(Completed) ဆရာဖြစ်ရတာမလွယ်ဘူ...

By Xiao_Yiii

687K 120K 3.4K

Title - It is not easy being a master Author - Jin Xi Gu Nian / Eng translator - Xi Xi Burmese translation p... More

Description
Chapter(1) - နိုးထခြင်း
Chapter(2) - တောင်စွန်းပေါ်တွင်
Chapter(3) - Double Return
Chapter(4) - ဖဲႀကိဳး
Chapter(5) - ပြဇာတ်
Chapter(6) - ဖြူကောင်လေး
Chapter(7) - Hidden Edge
Chapter(8) - မြက်ညွှန့်လေး
Chapter(9) - မျက်ရည်စက်သဏ္ဍာန်မှဲ့
Chapter(10) - စိတ်မကောင်းပါဘူး
Chapter(11) - ဓား
Chapter(12) - ကြွက်သားနာကျင်ခြင်း
Chapter(13) - မြန်မြန်လေး
Chapter(14) - ဖျားနာခြင်း
Chapter(15) - နှလုံးရောဂါ
Chapter(16) - အဆင့်တက်ခြင်း
Chapter(17) - လက်ချင်းတွဲဆက်
Chapter(18) - ရွေးချယ်မှု
Chapter(19) - အထီးကျန်,မှောင်မိုက်သောည
Chapter(20) - ဆွေ့ရှန်း
Chapter(21) - နောက်တစ်ဖန်ပြန်နိုးလာခြင်း
Chapter(22) - အပြစ်ရှိစိတ်များပြည့်နှက်နေသည်
Chapter(23) - စိုးရိမ်ဖွယ်ရာအသွင်ကူးပြောင်းသွားခြင်း
Chapter(24-1) - အမှန်တရား
Chapter(24-2) - အမှန်တရား
Chapter(25) - စည်းနှောင်စာချုပ်ချုပ်ခြင်း
Chapter(26) - Dress In White
Chapter(27 - 1) - အတူတကွခရီးသွားခြင်း
Chapter(27 - 2) - အတူတကွခရီးသွားခြင်း
Chapter(27 - 3) - အတူတကွခရီးသွားခြင်း
Chapter(27 - 4) - အတူတကွခရီးသွားခြင်း
Chapter(28) - အသံကျင့်ကြံသူ
Chapter(29-1) - စာအုပ်
Chapter(29-2) - စာအုပ္
Chapter(30) - စားဖိုဆောင်တစ္စေ
Chapter(31) - အားလျှန်
Chapter(32-1) - ခေါင်းအုံးမျှအိပ်ခြင်း
Chapter(32-2) - ခေါင်းအုံးမျှအိပ်ခြင်း
Chapter(33) - လျိုဝှက်နယ်မြေ
Chapter(34-1) - ဝိညာဉ်လေးများ
Chapter(34-2) - ဝိညာဥ်​လေးများ
Chapter(35-1) - အမှန်တရားနဲ့ ထင်ယောင်မှားမှု
Chapter(35-2) - အမှန်တရားနဲ့ ထင်ယောင်မှားမှု
Chapter(36-2) - မျှခြေ
Chapter(37-1) - ကျွန်တော်ရှိတယ်
Chapter(37-2) - ကျွန်တော်ရှိတယ်
Chapter(38-1) - ငါးရိုး
Chapter(38-2) - ငါးရိုး
Chapter(39 - 1) - ပုံရိပ်ယောင်
Chapter(39-2) - ပုံရိပ်ယောင်
Chapter(40-1) - ယွီယွီ
Chapter(40-2) - ယွီယွီ
Chapter(41-1) - ပြန်လာခြင်း
Chapter(41-2) - ပြန်လာခြင်း
Chapter(42-1) - မူးရစ်ခြင်း
Chapter(42-2) - မူးရစ်ခြင်း
Chapter(43) - ခေါင်းစဉ်မရှိ
Chapter(44 - 1) - ​ယောင်ကျိုး
Chapter(44 - 2) - ယောင်ကျိုး
Chapter(45) - ​ထောင်ဟွား
Chapter(46) - ရှေးဟောင်းနှောင်းဖြစ်များ
Chapter(46-2) - ရှေးဟောင်းနှောင်းဖြစ်များ
Chapter(47 - 1) - ပြဿနာရှာခြင်း
Chapter(47-2) - ပြဿနာရှာခြင်း
Chapter(48-1) - သံချေးတက်နေသည့် သော့
Chapter(48-2) - သံချေးတက်နေသည့် သော့
Chapter(49) - မက္ခရုငှက်လေး
Chapter(50-1) - ဘီလူး
Chapter(50-2) - ဘီလူး
Chapter(50-3) - ဘီလူး
Chapter(51-1) - ကိစ္စအသစ်
Chapter(51-2) - ကိစ္စအသစ်
Chapter(52-1) - အရမ်းရှုပ်ထွေးလွန်းတယ်
Chapter(52-2) - အလွန်ရှုပ်ထွေးလွန်းတယ်
Chapter(53-1) - မျက်နှာမရှိ
Chapter(53-2) - မျက်နှာမရှိ
Chapter(54-1) - ရုပ်သေး
Chapter(54-2) - ရုပ်သေး
Chapter(55-1) - ကန့်သတ်ချက်များ
Chapter(55-2) - ကန့်သတ်ချက်များ
Chapter(56) - လျှို့ဝှက်ချက်
Chapter(57) - ကံကြမ္မာဟောစာတမ်း
Chapter(58) - ရှေ့ပြေးဖြစ်ရပ်များ
Chapter(59) - အတိတ်
Chapter(60) - ရှေ့ကိုဆက်သွား
Chapter(61-1) - ပြင်းထန်တဲ့တိုက်ပွဲ
Chapter(61-2) - ပြင်းထန်တဲ့တိုက်ပွဲ
Chapter(62) - အလယ္
Chapter(63-1) - ဓား၏အကြွင်းအကျန်
Chapter(63-2) - ဓား၏အကြွင်းအကျန်
Chapter(64) - အပြန်
Chapter(65) - ဝိညာဉ်အိမ်မက်
Chapter(66-1) - အဝတ်အစားတွေချွတ်
Chapter(66-2) - အဝတ်အစားချွတ်ခြင်း
Chapter(67) - အတိုချုံး
Chapter(68-1) - ရှာဖွေခြင်း
Chapter(68-2) - ရှာဖွေခြင်း
Chapter(69) - ကျေနပ်အားရခြင်း
Chapter(70-1) - Seventy
Chapter(70-2) - Seventy
Chapter(71-1) - ဂိုဏ်းချုပ်
Chapter(71-2) - ဂိုဏ်းချုပ်
Chapter(72) - ပြန်လည်ပေါင်းစည်းမှု
Chapter(73) - ကြောင်ပေါက်လေး
Chapter(74-1) - ကျောက်တုံးနံရံ
Chapter(74-2) - ကျောက်တုံးနံရံ
Chapter(75) - မျက်ရည်နတ်ဆိုး
Chapter(76-1) - Seventy-Six
Chapter(76-2) - Seventy-Six
Chapter(77) - အမြွှာ
Chapter(78-1) - ဓားကိုချိုးသည်
Chapter(78-2) - ဓားကိုချိုးသည်
Chapter(79) - နှစ်တိုင်း နှစ်တိုင်း
Extra (1) - ဆောင်းဦးပေါက်ပွဲတော်
Extra (2) - အမွှေးလုံး(1)
Extra (3) - အမွှေးလုံး(1)
Extra (4) - ချင်း ယွမ်
Thank You

Chapter(36-1) - မျှခြေ

5.4K 1.1K 57
By Xiao_Yiii

Unicode

အခန်း(၃၆-၁) - မျှခြေ

ရှန်ကျစ်ရှန်း စကားပြောဖို့ အချိန်မရခင်မှာပဲ ရန်ကျင်းအတုအဖွဲ့တစ်ဖွဲ့က သူတို့ဆီ ရောက်လာသည်။ နောက်ဆက်တွဲ မြင်ကွင်းကတော့ တော်တော့်ကို အံ့မခန်းပါပဲ။

သူ့ကို ဖက်ထားတဲ့ ရန်ကျင်းက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး လက်တစ်ဖက်က ရှန်ကျစ်ရှန်းရဲ့ ခါးကိုရစ်ပတ်ထားရင်း နောက်လက်တစ်ဖက်ကတော့ ဓားကိုဆုပ်ကိုင်၍ တစ်ခြားရန်ကျင်းများအား မဆိုင်းမတွ ဖယ်ရှားနေ၏။ ဓားရောင်ခြည်က ထိုရန်ကျင်းအတုများအား မရေမတွက်နိုင်တဲ့ အနက်ရောင်မြုမှုန်များအဖြစ် ပြန့်ကျဲသွားစေပြီး ခဏအကြာမှာ ပျက်ပျယ်သွားသည်။

ရှန်ကျစ်ရှန်းက လုံခြုံမှုမရှိသလို ဖြစ်နေတာကြောင့် လှည့်ပတ်နေရရင်းဖြင့်ပင် သတိလက်လွတ်ဖြင့် ရန်ကျင်းရဲ့ ခါးကိုဖက်တွယ်ထားမိသည်။

"..."

သူ့သနားစရာခါးလေး!

မကြာခင် ပြတ်ထွက်တော့မလို ခံစားနေရတယ်!

အနက်ရောင်မြူခိုးများအားလုံး ရှင်းလင်းသွားပြီး၊ အရာအားလုံး တည်ငြိမ်သွားပြီးနောက်မှာ ရန်ကျင်းက မြေပြင်ပေါ်ကို မြဲမြံစွာဖြင့် ပြန်ဆင်းလိုက်ပြီး သူ့လက်ကို ဖြေလျော့ပေးလိုက်သည်။

အတိတ်တုန်းကဆို ရှန်ကျစ်ရှန်းက TV series တွေထဲမှာ မင်းသားက မင်းသမီးကို ဖက်ပြီး ပျံသန်းတိုက်ခိုက်နေတာကိုမြင်တိုင်း အရမ်းကို ရင်ခုန်စရာကောင်းပြီး အံ့သြစရာကြီးလို့ ထင်ခဲ့ဘူးသည်။

အကုန်လုံးအတုအယောင်တွေ!

သူ့ကို အဲ့ဒီလိုမျိုး ဖမ်းဆုပ်ထားတာ သူ့ခါးတောင် ကျိုးတော့မလိုပဲ!

အကြိမ်အနည်းငယ်လောက် အသက်ဝဝ ရှုပြီးနောက်မှာ ရှန်ကျစ်ရှန်းသည် စိတ်ပြန်ကြည်လာသည်။ ဒီရန်ကျင်းကရော အစစ်ဟုတ်ရဲ့လားလို့ သိချင်သွားတာကြောင့် သတိလက်လွတ်ဖြင့်ပင် သူ့ရှေ့က ရန်ကျင်းအား ဆွဲညှစ်ကြည့်လိုက်မိ၏။

ဒါပေမဲ့ သူနားမလည်လိုက်တာက ဘယ်နေရာကို ညှစ်မိသွားတာလဲ ဆိုတာကိုပဲ

ညှစ်လိုက်တဲ့ ခံစားချက်ကို ရလိုက်တာနဲ့ ချက်ချင်းပင် ရန်ကျင်းရဲ့ ခါးကတောင့်တင်းသွားသည်။ ရန်ကျင်းက သူ့ကိုတည်ငြိမ်စွာ ကိုင်ထားရင်းဖြင့်ပင် တိတ်ဆိတ်ပြီး အနည်းငယ် ကူရာမဲ့နေတဲ့ အသံနဲ့ပြောလာသည်။

"ဆရာ, မညှစ်နဲ့လေ"

ထိုအချိန်မှသာ ရှန်ကျစ်ရှန်းက တုန့်ပြန်လာသည်။ သူ့လက်က တောင့်တင်းသွားပြီး အလျင်စလို လက်ကိုရုတ်တာ နောက်ဆုတ်မိသည်။

သူက ချောင်းတစ်ချက်ဟန့်လိုက်လေသည်။

"အဲ့ဒါက မင်းလည်း အတုဖြစ်နေမှာကို ကြောက်လို့ မဟုတ်ဘူးလား..... ရန်ကျင်းအတု နည်းနည်းလောက် နောက်ကလိုက်ခံလိုက်ရတာနဲ့တင် လုံလောက်နေပြီ"

သူ့နှလုံးသားက အခုချိန်ထိ သတိထားစောင့်ကြပ်နေမိတာဖြစ်သည်။ နောက်ဆုံးတော့ စိတ်သက်သာရာ ရသွားလေပြီ။ ရန်ကျင်းနဲ့ အဲ့ဒီရန်ကျင်းတွေအားလုံးက အတူတူပဲ ဖြစ်နေပေမယ့်လည်း အဲ့ဒါတွေက အတုတွေဖြစ်ပြီး သူ့ရှေ့က တစ်ယောက်ကမှ အစစ်ဖြစ်ကြောင်း သူသိနေသည်။

မနေ့က ရန်ကျင်းအတုကလည်း ကြည့်ရတာ ပုံစံတူလှသည်။ သို့သော်, သူ့အမူအယာက အရမ်းဆင်တူနေပေမယ့် သူ့အပြုအမူတွေကတော့ အနည်းငယ် ကွဲပြားနေသည်။ တကယ့်ရန်ကျင်းအစစ်က ရှန်ကျစ်ရှန်းနဲ့ တွေ့တဲ့အချိန်မှာ ဘယ်တော့မှ တစ်နေရာတည်းမှာပဲ ရပ်နေမှာမဟုတ်ဘူး။ တစ်ခြားသူတွေနဲ့ ဆိုရင်တော့ သူလုပ်လိမ့်မယ်။ ဒါပေမယ့် ရှန်ကျစ်ရှန်းနဲ့သာဆိုရင် သူကသာ အရင်ဆုံး ခြေလှမ်းစလှမ်းပေလိမ့်မည်။

သူ့ဒဏ်ရာကို ရှန်ကျစ်ရှန်းထိမှာ မလိုလားတာက သူ့ဒဏ်ရာကဒီအတိုင်း ထင်ယောင်ထင်မှားပဲ ဆိုတာကို ရှန်ကျစ်ရှန်း သိသွားမှာကြောက်လို့ပဲ...နောက်ပိုင်းမှာ ရှန်ကျစ်ရှန်းက ရန်ကျင်း အသံထွက်လာအောင် သူ့အကြောင်း ဖုန်းကွယ်ထားတဲ့ ပြဿနာကို ထုတ်ဖော်ပြလိုက်သေးတယ်.......

ရှန်ကျစ်ရှန်းက ခေါင်းငုံ့လိုက်ပြီး ရန်ကျင်းလက်ကို ကြည့်လိုက်ပေမယ့် ဘာဒဏ်ရာမှာ မတွေ့ပေ။ သိပ်မကြာခင်မှာပဲ သူ့ရဲ့ တုန်လှုပ်နေတဲ့စိတ်က 'သူ့အကြောင်း ဖုန်းကွယ်ထားတယ်' ဆိုတဲ့စကားလုံးနဲ့ လျင်မြန်စွာ ဖိနှိပ်ခံလိုက်ရသည်။

အကယ်၍ အဲ့ဒါက သူ့အကြောင်းကို ဖုန်းကွယ်ထားတဲ့ ကိစ္စသပ်သပ်ပဲဆိုရင် သိပ်မဆိုးဝါးသေးဘူး....ဒါပေမဲ့, သူကသူ့အကြောင်းကို ဖုန်းကွယ်ထားတဲ့အပြင် ရန်ကျင်းရဲ့ ဝမ်းကွဲဆိုပြီးတော့တောင် လီဆယ်လိုက်သေးတယ်....

ထိုအကြောင်းတွေးမိတာနဲ့တင် ရှန်ကျစ်ရှန်းရဲ့ ဦးနှောက်က နာကျင်လာမိသည်။

သူအဲ့ဒီတုန်းက အချိန်ကို ပြန်သွားပြီး သူ့ဦးနှောက်ကို ခက်ခဲတည်ငြိမ်တဲ့ အသွင်နဲ့ ကြည့်ချင်မိတယ်...

သူက ရန်ကျင်းအား တစ်ချက် ခိုးကြည့်လိုက်ပြီးနောက် သေချာဂရုတစိုက်နဲ့ စကားလုံးစီလိုက်သည်။

"အားကျင်း, ငါ့အကြောင်းကို ဖုန်းကွယ်ထားမိတဲ့ ကိစ္စကလေ...တကယ်တော့....."

တကယ်တော့ ဘာအကြောင်းပြချက်မှ မရှိဘူး။

ရှန်ကျစ်ရှန်းက စကားတန့်သွားပြီး ခဏမျှ ရပ်သွားသည်။ ထို့နောက်မှာတော့ ဆက်ပြောလိုက်တော့၏။

".....ငါသေချာမစဉ်းစားခဲ့မိလို့ပါ, စိတ်ထဲမထားနဲ့တော့နော်, အားကျင်း, ဒီအတိုင်းမေ့လိုက်ကြရအောင်"

သူက ရန်ကျင်းစိတ်ဆိုးတော့မယ်လို့ ထင်လိုက်မိသည်။

ကလေးဘဝကတည်းကနေ အခုချိန်ထိ ထိုလူက မျက်နှာကြောသေနေပြီး ဒေါသထွက်ရင်တောင် ထုတ်ဖော်မပြခဲ့ပေ။

ဒါပေမဲ့ ရန်ကျင်းက သူ့စကားကို ကြားတဲ့အချိန်မှာ သူ့ရဲ့ကြည်လင်ပြီး တောက်ပနေတဲ့ မျက်လုံးထဲမှာ အပြုံးတစ်ခု ဖြတ်ခနဲပေါ်လာမယ်လို့ လုံးဝမထင်ထားခဲ့မိဘူး။ အဲ့ဒါက အရမ်းကိုမြန်လွန်းလို့ အကယ်၍ ရှန်ကျစ်ရှန်းသာ သေချာအနီးကပ် အာရုံမစိုက်ထားဘူးဆိုရင် လွဲချော်သွားနိုင်တယ်။

ရှန်ကျစ်ရှန်းသည် အော်သံလေးတောင် မထွက်ရဲပေ။ သူ့ခေါင်းကတော့ အတွေးများနဲ့ ပြည့်နှက်နေသည်။

ဒါက ဒဏ္ဍာရီလာ ဒေါသအပြုံးဆိုတာများလား?

သူကစကားမပြောတာကြောင့် ရန်ကျင်းက ပါးစပ်ဖွင့်လာသည်။ သူ့လေသံက ခါတိုင်းလိုပဲ အေးဆေးတည်ငြိမ်နေပေမယ့် စကားလုံးတိုင်းမှာ နူးညံ့သိမ်မွေ့မှု ခပ်ဖျော့ဖျော့လေး ရှိနေသည်။

"ဒီအတောအတွင်းမှာ တပည့်က အရမ်းပျော်နေခဲ့တာပါ, ကြည့်ရတာ ကျွန်တော်ဆရာ့ကို အမှတ်မထင် စော်ကားမိခဲ့ပုံပေါ်တယ်, ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"

ရှန်ကျစ်ရှန်းသည် ဒီလိုအချိန်မျိုးမှာ သူ့ကိုယ်သူ ဆရာလို့ခေါ်တာမျိုးကို မကြားချင်သေးပေ။ ထိုစကားကိုကြားတော့ ရန်ကျင်းရှေ့မှာ ရှိနေတဲ့ သူ့ရဲ့လက်ရှိအသွင်အပြင်ကို ပြန်အမှတ်ရမိသည်။

.....ရန်ကျင်းက သူ့ရဲ့တကယ့် အကြောင်းကို သိခဲ့တာ ဘယ်လောက်ကြာသွားခဲ့ပြီလဲ သိချင်မိတယ်။

အမှန်အတိုင်းပြောရရင်တော့ သူတကယ် မသိချင်ဘူး, မေးလည်း မမေးရဲဘူး။ ထို့ကြောင့် စိတ်မသက်မသာနဲ့ ခေါင်းကိုငုံ့ကာ ဘာမှမခံစားရသလိုမျိုး တည်ငြိမ်ချင်ယောင်ဆောင်လိုက်သည်။

"ငါ့အကြောင်းကို အပြင်မှာ ထုတ်ဖော်ဖို့ဆိုတာ မလွယ်ဘူး, အကယ်၍ စိတ်မရှိဘူးဆိုရင် င့ါကိုဆရာလို့ မခေါ်နဲ့"

"ကောင်းပါပြီ" ရန်ကျင်းက ချက်ချင်းလိုလိုပင် ပြန်ဖြေသည်။ သူ့အသံဆုံးသွားသည်နှင့် နူးညံစွာ ထပ်မေးလာ၏။

"ဒါဆို....ဒီတပည့်က ဘယ်လိုများ ခေါ်ရမလဲ?"

ရှန်ကျစ်ရှန်းသည် ရန်ကျင်းက တစ်ခုခု ပြောင်းလဲသွားတယ်လို့ ယောင်ဝါးဝါး ခံစားလိုက်ရသည်။ ၎င်းသည်သိသာ ထင်ရှားခြင်း မရှိသော်လည်း အမှန်တော့ အနည်းငယ် တွေ့ရခဲသည်။ သူက ခက်ခက်ခဲခဲ စဉ်းစားကြည့်ပေမယ့်လည်း ဘာဖြစ်နိုင်မလဲ မစဉ်းစားနိုင်ပေ။ ထို့ကြောင့် ဝိုးတဝါးဖြင့်သာ ပြန်ဖြေလိုက်သည်။

"အဲ့ဒီနေ့တွေတုန်းကလိုပဲခေါ်"

ဒါသည် ရန်ကျင်းကသူ့ကို ဆွေ့ရှန်းလို့ ဆက်လက်ခေါ်ဖို့ပြောတာ သိသာထင်ရှားလှသည်။ ရန်ကျင်းက သူ့နှုတ်ခမ်းကို အနည်းငယ် ဖိကပ်လိုက်ပြီး သူ့မျက်လုံးကတောက်ပနေရင်းဖြင့် ပြောလာ၏။

"ဆွေ့ရှန်း"

"အမ်း, အဲ့ဒါအဆင်ပြေတယ်"

ရှန်ကျစ်ရှန်းကတော့ ဘာမှမသိလိုက်ပေ။ ထို့ကြောင့်ဘာမှထပ်မစဉ်းစားတော့ဘူး။ သူကပုံရိပ်ယောင်များအား လှည့်ပတ်ကြည့်လိုက်ပြီး အာရုံစူးစိုက်ထားရန်သာ ဆုံးဖြတ်ချက်ချလိုက်သည်။

ဒီထူးဆန်းတဲ့ လျှို့ဝှက်နယ်မြေကို အရင်ဆုံး အာရုံစိုက်ထားတာ ပိုကောင်းလိမ့်မယ်

"ငါဒီလျို့ဝှက်နယ်မြေထဲ ဝင်လာပြီးတော့......"

သူက သူဖြစ်ခဲ့တဲ့ ထူးဆန်းသော အဖြစ်အပျက်များအား ကျော်ခွပြီး အကျဉ်းချုံးပြောပြလိုက်သည်။ နောက်တော့ မျက်မှောင်ကျုံ့၍ ရန်ကျင်းအား မေးလိုက်၏။

"မင်းကရော လျို့ဝှက်နယ်မြေထဲ ဘယ်လိုဝင်လာတာလဲ? မင်းရောဘာတွေ ထူးထူးဆန်းဆန်း တွေ့ကြုံခဲ့ရသေးလဲ?"

ရန်ကျင်းက သူ့ရဲ့ တိတ်ဆိတ်တဲ့ သဘာဝအတိုင်းပင် သူဖြစ်ခဲ့သမျှကို စကားလုံး အနည်းငယ်နဲ့ ပြောပြလိုက်သည်။

"မင်းက မဝင်လာခင်မှာ လျို့ဝှက်နယ်မြေကို ဖွင့်ခဲ့တာလား?"

ရှန်ကျစ်ရှန်းသည် သက်ပြင်းမချပဲ မနေနိုင်တော့ပေ။

ရန်ကျင်းက တကယ့်ကို ဇာတ်လိုက်ပဲ, အရမ်းစွမ်းအား ကြီးလွန်းတယ်...

"အဲ့ဒီအသံနှစ်ခု ထွက်လာတဲ့ အရင်းအမြစ်ကို မမြင်ခဲ့ရဘူးလား?"

ရန်ကျင်းက သူ့ရဲ့ပုံမှန် တည်ငြိမ်မှုအား ထိန်းသိမ်းထားရင်းဖြင့် မျက်တောင်ပင် တစ်ချက်မခတ်ပဲ အနီရောင် ဝိညာဉ်လုံးအကြောင်းအား ဖုံးကွယ်လိုက်သည်။

"......ကျွန်တော်မတွေ့လိုက်ဘူး, မြူခိုးထဲမှာ ခဏလောက် လမ်းလျှောက်နေပြီးတာနဲ့ ဒီကိုရောက်လာတာပဲ"

ရှန်ကျစ်ရှန်းသည် သူတို့ဒီကို ဘယ်လိုရောက်လာလဲ ဆိုတဲ့အကြောင်းအား ပြန်စဉ်းစားကြည့်လိုက်သည်။

"သွားပြီး စူးစမ်းကြတာပေါ့"

သူက တစ်ဖက်လှည့်ပြီး လျှောက်ထွက်သွား၏။ သို့သော်လည်း သိပ်မကြာခင်မှာ ရန်ကျင်းက နောက်ကလိုက်မလာဘူး ဆိုတာအား နားလည်သွားရသည်။ သူက ပြန်လှည့်ကြည့်လိုက်ပြီး သံသယအပြည့်ဖြင့် မေး၏။

"ဘာမှားနေလို့လဲ?"

ရန်ကျင်းက လေးနက်လှတဲ့ အသံနဲ့ မေးလာသည်။

"လက်ကိုင်ထားချင်လား?"

ရှန်ကျစ်ရှန်း: "???"

သူက ချက်ချင်းပင် သူနဲ့ရန်ကျင်းတို့ အတူတူအိပ်တုန်းက ရန်ကျင်းမေးခဲ့တဲ့ 'ဖက်ထားချင်လား?' ဆိုတဲ့ စကားကို သတိရသွားမိသည်။ နောက်ဆုံးတော့ ထိတ်လန့်စွာနဲ့ တုန့်ပြန်မိ၏။

ရန်ကျင်းက ဘယ်တုန်းကများ ဒီလောက် ပွင့်လင်းပြီး တက်ကြွသွားရတာလဲ? အဲ့ဒီတုန်းက သူတို့အတူတူ အိပ်တဲ့အချိန်မှာ ရန်ကျင်းက သူ့အကြောင်း မသိသေးတာမို့လို့ အနည်းဆုံးတော့ ရှန်ကျစ်ရှန်းကို သူ့ဝမ်းကွဲအနေနဲ့ မြင်ခဲ့တာဖြစ်နိုင်တယ်။ ဒါက အဓိပ္ပါယ်ရှိတယ်

ဒါပေမဲ့အခု ရှန်ကျစ်ရှန်းရဲ့ အသွင်အပြင်ကိုလည်း ထုတ်ဖော်လိုက်ပြီဟာကို သူက ဒီလိုမေးခွန်းကို မေးရဲသေးတယ်ပေါ့လေ....

အဲ့ဒါက ရှန်ကျစ်ရှန်းအား အမှန်တကယ်ကို အံ့အားသင့်သွားစေသည်။

သူကအလိုလိုမေးမိသည်။

"ဘာလို့လက်ကိုင်ထားမှာလဲ?"

"ဒီနေရာက အန္တာရယ်များတယ်"

ရန်ကျင်းက အဆင့်မြင့် ဓားကွက်များကို လေ့လာနေသလိုမျိုးပဲ လေးနက်စွာနဲ့ ပြောလာသည်။

"ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် ပျောက်သွားမှာစိုးလို့"

ရန်ကျင်းရဲ့ ပုံမှန်တိတ်ဆိတ်ပြီးလေးနက်တဲ့ အပြုအမူများက ရှန်ကျစ်ရှန်းရဲ့ စိတ်ထဲမှာ နက်နက်နဲနဲ အမြစ်တွယ်နေခဲ့သည်။ ရလဒ်ကတော့ ရှန်ကျစ်ရှန်းက ဘာကိုမှ သံသယမဝင်မိတော့ပေ။ ဒါ့အပြင် သူပြောတဲ့ စကားထဲမှာလည်း အမှန်တရားတစ်ချို့ ရှိနေသည်လေ။

ထိုလျို့ဝှက်နယ်မြေက အရမ်းထူးဆန်းနေသည်။ အထဲမှာ အစစ်အမှန်နဲ့ အတုအယောင်တွေ အများကြီးပဲ။ အကယ်၍ သူတို့လက်မကိုင်ထားမိရင်..... သူတို့မြင်နေတဲ့ လူက ုပြန်လှည့်ကြည့်လိုက်တာနဲ့ တကယ့်အစစ်လူ ဟုတ်သေးရဲ့လား ဘယ်သူသိနိုင်မှာလဲ!

ဒါပေမဲ့ လက်ကိုင်ထားတာကလည်း သိပ်အဆင်မပြေဘူး

သူက ခဏလောက် စဉ်းစားလိုက်ပြီးနောက် သူ့ခေါင်းအား လက်ဖြင့် ထိကြည့်မိသည်။ ဒါပေမဲ့ သူရှာနေတဲ့ အရာကို ရှာမတွေ့ပေ။

ရှန်ကျစ်ရှန်းက ချင်းယွင် ဂိုဏ်းမှာတုန်းကဆိုရင် သူ့ဆံပင်များအား ခေါင်းစည်းကြိုးနဲ့ ချည်ထားတတ်သည်။ နောက်ပိုင်းမှာ လေ့ကျင့်မှုအတွက် တောင်အောက်ဆင်းတဲ့အချိန် ပိုပြီးလန်းဆန်းတက်ကြွတဲ့ပုံ ပေါ်စေရန် ဖြုတ်ထားခဲ့မိသည်လေ။

ပြီးတော့ ခေါင်းစည်းကြိုးကို သူနဲ့တစ်ပါးတည်း ယူလာဖို့လည်း မေ့သွားမိတယ်.... အသေးစား အတွက်အချက် မှားမှုပေါ့

သူက အနည်းငယ် ဝမ်းနည်းစွာဖြင့် သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်၏။ ထို့နောက် အဝတ်စကိုပဲ ဆုတ်ဖြဲရမလား ဒါမှမဟုတ် ဒီအတိုင်း မေ့လိုက်ရမလား ဆိုပြီး တွေးနေတဲ့အချိန်မှာ ရန်ကျင်းက သူ့စိတ်ကို ဖတ်နိုင်သွားပုံပင်။ တိမ်လွှာများ လွင့်မျောနေသည့်ပုံစံ ယက်လုပ်ထားသည့်ဟန်အား ကျောက်စိမ်းတစ်ခုနှင့် တန်ဆာဆင်ထားသော ဖဲကြိုးတစ်ခုအား ထုတ်ယူလာ၏။

ရန်ကျင်းက ထိုဖဲကြိုးအား ရှန်ကျစ်ရှန်းကို ကမ်းပေးလိုက်သည်။

"ဒါကိုသုံးလိုက်"

ထိုဖဲကြိုးက အနည်းငယ် ရင်းနှီးနေသည်။ ရှန်ကျစ်ရှန်းက ခဏလောက် စဉ်းစားလိုက်ပြိးနောက်မှာ ဒါက သိုဝှက်ဓားစံအိမ်ထဲကို ရန့်ရှန်ပစ်ထည့်လိုက်တာကြောင့် ရန်ကျင်းအား မဆင်မခြင် ချိုးဖောက်ဝင်သွားစေခဲ့သည့် အရာဖြစ်ကြောင်း အမှတ်ရသွားမိလေသည်။

ထိုဖဲကြိုးက ရန်ကျင်းအတွက် အရမ်းအရေးကြီးလိမ့်မည်။ ဒါပေမဲ့အခုချိန်မှာ သူတို့က လုံးဝကို စိတ်ပျက်အားငယ်ရတဲ့ အဆင့်တောင် မရောက်သေးဘူးလေ, ဘယ်လိုများ ဒါကိုထုတ်ယူလာနိုင်ရတာလဲ?

သူက ဘရိုကိတ်ဖဲကြိုးလေးအား ယူ၍ ကြည့်လိုက်ပြီး မေးလေသည်။

"ဒါက ရင်းနှီးနေတယ်......"

ရန်ကျင်းက သူ့ကိုငေးကြည့်နေပြီး သူ့မျက်လုံးထဲမှာ ရှုပ်ထွေးသော ခံစားချက်တစ်ခု ပေါ်လာသည်။

"ဆွေ့ရှန်း, မမှတ်မိဘူးလား?"

ထိုမေးခွန်းက တစ်ခြားအဓိပ္ပါယ် သက်ရောက်ပုံပေါ်သော်လည်း ရှန်ကျစ်ရှန်းက ၎င်းကို သဘောမပေါက်ပေ။ သူက ရန်ကျင်းရဲ့ အမူအယာကိုသာ အမှတ်မထင် ကြည့်လိုက်မိသည်။ သို့သော်လည်း တစ်နည်းနည်းနဲ့ သူက ရန်ကျင်းကို ပြစ်မှားမိလိုက်မိသလို ခံစားနေရသည်။ ထိုခံစားချက်က ရုတ်တရက်ကြီး ရောက်လာတာကြောင့် သူ့စိတ်များက ခဏတာလောက် ဗလာဖြစ်သွားမိ၏။

သူကထို ထူးဆန်းသော ခံစားချက်ကို မျိုသိပ်ကာ ဘရိုကိတ်ဖဲကြိုးဆီသို့ ချက်ချင်းအကြည့်လွှဲလိုက်သည်။ ရန်ကျင်းရဲ့ လောင်ကျွမ်းနေသည့် မျက်လုံးများကို လစ်လျှူရှုဖို့ ကြိုးစားရင်း ဖဲကြိုးကိုသာ ကြည့်၍ စဉ်းစားနေဟန် ဆောင်လိုက်လေသည်။ သူက ရုတ်တရက်ပြောလိုက်သည်။

"အား, ဒါက အဲ့ဒီနှစ်တုန်းက သိုဝှက်ဓားစံအိမ်ကို ကျသွားတဲ့ဘရိုကိတ်ဖဲကြိုးမှတ်လား?, ဒါကမင်းအတွက် အရမ်းအရေးကြီးတယ်လေ, ငါတို့ဆွဲဖြတ်မိသွားရင် ဘယ်လိုလုပ်မလဲ.....?"

ရန်ကျင်းက တိတ်ဆိတ်စွာပြောသည်.

"အဲ့ဒါက အရမ်းအရေးကြီးတယ်, ဒါပေမဲ့ ဆွေ့ရှန်းက ပိုပြီးအရေးကြီးတယ်"

ထိုစကားစုက ရှန်ကျစ်ရှန်းအား သတိလွတ်သွားစေပြီး သူ့ကိုယ်သူ ရှက်သွေးဖြာသွားကြောင်း ရှာတွေ့သွားရသည်။

--ဟေး, ရန်ကျင်း, ဒါကဘယ်လို အဖြေမျိုးကြီးလဲ?!

ရန်ကျင်းလေ့ကျင့်ဖို့ အပြင်ထွက်သွားတာကို သိတဲ့သူရော မသိတဲ့သူတွေရော ဘယ်လိုထူးခြားဆန်းကြယ်တဲ့ နေရာမျိုးကသူ့ကို ဒီလိုချိုမြိန်တဲ့ စကားလုံးတွေ ပြောတတ်အောင် သင်ပေးလိုက်လဲ သိချင်သွားလိမ့်မယ်!

ရှန်ကျစ်ရှန်းက ဘာမှမပြောရဲတော့သလို ဘာမှလည်း မမေးရဲတော့ပေ။ သူကဖဲကြိုးကိုသာ အလျင်အမြန် မလိုက်ပြီး ဖဲကြိုးရဲ့ အစွန်းဘက် နှစ်ဖက်ကို လက်ကောက်ဝတ် အသီးသီးမှာ ချည်နှောင်လိုက်သည်။ သူက အလွယ်တကူ ဖြုတ်လို့မရအောင် တင်းတင်းလေး ချည်လိုက်၏။

သူတို့ဘယ်သွားရမလဲ ဆိုတာကို ရှန်ကျစ်ရှန်းလည်း မသိဘူး။ ဒါပေမဲ့ ကိစ္စတော့ မရှိပါဘူး။ တကယ်တော့လည်း သူ့ဘေးမှာ မတ်တပ်ရပ်နေတဲ့လူက ဒီကမ္ဘာရဲ့ ဇာတ်လိုက်ပဲလေ!

ထို့ကြောင့် ရန်ကျင်းက ဦးတည်ရာအား ကြုံသလို ရွေးချယ်လိုက်ပြီး ဘေးချင်းယှဉ်လျှောက်သွားရင်းဖြင့် သူတို့ရဲ့ လက်ကောက်ဝတ်များကတော့ ရှည်လျားတဲ့ ဖဲကြိုးနဲ့ အတူတကွ ချည်နှောင်ထားလေသည်။

25.10.2021

==============
Zawgyi

အခန္း(၃၆-၁) - မွ်ေျခ

ရွန္က်စ္ရွန္း စကားေျပာဖို႔ အခ်ိန္မရခင္မွာပဲ ရန္က်င္းအတုအဖြဲ႕တစ္ဖြဲ႕က သူတို႔ဆီ ေရာက္လာသည္။ ေနာက္ဆက္တြဲ ျမင္ကြင္းကေတာ့ ေတာ္ေတာ့္ကို အံ့မခန္းပါပဲ။

သူ႔ကို ဖက္ထားတဲ့ ရန္က်င္းက ႏႈတ္ခမ္းကို တင္းတင္းေစ့လိုက္ၿပီး လက္တစ္ဖက္က ရွန္က်စ္ရွန္းရဲ႔ ခါးကိုရစ္ပတ္ထားရင္း ေနာက္လက္တစ္ဖက္ကေတာ့ ဓားကိုဆုပ္ကိုင္၍ တစ္ျခားရန္က်င္းမ်ားအား မဆိုင္းမတြ ဖယ္ရွားေန၏။ ဓားေရာင္ျခည္က ထိုရန္က်င္းအတုမ်ားအား မေရမတြက္ႏိုင္တဲ့ အနက္ေရာင္ျမဳမွဳန္မ်ားအျဖစ္ ျပန္႔က်ဲသြားေစၿပီး ခဏအၾကာမွာ ပ်က္ပ်ယ္သြားသည္။

ရွန္က်စ္ရွန္းက လံုျခံဳမႈမရွိသလို ျဖစ္ေနတာေၾကာင့္ လွည့္ပတ္ေနရရင္းျဖင့္ပင္ သတိလက္လြတ္ျဖင့္ ရန္က်င္းရဲ႔ ခါးကိုဖက္တြယ္ထားမိသည္။

"..."

သူ႔သနားစရာခါးေလး!

မၾကာခင္ ျပတ္ထြက္ေတာ့မလို ခံစားေနရတယ္!

အနက္ေရာင္ျမဴခိုးမ်ားအားလံုး ရွင္းလင္းသြားၿပီး၊ အရာအားလံုး တည္ၿငိမ္သြားၿပီးေနာက္မွာ ရန္က်င္းက ေျမျပင္ေပၚကို ၿမဲျမံစြာျဖင့္ ျပန္ဆင္းလိုက္ၿပီး သူ႔လက္ကို ေျဖေလ်ာ့ေပးလိုက္သည္။

အတိတ္တုန္းကဆို ရွန္က်စ္ရွန္းက TV series ေတြထဲမွာ မင္းသားက မင္းသမီးကို ဖက္ၿပီး ပ်ံသန္းတိုက္ခိုက္ေနတာကိုျမင္တိုင္း အရမ္းကို ရင္ခုန္စရာေကာင္းၿပီး အံ့ၾသစရာႀကီးလို႔ ထင္ခဲ့ဘူးသည္။

အကုန္လံုးအတုအေယာင္ေတြ!

သူ႔ကို အဲ့ဒီလိုမ်ိဳး ဖမ္းဆုပ္ထားတာ သူ႔ခါးေတာင္ က်ိဳးေတာ့မလိုပဲ!

အႀကိမ္အနည္းငယ္ေလာက္ အသက္ဝဝ ရွဳၿပီးေနာက္မွာ ရွန္က်စ္ရွန္းသည္ စိတ္ျပန္ၾကည္လာသည္။ ဒီရန္က်င္းကေရာ အစစ္ဟုတ္ရဲ႔လားလို႔ သိခ်င္သြားတာေၾကာင့္ သတိလက္လြတ္ျဖင့္ပင္ သူ႔ေရွ႕က ရန္က်င္းအား ဆြဲၫွစ္ၾကည့္လိုက္မိ၏။

ဒါေပမဲ့ သူနားမလည္လိုက္တာက ဘယ္ေနရာကို ၫွစ္မိသြားတာလဲ ဆိုတာကိုပဲ

ၫွစ္လိုက္တဲ့ ခံစားခ်က္ကို ရလိုက္တာနဲ႔ ခ်က္ခ်င္းပင္ ရန္က်င္းရဲ႔ ခါးကေတာင့္တင္းသြားသည္။ ရန္က်င္းက သူ႔ကိုတည္ၿငိမ္စြာ ကိုင္ထားရင္းျဖင့္ပင္ တိတ္ဆိတ္ၿပီး အနည္းငယ္ ကူရာမဲ့ေနတဲ့ အသံနဲ႔ေျပာလာသည္။

"ဆရာ, မၫွစ္နဲ႔ေလ"

ထိုအခ်ိန္မွသာ ရွန္က်စ္ရွန္းက တုန္႔ျပန္လာသည္။ သူ႔လက္က ေတာင့္တင္းသြားၿပီး အလ်င္စလို လက္ကို႐ုတ္တာ ေနာက္ဆုတ္မိသည္။

သူက ေခ်ာင္းတစ္ခ်က္ဟန္႔လိုက္ေလသည္။

"အဲ့ဒါက မင္းလည္း အတုျဖစ္ေနမွာကို ေၾကာက္လို႔ မဟုတ္ဘူးလား..... ရန္က်င္းအတု နည္းနည္းေလာက္ ေနာက္ကလိုက္ခံလိုက္ရတာနဲ႔တင္ လံုေလာက္ေနၿပီ"

သူ႔ႏွလံုးသားက အခုခ်ိန္ထိ သတိထားေစာင့္ၾကပ္ေနမိတာျဖစ္သည္။ ေနာက္ဆံုးေတာ့ စိတ္သက္သာရာ ရသြားေလၿပီ။ ရန္က်င္းနဲ႔ အဲ့ဒီရန္က်င္းေတြအားလံုးက အတူတူပဲ ျဖစ္ေနေပမယ့္လည္း အဲ့ဒါေတြက အတုေတြျဖစ္ၿပီး သူ႔ေရွ႕က တစ္ေယာက္ကမွ အစစ္ျဖစ္ေၾကာင္း သူသိေနသည္။

မေန႔က ရန္က်င္းအတုကလည္း ၾကည့္ရတာ ပံုစံတူလွသည္။ သို႔ေသာ္, သူ႔အမူအယာက အရမ္းဆင္တူေနေပမယ့္ သူ႔အျပဳအမူေတြကေတာ့ အနည္းငယ္ ကြဲျပားေနသည္။ တကယ့္ရန္က်င္းအစစ္က ရွန္က်စ္ရွန္းနဲ႔ ေတြ႕တဲ့အခ်ိန္မွာ ဘယ္ေတာ့မွ တစ္ေနရာတည္းမွာပဲ ရပ္ေနမွာမဟုတ္ဘူး။ တစ္ျခားသူေတြနဲ႔ ဆိုရင္ေတာ့ သူလုပ္လိမ့္မယ္။ ဒါေပမယ့္ ရွန္က်စ္ရွန္းနဲ႔သာဆိုရင္ သူကသာ အရင္ဆံုး ေျခလွမ္းစလွမ္းေပလိမ့္မည္။

သူ႔ဒဏ္ရာကို ရွန္က်စ္ရွန္းထိမွာ မလိုလားတာက သူ႔ဒဏ္ရာကဒီအတိုင္း ထင္ေယာင္ထင္မွားပဲ ဆိုတာကို ရွန္က်စ္ရွန္း သိသြားမွာေၾကာက္လို႔ပဲ...ေနာက္ပိုင္းမွာ ရွန္က်စ္ရွန္းက ရန္က်င္း အသံထြက္လာေအာင္ သူ႔အေၾကာင္း ဖုန္းကြယ္ထားတဲ့ ျပႆနာကို ထုတ္ေဖာ္ျပလိုက္ေသးတယ္.......

ရွန္က်စ္ရွန္းက ေခါင္းငံု႔လိုက္ၿပီး ရန္က်င္းလက္ကို ၾကည့္လိုက္ေပမယ့္ ဘာဒဏ္ရာမွာ မေတြ႕ေပ။ သိပ္မၾကာခင္မွာပဲ သူ႔ရဲ႔ တုန္လႈပ္ေနတဲ့စိတ္က 'သူ႔အေၾကာင္း ဖုန္းကြယ္ထားတယ္' ဆိုတဲ့စကားလံုးနဲ႔ လ်င္ျမန္စြာ ဖိႏွိပ္ခံလိုက္ရသည္။

အကယ္၍ အဲ့ဒါက သူ႔အေၾကာင္းကို ဖုန္းကြယ္ထားတဲ့ ကိစၥသပ္သပ္ပဲဆိုရင္ သိပ္မဆိုးဝါးေသးဘူး....ဒါေပမဲ့, သူကသူ႔အေၾကာင္းကို ဖုန္းကြယ္ထားတဲ့အျပင္ ရန္က်င္းရဲ႔ ဝမ္းကြဲဆိုၿပီးေတာ့ေတာင္ လီဆယ္လိုက္ေသးတယ္....

ထိုအေၾကာင္းေတြးမိတာနဲ႔တင္ ရွန္က်စ္ရွန္းရဲ႔ ဦးေႏွာက္က နာက်င္လာမိသည္။

သူအဲ့ဒီတုန္းက အခ်ိန္ကို ျပန္သြားၿပီး သူ႔ဦးေႏွာက္ကို ခက္ခဲတည္ၿငိမ္တဲ့ အသြင္နဲ႔ ၾကည့္ခ်င္မိတယ္...

သူက ရန္က်င္းအား တစ္ခ်က္ ခိုးၾကည့္လိုက္ၿပီးေနာက္ ေသခ်ာဂ႐ုတစိုက္နဲ႔ စကားလံုးစီလိုက္သည္။

"အားက်င္း, ငါ့အေၾကာင္းကို ဖုန္းကြယ္ထားမိတဲ့ ကိစၥကေလ...တကယ္ေတာ့....."

တကယ္ေတာ့ ဘာအေၾကာင္းျပခ်က္မွ မရွိဘူး။

ရွန္က်စ္ရွန္းက စကားတန္႔သြားၿပီး ခဏမွ် ရပ္သြားသည္။ ထို႔ေနာက္မွာေတာ့ ဆက္ေျပာလိုက္ေတာ့၏။

".....ငါေသခ်ာမစဥ္းစားခဲ့မိလို႔ပါ, စိတ္ထဲမထားနဲ႔ေတာ့ေနာ္, အားက်င္း, ဒီအတိုင္းေမ့လိုက္ၾကရေအာင္"

သူက ရန္က်င္းစိတ္ဆိုးေတာ့မယ္လို႔ ထင္လိုက္မိသည္။

ကေလးဘဝကတည္းကေန အခုခ်ိန္ထိ ထိုလူက မ်က္ႏွာေၾကာေသေနၿပီး ေဒါသထြက္ရင္ေတာင္ ထုတ္ေဖာ္မျပခဲ့ေပ။

ဒါေပမဲ့ ရန္က်င္းက သူ႔စကားကို ၾကားတဲ့အခ်ိန္မွာ သူ႔ရဲ႔ၾကည္လင္ၿပီး ေတာက္ပေနတဲ့ မ်က္လံုးထဲမွာ အျပံဳးတစ္ခု ျဖတ္ခနဲေပၚလာမယ္လို႔ လံုးဝမထင္ထားခဲ့မိဘူး။ အဲ့ဒါက အရမ္းကိုျမန္လြန္းလို႔ အကယ္၍ ရွန္က်စ္ရွန္းသာ ေသခ်ာအနီးကပ္ အာရံုမစိုက္ထားဘူးဆိုရင္ လြဲေခ်ာ္သြားႏိုင္တယ္။

ရွန္က်စ္ရွန္းသည္ ေအာ္သံေလးေတာင္ မထြက္ရဲေပ။ သူ႔ေခါင္းကေတာ့ အေတြးမ်ားနဲ႔ ျပည့္ႏွက္ေနသည္။

ဒါက ဒ႑ာရီလာ ေဒါသအျပံဳးဆိုတာမ်ားလား?

သူကစကားမေျပာတာေၾကာင့္ ရန္က်င္းက ပါးစပ္ဖြင့္လာသည္။ သူ႔ေလသံက ခါတိုင္းလိုပဲ ေအးေဆးတည္ၿငိမ္ေနေပမယ့္ စကားလံုးတိုင္းမွာ ႏူးညံ့သိမ္ေမြ႕မႈ ခပ္ေဖ်ာ့ေဖ်ာ့ေလး ရွိေနသည္။

"ဒီအေတာအတြင္းမွာ တပည့္က အရမ္းေပ်ာ္ေနခဲ့တာပါ, ၾကည့္ရတာ ကၽြန္ေတာ္ဆရာ႔ကို အမွတ္မထင္ ေစာ္ကားမိခဲ့ပံုေပၚတယ္, ေက်းဇူးျပဳၿပီး ခြင့္လႊတ္ေပးပါ"

ရွန္က်စ္ရွန္းသည္ ဒီလိုအခ်ိန္မ်ိဳးမွာ သူ႔ကိုယ္သူ ဆရာလို႔ေခၚတာမ်ိဳးကို မၾကားခ်င္ေသးေပ။ ထိုစကားကိုၾကားေတာ့ ရန္က်င္းေရွ႕မွာ ရွိေနတဲ့ သူ႔ရဲ႔လက္ရွိအသြင္အျပင္ကို ျပန္အမွတ္ရမိသည္။

.....ရန္က်င္းက သူ႔ရဲ႔တကယ့္ အေၾကာင္းကို သိခဲ့တာ ဘယ္ေလာက္ၾကာသြားခဲ့ၿပီလဲ သိခ်င္မိတယ္။

အမွန္အတိုင္းေျပာရရင္ေတာ့ သူတကယ္ မသိခ်င္ဘူး, ေမးလည္း မေမးရဲဘူး။ ထို႔ေၾကာင့္ စိတ္မသက္မသာနဲ႔ ေခါင္းကိုငံု႔ကာ ဘာမွမခံစားရသလိုမ်ိဳး တည္ၿငိမ္ခ်င္ေယာင္ေဆာင္လိုက္သည္။

"ငါ့အေၾကာင္းကို အျပင္မွာ ထုတ္ေဖာ္ဖို႔ဆိုတာ မလြယ္ဘူး, အကယ္၍ စိတ္မရွိဘူးဆိုရင္ င့ါကိုဆရာလို႔ မေခၚနဲ႔"

"ေကာင္းပါၿပီ" ရန္က်င္းက ခ်က္ခ်င္းလိုလိုပင္ ျပန္ေျဖသည္။ သူ႔အသံဆံုးသြားသည္ႏွင့္ ႏူးညံစြာ ထပ္ေမးလာ၏။

"ဒါဆို....ဒီတပည့္က ဘယ္လိုမ်ား ေခၚရမလဲ?"

ရွန္က်စ္ရွန္းသည္ ရန္က်င္းက တစ္ခုခု ေျပာင္းလဲသြားတယ္လို႔ ေယာင္ဝါးဝါး ခံစားလိုက္ရသည္။ ၎သည္သိသာ ထင္ရွားျခင္း မရွိေသာ္လည္း အမွန္ေတာ့ အနည္းငယ္ ေတြ႕ရခဲသည္။ သူက ခက္ခက္ခဲခဲ စဥ္းစားၾကည့္ေပမယ့္လည္း ဘာျဖစ္ႏိုင္မလဲ မစဥ္းစားႏိုင္ေပ။ ထို႔ေၾကာင့္ ဝိုးတဝါးျဖင့္သာ ျပန္ေျဖလိုက္သည္။

"အဲ့ဒီေန႔ေတြတုန္းကလိုပဲေခၚ"

ဒါသည္ ရန္က်င္းကသူ႔ကို ေဆြ႕ရွန္းလို႔ ဆက္လက္ေခၚဖို႔ေျပာတာ သိသာထင္ရွားလွသည္။ ရန္က်င္းက သူ႔ႏႈတ္ခမ္းကို အနည္းငယ္ ဖိကပ္လိုက္ၿပီး သူ႔မ်က္လံုးကေတာက္ပေနရင္းျဖင့္ ေျပာလာ၏။

"ေဆြ႕ရွန္း"

"အမ္း, အဲ့ဒါအဆင္ေျပတယ္"

ရွန္က်စ္ရွန္းကေတာ့ ဘာမွမသိလိုက္ေပ။ ထို႔ေၾကာင့္ဘာမွထပ္မစဥ္းစားေတာ့ဘူး။ သူကပံုရိပ္ေယာင္မ်ားအား လွည့္ပတ္ၾကည့္လိုက္ၿပီး အာရံုစူးစိုက္ထားရန္သာ ဆံုးျဖတ္ခ်က္ခ်လိုက္သည္။

ဒီထူးဆန္းတဲ့ လွ်ိဳ႔ဝွက္နယ္ေျမကို အရင္ဆံုး အာရံုစိုက္ထားတာ ပိုေကာင္းလိမ့္မယ္

"ငါဒီလ်ိဳ႔ဝွက္နယ္ေျမထဲ ဝင္လာၿပီးေတာ့......"

သူက သူျဖစ္ခဲ့တဲ့ ထူးဆန္းေသာ အျဖစ္အပ်က္မ်ားအား ေက်ာ္ခြၿပီး အက်ဥ္းခ်ံုးေျပာျပလိုက္သည္။ ေနာက္ေတာ့ မ်က္ေမွာင္က်ံဳ႔၍ ရန္က်င္းအား ေမးလိုက္၏။

"မင္းကေရာ လ်ိဳ႔ဝွက္နယ္ေျမထဲ ဘယ္လိုဝင္လာတာလဲ? မင္းေရာဘာေတြ ထူးထူးဆန္းဆန္း ေတြ႕ၾကံဳခဲ့ရေသးလဲ?"

ရန္က်င္းက သူ႔ရဲ႔ တိတ္ဆိတ္တဲ့ သဘာဝအတိုင္းပင္ သူျဖစ္ခဲ့သမွ်ကို စကားလံုး အနည္းငယ္နဲ႔ ေျပာျပလိုက္သည္။

"မင္းက မဝင္လာခင္မွာ လ်ိဳ႔ဝွက္နယ္ေျမကို ဖြင့္ခဲ့တာလား?"

ရွန္က်စ္ရွန္းသည္ သက္ျပင္းမခ်ပဲ မေနႏိုင္ေတာ့ေပ။

ရန္က်င္းက တကယ့္ကို ဇာတ္လိုက္ပဲ, အရမ္းစြမ္းအား ႀကီးလြန္းတယ္...

"အဲ့ဒီအသံႏွစ္ခု ထြက္လာတဲ့ အရင္းအျမစ္ကို မျမင္ခဲ့ရဘူးလား?"

ရန္က်င္းက သူ႔ရဲ႔ပံုမွန္ တည္ၿငိမ္မွဳအား ထိန္းသိမ္းထားရင္းျဖင့္ မ်က္ေတာင္ပင္ တစ္ခ်က္မခတ္ပဲ အနီေရာင္ ဝိညာဥ္လံုးအေၾကာင္းအား ဖံုးကြယ္လိုက္သည္။

"......ကၽြန္ေတာ္မေတြ႕လိုက္ဘူး, ျမဴခိုးထဲမွာ ခဏေလာက္ လမ္းေလွ်ာက္ေနၿပီးတာနဲ႔ ဒီကိုေရာက္လာတာပဲ"

ရွန္က်စ္ရွန္းသည္ သူတို႔ဒီကို ဘယ္လိုေရာက္လာလဲ ဆိုတဲ့အေၾကာင္းအား ျပန္စဥ္းစားၾကည့္လိုက္သည္။

"သြားၿပီး စူးစမး္ၾကတာေပါ့"

သူက တစ္ဖက္လွည့္ၿပီး ေလွ်ာက္ထြက္သြား၏။ သို႔ေသာ္လည္း သိပ္မၾကာခင္မွာ ရန္က်င္းက ေနာက္ကလိုက္မလာဘူး ဆိုတာအား နားလည္သြားရသည္။ သူက ျပန္လွည့္ၾကည့္လိုက္ၿပီး သံသယအျပည့္ျဖင့္ ေမး၏။

"ဘာမွားေနလို႔လဲ?"

ရန္က်င္းက ေလးနက္လွတဲ့ အသံနဲ႔ ေမးလာသည္။

"လက္ကိုင္ထားခ်င္လား?"

ရွန္က်စ္ရွန္း: "???"

သူက ခ်က္ခ်င္းပင္ သူနဲ႔ရန္က်င္းတို႔ အတူတူအိပ္တုန္းက ရန္က်င္းေမးခဲ့တဲ့ 'ဖက္ထားခ်င္လား?' ဆိုတဲ့ စကားကို သတိရသြားမိသည္။ ေနာက္ဆံုးေတာ့ ထိတ္လန္႔စြာနဲ႔ တုန္႔ျပန္မိ၏။

ရန္က်င္းက ဘယ္တုန္းကမ်ား ဒီေလာက္ ပြင့္လင္းၿပီး တက္ႂကြသြားရတာလဲ? အဲ့ဒီတုန္းက သူတို႔အတူတူ အိပ္တဲ့အခ်ိန္မွာ ရန္က်င္းက သူ႔အေၾကာင္း မသိေသးတာမို႔လို႔ အနည္းဆံုးေတာ့ ရွန္က်စ္ရွန္းကို သူ႔ဝမ္းကြဲအေနနဲ႔ ျမင္ခဲ့တာျဖစ္ႏိုင္တယ္။ ဒါက အဓိပၸါယ္ရွိတယ္

ဒါေပမဲ့အခု ရွန္က်စ္ရွန္းရဲ႔ အသြင္အျပင္ကိုလည္း ထုတ္ေဖာ္လိုက္ၿပီဟာကို သူက ဒီလိုေမးခြန္းကို ေမးရဲေသးတယ္ေပါ့ေလ....

အဲ့ဒါက ရွန္က်စ္ရွန္းအား အမွန္တကယ္ကို အံ့အားသင့္သြားေစသည္။

သူကအလိုလိုေမးမိသည္။

"ဘာလို႔လက္ကိုင္ထားမွာလဲ?"

"ဒီေနရာက အႏာၱရယ္မ်ားတယ္"

ရန္က်င္းက အဆင့္ျမင့္ ဓားကြက္မ်ားကို ေလ့လာေနသလိုမ်ိဳးပဲ ေလးနက္စြာနဲ႔ ေျပာလာသည္။

"ကၽြန္ေတာ္တို႔ တစ္ေယာက္နဲ႔တစ္ေယာက္ ေပ်ာက္သြားမွာစိုးလို႔"

ရန္က်င္းရဲ႔ ပံုမွန္တိတ္ဆိတ္ၿပီးေလးနက္တဲ့ အျပဳအမူမ်ားက ရွန္က်စ္ရွန္းရဲ႔ စိတ္ထဲမွာ နက္နက္နဲနဲ အျမစ္တြယ္ေနခဲ့သည္။ ရလဒ္ကေတာ့ ရွန္က်စ္ရွန္းက ဘာကိုမွ သံသယမဝင္မိေတာ့ေပ။ ဒါ့အျပင္ သူေျပာတဲ့ စကားထဲမွာလည္း အမွန္တရားတစ္ခ်ိဳ႔ ရွိေနသည္ေလ။

ထိုလ်ိဳ႔ဝွက္နယ္ေျမက အရမ္းထူးဆန္းေနသည္။ အထဲမွာ အစစ္အမွန္နဲ႔ အတုအေယာင္ေတြ အမ်ားႀကီးပဲ။ အကယ္၍ သူတို႔လက္မကိုင္ထားမိရင္..... သူတို႔ျမင္ေနတဲ့ လူက ုုုျပန္လွည့္ၾကည့္လိုက္တာနဲ႔ တကယ့္အစစ္လူ ဟုတ္ေသးရဲ႔လား ဘယ္သူသိႏိုင္မွာလဲ!

ဒါေပမဲ့ လက္ကိုင္ထားတာကလည္း သိပ္အဆင္မေျပဘူး

သူက ခဏေလာက္ စဥ္းစားလိုက္ၿပီးေနာက္ သူ႔ေခါင္းအား လက္ျဖင့္ ထိၾကည့္မိသည္။ ဒါေပမဲ့ သူရွာေနတဲ့ အရာကို ရွာမေတြ႕ေပ။

ရွန္က်စ္ရွန္းက ခ်င္းယြင္ ဂိုဏ္းမွာတုန္းကဆိုရင္ သူ႔ဆံပင္မ်ားအား ေခါင္းစည္းႀကိဳးနဲ႔ ခ်ည္ထားတတ္သည္။ ေနာက္ပိုင္းမွာ ေလ့က်င့္မႈအတြက္ ေတာင္ေအာက္ဆင္းတဲ့အခ်ိန္ ပိုၿပီးလန္းဆန္းတက္ႂကြတဲ့ပံု ေပၚေစရန္ ျဖဳတ္ထားခဲ့မိသည္ေလ။

ၿပီးေတာ့ ေခါင္းစည္းႀကိဳးကို သူနဲ႔တစ္ပါးတည္း ယူလာဖို႔လည္း ေမ့သြားမိတယ္.... အေသးစား အတြက္အခ်က္ မွားမႈေပါ့

သူက အနည္းငယ္ ဝမ္းနည္းစြာျဖင့္ သူ႔လက္ကို ျပန္႐ုတ္သိမ္းလိုက္၏။ ထို႔ေနာက္ အဝတ္စကိုပဲ ဆုတ္ၿဖဲရမလား ဒါမွမဟုတ္ ဒီအတိုင္း ေမ့လိုက္ရမလား ဆိုၿပီး ေတြးေနတဲ့အခ်ိန္မွာ ရန္က်င္းက သူ႔စိတ္ကို ဖတ္ႏိုင္သြားပံုပင္။ တိမ္လႊာမ်ား လြင့္ေမ်ာေနသည့္ပံုစံ ယက္လုပ္ထားသည့္ဟန္အား ေက်ာက္စိမ္းတစ္ခုႏွင့္ တန္ဆာဆင္ထားေသာ ဖဲႀကိဳးတစ္ခုအား ထုတ္ယူလာ၏။

ရန္က်င္းက ထိုဖဲႀကိဳးအား ရွန္က်စ္ရွန္းကို ကမ္းေပးလိုက္သည္။

"ဒါကိုသံုးလိုက္"

ထိုဖဲႀကိဳးက အနည္းငယ္ ရင္းႏွီးေနသည္။ ရွန္က်စ္ရွန္းက ခဏေလာက္ စဥ္းစားလိုက္ၿပိးေနာက္မွာ ဒါက သိုဝွက္ဓားစံအိမ္ထဲကို ရန္႔ရွန္ပစ္ထည့္လိုက္တာေၾကာင့္ ရန္က်င္းအား မဆင္မျခင္ ခ်ိဳးေဖာက္ဝင္သြားေစခဲ့သည့္ အရာျဖစ္ေၾကာင္း အမွတ္ရသြားမိေလသည္။

ထိုဖဲႀကိဳးက ရန္က်င္းအတြက္ အရမ္းအေရးႀကီးလိမ့္မည္။ ဒါေပမဲ့အခုခ်ိန္မွာ သူတို႔က လံုးဝကို စိတ္ပ်က္အားငယ္ရတဲ့ အဆင့္ေတာင္ မေရာက္ေသးဘူးေလ, ဘယ္လိုမ်ား ဒါကိုထုတ္ယူလာႏိုင္ရတာလဲ?

သူက ဘ႐ိုကိတ္ဖဲႀကိဳးေလးအား ယူ၍ ၾကည့္လိုက္ၿပီး ေမးေလသည္။

"ဒါက ရင္းႏွီးေနတယ္......"

ရန္က်င္းက သူ႔ကိုေငးၾကည့္ေနၿပီး သူ႔မ်က္လံုးထဲမွာ ရႈပ္ေထြးေသာ ခံစားခ်က္တစ္ခု ေပၚလာသည္။

"ေဆြ႕ရွန္း, မမွတ္မိဘူးလား?"

ထိုေမးခြန္းက တစ္ျခားအဓိပၸါယ္ သက္ေရာက္ပံုေပၚေသာ္လည္း ရွန္က်စ္ရွန္းက ၎ကို သေဘာမေပါက္ေပ။ သူက ရန္က်င္းရဲ႔ အမူအယာကိုသာ အမွတ္မထင္ ၾကည့္လိုက္မိသည္။ သို႔ေသာ္လည္း တစ္နည္းနည္းနဲ႔ သူက ရန္က်င္းကို ျပစ္မွားမိလိုက္မိသလို ခံစားေနရသည္။ ထိုခံစားခ်က္က ႐ုတ္တရက္ႀကီး ေရာက္လာတာေၾကာင့္ သူ႔စိတ္မ်ားက ခဏတာေလာက္ ဗလာျဖစ္သြားမိ၏။

သူကထို ထူးဆန္းေသာ ခံစားခ်က္ကို မ်ိဳသိပ္ကာ ဘ႐ိုကိတ္ဖဲႀကိဳးဆီသို႔ ခ်က္ခ်င္းအၾကည့္လႊဲလိုက္သည္။ ရန္က်င္းရဲ႔ ေလာင္ကၽြမ္းေနသည့္ မ်က္လံုးမ်ားကို လစ္လွ်ဴရွဳဖို႔ ႀကိဳးစားရင္း ဖဲႀကိဳးကိုသာ ၾကည့္၍ စဥ္းစားေနဟန္ ေဆာင္လိုက္ေလသည္။ သူက ႐ုတ္တရက္ေျပာလိုက္သည္။

"အား, ဒါက အဲ့ဒီႏွစ္တုန္းက သိုဝွက္ဓားစံအိမ္ကို က်သြားတဲ့ဘ႐ိုကိတ္ဖဲႀကိဳးမွတ္လား?, ဒါကမင္းအတြက္ အရမ္းအေရးႀကီးတယ္ေလ, ငါတို႔ဆြဲျဖတ္မိသြားရင္ ဘယ္လိုလုပ္မလဲ.....?"

ရန္က်င္းက တိတ္ဆိတ္စြာေျပာသည္.

"အဲ့ဒါက အရမ္းအေရးႀကီးတယ္, ဒါေပမဲ့ ေဆြ႕ရွန္းက ပိုၿပီးအေရးႀကီးတယ္"

ထိုစကားစုက ရွန္က်စ္ရွန္းအား သတိလြတ္သြားေစၿပီး သူ႔ကိုယ္သူ ရွက္ေသြးျဖာသြားေၾကာင္း ရွာေတြ႕သြားရသည္။

--ေဟး, ရန္က်င္း, ဒါကဘယ္လို အေျဖမ်ိဳးႀကီးလဲ?!

ရန္က်င္းေလ့က်င့္ဖို႔ အျပင္ထြက္သြားတာကို သိတဲ့သူေရာ မသိတဲ့သူေတြေရာ ဘယ္လိုထူးျခားဆန္းၾကယ္တဲ့ ေနရာမ်ိဳးကသူ႔ကို ဒီလိုခ်ဳိၿမိန္တဲ့ စကားလံုးေတြ ေျပာတတ္ေအာင္ သင္ေပးလိုက္လဲ သိခ်င္သြားလိမ့္မယ္!

ရွန္က်စ္ရွန္းက ဘာမွမေျပာရဲေတာ့သလို ဘာမွလည္း မေမးရဲေတာ့ေပ။ သူကဖဲႀကိဳးကိုသာ အလ်င္အျမန္ မလိုက္ၿပီး ဖဲႀကိဳးရဲ႔ အစြန္းဘက္ ႏွစ္ဖက္ကို လက္ေကာက္ဝတ္ အသီးသီးမွာ ခ်ည္ေႏွာင္လိုက္သည္။ သူက အလြယ္တကူ ျဖဳတ္လို႔မရေအာင္ တင္းတင္းေလး ခ်ည္လိုက္၏။

သူတို႔ဘယ္သြားရမလဲ ဆိုတာကို ရွန္က်စ္ရွန္းလည္း မသိဘူး။ ဒါေပမဲ့ ကိစၥေတာ့ မရွိပါဘူး။ တကယ္ေတာ့လည္း သူ႔ေဘးမွာ မတ္တပ္ရပ္ေနတဲ့လူက ဒီကမာၻရဲ႔ ဇာတ္လိုက္ပဲေလ!

ထို႔ေၾကာင့္ ရန္က်င္းက ဦးတည္ရာအား ၾကံဳသလို ေရြးခ်ယ္လိုက္ၿပီး ေဘးခ်င္းယွဥ္ေလွ်ာက္သြားရင္းျဖင့္ သူတို႔ရဲ႔ လက္ေကာက္ဝတ္မ်ားကေတာ့ ရွည္လ်ားတဲ့ ဖဲႀကိဳးနဲ႔ အတူတကြ ခ်ည္ေႏွာင္ထားေလသည္။

25.10.2021

==============

Continue Reading

You'll Also Like

111K 20.4K 31
Title Gossip! The Prince and the Dragon, That Shameless Couple အတင်းအဖျင်း! အရှက်မရှိတဲ့ မင်းသားနဲ့ နဂါးတို့အတွဲ အတင္းအဖ်င္း! အရွက္မရွိတဲ့ မင္းသားန...
544K 74.5K 111
Author: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is jus...
154K 19.8K 70
အနုပညာလောကမှ ပုရိသနတ်ဘုရားနှင့် သာမန်လက်ထောက်လေးတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ
12.6K 1K 8
sequel of "ရှီပိုင်ကုန်းလွဲ့"(ဗီလိန်ဗျူဟာ) Total: 8chapters အဓိကဇာတ်ဆောင်: ကျန်းရွှင်းယီ || မင်းသား: မိစ္ဆာဘုရင်ရွှမ်လီ၊ ယွင်ရှဲ့။ ဒါက"ရှီပိုင်ကုန်းလ...