အချစ်များစွာဖြင့်
By ElizabethJames476
46K 1.2K 4
ဒီ 'အချစ်များစွာ' fic လေးကတော့ မီပထမဆုံးရေးတဲ့ fic ဖြစ်တဲ့အတွက် အရေးအသားတွေ လိုအပ်ချက်တွေ ရှိနိုင်ပါတယ် ဒါ... More
အချစ်များစွာဖြင့် (အပိုင်း ၁)
အချစ်များစွာဖြင့်(အပိုင်း၂)
အချစ်များစွာဖြင့်(အပိုင်း၃)
အချစ်များစွာဖြင့် (အပိုင်း၎)
အချစ်များစွာဖြင့်(အပိုင်း၅)
ချစ်ခြင်းများစွာဖြင့် (အပိုင်း ၆)
အချစ်များစွာဖြင့် အပိုင်း (၇)
အချစ်များစွာဖြင့် ( အပိုင်း၈ )
အချစ်များစွာဖြင့် ( အပိုင်း၉ )
အချစ်များစွာဖြင့် (အပိုင်း ၁၀)
အချစ်များစွာဖြင့် (အပိုင်း ၁၁)
အချစ်များစွာဖြင့် ( အပိုင်း ၁၃ )
ချစ်ခြင်းများစွာဖြင့်(အပိုင်း ၁၄)
အချစ်များစွာဖြင့် အပိုင်း(၁၅)
အချစ်များစွာဖြင့် (အပိုင်း၁၆)
ချစ်ခြင်းများစွာဖြင့်( အပိုင်း ၁၇)
အချစ်များစွာဖြင့် (အပိုင်း ၁၈)
အချစ်များစွာဖြင့် (အပိုင်း၁၉)
အချစ်များစွာဖြင့်(အပိုင်း ၂၀)
အချစ်များစွာဖြင့် (အပိုင်း၂၁)
အချစ်များစွာဖြင့် (ဇာတ်သိမ်း)
အချစ်များစွာဖြင့် ( အပိုင်း ၁၂ )
944 52 0
By ElizabethJames476
[ Zawgyi  ]
နှောင်းတခက်တဲ့ ။ လှလိုက်တဲ့  နာမည်လေး။
'...လှလိုက်တာ´
' ကိုကို ရှိတယ်  မေမေ´
' ဟင်...အော်
လာ နှောင်း  သွားမယ်´
ပြေးလာသူဆီကနေ
'ဟမ် ´
' ဟုတ်ကဲ့ ´
' မသိဘူး လာမခေါ်နဲ့´
တာချည်းဘဲ´
' ဟားးဟားး´
ရောင်နီ့တွင် ဆွန့်အင်းသာ  နဲ့ ညီ ဟု ခေါ်သော သူငယ်ချင်းနှစ်ယောက်ရှိသည် သွေးသောက်ညီအစ်ကို ကဲ့သို့ပင်  ဆိုးတူ  ကောင်းဖက်။
ညီနဲ့ ဆွန့်သည် မိဘမဲ့ ဂေဟာတခုတည်းကပင် ကြီးပြင်းလာခဲ့သူ ဖြစ်သည့်အလျောက်  သူဌေးသားများ ကျောင်းစီနီယာများ၏ အနိုင်ကျင့်မှုကို ခံခဲ့ကြရသည်။
'အင်း  ရပါတယ် ´
အဟမ်း!!
~~~~~~~~~~~~
' ရောင်နီ!!´
' ဗျာ  ဖွား´
'ဘားမမဖြစ်ပါဘူး  ဖွား ´
' တောင်းပန်ပါတယ်  ဖွားး´
' မင်း ရည်းစားရနေတာလား´
' မ  မရှိပါဘူး  ဖွား´
~~~~~~~~~~~~~~~
နှောင်းက သူ့အချစ်ဦးး...
ပထမဆုံး အချစ်
နောက်ဆုံးအချစ်
[ Unicode ]
နှောင်းတခက်တဲ့ ။ လှလိုက်တဲ့  နာမည်လေး။
နာမည်နဲ့ လိုက်အောင်လည်း  လှရက်တဲ့  မိန်းကလေး။
ရောင်နီသည်  အိမ်တော်ကြီးမှာ  မနေဘဲ  အိမ်တော်ဘေး၌ဆောက်ထားသည့်  တိုက်ပုလေးတွင်သာ  နေခဲ့သည်။
ဟုတယ်လေ...ပြန်ရောက်ရင် ကြိုမယ့်သူ နေမကာင်းရင်စိတ်ပူပေးမဲ့သူ  ၀မ်းနည်းလို့ မွန်းကြပ်လာရင်  ရင်ဖွင့်စရာ မရှိ နှစ်သိမ့်ပေးမယ့်သူလည်းမရှိတဲ့ အိမ်ကြီးမှာနေတာထက်
အိမ်လေးမှာ  တယောက်ထဲနေတာက ပိုမကောင်းပေဘူးလား....
ရောင်နီသည် စာတော်သည်၊ ထက်မြက်သည် ၊သဘောထားကြီးသည့်တိုင်  ရင်ထဲမှာတော့
ထင်မထားလောက်အောင်များတဲ့ ဒဏ်ရာများလည်းရှိသည်။
သူသည်တနေ့ အိမ်ရှေ့တွင် ပန်းပင်လောင်ရင်း ခြံထဲပြေးဝင်လာသည့် သူ...
'...လှလိုက်တာ´
ဆယ်ကျော်သက် အရွယ် ကောင်လေးတယောက်ရဲ့ ရင်ထဲမှာ ပထဆုံးခံစားဖူးတဲ့ အမည်မသိတဲ့ ခံစားချက်လေးတခု  ဖြတ်ပြေးသွားခဲ့သည်....။
' သမီး မပြေးနဲ့လေ  နှောင်းး ချော်လဲမယ် ´
နောက်ကနေပါလာသော  စိတ်ပူခြင်းအပြည့်နဲ့ အသံတခု....
' ကိုကို ရှိတယ်  မေမေ´
' ဟင်...အော်
သား ဒေါ်မြခြည်လွင်ရှိလား .. ´
' ဗျာ  ဟုတ်ကဲ့  မေမေကြီးရှိပါတယ်...အိမ်ထဲဝင်သွားလိုက်ပါဗျ  မေမေကြီး ခုချိန်ဆို မီးဖိုချောင်ထဲမှာရှိနေမယ်ထင်တယ်ခင်ဗျ´
' အော် အင်း  ကျေးဇူးဘဲနော် သား ...
လာ နှောင်း  သွားမယ်´
ထိုအချိန် အမေဖြစ်သူ၏လက်ထဲက  ရုန်းထွက်လာကာ
ပြေးလာသူဆီကနေ
' ရော့  ကို ကို  နှောင်းပေးတာ လက်ဆောင် ...ဟီးး´
ကျနော့ဆီပြေးလာကာ  လက်ထဲမှ ကိုင်ထားတဲ့ ချိုချဉ်လုံးလေးကိုပေးလာတော့
' ဟမ်..အော်  ကျေးဇူးဘဲနော် ညီမလေး´
' အီးးဟီး!   မဟုတ်ဘူး!!!ညီမလေးမဟုတ်ဘူး..နှောင်းးး ´
ရုတ်တရက်ထငိုလာသော  ကောင်မလေးကြောင့်  ရောင်နီငိုင်ကာ  ကြည့်နေမိသည်။
'ဟမ် ´
' ဟို  သားငယ်  နှောင်းက သူ့ကို နှောင်းလို့ခေါ်မှကြိုက်တာမို့ပါ မှတ်ထားနော် နှောင်းတခက်တဲ့  အင်းး ဒါဆို အဒေါ်တို့အထဲဝင်လိုက်ဦးမယ်နော်´
' ဟုတ်ကဲ့ ´
ချိုချဉ်လေးကို ကြည့်ရင်း  ပထမဆုံးရင်ခုန်ခဲ့ဖူးတဲ့ ကောင်မလေးရဲ့ လက်ဆောင်လေးကို ကြည့်ရင်း  ရောင်နီ တနေ့ လုံးပြုံးရယ်နေမိသည်...သူ့ကိုယ်သူတောင် သတိမထားမိတော့သည့်တိုင်။
' ဟျောင့်  ရောင်နီ  ဘာတွေရီနေတာလဲ´
စာသင်ခန်းထဲတွင် တယောက်ထဲ ပြုံးဖြီးနေတဲ့ ရောင်နီကို မေးလာသည့် ဆွန့်
' ဟမ်....အင်း  ဘားမမဟုတ်ပါဘူ´
' အင်းပါ မပြောချင်လည်းနေပေါ့ ဒါနဲ့ ညီ မလာသေးဘူးနော်  နေပြန်မကောင်းသေးဘူးလားမသိဘူး´
' အင်း သူစာတွေ အများကြီးပြန်လိုက်ရတော့မယ်´
' hero ဇွတ်လုပ်ချင်တာကိုး!  ခံပေါ့!´
'မင်းတို့ငါ့အကြောင်းပြောနေမယ်မှန်းသိသားဘဲ! ´
နောက်ကနေ ထွက်ပေါ်လာသော အသံသြသြတခု
'ညီ  မင်းနေပြန်ကောင်းသွားပြီလား ´
'အင်း  ဟိုနားဒီနားတော့နာနေသေးတယ်´
' နေပြန်ကောင်းရင်ပြီးရော  မဟုတ်ရင် ငါကမင်းအတွက် စာတွေလိုက်ကူးပေးရမှာ မောတယ်ကွ´
' စာရေးတာတောင်မောတယ်ဆိုတော့  မင်းက..ဟင်းးဟင်းးး´
'ေ-ာက်ရူး  မင်းဘာတွေးနေလဲငါသိတယ်နော်  လာရောင်နီ သူ့ကို မခေါ်နဲ့´
'ဟားးးဟားး ငါက စနေတာကို ´
' မသိဘူး လာမခေါ်နဲ့´
' ကလေးလဲမဟုတ်ဘဲ ကောက်နေတယ် ´
' မင်းတို့ကလည်း တွေ့တာနဲ့ စမယ် ကောက်မယ်ဆို
တာချည်းဘဲ´
' အဲ့တာ ရတီ့ကိုသွားပြောရမယ် မင်းနဲ့သာယူမိရင် ကောက်စိန်ကို တသက်လုံးချော့ရတော့ မှာလို့ ဟားးဟားး´
' ဟားးဟားး´
ရောင်နီ့တွင် ဆွန့်အင်းသာ  နဲ့ ညီ ဟု ခေါ်သော သူငယ်ချင်းနှစ်ယောက်ရှိသည် သွေးသောက်ညီအစ်ကို ကဲ့သို့ပင်  ဆ်ိုးတူ  ကောင်းဖက်။
ညီနဲ့ ဆွန့်သည် မိဘမဲ့ ဂေဟာတခုတည်းကပင် ကြီးပြင်းလာခဲ့သူ ဖြစ်သည့်အလျောက်  သူဌေးသားများ ကျောင်းစီနီယာများ၏ အန်ိုင်ကျင့်မှုကို ခံခဲ့ကြရသည်။
ရောင်နီ၏နောက်ခံ အရှိန်ကြောင့်သာ အနိုင်မကျင့်ရဲတော့တာဖြစ်သည်။ သူများတွေကတော့ ကပ်ဖားတယ်ပြောပေမဲ့  တကယ်တမ်းသူတို့က ဘ၀တူတွေ .....ဟုတ်တယ်...ဘ၀တူတွေမို့သာ....။
ယခုလည်း  ညီက လမ်းပေါ်မှာ အနိုင်ကျင့်ခံနေရသည့်ကောင်မလေးကို  ၀င်ကယ်ရာ အဆော်ခံရလို့ ၄ရက်လောက် ကျောင်းမတက်နိုင်သည့် အခြေအနေပင်ဖြစ်သွားခဲ့သည်လေ။
'ဟေ့!!  ဘာတွေပြောနေကြတာလဲ ´
'နင်တော့ အသက်ရှည်ဦးမယ် အခုဘဲ နင့်အကြောင်းပြောနေတာ´
'ဟင်! ဟုလား  ဘာတွေပြောနေတာလဲ´
'  ဘားမမဟုတ်ပါဘူး  ရတီရဲ့  ဒါနဲ့ နင်မုန့်စားပြီးပြီလား ငါဝယ်ကျွေးမယ်လေ´
' မုန့်တော့ မစားရသေးပေမဲ့ အိမ်ကနေ ထမင်းစားလာတာမို့  မစားတော့ဘူးနော် ဟီးး´
'အင်း  ရပါတယ် ´
အဟမ်း!!
ညီ့၏အသံကြောင့် တယောက်မျက်နှာ တယောက်ကြည့်ကာ ပြုံးဖြီးနေသူနှစ်ယောက်မှာ  ခေါင်းကို ဟိုကြည့်ဒီကြည့်ဖြင့်...။
~~~~~~~~~~~~
' ရောင်နီ!!´
' ဗျာ  ဖွား´
'မင်းအခုတလော ဘာတွေဖြစ်နေတာလဲ ´
'ဘားမမဖြစ်ပါဘူး  ဖွား ´
' သမီးပြောတာ  မင်းအဆင့်တွေ ကျနေတယ်ဆို´
' တောင်းပန်ပါတယ်  ဖွားး´
' မင်း ရည်းစားရနေတာလား´
'ဗျာ!!  မဟုတ်ပါဘူး  မရှိပါဘူး ဖွား ´
'စိတ်ဝင်စားတဲ့သူရောမရှိဘူးလား  သားး ´
' မ  မရှိပါဘူး  ဖွား´
' ဒါဆို  အိမ်ရှေ့ပြောင်းလာတဲ့ ကောင်မလေးကိုရော  သား  ဆောင်းတခက်လေ သူက သားထက်၁နှစ်လောက်ဘဲငယ်မယ်ထင်တယ်  ဂရုစိုက်ပေးလိုက်´
' သား  သူ့ကိုမတွေ့ဖူးဘူး ဖွား´
' သူတို့ မနေ့တနေ့ကဘဲပြောင်းလာတာ 
  သူ့ကို ဂရုစိုက်ပေးလိုက်  သူတို့အိမ်အခြေအနေကမဆိုးဘူး နောက်ကျရင်....´
'ဖွား!!  သားအမေ့ကို တွေ့ချင်တယ် ´
ဖွားက  ဘာပြောလာမလဲသိတာကြောင့် အာရုံပြောင်းကာ ပြောလိုက်ခြင်း...
' ဘာ!!  မင်းကို စွန့်ပစ်သွားတဲ့ လူကို ဘာလို့တွေ့ချင်ရတာလဲ ´
' ကျွန်တော်  အမေ့ကို သတိရတယ် ဖွားး´
မျက်ရည်တွေဝဲကာ ပြောလာသူသည်သနားစရာအတိ။
'မင်း!   မင်း  မိုက်ရဲလိုက်တာ ´
ကိုယ့်အမေ  ကိုသတိရလို့  တွေ့ချင်တယ် ပြောတာ မိုက်ရဲတယ်လို့အပြောခံတာ  ရောင်နီဘဲရှိမည်။
' ဖွားဖွား  ကျနော် မေ့မေ့ကိုသတိရတယ်  ဖွား ကျနော်သူ့ကို တွေ့ချင်တယ်´
' အို  မတွေ့ရပါဘူး ရောင်နီ!နောက်တခါ  မင်း သူ့ကို သတိရတယ် ထပ်ပြောရင် ငါ့အဆိုးမဆိုနဲ့ ´
ငိုယိုကာ ခြေတလုံးဖက်တောင်းပန်နေသူကို နစ်နစ်ကာကာပြောကာ ထွက်သွားခဲ့သည်။ အခန်းထဲ ကျန်နေခဲ့သူကတော့..
' ဟင့်  ဟင့်  ကျွန်တော်  မေမေ့ကို လွမ်းတယ်´
~~~~~~~~~~~~~~~
' သား...ရောင်နီ  နေမကောင်းဘူးလား´
'ဟင့်အင်း  နေကောင်းပါတယ် မေမေကြီး ´
' အင်း ဘာဖြစ်နေတာလဲ သား မေမေ့ကို ပြောလေ´
'ဟင့်အင်း  ဘားမမဖြစ်ပါဘူး ´
မြခြည် ရောင်နီ့ကို သိပ်သနားမိသည်။
ငယ်စဉ်ကတည်းက တစ်ယောက်ထဲ ကြီးပြင်းခဲ့ရသူမို့ ဂရုစိုက်ပေးသော်လည်း ........အင်း  စည်းတွေခြားနေတယ်လေ  ကိုယ်က မိဒွေးကိုး။
ရောင်နီသည်  သူ့အိမ်မှာ လာလာကစားတတ်သည့် နှောင်းကို အမြဲတစေ  စိုက်ကြည့်တက်သည်  သူကိုယ်တိုင်တောင်မသိပါဘဲ။
နှစ်တွေ အချိန်တွေ ကြာလာသည်နှင့်အမျှ သူသိလာသည် ။
နှောင်းက သူ့အချစ်ဦးး...
ပထမဆုံး အချစ်
နောက်ဆုံးအချစ်
ပိုင်ဆိုင်လိုချင်မိသည့် ပထမနဲ့ နောက်ဆုံး  တစ်ဦးတည်းသော သူ.....
[ AN_မီအားလုံးကို မီ့အရေးအသားတွေအတွက်တောင်းပန်ပါတယ်  ကြိုးစားပါဦးမယ်  စာဖတ်သူတွေကို ကျေးဇူးတင်လျက်။ ]
Continue Reading
You'll Also Like
1M 86.6K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
589K 57.9K 86
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
174K 6.1K 55
Genre: Romance,Comedy, Arranged merriage Chapters: 40+ Start date: 16.7.23 End date: ? [Unicode + Zawgyi] ရည်းစားများတဲ့ဂျစ်ကန်ကန်ကောင်လေး "သမားဂုဏ်...
114K 16.9K 30
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ