Unicode
အာကာသခွင်ကအုံမှိုင်း၍ မိုးသက်လေပြင်းများတိုက်ခတ်လျှက်ရှိသည်။မိုးသားလက်ကနာရီကိုတစ်ချက်ကြည့်ရင်း စိတ်ပျက်လက်ပျက်ဖြင့်တံခါးဝတွင်ထိုင်နေလေသည်။
ဒီမိုးကဒီပုံအတိုင်းဆိုတော်တော်နှင့်တိတ်မည့်ပုံမပေါ်ပေ။
မိုးသားအနားတွင်ရှိသည့် ဆုမြတ်ဆီကထီးကိုလှမ်းဆွဲလိုက်သည်။
“ဟက် ငါ့ထီးကိုဘာလုပ်တာလဲ”
“ခဏပေးစမ်းပါဆုမြတ်ရယ် ငါအရေးကြီးလို့။
နောက်မှရန်တွေ့တော့ဟာ”
“ခွေးကောင်။အခုချက်ချင်းပြန်ပေး။ငါအပြင်သွားမလို့....ဟဲ့ အခုပြန်ပေးလို့”
နောက်ကအော်ခေါ်နေတဲ့အသံကိုမကြားချင်ယောင်ဆောင်၍မိုးသားအတင်းပြေးထွက်လာလိုက်သည်။ပြန်လာမှရိုက်ရင်လည်းခံလိုက်မည်။
မနက်ထဲကအကိုသူ့အိမ်ကိုပြန်သွားတာဖြစ်သည်။အရင်လိုဘယ်သွားသွားတွေ့နေကျသူ့လက်စွဲတော်ထီးကြီးလည်းမပါပေ။
ရာသီဥတုကလည်းမနက်ကအကောင်းကြီးရှိရာမှ ယခုအညိုးတကြီးကိုရွာသွန်းနေလေသည်။
“ဂျိန်း”
“အမလေး”
မိုးချိန်းသံကျယ်ကျယ်လောင်လောင်ကြောင့် လက်ထဲကထီးကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း ခြေလှမ်းကိုသွက်သွက်လျှောက်မိသည်။
ကြောက်ပါသည်။အမှန်အတိုင်းပြောရရင်သိပ်ကိုကြောက်ပါသည်။
ဘတ်စ်ကားဂိတ်သို့မြန်မြန်ရောက်ချင်သောကြောင့် ရေခဲတိုက်အတွင်းမှဖြတ်၍ ထီးတစ်ချောင်းကိုအဖော်ပြု၍ သူအရဲကိုးမိသည်။
ပုံမှန်နေ့လည်ပိုင်းတွေသာ ဖြတ်သွားဖြတ်လာရှိခဲ့ဖူးသောဤနေရာ။
မိုးလေသည်းထန်နေသည့် ညနေငါးနာရီခွဲအချိန်တွင်မည်မျှ ခြောက်ခြားစရာကောင်းနေမှန်းသူသိသော်လည်း မကြောက်အား။
အကိုမိုးရေမစိုဖို့ကအရေးအကြီးဆုံးပေမလား။
ဘတ်စ်ကားပေါ်ကဆင်းလျှင်ဆင်းခြင်း ထီးလေးမိုးပြီးစောင့်နေတဲ့ကျွန်တော့်ကိုတွေ့ရင် အကိုပျော်သွားလေမလား။
“အလိုက်သိလိုက်တဲ့ကလေးလေး”ဆိုပြီးကျွန်တော့်ဆံပင်လေးတွေကိုပဲအသာအယာဖွလေမလား။
အတွေးတွေနဲ့ထပ်တူကျစွာ မိမိနှုတ်ခမ်းသည်လည်းပြုံးယောင်သန်းလာလေသည်။
ဘတ်စ်ကားဂိတ်ရောက်သည်မှာဆယ်မိနစ်ခန့်ရှိပြီဖြစ်သော်ငြား အကိုကရောက်မလာသေး။ခြောက်နာရီထိုးပေတော့မည်။
အဆောင်တံခါးကခြောက်နာရီထိုးလျှင်ပိတ်တော့မည်။
မတတ်သာသည့်အဆုံးအကို့ဆီဖုန်းဆက်တော့ ချက်ချင်းတန်းကိုင်လေသည်။
“အကိုပြန်မလာသေးဘူးလား။နောက်ကျနေပြီ။ထီးမပါတာသိလို့ ကျွန်တော်ကားဂိတ်လာစောင့်နေတယ်”
“ကျစ်စ် မိုးသားရောင်။မင်းဘယ်သူကလာစောင့်ခိုင်းလို့လဲ မိုးတွေဒီလောက်သည်းနေတာကို။
ပြန်တော့”
“ကျွန်တော်လည်းရောက်နေပြီပဲဟာ မပြန်တော့ဘူးလေ။အကိုမိုးစိုမှာစိုးလို့ပါ”
“ငါကTaxiငှားပြီးပြန်လာနေပြီ။ကျောင်းရှေ့တန်းရောက်တော့မှာ ။သုတခန့်ပါ,ပါတော့ မိုးစိုမှာစိုးလို့။မင်းဘာသာစောင့်ချင်လည်းဆက်သာစောင့်နေလိုက်တော့”
အကိုကပြောချင်ရာပြောပြီး ဖုန်းကိုချက်ချင်းချသွားသော်လည်းမိမိနားထဲတွင် အကို့စကားများသာတဝဲလည်လည်ကျန်ခဲ့သည်။
“သုတခန့်မိုးစိုမှာစိုးလို့”တဲ့လား။
သုတခန့်နိုင်ဆိုသည်မှာသူ့ကိုယ်သူgayဟုcome outလုပ်ထားသောfirst yearမှဂျူနီယာတစ်ယောက်ပင်ဖြစ်သည်။
အိမ်ကိုအလည်ခေါ်သွားရလောက်အောင်အထိအကိုကသူနှင့်ဘယ်တုန်းကရင်းနှီးသွားရပါသနည်း။
မိုးတွေခြိမ်းပြီးလျှပ်စီးလက်ရင်ကြောက်တတ်ပါသောမိမိအကြောင်းကိုသိသည့်အကိုက မိုးထဲလေထဲတွင်မိမိအားအဘယ်သို့စိတ်ချထားနိုင်ပါသနည်း။
အပြန်လမ်းသည် အလာလမ်းလောက်ခရီးမတွင်ပေ။
အကို့ဥပေက္ခာများကိုထမ်းပိုးထားရခြင်းကြောင့်ဖြစ်နိုင်ပါသည်။
အလာတုန်းကဇောကပ်နေ၍မသိသာသော်လည်း အခုတော့မိုးသားခိုက်ခိုက်တုန်အောင်ချမ်းနေမိသည်။ရှေ့တစ်လှမ်းလှမ်းရန်ပင်မနည်းအားယူနေရသည်။
နှစ်နှစ်ခြိုက်ခြိုက်ဝတ်လေ့ရှိသည့်အဖြူရောင်Teeလေးနှင့်ဘောင်းဘီတိုလေးကယခုအခါမိုးသားကိုကောင်းကောင်းဒုက္ခပေးနေပြီဖြစ်သည်။
“အာ့”
စိတ်လွတ်ကိုယ်လွတ်လျှောက်နေခြင်း၏ရလာဒ်ကတော့ မိုးသားခြေထောက်မှသွေးများထွက်လာခြင်းပင်ဖြစ်သည်။
မိုးသားရောက်ရာအရပ်တွင် ကျုံ့ကျုံ့လေးထိုင်ချ၍ သွေးများထွက်နေသည့်ခြေဖဝါးကိုအုပ်၍ကိုင်ရင်းမျက်ရည်များကျဆင်းလာရသည်။
နာတယ်။အရမ်းနာတယ်။
“အီးဟီး စောက်ရူးကောင်။ငါ့ရင်တွေနာလိုက်တာ”
လမ်းမကြီးမှာထိုင်ငိုနေရလဲမိုးသားမရှက်နိုင်။ရင်ထဲမှာတင်းကြပ်ပြီးငိုချင်နေတာသာသိတော့သည်။
ရုတ်တရက်လူတစ်ယောက်မိမိကိုပွေ့ချီလိုက်သောကြောင့် မိုးသားလန့်ပြီးမော့ကြည့်လိုက်တော့ ရင်းနှီးနေတဲ့ကိုယ်သင်းရနံ့လေးအပြင် ရင်းနှီးနေသောမျက်နှာလေးကြောင့် ရင်ဘတ်ထဲကတဒုန်းဒုန်းခုန်ပေါက်နေတော့သည်။
အကိုကမျက်နှာကြီးတင်းလျှက်ဘာမှမပြောသလိုမိမိသည်လည်းဘာစကားမှမဆိုဖြစ်ပေ။
အကို့မျက်နှာကိုသာ မျက်လုံးရဲရဲတို့ဖြင့်မလွတ်တမ်းငေးကြည့်နေမိသည်။
မိုးသားကိုစပွေ့ထဲကသူ့ထီးကိုပိတ်လိုက်ပုံရတဲ့အကို့ကြောင့် မိမိထီးအားအကို့ဘက်သို့ သာသာထိုးထိုးမိုးပေးရင်းလုံခြုံစေလိုက်သည်။
ကိုယ့်မေတ္တာဓာတ်ကြောင့်နွေးပါစေအချစ်ရေ။
“နောက်ဆိုအခုလိုမလုပ်နဲ့မိုးသား။ကိုယ့်အတွက်တကယ်အဆင်မပြေဘူး”
ကျောင်းနောက်ဘက်ဝင်ပေါက်ရှေ့တွင်မိမိကိုချပေးရင်းအကိုကဆိုသည်။
ပြီးသည်နှင့်နောက်သို့လှည့်မကြည့်စတမ်းအကိုသွားသည်။
မိုးသားနာကျင်နေသောခြေထောက်ကိုမသိချင်ယောင်ဆောင်၍ parlourသို့အားတင်းကာသွားရသည်။
ဘယ်လိုဒဏ်ရာမျိုးက အကိုပေးသောဒဏ်ရာလောက်ကျွန်တော့်အားနာကျင်စေနိုင်ပေမည်နည်း။
________________💚________________
“မိုးသားနဲ့စကားများထားတာလား။နင်တို့စကားပြောတာမတွေ့လို့”
“မဟုတ်ပါဘူး။အကြောင်းမရှိပဲငါတို့ကဘာပြောရမှာလဲ။ဒီတိုင်းပါပဲ”
“အဲ့ဒီတိုင်းဆိုထဲကမဟုတ်တော့တာ။နင်တို့ကပုံမှန်ဆိုအမြဲသိသိသာသာကွဲထွက်နေတဲ့ဟာ။
နင်မဟုတ်ရင်တောင် ဟိုကလေးကအမြဲနင့်နားမှာပဲမလား”
ခန့်ထည်သက်ပြင်းကိုအသာချရင်း မတ်တပ်ရပ်ကာ ဘောင်းဘီအိတ်ထဲလက်ထည့်၍ အပြင်ကိုသာအကြောင်းပြချက်မရှိငေးမောနေမိသည်။
အဖြူရောင်ရှပ်အကျီကိုအနက်ရောင်စတိုင်ပင်ဘောင်းဘီထဲထည့်ဝတ်ထားပြီး အနက်ရောင်လည်သာရှူးဖိနပ်နှင့်သပ်ရပ်နေအောင်ဖြီးထားသောဆံပင်၊တည်တင်းနေတဲ့မျက်နှာအနေအထားကြောင့် ခန့်ထည်ကိုဖြတ်သွားဖြတ်လာဂျူနီယာများကမသိမသာရော သိသိသာသာပါကြည့်သွားကြသည်။
ခန့်ထည်ဝါကmale nurseယူနီဖောင်းနဲ့ဆိုသိပ်ကိုလိုက်ဖက်သည်မလား။
“ငါ့စိတ်တွေရှုပ်ထွေးနေတယ် ဒီဒီ။ဒီလပိုင်းအတွင်းမိုးသားကငါ့စိတ်တွေအားလုံးကိုထိမ်းချုပ်နေတယ်။
ငါသူနဲ့မပတ်သတ်ချင်ဘူး။ဒါပေမယ့် သူနဲ့အတူရှိရင်ငါ့စိတ်တွေလွတ်လပ်သလိုခံစားရတယ်။
ငါသူ့ကိုဥပေက္ခာပြုဖို့ကြိုးစားတိုင်း
ဒီကောင်လေးကသောက်ရမ်းရိုးလွန်းလို့
စိတ်မချပြန်ဘူး။
ငါ့စိတ်ကိုပဲအပြစ်တင်ရမလား။မိုးသားကိုပဲအပြစ်တင်ရမလားမသိပေမယ့် ဒီအခြေအနေကိုငါတကယ်မကြိုက်ဘူးဒီဒီ။
ငါချစ်ရတဲ့သူတောင် အဲ့ကောင်လေးလောက်ငါ့အပေါ်မလွှမ်းမိုးနိုင်ဘူး”
“နင်ချစ်တဲ့သူဆိုတာဟိန်းထက်မလား”
အတိအကျကြီးဆိုလာတဲ့ဒီ့ဒီ့ကြောင့် အနည်းငယ်အံ့ဩမိပေမယ့် အထူးတလည်တော့မခံစားမိပေ။သူနဲ့ပတ်သတ်သည့်အရာအားလုံးကိုသူ့ငယ်ချင်းသိသည်မှာဆန်းမှမဆန်းပဲ။
“ဟိန်းထက်နဲ့နင်နဲ့ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတာနင်သိတယ်မလား။အဲ့တော့ ခန့်ထည်ရယ်.....မိုးသားလေးကိုပဲဖြစ်ဖြစ်ပြန်ချစ်ပေးကြည့်ပါလား။
နင်ဟိန်းထက်ကိုသဘောကျရုံပဲကျတာပါ။ချစ်တာနဲ့သဘောကျတာနဲ့မတူဘူး။ဟိန်းထက်,ထက်စာရင်မိုးသားကမှ နင့်ရင်ထဲပုံစံတမျိုးနဲ့စွဲနေသေးတယ်။
ချစ်မကြည့်ဖူးလို့နင်မသိတာပါ။မိုးသားကချစ်ဖို့ကောင်းပါတယ်”
နဒီ,ခန့်ထည်၏လက်တစ်ဖက်ကိုဆွဲကိုင်ရင်း မိမိလက်နှစ်ဖက်နှင့်အုပ်ကာလေးလေးနက်နက်ဆိုမိသည်။ခန့်ထည်မျက်နှာကတော့စိတ်ရှုပ်နေဟန်။နဒီသိတာပေါ့။ခန့်ထည်ကမိုးသားအပေါ်ဘယ်လောက်သံယောဇဉ်ကြီးလဲဆိုတာ။
တစ်လျှောက်လုံး“ညီလေး”ဆိုတဲ့စိတ်နဲ့ သူ့စိတ်တံခါးပေါက်ကိုပိတ်ထားခဲ့တာဖြစ်သည်။
ပြီးတော့ ဟိန်းထက်ကသူသဘောကျလိုချင်သည့်အရည်အချင်းတွေနဲ့ကွက်တိကျသူဖြစ်သည်။ခန့်ထည်ဝါဆိုတာနဂိုထဲကချစ်သူကိုစံနှုန်းတွေထား၍ရွေးချယ်တတ်သူပေမလား။
“မိုးသားက ကလေးအရမ်းဆန်တယ်ဒီဒီ။ငါနဲ့ဖြစ်မှာမဟုတ်ဘူး။ဒီကောင်လေးရည်မှန်းချက်လည်းမရှိဘဝကိုပျော်ပျော်ဖြတ်သန်းပြီးရောင့်ရဲတတ်တာလည်းငါမကြိုက်ဘူး။အရေးကြီးတာကငါ့အိမ်နဲ့သူ့ပုံစံနဲ့အဆင်ပြေမှာမဟုတ်ဘူး”
“နင့်ရဲ့သောက်ရေးမပါတဲ့တွက်ချက်မှုတွေကိုဘေးထိုးထားလိုက်ခန့်ထည်။သာတယ်နာတယ်တွက်နေရအောင်ဒါကစီးပွားရေးလုပ်နေတာမလုပ်ဘူး။အချစ်ရေး။
ငါနင့်ကိုတစ်ခါတစ်လေသိပ်စိတ်ပျက်တာပဲ”
နဒီဆက်ပြောချင်သေးပေမယ့် အနားသို့ရောက်လာသည့်အရိပ်နှစ်ခုကြောင့် ပါးစပ်ကိုအမြန်ပြန်ထိန်းလိုက်ရသည်။ခန့်ထည်ဝါကတော့ ခုနကစိတ်ရှုပ်နေတာသူမဟုတ်သည့်အတိုင်း ထိုကောင်မလေးနှစ်ယောက်ကိုပြုံးပြလေသည်။သောက်ကောင်ကိုအမြင်ကတ်ရသည့် အကြောင်းအရင်းတွေထဲမှာ အဲ့ဒါတွေလဲပါသည်။
‘ဟွန့်....သူကျတော့စင်းလုံးချောနေတာကျနေတာပဲ’
“အကို ညီမတို့ကိုစာလေးရှင်းပြပါလား”
“ဘယ်ဘာသာလဲညီမလေးတို့”
“အာ.... Maternityအကို။တီချယ်ကMaternityမှာfinalကကိုခန့်ထည်ကတော်တယ်ဆိုလို့”
မိမိရှေ့တွင်ရှိသည့်နှစ်ယောက်အနက် နဲနဲသွက်ပုံရသည့် ဂျူနီယာလေးစကားကြောင့် ခန့်ထည်သဘောတကျရယ်မိသည်။ အသားဖွေးဖွေးလေးနှင့်တော်တော်တော့ ချောသည်ပဲ။
“အဲ့လိုရယ်တော့မဟုတ်ပါဘူး။အကိုက မိခင်နဲ့ကလေးကျန်းမာရေးနဲ့ပတ်သတ်ပြီးစိတ်ဝင်စားလို့ပါ။ဒါဆိုသွားမယ်လေ။ဟိုခုံပေါ်မှာပဲရှင်းပြတော့မယ်”
ခန့်ထည်ဦးဆောင်၍ပင်lectureခန့်ရှေ့ကခုံသို့ခေါ်သွားလိုက်သည်။အကွယ်ကနေကြည့်နေသည့်ကောင်လေးကတော့ နှုတ်ခမ်းတွေပြတ်ထွက်မတတ်ကိုက်နေမိသည်။
မကြိုက်ဘူး။တကယ်ကိုမကြိုက်ဘူး။
အကို့ဘေးမှာကျွန်တော်ကလွဲပြီးဘယ်သူမှရှိနေတာမကြိုက်ဘူး။
ထိုကောင်မလေးနှစ်ယောက်ကိုမိုးသားသိပါသည်။ကျောင်းကထမနဲထိုးပွဲတွေ၊ကျောင်းသက်ြန်တွေတိုင်း အကိုနဲ့တွဲတွဲပြီး ဓာတ်ပုံသွားသွားရိုက်တတ်သည့် first yearကခပ်ကဲကဲအုပ်စုထဲမှနှစ်ယောက်ဖြစ်သည်။
ဘုရားစူးရချေရဲ့......။မိုးသားအကို့ကိုကြိုက်သာကြိုက်တာ။အခုထိလူမြင်ကွင်းမှာ အကိုနဲ့နီးနီးကပ်ကပ်တစ်ခါမှမနေသလို အခုထိအကိုနဲ့ကျောင်းမှာနှစ်ယောက်တွဲပုံတစ်ခါမှမရိုက်ဖူးပေ။
ဒါကအကို့သိက္ခာကိုထောက်သလို မိမိကိုယ်တိုင်လည်းထိုသို့လုပ်ရမှာရှက်သောကြောင့်ဖြစ်သည်။အခုတော့ကြည့်ပါဦး အခုခေတ်မိန်းကလေးတွေများရဲတင်းလိုက်ကြတာ။
အရှက်တရားကိုနဲနဲမှမရှိဘူး။
မိုးသားအရှေ့ကမြင်ကွင်းကိုဆက်မကြည့်ချင်တော့သောကြောင့်လှည့်ထွက်လာခဲ့သည်။
အကိုရယ်မောနေသည်မဟုတ်လား။
အကို့ကိုကောင်မလေးတွေနဲ့တွဲတွေ့ရင်သဘောမကျပေမယ့် မမြင်တာကြာတဲ့အကို့အပြုံးတွေတွေ့ရသည်မို့ ရင်ထဲသိမ့်ခနဲဖြစ်သွားသည်။
အကိုကတည်တည်နေလည်းချောပေမယ့် အကို့အပြုံးတွေကိုကျွန်တော်သိပ်သဘောကျတာပဲ။
ကျွန်တော့်ကြောင့်ဖြစ်တည်လာတဲ့အပြုံးတွေကတော့ကျွန်တော့်မျက်လုံးထဲအလှဆုံးပဲ။
________________💚________________
Zawgyi
အာကာသခြင္ကအုံမွိုင္း၍ မိုးသက္ေလျပင္းမ်ားတိုက္ခတ္လွ်က္ရွိသည္။မိုးသားလက္ကနာရီကိုတစ္ခ်က္ၾကည့္ရင္း စိတ္ပ်က္လက္ပ်က္ျဖင့္တံခါးဝတြင္ထိုင္ေနေလသည္။
ဒီမိုးကဒီပုံအတိုင္းဆိုေတာ္ေတာ္ႏွင့္တိတ္မည့္ပုံမေပၚေပ။
မိုးသားအနားတြင္ရွိသည့္ ဆုျမတ္ဆီကထီးကိုလွမ္းဆြဲလိုက္သည္။
“ဟက္ ငါ့ထီးကိုဘာလုပ္တာလဲ”
“ခဏေပးစမ္းပါဆုျမတ္ရယ္ ငါအေရးႀကီးလို႔။
ေနာက္မွရန္ေတြ႕ေတာ့ဟာ”
“ေခြးေကာင္။အခုခ်က္ခ်င္းျပန္ေပး။ငါအျပင္သြားမလို႔....ဟဲ့ အခုျပန္ေပးလို႔”
ေနာက္ကေအာ္ေခၚေနတဲ့အသံကိုမၾကားခ်င္ေယာင္ေဆာင္၍မိုးသားအတင္းေျပးထြက္လာလိုက္သည္။ျပန္လာမွရိုက္ရင္လည္းခံလိုက္မည္။
မနက္ထဲကအကိုသူ႕အိမ္ကိုျပန္သြားတာျဖစ္သည္။အရင္လိုဘယ္သြားသြားေတြ႕ေနက်သဴ႕လက္စြဲေတာ္ထီးႀကီးလည္းမပါေပ။
ရာသီဥတုကလည္းမနက္ကအေကာင္းႀကီးရွိရာမွ ယခုအညိုးတႀကီးကို႐ြာသြန္းေနေလသည္။
“ဂ်ိန္း”
“အမေလး”
မိုးခ်ိန္းသံက်ယ္က်ယ္ေလာင္ေလာင္ေၾကာင့္ လက္ထဲကထီးကိုက်စ္က်စ္ပါေအာင္ဆုပ္ကိုင္ရင္း ေျခလွမ္းကိုသြက္သြက္ေလွ်ာက္မိသည္။
ေၾကာက္ပါသည္။အမွန္အတိုင္းေျပာရရင္သိပ္ကိုေၾကာက္ပါသည္။
ဘတ္စ္ကားဂိတ္သို႔ျမန္ျမန္ေရာက္ခ်င္ေသာေၾကာင့္ ေရခဲတိုက္အတြင္းမွျဖတ္၍ ထီးတစ္ေခ်ာင္းကိုအေဖာ္ျပဳ၍ သူအရဲကိုးမိသည္။
ပုံမွန္ေန႕လည္ပိုင္းေတြသာ ျဖတ္သြားျဖတ္လာရွိခဲ့ဖူးေသာဤေနရာ။
မိုးေလသည္းထန္ေနသည့္ ညေနငါးနာရီခြဲအခ်ိန္တြင္မည္မွ် ေျခာက္ျခားစရာေကာင္းေနမွန္းသူသိေသာ္လည္း မေၾကာက္အား။
အကိုမိုးေရမစိုဖို႔ကအေရးအႀကီးဆုံးေပမလား။
ဘတ္စ္ကားေပၚကဆင္းလွ်င္ဆင္းျခင္း ထီးေလးမိုးၿပီးေစာင့္ေနတဲ့ကြၽန္ေတာ့္ကိုေတြ႕ရင္ အကိုေပ်ာ္သြားေလမလား။
“အလိုက္သိလိုက္တဲ့ကေလးေလး”ဆိုၿပီးကြၽန္ေတာ့္ဆံပင္ေလးေတြကိုပဲအသာအယာဖြေလမလား။
အေတြးေတြနဲ႕ထပ္တူက်စြာ မိမိႏႈတ္ခမ္းသည္လည္းၿပဳံးေယာင္သန္းလာေလသည္။
ဘတ္စ္ကားဂိတ္ေရာက္သည္မွာဆယ္မိနစ္ခန႔္ရွိၿပီျဖစ္ေသာ္ျငား အကိုကေရာက္မလာေသး။ေျခာက္နာရီထိုးေပေတာ့မည္။
အေဆာင္တံခါးကေျခာက္နာရီထိုးလွ်င္ပိတ္ေတာ့မည္။
မတတ္သာသည့္အဆုံးအကို႔ဆီဖုန္းဆက္ေတာ့ ခ်က္ခ်င္းတန္းကိုင္ေလသည္။
“အကိုျပန္မလာေသးဘူးလား။ေနာက္က်ေနၿပီ။ထီးမပါတာသိလို႔ ကြၽန္ေတာ္ကားကိတ္လာေသာင့္ေနတယ္”
“က်စ္စ္ မိုးသားေရာင္။မင္းဘယ္သူကလာေစာင့္ခိုင္းလို႔လဲ မိုးေတြဒီေလာက္သည္းေနတာကို။
ျပန္ေတာ့”
“ကြၽန္ေတာ္လည္းေရာက္ေနၿပီပဲဟာ မျပန္ေတာ့ဘူးေလ။အကိုမိုးစိုမွာစိုးလို႔ပါ”
“ငါကTaxiငွားၿပီးျပန္လာေနၿပီ။ေက်ာင္းေရွ႕တန္းေရာက္ေတာ့မွာ ။သုတခန႔္ပါ,ပါေတာ့ မိုးစိုမွာစိုးလို႔။မင္းဘာသာေစာင့္ခ်င္လည္းဆက္သာေစာင့္ေနလိုက္ေတာ့”
အကိုကေျပာခ်င္ရာေျပာၿပီး ဖုန္းကိုခ်က္ခ်င္းခ်သြားေသာ္လည္းမိမိနားထဲတြင္ အကို႔စကားမ်ားသာတဝဲလည္လည္က်န္ခဲ့သည္။
“သုတခန႔္မိုးစိုမွာစိုးလို႔”တဲ့လား။
သုတခန႔္နိုင္ဆိုသည္မွာသူ႕ကိုယ္သူgayဟုcome outလုပ္ထားေသာfirst yearမွဂ်ဴနီယာတစ္ေယာက္ပင္ျဖစ္သည္။
အိမ္ကိုအလည္ေခၚသြားရေလာက္ေအာင္အထိအကိုကသူႏွင့္ဘယ္တုန္းကရင္းႏွီးသြားရပါသနည္း။
မိုးေတြၿခိမ္းၿပီးလွ်ပ္စီးလက္ရင္ေၾကာက္တတ္ပါေသာမိမိအေၾကာင္းကိုသိသည့္အကိုက မိုးထဲေလထဲတြင္မိမိအားအဘယ္သို႔စိတ္ခ်ထားနိုင္ပါသနည္း။
အျပန္လမ္းသည္ အလာလမ္းေလာက္ခရီးမတြင္ေပ။
အကို႔ဥေပကၡာမ်ားကိုထမ္းပိုးထားရျခင္းေၾကာင့္ျဖစ္နိုင္ပါသည္။
အလာတုန္းကေဇာကပ္ေန၍မသိသာေပမယ့္ အခုေတာ့မိုးသားခိုက္ခိုက္တုန္ေအာင္ခ်မ္းေနမိသည္။ေရွ႕တစ္လွမ္းလွမ္းရန္ပင္မနည္းအားယူေနရသည္။
ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ဝတ္ေလ့ရွိသည့္အျဖဴေရာင္Teeေလးႏွင့္ေဘာင္းဘီတိုေလးကယခုအခါမိုးသားကိုေကာင္းေကာင္းဒုကၡေပးေနၿပီျဖစ္သည္။
“အာ့”
စိတ္လြတ္ကိုယ္လြတ္ေလွ်ာက္ေနျခင္း၏ရလာဒ္ကေတာ့ မိုးသားေျခေထာက္မွေသြးမ်ားထြက္လာျခင္းပင္ျဖစ္သည္။
မိုးသားေရာက္ရာအရပ္တြင္ က်ဳံ႕က်ဳံ႕ေလးထိုင္ခ်၍ ေသြးမ်ားထြက္ေနသည့္ေျခဖဝါးကိုအုပ္၍ကိုင္ရင္းမ်က္ရည္မ်ားက်ဆင္းလာရသည္။
နာတယ္။အရမ္းနာတယ္။
“အီးဟီး ေစာက္႐ူးေကာင္။ငါ့ရင္ေတြနာလိုက္တာ”
လမ္းမႀကီးမွာထိုင္ငိုေနရလဲမိုးသားမရွက္နိုင္။ရင္ထဲမွာတင္းၾကပ္ၿပီးငိုခ်င္ေနတာသာသိေတာ့သည္။
႐ုတ္တရက္လူတစ္ေယာက္မိမိကိုေပြ႕ခ်ီလိုက္ေသာေၾကာင့္ မိုးသားလန႔္ၿပီးေမာ့ၾကည့္လိုက္ေတာ့ ရင္းႏွီးေနတဲ့ကိုယ္သင္းရနံ႕ေလးအျပင္ ရင္းႏွီးေနေသာမ်က္ႏွာေလးေၾကာင့္ ရင္ဘတ္ထဲကတဒုန္းဒုန္းခုန္ေပါက္ေနေတာ့သည္။
အကိုကမ်က္ႏွာႀကီးတင္းလွ်က္ဘာမွမေျပာသလိုမိမိသည္လည္းဘာစကားမွမဆိုျဖစ္ေပ။
အကို႔မ်က္ႏွာကိုသာ မ်က္လုံးရဲရဲတို႔ျဖင့္မလြတ္တမ္းေငးၾကည့္ေနမိသည္။
မိုးသားကိုစေပြ႕ထဲကသူ႕ထီးကိုပိတ္လိုက္ပုံရတဲ့အကို႔ေၾကာင့္ မိမိထီးအားအကို႔ဘက္သို႔ သာသာထိုးထိုးမိုးေပးရင္းလုံၿခဳံေစလိုက္သည္။
ကိုယ့္ေမတၱာဓာတ္ေၾကာင့္ေႏြးပါေစအခ်စ္ေရ။
“ေနာက္ဆိုအခုလိုမလုပ္နဲ႕မိုးသား။ကိုယ့္အတြက္တကယ္အဆင္မေျပဘူး”
ေက်ာင္းေနာက္ဘက္ဝင္ေပါက္ေရွ႕တြင္မိမိကိုခ်ေပးရင္းအကိုကဆိုသည္။
ၿပီးသည္ႏွင့္ေနာက္သို႔လွည့္မၾကည့္စတမ္းအကိုသြားသည္။
မိုးသားနာက်င္ေနေသာေျခေထာက္ကိုမသိခ်င္ေယာင္ေဆာင္၍ parlourသို႔အားတင္းကာသြားရသည္။
ဘယ္လိုဒဏ္ရာမ်ိဳးက အကိုေပးေသာဒဏ္ရာေလာက္ကြၽန္ေတာ့္အားနာက်င္ေစနိုင္ေပမည္နည္း။
________________💚________________
“မိုးသားနဲ႕စကားမ်ားထားတာလား။နင္တို႔စကားေျပာတာမေတြ႕လို႔”
“မဟုတ္ပါဘူး။အေၾကာင္းမရွိပဲငါတို႔ကဘာေျပာရမွာလဲ။ဒီတိုင္းပါပဲ”
“အဲ့ဒီတိုင္းဆိုထဲကမဟုတ္ေတာ့တာ။နင္တို႔ကပုံမွန္ဆိုအၿမဲသိသိသာသာကြဲထြက္ေနတဲ့ဟာ။
နင္မဟုတ္ရင္ေတာင္ ဟိုကေလးကအၿမဲနင့္နားမွာပဲမလား”
ခန႔္ထည္သက္ျပင္းကိုအသာခ်ရင္း မတ္တပ္ရပ္ကာ ေဘာင္းဘီအိတ္ထဲလက္ထည့္၍ အျပင္ကိုသာအေၾကာင္းျပခ်က္မရွိေငးေမာေနမိသည္။
အျဖဴေရာင္ရွပ္အက်ီကိုအနက္ေရာင္စတိုင္ပင္ေဘာင္းဘီထဲထည့္ဝတ္ထားၿပီး အနက္ေရာင္လည္သာရႉးဖိနပ္ႏွင့္သပ္ရပ္ေနေအာင္ၿဖီးထားေသာဆံပင္၊တည္တင္းေနတဲ့မ်က္ႏွာအေနအထားေၾကာင့္ ခန႔္ထည္ကိုျဖတ္သြားျဖတ္လာဂ်ဴနီယာမ်ားကမသိမသာေရာ သိသိသာသာပါၾကည့္သြားၾကသည္။
ခန႔္ထည္ဝါကmale nurseယူနီေဖာင္းနဲ႕ဆိုသိပ္ကိုလိုက္ဖက္သည္မလား။
“ငါ့စိတ္ေတြရႈပ္ေထြးေနတယ္ ဒီဒီ။ဒီလပိုင္းအတြင္းမိုးသားကငါ့စိတ္ေတြအားလုံးကိုထိမ္းခ်ဳပ္ေနတယ္။
ငါသူနဲ႕မပတ္သတ္ခ်င္ဘူး။ဒါေပမယ့္ သူနဲ႕အတူရွိရင္ငါ့စိတ္ေတြလြတ္လပ္သလိုခံစားရတယ္။
ငါသူ႕ကိုဥေပကၡာျပဳဖို႔ႀကိဳးစားတိုင္း
ဒီေကာင္ေလးကေသာက္ရမ္းရိုးလြန္းလို႔
စိတ္မခ်ျပန္ဘူး။
ငါ့စိတ္ကိုပဲအျပစ္တင္ရမလား။မိုးသားကိုပဲအျပစ္တင္ရမလားမသိေပမယ့္ ဒီအေျခအေနကိုငါတကယ္မႀကိဳက္ဘူးဒီဒီ။
ငါခ်စ္ရတဲ့သူေတာင္ အဲ့ေကာင္ေလးေလာက္ငါ့အေပၚမလႊမ္းမိုးနိုင္ဘူး”
“နင္ခ်စ္တဲ့သူဆိုတာဟိန္းထက္မလား”
အတိအက်ႀကီးဆိုလာတဲ့ဒီ့ဒီ့ေၾကာင့္ အနည္းငယ္အံ့ဩမိေပမယ့္ အထူးတလည္ေတာ့မခံစားမိေပ။သူနဲ႕ပတ္သတ္သည့္အရာအားလုံးကိုသူ႕ငယ္ခ်င္းသိသည္မွာဆန္းမွမဆန္းပဲ။
“ဟိန္းထက္နဲ႕နင္နဲ႕ဘယ္လိုမွမျဖစ္နိုင္ဘူးဆိုတာနင္သိတယ္မလား။အဲ့ေတာ့ ခန႔္ထည္ရယ္.....မိုးသားေလးကိုပဲျဖစ္ျဖစ္ျပန္ခ်စ္ေပးၾကည့္ပါလား။
နင္ဟိန္းထက္ကိုသေဘာက်႐ုံပဲက်တာပါ။ခ်စ္တာနဲ႕သေဘာက်တာနဲ႕မတူဘူး။ဟိန္းထက္,ထက္စာရင္မိုးသားကမွ နင့္ရင္ထဲပုံစံတမ်ိဳးနဲ႕စြဲေနေသးတယ္။
ခ်စ္မၾကည့္ဖူးလို႔နင္မသိတာပါ။မိုးသားကခ်စ္ဖို႔ေကာင္းပါတယ္”
နဒီ,ခန႔္ထည္၏လက္တစ္ဖက္ကိုဆြဲကိုင္ရင္း မိမိလက္ႏွစ္ဖက္ႏွင့္အုပ္ကာေလးေလးနက္နက္ဆိုမိသည္။ခန႔္ထည္မ်က္ႏွာကေတာ့စိတ္ရႈပ္ေနဟန္။နဒီသိတာေပါ့။ခန႔္ထည္ကမိုးသားအေပၚဘယ္ေလာက္သံေယာဇဥ္ႀကီးလဲဆိုတာ။
တစ္ေလွ်ာက္လုံး“ညီေလး”ဆိုတဲ့စိတ္နဲ႕ သူ႕စိတ္တံခါးေပါက္ကိုပိတ္ထားခဲ့တာျဖစ္သည္။
ၿပီးေတာ့ ဟိန္းထက္ကသူသေဘာက်လိဳခ်င္သည့္အရည္အခ်င္းေတြနဲ႕ကြက္တိက်သဴျဖစ္သည္။ခန႔္ထည္ဝါဆိုတာနဂိုထဲကခ်စ္သူကိုစံႏႈန္းေတြထား၍ေ႐ြးခ်ယ္တတ္သူေပမလား။
“မိုးသားက ကေလးအရမ္းဆန္တယ္ဒီဒီ။ငါနဲ႕ျဖစ္မွာမဟုတ္ဘူး။ဒီေကာင္ေလးရည္မွန္းခ်က္လည္းမရွိဘဝကိုေပ်ာ္ေပ်ာ္ျဖတ္သန္းၿပီးေရာင့္ရဲတတ္တာလည္းငါမႀကိဳက္ဘူး။အေရးႀကီးတာကငါ့အိမ္နဲ႕သူ႕ပုံစံနဲ႕အဆင္ေျပမွာမဟုတ္ဘူး”
“နင့္ရဲ႕ေသာက္ေရးမပါတဲ့တြက္ခ်က္မႈေတြကိုေဘးထိုးထားလိုက္ခန႔္ထည္။သာတယ္နာတယ္တြက္ေနရေအာင္ဒါကစီးပြားေရးလုပ္ေနတာမလုပ္ဘူး။အခ်စ္ေရး။
ငါနင့္ကိုတစ္ခါတစ္ေလသိပ္စိတ္ပ်က္တာပဲ”
နဒီဆက္ေျပာခ်င္ေသးေပမယ့္ အနားသို႔ေရာက္လာသည့္အရိပ္ႏွစ္ခုေၾကာင့္ ပါးစပ္ကိုအျမန္ျပန္ထိန္းလိုက္ရသည္။ခန႔္ထည္ဝါကေတာ့ ခုနကစိတ္ရႈပ္ေနတာသူမဟုတ္သည့္အတိုင္း ထိုေကာင္မေလးႏွစ္ေယာက္ကိုၿပဳံးျပေလသည္။ေသာက္ေကာင္ကိုအျမင္ကတ္ရသည့္ အေၾကာင္းအရင္းေတြထဲမွာ အဲ့ဒါေတြလဲပါသည္။
‘ဟြန႔္....သူက်ေတာ့စင္းလုံးေခ်ာေနတာက်ေနတာပဲ’
“အကို ညီမတို႔ကိုစာေလးရွင္းျပပါလား”
“ဘယ္ဘာသာလဲညီမေလးတို႔”
“အာ.... Maternityအကို။တီခ်ယ္ကMaternityမွာfinalကကိုခန႔္ထည္ကေတာ္တယ္ဆိုလို႔”
မိမိေရွ႕တြင္ရွိသည့္ႏွစ္ေယာက္အနက္ နဲနဲသြက္ပုံရသည့္ ဂ်ဴနီယာေလးစကားေၾကာင့္ ခန႔္ထည္သေဘာတက်ရယ္မိသည္။ အသားေဖြးေဖြးေလးႏွင့္ေတာ္ေတာ္ေတာ့ ေခ်ာသည္ပဲ။
“အဲ့လိုရယ္ေတာ့မဟုတ္ပါဘူး။အကိုက မိခင္နဲ႕ကေလးက်န္းမာေရးနဲ႕ပတ္သတ္ၿပီးစိတ္ဝင္စားလို႔ပါ။ဒါဆိုသြားမယ္ေလ။ဟိုခုံေပၚမွာပဲရွင္းျပေတာ့မယ္”
ခန႔္ထည္ဦးေဆာင္၍ပင္lectureခန႔္ေရွ႕ကခုံသို႔ေခၚသြားလိုက္သည္။အကြယ္ကေနၾကည့္ေနသည့္ေကာင္ေလးကေတာ့ ႏႈတ္ခမ္းေတြျပတ္ထြက္မတတ္ကိုက္ေနမိသည္။
မႀကိဳက္ဘူး။တကယ္ကိုမႀကိဳက္ဘူး။
အကို႔ေဘးမွာကြၽန္ေတာ္ကလြဲၿပီးဘယ္သူမွရွိေနတာမႀကိဳက္ဘူး။
ထိုေကာင္မေလးႏွစ္ေယာက္ကိုမိုးသားသိပါသည္။ေက်ာင္းကထမနဲထိုးပြဲေတြ၊ေက်ာင္းသက္ျန္ေတြတိုင္း အကိုနဲ႕တြဲတြဲၿပီး ဓာတ္ပုံသြားသြားရိုက္တတ္သည့္ first yearကခပ္ကဲကဲအုပ္စုထဲမွႏွစ္ေယာက္ျဖစ္သည္။
ဘုရားစူးရေခ်ရဲ႕......။မိုးသားအကို႔ကိုႀကိဳက္သာႀကိဳက္တာ။အခုထိလူျမင္ကြင္းမွာ အကိုနဲ႕နီးနီးကပ္ကပ္တစ္ခါမွမေနသလို အခုထိအကိုနဲ႕ေက်ာင္းမွာႏွစ္ေယာက္တြဲပုံတစ္ခါမွမရိုက္ဖူးေပ။
ဒါကအကို႔သိကၡာကိုေထာက္သလို မိမိကိုယ္တိုင္လည္းထိုသို႔လုပ္ရမွာရွက္ေသာေၾကာင့္ျဖစ္သည္။အခုေတာ့ၾကည့္ပါဦး အခုေခတ္မိန္းကေလးေတြမ်ားရဲတင္းလိုက္ၾကတာ။
အရွက္တရားကိုနဲနဲမွမရွိဘူး။
မိုးသားအေရွ႕ကျမင္ကြင္းကိုဆက္မၾကည့္ခ်င္ေတာ့ေသာေၾကာင့္လွည့္ထြက္လာခဲ့သည္။
အကိုရယ္ေမာေနသည္မဟုတ္လား။
အကို႔ကိုေကာင္မေလးေတြနဲ႕တြဲေတြ႕ရင္သေဘာမက်ေပမယ့္ မျမင္တာၾကာတဲ့အကို႔အၿပဳံးေတြေတြ႕ရသည္မို႔ ရင္ထဲသိမ့္ခနဲျဖစ္သြားသည္။
အကိုကတည္တည္ေနလည္းေခ်ာေပမယ့္ အကို႔အၿပဳံးေတြကိုကြၽန္ေတာ္သိပ္သေဘာက်တာပဲ။
ကြၽန္ေတာ့္ေၾကာင့္ျဖစ္တည္လာတဲ့အၿပဳံးေတြကေတာ့ကြၽန္ေတာ့္မ်က္လုံးထဲအလွဆုံးပဲ။
________________💚________________