"ဒီနေ့ငါကျွေးမယ်.. စားချင်တာစား၊ ဘောလုံးပွဲနိုင်ထားတယ် ဟဲ ဟဲ"
မုန့်ဈေးတန်းလေးရဲ့အ၀မှာ အောင်ကျော်ပြောတဲ့စကားသံ။ ဘုန်းပြည့်ခုန်ပေါက်မတတ်ပြေးသွားတာက ကြက်သားသုပ်ဆိုင်တည့်တည့်ဆီသို့။
"ပဲဟင်းရည်မထည့်ဘူးနော်"
လေပြေကတော့ကော်ဖီအေးဘဲသောက်ဖို့ရွေးထားတာမို့ ကြက်သားသုပ်မမှာ။
"မင်းလဲစားကွ.. ဘုန်းခန့်ချည်းဘဲ"
"မင်းကငါ့ကိုမသဒ္ဓါဘူးလား"
"မသဒ္ဓါလဲစားမှာဘဲကို သောက်ပိုလာမေးမနေနဲ့"
မျက်နှာလေးရှုံ့မဲ့ဟန်လုပ်နေတဲ့ဘုန်းခန့်က ချက်ချင်းသွားလေးဖြီးသွား၏။ ကော်ဖီအေးဆိုင်ဘက်သူတို့လှည့်လာခိုက်မှာတော့ ဆိုင်ရှေ့မှာရပ်နေတဲ့ခွန်ပြည့်နဲ့အိမေ.. ခွန်ပြည့်ကဖူးပွင့်ကိုရိုးသွားရှာလေပြီ။
"ခွန်ပြည့်ရော မသောက်ဖူးလား"
ခွန်ပြည့်ကခေါင်းသာခါပြရင်း သူတို့ဘက်ကိုရှူတည်တည်ကြည့်၏။ ကော်ဖီဆိုင်ကအကို့ကိုစကားလှမ်းပြောရင်း အောင်ကျော့်ကိုနှုတ်ဆက်သလိုမေးဆတ်ပြကာ အိမေနှင့်နှစ်ယောက်သားထွက်သွားကြလေပြီ။
"ခွန်ပြည့်တို့များစွံချက်ကွာ"
"မင်းဆိုရင်ရော ကြောင်ချက်ကွာ လို့ပြောရမလား"
"အလှအပခံစားတတ်တာကွ -ီးလား"
ဒေါသသံမပါတဲ့ဘုန်းခန့်ရဲ့ဆဲရေးသံကို အောင်ကျော်ကပုခုံးတစ်ချက်တွန့်ရုံသာတုံ့ပြန်ရင်း သူတို့အတွက်ပိုက်ဆံလှမ်းရှင်းသည်။
"ရတယ် ညီလေး.. ဟိုကောင်ရှင်းပေးသွားတယ်"
"ခွန်ပြည့်လား"
"အင်း."
"အော်.. ကျေးဇူးဘဲအကို"
လေပြေကသောက်လက်စပိုက်လေးကိုရပ်တန့်ပစ်ကာ ငြိမ်သွားမိ၏။ ဘယ်လိုဘဲဖြစ်စေ.. ခွန်ပြည့်တိုက်တာတော့ သူမသောက်ချင်။ ခွန်ပြည့်ဟာ လူတိုင်းအပေါ်အထက်စီးဆန်လွန်းတယ်လို့မြင်သည်။
ယခုလိုသူမသိဘဲပိုက်ဆံရှင်းသွားခြင်းအတွက်လဲ သူ့စိတ်မှပိုအလိုမကျသလိုဖြစ်လာတာမို့
"ရော့.. မင်းဘဲသောက်လိုက်တော့ ဘုန်းခန့်"
"မင်းမသောက်တော့ဘူးလား"
"အင်း.. သူ၀ယ်တိုက်တာမသောက်ချင်ပါဘူး။ အလကား... ဘ၀င်ရူး"
"ဒါဆို ငါအသစ်၀ယ်တိုက်ရမလား.. ခွန်ပြည့်ကိုလဲ အဲ့လိုသဘောမထားပါနဲ့ကွာ။ သူက သဘောကောင်းပါတယ်"
"ငါမသောက်ချင်တော့ပါဘူး"
တည်နေတဲ့သူ့မျက်နှာလေးကြောင့် ခွန်ပြည့်ကဆက်တော့မပြောတော့ပေ။ သို့သော် သူနဲ့ခွန်ပြည့်ကိုအထင်မလွဲကြစေလိုတဲ့စေတနာကတော့ မျက်နှာမှာအတိုင်းသားပေါ်နေခဲ့လျက်။
... 💜 ...
"အဲ့တော့ လေပြေအသင်းကြေးကိုနင်အမြဲထည့်ပေးမှာပေါ့ အဲ့လိုလား"
"အသင်းကြေးတင်မဟုတ်ဘူး.. ကျောင်းကတောင်းသမျှအတွက်ကွာ။ အသင်းခေါင်းဆောင်တွေကဘဲကိုယ့်လူအတွက်ကောက်ရတာဆိုတော့ ငါ့ဆီကဘဲလာတောင်းပေါ့"
အခန်းရှေ့မှာခပ်ခွာခွာရပ်ရင်း နှစ်ယောက်သားရပ်ပြောနေကြခြင်း။ မတော်တဆလေပြေထံအကြည့်ရောက်မိတော့ အိပ်နေလေပြီ။ သူမြင်ဖူးသမျှထဲလေပြေဟာ အအိပ်နိုင်ဆုံးပင်။ ညဘက်တွေမအိပ်ခဲ့ရရှာဘူးလား။
"ငါ လေပြေ့ကိုပြောလို့ရလား"
"မရဘူး"
ခွန်ပြည့်က သူ၀ယ်တိုက်တဲ့ကော်ဖီအေးခွက်ကို ဘုန်းခန့်လက်ထဲထိုးပေးသွားတဲ့လေပြေပုံရိပ်လေးကိုသတိရတာမို့ ခေါင်းခါပြလိုက်ရင်း
"ဆရာမပေးတယ်လို့ပြော"
"ဟဲ့.. ဆရာမက"
"ရတယ် ဆရာမကိုကငါပြောလိုက်မယ်"
"ပြီးတာဘဲလေ.. ဒါနဲ့နင်ဘာလို့စိုက်..ထားပါလေ။ ဘာဘဲဖြစ်ဖြစ်လေပြေ့အစား ငါကျေးဇူးတင်ပါတယ်"
ရွှေရည်ကမေးမဲ့စကားကိုရပ်ချရင်း ပြုံးရုံမျှပြုံးရင်း အခန်းထဲ၀င်သွားတာမို့ သူလဲအခန်းကိုကျော်ပေးရင်း ၀ရန်တာပေါ်လက်တင်ကာ စိန်ပန်းပင်ကြီးကိုငေးနေလိုက်၏။
ရွှေရည်စိတ်ထဲ လေပြေဟာသနားဖို့ကောင်း၍ သူကူညီတာဘဲ လို့တွေးသွားရှာလိမ့်မည်။ ဒါပေမယ့်သူကတော့ထိုသို့မဟုတ်၊ သို့သော် ဘာကြောင့်လို့ပေးရန် အကြောင်းပြချက်ရေရေရာရာလဲသူ့မှာရှိမနေခဲ့။
... 💜 ...
Chemistry ဆရာမမလာတာမို့ ကျောင်းခန်းထဲတွင် ကျောင်းသားများကအောင်ပွဲခံရင်း ဝုန်းဒိုင်းကြဲနေကြ၏။ ထိုထဲတွင် ခွန်ပြည့်ကထိပ်ဆုံးကပင်။ ခုံတွေပေါ်တက်ပြေးလိုက်၊ တစ်ခန်းလုံးပတ်ပြေးလိုက်နှင့် ဘာကစားနည်းလို့ ရေရေရာရာခေါင်းစဉ်တက်စရာမရှိပေမဲ့ ဝုန်းဒိုင်းကြဲပြေးနေခဲ့လျက်။
"ဟဲ့ နင်တို့တွေတော်တော်ဆူပါလား"
လူဆိုးထိန်းဆရာမဟုနာမည်ကြီးသောဆရာမဒေါ်မြင့်မြင့်ခိုင်ရဲ့အခန်းတံခါးကိုရိုက်လိုက်သောတုတ်သံကြောင့် အကုန်ငြိမ်သက်သွားကြ၏။ ပြေးနေတဲ့လူတွေဟာလဲ အတန်းထဲ၀င်မထိုင်ရဲတော့တာမို့ ရောက်ရာအရပ်မှာမတ်တပ်လေးရပ်လျက်။
"ငါ အောက်ထပ်ကအခန်းမှစာသင်တာ ဘယ်လိုမှသင်လို့မရဘူး။ အောက်ကကလေးတွေလဲဘာမှမကြားရဘူး။ ကြမ်းကြားထဲကဖုန်တွေကျလွန်းလို့ ခေါင်းပေါ်ကို ဒီမှာတွေ့လား.. စာအုပ်ကိုဒီလိုမိုးပြီးသင်ရတယ်"
ဆရာမကရှေ့ဆုံးတန်းမှ စာအုပ်တစ်အုပ်ကိုဆွဲယူရင်း ခလယ်ခွဲကာ သူခေါင်းပေါ်အုပ်တင်ပြတာမို့ ကြောက်နေတဲ့ကြားမှပင် လူကပြုံးစိစိဖြစ်ချင်လာသလို။
"ရပ်နေတဲ့ကောင်တွေ လာ.. ဒီကို"
အကုန်တန်းစီခိုင်းကာ တင်ပါးကိုတစ်ယောက်နှစ်ချက်မျှခပ်နာနာရိုက်ရင်း
"နင်တို့နောက်မှာ Kခန်းရှိသေးတယ်နော်။ ဒါပေမယ့် ဒီအခန်းလောက်မဆိုးဘူး။ ဒီကိုးတန်းတစ်ကြောမှာလေ နင်တို့အခန်းအဆိုးဆုံးဘဲ.. နင်တို့ကို နင်တို့အတန်းပိုင်နဲ့တိုင်ဦးမှာ"
လေပြေက အရိုက်ခံရတဲ့ခွန်ပြည့်ကို ငေးကြည့်မိတော့ မျက်နှာကမှင်သေသေ။ အသားဖြူလွန်းသူမို့ ပါးမို့လေးကတော့အနည်းငယ်ရဲတက်လို့နေ၏။ လေပြေလဲအသားဖြူတဲ့ထဲပါပေမယ့် ခွန်ပြည့်လောက်တော့မဖြူပေ။
"သွား... သွား ထိုင်ကြ။ အသံကြားရင် ထပ်လာရိုက်မှာနော်"
ကြိမ်းကာထွက်သွားတဲ့ဆရာမကြောင့် အကုန်လုံးငြိမ်ကျသွား၏။ စာရေးသယောင်ယောင်လုပ်သူကလုပ်၍ အိပ်သူကအိပ်ရန်လုပ်နေလေပြီ။ အတန်ကြာတဲ့အခါမှာတော့
"ခုဏက Physicsဆရာမလာတိုင်သွားတယ်၊ နင်တို့တွေငါ့သိက္ခာကိုတော်တော်ချပါလားဟမ်.. ငါ့မှာBioဆောင်ထိလိုက်တိုင်ခံရတာ၊ ဘယ်ကောင်တွေလဲ.. မဟုတ်ဘူး လာ တစ်ခန်းလုံးတန်းစီပြီးရှေ့ကိုထွက်ခဲ့"
အတန်းပိုင်ဆရာမဟာ ဒေါသမထွက်ခဲ့သမျှကို ခုမှစုပေါင်းထွက်နေခဲ့ရသလို အရှက်ရတဲ့ဇောနှင့် အကြီးအကျယ်ဒေါသမီးတောက်လို့နေခဲ့၏။ သူတို့အတန်းပိုင်ဒေါသထွက်တာမမြင်ဖူး၍ အားလုံးငြိမ်သက်စွာရှေ့ထွက်ဖို့ပြင်ခိုက်မှာတော့..
"လုပ်တာက သားတို့လုပ်တာပါ ဆရာမ.. သားတို့ကိုဘဲရိုက်ပါ"
တည်ငြိမ်စွာထွက်လာသောခွန်ပြည့်စကားသံက အပ်ကျသံပင်ကြားရလောက်အောင်တိတ်ဆိတ်နေသောသူတို့စာသင်ခန်းလေးတွင်ကျယ်လောင်စွာ..။
"တခြားလူတွေက ကျောင်းသားအချင်းချင်းမထိန်းလို့အပြစ်ပေးမှာ.. ငါပြောတဲ့အတိုင်းလုပ်"
"ဒါပေမဲ့သားတို့လုပ်တာမို့သားတို့ကိုဘဲရိုက်ပါ..တခြားလူတွေနဲ့မဆိုင်ပါဘူး ဆရာမ"
"ဟုတ်တယ်.. ဆရာမ သားတို့ကိုဘဲရိုက်ပါ။ သားတို့ဘဲပြေးဆော့တာပါ"
"ဆရာမဒေါသမပြေရင်..သူတို့အစားပါ သားတို့ကိုဘဲပိုရိုက်ပါဗျ"
တစ်ယောက်၊တစ်ပေါက်ထွက်လာသော ကျောင်းလူဆိုးလေးတွေရဲ့အသံများ။ ဆရာမမျက်နှာတွင် ဒေါသငွေ့လေးတွေ တရွေ့ရွေ့လွင့်စင်သွား၏။ ထို့နောက် ခပ်ရေးရေးမျှပြုံးရိပ်ထင်လာကာ..
"တော်တော်Heroလုပ်ချင်နေကြတယ်ပေါ့လေ"
"အဲ့လိုမဟုတ်ပါဘူး ဆရာမ.. သူတို့နဲ့မဆိုင်လို့ပါ"
အတန်းထဲမှကျောင်းသူများသည် စိတ်ရှုပ်စရာလူဆိုးလေးတစ်ဖွဲ့ကိုကြည့်ရင်း ခပ်ယဲ့ယဲ့ပြုံး၏။ သူတို့မျက်၀န်းထဲအထင်ကြီးစိတ်နှင့် အပြစ်ကင်းစင်သောသံယောဇဉ်ကြိုးဖြူလေးများ ရေးရေးထင်ဟပ်လျက်။
"သွား.. သွား ကိုယ့်အတန်းကိုယ်ပြန်၀င်ကြ.. နောက်တခါထပ်အတိုင်ခံရရင် တကယ်ရိုက်မှာနော်.. တစ်ခန်းလုံးကို"
"ဟုတ်ကဲ့ပါ ဆရာမ"
ဆရာမသည် တစ်ခန်းလုံးဟူသော အားနည်းချက်လေးကိုသာသာဖိ၍ခြိမ်းခြောက်ခဲ့၏။ သူမရဲ့၀မ်းနှင့်လွယ်မမွေးခဲ့ရသော သားလူဆိုးလေးတွေရဲ့အားနည်းချက်ကို သိလိုက်ရပြီမဟုတ်ပါလား။
လူငယ်ပီပီဆိုးချင်ပေမဲ့လဲ တာ၀န်သိစိတ်နဲ့ကာကွယ်ပေးလိုစိတ်အပြည့်ရှိသောမိမိကလေးတွေကိုကြည့်ကာဒေါသမှပီတိစိတ်သို့ပြောင်းလဲသွားရ၏။ အခန်းတစ်ခန်းရဲ့အတန်းပိုင်ဆိုတာဟာလဲ ထိုအခန်းကကျောင်းသူ၊ကျောင်းသားများရဲ့ ဒုတိယမိခင်တစ်ဦးဘဲမို့..။
... 💜 ...
ကျောင်းထဲရေ၀င်တဲ့နေ့မို့ကျောင်းပိတ်ရန်သူတို့ဆုတောင်းသော်လည်း ဆုတောင်းကမပြည့်။ ရေအရမ်းမများတာမို့ ဆရာမတွေက ကလေးတွေကိုခုံပေါ်ခြေထောက်တင်ပြီးစာသင်စေ၏။
အပေါ်ထပ်ဖြစ်သည့်သူတို့အခန်းဆိုပိတ်ဖို့ဝေးလာဝေး၊ လေပြေကဖိနပ်ချွတ်ပြီးရေတောထဲဖြတ်လျှောက်လာရာမှ သူ့ဘေးမှလျှောက်လာသောခွန်ပြည့်နဲ့တည့်တည့်တိုးသည်။ သူငဲ့စောင်းကြည့်မိတော့ ခွန်ပြည့်ရဲ့မျက်လုံးတွေဟာ သူကိုင်ထားတဲ့သူ့ရဲ့ဖိနပ်စုတ်လေးထံမှာ။
ခြေလှမ်းခပ်သွက်သွက်လျှောက်လိုက်တော့ ခွန်ပြည့်ကအကြည့်လွှဲသွားရင်း နောက်ချန်နေခဲ့၏။ ဟိုတစ်နေ့ကဆရာမနဲ့ပြဿနာတစ်ခုပြီးကတည်းက လေပြေစိတ်ထဲ ခွန်ပြည့်ကိုအထင်ကြီးစိတ်လေး အနည်းငယ်၀င်မိသည်မှာ မငြင်းသာ..။
အပေါ်ထပ်ရောက်တော့ဖိနပ်လေးကိုချစီးရင်း ပြတ်တော့မဲ့သဲကြိုးသဲ့သဲ့လေးကိုကြည့်ပြီးရင်တထိတ်ထိတ်.. အသစ်၀ယ်ပေးရန်အမေ့ကိုမပြောရဲ။ ပင်စင်စားအဖေရဲ့မရှိမဲ့၊ရှိမဲ့ပိုက်ဆံလေးထဲမှလည်း မလိုချင်တာမို့..။
"ဟာ"
ပြတ်သွားသောဖိနပ်ကြောင့်ရှေ့သို့မှောက်လျက်ကျတော့မယ့်သူ့ရဲ့ညာလက်တစ်ဖက်ကိုလှမ်းဆွဲခံရမှု။ ယိုင်နဲ့သွားတဲ့ခန္ဓာကိုယ်ကိုပြန်မတ်ရင်း အရင်ဆုံးကြည့်မိတာ သဲကြိုးပြတ်သွားသောဖိနပ်လေး..။
ငုတ်တုတ်လေးထိုင်ချရင်း ဖိနပ်လေးကိုကိုင်မိခိုက် မိမိနားစုံရပ်နေသူမှ ချွတ်ပေးသာကတ္တီပါဖိနပ်လေး... သူဖျက်ခနဲမော့ကြည့်မိတော့ခွန်ပြည့်။
"ငါ့ဖိနပ်စီးသွား"
"ရပါတယ်"
"ငါနင်းမိလို့ဖြစ်သွားတာဘဲ.. အလျော်ပြန်ပေးဝာာ"
"မင်းကျဘယ်လိုလုပ်မလဲ. ပြီးတော့ ငါ့ဖိနပ်ကအစကတည်းကပျက်ချင်နေတာ"
ရန်တွေ့မယ်ထင်ထားမိသော်လည်း ရန်မတွေ့ဘဲညည်းညည်းလေးပြောနေသောလေပြေ့ကိုကြည့်ရင်း သူအံ့သြမိရ၏။ တမင်သက်သက်နင်းလိုက်တာကိုသိရင်ရော.. ဒီလိုပြောနိုင်ပါဦးမလား။
"ရပါတယ်.. စီးသွား။ ဘယ်လိုဘဲဖြစ်ဖြစ် ငါနင်းလို့ပျက်သွားတာဘဲ။ ပြီးတော့ ငါ့မှာဖိနပ်တွေပေါ..အာ"
ဘောလုံးချိန်းကန်တဲ့နေ့က အောင်ကျော်ပြောသွားတဲ့ လေပြေကမင်းကိုဘ၀င်ရူးလို့ခေါ်တယ်ကွသိလား ဆိုတဲ့ရယ်သံနှောစကားကိုကြားတာမို့ ကမန်းကတန်းစကားသံကိုရပ်ချလိုက်ပေမဲ့ လေပြေကခပ်နွေးနွေးလေးပြုံးသွားရင်း
"အဲ့တော့ မင်းမှာဖိနပ်တွေပေါတယ်ပေါ့"
"မဟုတ်ဘူး. ငါပြောတာ"
"ရပါတယ်.. ငါဘာမှမပြောပါဘူး ဒါပေမဲ့ မင်းဖိနပ်မပါဘဲနေရတာအဆင်ပြေပါ့မလား"
"ဟား.. ပြေတယ် ပြေတယ်။ မင်းစီးသွား"
"ငါ၀ယ်ပြီးရင်.."
"ပြန်မပေးပါနဲ့.. မင်းဘဲစီးပါ။ ငါ.. ငါ့ဖိနပ်ကို မင်းစီးထားတာမြင်ချင်လို့"
"အင်... ဘယ်လို ဟို..ကျေးဇူးဘဲနော်"
ဆက်မမေးတဲ့လေပြေကြောင့် သူပင့်သက်ရှိုက်လိုက်ရ၏။ သူကိုယ်တိုင်လဲ ဘာကြောင့်ပြောမိမှန်းမသိတဲ့စကားသံကိုသူဘယ်လိုမှရှင်းမပြတတ်မှာအသေအချာ..။
... 💜 ...
"လေပြေ.. လေပြေ အိမ်စာပေးလိုက်တဲ့စာအုပ်ငါ့ကိုငှားဦး"
"ရော့.. ရော့"
အခန်းထဲ၀င်လာတဲ့သူ့ကိုစီးမေးတဲ့ဘုန်းခန့်ကို သူမျက်မှောင်လေးကုပ်ရင်းကြည့်လိုက်ပေမယ့် စာအုပ်ငှားပေးလိုက်ရင်း ခုံပေါ်လှဲအိပ်ရန်ပြင်မိတော့
"လေပြေ.. မင်းတော်တော်စက်တော်ခေါ်နိုင်တယ်နော်"
"မင်းအပူပါလားကွ.. ကူးစရာရှိမြန်မြန်ကူး ရှေ့ထွက်ရပ်ရမှ ရှုံ့မဲ့မဲ့လုပ်မနေနဲ့"
ဘုရားရှိခိုးချိန်တွင်လစ်တာနဲ့ စာကူးနေတဲ့လူများထဲတွင် အောင်ကျော်ရော၊ဘုန်းခန့်ကအမြဲအတွဲလိုက်။
"ဘုန်းခန့်.. အိမ်စာစာအုပ်"
အတန်းထဲမှ Monitress မလေးရဲ့အသံစာစာလေး။ ဘုန်းခန့်ကတော့ စာကူးနေရာမှ သွားလေးဖြီးပြရင်း
"ပြီးတော့မှာဟ.. နင်အကုန်လိုက်ကောက်လိုက်ဦး ပြီးရင်ငါလာထပ်မယ်"
"နင်အမြဲဒီလိုဘဲ.. အောင်ကျော်ရော"
"ငါလဲဘုန်းခန့်နဲ့တူတူဘဲ"
"တယ်လိုက်ကြပါလား... လေပြေကရော ဒီနှစ်ကောင်ကူးပြီးမှထပ်လို့ရမှာမလား"
"အေး"
Monitress က နှာခေါင်းလေးရှူံရင်း ခေါင်းတခါခါထွက်သွား၏။ ဒါဟာ အိမ်စာထပ်ရတဲ့နေ့တိုင်း ဖြစ်နေကျသူတို့သုံးကောင်ရဲ့ထုံးစံ..။
... 💜 ...
"ဘုန်းခန့် လာပါဦး ကိုယ်တော်လေး.. လာဦး"
ဘုန်းခန့်ကဆရာမလေသံကြောင့် အတတ်နိုင်ဆုံးသွားလေးဖြီးရင်း ဆရာမထိုင်နေရာသို့လျှောက်သွား၏။ ဆရာမက ဘုန်းခန့်ရဲ့အိမ်စာစာအုပ်လေးကိုဖွင့်ပြရင်းမှ..
"ဒီမှာကြည့်စမ်း အစကတည်းက 32နဲ့တွက်လာတာ ဒီအကြောင်းရောက်တော့ 28ဖြစ်သွားရော..ဟော ဟိုးအောက်ကနှစ်ကြောင်းလောက်ရောက်တော့မှ စာပြန်မှန်ပြီး 32ပြန်ဖြစ်သွားပြန်ရော။ ပြောစမ်း..လေပြေ့ဆီက အလျင်စလိုကူးထားတာမှဟုတ်စ"
"ဟီး"
"ရယ်မနေနဲ့။ ကူးရေးတာတောင်မှ မှန်အောင်မကူးနိုင်ပါလားဟမ်။ ရော့.. ရော့ နောက်နေ့ကျအဲ့အပုဒ်ပြန်ထပ် သွား"
"...
"ခွန်ပြည့်.. သားကကျောင်းဘောလုံးအသင်းမှာ Captain နော် ဟုတ်လား သား"
"ဟုတ်ကဲ့ပါဆရာမ"
"အေး.. အေး နောက်ပိုင်းကျကျောင်းချင်းကန်ရမှာတွေရှိတော့လေ့ကျင့်တာလဲကျင့်ပေါ့ သားရယ်.. ဒါပေမယ့် စာလေးကိုဂရုစိုက်လုပ်ပေါ့ ဟုတ်လား"
"ဟုတ်ကဲ့ပါ ဆရာမ"
လေပြေကခပ်ငေးငေးလေးကြည့်မိတော့ ဆရာမထံမှအကြည့်လွှဲရင်း သူ့ကိုလှမ်းကြည့်သောခွန်ပြည့်ကမျက်ခုံးလေးပင့်ပြတာမို့ မပီတပြင်ပြန်ပြုံးပြမိ၏။ သူ့စိတ်ထဲ ခွန်ပြည့်ကိုနည်းနည်းရင်းနှီးလာသလိုထင်မိလာခဲ့ပြီမို့..။
ခွန်ပြည့်ကပြန်ထိုင်ချရင်း သူ့ကိုပြုံးပြသွားတဲ့လေပြေကြောင့် ရင်ထဲလှိုက်ခနဲ၀မ်းသာစိတ်လေးလှိုင်းထသွားရ၏။ စာသင်နှစ်နှစ်ဝက်ကျိုးခါနီးမှ လေပြေ့ဆီက သူပထမဆုံးရတဲ့အပြုံးမဟုတ်ပါလား။
ထိုခဏတာသောအပြုံးလေးသည် သူ့နှလုံးသားရဲ့အနက်ရှိုင်းဆုံးတစ်နေရာထိ လျင်မြန်စွာစီး၀င်နေရာယူခဲ့လေပြီ။
#Unicode
"ဒီေန႔ငါေကြၽးမယ္.. စားခ်င္တာစား၊ ေဘာလုံးပြဲႏိုင္ထားတယ္ ဟဲ ဟဲ"
မုန္႔ေဈးတန္းေလးရဲ႕အ၀မွာ ေအာင္ေက်ာ္ေျပာတဲ့စကားသံ။ ဘုန္းျပည့္ခုန္ေပါက္မတတ္ေျပးသြားတာက ၾကက္သားသုပ္ဆိုင္တည့္တည့္ဆီသို႔။
"ပဲဟင္းရည္မထည့္ဘူးေနာ္"
ေလေျပကေတာ့ေကာ္ဖီေအးဘဲေသာက္ဖို႔ေ႐ြးထားတာမို႔ ၾကက္သားသုပ္မမွာ။
"မင္းလဲစားကြ.. ဘုန္းခန္႔ခ်ည္းဘဲ"
"မင္းကငါ့ကိုမသဒၶါဘူးလား"
"မသဒၶါလဲစားမွာဘဲကို ေသာက္ပိုလာေမးမေနနဲ႔"
မ်က္ႏွာေလး႐ႈံ႕မဲ့ဟန္လုပ္ေနတဲ့ဘုန္းခန္႔က ခ်က္ခ်င္းသြားေလးၿဖီးသြား၏။ ေကာ္ဖီေအးဆိုင္ဘက္သူတို႔လွည့္လာခိုက္မွာေတာ့ ဆိုင္ေ႐ွ႕မွာရပ္ေနတဲ့ခြန္ျပည့္နဲ႔အိေမ.. ခြန္ျပည့္ကဖူးပြင့္ကို႐ိုးသြား႐ွာေလၿပီ။
"ခြန္ျပည့္ေရာ မေသာက္ဖူးလား"
ခြန္ျပည့္ကေခါင္းသာခါျပရင္း သူတို႔ဘက္ကို႐ွဴတည္တည္ၾကည့္၏။ ေကာ္ဖီဆိုင္ကအကို႔ကိုစကားလွမ္းေျပာရင္း ေအာင္ေက်ာ့္ကိုႏႈတ္ဆက္သလိုေမးဆတ္ျပကာ အိေမႏွင့္ႏွစ္ေယာက္သားထြက္သြားၾကေလၿပီ။
"ခြန္ျပည့္တို႔မ်ားစြံခ်က္ကြာ"
"မင္းဆိုရင္ေရာ ေၾကာင္ခ်က္ကြာ လို႔ေျပာရမလား"
"အလွအပခံစားတတ္တာကြ -ီးလား"
ေဒါသသံမပါတဲ့ဘုန္းခန္႔ရဲ႕ဆဲေရးသံကို ေအာင္ေက်ာ္ကပုခုံးတစ္ခ်က္တြန္႔႐ုံသာတုံ႔ျပန္ရင္း သူတို႔အတြက္ပိုက္ဆံလွမ္း႐ွင္းသည္။
"ရတယ္ ညီေလး.. ဟိုေကာင္႐ွင္းေပးသြားတယ္"
"ခြန္ျပည့္လား"
"အင္း."
"ေအာ္.. ေက်းဇူးဘဲအကို"
ေလေျပကေသာက္လက္စပိုက္ေလးကိုရပ္တန္႔ပစ္ကာ ၿငိမ္သြားမိ၏။ ဘယ္လိုဘဲျဖစ္ေစ.. ခြန္ျပည့္တိုက္တာေတာ့ သူမေသာက္ခ်င္။ ခြန္ျပည့္ဟာ လူတိုင္းအေပၚအထက္စီးဆန္လြန္းတယ္လို႔ျမင္သည္။
ယခုလိုသူမသိဘဲပိုက္ဆံ႐ွင္းသြားျခင္းအတြက္လဲ သူ႕စိတ္မွပိုအလိုမက်သလိုျဖစ္လာတာမို႔
"ေရာ့.. မင္းဘဲေသာက္လိုက္ေတာ့ ဘုန္းခန္႔"
"မင္းမေသာက္ေတာ့ဘူးလား"
"အင္း.. သူ၀ယ္တိုက္တာမေသာက္ခ်င္ပါဘူး။ အလကား... ဘ၀င္႐ူး"
"ဒါဆို ငါအသစ္၀ယ္တိုက္ရမလား.. ခြန္ျပည့္ကိုလဲ အဲ့လိုသေဘာမထားပါနဲ႔ကြာ။ သူက သေဘာေကာင္းပါတယ္"
"ငါမေသာက္ခ်င္ေတာ့ပါဘူး"
တည္ေနတဲ့သူ႕မ်က္ႏွာေလးေၾကာင့္ ခြန္ျပည့္ကဆက္ေတာ့မေျပာေတာ့ေပ။ သို႔ေသာ္ သူနဲ႔ခြန္ျပည့္ကိုအထင္မလြဲၾကေစလိုတဲ့ေစတနာကေတာ့ မ်က္ႏွာမွာအတိုင္းသားေပၚေနခဲ့လ်က္။
... 💜 ...
"အဲ့ေတာ့ ေလေျပအသင္းေၾကးကိုနင္အၿမဲထည့္ေပးမွာေပါ့ အဲ့လိုလား"
"အသင္းေၾကးတင္မဟုတ္ဘူး.. ေက်ာင္းကေတာင္းသမွ်အတြက္ကြာ။ အသင္းေခါင္းေဆာင္ေတြကဘဲကိုယ့္လူအတြက္ေကာက္ရတာဆိုေတာ့ ငါ့ဆီကဘဲလာေတာင္းေပါ့"
အခန္းေ႐ွ႕မွာခပ္ခြာခြာရပ္ရင္း ႏွစ္ေယာက္သားရပ္ေျပာေနၾကျခင္း။ မေတာ္တဆေလေျပထံအၾကည့္ေရာက္မိေတာ့ အိပ္ေနေလၿပီ။ သူျမင္ဖူးသမွ်ထဲေလေျပဟာ အအိပ္ႏိုင္ဆုံးပင္။ ညဘက္ေတြမအိပ္ခဲ့ရ႐ွာဘူးလား။
"ငါ ေလေျပ့ကိုေျပာလို႔ရလား"
"မရဘူး"
ခြန္ျပည့္က သူ၀ယ္တိုက္တဲ့ေကာ္ဖီေအးခြက္ကို ဘုန္းခန္႔လက္ထဲထိုးေပးသြားတဲ့ေလေျပပုံရိပ္ေလးကိုသတိရတာမို႔ ေခါင္းခါျပလိုက္ရင္း
"ဆရာမေပးတယ္လို႔ေျပာ"
"ဟဲ့.. ဆရာမက"
"ရတယ္ ဆရာမကိုကငါေျပာလိုက္မယ္"
"ၿပီးတာဘဲေလ.. ဒါနဲ႔နင္ဘာလို႔စိုက္..ထားပါေလ။ ဘာဘဲျဖစ္ျဖစ္ေလေျပ့အစား ငါေက်းဇူးတင္ပါတယ္"
ေ႐ႊရည္ကေမးမဲ့စကားကိုရပ္ခ်ရင္း ျပဳံး႐ုံမွ်ျပဳံးရင္း အခန္းထဲ၀င္သြားတာမို႔ သူလဲအခန္းကိုေက်ာ္ေပးရင္း ၀ရန္တာေပၚလက္တင္ကာ စိန္ပန္းပင္ႀကီးကိုေငးေနလိုက္၏။
ေ႐ႊရည္စိတ္ထဲ ေလေျပဟာသနားဖို႔ေကာင္း၍ သူကူညီတာဘဲ လို႔ေတြးသြား႐ွာလိမ့္မည္။ ဒါေပမယ့္သူကေတာ့ထိုသို႔မဟုတ္၊ သို႔ေသာ္ ဘာေၾကာင့္လို႔ေပးရန္ အေၾကာင္းျပခ်က္ေရေရရာရာလဲသူ႕မွာ႐ွိမေနခဲ့။
... 💜 ...
Chemistry ဆရာမမလာတာမို႔ ေက်ာင္းခန္းထဲတြင္ ေက်ာင္းသားမ်ားကေအာင္ပြဲခံရင္း ဝုန္းဒိုင္းႀကဲေနၾက၏။ ထိုထဲတြင္ ခြန္ျပည့္ကထိပ္ဆုံးကပင္။ ခုံေတြေပၚတက္ေျပးလိုက္၊ တစ္ခန္းလုံးပတ္ေျပးလိုက္ႏွင့္ ဘာကစားနည္းလို႔ ေရေရရာရာေခါင္းစဥ္တက္စရာမ႐ွိေပမဲ့ ဝုန္းဒိုင္းႀကဲေျပးေနခဲ့လ်က္။
"ဟဲ့ နင္တို႔ေတြေတာ္ေတာ္ဆူပါလား"
လူဆိုးထိန္းဆရာမဟုနာမည္ႀကီးေသာဆရာမေဒၚျမင့္ျမင့္ခိုင္ရဲ႕အခန္းတံခါးကို႐ိုက္လိုက္ေသာတုတ္သံေၾကာင့္ အကုန္ၿငိမ္သက္သြားၾက၏။ ေျပးေနတဲ့လူေတြဟာလဲ အတန္းထဲ၀င္မထိုင္ရဲေတာ့တာမို႔ ေရာက္ရာအရပ္မွာမတ္တပ္ေလးရပ္လ်က္။
"ငါ ေအာက္ထပ္ကအခန္းမွစာသင္တာ ဘယ္လိုမွသင္လို႔မရဘူး။ ေအာက္ကကေလးေတြလဲဘာမွမၾကားရဘူး။ ၾကမ္းၾကားထဲကဖုန္ေတြက်လြန္းလို႔ ေခါင္းေပၚကို ဒီမွာေတြ႕လား.. စာအုပ္ကိုဒီလိုမိုးၿပီးသင္ရတယ္"
ဆရာမကေ႐ွ႕ဆုံးတန္းမွ စာအုပ္တစ္အုပ္ကိုဆြဲယူရင္း ခလယ္ခြဲကာ သူေခါင္းေပၚအုပ္တင္ျပတာမို႔ ေၾကာက္ေနတဲ့ၾကားမွပင္ လူကျပဳံးစိစိျဖစ္ခ်င္လာသလို။
"ရပ္ေနတဲ့ေကာင္ေတြ လာ.. ဒီကို"
အကုန္တန္းစီခိုင္းကာ တင္ပါးကိုတစ္ေယာက္ႏွစ္ခ်က္မွ်ခပ္နာနာ႐ိုက္ရင္း
"နင္တို႔ေနာက္မွာ Kခန္း႐ွိေသးတယ္ေနာ္။ ဒါေပမယ့္ ဒီအခန္းေလာက္မဆိုးဘူး။ ဒီကိုးတန္းတစ္ေၾကာမွာေလ နင္တို႔အခန္းအဆိုးဆုံးဘဲ.. နင္တို႔ကို နင္တို႔အတန္းပိုင္နဲ႔တိုင္ဦးမွာ"
ေလေျပက အ႐ိုက္ခံရတဲ့ခြန္ျပည့္ကို ေငးၾကည့္မိေတာ့ မ်က္ႏွာကမွင္ေသေသ။ အသားျဖဴလြန္းသူမို႔ ပါးမို႔ေလးကေတာ့အနည္းငယ္ရဲတက္လို႔ေန၏။ ေလေျပလဲအသားျဖဴတဲ့ထဲပါေပမယ့္ ခြန္ျပည့္ေလာက္ေတာ့မျဖဴေပ။
"သြား... သြား ထိုင္ၾက။ အသံၾကားရင္ ထပ္လာ႐ိုက္မွာေနာ္"
ႀကိမ္းကာထြက္သြားတဲ့ဆရာမေၾကာင့္ အကုန္လုံးၿငိမ္က်သြား၏။ စာေရးသေယာင္ေယာင္လုပ္သူကလုပ္၍ အိပ္သူကအိပ္ရန္လုပ္ေနေလၿပီ။ အတန္ၾကာတဲ့အခါမွာေတာ့
"ခုဏက Physicsဆရာမလာတိုင္သြားတယ္၊ နင္တို႔ေတြငါ့သိကၡာကိုေတာ္ေတာ္ခ်ပါလားဟမ္.. ငါ့မွာBioေဆာင္ထိလိုက္တိုင္ခံရတာ၊ ဘယ္ေကာင္ေတြလဲ.. မဟုတ္ဘူး လာ တစ္ခန္းလုံးတန္းစီၿပီးေ႐ွ႕ကိုထြက္ခဲ့"
အတန္းပိုင္ဆရာမဟာ ေဒါသမထြက္ခဲ့သမွ်ကို ခုမွစုေပါင္းထြက္ေနခဲ့ရသလို အ႐ွက္ရတဲ့ေဇာႏွင့္ အႀကီးအက်ယ္ေဒါသမီးေတာက္လို႔ေနခဲ့၏။ သူတို႔အတန္းပိုင္ေဒါသထြက္တာမျမင္ဖူး၍ အားလုံးၿငိမ္သက္စြာေ႐ွ႕ထြက္ဖို႔ျပင္ခိုက္မွာေတာ့..
"လုပ္တာက သားတို႔လုပ္တာပါ ဆရာမ.. သားတို႔ကိုဘဲ႐ိုက္ပါ"
တည္ၿငိမ္စြာထြက္လာေသာခြန္ျပည့္စကားသံက အပ္က်သံပင္ၾကားရေလာက္ေအာင္တိတ္ဆိတ္ေနေသာသူတို႔စာသင္ခန္းေလးတြင္က်ယ္ေလာင္စြာ..။
"တျခားလူေတြက ေက်ာင္းသားအခ်င္းခ်င္းမထိန္းလို႔အျပစ္ေပးမွာ.. ငါေျပာတဲ့အတိုင္းလုပ္"
"ဒါေပမဲ့သားတို႔လုပ္တာမို႔သားတို႔ကိုဘဲ႐ိုက္ပါ..တျခားလူေတြနဲ႔မဆိုင္ပါဘူး ဆရာမ"
"ဟုတ္တယ္.. ဆရာမ သားတို႔ကိုဘဲ႐ိုက္ပါ။ သားတို႔ဘဲေျပးေဆာ့တာပါ"
"ဆရာမေဒါသမေျပရင္..သူတို႔အစားပါ သားတို႔ကိုဘဲပို႐ိုက္ပါဗ်"
တစ္ေယာက္၊တစ္ေပါက္ထြက္လာေသာ ေက်ာင္းလူဆိုးေလးေတြရဲ႕အသံမ်ား။ ဆရာမမ်က္ႏွာတြင္ ေဒါသေငြ႕ေလးေတြ တေ႐ြ႕ေ႐ြ႕လြင့္စင္သြား၏။ ထို႔ေနာက္ ခပ္ေရးေရးမွ်ျပဳံးရိပ္ထင္လာကာ..
"ေတာ္ေတာ္Heroလုပ္ခ်င္ေနၾကတယ္ေပါ့ေလ"
"အဲ့လိုမဟုတ္ပါဘူး ဆရာမ.. သူတို႔နဲ႔မဆိုင္လို႔ပါ"
အတန္းထဲမွေက်ာင္းသူမ်ားသည္ စိတ္႐ႈပ္စရာလူဆိုးေလးတစ္ဖြဲ႕ကိုၾကည့္ရင္း ခပ္ယဲ့ယဲ့ျပဳံး၏။ သူတို႔မ်က္၀န္းထဲအထင္ႀကီးစိတ္ႏွင့္ အျပစ္ကင္းစင္ေသာသံေယာဇဥ္ႀကိဳးျဖဴေလးမ်ား ေရးေရးထင္ဟပ္လ်က္။
"သြား.. သြား ကိုယ့္အတန္းကိုယ္ျပန္၀င္ၾက.. ေနာက္တခါထပ္အတိုင္ခံရရင္ တကယ္႐ိုက္မွာေနာ္.. တစ္ခန္းလုံးကို"
"ဟုတ္ကဲ့ပါ ဆရာမ"
ဆရာမသည္ တစ္ခန္းလုံးဟူေသာ အားနည္းခ်က္ေလးကိုသာသာဖိ၍ၿခိမ္းေျခာက္ခဲ့၏။ သူမရဲ႕၀မ္းႏွင့္လြယ္မေမြးခဲ့ရေသာ သားလူဆိုးေလးေတြရဲ႕အားနည္းခ်က္ကို သိလိုက္ရၿပီမဟုတ္ပါလား။
လူငယ္ပီပီဆိုးခ်င္ေပမဲ့လဲ တာ၀န္သိစိတ္နဲ႔ကာကြယ္ေပးလိုစိတ္အျပည့္႐ွိေသာမိမိကေလးေတြကိုၾကည့္ကာေဒါသမွပီတိစိတ္သို႔ေျပာင္းလဲသြားရ၏။ အခန္းတစ္ခန္းရဲ႕အတန္းပိုင္ဆိုတာဟာလဲ ထိုအခန္းကေက်ာင္းသူ၊ေက်ာင္းသားမ်ားရဲ႕ ဒုတိယမိခင္တစ္ဦးဘဲမို႔..။
... 💜 ...
ေက်ာင္းထဲေရ၀င္တဲ့ေန႔မို႔ေက်ာင္းပိတ္ရန္သူတို႔ဆုေတာင္းေသာ္လည္း ဆုေတာင္းကမျပည့္။ ေရအရမ္းမမ်ားတာမို႔ ဆရာမေတြက ကေလးေတြကိုခုံေပၚေျခေထာက္တင္ၿပီးစာသင္ေစ၏။
အေပၚထပ္ျဖစ္သည့္သူတို႔အခန္းဆိုပိတ္ဖို႔ေဝးလာေဝး၊ ေလေျပကဖိနပ္ခြၽတ္ၿပီးေရေတာထဲျဖတ္ေလွ်ာက္လာရာမွ သူ႕ေဘးမွေလွ်ာက္လာေသာခြန္ျပည့္နဲ႔တည့္တည့္တိုးသည္။ သူငဲ့ေစာင္းၾကည့္မိေတာ့ ခြန္ျပည့္ရဲ႕မ်က္လုံးေတြဟာ သူကိုင္ထားတဲ့သူ႕ရဲ႕ဖိနပ္စုတ္ေလးထံမွာ။
ေျခလွမ္းခပ္သြက္သြက္ေလွ်ာက္လိုက္ေတာ့ ခြန္ျပည့္ကအၾကည့္လႊဲသြားရင္း ေနာက္ခ်န္ေနခဲ့၏။ ဟိုတစ္ေန႔ကဆရာမနဲ႔ျပႆနာတစ္ခုၿပီးကတည္းက ေလေျပစိတ္ထဲ ခြန္ျပည့္ကိုအထင္ႀကီးစိတ္ေလး အနည္းငယ္၀င္မိသည္မွာ မျငင္းသာ..။
အေပၚထပ္ေရာက္ေတာ့ဖိနပ္ေလးကိုခ်စီးရင္း ျပတ္ေတာ့မဲ့သဲႀကိဳးသဲ့သဲ့ေလးကိုၾကည့္ၿပီးရင္တထိတ္ထိတ္.. အသစ္၀ယ္ေပးရန္အေမ့ကိုမေျပာရဲ။ ပင္စင္စားအေဖရဲ႕မ႐ွိမဲ့၊႐ွိမဲ့ပိုက္ဆံေလးထဲမွလည္း မလိုခ်င္တာမို႔..။
"ဟာ"
ျပတ္သြားေသာဖိနပ္ေၾကာင့္ေ႐ွ႕သို႔ေမွာက္လ်က္က်ေတာ့မယ့္သူ႕ရဲ႕ညာလက္တစ္ဖက္ကိုလွမ္းဆြဲခံရမႈ။ ယိုင္နဲ႔သြားတဲ့ခႏၶာကိုယ္ကိုျပန္မတ္ရင္း အရင္ဆုံးၾကည့္မိတာ သဲႀကိဳးျပတ္သြားေသာဖိနပ္ေလး..။
ငုတ္တုတ္ေလးထိုင္ခ်ရင္း ဖိနပ္ေလးကိုကိုင္မိခိုက္ မိမိနားစုံရပ္ေနသူမွ ခြၽတ္ေပးသာကတၱီပါဖိနပ္ေလး... သူဖ်က္ခနဲေမာ့ၾကည့္မိေတာ့ခြန္ျပည့္။
"ငါ့ဖိနပ္စီးသြား"
"ရပါတယ္"
"ငါနင္းမိလို႔ျဖစ္သြားတာဘဲ.. အေလ်ာ္ျပန္ေပးဝာာ"
"မင္းက်ဘယ္လိုလုပ္မလဲ. ၿပီးေတာ့ ငါ့ဖိနပ္ကအစကတည္းကပ်က္ခ်င္ေနတာ"
ရန္ေတြ႕မယ္ထင္ထားမိေသာ္လည္း ရန္မေတြ႕ဘဲညည္းညည္းေလးေျပာေနေသာေလေျပ့ကိုၾကည့္ရင္း သူအံ့ၾသမိရ၏။ တမင္သက္သက္နင္းလိုက္တာကိုသိရင္ေရာ.. ဒီလိုေျပာႏိုင္ပါဦးမလား။
"ရပါတယ္.. စီးသြား။ ဘယ္လိုဘဲျဖစ္ျဖစ္ ငါနင္းလို႔ပ်က္သြားတာဘဲ။ ၿပီးေတာ့ ငါ့မွာဖိနပ္ေတြေပါ..အာ"
ေဘာလုံးခ်ိန္းကန္တဲ့ေန႔က ေအာင္ေက်ာ္ေျပာသြားတဲ့ ေလေျပကမင္းကိုဘ၀င္႐ူးလို႔ေခၚတယ္ကြသိလား ဆိုတဲ့ရယ္သံေႏွာစကားကိုၾကားတာမို႔ ကမန္းကတန္းစကားသံကိုရပ္ခ်လိုက္ေပမဲ့ ေလေျပကခပ္ေႏြးေႏြးေလးျပဳံးသြားရင္း
"အဲ့ေတာ့ မင္းမွာဖိနပ္ေတြေပါတယ္ေပါ့"
"မဟုတ္ဘူး. ငါေျပာတာ"
"ရပါတယ္.. ငါဘာမွမေျပာပါဘူး ဒါေပမဲ့ မင္းဖိနပ္မပါဘဲေနရတာအဆင္ေျပပါ့မလား"
"ဟား.. ေျပတယ္ ေျပတယ္။ မင္းစီးသြား"
"ငါ၀ယ္ၿပီးရင္.."
"ျပန္မေပးပါနဲ႔.. မင္းဘဲစီးပါ။ ငါ.. ငါ့ဖိနပ္ကို မင္းစီးထားတာျမင္ခ်င္လို႔"
"အင္... ဘယ္လို ဟို..ေက်းဇူးဘဲေနာ္"
ဆက္မေမးတဲ့ေလေျပေၾကာင့္ သူပင့္သက္႐ိႈက္လိုက္ရ၏။ သူကိုယ္တိုင္လဲ ဘာေၾကာင့္ေျပာမိမွန္းမသိတဲ့စကားသံကိုသူဘယ္လိုမွ႐ွင္းမျပတတ္မွာအေသအခ်ာ..။
... 💜 ...
"ေလေျပ.. ေလေျပ အိမ္စာေပးလိုက္တဲ့စာအုပ္ငါ့ကိုငွားဦး"
"ေရာ့.. ေရာ့"
အခန္းထဲ၀င္လာတဲ့သူ႕ကိုစီးေမးတဲ့ဘုန္းခန္႔ကို သူမ်က္ေမွာင္ေလးကုပ္ရင္းၾကည့္လိုက္ေပမယ့္ စာအုပ္ငွားေပးလိုက္ရင္း ခုံေပၚလွဲအိပ္ရန္ျပင္မိေတာ့
"ေလေျပ.. မင္းေတာ္ေတာ္စက္ေတာ္ေခၚႏိုင္တယ္ေနာ္"
"မင္းအပူပါလားကြ.. ကူးစရာ႐ွိျမန္ျမန္ကူး ေ႐ွ႕ထြက္ရပ္ရမွ ႐ႈံ႕မဲ့မဲ့လုပ္မေနနဲ႔"
ဘုရား႐ွိခိုးခ်ိန္တြင္လစ္တာနဲ႔ စာကူးေနတဲ့လူမ်ားထဲတြင္ ေအာင္ေက်ာ္ေရာ၊ဘုန္းခန္႔ကအၿမဲအတြဲလိုက္။
"ဘုန္းခန္႔.. အိမ္စာစာအုပ္"
အတန္းထဲမွ Monitress မေလးရဲ႕အသံစာစာေလး။ ဘုန္းခန္႔ကေတာ့ စာကူးေနရာမွ သြားေလးၿဖီးျပရင္း
"ၿပီးေတာ့မွာဟ.. နင္အကုန္လိုက္ေကာက္လိုက္ဦး ၿပီးရင္ငါလာထပ္မယ္"
"နင္အၿမဲဒီလိုဘဲ.. ေအာင္ေက်ာ္ေရာ"
"ငါလဲဘုန္းခန္႔နဲ႔တူတူဘဲ"
"တယ္လိုက္ၾကပါလား... ေလေျပကေရာ ဒီႏွစ္ေကာင္ကူးၿပီးမွထပ္လို႔ရမွာမလား"
"ေအး"
Monitress က ႏွာေခါင္းေလး႐ွဴံရင္း ေခါင္းတခါခါထြက္သြား၏။ ဒါဟာ အိမ္စာထပ္ရတဲ့ေန႔တိုင္း ျဖစ္ေနက်သူတို႔သုံးေကာင္ရဲ႕ထုံးစံ..။
... 💜 ...
"ဘုန္းခန္႔ လာပါဦး ကိုယ္ေတာ္ေလး.. လာဦး"
ဘုန္းခန္႔ကဆရာမေလသံေၾကာင့္ အတတ္ႏိုင္ဆုံးသြားေလးၿဖီးရင္း ဆရာမထိုင္ေနရာသို႔ေလွ်ာက္သြား၏။ ဆရာမက ဘုန္းခန္႔ရဲ႕အိမ္စာစာအုပ္ေလးကိုဖြင့္ျပရင္းမွ..
"ဒီမွာၾကည့္စမ္း အစကတည္းက 32နဲ႔တြက္လာတာ ဒီအေၾကာင္းေရာက္ေတာ့ 28ျဖစ္သြားေရာ..ေဟာ ဟိုးေအာက္ကႏွစ္ေၾကာင္းေလာက္ေရာက္ေတာ့မွ စာျပန္မွန္ၿပီး 32ျပန္ျဖစ္သြားျပန္ေရာ။ ေျပာစမ္း..ေလေျပ့ဆီက အလ်င္စလိုကူးထားတာမွဟုတ္စ"
"ဟီး"
"ရယ္မေနနဲ႔။ ကူးေရးတာေတာင္မွ မွန္ေအာင္မကူးႏိုင္ပါလားဟမ္။ ေရာ့.. ေရာ့ ေနာက္ေန႔က်အဲ့အပုဒ္ျပန္ထပ္ သြား"
"...
"ခြန္ျပည့္.. သားကေက်ာင္းေဘာလုံးအသင္းမွာ Captain ေနာ္ ဟုတ္လား သား"
"ဟုတ္ကဲ့ပါဆရာမ"
"ေအး.. ေအး ေနာက္ပိုင္းက်ေက်ာင္းခ်င္းကန္ရမွာေတြ႐ွိေတာ့ေလ့က်င့္တာလဲက်င့္ေပါ့ သားရယ္.. ဒါေပမယ့္ စာေလးကိုဂ႐ုစိုက္လုပ္ေပါ့ ဟုတ္လား"
"ဟုတ္ကဲ့ပါ ဆရာမ"
ေလေျပကခပ္ေငးေငးေလးၾကည့္မိေတာ့ ဆရာမထံမွအၾကည့္လႊဲရင္း သူ႕ကိုလွမ္းၾကည့္ေသာခြန္ျပည့္ကမ်က္ခုံးေလးပင့္ျပတာမို႔ မပီတျပင္ျပန္ျပဳံးျပမိ၏။ သူ႕စိတ္ထဲ ခြန္ျပည့္ကိုနည္းနည္းရင္းႏွီးလာသလိုထင္မိလာခဲ့ၿပီမို႔..။
ခြန္ျပည့္ကျပန္ထိုင္ခ်ရင္း သူ႕ကိုျပဳံးျပသြားတဲ့ေလေျပေၾကာင့္ ရင္ထဲလိႈက္ခနဲ၀မ္းသာစိတ္ေလးလိႈင္းထသြားရ၏။ စာသင္ႏွစ္ႏွစ္ဝက္က်ိဳးခါနီးမွ ေလေျပ့ဆီက သူပထမဆုံးရတဲ့အျပဳံးမဟုတ္ပါလား။
ထိုခဏတာေသာအျပဳံးေလးသည္ သူ႕ႏွလုံးသားရဲ႕အနက္႐ိႈင္းဆုံးတစ္ေနရာထိ လ်င္ျမန္စြာစီး၀င္ေနရာယူခဲ့ေလၿပီ။
#Zawgyi
#Blfic
-Hanna
2021 Sep 26 Sun
5:07PM