Zawgyi
'မေမေရေ မေမေ'
'မေမေ့'
'ဘာလို့သွားမှာတုန်း'
'နေပူသေးတယ် သားသား..
နေအေးတော့မှသွား'
နော်..နော်...မေမေနော်.
'ဟုတ်ပါပီ သွား..သွား
'ဟုတ်မေမေ သွားပီ'
......................................................
'ဟေ့ကောင်တွေ ငါလာပီ'
သွားရအောင်'
'သူပဲအမျိုးမျိုး'
......................................................
'ရူး....'
ဟင်...ဟိုမှာ လှုပ်တုပ်.လှုပ်တုပ်နဲ့ ဘာလေးလဲမသိဘူး..
ဟာ..ယုန်လေးပဲ ယုန်လေး...
ဟင်..ပြေးပြီ
မြန်မြန်လိုက်ရမယ်...
.................................................
.....
ဒီဖက်ထင်တယ်
.
.ဟော ဟိုမှာ တွေ့ပီ'
လှုပ်စိလှုပ်စိ ဖြစ်နေတဲ့ ခြုံပုတ်လေး.
'အား!!!!'
......................................................
'ဟေ့..ဟေ့ ဘာဖြစ်တာလဲ '
ခက်တော့တာပဲ..နေပါအုံး..
'ဟင် ခင်များ..ခင်များ'
'ခင်များ ချပေးလေ'
'ဟမ်'
'ဟမ် ဘာတွေ့လို့'
.
.
.
'ဘာ..ကြောက်လို့အော်ပြေးလာတာ မင်းမဟုတ်ဘူးလား'
'ကြောက်လို့ အော်တာမဟုတ်ပါဘူး ပျော်လို့အော်တာ'
ပျော်လို့..ပျော်လို့'
သွားတော့်မယ်နော်'
'ပြန်မလို့လေ'
မေမေ စိတ်ပူနေရော့မယ် ..
'သေချာလို့လား'
'သေချာပါတယ်ဆိုနေ'
'အင်း'
'မဟုတ်ပါဘူး'
'အ့ဆို ဘာဖြစ်လို့လဲ'
'အဲ့တော့...'
'ဘာ'
#L
*********************************
Uni
'မေမေရေ မေမေ'
'မေမေ မီးဖိုခန်းထဲမှာရှိတယ် သားရေ'
'မေမေ့'
'ဟေ ဘာဖြစ်လို့ အဲ့လောက် တကြော်ကြော် ခေါ်နေရတာတုံး'
'ဟိုလေ သား ပေစိတို့အိမ်သွားချင်လို့'
'ဘာလို့သွားမှာတုန်း'
'အိမ်လည်လေ သူတို့ကကျ သားဆီ လာပီး သားက မသွားရင်ဘယ်ကောင်းပါ့မလဲ အဲ့တာကြောင့်'
'လူလည်လေး သွားချင်ရင် သွားချင်တယ်ပေါ့ ကြီးကြီးကျယ်ကျယ်တွေ ပြောနေတယ်'
'အဲ့တာဆို သွားမယ်နော် မေမေ'
'နေပူသေးတယ် သားသား..
နေအေးတော့မှသွား'
'အိမ်က နီးနီးလေးပဲကို...ထီးယူသွားမယ်လေနော်..
နော်..နော်...မေမေနော်.
'ဟုတ်ပါပီ သွား..သွား
သိပ်တော့ မကြာစေနဲ့နော်'
'ဟုတ်မေမေ သွားပီ'
......................................................
'ဟေ့ကောင်တွေ ငါလာပီ'
'ကိုကြီးရှောင်းက လည်းဗျာ နောက်ကျလိုက်တာ နေတောင်မြင့်နေပီ'
'မေမေ ခွင့်ပြုအောင် ပြောရသေးတယ်ဟ'
'တော်ပီ စကားများမနေကြနဲ့တော့.
သွားရအောင်'
'ဟေ့ကောင်တွေ ဘာမှမဖြစ်မှာတော့
သေချာပါတယ်နော် ..ငါကတစ်ခါမှ လိုက်ဖူးတာမဟုတ်ဘူး'
'ကြောက်ရင်လည်းနေခဲ့ဗျာ'
'အောင်မာ ဘာလို့ကြောက်ရမှာလဲ လိုက်မာ..လာ..သွားမယ်'
'သူပဲအမျိုးမျိုး'
......................................................
'မဟုတ်သေးပါဘူး မင်းတို့ဟာက နေဖြင့်ဝင်တော့မယ် အခုထိ တစ်ကောင်မှ မတွေ့သေးဘူး'
ဘာလဲ တောလည်တယ်ဆိုတာ တောထဲသွားပီး အကောင်တွေ လိုက်ဖမ်းရတာမဟုတ်လား ..
အခုတော့ အကောင်ဆိုလို့ ယင်ကောင်တောင်မတွေ့ဘူး ..
တကယ်ပါပဲ.. ပျင်းလို့သေတော့မယ်
'အဲ့လို ပွစိပွစိနဲ့ တဗျစ်တောက်တောက် ပြောနေမှတော့ အကောင်က တွေ့ပါအုံးမလား...
ဘာသံမှမထွက်နဲ့ ဟုတ်ပီလား...ကုန်ကုန်ပြောမယ် အသက်တောင် ပြင်းပြင်းမရူနဲ့ဗျာ...
ဒီတစ်ခါ အသံထွက်လာရင် ထားခဲ့မှာ'
'အင်းပါ မပြောတော့ပါဘူး'
'ရူး....'
အသံမထွက်လည်း တွေ့တာကြလို့
ဟွန့်..ခြေထောက်တွေလည်း တိုတော့မယ် အခုထိမတွေ့သေး...
ဟင်...ဟိုမှာ လုှပ်တုပ်.လုှပ်တုပ်နဲ့ ဘာလေးလဲမသိဘူး..
ဟာ..ယုန်လေးပဲ ယုန်လေး...
ဟိုကောင်တွေကို ပြောလိုက်ရမလား..
မဖြစ်ဘူး..အသံမထွက်ရဘူးတဲ့..
အဲ့တော့.....ငါ့ဘာသာပဲ သွားဖမ်းတော့မယ် ..
ဟင်..ပြေးပြီ
မြန်မြန်လိုက်ရမယ်...
.................................................
.....
'ဘယ်ရောက်သွားပါလိမ့် ဒီဖက်လား.ဟိုဘက်လား .
ဒီဖက်ထင်တယ်
.
.ဟော ဟိုမှာ တွေ့ပီ'
လုှပ်စိလုှပ်စိ ဖြစ်နေတဲ့ ခြုံပုတ်လေး.
အနားတိုးသွားရုံရှိသေး ခြုံထဲကအရာက အပြင်ကို ပြေးထွက်လာသည်
'အား!!!!'
'မေမေရေ...မိကျောင်းကြီး..ကယ်ကြပါအုံး အီးဟီး...မိကျောင်းကြီး..'
......................................................
တစ်ဖက်က ဝမ်ရိပေါ်တို့အဖွဲ့ကတော့
'ဟေ့ကောင်တွေ မင်းတို့ အော်သံကြားလိုက်လား...
လူအော်သံလိုလို ဘာလိုလို'
'မကြားမိပါဘူး ဘာဖြစ်လို့လဲ မင်းကြားလိုက်လို့လား'
'အင်း လူအော်သံထင်တယ်ကွ'
'မဟုတ်လောက်ပါဘူးကွာ အကောင်အော်သံ ဒါမှမဟုတ် သစ်ကိုင်းရိုက်သံတွေ ဖြစ်မှာပါ '
'သေချာအောင် ငါသွားကြည့်လိုက်အုံးမယ်'
'အေးအေး...ဂရုစိုက်လည်း သွားအုံး.'
လူအော်သံပဲ သေချာပါတယ်.နားကြားမှားတာ လုံးဝ မဖြစ်နိုင်ဘူး
အားဆိုပီး ကြားလိုက်တာ နား..နားကပ်အော်လိုက်တဲ့အတိုင်း
တွေးနေရုံရှိသေး ရင်ခွင်ထဲပစ်ဝင်လာတဲ့အလုံးလေး ...ကြည့်လိုက်တော့
ဟင်..မင်း..ဈေးရောင်းတဲ့အိမ်က ကောင်လေး.
ဘာဖြစ်လာတာပါလိမ့် မျက်ရည်တွေလည်း ရွှဲလို့ ..တစ်ကိုယ်လုံးလည်း တုန်နေတာပဲ ...
'ဟေ့..ဟေ့ ဘာဖြစ်တာလဲ '
မေးတာလဲမဖြေ လူကိုသာ တင်းနေအောင် ဖက်ထားနေသည်..
ခက်တော့တာပဲ..နေပါအုံး..
ဒီကလေး..တောထဲကို တစ်ယောက်ထဲလာတာတော့ မဟုတ်လောက်ပါဘူးနော်
'ဟေ့ မေးတာဖြေအုံးလေ. ငါ့ကိုပဲ ဖက်မထားနဲ့'
အတင်းဆွဲခွာတော့မှသာ မျက်နှာလေးက မော့လာသည် ..ပီးတော့ မျက်လုံး ပြူးပြူးလေးနဲ့
'ဟင် ခင်များ..ခင်များ'
'အင်း..ကိုယ်ပဲ ဘာဖြစ်လို့လဲ'
'ခင်များ ဘယ်လိုဖြစ်လို့ ဒီရောက်နေတာလဲ'
'အဲ့တာ ကိုယ်က မေးရမှာ မဟုတ်ဘူးလား...
ကဲ ပြောပါအုံး ဘယ်လိုဖြစ်လို့ ခင်များလေးက ဒီကိုရောက်နေတာလဲ..
ဒါ မင်းတို့ကစားရမဲ့ နေရာမဟုတ်ဘူးနော်.. အန္တရာယ်များတယ်ဆိုတာ မသိဘူးလား'
'သိပါတယ်နော် . နောက်ပီး ကျွန်တော်က တစ်ယောက်ထဲလာတာ မဟုတ်ပါဘူး...သူငယ်ချင်းတွေပါတယ်'
'ဘယ်မှာလဲ မင်းသူငယ်ချင်းဆိုတဲ့ ဟာတွေ'
'မသိတော့ဘူး...ကျွန်တော်က ယုန်လေးတွေ့လို့ လိုက်ဖမ်းရင်း သူတို့နဲ့ ကွဲသွားတာ'
'အော် ဟုတ်ပါပီ ဒါနဲ့ မင်းကိုယ့်အပေါ်က မဆင်းတော့ဘူးလား'
'ခင်များ ချပေးလေ'
'ဟမ်'
'ဘာဟမ်လည်း ခင်များနော် ကျွန်တော်က အောက်ချခိုင်းတာ'
'ကိုယ်ကလည်း ဘာပြောရသေးလို့လဲ အောက်ချပေးမလို့ပဲဟာကို ...
သူဘာသာ ဖြစ်ချင်ရာတွေ လျှောက်တွေးနေပီး.'
'ဘာတွေးလို့လဲ အောက်ချပေးတော့'
'ဟုတ်ပါပီ ဒါနဲ့ အခုနက ဘာလို့ အား..လို့အော်လိုက်တာလဲ '
'အဲ့တာ အဲ့တာက ..ဟို မိကျောင်းတွေ့လို့'
'ဟမ် ဘာတွေ့လို့'
'မိကျောင်းတွေ့လို့ပါဆို'
မိကျောင်း ..နေပါအုံး ..သူပြောတဲ့မိကျောင်းဆိုတာက.
.
.
.
အော်...သိပီ..ဇောတိက(ဖွတ်)ကိုပြောတာနေမယ်သူကလည်း ခြေကာယား..လက်ကားယား နဲ့ တွားသွားတာပဲဆိုတော့..ဟား..ဟား.
ဒီကလေး မိကျောင်းမှန်းမသိ ဖွတ်မှန်းမသိပဲ တောကလည်ချင်းသေးတယ် တကယ် မလွယ်ဘူးပဲ
'မင်းပြောတဲ့ မိကျောင်းက ဘယ်မလဲ '
'ကျွန်တော့်ကို ကြောက်လို့ ပြေးပြီ '
'ဘာ..ကြောက်လို့အော်ပြေးလာ မင်းမဟုတ်ဘူးလား'
'ကြောက်လို့ အော်တာမဟုတ်ပါဘူး ပျော်လိူ့အော်တာ'
ပျော်လို့ အော်တာဆိုပဲ ဗြောင်လိမ်ဗြောင်စားလေး
'မျက်ရည်တွေ.နှပ်တွေ ကျပီး ခန္တာကိုယ်ကြီး တုန်နေတာကရော'
'အဲ့တာလည်း ပျော်လွန်းလို့လေ..
ခင်များ ဇာတ်လမ်းတွေ မကြည့်ဖူးဘူးလား..
ဇာတ်လမ်းတွေထဲမှာဆိုရင်..ပျော်လွန်းရင် အဲ့လိုပဲမျက်ရည်တွေကျလာတာလေ..
ဒါလေးတောင်မသိဘူး..ပိန်းလိုက်တာ ခင်များ'
ငါ့ကိုများ ပိန်းလိုက်တာတဲ့ ..
ဒီကလေး မှတ်လောက်သားလောက်ရှိအောင် ပညာပြလိုက်အုံးမှ..
'အဲ့တာဆို မင်းက ကြောက်လို့မဟုတ်ပဲ ပျော်လို့ပေါ့'
'အင်း..ကြောက်လို့ လုံးဝမဟုတ်ဘူး
ပျော်လို့..ပျော်လို့'
'ကိုယ်လည်း အစကတော့ မင်းကြောက်နေတယ်ထင်ပီး ပြန်ရင် အတူတူခေါ်သွားမလို့ပါပဲ ..
ဒါပေမဲ့ မင်းကပျော်နေတာဆိုတော့.မခေါ်တော့ပါဘူး
ဆက်ပျော်လိုက်အုံးပေါ့ ဒီနားတစ်ဝိုက်ကလည်း အဲ့လို မိကျောင်းတွေပေါတယ်လေ...
သွားတော့်မယ်နော်'
'နေ..နေအုံးလေ ဘယ်သွားမလို့တုန်း'
'ပြန်မလို့လေ'
'ကျွန်တော်လည်း လိုက်မယ်လေ'
'မလိုက်ပါနဲ့ ဆက်ပီး ပျော်လိုက်ပါအုံး'
'နောက်..နောက်တစ်ခါမှပဲ ပျော်တော့မယ်..
အချိန်ကလည်း မစောတော့ဘူးလေ..
မေမေ စိတ်ပူနေရော့မယ် ..
နောက်ပီး ခင်းများလည်းတစ်ယောက်ထဲပြန်ရင် ကြောက်နေမှာစိုးလို့...
အဲ့တာကြောင့် ခင်များနဲ့ အတူတူ ပြန်လိုက်တော့ပါမယ်'
'သေချာ စဉ်းစားအုံးနော် ဒီလိုနေရာမျိုးက ရောက်ခဲတယ်မလား'
'ရတယ် ..ရတယ်..နောက်လည်း ခဏခဏ လာဖြစ်အုံးမှာ'
'သေချာလို့လား'
'သေချာပါတယ်ဆိုနေ'
'ပီးတာပဲ အဲ့တာဆို ပြန်မယ်'
'အင်း'
'အင်းဆို လာလေ အဲ့မှာ ဘာထိုင်လုပ်နေတာလဲ '
'ကျွန်တော် မထနိုင်တော့ဘူး '
'ဟမ် ခြေထောက်ကို ထိခိုက်မိသွားသေးလို့လား'
'မဟုတ်ပါဘူး'
'အ့ဆို ဘာဖြစ်လို့လဲ'
'အပျော်လွန်ပီး ဒူးတွေတုန်နေလို့ မထနိုင်တော့ဘူး'
'အဲ့တော့...'
'အဲ့တော့ ကုန်းပိုးပေါ့'
'ဘာ'
'နော်...နော်...ကျွန်တော် တကယ်မထနိုင်လို့ပါ'
'ဟင်း....မင်းကတော့ကွာ...လာ ..တတ်'
တကယ်ပါ သူနဲ့တွေ့တိုင်း ကျွန်တော်ကြီး ခံနေရတာ.....
#L