎င်းစာရွက်မှာ ဟိုတယ်ခန်းထဲရှိ မှတ်စုစာအုပ်အတွင်းမှ သူဆုတ်ဖြဲယူလာသောစာရွက်ဖြစ်သည်။ စာရွက်ပေါ်တွင် ဘာမှန်းမသိသော လုံးဝန်းဝိုင်းစက်သည့်စာသားများကို ခဲတံဖြင့်ရေးသားထား၏။

ရှောင်းကျန်းက ထိုစာရွက်ကိုလှမ်းယူလိုက်သောအခါ စာရွက်ပေါ်တွင်အဖြူရောင်အလင်းတန်းများ တလက်လက်တောက်ပလာသည်။ မကြာသေးခင်ကမှ မိုးကြိုးအပစ်ခံထားရရှာသည့် ဒါရိုက်တာရှောင်းခမျာ အထိတ်တလန့်ဖြင့် စာရွက်ကိုသူ့လက်ထဲမှ အဝေးသို့ကမန်းကတန်းလွှတ်ပစ်လိုက်လေတော့သည်။

"ဒါကရော ဘာကြီးလဲကွ?"

"ရှေးဟောင်းနတ်ဆရာမန္တန်လေ၊ မင်း ဘာလုပ်တာလဲ? ဒါက လူကိုကိုက်မစားတတ်ပါဘူးကွ"

ရွှမ်းကျီးက ကျစ်ခနဲတစ်ချက်စုတ်သတ်လိုက်ပြီး စာရွက်ကိုပြန်ကောက်လိုက်ကာ အပေါ်မှဖုန်မှုန့်များကို တစ်ချက်မှုတ်ထုတ်လိုက်သည်။

"တံလျှပ်လိပ်ပြာ...လူမျက်နှာလိပ်ပြာတွေလို့လည်းခေါ်တယ်၊ အဲဒါတွေက ရှေးဟောင်းနတ်ဆရာမျိုးနွယ်စုရဲ့မန္တန်အစီအရင်တစ်မျိုးပဲ။ ရှေးဟောင်းနတ်ဆရာတွေရဲ့မန္တန်တွေမှာ များသောအားဖြင့် တန်ပြန်မန္တန်တွေရှိတယ်။ အဲဒီမကောင်းတဲ့အတတ်ပညာတွေကိုသုံးပြီး သူတစ်ပါးကိုဒုက္ခပေးမှာကို တားမြစ်ထားတဲ့သ​ဘောပဲ။ ယုံတမ်းစကားတွေအရဆိုရင် ဒီလိပ်ပြာတွေက သေပြီးသားလူတွေနဲ့ပြန်လည်ဆက်သွယ်ပေးနိုင်တယ်လို့ သူတို့ကယုံကြည်ကြတယ်။ သူတို့တွေက ရှင်သန်ခြင်းနဲ့သေခြင်းတရားတွေကို အရမ်းအထွတ်အမြတ်ထားကြတာ။ မျိုးနွယ်စုခေါင်းဆောင်ကလွဲရင် အဲဒီလိပ်ပြာတွေကို တခြားဘယ်သူကမှ ကိုယ့်သဘောနဲ့ကိုယ်ထည့်သွင်းအသုံးပြုလို့မရဘူးတဲ့။ ဒီအစီအရင်ကတော့ စစ်ဆေးဖို့အတွက်သုံးတာ။ တကယ်လို့ လိပ်ပြာတွေကိုအလွဲသုံးစားလုပ်ခဲ့တဲ့လူတစ်ယောက်ယောက်က ဒီအစီအရင်နဲ့ထိတွေ့မိသွားမယ်ဆိုရင် သူ့မျက်ခုံးနှစ်ဖက်ကြားမှာ လိပ်ပြာပုံအမှတ်အသားတစ်ခုပေါ်လာလိမ့်မယ်၊ မင်းကတော့ အရမ်းသန့်ရှင်းတဲ့လူတစ်ယောက်ပါနော် ဒါရိုက်တာရှောင်း?"

ရှောင်းကျန်း : "......"

၎င်းမှာ ရွှမ်းကျီးကို ပထမဆုံးအကြိမ်စတင်တွေ့ဆုံစဉ်ကတည်းက သူ့ကိုတစစီခုတ်ပိုင်းလှီးဖြတ်ချင်စိတ်များမှာ တစ်နေ့တခြားပိုမိုအားကောင်းလို့လာတော့သည်။

"ကျေးဇူးတင်စရာမလိုပါဘူး"

ရွှမ်းကျီးက သူ့လက်ချောင်းကို နှုတ်ခမ်းပေါ်တွင်တင်လိုက်ရင်း 'ရှူး' ဟူသော လက်ဟန်အမူအရာမျိုးလုပ်ပြကာ တစ်ချက်ပြုံးလိုက်ပြီးနောက် တံခါးပေါ်တွင်ကပ်ထားသော ခိုးနားထောင်ခြင်းကိုကာကွယ်သည့်အစီအရင်အား ဆုတ်ဖြဲလိုက်သည်။

"ဒီမန္တန်အစီအရင်က ကောင်းကင်ရယ်၊ မြေကြီးရယ်၊ မင်းရယ်၊ ငါရယ်ပဲသိတာနော်။ ရပြီ၊ လောင်ဝမ်က အဝေးကြီးရောက်မသွားသေးဘူးလို့တော့ မျှော်လင့်ရတာပဲ။ ငါ သူ့ကိုမီအောင် ကားပြန်မောင်းသွားပြီး ပင်လယ်အဆိပ်အတောက်တွေကြောင့် ပျက်စီးသွားတဲ့ 'ဓားဝိညာဉ်ကျီးချွင်း' ရဲ့ဇာတ်လမ်းလေးကို သွားနားထောင်လိုက်ဦးမယ်"
.
.
.
.
.

"နောက်တော့ 'ကျီးချွင်း'လို့ခေါ်တဲ့ ဓားဝိညာဉ်ဟာ ဖျက်ဆီးခံလိုက်ရတယ်။ သူ့ရဲ့အကြွင်းအကျန်အပိုင်းအစတွေကိုတော့ အထပ် (၆၀) မြောက် မြေအောက်ထပ်မှာရှိတဲ့ သီးသန့်ခန်းထဲမှာ သိမ်းဆည်းထားတယ်"

ဖျင်ချန့်ရူသည်ကား ဒါရိုက်တာရွှမ်း၏ညွှန်ကြားချက်အတိုင်း ပိရှအား ထမင်းစားရန်အတွက် ဟိုတယ်ကန်တင်းသို့ခေါ်ဆောင်လာခဲ့လေသည်__သို့မဟုတ်ပါမူ ၎င်းမှာ ကားပါကင်အတွင်း နောက်ထပ်အပေါက်ကြီးတစ်ပေါက်ပွင့်ထွက်သွားအောင် လုပ်လိုက်မှာစိုးသောကြောင့်ဖြစ်သည်။

စားသောက်ဆိုင်မှာ ဘူဖေးစတိုင်ဖြစ်သည်။ သို့သော် ပိရှသည်ကား လုံးလုံးလျားလျားကို ကိုယ့်ဘာသာကိုယ်ထယူလိုစိတ်မရှိပါချေ။ ၎င်းမှာ အရှင်သခင်ကြီးတစ်ပါးပမာ ထိုင်ခုံပေါ်တွင် စွေ့ခနဲဝင်ထိုင်လိုက်သည့်အပြင် သူ့လိုလက်အကောင်းခြေအကောင်းအတိုင်းရှိနေသော သန်သန်မာမာယောကျ်ားသားတစ်ယောက်အတွက် မိန်းမပျိုလေးတစ်ယောက်က ဟိုဟိုသည်သည်လိုက်လုပ်ပေးနေရခြင်းအပေါ်တွင်လည်း နည်းနည်းလေးမှပင် အားတုံ့အားနာစိတ်အလျဉ်းမရှိပါချေ။

ကံကောင်းထောက်မစွာပင် ဖျင်ချန့်ရူမှာ စိတ်သဘောထားကောင်းသူတစ်ယောက်ဖြစ်ပြီး သူ့ဘေးနားရှိလူများကို ဂရုစိုက်တတ်သူလည်းဖြစ်သည်။ သို့ဖြစ်ရာ သူမမှာ ဝိုင်းကြီးပတ်ပတ်ဒူဝေဝေလုပ်နေရင်း သူ့ကိုခစားရန်အလုပ်များလျက်ရှိနေတော့သည်။

ရှန့်လင်ယွမ်းက လက်ဖက်ရည်ကရားအိုးထဲရှိ လက်ဖက်ရည်ထုပ်လေးများကို စိတ်ဝင်တစားကြည့်ရှုနေရင်း အမှုမဲ့အမှတ်မဲ့မေးမြန်းလိုက်သည်။

"အဲဒါက ဘာဖြစ်လို့လဲ?"

"အဲဒီပင်လယ်အဆိပ်အတောက်တွေထဲမှာရှိနေတဲ့ ပါဝင်ပစ္စည်းတွေကို ကျွန်မတို့မဖယ်ရှားနိုင်ခဲ့ဘူး၊ အဲဒီအချိန်တုန်းက ကျွန်မတို့တွေလည်း တတ်နိုင်သလောက်အစွမ်းကုန်ကြိုးစားခဲ့ကြပေမယ့် သူ့ကိုသန့်စင်တဲ့နှုန်းက ပျက်စီးယိုယွင်းသွားတဲ့နှုန်းကိုအမီမလိုက်နိုင်ဘူးလေ။ ဒါ့အပြင် ပင်လယ်အဆိပ်တွေရဲ့လှိုက်စားဖျက်ဆီးနိုင်စွမ်းက ရုပ်ပိုင်းဆိုင်ရာမှာတင် ရပ်တန့်မနေခဲ့ဘူး၊ နောက်ဆုံးမှာတော့ ကျီးချွင်းတစ်ယောက် အသိစိတ်လွတ်သွားခဲ့တယ်၊ တဖြည်းဖြည်းနဲ့ သူ့ကိုယ်သူမထိန်းချုပ်နိုင်တော့ဘူး၊ ဒါကြောင့် ခေါင်းဆောင်ယန်းဟာလည်း မတတ်သာတဲ့အဆုံး သူ့ကိုပိတ်လှောင်ထားလိုက်ရတော့တယ်၊ ဒါပေမဲ့ ဘယ်သူသိမှာလဲ၊ သူက တစ်ကြိမ်မှာ သူ့ကိုချုပ်နှောင်ထားတဲ့နေရာကနေ ဖောက်ထွက်ပြေးသွားပြီး လူစည်ကားတဲ့မြို့တွင်းတစ်နေရာကိုရောက်သွားတယ်လေ၊ အဲဒီမှာ သူ့ကြောင့် လမ်းသွားလမ်းလာခြောက်ယောက်ထိခိုက်ဒဏ်ရာရသွားကြတယ်၊ တစ်ယောက်ဆိုရင် အသက်ဆုံးရှုံးရတော့မလိုတောင်ဖြစ်သွားတာ၊ အဲဒီလို အုတ်အောင်းသောင်းတင်းအခြေအနေမျိုးတွေဖြစ်လာတော့ သူတို့လည်းမတတ်သာတဲ့အဆုံး ကျီးချွင်းကိုဖျက်ဆီးလိုက်ကြတယ်၊ ယန်းချိုးရှန်းကလည်း အဲဒီကိစ္စကြောင့်ပဲ စကားတစ်ခွန်းမှမပြောဘဲ ထွက်သွားခဲ့တယ်၊ အခုချိန်ထိ သူဘယ်ရောက်နေသလဲဆိုတာကို ဘယ်သူမှမသိကြဘူး၊ အဲဒါကြောင့်ပဲ အခုချိန်မှာ DCO က ရှင်တို့လို ဓားဝိညာဉ်တွေကို တင်းတင်းကြပ်ကြပ်ကိုင်တွယ်ထိန်းချုပ်နေတာပဲ"

"ဪ"

ရှန့်လင်ယွမ်းက သူ့လက်များကိုပြောင်စင်အောင် ပွတ်သပ်လိုက်ပြီး စိတ်ထဲ၌တွေးလိုက်သည်။

ဒါဖြင့် ဒီမှာအချိန်ကြာကြာနေဖို့ ပိုလို့တောင်မသင့်တော်ဘူးပေါ့

ဖျင်ချန့်ရူက ဆိုသည်။

"ပွင့်ပွင့်လင်းလင်းပြောရရင် ဌာနချုပ်က တစ်ခါတလေ အခြေအနေကိုထိန်းသိမ်းတဲ့နေရာမှာတော်ပေမယ့် တစ်ခါတလေကျတော့လည်း အတော်လေးအကြင်နာတရားမရှိသလိုခံစားရတယ်၊ သူတို့တွေက တစ်ခုခုကိုကိုင်တွယ်ဖြေရှင်းတဲ့အခါ မှန်တာမှားတာကိုလည်းမကြည့်သလို တရားနည်းလမ်းကျကျနဲ့ လူသားဆန်မှုဆိုတာတွေကိုလည်းမကြည့်တတ်ကြဘူး၊ သူတို့က ရလဒ်ကိုပဲကြည့်ကြတာ။ တကယ်လို့ ကိစ္စတစ်ခုက အပြတ်ဖြေရှင်းဖို့ခက်ခဲတယ်ဆိုရင် စောင်တစ်ထည်ကိုယူပြီး ဆွဲဖုံးထားလိုက်တော့တာပဲ၊ နောက်ဆုံး ဘယ်လိုမှဖုံးဖိလို့မရတော့တဲ့အထိပေါ့။ ဥပမာပြောရရင် အခုလိပ်ပြာကိစ္စကိုပဲကြည့်လေ၊ သူတို့တွေက ပါးစပ်ကသာ 'ဒီအခြေအနေတစ်ရပ်လုံးကို ဦးစားပေးအာရုံစိုက်ပြီး ချင့်ချင့်ချိန်ချိန်ကိုင်တွယ်ဖြေရှင်းရမယ်' လို့ပြောနေပေမယ့် အခုချိန်ထိကို ဖုံးဖိထားချင်နေကြတုန်းပဲ။ နောက်ဆက်တွဲဘာပြဿနာမှရှိမလာနိုင်တဲ့ကိစ္စမျိုးဆိုရင်တော့ ဖျက်ဆီးပစ်ဖို့အမိန့်ကို အလွယ်တကူပဲပေးတတ်ကြတယ်__ဘာပဲဖြစ်ဖြစ် ကျီးချွင်းဟာလည်း ဓားတစ်လက်ပဲမဟုတ်ဘူးလား၊ ခေါင်းဆောင်ယန်းကလည်း ဘာကျောထောက်နောက်ခံမှမရှိတဲ့ တစ်ကိုယ်တည်းသမားတစ်ယောက်ပဲလေ၊ ဖျက်ဆီးပစ်ဖို့အမိန့်ထွက်လာတော့လည်း ဖျက်ဆီးပစ်ရမှာပဲပေါ့"

သူမ စကားပြောနေခိုက်မှာပင် ရှန့်လင်ယွမ်းတစ်ယောက် ဘေးတစ်ဖက်တွင်ရှိသော အမဲသားတုံးကို အကြိမ်ပေါင်းများစွာလှမ်းကြည့်နေတာကိုသတိထားမိလိုက်လေသည်။ ပန်းကန်မှာ အေးစက်သွားပြီဖြစ်သည့်တိုင်အောင် ၎င်းသည်ကား တစ်ချက်မျှမလှုပ်သေးပါချေ။ ထိုအမဲသားတုံးက ကြီးလွန်းနေသည်ဟု တွေးနေတာဖြစ်ကောင်းဖြစ်နိုင်သည်။ သူမက သဘောပေါက်သွားကာ သူ့ပန်းကန်ကိုယူ၍ အမဲသားတုံးကိုလှီးပေးလိုက်သည်။

လှီးပြီးသည့်နောက်တွင်မူ ရှန့်လင်ယွမ်းသည်ကား သူမကို အံ့အားသင့်နေသောဟန်အမူအရာဖြင့်ကြည့်နေသည်ကို ဖျင်ချန့်ရူတွေ့လိုက်ရသောအခါ ချက်ချင်းဆိုသလိုပင် သူ့မျက်နှာမှာနီမြန်းသွားရှာသည်။ သူမက သတိထား၍မေးမြန်းလိုက်သည်။

"ရှင် ဒါကို စားမလို့မဟုတ်ဘူးလား? ကျွန်မက ဒီအတိုင်း ရှင့်အတွက် လှီးပေး......"

သူမသည်ကား အရှက်အကြောက်ကြီးကာ ဘာသိဘာသာနေတတ်သောမိန်းကလေးတစ်ဦးဖြစ်ပြီး ရုပ်ရည်ရူပကာအရလည်း ချောမောကြည့်ကောင်းသည့်အထဲတွင်မပါပါချေ။ ငယ်စဉ်ကတည်းမှစ၍ ယခုအချိန်ထိတိုင်အောင် ပတ်ဝန်းကျင်နှင့်အလိုက်အထိုက်ပေါင်းသင်းဆက်ဆံနိုင်စွမ်းမရှိပေ။ အကယ်၍သာ သူမသည်ကား အမြီးကိုဖွက်ထားပြီး အမြဲလိုလိုသတိကြီးစွာထားရင်းမနေထိုင်ပါက 'လူထူးလူဆန်း' တစ်ယောက်အဖြစ်ဂုဏ်ပုဒ်တပ်ခံရမည့်အန္တရာယ်နှင့်ရင်ဆိုင်ရမည်ဖြစ်သည်။

သူမမှာ အထီးကျန်နေသူတစ်ယောက်ပုံစံမျိုးပေါက်မနေချင်သည့်အတွက် သတိကြီးစွာဖြင့်ပင် တစ်စုံတစ်ယောက်၏ဘေးနားတွင်ကပ်နေနိုင်ရန် အမြဲတစေကြိုးစားနေလေ့ရှိကာ 'မင်းသမီးရောဂါ' ရှိသူတစ်ယောက်ပြီးတစ်ယောက်အား တိတ်တိတ်လေးဂရုတစိုက်စောင့်ရှောက်ပေးနေတတ်သူဖြစ်သည်။

DCO သို့ဝင်ရောက်ပြီးသွားလျှင်တော့ အရာအားလုံးမှာ အဆင်ပြေသွားလိမ့်မည်ဟု သူထင်ခဲ့သည်။ ဘာပဲဖြစ်ဖြစ် ဤနေရာတွင်ရှိသူများအားလုံးသည်ကား လူထူးလူဆန်းများပင်ဖြစ်ကြသည်မဟုတ်ပါလား၊ မိမိမှာ နောက်ဆုံးတော့ လူထူးလူဆန်းဂြိုဟ်ပေါ်သို့ပြန်လည်ရောက်ရှိသွားပြီး ကိုယ့်ဘာသာကိုယ်နေတတ်သလိုနေလို့ရမည်ဖြစ်သည်။ သို့သော် အနှီလူထူးလူဆန်းများ၏ပိရိသေသပ်သောစည်းမျဉ်းစည်းကမ်းများနှင့် အပြောင်းအလဲလွယ်သောစံချိန်စံညွှန်းများသည်ကား သာမန်လူသားများအောက် လျော့နည်းခြင်းမရှိမှန်း မည်သူကထင်ပါမည်နည်း?

ခုနလေးတင် ရှန့်လင်ယွမ်း၏ 'ငါ ဒါကိုစားချင်တယ်၊ ဒါပေမဲ့ ငါ မပြောဘူး၊ မင်းဘာသာမင်းအရိပ်အကဲကြည့်ပြီး ကြိုတင်လက်ဦးမှုယူပြီး ငါ့ဆီကိုယူလာပေး' ဟူသည့် သိမ်မွေ့တည်ငြိမ်သောအကြည့်များအားလုံးမှာ သူမအတွက်ရင်းနှီးနေသောအရာများဖြစ်လို့နေသည်။ ဖျင်ချန့်ရူသည်ကား သတိမထားမိဘဲ မသိလိုက်မသိဘာသာဖြင့်ပင် အထင်ကရပုဂ္ဂိုလ်အကျော်အမော်ကြီးတစ်ယောက်အား မင်းသမီးလေးတစ်ပါးသဖွယ် ပြုစုခစားနေမိလေတော့သည်။

ရှန့်လင်ယွမ်း၏မျက်လုံးထောင့်စွန်းများက ညင်သာနူးညံ့စွာ အထက်သို့ကွေးညွတ်တတ်သွားပြီး ဖျင်ချန့်ရူ၏ပါးပြင်နှစ်ဖက်မှာလည်း ပို၍ပင်နီရဲတက်လာတော့သည်။ သူ့ခမျာ နားများပင် အူလာသယောင်။

"လူကြီးမင်းမှာ ဓားနာမည်ရှိပါသလား?"

သူမက အထစ်ထစ်အငေါ့ငေါ့ဖြင့်မေးလိုက်ပြီးကာမှ *'ဓားအမည်' ဟူသောစကားလုံး၏အသံထွက်မှာ ဆဲရေးတိုင်းထွာသည့်စကားလုံးနှင့် အသံထွက်ဆင်တူနေတာကို ပြန်သတိရသွားပြီး ကမန်းကတန်းပင်ပြန်ပြင်ပြောလိုက်ရလေသည်။

"ကျွန်မ...ကျွန်မ ဆိုလိုတာက...လူကြီးမင်းကို ဘယ်လိုခေါ်ရမလဲလို့ပါ"

(T/N

*ဓားအမည်ဆိုတာက ဓားပေါ်မှာကမ္ဗည်းထိုးရေးထွင်းထားတဲ့ အမည်နာမ (剑铭)ကိုပြောတာပါ။ ဒါပေမဲ့ သူ့ရဲ့အသံထွက်က (贱名) ဆိုတဲ့ လူကိုဆဲရေးတိုင်းတာထွာတဲ့စကားလုံးနဲ့အသံထွက်နဲ့ဆင်တူနေလို့ပါ။)

ရှန့်လင်ယွမ်းက တခဏမျှစဉ်းစားလိုက်သည်။ 'လင်ယွမ်း' ဟူသည့်အမည်ကို ချိယွမ်းဆေးရုံ၌ကြေညာခဲ့ပြီးဖြစ်သည်။ အကယ်၍ မိစ္ဆာလေးသည်ကား သူ၏မူလရုပ်သွင်အစစ်အမှန်ကိုဖုံးကွယ်ထားပေးနေသည်ဆိုမှတော့ မိမိကလည်း သူ့အကြံအစည်များကို မဖြစ်မနေအနှောင့်အယှက်ပေးစရာအကြောင်းမရှိပါလေ။ သို့ဖြစ်ရာ သူက အခြားအမည်တစ်ခုကိုပြောလိုက်သည်။

"ငါ့ရဲ့နာမည်က 'ရှောင်း' ပါ"

ကံကောင်းထောက်မစွာပင် ဖျင်ချန့်ရူမှာ ကွန်ပျူတာသိပ္ပံကျောင်းသူတစ်ဦးဖြစ်ပြီး တက္ကသိုလ်ဝင်ခွင့်အောင်ပြီးသည်နှင့် အထက်တန်းကျောင်းတုန်းက သင်ကြားခဲ့ရသော သူမ၏သမိုင်းသင်ခန်းစာများကို ဆရာမများထံသို့ပြန်လည်ပေးအပ်လိုက်ပြီဖြစ်သည်။ အကယ်၍ သူသာ 'ရှန့်ရှောင်း' ဟုပြောလိုက်မည်ဆိုပါက ထိုသူသည်ကား ချီတိုင်းပြည်၏ ဧကရာဇ်ဝူနှင့် နာမည်အတူတူပင်ဖြစ်ကြောင်း အမှတ်ရသွားမည်ဖြစ်သည်။ သို့သော် 'ရှောင်း' ဟူသည့်နာမည်တစ်လုံးတည်းနှင့်ကတော့ သူမအနေဖြင့်မည်သို့မှသတိမထားမိပါချေ။

ရှန့်လင်ယွမ်းက နူးညံ့နွေးထွေးစွာမေးမြန်းလိုက်သည်။

"မင်းကရော ထူးခြားစွမ်းရည်ပိုင်ရှင်တစ်ယောက်ပဲလား?"

"ဟုတ်တယ်၊ ကျွန်မရဲ့ အစိုးရ ID ကတ်ပေါ်မှာတော့ အဲဒီလိုမျိုးရေးထားတာပဲ၊ ဒါပေမဲ့ ကျွန်မရဲ့ထူးခြားစွမ်းရည်က ဘာလဲဆိုတာကို ကျွန်မကိုယ်ကျွန်မတောင်မသိဘူး၊ သူတို့ကလည်း ဘုမသိဘမသိနဲ့ ကျွန်မကိုအလုပ်ခန့်လိုက်ကြတာပဲ"

ဖျင်ချန့်ရူက ခါးသက်စွာပြုံးရယ်လိုက်သည်။

"အဲဒီနေ့က စစ်ဆေးတဲ့စက်ကိရိယာက ပျက်နေလို့ဖြစ်မှာပေါ့__မဟုတ်ရင် ကျွန်မ အခုဆို ကျောင်းမှာ သုတေသနအဖွဲ့ဝင်တစ်ယောက်ဖြစ်နေလောက်ပြီ၊ ဪ....သုတေသနအဖွဲ့ဝင်ဆိုတာက ဘာကိုပြောတာလဲဆိုတာကို လူကြီးမင်းမသိလောက်ဘူးထင်တယ်....."

ရှန့်လင်ယွမ်းမှာ အစာစားနေချိန်တစ်လျှောက်လုံး စကားတစ်ခွန်းစနှစ်ခွန်းစသာပြောခဲ့သော်ငြား ဖျင်ချန့်ရူသည်ကား ဘာရယ်ကြောင့်မှန်းမသိဘဲ သူမတစ်သက်လုံးတွင်ဖြစ်ပျက်ခဲ့သမျှအကြောင်းကိစ္စပေါင်းစုံကို အိတ်သွန်ဖာမှောက်ပြောပြနေတော့သည်။ ဘေးအိမ်မှ ခွေးကလေး၏အတွင်းရေးကိစ္စများကိုပါ မချန်ပေ။

သူမ၏ပင်ကိုယ်စရိုက်သဘာဝအရ အရှက်အကြောက်ကြီးသောမိန်းကလေးတစ်ယောက်ဖြစ်သည့်အလျောက် အစောပိုင်းတွင် ထိုအမျိုးသားအား အနည်းငယ်ကြောက်ရွံ့ခဲ့တာဖြစ်သည်။ သို့သော် အချိန်ခဏကြာပြီးနောက်တွင်မူ ဘာရယ်ကြောင့်မှန်းမသိဘဲ အစပိုင်း၌ဖြစ်ပေါ်ခဲ့သော ကြောက်စိတ်များအားလုံးကိုမေ့လျော့သွားပြီဖြစ်သည်။ ထမင်းစားသောက်ပြီးနောက် ကျသင့်ငွေစာရွက်ပေါ်တွင် လက်မှတ်သွားထိုးနေချိန်မှာပင် ဖျင်ချန့်ရူခမျာ ခေါင်းထဲတွင် အနည်းငယ်ရိုးတိုးရိပ်တိပ်ဖြစ်နေသေးသလိုခံစားလိုက်ရ၏။ သူမထံတွင် သူ့ကိုယ်သူတောင်မသိသော တစ်ခုခုကိုအရူးအမူးစွဲလမ်းတတ်သော ပုန်းလျှိုးနေသည့်ခံစားချက်များရှိနေသလားဟု သံသယဝင်လာမိလေသည်။ ချောမောလှပသောလူတစ်ယောက်ကိုတွေ့လိုက်သည်နှင့် သူမ၏လျှာကိုထိန်းချုပ်လို့မရနိုင်တော့သယောင်။ သူလက်မှတ်ထိုးနေခိုက်မှာပင် အမှတ်တမဲ့နောက်ပြန်လှည့်ကြည့်လိုက်သောအခါဝယ် သူ့ကိုယ်သူ 'ရှောင်း' ဟုအမည်ပေးထားသည့် ဓားဝိညာဉ်သည်ကား အတွေးရေယာဉ်ကြောတွင်မျောလွင့်နေသည့်အလား သူမကိုငေးမောစူးစိုက်ကြည့်ရှုနေသည်ကိုတွေ့မြင်လိုက်ရလေသည်။ သို့ပေသိ သူ့အကြည့်များမှာ သူမ၏ခန္ဓာကိုယ်ပေါ်တွင် သည်အတိုင်းရှိနေတာမဟုတ်ဘဲ သူမကိုထွင်းဖောက်ကာ တစ်စုံတစ်ရာကိုကြည့်ရှုနေသည်နှင့်ပို၍တူလှပေသည်။

သူ့မျက်ဝန်းများမှာ တည်ငြိမ်အေးချမ်းပြီး နှစ်သက်သဘောကျသောအမူအရာများရောစွက်နေသလို တစ်ချိန်တည်းမှာပင် အဝေးတစ်နေရာမှ ဆွေးမြည့်ကြေကွဲဖွယ်ကောင်းသောအရိပ်အသက်များကိုပါ သယ်ဆောင်ထားသည့်နှယ်။

ဖျင်ချန့်ရူတစ်ယောက် ကြောင်အမ်းတုံ့ဆိုင်းသွားသည်။ သို့သော် သူမ သေသေချာချာမကြည့်လိုက်ရသေးခင်မှာပင် ထိုလူသည်ကား သတိပြန်ကပ်သွားပြီးနောက် သူမအား တစ်ချက်ပြုံးပြလိုက်လေသည်။ များမကြာမီမှာပင် သူ၏အာရုံက ကလေးတစ်ယောက်၏လက်ထဲရှိ ကတော့ပုံရေခဲမုန့်ဆီသို့ လွှဲပြောင်းရောက်ရှိသွားလေတော့သည်။ ခုနလေးတင် သူမတွေ့မြင်လိုက်ရသည့်အရာများမှာ အမြင်မှောက်မှားခြင်းသာဖြစ်နေသယောင်။

ဆယ်မိနစ်ကြာပြီးနောက်မှာတော့ ဖျင်ချန့်ရူ၏ကူညီလမ်းပြပေးမှုအောက်၌ ရှန့်လင်ယွမ်းသည်ကား ဟိုတယ်၏ပင်မဝင်ပေါက်မှတဆင့် အပြင်ဘက်သို့မည်သို့မည်ပုံထွက်ရမလဲဆိုတာကို နောက်ဆုံးတော့သဘောပေါက်နားလည်သွားပြီဖြစ်သည်။ ၎င်းသည်ကား အရောင်အသွေးစုံလင်တောက်ပသော ရေခဲမုန့်ကတော့လေးတစ်ခုကိုကိုင်ထားရင်း ဟိုတယ်ရှေ့တွင်ရှိသည့် ရင်ပြင်အသေးလေးထဲတွင်ထိုင်ကာ လမ်းသွားလမ်းလာများကိုကြည့်ရှုလို့နေသည်။

သူ၏ကျေးဇူးတော်ကြောင့် အဆောက်အဦးအောက်ထပ်ရှိ ဈေးဝယ်စင်တာ၏ကြမ်းခင်းတွင် ဧရာမအပေါက်ကြီးတစ်ပေါက်ဖြစ်သွားခဲ့ရှာသည်။ အရေးပေါ်ဆောက်လုပ်ရေးအဖွဲ့က အချိန်ပိုဆင်းကာ ထိုအပေါက်ကြီးကို အသည်းအသန်ပြန်လည်ပြုပြင်ဖာထေးနေကြသည်။ သို့သော် ယနေ့မှာ အလုပ်ပိတ်ရက်ဖြစ်သောကြောင့် လမ်းပေါ်တွင် လမ်းသွားလမ်းလာပြည်သူများဖြင့် ကြက်ပျံမကျစည်ကားသိုက်မြိုက်နေဆဲဖြစ်သည်။

ရှန့်လင်ယွမ်းက သူ့ဆံနွယ်များကို အနောက်ဘက်တွင်စုစည်းချည်နှောင်လိုက်ပြီး ရေပန်းဘေးနားတွင်ထိုင်နေ၏။ သူ့ပုံစံမှာ အတော်လေးကို မျက်လုံးထဲတွင် ထင်သာမြင်သာရှိလှသောကြောင့် အနားမှဖြတ်လျှောက်သွားသူတိုင်းမှာ သူ့ကို လည်ပြန်လှည့်မကြည့်ဘဲမနေနိုင်ရှာပေ။ ပိရှသည်ကား ငယ်စဉ်ကတည်းကပင် လူအများအပြား၏စူးစိုက်ကြည့်ရှုနေသောအကြည့်များအောက်တွင် ကြီးပြင်းလာခဲ့ရသူဖြစ်လေရာ ထိုအကြည့်များမှာ သူ့အတွက်မည်သို့မှမနေပါချေ။ ၎င်းသည်ကား တစ်စုံတစ်ယောက်နှင့်အကြည့်ချင်းဆုံသွားသည့်အခါတိုင်း ထိုသူအား အပြုံးတစ်ပွင့်ပင်ပြန်လည်စွန့်ကြဲပေးကမ်းလိုက်သေးသည်။

ရင်ပြင်ရှိလမ်းသွားလမ်းလာများမှာ သူ့အပြုံးကြောင့် မျက်နှာများပင်နီမြန်းသွားကြရှာတော့သည်။ များမကြာမီမှာပင် ကလေးမလေးတစ်သိုက်ရောက်ရှိလာကာ သူ၏ WeChat အကောင့်ကိုမေးလာသည်။ ရှန့်လင်ယွမ်းသည်ကား WeChat အကောင့်ဆိုသည့်အရာမှာ ဘာမှန်းမသိသော်ငြား ၎င်းမှာ ယခင်အတိုင်းလိမ္မာပါးနပ်စွာပင် ဝေ့လည်ကြောင်ပတ်လုပ်ကာ စကားလမ်းကြောင်းကိုပြောင်းလဲလိုက်သည့်အပြင် ကြည်သာရွှင်ပျစွာဖြင့် ပြေပြစ်ချောမွေ့စွာ အလိုက်အထိုက်စကားပြန်လည်ပြောဆိုလို့နေသည်။

ရွှမ်းကျီးမှာ ယခုလေးတင် ဆေးရုံမှပြန်ရောက်လာတာဖြစ်သည်။ သူက ကားပါကင်ရှိ ဓာတ်လှေကားမှတဆင့် အပေါ်သို့တက်လာကာ ဆင်ဝင်အောက်ရှိ ဆေးလိပ်သောက်သည့်ဧရိယာသို့လျှောက်လာသည်။ သူက လက်တန်းကိုမှီလိုက်ပြီး အောက်ထပ်သို့ခေါင်းငုံ့ကြည့်လိုက်ချိန်ဝယ် အဆိုပါမြင်ကွင်းကိုတွေ့မြင်လိုက်ရလေသည်။

သူက ခုနလေးတင် ဒယ်ဒီရှောင်းဆီမှရလာသော လက်ကိုင်ဖုန်းကိုထုတ်ယူလိုက်ပြီး DCO ၏ ရုံးတွင်းအင်တာနက်ကွန်ယက်ထဲသို့ မဝင်တတ်ဝင်တတ်ဖြင့် ဝင်ရောက်လိုက်သည်။

ဌာနချုပ်၏ဒစ်ဂျစ်တယ်စီမံအုပ်ချုပ်ရေးနည်းပညာမှာ အတော်လေးကောင်းမွန်လှသည်။ ကွန်ပျူတာစနစ်မှာလည်း အသုံးပြုသူများအတွက် အသုံးပြုရလွယ်ကူရှင်းလင်းလှသည်။ လက်နက်ဝိညာဉ်တစ်ခုကိုစာရင်းသွင်းမှတ်တမ်းတင်ရန်အတွက် အွန်လိုင်းလျှောက်လွှာဖောင်တစ်ခုကို ရိုးရှင်းလွယ်ကူစွာပင်ဖြည့်စွက်လျှောက်ထားနိုင်သည်။ ရွှမ်းကျီးက 'အလုံးစုံတာဝန်ခံကြောင်း သဘောတူညီချက်စာချုပ်' ကို တစ်ခါဖတ်လျှင်စာကြောင်းရေဆယ်ကြောင်းခန့် ခပ်သွက်သွက်ဖတ်ရှုလိုက်သည်။ ဖတ်ပြီးသွားချိန်၌ သူ့ခမျာ ဗိုက်ပင်အောင့်လာသယောင်ခံစားလိုက်ရရှာတော့သည်။

၎င်းမှာ အမှန်တကယ်ကိုပင် တာဝန်အပြည့်အဝယူခိုင်းသောစာချုပ်ဖြစ်သည်။ သူနှင့်ပတ်သက်သမျှ ကြီးကြီးငယ်ငယ်ကိစ္စအားလုံးကို တာဝန်ယူရမည့်အပြင် 'အလုပ်ကိစ္စဖြင့်ခရီးသွားချိန်၌ နေစရိတ် စားစရိတ် အစရှိသောအပိုထပ်ဆောင်းကုန်ကျငွေများကိုပါ တာဝန်ယူရမည်' ဟူသောစည်းမျဉ်းစည်းကမ်းများကိုတောင် ရေးသားထားပေသည်။

"ဘာသောက်အဓိပ္ပာယ်မရှိတဲ့ စာချုပ်ကြီးလဲကွ"

ရွှမ်းကျီးက ကျောရိုးမရှိသူတစ်ယောက်ပမာ လက်တန်းပေါ်တွင် လျော့တိလျော့ရဲမှီလိုက်သည်။

သည်လိုစာချုပ်မျိုးကို သူလက်မှတ်ထိုးစရာ ဘာအကြောင်းမှမရှိ။ 'တာဝန်ခံမှု'၊ သူ့ကို အရင်ဆုံးထိန်းချုပ်ရမယ်ပေါ့

လူသားဧကရာဇ်ကိုထိန်းချုပ်ရမယ်? သူ ဘာတွေစဉ်းစားနေတာလဲ!

ထပ်ပြောရလျှင် ရှန့်လင်ယွမ်းသည်ကား တကယ့်ဓားဝိညာဉ်အစစ်မှမဟုတ်တာပဲလေ။

ထို့ပြင် ပိရှအား ဌာနချုပ်ရှိ သီးသန့်ခန်းထဲသို့ ပို့လိုက်ရမည့်ကိစ္စမှာကား ပို၍ပင်ရယ်စရာကောင်းသောဟာသတစ်ခုဖြစ်ပေလိမ့်မည်။ အနှီအဘိုးကြီးသည်ကား မဆိုစလောက်လေးမကျေမနပ်ဖြစ်သွားရုံနှင့်ပင် ဌာနချုပ်တစ်ခုလုံးကို ဇောက်ထိုးမိုးမျှော်ဖြစ်သွားအောင်လုပ်လိုက်ပေလိမ့်မည်။

ထိုအခိုက် ရှန့်လင်ယွမ်းတစ်ယောက် ရေခဲမုန့်စားလို့ကုန်သွားတာကို သူတွေ့မြင်လိုက်ရသည်။ မိန်းမပျိုလေးတစ်ယောက်မှာ သူ့သူငယ်ချင်းများက တွန်းထုတ်လိုက်သောကြောင့် အရှေ့သို့ထွက်လာပြီး ရှန့်လင်ယွမ်းရှိရာဆီသို့လျှောက်လှမ်းလို့လာသည်။ သူမက ရှက်ကိုးရှက်ကန်းဖြင့်ပင် သူ့ကိုတစ်ခုခုမေးမြန်းလိုက်သောအခါ ရှန့်လင်ယွမ်းကလည်း ကျေနပ်သဘောကျဟန်ဖြင့် ခေါင်းညိတ်ကာ သဘောတူညီကြောင်းပြသလိုက်သည်။ မိန်းမပျိုလေးက သူမ၏မျက်နှာကိုလက်ဖြင့်အုပ်လိုက်ရင်း အနီးအနားတွင်ရှိနေသည့် မုန့်ပဲသရေစာရောင်းသည့်ဆိုင်တစ်ဆိုင်သို့ လေပွေတစ်ခုအလား လှစ်ခနဲပြေးဝင်သွားလေသည်။ ထို့နောက် သောက်စရာပူပူခွက်ကြီးတစ်ခွက်ကိုမှာယူလိုက်ပြီးနောက် ထိုအရာအား ရှန့်လင်ယွမ်းလက်ထဲသို့ထိုးထည့်ပေးလိုက်ကာ လေပွေတစ်ခုလိုပင် ပြန်လည်ထွက်ပြေးသွားလေတော့သည်။

ရွှမ်းကျီး : "........"

ပိရှသည်ကား မည်သည့် ID အထောက်အထားမှ မလိုအပ်ကြောင်းကို သူသဘောပေါက်သွား၏။ ယခုနောက်ပိုင်းမှစ၍ ၎င်းသည်ကား လမ်းဘေးတွင် သူ့အပြုံးများကိုရောင်းဝယ်ဖောက်ကားသောလုပ်ငန်းဖြင့် နေထိုင်စားသောက်နိုင်တာပဲဖြစ်သည်။ ရွှမ်းကျီးက ကွန်ပျူတာစနစ်ထဲမှပြန်ထွက်လို‌က်ပြီး သူ၏ဖုန်းမျက်နှာပြင်ကိုပိတ်လိုက်သည်။ ထိုလျှောက်လွှာကိုမဖြည့်တော့ရန်သာ သူဆုံးဖြတ်ချက်ချလိုက်လေတော့သည်။

မည်သို့ပင်ဖြစ်စေ ရှန့်လင်ယွမ်းမှာ ဤနေရာတွင် သည်အတိုင်းဆက်နေထိုင်မည်မဟုတ်။ အချိန်တန်တော့လည်း ဓားပျောက်သွားပြီဟု သူပြောလိုက်ရုံပဲပေါ့။

ရှန့်လင်ယွမ်းကိုလည်း နောက်ပိုင်းဘာဆက်လုပ်ရန် အစီအစဉ်များရှိသလဲဆိုသည့်မေးခွန်းကို သူထပ်မမေးခဲ့ပါချေ__မေးလည်း အသုံးမဝင်၊ ဘာပဲဖြစ်ဖြစ် အနှီမိစ္ဆာအိုကြီးက သူ့ကိုပြောပြမည်မဟုတ်ပေ။ အကယ်၍ ရွှမ်းကျီးသာ သတိလက်လွတ်ဖြစ်သွားပါက ထိုလူက သူ့ဆီက သတင်းအချက်အလက်များကိုပင် မလိမ့်တပတ်ဖြင့်နှိုက်ထုတ်သွားဦးမည်ဖြစ်သည်။ သူတို့နှစ်ယောက်သည်ကား နတ်ဆရာဂူသင်္ချိုင်းထဲသို့ဝင်လိုက်ထွက်လိုက်လုပ်ခဲ့ဖူးသည့်အပြင် မဟာမိတ်အနေဖြင့်လည်း အကြိမ်ပေါင်းများစွာအတူတကွပူးပေါင်းတိုက်ခိုက်ခဲ့ကြဖူးသည်သာဖြစ်သည်။ သို့သော် သူတို့နှစ်ဦးကြားရှိ မိတ်ဆွေသံယောဇဉ်နှောင်ကြိုးမှာ တစ်ချက်ပွတ်လိုက်ရုံနှင့် ကျိုးပဲ့ပြတ်တောက်သွားနိုင်သော အပေါစားပလတ်စတစ်ကြိုးတစ်ချောင်းကဲ့သို့ပင်။ ထို့ထက်ပိုဆိုးသည်ကား တစ်ဖက်လူ၏သွေးနှင့်ထိတွေ့လိုက်တာနှင့် သူတို့နှစ်ဦးမှာ Bluetooth ဆက်သွယ်မှုဖြင့် အလိုအလျောက် စိတ်ချင်းဆက်သွယ်သွားကြသောကိစ္စဖြစ်သည်။ ဤကဲ့သို့ တစ်ယောက်နှင့်တစ်ယောက် တစ်ချိန်လုံး စိတ်ချင်းဆက်သွယ်နေသည့်အဖြစ်က အတော်လေးကို အဆင်မပြေသောကိစ္စမျိုးဖြစ်သည်။ ရွှမ်းကျီးက တစ်ဖက်လူ၏နေရာမှနေ၍ တွေးတောကြည့်လိုက်သည်__အကယ်၍ သူသာ ရှန့်လင်ယွမ်းဆိုပါက နတ်ဆရာဂူသင်္ချိုင်းနှင့်ပတ်သက်သောကိစ္စဝိစ္စများကို လတ်စသတ်ဖြေရှင်းပြီးသည်နှင့် ပြန်လည်ထွက်ခွာဖို့အဆင်သင့်ပြင်ထားမှာဖြစ်သည်။

ထိုအခိုက် ရှန့်လင်ယွမ်းက သူ့အကြည့်များကိုခံစားမိသွားဟန်ဖြင့် ခေါင်းမော့ကြည့်လာသည်။

ထို့နောက် ရွှမ်းကျီး၏နားထဲတွင် ထိုလူ၏စကားသံကိုကြားလိုက်ရသည်။

"နေရာထိုင်ခင်းပေးခဲ့တာအတွက် ကျေးဇူးတင်ပါတယ်"

ရွှမ်းကျီးတစ်ယောက် တုံ့ဆိုင်းသွား၏။ သူက လက်တန်းကိုမှီထားလျက်ပင် တစ်ချက်မှမလှုပ်ရှားဘဲ သူ့အကြည့်များကို အောက်သို့ပို့လွှတ်ကာ ရှန့်လင်ယွမ်းအား စူးစိုက်ကြည့်ရှုလိုက်လေသည်။

"လူမျက်နှာလိပ်ပြာတွေကို စမ်းသပ်စစ်ဆေးလို့ရတဲ့ မန္တန်နည်းလမ်းကို မင်းတို့ကို ငါပေးထားခဲ့ပြီးပြီ၊ မြန်မြန်ဆန်ဆန်လုပ်လိုက်တော့၊ ညတာရှည်လေလေ အိပ်မက်များများမက်လေပဲ"

ရှန့်လင်ယွမ်းက မတ်တပ်ထရပ်လိုက်သည်။

"မိစ္ဆာလေး...ဒါဖြင့် ငါတို့ နှုတ်ဆက်လိုက်ကြတာပေါ့"

စကားဆုံးသည်နှင့် သူက ချောကလက်ပူပူတစ်ခွက်ကိုကောက်ကိုင်လိုက်ပြီး တစ်ငုံမြည်းစမ်းကြည့်လိုက်သည်။ မည်ကဲ့သို့သောအရသာမျိုးကိုခံစားလိုက်ရသလဲမသိ၊ သူ့မျက်ခုံးစွန်းများမှာ အနည်းငယ်တွန့်ချိုးသွားရှာသည်။ ထို့နောက်တွင်မူ နောက်သို့လှည့်ကာ လူပင်လယ်ကြီးအတွင်းသို့ တမုဟုတ်ချင်းစီးဝင်လို့သွားသည်။ မျက်စိထဲတွင်ထင်သာမြင်သာရှိလှသော အဖြူရောင်အားကစားဝတ်စုံနှင့်ဆံနွယ်ရှည်များကိုပိုင်ဆိုင်ထားသူသည်ကား အကြိမ်အနည်းငယ်ခန့် ဖျတ်ခနဲ လက်ခနဲဖြစ်ကာ ပျောက်ချင်းမလှပျောက်ကွယ်သွားလေတော့သည်။

ရွှမ်းကျီးမှာ မသိလိုက်မသိဘာသာဖြင့် မတ်မတ်ရပ်လိုက်ရင်း သူ့နောက်သို့လိုက်သွားရန်ပြင်လိုက်မိသည်။ ၎င်းမှာ လက်တန်းပေါ်သို့ ခြေထောက်တစ်ဖက်ကျော်ခွပြီးချိန်ဝယ် အသိစိတ်ပြန်ကပ်လာပြီး စိတ်ထဲ၌တွေးတောလိုက်သည်။

"ဒါက အဆင်ပြေမသွားဘူးလား?"

ယခုချိန်၌ အနည်းဆုံးတော့ ထူးခြားဆန်းကြယ်မှုများဖြင့်ပြည့်နှက်ရောပြွမ်းနေသည့် လူသားဧကရာဇ်မှာ သူတို့၏တစ်ဖက်ရန်သူနှင့်ပူးပေါင်းရန် ရည်ရွယ်ချက်မရှိ။ မိမိတို့အနေဖြင့်လည်း သူ့ကိုနိုင်အောင်မတိုက်ခိုက်နိုင်သလို ထိန်းလည်းမထိန်းချုပ်နိုင်ပေ။ သို့ဖြစ်ရာ ရှေ့လျှောက်အကောင်းဆုံးနည်းလမ်းသည်ကား တစ်ယောက်ကိစ္စတစ်ယောက် ဝင်မစွက်ဖက်ကြခြင်းပင်ဖြစ်သည်။ အကယ်၍ ကံကောင်းထောက်မစွာဖြင့် ပူဆွေးယဇ်ပူဇော်ပွဲ၏နောက်ကွယ်မှ လက်မည်းကြီးကို သူတို့ရှာတွေ့သွားပါကလည်း သူ့အကူအညီကိုယူနိုင်ဦးမည်ဖြစ်သည်။

သမိုင်းစာအုပ်များထဲရှိ သူ၏စွမ်းဆောင်ချက်များကိုမူ လူအများလေးစားယုံကြည်ကိုးကွယ်နိုင်ရန်အလို့ငှာ စင်မြင့်ပေါ်တွင်တင်ပြီးပူဇော်ပသထားလိုက်ခြင်းကသာ အကောင်းဆုံးဖြစ်ပေလိမ့်မည်။

ထိုအခိုက် ရှောင်းကျန်းထံမှ မက်ဆေ့ချ်တစ်စောင်ဝင်လာသည်__၂၄ နာရီခန့် သီးခြားစောင့်ကြည့်ခံထားရပြီးသည့်နောက်မှာတော့ ဒါရိုက်တာရှောင်းသည်ကား ခုနလေးတင်မှ သူ၏လက်နက်ဝိညာဉ်ကိစ္စကို မေးမြန်းရန်သတိရသွားပြီဖြစ်သည်။ ရွှမ်းကျီးက လမ်းလျှောက်နေရင်း သူ့ကိုဖုန်းပြန်ခေါ်လိုက်သည်။

"လောင်ရှောင်း....ငါလည်း အခုပဲ မင်းကို ဒီကိစ္စအကြောင်းပြောတော့မလို့...ငါ့ရဲ့သက်စောင့်လက်နက်က ပျောက်သွားပြီ၊ အဲဒါဆိုရင်ရော လျှောက်လွှာတင်ရဦးမှာပဲလား? အိုင်း...အဲဒီလိုမဟုတ်ဘူးကွ! ငါပြန်လာတော့ သူ့ကိုရှာမတွေ့တော့ဘူး၊ ကြည့်ရတာ ငါက အမွဲတကာ့ထိပ်ခေါင် ဖွတ်မင်းနောင်ဆိုတာကို သိသွားပြီး အိမ်ကထွက်ပြေးသွားတာလားမသိဘူး...မင်းပဲကြည့်လေ...ငါ့မှာ အခုထိ ပထမဆုံးလစာကိုမရသေးတဲ့အပြင် ....အင်္ကျီအဝတ်အစားတွေလည်း တစ်စုံပြီးတစ်စုံပျက်စီး၊ ဖုန်းလည်းတစ်လုံးပြီးတစ်လုံးပျက်၊ ဒါတင်မကသေးဘူး ဓားတစ်ချောင်းကိုပါဆုံးရှုံးလိုက်ရသေးတယ်! ငါ့ကို အဲဒါတွေအတွက် အစားပြန်လျော်ပေးမှာမလား? ယွဲ့သယ်ဘိုးဘိုးတို့အုပ်စုခိုးသွားတဲ့ မစ်သရေးလ်လက်နက်တွေက သိပ်မဆိုးဘူးနော်...ငါ့ရဲ့ ဓားအစုတ်ပလုတ်ထက် အများကြီးပိုကြည့်ကောင်းဦးမယ်...."

1.10.21

အတွဲ (၂) ပြီးပါပြီ။

🔥🔥🔥🔥🔥🔥

T/N

ဘာလိုလိုနဲ့အတွဲ (၂) တောင်ပြီးသွားပြန်ပါပြီ။ အခုချိန်ထိတော့ လက်ရှိနဲ့အတိတ်ကာလကိုသွားလိုက်ပြန်လိုက်လုပ်ရင်း ဖြည်းဖြည်းချင်းဇာတ်ကြောင်းပြန်နေတာမို့ စာဖတ်သူတွေအနေနဲ့ဖတ်ရတာစမ်းတဝါးဝါးဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့ Book 3 ရောက်ရင်တော့ ဇာတ်လမ်းကပုံပေါ်လာပြီမို့ အကြောင်းအရာတော်တော်များများကိုသဘောပေါက်သွားပါလိမ့်မယ်။ Warning ကြိုပေးရရင်တော့ Book 3 က 🗡🗡🗡 အများဆုံးအပိုင်းလို့ပြောကြပါတယ်။

**************

Zawgyi

ေရွာင္းက်န္းက သူ႕မ်က္လုံးမ်ားကိုေမွးက်ဥ္းလိုက္သည္။

"ဘာအဓိပၸာယ္လဲ?"

"မင္းၾကည့္ေလ...ပထမဆုံးပူေဆြးယဇ္ပူေဇာ္ပြဲကို ခ်ိယြမ္းမွာျပဳလုပ္ဖို႔ကိုေ႐ြးခ်ယ္ခဲ့တယ္၊ အားလုံးက ပိခြၽင္းရွန္းလုပ္ခဲ့တာပဲ။ ဒါေပမဲ့ ကိစၥေတြၿပီးသြားေတာ့ ပိခြၽင္းရွန္းဘာျဖစ္သြားသလဲဆိုတာကို ဘယ္သူမွဂ႐ုမစိုက္ၾကေတာ့ဘူး။ အားလုံးရဲ႕အာ႐ုံက တံလွ်ပ္လိပ္ျပာအရႈပ္ေတာ္ပုံေတြဆီကို ေရာက္သြားၾကတယ္၊ သူ႕ရဲ႕ေနာက္ဆုံးသားေကာင္ကလည္း တိုက္တိုက္ဆိုင္ဆိုင္ပဲ သုံးခြၽမ္းပူေဆြးယဇ္ပူေဇာ္ပြဲျပႆနာရဲ႕ အဓိကလက္သည္တရားခံေတြထဲက တစ္ေယာက္ျဖစ္ေနျပန္တယ္၊ အဲဒါက နည္းနည္းေလး ထူးေတာ့ထူးဆန္းေနတယ္__မုတ္ဆိတ္နဲ႕လူနဲ႕ သူဒုကၡေပးခဲ့တဲ့ ဟိုေကာင္ေလးတို႔ႏွစ္ေယာက္က ငါတို႔ရဲ႕စုံစမ္းစစ္ေဆးမႈေတြကို ၾကားျဖတ္ႏွောင့္ယွက္လိုက္ၾကတာပဲ။ အထူးသျဖင့္ မုတ္ဆိတ္ႏွင့္လူေပါ့၊ သူက ပိခြၽင္းရွန္းကိုကာကြယ္ဖို႔အတြက္ သူ႕အသက္ကိုသူစေတးခံဖို႔ေတာင္အဆင္သင့္ျဖစ္ေနခဲ့တာ။ အဲဒီကိစၥေတြေၾကာင့္ ငါတို႔လည္း သုံးခြၽမ္းကိုေရာက္လာၾကၿပီး ယြဲ႕သယ္ဘိုးဘိုးတို႔ရဲ႕ ကလိမ္ကက်စ္လုပ္ရပ္ေတြကိုေဖာ္ထုတ္နိုင္သြားတာပဲ။ မဟုတ္လို႔ကေတာ့ တံလွ်ပ္လိပ္ျပာကူးစက္ခံရတဲ့လူေတြကလည္း ေရာဂါလကၡဏာသိသိသာသာမျပတဲ့အျပင္ နတ္ဆရာဂူသခၤ်ိဳင္းကလည္း ေျမေအာက္ထဲမွာနစ္ျမဳပ္ေနတာဆိုေတာ့....အားေလာ့က်င္းတစ္ေယာက္ ဝုန္းခနဲထြက္လာရင္ေတာင္ သူဘယ္သူလဲဆိုတာကို ဘယ္သူမွသိၾကမွာမဟုတ္ဘူး၊ သူ႕ရဲ႕အသိုက္ကိုလည္း ဘယ္သူကရွာေတြ႕မွာတဲ့လဲ? ဒီျဖစ္ရပ္ႏွစ္ခုနဲ႕ပတ္သက္ၿပီး ငါတစ္ခုခုခံစားမိတာရွိတယ္၊ အထူးသျဖင့္ ဒုတိယျဖစ္ရပ္ကိုေပါ့။ ေနာက္ကြယ္မွာရွိေနတဲ့လူက ဒီလွ်ို႔ဝွက္ႀကံစည္မႈေတြကိုေဖာ္ထုတ္ဖို႔ ငါတို႔ကိုလမ္းျပေခၚေဆာင္သြားၿပီး တရားခံတၿပဳံတေခါင္းႀကီးကို အျမစ္ကေနတူးထုတ္နိုင္ဖို႔လုပ္ေပးလိုက္သလိုပဲ၊ အကယ္၍ ပူေဆြးယဇ္ပူေဇာ္ပြဲကသာ ရက္စက္ယုတ္မာၿပီး လူသားမဆန္တဲ့လုပ္ရပ္မ်ိဳးျဖစ္မေနခဲ့ဘူးဆိုရင္ အဲဒီေနာက္ကြယ္ကလူကို အမ်ားအက်ိဳးေဆာင္တဲ့ အမွန္တရားဘက္ေတာ္သားတစ္ေယာက္လို႔ေတာင္ ငါ ထင္မိေတာ့မလို႔ပဲ"

ယြဲ႕သယ္ဘိုးဘိုးတို႔၏ျပႆနာသည္ကား က်ိန္းေသေပါက္ကို တသီးတျခားျဖစ္ေနေသာျဖစ္ရပ္တစ္ခုမဟုတ္ပါေခ်။ စည္းမ်ဥ္းစည္းကမ္းမ်ားကို ခ်ိဳးေဖာက္ၿပီး လူမ်ားအေပၚဂုတ္ေသြးစုတ္အျမတ္ထုတ္ခဲ့ေသာ ထူးျခားစြမ္းရည္ပိုင္ရွင္မွာ သူတစ္ေယာက္တည္းမဟုတ္ေပ။ ယခု ယြဲ႕သယ္ဘိုးဘိုးတို႔အုပ္စု၏လုပ္ရပ္မ်ားမွာ ဘူးေပၚသလိုေပၚသြားခ်ိန္မွာေတာ့ မေဖာ္ထုတ္ရေသးသည့္ က်န္ေသာလူမ်ားကေရာ? သူတို႔ခမ်ာလည္း ထိုလူမ်ားအတိုင္းျဖစ္သြားေလမလားဟု စိုးရိမ္ထိတ္လန႔္ေၾကာက္႐ြံ႕ေနရတာမွလြဲ၍ အျခားဘာမ်ားလုပ္နိုင္ပါမည္နည္း?

ထပ္ေျပာရလွ်င္ DCO တြင္လည္း တံလွ်ပ္လိပ္ျပာႏွင့္ပတ္သက္ေသာျပႆနာမ်ားေၾကာင့္ လႈပ္လႈပ္ရွားရွားျဖစ္ေနၾကေလၿပီ။ ဤအေျခအေနသို႔ေရာက္လာခ်ိန္မွာေတာ့ ထိုျပႆနာမွာ 'အတြင္း၌တိုးတိုးတိတ္တိတ္ႀကိတ္ၿပီးေျဖရွင္း' လို႔ရေသာ ျပႆနာမ်ိဳးမဟုတ္ေတာ့ပါေခ်။ အႀကီးအကဲဟြမ္တစ္ေယာက္ မည္သို႔မည္ပုံကိုင္တြယ္ေျဖရွင္းမလဲဆိုသည္ကိုအပထား၊ ေသဆုံးသူအေရအတြက္ကိုလိမ္ညာဖုံးကြယ္ခဲ့ရာတြင္ပါဝင္ပတ္သက္ေနၾကေသာ လိပ္ျပာမလုံဘဲျဖစ္ေနရွာသည့္ ကြင္းဆင္းဝန္ထမ္းမ်ားကေရာ မည္ကဲ့သို႔ထင္ၾကပါမည္နည္း?

႐ႊမ္းက်ီးမွာ သူဟိုတယ္မွထြက္မလာခင္အခ်ိန္၌ ပိရွ သူ႕ကိုေျပာခဲ့ေသာစကားမ်ားကို ျပန္လည္အမွတ္ရသြားသည္__

ရွန႔္လင္ယြမ္းက ေျပာခဲ့သည္။

"မင္းနဲ႕မင္းတို႔အဖြဲ႕အစည္းက အုပ္ခ်ဳပ္သူအရာရွိေတြ...အာ...သူတို႔ကိုဘယ္လိုေခၚပါလိမ့္? ဪ...ဒါရိုက္တာေတြ၊ မင္းတို႔ေတြက လူမ်က္ႏွာလိပ္ျပာျပႆနာကို ဖုံးဖိဖို႔ႀကိဳးစားၾကတာက အေျမာ္အျမင္ရွိတဲ့လုပ္ရပ္တစ္ခုပါပဲ။ ဒါေပမဲ့ ဒီကိစၥက တိုက္ဆိုင္မႈသက္သက္မဟုတ္ဘူးဆိုတာကိုေတာ့ မေမ့နဲ႕။ တစ္စုံတစ္ေယာက္က ေနာက္ကြယ္ကေန ဒီကိစၥႀကီးတစ္ခုကို ေသေသခ်ာခ်ာႀကိဳးကိုင္ဖန္တီးေနတာပဲ။ မင္းတို႔ဖုံးခ်င္တိုင္း ဖုံးလို႔ရမွာမဟုတ္ဘူး။ မင္းတို႔က အေျခအေနေတြကို႐ုတ္႐ုတ္သဲသဲမျဖစ္ေစခ်င္လို႔ ဖုံးဖိေပးထားတယ္ဆိုရင္ေတာင္မွပဲ ေအာက္ေျခက အယူအဆကိုယ္စီရွိၾကတဲ့လူေတြက မင္းတို႔ရဲ႕ေစတနာကိုနားလည္ၾကမွာမဟုတ္ဘူး။ သူတို႔က လက္ဦးမႈယူတဲ့အေနနဲ႕ စိတ္ထင္ရာေလွ်ာက္လုပ္ၾကမွာကိုလည္း သတိထား"

ေရွာင္းက်န္းက ေမးလိုက္သည္။

"မင္း ဆိုလိုတဲ့သေဘာက.....?"

"ျမန္ျမန္ဆန္ဆန္နဲ႕သပ္သပ္ရပ္ရပ္ ရွင္းပစ္ရမွာေပါ့"

႐ႊမ္းက်ီးက သူ႕အိတ္ကပ္ထဲမွ စာ႐ြက္တစ္႐ြက္ကိုထုတ္ယူလိုက္သည္။ ၎စာ႐ြက္မွာ ဟိုတယ္ခန္းထဲရွိ မွတ္စုစာအုပ္အတြင္းမွ သူဆုတ္ၿဖဲယူလာေသာစာ႐ြက္ျဖစ္သည္။ စာ႐ြက္ေပၚတြင္ ဘာမွန္းမသိေသာ လုံးဝန္းဝိုင္းစက္သည့္စာသားမ်ားကို ခဲတံျဖင့္ေရးသားထား၏။

ေရွာင္းက်န္းက ထိုစာ႐ြက္ကိုလွမ္းယူလိုက္ေသာအခါ စာ႐ြက္ေပၚတြင္အျဖဴေရာင္အလင္းတန္းမ်ား တလက္လက္ေတာက္ပလာသည္။ မၾကာေသးခင္ကမွ မိုးႀကိဳးအပစ္ခံထားရရွာသည့္ ဒါရိုက္တာေရွာင္းခမ်ာ အထိတ္တလန႔္ျဖင့္ စာ႐ြက္ကိုသူ႕လက္ထဲမွ အေဝးသို႔ကမန္းကတန္းလႊတ္ပစ္လိုက္ေလေတာ့သည္။

"ဒါကေရာ ဘာႀကီးလဲကြ?"

"ေရွးေဟာင္းနတ္ဆရာမႏၱန္ေလ၊ မင္း ဘာလုပ္တာလဲ? ဒါက လူကိုကိုက္မစားတတ္ပါဘူးကြ"

႐ႊမ္းက်ီးက က်စ္ခနဲတစ္ခ်က္စုတ္သတ္လိုက္ၿပီး စာ႐ြက္ကိုျပန္ေကာက္လိုက္ကာ အေပၚမွဖုန္မႈန႔္မ်ားကို တစ္ခ်က္မႈတ္ထုတ္လိုက္သည္။

"တံလွ်ပ္လိပ္ျပာ...လူမ်က္ႏွာလိပ္ျပာေတြလို႔လည္းေခၚတယ္၊ အဲဒါေတြက ေရွးေဟာင္းနတ္ဆရာမ်ိဳးႏြယ္စုရဲ႕မႏၱန္အစီအရင္တစ္မ်ိဳးပဲ။ ေရွးေဟာင္းနတ္ဆရာေတြရဲ႕မႏၱန္ေတြမွာ မ်ားေသာအားျဖင့္ တန္ျပန္မႏၱန္ေတြရွိတယ္။ အဲဒီမေကာင္းတဲ့အတတ္ပညာေတြကိုသုံးၿပီး သူတစ္ပါးကိုဒုကၡေပးမွာကို တားျမစ္ထားတဲ့သ​ေဘာပဲ။ ယုံတမ္းစကားေတြအရဆိုရင္ ဒီလိပ္ျပာေတြက ေသၿပီးသားလူေတြနဲ႕ျပန္လည္ဆက္သြယ္ေပးနိုင္တယ္လို႔ သူတို႔ကယုံၾကည္ၾကတယ္။ သူတို႔ေတြက ရွင္သန္ျခင္းနဲ႕ေသျခင္းတရားေတြကို အရမ္းအထြတ္အျမတ္ထားၾကတာ။ မ်ိဳးႏြယ္စုေခါင္းေဆာင္ကလြဲရင္ အဲဒီလိပ္ျပာေတြကို တျခားဘယ္သူကမွ ကိုယ့္သေဘာနဲ႕ကိုယ္ထည့္သြင္းအသုံးျပဳလို႔မရဘူးတဲ့။ ဒီအစီအရင္ကေတာ့ စစ္ေဆးဖို႔အတြက္သုံးတာ။ တကယ္လို႔ လိပ္ျပာေတြကိုအလြဲသုံးစားလုပ္ခဲ့တဲ့လူတစ္ေယာက္ေယာက္က ဒီအစီအရင္နဲ႕ထိေတြ႕မိသြားမယ္ဆိုရင္ သူ႕မ်က္ခုံးႏွစ္ဖက္ၾကားမွာ လိပ္ျပာပုံအမွတ္အသားတစ္ခုေပၚလာလိမ့္မယ္၊ မင္းကေတာ့ အရမ္းသန႔္ရွင္းတဲ့လူတစ္ေယာက္ပါေနာ္ ဒါရိုက္တာေရွာင္း?"

ေရွာင္းက်န္း : "......"

၎မွာ ႐ႊမ္းက်ီးကို ပထမဆုံးအႀကိမ္စတင္ေတြ႕ဆုံစဥ္ကတည္းက သူ႕ကိုတစစီခုတ္ပိုင္းလွီးျဖတ္ခ်င္စိတ္မ်ားမွာ တစ္ေန႕တျခားပိုမိုအားေကာင္းလို႔လာေတာ့သည္။

"ေက်းဇူးတင္စရာမလိုပါဘူး"

႐ႊမ္းက်ီးက သူ႕လက္ေခ်ာင္းကို ႏႈတ္ခမ္းေပၚတြင္တင္လိုက္ရင္း 'ရႉး' ဟူေသာ လက္ဟန္အမူအရာမ်ိဳးလုပ္ျပကာ တစ္ခ်က္ၿပဳံးလိုက္ၿပီးေနာက္ တံခါးေပၚတြင္ကပ္ထားေသာ ခိုးနားေထာင္ျခင္းကိုကာကြယ္သည့္အစီအရင္အား ဆုတ္ၿဖဲလိုက္သည္။

"ဒီမႏၱန္အစီအရင္က ေကာင္းကင္ရယ္၊ ေျမႀကီးရယ္၊ မင္းရယ္၊ ငါရယ္ပဲသိတာေနာ္။ ရၿပီ၊ ေလာင္ဝမ္က အေဝးႀကီးေရာက္မသြားေသးဘူးလို႔ေတာ့ ေမွ်ာ္လင့္ရတာပဲ။ ငါ သူ႕ကိုမီေအာင္ ကားျပန္ေမာင္းသြားၿပီး ပင္လယ္အဆိပ္အေတာက္ေတြေၾကာင့္ ပ်က္စီးသြားတဲ့ 'ဓားဝိညာဥ္က်ီးခြၽင္း' ရဲ႕ဇာတ္လမ္းေလးကို သြားနားေထာင္လိုက္ဦးမယ္"
.
.
.
.
.

"ေနာက္ေတာ့ 'က်ီးခြၽင္း'လို႔ေခၚတဲ့ ဓားဝိညာဥ္ဟာ ဖ်က္ဆီးခံလိုက္ရတယ္။ သူ႕ရဲ႕အႂကြင္းအက်န္အပိုင္းအစေတြကိုေတာ့ အထပ္ (၆၀) ေျမာက္ ေျမေအာက္ထပ္မွာရွိတဲ့ သီးသန႔္ခန္းထဲမွာ သိမ္းဆည္းထားတယ္"

ဖ်င္ခ်န႔္႐ူသည္ကား ဒါရိုက္တာ႐ႊမ္း၏ၫႊန္ၾကားခ်က္အတိုင္း ပိရွအား ထမင္းစားရန္အတြက္ ဟိုတယ္ကန္တင္းသို႔ေခၚေဆာင္လာခဲ့ေလသည္__သို႔မဟုတ္ပါမူ ၎မွာ ကားပါကင္အတြင္း ေနာက္ထပ္အေပါက္ႀကီးတစ္ေပါက္ပြင့္ထြက္သြားေအာင္ လုပ္လိုက္မွာစိုးေသာေၾကာင့္ျဖစ္သည္။

စားေသာက္ဆိုင္မွာ ဘူေဖးစတိုင္ျဖစ္သည္။ သို႔ေသာ္ ပိရွသည္ကား လုံးလုံးလ်ားလ်ားကို ကိုယ့္ဘာသာကိုယ္ထယူလိုစိတ္မရွိပါေခ်။ ၎မွာ အရွင္သခင္ႀကီးတစ္ပါးပမာ ထိုင္ခုံေပၚတြင္ ေစြ႕ခနဲဝင္ထိုင္လိုက္သည့္အျပင္ သူ႕လိုလက္အေကာင္းေျခအေကာင္းအတိုင္းရွိေနေသာ သန္သန္မာမာေယာက်္ားသားတစ္ေယာက္အတြက္ မိန္းမပ်ိဳေလးတစ္ေယာက္က ဟိုဟိုသည္သည္လိုက္လုပ္ေပးေနရျခင္းအေပၚတြင္လည္း နည္းနည္းေလးမွပင္ အားတုံ႕အားနာစိတ္အလ်ဥ္းမရွိပါေခ်။

ကံေကာင္းေထာက္မစြာပင္ ဖ်င္ခ်န႔္႐ူမွာ စိတ္သေဘာထားေကာင္းသူတစ္ေယာက္ျဖစ္ၿပီး သူ႕ေဘးနားရွိလူမ်ားကို ဂ႐ုစိုက္တတ္သူလည္းျဖစ္သည္။ သို႔ျဖစ္ရာ သူမမွာ ဝိုင္းႀကီးပတ္ပတ္ဒူေဝေဝလုပ္ေနရင္း သူ႕ကိုခစားရန္အလုပ္မ်ားလ်က္ရွိေနေတာ့သည္။

ရွန႔္လင္ယြမ္းက လက္ဖက္ရည္ကရားအိုးထဲရွိ လက္ဖက္ရည္ထုပ္ေလးမ်ားကို စိတ္ဝင္တစားၾကည့္ရႈေနရင္း အမႈမဲ့အမွတ္မဲ့ေမးျမန္းလိုက္သည္။

"အဲဒါက ဘာျဖစ္လို႔လဲ?"

"အဲဒီပင္လယ္အဆိပ္အေတာက္ေတြထဲမွာရွိေနတဲ့ ပါဝင္ပစၥည္းေတြကို ကြၽန္မတို႔မဖယ္ရွားနိုင္ခဲ့ဘူး၊ အဲဒီအခ်ိန္တုန္းက ကြၽန္မတို႔ေတြလည္း တတ္နိုင္သေလာက္အစြမ္းကုန္ႀကိဳးစားခဲ့ၾကေပမယ့္ သူ႕ကိုသန႔္စင္တဲ့ႏႈန္းက ပ်က္စီးယိုယြင္းသြားတဲ့ႏႈန္းကိုအမီမလိုက္နိုင္ဘူးေလ။ ဒါ့အျပင္ ပင္လယ္အဆိပ္ေတြရဲ႕လွိုက္စားဖ်က္ဆီးနိုင္စြမ္းက ႐ုပ္ပိုင္းဆိုင္ရာမွာတင္ ရပ္တန႔္မေနခဲ့ဘူး၊ ေနာက္ဆုံးမွာေတာ့ က်ီးခြၽင္းတစ္ေယာက္ အသိစိတ္လြတ္သြားခဲ့တယ္၊ တျဖည္းျဖည္းနဲ႕ သူ႕ကိုယ္သူမထိန္းခ်ဳပ္နိုင္ေတာ့ဘူး၊ ဒါေၾကာင့္ ေခါင္းေဆာင္ယန္းဟာလည္း မတတ္သာတဲ့အဆုံး သူ႕ကိုပိတ္ေလွာင္ထားလိုက္ရေတာ့တယ္၊ ဒါေပမဲ့ ဘယ္သူသိမွာလဲ၊ သူက တစ္ႀကိမ္မွာ သူ႕ကိုခ်ဳပ္ႏွောင္ထားတဲ့ေနရာကေန ေဖာက္ထြက္ေျပးသြားၿပီး လူစည္ကားတဲ့ၿမိဳ႕တြင္းတစ္ေနရာကိုေရာက္သြားတယ္ေလ၊ အဲဒီမွာ သူ႕ေၾကာင့္ လမ္းသြားလမ္းလာေျခာက္ေယာက္ထိခိုက္ဒဏ္ရာရသြားၾကတယ္၊ တစ္ေယာက္ဆိုရင္ အသက္ဆုံးရႈံးရေတာ့မလိုေတာင္ျဖစ္သြားတာ၊ အဲဒီလို အုတ္ေအာင္းေသာင္းတင္းအေျခအေနမ်ိဳးေတြျဖစ္လာေတာ့ သူတို႔လည္းမတတ္သာတဲ့အဆုံး က်ီးခြၽင္းကိုဖ်က္ဆီးလိုက္ၾကတယ္၊ ယန္းခ်ိဳးရွန္းကလည္း အဲဒီကိစၥေၾကာင့္ပဲ စကားတစ္ခြန္းမွမေျပာဘဲ ထြက္သြားခဲ့တယ္၊ အခုခ်ိန္ထိ သူဘယ္ေရာက္ေနသလဲဆိုတာကို ဘယ္သူမွမသိၾကဘူး၊ အဲဒါေၾကာင့္ပဲ အခုခ်ိန္မွာ DCO က ရွင္တို႔လို ဓားဝိညာဥ္ေတြကို တင္းတင္းၾကပ္ၾကပ္ကိုင္တြယ္ထိန္းခ်ဳပ္ေနတာပဲ"

"ဪ"

ရွန႔္လင္ယြမ္းက သူ႕လက္မ်ားကိုေျပာင္စင္ေအာင္ ပြတ္သပ္လိုက္ၿပီး စိတ္ထဲ၌ေတြးလိုက္သည္။

ဒါျဖင့္ ဒီမွာအခ်ိန္ၾကာၾကာေနဖို႔ ပိုလို႔ေတာင္မသင့္ေတာ္ဘူးေပါ့

ဖ်င္ခ်န႔္႐ူက ဆိုသည္။

"ပြင့္ပြင့္လင္းလင္းေျပာရရင္ ဌာနခ်ဳပ္က တစ္ခါတေလ အေျခအေနကိုထိန္းသိမ္းတဲ့ေနရာမွာေတာ္ေပမယ့္ တစ္ခါတေလက်ေတာ့လည္း အေတာ္ေလးအၾကင္နာတရားမရွိသလိုခံစားရတယ္၊ သူတို႔ေတြက တစ္ခုခုကိုကိုင္တြယ္ေျဖရွင္းတဲ့အခါ မွန္တာမွားတာကိုလည္းမၾကည့္သလို တရားနည္းလမ္းက်က်နဲ႕ လူသားဆန္မႈဆိုတာေတြကိုလည္းမၾကည့္တတ္ၾကဘူး၊ သူတို႔က ရလဒ္ကိုပဲၾကည့္ၾကတာ။ တကယ္လို႔ ကိစၥတစ္ခုက အျပတ္ေျဖရွင္းဖို႔ခက္ခဲတယ္ဆိုရင္ ေစာင္တစ္ထည္ကိုယူၿပီး ဆြဲဖုံးထားလိုက္ေတာ့တာပဲ၊ ေနာက္ဆုံး ဘယ္လိုမွဖုံးဖိလို႔မရေတာ့တဲ့အထိေပါ့။ ဥပမာေျပာရရင္ အခုလိပ္ျပာကိစၥကိုပဲၾကည့္ေလ၊ သူတို႔ေတြက ပါးစပ္ကသာ 'ဒီအေျခအေနတစ္ရပ္လုံးကို ဦးစားေပးအာ႐ုံစိုက္ၿပီး ခ်င့္ခ်င့္ခ်ိန္ခ်ိန္ကိုင္တြယ္ေျဖရွင္းရမယ္' လို႔ေျပာေနေပမယ့္ အခုခ်ိန္ထိကို ဖုံးဖိထားခ်င္ေနၾကတုန္းပဲ။ ေနာက္ဆက္တြဲဘာျပႆနာမွရွိမလာနိုင္တဲ့ကိစၥမ်ိဳးဆိုရင္ေတာ့ ဖ်က္ဆီးပစ္ဖို႔အမိန႔္ကို အလြယ္တကူပဲေပးတတ္ၾကတယ္__ဘာပဲျဖစ္ျဖစ္ က်ီးခြၽင္းဟာလည္း ဓားတစ္လက္ပဲမဟုတ္ဘူးလား၊ ေခါင္းေဆာင္ယန္းကလည္း ဘာေက်ာေထာက္ေနာက္ခံမွမရွိတဲ့ တစ္ကိုယ္တည္းသမားတစ္ေယာက္ပဲေလ၊ ဖ်က္ဆီးပစ္ဖို႔အမိန႔္ထြက္လာေတာ့လည္း ဖ်က္ဆီးပစ္ရမွာပဲေပါ့"

သူမ စကားေျပာေနခိုက္မွာပင္ ရွန႔္လင္ယြမ္းတစ္ေယာက္ ေဘးတစ္ဖက္တြင္ရွိေသာ အမဲသားတုံးကို အႀကိမ္ေပါင္းမ်ားစြာလွမ္းၾကည့္ေနတာကိုသတိထားမိလိုက္ေလသည္။ ပန္းကန္မွာ ေအးစက္သြားၿပီျဖစ္သည့္တိုင္ေအာင္ ၎သည္ကား တစ္ခ်က္မွ်မလႈပ္ေသးပါေခ်။ ထိုအမဲသားတုံးက ႀကီးလြန္းေနသည္ဟု ေတြးေနတာျဖစ္ေကာင္းျဖစ္နိုင္သည္။ သူမက သေဘာေပါက္သြားကာ သူ႕ပန္းကန္ကိုယူ၍ အမဲသားတုံးကိုလွီးေပးလိုက္သည္။

လွီးၿပီးသည့္ေနာက္တြင္မူ ရွန႔္လင္ယြမ္းသည္ကား သူမကို အံ့အားသင့္ေနေသာဟန္အမူအရာျဖင့္ၾကည့္ေနသည္ကို ဖ်င္ခ်န႔္႐ူေတြ႕လိုက္ရေသာအခါ ခ်က္ခ်င္းဆိုသလိုပင္ သူ႕မ်က္ႏွာမွာနီျမန္းသြားရွာသည္။ သူမက သတိထား၍ေမးျမန္းလိုက္သည္။

"ရွင္ ဒါကို စားမလို႔မဟုတ္ဘူးလား? ကြၽန္မက ဒီအတိုင္း ရွင့္အတြက္ လွီးေပး......"

သူမသည္ကား အရွက္အေၾကာက္ႀကီးကာ ဘာသိဘာသာေနတတ္ေသာမိန္းကေလးတစ္ဦးျဖစ္ၿပီး ႐ုပ္ရည္႐ူပကာအရလည္း ေခ်ာေမာၾကည့္ေကာင္းသည့္အထဲတြင္မပါပါေခ်။ ငယ္စဥ္ကတည္းမွစ၍ ယခုအခ်ိန္ထိတိုင္ေအာင္ ပတ္ဝန္းက်င္ႏွင့္အလိုက္အထိုက္ေပါင္းသင္းဆက္ဆံနိုင္စြမ္းမရွိေပ။ အကယ္၍သာ သူမသည္ကား အၿမီးကိုဖြက္ထားၿပီး အၿမဲလိုလိုသတိႀကီးစြာထားရင္းမေနထိုင္ပါက 'လူထူးလူဆန္း' တစ္ေယာက္အျဖစ္ဂုဏ္ပုဒ္တပ္ခံရမည့္အႏၱရာယ္ႏွင့္ရင္ဆိုင္ရမည္ျဖစ္သည္။

သူမမွာ အထီးက်န္ေနသူတစ္ေယာက္ပုံစံမ်ိဳးေပါက္မေနခ်င္သည့္အတြက္ သတိႀကီးစြာျဖင့္ပင္ တစ္စုံတစ္ေယာက္၏ေဘးနားတြင္ကပ္ေနနိုင္ရန္ အၿမဲတေစႀကိဳးစားေနေလ့ရွိကာ 'မင္းသမီးေရာဂါ' ရွိသူတစ္ေယာက္ၿပီးတစ္ေယာက္အား တိတ္တိတ္ေလးဂ႐ုတစိုက္ေစာင့္ေရွာက္ေပးေနတတ္သူျဖစ္သည္။

DCO သို႔ဝင္ေရာက္ၿပီးသြားလွ်င္ေတာ့ အရာအားလုံးမွာ အဆင္ေျပသြားလိမ့္မည္ဟု သူထင္ခဲ့သည္။ ဘာပဲျဖစ္ျဖစ္ ဤေနရာတြင္ရွိသူမ်ားအားလုံးသည္ကား လူထူးလူဆန္းမ်ားပင္ျဖစ္ၾကသည္မဟုတ္ပါလား၊ မိမိမွာ ေနာက္ဆုံးေတာ့ လူထူးလူဆန္းၿဂိဳဟ္ေပၚသို႔ျပန္လည္ေရာက္ရွိသြားၿပီး ကိုယ့္ဘာသာကိုယ္ေနတတ္သလိုေနလို႔ရမည္ျဖစ္သည္။ သို႔ေသာ္ အႏွီလူထူးလူဆန္းမ်ား၏ပိရိေသသပ္ေသာစည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္ အေျပာင္းအလဲလြယ္ေသာစံခ်ိန္စံၫႊန္းမ်ားသည္ကား သာမန္လူသားမ်ားေအာက္ ေလ်ာ့နည္းျခင္းမရွိမွန္း မည္သူကထင္ပါမည္နည္း?

ခုနေလးတင္ ရွန႔္လင္ယြမ္း၏ 'ငါ ဒါကိုစားခ်င္တယ္၊ ဒါေပမဲ့ ငါ မေျပာဘူး၊ မင္းဘာသာမင္းအရိပ္အကဲၾကည့္ၿပီး ႀကိဳတင္လက္ဦးမႈယူၿပီး ငါ့ဆီကိုယူလာေပး' ဟူသည့္ သိမ္ေမြ႕တည္ၿငိမ္ေသာအၾကည့္မ်ားအားလုံးမွာ သူမအတြက္ရင္းႏွီးေနေသာအရာမ်ားျဖစ္လို႔ေနသည္။ ဖ်င္ခ်န႔္႐ူသည္ကား သတိမထားမိဘဲ မသိလိုက္မသိဘာသာျဖင့္ပင္ အထင္ကရပုဂၢိုလ္အေက်ာ္အေမာ္ႀကီးတစ္ေယာက္အား မင္းသမီးေလးတစ္ပါးသဖြယ္ ျပဳစုခစားေနမိေလေတာ့သည္။

ရွန႔္လင္ယြမ္း၏မ်က္လုံးေထာင့္စြန္းမ်ားက ညင္သာႏူးညံ့စြာ အထက္သို႔ေကြးၫြတ္တတ္သြားၿပီး ဖ်င္ခ်န႔္႐ူ၏ပါးျပင္ႏွစ္ဖက္မွာလည္း ပို၍ပင္နီရဲတက္လာေတာ့သည္။ သူ႕ခမ်ာ နားမ်ားပင္ အူလာသေယာင္။

"လူႀကီးမင္းမွာ ဓားနာမည္ရွိပါသလား?"

သူမက အထစ္ထစ္အေငါ့ေငါ့ျဖင့္ေမးလိုက္ၿပီးကာမွ *'ဓားအမည္' ဟူေသာစကားလုံး၏အသံထြက္မွာ ဆဲေရးတိုင္းထြာသည့္စကားလုံးႏွင့္ အသံထြက္ဆင္တူေနတာကို ျပန္သတိရသြားၿပီး ကမန္းကတန္းပင္ျပန္ျပင္ေျပာလိုက္ရေလသည္။

"ကြၽန္မ...ကြၽန္မ ဆိုလိုတာက...လူႀကီးမင္းကို ဘယ္လိုေခၚရမလဲလို႔ပါ"

(T/N

*ဓားအမည္ဆိုတာက ဓားေပၚမွာကမၺည္းထိုးေရးထြင္းထားတဲ့ အမည္နာမ (剑铭)ကိုေျပာတာပါ။ ဒါေပမဲ့ သူ႕ရဲ႕အသံထြက္က (贱名) ဆိုတဲ့ လူကိုဆဲေရးတိုင္းတာထြာတဲ့စကားလုံးနဲ႕အသံထြက္နဲ႕ဆင္တူေနလို႔ပါ။)

ရွန႔္လင္ယြမ္းက တခဏမွ်စဥ္းစားလိုက္သည္။ 'လင္ယြမ္း' ဟူသည့္အမည္ကို ခ်ိယြမ္းေဆး႐ုံ၌ေၾကညာခဲ့ၿပီးျဖစ္သည္။ အကယ္၍ မိစ္ဆာေလးသည္ကား သူ၏မူလ႐ုပ္သြင္အစစ္အမွန္ကိုဖုံးကြယ္ထားေပးေနသည္ဆိုမွေတာ့ မိမိကလည္း သူ႕အႀကံအစည္မ်ားကို မျဖစ္မေနအႏွောင့္အယွက္ေပးစရာအေၾကာင္းမရွိပါေလ။ သို႔ျဖစ္ရာ သူက အျခားအမည္တစ္ခုကိုေျပာလိုက္သည္။

"ငါ့ရဲ႕နာမည္က 'ေရွာင္း' ပါ"

ကံေကာင္းေထာက္မစြာပင္ ဖ်င္ခ်န႔္႐ူမွာ ကြန္ပ်ဴတာသိပၸံေက်ာင္းသူတစ္ဦးျဖစ္ၿပီး တကၠသိုလ္ဝင္ခြင့္ေအာင္ၿပီးသည္ႏွင့္ အထက္တန္းေက်ာင္းတုန္းက သင္ၾကားခဲ့ရေသာ သူမ၏သမိုင္းသင္ခန္းစာမ်ားကို ဆရာမမ်ားထံသို႔ျပန္လည္ေပးအပ္လိုက္ၿပီျဖစ္သည္။ အကယ္၍ သူသာ 'ရွန႔္ေရွာင္း' ဟုေျပာလိုက္မည္ဆိုပါက ထိုသူသည္ကား ခ်ီတိုင္းျပည္၏ ဧကရာဇ္ဝူႏွင့္ နာမည္အတူတူပင္ျဖစ္ေၾကာင္း အမွတ္ရသြားမည္ျဖစ္သည္။ သို႔ေသာ္ 'ေရွာင္း' ဟူသည့္နာမည္တစ္လုံးတည္းႏွင့္ကေတာ့ သူမအေနျဖင့္မည္သို႔မွသတိမထားမိပါေခ်။

ရွန႔္လင္ယြမ္းက ႏူးညံ့ႏြေးေထြးစြာေမးျမန္းလိုက္သည္။

"မင္းကေရာ ထူးျခားစြမ္းရည္ပိုင္ရွင္တစ္ေယာက္ပဲလား?"

"ဟုတ္တယ္၊ ကြၽန္မရဲ႕ အစိုးရ ID ကတ္ေပၚမွာေတာ့ အဲဒီလိုမ်ိဳးေရးထားတာပဲ၊ ဒါေပမဲ့ ကြၽန္မရဲ႕ထူးျခားစြမ္းရည္က ဘာလဲဆိုတာကို ကြၽန္မကိုယ္ကြၽန္မေတာင္မသိဘူး၊ သူတို႔ကလည္း ဘုမသိဘမသိနဲ႕ ကြၽန္မကိုအလုပ္ခန႔္လိုက္ၾကတာပဲ"

ဖ်င္ခ်န႔္႐ူက ခါးသက္စြာၿပဳံးရယ္လိုက္သည္။

"အဲဒီေန႕က စစ္ေဆးတဲ့စက္ကိရိယာက ပ်က္ေနလို႔ျဖစ္မွာေပါ့__မဟုတ္ရင္ ကြၽန္မ အခုဆို ေက်ာင္းမွာ သုေတသနအဖြဲ႕ဝင္တစ္ေယာက္ျဖစ္ေနေလာက္ၿပီ၊ ဪ....သုေတသနအဖြဲ႕ဝင္ဆိုတာက ဘာကိုေျပာတာလဲဆိုတာကို လူႀကီးမင္းမသိေလာက္ဘူးထင္တယ္....."

ရွန႔္လင္ယြမ္းမွာ အစာစားေနခ်ိန္တစ္ေလွ်ာက္လုံး စကားတစ္ခြန္းစႏွစ္ခြန္းစသာေျပာခဲ့ေသာ္ျငား ဖ်င္ခ်န႔္႐ူသည္ကား ဘာရယ္ေၾကာင့္မွန္းမသိဘဲ သူမတစ္သက္လုံးတြင္ျဖစ္ပ်က္ခဲ့သမွ်အေၾကာင္းကိစၥေပါင္းစုံကို အိတ္သြန္ဖာေမွာက္ေျပာျပေနေတာ့သည္။ ေဘးအိမ္မွ ေခြးကေလး၏အတြင္းေရးကိစၥမ်ားကိုပါ မခ်န္ေပ။

သူမ၏ပင္ကိုယ္စရိုက္သဘာဝအရ အရွက္အေၾကာက္ႀကီးေသာမိန္းကေလးတစ္ေယာက္ျဖစ္သည့္အေလ်ာက္ အေစာပိုင္းတြင္ ထိုအမ်ိဳးသားအား အနည္းငယ္ေၾကာက္႐ြံ႕ခဲ့တာျဖစ္သည္။ သို႔ေသာ္ အခ်ိန္ခဏၾကာၿပီးေနာက္တြင္မူ ဘာရယ္ေၾကာင့္မွန္းမသိဘဲ အစပိုင္း၌ျဖစ္ေပၚခဲ့ေသာ ေၾကာက္စိတ္မ်ားအားလုံးကိုေမ့ေလ်ာ့သြားၿပီျဖစ္သည္။ ထမင္းစားေသာက္ၿပီးေနာက္ က်သင့္ေငြစာ႐ြက္ေပၚတြင္ လက္မွတ္သြားထိုးေနခ်ိန္မွာပင္ ဖ်င္ခ်န႔္႐ူခမ်ာ ေခါင္းထဲတြင္ အနည္းငယ္ရိုးတိုးရိပ္တိပ္ျဖစ္ေနေသးသလိုခံစားလိုက္ရ၏။ သူမထံတြင္ သူ႕ကိုယ္သူေတာင္မသိေသာ တစ္ခုခုကိုအ႐ူးအမူးစြဲလမ္းတတ္ေသာ ပုန္းလွ်ိုးေနသည့္ခံစားခ်က္မ်ားရွိေနသလားဟု သံသယဝင္လာမိေလသည္။ ေခ်ာေမာလွပေသာလူတစ္ေယာက္ကိုေတြ႕လိုက္သည္ႏွင့္ သူမ၏လွ်ာကိုထိန္းခ်ဳပ္လို႔မရနိုင္ေတာ့သေယာင္။ သူလက္မွတ္ထိုးေနခိုက္မွာပင္ အမွတ္တမဲ့ေနာက္ျပန္လွည့္ၾကည့္လိုက္ေသာအခါဝယ္ သူ႕ကိုယ္သူ 'ေရွာင္း' ဟုအမည္ေပးထားသည့္ ဓားဝိညာဥ္သည္ကား အေတြးေရယာဥ္ေၾကာတြင္ေမ်ာလြင့္ေနသည့္အလား သူမကိုေငးေမာစူးစိုက္ၾကည့္ရႈေနသည္ကိုေတြ႕ျမင္လိုက္ရေလသည္။ သို႔ေပသိ သူ႕အၾကည့္မ်ားမွာ သူမ၏ခႏၶာကိုယ္ေပၚတြင္ သည္အတိုင္းရွိေနတာမဟုတ္ဘဲ သူမကိုထြင္းေဖာက္ကာ တစ္စုံတစ္ရာကိုၾကည့္ရႈေနသည္ႏွင့္ပို၍တူလွေပသည္။

သူ႕မ်က္ဝန္းမ်ားမွာ တည္ၿငိမ္ေအးခ်မ္းၿပီး ႏွစ္သက္သေဘာက်ေသာအမူအရာမ်ားေရာစြက္ေနသလို တစ္ခ်ိန္တည္းမွာပင္ အေဝးတစ္ေနရာမွ ေဆြးျမည့္ေၾကကြဲဖြယ္ေကာင္းေသာအရိပ္အသက္မ်ားကိုပါ သယ္ေဆာင္ထားသည့္ႏွယ္။

ဖ်င္ခ်န႔္႐ူတစ္ေယာက္ ေၾကာင္အမ္းတုံ႕ဆိုင္းသြားသည္။ သို႔ေသာ္ သူမ ေသေသခ်ာခ်ာမၾကည့္လိုက္ရေသးခင္မွာပင္ ထိုလူသည္ကား သတိျပန္ကပ္သြားၿပီးေနာက္ သူမအား တစ္ခ်က္ၿပဳံးျပလိုက္ေလသည္။ မ်ားမၾကာမီမွာပင္ သူ၏အာ႐ုံက ကေလးတစ္ေယာက္၏လက္ထဲရွိ ကေတာ့ပုံေရခဲမုန႔္ဆီသို႔ လႊဲေျပာင္းေရာက္ရွိသြားေလေတာ့သည္။ ခုနေလးတင္ သူမေတြ႕ျမင္လိုက္ရသည့္အရာမ်ားမွာ အျမင္ေမွာက္မွားျခင္းသာျဖစ္ေနသေယာင္။

ဆယ္မိနစ္ၾကာၿပီးေနာက္မွာေတာ့ ဖ်င္ခ်န႔္႐ူ၏ကူညီလမ္းျပေပးမႈေအာက္၌ ရွန႔္လင္ယြမ္းသည္ကား ဟိုတယ္၏ပင္မဝင္ေပါက္မွတဆင့္ အျပင္ဘက္သို႔မည္သို႔မည္ပုံထြက္ရမလဲဆိုတာကို ေနာက္ဆုံးေတာ့သေဘာေပါက္နားလည္သြားၿပီျဖစ္သည္။ ၎သည္ကား အေရာင္အေသြးစုံလင္ေတာက္ပေသာ ေရခဲမုန႔္ကေတာ့ေလးတစ္ခုကိုကိုင္ထားရင္း ဟိုတယ္ေရွ႕တြင္ရွိသည့္ ရင္ျပင္အေသးေလးထဲတြင္ထိုင္ကာ လမ္းသြားလမ္းလာမ်ားကိုၾကည့္ရႈလို႔ေနသည္။

သူ၏ေက်းဇူးေတာ္ေၾကာင့္ အေဆာက္အဦးေအာက္ထပ္ရွိ ေဈးဝယ္စင္တာ၏ၾကမ္းခင္းတြင္ ဧရာမအေပါက္ႀကီးတစ္ေပါက္ျဖစ္သြားခဲ့ရွာသည္။ အေရးေပၚေဆာက္လုပ္ေရးအဖြဲ႕က အခ်ိန္ပိုဆင္းကာ ထိုအေပါက္ႀကီးကို အသည္းအသန္ျပန္လည္ျပဳျပင္ဖာေထးေနၾကသည္။ သို႔ေသာ္ ယေန႕မွာ အလုပ္ပိတ္ရက္ျဖစ္ေသာေၾကာင့္ လမ္းေပၚတြင္ လမ္းသြားလမ္းလာျပည္သူမ်ားျဖင့္ ၾကက္ပ်ံမက်စည္ကားသိုက္ၿမိဳက္ေနဆဲျဖစ္သည္။

ရွန႔္လင္ယြမ္းက သူ႕ဆံႏြယ္မ်ားကို အေနာက္ဘက္တြင္စုစည္းခ်ည္ႏွောင္လိုက္ၿပီး ေရပန္းေဘးနားတြင္ထိုင္ေန၏။ သူ႕ပုံစံမွာ အေတာ္ေလးကို မ်က္လုံးထဲတြင္ ထင္သာျမင္သာရွိလွေသာေၾကာင့္ အနားမွျဖတ္ေလွ်ာက္သြားသူတိုင္းမွာ သူ႕ကို လည္ျပန္လွည့္မၾကည့္ဘဲမေနနိုင္ရွာေပ။ ပိရွသည္ကား ငယ္စဥ္ကတည္းကပင္ လူအမ်ားအျပား၏စူးစိုက္ၾကည့္ရႈေနေသာအၾကည့္မ်ားေအာက္တြင္ ႀကီးျပင္းလာခဲ့ရသူျဖစ္ေလရာ ထိုအၾကည့္မ်ားမွာ သူ႕အတြက္မည္သို႔မွမေနပါေခ်။ ၎သည္ကား တစ္စုံတစ္ေယာက္ႏွင့္အၾကည့္ခ်င္းဆုံသြားသည့္အခါတိုင္း ထိုသူအား အၿပဳံးတစ္ပြင့္ပင္ျပန္လည္စြန႔္ႀကဲေပးကမ္းလိုက္ေသးသည္။

ရင္ျပင္ရွိလမ္းသြားလမ္းလာမ်ားမွာ သူ႕အၿပဳံးေၾကာင့္ မ်က္ႏွာမ်ားပင္နီျမန္းသြားၾကရွာေတာ့သည္။ မ်ားမၾကာမီမွာပင္ ကေလးမေလးတစ္သိုက္ေရာက္ရွိလာကာ သူ၏ WeChat အေကာင့္ကိုေမးလာသည္။ ရွန႔္လင္ယြမ္းသည္ကား WeChat အေကာင့္ဆိုသည့္အရာမွာ ဘာမွန္းမသိေသာ္ျငား ၎မွာ ယခင္အတိုင္းလိမၼာပါးနပ္စြာပင္ ေဝ့လည္ေၾကာင္ပတ္လုပ္ကာ စကားလမ္းေၾကာင္းကိုေျပာင္းလဲလိုက္သည့္အျပင္ ၾကည္သာ႐ႊင္ပ်စြာျဖင့္ ေျပျပစ္ေခ်ာေမြ႕စြာ အလိုက္အထိုက္စကားျပန္လည္ေျပာဆိုလို႔ေနသည္။

႐ႊမ္းက်ီးမွာ ယခုေလးတင္ ေဆး႐ုံမွျပန္ေရာက္လာတာျဖစ္သည္။ သူက ကားပါကင္ရွိ ဓာတ္ေလွကားမွတဆင့္ အေပၚသို႔တက္လာကာ ဆင္ဝင္ေအာက္ရွိ ေဆးလိပ္ေသာက္သည့္ဧရိယာသို႔ေလွ်ာက္လာသည္။ သူက လက္တန္းကိုမွီလိုက္ၿပီး ေအာက္ထပ္သို႔ေခါင္းငုံ႕ၾကည့္လိုက္ခ်ိန္ဝယ္ အဆိုပါျမင္ကြင္းကိုေတြ႕ျမင္လိုက္ရေလသည္။

သူက ခုနေလးတင္ ဒယ္ဒီေရွာင္းဆီမွရလာေသာ လက္ကိုင္ဖုန္းကိုထုတ္ယူလိုက္ၿပီး DCO ၏ ႐ုံးတြင္းအင္တာနက္ကြန္ယက္ထဲသို႔ မဝင္တတ္ဝင္တတ္ျဖင့္ ဝင္ေရာက္လိုက္သည္။

ဌာနခ်ဳပ္၏ဒစ္ဂ်စ္တယ္စီမံအုပ္ခ်ဳပ္ေရးနည္းပညာမွာ အေတာ္ေလးေကာင္းမြန္လွသည္။ ကြန္ပ်ဴတာစနစ္မွာလည္း အသုံးျပဳသူမ်ားအတြက္ အသုံးျပဳရလြယ္ကူရွင္းလင္းလွသည္။ လက္နက္ဝိညာဥ္တစ္ခုကိုစာရင္းသြင္းမွတ္တမ္းတင္ရန္အတြက္ အြန္လိုင္းေလွ်ာက္လႊာေဖာင္တစ္ခုကို ရိုးရွင္းလြယ္ကူစြာပင္ျဖည့္စြက္ေလွ်ာက္ထားနိုင္သည္။ ႐ႊမ္းက်ီးက 'အလုံးစုံတာဝန္ခံေၾကာင္း သေဘာတူညီခ်က္စာခ်ဳပ္' ကို တစ္ခါဖတ္လွ်င္စာေၾကာင္းေရဆယ္ေၾကာင္းခန႔္ ခပ္သြက္သြက္ဖတ္ရႈလိုက္သည္။ ဖတ္ၿပီးသြားခ်ိန္၌ သူ႕ခမ်ာ ဗိုက္ပင္ေအာင့္လာသေယာင္ခံစားလိုက္ရရွာေတာ့သည္။

၎မွာ အမွန္တကယ္ကိုပင္ တာဝန္အျပည့္အဝယူခိုင္းေသာစာခ်ဳပ္ျဖစ္သည္။ သူႏွင့္ပတ္သက္သမွ် ႀကီးႀကီးငယ္ငယ္ကိစၥအားလုံးကို တာဝန္ယူရမည့္အျပင္ 'အလုပ္ကိစၥျဖင့္ခရီးသြားခ်ိန္၌ ေနစရိတ္ စားစရိတ္ အစရွိေသာအပိုထပ္ေဆာင္းကုန္က်ေငြမ်ားကိုပါ တာဝန္ယူရမည္' ဟူေသာစည္းမ်ဥ္းစည္းကမ္းမ်ားကိုေတာင္ ေရးသားထားေပသည္။

"ဘာေသာက္အဓိပၸာယ္မရွိတဲ့ စာခ်ဳပ္ႀကီးလဲကြ"

႐ႊမ္းက်ီးက ေက်ာရိုးမရွိသူတစ္ေယာက္ပမာ လက္တန္းေပၚတြင္ ေလ်ာ့တိေလ်ာ့ရဲမွီလိုက္သည္။

သည္လိုစာခ်ဳပ္မ်ိဳးကို သူလက္မွတ္ထိုးစရာ ဘာအေၾကာင္းမွမရွိ။ 'တာဝန္ခံမႈ'၊ သူ႕ကို အရင္ဆုံးထိန္းခ်ဳပ္ရမယ္ေပါ့

လူသားဧကရာဇ္ကိုထိန္းခ်ဳပ္ရမယ္? သူ ဘာေတြစဥ္းစားေနတာလဲ!

ထပ္ေျပာရလွ်င္ ရွန႔္လင္ယြမ္းသည္ကား တကယ့္ဓားဝိညာဥ္အစစ္မွမဟုတ္တာပဲေလ။

ထို႔ျပင္ ပိရွအား ဌာနခ်ဳပ္ရွိ သီးသန႔္ခန္းထဲသို႔ ပို႔လိုက္ရမည့္ကိစၥမွာကား ပို၍ပင္ရယ္စရာေကာင္းေသာဟာသတစ္ခုျဖစ္ေပလိမ့္မည္။ အႏွီအဘိုးႀကီးသည္ကား မဆိုစေလာက္ေလးမေက်မနပ္ျဖစ္သြား႐ုံႏွင့္ပင္ ဌာနခ်ဳပ္တစ္ခုလုံးကို ေဇာက္ထိုးမိုးေမွ်ာ္ျဖစ္သြားေအာင္လုပ္လိုက္ေပလိမ့္မည္။

ထိုအခိုက္ ရွန႔္လင္ယြမ္းတစ္ေယာက္ ေရခဲမုန႔္စားလို႔ကုန္သြားတာကို သူေတြ႕ျမင္လိုက္ရသည္။ မိန္းမပ်ိဳေလးတစ္ေယာက္မွာ သူ႕သူငယ္ခ်င္းမ်ားက တြန္းထုတ္လိုက္ေသာေၾကာင့္ အေရွ႕သို႔ထြက္လာၿပီး ရွန႔္လင္ယြမ္းရွိရာဆီသို႔ေလွ်ာက္လွမ္းလို႔လာသည္။ သူမက ရွက္ကိုးရွက္ကန္းျဖင့္ပင္ သူ႕ကိုတစ္ခုခုေမးျမန္းလိုက္ေသာအခါ ရွန႔္လင္ယြမ္းကလည္း ေက်နပ္သေဘာက်ဟန္ျဖင့္ ေခါင္းညိတ္ကာ သေဘာတူညီေၾကာင္းျပသလိုက္သည္။ မိန္းမပ်ိဳေလးက သူမ၏မ်က္ႏွာကိုလက္ျဖင့္အုပ္လိုက္ရင္း အနီးအနားတြင္ရွိေနသည့္ မုန႔္ပဲသေရစာေရာင္းသည့္ဆိုင္တစ္ဆိုင္သို႔ ေလေပြတစ္ခုအလား လွစ္ခနဲေျပးဝင္သြားေလသည္။ ထို႔ေနာက္ ေသာက္စရာပူပူခြက္ႀကီးတစ္ခြက္ကိုမွာယူလိုက္ၿပီးေနာက္ ထိုအရာအား ရွန႔္လင္ယြမ္းလက္ထဲသို႔ထိုးထည့္ေပးလိုက္ကာ ေလေပြတစ္ခုလိုပင္ ျပန္လည္ထြက္ေျပးသြားေလေတာ့သည္။

႐ႊမ္းက်ီး : "........"

ပိရွသည္ကား မည္သည့္ ID အေထာက္အထားမွ မလိုအပ္ေၾကာင္းကို သူသေဘာေပါက္သြား၏။ ယခုေနာက္ပိုင္းမွစ၍ ၎သည္ကား လမ္းေဘးတြင္ သူ႕အၿပဳံးမ်ားကိုေရာင္းဝယ္ေဖာက္ကားေသာလုပ္ငန္းျဖင့္ ေနထိုင္စားေသာက္နိုင္တာပဲျဖစ္သည္။ ႐ႊမ္းက်ီးက ကြန္ပ်ဴတာစနစ္ထဲမွျပန္ထြက္လို‌က္ၿပီး သူ၏ဖုန္းမ်က္ႏွာျပင္ကိုပိတ္လိုက္သည္။ ထိုေလွ်ာက္လႊာကိုမျဖည့္ေတာ့ရန္သာ သူဆုံးျဖတ္ခ်က္ခ်လိဳက္ေလေတာ့သည္။

မည္သို႔ပင္ျဖစ္ေစ ရွန႔္လင္ယြမ္းမွာ ဤေနရာတြင္ သည္အတိုင္းဆက္ေနထိုင္မည္မဟုတ္။ အခ်ိန္တန္ေတာ့လည္း ဓားေပ်ာက္သြားၿပီဟု သူေျပာလိုက္႐ုံပဲေပါ့။

ရွန႔္လင္ယြမ္းကိုလည္း ေနာက္ပိုင္းဘာဆက္လုပ္ရန္ အစီအစဥ္မ်ားရွိသလဲဆိုသည့္ေမးခြန္းကို သူထပ္မေမးခဲ့ပါေခ်__ေမးလည္း အသုံးမဝင္၊ ဘာပဲျဖစ္ျဖစ္ အႏွီမိစ္ဆာအိုႀကီးက သူ႕ကိုေျပာျပမည္မဟုတ္ေပ။ အကယ္၍ ႐ႊမ္းက်ီးသာ သတိလက္လြတ္ျဖစ္သြားပါက ထိုလူက သူ႕ဆီက သတင္းအခ်က္အလက္မ်ားကိုပင္ မလိမ့္တပတ္ျဖင့္ႏွိုက္ထုတ္သြားဦးမည္ျဖစ္သည္။ သူတို႔ႏွစ္ေယာက္သည္ကား နတ္ဆရာဂူသခၤ်ိဳင္းထဲသို႔ဝင္လိုက္ထြက္လိုက္လုပ္ခဲ့ဖူးသည့္အျပင္ မဟာမိတ္အေနျဖင့္လည္း အႀကိမ္ေပါင္းမ်ားစြာအတူတကြပူးေပါင္းတိုက္ခိုက္ခဲ့ၾကဖူးသည္သာျဖစ္သည္။ သို႔ေသာ္ သူတို႔ႏွစ္ဦးၾကားရွိ မိတ္ေဆြသံေယာဇဥ္ႏွောင္ႀကိဳးမွာ တစ္ခ်က္ပြတ္လိုက္႐ုံႏွင့္ က်ိဳးပဲ့ျပတ္ေတာက္သြားနိုင္ေသာ အေပါစားပလတ္စတစ္ႀကိဳးတစ္ေခ်ာင္းကဲ့သို႔ပင္။ ထို႔ထက္ပိုဆိုးသည္ကား တစ္ဖက္လူ၏ေသြးႏွင့္ထိေတြ႕လိုက္တာႏွင့္ သူတို႔ႏွစ္ဦးမွာ Bluetooth ဆက္သြယ္မႈျဖင့္ အလိုအေလ်ာက္ စိတ္ခ်င္းဆက္သြယ္သြားၾကေသာကိစၥျဖစ္သည္။ ဤကဲ့သို႔ တစ္ေယာက္ႏွင့္တစ္ေယာက္ တစ္ခ်ိန္လုံး စိတ္ခ်င္းဆက္သြယ္ေနသည့္အျဖစ္က အေတာ္ေလးကို အဆင္မေျပေသာကိစၥမ်ိဳးျဖစ္သည္။ ႐ႊမ္းက်ီးက တစ္ဖက္လူ၏ေနရာမွေန၍ ေတြးေတာၾကည့္လိုက္သည္__အကယ္၍ သူသာ ရွန႔္လင္ယြမ္းဆိုပါက နတ္ဆရာဂူသခၤ်ိဳင္းႏွင့္ပတ္သက္ေသာကိစၥဝိစၥမ်ားကို လတ္စသတ္ေျဖရွင္းၿပီးသည္ႏွင့္ ျပန္လည္ထြက္ခြာဖို႔အဆင္သင့္ျပင္ထားမွာျဖစ္သည္။

ထိုအခိုက္ ရွန႔္လင္ယြမ္းက သူ႕အၾကည့္မ်ားကိုခံစားမိသြားဟန္ျဖင့္ ေခါင္းေမာ့ၾကည့္လာသည္။

ထို႔ေနာက္ ႐ႊမ္းက်ီး၏နားထဲတြင္ ထိုလူ၏စကားသံကိုၾကားလိုက္ရသည္။

"ေနရာထိုင္ခင္းေပးခဲ့တာအတြက္ ေက်းဇူးတင္ပါတယ္"

႐ႊမ္းက်ီးတစ္ေယာက္ တုံ႕ဆိုင္းသြား၏။ သူက လက္တန္းကိုမွီထားလ်က္ပင္ တစ္ခ်က္မွမလႈပ္ရွားဘဲ သူ႕အၾကည့္မ်ားကို ေအာက္သို႔ပို႔လႊတ္ကာ ရွန႔္လင္ယြမ္းအား စူးစိုက္ၾကည့္ရႈလိုက္ေလသည္။

"လူမ်က္ႏွာလိပ္ျပာေတြကို စမ္းသပ္စစ္ေဆးလို႔ရတဲ့ မႏၱန္နည္းလမ္းကို မင္းတို႔ကို ငါေပးထားခဲ့ၿပီးၿပီ၊ ျမန္ျမန္ဆန္ဆန္လုပ္လိုက္ေတာ့၊ ညတာရွည္ေလေလ အိပ္မက္မ်ားမ်ားမက္ေလပဲ"

ရွန႔္လင္ယြမ္းက မတ္တပ္ထရပ္လိုက္သည္။

"မိစ္ဆာေလး...ဒါျဖင့္ ငါတို႔ ႏႈတ္ဆက္လိုက္ၾကတာေပါ့"

စကားဆုံးသည္ႏွင့္ သူက ေခ်ာကလက္ပူပူတစ္ခြက္ကိုေကာက္ကိုင္လိုက္ၿပီး တစ္ငုံျမည္းစမ္းၾကည့္လိုက္သည္။ မည္ကဲ့သို႔ေသာအရသာမ်ိဳးကိုခံစားလိုက္ရသလဲမသိ၊ သူ႕မ်က္ခုံးစြန္းမ်ားမွာ အနည္းငယ္တြန႔္ခ်ိဳးသြားရွာသည္။ ထို႔ေနာက္တြင္မူ ေနာက္သို႔လွည့္ကာ လူပင္လယ္ႀကီးအတြင္းသို႔ တမုဟုတ္ခ်င္းစီးဝင္လို႔သြားသည္။ မ်က္စိထဲတြင္ထင္သာျမင္သာရွိလွေသာ အျဖဴေရာင္အားကစားဝတ္စုံႏွင့္ဆံႏြယ္ရွည္မ်ားကိုပိုင္ဆိုင္ထားသူသည္ကား အႀကိမ္အနည္းငယ္ခန႔္ ဖ်တ္ခနဲ လက္ခနဲျဖစ္ကာ ေပ်ာက္ခ်င္းမလွေပ်ာက္ကြယ္သြားေလေတာ့သည္။

႐ႊမ္းက်ီးမွာ မသိလိုက္မသိဘာသာျဖင့္ မတ္မတ္ရပ္လိုက္ရင္း သူ႕ေနာက္သို႔လိုက္သြားရန္ျပင္လိုက္မိသည္။ ၎မွာ လက္တန္းေပၚသို႔ ေျခေထာက္တစ္ဖက္ေက်ာ္ခြၿပီးခ်ိန္ဝယ္ အသိစိတ္ျပန္ကပ္လာၿပီး စိတ္ထဲ၌ေတြးေတာလိုက္သည္။

"ဒါက အဆင္ေျပမသြားဘူးလား?"

ယခုခ်ိန္၌ အနည္းဆုံးေတာ့ ထူးျခားဆန္းၾကယ္မႈမ်ားျဖင့္ျပည့္ႏွက္ေရာႁပြမ္းေနသည့္ လူသားဧကရာဇ္မွာ သူတို႔၏တစ္ဖက္ရန္သူႏွင့္ပူးေပါင္းရန္ ရည္႐ြယ္ခ်က္မရွိ။ မိမိတို႔အေနျဖင့္လည္း သူ႕ကိုနိုင္ေအာင္မတိုက္ခိုက္နိုင္သလို ထိန္းလည္းမထိန္းခ်ဳပ္နိုင္ေပ။ သို႔ျဖစ္ရာ ေရွ႕ေလွ်ာက္အေကာင္းဆုံးနည္းလမ္းသည္ကား တစ္ေယာက္ကိစၥတစ္ေယာက္ ဝင္မစြက္ဖက္ၾကျခင္းပင္ျဖစ္သည္။ အကယ္၍ ကံေကာင္းေထာက္မစြာျဖင့္ ပူေဆြးယဇ္ပူေဇာ္ပြဲ၏ေနာက္ကြယ္မွ လက္မည္းႀကီးကို သူတို႔ရွာေတြ႕သြားပါကလည္း သူ႕အကူအညီကိုယူနိုင္ဦးမည္ျဖစ္သည္။

သမိုင္းစာအုပ္မ်ားထဲရွိ သူ၏စြမ္းေဆာင္ခ်က္မ်ားကိုမူ လူအမ်ားေလးစားယုံၾကည္ကိုးကြယ္နိုင္ရန္အလို႔ငွာ စင္ျမင့္ေပၚတြင္တင္ၿပီးပူေဇာ္ပသထားလိုက္ျခင္းကသာ အေကာင္းဆုံးျဖစ္ေပလိမ့္မည္။

ထိုအခိုက္ ေရွာင္းက်န္းထံမွ မက္ေဆ့ခ်္တစ္ေစာင္ဝင္လာသည္__၂၄ နာရီခန႔္ သီးျခားေစာင့္ၾကည့္ခံထားရၿပီးသည့္ေနာက္မွာေတာ့ ဒါရိုက္တာေရွာင္းသည္ကား ခုနေလးတင္မွ သူ၏လက္နက္ဝိညာဥ္ကိစၥကို ေမးျမန္းရန္သတိရသြားၿပီျဖစ္သည္။ ႐ႊမ္းက်ီးက လမ္းေလွ်ာက္ေနရင္း သူ႕ကိုဖုန္းျပန္ေခၚလိုက္သည္။

"ေလာင္ေရွာင္း....ငါလည္း အခုပဲ မင္းကို ဒီကိစၥအေၾကာင္းေျပာေတာ့မလို႔...ငါ့ရဲ႕သက္ေစာင့္လက္နက္က ေပ်ာက္သြားၿပီ၊ အဲဒါဆိုရင္ေရာ ေလွ်ာက္လႊာတင္ရဦးမွာပဲလား? အိုင္း...အဲဒီလိုမဟုတ္ဘူးကြ! ငါျပန္လာေတာ့ သူ႕ကိုရွာမေတြ႕ေတာ့ဘူး၊ ၾကည့္ရတာ ငါက အမြဲတကာ့ထိပ္ေခါင္ ဖြတ္မင္းေနာင္ဆိုတာကို သိသြားၿပီး အိမ္ကထြက္ေျပးသြားတာလားမသိဘူး...မင္းပဲၾကည့္ေလ...ငါ့မွာ အခုထိ ပထမဆုံးလစာကိုမရေသးတဲ့အျပင္ ....အကၤ်ီအဝတ္အစားေတြလည္း တစ္စုံၿပီးတစ္စုံပ်က္စီး၊ ဖုန္းလည္းတစ္လုံးၿပီးတစ္လုံးပ်က္၊ ဒါတင္မကေသးဘူး ဓားတစ္ေခ်ာင္းကိုပါဆုံးရႈံးလိုက္ရေသးတယ္! ငါ့ကို အဲဒါေတြအတြက္ အစားျပန္ေလ်ာ္ေပးမွာမလား? ယြဲ႕သယ္ဘိုးဘိုးတို႔အုပ္စုခိုးသြားတဲ့ မစ္သေရးလ္လက္နက္ေတြက သိပ္မဆိုးဘူးေနာ္...ငါ့ရဲ႕ ဓားအစုတ္ပလုတ္ထက္ အမ်ားႀကီးပိုၾကည့္ေကာင္းဦးမယ္...."

1.10.21

အတြဲ (၂) ၿပီးပါၿပီ။

🔥🔥🔥🔥🔥🔥

T/N

ဘာလိုလိုနဲ႕အတြဲ (၂) ေတာင္ၿပီးသြားျပန္ပါၿပီ။ အခုခ်ိန္ထိေတာ့ လက္ရွိနဲ႕အတိတ္ကာလကိုသြားလိုက္ျပန္လိုက္လုပ္ရင္း ျဖည္းျဖည္းခ်င္းဇာတ္ေၾကာင္းျပန္ေနတာမို႔ စာဖတ္သူေတြအေနနဲ႕ဖတ္ရတာစမ္းတဝါးဝါးျဖစ္ေနပါလိမ့္မယ္။ ဒါေပမဲ့ Book 3 ေရာက္ရင္ေတာ့ ဇာတ္လမ္းကပုံေပၚလာၿပီမို႔ အေၾကာင္းအရာေတာ္ေတာ္မ်ားမ်ားကိုသေဘာေပါက္သြားပါလိမ့္မယ္။ Warning ႀကိဳေပးရရင္ေတာ့ Book 3 က 🗡🗡🗡 အမ်ားဆုံးအပိုင္းလို႔ေျပာၾကပါတယ္။

Continue Reading

You'll Also Like

263K 9.2K 61
ဒယ်ဒီဆိုတာ ကျွန်တော့်ဘဝရဲ့ အသက်သည်းညှာဆိုတာ ယုံထားပါ..။ START DATE -28,9,2023 END DATE -14,11,2023
1.5M 188K 156
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
3M 233K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023
3.5M 532K 118
Title - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~♥~ Type- OWN CRE...