?Daffodils[Complete]

By ScarletV496

340K 21.1K 547

တောင်ပေါ်ဒေသဆေးရုံတစ်ခုမှာတာဝန်ကျကြတဲ့ခွဲစိတ်ဆရာဝန်လေး၂ယောက်ရဲ့Love story ရိုးရိုးလေးပါပဲ... ဖြေးဖြေးငြိမ့်ငြ... More

အမှာစာမဟုတ်သောအမှာစာသို့မဟုတ်ဝန်ခံချက်
🍁Daffodilsအပိုင်း(၁)တံစက်မြိတ်အောက်က လူနှစ်ယောက်
🍁Daffofilsအပိုင်း(၂)မိုးကမင်းကိုခေါ်လာတယ်
🍁Daffofilsအပိုင်း(၃)အိပ်နေတဲ့မင်းကဇန်နဝါရီကိုတောင်ပူစေတဲ့အစွမ်းရှိတယ်
🍁Daffodilsအပိုင်း(၃)အိပ်နေတဲ့မင်းကဇန်နဝါရီကိုတောင်ပူစေတဲ့အစွမ်းရှိတယ်
🍁Daffodils အပိုင်း(၄)ဒီခံစားချက်ကဘာလဲဆိုတာမသေချာဘူး
🍁Daffodilsအပိုင်း(၅)မိတ်ဆွေဟောင်းနှင့်တွေ့ဆုံခြင်း
🍁Daffodils အခန်း( ၆ )ရန်သူတော်၆ပါးမြောက်အားတွေ့ရှိခြင်း
🍁Daffodils အခန်း( ၆ )ရန်သူတော်၆ပါးမြောက်အားတွေ့ရြှိခင်း
🍁Daffodils အပိုင်း(၇)အသဲကွဲတယ်ဆိုတာ• • •
🍁Daffodils အပိုင်း(၈)ချယ်ရီရင်ခုန်သံ
🍁Daffodils အပိုင်း(၉)နားလည်ရခက်တဲ့ဆက်ဆံရေးတွေ
🍁Daffodils အပိုင်း(၁၀)သစ်ကိုင်းကျိုးဖန်တဲ့ ဖူးစာ
🍁Daffodils အပိုင်း(၁၁)လူသားဂျိုင်းထောက်ကြိုက်သလိုတွဲလို့ရတယ်
🍁Daffodils အပိုင်း(၁၂)ကိုယ်နွေဦးကိုသဘောကျတယ်
🍁Daffodils အပိုင်း(၁၂)ကိုယ်နွေဉီးကိုသဘောကျတယ်
🍁Daffodils အပိုင်း(၁၃)အစမ်းသပ်ခံကြွက်လေး
🍁Daffodils အပိုင်း(၁၄)ဆောင်းဦး၏နေရာကွက်ကြားနွေးထွေးမှု
🍁Daffodils အပိုင်း(၁၄)ဆောင်းဦး၏နေရာကွက်ကြားနွေးထွေးမှု
🍁Daffodils အပိုင်း(၁၅)မတရားသဖြင့်ခုန်နေတဲ့နှလုံးသား
🍁Daffodils အပိုင်း(၁၆)Goodnightနော်နွေဦးအိပ်မက်လှလှ မက်ပါစေ
🍁Daffodils အပိုင်း(၁၆)Goodnightနော်နွေဉီးအိပ်မက်လှလှ မက်ပါစေ
🍁Daffodils အပိုင်း(၁၇)ဖုံးကွယ်ထားတဲ့ အလွှာ
🍁Daffodils အပိုင်း(၁၈)MaMa Boy
🍁Daffodils အပိုင်း(၁၉)ကျွန်တော်MaMa boyနဲ့တော့မတွဲချင်ဘူး
🍁Daffodils အပိုင်း(၂၀)မေမေကကိုယ်တို့ကိုလက်ခံပေးမယ်တဲ့!!
🍁Daffodils အပိုင်း(၂၁)ချစ်သူတွေဘာတွေလုပ်ကြလဲ!!
🍁Daffodils အပိုင်း(၂၂)နင်ကငါ့ပြိုင်ဘက်
🍁Daffodils အပိုင်း(၂၃)အိမ်ဆက်ပြန်ကြရအောင်!!
🍁Daffodils အပိုင်း(၂၄)နွေဦးကကိုယ့်ရဲ့ကလေးလေး
🍁Daffodils အပိုင်း(၂၄)နွေဉီးကကိုယ့်ရဲ့ကလေးလေး
🍁Daffodils အပိုင်း(၂၅)ဆင်တူဝတ်စုံရာဇဝင်
🍁Daffodils အပိုင်း(၂၆)အချင်းချင်းချစ်နေကြပြီ!!
🍁Daffodils အပိုင်း(၂၇)ရှူး!! တိုးတိုး..
🍁Daffodils အပိုင်း(၂၈)ဗရုတ်သုက္ခနေ့ရက်များ
🍁Daffodils အပိုင်း(၂၉)ကျွန်တော်နဲ့ခင်ဗျားချစ်သူတွေမှဟုတ်ရဲ့လား
🍁Daffodils အပိုင်း(၃၀)Happy Birthday. . .
🍁Daffodils အပိုင်း(၃၂)မှားခဲ့တဲ့လူကကျွန်တော်မဟုတ်ဘူး
🍁Daffodils အပိုင်း(၃၃)အရေးတယူမိတ်ဆက်ပေးစရာမလိုဘူး
🍁Daffodils အပိုင်း(၃၄)အမေးအမြန်းထူတဲ့ ရည်းစားဟောင်း!
🍁Daffodils အပိုင်း(၃၄)အမေးအမြန်းတဲ့ရည်းစားဟောင်း!
🍁Daffodils အပိုင်း(၃၅)နာကျင်မှုထက်ပိုတဲ့နာကျင်မှု• • •
🍁Daffodils အပိုင်း(၃၆)ဖုန်တွေအမှိုက်တွေပါတဲ့လေပွေတစ်ခုပဲ!
🍁Daffodils အပိုင်း(၃၇)နာကျင်ရမယ်ဆိုရင်တောင်အတူတူရှိချင်တယ်!
🍁Daffodils အပိုင်း(၃၈)တစ်ခါတစ်လေတွေ့ရင်ပြုံးပြကြတာပေါ့!
🍁Daffodils အပိုင်း(၃၉)မဖိတ်ခေါ်ဘဲရောက်လာတဲ့ဧည့်သည်
🍁Daffodils အပိုင်း(၄၀)နယ်ရုပ်လောက်တောင်သူကအဆင့်မရှိဘူး• • •
🍁Daffodils အပိုင်း (၄၁)အလွမ်း၊စိုးရိမ်စိတ်၊သိမ်ငယ်မှု၊အသေးစားရန်ပွဲ!
🍁Daffodils အပိုင်း(၄၂)ပြဿနာကိုဖြေရှင်းဖို့ အမေကိုရန်စ!
🍁Daffodils အပိုင်း(၄၃)အတိတ်၊အမှန်တရား၊ကွဲကြေနေတဲ့နှလုံးသား
🍁Daffodils အပိုင်း(၄၄)The Lucky One
🍁Daffodils အပိုင်း(၄၅)ပထမဆုံးနှစ်ယောက်အတူရှိတဲ့ခရစ်စမတ်
🍁Daffofils _Epilogue.1
🍁Dafodils_ Epilogue.1
🍁Daffodils_Epilogue.2
🍁Daffodils_Epilogue.2
🍁Daffodils_Extra.1
🍁Daffodils_Extra.1
🍁Daffodils_Extra.2
🍁Daffodils_Extra.2
🍁Daffodils_Extra.3
🍁Daffodils_Extra.3
🍁Daffodils_Extra.4
🍁Daffodils_Extra.4
🍁Daffodils_Extra.Epilogue
🍁Daffodils_Extra.Epilogue
Announcement For Book


1.2K 53 9
By ScarletV496

"ဆရာ...အဝတ်အစားထုပ်ကိုဒီမှာထားခဲ့ပြီနော်...ထမင်းချိုင့်ကတော့ကျွန်တော်ခဏနေမှယူလာခဲ့ပေးမယ်"

"ကျေးဇူး ကိုကျော်ဉီး...ထမင်းချိုင့်ကမလောလဲရပါတယ်...သြော်ပြီးတော့ မနေ့က ထမင်းချိုင့်လေး ပြန်ယူသွားပါဉီး...ကျွန်တော်ဆေးပေးဖို့ အချိန်မရတော့လို့"

နွေဉီး အလုပ်စားပွဲကနေထပြီး စင်ပေါ်တင်ထားတဲ့ထမင်းချိုင့်ကိုယူကာကိုကျော်ဉီးလက်ထဲထည့်လိုက်တယ်။ကိုကျော်ဉီးက ထမင်းချိုင့်ကိုလက်နဲ့ ဆ ကြည့်ပြီး...
"ဆရာ...ထမင်းကစားရောစားထားရဲ့လား...မနေ့ကကျွန်တော်ယူလာတော့လဲ ဒီအလေးချိန်ပဲ"

နွေဉီး ဖွဖွလေးပြုံးပြီး...
"စားပါတယ်ဗျာ.."

"အကုန်တော့စားထားပုံမပေါ်ဘူး..ဟိုလေ ကျွန်တော့်အမျိုးသမီးချက်တာ ဆရာခံတွင်းမတွေ့လို့လား"

"မဟုတ်ပါဘူးကိုကျော်ဉီးရယ်...အစ်မချက်တာစားကောင်းပါတယ်...ကျွန်တော်မနေ့ကမအားလို့ "

"​သြော်ဟုတ်ကဲ့...ကျွန်တော့်ကိုခွင့်ပြုပါဉီး"

နွေဉီး ခေါင်းညိတ်ပြလိုက်တော့ ကိုကျော်ဉီးက စိတ်မကောင်းဖြစ်တဲ့မျက်လုံးတွေနဲ့ တစ်ချက်ကြည့်ပြီး ရိုရိုကျိုးကျိုးထွက်သွားတယ်။သူ အဲ့လိုအကြည့်တွေနဲ့နေသားကျသလိုတောင်ဖြစ်နေပြီ။လူနာChartမှာရေးစရာရှိတာတွေ လက်စသတ်လိုက်ပြီး ရေချိုးဖို့တွေးလိုက်တယ်။ညနေ၄နာရီက မဲဘာန်း ရဲ့နိုဝင်ဘာအတွက်ဆို ရေချိုးဖို့နောက်ကျနေပြီ။

နွေဉီး အဝတ်အစားအိတ်ကိုကိုင်ပြီး ကိုကျော်ဇင်ထွဋ်ကို ကြည့်လိုက်တော့ သူ့ကိုမျက်မှောင်ကျုတ်ပြီးကြည့်နေတယ်။သူ ထပ်အဆူခံရဉီးမယ်ထင်တယ်။

"ကိုထွဋ် ကျွန်တော်ရေသွားချိုးလိုက်ဉီးမယ်...အရေးတကြီးဆို ကျွန်တော်ဆေးရုံမှာပဲရှိနေမှာမို့...လာသာခေါ်..."

"နွေဉီး!!မင်းအိမ်မပြန်တော့ဘူးလား...ခုနိုက်ဂျုတီကိုအဆက်မပြတ်ဝင်နေတာ ဘယ်နှစ်လရှိနေပြီလဲ"

သူဘာမြှပန်မပြောပဲငြိမ်ငြိမ်လေးပဲရပ်ပြီးနားထောင်နေလိုက်တယ်။ပြန်ပြောစရာ ဆင်ခြေလဲသူ့မှာကောင်းကောင်းမွန်မွန်မရှိဘူး...သူအိမ်မပြန်ချင်တာပဲသိတယ်။သူငြိမ်နေတော့ ကိုထွဋ်ကပိုဒေါသထွက်လာပြီးအသံပိုကျယ်လာတယ်။

"ခုမင်းပုံစံကိုကြည့်ဉီး နွေဉီး...အစားကဝင်ရုံလောက်လေးစား..အိပ်ရေးကမဝနဲ့...ဖျားပြီးပြန်ကောင်းလာတာ ဘယ်လောက်ကြာသေးလို့လဲ"

"ကျွန်တော် ခံနိုင်ရည်ရှိပါတယ် အစ်ကိုရာ...ဘာမှမဖြစ်ဘူး...ကျွန်တော်အိမ်မပြန်ချင်လို့"

"နွေဉီးရာ...တစ်နှစ်တောင်ကြာခဲ့ပြီပဲကို...မင်းကွာ..."

ကိုထွဋ်စကားကိုဆက်မပြောတော့ဘဲ ခါးထောက်ပြီး တစ်ဖက်လှည့်ကာ သက်ပြင်းရှိုက်တယ်။ဒီကိစ္စတွေက သူတို့ကြားမှ ဖြစ်နေကျလိုဖြစ်နေတာ တစ်နှစ်နီးပါးလောက်ရှိနေပြီ။စကားစပ်မိတိုင်းလဲဖြစ်တယ်။သူပေတေပြီးဆေးရုံမှာပဲတွယ်ကပ်နေရင်လဲဖြစ်တယ်။ဒါပေမဲ့ တစ်ယောက်မှရိုးမသွားပဲ ရင်ထဲမှာ မွန်းကြပ်လေးလံနေတုန်းပဲ။

နွေဉီး နှုတ်ခမ်းကို ကိုက်ပြီး သက်ပြင်းချလိုက်မိတယ်။သူ့ကိစ္စတွေကြောင့်တစ်ပါးသူတွေစိတ်ညစ်နေကြတာသူလဲမမြင်ချင်ဘူး။ဒါပေမယ့် သူဖြစ်စေချင်လို့ဖြစ်လာတာတွေမှမဟုတ်တာ...သူလဲ ဘာမှမတတ်နိုင်ဘူး။

သူတို့နှစ်ယောက်ကို မျက်လုံးလေးပြူးပြီးကြည့်နေတဲ့ ဒေါက်တာ ထွဋ်တေဇကို နွေဉီးပြုံးပြလိုက်ပြီး...

"မင်းအစ်ကို ကိုချော့လိုက်ဉီး...အစ်ကိုအိမ်ပဲပြန်တော့မယ်လို့"

ထွဋ်တေဇက ခပ်သွက်သွက်ခေါင်းညိတ်ပြတယ်။သူလဲစိတ်ညစ်ရှာမှာပဲ...စိတ်အေးလက်အေးရှိချင်လို့ ဝေးလံခေါင်သီတဲ့နေရာလာပါတယ်ဆိုမှ သူတို့လို ကိစ္စပွေလီနေတဲ့ဆေးရုံကိုလာကျရှာတယ်။
ပြဿနာတြွေဖစ်တိုင်း သူတို့ကြားကိုပြေလည်အောင်ဖြေရှင်းပေးတာ ခွဲစိတ်ဌာနကို မိုးပင်လယ်နဲ့ခေမီ့အစား အသစ်ရောက်လာတဲ့ ဒေါက်တာထွဋ်တေဇနဲ့ နောက်တစ်နည်းက သူကအလျော့ပေးပြီး အိမ်ကိုတစ်ညပြန်လိုက်တာပဲ။

အိမ်ထဲဝင်ဝင်လိုက်ချင်း စိတ်ထဲမှာမှိုင်းညို့ပြီး ဆို့နင့်လာတယ်။အိမ်ပြန်လာတိုင်း သူအဲ့လိုဖြစ်တတ်တာပဲ...ခုဆို သူအိမ်ပြန်လာတာနဲ့ခြေထောက်ကိုပွတ်ပြီးချွဲမယ့် ဖိုးဝါလေးလဲမရှိတော့ဘူး။ပြီးတော့...သူ့ကိုအပြုံးတွေနဲ့ ခရီးဉီးကြိုပြုမယ့်လူလဲမရှိတော့ဘူး။
သူတစ်ယောက်ထဲပဲရှိတယ်...သူကအမြဲတစ်ယောက်ထဲဖြစ်ဖို့ကံပါလာတာများလား။

နွေဉီး ခပ်သွက်သွက်ပဲ အိမ်ပေါ်ထပ်ကိုတက်လိုက်တယ်။အိမ်ရဲ့ဘယ်နေရာကိုမှလှည့်မကြည့်ဘူး..အထူးသဖြင့် မီးဖိုချောင်ကိုလှည့်မကြည့်ဘူး။နေရာတိုင်းမှာသူတို့အမှတ်တရတြွေပည့်နေတာမို့...ဒီလိုတြွေဖစ်လာမယ်မှန်းသိရင် သူ့အိမ်ကို အခြားတစ်ယောက်နဲ့မျှနေဖို့ဘယ်တော့မှတွေးမိမှာမဟုတ်ဘူး။

အိမ်ကိုတော့တစ်ပတ်တစ်ခါ လူငှားပြီးရှင်းလေ့ရှိတာမို့ သန့်ရှင်းနေတယ်။အိပ်ခန်းထဲရောက်တော့လဲ သူအိပ်ယာဘက်ကို တစ်ချက်လှည့်မကြည့်ပဲ ရေချိုးခန်းထဲ ဝင်လိုက်တယ်။

သူအိမ်မှာရေမချိုးချင်တာအဲ့ဒါပဲ...သူတို့ရဲ့ ပြင်းပြတဲ့ အမှတ်တရတွေရှိတဲ့နေရာက အိပ်ယာထဲမှာတင်မကဘူး ရေချိုးခန်းလဲအပါအဝင်ပဲ...သူဒီရေချိုးခန်းထဲဝင်လိုက်တာနဲ့ ရင်းနှီးတဲ့အငွေ့အသက်တွေအကုန်ပြန်ခံစားရလို့ သူနာကျင်ရတယ်။

ရေငွေ့ရိုက်နေတဲ့မှန်ကို လက်နဲ့ဖိသုတ်လိုက်တော့ မျက်ကွင်းညိုတွေနဲ့အလုပ်ပင်ပန်းပြီးအားဖျော့နေတဲ့မျက်နှာနဲ့နေချင်သလိုနေပြီး ဖြစ်ချင်သလိုဖြစ်နေတဲ့သူ့ကိုသူပြန်မြင်ရတယ်။သိသိသာသာပိန်ကျသွားတာမို့ မေမေမြင်ရင်စိတ်ဆင်းရဲမှာစိုးလို့မေမေနဲ့တောင် ဗီဒီယိုကောလ်မပြောဘူး။

မျက်ရည်တွေကို ရေနဲ့အတူစီးမျောပါစေပြီး သူနောက်ထပ် ထပ်မငိုဖို့ အကြိမ်၁၀၀မြောက်ကိုယ့်ကိုကိုယ်ကတိပေးလိုက်တယ်။ဒါပေမဲ့ သူ ထပ်ငိုမိနေဉီးမှာပဲ ...သူလဲယောင်္ကျားတစ်ယောက်ပေမဲ့စိတ်ခံစားချက်ရှိတဲ့ရိုးရိုးလူတစ်ယောက်ပဲ။ပြီးတော့သူစိတ်ထဲမှာအမြဲနာကျင်နေမှာ...ခံပြင်း..ဒေါသထွက်နေမှာ။
သူဆက်ပြီးရပ်တည်ဖို့အတွက် သူအဲ့စိတ်တွေလိုတယ်။

အိပ်ဆေး၂လုံးကို လည်ချောင်းထဲမျှောချလိုက်ပြီး ဆက်တီပေါ်မှာပဲစောင်ခြုံပြီး အိပ်ချလိုက်တယ်။မနက်ဖြန်ဆို အကုန်အဆင်ပြေသွားမှာ...မနက်ဖြန်ဆို သူပိုပြီးမေ့နိုင်တော့မှာ။
__________________
ဆူညံနေတဲ့ဖုန်းသံက သူ့နားစည်ကို ထပ်ခါထပ်ခါရိုက်ခတ်နေတယ်။ကျိန်းစပ်နေတဲ့ မျက်လုံးတွေကို ဖိပွတ်ပြီး မျက်လုံးဖွင့်လိုက်တော့ မိုးတောင်လင်းနေပြီ။ဖုန်းကကိုထွဋ်ခေါ်နေတာ..ဘာအရေးပေါ်ဖြစ်လို့လဲဆိုတဲ့ စိတ်နဲ့ သူပူပင်သွားတယ်။
"Hello ကိုထွဋ်...ဘာကိစ္စရှိလို့လဲ..အရေးပေါ်ကေ့စ်ရှိလို့လား"

"မဟုတ်ဘူး နွေဉီး...အိပ်နေတာလား"

"ဟုတ်ကဲ့...ခုတော့နိုးပါပြီ"

"ရိုးရိုးအိပ်လို့ပျော်လား"

ကိုထွဋ်က စိုးရိမ်တဲ့လေသံနဲ့မေးတယ်။
တစ်နှစ်လောက်ကြာပြီးတဲ့နောက်မှာ ပိုကောင်းလာတာက ကိုထွဋ်နဲ့ဆက်ဆံရေးပဲ...  သူနဲ့ကိုထွဋ်နဲ့အရင်လိုတင်းမာတာတွေမရှိတော့ပဲ ကိုထွဋ်ကသူ့ကိုညီငယ်လေးတစ်ယောက်လိုဂရုစိုက်ပေးလာတယ်။

"အဟွန်း..မရဘူးလေ အစ်ကိုရာ သိရဲ့သားနဲ့"

နွေဉီးပေါ့ပေါ့ပါးပါးပြောတော့ ကိုထွဋ်ကတစ်ဖက်ကနေသက်ပြင်းချတယ်။
"အင်း ဟုတ်ပါပြီ..ဘယ်လိုပဲအိပ်အိပ် ခုတော့မင်းအိပ်ဖို့ပဲအရေးကြီးတာဆိုတော့ ..."

"ဟုတ်...ကိုထွဋ်ကျွန်တော်ခု လာခဲ့ရမှာလား"

"မဟုတ်ဘူး...မင်းဒီနေ့ ဆေးရုံမလာလဲရတယ်လို့လှမ်းပြောတာ...ကေ့စ်တွေကလဲသေးသေးလေးတွေမို့ ငါနဲ့ တေဇနဲ့နိုင်တယ်။မင်းနားလက်စနဲ့နားလိုက်ဉီး"

"ကျွန်တော် မနားချင်ဘူး"

"ငါတောင်းပန်ပါတယ်နွေဉီးရာ ဒီနေ့နားလိုက်ပါ...ငါတို့ရဲ့ဆာဂျင်လေးထပ်လဲသွားရင် ငါပဲပင်ပန်းရမှာမို့ပါ"

"ဟားဟား ဟုတ်ပါပြီ အစ်ကိုရာ...ဒါပေမဲ့ အစ်ကိုတို့မနိုင်ဘူးဆိုရင် ကျွန်တော့်ကိုချက်ချင်းလှမ်းခေါ်လိုက်နော်"

"အေးပါ အလုပ်သရဲရာ...ကောင်းကောင်းနားနွေဉီး...ဒီနေ့ဆေးရုံနားကို ယောင်လို့တောင်မလာခဲ့နဲ့ အရိပ်မြင်ရင်ကို ထိုးလွှတ်မှာ"

"ဟုတ်ပါပြီဗျာ"

နွေဉီး ဖုန်းချလိုက်ပြီး အိပ်ယာထဲပြန်လှဲလိုက်တော့ အိပ်ဆေးတန်ခိုးနဲ့ပြန်အိပ်ပျော်သွားတာနေ့လည်ရောက်မှနိုးလာတော့တယ်။အိပ်ရေးဝသွားတာမို့ ခေါင်းလဲနည်းနည်းကြည်ကြည်လင်လင်ရှိသွားပြီ။သွားတိုက် မျက်နှာသစ်ပြီး ဘသိန်းကိုသတင်းသွားမေးဖို့ တွေးလိုက်မိတယ်။သူဘသိန်းဆီမရောက်တာတောင် ကြာနေပြီ။

အင်္ကျီလဲဖို့ ဗီရိုနားရောက်တော့ ဗီရိုမှာတမင်သက်သက်လွှင့်မပစ်ဘဲကပ်ထားတဲ့နုတ်စာရွက် အဝါလေးကိုကြည့်ပြီး သူအံတစ်ချက်ကြိတ်လိုက်မိတယ်။ရေးထားတဲ့စာနဲ့လုပ်သွားတဲ့လုပ်ရပ်ကတော့ ဘာမှမဆိုင်ဘူး။

ဒီစာကို မိုးပင်လယ် သူ့အိမ်ကိုမပြန်ခင်မှာရေးထားခဲ့တာ...တိတိကျကျပြောရရင် သူတိုနှစ်ယောက် အတူတူအိပ်ပြီး မနက်မှာ နွေဉီးတွေ့ရတဲ့တစ်ခုထဲသောအရာပဲ...သူစားဖို့မနက်စာပြင်ပေးထားခဲ့တဲ့အုပ်ဆောင်းပေါ်မှာကပ်ထားခဲ့တာ။

/မောနင်း နွေဉီး...အိပ်နေတာမို့ကိုယ်မနှိုးတော့ပဲစာပဲရေးထားခဲ့တယ်နော်..ကိုယ့်အချစ်လေး ကိုယ်မရှိတဲ့အတောအတွင်းထမင်းကောင်းကောင်းစားရမယ်နော်..ကိုယ်မကြာခင်ပြန်လာခဲ့မယ်..အရမ်းချစ်တယ်.../

စာကိုထပ်ဖတ်ပြီး နွေဉီး စိတ်ထဲဖြစ်လာတာတစ်ခုပဲရှိတယ်...စာကိုဆုတ်ဖြဲ ရေးတဲ့လူကိုမြေလှန်ရှာပြီး သူ့ကိုထားခဲ့ရတဲ့အကြောင်းပြချက်ကိုမေးချင်တာ။

ဟုတ်တယ်...မိုးပင်လယ်သူ့ကိုထားခဲ့တာ တစ်နှစ်ပြည့်တော့မယ်။သူ့ကိုထားခဲ့ပြီး ခေမီနဲ့အတိအလင်းစေ့စပ်လိုက်ကြတယ်။သူကတော့ ထုံးစံအတိုင်း ကိုယ့်ကိုကိုယ် အလုပ်ပုံထဲမှာ နှစ်ထားလိုက်ပြီး  ခိုင်းနေလိုက်တယ်။ဒါတောင်တိုက်ဆိုင်တာရှိရင် သတိရနေတတ်သေးတာ။ကိုထွဋ်ပြောသလို တစ်နှစ်တောင်ရှိနေပြီပဲကို သူ့စိတ်ကိုက လက်မလွှတ်နိုင်ဘူးဖြစ်နေတာ။

"တောက်!"
နွေဉီးကိုယ့်ကိုကိုယ်အားမရလွန်းလို့ တတ်ခေါက်ပြီး ဗီရိုကိုခြောပ်ထောက်နဲ့ လွှဲကန်လိုက်တယ်။တကယ်တော့သူလဲသူများတွေလို လက်သီးနဲ့ထိုးချင်တာပေါ့..ပိုစတိုင်ကျတယ်လို့ထင်ရတယ်လေ။ဒါပေမဲ့ သူကခွဲစိတ်ဆရာဝန်ဆိုတော့ သရုပ်ဆောင်တွေ သူတို့မျက်နှာကို အလေးထားသလိုမျိုး သူလဲသူ့လက်သူအလေးထားရတယ်။ခုဆိုသူ့မှာကျန်တာ သူဝါသနာပါတဲ့ပညာအပြင် တွယ်တာစရာမှ မရှိတော့တာ။

သူဘသိန်းအိမ်ရောက်တော့ နေ့လည်နေရောင်ခံနေတဲ့ဘသိန်းက ပြုံးပြနှုတ်ဆက်တယ်။နွေဉီးလဲ ပြန်နှုတ်ဆက်လိုက်တယ်။

"ဘသိန်း တစ်ယောက်ထဲလား"

"အေးကွ...ပြည်စိုးက သဒ္ဒါ့ကိုသွားကြိုတယ်"

နွေဉီးခေါင်းညိတ်ပြီး ဘသိန်းလက်ကိုဆုပ်ကိုင်လိုက်တော့ နွေးထွေးမှုကိုခံစားရတယ်။သူ့လက်ကတော့အေးစက်နေတာမို့ ဘသိန်းက ပြန်အုပ်မိုးပြီး..
"သားနွေရာ မင်းလက်ကလဲအေးစက်နေတာပဲ..."

"ခုမှ ရေကိုင်လာလို့...ဘသိန်းနေကောင်းတယ်မလား"

"အေးကောင်းပါ့ကွာ...အခုတလော ထမင်းစားလို့လဲအဆင်ပြေတယ်"

"ကောင်းတာပေါ့...ဒါပေမဲ့ စားကောင်းတိုင်းလဲမစားနဲ့ဉီး"

ဘသိန်းကခေါင်းညိတ်ပြီးနွေဉီး မျက်နှာကို သူ့လက်နွေးနွေးနဲ့လှမ်းကိုင်တယ်။ပြီးတော့ သက်ပြင်းချပြီး လက်မနဲ့ နွေဉီး ပါးကိုဖွဖွလေးပွတ်ပြီး...

"သားနွေရော နေကောင်းလား"

"ဟုတ်ကောင်းပါတယ်"

"အင်းထမင်းရော အချိန်မှန်မှန်ကောင်းကောင်းစားရဲ့လား"

"အချိန်တော့မမှန်ပေမယ့် စားတော့စားပါတယ်..."

"စားတယ်သာပြောတယ်ကွယ်...မျက်နှာလေးကတစ်ခါလာတစ်ခါချောင်ကျနေတာ"

နွေဉီးရယ်လိုက်ပြီး...
"အလုပ်ပင်ပန်းလို့ပါ ဘသိန်းရဲ့"

"အင်း ဟုတ်ပါပြီ..."
ဘသိန်းက သက်ပြင်းချပြီးသူ့လက်ကိုပြန်ကိုင်ကာ ဆက်ပြောတယ်။
"သားနွေ...လူတစ်ယောက်ကျန်းမာတယ်ဆိုတာက လူကျန်းမာဖို့တင်မကဘူး စိတ်ကျန်းမာဖို့လဲလိုတယ်ကွ..စိတ်ကျန်းမာ ဖို့ဆိုတာ ရူးတာမရူးတာကို အသာထားလို့ ကိုယ့်စိတ်ကမလိုချင်တာကို အတင်းခိုင်းမနေတတ်ဖို့ပေါ့...လူကတော့နေကောင်းပါရဲ့ စိတ်ကနေမကောင်းတော့ စိတ်ထောင်းကိုယ်ကြေ ဆိုတဲ့အတိုင်းဖြစ်တတ်တယ်။

တို့တွေက လူသားတွေပဲလေကွာ...ခံစားချက်တွေကိုအတင်းထိန်းချုပ်လို့မှမရတာ..သတိရချင်ရင်ရပစ်လိုက်...ဒေါသထွက်ချင်ထွက်ပစ်လိုက်!ဒါတို့အခွင့်အရေးပဲ...ဘာလို့ကိုယ့်စိတ်နှလုံးသားကိုထိန်းချုပ်ပြီး ဒဏ်ရာထပ်ပေးနေမှာလဲ..မဟုတ်ဘူးလား..

ဒါပေမဲ့ ကိုယ့်ကိုကိုယ်သိရမယ်...ကိုယ်လက်လွှတ်ချိန်တန်ပြီဆို လက်လွှတ်လိုက်တော့...ဆက်ပြီးဖက်တွယ်ထားလို့လဲ ကိုယ့်မှာနာကျင်ရုံအပြင်မရှိတော့တဲ့ တစ်ဖက်သက်ခံစားချက်
တွေပဲလေကွာ..လက်လွှတ်လိုက်လို့နာကျင်ရတယ်ဆိုပေမယ့် ဆက်ပြီးဖက်တွယ်ထားတာထက်တော့သက်သာမှာပါ...သားနွေသဘောပေါက်တယ်မလား"

နွေဉီးခေါင်းညိတ်ပြလိုက်တယ်။ဘသိန်းပြောတာတွေက အမှန်တွေဆိုပေမယ့် သူလက်လွှတ်ဖို့တော့ အဆင်သင့်မဖြစ်သေးဘူး။မိုးပင်လယ်ဆီက ပြတ်သားတဲ့အဖြေတစ်ခုမရမချင်းသူ လက်လွှတ်ဖြစ်မှာမဟုတ်ဘူးထင်တယ်။

သူတို့စကားစမြည်ရောက်တက်ရာရာတွေ ​ကိုခဏကြာအောင်​ဆက်ပြောနေလိုက်တယ်။စကား​ပြောနေရတော့သူ့စိတ်ထဲမှာ နည်းနည်းပေါ့ပါးသွားသလိုခံစားရတယ်။
ဒီညနေအားရင် မေမေ့ကိုဖုန်းခေါ်ဉီးမှ...

သူတို့ပြောနေတုန်း သဒ္ဒါထက်နဲ့ ဘသိန်းရဲ့မြေး ပြည်စိုးသိန်းရောက်လာတယ်။ဘသိန်းကိုပြုစုပေးဖို့လာတတ်တဲ့သဒ္ဒါနဲ့ပြည်စိုးတို့တောင်စေ့စပ်ပြီးသွားကြပြီ။
တစ်နှစ်အတွင်းမှာ ကိစ္စတွေအများကြီးဖြစ်သွားတာပဲ။သူတစ်ယောက်ပဲအတိတ်မှာပိတ်မိပြီး ပူလောင်နေမိတာလား?။

သဒ္ဒါက သူ့ကိုပြုံးပြပြီး...

"ဆရာ...ရောက်နေတာကြာပြီလား"

"သိပ်တော့မကြာသေးပါဘူး..ဂျုတီထွက်လာတာလား"

"ဟုတ်"

"ဒီနေ့ဆာဂျစ်ကယ်ဝါ့ဒ်မှာ အေးဆေးပဲလား"

သဒ္ဒါက ပျာပျာသလဲခေါင်းညိတ်ပြီး...
"ဟုတ်ကဲ့ဆရာ...အေးဆေးပါပဲ..ဆရာ မသွားလဲရတယ်..အကုန်အေးအေးဆေးဆေးပဲ"

နွေဉီးစိတ်ထဲ မယုံသင်္ကာဖြစ်လာတယ်။ဘာလို့လူတိုင်းက သူ့ကိုဆေး ရုံကိုမလာစေချင်ဖြစ်နေရတာလဲ..သူတို့ဖုံးကွယ်နေတာကြောင့် သူပိုပြီးသိချင်လာတော့တယ်။သူ စဉ်းစားမရဖြစ်နေတုန်းမှာပဲ ဆေးရုံအုပ်ကြီးဆီကဖုန်းဝင်လာတယ်။

"ဟုတ်ကဲ့ဆရာကြီး ကျွန်တော်အခုပဲလာခဲ့ပါမယ်"

နွေဉီး ဖုန်းကိုဘောင်းဘီအိတ်ထဲထည့်ပြီး မတ်တပ်ထတော့ ပြည်စိုးရော သဒ္ဒါရော မျက်စိပျက်မျက်နှာပျက်နဲ့ သူ့လက်ကိုလှမ်းဆွဲတယ်။ပြည်စိုးက ဘသိန်းကိုလက်ညိုးထိုးပြပြီး..

"အစ်ကို...မသွားပါနဲ့လား..ဒီမှာ အဖိုးကဘာဖြစ်နေမှန်းမသိလို့"

"ဘသိန်းနေကောင်းပါတယ်...ဘာမှစိုးရိမ်မနေပါနဲ့..သဒ္ဒါလဲရှိနေသားပဲ"

"ဘာပဲဖြစ်ဖြစ်မသွားပါနဲ့ဉီး...ကျွန်တော်တို့..."

ပြည်စိုးစကားမဆုံးခင် သူ့ဖုန်းထပ်ဝင်လာပါတယ်။ဒီတစ်ခါ ကိုထွဋ်ဆီက...
"နွေဉီး...မင်းကိုဆရာကြီး လှမ်းခေါ်သေးလား...ရတယ်မလာခဲ့နဲ့ ငါသွားလိုက်မယ်"

"ကျွန်တော့်ကိုခေါ်တာ အစ်ကိုကဘာလို့သွားမှာတုန်း"

"မင်းကိုနားစေချင်လို့လေကွာ.."

"ရတယ် ကျွန်တော်လဲ နားရတာပျင်းနေပြီ..လာခဲ့မယ်"

ကိုထွဋ်က စိတ်မရှည်သလို စုတ်သတ်တယ်။
"ကျစ်!!မလာနဲ့ဆို မလာခဲ့နဲ့ပေါ့ကွာ...မင်းကိုဆရာကြီးကဒီတိုင်းပဲလှမ်းခေါ်တာနေမှာ...တစ်ခုခုဆို ငါပဲသွားလိုက်မယ်"

"မဟုတ်သေးပါဘူး အစ်ကိုရာ...ဒီနေ့ကျွန်တော့်ကိုအကုန်လုံးဘာလို့ဆေးရုံကိုမလာစေချင်ဖြစ်နေကြတာလဲ"

"အကုန်လုံး!ငါ့အပြင်ဘယ်သူရှိသေးလို့လဲ"

"သဒ္ဒါနဲ့ပြည်စိုး"

"ဟာ...ဒီပါးစပ်မလုံတဲ့နှစ်ကောင်ကတော့"

ကိုထွဋ်ရဲ့အံကြိတ်သံကြီးကိုနားထောင်ပြီး နွေဉီးရယ်မိတော့တယ်။ကိုထွဋ်က ဟိုနှစ်ယောက်ကိုသာအပြစ်တင်နေတာ သူကပိုပြီးတောင်မသင်္ကာစရာကောင်းနေသေးတယ်။

"ကဲ..ဘာလို့မလာစေချင်လဲပြောလို့ရပြီလား"

"ဘာအကြောင်းမှမရှိပါဘူးဆို ..မင်းနားလို့ရအောင်လို့ပါဆို"

"အဲ့ဒါဆိုရင်တော့ ကျွန်တော်မနားချင်တော့ဘူး..နားလို့ဝပြီ"

"မင်းမေကြီးဒေါ်ကြီးကို နားလို့ဝ!!နွေဉီး ငါပြောတာကိုနားထောင်...အစ်ကိုက မလာစေချင်တာမို့လို့ ဒီတစ်ခါပဲ ဒီကအစ်ကို စကားလေးနားထောင်ပေးပါလားကွာ"

"နားတော့ထောင်ချင်ပါတယ်အစ်ကိုရာ...အကြောင်းအရင်းပဲပြောပြ..သိရရင်မလာတော့ဘူး"

"တကယ်လား!ကတိ!"

ကိုထွဋ်က ကတိတောင်းတော့ အချင်းချင်းလက်သန်းချိတ်ပြီး ကတိပေးတတ်တာကိုသတိရသွားတယ်။သူ့ရဲ့ဉီးနှောက်က မလိုအပ်တဲ့နေရာတွေမှာ တရားလွန်လာကောင်းနေသလိုပဲ...

"နွေဉီး!နွေဉီး!"

"ဟုတ်ကဲ့..."

"ကတိပေးလား"

"ပြောမှာသာပြောပါဗျာ"

"ဒီနေ့ ဆရာကြီးဆီကို အလှူရှင်လာမှာ...ငါတို့ဆေးရုံကို လတိုင်းလှူနေတဲ့အလှူရှင်..သူတို့အဓိကလှူနေတာက ငါတို့ဌာနမို့ မင်းကိုလှမ်းခေါ်တာနေမှာ...ငါတို့ဌာနမှာ မင်းက အကြီးဆုံးလေ"

"အင်း...အလှူရှင်ဆိုတာ Blue Sea Groupပေါ့..."

"အင်းဟုတ်တယ်...မိုးပင်လယ်တို့ကုမ္ပဏီ"

"အင်း...သူလာမှာပေါ့ အဲ့တော့...အဲ့ဒါကြောင့် အစ်ကိုတို့တွေကကျွန်တော့်ကို ဆေးရုံကို မလာစေချင်ဖြစ်နေကြတာလား"

ကိုထွဋ်ကသက်ပြင်းချပြီး..
"အေး ဟုတ်တယ်...မလာဘူးမလား"

"လာမှာ...ဘာဖြစ်လို့မလာရမှာလဲ...ပိုတောင်လာချင်သွားပြီ"

"ဟာနွေဉီးရာ..."

"ကျွန်တော် ဘာမှမမှားခဲ့ဘူး အစ်ကို...သူတောင် ကျွန်တော့်မျက်စိရှေ့ထိထပ်ရောက်လာသေးတာပဲ..ကျွန်တော်ကဘာလို့ရှောင်နေစရာလိုလဲ...မှားခဲ့တဲ့လူက ကျွန်တော်မဟုတ်ဘူး...ထားခဲ့တဲ့လူကလဲကျွန်တော်မဟုတ်ဘူး"

နွေဉီး ပြောပြီးပြီးချင်းဖုန်းကိုချပစ်လိုက်ပြီး ဆရာကြီးဆီကိုဖုန်းပြန်ခေါ်လိုက်ပြီး ခဏနေလာခဲ့မယ်ဆိုတဲ့အကြောင်းလှမ်းပြောလိုက်တယ်။ဆေးရုံမသွားခင် အိမ်ကိုတစ်ခေါက်ပြန်ဝင်ပြီးအဝတ်အစားလဲ၊ ရေမွှေးနည်းနည်းစွတ်လိုက်ကာ...နည်းနည်းရှည်နေပြီဖြစ်တဲ့ဆံပင်ကိုသေချာပုံသွင်းလိုက်တယ်။

သူကွယ်ရာဘယ်လောက်ပဲလဲပြိုလဲပြို မိုးပင်လယ်ရှေ့မှာတော့သူလဲပြိုပြနေမှာမဟုတ်ဘူး။နွေဉီး အံကိုတင်းတင်းကြိတ်ပြီး အိမ်ထဲကနေထွက်လာခဲ့တယ်။သူ့ရင်တွေခုန်နေတယ်....

မိုးပင်လယ်ကြောင့်မုန်းစရာကောင်းလောက်အောင်ကို သူ့ရင်တွေခုန်နေတုန်းပဲ။သူ့ကိုယ်သူမုန်းလိုက်တာ...

_____________

A/N
ချစ်ကြည်နူးတစ်တီတူးနေတုန်း ဗြုန်းခနဲဖြစ်သွားပါပြီ။မတတ်နိုင်ပါဘူး...T-T
ဒီအပိုင်းကတစ်နှစ်ကြာပြီးနောက်ပေါ့နော်...အမွန် အပိုင်းအစမှာ 'တစ်နှစ်ကြာပြီးနောက်' မထည့်ခဲ့ဘူးပေါ့နော်..အဲ့ဒါကလဲ စာဖတ်သူတို့ ဖတ်နေရင်းမှ တစ်နှစ်ကြာသွားပြီဖြစ်တဲ့အဖြစ်အပျက်ပါလားဆိုတဲ့ feelရအောင်ပါ။အဲ့Feelမရဘဲ နားမလည်ဖြစ်သွားရင်တော့ မွန်မွန်လေးညံ့တာပါလို့။

Continue Reading

You'll Also Like

7K 201 26
[Unicode] ဝိုင်ဟာ ပြင်းရှရှ ဝီစကီအရသာတွေထက် တဖြည်းဖြည်းနှင့် ခပ်ရေးရေးကလေး ယစ်မူးဖွယ်ရာအတိ။ [Zawgyi] ဝိုင်ဟာ ပြင်းရှရှ ဝီစကီအရသာတွေထက် တဖြည်းဖြည်းနှင...
350K 8.7K 80
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
81K 11K 114
COMPLETED ✔️ Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Start Date - 01.04...
488K 11.7K 89
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."