Unicode
"လက်မခံနိုင်ဘူး"
သူ နဲ့ ချီရင် နှစ်ယောက်သာ ရှိနေသော ရုံးခန်းကျယ်ထဲ ချီရင့် အသံဟာ ဟိန်းခနဲထွက်လာခဲ့သည်။
"ချီရင်ရယ် ... မင်းကဒီမှာအတော်ဆုံးလေ အခုအသစ်ကလေးတွေကို မင်းကပဲ လက်တွဲခေါ်ရမှာပေါ့ ... "
"ကျွန်တော်အဲ့လောက် အားမနေဘူးလေ ... သူတို့ကို အကသင်ပေးရလောက်အောင် အားမနေဘူး "
"ချီရင့်မှာ ဒီလ Schedule တွေနည်းနေတာပဲ ... ရိုက်ကူးရေးလည်းပြီးသွားပြီမလား"
သူပြောတော့ ချီရင်က ခေါင်းခါသည်။ စတွေ့ချိန်ကနေ အခုချိန်အထိ ချီရင်ဟာ ဘာမှပြောင်းလဲသွားတာမရှိ ...။ အရင်လိုပဲ ဂျစ်ကန်ကန်ဖြင့် သူ့အား ဖီဆန်နေဆဲ ...။
"ဘာလဲ ခင်ဗျားက အခုဒီမှာရှိတဲ့သူတွေ အကုန်နဲ့ နာမည်ထွက်ပြီးသွားပြီဆိုတော့ အသစ်တွေကို အောင်မြင်အောင်လုပ်ပေးပြီး ထပ်ပြီးခင်ဗျားနဲ့ နာမည်ထွက်အောင်လုပ်ဦးမလို့လား"
"စကားပြောဆင်ခြင်စမ်း!! "
ရှောင်းကျန့် ဒေါသတကြီး အော်ပစ်လိုက်သည်။ မဟုတ်မမှန်သတင်းတွေနဲ့ ချီရင်ဟာ သူ့ကိုစော်ကားနေဆဲ ...။ အခုလို သတင်းတွေထွက်အောင်လုပ်တာလည်း ချီရင် ကိုယ်တိုင်သာ ...။
သူကတော့ ဘယ်သူနဲ့ပဲ သတင်းထွက်ထွက် သူ့ဘက်မှာ သူဌေးလျို နဲ့ ရှင်းအုပ်စုရဲ့ အင်အားကြီးမားမှုက အမြဲရှိနေ၍ ဘယ်တော့မှ မလဲပြိုသွား....။
"မင်းမနာလိုနေတာ ငါသိတယ် ... မင်းထက်သာသွားပြီဆိုရင် အဲ့ဒီ့လူကို ငါနဲ့သတင်းထွက်အောင်လုပ်ပြီး ဆွဲချပစ်တာလေ ... "
"ကျွန်တော်က ပိုက်ဆံအများကြီးရှာပေးနေတာပဲ ခင်ဗျားဘက်က အသစ်တွေတင်ပြီး ဘာလို့လောဘတက်နေတာလဲ ... "
သူတို့ ကုမ္ပဏီအတွက် ချီရင်က အရေးပါဆုံးလူ ဆိုတာမှန်ပေမယ့် ချီရင်တစ်ယောက်တည်းနဲ့လည်း မဖြစ်ပါ...။ ရှင်းအုပ်စု နဲ့ ချီရင်ရဲ့ စာချုပ်သက်တမ်းကလည်း နှစ်နှစ်လောက်သာ ကျန်တော့သည်။ သက်တမ်းကုန်တာနဲ့ သူဆက်စာချုပ်မချုပ်ဖို့တွေးထားတာကြောင့် နောက်ကလေးတွေက သေချာပေါက် အောင်မြင်ဖို့လို၏။
"မင်းမသင်ပေးချင်လည်းရတယ် ချီရင် ... တခြားက မင်းထက်တော်တဲ့သူတွေ ငါတို့ငှါးလိုက်မယ် ... အခုက မင်းကိုပါ အရာရောက်စေချင်လို့ ပြောကြည့်တာပါ ... "
"ဝမ် ဘယ်မှာလဲ "
သူ ခုံပေါ်ကထပြီး အင်္ကျီရဲ့ အစွန်းနှစ်ဖက်ကို ဆွဲဖြန့်နေတုန်း ချီရင့်ဆီမှ ထွက်လာသည့် အသံကြောင့် သူ့လှုပ်ရှားမှုတွေရပ်တန့်သွားသည်။ ရိပေါ်ထွက်သွားပြီး နှစ်လလောက်အထိ ချီရင်ဟာ ရိပေါ်ကို မေးနေခဲ့သော်လည်း ကျန်တဲ့ရက်တွေမှာ မမေးတော့၍ မေ့သွားပြီဟု သူထင်ခဲ့၏။ အခုရိပေါ်ပြန်လာသည့် အချိန်မှ ရုတ်တရက် ပြန်မေးလာတာကြောင့် သူအနည်းငယ် ထိန့်လန့်မိတာကတော့ အမှန်ပင်။
"ဝမ့်ကိုတွေ့ခဲ့တယ်"
"ဘယ်မှာလဲ ... "
"ဘယ်မှာဖြစ်ဖြစ်လေ ... ဝမ့်ကို ခင်ဗျားဖွက်ထားတယ်ထင်နေတာ တကယ်တော့မဟုတ်ဘူးပဲ ... ဘာလဲ ခင်ဗျားက ဝမ့်ကို စားပြီး စွန့်ပစ်ခဲ့တာလား ... "
ချီရင်ပြောနေသည့် စကားတွေကို သူနားမလည်၍ မျက်ခုံးပင့်ကာ ပြန်ကြည့်လိုက်သည် ။ အခုတလော ညဉ့်နက်မှပြန်လာတတ်သည့် ရိပေါ်လေးကိုလည်း သူမတားနိုင်သဖြင့် ပိုလို့ပင် စိုးရိမ်ရပါသည်။
"ဘယ်မှာတွေ့ခဲ့တာလဲ"
"ဘယ်မှာဖြစ်ဖြစ်ပေါ့ ... အခုတော့မပြောသေးဘူး နောက်မှ ကျွန်တော့်ချစ်သူအဖြစ် ခေါ်လာပြီးပြမယ်လေ"
သူနဲ့ ရိပေါ် ပတ်သက်မှုကို မသိဘဲ ထင်ရာတွေ စွတ်ပြောကာ အခန်းထဲက ထွက်သွားသည့် ချီရင့်ကို ကြည့်ရင်း ရှောင်းကျန့် သက်ပြင်းချမိ၏။ ချီရင်က ရိပေါ်သူ့အနားမှာ ပြန်ရောက်နေတာလည်း သိပုံမပေါ်... ။ ဘာပဲဖြစ်ဖြစ် ရိပေါ်ကို ဒီထက်ပိုပြီး ထိန်းချုပ်ရတော့မည် ...။
"ဒေါက် ဒေါက် "
"ဝင်ခဲ့ပါ"
ချီရင်ထွက်သွားသွားချင်း သူဌေးလျိုဟာ အခန်းတံခါးခေါက်သံနဲ့ အတူ သူ့ရုံးခန်းထဲ ဝင်လာ၏။ သူဌေးလျိုက အရေးတကြီးပြောစရာမရှိရင် သူ့ရုံးခန်းအထိမလာတတ်....။ အခုရောက်လာသည်မှာလည်း အရေးကြီးကိစ္စတစ်ခုခုကြောင့်သာ ဖြစ်ပါလိမ့်မည်။
"ထိုင်ပါ သူဌေးလျို ... ဘာသောက်မလဲ ... ကျွန်တော်လှမ်းပြောလိုက်မယ်"
"မသောက်တော့ဘူး ရှောင်းကျန့်"
သူ့ရှေ့မှာ ဝင်ထိုင်လျက် အပြုံးလေးဖြင့် ငြင်းဆန်လာသည့် သူဌေးလျိုကို သူခေါင်းငြိမ့်ပြလိုက်သည်။
"ချီရင်ထွက်သွားတာတွေ့လိုက်တယ် ဘယ်လိုလဲ အသစ်ကိစ္စအဆင်ပြေလား"
"မပြေပါဘူး သူဌေးလျို ..."
"ရှောင်းကျန့်ကို ကိုယ်ကောင်လေးတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်တယ် မနက်ဖြန်ညလောက် အားလား"
ရှောင်းကျန့်က နားမလည်စွာ ပြန်ကြည့်တော့ သူဌေးလျိုကရယ်သည်။
"ကောင်လေးဆိုတာ ရှောင်းကျန့်အတွက်မဟုတ်ပါဘူး Company အတွက်ပါ ... အခု တွေ့ထားတဲ့ကောင်လေးက သေချာပေါက်အောင်မြင်နိုင်တယ် ... သူ့ရဲ့အရည်အချင်းတွေကို ကိုယ်တွေ့ခဲ့ရလို့"
"ကျွန်တော် အားပါတယ် တွေ့ကြည့်မယ်လေ"
သူဌေးလျိုအတွက် သူ့အချိန်မပေးနိုင်စရာ မရှိသလို ဒီကိစ္စကလည်း ငြင်းဆန်စရာ မဟုတ် ...။ သူဌေးလျိုရဲ့ကျေးဇူးတွေနဲ့ သူဌေးလျိုအပေါ် အားနာစရာတွေ သူ့မှာ သိပ်များသည်။ သူ့ကိစ္စတွေကို ဝင်ဖြေရှင်းပေးနေသည့် သူဌေးလျိုဟာလည်း သူနဲ့ သတင်းတွေထွက်နေတဲ့ သူတွေထဲက လူတစ်ယောက်ပင် ...။ နှစ်ယောက်စလုံးကတော့ ငြင်းဆန်ထားပေမယ့် သူတို့သတင်းတွေက အခုချိန်ထိ ပျံ့နှံ့နေဆဲ ...။
အခု ကောင်လေးကိုလည်း သူဌေးလျိုကြိုက်တယ်ဆိုရင် သူလည်း ကြိုက်မှာ မလွဲမသွေ ...။ သူမကြိုက်ဘူးဆိုရင်တောင် တွေ့ကြည့်လိုက်တာလည်း မမှားနိုင်ပါ ...။
"အခုပြန်တော့မှာလား"
"ဟုတ်ကဲ့ ..."
"သေချာပြန်နော် အပြင်မှာ မိုးတွေကျနေတယ် ... ကိုယ်လည်းပြန်ပြီ"
သူဌေးလျိုပြောမှ သူအပြင်ဘက်ကို လှမ်းကြည့်မိသည်။ မိုးစက်မိုးပေါက်တွေက ကျနေတာကြောင့် သူမျက်မှောင်ကို ကြုံလိုက်၏။ မိုးရွာတာကို သူမကြိုက်သလို မိုးရေထဲ သွားရတာကိုလည်း သူမနှစ်မြို့ ...။
"ရိပေါ်ကို ငါသွားကြိုလိုက်မယ် ... သူ့ကို ဖုန်းဆက်ပြီး သင်တန်းနားက Coffeeဆိုင်ရှေ့မှာ စောင့်နေမယ်ပြောထားလိုက်"
ရိထန်ဆီ Message တစ်စောင် လှမ်းပို့ပြီးတာနဲ့ ရုံးကနေထွက်လာကာ ရိပေါ် တက်နေတဲ့ သင်တန်းဆီ ဦးတည်ခဲ့သည်။ ရိပေါ်ပြန်လာကတည်းကနေ အခုထိ စီးပွါးရေးနဲ့ ပက်သတ်တဲ့ သင်တန်းတွေထားတာကို ရိပေါ်က သဘောကျပုံမပေါ်သော်လည်း မငြင်းခဲ့ ...။ လွန်ခဲ့တဲ့ အပတ်ကစပြီး သင်တန်းက အပြန် ဟောက်ရွှမ်းနဲ့ အတူတူ အပြင်ထွက်သွားတတ်တာကလွဲရင် ရိပေါ်က သူ့အမိန့်တွေကို နာခံ၏။
"ဟယ်လို ... ရိထန်လား ရိပေါ်ကဘာလို့မလာသေးတာလဲ"
"သူ့ကို ကျွန်တော်ပြောထားတယ် အကိုရှောင်းကျန့်"
သူ ကားရပ်ပြီးစောင့်နေတာ တော်တော်ကြာနေပေမယ့် ရိပေါ်ရောက်မလာသေး၍ ရိထန်ဆီ ဖုန်းထပ်ဆက်ရသည်...။ ရိပေါ်ဆီတော့ ဖုန်းဆက်လို့မရ ...။ ရိပေါ်ဟာ သူ့ဖုန်းမှန်းသိပြီးကတည်းက Blacklistထဲ ထည့်ထားခဲ့သည်မှာ ကြာခဲ့လေပြီ။
"ငါလိုက်ရှာလိုက်မယ်"
မိုးသည်းနေမှုကြောင့် အရင်ကတည်းကလူရှင်းတဲ့ နေရာလေးက အခုဆိုရင် လူတစ်ယောက်မှ မရှိ...။ ရှောင်းကျန့်ဖုန်းချလိုက်ပြီး ကားပေါ်က ထီးလေးကို ယူကာ အပြင်ထွက်လိုက်သည်။ အချိန်အခါမဟုတ် ရွာနေတဲ့မိုးကလည်း တော်တော်နဲ့ စဲမည့်ပုံမပေါ် ...။ မိုးစက်တွေနဲ့ အတူ လေပါပါနေ၍ သူ့ထီးလေးမလန်သွားအောင်လည်း တော်တော် ထိန်းနေရ၏။
"ဝမ် ... !"
သင်တန်းနားက လူရှင်းတဲ့နေရာလေးမှာ မိုးခိုနေသည့် ကလေးငယ်ကို မြင်တာနဲ့ သူအမြန်ပြေးသွားမိသည်။ လူမရှိပေမယ့် အပြင်နေရာဖြစ်နေတာကြောင့် ရိပေါ်လို့တော့ သူမခေါ်ဖြစ်...။
"ရိထန်မပြောဘူးလား "
"ပြောတယ် ခင်ဗျားနဲ့ မပြန်ချင်လို့"
"အခုလိုလုပ်တော့ အေးနေမှာပေါ့ ... ထီးလည်း မပါဘူးမလား ... ပြန်ကြမယ်"
ရိပေါ်က သူ့စကားကို လက်မခံဘဲ သူ့လက်တွေကို အားနဲ့ တွန်းဖယ်လိုက်သဖြင့် သူ့လက်ထဲက ထီးကလေးဟာ မိုးရေထဲ လွင့်ထွက်သွားခဲ့သည်။ ကားဆီအပြန်လမ်းမှာ သူ့ရဲ့ ရိပေါ်လေး မိုးစိုမှာ စိုးတာကြောင့် မိုးရေထဲက ထီးလေးကို အမြန်ပြေးကောက်ရသေး၏။
"ပြန်ရအောင် "
"မပြန်ဘူး "
"မိုးတွေရွာနေတာကွာ ... လာပါ ပြန်ရအောင်"
"ကျွန်တော်မပြန်ဘူးလို့ပြောနေတာ ဘာဖြစ်နေတာလဲ ... ခင်ဗျားဘာသာပြန်ဗျာ ... "
အရင်အခြေအနေဆို သူထားခဲ့ပြီး ရိထန်ကို ပြန်ခေါ်ခိုင်းဖို့ လုပ်မိမှာ သေချာပါသည်။...။ အခုအချိန်မှာတော့ မိုးသည်းနေ၍ ရိပေါ်လေးကို သူဒီအတိုင်း မထားခဲ့နိုင်...။
"ရိပေါ်"
"ဟောက်ရွှမ်း .... "
သူတို့အနားဆီပြေးလာသည့် ဟောက်ရွှမ်းက ရုတ်တရက်ရောက်လာတာမဟုတ်ဘဲ ရိပေါ်ဖုန်းဆက်ထားခြင်းကြောင့်ဖြစ်နိုင်သည်။ ဟောက်ရွှမ်းရောက်လာတာနဲ့ သူ့လက်ထဲက ရိပေါ်လက်ကလေးဟာ လွတ်ထွက်သွားပြီး ဟောက်ရွှမ်းလက်ထဲ ရောက်သွား၏။
"ကိုကို ... ငါအေးနေပြီ သွားရအောင် "
"ကိုကို ?"
မိုးသံတွေနဲ့ ဆူညံနေတဲ့ ပတ်ဝန်းကျင်ဟာ ရုတ်တရက်တိတ်ဆိတ်သွားသလို ...။ ရိပေါ်က ဟောက်ရွှမ်းကို ကိုကို လို့ခေါ်လိုက်သည်တဲ့ ...။ သူ့ရဲ့ ရိပေါ်လေးက သူ့ကိုခေါ်နေကျ နာမ်စားလေးကို တခြားသူကို ခေါ်လိုက်ပါသည်တဲ့ ...။ သူ့နှလုံးသားကြားမှ နာကျင်လာကာ သူ့ရင်ထဲလည်း ပူလောင်လာသည်။
ဟောက်ရွှမ်းနဲ့ ရိပေါ်ဟာ ချစ်သွားလို့မှ မရလေဘဲ ...။
"လိုက်ခဲ့ ရိပေါ်"
ရုတ်တရက် ဖြစ်၍ ထင်သည် ... ။ သူ့လှမ်းဆွဲလိုက်သည့် ရိပေါ် ကိုယ်လေးက သူ့ ရင်ခွင်ထဲ စွေ့ခနဲ ...။
"ငါတို့ ရှင်းစရာရှိသေးလို့ မင်းပြန်တော့ ဟောက်ရွှမ်း ..."
"ကျွန်တော့်မှာ မရှိဘူး ... "
"ခင်ဗျား ဘယ်လိုဖြစ်နေလဲ ရှောင်းကျန့် ... ရိပေါ်အေးနေပြီမို့လို့ လွှတ်လိုက် ... ကျွန်တော် အိမ်ပြန်ပို့ပေးမယ် ... အိမ်ရောက်မှရှင်း"
ဟောက်ရွှမ်းက ထီးကိုရိပေါ်ထံမိုးပေးလျက် ပြောလာတာကြောင့် သူလက်တွေကို လျောချလိုက်သည်။ မိုးစက်တွေက သူတစ်ကိုယ်လုံးရွှဲနေပေမယ့် ပူလောင်ခြင်းတွေဟာတော့ ပျောက်ကွယ်မသွား ...။ ဟောက်ရွှမ်းသာ တခြားသူဆိုရင် သူကိုယ်တိုင် ရိပေါ်လေးကို ဟောက်ရွှမ်းလက်ထဲ ထည့်ပေးမိမှာ အမှန် ...။
အခုအချိန်မှာတော့ ဟောက်ရွှမ်း နဲ့ ရိပေါ်ဟာ အကိုယန် ရဲ့ သွေးတွေ စီးဆင်းနေတဲ့ ညီအစ်ကို အရင်းအချာတွေ ...။
"အိမ်ကိုသေချာပြန်ပို့ပေးပါ"
"သေချာပေါက် ပို့ပေးပါ့မယ် ... ခင်ဗျားစိတ်ချပါ"
ဟောက်ရွှမ်းရဲ့ပွေ့ဖက်မှုကြား ပါသွားသည့် ရိပေါ်ကို ငေးကြည့်ရင်း စိုရွှဲနေတဲ့ ဆံပင်တွေကြားထဲ သူ့လက်ချောင်းတွေကို ထိုးထည့်ကာ မျက်ရည်တွေကို ကျဆင်းခွင့် ပေးမိသည်။
အတောင်စုံတော့မည့် ငှက်ကလေးရဲ့ ခိုနားရာဟာ သူ့ရင်ခွင်မဟုတ်မှန်း သိပါသော်လည်း မုန်တိုင်းထန်မယ့် လမ်းကို ပျံသန်းစေလို့မှမဖြစ်လေဘဲ...။
မခမ်းနားရင်တောင်မှ အကောင်းဆုံးဖြစ်တဲ့ မနက်ဖြန်တွေကိုသာ သူ့ရဲ့ရိပေါ်လေးအတွက် ဖန်တီးပေးချင်ပါသည်။
အပြန်မရှိမယ့် သူ့မေတ္တာတရားတွေရဲ့ သွားရာလမ်းကတော့ လှပပါစေ ....။
___________________
အိမ်ရဲ့ ဧည့်ခန်းထဲ လူလေးယောက်ရှိနေပေမယ့် အခန်းထဲရှိ လေထုကအစ တိတ်ဆိတ်ငြိမ်သက်စွာ ...။ ရိပေါ်ရော သူပါ အင်္ကျီတွေစိုရွှဲနေပြီး ဟောက်ရွှမ်းကတော့ သိပ်ပြီး စိုမနေ ...။ အပြင်ဘက်မှာတော့ မိုးတွေက ဆက်ပြီး ရွာသွန်းနေဆဲ ....။
"ကိုကို ... "
ရိပေါ်ဆီက ထွက်လာသည့် အသံလေးကြောင့် သူပြန်ဖြေမလို့လုပ်လိုက်ပြီးမှ သူ့ကိုယ်သူ ပြန်ထိန်းလိုက်သည်။ သူ့ရင်ထဲကနာကျင်မှုကိုတော့ သူကိုယ်တိုင်သာသိ၏။
"မင်းပြန်တော့လေ ... "
"မပြန်နဲ့ဦး ... ငါပြောစရာရှိသေးတယ်"
သူ့စကားအဆုံး ဟောက်ရွှမ်းက သူ့ကို ကြည့်သည်။ ရိပေါ်ကလည်း သူ့ကို ကြည့်နေသလို ကျိုးချန်ကလည်း သူပြောလာမှာကို နားစွင့်နေလျက် ...။
"မင်းတို့မဖြစ်ဘူး ... "
"အကြောင်းအရင်း .... "
"ရိပေါ်က ငါ့ညီဖြစ်လို့ မင်းနဲ့မဖြစ်ဘူး ... ငါ အခုပြောနေတာ ရိပေါ်အကိုအနေနဲ့ရော မင်းအဖေနဲ့ လက်ထပ်ထားတဲ့ သူတစ်ယောက်အနေနဲ့ပါပြောနေတာ"
သူပြောတော့ ဟောက်ရွမ်းရဲ့ ခပ်တိုးတိုးရယ်သံက ပျံ့လွင့်လာခဲ့သည်။ သူဘယ်လိုပဲပြောပြော ရှေ့ဆက်တိုးမယ့်ပုံပေါ်နေ၍ သူ့မှာ စကားလုံးတွေ ပျောက်ရှကုန်၏။
"ဘယ်သူက ကျွန်တော့်အကိုလဲ ... ဘယ်သူ ကျွန်တော့်အကို မို့လို့ ကျွန်တော့် ဘဝအရေးမှာ ဝင်ပါနေတာလဲ"
"ရိပေါ် ... ကိုကိုမဖြစ်ဘူးဆို မဖြစ်ဘူးလေ "
"အကိုအရင်းမှ မဟုတ်တာ ... ဟောက်ရွှမ်းအဖေကိုယူထားရင်တောင် ခင်ဗျားက ကျွန်တော့်အကို့အရင်းမှမဟုတ်တာ ရှောင်းကျန့်ရဲ့ "
သူတို့နှစ်ယောက်အကြောင်းကို အခုမှ သိရတဲ့ ဟောက်ရွှမ်းဟာ အံ့ဩသည့် မျက်လုံးတွေဖြင့် ရိပေါ်ကို ငေးကြည့်နေခဲ့သည်။ ရိပေါ်ဆီက ခပ်စိမ်းစိမ်းစကားတွေကို ကြားရသည့်အခါ သူ့နှလုံးသားက ခံနိုင်ရည််မရှိစွာ မျက်ရည်ကျချင်၏။
"ဟောက်ရွှမ်း .... မင်းလမ်းခွဲပေးပါ ... ငါတောင်းဆိုပါတယ် "
"ကိုကို ... မင်းသူ့စကားနားထောင်စရာမလိုဘူး ... မင်းလည်း ငါ့ကိုချစ်တယ်မလား ငါလည်းမင်းကိုချစ်တယ် ကြားလူတွေကို ဂရုစိုက်မနေနဲ့"
"ခင်ဗျားက ရိပေါ်ရဲ့ အကိုအရင်းထင်လို့ ထပ်စဉ်းစားဦးမလို့ပါပဲ ... အခု ကျွန်တော်စဉ်းစားစရာမလိုတော့ဘူး ရှောင်းကျန့်"
"ဟောက်ရွှမ်း .... "
ဘာမှဆက်ရှင်းပြလို့မရတဲ့ အခြေအနေမှာ သူနောက်ဆုံးအနေနဲ့ ကြိုးစားကြည့်ဖို့က ဒီတစ်နည်းသာ ရှိသည်။ သူ ခုံပေါ်ထိုင်နေရာမှ ဟောက်ရွှမ်းရှေ့ ဒူးထောက်လိုက်တော့ မယုံကြည်နိုင်မှုတွေ လွှမ်းနေသည့် မျက်ဝန်းတွေဟာ သူ့ထံကျရောက်လာလျက် ...။
"ရိပေါ်လေးနဲ့ လမ်းခွဲပေးပါ"
"ဘာလို့လဲ ... ဘာလို့လဲလို့ !!! ခင်ဗျားက ဘာလို့လိုက်ခွဲနေတာလဲလို့ ...!! ခင်ဗျားတောင် ဦးလေးယန်နဲ့ လက်ထပ်သေးတာပဲ ... ကျွန်တော်ကဘာလို့ ဟောက်ရွှမ်းနဲ့ မတွဲနိုင်ရမှာလဲ !! ခင်ဗျားက တစ်ကိုယ်ကောင်းသမားပဲ ရှောင်းကျန့်!"
"ရိပေါ် ... တော်တော့ ... "
လက်ထဲက ကျောပိုးအိတ်နဲ့ သူ့အားထုရိုက်နေသည့် ရိပေါ်က ဟောက်ရွှမ်းနဲ့ ကျိုးချန်ဝင်တားမှ ရပ်တန့်ကာ ဒေါသတကြီး အပေါ်တက်သွားသည်။
"ကျွန်တော်စဉ်းစားပေးမယ် ခင်ဗျားဘက်က အကြောင်းအရင်းခိုင်လုံရင် ကျွန်တော့်ဘက်က စဉ်းစားပေးမယ် ... အခုတော့ပြန်လိုက်ပါဦးမယ်"
ဟောက်ရွှမ်းထွက်သွားတော့ ကျိုးချန်က သက်ပြင်းချလျက် သူ့ကို ပွေ့ဖက်လာခဲ့သည်။ တင်းထားသည့် စိတ်အစုံကို လွှတ်ချရင်း ကျိုးချန် ပုခုံးထက် သူ အားရပါးရ ငိုကြွေးမိ၏။ ကျိုးချန်တောင်မသိသည့် ကိစ္စတစ်ခုကို ဟောက်ရွှမ်းအား ပြောပြဖို့လည်း မဖြစ်နိုင် ...။
"ကလေးတွေမှာ အပြစ်မရှိပါဘူး ရှောင်းကျန့်ရယ် ... ဟောက်ရွှမ်းဆိုတာကလည်း ရိပေါ်အတွက် စိတ်မချရတဲ့ ကလေးမှမဟုတ်တာ ... "
"သူတို့မဖြစ်ဘူး ... မင်းသိလာလိမ့်မယ် .. သူတို့မဖြစ်နိုင်ဘူး"
အခုအချိန်မှာ လူတိုင်းက သူ့ကိုမှားယွင်းနေသည်ဟု ထင်ကောင်းထင်နိုင်ကြပေမယ့် သူလုပ်နေတာ အားလုံးက ရိပေါ်အတွက်သာ .... ။
"ရိပေါ်ဆီ ငါသွားဦးမယ်"
"အရင်အဝတ်အစားလဲလိုက်ဦး"
"အင်း .... "
သူကျိုးချန်ကို ခေါင်းငြိမ့်ပြလျက် အပေါ်တက်ကာ သူ့အခန်းဆီ အရင်ဝင်လာခဲ့လိုက်သည်။ ရေစိုကြီးဖြင့် အကြာကြီးနေလိုက်ရသဖြင့် လူက ချမ်းစိမ့်စိမ့် ...။ သူရေမချိုးတော့ဘဲ အင်္ကျီထူထူတစ်ထည်ကို ကောက်လဲ၍သာ ရိပေါ်အခန်းဘက် ထွက်ခဲ့၏။
"ရိပေါ်လေး ... ကိုကိုဝင်လာလို့ ရလား"
သူတံခါးခေါက်ပြီး အရင်မေးသော်လည်း ဘာသံမှ မကြားရတာကြောင့် တံခါးလက်ကိုင်ဘုလေးကို လှည့်ကြည့်လိုက်တော့ တံခါးလေးက လော့မချထားခဲ့ ...။
"အင်္ကျီမလဲရသေးဘူးလား ရိပေါ်လေး"
"ခင်ဗျား မလာနဲ့ ... "
"နွေးနွေးထွေးထွေးနေမှပေါ့"
ရိပေါ်ပြောစကားကို သူလျစ်လျူရှုရင်း ဗီဒိုထဲမှ အင်္ကျီတစ်ချို့ကို ထုတ်လိုက်သည်။ သူ့နှလုံးသားငယ်ကို အရှင်လတ်လတ် ခွဲနေသလို ခံစားစေရမည့် စကားလုံးကြမ်းကြမ်းတွေကို ထပ်မံ ကြားရဦးမည်ဆိုတာလည်း သူသိပါသည်။
"ကိုကို့ကို ခင်ဗျားက ကြိုက်နေတာမလား"
"မခေါ်နဲ့ ... ကိုကို့ရှေ့မှာ ဟောက်ရွှမ်းကို ကိုကိုလို့မခေါ်စမ်းနဲ့ ... "
"ခင်ဗျားကြိုက်လို့လိုက်ခွဲနေတာမလား ဖြေစမ်းပါ ! ကျွန်တော့်ကို ဖြေစမ်းပါ ... သူ့ကို ခင်ဗျားက လိုချင်နေလို့ ကျွန်တော်တို့ကို ခွဲနေတာမလား "
ရိပေါ်ဟာ ကုတင်ပေါ်ထိုင်နေရင်းမှ ထလာကာ သူ့ပခုံးကို ဆုပ်ကိုင်ပြီးမေး၏ ။ တခြားသူသာဆို သူသည်းခံမှာ မဟုတ်ပေမယ့် သူ့ရဲ့ ရိပေါ်လေးဖြစ်နေ၍ မျက်လုံးကို စုံမှိတ်ကာ တစ်ဖက်သို့သာ လှည့်လိုက်သည်။
"ဒူးထောက်ရအောင်အထိ ခင်ဗျား တော်တော်မက်မောနေတာလား"
"တော်တော့ ရိပေါ်လေး ... အင်္ကျီလဲလိုက်ဦး"
"ကျွန်တော် မရရအောင်ယူမှာ ... ခင်ဗျားသိပ်မက်မောနေတဲ့ ဝမ်ဟောက်ရွှမ်းကို လက်ထပ်မှာ ... ဝမ်ဟောက်ရွှမ်းနဲ့ အိပ်ပစ်မှာ"
သူ့ရဲ့ ရိပေါ်လေးက အခုထိ ကလေးဆန်နေဆဲ ...။ ဟောက်ရွှမ်းကို ချစ်လို့မဟုတ်ဘဲ သူ့ကို အရွဲ့တိုက်ချင်၍ အခုလိုလုပ်နေခြင်း ဆိုတာ သိရတော့ စိုးရိမ်စိတ်က တစ်ထစ်လျော့ကျ၏။
"အဝတ်လဲပါ ရိပေါ်လေးရယ် ဖျားတော့မှာပဲ"
"အပြင်ထွက်"
"အရင်ကကိုကို လဲပေးလာတာပဲ ... ဘာကိုရှက်နေတာလဲ"
"ခင်ဗျားက အရင်လိုမဟုတ်တော့ဘူးလေ လူတိုင်းနဲ့ နာမည်ထွက်နေတဲ့ ခင်ဗျားက ကျွန်တော့်ကိုပါ တစ်ခုခုမလုပ်ဘူးလို့ မပြောနိုင်ဘူး ... ခင်ဗျားကို မယုံလို့ အပြင်ထွက်ပေးပါ"
ငိုချင်လွန်းလို့ တဆက်ဆက်တုန်ယင်လာသည့် အောက်နှုတ်ခမ်းကို ဖိကိုက်ကာ ရိပေါ်အား ကျောခိုင်း လှည့်ထွက်ခဲ့သည်။ ဒီကောင်လေးကို သူဘယ်လောက်များ တန်ဖိုးထားလိုက်ရလဲ ...။
ရိပေါ်ရဲ့ စကားလုံးတွေဟာ သူ့ကို စော်ကားသည်ထက် ပိုနေလွန်းသော်လည်း သူအပြစ်မမြင်နိုင်... ။ သူလုပ်လို့ ဖြစ်လာသည့် ကိစ္စတွေပဲ မလား ....။
"ရိပေါ်ကို ညပိုင်းဆန်ပြုတ်ပဲတိုက်လိုက် ... ဒီကောင်လေးက မိုးမိရင်ဖျားတာ မင်းသိတယ်မလား"
"မင်းရော ညစာ"
"ငါမစားချင်တော့ဘူး"
သူပြောပြီး အပေါ်ပြန်တက်ဖို့ လုပ်တော့ အပေါ်ကနေ ဆင်းလာသည့် ရိပေါ်နဲ့ ကြုံသည်။ ရိပေါ်ပုံစံက အပြင်သွားမည့် ပုံပေါ်နေ၍ သူ သက်ပြင်းချရင်း လှေကားထိပ် ပိတ်ရပ်လိုက်၏။
"ဘယ်လဲ ... "
"ခင်ဗျား လိုချင်တဲ့ သူနဲ့ သွားအိပ်မလို့လေ"
"အပေါ်ပြန်တက် ရိပေါ် ... ဒီညတော့နားလိုက်တော့ "
"ဘာလဲ ... ဟောက်ရွှမ်းနဲ့ ခင်ဗျားအရင်မအိပ်ရလို့ တားနေတာလား ... ဖယ်စမ်းပါ"
သူ့ကို တွန်းတိုက်ပြီး ထွက်သွားသည့် ရိပေါ်လေးကြောင့် သူ့ခန္ဓာကိုယ်ပါ ယိုင်သွားရသည်။
"ရိပေါ် ... မသွားပါနဲ့လား"
"စောစောပြန်လာခဲ့မယ် အကိုကျိုးချန်"
ကျိုးချန်ကတားနေရင်း ခြံရှေ့ရောက်လာသည့် ဟောက်ရွှမ်းရဲ့ ကားလေးကြောင့် ဘာမှဆက်မပြောတော့ ...။ ကားပေါ်မှာ ကျိရန်ဆိုသည့်ကလေးကိုပါတွေ့၍ သူအနည်းငယ်စိတ်အေးသွားရသည်။ လူကလည်း နေမကောင်းချင်သလို ဖြစ်နေ၍ လိုက်မသွားတော့ဘဲ အပေါ်တက်ပြီး အနားယူဖို့သာ လုပ်လိုက်၏ ။
"မင်းလည်း ဆေးသောက်ထားဦး "
"အင်း ကျိုးချန်... "
ကျိုးချန်ပြောသည့်အတိုင်း သူဆေးသောက်ကာ ကုတင်ပေါ်လှဲနေသော်လည်း တော်တော်နဲ့ အိပ်မပျော် ... ။ ည ရှစ်နာရီကျော်အထိ ပြန်မလာသေးတဲ့ ရိပေါ်ဆီ လိုက်သွားရမလားတွေးမိပေမယ့် ရိပေါ်တို့ ဘယ်သွားလည်း သူမသိ...။
"ဒေါက် ဒေါက် ! "
"ရှောင်းကျန့်အိပ်ပြီလား"
သူတွေးနေတုန်းအပြင်ဘက်က ကျိုးချန်အသံကြောင့် သူထကာ တံခါးထဖွင့်ပေးလိုက်သည်။
"ကျိရန်ဆိုတဲ့ ရိပေါ်သူငယ်ချင်းဖုန်းဆက်တယ် ... ရိပေါ်လေးကို ဟောက်ရွှမ်းအိမ်မှာ လာခေါ်ခိုင်းတယ် ... ငါ ကားမမောင်းတတ်လို့ အဲ့ဒါ ... "
"ငါသွားခေါ်လိုက်မယ် ... မင်းကို လိပ်စာပြောလား"
"ပြောတယ် ... ငါလိုက်ခဲ့မယ်လေ"
"ရတယ် အိမ်စောင့်နေခဲ့လိုက် "
သူ ကျိုးချန်ပြောတဲ့ လိပ်စာအတိုင်း ထွက်လာခဲ့တော့ ရိပေါ်ရော ဟောက်ရွှမ်းပါ စားပွဲပေါ်မှောက်နေခဲ့သည်။ ချွေးတွေရွှဲနေသည့် ရိပေါ်က တစ်ခုခု ဖြစ်နေပုံ ....။
"အဲ့လောက်မသောက်နဲ့ပြောတာမရဘူး ... ရိပေါ်က ဟောက်ရွှမ်းအိမ်ကနေ ဒီညမပြန်ဘူးပြောပေမယ့် နှစ်ယောက်လုံးက မူးနေတော့ မဖြစ်ဘူးဆိုပြီး ဖုန်းဆက်လိုက်တာ"
"အကိုပြန်ခေါ်သွားလိုက်မယ်နော်"
"ဟုတ်ကဲ့ ... ကျွန်တော်ဟောက်ရွှမ်းနဲ့ ရှိနေပေးလိုက်ပါ့မယ်"
ရှောင်းကျန့် ခေါင်းငြိမ့်ကာ မူးနေသည့် ကောင်လေးကို ပွေ့ချီပြီး ကားဆီခေါ်လာခဲ့သည်။ ရိပေါ်ရဲ့ ကိုယ်ဟာ ပူကျစ်နေသော်လည်း ချွေးတွေကတော့ ရွှဲနစ်နေလျက် ...။
"ပူတယ် .... "
"ပူလို့လား Air-con မြှင့်ပေးရမလား"
"အရမ်းပူတယ် ... ဟင်း ... "
သူ့ဘေးကခုံမှာထိုင်ရင်း မျက်လုံးမှိတ်ပြီး အော်ညည်းနေတာကြောင့် ရှောင်းကျန့် ကားကို ရပ်တန့်ပစ်လိုက်ရသည်။ ရိပေါ် ဘာဖြစ်နေမှန်း အနည်းငယ် သဘောပေါက်လာ၍ ဟောက်ရွှမ်းကို ဒေါသထွက်စွာ တောက်ခေါက်မိ၏။
"ခဏလေး ရိပေါ် ... အိမ်ရောက်တော့မယ်"
"မရ ... အ ... ဟင်း ... တစ်ခုခုပေးပါ"
ထိုင်ခုံခါးပတ်ကိုပါ ဆွဲဖြုတ်နေသည့် ရိပေါ်ရဲ့ လက်တွေကို လက်တစ်ဖက်ဖြင့် ထိန်းထားရသေးသည်။ ဘယ်လိုလုပ်ပေးရမလဲ မသိသော်လည်း အိမ်ရောက်ရင်တော့ ပို အဆင်ပြေနိုင်ပါလိမ့်မည် ထင်ပါသည်။
"ကိုကို ... ဟင်း ... "
"ခဏလေး ... နော် ... အဆင်ပြေသွားမှာပါ"
"သေတော့မယ်ထင်တယ် .... "
အိမ်ရောက်တာနဲ့ ကားကို သေချာတောင်မရပ်နိုင်ဘဲ ရိပေါ်ကို ပွေ့ချီ၍ အိပ်ခန်းထဲက ရေချိုးခန်းဆီပြေးကာ Bathtub ထဲချပေးလိုက်သည်။
"အဆင်ပြေလား ရိပေါ်လေး"
"ဟင့်အင်း ... မရဘူး ... ကျွန်တော့်ကိုပေးပါ ... ဟင့် .. ကိုကို ... "
"မရဘူးလေ "
ရှောင်းကျန့်ဆက်ပြီး ဘာလုပ်ရမှန်းမသိတော့ ... ။ အင်္ကျီတွေသာမက ဘောင်းဘီပါ ဆွဲချွတ်ပစ်ရင်း တစ်ကိုယ်လုံး တုန်ယင်နေသည့် ရိပေါ်ကို သူမကြည့်ရက်ပေမယ့် သူ့မှာ ဘာမှ လုပ်ပေးနိုင်စွမ်းမရှိ... ။
"ကိုကို ... ဟင့် ... ကျွန်တော် ... ဟ ... သေသွားလိမ့်မယ် ... "
"မရဘူးလေ ... မဖြစ်ဘူး ရိပေါ် ... မဖြစ်ဘူး"
ရိပေါ်ခံစားနေရသည့် ဝေဒနာကြောင့် သူပါ မျက်ရည်ကျရသည်။ သူ့လက်သီးတွေကို တင်းတင်းကြပ်ကြပ်ဆုပ်ပြီး လှည့်ထွက်ဖို့လုပ်တော့ ရိပေါ်က သူ့အင်္ကျီတွေကို လှမ်းဆွဲထား၏။
"ကိုကို .... သားကိုလုပ်ပေးပါ ... ဟင့် သားမရတော့ဘူး ..."
"ကိုကိုနဲ့မဖြစ်ဘူး ... ကိုကိုနဲ့ ရိပေါ်လေးက မဖြစ်ဘူးလေ ...."
သူ့စကားအဆုံး သူ့အင်္ကျီကို စုပ်ကိုင်ထားသည့် လက်တွေဟာ ပြေလျော့ကျသွားပြီး ရိပေါ်ဟာ မချိမဆန့်ခံစားနေရပုံ ... ။ ဟောက်ရွှမ်းနဲ့ မဖြစ်ခဲ့တာပဲ တော်ပါသေးသည်။
"ရိပေါ် .... "
"ဟင်း ..... "
အသံပင်ထွက်မလာတော့တဲ့ ကလေးငယ်ကြောင့် သူ မျက်လုံးကို စုံမှိတ်လျက်ပင် Bathtub ထဲကို ဝင်လိုက်ရတော့သည်။
မှားယွင်းလက်စနဲ့ ဆက်ပြီးမှားယွင်းဖို့ပဲ ရွေးချယ်ခဲ့တာကြောင့် ဖြစ်လာမည့် ကံကြမ္မာကို သူရင်ဆိုင် ရန်တော့ အသင့်ဖြစ်နေခဲ့ပါသည်။
_____________________
နေရောင်ခြည်နုနုက မျက်နှာပေါ်ကျရောက်လာသည့် အချိိန် ရှောင်းကျန့် မျက်လုံးတွေပွင့်လာခဲ့သည်။ ရိပေါ်လေးကတော့ သူ့ဘေးနားမှာ အိပ်မောကျနေဆဲ ...။ မလွန်ဆန်နိုင်လို့ မှားခဲ့ရပေမယ့် ယူကြုံးမရခြင်းများစွာဖြင့် သူမျက်ရည်ကျရ၏။
ဖြူစင်လွန်းလှသည့် သူ့ရဲ့ ရိပေါ်လေးကို သူကိုယ်တိုင်ပဲ အရောင်ဆိုးခဲ့မိပြီ။
"အင့် ... "
နဖူးလေးကို ခပ်ဖွဖွ နမ်းလိုက်မိတဲ့အခါ အနည်းငယ် လူးလွန့်လာသော ကောင်လေးကို သူပြန်ပုတ်သိပ်ပြီးမှ အိပ်ရာပေါ်က ထလိုက်သည်။ မနေ့ကတည်းကနေမကောင်းဖြစ်ချင်နေသည့် သူဟာ Bathtubထဲ အကြာကြီးနေလိုက်ရ၍ တစ်ကိုယ်လုံးကိုက်ခဲနေသလို ... ။ ရိပေါ်လေးဆို သူ့ထက် ပိုဆိုးပါလိမ့်မည် ။ သူညင်ညင်သာသာလေးလုပ်ပေးခဲ့တာတောင် ပထမဆုံးအကြိမ်ဖြစ်တဲ့ ကလေးငယ်ဟာ ဘယ်လောက်တောင် နာကျင်နေရှာလိမ့်မလဲ ...။
"အာ့ .. "
"ရိပေါ် ... ဘယ်နားနာလို့လဲ"
မျက်နှာသစ်ပြီး သူ့အခန်းပြန်ဖို့လုပ်နေတုန်း ကုတင်ပေါ်က ထွက်လာသည့် အသံလေးကြောင့် ရှောင်းကျန့် ပျာရပြန်သည်။
"ဘယ်လိုပြန်ရောက်နေတာလဲ "
"ဟောက်ရွှမ်းအိမ်က ကိုကိုခေါ်ခဲ့တာ"
သူ ပြောတော့ ရိပေါ်က ရယ်သည်။ ညကအကြောင်း သိသွား၍လား မပြောတတ်ပေမယ့် ရိပေါ်ရဲ့ ရယ်သံက အသက်မပါ...။
"ခင်ဗျားလိုချင်တဲ့ ဝမ်ဟောက်ရွှမ်းနဲ့ ကျွန်တော်အိပ်ပြီးပြီ ... သူ ကျွန်တော့်ကို တာဝန်ယူရတော့မှာ "
"ရိပေါ်မင်း ဘာတွေပြောနေတာလဲ"
" သူ့အိမ်က သူ့အခန်းထဲ ကျွန်တော့်ကိုတွေ့ခဲ့တာမလား ... မနေ့ညက သူနဲ့ ကျွန်တော်ဖြစ်ခဲ့ကြပြီးပြီ ဘာလဲ မကျေနပ်ဘူးလား"
ရိပေါ်ဟာ ညတုန်းက သူနဲ့ ဖြစ်ခဲ့တာကို မမှတ်မိဘဲ ဟောက်ရွှမ်းနဲ့ ဖြစ်ခဲ့တာလို့ပဲ ထင်နေပုံရသည်။
ရိပေါ်ပြောနေတဲ့ စကားတွေအရ ရိပေါ်က ဟောက်ရွှမ်းနဲ့ အိပ်ဖို့ တမင်လုပ်ခဲ့ဟန် ...။
"ဆေးခပ်ခဲ့တာ မင်းလား"
"မကျေနပ်ဘူးလား"
"ဆိုးလိုက်တာ ရိပေါ်လေးရာ ... ဆိုးလိုက်တာ ... "
"ဖယ်စမ်းပါ ... "
သူ ရိပေါ်လက်မောင်းတွေကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်မိတော့ ရိပေါ်ဟာ ရုန်းဖယ်သည်။ သူ့ကို အရွဲ့တိုက်ချင် စိတ်တစ်ခုတည်းနဲ့ သူ့ရဲ့ ရိပေါ်လေးဟာ အကိုအရင်းဆီ ခန္ဓာကိုယ်တစ်ခုလုံးကို ပေးပစ်လိုက်တော့မလို့ပါတဲ့။ ရိပေါ်လေးကို အခုလို ဖြစ်စေသည့် တရားခံဟာ သူသာလျှင် ...။
"ဟောက်ရွှမ်းကို ချစ်လို့လား အခုလိုတွေလုပ်နေတာ ဟောက်ရွှမ်းကို ချစ်လို့လား ရိပေါ်"
"ကိုကိုတောင် ဦးလေးယန်ကိုချစ်လို့ ယူခဲ့တာလား ... ပိုက်ဆံမက်လို့ ယူခဲ့တာ မဟုတ်ဘူးလား"
သူ မျက်လုံးကို မှိတ်၍ ခေါင်းကို ဖြေးညှင်းစွာ ခါမိသည်။ ရိပေါ်ဟာ မှားသထက် မှားနေခဲ့လေပြီ။
သူဘာမှဆက်မပြောတော့ဘဲ ရိပေါ်အနားလေးကပ်ပြီး နဖူးလေးကို စမ်းလိုက်သည်။ သူထင်ထားသည့် အတိုင်း ရိပေါ်က ကိုယ်တွေ ပူနေခဲ့၏။
"ဆေးသောက်ရမယ် အရမ်းနာနေလား"
"ဟောက်ရွှမ်းကို ဖုန်းဆက်ရမယ်"
"ကိုကိုဆက်ပေးမယ် ... သူ့ကိုတာဝန်ယူစေချင်တာမလား ... အဆင်ပြေအောင် ကိုကို လုပ်ပေးမယ် ... အိပ်လိုက်ဦး အခု"
"ခင်ဗျားကို ဘယ်လိုစိတ်နဲ့ ယုံရမှာလဲ ... ဖယ်ပါ ကိုယ့်ဘာသာဆက်မယ်"
ပြောမရတဲ့ အဆုံး သူကပဲ ဖုန်းလေးကို လှမ်းယူကာ ရိပေါ်ဆီ လှမ်းပေးလိုက်သည်။ သူနဲ့ဖြစ်ခဲ့တာကို သိသွားရင်လည်း သူငြင်းစရာမှမရှိဘဲ ...။
သူ့ဆုံးဖြတ်ချက်တစ်ခုကတော့ ဟောက်ရွှမ်းအား အကိုယန်နဲ့ ရိပေါ် ပတ်သက်မှုကို ဖွင့်ပြောရမည် ဆိုတာပင် ... ။
"ကျစ် ... ဖုန်းလည်းမကိုင်ဘူး"
"ဒါကြောင့် အိပ်လိုက်ဦး ... နောက်မှ ကိုကို သူ့အဖိုးနဲ့ ကိုကို သွားဆွေးနွေးပေးမယ်"
"ခင်ဗျားဆွေးနွေးစရာမလိုဘူး ... ခင်ဗျားက ကျွန်တော့်အကို မဟုတ်ဘူး"
"အင်းပါ ... ဘာပဲဖြစ်ဖြစ် အိပ်လိုက်ဦး ... ကိုကို ဆန်ပြုတ်ပြုတ်ပြီး လာနှိုးမယ်လေနော်"
ခေါင်းလေးတွေကို ပုတ်ကာ ပြောလိုက်တော့မှ သူ့ကို တစ်ချက်စူးစိုက်ကြည့်ပြီး အိပ်ရာပေါ် ပြန်လှဲသွားတဲ့ ကလေးငယ်....။
သူအခန်းပြင် ထွက်လာခဲ့ပြီး သူ့အခန်းထဲရောက်တာနဲ့ နံရံကို လက်သီးဖြင့် ထိုးချလိုက်မိသည်။ သူ့ညီငယ်လေးအပေါ် ထားတဲ့ သူ့ရဲ့ ဖြူစင်မှုတွေက အရောင်တွေ စွန်းထင်းကုန်ခဲ့ပြီ ။ ရိပေါ်ထွက်သွားကတည်းက သူရအောင် တားလိုက်နိုင်ရင် အခုလို ဖြစ်စရာမရှိ ...။
"ရှောင်းကျန့် .... ဟာ ... ! ဘာဖြစ်လို့လဲ ... ငါမင်းတို့မနိုးသေးလို့ လာနှိုးတာ ..."
"ကျိုးချန်ရာ ..."
သူ ကုတင်ပေါ် အရုပ်ကြိုးပျက်ထိုင်ချမိတော့ ကျိုးချန်ဟာ အလိုက်သိစွာ အခန်းတံခါးကို လော့ချပြီး သူ့ဘေးဝင်ထိုင်၏။
"မနေ့ညကတည်းကမေးချင်နေတာ ရိပေါ်နဲ့ ဘာဖြစ်လာတာလဲ"
"ငါမှားခဲ့မိပြီ ... ငါ့လို ညစ်နွမ်းနေတဲ့ကောင်က ရိပေါ်လေးကို ... ငါ့ရဲ့ ရိပေါ်လေးကို .... "
"ဟာကွာ ... ဘယ်လိုတွေဖြစ်ကုန်ကြတာလဲ"
သူ တစ်ကိုယ်လုံးတုန်ယင်လာပြီး ဘာမှဆက်မပြောနိုင်ဘဲ ငိုချပစ်မိသည်။ ရိပေါ်လေး သိသွားတဲ့အခါ သူ့ဘေးက ထွက်သွားလေမလား စိုးရိမ်မှုတွေနဲ့အတူ သူ့ကိုယ်သူလည်း မုန်းတီးရပါသည်။
"ငါမှားတာ ... ငါတားရမှာ ... သူထွက်သွားကတည်းက ... ရိပေါ် ဆေးလည်းမိစရာအကြောင်းမရှိတော့ဘူး"
"ဟိုကောင် ဟောက်ရွှမ်းက ဆေးခပ်ခဲ့တာလား ... ငါတို့ရဲ့ ရိပေါ်လေးကိုလေ"
"မဟုတ်ဘူး ရိပေါ်က ... ရိပေါ်က ငါ့ကို ရွဲ့ချင်လို့တဲ့ "
သူပြောရင်း အသံတွေက တိမ်ဝင်သွားသည်အထိ ရင်နင့်လွန်းနေသည်။ ဖြစ်နိုင်ရင် ကိုယ့်ကိုယ်ကို သေကြောင်းကြံပစ်လိုက်ချင်၏။ ရိပေါ်လေး မရှိတဲ့နေရာဆီ ထွက်ပြေးလိုက်ချင်သည်။ တန်ဖိုးထားလွန်းရသည့် ညီငယ်လေးအပေါ် သူ ဘယ်လိုတောင် လုပ်ရက်ခဲ့ပါသည်လဲ ...။
"အခု ရိပေါ် အခြေအနေကရော"
"ဖျားနေတယ် ... ရိပေါ်က သူ့ကိုယ်သူ ဟောက်ရွှမ်းနဲ့ဖြစ်တယ်ပဲထင်နေတာ"
သူမျက်ရည်တွေကို ဆွဲသုတ်လိုက်ကာ ရိပေါ်အခန်းဆီ အမြန်ပြန်ပြေးလာခဲ့သည်။ ရိပေါ်လေးကတော့ ပူလောင်နေတဲ့ သူနဲ့ ဆန့်ကျင်ဘက်မှာ အိပ်မောကျလျက် ...။ သူသတ်သေပစ်ချင်ပေမယ့် သူမရှိသည့် အခါ ဒီကလေးငယ်ကို ဘယ်သူနဲ့ စိတ်ချရမှာတဲ့လဲ ...။ ဒီကောင်ငယ်လေး အရွယ်ရောက်တဲ့ အထိ သူရှင်သန်နေမှ ဖြစ်ပါလိမ့်မည်။
"နားလိုက်ဦးရှောင်းကျန့် ... ရိပေါ်ဖျားနေတယ်ဆို ငါဆန်ပြုတ်ပြုတ်လိုက်မယ်"
"ငါလုပ်မယ် ... "
ရိပေါ်လေးအကြိုက်ကို ကျိုးချန်ထက် သူက ပိုသိတာကြောင့် သူ ကိုယ်တ်ိုင်ပဲ လုပ်ပေးချင်သည်။ သူအလုပ်သွားဖို့လည်း မဖြစ်နိုင်၍ ညနေသူဌေးလျိုနဲ့ တွေ့ဖို့ ကိစ္စကိုလည်း ဖျက်ရပါဦးမည်။
"ရိပေါ်လေး ... ရိပေါ်"
"အင်း .... "
နေ့လည်ဘက်အထိ အိပ်နေသည့် ရိပေါ်ကို ရေပတ်တိုက်ပေးပြီးတာနဲ့ သူနှိုးလိုက်တော့ မျက်လုံးလေးတွေ ပွင့်လာခဲ့သည်။ မနှိုးချင်ပေမယ့် ဆေးတိုက်ရမှာဖြစ်၍ မနှိုးလို့မဖြစ် ...။
"ထဦး ... ဆေးသောက်ရမယ်"
"ဟောက်ရွှမ်းဖုန်းဆက်သေးလား"
ရိပေါ်ကတော့ နိုးလာတာနဲ့ ဟောက်ရွှမ်းကို မေးကာ ဖုန်းကို လှမ်းယူသည်။ ဖုန်းထဲမှ တစ်ခုခုကို မြင်သွား ပုံရသည့် ကလေးငယ်ဟာ အောက်နှုတ်ခမ်းကို ဖိကိုက်လျက် သူ့ကို နာနာကျည်းကျည်း ကြည့်ပြန်၏။
"ဘာလုပ်ထားပြန်ပြီလဲ ... ခင်ဗျား ဟောက်ရွှမ်းကို ဘာတွေ သွားပြောထားတာလဲ"
"ကိုကို ဘာမှမပြောဘူးလေ ... ဘာဖြစ်လို့လဲ"
"လမ်းခွဲကြမယ်တဲ့ ဟောက်ရွှမ်းက ... ဟောက်ရွှမ်းကလေ ... သူ ကျွန်တော့်ကို ဘယ်လောက်ချစ်လဲ သိလား ... သူသက်သက်မဲ့ အခုလိုတော့ လုပ်မှာမဟုတ်ဘူး"
ရှောင်းကျန့်ဘက်က ဘာမှမပြောရသေးဘဲ ဟောက်ရွှမ်းဆီမှ ဘာလို့ဒီလိုစကားထွက်လာရလဲဆိုတာ သူမသိ ...။ သေချာတာတစ်ခုကတော့ ဟောက်ရွှမ်းရဲ့ ဆုံးဖြတ်ချက်မှန်သည်။
"ခင်ဗျားလုပ်တာ ခင်ဗျားကြောင့် !"
"ကိုကို မလုပ်ဘူးရိပေါ် ... ကိုကိုဘာမှတောင်မပြောရသေးဘူး ... ဟင်း ... သူကအရင်ကတည်းက ရိပေါ်ခန္ဓာကိုယ်ကိုပဲလိုချင်တာဖြစ်မှာပေါ့"
"မဟုတ်ဘူး!!"
ရိပေါ်က ခေါင်းကို ခါယမ်းလျက် ခပ်ကျယ်ကျယ်အော်ဟစ်သည်။ သူရေးတဲ့ဇာတ်မဟုတ်ပေမယ့် အလိုက်သင့် သူကပေးနေခြင်းကသာ ပိုအဆင်ပြေနိုင်၏။ မနေ့ညက အဖြစ်အပျက်တွေအား ရိပေါ်မသိတာက ပိုကောင်းပါလိမ့်မည်။
"ဒါကဘာတွေလဲ "
"ဟင် ... "
ရိပေါ်လှမ်းပေးသည့် ဖုန်းကို ယူကြည့်လိုက်တော့ ဒီနေ့ရဲ့ Hot Search မှာ သတင်းနှစ်ခုက တစ်ပြိုင်တည်း တက်နေလျက် ....။ တစ်ခုက ယွင်အုပ်စုက ဝမ်ဟောက်ရွှမ်း နဲ့ စုန့်အုပ်စုက စုန့်ကျိရန်တို့ရဲ့ လက်ထပ်ပွဲ နှင့် နောက်တစ်ခု သူနဲ့ ကောင်လေးတစ်ယောက်ရဲ့ ပုံတွေ...။
ကောင်လေးတစ်ယောက်ဆိုသည်မှာလည်း တခြားသူမဟုတ် ...။ သူ့ရှေ့မှာ ထိုင်နေသည့် ရိပေါ်သာလျှင် ...။ မနေ့ကမိုးရေထဲမှာ ဖြစ်၍ ရိပေါ်နဲ့ သူ့ပုံစံက လုံးဝမသဲကွဲတာကြောင့် သူမဟုတ်ကြောင်း သူဌေးလျိုကို ကူပြီး ရှင်းခိုင်းတဲ့အခါ ဒီကိစ္စက အဆင်ပြေနိုင်သည်။
"ခင်ဗျားနဲ့သတင်းမထွက်ချင်ဘူး ... လူတိုင်းနဲ့ မရှောင်တွဲနေတဲ့ ခင်ဗျားနဲ့ သတင်းမထွက်ချင်ဘူး !"
"ကိုကိုလည်း ရိပေါ်ကို အဲ့လိုအဖြစ်မခံနိုင်ဘူးရိပေါ် ... ကိုကိုရအောင် ကာကွယ်မှာ ... ကိုကို ရိပေါ်ကို ... "
သူ့စကားမဆုံးသေးခင်မှာ ရိပေါ်က ကုတင်ပေါ်မှ ဆင်းဖို့လုပ်နေ၍ ရိပေါ်လက်တွေကို သူဆွဲကိုင်ထားလိုက်ရ၏။
"ဘယ်သွားမလို့လဲရိပေါ်"
"ဟောက်ရွှမ်းဆီ ... ဟောက်ရွှမ်းကို သွားရှင်းပြရမယ် ... ခင်ဗျားနဲ့ ကျွန်တော်က ဘာမှမဟုတ်ကြောင်း ... အခုကိစ္စကြောင့် သူလမ်းခွဲသွားတာ"
"မဟုတ်ဘူးနော် ရိပေါ် ... ဟိုကလက်ထပ်တော့မှာ မင်းကိုမချစ်လို့ တခြားသူနဲ့ လက်ထပ်တာပေါ့"
"မဟုတ်ဘူး ! သူ ကျွန်တော့်ကိုချစ်တယ်"
ရှောင်းကျန့် သက်ပြင်းချပြီး သူ့ရှေ့က ကောင်လေးကို ဆွဲပွေ့လိုက်သည့်အခါ ရင်ဘတ်ဆီက စူးခနဲ နာကျင်မှုကို ခံစားရသည်။ စိတ်မငြိမ်သေးသည့် ရိပေါ်ရဲ့ ဒေါသဖြေရာဟာ အနည်းငယ်ဟနေသော အင်္ကျီအောက်မှ သူ့ရင်ဘတ်သာ ....။
"ကိုကိုရဲ့ရိပေါ်လေးကရော ဟောက်ရွှမ်းကို ချစ်လို့လား"
"မချစ်လည်း သူတခြားသူနဲ့ လက်ထပ်လို့မရဘူး ... သူကျွန်တော်နဲ့ အိပ်ပြီးသွားပြီ"
"မေ့လိုက် ... "
သူ့ရင်ဘက်ကို လက်သည်းတွေနဲ့ ဆွဲကုတ်ထားတာကို မလွှတ်သေးတာကြောင့် သူပိုလို့ပင်နာကျင်လာသော်လည်း သူလည်းရိပေါ်ကို ဖက်ထားရာမှ မလွှတ်ပေးမိ ...။
"ကျွန်တော့်ရဲ့ အရင်ကိုကိုကို ပြန်ပေးပါ"
"ကိုကိုက ကိုကိုပါပဲ ရိပေါ်လေးရယ် ... မင်းရှေ့မှာရှိနေတဲ့ ကိုကိုက အရင်ကိုကိုပါပဲ"
"မဟုတ်ဘူး ... ! ကိုကိုမဟုတ်ဘူး ... ခင်ဗျားက ရွံစရာကောင်းတယ်"
ပြင်ပက ဒဏ်ရာထက် ရင်ဘတ်ထဲက ဒဏ်ရာက ပိုနာကျင်ရသည်။ မုန်းတာထက် ဆိုးရွားသည့် စကားလုံးကို ရိပေါ်က ပြောလာခဲ့သည့်အခါ မနေ့က ကိစ္စကို မျက်လုံးထဲပြေးမြင်၏။
"အခု ကိုကို့ရဲ့ရိပေါ်လေးက နေမကောင်းဘူးလေနော် ... အရင်ဆုံး နားဦးနော်"
"ဟား ... ဟောက်ရွှမ်းဘယ်သူနဲ့ယူယူ ခင်ဗျားမရဖို့က အဓိကပဲ ... ကျေနပ်တယ် ... ကျွန်တော် သိပ်ကျေနပ်တယ်... ခင်ဗျားမက်မောနေတာတွေ စုန့်ကျိရန်ဆီ ရောက်တော့မှာ"
"ကိုကို့ရဲ့ ရိပေါ်လေး ကျေနပ်တယ်မလား ... ရပြီ ... ကိုကို့ရဲ့ ရိပေါ်လေး ကျေနပ်တာနဲ့ ရပြီ"
သူ့စကားကို မတုန့်ပြန်ဘဲ ကုတင်ပေါ်ပြန်တက်ကာ လှဲအိပ်နေသည့် ရိပေါ်ကို ပွေ့ပြီး ပြန်ထူလိုက်သည်။ ကျေနပ်တယ် ဆိုတဲ့ ကောင်လေးက အခုတော့ မျက်ရည်တွေဖြင့် ...။
"မထိနဲ့ ..."
"ဆန်ပြုတ်အရင်သောက်ပြီး ဆေးသောက်ရမယ်"
"မသောက်ဘူး !"
ရိပေါ်က ဆန်ပြုတ်ပန်းကန်ကို တွန်းဖယ်လိုက်တော့ ဖိတ်ကျသွားတဲ့ ဆန်ပြုတ်တစ်ချို့နဲ့ အတူ လူကပါ မိုက်ခနဲ ...။ ယိုင်ထွက်သွားပြီး လဲကျတော့မလို ဖြစ်သွားသည့် သူ့အား လှမ်းဆွဲတဲ့လက်တစ်စုံကြောင့် လူက ကုတင်ပေါ် ဖင်ထိုင်ရက် ကျသွားခဲ့သည်။
"ကိုကို ... !"
"ကိုကို ဘာမှမဖြစ်ဘူး ရတယ် ... "
ခေါင်းထဲက မူးနောက်မှုတွေဟာ ရိပေါ်ရဲ့ ခေါ်သံလေးတစ်ခုတည်းနဲ့ ပျောက်ကင်းကုန်သည်။ ဒီတစ်ခါတော့ သူပဲရှိသည့်အတွက် သူ့ကိုခေါ်တယ် ဆိုတာ သေချာပေါက်ပင် ...။
"ကိုကို ဒီမှာ ခဏအိပ်လို့ရတယ်မလား ... ခဏလောက်ပဲ ကိုကို့ရဲ့ရိပေါ်လေးကို ဖက်ထားချင်လို့"
"မရဘူး ... နေမကောင်းရင်လည်း ကိုယ့်အခန်းကိုယ်ပြန်အိပ်"
"ခဏလေးပါ ကိုကို့ရဲ့ရိပေါ်လေးရယ် ... လိမ္မာပါတယ်"
"မရဘူး ... မရဘူးလို့ အင့် ... "
သူဘာမှမပြောတော့ဘဲ ရိပေါ်လေးကိုပါ လှဲအိပ်စေကာ အတင်းအကြပ်ပွေ့ဖက်ထားလိုက်၏ ။ သူ့ရင်ဘတ်ဆီ ရိုက်ခက်လာသည့် ရိပေါ်ရဲ့ ဝင်သက်ထွက်သက်တွေက ခပ်နွေးနွေး ...။ ရုန်းမနေတော့သော ခန္ဓာကိုယ်ကလေးကြောင့် သူခဏတာအိပ်စက်ဖို့ လုပ်ရသည်။ မအိပ်ရတဲ့ ညတွေ သူ့မှာ ဘယ်လောက်တောင် များခဲ့လဲ ...။
"ကိုကိုအရမ်း ပင်ပန်းတာပဲ ကိုကို့ရဲ့ ရိပေါ်လေးရယ်"
သူ့အား ဘာမှပြန်မပြောသည့် ရိပေါ်ဟာ လက်ကလေးတွေဖြင့် သူ့ခါးဆီဖက်တွယ်လာလေသည်။ သူ့အားရွံရှာနေတဲ့ ကလေးငယ်ဆီမှာ သူ့အတွက်သံယောဇဉ်လက်ကျန်လေးတော့ ရှိသေးသည် ထင်၏။ အရောင်စွန်းခါစမေတ္တာတွေကို အဖြူထည်သက်သက်ပြန်စစ်ယူနေဆဲ အချိန်မှာပဲ ထိုမေတ္တာတွေဟာ အမည်းစက်တွေနဲ့ နောက်ကျိသွားခဲ့လေပြီ။
_______________________
ဆက်ရန် ။
အရေးအသားအများကြီးလိုအပ်နေတယ်မလား ... ။ ဖတ်ရတာအဆင်မပြေရင်ပြောကြပါဦး 🥺
Zawgyi
"လက္မခံနိုင္ဘူး"
သူ နဲ႔ ခ်ီရင္ ႏွစ္ေယာက္သာ ရွိေနေသာ ႐ုံးခန္းက်ယ္ထဲ ခ်ီရင့္ အသံဟာ ဟိန္းခနဲထြက္လာခဲ့သည္။
"ခ်ီရင္ရယ္ ... မင္းကဒီမွာအေတာ္ဆုံးေလ အခုအသစ္ကေလးေတြကို မင္းကပဲ လက္တြဲေခၚရမွာေပါ့ ... "
"ကၽြန္ေတာ္အဲ့ေလာက္ အားမေနဘူးေလ ... သူတို႔ကို အကသင္ေပးရေလာက္ေအာင္ အားမေနဘူး "
"ခ်ီရင့္မွာ ဒီလ Schedule ေတြနည္းေနတာပဲ ... ရိုက္ကူးေရးလည္းၿပီးသြားၿပီမလား"
သူေျပာေတာ့ ခ်ီရင္က ေခါင္းခါသည္။ စေတြ႕ခ်ိန္ကေန အခုခ်ိန္အထိ ခ်ီရင္ဟာ ဘာမွေျပာင္းလဲသြားတာမရွိ ...။ အရင္လိုပဲ ဂ်စ္ကန္ကန္ျဖင့္ သူ႔အား ဖီဆန္ေနဆဲ ...။
"ဘာလဲ ခင္ဗ်ားက အခုဒီမွာရွိတဲ့သူေတြ အကုန္နဲ႔ နာမည္ထြက္ၿပီးသြားၿပီဆိုေတာ့ အသစ္ေတြကို ေအာင္ျမင္ေအာင္လုပ္ေပးၿပီး ထပ္ၿပီးခင္ဗ်ားနဲ႔ နာမည္ထြက္ေအာင္လုပ္ဦးမလို႔လား"
"စကားေျပာဆင္ျခင္စမ္း!! "
ေရွာင္းက်န္႔ ေဒါသတႀကီး ေအာ္ပစ္လိုက္သည္။ မဟုတ္မမွန္သတင္းေတြနဲ႔ ခ်ီရင္ဟာ သူ႔ကိုေစာ္ကားေနဆဲ ...။ အခုလို သတင္းေတြထြက္ေအာင္လုပ္တာလည္း ခ်ီရင္ ကိုယ္တိုင္သာ ...။
သူကေတာ့ ဘယ္သူနဲ႔ပဲ သတင္းထြက္ထြက္ သူ႔ဘက္မွာ သူေဌးလ်ိဳ နဲ႔ ရွင္းအုပ္စုရဲ့ အင္အားႀကီးမားမႈက အျမဲရွိေန၍ ဘယ္ေတာ့မွ မလဲၿပိဳသြား....။
"မင္းမနာလိုေနတာ ငါသိတယ္ ... မင္းထက္သာသြားၿပီဆိုရင္ အဲ့ဒီ့လူကို ငါနဲ႔သတင္းထြက္ေအာင္လုပ္ၿပီး ဆြဲခ်ပစ္တာေလ ... "
"ကၽြန္ေတာ္က ပိုက္ဆံအမ်ားႀကီးရွာေပးေနတာပဲ ခင္ဗ်ားဘက္က အသစ္ေတြတင္ၿပီး ဘာလို႔ေလာဘတက္ေနတာလဲ ... "
သူတို႔ ကုမၸဏီအတြက္ ခ်ီရင္က အေရးပါဆုံးလူ ဆိုတာမွန္ေပမယ့္ ခ်ီရင္တစ္ေယာက္တည္းနဲ႔လည္း မျဖစ္ပါ...။ ရွင္းအုပ္စု နဲ႔ ခ်ီရင္ရဲ့ စာခ်ဳပ္သက္တမ္းကလည္း ႏွစ္ႏွစ္ေလာက္သာ က်န္ေတာ့သည္။ သက္တမ္းကုန္တာနဲ႔ သူဆက္စာခ်ဳပ္မခ်ဳပ္ဖို႔ေတြးထားတာေၾကာင့္ ေနာက္ကေလးေတြက ေသခ်ာေပါက္ ေအာင္ျမင္ဖို႔လို၏။
"မင္းမသင္ေပးခ်င္လည္းရတယ္ ခ်ီရင္ ... တျခားက မင္းထက္ေတာ္တဲ့သူေတြ ငါတို႔ငွါးလိုက္မယ္ ... အခုက မင္းကိုပါ အရာေရာက္ေစခ်င္လို႔ ေျပာၾကည့္တာပါ ... "
"ဝမ္ ဘယ္မွာလဲ "
သူ ခုံေပၚကထၿပီး အကၤ်ီရဲ့ အစြန္းႏွစ္ဖက္ကို ဆြဲျဖန္႔ေနတုန္း ခ်ီရင့္ဆီမွ ထြက္လာသည့္ အသံေၾကာင့္ သူ႔လႈပ္ရွားမႈေတြရပ္တန္႔သြားသည္။ ရိေပၚထြက္သြားၿပီး ႏွစ္လေလာက္အထိ ခ်ီရင္ဟာ ရိေပၚကို ေမးေနခဲ့ေသာ္လည္း က်န္တဲ့ရက္ေတြမွာ မေမးေတာ့၍ ေမ့သြားၿပီဟု သူထင္ခဲ့၏။ အခုရိေပၚျပန္လာသည့္ အခ်ိန္မွ ႐ုတ္တရက္ ျပန္ေမးလာတာေၾကာင့္ သူအနည္းငယ္ ထိန္႔လန္႔မိတာကေတာ့ အမွန္ပင္။
"ဝမ့္ကိုေတြ႕ခဲ့တယ္"
"ဘယ္မွာလဲ ... "
"ဘယ္မွာျဖစ္ျဖစ္ေလ ... ဝမ့္ကို ခင္ဗ်ားဖြက္ထားတယ္ထင္ေနတာ တကယ္ေတာ့မဟုတ္ဘူးပဲ ... ဘာလဲ ခင္ဗ်ားက ဝမ့္ကို စားၿပီး စြန္႔ပစ္ခဲ့တာလား ... "
ခ်ီရင္ေျပာေနသည့္ စကားေတြကို သူနားမလည္၍ မ်က္ခုံးပင့္ကာ ျပန္ၾကည့္လိုက္သည္ ။ အခုတေလာ ညဥ့္နက္မွျပန္လာတတ္သည့္ ရိေပၚေလးကိုလည္း သူမတားနိုင္သျဖင့္ ပိုလို႔ပင္ စိုးရိမ္ရပါသည္။
"ဘယ္မွာေတြ႕ခဲ့တာလဲ"
"ဘယ္မွာျဖစ္ျဖစ္ေပါ့ ... အခုေတာ့မေျပာေသးဘူး ေနာက္မွ ကၽြန္ေတာ့္ခ်စ္သူအျဖစ္ ေခၚလာၿပီးျပမယ္ေလ"
သူနဲ႔ ရိေပၚ ပတ္သက္မႈကို မသိဘဲ ထင္ရာေတြ စြတ္ေျပာကာ အခန္းထဲက ထြက္သြားသည့္ ခ်ီရင့္ကို ၾကည့္ရင္း ေရွာင္းက်န္႔ သက္ျပင္းခ်မိ၏။ ခ်ီရင္က ရိေပၚသူ႔အနားမွာ ျပန္ေရာက္ေနတာလည္း သိပုံမေပၚ... ။ ဘာပဲျဖစ္ျဖစ္ ရိေပၚကို ဒီထက္ပိုၿပီး ထိန္းခ်ဳပ္ရေတာ့မည္ ...။
"ေဒါက္ ေဒါက္ "
"ဝင္ခဲ့ပါ"
ခ်ီရင္ထြက္သြားသြားခ်င္း သူေဌးလ်ိဳဟာ အခန္းတံခါးေခါက္သံနဲ႔ အတူ သူ႔႐ုံးခန္းထဲ ဝင္လာ၏။ သူေဌးလ်ိဳက အေရးတႀကီးေျပာစရာမရွိရင္ သူ႔႐ုံးခန္းအထိမလာတတ္....။ အခုေရာက္လာသည္မွာလည္း အေရးႀကီးကိစၥတစ္ခုခုေၾကာင့္သာ ျဖစ္ပါလိမ့္မည္။
"ထိုင္ပါ သူေဌးလ်ိဳ ... ဘာေသာက္မလဲ ... ကၽြန္ေတာ္လွမ္းေျပာလိုက္မယ္"
"မေသာက္ေတာ့ဘူး ေရွာင္းက်န္႔"
သူ႔ေရွ႕မွာ ဝင္ထိုင္လ်က္ အျပဳံးေလးျဖင့္ ျငင္းဆန္လာသည့္ သူေဌးလ်ိဳကို သူေခါင္းၿငိမ့္ျပလိုက္သည္။
"ခ်ီရင္ထြက္သြားတာေတြ႕လိုက္တယ္ ဘယ္လိုလဲ အသစ္ကိစၥအဆင္ေျပလား"
"မေျပပါဘူး သူေဌးလ်ိဳ ..."
"ေရွာင္းက်န္႔ကို ကိုယ္ေကာင္ေလးတစ္ေယာက္နဲ႔ မိတ္ဆက္ေပးခ်င္တယ္ မနက္ျဖန္ညေလာက္ အားလား"
ေရွာင္းက်န္႔က နားမလည္စြာ ျပန္ၾကည့္ေတာ့ သူေဌးလ်ိဳကရယ္သည္။
"ေကာင္ေလးဆိုတာ ေရွာင္းက်န္႔အတြက္မဟုတ္ပါဘူး Company အတြက္ပါ ... အခု ေတြ႕ထားတဲ့ေကာင္ေလးက ေသခ်ာေပါက္ေအာင္ျမင္နိုင္တယ္ ... သူ႔ရဲ့အရည္အခ်င္းေတြကို ကိုယ္ေတြ႕ခဲ့ရလို႔"
"ကၽြန္ေတာ္ အားပါတယ္ ေတြ႕ၾကည့္မယ္ေလ"
သူေဌးလ်ိဳအတြက္ သူ႔အခ်ိန္မေပးနိုင္စရာ မရွိသလို ဒီကိစၥကလည္း ျငင္းဆန္စရာ မဟုတ္ ...။ သူေဌးလ်ိဳရဲ့ေက်းဇူးေတြနဲ႔ သူေဌးလ်ိဳအေပၚ အားနာစရာေတြ သူ႔မွာ သိပ္မ်ားသည္။ သူ႔ကိစၥေတြကို ဝင္ေျဖရွင္းေပးေနသည့္ သူေဌးလ်ိဳဟာလည္း သူနဲ႔ သတင္းေတြထြက္ေနတဲ့ သူေတြထဲက လူတစ္ေယာက္ပင္ ...။ ႏွစ္ေယာက္စလုံးကေတာ့ ျငင္းဆန္ထားေပမယ့္ သူတို႔သတင္းေတြက အခုခ်ိန္ထိ ပ်ံ႕ႏွံ့ေနဆဲ ...။
အခု ေကာင္ေလးကိုလည္း သူေဌးလ်ိဳႀကိဳက္တယ္ဆိုရင္ သူလည္း ႀကိဳက္မွာ မလြဲမေသြ ...။ သူမႀကိဳက္ဘူးဆိုရင္ေတာင္ ေတြ႕ၾကည့္လိုက္တာလည္း မမွားနိုင္ပါ ...။
"အခုျပန္ေတာ့မွာလား"
"ဟုတ္ကဲ့ ..."
"ေသခ်ာျပန္ေနာ္ အျပင္မွာ မိုးေတြက်ေနတယ္ ... ကိုယ္လည္းျပန္ၿပီ"
သူေဌးလ်ိဳေျပာမွ သူအျပင္ဘက္ကို လွမ္းၾကည့္မိသည္။ မိုးစက္မိုးေပါက္ေတြက က်ေနတာေၾကာင့္ သူမ်က္ေမွာင္ကို ၾကဳံလိုက္၏။ မိုးရြာတာကို သူမႀကိဳက္သလို မိုးေရထဲ သြားရတာကိုလည္း သူမႏွစ္ၿမိဳ႕ ...။
"ရိေပၚကို ငါသြားႀကိဳလိုက္မယ္ ... သူ႔ကို ဖုန္းဆက္ၿပီး သင္တန္းနားက Coffeeဆိုင္ေရွ႕မွာ ေစာင့္ေနမယ္ေျပာထားလိုက္"
ရိထန္ဆီ Message တစ္ေစာင္ လွမ္းပို႔ၿပီးတာနဲ႔ ႐ုံးကေနထြက္လာကာ ရိေပၚ တက္ေနတဲ့ သင္တန္းဆီ ဦးတည္ခဲ့သည္။ ရိေပၚျပန္လာကတည္းကေန အခုထိ စီးပြါးေရးနဲ႔ ပက္သတ္တဲ့ သင္တန္းေတြထားတာကို ရိေပၚက သေဘာက်ပုံမေပၚေသာ္လည္း မျငင္းခဲ့ ...။ လြန္ခဲ့တဲ့ အပတ္ကစၿပီး သင္တန္းက အျပန္ ေဟာက္ရႊမ္းနဲ႔ အတူတူ အျပင္ထြက္သြားတတ္တာကလြဲရင္ ရိေပၚက သူ႔အမိန္႔ေတြကို နာခံ၏။
"ဟယ္လို ... ရိထန္လား ရိေပၚကဘာလို႔မလာေသးတာလဲ"
"သူ႔ကို ကၽြန္ေတာ္ေျပာထားတယ္ အကိုေရွာင္းက်န္႔"
သူ ကားရပ္ၿပီးေစာင့္ေနတာ ေတာ္ေတာ္ၾကာေနေပမယ့္ ရိေပၚေရာက္မလာေသး၍ ရိထန္ဆီ ဖုန္းထပ္ဆက္ရသည္...။ ရိေပၚဆီေတာ့ ဖုန္းဆက္လို႔မရ ...။ ရိေပၚဟာ သူ႔ဖုန္းမွန္းသိၿပီးကတည္းက Blacklistထဲ ထည့္ထားခဲ့သည္မွာ ၾကာခဲ့ေလၿပီ။
"ငါလိုက္ရွာလိုက္မယ္"
မိုးသည္းေနမႈေၾကာင့္ အရင္ကတည္းကလူရွင္းတဲ့ ေနရာေလးက အခုဆိုရင္ လူတစ္ေယာက္မွ မရွိ...။ ေရွာင္းက်န္႔ဖုန္းခ်လိုက္ၿပီး ကားေပၚက ထီးေလးကို ယူကာ အျပင္ထြက္လိုက္သည္။ အခ်ိန္အခါမဟုတ္ ရြာေနတဲ့မိုးကလည္း ေတာ္ေတာ္နဲ႔ စဲမည့္ပုံမေပၚ ...။ မိုးစက္ေတြနဲ႔ အတူ ေလပါပါေန၍ သူ႔ထီးေလးမလန္သြားေအာင္လည္း ေတာ္ေတာ္ ထိန္းေနရ၏။
"ဝမ္ ... !"
သင္တန္းနားက လူရွင္းတဲ့ေနရာေလးမွာ မိုးခိုေနသည့္ ကေလးငယ္ကို ျမင္တာနဲ႔ သူအျမန္ေျပးသြားမိသည္။ လူမရွိေပမယ့္ အျပင္ေနရာျဖစ္ေနတာေၾကာင့္ ရိေပၚလို႔ေတာ့ သူမေခၚျဖစ္...။
"ရိထန္မေျပာဘူးလား "
"ေျပာတယ္ ခင္ဗ်ားနဲ႔ မျပန္ခ်င္လို႔"
"အခုလိုလုပ္ေတာ့ ေအးေနမွာေပါ့ ... ထီးလည္း မပါဘူးမလား ... ျပန္ၾကမယ္"
ရိေပၚက သူ႔စကားကို လက္မခံဘဲ သူ႔လက္ေတြကို အားနဲ႔ တြန္းဖယ္လိုက္သျဖင့္ သူ႔လက္ထဲက ထီးကေလးဟာ မိုးေရထဲ လြင့္ထြက္သြားခဲ့သည္။ ကားဆီအျပန္လမ္းမွာ သူ႔ရဲ့ ရိေပၚေလး မိုးစိုမွာ စိုးတာေၾကာင့္ မိုးေရထဲက ထီးေလးကို အျမန္ေျပးေကာက္ရေသး၏။
"ျပန္ရေအာင္ "
"မျပန္ဘူး "
"မိုးေတြရြာေနတာကြာ ... လာပါ ျပန္ရေအာင္"
"ကၽြန္ေတာ္မျပန္ဘူးလို႔ေျပာေနတာ ဘာျဖစ္ေနတာလဲ ... ခင္ဗ်ားဘာသာျပန္ဗ်ာ ... "
အရင္အေျခအေနဆို သူထားခဲ့ၿပီး ရိထန္ကို ျပန္ေခၚခိုင္းဖို႔ လုပ္မိမွာ ေသခ်ာပါသည္။...။ အခုအခ်ိန္မွာေတာ့ မိုးသည္းေန၍ ရိေပၚေလးကို သူဒီအတိုင္း မထားခဲ့နိုင္...။
"ရိေပၚ"
"ေဟာက္ရႊမ္း .... "
သူတို႔အနားဆီေျပးလာသည့္ ေဟာက္ရႊမ္းက ႐ုတ္တရက္ေရာက္လာတာမဟုတ္ဘဲ ရိေပၚဖုန္းဆက္ထားျခင္းေၾကာင့္ျဖစ္နိုင္သည္။ ေဟာက္ရႊမ္းေရာက္လာတာနဲ႔ သူ႔လက္ထဲက ရိေပၚလက္ကေလးဟာ လြတ္ထြက္သြားၿပီး ေဟာက္ရႊမ္းလက္ထဲ ေရာက္သြား၏။
"ကိုကို ... ငါေအးေနၿပီ သြားရေအာင္ "
"ကိုကို ?"
မိုးသံေတြနဲ႔ ဆူညံေနတဲ့ ပတ္ဝန္းက်င္ဟာ ႐ုတ္တရက္တိတ္ဆိတ္သြားသလို ...။ ရိေပၚက ေဟာက္ရႊမ္းကို ကိုကို လို႔ေခၚလိုက္သည္တဲ့ ...။ သူ႔ရဲ့ ရိေပၚေလးက သူ႔ကိုေခၚေနက် နာမ္စားေလးကို တျခားသူကို ေခၚလိုက္ပါသည္တဲ့ ...။ သူ႔ႏွလုံးသားၾကားမွ နာက်င္လာကာ သူ႔ရင္ထဲလည္း ပူေလာင္လာသည္။
ေဟာက္ရႊမ္းနဲ႔ ရိေပၚဟာ ခ်စ္သြားလို႔မွ မရေလဘဲ ...။
"လိုက္ခဲ့ ရိေပၚ"
႐ုတ္တရက္ ျဖစ္၍ ထင္သည္ ... ။ သူ႔လွမ္းဆြဲလိုက္သည့္ ရိေပၚ ကိုယ္ေလးက သူ႔ ရင္ခြင္ထဲ ေစြ႕ခနဲ ...။
"ငါတို႔ ရွင္းစရာရွိေသးလို႔ မင္းျပန္ေတာ့ ေဟာက္ရႊမ္း ..."
"ကၽြန္ေတာ့္မွာ မရွိဘူး ... "
"ခင္ဗ်ား ဘယ္လိုျဖစ္ေနလဲ ေရွာင္းက်န္႔ ... ရိေပၚေအးေနၿပီမို႔လို႔ လႊတ္လိုက္ ... ကၽြန္ေတာ္ အိမ္ျပန္ပို႔ေပးမယ္ ... အိမ္ေရာက္မွရွင္း"
ေဟာက္ရႊမ္းက ထီးကိုရိေပၚထံမိုးေပးလ်က္ ေျပာလာတာေၾကာင့္ သူလက္ေတြကို ေလ်ာခ်လိုက္သည္။ မိုးစက္ေတြက သူတစ္ကိုယ္လုံးရႊဲေနေပမယ့္ ပူေလာင္ျခင္းေတြဟာေတာ့ ေပ်ာက္ကြယ္မသြား ...။ ေဟာက္ရႊမ္းသာ တျခားသူဆိုရင္ သူကိုယ္တိုင္ ရိေပၚေလးကို ေဟာက္ရႊမ္းလက္ထဲ ထည့္ေပးမိမွာ အမွန္ ...။
အခုအခ်ိန္မွာေတာ့ ေဟာက္ရႊမ္း နဲ႔ ရိေပၚဟာ အကိုယန္ ရဲ့ ေသြးေတြ စီးဆင္းေနတဲ့ ညီအစ္ကို အရင္းအခ်ာေတြ ...။
"အိမ္ကိုေသခ်ာျပန္ပို႔ေပးပါ"
"ေသခ်ာေပါက္ ပို႔ေပးပါ့မယ္ ... ခင္ဗ်ားစိတ္ခ်ပါ"
ေဟာက္ရႊမ္းရဲ့ေပြ႕ဖက္မႈၾကား ပါသြားသည့္ ရိေပၚကို ေငးၾကည့္ရင္း စိုရႊဲေနတဲ့ ဆံပင္ေတြၾကားထဲ သူ႔လက္ေခ်ာင္းေတြကို ထိုးထည့္ကာ မ်က္ရည္ေတြကို က်ဆင္းခြင့္ ေပးမိသည္။
အေတာင္စုံေတာ့မည့္ ငွက္ကေလးရဲ့ ခိုနားရာဟာ သူ႔ရင္ခြင္မဟုတ္မွန္း သိပါေသာ္လည္း မုန္တိုင္းထန္မယ့္ လမ္းကို ပ်ံသန္းေစလို႔မွမျဖစ္ေလဘဲ...။
မခမ္းနားရင္ေတာင္မွ အေကာင္းဆုံးျဖစ္တဲ့ မနက္ျဖန္ေတြကိုသာ သူ႔ရဲ့ရိေပၚေလးအတြက္ ဖန္တီးေပးခ်င္ပါသည္။
အျပန္မရွိမယ့္ သူ႔ေမတၱာတရားေတြရဲ့ သြားရာလမ္းကေတာ့ လွပပါေစ ....။
___________________
အိမ္ရဲ့ ဧည့္ခန္းထဲ လူေလးေယာက္ရွိေနေပမယ့္ အခန္းထဲရွိ ေလထုကအစ တိတ္ဆိတ္ၿငိမ္သက္စြာ ...။ ရိေပၚေရာ သူပါ အကၤ်ီေတြစိုရႊဲေနၿပီး ေဟာက္ရႊမ္းကေတာ့ သိပ္ၿပီး စိုမေန ...။ အျပင္ဘက္မွာေတာ့ မိုးေတြက ဆက္ၿပီး ရြာသြန္းေနဆဲ ....။
"ကိုကို ... "
ရိေပၚဆီက ထြက္လာသည့္ အသံေလးေၾကာင့္ သူျပန္ေျဖမလို႔လုပ္လိုက္ၿပီးမွ သူ႔ကိုယ္သူ ျပန္ထိန္းလိုက္သည္။ သူ႔ရင္ထဲကနာက်င္မႈကိုေတာ့ သူကိုယ္တိုင္သာသိ၏။
"မင္းျပန္ေတာ့ေလ ... "
"မျပန္နဲ႔ဦး ... ငါေျပာစရာရွိေသးတယ္"
သူ႔စကားအဆုံး ေဟာက္ရႊမ္းက သူ႔ကို ၾကည့္သည္။ ရိေပၚကလည္း သူ႔ကို ၾကည့္ေနသလို က်ိဳးခ်န္ကလည္း သူေျပာလာမွာကို နားစြင့္ေနလ်က္ ...။
"မင္းတို႔မျဖစ္ဘူး ... "
"အေၾကာင္းအရင္း .... "
"ရိေပၚက ငါ့ညီျဖစ္လို႔ မင္းနဲ႔မျဖစ္ဘူး ... ငါ အခုေျပာေနတာ ရိေပၚအကိုအေနနဲ႔ေရာ မင္းအေဖနဲ႔ လက္ထပ္ထားတဲ့ သူတစ္ေယာက္အေနနဲ႔ပါေျပာေနတာ"
သူေျပာေတာ့ ေဟာက္ရြမ္းရဲ့ ခပ္တိုးတိုးရယ္သံက ပ်ံ႕လြင့္လာခဲ့သည္။ သူဘယ္လိုပဲေျပာေျပာ ေရွ႕ဆက္တိုးမယ့္ပုံေပၚေန၍ သူ႔မွာ စကားလုံးေတြ ေပ်ာက္ရွကုန္၏။
"ဘယ္သူက ကၽြန္ေတာ့္အကိုလဲ ... ဘယ္သူ ကၽြန္ေတာ့္အကို မို႔လို႔ ကၽြန္ေတာ့္ ဘဝအေရးမွာ ဝင္ပါေနတာလဲ"
"ရိေပၚ ... ကိုကိုမျဖစ္ဘူးဆို မျဖစ္ဘူးေလ "
"အကိုအရင္းမွ မဟုတ္တာ ... ေဟာက္ရႊမ္းအေဖကိုယူထားရင္ေတာင္ ခင္ဗ်ားက ကၽြန္ေတာ့္အကို႔အရင္းမွမဟုတ္တာ ေရွာင္းက်န္႔ရဲ့ "
သူတို႔ႏွစ္ေယာက္အေၾကာင္းကို အခုမွ သိရတဲ့ ေဟာက္ရႊမ္းဟာ အံ့ဩသည့္ မ်က္လုံးေတြျဖင့္ ရိေပၚကို ေငးၾကည့္ေနခဲ့သည္။ ရိေပၚဆီက ခပ္စိမ္းစိမ္းစကားေတြကို ၾကားရသည့္အခါ သူ႔ႏွလုံးသားက ခံနိုင္ရည္္မရွိစြာ မ်က္ရည္က်ခ်င္၏။
"ေဟာက္ရႊမ္း .... မင္းလမ္းခြဲေပးပါ ... ငါေတာင္းဆိုပါတယ္ "
"ကိုကို ... မင္းသူ႔စကားနားေထာင္စရာမလိုဘူး ... မင္းလည္း ငါ့ကိုခ်စ္တယ္မလား ငါလည္းမင္းကိုခ်စ္တယ္ ၾကားလူေတြကို ဂ႐ုစိုက္မေနနဲ႔"
"ခင္ဗ်ားက ရိေပၚရဲ့ အကိုအရင္းထင္လို႔ ထပ္စဥ္းစားဦးမလို႔ပါပဲ ... အခု ကၽြန္ေတာ္စဥ္းစားစရာမလိုေတာ့ဘူး ေရွာင္းက်န္႔"
"ေဟာက္ရႊမ္း .... "
ဘာမွဆက္ရွင္းျပလို႔မရတဲ့ အေျခအေနမွာ သူေနာက္ဆုံးအေနနဲ႔ ႀကိဳးစားၾကည့္ဖို႔က ဒီတစ္နည္းသာ ရွိသည္။ သူ ခုံေပၚထိုင္ေနရာမွ ေဟာက္ရႊမ္းေရွ႕ ဒူးေထာက္လိုက္ေတာ့ မယုံၾကည္နိုင္မႈေတြ လႊမ္းေနသည့္ မ်က္ဝန္းေတြဟာ သူ႔ထံက်ေရာက္လာလ်က္ ...။
"ရိေပၚေလးနဲ႔ လမ္းခြဲေပးပါ"
"ဘာလို႔လဲ ... ဘာလို႔လဲလို႔ !!! ခင္ဗ်ားက ဘာလို႔လိုက္ခြဲေနတာလဲလို႔ ...!! ခင္ဗ်ားေတာင္ ဦးေလးယန္နဲ႔ လက္ထပ္ေသးတာပဲ ... ကၽြန္ေတာ္ကဘာလို႔ ေဟာက္ရႊမ္းနဲ႔ မတြဲနိုင္ရမွာလဲ !! ခင္ဗ်ားက တစ္ကိုယ္ေကာင္းသမားပဲ ေရွာင္းက်န္႔!"
"ရိေပၚ ... ေတာ္ေတာ့ ... "
လက္ထဲက ေက်ာပိုးအိတ္နဲ႔ သူ႔အားထုရိုက္ေနသည့္ ရိေပၚက ေဟာက္ရႊမ္းနဲ႔ က်ိဳးခ်န္ဝင္တားမွ ရပ္တန္႔ကာ ေဒါသတႀကီး အေပၚတက္သြားသည္။
"ကၽြန္ေတာ္စဥ္းစားေပးမယ္ ခင္ဗ်ားဘက္က အေၾကာင္းအရင္းခိုင္လုံရင္ ကၽြန္ေတာ့္ဘက္က စဥ္းစားေပးမယ္ ... အခုေတာ့ျပန္လိုက္ပါဦးမယ္"
ေဟာက္ရႊမ္းထြက္သြားေတာ့ က်ိဳးခ်န္က သက္ျပင္းခ်လ်က္ သူ႔ကို ေပြ႕ဖက္လာခဲ့သည္။ တင္းထားသည့္ စိတ္အစုံကို လႊတ္ခ်ရင္း က်ိဳးခ်န္ ပုခုံးထက္ သူ အားရပါးရ ငိုေႂကြးမိ၏။ က်ိဳးခ်န္ေတာင္မသိသည့္ ကိစၥတစ္ခုကို ေဟာက္ရႊမ္းအား ေျပာျပဖို႔လည္း မျဖစ္နိုင္ ...။
"ကေလးေတြမွာ အျပစ္မရွိပါဘူး ေရွာင္းက်န္႔ရယ္ ... ေဟာက္ရႊမ္းဆိုတာကလည္း ရိေပၚအတြက္ စိတ္မခ်ရတဲ့ ကေလးမွမဟုတ္တာ ... "
"သူတို႔မျဖစ္ဘူး ... မင္းသိလာလိမ့္မယ္ .. သူတို႔မျဖစ္နိုင္ဘူး"
အခုအခ်ိန္မွာ လူတိုင္းက သူ႔ကိုမွားယြင္းေနသည္ဟု ထင္ေကာင္းထင္နိုင္ၾကေပမယ့္ သူလုပ္ေနတာ အားလုံးက ရိေပၚအတြက္သာ .... ။
"ရိေပၚဆီ ငါသြားဦးမယ္"
"အရင္အဝတ္အစားလဲလိုက္ဦး"
"အင္း .... "
သူက်ိဳးခ်န္ကို ေခါင္းၿငိမ့္ျပလ်က္ အေပၚတက္ကာ သူ႔အခန္းဆီ အရင္ဝင္လာခဲ့လိုက္သည္။ ေရစိုႀကီးျဖင့္ အၾကာႀကီးေနလိုက္ရသျဖင့္ လူက ခ်မ္းစိမ့္စိမ့္ ...။ သူေရမခ်ိဳးေတာ့ဘဲ အကၤ်ီထူထူတစ္ထည္ကို ေကာက္လဲ၍သာ ရိေပၚအခန္းဘက္ ထြက္ခဲ့၏။
"ရိေပၚေလး ... ကိုကိုဝင္လာလို႔ ရလား"
သူတံခါးေခါက္ၿပီး အရင္ေမးေသာ္လည္း ဘာသံမွ မၾကားရတာေၾကာင့္ တံခါးလက္ကိုင္ဘုေလးကို လွည့္ၾကည့္လိုက္ေတာ့ တံခါးေလးက ေလာ့မခ်ထားခဲ့ ...။
"အကၤ်ီမလဲရေသးဘူးလား ရိေပၚေလး"
"ခင္ဗ်ား မလာနဲ႔ ... "
"ေႏြးေႏြးေထြးေထြးေနမွေပါ့"
ရိေပၚေျပာစကားကို သူလ်စ္လ်ဴရႈရင္း ဗီဒိုထဲမွ အကၤ်ီတစ္ခ်ိဳ႕ကို ထုတ္လိုက္သည္။ သူ႔ႏွလုံးသားငယ္ကို အရွင္လတ္လတ္ ခြဲေနသလို ခံစားေစရမည့္ စကားလုံးၾကမ္းၾကမ္းေတြကို ထပ္မံ ၾကားရဦးမည္ဆိုတာလည္း သူသိပါသည္။
"ကိုကို႔ကို ခင္ဗ်ားက ႀကိဳက္ေနတာမလား"
"မေခၚနဲ႔ ... ကိုကို႔ေရွ႕မွာ ေဟာက္ရႊမ္းကို ကိုကိုလို႔မေခၚစမ္းနဲ႔ ... "
"ခင္ဗ်ားႀကိဳက္လို႔လိုက္ခြဲေနတာမလား ေျဖစမ္းပါ ! ကၽြန္ေတာ့္ကို ေျဖစမ္းပါ ... သူ႔ကို ခင္ဗ်ားက လိုခ်င္ေနလို႔ ကၽြန္ေတာ္တို႔ကို ခြဲေနတာမလား "
ရိေပၚဟာ ကုတင္ေပၚထိုင္ေနရင္းမွ ထလာကာ သူ႔ပခုံးကို ဆုပ္ကိုင္ၿပီးေမး၏ ။ တျခားသူသာဆို သူသည္းခံမွာ မဟုတ္ေပမယ့္ သူ႔ရဲ့ ရိေပၚေလးျဖစ္ေန၍ မ်က္လုံးကို စုံမွိတ္ကာ တစ္ဖက္သို႔သာ လွည့္လိုက္သည္။
"ဒူးေထာက္ရေအာင္အထိ ခင္ဗ်ား ေတာ္ေတာ္မက္ေမာေနတာလား"
"ေတာ္ေတာ့ ရိေပၚေလး ... အကၤ်ီလဲလိုက္ဦး"
"ကၽြန္ေတာ္ မရရေအာင္ယူမွာ ... ခင္ဗ်ားသိပ္မက္ေမာေနတဲ့ ဝမ္ေဟာက္ရႊမ္းကို လက္ထပ္မွာ ... ဝမ္ေဟာက္ရႊမ္းနဲ႔ အိပ္ပစ္မွာ"
သူ႔ရဲ့ ရိေပၚေလးက အခုထိ ကေလးဆန္ေနဆဲ ...။ ေဟာက္ရႊမ္းကို ခ်စ္လို႔မဟုတ္ဘဲ သူ႔ကို အရြဲ႕တိုက္ခ်င္၍ အခုလိုလုပ္ေနျခင္း ဆိုတာ သိရေတာ့ စိုးရိမ္စိတ္က တစ္ထစ္ေလ်ာ့က်၏။
"အဝတ္လဲပါ ရိေပၚေလးရယ္ ဖ်ားေတာ့မွာပဲ"
"အျပင္ထြက္"
"အရင္ကကိုကို လဲေပးလာတာပဲ ... ဘာကိုရွက္ေနတာလဲ"
"ခင္ဗ်ားက အရင္လိုမဟုတ္ေတာ့ဘူးေလ လူတိုင္းနဲ႔ နာမည္ထြက္ေနတဲ့ ခင္ဗ်ားက ကၽြန္ေတာ့္ကိုပါ တစ္ခုခုမလုပ္ဘူးလို႔ မေျပာနိုင္ဘူး ... ခင္ဗ်ားကို မယုံလို႔ အျပင္ထြက္ေပးပါ"
ငိုခ်င္လြန္းလို႔ တဆက္ဆက္တုန္ယင္လာသည့္ ေအာက္ႏႈတ္ခမ္းကို ဖိကိုက္ကာ ရိေပၚအား ေက်ာခိုင္း လွည့္ထြက္ခဲ့သည္။ ဒီေကာင္ေလးကို သူဘယ္ေလာက္မ်ား တန္ဖိုးထားလိုက္ရလဲ ...။
ရိေပၚရဲ့ စကားလုံးေတြဟာ သူ႔ကို ေစာ္ကားသည္ထက္ ပိုေနလြန္းေသာ္လည္း သူအျပစ္မျမင္နိုင္... ။ သူလုပ္လို႔ ျဖစ္လာသည့္ ကိစၥေတြပဲ မလား ....။
"ရိေပၚကို ညပိုင္းဆန္ျပဳတ္ပဲတိုက္လိုက္ ... ဒီေကာင္ေလးက မိုးမိရင္ဖ်ားတာ မင္းသိတယ္မလား"
"မင္းေရာ ညစာ"
"ငါမစားခ်င္ေတာ့ဘူး"
သူေျပာၿပီး အေပၚျပန္တက္ဖို႔ လုပ္ေတာ့ အေပၚကေန ဆင္းလာသည့္ ရိေပၚနဲ႔ ၾကဳံသည္။ ရိေပၚပုံစံက အျပင္သြားမည့္ ပုံေပၚေန၍ သူ သက္ျပင္းခ်ရင္း ေလွကားထိပ္ ပိတ္ရပ္လိုက္၏။
"ဘယ္လဲ ... "
"ခင္ဗ်ား လိုခ်င္တဲ့ သူနဲ႔ သြားအိပ္မလို႔ေလ"
"အေပၚျပန္တက္ ရိေပၚ ... ဒီညေတာ့နားလိုက္ေတာ့ "
"ဘာလဲ ... ေဟာက္ရႊမ္းနဲ႔ ခင္ဗ်ားအရင္မအိပ္ရလို႔ တားေနတာလား ... ဖယ္စမ္းပါ"
သူ႔ကို တြန္းတိုက္ၿပီး ထြက္သြားသည့္ ရိေပၚေလးေၾကာင့္ သူ႔ခႏၶာကိုယ္ပါ ယိုင္သြားရသည္။
"ရိေပၚ ... မသြားပါနဲ႔လား"
"ေစာေစာျပန္လာခဲ့မယ္ အကိုက်ိဳးခ်န္"
က်ိဳးခ်န္ကတားေနရင္း ၿခံေရွ႕ေရာက္လာသည့္ ေဟာက္ရႊမ္းရဲ့ ကားေလးေၾကာင့္ ဘာမွဆက္မေျပာေတာ့ ...။ ကားေပၚမွာ က်ိရန္ဆိုသည့္ကေလးကိုပါေတြ႕၍ သူအနည္းငယ္စိတ္ေအးသြားရသည္။ လူကလည္း ေနမေကာင္းခ်င္သလို ျဖစ္ေန၍ လိုက္မသြားေတာ့ဘဲ အေပၚတက္ၿပီး အနားယူဖို႔သာ လုပ္လိုက္၏ ။
"မင္းလည္း ေဆးေသာက္ထားဦး "
"အင္း က်ိဳးခ်န္... "
က်ိဳးခ်န္ေျပာသည့္အတိုင္း သူေဆးေသာက္ကာ ကုတင္ေပၚလွဲေနေသာ္လည္း ေတာ္ေတာ္နဲ႔ အိပ္မေပ်ာ္ ... ။ ည ရွစ္နာရီေက်ာ္အထိ ျပန္မလာေသးတဲ့ ရိေပၚဆီ လိုက္သြားရမလားေတြးမိေပမယ့္ ရိေပၚတို႔ ဘယ္သြားလည္း သူမသိ...။
"ေဒါက္ ေဒါက္ ! "
"ေရွာင္းက်န္႔အိပ္ၿပီလား"
သူေတြးေနတုန္းအျပင္ဘက္က က်ိဳးခ်န္အသံေၾကာင့္ သူထကာ တံခါးထဖြင့္ေပးလိုက္သည္။
"က်ိရန္ဆိုတဲ့ ရိေပၚသူငယ္ခ်င္းဖုန္းဆက္တယ္ ... ရိေပၚေလးကို ေဟာက္ရႊမ္းအိမ္မွာ လာေခၚခိုင္းတယ္ ... ငါ ကားမေမာင္းတတ္လို႔ အဲ့ဒါ ... "
"ငါသြားေခၚလိုက္မယ္ ... မင္းကို လိပ္စာေျပာလား"
"ေျပာတယ္ ... ငါလိုက္ခဲ့မယ္ေလ"
"ရတယ္ အိမ္ေစာင့္ေနခဲ့လိုက္ "
သူ က်ိဳးခ်န္ေျပာတဲ့ လိပ္စာအတိုင္း ထြက္လာခဲ့ေတာ့ ရိေပၚေရာ ေဟာက္ရႊမ္းပါ စားပြဲေပၚေမွာက္ေနခဲ့သည္။ ေခၽြးေတြရႊဲေနသည့္ ရိေပၚက တစ္ခုခု ျဖစ္ေနပုံ ....။
"အဲ့ေလာက္မေသာက္နဲ႔ေျပာတာမရဘူး ... ရိေပၚက ေဟာက္ရႊမ္းအိမ္ကေန ဒီညမျပန္ဘူးေျပာေပမယ့္ ႏွစ္ေယာက္လုံးက မူးေနေတာ့ မျဖစ္ဘူးဆိုၿပီး ဖုန္းဆက္လိုက္တာ"
"အကိုျပန္ေခၚသြားလိုက္မယ္ေနာ္"
"ဟုတ္ကဲ့ ... ကၽြန္ေတာ္ေဟာက္ရႊမ္းနဲ႔ ရွိေနေပးလိုက္ပါ့မယ္"
ေရွာင္းက်န္႔ ေခါင္းၿငိမ့္ကာ မူးေနသည့္ ေကာင္ေလးကို ေပြ႕ခ်ီၿပီး ကားဆီေခၚလာခဲ့သည္။ ရိေပၚရဲ့ ကိုယ္ဟာ ပူက်စ္ေနေသာ္လည္း ေခၽြးေတြကေတာ့ ရႊဲနစ္ေနလ်က္ ...။
"ပူတယ္ .... "
"ပူလို႔လား Air-con ျမႇင့္ေပးရမလား"
"အရမ္းပူတယ္ ... ဟင္း ... "
သူ႔ေဘးကခုံမွာထိုင္ရင္း မ်က္လုံးမွိတ္ၿပီး ေအာ္ညည္းေနတာေၾကာင့္ ေရွာင္းက်န္႔ ကားကို ရပ္တန္႔ပစ္လိုက္ရသည္။ ရိေပၚ ဘာျဖစ္ေနမွန္း အနည္းငယ္ သေဘာေပါက္လာ၍ ေဟာက္ရႊမ္းကို ေဒါသထြက္စြာ ေတာက္ေခါက္မိ၏။
"ခဏေလး ရိေပၚ ... အိမ္ေရာက္ေတာ့မယ္"
"မရ ... အ ... ဟင္း ... တစ္ခုခုေပးပါ"
ထိုင္ခုံခါးပတ္ကိုပါ ဆြဲျဖဳတ္ေနသည့္ ရိေပၚရဲ့ လက္ေတြကို လက္တစ္ဖက္ျဖင့္ ထိန္းထားရေသးသည္။ ဘယ္လိုလုပ္ေပးရမလဲ မသိေသာ္လည္း အိမ္ေရာက္ရင္ေတာ့ ပို အဆင္ေျပနိုင္ပါလိမ့္မည္ ထင္ပါသည္။
"ကိုကို ... ဟင္း ... "
"ခဏေလး ... ေနာ္ ... အဆင္ေျပသြားမွာပါ"
"ေသေတာ့မယ္ထင္တယ္ .... "
အိမ္ေရာက္တာနဲ႔ ကားကို ေသခ်ာေတာင္မရပ္နိုင္ဘဲ ရိေပၚကို ေပြ႕ခ်ီ၍ အိပ္ခန္းထဲက ေရခ်ိဳးခန္းဆီေျပးကာ Bathtub ထဲခ်ေပးလိုက္သည္။
"အဆင္ေျပလား ရိေပၚေလး"
"ဟင့္အင္း ... မရဘူး ... ကၽြန္ေတာ့္ကိုေပးပါ ... ဟင့္ .. ကိုကို ... "
"မရဘူးေလ "
ေရွာင္းက်န္႔ဆက္ၿပီး ဘာလုပ္ရမွန္းမသိေတာ့ ... ။ အကၤ်ီေတြသာမက ေဘာင္းဘီပါ ဆြဲခၽြတ္ပစ္ရင္း တစ္ကိုယ္လုံး တုန္ယင္ေနသည့္ ရိေပၚကို သူမၾကည့္ရက္ေပမယ့္ သူ႔မွာ ဘာမွ လုပ္ေပးနိုင္စြမ္းမရွိ... ။
"ကိုကို ... ဟင့္ ... ကၽြန္ေတာ္ ... ဟ ... ေသသြားလိမ့္မယ္ ... "
"မရဘူးေလ ... မျဖစ္ဘူး ရိေပၚ ... မျဖစ္ဘူး"
ရိေပၚခံစားေနရသည့္ ေဝဒနာေၾကာင့္ သူပါ မ်က္ရည္က်ရသည္။ သူ႔လက္သီးေတြကို တင္းတင္းၾကပ္ၾကပ္ဆုပ္ၿပီး လွည့္ထြက္ဖို႔လုပ္ေတာ့ ရိေပၚက သူ႔အကၤ်ီေတြကို လွမ္းဆြဲထား၏။
"ကိုကို .... သားကိုလုပ္ေပးပါ ... ဟင့္ သားမရေတာ့ဘူး ..."
"ကိုကိုနဲ႔မျဖစ္ဘူး ... ကိုကိုနဲ႔ ရိေပၚေလးက မျဖစ္ဘူးေလ ...."
သူ႔စကားအဆုံး သူ႔အကၤ်ီကို စုပ္ကိုင္ထားသည့္ လက္ေတြဟာ ေျပေလ်ာ့က်သြားၿပီး ရိေပၚဟာ မခ်ိမဆန္႔ခံစားေနရပုံ ... ။ ေဟာက္ရႊမ္းနဲ႔ မျဖစ္ခဲ့တာပဲ ေတာ္ပါေသးသည္။
"ရိေပၚ .... "
"ဟင္း ..... "
အသံပင္ထြက္မလာေတာ့တဲ့ ကေလးငယ္ေၾကာင့္ သူ မ်က္လုံးကို စုံမွိတ္လ်က္ပင္ Bathtub ထဲကို ဝင္လိုက္ရေတာ့သည္။
မွားယြင္းလက္စနဲ႔ ဆက္ၿပီးမွားယြင္းဖို႔ပဲ ေရြးခ်ယ္ခဲ့တာေၾကာင့္ ျဖစ္လာမည့္ ကံၾကမၼာကို သူရင္ဆိုင္ ရန္ေတာ့ အသင့္ျဖစ္ေနခဲ့ပါသည္။
_____________________
ေနေရာင္ျခည္ႏုႏုက မ်က္ႏွာေပၚက်ေရာက္လာသည့္ အခ်ိိန္ ေရွာင္းက်န္႔ မ်က္လုံးေတြပြင့္လာခဲ့သည္။ ရိေပၚေလးကေတာ့ သူ႔ေဘးနားမွာ အိပ္ေမာက်ေနဆဲ ...။ မလြန္ဆန္နိုင္လို႔ မွားခဲ့ရေပမယ့္ ယူၾကဳံးမရျခင္းမ်ားစြာျဖင့္ သူမ်က္ရည္က်ရ၏။
ျဖဴစင္လြန္းလွသည့္ သူ႔ရဲ့ ရိေပၚေလးကို သူကိုယ္တိုင္ပဲ အေရာင္ဆိုးခဲ့မိၿပီ။
"အင့္ ... "
နဖူးေလးကို ခပ္ဖြဖြ နမ္းလိုက္မိတဲ့အခါ အနည္းငယ္ လူးလြန္႔လာေသာ ေကာင္ေလးကို သူျပန္ပုတ္သိပ္ၿပီးမွ အိပ္ရာေပၚက ထလိုက္သည္။ မေန႔ကတည္းကေနမေကာင္းျဖစ္ခ်င္ေနသည့္ သူဟာ Bathtubထဲ အၾကာႀကီးေနလိုက္ရ၍ တစ္ကိုယ္လုံးကိုက္ခဲေနသလို ... ။ ရိေပၚေလးဆို သူ႔ထက္ ပိုဆိုးပါလိမ့္မည္ ။ သူညင္ညင္သာသာေလးလုပ္ေပးခဲ့တာေတာင္ ပထမဆုံးအႀကိမ္ျဖစ္တဲ့ ကေလးငယ္ဟာ ဘယ္ေလာက္ေတာင္ နာက်င္ေနရွာလိမ့္မလဲ ...။
"အာ့ .. "
"ရိေပၚ ... ဘယ္နားနာလို႔လဲ"
မ်က္ႏွာသစ္ၿပီး သူ႔အခန္းျပန္ဖို႔လုပ္ေနတုန္း ကုတင္ေပၚက ထြက္လာသည့္ အသံေလးေၾကာင့္ ေရွာင္းက်န္႔ ပ်ာရျပန္သည္။
"ဘယ္လိုျပန္ေရာက္ေနတာလဲ "
"ေဟာက္ရႊမ္းအိမ္က ကိုကိုေခၚခဲ့တာ"
သူ ေျပာေတာ့ ရိေပၚက ရယ္သည္။ ညကအေၾကာင္း သိသြား၍လား မေျပာတတ္ေပမယ့္ ရိေပၚရဲ့ ရယ္သံက အသက္မပါ...။
"ခင္ဗ်ားလိုခ်င္တဲ့ ဝမ္ေဟာက္ရႊမ္းနဲ႔ ကၽြန္ေတာ္အိပ္ၿပီးၿပီ ... သူ ကၽြန္ေတာ့္ကို တာဝန္ယူရေတာ့မွာ "
"ရိေပၚမင္း ဘာေတြေျပာေနတာလဲ"
" သူ႔အိမ္က သူ႔အခန္းထဲ ကၽြန္ေတာ့္ကိုေတြ႕ခဲ့တာမလား ... မေန႔ညက သူနဲ႔ ကၽြန္ေတာ္ျဖစ္ခဲ့ၾကၿပီးၿပီ ဘာလဲ မေက်နပ္ဘူးလား"
ရိေပၚဟာ ညတုန္းက သူနဲ႔ ျဖစ္ခဲ့တာကို မမွတ္မိဘဲ ေဟာက္ရႊမ္းနဲ႔ ျဖစ္ခဲ့တာလို႔ပဲ ထင္ေနပုံရသည္။
ရိေပၚေျပာေနတဲ့ စကားေတြအရ ရိေပၚက ေဟာက္ရႊမ္းနဲ႔ အိပ္ဖို႔ တမင္လုပ္ခဲ့ဟန္ ...။
"ေဆးခပ္ခဲ့တာ မင္းလား"
"မေက်နပ္ဘူးလား"
"ဆိုးလိုက္တာ ရိေပၚေလးရာ ... ဆိုးလိုက္တာ ... "
"ဖယ္စမ္းပါ ... "
သူ ရိေပၚလက္ေမာင္းေတြကို တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္မိေတာ့ ရိေပၚဟာ ႐ုန္းဖယ္သည္။ သူ႔ကို အရြဲ႕တိုက္ခ်င္ စိတ္တစ္ခုတည္းနဲ႔ သူ႔ရဲ့ ရိေပၚေလးဟာ အကိုအရင္းဆီ ခႏၶာကိုယ္တစ္ခုလုံးကို ေပးပစ္လိုက္ေတာ့မလို႔ပါတဲ့။ ရိေပၚေလးကို အခုလို ျဖစ္ေစသည့္ တရားခံဟာ သူသာလၽွင္ ...။
"ေဟာက္ရႊမ္းကို ခ်စ္လို႔လား အခုလိုေတြလုပ္ေနတာ ေဟာက္ရႊမ္းကို ခ်စ္လို႔လား ရိေပၚ"
"ကိုကိုေတာင္ ဦးေလးယန္ကိုခ်စ္လို႔ ယူခဲ့တာလား ... ပိုက္ဆံမက္လို႔ ယူခဲ့တာ မဟုတ္ဘူးလား"
သူ မ်က္လုံးကို မွိတ္၍ ေခါင္းကို ေျဖးညႇင္းစြာ ခါမိသည္။ ရိေပၚဟာ မွားသထက္ မွားေနခဲ့ေလၿပီ။
သူဘာမွဆက္မေျပာေတာ့ဘဲ ရိေပၚအနားေလးကပ္ၿပီး နဖူးေလးကို စမ္းလိုက္သည္။ သူထင္ထားသည့္ အတိုင္း ရိေပၚက ကိုယ္ေတြ ပူေနခဲ့၏။
"ေဆးေသာက္ရမယ္ အရမ္းနာေနလား"
"ေဟာက္ရႊမ္းကို ဖုန္းဆက္ရမယ္"
"ကိုကိုဆက္ေပးမယ္ ... သူ႔ကိုတာဝန္ယူေစခ်င္တာမလား ... အဆင္ေျပေအာင္ ကိုကို လုပ္ေပးမယ္ ... အိပ္လိုက္ဦး အခု"
"ခင္ဗ်ားကို ဘယ္လိုစိတ္နဲ႔ ယုံရမွာလဲ ... ဖယ္ပါ ကိုယ့္ဘာသာဆက္မယ္"
ေျပာမရတဲ့ အဆုံး သူကပဲ ဖုန္းေလးကို လွမ္းယူကာ ရိေပၚဆီ လွမ္းေပးလိုက္သည္။ သူနဲ႔ျဖစ္ခဲ့တာကို သိသြားရင္လည္း သူျငင္းစရာမွမရွိဘဲ ...။
သူ႔ဆုံးျဖတ္ခ်က္တစ္ခုကေတာ့ ေဟာက္ရႊမ္းအား အကိုယန္နဲ႔ ရိေပၚ ပတ္သက္မႈကို ဖြင့္ေျပာရမည္ ဆိုတာပင္ ... ။
"က်စ္ ... ဖုန္းလည္းမကိုင္ဘူး"
"ဒါေၾကာင့္ အိပ္လိုက္ဦး ... ေနာက္မွ ကိုကို သူ႔အဖိုးနဲ႔ ကိုကို သြားေဆြးေႏြးေပးမယ္"
"ခင္ဗ်ားေဆြးေႏြးစရာမလိုဘူး ... ခင္ဗ်ားက ကၽြန္ေတာ့္အကို မဟုတ္ဘူး"
"အင္းပါ ... ဘာပဲျဖစ္ျဖစ္ အိပ္လိုက္ဦး ... ကိုကို ဆန္ျပဳတ္ျပဳတ္ၿပီး လာႏွိုးမယ္ေလေနာ္"
ေခါင္းေလးေတြကို ပုတ္ကာ ေျပာလိုက္ေတာ့မွ သူ႔ကို တစ္ခ်က္စူးစိုက္ၾကည့္ၿပီး အိပ္ရာေပၚ ျပန္လွဲသြားတဲ့ ကေလးငယ္....။
သူအခန္းျပင္ ထြက္လာခဲ့ၿပီး သူ႔အခန္းထဲေရာက္တာနဲ႔ နံရံကို လက္သီးျဖင့္ ထိုးခ်လိုက္မိသည္။ သူ႔ညီငယ္ေလးအေပၚ ထားတဲ့ သူ႔ရဲ့ ျဖဴစင္မႈေတြက အေရာင္ေတြ စြန္းထင္းကုန္ခဲ့ၿပီ ။ ရိေပၚထြက္သြားကတည္းက သူရေအာင္ တားလိုက္နိုင္ရင္ အခုလို ျဖစ္စရာမရွိ ...။
"ေရွာင္းက်န္႔ .... ဟာ ... ! ဘာျဖစ္လို႔လဲ ... ငါမင္းတို႔မနိုးေသးလို႔ လာႏွိုးတာ ..."
"က်ိဳးခ်န္ရာ ..."
သူ ကုတင္ေပၚ အ႐ုပ္ႀကိဳးပ်က္ထိုင္ခ်မိေတာ့ က်ိဳးခ်န္ဟာ အလိုက္သိစြာ အခန္းတံခါးကို ေလာ့ခ်ၿပီး သူ႔ေဘးဝင္ထိုင္၏။
"မေန႔ညကတည္းကေမးခ်င္ေနတာ ရိေပၚနဲ႔ ဘာျဖစ္လာတာလဲ"
"ငါမွားခဲ့မိၿပီ ... ငါ့လို ညစ္ႏြမ္းေနတဲ့ေကာင္က ရိေပၚေလးကို ... ငါ့ရဲ့ ရိေပၚေလးကို .... "
"ဟာကြာ ... ဘယ္လိုေတြျဖစ္ကုန္ၾကတာလဲ"
သူ တစ္ကိုယ္လုံးတုန္ယင္လာၿပီး ဘာမွဆက္မေျပာနိုင္ဘဲ ငိုခ်ပစ္မိသည္။ ရိေပၚေလး သိသြားတဲ့အခါ သူ႔ေဘးက ထြက္သြားေလမလား စိုးရိမ္မႈေတြနဲ႔အတူ သူ႔ကိုယ္သူလည္း မုန္းတီးရပါသည္။
"ငါမွားတာ ... ငါတားရမွာ ... သူထြက္သြားကတည္းက ... ရိေပၚ ေဆးလည္းမိစရာအေၾကာင္းမရွိေတာ့ဘူး"
"ဟိုေကာင္ ေဟာက္ရႊမ္းက ေဆးခပ္ခဲ့တာလား ... ငါတို႔ရဲ့ ရိေပၚေလးကိုေလ"
"မဟုတ္ဘူး ရိေပၚက ... ရိေပၚက ငါ့ကို ရြဲ႕ခ်င္လို႔တဲ့ "
သူေျပာရင္း အသံေတြက တိမ္ဝင္သြားသည္အထိ ရင္နင့္လြန္းေနသည္။ ျဖစ္နိုင္ရင္ ကိုယ့္ကိုယ္ကို ေသေၾကာင္းႀကံပစ္လိုက္ခ်င္၏။ ရိေပၚေလး မရွိတဲ့ေနရာဆီ ထြက္ေျပးလိုက္ခ်င္သည္။ တန္ဖိုးထားလြန္းရသည့္ ညီငယ္ေလးအေပၚ သူ ဘယ္လိုေတာင္ လုပ္ရက္ခဲ့ပါသည္လဲ ...။
"အခု ရိေပၚ အေျခအေနကေရာ"
"ဖ်ားေနတယ္ ... ရိေပၚက သူ႔ကိုယ္သူ ေဟာက္ရႊမ္းနဲ႔ျဖစ္တယ္ပဲထင္ေနတာ"
သူမ်က္ရည္ေတြကို ဆြဲသုတ္လိုက္ကာ ရိေပၚအခန္းဆီ အျမန္ျပန္ေျပးလာခဲ့သည္။ ရိေပၚေလးကေတာ့ ပူေလာင္ေနတဲ့ သူနဲ႔ ဆန္႔က်င္ဘက္မွာ အိပ္ေမာက်လ်က္ ...။ သူသတ္ေသပစ္ခ်င္ေပမယ့္ သူမရွိသည့္ အခါ ဒီကေလးငယ္ကို ဘယ္သူနဲ႔ စိတ္ခ်ရမွာတဲ့လဲ ...။ ဒီေကာင္ငယ္ေလး အရြယ္ေရာက္တဲ့ အထိ သူရွင္သန္ေနမွ ျဖစ္ပါလိမ့္မည္။
"နားလိုက္ဦးေရွာင္းက်န္႔ ... ရိေပၚဖ်ားေနတယ္ဆို ငါဆန္ျပဳတ္ျပဳတ္လိုက္မယ္"
"ငါလုပ္မယ္ ... "
ရိေပၚေလးအႀကိဳက္ကို က်ိဳးခ်န္ထက္ သူက ပိုသိတာေၾကာင့္ သူ ကိုယ္တ္ိုင္ပဲ လုပ္ေပးခ်င္သည္။ သူအလုပ္သြားဖို႔လည္း မျဖစ္နိုင္၍ ညေနသူေဌးလ်ိဳနဲ႔ ေတြ႕ဖို႔ ကိစၥကိုလည္း ဖ်က္ရပါဦးမည္။
"ရိေပၚေလး ... ရိေပၚ"
"အင္း .... "
ေန႔လည္ဘက္အထိ အိပ္ေနသည့္ ရိေပၚကို ေရပတ္တိုက္ေပးၿပီးတာနဲ႔ သူႏွိုးလိုက္ေတာ့ မ်က္လုံးေလးေတြ ပြင့္လာခဲ့သည္။ မႏွိုးခ်င္ေပမယ့္ ေဆးတိုက္ရမွာျဖစ္၍ မႏွိုးလို႔မျဖစ္ ...။
"ထဦး ... ေဆးေသာက္ရမယ္"
"ေဟာက္ရႊမ္းဖုန္းဆက္ေသးလား"
ရိေပၚကေတာ့ နိုးလာတာနဲ႔ ေဟာက္ရႊမ္းကို ေမးကာ ဖုန္းကို လွမ္းယူသည္။ ဖုန္းထဲမွ တစ္ခုခုကို ျမင္သြား ပုံရသည့္ ကေလးငယ္ဟာ ေအာက္ႏႈတ္ခမ္းကို ဖိကိုက္လ်က္ သူ႔ကို နာနာက်ည္းက်ည္း ၾကည့္ျပန္၏။
"ဘာလုပ္ထားျပန္ၿပီလဲ ... ခင္ဗ်ား ေဟာက္ရႊမ္းကို ဘာေတြ သြားေျပာထားတာလဲ"
"ကိုကို ဘာမွမေျပာဘူးေလ ... ဘာျဖစ္လို႔လဲ"
"လမ္းခြဲၾကမယ္တဲ့ ေဟာက္ရႊမ္းက ... ေဟာက္ရႊမ္းကေလ ... သူ ကၽြန္ေတာ့္ကို ဘယ္ေလာက္ခ်စ္လဲ သိလား ... သူသက္သက္မဲ့ အခုလိုေတာ့ လုပ္မွာမဟုတ္ဘူး"
ေရွာင္းက်န္႔ဘက္က ဘာမွမေျပာရေသးဘဲ ေဟာက္ရႊမ္းဆီမွ ဘာလို႔ဒီလိုစကားထြက္လာရလဲဆိုတာ သူမသိ ...။ ေသခ်ာတာတစ္ခုကေတာ့ ေဟာက္ရႊမ္းရဲ့ ဆုံးျဖတ္ခ်က္မွန္သည္။
"ခင္ဗ်ားလုပ္တာ ခင္ဗ်ားေၾကာင့္ !"
"ကိုကို မလုပ္ဘူးရိေပၚ ... ကိုကိုဘာမွေတာင္မေျပာရေသးဘူး ... ဟင္း ... သူကအရင္ကတည္းက ရိေပၚခႏၶာကိုယ္ကိုပဲလိုခ်င္တာျဖစ္မွာေပါ့"
"မဟုတ္ဘူး!!"
ရိေပၚက ေခါင္းကို ခါယမ္းလ်က္ ခပ္က်ယ္က်ယ္ေအာ္ဟစ္သည္။ သူေရးတဲ့ဇာတ္မဟုတ္ေပမယ့္ အလိုက္သင့္ သူကေပးေနျခင္းကသာ ပိုအဆင္ေျပနိုင္၏။ မေန႔ညက အျဖစ္အပ်က္ေတြအား ရိေပၚမသိတာက ပိုေကာင္းပါလိမ့္မည္။
"ဒါကဘာေတြလဲ "
"ဟင္ ... "
ရိေပၚလွမ္းေပးသည့္ ဖုန္းကို ယူၾကည့္လိုက္ေတာ့ ဒီေန႔ရဲ့ Hot Search မွာ သတင္းႏွစ္ခုက တစ္ၿပိဳင္တည္း တက္ေနလ်က္ ....။ တစ္ခုက ယြင္အုပ္စုက ဝမ္ေဟာက္ရႊမ္း နဲ႔ စုန္႔အုပ္စုက စုန္႔က်ိရန္တို႔ရဲ့ လက္ထပ္ပြဲ ႏွင့္ ေနာက္တစ္ခု သူနဲ႔ ေကာင္ေလးတစ္ေယာက္ရဲ့ ပုံေတြ...။
ေကာင္ေလးတစ္ေယာက္ဆိုသည္မွာလည္း တျခားသူမဟုတ္ ...။ သူ႔ေရွ႕မွာ ထိုင္ေနသည့္ ရိေပၚသာလၽွင္ ...။ မေန႔ကမိုးေရထဲမွာ ျဖစ္၍ ရိေပၚနဲ႔ သူ႔ပုံစံက လုံးဝမသဲကြဲတာေၾကာင့္ သူမဟုတ္ေၾကာင္း သူေဌးလ်ိဳကို ကူၿပီး ရွင္းခိုင္းတဲ့အခါ ဒီကိစၥက အဆင္ေျပနိုင္သည္။
"ခင္ဗ်ားနဲ႔သတင္းမထြက္ခ်င္ဘူး ... လူတိုင္းနဲ႔ မေရွာင္တြဲေနတဲ့ ခင္ဗ်ားနဲ႔ သတင္းမထြက္ခ်င္ဘူး !"
"ကိုကိုလည္း ရိေပၚကို အဲ့လိုအျဖစ္မခံနိုင္ဘူးရိေပၚ ... ကိုကိုရေအာင္ ကာကြယ္မွာ ... ကိုကို ရိေပၚကို ... "
သူ႔စကားမဆုံးေသးခင္မွာ ရိေပၚက ကုတင္ေပၚမွ ဆင္းဖို႔လုပ္ေန၍ ရိေပၚလက္ေတြကို သူဆြဲကိုင္ထားလိုက္ရ၏။
"ဘယ္သြားမလို႔လဲရိေပၚ"
"ေဟာက္ရႊမ္းဆီ ... ေဟာက္ရႊမ္းကို သြားရွင္းျပရမယ္ ... ခင္ဗ်ားနဲ႔ ကၽြန္ေတာ္က ဘာမွမဟုတ္ေၾကာင္း ... အခုကိစၥေၾကာင့္ သူလမ္းခြဲသြားတာ"
"မဟုတ္ဘူးေနာ္ ရိေပၚ ... ဟိုကလက္ထပ္ေတာ့မွာ မင္းကိုမခ်စ္လို႔ တျခားသူနဲ႔ လက္ထပ္တာေပါ့"
"မဟုတ္ဘူး ! သူ ကၽြန္ေတာ့္ကိုခ်စ္တယ္"
ေရွာင္းက်န္႔ သက္ျပင္းခ်ၿပီး သူ႔ေရွ႕က ေကာင္ေလးကို ဆြဲေပြ႕လိုက္သည့္အခါ ရင္ဘတ္ဆီက စူးခနဲ နာက်င္မႈကို ခံစားရသည္။ စိတ္မၿငိမ္ေသးသည့္ ရိေပၚရဲ့ ေဒါသေျဖရာဟာ အနည္းငယ္ဟေနေသာ အကၤ်ီေအာက္မွ သူ႔ရင္ဘတ္သာ ....။
"ကိုကိုရဲ့ရိေပၚေလးကေရာ ေဟာက္ရႊမ္းကို ခ်စ္လို႔လား"
"မခ်စ္လည္း သူတျခားသူနဲ႔ လက္ထပ္လို႔မရဘူး ... သူကၽြန္ေတာ္နဲ႔ အိပ္ၿပီးသြားၿပီ"
"ေမ့လိုက္ ... "
သူ႔ရင္ဘက္ကို လက္သည္းေတြနဲ႔ ဆြဲကုတ္ထားတာကို မလႊတ္ေသးတာေၾကာင့္ သူပိုလို႔ပင္နာက်င္လာေသာ္လည္း သူလည္းရိေပၚကို ဖက္ထားရာမွ မလႊတ္ေပးမိ ...။
"ကၽြန္ေတာ့္ရဲ့ အရင္ကိုကိုကို ျပန္ေပးပါ"
"ကိုကိုက ကိုကိုပါပဲ ရိေပၚေလးရယ္ ... မင္းေရွ႕မွာရွိေနတဲ့ ကိုကိုက အရင္ကိုကိုပါပဲ"
"မဟုတ္ဘူး ... ! ကိုကိုမဟုတ္ဘူး ... ခင္ဗ်ားက ရြံစရာေကာင္းတယ္"
ျပင္ပက ဒဏ္ရာထက္ ရင္ဘတ္ထဲက ဒဏ္ရာက ပိုနာက်င္ရသည္။ မုန္းတာထက္ ဆိုးရြားသည့္ စကားလုံးကို ရိေပၚက ေျပာလာခဲ့သည့္အခါ မေန႔က ကိစၥကို မ်က္လုံးထဲေျပးျမင္၏။
"အခု ကိုကို႔ရဲ့ရိေပၚေလးက ေနမေကာင္းဘူးေလေနာ္ ... အရင္ဆုံး နားဦးေနာ္"
"ဟား ... ေဟာက္ရႊမ္းဘယ္သူနဲ႔ယူယူ ခင္ဗ်ားမရဖို႔က အဓိကပဲ ... ေက်နပ္တယ္ ... ကၽြန္ေတာ္ သိပ္ေက်နပ္တယ္... ခင္ဗ်ားမက္ေမာေနတာေတြ စုန္႔က်ိရန္ဆီ ေရာက္ေတာ့မွာ"
"ကိုကို႔ရဲ့ ရိေပၚေလး ေက်နပ္တယ္မလား ... ရၿပီ ... ကိုကို႔ရဲ့ ရိေပၚေလး ေက်နပ္တာနဲ႔ ရၿပီ"
သူ႔စကားကို မတုန္႔ျပန္ဘဲ ကုတင္ေပၚျပန္တက္ကာ လွဲအိပ္ေနသည့္ ရိေပၚကို ေပြ႕ၿပီး ျပန္ထူလိုက္သည္။ ေက်နပ္တယ္ ဆိုတဲ့ ေကာင္ေလးက အခုေတာ့ မ်က္ရည္ေတြျဖင့္ ...။
"မထိနဲ႔ ..."
"ဆန္ျပဳတ္အရင္ေသာက္ၿပီး ေဆးေသာက္ရမယ္"
"မေသာက္ဘူး !"
ရိေပၚက ဆန္ျပဳတ္ပန္းကန္ကို တြန္းဖယ္လိုက္ေတာ့ ဖိတ္က်သြားတဲ့ ဆန္ျပဳတ္တစ္ခ်ိဳ႕နဲ႔ အတူ လူကပါ မိုက္ခနဲ ...။ ယိုင္ထြက္သြားၿပီး လဲက်ေတာ့မလို ျဖစ္သြားသည့္ သူ႔အား လွမ္းဆြဲတဲ့လက္တစ္စုံေၾကာင့္ လူက ကုတင္ေပၚ ဖင္ထိုင္ရက္ က်သြားခဲ့သည္။
"ကိုကို ... !"
"ကိုကို ဘာမွမျဖစ္ဘူး ရတယ္ ... "
ေခါင္းထဲက မူးေနာက္မႈေတြဟာ ရိေပၚရဲ့ ေခၚသံေလးတစ္ခုတည္းနဲ႔ ေပ်ာက္ကင္းကုန္သည္။ ဒီတစ္ခါေတာ့ သူပဲရွိသည့္အတြက္ သူ႔ကိုေခၚတယ္ ဆိုတာ ေသခ်ာေပါက္ပင္ ...။
"ကိုကို ဒီမွာ ခဏအိပ္လို႔ရတယ္မလား ... ခဏေလာက္ပဲ ကိုကို႔ရဲ့ရိေပၚေလးကို ဖက္ထားခ်င္လို႔"
"မရဘူး ... ေနမေကာင္းရင္လည္း ကိုယ့္အခန္းကိုယ္ျပန္အိပ္"
"ခဏေလးပါ ကိုကို႔ရဲ့ရိေပၚေလးရယ္ ... လိမၼာပါတယ္"
"မရဘူး ... မရဘူးလို႔ အင့္ ... "
သူဘာမွမေျပာေတာ့ဘဲ ရိေပၚေလးကိုပါ လွဲအိပ္ေစကာ အတင္းအၾကပ္ေပြ႕ဖက္ထားလိုက္၏ ။ သူ႔ရင္ဘတ္ဆီ ရိုက္ခက္လာသည့္ ရိေပၚရဲ့ ဝင္သက္ထြက္သက္ေတြက ခပ္ေႏြးေႏြး ...။ ႐ုန္းမေနေတာ့ေသာ ခႏၶာကိုယ္ကေလးေၾကာင့္ သူခဏတာအိပ္စက္ဖို႔ လုပ္ရသည္။ မအိပ္ရတဲ့ ညေတြ သူ႔မွာ ဘယ္ေလာက္ေတာင္ မ်ားခဲ့လဲ ...။
"ကိုကိုအရမ္း ပင္ပန္းတာပဲ ကိုကို႔ရဲ့ ရိေပၚေလးရယ္"
သူ႔အား ဘာမွျပန္မေျပာသည့္ ရိေပၚဟာ လက္ကေလးေတြျဖင့္ သူ႔ခါးဆီဖက္တြယ္လာေလသည္။ သူ႔အားရြံရွာေနတဲ့ ကေလးငယ္ဆီမွာ သူ႔အတြက္သံေယာဇဥ္လက္က်န္ေလးေတာ့ ရွိေသးသည္ ထင္၏။ အေရာင္စြန္းခါစေမတၱာေတြကို အျဖဴထည္သက္သက္ျပန္စစ္ယူေနဆဲ အခ်ိန္မွာပဲ ထိုေမတၱာေတြဟာ အမည္းစက္ေတြနဲ႔ ေနာက္က်ိသြားခဲ့ေလၿပီ။
_______________________
ဆက္ရန္ ။
အေရးအသားအမ်ားႀကီးလိုအပ္ေနတယ္မလား ... ။ ဖတ္ရတာအဆင္မေျပရင္ေျပာၾကပါဦး 🥺