အဓိပတိလမ်းမထက်က မောင့်ခြေရာ{အ...

By HoarFROST_

5.4M 576K 116K

ကျွန်တော်လေ...သည်အဓိပတိလမ်းမကြီးကို သိပ်သဘောကျတယ်။အထူးသဖြင့် မောင့်ခြေဖမိုးလေးနဲ့တွဲမြင်ရတာကို ပိုသဘောကျတယ်။ ... More

Prologue
{၁}U&Z
{၂}U/Z
{၃}U/Z
{၄}U/Z
{၅}U/Z
{၆}U/Z
{၇}U/Z
{၈}U/Z
{၉}U/Z
{၁၀}U/Z
{၁၁}U/Z
{၁၂}U/Z
{၁၃}U/Z
{၁၄}U/Z
{၁၅}U/Z
{၁၆}U/Z
{၁၇}U/Z
{၁၈}U/Z
{၁၉}U/Z
{၂၀}U/Z
{၂၁}U/Z
{၂၂}U/Z
{၂၃}U/Z
၂၄{U/Z}
{၂၅}U/Z
{၂၆}U/Z
{၂၇}U/Z
{၂၈}U/Z
{၂၉}U/Z
{၃၀}U/Z
{၃၁}U/Z
{၃၂}U/Z
{၃၃}U/Z
{၃၄}U/Z
{၃၅} U/ Z
{၃၆}U/Z
{၃၇}U/Z
{၃၈}U/Z
{၃၉}U/Z
{၄၀}U/Z
{၄၁}U/Z*
{၄၂}U/Z
{၄၃}U/Z
{၄၄}U/Z
{၄၅}U/Z
{၄၆}U/Z
{၄၇}U/Z
{၄၈}U/Z
{၄၉}U/Z
{၅၀}U/Z
{၅၁}U/Z
{၅၃}U/Z
{၅၄}U/Z
{၅၅}U/Z-Final
Mg's Footprint
Book Preorder Details
Q/A

{၅၂}U/Z

71.4K 8.6K 1.1K
By HoarFROST_

Unicode

Song recommend - အေးအေးငြိမ့်ငြိမ့် တီးလုံးသီးသန့်လေးနဲ့ ဖတ်ရင် ပြေမယ်ထင်ပါတယ်။

"နွေဦးမောင်.. ဟေ့ကောင်...ထစမ်းပါကွာ!"

စာမေးပွဲပြီးသွားတော့ ညပိုင်းတွင်တခြားလူတွေက လူစုပြီး သွားမော့ကြပေမဲ့ သူကတော့ တစ်ညနေလုံး အဆောင်ခန်းထဲမှာရှိနေခဲ့သည်။ မိုးလင်းပေါက်ထိငုတ်တုတ်ထိုင်နေမိပြီးမှ မှေးခနဲအိပ်ပျော်သွားခဲ့ခြင်းပင်။
ဇေရဲလည်းမနေ့ညက ဘယ်သူ့အခန်းမှာတိုးအိပ်နေသလဲသူမသိပါ။မူးနေကြတဲ့လူတွေမို့ ကြုံရာအခန်းဝင်အိပ်တတ်ကြတာအဆန်းမဟုတ်။

ဇေရဲက မျက်နှာသစ်ပြီးတက်လာပုံပေါ်သည်။ အပေါ်ပိုင်းဗလာနှင့် တဘက်ကို ပုခုံးပေါ်တင်ထား၏။
နွေဦးမောင်သည် နိုးလာပေမဲ့ ခေါင်းမကြည်တာကြောင့် ခုတင်မှာထိုင်နေဆဲပင်။လွန်းနောင်ကလည်း ဘယ်သူ့ကိုမှ နှုတ်ဆက်သွားခြင်းမရှိဘဲ ပြန်သွားလေပြီ။

"မနေ့ညက မဂ္ဂလာသွားသေးတာလား"
ဇေရဲကအခန်းအား ပတ်လည်ကြည့်ရင်းမေးတော့သည်။

"မင်းဘယ်လိုသိလဲ?"

"သူ့ရေမွှေးနံ့ရနေသလိုပဲ..."

နွေဦးမောင်သည် ချက်ချင်းပြန်မဖြေဘဲ စားပွဲခုံပေါ်ရှိဆေးလိပ်ကိုယူကာ မီးညှိလိုက်သည်။
"အေး လာသွားတယ်။ ငါနဲ့ကိစ္စရှိလို့။ ဒါပေမဲ့ ဒီမနက်ပဲ လေယာဉ်နဲ့ သွားပြီထင်တယ်။"

ဇေရဲက ဆတ်ခနဲပင်နွေဦးမောင် နှုတ်ဖျားက ဆေးလိပ်ကို ဆွဲယူလိုက်သည်။ပြီးနောက် အားဖြည့်အချိုရည်ဘူး တစ်ဘူးကိုခုတင်ပေါ်ပစ်တင်ပေးလိုက်ရင်း
"တစ်နေ့ကို ဆေးလိပ်တစ်ဘူးကုန်အောင်သောက်နေရအောင် မင်းကိုယ်မင်း စွမ်းအားရှင်ထင်နေလား။ မျက်ခွက်ကိုလည်း မှန်ထဲသွားကြည့်လိုက်ဦး။"

အခုတလော အပြစ်တင်သံတွေချည်းကြားနေရ၍ သူသိပ်လည်းဖြုံမနေတော့ချေ။မနေ့ကလာသွားသည့်မဂ္ဂတောင် သူ့ကို ဒေါနဲ့မာန်နဲ့ဆဲဆိုသွားသည်မလား။သူဘာမှတုံ့မပြန်မိပါချေ။

ထိုစဉ်မှာပဲ အခန်းပေါက်ဝသို့ မြင့်စိုးကရောက်လာသည်။ လက်ထဲမှာလည်း ရှပ်အဖြူတစ်ထည်ကိုကိုင်ထားလျက်။

"တော်ပါသေးရဲ့ ကျွန်တော်က အစ်ကိုတို့ ပြန်ကုန်ပြီထင်တာ။"

ဇေရဲက အပြုံးဖြင့်နှုတ်ဆက်လိုက်ကာ
"အေးကွ။ ပြန်တော့မို့ပဲ။ သိမ်းလည်းသိမ်းပြီးနေပြီလေ။ဒါနဲ့ လာရင်းကိစ္စ??"

"ဪ...ကျွန်တော်လည်းပြန်တော့မှာမို့လေ အဲ့တာ ပစ္စည်းတွေသိမ်းနေရင်း စောနရီကျန်ခဲ့တဲ့ရှပ်အဖြူလေးတွေ့လို့။ ဒါပေမဲ့ လက်အနား နားမှာ NOM လို့​ေရးထားလို့ ကိုနွေဦးဟာများလားလို့လာပေးတာ"

ဇေရဲကအင်္ကျီကိုလက်ကမ်းယူလိုက်ပေမဲ့ နွေဦးမောင်ကတော့ခုတင်ပေါ်မှထိုင်နေလျက်နှင့်ပင် ထိုအင်္ကျီရှိရာကို အကြည့်ရွေ့နေမိသည်။သူ့ လည်စလုတ်ကလည်းအထက်အောက်စုန်ဆန် ရွေ့လျားနေရင်း အရာအားလုံးကိုမြိုသိပ်ထားဟန်တူသည်။

ဇေရဲကပင် ပြန်မေး၏။
"ကျန်ခဲ့တယ်?"

"ဟုတ်တယ်။ စောနရီက ဘယ်ချိန်ကပြန်သွားလဲမသိဘူး။ ကျွန်တော်လည်း မနေ့ကသွားသောက်တော့.. သိတယ်မလား။များသွားတာ"

ဇေရဲက အနောက်ရှိ နွေဦးမောင်ကိုလှမ်းကြည့်သည်။ နွေဦးမောင်၏မျက်စံများက သူ့လက်ထဲကအင်္ကျီတွင်သာရှိသည်။
"အေးပါငါ့ညီ။ ကျေးဇူးပဲကွာ... ပြန်တော့မှာမလား။ဂရုစိုက်ဦးနော်"

"အစ်ကိုရောပဲဂရုစိုက်ဗျာ။ ကိုနွေဦးသွားပြီဗျ.."

စီနီယာတွေကိုနှုတ်ဆက်နေကြအတိုင်း မြင့်စိုးကနှုတ်ဆက်လိုက်ပေမဲ့ နွေဦးမောင်ကသူ့ကို အာရုံပင်မထားချေ။ မြင့်စိုးလည်း အောင့်သက်သက်နှင့်ပြန်သွားရတော့သည်။

"လှိုင်းဘွဲ့ကိုပြန်သွားတာ ထင်တယ်။ ကောင်လေးနှယ် ငါ့ကိုတောင်နှုတ်မဆက်သွားဘူး"

နွေဦးမောင်ကနေရာမှထလာကာ ထိုအင်္ကျီကိုယူပြီး လက်အနားသားနေရာကို အကြောင်းမဲ့ပွတ်သပ်နေမိသည်။ ချည်ထိုးထားသည့် သူ့နာမည်အတိုကောက်လေးက သေသပ်လို့နေသည်။ ထိုစဉ်တုန်းက သံမှိုနှင့်ငြိပြဲသွားသည့်နေရာအား နရီမှ ပြန်ဖာပေးမယ်ဟု ဆိုပြီးယူသွားသည့်အင်္ကျီဖြစ်သည်။
စိတ်အတွင်းတစ်နေရာမှ ထိန်းချုပ်မှုကြောင့် မေးရိုးကြောတွေက ထောင်တက်လာသည်။

"ငါလှိုင်းဘွဲ့ကို တစ်ချက်သွားကြည့်ရမလား"

နွေဦးမောင်ကခေါင်းခါလိုက်သည်။
"မလိုဘူး။ ငါဥဿကို ပြောထားတယ်... "

ဥဿဦး၏အရှိန်နှင့်ဆိုလျှင်တော့ အတော်အတန်အကာအကွယ်ရမှာပင်။ဇေရဲက နဂိုတည်းက ရဲစခန်းကို ကူးလူးနေရသည့်လူ။ အကြောင်းပြချက်တစ်ခုနှင့် ကွိခနဲပါသွားနိုင်သည်။ ထို့ကြောင့်နရီ့နားတွင်တော့ အရှိန်အဝါရှိသည့်လူတစ်ယောက် ထားဖို့လိုသည်။

"ဥဿဦး ကို? နေပါဦး အခု မင်းကဘယ်ကိုပြန်မှာလဲ.."

ဇေရဲသည် တစ်ခုကိုပင်ဆုံးအောင်မမေးရသေးခင် နွေဦးမောင်၏မူမမှန်သည့်ပုံစံကြောင့် မေးခွန်းပြောင်းရပြန်သည်။
"မဂ္ဂ အဖေနဲ့ သွားတွေ့မို့"

ဇေရဲက ချက်ချင်းတွေဝေသွားသည်။ မနေ့ညက မဂ္ဂလာသည်။ ယခုလည်း မဂ္ဂအဖေနှင့်သွားတွေ့မည်တဲ့။

"ဘာ.. ဟေ့ကောင် မဟုတ်မှလွဲရော၊ မင်း ကွက်ကျော်ရိုက်ဖို့လုပ်နေတာလား"

ဇေရဲက အလန့်တကြားမေးတော့သည်။ သည်ကောင်မူမမှန်တဲ့ပုံစံတွေကိုကြိုသိထားပေမဲ့ သည်လောက်အတင့်ရဲမည်မထင်ခဲ့။

"အေး ဟုတ်တယ်။ ငါဒီအချိန်ကိုစောင့်နေတာဇေရဲ။ ငါ့မှာ လှည့်ပြန်စရာလမ်းမရှိတော့ဘူး။"

"-ီးပဲ။ မင်းကြားထဲကမြေစာပင်ဖြစ်ချင်နေတာလား။ သူတို့အကြီးပိုင်းတွေက ဘယ်လောက်ဇာတ်ရှုပ်လဲ မင်းမသိဘူးလား။ ထိုးကျွေးခံရရင် ပြီးပြီနော်! ရပ်လိုက်တော့ ဟေ့ကောင်..."

"ဇေရဲ... ကျားကိုနိုင်ဖို့ သမင်ကို ကပ်လို့မရဘူး။ ခြေင်္သေ့ကို သွေးထိုးမှပဲရမှာ...ငါ့ လစ်မစ်ငါသိပါတယ်၊ မင်း ရွာပြန်ဦးမယ်မလား။နောက်မှ ပြန်တွေ့မယ်.."

ပြောပြောဆိုဆိုဖြင့် နွေဦးမောင်က အလျင်စလိုထွက်သွားသည်။ ဇေရဲ တစ်ယောက် ငိုင်တိုင်တိုင်ကျန်ခဲ့ရသည်။
"ငါ-ိုးမသားတွေ တစ်ယောက်မှ စောက်စကားနားမထောင်ကြဘူး"

ဇေရဲ တစ်ကိုယ်တည်း အားမရစွာဆဲဆိုမိတော့သည်။

°°°°°°°

အချိန်သည် တစ်ပတ်ကျော်မျှကုန်လွန်သွားသည်။
ကျောင်းပိတ်ချိန်ကို ဝင်ရောက်လာပြီမို့ သူ့သူငယ်ချင်းတွေကလည်း နေရပ်ဌာနေအသီးသီးကို အလျှိုလျှိုပြန်ကုန်ကြပြီမို့ အဆက်အသွယ်လည်း ပြတ်နေသည်။

နွေဦးမောင်သည် အိမ်လည်းမပြန်။
အပြင်ယောက်ျားလေးဆောင်တွင်သာ အခန်းငှားနေရင်း တစ်ယောက်တည်း အလုပ်ရှုပ်နေ၏။ နေ့နှင့်ည ရောထွေးနေကာ မိုးလင်းမှအိပ်ဖြစ်သည်ကများသည်။ အဆောင်ရှိသူငှားနေသည့်အခန်းတွင် ဆေးလိပ်နံ့များကလည်း မွှန်ထူလို့နေသည်။
အရက်လည်းအနည်းအကျဉ်းသောက်ဖြစ်ပေမဲ့ လူကြီးပိုင်းတွေနှင့်တွေ့သည့်အခါမှသာ ဟန်လုပ်သောက်ပေးရသည်။ကျန်သည့်အချိန်များတွင်တော့ မထိဖြစ်ချေ။ သူလုပ်နေသည့်အလုပ်များသည် မူးမူးရူးရူးနှင့်လုပ်လို့ရသည့် အလုပ်တွေမဟုတ်။

အမြဲသပ်ရပ်စွာနေတတ်သည့် သူ့ပုံစံသည် ယခုမူတော့ ကသီကလင်နိုင်နေပေမဲ့လည်း သည်ပုံစံသည် သမာရိုးကျနေထိုင်သူ၏ပုံစံမျိုးကြောင်​့ ဘယ်သူကမှ သူ့ကို အလဲလဲအကွဲကွဲဖြစ်နေသည့်လူဟုထင်မည်မဟုတ်။

"နွေဦးမောင် ဧည့်သည်လာတယ်.."

အခန်းတံခါးအပြင်မှ တံခါးခေါက်သံနှင့်အတူ အဆောင်မှူးက လှမ်းအော်လာသည်မို့ သူ အပြင်သို့ထွက်လိုက်သည်။
ဧည့်သည်လာလျှင် အခန်းထဲတိုက်ရိုက်လာကြသူများရှိသလို သီးသန့် တွေ့ဖို့စီမံပေးထားသည့် ဧည့်ခန်းမှာ တွေ့ကြသည်များလည်းရှိသည်။

ဧည့်ခန်းတွင် ခပ်မတ်မတ်ထိုင်နေသည့်သူသည် သူ့ညီမဝမ်းကွဲ ဖြစ်သည့် ပန်းဦးမေ။

ပန်းဦးက သူ့ကိုတွေ့သည်နှင့်ထရပ်လိုက်ကာ

"ဘယ်မှာလဲ နင့်အခန်း။"

"ပန်းဦး ဒါယောက်ျားလေး အဆောင်လေ"

ဘေးမှစပ်စပ်စုစုဖြင့်မသိမသာချောင်းကြည့်နေသူအဆောင်သားများလည်းရှိသည်။
ပန်းဦးမေက မဲ့ပြလိုက်ရင်း
"ငါ့အစ်ကိုအခန်းထဲ ငါဝင်တာ ဘယ်သူ့ဂရုစိုက်ရမှာလဲ..."

နွေဦးမောင်သည် စပ်စပ်စုစုကြည့်နေသည့်လူများကို ခပ်စူးစူးတစ်ချက်စိုက်ကြည့်လိုက်သည်။
အားလုံးကလည်း မျက်နှာလွှဲသွားလေသည်။

"လာလိုက်ခဲ့..."

သူ့အခန်းရှိရာသို့ ပန်းဦးကို ဦးဆောင်ပြီးခေါ်လာလိုက်သည်။ အခန်းထဲရောက်သည်နှင့် ပန်းဦးက ရှုံ့မဲ့သွားကာ ချောင်းဟန့်ရင်း အခန်းတံခါးကို အလျင်စလိုသွားဖွင့်၏။

"မွှန်ထူနေတာပဲဟာ..."

"ပြောသားပဲ။ အဲ့တာကြောင့်မဝင်ပါနဲ့ဆိုတာကို..."

ပန်းဦးသည် အခန်းအတွင်းရှိတစ်ခုတည်းသော ခုံတွင် ဝင်ထိုင်လိုက်၏။
နွေဦးမောင်က သူ့မျက်နှာချင်းဆိုင်ခုတင်ပေါ်တွင် ထိုင်ကာ
"ဒီနေရာကို ဘယ်လိုသိတာလဲ"

"စာမေးပွဲပြီးတာနဲ့ ငါနင့်ကို လိုက်ရှာနေတာ နွေဦးမောင်...ဘယ်ကစပြောရမှန်းကိုတောင်မသိတော့ဘူး"

"ရတယ် ပန်းဦး.... ပြောချင်တာသာပြောတော့"

ပန်းဦးသည် လေးဖင့်စွာသက်ပြင်းချလိုက်ပြီးမှ

"မေမေလတ် နေမကောင်းဘူး။ နင်တို့တွေပြဿနာဖြစ်ပြီးကတည်းက သူ လဲသွားတာပဲ...နင်သူနဲ့မတွေ့တော့ဘူးလား။ ဒီတိုင်းရှောင်နေတော့ရော ဘာထူးမှာလဲ"

"ပန်းဦး...ညီမလေးက ပဲ ဂရုစိုက်ပေးလိုက်ပါ"

"ပြီးတော့ မန္တလေးပွဲရုံက အခြေအနေသိပ်မကောင်းသလိုပဲ၊ ငါလည်းနားမလည်လို့။ တစ်ခုခုဖြစ်နေပုံပဲ။ နင်လုပ်နေတာမလား နွေဦးမောင်"

သည်တစ်ခါမှာတော့ နွေဦးမောင်ကတိတ်ဆိတ်သွားသည်။
ပန်းဦးသည် ဘယ်နှစ်ကြိမ်မြောက်မှန်းမသိသောသက်ပြင်းကိုချကာ
"ဦးလေးကို နင်ရန်သွားစနေတာလား။ နင့်အဖေအကြောင်းနင်မသိတာလည်းမဟုတ်ဘဲနဲ့နော်။ "

"မေးစရာကျန်သေးလား.."

"အေးကျန်သေးတယ်။ နင် နရီ့ကို လမ်းခွဲလိုက်တယ်ပေါ့။ ဘယ်ကပေါ်လာမှန်းမသိတဲ့ ကလေး တစ်ယောက်ကို အကြောင်းပြပြီး နင်သူ့ကို ဘယ်လို လုပ်လိုက်တာလဲ??ဟင်... တိကျတဲ့အဖြေတစ်ခုတော့ရှိသင့်တယ်မလား။ နင်နှုတ်ဆိတ်နေလို့မရဘူးလေ။ ပါးစပ်ကြီးပိတ်ပြီးနေနေတော့ရော ဘာထူးမှာလဲ။ အဲ့ကလေးအကြောင်း၊ အခုနင်လုပ်နေတာတွေကို နည်းနည်းတော့ ငါနဲ့တိုင်ပင်သင့်တယ်မဟုတ်လား"

ဆက်တိုက်မေးလာခဲ့သည့်မေးခွန်းများ၌ နရီဆိုသည့် အမည်နာမ ပါလာသောအခါ နွေဦးမောင်၏ယှက်ထားသောလက်များက တင်းကျပ်သွားတော့သည်။

"ပေးမသိတော့ဘူး။ သူ့ကို ပေးမသိစေချင်တော့ဘူး။မသိဘဲနေရင် သူအဲ့ကိစ္စတွေကြောင့် ခံစားနေရမှာမဟုတ်တော့ဘူးလေ... ဟုတ်တယ်မလား။"

"ဒါဆို ဒီကလေးကိစ္စကရောလို့!!!"

ပန်းဦး၏လေသံသည် အတော်အတန်မာသွားသည်။
နွေဦးမောင်က မတ်တတ်ထရပ်လိုက်ကာ
"ပြန်တော့ပန်းဦး...ပတ်ဝန်းကျင်က မြင်ရင် တမျိုးထင်လိမ့်မယ်..."

"အခုမှ နင်ပတ်ဝန်းကျင်ကို ဂရုစိုက်သလိုလုပ်မနေနဲ့"

ပြောနေရင်းပန်းဦးမေသည် အိတ်ထဲမှ စာရွက်များတွဲချုပ်ထားသည့်ဖိုင်တစ်ခုကို ခုံပေါ်သို့ပစ်တင်လိုက်သည်။
English လို ရေးထားသည့်ဖိုင်တစ်ခုကို နွေဦးမောင် ယူကြည့်လိုက်သည်။
ကလေးငယ် ဆေးရုံတက်တုန်းက လူနာမှတ်တမ်းဖိုင်ဖြစ်သည်။

ဆေးရုံက ဆရာဝန်မကြီးတစ်ယောက်နှင့်ပန်းဦးသည် လွန်စွာရင်းနှီးသည်။ ထိုဆရာဝန်မကြီးသည် သူသွားကူနေကျ ဆေးခန်းပိုင်ရှင်လည်းဖြစ်သည်။ လူနာမှတ်တမ်းကို တခြားသူများယူကြည့်ပိုင်ခွင့်မရှိသော်လည်း ပန်းဦးမေက မျက်ရည်ခံထိုးလိုက်တာကြောင့် ရလာခြင်းပင်။

"ကလေးရဲ့သွေးအမျိုးအစားက AB-(negative)... နင်က A+ (positive)သွေး..."

နွေဦးမောင်၏မျက်နှာကတင်းမာသွားသည်။ မျက်လုံးတွေက ဖျော့တော့သွားကာ တစ်စုံတစ်ခုကိုပြင်းပြင်းထန်ထန်ခံစားလိုက်ရသည့်နှယ်။

"အဲ့ဒီ သွေးအမျိုးအစားတွေကို ဘာလုပ်ဖို့ လာပြောနေရတာလဲ ပန်းဦး။"

" ဒါဆိုလည်း ခင်လွှမ်းရဲ့ သွေးအမျိုးအစားက AB- ဖြစ်နေတာကရော တိုက်ဆိုင်မှုလား နွေဦးမောင်..."

အခန်းတွင်း၌ အပ်ကျသံပင် မကြားရလောက်အောင်တိတ်ဆိတ်သွားတော့သည်။
နွေဦးမောင်သည် စိတ်တည်ငြိမ်မှုရစေဖို့ မျက်လုံးကို အသာမှိတ်ချလိုက်သည်။

"ဒီအကြောင်းကိုဘယ်သူတေွ ထပ်သိသေးလဲ။"

"ကိုဥဿ..."
ပန်းဦးသည် ခင်လွှမ်း၏သွေးအမျိုးအစားကို ဥဿစီမှသိလာခြင်းပင်။

"ဟာ့.." ပင့်သက်ရှိုက်သံနှင့်အတူနွေဦးမောင်သည် မျက်နှာအား လက်ဖြင့်အုပ်၍ ခုတင်ပေါ်သို့ထိုင်ချလိုက်မိပြန်သည်။

အတိတ်က အရိပ်များကို ပြေးကြည့်စရာမလိုဘဲ တွေးကြည့်ရုံနှင့်တင် အရာအားလုံးက ရုပ်ပြဇာတ်လမ်းသဖွယ်။ပြန်တွေးတိုင်း သူ့နှလုံးသားဟာနာကျင်ရစမြဲ...

"ဒီကလေးက ခင်လွှမ်းနဲ့ နင်နဲ့ရတဲ့ကလေးလား.."

ပန်းဦးသည် ထိုမေးခွန်းကိုမေးဖို့အတော်အားယူလိုက်ရသည်။

"မဟုတ်ဘူး။"

နွေဦးမောင်၏အဖြေကိုကြားမှ ပန်းဦး ရင်ထဲကအလုံးကြီးကျသွားသည်။

"ဒါဆို ကိုဥဿနဲ့လား..."

နွေဦးမောင်က လေးဖင့်စွာ ခေါင်းခါသည်။

"ခင်လွှမ်း ပျောက်သွားပြီး တစ်နှစ်ကျော် နှစ်နှစ်လောက်မှ... အစ်ကိုသူ့ကို ပြန်ဆုံခဲ့တာ... အဲ့တုန်းက သူ့မှာ ကိုယ်ဝန်ကြီးနဲ့"

ပန်းဦး၏နှုတ်ခမ်းလွှာနှစ်ခုသည် အံ့ဩမှင်သက်မှုကြောင့် ပွင့်ဟသွားတော့သည်။
နွေဦးမောင်၏မျက်ဝန်းများသည် ခံစားချက်အဖုံဖုံကြောင့် တဖြည်းဖြည်းနီစွေးလာသည်။ မျက်ခွံများသည် တုန်ယင်လာ၏။

အဲ့သည့်နေ့က မိုးတွေအုံ့မှိုင်းနေခဲ့သည်။
အချိန်အားဖြင့်တွက်စကြည့်လျှင် ဒုတိယနှစ်ဝက်အချိန်အပိုင်းအခြား..
အသက်ကြီးကြီး မိန်းမတစ်ယောက်က သူ့ကို ကျောင်းဆောင်မှာ အလောတကြီးလာရှာခဲ့သည်။
ထိုမိန်းမသည် ဒေါ်မေမြိုင်ဆိုသည့်သူ။

ဒေါ်မေမြိုင်နှုတ်ဖျားမှ ခင်လွှမ်း နာမည်ကို ကြားလိုက်ရသည်နှင့် သူ တစ်ချက် မတွေဝေဘဲ လိုက်လာခဲ့မိသည်။

ဒေါ်မေမြိုင်ခေါ်သွားသည့်နေရာသည် ရန်ကုန်မြို့၏ချောင်ကျသည့်တစ်နေရာ...
တိုက်ခန်းဟုမဆိုနိုင်သည့် အိမ်တွင် သူခင်လွှမ်းကို ပြန်တွေ့ခဲ့သည်။
ခင်လွှမ်း၏မျက်နှာသည် လွန်စွာအားယုတ်နေသည့်နှယ်။ စူထွက်နေသည့်ဗိုက်သည် ကလေးတစ်ယောက်ကို သယ်ပိုးထမ်းပိုးထားရကြောင်း ပြနေသည်။
ခင်လွှမ်းက သူနဲ့တွေ့သည့်အချိန်မှာ ရေမွှာပေါက်နေပြီဖြစ်သည်။
တော်သေးသည်က ခင်လွှမ်း၏ဘေးတွင် ဆရာဝန်တစ်ယောက်ကအသင့်ရှိနေသည်။ ထိုဆရာဝန်ကပဲ ကလေးကို အဲ့သည့်အိမ်ကလေးမှာပင်မွေးဖွားပေးခဲ့သည်။ ဘယ်ကဆရာဝန်လဲဟု သူသိချင်ခဲ့တာတောင် ထိုလူကနှုတ်ဆိတ်လွန်းသည်။
ကလေးမွေးပြီးတဲ့ခင်လွှမ်းက သွေးအမြောက်အများဆုံးရှုံးခဲ့သည်။
AB- ဖြစ်သည်မို့ သွေးကအလွယ်တကူရှာမရခဲ့ချေ။

အသက်ကိုယဲ့ယဲ့လေးရှူနေရသည့်ခင်လွှမ်းက သူ့ကို အတန်တန်မှာသွားခဲ့တာရှိသည်။

"ဒီကလေးကို နင့်ဆီငါအပ်တယ်။ ဒီကလေးအဖေက သာမန်မဟုတ်ဘူး။ ဒီကလေးကို သူနဲ့ငါ့ရဲ့ကလေးမှန်း သူတို့သိသွားရင်...လိုက်လာကြမှာ။ ဒီကလေးကို သူတို့သတ်ပစ်ကြလိမ့်မယ်။ အဲ့တာကြောင့် ငါ့ကို ကတိပေး။ ဒီကလေးကို နင့်ကလေးအဖြစ် မွေးပေးပါ။ နင်ကပဲ သူ့ကို နာမည်ပေးပြီးတော့ အပိုင်မွေးပေးပါ။ နွေဦးမောင်... ငါ့မှာ အားကိုးစရာနင်ပဲရှိတာ။ ဒီကလေးကို စောင့်ရှောက်ပေးပါ။"

မျက်ရည် သွင်သွင်ကျလျက် ခင်လွှမ်းက ကလေးကိုစောင့်ရှောက်ဖို့ ဖန်တစ်ရာထပ်ပြောခဲ့သည်။
နောက်ဆုံး သွေးအလွန်အကျွံ ဆုံးရှုံးမှုကြောင့်ပဲ ခင်လွှမ်းက သူ့လက်ထဲမှာဆုံးသွားခဲ့သည်။

ကြီးမေ (ဒေါ်မေမြိုင်) နဲ့ ပေးထားခဲ့သည့် ငွေတွေသည် သည်ကလေး တစ်သက်စာ ထိုင်ဖြုန်းနိုင်သည့်ငွေများဖြစ်သည်။ ငွေသာမက၊ လက်ဝတ်ရတာနာများပါချန်ခဲ့လေသည်။
ဤအချင်းအရာကြောင့် ခင်လွှမ်း၏သာမန်မဟုတ်ဘူး ဆိုသည်စကားကို သူသဘောပေါက်လာခဲ့သည်။
ပိုပြီးသေချာသွားတာက သိပ်မကြာခင်မှာ ကလေးမွေးပေးခဲ့သည့်ဆရာဝန် အသတ်ခံလိုက်ရသည်။
ကြီးမေ၏ပြောကြားချက်အရ ဆရာဝန်သည် သူတို့၏မိသားစုဆရာဝန်တဲ့။ ကြီးမေသည်လည်း ထိုထက်ပို၍မသိခဲ့ချေ။

ထို့ကြောင့် နွေဦးမောင်သည် ပဲခူးမှာ အိမ်တစ်လုံးဝယ်ပြီး ကြီးမေနှင့် ကလေးကို နေခိုင်းခဲ့သည်။ သံသယ မကင်း​ မဖြစ်ဖို့ရန် ကြီးမေ၏ရွာကမြေး သင်းဖြူမွှေးနှင့် ယခင် လက်ဖက်ရည်ဆိုင်မှာ သူစာသင်ပေးဖူးသည့် ဖိုးခွားကိုအလုပ်မှထုတ်၍ ပဲခူးအိမ်မှာ မိသားစုသဖွယ်နေစေသည်။
ကလေး၏ ဖခင်အမည်ခံသည် သူဖြစ်ပြီး၊ ကြီးမေကို အဘွားနေရာမှာထားခဲ့သည်။
ကလေးကို သူကိုယ်တိုင်ပဲ နာမည်ပေးခဲ့ရသည်။
ခင်လွှမ်းဆိုသည့်အမည်ကို တိတ်တဆိတ်မြေမြှပ်လိုက်သည်။ သူဟာ သည်ကလေးရဲ့အဖေ။ ကလေးရဲ့အဖေဟာ သူပါပဲ။

အဖြစ်အပျက်အားလုံးကို နားထောင်ပြီးသည့် ပန်းဦးမေသည်ပင် လှိုက်မောသွားရသည်။
တကယ်ကြုံခဲ့ရသည့် သူဆိုလျှင် ဘယ်လိုနေမလဲ...

"ဒီလိုဟာကို နင်ဘယ်လိုများ သိုဝှက်ထားနိုင်ရတာလဲ..."

သိုဝှက်ဖို့ သူကြိုးစားခဲ့ရတာ။ ကျောင်းတစ်ဖက်၊အလုပ်တစ်ဖက်ဖြင့် လုံးချာလိုက်နေစဉ်မှာပဲ ပဲခူးကို အသွားအပြန်လုပ်ခဲ့ရသည့်အရေအတွက်ကမနည်းလှ။ သီချင်းရေးဖို့ မအိပ်ခဲ့ရသည့်ညများရှိသလို၊ အဝေးပြေးလမ်းမမှာ ကုန်ဆုံးသွားရတဲ့အိပ်ချိန်တွေ။ ကျောင်းလှုပ်ရှားမှုတွေမလစ်ဟင်းဖို့ သူကြိုးစားခဲ့ရသည်။ နောက်ဆုံး နရီနဲ့ အနီးကပ်ရှိနေနိုင်သည့်အချိန်များကတော့ သူ့ဘဝတွင် လွန်စွာအေးချမ်းခဲ့သောအချိန်များပင်။
နရီ့ဆီကို မရောက်ရောက်အောင်သွားဖို့ ပို၍တွန်းအားဖြစ်ခဲ့သည်က ခင်လွှမ်း၏သေဆုံးမှုကြောင့်လည်းပါသည်။ ကိုယ်ချစ်တဲ့လူတွေဟာ မျက်စိတစ်မှိတ်လျှပ်တစ်ပြက်အတွင်းမှာ ပျောက်ကွယ်သွားနိုင်သည်။ သူသာ နရီနဲ့မဆုံလိုက်ရလျှင်
နောင်တရမှာစိုးခဲ့မိသည်လေ။

"နရီ့ကိုရော နင်လုံးဝမပြောဖို့လုပ်ထားတာလား.."

"မဟုတ်ဘူး။ သူကျောင်းပြီးသွားရင် သူ့ကို စောဦး လေးစီခေါ်သွားဖို့ အစ်ကိုအစအဆုံး အစီစဉ်ချပြီးသား။ဒါပေမဲ့ အဲ့အစီအစဉ်က ပျက်သွားပြီပဲ။"

"ကလေးနာမည်က ဘာ?"

ပန်းဦးမေက မျက်မှောင်ကုတ်လျက် တစ်စွန်းတစ်စကြားလိုက်ရသော ကလေး၏နာမည်ကို ပြန်မေး၏။
နွေဦးမောင်သည် တိုးညှင်းသော လေသံဖြင့်ပြန်ဖြေခဲ့ပါသည်။

"စောဦးယံ...တဲ့"

၂၉.၉.၂၀၂၁(၈:၀၀ p.m)

°°°°°

စာရေးသူမှတ်ချက်- ခင်လွှမ်း ဖြစ်ခဲ့တဲ့အကြောင်းအရာကိုတော့အသေးစိတ် ဖော်ပြသွားမှာမဟုတ်ပါဘူးဗျ။ ဒါကဇာတ်လမ်းရဲ့ မြှုပ်ကွက်ဖြစ်သလို၊အသေးစိတ် ပြန်တူးဖော်စရာမလိုဘူးလို့လည်းထင်မိလို့ပါ။
ဇာတ်ကွက်လစ်ဟာမှုများရှိရင်ထောက်ပြနိုင်ပါတယ်။ ခင်လွှမ်းပျောက်သွားတာ နွေဦးမောင်ဒုတိယနှစ် တက်နေစဉ်ကပါ။ (ရှေ့ပိုင်းမှာပါသည်)
ပြန်တွေ့တာ စတုတ္ထနှစ် လယ်လောက်မှာပါ။ ကြားထဲအချိန်ကွာဟမှုရှိပါတယ်။
နားမလည်တာရှိရင်မေးလို့ရပါတယ်ဗျ။
အတတ်နိုင်ဆုံးအရှင်းဆုံးဖြစ်အောင်ရေးထားပေးပါတယ်။ လိုအပ်ချက်ရှိရင် ကျွန်တော့်အမှားပါ။

ဆက်တိုက် update လုပ်နေတာက ဓားအခန်းတွေကို မြန်မြန်ပြီးချင်လို့ပါ။ ရေးနေရင်း ကျွန်တော်လည်း ရင်မောရပါတယ်၊ဒီကာလမှာ ဒီလို စိတ်မချမ်းသာစရာအခန်းတွေရေးရတာစိတ်မကောင်းပေမဲ့လည်း ဇာတ်လမ်းအရ မြှုပ်ကွက်တွေက ရှေ့အပိုင်းမှာကတည်းကပါပြီးသားမို့ပါဗျ။
မနက်ဖြန် update မရှိပါ။ သန်ဘက်ခါပြန်တွေ့ကြမယ်ဗျ❤️

°°°°°°°°

Zawgyi

Song recommend - ေအးေအးၿငိမ့္ၿငိမ့္ တီးလံုးသီးသန႔္ေလးနဲ႔ ဖတ္ရင္ ေျပမယ္ထင္ပါတယ္။

"ေနြဦးေမာင္.. ေဟ့ေကာင္...ထစမ္းပါကြာ!"

စာေမးပဲြၿပီးသြားေတာ့ ညပိုင္းတြင္တျခားလူေတြက လူစုၿပီး သြားေမာ့ၾကေပမဲ့ သူကေတာ့ တစ္ညေနလံုး အေဆာင္ခန္းထဲမွာရိွေနခဲ့သည္။ မိုးလင္းေပါက္ထိငုတ္တုတ္ထိုင္ေနမိၿပီးမွ ေမွးခနဲအိပ္ေပ်ာ္သြားခဲ့ျခင္းပင္။
ေဇရဲလည္းမေန့ညက ဘယ္သူ႔အခန္းမွာတိုးအိပ္ေနသလဲသူမသိပါ။မူးေနၾကတဲ့လူေတြမို႔ ႄကံုရာအခန္းဝင္အိပ္တတ္ၾကတာအဆန္းမဟုတ္။

ေဇရဲက မ်က္ႏွာသစ္ၿပီးတက္လာပံုေပၚသည္။ အေပၚပိုင္းဗလာႏွင့္ တဘက္ကို ပုခံုးေပၚတင္ထား၏။
ေနြဦးေမာင္သည္ ႏိုးလာေပမဲ့ ေခါင္းမၾကည္တာေၾကာင့္ ခုတင္မွာထိုင္ေနဆဲပင္။ လြန္းေနာင္ကလည္း ဘယ္သူ႔ကိုမွ ႏႈတ္ဆက္သြားျခင္းမရိွဘဲ ျပန္သြားေလၿပီ။

"မေန့ညက မဂၢလာသြားေသးတာလား"
ေဇရဲကအခန္းအား ပတ္လည္ၾကၫ့္ရင္းေမးေတာ့သည္။

"မင္းဘယ္လိုသိလဲ?"

"သူ႔ေရေမႊးနံ႔ရေနသလိုပဲ..."

ေနြဦးေမာင္သည္ ခ်က္ခ်င္းျပန္မေျဖဘဲ စားပဲြခံုေပၚရိွေဆးလိပ္ကိုယူကာ မီးၫွိလိုက္သည္။
"ေအး လာသြားတယ္။ ငါနဲ႔ကိစၥရိွလို႔။ ဒါေပမဲ့ ဒီမနက္ပဲ ေလယာဉ္နဲ႔ သြားၿပီထင္တယ္။"

ေဇရဲက ဆတ္ခနဲပင္ေနြဦးေမာင္ ႏႈတ္ဖ်ားက ေဆးလိပ္ကို ဆဲြယူလိုက္သည္။ၿပီးေနာက္ အားျဖၫ့္အခ်ိဳရည္ဘူး တစ္ဘူးကိုခုတင္ေပၚပစ္တင္ေပးလိုက္ရင္း
"တစ္ေန့ကို ေဆးလိပ္တစ္ဘူးကုန္ေအာင္ေသာက္ေနရေအာင္ မင္းကိုယ္မင္း စြမ္းအားရွင္ထင္ေနလား။ မ်က္ခြက္ကိုလည္း မွန္ထဲသြားၾကၫ့္လိုက္ဦး။"

အခုတေလာ အျပစ္တင္သံေတြခ်ည္းၾကားေနရ၍ သူသိပ္လည္းႃဖံုမေနေတာ့ေခ်။မေန့ကလာသြားသၫ့္မဂၢေတာင္ သူ႔ကို ေဒါနဲ႔မာန္နဲ႔ဆဲဆိုသြားသည္မလား။သူဘာမွတံု႔မျပန္မိပါေခ်။

ထိုစဉ္မွာပဲ အခန္းေပါက္ဝသို႔ ျမင့္စိုးကေရာက္လာသည္။ လက္ထဲမွာလည္း ရွပ္အျဖဴတစ္ထည္ကိုကိုင္ထားလ်က္။

"ေတာ္ပါေသးရဲ့ ကၽြန္ေတာ္က အစ္ကိုတို႔ ျပန္ကုန္ၿပီထင္တာ။"

ေဇရဲက အႃပံုးျဖင့္ႏႈတ္ဆက္လိုက္ကာ
"ေအးကြ။ ျပန္ေတာ့မို႔ပဲ။ သိမ္းလည္းသိမ္းၿပီးေနၿပီေလ။ဒါနဲ႔ လာရင္းကိစၥ??"

"ဪ...ကၽြန္ေတာ္လည္းျပန္ေတာ့မွာမို႔ေလ အဲ့တာ ပစၥည္းေတြသိမ္းေနရင္း ေစာနရီက်န္ခဲ့တဲ့ရွပ္အျဖဴေလးေတြ့လို႔။ ဒါေပမဲ့ လက္အနား နားမွာ NOM လို႔​ေရးထားလို႔ ကိုေနြဦးဟာမ်ားလားလို႔လာေပးတာ"

ေဇရဲကအက်ႌကိုလက္ကမ္းယူလိုက္ေပမဲ့ ေနြဦးေမာင္ကေတာ့ခုတင္ေပၚမွထိုင္ေနလ်က္ႏွင့္ပင္ ထိုအက်ႌရိွရာကို အၾကၫ့္ေရြ့ေနမိသည္။သူ႔ လည္စလုတ္ကလည္းအထက္ေအာက္စုန္ဆန္ ေရြ့လ်ားေနရင္း အရာအားလံုးကိုၿမိဳသိပ္ထားဟန္တူသည္။

ေဇရဲကပင္ ျပန္ေမး၏။
"က်န္ခဲ့တယ္?"

"ဟုတ္တယ္။ ေစာနရီက ဘယ္ခ်ိန္ကျပန္သြားလဲမသိဘူး။ ကၽြန္ေတာ္လည္း မေန့ကသြားေသာက္ေတာ့.. သိတယ္မလား။မ်ားသြားတာ"

ေဇရဲက အေနာက္ရိွ ေနြဦးေမာင္ကိုလွမ္းၾကၫ့္သည္။ ေနြဦးေမာင္၏မ်က္စံမ်ားက သူ႔လက္ထဲကအက်ႌတြင္သာရိွသည္။
"ေအးပါငါ့ညီ။ ေက်းဇူးပဲကြာ... ျပန္ေတာ့မွာမလား။ဂရုစိုက္ဦးေနာ္"

"အစ္ကိုေရာပဲဂရုစိုက္ဗ်ာ။ ကိုေနြဦးသြားၿပီဗ်.."

စီနီယာေတြကိုႏႈတ္ဆက္ေနၾကအတိုင္း ျမင့္စိုးကႏႈတ္ဆက္လိုက္ေပမဲ့ ေနြဦးေမာင္ကသူ႔ကို အာရံုပင္မထားေခ်။ ျမင့္စိုးလည္း ေအာင့္သက္သက္ႏွင့္ျပန္သြားရေတာ့သည္။

"လိႈင္းဘဲြ႔ကိုျပန္သြားတာ ထင္တယ္။ ေကာင္ေလးႏွယ္ ငါ့ကိုေတာင္ႏႈတ္မဆက္သြားဘူး"

ေနြဦးေမာင္ကေနရာမွထလာကာ ထိုအက်ႌကိုယူၿပီး လက္အနားသားေနရာကို အေၾကာင္းမဲ့ပြတ္သပ္ေနမိသည္။ ခ်ည္ထိုးထားသၫ့္ သူ႔နာမည္အတိုေကာက္ေလးက ေသသပ္လို႔ေနသည္။ ထိုစဉ္တုန္းက သံမိႈႏွင့္ၿငိျပဲသြားသၫ့္ေနရာအား နရီမွ ျပန္ဖာေပးမယ္ဟု ဆိုၿပီးယူသြားသၫ့္အက်ႌျဖစ္သည္။
စိတ္အတြင္းတစ္ေနရာမွ ထိန္းခ်ဳပ္မႈေၾကာင့္ ေမးရိုးေၾကာေတြက ေထာင္တက္လာသည္။

"ငါလိႈင္းဘဲြ႔ကို တစ္ခ်က္သြားၾကၫ့္ရမလား"

ေနြဦးေမာင္ကေခါင္းခါလိုက္သည္။
"မလိုဘူး။ ငါဥႆကို ေျပာထားတယ္... "

ဥႆဦး၏အရိွန္ႏွင့္ဆိုလ်ွင္ေတာ့ အေတာ္အတန္အကာအကြယ္ရမွာပင္။ေဇရဲက နဂိုတည္းက ရဲစခန္းကို ကူးလူးေနရသၫ့္လူ။ အေၾကာင္းျပခ်က္တစ္ခုႏွင့္ ကြိခနဲပါသြားႏိုင္သည္။ ထို႔ေၾကာင့္နရီ့နားတြင္ေတာ့ အရိွန္အဝါရိွသၫ့္လူတစ္ေယာက္ ထားဖို႔လိုသည္။

"ဥႆဦး ကို? ေနပါဦး အခု မင္းကဘယ္ကိုျပန္မွာလဲ.."

ေဇရဲသည္ တစ္ခုကိုပင္ဆံုးေအာင္မေမးရေသးခင္ ေနြဦးေမာင္၏မူမမွန္သၫ့္ပံုစံေၾကာင့္ ေမးခြန္းေျပာင္းရျပန္သည္။
"မဂၢ အေဖနဲ႔ သြားေတြ့မို႔"

ေဇရဲက ခ်က္ခ်င္းေတြေဝသြားသည္။ မေန့ညက မဂၢလာသည္။ ယခုလည္း မဂၢအေဖႏွင့္သြားေတြ့မည္တဲ့။

"ဘာ.. ေဟ့ေကာင္ မဟုတ္မွလဲြေရာ၊ မင္း ကြက္ေက်ာ္ရိုက္ဖို႔လုပ္ေနတာလား"

ေဇရဲက အလန႔္တၾကားေမးေတာ့သည္။ သည္ေကာင္မူမမွန္တဲ့ပံုစံေတြကိုႀကိဳသိထားေပမဲ့ သည္ေလာက္အတင့္ရဲမည္မထင္ခဲ့။

"ေအး ဟုတ္တယ္။ ငါဒီအခ်ိန္ကိုေစာင့္ေနတာေဇရဲ။ ငါ့မွာ လွၫ့္ျပန္စရာလမ္းမရိွေတာ့ဘူး။"

"-ီးပဲ။ မင္းၾကားထဲကေျမစာပင္ျဖစ္ခ်င္ေနတာလား။ သူတို႔အႀကီးပိုင္းေတြက ဘယ္ေလာက္ဇာတ္ရႈပ္လဲ မင္းမသိဘူးလား။ ထိုးကၽြေးခံရရင္ ၿပီးၿပီေနာ္! ရပ္လိုက္ေတာ့ ေဟ့ေကာင္..."

"ေဇရဲ... က်ားကိုႏိုင္ဖို႔ သမင္ကို ကပ္လို႔မရဘူး။ ေျခေသၤ့ကို ေသြးထိုးမွပဲရမွာ...ငါ့ လစ္မစ္ငါသိပါတယ္၊ မင္း ရြာျပန္ဦးမယ္မလား။ေနာက္မွ ျပန္ေတြ့မယ္.."

ေျပာေျပာဆိုဆိုျဖင့္ ေနြဦးေမာင္က အလ်င္စလိုထြက္သြားသည္။ ေဇရဲ တစ္ေယာက္ ငိုင္တိုင္တိုင္က်န္ခဲ့ရသည္။
"ငါ-ိုးမသားေတြ တစ္ေယာက္မွ ေစာက္စကားနားမေထာင္ၾကဘူး"

ေဇရဲ တစ္ကိုယ္တည္း အားမရစြာဆဲဆိုမိေတာ့သည္။

°°°°°°°

အခ်ိန္သည္ တစ္ပတ္ေက်ာ္မ်ွကုန္လြန္သြားသည္။
ေက်ာင္းပိတ္ခ်ိန္ကို ဝင္ေရာက္လာၿပီမို႔ သူ႔သူငယ္ခ်င္းေတြကလည္း ေနရပ္ဌာေနအသီးသီးကို အလ်ိႈလ်ိႈျပန္ကုန္ၾကၿပီမို႔ အဆက္အသြယ္လည္း ျပတ္ေနသည္။

ေနြဦးေမာင္သည္ အိမ္လည္းမျပန္။
အျပင္ေယာက္်ားေလးေဆာင္တြင္သာ အခန္းငွားေနရင္း တစ္ေယာက္တည္း အလုပ္ရႈပ္ေန၏။ ေန့ႏွင့္ည ေရာေထြးေနကာ မိုးလင္းမွအိပ္ျဖစ္သည္ကမ်ားသည္။ အေဆာင္ရိွသူငွားေနသၫ့္အခန္းတြင္ ေဆးလိပ္နံ႔မ်ားကလည္း မႊန္ထူလို႔ေနသည္။
အရက္လည္းအနည္းအက်ဉ္းေသာက္ျဖစ္ေပမဲ့ လူႀကီးပိုင္းေတြႏွင့္ေတြ့သၫ့္အခါမွသာ ဟန္လုပ္ေသာက္ေပးရသည္။က်န္သၫ့္အခ်ိန္မ်ားတြင္ေတာ့ မထိျဖစ္ေခ်။ သူလုပ္ေနသၫ့္အလုပ္မ်ားသည္ မူးမူးရူးရူးႏွင့္လုပ္လို႔ရသၫ့္ အလုပ္ေတြမဟုတ္။

အၿမဲသပ္ရပ္စြာေနတတ္သၫ့္ သူ႔ပံုစံသည္ ယခုမူေတာ့ ကသီကလင္ႏိုင္ေနေပမဲ့လည္း သည္ပံုစံသည္ သမာရိုးက်ေနထိုင္သူ၏ပံုစံမ်ိဳးေၾကာင္​့ ဘယ္သူကမွ သူ႔ကို အလဲလဲအကဲြကဲြျဖစ္ေနသၫ့္လူဟုထင္မည္မဟုတ္။

"ေနြဦးေမာင္ ဧၫ့္သည္လာတယ္.."

အခန္းတံခါးအျပင္မွ တံခါးေခါက္သံႏွင့္အတူ အေဆာင္မွဴးက လွမ္းေအာ္လာသည္မို႔ သူ အျပင္သို႔ထြက္လိုက္သည္။
ဧၫ့္သည္လာလ်ွင္ အခန္းထဲတိုက္ရိုက္လာၾကသူမ်ားရိွသလို သီးသန႔္ ေတြ့ဖို႔စီမံေပးထားသၫ့္ ဧၫ့္ခန္းမွာ ေတြ့ၾကသည္မ်ားလည္းရိွသည္။

ဧၫ့္ခန္းတြင္ ခပ္မတ္မတ္ထိုင္ေနသၫ့္သူသည္ သူ႔ညီမဝမ္းကဲြ ျဖစ္သၫ့္ ပန္းဦးေမ။

ပန္းဦးက သူ႔ကိုေတြ့သည္ႏွင့္ထရပ္လိုက္ကာ

"ဘယ္မွာလဲ နင့္အခန္း။"

"ပန္းဦး ဒါေယာက္်ားေလး အေဆာင္ေလ"

ေဘးမွစပ္စပ္စုစုျဖင့္မသိမသာေခ်ာင္းၾကၫ့္ေနသူအေဆာင္သားမ်ားလည္းရိွသည္။
ပန္းဦးေမက မဲ့ျပလိုက္ရင္း
"ငါ့အစ္ကိုအခန္းထဲ ငါဝင္တာ ဘယ္သူ႔ဂရုစိုက္ရမွာလဲ..."

ေနြဦးေမာင္သည္ စပ္စပ္စုစုၾကၫ့္ေနသၫ့္လူမ်ားကို ခပ္စူးစူးတစ္ခ်က္စိုက္ၾကၫ့္လိုက္သည္။
အားလံုးကလည္း မ်က္ႏွာလႊဲသြားေလသည္။

"လာလိုက္ခဲ့..."

သူ႔အခန္းရိွရာသို႔ ပန္းဦးကို ဦးေဆာင္ၿပီးေခၚလာလိုက္သည္။ အခန္းထဲေရာက္သည္ႏွင့္ ပန္းဦးက ရႈံ႔မဲ့သြားကာ ေခ်ာင္းဟန႔္ရင္း အခန္းတံခါးကို အလ်င္စလိုသြားဖြင့္၏။

"မႊန္ထူေနတာပဲဟာ..."

"ေျပာသားပဲ။ အဲ့တာေၾကာင့္မဝင္ပါနဲ႔ဆိုတာကို..."

ပန္းဦးသည္ အခန္းအတြင္းရိွတစ္ခုတည္းေသာ ခံုတြင္ ဝင္ထိုင္လိုက္၏။
ေနြဦးေမာင္က သူ႔မ်က္ႏွာခ်င္းဆိုင္ခုတင္ေပၚတြင္ ထိုင္ကာ
"ဒီေနရာကို ဘယ္လိုသိတာလဲ"

"စာေမးပဲြၿပီးတာနဲ႔ ငါနင့္ကို လိုက္ရွာေနတာ ေနြဦးေမာင္...ဘယ္ကစေျပာရမွန္းကိုေတာင္မသိေတာ့ဘူး"

"ရတယ္ ပန္းဦး.... ေျပာခ်င္တာသာေျပာေတာ့"

ပန္းဦးသည္ ေလးဖင့္စြာသက္ျပင္းခ်လိုက္ၿပီးမွ

"ေမေမလတ္ ေနမေကာင္းဘူး။ နင္တို႔ေတျြပႆနာျဖစ္ၿပီးကတည္းက သူ လဲသြားတာပဲ...နင္သူနဲ႔မေတြ့ေတာ့ဘူးလား။ ဒီတိုင္းေရွာင္ေနေတာ့ေရာ ဘာထူးမွာလဲ"

"ပန္းဦး...ညီမေလးက ပဲ ဂရုစိုက္ေပးလိုက္ပါ"

"ၿပီးေတာ့ မႏၲေလးပဲြရံုက အေျခအေနသိပ္မေကာင္းသလိုပဲ၊ ငါလည္းနားမလည္လို႔။ တစ္ခုခုျဖစ္ေနပံုပဲ။ နင္လုပ္ေနတာမလား ေနြဦးေမာင္"

သည္တစ္ခါမွာေတာ့ ေနြဦးေမာင္ကတိတ္ဆိတ္သြားသည္။
ပန္းဦးသည္ ဘယ္ႏွစ္ႀကိမ္​ေၿမာက္မွန္းမသိေသာသက္ျပင္းကိုခ်ကာ
"ဦးေလးကို နင္ရန္သြားစေနတာလား။ နင့္အေဖအေၾကာင္းနင္မသိတာလည္းမဟုတ္ဘဲနဲ႔ေနာ္။ "

"ေမးစရာက်န္ေသးလား.."

"ေအးက်န္ေသးတယ္။ နင္ နရီ့ကို လမ္းခဲြလိုက္တယ္ေပါ့။ ဘယ္ကေပၚလာမွန္းမသိတဲ့ ကေလး တစ္ေယာက္ကို အေၾကာင္းျပၿပီး နင္သူ႔ကို ဘယ္လို လုပ္လိုက္တာလဲ??ဟင္... တိက်တဲ့အေျဖတစ္ခုေတာ့ရိွသင့္တယ္မလား။ နင္ႏႈတ္ဆိတ္ေနလို႔မရဘူးေလ။ ပါးစပ္ႀကီးပိတ္ၿပီးေနေနေတာ့ေရာ ဘာထူးမွာလဲ။ အဲ့ကေလးအေၾကာင္း၊ အခုနင္လုပ္ေနတာေတြကို နည္းနည္းေတာ့ ငါနဲ႔တိုင္ပင္သင့္တယ္မဟုတ္လား"

ဆက္တိုက္ေမးလာခဲ့သၫ့္ေမးခြန္းမ်ား၌ နရီဆိုသၫ့္ အမည္နာမ ပါလာေသာအခါ ေနြဦးေမာင္၏ယွက္ထားေသာလက္မ်ားက တင္းက်ပ္သြားေတာ့သည္။

"ေပးမသိေတာ့ဘူး။ သူ႔ကို ေပးမသိေစခ်င္ေတာ့ဘူး။မသိဘဲေနရင္ သူအဲ့ကိစၥေတြေၾကာင့္ ခံစားေနရမွာမဟုတ္ေတာ့ဘူးေလ... ဟုတ္တယ္မလား။"

"ဒါဆို ဒီကေလးကိစၥကေရာလို႔!!!"

ပန္းဦး၏ေလသံသည္ အေတာ္အတန္မာသြားသည္။
ေနြဦးေမာင္က မတ္တတ္ထရပ္လိုက္ကာ
"ျပန္ေတာ့ပန္းဦး...ပတ္ဝန္းက်င္က ျမင္ရင္ တမ်ိဳးထင္လိမ့္မယ္..."

"အခုမွ နင္ပတ္ဝန္းက်င္ကို ဂရုစိုက္သလိုလုပ္မေနနဲ႔"

ေျပာေနရင္းပန္းဦးေမသည္ အိတ္ထဲမွ စာရြက္မ်ားတဲြခ်ဳပ္ထားသၫ့္ဖိုင္တစ္ခုကို ခံုေပၚသို႔ပစ္တင္လိုက္သည္။
English လို ေရးထားသၫ့္ဖိုင္တစ္ခုကို ေနြဦးေမာင္ ယူၾကၫ့္လိုက္သည္။
ကေလးငယ္ ေဆးရံုတက္တုန္းက လူနာမွတ္တမ္းဖိုင္ျဖစ္သည္။

ေဆးရံုက ဆရာဝန္မႀကီးတစ္ေယာက္ႏွင့္ပန္းဦးသည္ လြန္စြာရင္းႏွီးသည္။ ထိုဆရာဝန္မႀကီးသည္ သူသြားကူေနက် ေဆးခန္းပိုင္ရွင္လည္းျဖစ္သည္။ လူနာမွတ္တမ္းကို တျခားသူမ်ားယူၾကၫ့္ပိုင္ခြင့္မရိွေသာ္လည္း ပန္းဦးေမက မ်က္ရည္ခံထိုးလိုက္တာေၾကာင့္ ရလာျခင္းပင္။

"ကေလးရဲ့ေသြးအမ်ိဳးအစားက AB-(negative)... နင္က A+ (positive)ေသြး..."

ေနြဦးေမာင္၏မ်က္ႏွာကတင္းမာသြားသည္။ မ်က္လံုးေတြက ေဖ်ာ့ေတာ့သြားကာ တစ္စံုတစ္ခုကိုျပင္းျပင္းထန္ထန္ခံစားလိုက္ရသၫ့္ႏွယ္။

"အဲ့ဒီ ေသြးအမ်ိဳးအစားေတြကို ဘာလုပ္ဖို႔ လာေျပာေနရတာလဲ ပန္းဦး။"

" ဒါဆိုလည္း ခင္လႊမ္းရဲ့ ေသြးအမ်ိဳးအစားက AB- ျဖစ္ေနတာကေရာ တိုက္ဆိုင္မႈလား ေနြဦးေမာင္..."

အခန္းတြင္း၌ အပ္က်သံပင္ မၾကားရေလာက္ေအာင္တိတ္ဆိတ္သြားေတာ့သည္။
ေနြဦးေမာင္သည္ စိတ္တည္ၿငိမ္မႈရေစဖို႔ မ်က္လံုးကို အသာမိွတ္ခ်လိုက္သည္။

"ဒီအေၾကာင္းကိုဘယ္သူေတြ ထပ္သိေသးလဲ။"

"ကိုဥႆ..."
ပန္းဦးသည္ ခင္လႊမ္း၏ေသြးအမ်ိဳးအစားကို ဥႆစီမွသိလာျခင္းပင္။

"ဟာ့.." ပင့္သက္ရိႈက္သံႏွင့္အတူေနြဦးေမာင္သည္ မ်က္ႏွာအား လက္ျဖင့္အုပ္၍ ခုတင္ေပၚသို႔ထိုင္ခ်လိုက္မိျပန္သည္။

အတိတ္က အရိပ္မ်ားကို ေျပးၾကၫ့္စရာမလိုဘဲ ေတြးၾကၫ့္ရံုႏွင့္တင္ အရာအားလံုးက ရုပ္ျပဇာတ္လမ္းသဖြယ္။ျပန္ေတြးတိုင္း သူ႔ႏွလံုးသားဟာနာက်င္ရစၿမဲ...

"ဒီကေလးက ခင္လႊမ္းနဲ႔ နင္နဲ႔ရတဲ့ကေလးလား.."

ပန္းဦးသည္ ထိုေမးခြန္းကိုေမးဖို႔အေတာ္အားယူလိုက္ရသည္။

"မဟုတ္ဘူး။"

ေနြဦးေမာင္၏အေျဖကိုၾကားမွ ပန္းဦး ရင္ထဲကအလံုးႀကီးက်သြားသည္။

"ဒါဆို ကိုဥႆနဲ႔လား..."

ေနြဦးေမာင္က ေလးဖင့္စြာ ေခါင္းခါသည္။

"ခင္လႊမ္း ေပ်ာက္သြားၿပီး တစ္ႏွစ္ေက်ာ္ ႏွစ္ႏွစ္ေလာက္မွ... အစ္ကိုသူ႔ကို ျပန္ဆံုခဲ့တာ... အဲ့တုန္းက သူ႔မွာ ကိုယ္ဝန္ႀကီးနဲ႔"

ပန္းဦး၏ႏႈတ္ခမ္းလႊာႏွစ္ခုသည္ အံ့ဩမွင္သက္မႈေၾကာင့္ ပြင့္ဟသြားေတာ့သည္။
ေနြဦးေမာင္၏မ်က္ဝန္းမ်ားသည္ ခံစားခ်က္အဖံုဖံုေၾကာင့္ တျဖည္းျဖည္းနီေစြးလာသည္။ မ်က္ခြံမ်ားသည္ တုန္ယင္လာ၏။

အဲ့သၫ့္ေန့က မိုးေတြအံု႔မိႈင္းေနခဲ့သည္။
အခ်ိန္အားျဖင့္တြက္စၾကၫ့္လ်ွင္ ဒုတိယႏွစ္ဝက္အခ်ိန္အပိုင်းအခြား...
အသက္ႀကီးႀကီး မိန္းမတစ္ေယာက္က သူ႔ကို ေက်ာင္းေဆာင္မွာ အေလာတႀကီးလာရွာခဲ့သည္။
ထိုမိန္းမသည္ ေဒၚေမၿမိဳင္ဆိုသၫ့္သူ။

ေဒၚေမၿမိဳင္ႏႈတ္ဖ်ားမွ ခင္လႊမ္း နာမည္ကို ၾကားလိုက္ရသည္ႏွင့္ သူ တစ္ခ်က္ မေတြေဝဘဲ လိုက္လာခဲ့မိသည္။

ေဒၚေမၿမိဳင္ေခၚသြားသၫ့္ေနရာသည္ ရန္ကုန္ၿမိဳ႔၏ေခ်ာင္က်သၫ့္တစ္ေနရာ...
တိုက္ခန္းဟုမဆိုႏိုင္သၫ့္ အိမ္တြင္ သူခင္လႊမ္းကို ျပန္ေတြ့ခဲ့သည္။
ခင္လႊမ္း၏မ်က္ႏွာသည္ လြန္စြာအားယုတ္ေနသၫ့္ႏွယ္။ စူထြက္ေနသၫ့္ဗိုက္သည္ ကေလးတစ္ေယာက္ကို သယ္ပိုးထမ္းပိုးထားရေၾကာင္း ျပေနသည္။
ခင္လႊမ္းက သူနဲ႔ေတြ့သၫ့္အခ်ိန္မွာ ေရမႊာေပါက္ေနၿပီျဖစ္သည္။
ေတာ္ေသးသည္က ခင္လႊမ္း၏ေဘးတြင္ ဆရာဝန္တစ္ေယာက္ကအသင့္ရိွေနသည္။ ထိုဆရာဝန္ကပဲ ကေလးကို အဲ့သၫ့္အိမ္ကေလးမွာပင္ေမြးဖြားေပးခဲ့သည္။ ဘယ္ကဆရာဝန္လဲဟု သူသိခ်င္ခဲ့တာေတာင္ ထိုလူကႏႈတ္ဆိတ္လြန္းသည္။
ကေလးေမြးၿပီးတဲ့ခင္လႊမ္းက ေသြးအေျမာက္အမ်ားဆံုးရႈံးခဲ့သည္။
AB- ျဖစ္သည္မို႔ ေသြးကအလြယ္တကူရွာမရခဲ့ေခ်။

အသက္ကိုယဲ့ယဲ့ေလးရႉေနရသၫ့္ခင္လႊမ္းက သူ႔ကို အတန္တန္မွာသြားခဲ့တာရိွသည္။

"ဒီကေလးကို နင့္ဆီငါအပ္တယ္။ ဒီကေလးအေဖက သာမန္မဟုတ္ဘူး။ ဒီကေလးကို သူနဲ႔ငါ့ရဲ့ကေလးမွန္း သူတို႔သိသြားရင္...လိုက္လာၾကမွာ။ ဒီကေလးကို သူတို႔သတ္ပစ္ၾကလိမ့္မယ္။ အဲ့တာေၾကာင့္ ငါ့ကို ကတိေပး။ ဒီကေလးကို နင့္ကေလးအျဖစ္ ေမြးေပးပါ။ နင္ကပဲ သူ႔ကို နာမည္ေပးၿပီးေတာ့ အပိုင္ေမြးေပးပါ။ ေနြဦးေမာင္... ငါ့မွာ အားကိုးစရာနင္ပဲရိွတာ။ ဒီကေလးကို ေစာင့္ေရွာက္ေပးပါ။"

မ်က္ရည္ သြင္သြင္က်လ်က္ ခင္လႊမ္းက ကေလးကိုေစာင့္ေရွာက္ဖို႔ ဖန္တစ္ရာထပ္ေျပာခဲ့သည္။
ေနာက္ဆံုး ေသြးအလြန္အကၽြံ ဆံုးရႈံးမႈေၾကာင့္ပဲ ခင္လႊမ္းက သူ႔လက္ထဲမွာဆံုးသြားခဲ့သည္။

ႀကီးေမ (ေဒၚေမၿမိဳင္) နဲ႔ ေပးထားခဲ့သၫ့္ ေငြေတြသည္ သည္ကေလး တစ္သက္စာ ထိုင္ျဖဳန္းႏိုင္သၫ့္ေငြမ်ားျဖစ္သည္။ ေငြသာမက၊ လက္ဝတ္ရတာနာမ်ားပါခ်န္ခဲ့ေလသည္။
ဤအခ်င္းအရာေၾကာင့္ ခင္လႊမ္း၏သာမန္မဟုတ္ဘူး ဆိုသည္စကားကို သူသေဘာေပါက္လာခဲ့သည္။
ပိုၿပီးေသခ်ာသြားတာက သိပ္မၾကာခင္မွာ ကေလးေမြးေပးခဲ့သၫ့္ဆရာဝန္ အသတ္ခံလိုက္ရသည္။
ႀကီးေမ၏ေျပာၾကားခ်က္အရ ဆရာဝန္သည္ သူတို႔၏မိသားစုဆရာဝန္တဲ့။ ႀကီးေမသည္လည္း ထိုထက္ပို၍မသိခဲ့ေခ်။

ထို႔ေၾကာင့္ ေနြဦးေမာင္သည္ ပဲခူးမွာ အိမ္တစ္လံုးဝယ္ၿပီး ႀကီးေမႏွင့္ ကေလးကို ေနခိုင္းခဲ့သည္။ သံသယ မကင္း​ မျဖစ္ဖို႔ရန္ ႀကီးေမ၏ရြာကေျမး သင္းျဖဴေမႊးႏွင့္ ယခင္ လက္ဖက္ရည္ဆိုင္မွာ သူစာသင္ေပးဖူးသည့္ ဖိုးခြားကိုအလုပ္မွထုတ္၍ ပဲခူးအိမ္မွာ မိသားစုသဖြယ္ေနေစသည္။
ကေလး၏ ဖခင္အမည္ခံသည္ သူျဖစ္ၿပီး၊ ႀကီးေမကို အဘြားေနရာမွာထားခဲ့သည္။
ကေလးကို သူကိုယ္တိုင္ပဲ နာမည္ေပးခဲ့ရသည္။
ခင္လႊမ္းဆိုသၫ့္အမည္ကို တိတ္တဆိတ္ေျမၿမွပ္လိုက္သည္။ သူဟာ သည္ကေလးရဲ့အေဖ။ ကေလးရဲ့အေဖဟာ သူပါပဲ။

အျဖစ္အပ်က္အားလံုးကို နားေထာင္ၿပီးသၫ့္ ပန္းဦးေမသည္ပင္ လိႈက္ေမာသြားရသည္။
တကယ္ႄကံုခဲ့ရသၫ့္ သူဆိုလ်ွင္ ဘယ္လိုေနမလဲ...

"ဒီလိုဟာကို နင္ဘယ္လိုမ်ား သိုဝွက္ထားႏိုင္ရတာလဲ..."

သိုဝွက္ဖို႔ သူႀကိဳးစားခဲ့ရတာ။ ေက်ာင္းတစ္ဖက္၊အလုပ္တစ္ဖက္ျဖင့္ လံုးခ်ာလိုက္ေနစဉ္မွာပဲ ပဲခူးကို အသြားအျပန္လုပ္ခဲ့ရသၫ့္အေရအတြက္ကမနည္းလွ။ သီခ်င္းေရးဖို႔ မအိပ္ခဲ့ရသၫ့္ညမ်ားရိွသလို၊ အေဝးေျပးလမ္းမမွာ ကုန္ဆံုးသြားရတဲ့အိပ္ခ်ိန္ေတြ။ ေက်ာင္းလႈပ္ရွားမႈေတြမလစ္ဟင္းဖို႔ သူႀကိဳးစားခဲ့ရသည္။ ေနာက္ဆံုး နရီနဲ႔ အနီးကပ္ရိွေနႏိုင္သၫ့္အခ်ိန္မ်ားကေတာ့ သူ႔ဘဝတြင္ လြန္စြာေအးခ်မ္းခဲ့ေသာအခ်ိန္မ်ားပင္။
နရီ့ဆီကို မေရာက္ေရာက္ေအာင္သြားဖို႔ ပို၍တြန္းအားျဖစ္ခဲ့သည္က ခင္လႊမ္း၏ေသဆံုးမႈေၾကာင့္လည္းပါသည္။ ကိုယ္ခ်စ္တဲ့လူေတြဟာ မ်က္စိတစ္မိွတ္လ်ွပ္တစ္ျပက္အတြင္းမွာ ေပ်ာက္ကြယ္သြားႏိုင္သည္။ သူသာ နရီနဲ႔မဆံုလိုက္ရလ်ွင္
ေနာင္တရမွာစိုးခဲ့မိသည္ေလ။

"နရီ့ကိုေရာ နင္လံုးဝမေျပာဖို႔လုပ္ထားတာလား.."

"မဟုတ္ဘူး။ သူေက်ာင္းၿပီးသြားရင္ သူ႔ကို ေစာဦး ေလးစီေခၚသြားဖို႔ အစ္ကိုအစအဆံုး အစီစဉ္ခ်ၿပီးသား။ဒါေပမဲ့ အဲ့အစီအစဉ္က ပ်က္သြားၿပီပဲ။"

"ကေလးနာမည္က ဘာ?"

ပန္းဦးေမက မ်က္ေမွာင္ကုတ္လ်က္ တစ္စြန္းတစ္စၾကားလိုက္ရေသာ ကေလး၏နာမည္ကို ျပန္ေမး၏။
ေနြဦးေမာင္သည္ တိုးၫွင္းေသာ ေလသံျဖင့္ျပန္ေျဖခဲ့ပါသည္။

"ေစာဦးယံ...တဲ့"

၂၉.၉.၂၀၂၁(၈:၀၀ p.m)

°°°°°

စာေရးသူမွတ္ခ်က္- ခင္လႊမ္း ျဖစ္ခဲ့တဲ့အေၾကာင္းအရာကိုေတာ့အေသးစိတ္ ေဖာ္ျပသြားမွာမဟုတ္ပါဘူးဗ်။ ဒါကဇာတ္လမ္းရဲ့ ၿမွဳပ္ကြက္ျဖစ္သလို၊အေသးစိတ္ ျပန္တူးေဖာ္စရာမလိုဘူးလို႔လည္းထင္မိလို႔ပါ။
ဇာတ္ကြက္လစ္ဟာမႈမ်ားရိွရင္ေထာက္ျပႏိုင္ပါတယ္။ ခင္လႊမ္းေပ်ာက္သြားတာ ေနြဦးေမာင္ဒုတိယႏွစ္ တက္ေနစဉ္ကပါ။ (ေရ႔ွပိုင္းမွာပါသည္)
ျပန္ေတြ့တာ စတုတၴႏွစ္ လယ္ေလာက္မွာပါ။ ၾကားထဲအခ်ိန္ကြာဟမႈရိွပါတယ္။
နားမလည္တာရိွရင္ေမးလို႔ရပါတယ္ဗ်။
အတတ္ႏိုင္ဆံုးအရွင္းဆံုးျဖစ္ေအာင္ေရးထားေပးပါတယ္။ လိုအပ္ခ်က္ရိွရင္ ကၽြန္ေတာ့္အမွားပါ။

ဆက္တိုက္ update လုပ္ေနတာက ဓားအခန္းေတြကို ျမန္ျမန္ၿပီးခ်င္လို႔ပါ။ ေရးေနရင္း ကၽြန္ေတာ္လည္း ရင္ေမာရပါတယ္၊ဒီကာလမွာ ဒီလို စိတ္မခ်မ္းသာစရာအခန္းေတြေရးရတာစိတ္မေကာင္းေပမဲ့လည္း ဇာတ္လမ္းအရ ၿမွဳပ္ကြက္ေတြက ေရ႔ွအပိုင္းမွာကတည္းကပါၿပီးသားမို႔ပါဗ်။
မနက္ျဖန္ update မရိွပါ။ သန္ဘက္ခါျပန္ေတြ့ၾကမယ္ဗ်❤️













Continue Reading

You'll Also Like

405K 10.1K 51
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...
741K 8K 98
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
969K 50.7K 45
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
6.6K 427 194
Ez egy random hülyesegem