Unicode
တစ်နေ့၊တစ်နေ့ရုံးအလုပ်တွေနဲ့ပဲအချိန်ကုန်နေရသောသူ။ငွေကသာအရာရာဟုသင်ပေးသွားသောလူနှစ်ယောက်ကြောင့်ငွေကိုသာကျုံးရုံးရှာမိသည်။ပင်ပန်းလို့အိမ်ပြန်တဲ့အခါတီတီတာတာပြောမယ့်သား၊သမီးမရှိသလို အိမ်ထောင်ဘက်ဆိုတာလည်းသူမှာမရှိ။
ရေလာအောင်မြောင်းလာဖောက်သောမိန်းကလေးမှန်းသမျှကိုသူ့ဘက်ကပဲစ၍ရေမစီးနိုင်အောင်ပိတ်ဆို့ထား၍တော်ရုံလူကအနားမကပ်ရဲကြ။
ရှည်လျားကာဖြောင့်စင်းနေသောမျက်တောင်တို့ဖြင့်ဝန်းရံထားသောမျက်လုံးညိုကကြည့်မိသူတိုင်းကိုညို့ယူဖမ်းစားနိုင်သည့်ဟန်။ဒါပေမယ့်ထိုလှပသောမျက်ဝန်းဝန်းညိုညိုကဒေါသထွက်ချိန်ဆိုစူးရှကာမာန်အပြည့်တည်ရှိနေသည်။
ဖြောင့်စင်းနေသောနှာတံပေါ်ပေါ်လေးကမထင်ရှားသောမှဲ့အနက်လေးဖြင့်အဆုံးသတ်၏။ကကြီးပုံသဏ္ဌာန်နှုတ်ခမ်းလေးက အသောက်အစားကင်း၍နှင်းဆီရောင်နီထွေးထွေးဖြင့်တင်းတင်းစိထားသည်။အားလုံးကိုခြုံကြည့်လိုက်လျှင်၆ပေမပြည့်တစ်ပြည့်အရပ်ကြီးနှင့်အသားညိုညိုလေးကထိုတည်တင်းနေသောမျက်နှာနှင့်လိုက်ဖက်စွာတည်ရှိနေသည်။
ထိုကဲ့သို့အရာရာပြည့်စုံသောယောက်ျားပျိုကလှုမှုရေးတော့အတော်ညံံ့ဖျင်းသည်။ထို့ကြောင့်သူ့အနားဆိုဘယ်မိန်းမပျိုမှမကပ်ရဲသဖြင့် အိမ်ထောင်မရှိသောလူပျိုကြီးအနေဖြင့်တည်ရှိနေသည်။
ကိုယ်ပိုင်တည်ဆောက်ထားသောမိသားစုမရှိသောကြောင့် မိဘနှင့်နွေးထွေးစွာနေရသောသူတစ်ယောက်လည်းမဟုတ်ပေ။
ထိုသူသည်မိဘဆိုတာဘာမှန်းတောင်မသိ။မွေးကင်းစအရွယ်ကထဲကနို့ထိန်းလက်ထဲမှာပဲ ကြီးပြင်းခဲ့ရသောသူ့ကိုစည်းစိမ်တွေအများကြီးပိုင်တဲ့အဖိုးကချစ်ခင်ပါရဲ့။လူငယ်သဘာဝမှားယွင်းခြင်းကြောင့်လူ့လောကထဲရောက်ရှိလာသောသူ့ကို အဖေဟူသောနာမ်စားရှိတဲ့လူကမချစ်သလို၊အမေဟုခေါ်တွင်ရမည့်အမျိုးသမီးကလည်း အနည်းငယ်တောင်ဂရုမစိုက်ချေ။အရွယ်ရောက်လာတဲ့အချိန်ကျတော့ အချစ်ကိုတွေ့ရှိသွားသောမိဘဟုမခေါ်ထိုက်သောမိဘနှစ်ပါး၏စွန့်ပစ်ခြင်းကိုသာခံလိုက်ရသည်။
မသွားခင်တော့မိဘတွေကလွန်စွာတန်ဖိုးရှိလှသောဆုံးမစကားကိုပေးသွားပါတယ် ဟက်။
"ဒီမှာ Kim Taehyung လောကမှာငွေထက်အရေးကြီးတာဘာမှမရှိဘူး။မင်းအောင်မြင်တဲ့အချိန်ကျရင်တော့ ငါ့ကိုလူပုံအလယ်မှာအဖေလို့ခေါ်နိုင်သွားပြီ"
"Taehyung သားကိစ္စရှိရင်မာမီ့ကိုဖုန်းဆက်လိုက်။ကိစ္စမရှိရင်တော့ဖုန်းဆက်စရာအကြောင်းမရှိဘူးနော်။မာမီကအားမနေဘူး။"
၁၀နှစ်အရွယ်သားအရင်းတစ်ယောက်ကိုပြောဆိုကာထွက်သွားသောမိဘနှစ်ပါးကိုကြည့်ပြီးထယ်ယောင်းမျက်ရည်တစ်စက်မကျမိ။
အဲ့ဒီအစားရင်ဘက်ထဲကနာကျင်လာသည်။ထို့ကြောင့်အချစ်ဟူသောစောက်ရေးမပါတဲ့အရာကိုမစဥ်းစား။အဲ့ဒီအစားသူ့ခေါင်းထဲတွင်တွေးနေမိသည်က အလုပ်ကိုဘယ်လိုလုပ်ရမလဲ၊ဒီထက်ချမ်းသာအောင်၊သူတို့ထက်သာလွန်စွာချမ်းသာအောင် ဘယ်လိုလုပ်ရမလဲဟူသောအတွေးပဲ ထယ်ယောင်းတွင်ရှိသည်။
အခုတော့ထယ်ယောင်းစိတ်ပူနေဟန်ဖြင့်အလောတကြီးထွက်သွားရပါသည်။အဘယ်ကြောင့်ဆိုသော်မိဘတွေစွန့်ပစ်သွားကတည်းကစောင့်ရှောက်လာသောအဖိုးဖြစ်သူမှာနှလုံးရောဂါဖြစ်အမောဖောက်ကာဆေးရုံသို့ရောက်နေခြင်းဆိုသောသတင်းကြောင့်။
ဆေးရုံရောက်တော့ VIP Room ထဲကိုအဖိုးရဲ့ကိုယ်ရံတော်ဖြစ်သူကလိုက်ပို့သည်။ကုတင်ထက်လှဲနေသောအဖိုးဖြစ်သူကိုကြည့်ပြီးထယ်ယောင်း ရင်ဘတ်ထဲကတစ်ချက်အောင့်သည်။သေချာသည်ကတော့မျက်နှာပေါ်တွင်ဘာအရိပ်အယောင်မှာမပေါ်ချေ။လှပသောအညိုရောင်မျက်ဝန်းတစ်စုံကတော့ နွေးထွေးစွာပြုံးပြနေသယောင်။
"အဖိုး အဆင်ပြေရဲ့လား"
ထယ်ယောင်းမေးလိုက်တော့မောဟိုက်၍စကားပြောနိုင်ပုံမရတဲ့အဖိုးကခေါင်းတစ်ချက်ညိမ့်ပြသည်။ထိုနောက်ပါးစပ်တစ်ပြင်ပြင်ဖြင့်စကားပြောချင်သည့်ဟန်လုပ်နေသောကြောင့်ထယ်ယောင်းမေးလိုက်တော့ ခေါင်းတစ်ချက်ညိမ့်ပြပြန်သည်။
"အဖိုး ကျွန်တော့်ကိုပြောစရာရှိလို့လား"
"ချစ် တဲ့ လူ တွေ့ ရင် ဖမ်း ဆုပ် ထား လိုက် ပါ ဘယ် တော့ မှ ထွက် မသွား အောင်"
တစ်လုံးချင်းပြောဆိုသောစကားလုံးများကို ထယ်ယောင်းနားလည်ချိန်မှာတော့ ထယ်ယောင်း ဟားတိုက်ကာရီမိသည်။ ရီနေရင်းအဖိုးကိုကြည့်လိုက်ချိန်မှာတော့ အသက်ကိုပုံမှန်ရှုနေရင်းအိပ်ပျော်နေချေပြီ။
(အော်အဖိုးရယ် ချစ်တဲ့လူတွေ့ရင်တဲ့လား။အဖိုးကမြေးအကြောင်းကိုသိမယ်ထင်ထားတာ။သေချာမသိသေးဘူးပဲ)
အဖိုးကိုစောင်သေချာခြုံပေးရင်းထယ်ယောင်းတွေးမိသွားသည်။
မနက်ရောက်တော့ထယ်ယောင်းဆေးရုံခန်းထဲမှာပဲတစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်ပြီးအဖိုးကိုကြည့်လိုက်ချိန်မှာတော့ အသက်ရှုခြင်းမရှိသော အဖိုးရဲ့အသက်မဲ့တဲ့ခန္ဓာကိုယ်ကိုသာတွေ့မြင်လိုက်ရသည်။
<<<<<>>>>>
Zawgyi
တစ္ေန႕၊တစ္ေန႕႐ုံးအလုပ္ေတြနဲ႕ပဲအခ်ိန္ကုန္ေနရေသာသူ။ေငြကသာအရာရာဟုသင္ေပးသြားေသာလူႏွစ္ေယာက္ေၾကာင့္ေငြကိုသာက်ဳံး႐ုံးရွာမိသည္။ပင္ပန္းလို႔အိမ္ျပန္တဲ့အခါတီတီတာတာေျပာမယ့္သား၊သမီးမရွိသလို အိမ္ေထာင္ဘက္ဆိုတာလည္းသူမွာမရွိ။
ေရလာေအာင္ေျမာင္းလာေဖာက္ေသာမိန္းကေလးမွန္းသမွ်ကိုသူ႕ဘက္ကပဲစ၍ေရမစီးနိုင္ေအာင္ပိတ္ဆို႔ထား၍ေတာ္႐ုံလူကအနားမကပ္ရဲၾက။
ရွည္လ်ားကာေျဖာင့္စင္းေနေသာမ်က္ေတာင္တို႔ျဖင့္ဝန္းရံထားေသာမ်က္လုံးညိုကၾကည့္မိသူတိုင္းကိုညို႔ယူဖမ္းစားနိုင္သည့္ဟန္။ဒါေပမယ့္ထိုလွပေသာမ်က္ဝန္းဝန္းညိုညိုကေဒါသထြက္ခ်ိန္ဆိုစူးရွကာမာန္အျပည့္တည္ရွိေနသည္။
ေျဖာင့္စင္းေနေသာႏွာတံေပၚေပၚေလးကမထင္ရွားေသာမွဲ႕အနက္ေလးျဖင့္အဆုံးသတ္၏။ကႀကီးပုံသဏၭာန္ႏႈတ္ခမ္းေလးက အေသာက္အစားကင္း၍ႏွင္းဆီေရာင္နီေထြးေထြးျဖင့္တင္းတင္းစိထားသည္။အားလုံးကိုၿခဳံၾကည့္လိုက္လွ်င္၆ေပမျပည့္တစ္ျပည့္အရပ္ႀကီးႏွင့္အသားညိုညိုေလးကထိုတည္တင္းေနေသာမ်က္ႏွာႏွင့္လိုက္ဖက္စြာတည္ရွိေနသည္။
ထိုကဲ့သို႔အရာရာျပည့္စုံေသာေယာက္်ားပ်ိဳကလႈမႈေရးေတာ့အေတာ္ညံံ့ဖ်င္းသည္။ထို႔ေၾကာင့္သူ႕အနားဆိုဘယ္မိန္းမပ်ိဳမွမကပ္ရဲသျဖင့္ အိမ္ေထာင္မရွိေသာလူပ်ိဳႀကီးအေနျဖင့္တည္ရွိေနသည္။
ကိုယ္ပိုင္တည္ေဆာက္ထားေသာမိသားစုမရွိေသာေၾကာင့္ မိဘႏွင့္ႏြေးေထြးစြာေနရေသာသူတစ္ေယာက္လည္းမဟုတ္ေပ။
ထိုသူသည္မိဘဆိုတာဘာမွန္းေတာင္မသိ။ေမြးကင္းစအ႐ြယ္ကထဲကနို႔ထိန္းလက္ထဲမွာပဲ ႀကီးျပင္းခဲ့ရေသာသူ႕ကိုစည္းစိမ္ေတြအမ်ားႀကီးပိုင္တဲ့အဖိုးကခ်စ္ခင္ပါရဲ႕။လူငယ္သဘာဝမွားယြင္းျခင္းေၾကာင့္လူ႕ေလာကထဲေရာက္ရွိလာေသာသူ႕ကို အေဖဟူေသာနာမ္စားရွိတဲ့လူကမခ်စ္သလို၊အေမဟုေခၚတြင္ရမည့္အမ်ိဳးသမီးကလည္း အနည္းငယ္ေတာင္ဂ႐ုမစိုက္ေခ်။အ႐ြယ္ေရာက္လာတဲ့အခ်ိန္က်ေတာ့ အခ်စ္ကိုေတြ႕ရွိသြားေသာမိဘဟုမေခၚထိုက္ေသာမိဘႏွစ္ပါး၏စြန့္ပစ္ျခင္းကိုသာခံလိုက္ရသည္။
မသြားခင္ေတာ့မိဘေတြကလြန္စြာတန္ဖိုးရွိလွေသာဆုံးမစကားကိုေပးသြားပါတယ္ ဟက္။
"ဒီမွာ Kim Taehyung ေလာကမွာေငြထက္အေရးႀကီးတာဘာမွမရွိဘူး။မင္းေအာင္ျမင္တဲ့အခ်ိန္က်ရင္ေတာ့ ငါ့ကိုလူပုံအလယ္မွာအေဖလို႔ေခၚနိုင္သြားၿပီ"
"Taehyung သားကိစၥရွိရင္မာမီ့ကိုဖုန္းဆက္လိုက္။ကိစၥမရွိရင္ေတာ့ဖုန္းဆက္စရာအေၾကာင္းမရွိဘူးေနာ္။မာမီကအားမေနဘူး။"
၁၀ႏွစ္အ႐ြယ္သားအရင္းတစ္ေယာက္ကိုေျပာဆိုကာထြက္သြားေသာမိဘႏွစ္ပါးကိုၾကည့္ၿပီးထယ္ေယာင္းမ်က္ရည္တစ္စက္မက်မိ။
အဲ့ဒီအစားရင္ဘက္ထဲကနာက်င္လာသည္။ထို႔ေၾကာင့္အခ်စ္ဟူေသာေစာက္ေရးမပါတဲ့အရာကိုမစဥ္းစား။အဲ့ဒီအစားသူ႕ေခါင္းထဲတြင္ေတြးေနမိသည္က အလုပ္ကိုဘယ္လိုလုပ္ရမလဲ၊ဒီထက္ခ်မ္းသာေအာင္၊သူတို႔ထက္သာလြန္စြာခ်မ္းသာေအာင္ ဘယ္လိုလုပ္ရမလဲဟူေသာအေတြးပဲ ထယ္ေယာင္းတြင္ရွိသည္။
အခုေတာ့ထယ္ေယာင္းစိတ္ပူေနဟန္ျဖင့္အေလာတႀကီးထြက္သြားရပါသည္။အဘယ္ေၾကာင့္ဆိုေသာ္မိဘေတြစြန့္ပစ္သြားကတည္းကေစာင့္ေရွာက္လာေသာအဖိုးျဖစ္သူမွာႏွလုံးေရာဂါျဖစ္အေမာေဖာက္ကာေဆး႐ုံသို႔ေရာက္ေနျခင္းဆိုေသာသတင္းေၾကာင့္။
ေဆး႐ုံေရာက္ေတာ့ VIP Room ထဲကိုအဖိုးရဲ႕ကိုယ္ရံေတာ္ျဖစ္သူကလိုက္ပို႔သည္။ကုတင္ထက္လွဲေနေသာအဖိုးျဖစ္သူကိုၾကည့္ၿပီးထယ္ေယာင္း ရင္ဘတ္ထဲကတစ္ခ်က္ေအာင့္သည္။ေသခ်ာသည္ကေတာ့မ်က္ႏွာေပၚတြင္ဘာအရိပ္အေယာင္မွာမေပၚေခ်။လွပေသာအညိုေရာင္မ်က္ဝန္းတစ္စုံကေတာ့ ႏြေးေထြးစြာၿပဳံးျပေနသေယာင္။
"အဖိုး အဆင္ေျပရဲ႕လား"
ထယ္ေယာင္းေမးလိုက္ေတာ့ေမာဟိုက္၍စကားေျပာနိုင္ပုံမရတဲ့အဖိုးကေခါင္းတစ္ခ်က္ညိမ့္ျပသည္။ထိုေနာက္ပါးစပ္တစ္ျပင္ျပင္ျဖင့္စကားေျပာခ်င္သည့္ဟန္လုပ္ေနေသာေၾကာင့္ထယ္ေယာင္းေမးလိုက္ေတာ့ ေခါင္းတစ္ခ်က္ညိမ့္ျပျပန္သည္။
"အဖိုး ကြၽန္ေတာ့္ကိုေျပာစရာရွိလို႔လား"
"ခ်စ္ တဲ့ လူ ေတြ႕ ရင္ ဖမ္း ဆုပ္ ထား လိုက္ ပါ ဘယ္ ေတာ့ မွ ထြက္ မသြား ေအာင္"
တစ္လုံးခ်င္းေျပာဆိုေသာစကားလုံးမ်ားကို ထယ္ေယာင္းနားလည္ခ်ိန္မွာေတာ့ ထယ္ေယာင္း ဟားတိုက္ကာရီမိသည္။ ရီေနရင္းအဖိုးကိုၾကည့္လိုက္ခ်ိန္မွာေတာ့ အသက္ကိုပုံမွန္ရႈေနရင္းအိပ္ေပ်ာ္ေနေခ်ၿပီ။
(ေအာ္အဖိုးရယ္ ခ်စ္တဲ့လူေတြ႕ရင္တဲ့လား။အဖိုးကေျမးအေၾကာင္းကိုသိမယ္ထင္ထားတာ။ေသခ်ာမသိေသးဘူးပဲ)
အဖိုးကိုေစာင္ေသခ်ာၿခဳံေပးရင္းထယ္ေယာင္းေတြးမိသြားသည္။
မနက္ေရာက္ေတာ့ထယ္ေယာင္းေဆး႐ုံခန္းထဲမွာပဲတစ္ကိုယ္ရည္သန့္ရွင္းေရးလုပ္ၿပီးအဖိုးကိုၾကည့္လိုက္ခ်ိန္မွာေတာ့ အသက္ရႈျခင္းမရွိေသာ အဖိုးရဲ႕အသက္မဲ့တဲ့ခႏၶာကိုယ္ကိုသာေတြ႕ျမင္လိုက္ရသည္။
<<<<<>>>>>