Unicode
Song recommended- အဓိပတိလမ်းကခြေရာများ (ထူးအိမ်သင်)
တဂျုန်းဂျုန်း မြည်နေသောစက်သံသည် အိမ်အတွင်းပဲ့တင်ထပ်နေ၏။
"အဲ့လောက်ပဲ ချုပ်ပါတော့ဆို... ကျောင်းသွားတက်မှာပါ။ ရုပ်ရှင်သွားရိုက်မှာလည်းမဟုတ်ဘဲနဲ့။ အင်္ကျီတွေအများကြီးဘာလုပ်မှာလဲ။"
စောနရီ နှုတ်ခမ်းကိုရှေ့ပို့ကာ ဆိုတော့ ဒေါ်ချောကြည်ကရယ်သည်။
"ကျောင်းသားဆိုတာ ကျောင်းသားနဲ့တူမှပေါ့။ ကောင်မလေးတွေကို ချစ်ကြိုက်စကားဆိုရင် နုံ့ချာချာနဲ့ဆို ဘယ်ကောင်မလေးကလက်ခံမလဲ?"
"ဟာအမိုးကလည်း သား မိန်းမ မယူဘူး။ အမိုးနဲ့ပဲနေမှာ။"
"ပြောထားဦးပေါ့ရှင်။ ချစ်သူရသွားမှ ဒီအမေကိုပစ်မသွားနဲ့"
အမိုးရော သူပါရယ်လိုက်မိသည်။ ထိုစဉ်မှာပဲ အိမ်ရှေ့က ခေါ်သံကိုကြားရလေသည်။
"နရီ...နရီ..."
ထိုအသံသည် မောင့်အသံ...
သူနေရာမှထကာ ခြံထဲသို့ဆင်းကြည့်မိသည်။ခြံပြင်မှာ ဘယ်သူမှမရှိချေ။ သူကြောင်နစွာဖြင့် အိမ်ထဲသို့ပြန်ကြည့်မိလိုက်သည်၊ သုသာန်တစပြင်လို ခြောက်ကပ်နေသည့်အိမ်သည် တိတ်ဆိတ်လို့နေသည်။ စက်ခုံပေါ်ထိုင်နေသည့်အမိုးလည်းမရှိတော့ပေ။သူထိတ်လန့်သွားရသည်။
"အမိုး... အမိုး... အမိုးဘယ်သွားနေတာလဲ။ မောင်! မောင်ရော ဘယ်မှာလဲ။"
အရာအားလုံးကချာချာလည်နေသည်။ တိတ်ဆိတ်နေသည့်အိမ်ကြီးသည် သူ့ကိုခြောက်လှန့်နေသည်။
ကြောက်ရွံ့မှုများစွာနဲ့ သူငိုချမိပြန်သည်။
"စောနရီ... စောနရီ"
ထပ်ခေါ်ပြန်ပြီ။ဘယ်သူကသူ့ကိုခေါ်နေတာလဲ။
ရုတ်တရက် မွန်းကျပ်လာသည့်ခံစားချက်များနှင့်အတူ မျက်လုံးကိုဆတ်ခနဲဖွင့်လိုက်မိသည်။
မျက်စိရှေ့မှာရှိနေသောသူက အတန်းဖော်လည်းဖြစ်၊ အခန်းဖော်လည်း ဖြစ်သည့် EC။
အိပ်မက်မက်နေတာပဲ။ အိပ်မက်မက်နေမှန်း သိလိုက်ရသည့်တိုင် သူ့နှလုံးသည်းပွတ်ဆီမှ တုန်ယင်မှုတွေကပျောက်မသွား။
"ဟေ့ကောင်။ မင်းဘယ်နားနာနေလို့လဲ။"
မြင့်စိုးက မျက်ရည်များဖြင့် နိုးလာသည့်သူ့ကို စိုးရိမ်အားကြီးစွာမေးသည်။
နိုးလာတာတောင် သူဆက်တိုက်ငိုနေမိတာပဲ။
"မဟုတ်ပါဘူး။ ငါ အိပ်မက်ဆိုးတွေမက်နေလို့"
"ဘယ်လို အိပ်မက်ဆိုးမို့လဲ။ လန့်သွားတာပဲကွာ။စာလုပ်ရင်းအိပ်နေပြန်ပြီ။ မင်း ဇက်ကြောတက်လိမ့်မယ်နော်"
ထိုအခါမှ စားပွဲခုံပေါ်က စာအုပ်ကိုကြည့်လိုက်တော့ သူဖိအိပ်ထားသည့်အခြမ်းသည် စိုစွတ်နေ၏။
ချက်ချင်းပင် ကောက်ပိတ်လိုက်မိသည်။
"စာမေးပွဲကဖြေရတော့မှာမို့လေ။"
မြင့်စိုးက ပါလာသည့် ပစ္စည်းများကိုချရင်း
"မင်းရနေပြီးသားတွေပါ။ တအား ဖိအားထားမနေနဲ့။နီးမှမေ့ကုန်မယ်...အာ ဒါနဲ့ မင်းနေ့လယ်စာမစားရသေးဘူးမလား။ ငါထမင်းသုပ် အပိုဝယ်လာမိတယ်။စားလိုက်လေ"
EC ယူလာသည့် ထမင်းဘူးကို ဖွင့်ကြည့်လိုက်တော့ စောနရီ ခေတ္တခဏကြောင်အသွားရသည်။
ကြက်သား၊ငါးဖယ်၊ဆိတ်သား စသည့်ဖြင့်ရှိသည့်ထဲမှ သည် ထမင်းသုပ်က ဘာလို့ ကြက်မြစ်နဲ့လဲ။
ကြက်အသည်းတောင်မပါသည်က ထူးဆန်းလို့နေသည်။ အတွေးတချို့သည် သူ့ဦးနှောက်လှိုင်းဆီသို့ဂယက်ရိုက်ခတ်သွားသည်။
"ဒါမင်းဝယ်လာတာလား။ ဘာလို့ကြက်မြစ်နဲ့ပဲလဲ"
"ဟမ်..."
Ec ကချက်ချင်းပြန်မဖြေနိုင်တော့ပဲ အင်းအဲလုပ်နေရာမှ
"အာ အစက ငါ့ကောင်မလေးအတွက်ဝယ်လာတာ…သူကစားပြီးပြီဆိုလို့။ အဲ့တာ သူကလည်း ကြက်သည်းမကြိုက်ဘူးလေ။ ဘာလို့လဲ။ မင်း ကြက်မြစ်မစားဘူးလား။"
ထိုအခါမှစောနရီ၏အတွေးများသည် ဖုန်သုတ်လိုက်သည့်နှယ် ရှင်းလင်းသွားတော့သည်။ သူဘာတွေမျှော်လင့်နေမိပါလိမ့်။
"ကျေးဇူး။ Ec... ငါစားလိုက်မယ်။ အခုတော့ မျက်နှာသွားသစ်လိုက်ဦးမယ်"
စောနရီအောက်ထပ်ဆင်းသွားမှ မြင့်စိုး သက်မချလိုက်မိသည်။
"ဘာလို့ ကိုနွေဦးက ဒါတွေလုပ်ခိုင်းနေတာလဲ။ သူတို့ရန်ဖြစ်ထားတာလား။ အားရှီး မသိတော့ဘူး။"
မြင့်စိုးသည် အဝတ်လဲနေရင်းမှ ခပ်ကြောင်ကြောင်တွေးမိသွားလေသည်။
စောနရီ အသဲကွဲနေတာများလား။ သူကြိုက်တဲ့ကောင်မလေးကို ကိုနွေဦးကများဖြတ်ယူသွား၍လား။ မဖြစ်နိုင် ဤအတိုင်းသာဆိုလျှင် ကိုနွေဦးကတော့ ထမင်းဘူးထည့်ပေးနေမည်မဟုတ်။
ဒါဆို စောနရီက ညဘက်တွေမှာ ဘာကြောင့်ထငိုနေတာလဲ။
ပြီးတော့ ရှေ့ရက်လေးတင်မှ ကြောင်စီစီမေးခွန်းတစ်ခုကို မေးသေးသည်။
"EC...ကလေးတစ်ယောက်ကို ယောက်ျားလေးက ပြုစုပျိုးထောင်လို့မရဘူးလားဟင်"
ထိုတုန်းကမြင့်စိုး လွယ်လင့်တကူပင်အဖြေပြန်ပေးခဲ့သည်။
"ရပါတယ်။ ငါ့ကောင်မလေးရဲ့ အဖေဆို သူ့သမီးကို ဒီအရွယ်ထိရောက်အောင် တစ်ယောက်တည်းပျိုးထောင်လာတာတဲ့။ အာ ဒါပေမဲ့ နောက်အိမ်ထောင်ထပ်ပြုတော့မယ်လို့ပြောတာပဲ။ ဘာလို့လဲ... "
"မိန်းမထပ်ယူတာလား၊"
"အေးပေါ့။ မင်းကလည်းယောက်ျားပါဆို မိန်းမထပ်မယူလို့ ဘာယူရမှာလဲ"
"အေးနော် ဟုတ်တာပါပဲ"
ကြောင်နနလေးပြန်ဖြေသော စောနရီပုံစံကို သူအမှုမဲ့အမှတ်မဲ့ပါပဲ။ ဘာလို့လဲဆိုတော့ စောနရီ၏နဂိုပုံစံကိုက ထိုအတိုင်းလေးပင်။
အကြောင်းအရာများကို ဆက်စပ်တွေးမိပြီးမှ မြင့်စိုး ပိုလို့ခေါင်းရှုပ်သွားတော့သည်။
°°°°°°°
စာမေးပွဲတတိယရက်။
တိတိကျကျပြောရလျှင် မောင့်မျက်နှာကို မတွေ့ရသည်က နှစ်ပတ်ရှိနေပြီပင်။ခပ်ဝေးဝေးကလှမ်းကြည့်ချင်လျှင်တောင် မတွေ့ရ။ သည်နယ်မြေ၊သည်ခြံဝန်းထဲမှာ တူတူရှိနေတာတောင် တွေ့ဖို့ခဲယဉ်းလိုက်တာ။
တစ်ခါတလေ သူတွေးမိသည်။ ပထမနှစ်တုန်းကလို သူ့အခန်းရှေ့က ဖြတ်ဖြတ်သွားတတ်သည့်မောင်။
တစ်ချက်တစ်ချက်ကြားရသည့်မောင့်ရယ်သံ။ အပြုံးချိုချိုနဲ့ မောင့် ရဲ့ မျက်နှာလေး။
ခပ်လှမ်းလှမ်းကနေ ငေးကြည့်နေရတုန်းကတောင် သူအမြဲလွမ်းနေခဲ့ရသည့်မောင်။ ယခုမူတော့ အစအနကို မတွေ့ပါလေ။ တကယ်ပဲ အဲ့သည့်ညက မောင့်ကို တွေ့ခဲ့ရသည်က နောက်ဆုံးအကြိမ်ဆိုတာ မှန်သည်ထင်ပါရဲ့။ တော်သေးသည်က နောက်ဆုံးအကြိမ်အနေနဲ့ မောင့်ကို သူထိခွင့်ရခဲ့သေးသည်လေ။
သူ့ဘဝထဲကို တိုးဝင်လာသည့်မောင်က စကားလုံးလှလှတွေနဲ့ နှင်ခဲ့သည်။
ဒါတောင် သူ မောင့်ကို စိတ်မနာနိုင်သေးပါချေ။
ဘယ်လိုပဲ လမ်းခွဲခဲ့တယ်ပြောပြော။ မောင်ကသူ့အပေါ်အမြဲကောင်းခဲ့သည်။ အမုန်းတွေနဲ့လမ်းခွဲခဲ့တာမဟုတ်၍ သူမောင့်ကို အပြစ်မတင်ရက်။
လမ်းခွဲခဲ့ရပေမဲ့ သူတို့ပျော်စရာတွေဖန်တီးခဲ့တာပါပဲ။
သူ့ဘဝထဲကို ဝင်လာသည့် မောင်မမှားပါဘူး။
အလည်သက်သက်လာခဲ့သည်ကို တစ်ဘဝစာထင်ခဲ့မိသည့် သူ့အမှားသာ။
"စောနရီ။ စာမေးပွဲဖြေနိုင်လား။ "
စိတ်လွင့်နေတုန်းမှာပင် သူ့လက်ကိုလှမ်းဆွဲလာသူကြောင့် ပြန်လှည့်ကြည့်လိုက်မိသည်။ အခုရက်ပိုင်းတွင် သူ့မျက်စိရှေ့အမြဲ တိုက်တိုက်ဆိုင်ဆိုင်ရောက်လာတတ်သည့်လူ။
"အာ ကိုဇေရဲ.."
"ရှေ့တည့်တည့်ကလာနေတဲ့အစ်ကို့ကိုတောင်မမြင်ဘူးလား။ စာမေးပွဲဖြေနိုင်လား.."
"ဟုတ်..ဖြေနိုင်ပါတယ်။ အစ်ကိုရော.."
"ဒါပေါ့။ အစ်ကို့ဘဝမှာ 'မ' ကို အမြဲ ဖြုတ်ပြီးသား။
'မ'ဖြေနိုင်ဘူး။ 'မ' လုပ်နိုင်ဘူးဆိုတာမရှိဘူး။ မိန်း 'မ'လည်းမရတော့ဘူးနဲ့တူပါတယ်"
အဆုံးသတ်စကားကို စိတ်ပျက်လက်ပျက်ဟန်ဖြင့်ပြောလာသော ဇေရဲကြောင့် စောနရီပြုံးလိုက်မိသည်။
"ရမှာပါဗျာ..."
"ထားပါ။ စာမေးပွဲပြီးပြီဆိုတော့ ဗိုက်မဆာဘူးလား။ ကန်တင်းသွားရအောင်လေ"
"နေပါဗျာ။ အဆောင်ပဲပြန်တော့မို့ ..စာကျက်ရဦးမှာ"
"အစ်ကို့ကို လိမ့်မနေနဲ့။ မနက်ဖြန်တနင်္ဂနွေလေ။ သန်ဘက်ခါမှ စာမေးပွဲပြန်စမှာကို။"
"ဟုတ်သားပဲ မေ့သွားတာ။"
သို့နှင့် ဇေရဲခေါ်ရာ သို့ စောနရီပါလာရပြန်သည်။
ဇေရဲကမုန့်များမှာပေးသလို ဆိုင်ကထွက်လျှင်လည်းသူကပဲရှင်းပေးသည်။
စောနရီသည် မနေနိုင်ဘဲ မေးမိတော့သည်။
"ကျွန်တော့်ကို အားနာနေတာလား?"
လက်ဖက်ရည်ခွက်အား ဇွန်းဖြင့်မွှေဖျော်နေသည့် ဇေရဲကသူ့ကို လှမ်းကြည့်ကာ
"ဘာလို့ အားနာရမှာလဲ"
"မောင့်..အာ သူ့ကြောင့်နဲ့ အားနာပြီး ကျွန်တော့်ကို ဂရုစိုက်ပေးဖို့မလိုပါဘူး။ ကျွန်တော်အဆင်ပြေပါတယ်။"
"သူ့ကြောင့်လည်းပါတယ်ဆိုပေမဲ့ စောနရီရာ၊ အစ်ကိုကမင်းကို ညီလေးတစ်ယောက်လိုပဲ။ အခု ငါ့ညီလေး စိတ်ဆင်းရဲနေတယ်လို့ ငါခံစားရတယ်။ အဲ့တာကြောင့်ပဲ လာတာပေါ့။ ဝန်ထုပ်ဝန်ပိုးမဖြစ်နဲ့"
စောနရီရင်ထဲ နွေးသွားရတာတော့အမှန်ပင်။
"ကျွန်တော်တကယ်ကို အဆင်ပြေပါတယ်။ကျွန်တော့်ကို စိတ်မပူနဲ့၊ သူ့ကိုပဲ ဂရုစိုက်လိုက်ပါ။ ပြီးတော့ သူ့ကိုအပြစ်လည်းမတင်ပါနဲ့၊ ဒါက သမာရိုးကျဖြစ်တတ်တာပဲကို"
"သမာရိုးကျ? အဲ့တာသမာရိုးကျမဟုတ်ဘူးလေ။မင်းသူ့ကို စိတ်မဆိုးဘူးလား"
စောနရီက ပြုံးလျက်ခေါင်းခါ၏။
ဇေရဲ မျက်ဖြူစိုက်မိတော့သည်။ ဟိုဘက်ကလည်းဂရုစိုက်ပေးပါ။ သည်ဘက်ကလည်း ဂရုစိုက်ပေးပါ။ ဘောလီဘောပုတ်နေသလိုခံစားချက်ကြီး။
"သူကိုက အမြဲဒီလိုကြီးကွာ။ အမှန်ဆို မင်းသူ့ကို နှစ်ချက်လောက် ပိတ်ထိုးလိုက်ရမှာ။ ဟာ့...
ထားပါ။ အစ်ကိုတို့ သူ့အကြောင်း မပြောရအောင်။
စာမေးပွဲမှာ Qualify ဝင်လောက်တယ်မလား။ မဟာတန်းဆက်တက်မှာလား။"
"ဝင်မလားမသိပေမဲ့၊ ဝင်ရင်တောင် ဆက်မတက်တော့ဘူး။ ကျွန်တော်အလုပ်လုပ်ချင်နေပြီ"
"ကျောင်းစရိတ်အခက်အခဲကြောင့်လား။"
"မဟုတ်ပါဘူး။ အစကတည်းက တွေးထားတာပါ။"
"ဒါဆိုလည်း အစ်ကိုရှာကူမယ်လေ။ အခုတော့ စာမေးပွဲကိုအာရုံစိုက်လိုက်။ စာမေးပွဲပြီးတဲ့နောက်ရက်မှပဲသေချာစကားပြောကြတာပေါ့။"
သူလေးဖင့်စွာပဲခေါင်းညိတ်လိုက်မိသည်။
ဇေရဲကတော့ သူ့ရှေ့က ဇီးရွက်သာသာမျက်နှာငယ်လေးကိုကြည့်ရင်း သက်ပြင်းကိုသာအကြိမ်ကြိမ်ချမိသည်။ ပင်ပန်းနေမှာသေချာပေါက်ပါပင်။
ပြုံးနေပေမဲ့ အသက်မပါ။ အကြည့်တွေက လေနှင်ရာရွေ့နေသလို။
ကြားထဲက သူပါလုံးပါးပါးနေပြီ။
°°°°°°°
စာမေးပွဲရက်တွေက သာမန်ထက်ပိုပြီးရှည်ကြာ
နေသလိုပင်။ သို့ပေမဲ့ သူအကောင်းဆုံးလုပ်နိုင်ခဲ့သည်။ နောက်ဆုံးတော့ အမိုးကို စိတ်ထဲမှ တပြီး တိုးတိုးလေးပြောဖြစ်ခဲ့သည်။
အမိုးရဲ့အစောက ဘွဲ့ရကျောင်းသား တစ်ယောက်ဖြစ်တော့မည် ဟူ၍။
အောင်စာရင်းမထွက်သေးပေမဲ့ သူ့ကိုယ်သူတော့ ယုံကြည်ချက်ရှိနေမိသည်။
ကြားရက်များတွင် ကိုဇေရဲက တစ်ဖုံ၊ ကိုဥဿကတစ်လှည့် သူ့ဆီလာခဲ့ပေမဲ့ သူ့နှလုံးသားတစ်နေရာမှာတော့လစ်လပ်နေဆဲပင်။
ဆားမပါသည့်ဟင်းတစ်ခွက်ကို စားနေရသလို။
မိုးရွာထဲမှာ အပေါက်ပါနေသည့်ထီးကိုဆောင်းနေရသလို ။ ရှေ့သို့ တိုးကာလမ်းလျှောက်နေပေမဲ့ မြင်နေရသည့်အရာများနှင့် ပိုပြီးဝေးကွာသွားသလို။ အရာအားလုံးက ကပေါက်တိကပေါက်ချာ။
မောင်တစ်ယောက်ပျောက်ဆုံးသွားသည်နှင့် သူ့ဘဝဟာကျွမ်းထိုးမှောက်ခုံဖြစ်နေပါရောလား။
ေမာင်ကော အဆင်ပြေနေရဲ့လား။
မောင့်ကို အရာအားလုံး သဘောအတိုင်း စိတ်ကြိုက်ခွင့်ပြုပေးခဲ့သည်ပဲ။ အဲ့တာကြောင့် မောင်ကတော့ ပျော်နေမှဖြစ်မည်။
စာမေးပွဲပြီးတာနဲ့ ပစ္စည်းပစ္စယတွေ သူသိမ်းဆည်းနေမိသည်။ အတွေးများကလည်း တသတ်မတ်တည်းမရှိဘဲ ရောက်တတ်ရာရာ။ တစ်နေရာရာက နာနေပေမဲ့ နာလက်စနဲ့ ပစ်စလက်ခတ်ထားလိုက်မိသလိုမျိုး။ ထိုနာကျင်မှုကို အရေးတယူမဖြစ်မိနေအောင် မျက်စိရှေ့မှောက်ရှိ အလုပ်များကို ဇယ်ဆက်သလို လုပ်နေမိသည်။
"စောနရီ ဘာတွေလုပ်နေတာလဲ"
စာမေးပွဲပြီးသည်နှင့် ခုတင်ပေါ်ထိုးအိပ်နေသော Ec က သူ့လှုပ်ရှားမှုများကြောင့်နိုးလာဟန်ရှိသည်။
"ဆောရီး Ec... ငါပစ္စည်းတွေသိမ်းနေတာ။ အသံကျယ်သွားလား"
Ec က ယောင်ပေပေထလာကာ ဟိုကြည့်သည်ကြည့်လုပ်ရင်း
"အခုပြန်တော့မို့လား။"
"မနက်ဖြန်မနက်မှ ပြန်မှာ။"
"တော်သေးတာပေါ့။ ဒီည အတန်းကလူတွေနဲ့ အလင်းပေါက်ဆိုင်မှာ နှုတ်ဆက်ပွဲလုပ်မှာနော်"
(အလင်းပေါက်= မိုးလင်းပေါက်ဖွင့်သည့်ဆိုင်)
"မင်းငါ့ကိုပြောတာ နှစ်ခါရှိနေပြီ"
"ဟေ ဟုတ်လား။ ငါမပြောရသေးဘူးထင်နေတာ။"
Ec ကပြောပြီး ရေဝတ်လဲပုဆိုးတစ်ထည်ဖြင့် အောက်ရေချိုးခန်းသို့ဆင်းသွားပြန်သည်။
ညနေ နေကွယ်သည်နှင့် ကျော်သက်နှင့် ကျော်သီဟ က ဂစ်တာတစ်လက်စီကိုင်၍ ရောက်လာကာ အတန်းထဲကလူများစုဝေးနေသည့်အလင်းပေါက်ဆိုင်သို့သွားကြသည်။
ဆိုင်တွင် ကိုဇေရဲက သူ့ထက်အရင်ပင်ကြိုရောက်ေနေသးသည်။သို့ပေမဲ့လည်း အငယ်တွေကြား အလုပ်မရှုပ်တော့ဘူးဟုဆိုကာ သူ့အား နှုတ်ဆက်ပြီးသည်နှင့်ထွက်သွားလေသည်။
စားကြသောက်ကြစကားပြောကြရင်း သူတို့အုပ်စုနှင့် တစ်ဆိုင်လုံးဆူညံနေသည်။
စောနရီကတော့ အတန်းထဲကလူတွေနှင့်သိပ်မရောတာကြောင့် ဘာသိဘာသာပင်။
"စောနရီ လွှတ်ငြိမ်နေပါရောလား..."
ကျော်သီဟက သူ့အားတံတောင်ဖြင့်တွတ်ကာပြောသည်။
"စောနရီက ဘယ်တုန်းက မင်းလိုကြွဖူးလို့လဲ"
မင်းမင်းစိုးက အခွင့်ကြုံတုန်းကျော်သီဟကို ဝင်ခွပ်သည်။ အဘယ်ကြောင့်ဆိုသော် အတန်းထဲက မိန်းကလေး Ec ဖြစ်သော နဒီသိမ့်အား နှစ်ဦးသား ပြိုင်တူချစ်ရေးဆိုထားတာကြောင့်ပင်။
"ဟေ့ကောင်မင်းမင်းစိုး မင်း ချိုမကြွနဲ့နော်"
ကြားထဲမှ စောနရီက ကိုယ်လေးကြုံ့သွားရသည်။
Ec မှမနေနိုင်တော့ဘဲ ဝင်ထိန်းတော့သည်။
"နှုတ်ဆက်ပွဲမှာရန်ဖြစ်မနေနဲ့။ဟေ့ကောင်ကျော်သက်။ ဂစ်တာတစ်လက်ကမ်းဦးကွာ။ သီချင်းလေးဟစ်ရအောင်။"
ကမ်းပေးလာသည့်ဂစ်တာကို ကျော်သီဟနှင့်မင်းမင်းစိုးက လုနေသေးသည်မို့ ကြားထဲက EC ကပင် ယူကာ ကြိုးညှိနေ၏။
သိပ်မကြာခင်မှာ တိုင်ပင်ထားသည့်အတိုင်း ယောက်ျားလေးအုပ်စုက တီးခတ်သူအဖွဲ့ဖြစ်ပြီး မိန်းကလေး အဖွဲ့မှ မာလာဆောင်မောင်မလာ သီချင်းကို ကပေါက်ကချာဆိုတော့သည်။
🎶🎶"မာလာဆောင် ပြည်လမ်းရှေ့မှာ ...
ဂစ်တာသံ ညတိုင်းကြားတယ်....
စာသင်လာသူလေးရဲ့ အခန်းကကွယ်...
သီချင်းလေးများ ရင်ထဲစွဲလမ်း...
မာလာဆောင်မှာ အမြဲတမ်းပဲ...
ဂစ်တာလွယ်ကာ တေးဖွဲ့ခဲ့သူရေ...
မာလာဆောင် ပြည်လမ်းရှေ့မှာ
ပေါ်မလာတာမိုးနဲ့ဆောင်း...
ဂစ်တာပိုင်ရှင်လေး ဆွေးပြီဟေး...
ဂစ်တာသံတွေတမ်းတရင်း...
အိပ်ပျက်ရပြီ မီးကလေးမှိတ်
မာလာဆောင်မှာလွမ်းလို့ဆွေးရတယ်..."🎶🎶
ကျောင်းသီချင်းများကို တစ်လှည့်စီဆိုရင်း ရယ်မောပျော်ရွှင်နေပေမဲ့လည်း တစ်ဖက်မှာတော့ လစ်ဟာရသည်။ နှစ်တစ်ခုအထိ အချိန်ကြာ တူတူဖြတ်သန်းလာခဲ့ကြသည်။ အားကစားပြိုင်ပွဲတွေ၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲတွေ၊ ချောင်းပေါက်မတတ်ရောက်ခဲ့ကြတဲ့ RC၊ မရောက်ဖူးတဲ့သူမရှိလောက်တဲ့ ဂျပ်ဆင်၊ ချစ်သူတိုင်း ကြိုက်တဲ့ ဂျပ်ဆင်နောက်က ချစ်သူ့လမ်း၊ သူတို့အားလုံးရဲ့ လိုတိုင်းရ Library...ထိုရှေ့က ရေတမာပင်တွေ၊ စိန်ပန်းနီနီတွေ၊ငုဝါပန်းတွေ၊အထင်ကရ သစ်ပုပ်ပင်၊ လူတိုင်းလျှောက်ဖူးသည့် အဓိပတိလမ်း၊ကံ့ကော်မြေဟု တင်စားကြသည့် သည်တက္ကသိုလ်နယ်မြေအား ခွဲခွာကြရတော့မည် မို့ တစ်ဦးစီရင်ထဲမှာတော့ ကိန်းအောင်နေသည့်ဝမ်းနည်းမှုလေးတွေရှိနေကြလိမ့်မည်။
ဘယ်တော့မှပြန်တွေ့ရတော့မည်မှန်းမသိကြတော့ပေ၊ အလုပ်ခွင်တွေဝင်ကြရတော့မည်။ ကိုယ်စီတာဝန်တွေနဲ့ ကိုယ့်လမ်းကိုယ်လျှောက်ကြရတော့မည်။
လွတ်လပ်ခွင့်နဲ့ ရယ်မောသံတွေလွှမ်းခြုံနေသည့် သည် တက္ကသိုလ်နယ်မြေစီကနေ ထွက်သွားရတော့မည့်လူတွေ...
🎶🎶အဓိပတိလမ်းမထက် အတိတ်ကတို့ခြေရာများ....
တိမ်တိုက်လို ဝေးလွင့်လို့သွား အားလုံးပျောက်ကွယ်လေပြီ...
ရာသီတွေချာချာလည်မှုန်ဝါး..
အတိတ်ကခြေသံတိုးတိုးသွား..
တို့နှစ်ယောက်တကယ်ကိုဝေးခဲ့ကြပြီလား...
ပွင့်သစ်စကရနံ့ဆွတ်ပျံ့
အခုတော့ပျောက်ပြယ် လွင့်ပါး...
ပြောင်းလဲခြင်းများမြစ်ရေတို့
ဘဝကိုဖြတ်ကျော်တာကြုံလည်း...
ဒဏာရီလိုဝေဝေဝါး...
အတိတ်ကခြေသံတိုးတိုးသွား...
ဒီမှာတို့နှစ်ယောက် တကယ်ကိုဝေးခဲ့ကြပြီလား...
🎶🎶
ကိုငှက်(ထူးအိမ်သင်)ရဲ့ အဓိပတိလမ်းကခြေရာများ သီချင်းကိုဆိုနေစဉ်မှာ Ec သည် သူ့ဘေးမှပျောက်သွားသော စောနရီအား တောင်တောင်အီအီလိုက်ရှာနေမိသည်။
ပြန်သွားတာတောင်နှုတ်မဆက်သွားဘူး ဟုလည်း မချေမငံ တွေးလိုက်မိတော့သည်။
°°°°°
အရက်မသောက်ထားပါပဲ သူ့ခြေလှမ်းတွေယိုင်ထိုးနေသည်။
ထပ်ခါတလဲလဲပြန်ကြားနေရသည့် သီချင်းသံသည် သူ့ရင်ဘတ်ကို မီးပြားခတ်နေသကဲ့သို့။
မငိုနဲ့ ဆိုသည့် စကားကို သူ့ကိုယ်သူပြန်ကြားရအောင်ထပ်တလဲလဲ ပါးစပ်ကနေရွတ်လာမိသည်။
သို့ပေမဲ့အဆုံးသတ်တွင်တော့ ထိန်းမနိုင်ဘဲ ငိုမိပြန်ပါသည်။
သူဘာတွေများမှားခဲ့လို့လဲ။ ဘာတွေများကျူးလွန်ခဲ့လို့ သည်လောက်တောင် နာကျင်နေရပါသနည်း။
သူဘာတွေများမျှော်လင့်ခဲ့လို့လဲ။ ဘာအပြစ်များကျူးလွန်ခဲ့ပါသနည်း။
နောက်ဆုံးမှာတော့ ရှေ့ဆက်တိုးလျှောက်ဖို့ရန်မတတ်နိုင်တော့ဘဲ လမ်းလယ်တွင် ပဆစ်ဒူးတုတ်ထိုင်ချမိလိုက်တော့သည်။
အဓိပတိမိန်းလမ်းမကြီးပေါ်တွင် ထိုင်ငိုနေသော ကောင်လေးတစ်ယောက်မှလွဲ၍ဘယ်သူမှရှိမနေ။
စောနရီ၏မှတ်ဉာဏ်ထဲသို့ အကြောင်းအရာမြောက်မြားစွာက တိုးဝင်လာတော့သည်။ ဘယ်ဘက်တွင် မြင်နေရသည့် စစ်ကိုင်းလမ်းဆိုသည့်ဆိုင်းဘုတ်ကလေးက မောင်စောင့်နေကျနေရာ၊လျှောက်နေကျပလတ်ဖောင်းလမ်းသွယ်၊ညာဘက်တွင်တော့ တောင်ငူ၊မန္တလေး၊ရာမညဆောင်လမ်းကွေ့၊တစ်နည်းအားဖြင့် သူတို့ပထမဆုံး ဆုံခဲ့သည့်နေရာ၊ စိန်ပန်းပွင့်တွေကြဲနေသည့်လမ်းတွင် သူအမြဲ ခိုးငေးခဲ့ဖူးသည့် ခြေဖမိုးလေးဖြူဖြူ၊ ဂစ်တာတီးနေသည့်မောင့်ပုံစံ၊ မနက်ခင်း ကျောင်းသွားသည့်လမ်းတွင် မောင့်ကျောပြင်လေးကိုတွေ့တိုင်း လှမ်းမခေါ်ဘဲ နောက်ကတိတ်တိတ်လေး ခြေရာများကို လိုက်နင်းခဲ့ဖူးသည့်အမှတ်တရတွေ၊ဟင်းထုပ်ပူပူကို ဖက်ရွက်ကနေကိုင်ပြီး စားတတ်အောင် ပြုလုပ်ပေးခဲ့သည့်အကျင့်များ၊ သူ့ကိုအမြဲ မနေတတ်အောင် ကြည့်ခဲ့ဖူးသည့်မျက်ဝန်းတွေ....
အကြောင်းအရာတိုင်းသည် သူ့ရင်ကို တစစီဆွဲဆုတ်နေသလိုပင်။
ကြိတ်ငိုရင်း ရှိုက်သံဟာ ထိန်းချုပ်ထားနိုင်စွမ်းမရှိဘဲ ပွင့်အန်ကျလာတော့သည်။
လွမ်းသည်။ လွမ်းလွန်း၍ သူ့နှလုံးသားတစ်ခုလုံးမီးမြှိုက်ခံနေရသလိုပင်။
"မောင်... "
အမည်နာမတစ်ခုကို ထပ်တလဲလဲ တနေမိသည်အထိ သူလွမ်းသည်။
တိတ်ဆိတ်နေသောလမ်းမကြီးသည် တိုးတိတ်သောငိုရှိုက်သံများဖြင့် ဖုံးလွှမ်းနေသည်။ အားကောင်းသည့်သစ်ပင်များသည် သူ့အားကြည့်၍ ဝမ်းနည်းစွာ ပုန်းကွယ်နေသည်ဟုထင်ရသည်။
အချစ်ဆိုတာ ဝဋ်တစ်မျိုးပဲတဲ့..
အဲ့သည့်ဝဋ်ဒုက္ခလေးကို မောင်နှင့် တဖန်ပြန်လည်ချင်သည်။
ဒါက သူ့ရဲ့ ရိုးရှင်းသော နောက်ဆုံးဆန္ဒလေးတစ်ခုပါပင်။
28.9.2021(၄:၀၀ Am)
စာရေးသူမှတ်ချက်- အပိုင်းက ၆၀ထိတော့မသွားပါဘူးဗျ။ ၅၀ မှာရပ်ချင်ပေမဲ့ plot ကြောင့် ၅၅ ထိဖြစ်သွားနိုင်ပါတယ်။ ဆောရီးပါခင်ဗျ။spoil ဖြစ်မှာစိုးလို့ cmt တွေကို reply မပြန်တာပါ။
Fb ပေါ် spoil ss တင်ခြင်း ရှောင်ပေးပါ။🚫 ❤️
°°°°°°°
Zawgyi
Song recommended- အဓိပတိလမ္းကေျခရာမ်ား (ထူးအိမ္သင္)
တဂ်ဳန္းဂ်ဳန္း ျမည္ေနေသာစက္သံသည္ အိမ္အတြင္းပဲ့တင္ထပ္ေန၏။
"အဲ့ေလာက္ပဲ ခ်ဳပ္ပါေတာ့ဆို... ေက်ာင္းသြားတက္မွာပါ။ ရုပ္ရွင္သြားရိုက္မွာလည္းမဟုတ္ဘဲနဲ႔။ အက်ႌေတြအမ်ားႀကီးဘာလုပ္မွာလဲ။"
ေစာနရီ ႏႈတ္ခမ္းကိုေရ႔ွပို႔ကာ ဆိုေတာ့ ေဒၚေခ်ာၾကည္ကရယ္သည္။
"ေက်ာင္းသားဆိုတာ ေက်ာင္းသားနဲ႔တူမွေပါ့။ ေကာင္မေလးေတြကို ခ်စ္ႀကိဳက္စကားဆိုရင္ ႏံု႔ခ်ာခ်ာနဲ႔ဆို ဘယ္ေကာင္မေလးကလက္ခံမလဲ?"
"ဟာအမိုးကလည္း သား မိန္းမ မယူဘူး။ အမိုးနဲ႔ပဲေနမွာ။"
"ေျပာထားဦးေပါ့ရွင္။ ခ်စ္သူရသြားမွ ဒီအေမကိုပစ္မသြားနဲ႔"
အမိုးေရာ သူပါရယ္လိုက္မိသည္။ ထိုစဉ္မွာပဲ အိမ္ေရ႔ွက ေခၚသံကိုၾကားရေလသည္။
"နရီ...နရီ..."
ထိုအသံသည္ ေမာင့္အသံ...
သူေနရာမွထကာ ၿခံထဲသို႔ဆင္းၾကၫ့္မိသည္။ၿခံျပင္မွာ ဘယ္သူမွမရိွေခ်။ သူေၾကာင္နစြာျဖင့္ အိမ္ထဲသို႔ျပန္ၾကၫ့္မိလိုက္သည္၊ သုသာန္တစျပင္လို ေျခာက္ကပ္ေနသၫ့္အိမ္သည္ တိတ္ဆိတ္လို႔ေနသည္။ စက္ခံုေပၚထိုင္ေနသၫ့္အမိုးလည္းမရိွေတာ့ေပ။သူထိတ္လန႔္သြားရသည္။
"အမိုး... အမိုး... အမိုးဘယ္သြားေနတာလဲ။ ေမာင္! ေမာင္ေရာ ဘယ္မွာလဲ။"
အရာအားလံုးကခ်ာခ်ာလည္ေနသည္။ တိတ္ဆိတ္ေနသၫ့္အိမ္ႀကီးသည္ သူ႔ကိုေျခာက္လွန႔္ေနသည္။
ေၾကာက္ရြံ႔မႈမ်ားစြာနဲ႔ သူငိုခ်မိျပန္သည္။
"ေစာနရီ... ေစာနရီ"
ထပ္ေခၚျပန္ၿပီ။ဘယ္သူကသူ႔ကိုေခၚေနတာလဲ။
ရုတ္တရက္ မြန္းကျပ္လာသၫ့္ခံစားခ်က္မ်ားႏွင့္အတူ မ်က္လံုးကိုဆတ္ခနဲဖြင့္လိုက္မိသည္။
မ်က္စိေရ႔ွမွာရိွေနေသာသူက အတန္းေဖာ္လည္းျဖစ္၊ အခန္းေဖာ္လည္း ျဖစ္သၫ့္ EC။
အိပ္မက္မက္ေနတာပဲ။ အိပ္မက္မက္ေနမွန္း သိလိုက္ရသၫ့္တိုင္ သူ႔ႏွလံုးသည္းပြတ္ဆီမွ တုန္ယင္မႈေတြကေပ်ာက္မသြား။
"ေဟ့ေကာင္။ မင္းဘယ္နားနာေနလို႔လဲ။"
ျမင့္စိုးက မ်က္ရည္မ်ားျဖင့္ ႏိုးလာသၫ့္သူ႔ကို စိုးရိမ္အားႀကီးစြာေမးသည္။
ႏိုးလာတာေတာင္ သူဆက္တိုက္ငိုေနမိတာပဲ။
"မဟုတ္ပါဘူး။ ငါ အိပ္မက္ဆိုးေတြမက္ေနလို႔"
"ဘယ္လို အိပ္မက္ဆိုးမို႔လဲ။ လန႔္သြားတာပဲကြာ။စာလုပ္ရင္းအိပ္ေနျပန္ၿပီ။ မင္း ဇက္ေၾကာတက္လိမ့္မယ္ေနာ္"
ထိုအခါမွ စားပဲြခံုေပၚက စာအုပ္ကိုၾကၫ့္လိုက္ေတာ့ သူဖိအိပ္ထားသၫ့္အျခမ္းသည္ စိုစြတ္ေန၏။
ခ်က္ခ်င္းပင္ ေကာက္ပိတ္လိုက္မိသည္။
"စာေမးပဲြကေျဖရေတာ့မွာမို႔ေလ။"
ျမင့္စိုးက ပါလာသၫ့္ ပစၥည္းမ်ားကိုခ်ရင္း
"မင္းရေနၿပီးသားေတြပါ။ တအား ဖိအားထားမေနနဲ႔။နီးမွေမ့ကုန္မယ္...အာ ဒါနဲ႔ မင္းေန့လယ္စာမစားရေသးဘူးမလား။ ငါထမင္းသုပ္ အပိုဝယ္လာမိတယ္။စားလိုက္ေလ"
EC ယူလာသၫ့္ ထမင္းဘူးကို ဖြင့္ၾကၫ့္လိုက္ေတာ့ ေစာနရီ ေခတၲခဏေၾကာင္အသြားရသည္။
ၾကက္သား၊ငါးဖယ္၊ဆိတ္သား စသၫ့္ျဖင့္ရိွသၫ့္ထဲမွ သည္ ထမင္းသုပ္က ဘာလို႔ ၾကက္ျမစ္နဲ႔လဲ။
ၾကက္အသည္းေတာင္မပါသည္က ထူးဆန္းလို႔ေနသည္။ အေတြးတခ်ိဳ႕သည္ သူ႔ဦးေနွာက္လိႈင္းဆီသို႔ဂယက္ရိုက္ခတ္သြားသည္။
"ဒါမင္းဝယ္လာတာလား။ ဘာလို႔ၾကက္ျမစ္နဲ႔ပဲလဲ"
"ဟမ္..."
Ec ကခ်က္ခ်င္းျပန္မေျဖႏိုင္ေတာ့ပဲ အင္းအဲလုပ္ေနရာမွ
"အာ အစက ငါ့ေကာင္မေလးအတြက္ဝယ္လာတာ…သူကစားၿပီးၿပီဆိုလို႔။ အဲ့တာ သူကလည္း ၾကက္သည္းမႀကိဳက္ဘူးေလ။ ဘာလို႔လဲ။ မင္း ၾကက္ျမစ္မစားဘူးလား။"
ထိုအခါမွေစာနရီ၏အေတြးမ်ားသည္ ဖုန္သုတ္လိုက္သၫ့္ႏွယ္ ရွင္းလင္းသြားေတာ့သည္။ သူဘာေတြေမ်ွာ္လင့္ေနမိပါလိမ့္။
"ေက်းဇူး။ Ec... ငါစားလိုက္မယ္။ အခုေတာ့ မ်က္ႏွာသြားသစ္လိုက္ဦးမယ္"
ေစာနရီေအာက္ထပ္ဆင္းသြားမွ ျမင့္စိုး သက္မခ်လိုက္မိသည္။
"ဘာလို႔ ကိုေနြဦးက ဒါေတြလုပ္ခိုင္းေနတာလဲ။ သူတို႔ရန္ျဖစ္ထားတာလား။ အားရွီး မသိေတာ့ဘူး။"
ျမင့္စိုးသည္ အဝတ္လဲေနရင္းမွ ခပ္ေၾကာင္ေၾကာင္ေတြးမိသြားေလသည္။
ေစာနရီ အသဲကဲြေနတာမ်ားလား။ သူႀကိဳက္တဲ့ေကာင္မေလးကို ကိုေနြဦးကမ်ားျဖတ္ယူသြား၍လား။ မျဖစ္ႏိုင္ ဤအတိုင္းသာဆိုလ်ွင္ ကိုေနြဦးကေတာ့ ထမင္းဘူးထၫ့္ေပးေနမည္မဟုတ္။
ဒါဆို ေစာနရီက ညဘက္ေတြမွာ ဘာေၾကာင့္ထငိုေနတာလဲ။
ၿပီးေတာ့ ေရ႔ွရက္ေလးတင္မွ ေၾကာင္စီစီေမးခြန္းတစ္ခုကို ေမးေသးသည္။
"EC...ကေလးတစ္ေယာက္ကို ေယာက္်ားေလးက ျပဳစုပ်ိဳးေထာင္လို႔မရဘူးလားဟင္"
ထိုတုန္းကျမင့္စိုး လြယ္လင့္တကူပင္အေျဖျပန္ေပးခဲ့သည္။
"ရပါတယ္။ ငါ့ေကာင္မေလးရဲ့ အေဖဆို သူ႔သမီးကို ဒီအရြယ္ထိေရာက္ေအာင္ တစ္ေယာက္တည္းပ်ိဳးေထာင္လာတာတဲ့။ အာ ဒါေပမဲ့ ေနာက္အိမ္ေထာင္ထပ္ျပဳေတာ့မယ္လို႔ေျပာတာပဲ။ ဘာလို႔လဲ... "
"မိန္းမထပ္ယူတာလား၊"
"ေအးေပါ့။ မင္းကလည္းေယာက္်ားပါဆို မိန္းမထပ္မယူလို႔ ဘာယူရမွာလဲ"
"ေအးေနာ္ ဟုတ္တာပါပဲ"
ေၾကာင္နနေလးျပန္ေျဖေသာ ေစာနရီပံုစံကို သူအမႈမဲ့အမွတ္မဲ့ပါပဲ။ ဘာလို႔လဲဆိုေတာ့ ေစာနရီ၏နဂိုပံုစံကိုက ထိုအတိုင္းေလးပင္။
အေၾကာင္းအရာမ်ားကို ဆက္စပ္ေတြးမိၿပီးမွ ျမင့္စိုး ပိုလို႔ေခါင္းရႈပ္သြားေတာ့သည္။
°°°°°°°
စာေမးပဲြတတိယရက္။
တိတိက်က်ေျပာရလ်ွင္ ေမာင့္မ်က္ႏွာကို မေတြ့ရသည္က ႏွစ္ပတ္ရိွေနၿပီပင္။ခပ္ေဝးေဝးကလွမ္းၾကၫ့္ခ်င္လ်ွင္ေတာင္ မေတြ့ရ။ သည္နယ္ေျမ၊သည္ၿခံဝန္းထဲမွာ တူတူရိွေနတာေတာင္ ေတြ့
ဖို႔ခဲယဉ္းလိုက္တာ။
တစ္ခါတေလ သူေတြးမိသည္။ ပထမႏွစ္တုန္းကလို သူ႔အခန္းေရ႔ွက ျဖတ္ျဖတ္သြားတတ္သၫ့္ေမာင္။
တစ္ခ်က္တစ္ခ်က္ၾကားရသၫ့္ေမာင့္ရယ္သံ။ အႃပံုးခ်ိဳခ်ိဳနဲ႔ ေမာင့္ ရဲ့ မ်က္ႏွာေလး။
ခပ္လွမ္းလွမ္းကေန ေငးၾကၫ့္ေနရတုန္းကေတာင္ သူအၿမဲလြမ္းေနခဲ့ရသၫ့္ေမာင္။ ယခုမူေတာ့ အစအနကို မေတြ့ပါေလ။ တကယ္ပဲ အဲ့သၫ့္ညက ေမာင့္ကို ေတြ့ခဲ့ရသည္က ေနာက္ဆံုးအႀကိမ္ဆိုတာ မွန္သည္ထင္ပါရဲ့။ ေတာ္ေသးသည္က ေနာက္ဆံုးအႀကိမ္အေနနဲ႔ ေမာင့္ကို သူထိခြင့္ရခဲ့ေသးသည္ေလ။
သူ႔ဘဝထဲကို တိုးဝင္လာသၫ့္ေမာင္က စကားလံုးလွလွေတြနဲ႔ ႏွင္ခဲ့သည္။
ဒါေတာင္ သူ ေမာင့္ကို စိတ္မနာႏိုင္ေသးပါေခ်။
ဘယ္လိုပဲ လမ္းခဲြခဲ့တယ္ေျပာေျပာ။ ေမာင္ကသူ႔အေပၚအၿမဲေကာင္းခဲ့သည္။ အမုန္းေတြနဲ႔လမ္းခဲြခဲ့တာမဟုတ္၍ သူေမာင့္ကို အျပစ္မတင္ရက္။
လမ္းခဲြခဲ့ရေပမဲ့ သူတို႔ေပ်ာ္စရာေတြဖန္တီးခဲ့တာပါပဲ။
သူ႔ဘဝထဲကို ဝင္လာသၫ့္ ေမာင္မမွားပါဘူး။
အလည္သက္သက္လာခဲ့သည္ကို တစ္ဘဝစာထင္ခဲ့မိသၫ့္ သူ႔အမွားသာ။
"ေစာနရီ။ စာေမးပဲြေျဖႏိုင္လား။ "
စိတ္လြင့္ေနတုန္းမွာပင္ သူ႔လက္ကိုလွမ္းဆဲြလာသူေၾကာင့္ ျပန္လွၫ့္ၾကၫ့္လိုက္မိသည္။ အခုရက္ပိုင္းတြင္ သူ႔မ်က္စိေရ႔ွအၿမဲ တိုက္တိုက္ဆိုင္ဆိုင္ေရာက္လာတတ္သၫ့္လူ။
"အာ ကိုေဇရဲ.."
"ေရ႔ွတၫ့္တၫ့္ကလာေနတဲ့အစ္ကို႔ကိုေတာင္မျမင္ဘူးလား။ စာေမးပဲြေျဖႏိုင္လား.."
"ဟုတ္..ေျဖႏိုင္ပါတယ္။ အစ္ကိုေရာ.."
"ဒါေပါ့။ အစ္ကို႔ဘဝမွာ 'မ' ကို အၿမဲ ျဖဳတ္ၿပီးသား။
'မ'ေျဖႏိုင္ဘူး။ 'မ' လုပ္ႏိုင္ဘူးဆိုတာမရိွဘူး။ မိန္း 'မ'လည္းမရေတာ့ဘူးနဲ႔တူပါတယ္"
အဆံုးသတ္စကားကို စိတ္ပ်က္လက္ပ်က္ဟန္ျဖင့္ေျပာလာေသာ ေဇရဲေၾကာင့္ ေစာနရီႃပံုးလိုက္မိသည္။
"ရမွာပါဗ်ာ..."
"ထားပါ။ စာေမးပဲြၿပီးၿပီဆိုေတာ့ ဗိုက္မဆာဘူးလား။ ကန္တင္းသြားရေအာင္ေလ"
"ေနပါဗ်ာ။ အေဆာင္ပဲျပန္ေတာ့မို႔ ..စာက်က္ရဦးမွာ"
"အစ္ကို႔ကို လိမ့္မေနနဲ႔။ မနက္ျဖန္တနဂၤေနြေလ။ သန္ဘက္ခါမွ စာေမးပဲြျပန္စမွာကို။"
"ဟုတ္သားပဲ ေမ့သြားတာ။"
သို႔ႏွင့္ ေဇရဲေခၚရာ သို႔ ေစာနရီပါလာရျပန္သည္။
ေဇရဲကမုန႔္မ်ားမွာေပးသလို ဆိုင္ကထြက္လ်ွင္လည္းသူကပဲရွင္းေပးသည္။
ေစာနရီသည္ မေနႏိုင္ဘဲ ေမးမိေတာ့သည္။
"ကၽြန္ေတာ့္ကို အားနာေနတာလား?"
လက္ဖက္ရည္ခြက္အား ဇြန္းျဖင့္ေမႊေဖ်ာ္ေနသၫ့္ ေဇရဲကသူ႔ကို လွမ္းၾကၫ့္ကာ
"ဘာလို႔ အားနာရမွာလဲ"
"ေမာင့္..အာ သူ႔ေၾကာင့္နဲ႔ အားနာၿပီး ကၽြန္ေတာ့္ကို ဂရုစိုက္ေပးဖို႔မလိုပါဘူး။ ကၽြန္ေတာ္အဆင္ေျပပါတယ္။"
"သူ႔ေၾကာင့္လည္းပါတယ္ဆိုေပမဲ့ ေစာနရီရာ၊ အစ္ကိုကမင္းကို ညီေလးတစ္ေယာက္လိုပဲ။ အခု ငါ့ညီေလး စိတ္ဆင္းရဲေနတယ္လို႔ ငါခံစားရတယ္။ အဲ့တာေၾကာင့္ပဲ လာတာေပါ့။ ဝန္ထုပ္ဝန္ပိုးမျဖစ္နဲ႔"
ေစာနရီရင္ထဲ ေနြးသြားရတာေတာ့အမွန္ပင္။
"ကၽြန္ေတာ္တကယ္ကို အဆင္ေျပပါတယ္။ကၽြန္ေတာ့္ကို စိတ္မပူနဲ႔၊ သူ႔ကိုပဲ ဂရုစိုက္လိုက္ပါ။ ၿပီးေတာ့ သူ႔ကိုအျပစ္လည္းမတင္ပါနဲ႔၊ ဒါက သမာရိုးက်ျဖစ္တတ္တာပဲကို"
"သမာရိုးက်? အဲ့တာသမာရိုးက်မဟုတ္ဘူးေလ။မင္းသူ႔ကို စိတ္မဆိုးဘူးလား"
ေစာနရီက ႃပံုးလ်က္ေခါင္းခါ၏။
ေဇရဲ မ်က္ျဖဴစိုက္မိေတာ့သည္။ ဟိုဘက္ကလည္းဂရုစိုက္ေပးပါ။ သည္ဘက္ကလည္း ဂရုစိုက္ေပးပါ။ ေဘာလီေဘာပုတ္ေနသလိုခံစားခ်က္ႀကီး။
"သူကိုက အၿမဲဒီလိုႀကီးကြာ။ အမွန္ဆို မင္းသူ႔ကို ႏွစ္ခ်က္ေလာက္ ပိတ္ထိုးလိုက္ရမွာ။ ဟာ့...
ထားပါ။ အစ္ကိုတို႔ သူ႔အေၾကာင္း မေျပာရေအာင္။
စာေမးပဲြမွာ Qualify ဝင္ေလာက္တယ္မလား။ မဟာတန္းဆက္တက္မွာလား။"
"ဝင္မလားမသိေပမဲ့၊ ဝင္ရင္ေတာင္ ဆက္မတက္ေတာ့ဘူး။ ကၽြန္ေတာ္အလုပ္လုပ္ခ်င္ေနၿပီ"
"ေက်ာင္းစရိတ္အခက္အခဲေၾကာင့္လား။"
"မဟုတ္ပါဘူး။ အစကတည္းက ေတြးထားတာပါ။"
"ဒါဆိုလည္း အစ္ကိုရွာကူမယ္ေလ။ အခုေတာ့ စာေမးပဲြကိုအာရံုစိုက္လိုက္။ စာေမးပဲြၿပီးတဲ့ေနာက္ရက္မွပဲေသခ်ာစကားေျပာၾကတာေပါ့။"
သူေလးဖင့္စြာပဲေခါင္းညိတ္လိုက္မိသည္။
ေဇရဲကေတာ့ သူ႔ေရ႔ွက ဇီးရြက္သာသာမ်က္ႏွာငယ္ေလးကိုၾကၫ့္ရင္း သက္ျပင္းကိုသာအႀကိမ္ႀကိမ္ခ်မိသည္။ ပင္ပန္းေနမွာေသခ်ာေပါက္ပါပင္။
ႃပံုးေနေပမဲ့ အသက္မပါ။ အၾကၫ့္ေတြက ေလႏွင္ရာေရြ့ေနသလို။
ၾကားထဲက သူပါလံုးပါးပါးေနၿပီ။
°°°°°°°
စာေမးပဲြရက္ေတြက သာမန္ထက္ပိုၿပီးရွည္ၾကာ
ေနသလိုပင္။ သို႔ေပမဲ့ သူအေကာင္းဆံုးလုပ္ႏိုင္ခဲ့သည္။ ေနာက္ဆံုးေတာ့ အမိုးကို စိတ္ထဲမွ တၿပီး တိုးတိုးေလးေျပာျဖစ္ခဲ့သည္။
အမိုးရဲ့အေစာက ဘဲြ႔ရေက်ာင္းသား တစ္ေယာက္ျဖစ္ေတာ့မည္ ဟူ၍။
ေအာင္စာရင္းမထြက္ေသးေပမဲ့ သူ႔ကိုယ္သူေတာ့ ယံုၾကည္ခ်က္ရိွေနမိသည္။
ၾကားရက္မ်ားတြင္ ကိုေဇရဲက တစ္ဖံု၊ ကိုဥႆကတစ္လွၫ့္ သူ႔ဆီလာခဲ့ေပမဲ့ သူ႔ႏွလံုးသားတစ္ေနရာမွာေတာ့လစ္လပ္ေနဆဲပင္။
ဆားမပါသၫ့္ဟင္းတစ္ခြက္ကို စားေနရသလို။
မိုးရြာထဲမွာ အေပါက္ပါေနသၫ့္ထီးကိုေဆာင္းေနရသလို ။ ေရ႔ွသို႔ တိုးကာလမ္းေလ်ွာက္ေနေပမဲ့ ျမင္ေနရသၫ့္အရာမ်ားႏွင့္ ပိုၿပီးေဝးကြာသြားသလို။ အရာအားလံုးက ကေပါက္တိကေပါက္ခ်ာ။
ေမာင္တစ္ေယာက္ေပ်ာက္ဆံုးသြားသည္ႏွင့္ သူ႔ဘဝဟာကၽြမ္းထိုးေမွာက္ခံုျဖစ္ေနပါေရာလား။
ေမာင္ေကာ အဆင္ေျပေနရဲ့လား။
ေမာင့္ကို အရာအားလံုး သေဘာအတိုင္း စိတ္ႀကိဳက္ခြင့္ျပဳေပးခဲ့သည္ပဲ။ အဲ့တာေၾကာင့္ ေမာင္ကေတာ့ ေပ်ာ္ေနမျွဖစ္မည္။
စာေမးပဲြၿပီးတာနဲ႔ ပစၥည္းပစၥယေတြ သူသိမ္းဆည္းေနမိသည္။ အေတြးမ်ားကလည္း တသတ္မတ္တည္းမရိွဘဲ ေရာက္တတ္ရာရာ။ တစ္ေနရာရာက နာေနေပမဲ့ နာလက္စနဲ႔ ပစ္စလက္ခတ္ထားလိုက္မိသလိုမ်ိဳး။ ထိုနာက်င္မႈကို အေရးတယူမျဖစ္မိေနေအာင္ မ်က္စိေရ႔ွေမွာက္ရိွ အလုပ္မ်ားကို ဇယ္ဆက္သလို လုပ္ေနမိသည္။
"ေစာနရီ ဘာေတြလုပ္ေနတာလဲ"
စာေမးပဲြၿပီးသည္ႏွင့္ ခုတင္ေပၚထိုးအိပ္ေနေသာ Ec က သူ႔လႈပ္ရွားမႈမ်ားေၾကာင့္ႏိုးလာဟန္ရိွသည္။
"ေဆာရီး Ec... ငါပစၥည္းေတြသိမ္းေနတာ။ အသံက်ယ္သြားလား"
Ec က ေယာင္ေပေပထလာကာ ဟိုၾကၫ့္သည္ၾကၫ့္လုပ္ရင္း
"အခုျပန္ေတာ့မို႔လား။"
"မနက္ျဖန္မနက္မွ ျပန္မွာ။"
"ေတာ္ေသးတာေပါ့။ ဒီည အတန္းကလူေတြနဲ႔ အလင္းေပါက္ဆိုင္မွာ ႏႈတ္ဆက္ပဲြလုပ္မွာေနာ္"
(အလင္းေပါက္= မိုးလင္းေပါက္ဖြင့္သၫ့္ဆိုင္)
"မင္းငါ့ကိုေျပာတာ ႏွစ္ခါရိွေနၿပီ"
"ေဟ ဟုတ္လား။ ငါမေျပာရေသးဘူးထင္ေနတာ။"
Ec ကေျပာၿပီး ေရဝတ္လဲပုဆိုးတစ္ထည္ျဖင့္ ေအာက္ေရခ်ိဳးခန္းသို႔ဆင္းသြားျပန္သည္။
ညေန ေနကြယ္သည္ႏွင့္ ေက်ာ္သက္ႏွင့္ ေက်ာ္သီဟ က ဂစ္တာတစ္လက္စီကိုင္၍ ေရာက္လာကာ အတန္းထဲကလူမ်ားစုေဝးေနသၫ့္အလင္းေပါက္ဆိုင္သို႔သြားၾကသည္။
ဆိုင္တြင္ ကိုေဇရဲက သူ႔ထက္အရင္ပင္ႀကိဳေရာက္ေနသးသည္။သို႔ေပမဲ့လည္း အငယ္ေတြၾကား အလုပ္မရႈပ္ေတာ့ဘူးဟုဆိုကာ သူ႔အား ႏႈတ္ဆက္ၿပီးသည္ႏွင့္ထြက္သြားေလသည္။
စားၾကေသာက္ၾကစကားေျပာၾကရင္း သူတို႔အုပ္စုႏွင့္ တစ္ဆိုင္လံုးဆူညံေနသည္။
ေစာနရီကေတာ့ အတန္းထဲကလူေတြႏွင့္သိပ္မေရာတာေၾကာင့္ ဘာသိဘာသာပင္။
"ေစာနရီ လႊတ္ၿငိမ္ေနပါေရာလား..."
ေက်ာ္သီဟက သူ႔အားတံေတာင္ျဖင့္တြတ္ကာေျပာသည္။
"ေစာနရီက ဘယ္တုန္းက မင္းလိုႂကြဖူးလို႔လဲ"
မင္းမင္းစိုးက အခြင့္ႄကံုတုန္းေက်ာ္သီဟကို ဝင္ခြပ္သည္။ အဘယ္ေၾကာင့္ဆိုေသာ္ အတန္းထဲက မိန္းကေလး Ec ျဖစ္ေသာ နဒီသိမ့္အား ႏွစ္ဦးသား ၿပိဳင္တူခ်စ္ေရးဆိုထားတာေၾကာင့္ပင္။
"ေဟ့ေကာင္မင္းမင္းစိုး မင္း ခ်ိဳမႂကြနဲ႔ေနာ္"
ၾကားထဲမွ ေစာနရီက ကိုယ္ေလးႄကံု႔သြားရသည္။
Ec မွမေနႏိုင္ေတာ့ဘဲ ဝင္ထိန္းေတာ့သည္။
"ႏႈတ္ဆက္ပဲြမွာရန္ျဖစ္မေနနဲ႔။ေဟ့ေကာင္ေက်ာ္သက္။ ဂစ္တာတစ္လက္ကမ္းဦးကြာ။ သီခ်င္းေလးဟစ္ရေအာင္။"
ကမ္းေပးလာသၫ့္ဂစ္တာကို ေက်ာ္သီဟႏွင့္မင္းမင္းစိုးက လုေနေသးသည္မို႔ ၾကားထဲက EC ကပင္ ယူကာ ႀကိဳးၫွိေန၏။
သိပ္မၾကာခင္မွာ တိုင္ပင္ထားသၫ့္အတိုင္း ေယာက္်ားေလးအုပ္စုက တီးခတ္သူအဖဲြ႔ျဖစ္ၿပီး မိန္းကေလး အဖဲြ႔မွ မာလာေဆာင္ေမာင္မလာ သီခ်င္းကို ကေပါက္ကခ်ာဆိုေတာ့သည္။
🎶🎶"မာလာေဆာင္ ျပည္လမ္းေရ႔ွမွာ ...
ဂစ္တာသံ ညတိုင္းၾကားတယ္....
စာသင္လာသူေလးရဲ့ အခန္းကကြယ္...
သီခ်င္းေလးမ်ား ရင္ထဲစဲြလမ္း...
မာလာေဆာင္မွာ အၿမဲတမ္းပဲ...
ဂစ္တာလြယ္ကာ ေတးဖဲြ႔ခဲ့သူေရ...
မာလာေဆာင္ ျပည္လမ္းေရ႔ွမွာ
ေပၚမလာတာမိုးနဲ႔ေဆာင္း...
ဂစ္တာပိုင္ရွင္ေလး ေဆြးၿပီေဟး...
ဂစ္တာသံေတြတမ္းတရင္း...
အိပ္ပ်က္ရၿပီ မီးကေလးမိွတ္
မာလာေဆာင္မွာလြမ္းလို႔ေဆြးရတယ္..."🎶🎶
ေက်ာင္းသီခ်င္းမ်ားကို တစ္လွၫ့္စီဆိုရင္း ရယ္ေမာေပ်ာ္ရႊင္ေနေပမဲ့လည္း တစ္ဖက္မွာေတာ့ လစ္ဟာရသည္။ ႏွစ္တစ္ခုအထိ အခ်ိန္ၾကာ တူတူျဖတ္သန္းလာခဲ့ၾကသည္။ အားကစားၿပိဳင္ပဲြေတြ၊ ေမာင္မယ္သစ္လြင္ႀကိဳဆိုပဲြေတြ၊ ေခ်ာင္းေပါက္မတတ္ေရာက္ခဲ့ၾကတဲ့ RC၊ မေရာက္ဖူးတဲ့သူမရိွေလာက္တဲ့ ဂ်ပ္ဆင္၊ ခ်စ္သူတိုင္း ႀကိဳက္တဲ့ ဂ်ပ္ဆင္ေနာက္က ခ်စ္သူ႔လမ္း၊ သူတို႔အားလံုးရဲ့ လိုတိုင္းရ Library...ထိုေရ႔ွက ေရတမာပင္ေတြ၊ စိန္ပန္းနီနီေတြ၊ငုဝါပန္းေတြ၊အထင္ကရ သစ္ပုပ္ပင္၊ လူတိုင္းေလ်ွာက္ဖူးသၫ့္ အဓိပတိလမ္း၊ကံ့ေကာ္ေျမဟု တင္စားၾကသၫ့္ သည္တကၠသိုလ္နယ္ေျမအား ခဲြခြာၾကရေတာ့မည္ မို႔ တစ္ဦးစီရင္ထဲမွာေတာ့ ကိန္းေအာင္ေနသၫ့္ဝမ္းနည္းမႈေလးေတြရိွေနၾကလိမ့္မည္။
ဘယ္ေတာ့မျွပန္ေတြ့ရေတာ့မည္မွန္းမသိၾကေတာ့ေပ၊ အလုပ္ခြင္ေတြဝင္ၾကရေတာ့မည္။ ကိုယ္စီတာဝန္ေတြနဲ႔ ကိုယ့္လမ္းကိုယ္ေလ်ွာက္ၾကရေတာ့မည္။
လြတ္လပ္ခြင့္နဲ႔ ရယ္ေမာသံေတြလႊမ္းႃခံုေနသၫ့္ သည္ တကၠသိုလ္နယ္ေျမစီကေန ထြက္သြားရေတာ့မၫ့္လူေတြ...
🎶🎶အဓိပတိလမ္းမထက္ အတိတ္ကတို႔ေျခရာမ်ား....
တိမ္တိုက္လို ေဝးလြင့္လို႔သြား အားလံုးေပ်ာက္ကြယ္ေလၿပီ...
ရာသီေတြခ်ာခ်ာလည္မႈန္ဝါး..
အတိတ္ကေျခသံတိုးတိုးသြား..
တို႔ႏွစ္ေယာက္တကယ္ကိုေဝးခဲ့ၾကၿပီလား...
ပြင့္သစ္စကရနံ႔ဆြတ္ပ်ံ႔
အခုေတာ့ေပ်ာက္ျပယ္ လြင့္ပါး...
ေျပာင္းလဲျခင္းမ်ားျမစ္ေရတို႔
ဘဝကိုျဖတ္ေက်ာ္တာႄကံုလည္း...
ဒဏာရီလိုေဝေဝဝါး...
အတိတ္ကေျခသံတိုးတိုးသြား...
ဒီမွာတို႔ႏွစ္ေယာက္ တကယ္ကိုေဝးခဲ့ၾကၿပီလား...
🎶🎶
ကိုငွက္(ထူးအိမ္သင္)ရဲ့ အဓိပတိလမ္းကေျခရာမ်ား သီခ်င္းကိုဆိုေနစဉ္မွာ Ec သည္ သူ႔ေဘးမွေပ်ာက္သြားေသာ ေစာနရီအား ေတာင္ေတာင္အီအီလိုက္ရွာေနမိသည္။
ျပန္သြားတာေတာင္ႏႈတ္မဆက္သြားဘူး ဟုလည္း မေခ်မငံ ေတြးလိုက္မိေတာ့သည္။
°°°°°
အရက္မေသာက္ထားပါပဲ သူ႔ေျခလွမ္းေတြယိုင္ထိုးေနသည္။
ထပ္ခါတလဲလဲျပန္ၾကားေနရသၫ့္ သီခ်င္းသံသည္ သူ႔ရင္ဘတ္ကို မီးျပားခတ္ေနသကဲ့သို႔။
မငိုနဲ႔ ဆိုသၫ့္ စကားကို သူ႔ကိုယ္သူျပန္ၾကားရေအာင္ထပ္တလဲလဲ ပါးစပ္ကေနရြတ္လာမိသည္။
သို႔ေပမဲ့အဆံုးသတ္တြင္ေတာ့ ထိန္းမႏိုင္ဘဲ ငိုမိျပန္ပါသည္။
သူဘာေတြမ်ားမွားခဲ့လို႔လဲ။ ဘာေတြမ်ားက်ူးလြန္ခဲ့လို႔ သည္ေလာက္ေတာင္ နာက်င္ေနရပါသနည္း။
သူဘာေတြမ်ားေမ်ွာ္လင့္ခဲ့လို႔လဲ။ ဘာအျပစ္မ်ားက်ူးလြန္ခဲ့ပါသနည္း။
ေနာက္ဆံုးမွာေတာ့ ေရ႔ွဆက္တိုးေလ်ွာက္ဖို႔ရန္မတတ္ႏိုင္ေတာ့ဘဲ လမ္းလယ္တြင္ ပဆစ္ဒူးတုတ္ထိုင္ခ်မိလိုက္ေတာ့သည္။
အဓိပတိမိန္းလမ္းမႀကီးေပၚတြင္ ထိုင္ငိုေနေသာ ေကာင္ေလးတစ္ေယာက္မွလဲြ၍ဘယ္သူမွရိွမေန။
ေစာနရီ၏မွတ္ဉာဏ္ထဲသို႔ အေၾကာင္းအရာေျမာက္ျမားစြာက တိုးဝင္လာေတာ့သည္။ ဘယ္ဘက္တြင္ ျမင္ေနရသၫ့္ စစ္ကိုင္းလမ္းဆိုသၫ့္ဆိုင္းဘုတ္ကေလးက ေမာင္ေစာင့္ေနက်ေနရာ၊ေလ်ွာက္ေနက်ပလတ္ေဖာင္းလမ္းသြယ္၊ညာဘက္တြင္ေတာ့ ေတာင္ငူ၊မႏၲေလး၊ရာမညေဆာင္လမ္းေကြ့၊တစ္နည္းအားျဖင့္ သူတို႔ပထမဆံုး ဆံုခဲ့သၫ့္ေနရာ၊ စိန္ပန္းပြင့္ေတြႀကဲေနသၫ့္လမ္းတြင္ သူအၿမဲ ခိုးေငးခဲ့ဖူးသၫ့္ ေျခဖမိုးေလးျဖဴႁဖူ၊ ဂစ္တာတီးေနသၫ့္ေမာင့္ပံုစံ၊ မနက္ခင္း ေက်ာင္းသြားသၫ့္လမ္းတြင္ ေမာင့္ေက်ာျပင္ေလးကိုေတြ့တိုင္း လွမ္းမေခၚဘဲ ေနာက္ကတိတ္တိတ္ေလး ေျခရာမ်ားကို လိုက္နင္းခဲ့ဖူးသၫ့္အမွတ္တရေတြ၊ဟင္းထုပ္ပူပူကို ဖက္ရြက္ကေနကိုင္ၿပီး စားတတ္ေအာင္ ျပဳလုပ္ေပးခဲ့သၫ့္အက်င့္မ်ား၊ သူ႔ကိုအၿမဲ မေနတတ္ေအာင္ ၾကၫ့္ခဲ့ဖူးသၫ့္မ်က္ဝန္းေတြ....
အေၾကာင္းအရာတိုင္းသည္ သူ႔ရင္ကို တစစီဆဲြဆုတ္ေနသလိုပင္။
ႀကိတ္ငိုရင္း ရိႈက္သံဟာ ထိန္းခ်ဳပ္ထားႏိုင္စြမ္းမရိွဘဲ ပြင့္အန္က်လာေတာ့သည္။
လြမ္းသည္။ လြမ္းလြန္း၍ သူ႔ႏွလံုးသားတစ္ခုလံုးမီးႃမွိုက္ခံေနရသလိုပင္။
"ေမာင္... "
အမည္နာမတစ္ခုကို ထပ္တလဲလဲ တေနမိသည္အထိ သူလြမ္းသည္။
တိတ္ဆိတ္ေနေသာလမ္းမႀကီးသည္ တိုးတိတ္ေသာငိုရိႈက္သံမ်ားျဖင့္ ဖံုးလႊမ္းေနသည္။ အားေကာင္းသၫ့္သစ္ပင္မ်ားသည္ သူ႔အားၾကၫ့္၍ ဝမ္းနည္းစြာ ပုန္းကြယ္ေနသည္ဟုထင္ရသည္။
အခ်စ္ဆိုတာ ဝဋ္တစ္မ်ိဳးပဲတဲ့..
အဲ့သၫ့္ဝဋ္ဒုကၡေလးကို ေမာင္ႏွင့္ တဖန္ျပန္လည္ခ်င္သည္။
ဒါက သူ႔ရဲ့ ရိုးရွင္းေသာ ေနာက္ဆံုးဆႏၵေလးတစ္ခုပါပင္။
28.9.2021(၄:၀၀ Am)
စာေရးသူမွတ္ခ်က္- အပိုင္းက ၆၀ထိေတာ့မသြားပါဘူးဗ်။ ၅၀ မွာရပ္ခ်င္ေပမဲ့ plot ေၾကာင့္ ၅၅ ထိျဖစ္သြားႏိုင္ပါတယ္။ ေဆာရီးပါခင္ဗ်။spoil ျဖစ္မွာစိုးလို႔ cmt ေတြကို reply မျပန္တာပါ။
Fb ေပၚ spoil ss တင္ျခင္း ေရွာင္ေပးပါ။🚫 ❤️
°°°°°°°