My Step-mom's EX becomes My H...
Od Yellowish_One
5.9M 514K 76.2K
သတိုးရှန်ခိုက် (Thatoe Sxan Kxite) ဥတုရှားမြတ် (Utu Sxarr Myat) (Own Creation) Starting Date •• 26/8/2021 E... Více
Part - 1(Unicode)
Part - 2(Unicode)
Part - 3(Unicode)
Part - 4(Unicode)
Part - 5(Unicode)
Part - 6(Unicode)
Part - 7(Unicode)
Part - 8(Unicode)
Part - 9(Unicode)
Part - 10(Unicode)
Part - 11(Unicode)
Part - 12(Unicode)
Part - 13(Unicode)
Part - 14(Unicode)
Part - 15(Unicode)
Part - 16(Unicode)
Part - 17(Unicode)
Part - 18(Unicode)
Part - 19(Unicode)
Part - 20(Unicode)
Part - 21(Unicode)
Part - 22(Unicode)
Part - 23(Unicode)
Part - 24(Unicode)
Part - 25(Unicode)
Part - 26(Unicode)
Part - 27(Unicode)
Part - 28(Unicode)
Part - 30(Unicode)
Part - 31(Unicode)
Part - 32(Unicode)
Part - 33(Unicode)
Part - 34(Unicode)
Part - 35(Unicode)
Part - 36(Unicode)
Part - 37(Unicode)
Part - 38(Unicode)
Part - 39(Unicode)
Part - 40(Unicode)
Finale - 1(Unicode)
Finale - 2(Unicode)
Thanks! my ones 💛 (U)
Happy Birthday... Kxite (Uni)
Thatoe Sxan Kxite
Utu Sxarr Myat
Profile
Songs' Collection
MEMORABLE MY ONES
Part - 1(Zawgyi)
Part - 2(Zawgyi)
Part - 3(Zawgyi)
Part - 4(Zawgyi)
Part - 5(Zawgyi)
Part - 6(Zawgyi)
Part - 7(Zawgyi)
Part - 8(Zawgyi)
Part - 9(Zawgyi)
Part - 10(Zawgyi)
Part - 11(Zawgyi)
Part - 12(Zawgyi)
Part - 13(Zawgyi)
Part - 14(Zawgyi)
Part - 15(Zawgyi)
Part - 16(Zawgyi)
Part - 17(Zawgyi)
Part - 18(Zawgyi)
Part - 19(Zawgyi)
Part - 20(Zawgyi)
Part - 21(Zawgyi)
Part - 22(Zawgyi)
Part - 23(Zawgyi)
Part - 24(Zawgyi)
Part - 25(Zawgyi)
Part - 26(Zawgyi)
Part - 27(Zawgyi)
Part - 28(Zawgyi)
Part - 29(Zawgyi)
Part - 30(Zawgyi)
Part - 31(Zawgyi)
Part - 32(Zawgyi)
Part - 33(Zawgyi)
Part - 34(Zawgyi)
Part - 35(Zawgyi)
Part - 36(Zawgyi)
Part - 37(Zawgyi)
Part - 38(Zawgyi)
Part - 39(Zawgyi)
Part - 40(Zawgyi)
Finale - 1(Zawgyi)
Finale - 2(Zawgyi)
Thanks! my ones 💛 (Z)
Happy Birthday... Kxite(Zaw)
One Year anniversary
Book Announcement
Part - 29(Unicode)
81.5K 8.4K 1.2K
Od Yellowish_One
သူနာ​ပြုဆရာမလေးနဲ့ အတူ ရှား ဧည့်တွေ့ဆောင်ကို ထွက်လာခဲ့သည်။ ကျောင်းပြီးလို့ အလုပ်သင်ကာလကတည်းက ရှားဆီလာတဲ့ ဧည့်သည်ဆိုတာ မရှိသလောက်နီးပါးမို့ ရှားလည်း ဧည့်သည်က ဘယ်သူဆိုတာကို ခန့်မှန်းလို့မရ။ ဆေးရုံရဲ့ ဧည့်တွေ့ဆောင်ကို ရောက်တော့ အသက်ငါးဆယ်ဝန်းကျင်လောက်ရှိတဲ့ လူကြီးတစ်ယောက်က ရှားကို အပြုံးတစ်ချက်နဲ့ အသိအမှတ်ပြုသလို ခေါင်းညိတ်ပြလာသည်။
" အန်ကယ်... ဒေါက်တာ ရောက်ပါပြီ "
သူနာပြုဆရာမလေးကတော့ ထိုလူကြီးကို ရှားနဲ့ မိတ်ဆက်ပေးပြီး ထွက်သွားတော့သည်။
" ဟုတ်... ကျွန်တော်က ဥတုရှားမြတ် ပါ... အန်ကယ် ကျွန်တော့်ကို တွေ့ချင်တာက... "
ရှား စကားပလ္လင်ခံရင်း ထိုလူကြီးရဲ့ အရှေ့က ထိုင်ခုံမှာဝင်ထိုင်လိုက်သည်။ လူချမ်းသာတစ်ယောက်မှန်း သိသာအောင်ပင် ဝတ်ပုံစားပုံက လူကြီးလူကောင်းဆန်လှသည်။ အနောက်တိုင်း suit အပြည့်အစုံဝတ်ထားတဲ့ ထိုလူကြီးရဲ့ခန္ဓာကိုယ်က ဗိုက်ပူအဆီရွဲတို့ ဖြစ်မနေပဲ ကျစ်လစ်ပြီး ကျန်းမာရေးလိုက်စားတဲ့ လူမှန်းသိသာစေတာမို့ ကျန်းမာရေးကိစ္စနဲ့တော့ ရှားကိုလာရှာတာမဟုတ်မှန်း ခန့်မှန်းမိလိုက်သည်။
" မောင်ရင် အချိန်ရမယ်ဆိုရင် အန်ကယ်နဲ့ အေးအေးဆေးဆေး စကားပြောလို့ရမယ့်နေရာတစ်ခုကို လိုက်ပေးနိုင်မလား "
" ဟို... အားတော့နာပေမယ့် အန်ကယ်က ဘယ်သူများလဲမသိ "
" အော်... အန်ကယ် ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးပါမယ်... အန်ကယ့်နာမည်က ဦးမင်းကြွယ်တိုး... သား သတိုးရဲ့ဒယ်ဒီပါ "
" ခင်ဗျာ... "
မထင်မှတ်ထားတဲ့ ဧည့်သည်ကြောင့် ရှား အံ့သြသွားရသည်။ တစ်နေ့နေ့တစ်ချိန်ချိန်မှာ တွေ့ရမယ်ဆိုတာ သိထားပေမယ့် ဒီလောက်မြန်မြန်တွေ့ရလိမ့်မယ်လို့တော့ ရှား မတွေးထားခဲ့ဖူးပါ။ အခုချိန်မှာ ခိုက်လည်း ရှိမနေတာကြောင့် နည်းနည်းတော့ စိတ်လှုပ်ရှားမိပေမယ့် ရှား ကိုယ့်ကိုယ်ကို အားတင်းပြီး အတတ်နိုင်ဆုံး တည်ငြိမ်အောင် နေလိုက်သည်။
" အန်ကယ် ခဏလောက်စောင့်ပေးပါ... ကျွန်တော် ဂျူတီချိန်အတွက် အကူအညီတောင်းလိုက်ပါဦးမယ် "
" ကောင်းပါပြီ  မောင်ရင်... အန်ကယ် စောင့်နေပါမယ် "
ရှား နားနေခန်းဘက် ပြန်လာပြီး ညနေဂျူတီချိန်ကို အစားဝင်ပေးရန် အကူအညီတောင်းဖို့ ပြန်လာခဲ့သည်။
" ကိုလင်း ကျွန်တော့်ရဲ့ ညနေဂျူတီချိန်ကို အစားဝင်ပေးပါ... ကျွန်တော် သွားစရာရှိလို့ "
" ဘယ်သူလာတွေ့တာလဲ "
ဂျူတီကုတ်ကိုချွတ်ပြီး အမြန်ခေါက်ရင်း ပစ္စည်းတွေသိမ်းနေတဲ့ရှားအနားကို ကိုလင်းရောက်လာသည်။
" ခိုက်ရဲ့အဖေ "
" ဟေ!! ဟုတ်လား... ဘာတဲ့လဲ "
" မသိဘူး... စကားအေးဆေးပြောချင်လိို့တဲ့... အပြင်မှာ စောင့်နေတယ်... ကျွန်တော်သွားလိုက်ဦးမယ် "
" အေး.. အေး.. သွား "
ရှားက ကျောပိုးအိတ်ကို လွယ်ပြီး အမြန်ပြန်ထွက်သွားတာကြောင့် ကိုလင်းလည်း အနောက်ကနေ မသိမသာနဲ့ လိုက်ထွက်လာသည်။ ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ ခိုက်အဖေကို မြင်ဖူးအောင် ကြည့်ထားသင့်တယ် မဟုတ်လား။ ကိုလင်း ဧည့်တွေ့ဆောင်ကို ရောက်တော့ ရှားနဲ့ ခိုက်အဖေဆိုသူက ကားပေါ်တက်နေပြီ ဖြစ်တာကြောင့် ဘေးတစ်စောင်းအနေအထားသာ မြင်လိုက်ရသည်။
ချက်ချင်းဆိုသလိုပဲ ဦးနှောက်က alarm ပေးလာပြီး သတိုးရှန်ခိုက် မသွားခင်က အရေးအကြောင်းရှိရင် သူ့ကိုဆက်သွယ်လို့ရမယ့်ဖုန်းနံပါတ်ကို ပေးခဲ့သည်မို့ ကိုလင်း နိုင်ငံခြားဖုန်းကောလ်တစ်ခုကို အမြန်ဆက်သွယ်လိုက်သည်။ ဖုန်းလက်ခံဖြေဆိုသူက နိုင်ငံခြားသားဖြစ်မနေပဲ မြန်မာလိုသာဖြေဆိုလာသည်မို့ ကိုလင်း ဖုန်းနံပါတ်ကို သေချာအောင်ပြန်ကြည့်လိုက်မိသည်။
( ဒီနံပါတ်မှန်ပါတယ်ဟ... ဘာပဲဖြစ်ဖြစ်ကွာ... မေးလိုက်မယ် )
" ဟဲလို... သတိုးရှန်ခိုက် နဲ့ ပြောချင်လို့ပါ ... စောဇေလင်း လို့ပြောရင် သူသိပါတယ် "
တစ်ဖက်မှဖုန်းလက်ခံသူက ခဏနေရင် ပြန်ဆက်သွယ်လိုက်ပါမယ်ဆိုပြီး ပြောသွားတာကြောင့် ကိုလင်း နားနေခန်းကို ပြန်သွားလိုက်သည်။ ခဏကြာတော့ ကိုလင်းကို ဖုန်းပြန်ခေါ်လာသည်မို့ ကိုင်လိုက်သည်။
" ဟဲလို... ကိုလင်း ကိုယ် ပါ... ရှား ဘာဖြစ်လို့လဲ "
သတိုးရှန်ခိုက် အသံက အလျင်စလို ပြေးလာရတဲ့အသံဖြစ်နေတာကြောင့် ကိုလင်း အားနာမိသွားသည်။ သူ နည်းနည်းများ ပုံကြီးချဲ့မိနေတာလား။
" မြတ် ဘာမှမဖြစ်ပါဘူး... မြတ် ကို ညီ့အဖေ လာတွေ့တယ်... အခု စကားအေးဆေး ပြောရအောင် ဆိုပြီး တစ်နေရာကို သွားကြတယ်... ညီ့ကို လှမ်းအကြောင်းကြားသင့်တယ် ထင်လို့ အကိုဆက်လိုက်တာ "
ကိုလင်းဆီက ဖုန်းလာတယ်လို့ ဆိုကတည်းက ကောင်းတဲ့ကိစ္စမဟုတ်မှန်းတော့ ခိုက် ရိပ်မိပါသည်။ ခိုက်တို့နေတဲ့နေရာ ရာသီဥတုမကောင်းရင် ဖုန်းလိုင်းကျတတ်တာကြောင့် အမြဲဆက်သွယ်လို့ရမယ့် exchange ph no ကို ပေးခဲ့လိုက်တာ မှန်သွားသည်။
" အခုလို ကိုယ့်ကို ဆက်သွယ်ပေးလို့ ကျေးဇူးပဲ ကိုလင်း... ကိုယ် အခုချက်ချင်း ပြန်လာခဲ့မယ် "
" နေ.. နေပါဦး... ညီ့အလုပ်တွေက "
ချက်ချင်းကြီး ပြန်လာမယ်ဆိုပြီး ပြောနေတဲ့ သတိုးရှန်ခိုက်ကို ကိုလင်း လာလည်းလာစေချင်သလို မလာလည်းမလာစေချင်။ တကယ်လို့များ ဘာကိစ္စမှ ထွေထွေထူးထူး ဖြစ်မလာပဲ သတိုးရှန်ခိုက် ကို ဖုန်းဆက်လိုက်တာ မြတ် သိသွားရင် သူ့ကို ရန်လုပ်မှာသေချာသည်။
ဒီကောင်လေးက သတိုးရှန်ခိုက်ကို သေလောက်အောင် လွမ်းနေတာတောင် အလုပ်ကိစ္စကို အနှောင့်အယှက်မဖြစ်စေချင်ဘူးဆိုပြီး ကြိတ်မှိတ်သည်းခံနေတဲ့သူမလား။ သူဖုန်းဆက်လိုက်လို့ သတိုးရှန်ခိုက် ပြန်လာတာကို သိများသိသွားရင် တွေးတောင်မတွေးနိုင်တော့။ တစ်ဖက်မှာလည်း သတိုးရှန်ခိုက်ကို ပြန်ခေါ်လိုက်သင့်တယ်ဆိုပြီး လွန်ဆွဲနေပြန်သည်။
" ရှား လောက် ဘယ်အရာမှ အရေးမကြီးဘူး... ကိုယ် အခုချက်ချင်း ပြန်လာမှာမို့  ဒီတစ်ရက်တော့ ရှားကို သေချာဂရုစိုက်ပေးပါ "
" အင်း... အိုကေ ညီ.. ညီလည်း အရမ်းစိတ်မပူပါနဲ့... လမ်းခရီးမှာ ဂရုစိုက်ပါ "
( ဘာပဲ​ဖြစ်ဖြစ် မသိတော့ဘူးကွာ... နောက်ဖြစ်မယ့်ကိစ္စကို နောက်မှပဲ ရှင်းတော့မယ် )
ကိုလင်း ဖုန်းချလိုက်တော့ပြီးမှ တစ်ခုခုကို သတိရသွားသည်။
( သတိုးရှန်ခိုက်ရဲ့ အဖေကို သူတစ်နေရာရာမှာ မြင်ဖူးနေသလိုပဲ။ ဘယ်မှာပါလိမ့်...။ ဟင်... ဒီလူကြီးက ဟိုတစ်ရက်က ရွှေမဥ္ဇူနဲ့ အတူပါလာတဲ့ လူကြီးပဲ။ ဒါဆို ရွှေမဥ္ဇူ ယူလိုက်တာက သတိုးရှန်ခိုက်ရဲ့အဖေဆို ... ဘုရား..ဘုရား.. ဘာတွေဖြစ်ကုန်မှာလဲ..။ )
>>>>>>>>>>
ရှားကို ခိုက်ရဲ့အဖေက ဘယ်နေရာခေါ်လာမှန်းမသိပေမယ့် ခန့်မှန်းမိသလောက်ကတော့ တကယ်ကို ဒိတ်ဒိတ်ကြဲသူဌေးတွေသာ ပိုင်ဆိုင်မယ့်နေရာမျိုးပဲဖြစ်လိမ့်မည်။ အိမ်တော်ဝင်းထဲရောက်ပါပြီလို့ ပြောခဲ့သည်က လွန်ခဲ့တဲ့ဆယ့်ငါးမိနစ်လောက်ကတည်းက ဆိုပေမယ့် အခုထက်ထိ အိမ်နဲ့တူတဲ့အရိပ်အယောင်ပင် မတွေ့ရသေး။ ပတ်ဝန်းကျင်တစ်ခုလုံး သက်တမ်းရင့်နေတဲ့ သစ်ပင်များသာ အုံ့ဆိုင်းလို့နေသည်။
ခဏကြာတော့မှ မြက်ခင်းစိမ်းစိမ်းတွေရဲ့ အလယ်မှာ ထည်ထည်ဝါဝါ ဆောက်ထားတဲ့ အိမ်ကြီးကို တွေ့လိုက်ရသည်။ ရှားတို့စီးလာတဲ့ကားလေးက အိမ်ကြီးရဲ့ အဝင်ပေါက်မှာ ရပ်သွားသည်။ ခိုက်အဖေက အရင်ဆင်းသွားကာ ရှားကို အိမ်ထဲဝင်ဖို့ ခေါ်လာသည်။
" လာလေ... မောင်ရင် "
" ဟုတ်ကဲ့ "
အိမ်တော်ရဲ့ဝန်ထမ်းတွေလည်းရှိနေပြီး တခြားလုံခြုံရေးဝန်ထမ်းတွေလည်း အများအပြားရှိနေတာကြောင့် ရှား အားလုံးကို မျက်လုံးဝေ့ပြီး အကဲခတ်ရင်း အိမ်ရဲ့မှန်ပြတင်းပေါက်ကနေတစ်ဆင့် အိမ်ရဲ့အနောက်ဘက်ဥယျာဥ်လို နေရာမျိုးကို အကြည့်ရောက်သွားသည်။ ဥယျာဥ်ပုံစံဆိုပေမယ့် စိုက်ထားတာက အလှပန်းပင်တွေမဟုတ်မှန်း ရှား သိလိုက်သည်မို့ အသံထွက်သွားသည်။
" ဒါ... ဒါတွေက "
ရှား တအံ့တသြနဲ့ ပြောလိုက်မိတော့ ဦးမင်းကြွယ်တိုးက ရှား အကြည့်ရောက်သွားတဲ့နေရာကို လှမ်းကြည့်ပြီးတော့ ရှားကို ပြန်ကြည့်ကာ ပြောလာသည်။
" အဟင်း.. ဟုတ်တယ်.. ဒါတွေက မောင်ရင့် စိတ်ထဲမှာ ထင်နေတဲ့အရာတွေပဲ... ဒါတွေက အန်ကယ် နမူနာအနေနဲ့ စိုက်ထားတာလေ "
ခိုက်အဖေရဲ့စကားကြောင့် ရှားမျက်မှောင်ကြုံ့မိသွားသည်။ ခိုက်နဲ့ပတ်သက်ပြီး သူ့ကိုတစ်ခုခုကို ပြောဖို့ခေါ်လာတယ်ဆိုတာ သိပေမယ့် ဒီနေရာကို ခေါ်လာရတာက ဘာကြောင့်များလဲ။ တကယ်ဆို ဒါမျိုးက လူသိခံလို့ဖြစ်တဲ့အရာတွေ မဟုတ်ဘူးမလား။ ဒီလိုအရာမျိုးက သူ့ကိုမြင်စေချင်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ။ ရှားခေါင်းထဲမှာ ထင်ထားတာထက် ပိုပြီးရှုပ်ထွေးလို့လာသည်။
" အန်ကယ် ကျွန်တော့်ကို ဒီကိုခေါ်လာရတဲ့ အကြောင်းအရင်းက ... "
" မောင်ရင်ကလည်း သားလိုပဲ စိတ်မရှည်တတ်ဘူးပဲ... တကယ်တော့ သား သတိုးက အန်ကယ့်ထက် ပိုပြီးစီးပွားရေးမှာ အကွက်မြင်တယ်... မောင်ရင် သိထားမလားတော့ မသိဘူး... သားမှာက ဒီလိုစိုက်ခင်းမျိုး ဧကပေါင်းများစွာရှိတယ်... "
ဦးမင်းကြွယ်တိုးရဲ့စကားကြောင့် ရှားခေါင်းထဲမှာရော အတွေးထဲမှာ ဗလာကျင်းလို့သွားသည်။ နှလုံးခုန်သံတွေလည်း အဆမတန်​မြန်လာရပြီး ခြေဖျားလက်ဖျားတို့လည်း အေးစက်လာသည်။ ခိုက်က ဒီလိုတွေ.. ဒီလိုမျိုးလုပ်ငန်းတွေ လုပ်နေခဲ့တာလား။ နားထဲမှာလည်း တစ်ချိန်က ခိုက် ပြောခဲ့ဖူးတဲ့စကားတွေ ပြန်ကြားယောင်လာသည်။
" မင်း ဘာအလုပ်လုပ်တာလဲ .."
" ကိုယ်လား... အင်း!!! ပန်းလည်းစိုက်တယ်.. ခြံစိုက်ပြီး ခြံထွက်ပစ္စည်းတွေ ရောင်းဝယ်ရေးလုပ်တယ်.. နောက် ပွဲစားလည်း အနည်းအကျဉ်းလုပ်တယ်... အသေးစားစီးပွားရေး လုပ်ငန်းလေးတွေပါပဲ... "
ခိုက် ပြောတဲ့အသေးစားလုပ်ငန်းတွေဆိုတာက ဒါတွေကို ပြောတာလား။ သူ့ကိုခေါ်ပြချင်တဲ့ပန်းခင်းကြီးဆိုတာက ဒီပန်းခင်းကို ပြောတာလား။ သတိုးရှန်ခိုက် မင်း ဘာတွေလျှောက်လုပ်နေတာလဲ။ ရှားစိတ်ထဲမှာ ခိုက်နဲ့ပတ်သက်ပြီး ခံစားချက်တွေက ရောထွေးလို့နေသည်။ ခိုက်အဖေကလည်း ရှားကို ဒီလိုဖြစ်အောင် တမင်ခေါ်လာတယ်ဆိုတာကို ရိပ်မိသွားတာကြောင့် ရှား အပူရုပ်ကိုဟန်လုပ်ပြီး တည်တည်ငြိမ်ငြိမ်ပဲ မေးခွန်းပြန်ထုတ်လိုက်သည်။
" ခင်ဗျာ... အန်ကယ် ဘာကိုပြောချင်တာလဲ "
" လာ.. မောင်ရင် အန်ကယ်တို့ ဧည့်ခန်းထဲမှာထိုင်ပြီး စကားပြောကြရအောင် "
ခိုက်အဖေက အရှေ့ကနေထွက်သွားသည်မို့ တော်တော့သည်။ ရှား ထိုနေရာပဲ ဒူးတွေခွေကျတော့မတတ်ပင်။ အားတင်းပြီး ဧည့်ခန်းထဲရောက်အောင် မနည်းကြိုးစားပြီး သွားရသည်။ ဧည့်ခန်းထဲရောက်တော့ ဦးမင်းကြွယ်တိုးကစကားစလာသည်။
" သားက ငယ်ငယ်ကတည်းက အရာရာကို စူးစမ်းလေ့လာချင်တာ... ပြိုင်ဆိုင်လိုစိတ်ကလည်း အရမ်းပြင်းတယ်... ဘယ်လောက်ထိအောင်လဲဆို သူ့အဖေဖြစ်တဲ့ အန်ကယ့်ကိုတောင် စီးပွားပြိုင်ဖက်လို့ သဘောထားတာ.. စိတ်မှတ်လည်းကြီးသလို အငြိုးအတေးလည်းကြီးတယ်...
သူနဲ့ပတ်သက်တဲ့လူတစ်ယောက်က သူ သဘောမကျတာကို လုပ်မိရင်ပဲဖြစ်ဖြစ်.. သူ သဘောကျတဲ့အရာကို တစ်ပါးသူက ဖျက်လိုဖျက်စီးလုပ်မိရင်ပဲဖြစ်ဖြစ် အဲ့ဒါမျိုးတွေဆို သူက သွေးအေးအေးနဲ့ လက်စားပြန်ချေတတ်တယ် "
ဦးမင်းကြွယ်တိုးရဲ့ စကားတွေကို နားထောင်ရင်း ရှား မျက်မှောင်ကြုံ့လာသည်။ အခု ဦးမင်းကြွယ်တိုးက ရှားကို ခြိမ်းခြောက်နေတာလား... ဒါမှမဟုတ် ကိုယ့်သားမကောင်းကြောင်းကို ရှားသိအောင် တမင်ပြောနေတာလား။ ဘာပဲဖြစ်ဖြစ် ရှား ဆက်ပြီး နားမထောင်ချင်တော့ဘူး။
" အန်ကယ်.. စိတ်မရှိပါနဲ့... ကျွန်တော့်ကို လိုရင်းပဲပြောပေးလို့ ရမလားဗျာ့ "
ဦးမင်းကြွယ်တိုး မျက်စိရှေ့က အမျိုးသားငယ်ရဲ့ စကားကိုကြားတော့ အားရပါးရ ရယ်လိုက်သည်။ ဒီကောင်လေးက တကယ့်အာဂပဲ။
လွန်ခဲ့တဲ့သုံးရက်လောက်ကမှ သူ့ရဲ့ဇနီးအသစ်စက်စက်လေးက သူ့ကိုအကြောင်းအရာ တစ်ခုဖွင့်ပြောလာသည်။
သူနဲ့မယူခင်တုန်းက တွဲနေတဲ့ကောင်လေးရှိတယ်ဆိုတာ သိထားပေမယ့် သူနဲ့သတင်းစထွက်ကတည်းက ထိုကောင်လေးနဲ့ ဇာတ်လမ်းပြတ်သွားခဲ့တာကြောင့် ဘယ်သူဘယ်ဝါဆိုတာကို သူ ဂရုမစိုက်ဖြစ်တော့။ သူ့ဇနီးနဲ့လည်း အဆက်အသွယ်မရှိတော့တာ သေချာနေတာကြောင့်လည်း ပါသည်။
ဒါပေမဲ့လည်း သူ(မ)က သားနဲ့ပတ်သက်ပြီး ကိစ္စတစ်ခုကို ပြောလာခဲ့သည်။ လေဆိပ်မှာ သားကိုတွေ့ခဲ့ကြောင်းနဲ့ သားနဲ့တွဲနေတဲ့ကောင်လေးက တစ်ချိန်က သူ့ရည်းစားဟောင်းဖြစ်တယ်ဆိုတဲ့အကြောင်းကို ပြောလာတော့ သူ ချက်ချင်းဆိုသလိုပဲ သား သူ့ကိုပြောဖူးတာကို သတိရသွားသည်။
" ဘာပဲဖြစ်ဖြစ် မေမေလေးကို ကျေးဇူးတင်တယ် "
" ဦးရဲ့သားက မဥ္ဇူကို တမင်စိတ်ဒုက္ခပေးချင်နေတာ "
သားက သူ့ရဲ့နောက်အိမ်ထောင်နဲ့ ပတ်သက်ပြီး သူ့ကိုကြိုတင်အသိမပေးခဲ့တာကို စိတ်ခုနေမှန်းသိပေမယ့် ဒီလိုမျိုးတွေ လုပ်လိမ့်မယ်ဆိုတာကိုတော့ သူ မထင်ထားခဲ့။ ကောင်လေးတစ်ယောက်နဲ့တွဲနေကတည်းက သူ သဘောမကျပေမယ့် သားကိုပြောရင် သူ့ကိုအရွဲ့တိုက်ပြီး တမင်ပိုလုပ်ပြမှာကို သိနေတာကြောင့် အခြေအနေကို ကြည့်ပြီးစောင့်နေခဲ့တာ အခုလိုတွေ ဖြစ်လာတော့ သူ့အနေနဲ့ အဆင်ပြေသွားခဲ့သည်။
" အန်ကယ် ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ်... အန်ကယ် မောင်ရင့်ကို သားနဲ့ မပတ်သက်စေချင်ဘူး "
ဦးမင်းကြွယ်တိုးရဲ့ စကားကိုကြားတော့ ရှား ဟက်ခနဲရယ်လိုက်သည်။ ဒီစကားပြောဖို့အတွက်နဲ့များ ကိုယ့်သားမကောင်းကြောင်းတွေကို သူစိမ်းတစ်ယောက်ကို ပြောရတယ်လို့။
" အန်ကယ် မှားနေပြီထင်တယ်နော်... ကျွန်တော်က ပတ်သက်တာမဟုတ်ပဲ သူက အရင်လာပတ်သက်ခဲ့တာပါ "
" အန်ကယ် သိပါတယ်.. အဲ့အတွက်လည်း မောင်ရင် မနစ်နာစေရပါဘူး "
" အန်ကယ် ဘာကိုဆိုလိုချင်တာလဲ "
" မောင်ရင် ကြိုက်တဲ့​နေရာမှာ အေးအေးဆေးဆေး နေခွင့်ရအောင် အန်ကယ် စီစဥ်ပေးမယ် "
နောက်ဆုံးတော့လည်း လူချမ်းသာတွေက ငွေစကားပဲပြောကြတာပဲ။
" ခိုက်က ကျွန်တော့်ချစ်သူပါ... ငွေနဲ့တန်ဖိုးဖြတ်လို့မရအောင် အဖိုးတန်တာမို့ အန်ကယ် ဒီစကားတွေပဲ ဆက်ပြောနေဦးမှာဆို ကျွန်တော့်ကို ပြန်ခွင့်ပြုပါဦး "
သူ ထင်ထားတာထက်ကို ပိုပြီးသွေးအေးအေးနဲ့ တုံ့ပြန်နေတဲ့ကောင်လေးကြောင့် ဦးမင်းကြွယ်တိုး နောက်ဆုံးလက်နက်ကို ထုတ်သုံးလိုက်တော့သည်။
" နေဦး... သားက မင်းကို တကယ်ချစ်လို့ ချဥ်းကပ်ခဲ့တာလို့ မင်း ထင်နေတာလား "
" အန်ကယ် ဘာကိုပြောချင်တာလဲ "
" မင်းပြောတဲ့အချစ်ဆိုတာက သတိုးရှန်ခိုက်ဘဝမှာ မရှိဘူး... မင်းကို ချဥ်းကပ်ခဲ့တာကလည်း အန်ကယ်နဲ့ အန်ကယ့်ရဲ့အိမ်ထောင်ဘက်အသစ်​ကို စိတ်အနှောင့်အယှက်ဖြစ်စေချင်လို့ပဲ "
ဦးမင်းကြွယ်တိုးရဲ့ စကားကိုကြားတော့ ရှား အတွေးတွေက ခိုက်နဲ့ ဘုရားသွားတဲ့နေ့ကို ပြန်ရောက်သွားသည်။ ခိုက်လည်း သူ့ကို ဒီစကားမျိုးပြောခဲ့ဖူးတာပဲ..။ အဲ့ဒီအချိန်တုန်းကတော့ သူတို့မိသားစုကိစ္စမို့ ရှား အမှုမဲ့အမှတ်မဲ့သာ သဘောထားခဲ့သည်။ အခုတော့ အဲ့ဒီကိစ္စက ရှားနဲ့ ဘယ်လိုပတ်သက်နေရပြန်တာလဲ။
ကောင်ငယ်လေးက တစ်ခုခုကို လေးလေးနက်နက်တွေးနေပုံရတာကြောင့် ဦးမင်းကြွယ်တိုး စကားကိုဆက်လိုက်သည်။
" မင်း စိတ်ထဲရှင်းသွား​အောင် အန်ကယ်ပြောပြမယ်... ​အန်ကယ့်ရဲ့ နောက်အိမ်ထောင်အသစ်က တစ်ချိန်က မင်းရဲ့ရည်းစားဟောင်း ရွှေမဥ္ဇူပဲ "
" ခင်ဗျာ!!! "
" ဟုတ်တယ်... အန်ကယ့်သားက ရွှေမဥ္ဇူနဲ့အန်ကယ်တို့ လက်ထပ်သွားတာကို မကျေနပ်လို့ အန်ကယ်တို့နှစ်ယောက်ကို စိတ်အနှောင့်အယှက်ပေးဖို့အတွက်နဲ့ မင်းကိုချဥ်းကပ်ခဲ့တာ...
မင်းလည်း ခေတ်ပညာတတ်တစ်ယောက်ပဲ အခြေအနေအရပ်ရပ်ကို သုံးသပ်ကြည့်ပေါ့... အဲ့ဒီအတွက်ကြောင့်လည်း အန်ကယ်က မင်းကို မနစ်နာစေရဘူးလို့ ပြောခဲ့တာပါ "
ဦးမင်းကြွယ်တိုး စကားကြောင့် ရှား မဲ့ပြုံးတစ်ချက်ပြုံးပြလိုက်သည်။
ဘာလဲ... ဒါက လူချမ်းသာတွေရဲ့ မိသားစုအားပြိုင်မှုတစ်ခုလား...။ သတိုးရှန်ခိုက် ဒီကိစ္စတွေအားလုံးအတွက် မင်းမှာ အဖြေရှိလိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်။ ခွေးဆိုရင်တောင်မှ ချောင်ပိတ်မိရင် ပြန်ကိုက်တတ်သေးတာမို့ မင်းတို့ ငွေရှင်ကြေးရှင်တွေရဲ့ ကစားပွဲမှာ ငါ့ကို နယ်ရုပ်တစ်ရုပ်လို့ သဘောထားခဲ့ရင်တော့ မင်းတို့မှားသွားလိမ့်မယ်...။ ငါက ဘယ်တော့မှ နယ်ရုပ်ဖြစ်လာမှာ မဟုတ်ဘူး။
" စိတ်မကောင်းစွာနဲ့ပဲ အန်ကယ့်ကမ်းလှမ်းချက်ကို ငြင်းပယ်ပါရစေ... အန်ကယ်ပြောသလို ဖြစ်ခဲ့မယ်ဆိုရင်တောင် သတိုးရှန်ခိုက်ဆီကရမယ့် အကျိုးအမြတ်က ပိုများတာမို့ ခေတ်ပညာတတ် တစ်ယောက်အနေနဲ့ ကျွန်တော် သူ့ကိုပဲရွေးချယ်ပါရစေ "
ရှားပြောပြီးတော့ ဦးမင်းကြွယ်တိုးကို ကျောခိုင်းပြီးထွက်လာခဲ့သည်။ အနောက်ဘက်မှာ ကျန်နေခဲ့တဲ့ မီးဝင်းဝင်းတောက်နေတဲ့မျက်လုံးတစ်စုံကို ရှား လျစ်လျူရှုခဲ့သည်။ အခုချိန်မှာ သူ့နှလုံးသားရော ဦးနှောက်ထဲမှာ အရာအားလုံးအမှောင်ကျလို့နေသည်။ နာကျင်ခံစားရတာထက် နာကျင်ခံစားရတာကို မသိနိုင်လောက်အောင်အထိ သူ ခံစားချက်တို့ ဗလာကျင်းနေခဲ့သည်။
" သတိုးရှန်ခိုက်.. ဒီကစားပွဲမှာ မင်းကစတင်သူဖြစ်ခဲ့ရင်တောင် အဆုံးသတ်ရမယ့်သူက ငါပဲဖြစ်လိမ့်မယ် "
>>>>>>>>>>
Tbc....
1xonly
(21/9/30)
Pokračovat ve čtení
Mohlo by se ti líbit
2.1M 211K 65
856K 55.6K 52
"ကျွန်တော်ကသွန်းငယ်ကိုစိတ်ချမ်းသာအောင်ထားမှာမို့သွန်းငယ်ရဲ့စိတ်ကူးအိမ်မက်တွေကိုအကောင်အထည်ဖော်ရင်ပါရမီဖြည့်ပေးမယ့်လူတစ်ယောက်ဖြစ်ချင်တာမို့ကျွန်တော်နော...
48.6K 1.1K 1
A tragic love story during Spring Revolution of Burma. "ဒီမိုကရေစီ ပြန်ရရင် မင်း ဘာလုပ်မလဲ...ကောင်လေး..." "အကို့ကို တင်းတင်းကြပ်ကြပ် ဖက်ထားဖြစ်မယ်...
2.5M 180K 57
Marriage Life လေးကို ပုံဖော်ထားပါတယ်။ သွေးထက်သံယိုဖြစ်ခြင်းများအနည်းငယ်ပါနိုင်ပါသည်။ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ဖန်တီးထားတာဖြစ်တဲ့အတွက် လက်တွေ့နဲ့ မသက...