A for Alpha

Door mermaid_mochi

224K 34.3K 5.5K

တစ်ခါတုန်းက အောင်သွယ်တော်နဲ့ညားသွားတဲ့ ဇာတ်လမ်းတစ်ပုဒ်ရှိတယ်။ Meer

အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
အပိုင်း (၂၆)

အပိုင်း (၁၀)

7.5K 1.3K 171
Door mermaid_mochi

အပိုင်း (၁၀)

-‌ဘောလုံးလေးက ချွဲတတ်တယ်-

"အသားစွပ်ပြုတ်ကို သတိရလိုက်တာ"

ဂျီမင်းက ဂူဝမှာ ငုတ်တုတ်ကလေးထိုင်ရင်း တီးတိုးလေး ညည်းညူလိုက်သည်။ အမှန်ပဲ။ သူ တကယ်ကို မနက်တိုင်း ယွန်းဂီဟျောင်းလုပ်ပေး‌တဲ့ အသားစွပ်ပြုတ်ကို သတိရနေတာ။

ဒီရက်ပိုင်းတွေအတွင်း ယွန်းဂီဟျောင်းက မအားဘူးဆိုကာ ဂူဆီကိုလည်း မရောက်ဖြစ်တာမို့ ဂျီမင်းအတွက်တော့ အငတ်ဘေးဆိုက်နေသလိုပါပဲ။ စားနေကျ အစားအသောက်ကောင်းလေး မစားရတဲ့အခါ ဘဝက မပြီးပြည့်စုံပြန်ဘူး။

ထယ်ယောင်းကိုလည်း ယွန်းဂီလုပ်ပေးတဲ့ အသားစွပ်ပြုတ်က မည်မျှကောင်းကြောင်း အမွှန်းတင်ထားပြီးကာမှ ဒီနေ့ဒီရက်အထိ အနံ့လေးတောင် မရှူရတာက လေထွားထားတဲ့ သူ့ကို ငပေါကြီးတစ်‌ယောက် ဖြစ်သွားစေတဲ့အပြင် အဓိကဇာတ်ကောင်အနေနဲ့လည်း အရမ်းရှိုးပဲ့ရာကျလွန်းတယ်။

ဘောလုံးလေးသည်လည်း အသားစွပ်ပြုတ်ဟုသာ တဖွဖွရွတ်နေသည့် ဖေကြီးသေးသေးလေးကြောင့် စိတ်ထဲမကောင်း။ နှစ်ယောက်တည်းရှိနေရင်သာ ကုလားသေ ကုလားမော အိပ်တတ်သည့်လူကြောင့် မနက်တိုင်း အေးအေးလူလူ အသားစွပ်ပြုတ်ချက်ကာ ပြင်ထားပေးလို့ရပေမဲ့ ထယ်ယောင်းဆိုသူ ရှိလာသည့်အခါ နည်းနည်းလေးတောင် ခြေချော်လက်ချော် ဖြစ်သွားလို့မရပါ။

"မင်းဟာက ဘယ်လောက်ကောင်းလို့ အဲ့လောက်ဖြစ်နေတာလဲ"

ထယ်ယောင်းက လက်ပိုက်လျက် ဂူနံရံကိုမှီကာ ရပ်နေရင်းက နားကြားပြင်းကတ်စွာ မေးခွန်းထုတ်လာသည်။ မနက်လင်းတိုင်း ဂျီမင်းက အသားစွပ်ပြုတ်မစားရတာမို့ စိတ်လွင့်နေသူတစ်ဦးလို ပြုမူနေသည်မှာ မျက်စိစူးဖွယ် အတော်ကောင်းလှသည်။

"အသားစွပ်ပြုတ်စားချင်တယ်"

"ငါ လုပ်ပေးမယ်"

ထယ်ယောင်းက ဆံပင်ကိုတစ်ချက်ခါကာ ပြောလိုက်သည်။ ဂျီမင်းရဲ့ မျက်လုံးတွေက ထယ်ယောင်းရှိရာကို တစ်ချက်သာ လှမ်းကြည့်လာပြီး အရှေ့ကို ပြန်လှည့်သွားသည်။ နှစ်ပေါင်းများစွာ လည်ပင်းဖက်ပေါင်းကာ အတူနေလာကြသူတွေမို့  အကြည့်တစ်ချက်နဲ့တင် ဘာကိုပြောချင်မှန်း အလိုလို နားလည်ပြီးသား။ အဓိပ္ပါယ်မရှိတာတွေ မပြောစမ်းနဲ့ဆိုတဲ့အကြည့်။

"‌ပြီးမှ ထယ်ယောင်းလေး ငါ့ကို ချက်ကျွေးပါဦးလို့ မပြောကြေးနော်"

"မင်းက အာချည်းပဲ"

"ဒါကတော့ မင်းနဲ့တူတာလေ"

ဂျီမင်းက အနီးနားက ကျောက်စရစ်ခဲတစ်လုံးနဲ့ ကောက်ပေါက်လိုက်တော့ ထယ်ယောင်းက မရှောင်ဘဲ လက်နဲ့ဖမ်းယူလိုက်သည်။ ဆယ်စုနှစ်တွေချီပြီး ပေါင်းသင်းလာခဲ့တာ ဒီအထာတွေကိုလည်း ဖင်တပြန်ခေါင်းတပြန် နပ်နေပြီးသား။

"လာပါ။ ထစမ်းပါ။ သားကောင်သွားဖမ်းရ‌အောင်"

မြေပြင်ပေါ်မှာ ပျင်းရိပျင်းရွဲထိုင်နေသည့် သူငယ်ချင်းရဲ့ လက်တစ်ဖက်ကို ဆွဲမကာ ထူလိုက်ပေမဲ့ ကိုယ်တော်ချောက ဖင်မှာ သံလိုက်ကပ်ထားသလို အပျင်းကြီးပြသည်။ ငယ်ငယ်တုန်းကလို ကလိထိုးပစ်လိုက်တော့ တစ်ကိုယ်လုံး တွန့်လိမ်သွားကာ ရယ်သံတွေ ထွက်ကျလာသည်။

မိမိမျက်စိရှေ့မှာ ချစ်ကြည်နူး၊ တစ်တီတူးနေသလို အနေအထားကြောင့် ဘောလုံးလေးဂျောင်ဂုရဲ့ မျက်လုံးဝိုင်းလေးတွေက မှေးကျဉ်းသွားရသည်။ ပတ်ဂျီမင်းက ဘယ်လိုဖေကြီးလဲ။ သားဖြစ်သူရှေ့မှာတောင် နည်းနည်းပါးပါး ဆင်ခြင်မယ်၊ အိန္ဒြေဆယ်မယ်မရှိဘူး။ တဟီးဟီး တဟားဟားနဲ့ ရုပ်ပျက်ဆင်းပျက်တွေ။

"မင်း တကယ်ချက်တတ်လို့လား"

"ကြွေသွားစေရမယ်"

ဂျီမင်းနဲ့ စစနောက်နောက် ပြောဆိုနေရင်းက မသိစိတ်ရဲ့ စေ့ဆော်မှုကြောင့် အဖြူရောင်အလုံးလေးကို ကြည့်လိုက်တော့ မိမိကို စားမတတ်၊ ဝါးမတတ် ပြာကျနိုင်သည့် မျက်လုံးများဖြင့် စိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။ ထင်တဲ့အတိုင်းပဲ အူတိုနေတာ။

ထယ်ယောင်းကြည့်နေသည့် နေရာကို ဂျီမင်းကပါ ကြည့်လိုက်မိတော့ ကျောက်ဖျာထက်ကနေ သူတို့နှစ်ယောက်ကို စူးစူးရဲရဲကြည့်နေသည့် အနီရောင်မျက်လုံးလေးများနှင့် ဘောလုံးလေးကို တွေ့လိုက်ရသည်။ ဗိုက်ဆာနေပြီထင်တယ်။

"မြန်မြန်သွားရအောင်"

"အင်း"

ဂျီမင်းက ဘောလုံးလေးကို ဗိုက်ဆာနေလို့ ဒေါသထွက်နေတာဟု မှတ်ယူလိုက်ကာ ထယ်ယောင်းနဲ့ ဆက်မကစားတော့ဘဲ ဘောလုံးလေးအတွက် စားစရာ တစ်ခုခုရှာပေးဖို့ နေရာကထရပ်လိုက်တော့သည်။

"ငါချက်တာစားပြီးရင် အဲ့အသားစွပ်ပြုတ်ကို မင်းမေ့သွားမှာ"

ထယ်ယောင်းက လက်ပိုက်ကာ ခပ်အေးအေးလျှောက်ရင်းက ရန်စသလိုလေသံဖြင့် ပြောလာသည်။ တစ်ခုရှိတာက ဘယ်သူ့ကို ရန်စနေမှန်း မသိတာပဲ။ သူ့ကိုရန်စတယ်ပြောရအောင်လည်း ထယ်ယောင်းရဲ့ အကြည့်တွေက သူ့ဆီမှာ ရှိမနေ။ ထိုအစား ကျောက်ဖျာထက်မှာ သူ့ဟာသူနေနေတဲ့ ဘောလုံးလေးကိုပဲ စိုက်ကြည့်လို့နေသည်။

ရာရာစစ ငါလုပ်ပေးတဲ့ အသားစွပ်ပြုတ်ကိုပဲ မေ့သွားရမယ် ရှိသေးတယ်။ သူ့ကိုယ်သူ ဘယ်လောက်တောင် တော်နေလို့ အခုလို မြင်ပြင်းကတ်စရာ မာနထောင်လွှားပြနေရတာလဲ။ ဟိုဖေကြီးကရော ပေါင်းစရာရှားလို့ ဒီလိုကြီးကြီးကျယ်ကျယ်နဲ့မှ ပေါင်းရလား။

အေး အေး မင်းပဲ ဆရာလုပ်နေလိုက်တော့ ဘောလုံးလေးရေ။ ဖေကြီးထက် သားတစ်လကြီးလို့ ပြောပြန်ရင်လည်း စိတ်မကြည်သမျှ အကုန်ပုံချရင်း မြှားဦးက ငါတို့ဆီကို လှည့်လာဦးမယ်။ မပြောတော့ပါဘူး။ ဘာမှမပြောချင်တော့ဘူး။

"ဘောလုံးလေး ဒီမှာပဲ စောင့်နေနော်။ ‌ငါတို့ ခဏနေရင် ပြန်လာမယ်"

ခေါင်းဖြူဖြူလေးကို အသာဖွဖွပုတ်လိုက်ကာ ဂျီမင်းက ထယ်ယောင်းနဲ့အတူ ထွက်သွားသည်။ မိမိကို အဖက်မလုပ်သည့်အပြင် တစ်စက်လေးတောင် မော့ကြည့်ဖော်မရတဲ့ ဘောလုံးလေးကြောင့် ဂျီမင်းတစ်ယောက် အနည်းငယ်တော့ ရှိန်သွားရသည်။ ဒီကောင်လေး သူ့ကို တော်တော်လေး ကောက်နေတာပဲ။ ကိစ္စမရှိပါဘူး အပြန်ကျရင် သူကြိုက်တတ်တဲ့ အစားအသောက်တွေနဲ့ ပြန်ချော့လိုက်ရုံပေါ့။

ခြေသံနဲ့ စကားသံတွေ တိုးသထက်တိုးသွားသည့်အခါ ဘောလုံးလေးက ဟန်ဆောင်ကာ မှေးမှိတ်ထားသည့် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ ရုတ်တရက်ကြီး ရင်ထဲ နေလို့သိပ်မကောင်း။   ငါးစိမ်းမြင် ငါးကင်ပစ်၊ အသစ်တွေ့ အဟောင်းမေ့လို့ သုံးနှုန်းရအောင်လည်း အနေအထား အမှန်ပြောရရင် မိမိကမှ ငါးစိမ်း၊ မိမိကမှ အသစ်။

ပတ်ဝန်းကျင်အနေအထားကို တစ်ချက်စစ်ဆေးကာ ဘယ်သူမှ မရှိတော့တာ သေချာပြီဆိုတော့မှ လူ့အသွင်ကို ပြန်ပြောင်းလိုက်သည်။ ထို့နောက် ဂျီမင်းတို့ ထွက်သွားသည့်အရပ်နှင့် ဆန့်ကျင်ဘက်ဖြစ်သည့် အရပ်ဘက်သို့ တစ်ဦးတစ်ယောက်တည်း ထွက်သွားတော့သည်။

__________________

"အဲ့တော့ မင်းက ဘယ်ကလာမှန်း ဘယ်သူမှန်း ရေရေရာရာမသိတာကို မွေးစားလိုက်တယ်ပေါ့"

"ငါ မင်းကို ဘယ်နှခါပြောပြရဦးမှာလဲ"

တကယ်လည်း ထယ်ယောင်းက ဒီအကြောင်းကိုချည်း ပြောနေတာ ဆယ်ခါထက်မနည်းတော့ပြီ။ ဒီလောက် အက်ကြောင်းထပ်နေအောင် သိထားပြီးသား အကြောင်းအရာကိုပဲ ပြောနေရတာ မင်း ‌မမောဘူးလား မေးပြန်ရင်လည်း ရုပ်တည်ကြီးနဲ့ စိုက်ကြည့်ခံရဦးမယ်။

"Jeonတွေရဲ့ နယ်မြေထဲမှာ တွေ့တာဆိုတော့ သေချာပေါက် Jeonမျိုးနွယ်ပဲ ဖြစ်မှာပေါ့"

ထယ်ယောင်းပြောတာကို ဂျီမင်းလည်း အခုမှ တွေးမိသွားသည်။ ဒီလိုဆို ဘောလုံးလေးက Jeonပေါက်စဆိုတဲ့ သဘောများလား။

"ဒါပေမဲ့ ငါမွေးစားထားတာပဲလေ"

"လွယ်လိုက်တာ။ အခု မင်းဟာက သူများပိုင်နက်ထဲ ဝင်ပြီး သူများမျိုးနွယ်စုကို ခိုးယူနေတာနဲ့ အတူတူပဲနော်"

ထယ်ယောင်းက တစ်ချက်ချင်း ထောက်ပြလိုက်သည့်အခါ ဂျီမင်းဘက်က ပြန်လည်ချေပစရာ စကားတို့မရှိ။

"ဒါမျိုးက မျိုးနွယ်စုတွေကြား တိုက်ပွဲတောင်ဖြစ်နိုင်တယ်"

"အဲ့လောက်အထိတော့ မလုပ်နဲ့လေကွာ"

ရေနစ်သူ ဝါးကူထိုးနေသည့် ထယ်ယောင်းအား မှိုနှုတ်နေရာမှ မျက်စောင်းတစ်ချက်ကျွေးလိုက်သည်။ သားကောင်ရှာဖို့ အတူထွက်လာတယ်ဆိုတာ အလကား ခေါင်းစဉ်ပဲရှိတာ။ တကယ်တမ်း ဘာမှသုံးစားမရဘဲ နံဘေးကနေ ပွစိပွစိ တောက်လျှောက်ပြောနေတာပဲ ပိုတယ်။

"စကားများမနေဘဲ အပြန်ကျရင် ငါ့သားအတွက် စားစရာတစ်ခုခုရအောင်သာ ရှာစမ်းပါ"

မထူးပါဘူး။ ချက်ကျွေးမယ်ဆိုတဲ့ အသားစွပ်ပြုတ်ကိုလည်း မျှော်မှန်းမနေတော့ဘူး။ ငယ်ငယ်ကတည်းက ဒီကောင်က လေထွားတတ်တာကို မေ့မေ့သွားပြီး ယုံတတ်တဲ့ ကိုယ့်အမှားလို့ပဲ မှတ်ယူလိုက်တော့မယ်။

"ထယ်ယောင်း?"

ပြန်ဖြေသံမကြားရတာမို့ အနောက်ကို လှည့်ကြည့်လိုက်တော့ ပျောက်ချင်းမလှ ပျောက်သွားတဲ့ ထယ်ယောင်း။ ခူးလက်စ မှိုပွင့်များကို အင်္ကျီထဲ အမြန် ထိုးထည့်လိုက်ရင်းက အနီးအနားကို လိုက်ရှာပေမဲ့လည်း မတွေ့ရ။ လမ်းပျောက်စရာအကြောင်းလည်း မရှိပါ။ အစောလေးကတင် သူ့နားမှာ ရှိနေသေးတာကို။

တစ်ယောက်တည်း ကြောင်တောင်တောင်ဖြစ်နေတုန်း မြေပြင်ပေါ်မှာ ထယ်ယောင်းတစ်ယောက် ဘယ်အချိန်က ရေးခြစ်သွားမှန်းမသိသည့် စာကို ငုံ့ဖတ်လိုက်မိသည်။ "စိတ်မပူပါနဲ့။ အပြန်ကျရင် မင်းအတွက် အသားစွပ်ပြုတ်က အသင့်ရှိနေမှာပါ"တဲ့။

လေထွားကောင်!
အိပ်မက်ပေးပြီး ထွက်ပြေးသွားပြန်ပြီ။

တဖက်တွင်တော့ လူစိမ်းတစ်ယောက်က ဂျီမင်းနဲ့ ဘောလုံးလေးတို့ နေထိုင်ရာ စမ်းချောင်းဘေးက ဂူကလေးဆီကို ညင်သာသည့် ခြေအစုံနဲ့အတူ လှမ်းလျှောက်လာသည်။

အဝေးက ကြည့်ရုံနှင့် ပုံပန်းသွင်ပြင်ဟာ မိန်းမပျိုတစ်ဦးနှင့် အသွင်ဆင်တူလှပြီး  နက်မှောင်ကာ ရှည်လျားသည့် ဆံနွယ်များက ကိုယ်လုံးတစ်ဝက်လောက်အထိ ဖြန့်ချထားသည်။ ပြုံးယောင်သမ်းနေသည့် နှုတ်ခမ်းများက လှလှပပ၊ တိတိရိရိ။

သွယ်လျလျ လက်ချောင်းတွေ‌အောက်က ပြေးထွက်သွားသည့် ဓားတစ်ချောင်းက သစ်ပင်တစ်ပင်ရဲ့ အကွယ်တွင် ရပ်နေသည့် လူတစ်ယောက်ဆီ တန်းတန်းမတ်မတ်။ နှာဖျားထက်ကနေ ဖြတ်ပြေးသွားတဲ့ ဓားတစ်ချောင်းကို ကြည့်ချင်းအားဖြင့် တဖက်လူရဲ့ တိုက်ခိုက်စွမ်းရည်ကို ခန့်မှန်းကြည့်လို့ရသည်။ ဘယ်နည်းနဲ့မှ ပေါ့သေးသေးတော့ မဖြစ်နိုင်။

"ဒီအတိုင်းပဲ ပုန်းနေတော့မှာလား"

ဆက်ပြီး ပုန်းကွယ်နေဖို့ မဖြစ်နိုင်တော့တာမို့ မျက်စိရှေ့ကို ထွက်လာခဲ့သည်။ ရှည်လျားသည့် အရပ်အမောင်းနှင့် ကြည့်ကောင်းပြီး ငယ်ရွယ်ကာ ချောချောမောမော ရုပ်ရည်နဲ့ ထိုလူက Jeonမျိုးနွယ်စုရဲ့ Alphaဂျောင်ဂုဆိုတာပေါ့။ အင်း မဆိုးပါဘူး။

"ဟုတ်နေတာပဲ"

တဖက်ကလူက မှားသည်၊ မှန်သည် ဘာမှပြန်မပြောဘဲ သီရယ်ဒေါအသွင်နှင့် ရှိနေသည့် ထယ်ယောင်းကိုသာ စိုက်ကြည့်လို့နေသည်။ ဘာလို့လဲ အရမ်းလှနေလို့များလား အဟင်း။ ဒီလိုအခြေအနေမှာတောင် ထယ်ယောင်းက မိမိကိုယ်ကိုယ် ကြံဖန်ဂုဏ်ယူလိုက်ပါသေးသည်။ သူဆိုတာ ဘယ်အသွင်နဲ့မဆို ကြည့်ကောင်းတာအမှန်ပဲလေ။

"နှုတ်ခမ်းနီက မင်းနဲ့မလိုက်ဘူး"

ရုတ်ချည်းထွက်လာတဲ့ စကားကြောင့် သီရယ်ဒေါသည် လမ်းတဝက်မှာတင် ကြောင်အမ်းသွားရသည်။ အခု ဒီလူက ဘာပြောလိုက်တယ်?

"အရောင်က တအားရင့်လွန်းနေတယ်"

မေးစေ့ကို လက်ဖြင့်အသာပွတ်ကာ အပြင်းအထန် ဝေဖန်နေတဲ့လူကြောင့် သီရယ်ဒေါတစ်ယောက် ဒေါပွသွားရသည်။ ဒါ ပထမဆုံးပဲ။ သူ့ကို ဒီလိုဝေဖန်ရဲတာ ဒီလူ ပထမဆုံးပဲ။

"စေတနာနဲ့ပြောပြတာနော်။ မင်း ပြင်လို့ရအောင်ပါ"

"‌တိတ်စမ်း!"

မကျေမနပ် အော်လိုက်တော့ ထိုလူက ရူးချင်ယောင်ဆောင်ကာ မျက်ခုံးကို လက်နဲ့ခြစ်ကုတ်နေသည်။ ထို့နောက် ခပ်တိုးတိုး တစ်ချက်ရယ်လိုက်တာမို့ သီရယ်ဒေါရဲ့ မျက်ခုံးတွေ တွန့်ကွေးသွားရသည်။ ဒါကရော ဘာဖြစ်ပြန်တာလဲ။

"အမှန်တိုင်းပြောရရင် ဆံပင်ကိုလည်း ဒီအတိုင်းချထားတာထက် ထုံးထားရင် ပိုလှမှာသိလား"

ဒီလူက ဘယ်လိုလူလဲ။ ဘာကိစ္စ သူ့ကို ဒေါသမထွက်ထွက်အောင် ခေါင်းအစ ခြေအဆုံးကြည့်ပြီး ဝေဖန်နေရတာလဲ။ အခုမှ စတွေ့တာကို အငြှိုးနဲ့ အသားလွတ်ကြီး အဖဲ့ခံနေရသလိုပဲ။ အဓိပ္ပါယ်မရှိလိုက်တာ။

"စကားများလွန်းတယ်"

တစ်လျှောက်လုံး သူ့ကို ဂျီမင်းက အမြဲပြောတတ်သည့် စကားကို အခုလိုမျိုး တခြားတစ်ယောက်ကို ပြောရလိမ့်မည်ဟု မထင်ထားခဲ့။ စိတ်ထဲ တိုသွားတာမို့ မှတ်လောက်သားလောက်ရှိအောင် တစ်ချက်လောက်တော့ ပညာပြပေးရမည်ဟု‌ တွေးကာ ထိုလူထံသို့ လှစ်ခနဲ ခုန်ဝင်သွားလိုက်သည်။

ထိုအခါ သူ့လိုပင် လျင်မြန်သည့်လူက ဘေးဘက်ကို တိမ်းစောင်းကာ ရှောင်လိုက်တာမို့ နှစ်ဦးသားရဲ့ မျက်နှာများဟာ ဘေးချင်းကပ်လေး ဖြတ်သန်းသွားသည်။ နက်မှောင်ရှည်လျားသည့် မျက်တောင်များရဲ့ ဆန့်ကျင်ဘက်က တိုစိပ်စိပ် မျက်တောင်နက်များ။

နှစ်ယောက်သား အပြိုင်အဆိုင် တိုက်ခိုက်နေတုန်း ထယ်ယောင်းက တဖက်လူကိုပဲ အာရုံစိုက်နေမိချိန်တွင် အဖြူရောင်အရိပ်လေးတစ်ခုက လှစ်ခနဲဆိုသလို ဂူထဲကို ဝင်သွားခဲ့သည်။ ထိုအခြင်းအရာကို သတိမထားမိလောက်အောင် ထယ်ယောင်းရဲ့ ဒေါသနှင့် အာရုံတို့က တိုက်ခိုက်နေသည့် တဖက်လူအပေါ်တွင်သာ ရှိနေခဲ့သည်။

"ဒီလောက်နဲ့ပဲ ရပ်လိုက်ကြရအောင်"

"ဘာလဲ။ အရှုံးပေးတာလား"

ထိုလူက မျက်ခုံးတစ်ဖက်ပင့်ကာ ပုခုံးတွန့်ပြသည်။ ဒီလူက Alphaဂျောင်ဂုဆိုတာသာ သေချာတယ်ဆိုရင်တော့ Jeonမျိုးနွယ်စုတွေက အတော်လေး အမြင်ကတ်စရာကောင်းမှာ အမှန်ပင်။ တစ်စက်မှ အချိုးမပြေဘူး။

"စိတ်မပါသေးလို့ နောက်တစ်ခါ ထပ်တွေ့မှပဲ တိုက်တာပေါ့ ချာတိတ်"

မိမိအား ချာတိတ်ဟု အလွယ်လေး သုံးနှုန်းလိုက်သည့်အခါ ထယ်ယောင်းရဲ့ ‌ဒေါသများက ပိုတိုးလာရသည်။ သို့သော် သူ့ဘက်က တစ်ခုခုပြန်မပြောနိုင်ခင်မှာပဲ ထိုလူက အလင်းလို လျင်မြန်သည့် နှုန်းထားနှင့်အတူ မြင်ကွင်းရှေ့က ပျောက်ကွယ်သွားတော့သည်။

မကျေမနပ်နှင့် တောက်တစ်ချက်ခေါက်ကာ ခြေဆောင့်လိုက်မိသည်။ အနားက သစ်ရွက်ပေါ်တွင် ထွင်းသွားသည့် စာက ‌နောက်တစ်ခါတွေ့ရင် နှုတ်ခမ်းနီအရောင်ပြောင်းပြီး ဆံပင်ကိုလည်းထုံးထားပါတဲ့လေ။ ဘယ်လိုတောင် သောက်အဓိပ္ပါယ်မရှိလိုက်တဲ့ အကြံဉာဏ်လဲ။

ဘာပဲဖြစ်ဖြစ် ဒီလူရဲ့ ရုပ်လုံးအမှန် ပေါ်သွားပြီမို့ ဂျီမင်းကို ရှင်းပြဖို့လည်း ပိုလွယ်သွားတာပေါ့။ မဟုတ်လည်း မကြာခင် ကိုယ့်မျိုးနွယ်စုဆီ ကိုယ်ပြန်ရတော့မှာပဲလေ။ အသွင်ပြန်ပြောင်းလိုက်ရင်းက အင်္ကျီလက်ဖျားစတွေကို တစ်ချက်ခါလိုက်ပြီးနောက် ကျောခိုင်းခဲ့သည်။

သို့သော် ဂူဆီကို ပြန်ရောက်သည့် အခါတွင်တော့ မမျှော်လင့်ထားသည့် အရာတစ်ခုနှင့် ကြုံရလိုက်သည်။ ကျောက်ဖျာထက်တွင်ထိုင်ကာ အခုမှပြန်ရောက်လာသည့် မိမိကို စိုက်ကြည့်နေကြသည့် ဂျီမင်းနှင့် ဘောလုံးလေး။

"ထယ်ယောင်း မင်း ဘယ်တွေသွားနေတာလဲ။ ဒီမှာ မင်းပြောတဲ့အတိုင်း အသားစွပ်ပြုတ်က အသင့်ပဲ။ မင်း ဘယ်လိုလုပ်ပြီး ကြိုသိတာလဲ ငါ့ကို ပြောပြပါဦး"

ဂျီမင်းဘက်က တရစပ်ပြောနေသမျှကို အဖက်မလုပ်အားသေးဘဲ ဂျီမင်းရင်ခွင်ထဲက ဘောလုံးလေးကိုပဲ တအံ့တဩ ကြည့်နေမိသည်။ အဝေးကနေ ကြည့်လို့ အားမရသည့်အခါ အနားအထိ တိုးလာပြီး ထပ်ကြည့်သည်။ စိတ်ထဲ ထင်မိတာက အတုများ ဖြစ်နေမလားလို့။

ဒါပေမဲ့လည်း မိမိကို ချေချေမိုးမိုး ပြန်ကြည့်နေတဲ့ မာနဝင့်နေသည့် မျက်လုံးများက ဘယ်နည်းနဲ့မှ အတုမဖြစ်နိုင်ကြောင်း အသိပေးနေပြန်သည်။ မဖြစ်နိုင်တာ။ ဒီလိုဆို ခုနတုန်းက သူနဲ့ တိုက်ခိုက်နေခဲ့တာက Alphaဂျောင်ဂုလို့ သူယူဆထားတဲ့ ဘောလုံးလေး မဟုတ်ဘူးပေါ့။ ဒါဖြင့် ဘယ်သူလဲ။

"ထယ်ယောင်း တစ်ခုခုဖြစ်လာတာလား"

ထယ်ယောင်းသည် မိမိအား အတည်ပေါက်ကြီး ဝေဖန်သွားသည့် လူအကြောင်း ပြန်တွေးမိ‌သည့်အခါ ‌ဒေါသက အစကပြန်ထွက်လာသည်။ ရင်ထဲ ပူလာသလို ရှိတာကြောင့် အင်္ကျီနဲ့ ယပ်ပြန်ခပ်နေရင်းက ကျောက်ဖျာထက်မှာ မကျေမချမ်းနဲ့ ဝင်ထိုင်လိုက်သည်။

မျက်စိရှေ့ မြင်လိုက်ရသည့် အသားစွပ်ပြုတ်ပန်းကန်ကြောင့် ထပ်ပြီး အလိုမကျဖြစ်သွားရသည်။ ဒါကရော ဘယ်လိုဖြစ်ပြီး ဒီအပေါ် ရောက်နေပြန်တာလဲ။ အလိုအလျောက်ဆိုသလို အကြည့်တို့က ထပ်မံပြီး ဘောလုံးလေးဆီ ကျရောက်သွားရပြန်သည်။

"ထယ်ယောင်း မင်း ဘာဖြစ်နေတာလဲ။ နောက်ပြီး ဘာလို့ ဘောလုံးလေးကို အဲ့လိုကြီး ကြည့်နေရတာလဲ"

"ဘာမှမဟုတ်ပါဘူး"

ဂျီမင်းက သူ့ကို သင်္ကာမကင်း စဖြစ်လာပြီမို့ မျက်နှာကိုပြင်ရင်း ခေါင်းယမ်းပြလိုက်သည်။ ကိုယ့်ထောင်ချောက် ကိုယ်ပြန်မိတဲ့ အဖြစ်တွေလည်း ဒီကမ္ဘာပေါ်မှာ ရှိသေးတာပဲလား။ မိမိက ဘောလုံးလေးကို သံသယဝင်ပါတယ်ဆိုကာမှ ဂျီမင်းက သူ့ကိုပြန်ပြီး သံသယဝင်နေတယ်လေ။ ကောင်းရော။

ဒါပေမဲ့ ဒီလောက်နဲ့ ရပ်သွားမယ်တော့ မထင်လိုက်နဲ့။ ထယ်ယောင်းဆိုတဲ့သူက ပိုခက်ခဲတဲ့အရာကိုမှ ပိုလုပ်ချင်တာ။ အခုလိုမျိုး အနှောင့်အယှက်တွေရှိလေလေ သူ့အတွက် စိန်ခေါ်မှုကြီးကြီး တစ်ခုလို့ယူ‌ဆပြီး အောင်မြင်အောင် ပိုကြိုစားလေလေပဲ။

ဘောလုံးလေးရာ
ထင်းခွေမကြုံ ရေခပ်ကြုံပေါ့ကွာ။

__________________

"ငါတို့ ဒီဘက်ပြောင်းအိပ်ရအောင် ဘောလုံးလေး"

ဂျီမင်းက သူ၏ သားကလေးနဲ့ပတ်သတ်ပြီး သူငယ်ချင်းဖြစ်သူကို စိတ်မချဖြစ်သွားတာမို့  ထယ်ယောင်းနဲ့ ခပ်လှမ်းလှမ်းရှိ ဂူထဲက ကျောက်ဖျာမှာ အိပ်စက်ဖို့ နေရာယူလိုက်သည်။ ထို့နောက် ဘောလုံးလေးအား ရင်ခွင်ထဲထည့်ကာ ထယ်ယောင်းကို ကျောပေးပြီး ညကို ကျော်ဖြတ်ဖို့ ဆုံးဖြတ်လိုက်တော့သည်။

ထယ်ယောင်းကတော့ မလှမ်းမကမ်းက ကျောက်ဖျာပေါ်တွင် ငုတ်တုတ်ထိုင်ကာ မိမိအ ကျောပေးထားသည့် ဂျီမင်းတို့ကို ထောင်ထားသည့် ဒူးတစ်ဖက်ပေါ် မေးထောက်ကာ စောင့်ကြည့်နေတော့သည်။

"ဘာမှမဖြစ်ဘူး။ စိတ်ချလက်ချအိပ်နော်"

ရင်ခွင်ထဲက ဖြူဖြူလုံးလုံးကိုယ်ထည်လေးနှင့် ဘောလုံးလေးကို နှစ်ကိုယ်တည်းကြားရုံလောက် ခပ်တိုးတိုး ငုံ့ပြောလိုက်သည်။ အရင်တုန်းကထက် ပိုနီးကပ်နေသည့် ဝင်သက်ထွက်သက် နွေးနွေးလေးကြောင့် ဘောလုံးလေးရဲ့ ရင်ခုန်သံတွေက သံစုံတီးဝိုင်းလို မငြိမ်မသက်ဖြစ်ကာ ကစုန်ပေါက်လျက်။

မူယာမာယာပိုကာ ကြောက်ရွံ့နေသလို မျက်လုံးဝိုင်းလေးတွေနဲ့ တအီအီအသံပြုရင်း ရင်ခွင်ထဲ ဇွတ်တိုးဝင်ပစ်လိုက်တော့ ဘယ်သူ ဘာတတ်နိုင်ဦးမှာလဲ။ တစ်ခါမှ မမြင်ဖူးတဲ့ ဘောလုံးလေးရဲ့ ခပ်ချွဲချွဲပုံစံလေးကို တွေ့လိုက်ရသည့်အခါ ဖေကြီးတို့တော့ ထိပ်ဆုံးက အရည်ပျော်ပြီလေ။

"အင်းပါ အင်းပါ မကြောက်နဲ့"

နောက်ကျောဘက်ဆီက အကြည့်စူးစူးတွေကို စိတ်ထဲက အာရုံခံနေမိပေမဲ့လည်း ရင်ခွင်ထဲက အကောင်လုံးလေးကိုသာ အကဲပိုနေမိသည်။ ငိုမဲ့မဲ့ မျက်လုံးလေးတွေနဲ့ သူ့ရင်ခွင်ထဲ တိုးဝင်နေပုံက ချစ်ဖို့ကောင်းလိုက်တာ။ ဘယ်လိုလုပ်ရမလဲ။ တအားချစ်ဖို့ကောင်းလွန်းလို့ မြိုသာ ချထားလိုက်ချင်တော့တယ်။

တကယ်လို ဒီဇာတ်လမ်းသာ ရုပ်ပြအနေနဲ့ ရှိလာခဲ့မယ်ဆိုရင် အခုချိန်လောက်ဆို ဘောလုံးလေးကို အသည်းယားလွန်းလို့ ပါးစပ်ထဲ လက်သီးဆုပ်ထည့်ပြီး တစ်လောကလုံး ပွင့်ထွက်သွားအောင် အော်ငိုနေတဲ့ ဖေကြီးဂျီမင်းရဲ့ ဂန္တဝင်ပုံရိပ်တွေ ထွက်ကျလာမှာ အမှန်ပဲ။ 

တဖက်မှာလည်း Alphaဂျောင်ဂုတစ်ယောက် တစ်သက်နဲ့ တစ်ကိုယ် ထုတ်မသုံးဖူးတဲ့ သနားစရာ မျက်လုံးဝိုင်းလေးတွေနဲ့ ပတ်ချွဲနှပ်ချွဲလုပ်နေတာကို Jeonမျိုးနွယ်စုက လူတွေသာမြင်ရင် လောကကြီး ဘာတွေဖြစ်သွားပြီလဲလို့တောင် မေးယူကြလိမ့်မယ်ဆိုတာ ပြောပြစရာတောင်မလို။

Jeonတို့ရဲ့ ဒိတ်ဒိတ်ကြဲ Alphaကြီးက Parkမျိုးနွယ်စုမှ အောင်သွယ်တော်Omegaရဲ့ ရင်ခွင်ထဲမှာ သာယာနေတတ်ပါပြီလို့သာ သိကြည့်။ ဖခင်ဖြစ်သူကိုယ်တိုင် ထိပ်ဆုံးက မူးမေ့လဲသွားနိုင်သည်။ တစ်သက်လုံး တိုက်ရင်းခိုက်ရင်း ကြမ်းရမ်းကာ မာနအပြည့်နဲ့နေခဲ့တဲ့ သူလိုAlphaက ဒီရင်ငွေ့နွေးနွေးကိုမှ စွဲလမ်းနေမိပါတယ်ပြောရင် ထူးများဆန်းနေမလား။

ဘယ်လိုပဲဖြစ်ဖြစ်ပါလေ။ ချစ်ဖို့ကောင်းနေတဲ့ ဘောလုံးလေးအသွင်နဲ့ပဲဥစ္စာ။ လတ်တလော ရည်ရွယ်ချက်ကတော့ အခုလည်း ချွဲမယ်၊ နောက်လည်း ချွဲမယ်။ ဂျီမင်းရဲ့ရင်ခွင်က သူဆိုတဲ့ ဘောလုံးလေးအတွက်ပဲ။

အခုတော့ ဒီရင်ခွင်နွေးနွေးထဲမှာ ကောင်းကောင်းအိပ်စက်ပြီး အိပ်မက်လှလှတွေချည်း တန်းစီမက်ပစ်လိုက်ဦးမယ်။ သူ ဖေကြီးရဲ့ ရင်ခွင်ထဲမှာ အိပ်စက်ရတာကို အရမ်းတွေ ခွေဇီဖြစ်မိနေပြီလေ။

_____________________

ရေးရင်း လက်လွန်နေတာ
အပိုင်းတွေများလာမှာ စိုးနေပြီ🤧


အပိုင္း (၁၀)

-‌ေဘာလုံးေလးက ခြၽဲတတ္တယ္-

"အသားစြပ္ျပဳတ္ကို သတိရလိုက္တာ"

ဂ်ီမင္းက ဂူဝမွာ ငုတ္တုတ္ကေလးထိုင္ရင္း တီးတိုးေလး ညည္းညဴလိုက္သည္။ အမွန္ပဲ။ သူ တကယ္ကို မနက္တိုင္း ယြန္းဂီေဟ်ာင္းလုပ္ေပး‌တဲ့ အသားစြပ္ျပဳတ္ကို သတိရေနတာ။

ဒီရက္ပိုင္းေတြအတြင္း ယြန္းဂီေဟ်ာင္းက မအားဘူးဆိုကာ ဂူဆီကိုလည္း မေရာက္ျဖစ္တာမို႔ ဂ်ီမင္းအတြက္ေတာ့ အငတ္ေဘးဆိုက္ေနသလိုပါပဲ။ စားေနက် အစားအေသာက္ေကာင္းေလး မစားရတဲ့အခါ ဘဝက မၿပီးျပည့္စုံျပန္ဘူး။

ထယ္ေယာင္းကိုလည္း ယြန္းဂီလုပ္ေပးတဲ့ အသားစြပ္ျပဳတ္က မည္မွ်ေကာင္းေၾကာင္း အမႊန္းတင္ထားၿပီးကာမွ ဒီေန႔ဒီရက္အထိ အနံ႔ေလးေတာင္ မရႉရတာက ေလထြားထားတဲ့ သူ႔ကို ငေပါႀကီးတစ္‌ေယာက္ ျဖစ္သြားေစတဲ့အျပင္ အဓိကဇာတ္ေကာင္အေနနဲ႔လည္း အရမ္းရႈိးပဲ့ရာက်လြန္းတယ္။

ေဘာလုံးေလးသည္လည္း အသားစြပ္ျပဳတ္ဟုသာ တဖြဖြ႐ြတ္ေနသည့္ ေဖႀကီးေသးေသးေလးေၾကာင့္ စိတ္ထဲမေကာင္း။ ႏွစ္ေယာက္တည္းရွိေနရင္သာ ကုလားေသ ကုလားေမာ အိပ္တတ္သည့္လူေၾကာင့္ မနက္တိုင္း ေအးေအးလူလူ အသားစြပ္ျပဳတ္ခ်က္ကာ ျပင္ထားေပးလို႔ရေပမဲ့ ထယ္ေယာင္းဆိုသူ ရွိလာသည့္အခါ နည္းနည္းေလးေတာင္ ေျခေခ်ာ္လက္ေခ်ာ္ ျဖစ္သြားလို႔မရပါ။

"မင္းဟာက ဘယ္ေလာက္ေကာင္းလို႔ အဲ့ေလာက္ျဖစ္ေနတာလဲ"

ထယ္ေယာင္းက လက္ပိုက္လ်က္ ဂူနံရံကိုမွီကာ ရပ္ေနရင္းက နားၾကားျပင္းကတ္စြာ ေမးခြန္းထုတ္လာသည္။ မနက္လင္းတိုင္း ဂ်ီမင္းက အသားစြပ္ျပဳတ္မစားရတာမို႔ စိတ္လြင့္ေနသူတစ္ဦးလို ျပဳမူေနသည္မွာ မ်က္စိစူးဖြယ္ အေတာ္ေကာင္းလွသည္။

"အသားစြပ္ျပဳတ္စားခ်င္တယ္"

"ငါ လုပ္ေပးမယ္"

ထယ္ေယာင္းက ဆံပင္ကိုတစ္ခ်က္ခါကာ ေျပာလိုက္သည္။ ဂ်ီမင္းရဲ႕ မ်က္လုံးေတြက ထယ္ေယာင္းရွိရာကို တစ္ခ်က္သာ လွမ္းၾကည့္လာၿပီး အေရွ႕ကို ျပန္လွည့္သြားသည္။ ႏွစ္ေပါင္းမ်ားစြာ လည္ပင္းဖက္ေပါင္းကာ အတူေနလာၾကသူေတြမို႔  အၾကည့္တစ္ခ်က္နဲ႔တင္ ဘာကိုေျပာခ်င္မွန္း အလိုလို နားလည္ၿပီးသား။ အဓိပၸါယ္မရွိတာေတြ မေျပာစမ္းနဲ႔ဆိုတဲ့အၾကည့္။

"‌ၿပီးမွ ထယ္ေယာင္းေလး ငါ့ကို ခ်က္ေကြၽးပါဦးလို႔ မေျပာေၾကးေနာ္"

"မင္းက အာခ်ည္းပဲ"

"ဒါကေတာ့ မင္းနဲ႔တူတာေလ"

ဂ်ီမင္းက အနီးနားက ေက်ာက္စရစ္ခဲတစ္လုံးနဲ႔ ေကာက္ေပါက္လိုက္ေတာ့ ထယ္ေယာင္းက မေရွာင္ဘဲ လက္နဲ႔ဖမ္းယူလိုက္သည္။ ဆယ္စုႏွစ္ေတြခ်ီၿပီး ေပါင္းသင္းလာခဲ့တာ ဒီအထာေတြကိုလည္း ဖင္တျပန္ေခါင္းတျပန္ နပ္ေနၿပီးသား။

"လာပါ။ ထစမ္းပါ။ သားေကာင္သြားဖမ္းရ‌ေအာင္"

ေျမျပင္ေပၚမွာ ပ်င္းရိပ်င္း႐ြဲထိုင္ေနသည့္ သူငယ္ခ်င္းရဲ႕ လက္တစ္ဖက္ကို ဆြဲမကာ ထူလိုက္ေပမဲ့ ကိုယ္ေတာ္ေခ်ာက ဖင္မွာ သံလိုက္ကပ္ထားသလို အပ်င္းႀကီးျပသည္။ ငယ္ငယ္တုန္းကလို ကလိထိုးပစ္လိုက္ေတာ့ တစ္ကိုယ္လုံး တြန႔္လိမ္သြားကာ ရယ္သံေတြ ထြက္က်လာသည္။

မိမိမ်က္စိေရွ႕မွာ ခ်စ္ၾကည္ႏူး၊ တစ္တီတူးေနသလို အေနအထားေၾကာင့္ ေဘာလုံးေလးေဂ်ာင္ဂုရဲ႕ မ်က္လုံးဝိုင္းေလးေတြက ေမွးက်ဥ္းသြားရသည္။ ပတ္ဂ်ီမင္းက ဘယ္လိုေဖႀကီးလဲ။ သားျဖစ္သူေရွ႕မွာေတာင္ နည္းနည္းပါးပါး ဆင္ျခင္မယ္၊ အိေျႏၵဆယ္မယ္မရွိဘူး။ တဟီးဟီး တဟားဟားနဲ႔ ႐ုပ္ပ်က္ဆင္းပ်က္ေတြ။

"မင္း တကယ္ခ်က္တတ္လို႔လား"

"ေႂကြသြားေစရမယ္"

ဂ်ီမင္းနဲ႔ စစေနာက္ေနာက္ ေျပာဆိုေနရင္းက မသိစိတ္ရဲ႕ ေစ့ေဆာ္မႈေၾကာင့္ အျဖဴေရာင္အလုံးေလးကို ၾကည့္လိုက္ေတာ့ မိမိကို စားမတတ္၊ ဝါးမတတ္ ျပာက်ႏိုင္သည့္ မ်က္လုံးမ်ားျဖင့္ စိုက္ၾကည့္ေနတာကို ေတြ႕လိုက္ရသည္။ ထင္တဲ့အတိုင္းပဲ အူတိုေနတာ။

ထယ္ေယာင္းၾကည့္ေနသည့္ ေနရာကို ဂ်ီမင္းကပါ ၾကည့္လိုက္မိေတာ့ ေက်ာက္ဖ်ာထက္ကေန သူတို႔ႏွစ္ေယာက္ကို စူးစူးရဲရဲၾကည့္ေနသည့္ အနီေရာင္မ်က္လုံးေလးမ်ားႏွင့္ ေဘာလုံးေလးကို ေတြ႕လိုက္ရသည္။ ဗိုက္ဆာေနၿပီထင္တယ္။

"ျမန္ျမန္သြားရေအာင္"

"အင္း"

ဂ်ီမင္းက ေဘာလုံးေလးကို ဗိုက္ဆာေနလို႔ ေဒါသထြက္ေနတာဟု မွတ္ယူလိုက္ကာ ထယ္ေယာင္းနဲ႔ ဆက္မကစားေတာ့ဘဲ ေဘာလုံးေလးအတြက္ စားစရာ တစ္ခုခုရွာေပးဖို႔ ေနရာကထရပ္လိုက္ေတာ့သည္။

"ငါခ်က္တာစားၿပီးရင္ အဲ့အသားစြပ္ျပဳတ္ကို မင္းေမ့သြားမွာ"

ထယ္ေယာင္းက လက္ပိုက္ကာ ခပ္ေအးေအးေလွ်ာက္ရင္းက ရန္စသလိုေလသံျဖင့္ ေျပာလာသည္။ တစ္ခုရွိတာက ဘယ္သူ႔ကို ရန္စေနမွန္း မသိတာပဲ။ သူ႔ကိုရန္စတယ္ေျပာရေအာင္လည္း ထယ္ေယာင္းရဲ႕ အၾကည့္ေတြက သူ႔ဆီမွာ ရွိမေန။ ထိုအစား ေက်ာက္ဖ်ာထက္မွာ သူ႔ဟာသူေနေနတဲ့ ေဘာလုံးေလးကိုပဲ စိုက္ၾကည့္လို႔ေနသည္။

ရာရာစစ ငါလုပ္ေပးတဲ့ အသားစြပ္ျပဳတ္ကိုပဲ ေမ့သြားရမယ္ ရွိေသးတယ္။ သူ႔ကိုယ္သူ ဘယ္ေလာက္ေတာင္ ေတာ္ေနလို႔ အခုလို ျမင္ျပင္းကတ္စရာ မာနေထာင္လႊားျပေနရတာလဲ။ ဟိုေဖႀကီးကေရာ ေပါင္းစရာရွားလို႔ ဒီလိုႀကီးႀကီးက်ယ္က်ယ္နဲ႔မွ ေပါင္းရလား။

ေအး ေအး မင္းပဲ ဆရာလုပ္ေနလိုက္ေတာ့ ေဘာလုံးေလးေရ။ ေဖႀကီးထက္ သားတစ္လႀကီးလို႔ ေျပာျပန္ရင္လည္း စိတ္မၾကည္သမွ် အကုန္ပုံခ်ရင္း ျမႇားဦးက ငါတို႔ဆီကို လွည့္လာဦးမယ္။ မေျပာေတာ့ပါဘူး။ ဘာမွမေျပာခ်င္ေတာ့ဘူး။

"ေဘာလုံးေလး ဒီမွာပဲ ေစာင့္ေနေနာ္။ ‌ငါတို႔ ခဏေနရင္ ျပန္လာမယ္"

ေခါင္းျဖဴျဖဴေလးကို အသာဖြဖြပုတ္လိုက္ကာ ဂ်ီမင္းက ထယ္ေယာင္းနဲ႔အတူ ထြက္သြားသည္။ မိမိကို အဖက္မလုပ္သည့္အျပင္ တစ္စက္ေလးေတာင္ ေမာ့ၾကည့္ေဖာ္မရတဲ့ ေဘာလုံးေလးေၾကာင့္ ဂ်ီမင္းတစ္ေယာက္ အနည္းငယ္ေတာ့ ရွိန္သြားရသည္။ ဒီေကာင္ေလး သူ႔ကို ေတာ္ေတာ္ေလး ေကာက္ေနတာပဲ။ ကိစၥမရွိပါဘူး အျပန္က်ရင္ သူႀကိဳက္တတ္တဲ့ အစားအေသာက္ေတြနဲ႔ ျပန္ေခ်ာ့လိုက္႐ုံေပါ့။

ေျခသံနဲ႔ စကားသံေတြ တိုးသထက္တိုးသြားသည့္အခါ ေဘာလုံးေလးက ဟန္ေဆာင္ကာ ေမွးမွိတ္ထားသည့္ မ်က္လုံးမ်ားကို ဖြင့္ၾကည့္လိုက္သည္။ ႐ုတ္တရက္ႀကီး ရင္ထဲ ေနလို႔သိပ္မေကာင္း။   ငါးစိမ္းျမင္ ငါးကင္ပစ္၊ အသစ္ေတြ႕ အေဟာင္းေမ့လို႔ သုံးႏႈန္းရေအာင္လည္း အေနအထား အမွန္ေျပာရရင္ မိမိကမွ ငါးစိမ္း၊ မိမိကမွ အသစ္။

ပတ္ဝန္းက်င္အေနအထားကို တစ္ခ်က္စစ္ေဆးကာ ဘယ္သူမွ မရွိေတာ့တာ ေသခ်ာၿပီဆိုေတာ့မွ လူ႔အသြင္ကို ျပန္ေျပာင္းလိုက္သည္။ ထို႔ေနာက္ ဂ်ီမင္းတို႔ ထြက္သြားသည့္အရပ္ႏွင့္ ဆန႔္က်င္ဘက္ျဖစ္သည့္ အရပ္ဘက္သို႔ တစ္ဦးတစ္ေယာက္တည္း ထြက္သြားေတာ့သည္။

__________________

"အဲ့ေတာ့ မင္းက ဘယ္ကလာမွန္း ဘယ္သူမွန္း ေရေရရာရာမသိတာကို ေမြးစားလိုက္တယ္ေပါ့"

"ငါ မင္းကို ဘယ္ႏွခါေျပာျပရဦးမွာလဲ"

တကယ္လည္း ထယ္ေယာင္းက ဒီအေၾကာင္းကိုခ်ည္း ေျပာေနတာ ဆယ္ခါထက္မနည္းေတာ့ၿပီ။ ဒီေလာက္ အက္ေၾကာင္းထပ္ေနေအာင္ သိထားၿပီးသား အေၾကာင္းအရာကိုပဲ ေျပာေနရတာ မင္း ‌မေမာဘူးလား ေမးျပန္ရင္လည္း ႐ုပ္တည္ႀကီးနဲ႔ စိုက္ၾကည့္ခံရဦးမယ္။

"Jeonေတြရဲ႕ နယ္ေျမထဲမွာ ေတြ႕တာဆိုေတာ့ ေသခ်ာေပါက္ Jeonမ်ိဳးႏြယ္ပဲ ျဖစ္မွာေပါ့"

ထယ္ေယာင္းေျပာတာကို ဂ်ီမင္းလည္း အခုမွ ေတြးမိသြားသည္။ ဒီလိုဆို ေဘာလုံးေလးက Jeonေပါက္စဆိုတဲ့ သေဘာမ်ားလား။

"ဒါေပမဲ့ ငါေမြးစားထားတာပဲေလ"

"လြယ္လိုက္တာ။ အခု မင္းဟာက သူမ်ားပိုင္နက္ထဲ ဝင္ၿပီး သူမ်ားမ်ိဳးႏြယ္စုကို ခိုးယူေနတာနဲ႔ အတူတူပဲေနာ္"

ထယ္ေယာင္းက တစ္ခ်က္ခ်င္း ေထာက္ျပလိုက္သည့္အခါ ဂ်ီမင္းဘက္က ျပန္လည္ေခ်ပစရာ စကားတို႔မရွိ။

"ဒါမ်ိဳးက မ်ိဳးႏြယ္စုေတြၾကား တိုက္ပြဲေတာင္ျဖစ္ႏိုင္တယ္"

"အဲ့ေလာက္အထိေတာ့ မလုပ္နဲ႔ေလကြာ"

ေရနစ္သူ ဝါးကူထိုးေနသည့္ ထယ္ေယာင္းအား မႈိႏႈတ္ေနရာမွ မ်က္ေစာင္းတစ္ခ်က္ေကြၽးလိုက္သည္။ သားေကာင္ရွာဖို႔ အတူထြက္လာတယ္ဆိုတာ အလကား ေခါင္းစဥ္ပဲရွိတာ။ တကယ္တမ္း ဘာမွသုံးစားမရဘဲ နံေဘးကေန ပြစိပြစိ ေတာက္ေလွ်ာက္ေျပာေနတာပဲ ပိုတယ္။

"စကားမ်ားမေနဘဲ အျပန္က်ရင္ ငါ့သားအတြက္ စားစရာတစ္ခုခုရေအာင္သာ ရွာစမ္းပါ"

မထူးပါဘူး။ ခ်က္ေကြၽးမယ္ဆိုတဲ့ အသားစြပ္ျပဳတ္ကိုလည္း ေမွ်ာ္မွန္းမေနေတာ့ဘူး။ ငယ္ငယ္ကတည္းက ဒီေကာင္က ေလထြားတတ္တာကို ေမ့ေမ့သြားၿပီး ယုံတတ္တဲ့ ကိုယ့္အမွားလို႔ပဲ မွတ္ယူလိုက္ေတာ့မယ္။

"ထယ္ေယာင္း?"

ျပန္ေျဖသံမၾကားရတာမို႔ အေနာက္ကို လွည့္ၾကည့္လိုက္ေတာ့ ေပ်ာက္ခ်င္းမလွ ေပ်ာက္သြားတဲ့ ထယ္ေယာင္း။ ခူးလက္စ မႈိပြင့္မ်ားကို အက်ႌထဲ အျမန္ ထိုးထည့္လိုက္ရင္းက အနီးအနားကို လိုက္ရွာေပမဲ့လည္း မေတြ႕ရ။ လမ္းေပ်ာက္စရာအေၾကာင္းလည္း မရွိပါ။ အေစာေလးကတင္ သူ႔နားမွာ ရွိေနေသးတာကို။

တစ္ေယာက္တည္း ေၾကာင္ေတာင္ေတာင္ျဖစ္ေနတုန္း ေျမျပင္ေပၚမွာ ထယ္ေယာင္းတစ္ေယာက္ ဘယ္အခ်ိန္က ေရးျခစ္သြားမွန္းမသိသည့္ စာကို ငုံ႔ဖတ္လိုက္မိသည္။ "စိတ္မပူပါနဲ႔။ အျပန္က်ရင္ မင္းအတြက္ အသားစြပ္ျပဳတ္က အသင့္ရွိေနမွာပါ"တဲ့။

ေလထြားေကာင္!
အိပ္မက္ေပးၿပီး ထြက္ေျပးသြားျပန္ၿပီ။

တဖက္တြင္ေတာ့ လူစိမ္းတစ္ေယာက္က ဂ်ီမင္းနဲ႔ ေဘာလုံးေလးတို႔ ေနထိုင္ရာ စမ္းေခ်ာင္းေဘးက ဂူကေလးဆီကို ညင္သာသည့္ ေျခအစုံနဲ႔အတူ လွမ္းေလွ်ာက္လာသည္။

အေဝးက ၾကည့္႐ုံႏွင့္ ပုံပန္းသြင္ျပင္ဟာ မိန္းမပ်ိဳတစ္ဦးႏွင့္ အသြင္ဆင္တူလွၿပီး  နက္ေမွာင္ကာ ရွည္လ်ားသည့္ ဆံႏြယ္မ်ားက ကိုယ္လုံးတစ္ဝက္ေလာက္အထိ ျဖန႔္ခ်ထားသည္။ ၿပဳံးေယာင္သမ္းေနသည့္ ႏႈတ္ခမ္းမ်ားက လွလွပပ၊ တိတိရိရိ။

သြယ္လ်လ် လက္ေခ်ာင္းေတြ‌ေအာက္က ေျပးထြက္သြားသည့္ ဓားတစ္ေခ်ာင္းက သစ္ပင္တစ္ပင္ရဲ႕ အကြယ္တြင္ ရပ္ေနသည့္ လူတစ္ေယာက္ဆီ တန္းတန္းမတ္မတ္။ ႏွာဖ်ားထက္ကေန ျဖတ္ေျပးသြားတဲ့ ဓားတစ္ေခ်ာင္းကို ၾကည့္ခ်င္းအားျဖင့္ တဖက္လူရဲ႕ တိုက္ခိုက္စြမ္းရည္ကို ခန႔္မွန္းၾကည့္လို႔ရသည္။ ဘယ္နည္းနဲ႔မွ ေပါ့ေသးေသးေတာ့ မျဖစ္ႏိုင္။

"ဒီအတိုင္းပဲ ပုန္းေနေတာ့မွာလား"

ဆက္ၿပီး ပုန္းကြယ္ေနဖို႔ မျဖစ္ႏိုင္ေတာ့တာမို႔ မ်က္စိေရွ႕ကို ထြက္လာခဲ့သည္။ ရွည္လ်ားသည့္ အရပ္အေမာင္းႏွင့္ ၾကည့္ေကာင္းၿပီး ငယ္႐ြယ္ကာ ေခ်ာေခ်ာေမာေမာ ႐ုပ္ရည္နဲ႔ ထိုလူက Jeonမ်ိဳးႏြယ္စုရဲ႕ Alphaေဂ်ာင္ဂုဆိုတာေပါ့။ အင္း မဆိုးပါဘူး။

"ဟုတ္ေနတာပဲ"

တဖက္ကလူက မွားသည္၊ မွန္သည္ ဘာမွျပန္မေျပာဘဲ သီရယ္ေဒါအသြင္ႏွင့္ ရွိေနသည့္ ထယ္ေယာင္းကိုသာ စိုက္ၾကည့္လို႔ေနသည္။ ဘာလို႔လဲ အရမ္းလွေနလို႔မ်ားလား အဟင္း။ ဒီလိုအေျခအေနမွာေတာင္ ထယ္ေယာင္းက မိမိကိုယ္ကိုယ္ ႀကံဖန္ဂုဏ္ယူလိုက္ပါေသးသည္။ သူဆိုတာ ဘယ္အသြင္နဲ႔မဆို ၾကည့္ေကာင္းတာအမွန္ပဲေလ။

"ႏႈတ္ခမ္းနီက မင္းနဲ႔မလိုက္ဘူး"

႐ုတ္ခ်ည္းထြက္လာတဲ့ စကားေၾကာင့္ သီရယ္ေဒါသည္ လမ္းတဝက္မွာတင္ ေၾကာင္အမ္းသြားရသည္။ အခု ဒီလူက ဘာေျပာလိုက္တယ္?

"အေရာင္က တအားရင့္လြန္းေနတယ္"

ေမးေစ့ကို လက္ျဖင့္အသာပြတ္ကာ အျပင္းအထန္ ေဝဖန္ေနတဲ့လူေၾကာင့္ သီရယ္ေဒါတစ္ေယာက္ ေဒါပြသြားရသည္။ ဒါ ပထမဆုံးပဲ။ သူ႔ကို ဒီလိုေဝဖန္ရဲတာ ဒီလူ ပထမဆုံးပဲ။

"ေစတနာနဲ႔ေျပာျပတာေနာ္။ မင္း ျပင္လို႔ရေအာင္ပါ"

"‌တိတ္စမ္း!"

မေက်မနပ္ ေအာ္လိုက္ေတာ့ ထိုလူက ႐ူးခ်င္ေယာင္ေဆာင္ကာ မ်က္ခုံးကို လက္နဲ႔ျခစ္ကုတ္ေနသည္။ ထို႔ေနာက္ ခပ္တိုးတိုး တစ္ခ်က္ရယ္လိုက္တာမို႔ သီရယ္ေဒါရဲ႕ မ်က္ခုံးေတြ တြန႔္ေကြးသြားရသည္။ ဒါကေရာ ဘာျဖစ္ျပန္တာလဲ။

"အမွန္တိုင္းေျပာရရင္ ဆံပင္ကိုလည္း ဒီအတိုင္းခ်ထားတာထက္ ထုံးထားရင္ ပိုလွမွာသိလား"

ဒီလူက ဘယ္လိုလူလဲ။ ဘာကိစၥ သူ႔ကို ေဒါသမထြက္ထြက္ေအာင္ ေခါင္းအစ ေျခအဆုံးၾကည့္ၿပီး ေဝဖန္ေနရတာလဲ။ အခုမွ စေတြ႕တာကို အျငႇိဳးနဲ႔ အသားလြတ္ႀကီး အဖဲ့ခံေနရသလိုပဲ။ အဓိပၸါယ္မရွိလိုက္တာ။

"စကားမ်ားလြန္းတယ္"

တစ္ေလွ်ာက္လုံး သူ႔ကို ဂ်ီမင္းက အၿမဲေျပာတတ္သည့္ စကားကို အခုလိုမ်ိဳး တျခားတစ္ေယာက္ကို ေျပာရလိမ့္မည္ဟု မထင္ထားခဲ့။ စိတ္ထဲ တိုသြားတာမို႔ မွတ္ေလာက္သားေလာက္ရွိေအာင္ တစ္ခ်က္ေလာက္ေတာ့ ပညာျပေပးရမည္ဟု‌ ေတြးကာ ထိုလူထံသို႔ လွစ္ခနဲ ခုန္ဝင္သြားလိုက္သည္။

ထိုအခါ သူ႔လိုပင္ လ်င္ျမန္သည့္လူက ေဘးဘက္ကို တိမ္းေစာင္းကာ ေရွာင္လိုက္တာမို႔ ႏွစ္ဦးသားရဲ႕ မ်က္ႏွာမ်ားဟာ ေဘးခ်င္းကပ္ေလး ျဖတ္သန္းသြားသည္။ နက္ေမွာင္ရွည္လ်ားသည့္ မ်က္ေတာင္မ်ားရဲ႕ ဆန႔္က်င္ဘက္က တိုစိပ္စိပ္ မ်က္ေတာင္နက္မ်ား။

ႏွစ္ေယာက္သား အၿပိဳင္အဆိုင္ တိုက္ခိုက္ေနတုန္း ထယ္ေယာင္းက တဖက္လူကိုပဲ အာ႐ုံစိုက္ေနမိခ်ိန္တြင္ အျဖဴေရာင္အရိပ္ေလးတစ္ခုက လွစ္ခနဲဆိုသလို ဂူထဲကို ဝင္သြားခဲ့သည္။ ထိုအျခင္းအရာကို သတိမထားမိေလာက္ေအာင္ ထယ္ေယာင္းရဲ႕ ေဒါသႏွင့္ အာ႐ုံတို႔က တိုက္ခိုက္ေနသည့္ တဖက္လူအေပၚတြင္သာ ရွိေနခဲ့သည္။

"ဒီေလာက္နဲ႔ပဲ ရပ္လိုက္ၾကရေအာင္"

"ဘာလဲ။ အရႈံးေပးတာလား"

ထိုလူက မ်က္ခုံးတစ္ဖက္ပင့္ကာ ပုခုံးတြန႔္ျပသည္။ ဒီလူက Alphaေဂ်ာင္ဂုဆိုတာသာ ေသခ်ာတယ္ဆိုရင္ေတာ့ Jeonမ်ိဳးႏြယ္စုေတြက အေတာ္ေလး အျမင္ကတ္စရာေကာင္းမွာ အမွန္ပင္။ တစ္စက္မွ အခ်ိဳးမေျပဘူး။

"စိတ္မပါေသးလို႔ ေနာက္တစ္ခါ ထပ္ေတြ႕မွပဲ တိုက္တာေပါ့ ခ်ာတိတ္"

မိမိအား ခ်ာတိတ္ဟု အလြယ္ေလး သုံးႏႈန္းလိုက္သည့္အခါ ထယ္ေယာင္းရဲ႕ ‌ေဒါသမ်ားက ပိုတိုးလာရသည္။ သို႔ေသာ္ သူ႔ဘက္က တစ္ခုခုျပန္မေျပာႏိုင္ခင္မွာပဲ ထိုလူက အလင္းလို လ်င္ျမန္သည့္ ႏႈန္းထားႏွင့္အတူ ျမင္ကြင္းေရွ႕က ေပ်ာက္ကြယ္သြားေတာ့သည္။

မေက်မနပ္ႏွင့္ ေတာက္တစ္ခ်က္ေခါက္ကာ ေျခေဆာင့္လိုက္မိသည္။ အနားက သစ္႐ြက္ေပၚတြင္ ထြင္းသြားသည့္ စာက ‌ေနာက္တစ္ခါေတြ႕ရင္ ႏႈတ္ခမ္းနီအေရာင္ေျပာင္းၿပီး ဆံပင္ကိုလည္းထုံးထားပါတဲ့ေလ။ ဘယ္လိုေတာင္ ေသာက္အဓိပၸါယ္မရွိလိုက္တဲ့ အႀကံဉာဏ္လဲ။

ဘာပဲျဖစ္ျဖစ္ ဒီလူရဲ႕ ႐ုပ္လုံးအမွန္ ေပၚသြားၿပီမို႔ ဂ်ီမင္းကို ရွင္းျပဖို႔လည္း ပိုလြယ္သြားတာေပါ့။ မဟုတ္လည္း မၾကာခင္ ကိုယ့္မ်ိဳးႏြယ္စုဆီ ကိုယ္ျပန္ရေတာ့မွာပဲေလ။ အသြင္ျပန္ေျပာင္းလိုက္ရင္းက အက်ႌလက္ဖ်ားစေတြကို တစ္ခ်က္ခါလိုက္ၿပီးေနာက္ ေက်ာခိုင္းခဲ့သည္။

သို႔ေသာ္ ဂူဆီကို ျပန္ေရာက္သည့္ အခါတြင္ေတာ့ မေမွ်ာ္လင့္ထားသည့္ အရာတစ္ခုႏွင့္ ႀကဳံရလိုက္သည္။ ေက်ာက္ဖ်ာထက္တြင္ထိုင္ကာ အခုမွျပန္ေရာက္လာသည့္ မိမိကို စိုက္ၾကည့္ေနၾကသည့္ ဂ်ီမင္းႏွင့္ ေဘာလုံးေလး။

"ထယ္ေယာင္း မင္း ဘယ္ေတြသြားေနတာလဲ။ ဒီမွာ မင္းေျပာတဲ့အတိုင္း အသားစြပ္ျပဳတ္က အသင့္ပဲ။ မင္း ဘယ္လိုလုပ္ၿပီး ႀကိဳသိတာလဲ ငါ့ကို ေျပာျပပါဦး"

ဂ်ီမင္းဘက္က တရစပ္ေျပာေနသမွ်ကို အဖက္မလုပ္အားေသးဘဲ ဂ်ီမင္းရင္ခြင္ထဲက ေဘာလုံးေလးကိုပဲ တအံ့တဩ ၾကည့္ေနမိသည္။ အေဝးကေန ၾကည့္လို႔ အားမရသည့္အခါ အနားအထိ တိုးလာၿပီး ထပ္ၾကည့္သည္။ စိတ္ထဲ ထင္မိတာက အတုမ်ား ျဖစ္ေနမလားလို႔။

ဒါေပမဲ့လည္း မိမိကို ေခ်ေခ်မိုးမိုး ျပန္ၾကည့္ေနတဲ့ မာနဝင့္ေနသည့္ မ်က္လုံးမ်ားက ဘယ္နည္းနဲ႔မွ အတုမျဖစ္ႏိုင္ေၾကာင္း အသိေပးေနျပန္သည္။ မျဖစ္ႏိုင္တာ။ ဒီလိုဆို ခုနတုန္းက သူနဲ႔ တိုက္ခိုက္ေနခဲ့တာက Alphaေဂ်ာင္ဂုလို႔ သူယူဆထားတဲ့ ေဘာလုံးေလး မဟုတ္ဘူးေပါ့။ ဒါျဖင့္ ဘယ္သူလဲ။

"ထယ္ေယာင္း တစ္ခုခုျဖစ္လာတာလား"

ထယ္ေယာင္းသည္ မိမိအား အတည္ေပါက္ႀကီး ေဝဖန္သြားသည့္ လူအေၾကာင္း ျပန္ေတြးမိ‌သည့္အခါ ‌ေဒါသက အစကျပန္ထြက္လာသည္။ ရင္ထဲ ပူလာသလို ရွိတာေၾကာင့္ အက်ႌနဲ႔ ယပ္ျပန္ခပ္ေနရင္းက ေက်ာက္ဖ်ာထက္မွာ မေက်မခ်မ္းနဲ႔ ဝင္ထိုင္လိုက္သည္။

မ်က္စိေရွ႕ ျမင္လိုက္ရသည့္ အသားစြပ္ျပဳတ္ပန္းကန္ေၾကာင့္ ထပ္ၿပီး အလိုမက်ျဖစ္သြားရသည္။ ဒါကေရာ ဘယ္လိုျဖစ္ၿပီး ဒီအေပၚ ေရာက္ေနျပန္တာလဲ။ အလိုအေလ်ာက္ဆိုသလို အၾကည့္တို႔က ထပ္မံၿပီး ေဘာလုံးေလးဆီ က်ေရာက္သြားရျပန္သည္။

"ထယ္ေယာင္း မင္း ဘာျဖစ္ေနတာလဲ။ ေနာက္ၿပီး ဘာလို႔ ေဘာလုံးေလးကို အဲ့လိုႀကီး ၾကည့္ေနရတာလဲ"

"ဘာမွမဟုတ္ပါဘူး"

ဂ်ီမင္းက သူ႔ကို သကၤာမကင္း စျဖစ္လာၿပီမို႔ မ်က္ႏွာကိုျပင္ရင္း ေခါင္းယမ္းျပလိုက္သည္။ ကိုယ့္ေထာင္ေခ်ာက္ ကိုယ္ျပန္မိတဲ့ အျဖစ္ေတြလည္း ဒီကမာၻေပၚမွာ ရွိေသးတာပဲလား။ မိမိက ေဘာလုံးေလးကို သံသယဝင္ပါတယ္ဆိုကာမွ ဂ်ီမင္းက သူ႔ကိုျပန္ၿပီး သံသယဝင္ေနတယ္ေလ။ ေကာင္းေရာ။

ဒါေပမဲ့ ဒီေလာက္နဲ႔ ရပ္သြားမယ္ေတာ့ မထင္လိုက္နဲ႔။ ထယ္ေယာင္းဆိုတဲ့သူက ပိုခက္ခဲတဲ့အရာကိုမွ ပိုလုပ္ခ်င္တာ။ အခုလိုမ်ိဳး အေႏွာင့္အယွက္ေတြရွိေလေလ သူ႔အတြက္ စိန္ေခၚမႈႀကီးႀကီး တစ္ခုလို႔ယူ‌ဆၿပီး ေအာင္ျမင္ေအာင္ ပိုႀကိဳစားေလေလပဲ။

ေဘာလုံးေလးရာ
ထင္းေခြမႀကဳံ ေရခပ္ႀကဳံေပါ့ကြာ။

__________________

"ငါတို႔ ဒီဘက္ေျပာင္းအိပ္ရေအာင္ ေဘာလုံးေလး"

ဂ်ီမင္းက သူ၏ သားကေလးနဲ႔ပတ္သတ္ၿပီး သူငယ္ခ်င္းျဖစ္သူကို စိတ္မခ်ျဖစ္သြားတာမို႔  ထယ္ေယာင္းနဲ႔ ခပ္လွမ္းလွမ္းရွိ ဂူထဲက ေက်ာက္ဖ်ာမွာ အိပ္စက္ဖို႔ ေနရာယူလိုက္သည္။ ထို႔ေနာက္ ေဘာလုံးေလးအား ရင္ခြင္ထဲထည့္ကာ ထယ္ေယာင္းကို ေက်ာေပးၿပီး ညကို ေက်ာ္ျဖတ္ဖို႔ ဆုံးျဖတ္လိုက္ေတာ့သည္။

ထယ္ေယာင္းကေတာ့ မလွမ္းမကမ္းက ေက်ာက္ဖ်ာေပၚတြင္ ငုတ္တုတ္ထိုင္ကာ မိမိအ ေက်ာေပးထားသည့္ ဂ်ီမင္းတို႔ကို ေထာင္ထားသည့္ ဒူးတစ္ဖက္ေပၚ ေမးေထာက္ကာ ေစာင့္ၾကည့္ေနေတာ့သည္။

"ဘာမွမျဖစ္ဘူး။ စိတ္ခ်လက္ခ်အိပ္ေနာ္"

ရင္ခြင္ထဲက ျဖဴျဖဴလုံးလုံးကိုယ္ထည္ေလးႏွင့္ ေဘာလုံးေလးကို ႏွစ္ကိုယ္တည္းၾကား႐ုံေလာက္ ခပ္တိုးတိုး ငုံ႔ေျပာလိုက္သည္။ အရင္တုန္းကထက္ ပိုနီးကပ္ေနသည့္ ဝင္သက္ထြက္သက္ ေႏြးေႏြးေလးေၾကာင့္ ေဘာလုံးေလးရဲ႕ ရင္ခုန္သံေတြက သံစုံတီးဝိုင္းလို မၿငိမ္မသက္ျဖစ္ကာ ကစုန္ေပါက္လ်က္။

မူယာမာယာပိုကာ ေၾကာက္႐ြံ႕ေနသလို မ်က္လုံးဝိုင္းေလးေတြနဲ႔ တအီအီအသံျပဳရင္း ရင္ခြင္ထဲ ဇြတ္တိုးဝင္ပစ္လိုက္ေတာ့ ဘယ္သူ ဘာတတ္ႏိုင္ဦးမွာလဲ။ တစ္ခါမွ မျမင္ဖူးတဲ့ ေဘာလုံးေလးရဲ႕ ခပ္ခြၽဲခြၽဲပုံစံေလးကို ေတြ႕လိုက္ရသည့္အခါ ေဖႀကီးတို႔ေတာ့ ထိပ္ဆုံးက အရည္ေပ်ာ္ၿပီေလ။

"အင္းပါ အင္းပါ မေၾကာက္နဲ႔"

ေနာက္ေက်ာဘက္ဆီက အၾကည့္စူးစူးေတြကို စိတ္ထဲက အာ႐ုံခံေနမိေပမဲ့လည္း ရင္ခြင္ထဲက အေကာင္လုံးေလးကိုသာ အကဲပိုေနမိသည္။ ငိုမဲ့မဲ့ မ်က္လုံးေလးေတြနဲ႔ သူ႔ရင္ခြင္ထဲ တိုးဝင္ေနပုံက ခ်စ္ဖို႔ေကာင္းလိုက္တာ။ ဘယ္လိုလုပ္ရမလဲ။ တအားခ်စ္ဖို႔ေကာင္းလြန္းလို႔ ၿမိဳသာ ခ်ထားလိုက္ခ်င္ေတာ့တယ္။

တကယ္လို ဒီဇာတ္လမ္းသာ ႐ုပ္ျပအေနနဲ႔ ရွိလာခဲ့မယ္ဆိုရင္ အခုခ်ိန္ေလာက္ဆို ေဘာလုံးေလးကို အသည္းယားလြန္းလို႔ ပါးစပ္ထဲ လက္သီးဆုပ္ထည့္ၿပီး တစ္ေလာကလုံး ပြင့္ထြက္သြားေအာင္ ေအာ္ငိုေနတဲ့ ေဖႀကီးဂ်ီမင္းရဲ႕ ဂႏၲဝင္ပုံရိပ္ေတြ ထြက္က်လာမွာ အမွန္ပဲ။ 

တဖက္မွာလည္း Alphaေဂ်ာင္ဂုတစ္ေယာက္ တစ္သက္နဲ႔ တစ္ကိုယ္ ထုတ္မသုံးဖူးတဲ့ သနားစရာ မ်က္လုံးဝိုင္းေလးေတြနဲ႔ ပတ္ခြၽဲႏွပ္ခြၽဲလုပ္ေနတာကို Jeonမ်ိဳးႏြယ္စုက လူေတြသာျမင္ရင္ ေလာကႀကီး ဘာေတြျဖစ္သြားၿပီလဲလို႔ေတာင္ ေမးယူၾကလိမ့္မယ္ဆိုတာ ေျပာျပစရာေတာင္မလို။

Jeonတို႔ရဲ႕ ဒိတ္ဒိတ္ႀကဲ Alphaႀကီးက Parkမ်ိဳးႏြယ္စုမွ ေအာင္သြယ္ေတာ္Omegaရဲ႕ ရင္ခြင္ထဲမွာ သာယာေနတတ္ပါၿပီလို႔သာ သိၾကည့္။ ဖခင္ျဖစ္သူကိုယ္တိုင္ ထိပ္ဆုံးက မူးေမ့လဲသြားႏိုင္သည္။ တစ္သက္လုံး တိုက္ရင္းခိုက္ရင္း ၾကမ္းရမ္းကာ မာနအျပည့္နဲ႔ေနခဲ့တဲ့ သူလိုAlphaက ဒီရင္ေငြ႕ေႏြးေႏြးကိုမွ စြဲလမ္းေနမိပါတယ္ေျပာရင္ ထူးမ်ားဆန္းေနမလား။

ဘယ္လိုပဲျဖစ္ျဖစ္ပါေလ။ ခ်စ္ဖို႔ေကာင္းေနတဲ့ ေဘာလုံးေလးအသြင္နဲ႔ပဲဥစၥာ။ လတ္တေလာ ရည္႐ြယ္ခ်က္ကေတာ့ အခုလည္း ခြၽဲမယ္၊ ေနာက္လည္း ခြၽဲမယ္။ ဂ်ီမင္းရဲ႕ရင္ခြင္က သူဆိုတဲ့ ေဘာလုံးေလးအတြက္ပဲ။

အခုေတာ့ ဒီရင္ခြင္ေႏြးေႏြးထဲမွာ ေကာင္းေကာင္းအိပ္စက္ၿပီး အိပ္မက္လွလွေတြခ်ည္း တန္းစီမက္ပစ္လိုက္ဦးမယ္။ သူ ေဖႀကီးရဲ႕ ရင္ခြင္ထဲမွာ အိပ္စက္ရတာကို အရမ္းေတြ ေခြဇီျဖစ္မိေနၿပီေလ။

_____________________

ေရးရင္း လက္လြန္ေနတာ
အပိုင္းေတြမ်ားလာမွာ စိုးေနၿပီ🤧






















Ga verder met lezen

Dit interesseert je vast

4.2K 409 3
Bl fan fiction - Kookmin ပတ်ဂျီမင်း^ ဂျွန့်ကို မထိနဲ့ လုံးဝမထိမိစေနဲ့ ဂျွန် တခုခုထိခိုက်တာနဲ့ မင်းတို့တဆွေလုံး တမျိုးလုံးကို ငရဲကဘယ်လိုမျိုးလဲဆိုတာ င...
834K 73.6K 67
"မောင်သိခဲ့တာ...မင်းတစ်​ယောက်ထဲ...."
99.8K 16.1K 52
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...
76.2K 19.1K 62
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥