Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေး...

By Neko_san_ZP

1.2M 118K 4.5K

Zawgyi/Unicode Started date: 25.oct.2020 End date: 26.dec.2023 ေလာ့က်န္းေပ့ x ေလာ့႐ွန္ဟြာ More

intro
ဇာတ္ေကာင္မိတ္ဆက္(ဇာတ်ကောင်မိတ်ဆက်)
Chapter - 1 (System moon)
Chapter - 2(My Daddy)
Chapter - 3 (Plan - 1 )
Chapter - 4(ဟန္စုမင္)
Chapter - 5(ဒယ္ဒီဆီက ေန႔လည္စာ)
Chapter -6 (ထန်းဟော်ရှ)
Chapter -7 (တကယ် နင်းခံရမဲ့သူက ဘယ်သူလဲ)
Chapter - 8 (ဒယ်ဒီ ရောက်နေပြီ)
Chapter - 9 (ငါ့မှာ ဒယ်ဒီရှိတယ်)
Chapter - 10 (ဒယ်ဒီက ကမ္ဘာပေါ်မှာအချောဆုံး-1)
Chapter-11 (ဒယ်ဒီက ကမ္ဘာပေါ်မှာအချောဆုံး-2)
Chapter -12 (ဒယ်ဒီက ကမ္ဘာပေါ်မှာအချောဆုံး-3)
Chapter -13(ဒယ္ဒီက ငါ့မက္မြန္ေလးကို ႐ိုက္ရဲတယ္!)
Chapter-14 (Lavender Rose meaning Love at first sight)
Chapter -15 (ဒယ္ဒီရန္မေၾကာက္ ေရခဲမုန္႔ထပ္စားရန္ၾကံေနသည့္႐ွန္ေလး-1)
Chapter -16 (မင္းက ကိုယ့္အပိုင္ပဲ)
Chapter -17(လီ႐ွန္းဟြာ???)
Chapter-18(hot dogလား ကိုယ္လား)
Chapter -19(ဒယ္ဒီ သိသြားၿပီ ေဟာ္႐ွ!)
Chapter -20 (က်န္းယုေဝဆုိသည့္ အန္တီႀကီးေရ ဒယ္ဒီေဘးနားကေန out!)
Chapter-21(ဒယ္ဒီက ထူးဆန္းတယ္)
Chapter -22(ဒယ္ဒီ ဒါဘာအခန္းႀကီးလဲ)
Chapter-23(ဦး)
Chapter-24 (က်န္းလင္း႐ွ)
Chapter -25(ငါ့ကို သူငယ္ခ်င္းလို႔ေကာ သတ္မွတ္ခဲ့ရဲ႕လား)
chapter-26(႐ွအန္းထ်န္း & ထန္းေဟာ္႐ွ)
Chapter-27(ပင္လယ္ထဲကလက ပံုရိပ္ေယာင္သက္သက္ပဲ)
Chapter - 28
Chapter -29(ဒယ္ဒီက နံပါတ္တစ္)
Chapter-30
Chapter-31(ေကာ့တင္းပါတီေနာက္ကလွည့္ကြက္မ်ား-1)
Chapter-32 (ေကာ့ေတးပါတီေနာက္ကလွည့္ကြက္မ်ား-၂)
Chapter-33(ေကာ့ေတးပါတီေနာက္ကြယ္ကလွည့္ကြက္မ်ား-3)
Chapter -34(ကေလးငယ္ေၾကာင့္ ႐ူးေတာ့မယ္)
Chapter-35(ဖက္ ဖက္ ဖက္ ဖက္)
Chapter-37(ေနာက္ကြယ္ကျဖစ္ရပ္မ်ား-1)
Chapter -38(ေနာက္ကြယ္ကျဖစ္ရပ္မ်ား-2)
Chapter -39(ေနာက္ကြယ္က လွည့္ကြက္မ်ား-3)
Chapter -40(Unicode /Zawgyi)
Chapter -41(မင္းက ကိုယ့္အပိုင္ ေဟာ္ရွ)
Chapter -42(ရှန်လေး စိတ်ကောက်ချင်ပေမယ့်...)
Chapter -43(ဒယ်ဒီက ရှန်လေးအပိုင်)
Chapter -44
Chapter -45
Chapter -46
Chapter -47
Chapter -48
Chapter -49
not update//
Chapter -50
Chapter -51
Chapter -52
Chapter -53
Chapter-54
Chapter-55
Chapter -56
Chapter -57
Chapter -58
Chapter -59
Chapter -60
Chapter -61
Chapter-62
Chapter-63
Chapter-64
Chapter-65
Hello Plz read
//Read//
Chapter -66
Chapter -67
Chapter -68
Chapter-69.1
Chapter-69.2
Chapter -70
Chapter -71
Chapter-72
Chapter-73
Chapter-74
Chapter-75
Chapter-76
Chapter-77
Chapter-78
Chapter-79
Chapter-80
Chapter-81
Chapter-82
Chapter-83
Chapter-84
Chapter-85
Chapter-86
Chapter-87
Chapter-88
Chapter-89
Chapter-90
Chapter-91
Chapter-92
Chapter-93
Chapter-94
Chapter-95

Chapter -36(ဒယ္ဒီက ရွန္ေလးကို ပိုခ်စ္တာေပါ့ေနာ္)

15.7K 1.6K 60
By Neko_san_ZP

Zawgyi

ေလာ့႐ွန္ဟြာ သူရဲ႕မ်က္ႏွာကို အလင္းစူးလာတာေၾကာင့္ မ်က္ေမွာင္ၾကဳတ္သြားၿပီး ျပတင္းေပါက္ဘက္ကို ေက်ာေပးကာ ေ႐ွ႕ကို တိုးကာ ဖက္လံုးဖက္ရန္ လက္တင္လိုက္ေပမယ့္ ဖက္လံုးမဟုတ္ဘဲ ေႏြးကာက်ယ္ျပန္သည့္မ်က္ႏွာျပင္ေပၚလက္တင္မိသြားတာေၾကာင့္ အလန္႔တၾကားလက္ကို ျပန္႐ုတ္သိမ္းကာ မ်က္လံုးျပဴးျပဲၾကည့္လိုက္ေတာ့ ျပတင္းေပါက္မွာ ျဖာက်ဆင္းလာသည့္ေနေရာင္ျခည္ထက္ ပိုမိုလင္းလက္စူး႐ွေတာက္ပသည့္ နတ္ဘုရားႀကီး အဲေလ သူရဲ႕ဒယ္ဒီကို ျမင္လိုက္ရေတာ့သည္၊

ဒယ္ဒီဟာ သူ႔ေဘးတြင္ အသက္႐ွဴမွန္မွန္နဲ႔အိပ္စက္ေနၿပီး ဒယ္ဒီရဲ႕ အျမဲေသသပ္ကာ ၿဖီးသပ္ထားသည့္ဆံပင္ေတြဟာ အခုေတာ့ အနည္းငယ္ဖြာၾကဲက်ေနတာေၾကာင့္ ဒယ္ဒီရဲ႕ေလးေထာင္အခ်ိဳးမ်က္ႏွာထက္တြင္ ပိုမိုၾကည့္ေကာင္းေနၿပီး ဒယ္ဒီကို ပိုမိုငယ္ရြယ္ေစပံုေပါက္သည္။အေပၚပိုင္းဗလာျဖစ္ေနတာေၾကာင့္ ဒယ္ဒီရဲ႕ေတာင့္တင္းက်ယ္ျပန္႔သည္ရင္အံုက်ယ္ဟာ သူခုနက ထိေတြ႔မိသည့္ ေႏြးၿပီးက်ယ္ျပန္႔သည့္မ်က္ႏွာျပင္ဆုိတာ စဥ္းစားစရာမလိုေအာင္ပင္။

ဒါေၾကာင့္ ေလာ့႐ွန္ဟြာ သူရဲ႕လက္ေတြကို ဒယ္ဒီရဲ႕ရင္ဘက္ေပၚ တင္ရန္ လွမ္းလိုက္ေပမယ့္ သူ႔ဒယ္ဒီ ႏိုးသြားမွာလဲ ေၾကာက္တာေၾကာင့္ သူရဲ႕လက္ေလးကို ျပန္႐ုတ္သိမ္းလိုက္ၿပီး ဒယ္ဒီရဲ႕မ်က္ႏွာေတာ္ကိုသာ ဖူးေမာ္ေနေတာ့သည္။

'ဒယ္ဒီကအရမ္းၾကည့္ေကာင္းတာပဲ "

တိုတိုစိပ္စိပ္မ်က္ေတာင္ေတြဝန္းရံထားၿပီး အျမဲလူတစ္ဖက္သားကို စိတ္အတြင္းပိုင္းထိေရာက္ေအာင္ၾကည့္႐ႈတတ္သည့္မ်က္လံုးမ်ားကေတာ့ ေမွးမွိတ္ထားေတာ့သည္။

ေနာက္ေတာ့ ေလာ့႐ွန္ဟြာ သူရဲ႕လက္သန္းေလးနဲ႔ ေလာ့က်န္းေပ့ရဲ႕ေျဖာင့္စင္းေနသည္ႏွာတံထိပ္ဖူးကို ဖြဖြေလးထိေတြ႕ကာ ခပ္တိုးတိုးေလးရယ္လိုက္သည္။

"ဒယ္ဒီရဲ႕ႏွာေခါင္းထိပ္ကို ကိုက္လိုက္ခ်င္တယ္" လို႔ ေလာ့႐ွန္ဟြာဟာ အံေလးႀကိတ္ကာေျပာလိုက္ေပမယ့္ လက္ေတြ႔မွာေတာ့ သူ႔ဒယ္ဒီႏိုးသြားမွာေၾကာက္ေနမိသည္။ေနပါဦး ငါက ဘယ္လိုလုပ္ၿပီး ဒယ္ဒီရဲ႕ေမြ႔ယာေပၚေရာက္ေနရတာလဲ၊ မေန႔က System Moon နဲ႔ရန္သတ္ၿပီးေနာက္မွာ သူျပန္အိပ္ေပ်ာ္သြားခဲ့သည္မလား၊ဒါဆုိ မေန႔ညက ဒယ္ဒီက သူ႔ေဘးျပန္လာအိပ္တာေပါ့

"ဟီဟီ" ေလာ့႐ွန္ဟြာ အသံေလးရယ္ေမာလိုက္ၿပီးေနာက္မွာ သူဟာ ကုတင္ေပၚကဆင္းရန္အလုပ္ အေနာက္ကေန လက္တဖက္ဟာ သူ႔ဗိုက္ခ်ပ္ခ်ပ္ေလးေပၚေရာက္လာကာ ျပန္အဆြဲခံရၿပီး ႀကီးမားက်ယ္ျပန္႔သည့္ဒယ္ဒီရဲ႕ရင္ခြင္ႀကီးထဲကို ေရာက္သြားေတာ့သည္။

"ဘာေတြ သေဘာက်ေနတာလဲ ေပါင္ေပ့" ႏိုးႏိုးခ်င္းပဲမို႔လို႔လား၊ ဒယ္ဒီရဲ႕အသံဟာ တိုးညင္းကာ ေလးပင္ၿပီး ၾသေနေတာ့သည္။ထိုအသံေၾကာင့္ ေလာ့႐ွန္ဟြာ ၾကက္သီးေမႊးမ်ားပင္ ထခ်င္သြားေပမယ့္ သူဟာ အေနာက္ဘက္ကို ေစြၾကည့္လိုက္ၿပီး မေက်မနပ္အသံျဖင့္

"ဒယ္ဒီ! " လို႔ေအာ္ေခၚလိုက္ေပမယ့္ ႐ုန္းကန္တာေတြေတာ့ မလုပ္ေပ၊ဒယ္ဒီဟာလည္း သူရဲ႕ခါးကို တင္းၾကပ္စြာဖက္ထားရင္း

"မေန႔က ဒယ္ဒီသာမ႐ွိရင္ မင္းဘာဆက္ျဖစ္သြားႏိုင္လဲ သိလား"လို႔ ထပ္ေမးလာတာေၾကာင့္ ေလာ့႐ွန္ဟြာတစ္ေယာက္ ေအာက္ႏူတ္ခမ္းေလးဖိကိုက္လိုက္ၿပီး

"မေန႔က ... ႐ွန္ေလးအမွားမွ မဟုတ္တာ"လို႔ အသံတိုးတိုးေလးနဲ႔ျပန္ေျဖလိုက္ေတာ့ သူ႔ဒယ္ဒီ က်စ္သပ္သံၾကားလိုက္ရေတာ့သည္၊

"ဒယ္ဒီက အမွား၊အမွန္ ေျပာေနတာမဟုတ္ဘူး မင္းကို နည္းနည္းသတိ႐ွိဖုိ႔ေျပာေနတာ" လို႔ ေလသံမာမာနဲ႔ေျပာလာသည့္ခ်ိန္မွာ ေလာ့႐ွန္ဟြာရဲ႕ကိုယ္ေလးဟာ တုန္တက္သြားၿပီး ေလာ့က်န္းေပ့ရဲ႕လက္တဖက္ကို ကိုင္လိုက္ၿပီး ေလသံတိုးတိုးေလးျဖင့္

"႐ွန္ေလး ေတာင္းပန္ပါတယ္..." လို႔ ေျပာလိုက္ေတာ့ သူရဲ႕နားကေန ေလပူမ်ားျဖတ္သန္းသြားၿပီး သူရဲ႕ဂုတ္သားေလးဟာ ႏြမ္းခနဲျဖစ္သြားေတာ့သည္။

"ေခါင္းမူးေနေသးလား... အထိန္းေတာ္ကို မနက္စာျပင္ခိုင္းလိုက္တယ္" လို႔ သူ႔ဒယ္ဒီ ေျပာလာမွ သူလည္း ေယာင္ယမ္းေခါင္းခါလိုက္ၿပီး

"ေခါင္းမမူးေတာ့ဘူး"

"အခ်ိန္ေနာက္က်ေနေပမယ့္ မနက္စာစားၿပီးမွ သြားေတာ့" လို႔ သူ႔ဒယ္ဒီဟာ သူခါးေပၚက လက္ေတြကို ျပန္႐ုတ္သိမ္းကာ ေျပာလာတာေၾကာင့္ ေလာ့႐ွန္ဟြာ အူေၾကာင္ေၾကာင္ မ်က္ႏွာေဘးေလးျဖင့္ ငုတ္တုတ္ထထိုင္ရင္း

"ဘယ္သြားရမွာလဲ..." လို႔ ေမးလာတာေၾကာင့္ သူ႔ဒယ္ဒီဟာ သူရဲ႕ဆံပင္မ်ားကို ဖြကာ မတ္တပ္ထရပ္လာေတာ့သည္။ ဒယ္ဒီ ေနာက္ဘက္ေက်ာျပင္က်ယ္က်ယ္ကို သူၾကည့္ရင္း လည္ဇလုပ္ေလးပင္ အေပၚအေအာက္ေရြ႔လ်ားသြားေတာ့သည္။

ေယာက်ာ္းတစ္ေယာက္ရဲ႕ေနာက္ေက်ာက ဘယ္​ေလာက္ၾကည့္ေကာင္းလဲ၊ က်ယ္ျပန္႔တဲ့ပခံုး၊ပန္းပုထုထားသလို ၾကည့္ေကာင္းသန္မာေတာင့္တင္းသည့္ လက္ျပင္ေတြ၊ထင္း႐ွားသည့္​ေက်ာ႐ိုးအလယ္၊ထိုကေန သိမ္ဆင္းသြားကာ ကြၽဲတစ္ေကာင္လိုခိုင္မာေတာင့္တင္းသည့္ခါး၊ ျပည့္စံုသည္ထက္ ပိုေသာ ၿပီးျပည့္စံုသည့္ ေယာက်ာ္းတစ္ေယာက္ရဲ႕ေနာက္ေက်ာအလွ၊ထိုလိုအရာမ်ိဳးကို သူခ်စ္ရသည့္ဒယ္ဒီ ပိုင္ဆိုင္ထားသည္။​ေ႐ွ႕ကို လွည့္လာသည့္ခ်ိန္မွာလည္း ေရလိႈင္းသဖြယ္ ၾကည့္ေကာင္းသည့္ ဝမ္းဗိုက္ႂကြက္သားအစိုင္အခဲမ်ား...

"ၾကားလား ကေလးငယ္"

"ဟမ္... ဗ်ာ...ဗ်ာ... ! " သူ႔ဒယ္ဒီရဲ႕အသံေၾကာင့္ သူ႔မွာ ေငးေမာေနရင္းကေန သတိျပန္ဝင္လာကာ သူ႔ကို စူးစိုက္ၾကည့္ေနသည့္ ဒယ္ဒီအၾကည့္မ်ားေၾကာင့္ ပါေလးရဲတြတ္သြားကာ လက္တဖက္ဟာ နားထင္ကို ကုတ္ဟန္လုပ္ရင္း

"႐ွန္ေလး ဒယ္ဒီကို လံုးဝ မၾကည့္ဘူး...ဒီအတိုင္း အေတြးတစ္ခုဝင္ေနလို႔"လို႔ ေျပာလိုက္ေတာ့ သူ႔ဒယ္ဒီဟာ 'ေအာ္' တလံုးသာ ျပန္ေျပာရင္း အနီးျပန္ေလ်ွာက္လာကာ သူရဲ႕ႏူတ္ခမ္းေထာင့္ကို သုတ္လိုက္ရင္း က်ီဆယ္သည့္အသံျဖင့္

"အေတြးက ေတာ္ေတာ္အရသာ႐ွိမွာပဲ" လို႔ေျပာကာ ေရခ်ိဳးခန္းထဲ ဝင္သြားေတာ့သည္။က်န္ရစ္သည့္ ေလာ့႐ွန္ဟြာတစ္ေယာက္ကေတာ့ ႏူတ္ခမ္းကို လက္နဲ႔ခပ္ၾကမ္းၾကမ္းပြတ္လိုက္ၿပီး သူရဲ႕နားေလးေတြဟာ ရဲတြတ္ေနရင္း ရန္႐ွာခံလိုက္သည့္ ႏူတ္ခမ္းေလးဟာလည္း အနည္းငယ္နီရဲေနေတာ့သည္။ထိုေနာက္ ေက်ာင္းဝတ္စံုလဲရန္ သူအခန္းသူျပန္ထြက္သြားေတာ့သည္။

'႐ွက္လိုက္တာ...'

ဒါေပမယ့္ မ်က္လံုးထဲျပန္ေျပးဝင္လာသည့္ခ်ိန္မွာ ဒယ္ဒီရဲ႕ေနာက္ေက်ာကို ေျပးဖက္ခ်င္သည့္စိတ္ေတြဟာ တားဆီးမရႏိုင္ေပ၊ေလာ့႐ွန္ဟြာ သူရဲ႕ ညဝတ္အက်ႌကို ခြၽတ္လိုက္ရင္း တကိုယ္လံုးေပၚမွန္အေ႐ွ႕မွာ သူကိုယ္သူ ၾကည့္လိုက္သည္။

ေသးညႇပ္ကာ ႏို႔ႏွစ္လိုျဖဴေဖြးေနသည့္ခႏၶာကိုယ္ေလးဟာ မွန္ထဲတြင္ ပံုရိပ္ထင္လာေတာ့သည္။ခုနက ေလာ့က်န္းေပ့ရဲ႕ခႏၶာကိုယ္နဲ႔ကြာဟလြန္းလွသည့္ ေလာ့႐ွန္ဟြာကိုယ္ေလးကေတာ့ ဗလလည္းမ႐ွိေပမယ့္ အဆီအပိုလည္းမ႐ွိေပ၊ပခံုးက်ဥ္းက်ဥ္းေလးေတြရယ္၊ရင္ဘက္ေပါ့က ပဲေစ့နီႏွစ္ေစ့၊ဗိုက္သားခ်ပ္ခ်ပ္ေလးေတြ၊ေလတိုက္ရံုနဲ႔က်ိဳးလြယ္သည့္ခါးသိမ္သိမ္ေလးေတြဟာ တကယ္ကိုပင္ ဘယ္နားၾကည့္ၾကည့္ က်န္းမာသန္စြမ္းသည့္ေယာက်ာ္းနဲ႔မတူေခ်၊ ပံုရိပ္ထဲက ခ်စ္စရာေကာင္းသည့္ေကာင္ေလးရဲ႕ပါးေလးေတြဟာ ေဖာင္းကာ ဆူပုပ္ပုပ္ေလးျဖစ္သြားေတာ့သည္။ထို​ေကာင္​ေလးဟာ သူရဲ႕ဝမ္ဗိုက္ခ်ပ္ခ်ပ္ေလးကို လက္တဖက္နဲ႔ ႏွစ္ခ်ပ္၊သံုးခ်ပ္႐ိုက္လိုက္ၿပီး

"ငါက ငယ္ေသးလို႔ပါ ႀကီးလာရင္ ဒယ္ဒီလို ခန္႔ေခ်ာႀကီးျဖစ္လာမွာ"လို႔ ေျပာၿပီးေနာက္ မွန္ေ႐ွ႕ကေန ခြာကာ ေက်ာင္းဝတ္စံုလဲလိုက္ေတာ့သည္။ ထိုေနာက္ သူဟာ ထမင္းစားခန္းဝင္လာ​ေတာ့ သူရဲ႕ဒယ္ဒီကို မေတြ႔တာေၾကာင့္ ေဘးနားက အေစခံေတြကို ၾကည့္ကာ

"ဒယ္ဒီေရာ"

"သခင္ႀကီးက ကားေပၚမွာ ေစာင့္ေနပါတယ္ ၿပီးေတာ့ မနက္ပိုင္းအစည္းအေဝးလုပ္ေနတာပါ သခင္ေလးစားေသာက္ၿပီးမွ လာခဲ့လို႔ မွာထားပါတယ္႐ွင့္" လို႔ ေျပာလိုက္ေတာ့ ေလာ့႐ွန္ဟြာလည္း ေခါင္းေလးတညိတ္ညိတ္ျဖင့္ သူေ႐ွ႕လာခ်သည့္ အစားအေသာက္ေတြကို ၾကည့္လိုက္သည္။

"ၾကက္သားေခါက္ဆြဲျပဳတ္ပဲ" လို႔ ေျပာရင္း ေႂကြပန္းကန္အေသးေလးရယ္၊တူကို ယူကာ ၾကက္သားေခါက္ဆြဲျပဳတ္ထည့္ထားေႂကြဇလံုထဲကေန လက္တလံုးနီးပါး႐ွိသည့္ ေခါက္ဆြဲမ်ွင္ကို သူရဲ႕ပန္းကန္လံုးထဲ တူနဲ႔ညႇပ္လိုက္သည္။ အေငြ႔တေထာင္းေထာင္းထေနသည့္ ေခါက္ဆြဲကို အပူသက္သာရဲ႕ေလမႈတ္လိုက္ၿပီးေနာက္မွာ သူဟာ စတင္စားသံုးေတာ့သည္။ မနက္ပိုင္း ဒီလိုအရသာ႐ွိတဲ့အစားအသာက္စားရတာ တကယ္ကိုကံအက်ိဴး​ေပး​ေကာင္းတယ္​ပဲ ေျပာရမလို၊အရင္ဘဝက မနက္စာျပင္ေပးမဲ့သူမ႐ွိသလို၊တစ္ခါတေလ မနက္စာပင္ လြတ္သြားတတ္ေအာင္ အလုပ္မ်ားေနခဲ့သည္။အခု​ေတာ့ ေလာ့႐ွန္ဟြာဟာ အားရပါးရေဖာ္မတမ္းစားသံုးၿပီးေနာက္မွာ စိတ္မ်ားလည္း ပိုၾကည္လင္လာေတာ့သည္။ခုခ်ိန္ တစ္ေယာက္ေယာက္ သူ႔ကို လာက်ိန္ဆဲရင္ေတာင္ နည္းနည္းေလးမွ စိတ္ဆုိးမည္မဟုတ္ေပ၊

ထိုေနာက္ အေစခံဟာ ဖန္ခြက္ရယ္ ဇြန္းေသးေသးရယ္နဲ႔ကို သူေ႐ွ႕ခ်လာကာ

"သခင္ေလး ဒါက ဂ်ယ္လီငွက္ေပါင္းအားေဆးပါ" လို႔ ေျပာလာတာေၾကာင့္ သူလည္း ဇြန္းကိုင္ကာ ခပ္လိုက္ၿပီး တဇြန္းၿပီးတဇြန္းစားလိုက္သည္။ဂ်ယ္လီငွက္ေပါင္းအားေဆးဟာ လူငယ္ေတြအတြက္ စားလို႔ေကာင္းေအာင္လုပ္ထားတာေၾကာင့္ အားေဆးမႀကိဳက္တဲ့လူငယ္ေတြပင္ ၾကယ္ငါးလံုးအဆင့္ထိသတ္မွတ္ထားသည့္အားေဆးျဖစ္သည္။သူက လ်ွာေပၚ ေပ်ာ္ဝင္ကာ အခ်ိဳအရသာဟာ စားလို႔ကုန္တဲ့အထိ က်န္ရစ္ေနတုန္းပင္၊

ေလာ့႐ွန္ဟြာ စားလို္႔ၿပီးသြားၿပီးေနာက္မွာ သူဒယ္ဒီ႐ွိရာကို သြားေတာ့သည္။ဒယ္ဒီရဲ႕ဇိမ္ခံကားထဲကို ဝင္သည့္ခ်ိန္မွာ ဒယ္ဒီဟာ Laptopတစ္လံုးနဲ႔အလုပ္႐ႈပ္ေနဆဲပင္၊ဒါေၾကာင့္ ေလာ့႐ွန္ဟြာ တိတ္တိတ္ေလးတက္လာၿပီး သူ႔ဒယ္ဒီေဘးနား ထိုင္လိုက္သည္။

"အဖြဲ႔မႉးရန္ ေျပာ Project Aက ရန္ပံုေငြကိစၥက ဘာလို႔ကြာဟေနတာလဲ" သူ႔ဒယ္ဒီရဲ႕ေအးစက္စက္အသံေၾကာင့္ သူရဲ႕ကိုယ္ေလးပါ တုန္တက္သြားေတာ့သည္၊ဒါေပမယ့္ သူရဲ႕နားရြက္ေလးကို လာေရာက္ပြတ္သပ္သည့္လက္တဖက္ေၾကာင့္ သူဟာ လွည့္ၾကည့္လိုက္ေတာ့ ဒယ္ဒီဟာ Laptop screenကိုသာ ၾကည့္ေနၿပီး ဒယ္ဒီရဲ႕လက္တဖက္ကသာ သူ႔ကို မေၾကာက္ရန္ ႏွစ္သိမ့္​ေပး​ေန​ေတာ့သည္၊

ဒါေၾကာင့္ သူလည္း ဒယ္ဒီရဲ႕လက္ကို သူရဲ႕လက္ေလးနဲ႔ဆုပ္ကိုင္ထားရင္း သူဘာမွမျဖစ္ေၾကာင္း ေျပာလိုက္သည္။အမွန္ေတာ့ ေကာင္းက်ိဳးေပးလြန္းသည့္System moonရဲ႕ ခံစားခ်က္အမူအရာထိ႐ွလြယ္သည့္အဆင့္သာ မဖြင့္ထားရင္ ငါယုန္သူငယ္ေလးလို ျဖစ္ေနစရာမလိုဘူး၊အခုေတာ့ ေလာ့က်န္းေပ့ေတာင္ ဘာမွမလုပ္ရဘူး ငါ့မွာႏွလံုးေရာဂါသည္ႀကီးက်ေနတာပဲ၊

[Moon:ညည္းမေနနဲ႔ side missionက်လာတယ္၊ ေလာ့က်န္းေပ့နဲ႔သင့္ရဲ႕ဆက္ဆံေရးထူးျခားပံုကို လူသိေအာင္ လုပ္ျပရန္ +150]

Systemေပးအပ္လာသည့္တာဝန္ကို ရ႐ွိၿပီးေနာက္မွာေတာ့ ေလာ့႐ွန္ဟြာတစ္ေယာက္မ်က္ေမွာင္ၾကဳတ္တစ္ခ်က္ၾကဳတ္သြားရင္း သူဟာ သက္ျပင္းခ်လိုက္ၿပီး ေလာ့က်န္းေပ့ရဲ႕ရင္ခြင္ထဲကို မ်က္စိစံုမွိတ္ကာ ေျပးဝင္လိုက္ေတာ့သည္။ထိုေနာက္ သူဟာ မေက်မနပ္ေလသံေလးျဖင့္

"ဒယ္ဒီ မၿပီးေသးဘူးလား...႐ွန္ေလးထက္ ဒီလူေတြက အေရးႀကီးတယ္ေပါ့" လို႔ ေျပာေနေပမယ့္ စိတ္ထဲမွာေတာ့ ေျပာမိသည့္သူ႔ပါးစပ္ကို ႐ိုက္သတ္ခ်င္ေနေတာ့သည္။ဘယ္လိုေတာင္ ခြၽဲပစ္ေနတာလဲ၊႐ုံပတီသီးေတာင္ မင္းေလာက္မခြၽဲဘူး၊တကယ္ပဲ ငါရဲ႕အ႐ွက္တရားေတြ၊

[Moon:ညည္းမေနနဲ႔]

ေလာ့က်န္းေပ့တစ္ေယာက္ ဒီဘက္မွာ project Aအတြက္ အေရးႀကီးအစည္းအေဝးက်င္းပေနေပမယ့္ သူ႔ကေလးငယ္ရဲ႕အသံခ်ိဳခ်ိဳေလးၾကားခ်ိန္မွာ သူရပ္တန္႔သြားၿပီး သူရင္ခြင္ထဲအတင္းတိုးဝင္လာသည့္ ကေလးငယ္ကို သူရဲ႕လက္တဖက္နဲ႔ထိန္းေပးလိုက္ရင္း ေက်ာျပင္ေသးေသးေလးကို ဖြဖြေလးပုတ္ကာ

"မဆုိးနဲ႔" လို႔ ေျပာလိုက္ေပမယ့္ ေလာ့က်န္းေပ့ရဲ႕အသံဟာ ခုနက screenတဖက္ကလူေတြကို ၾကည့္သည့္အသံနဲ႔ကြာျခားလြန္းလွတာေၾကာင့္ တဖက္ကလူမ်ားဟာ အံ့အားသင့္ေနက်ေတာ့သည္။သူတို႔ရဲ႔ ဥကၠဋလက္႐ွိပံုစံကို မျမင္ဖူးတာေၾကာင့္ သူတို႔မွာေၾကာင္အၾကည့္ေနရံုသာတတ္ႏိုင္သည္။

ဥကၠဋေလာ့ရင္ခြင္ထဲကေကာင္ေလးက သခင္ေလးေလာ့႐ွန္ဟြာလား၊သူတို႔ သိရသေလာက္ ဥကၠဋေလာ့ဟာ သူရဲ႕သားကို သေဘာမက်ဘူးမလား၊ၾကည့္ရတာ သူတို႔ၾကားရတဲ့သတင္းေတြက ေကာလဟာလျဖစ္ပံုရသည္။ဥကၠဋေလာ့ဟာ သခင္ေလးေလာ့ေပၚ အေလးထားပံုရသည္။

ေလာ့က်န္းေပ့ဟာ သူ႔လူေတြရဲ႕အေတြးကို မသိစြာ သူ႔မွာ ပန္ဒါေလးလို သူကိုဖက္တြယ္ထားသည့္ကေလးငယ္ေၾကာင့္ ကူရာမဲ့ေနေတာ့သည္။ဒါေၾကာင့္ ေနာက္ဆံုး အစည္းအေဝးကို ရပ္လိုက္ၿပီး Screenပိတ္က်သြားေတာ့မွာ သူ႔ရင္ခြင္ထဲက ကေလးငယ္ရဲ႕ေမးကို ပင့္လိုက္ၿပီး

"ဒယ္ဒီကို ဘာလို႔ေႏွာင့္ယွက္ေနရတာလဲ" လို႔ ေမးလိုက္ေတာ့ ကေလးငယ္ရဲ႕ႏူတ္ခမ္းေလးမ်ားဟာ ဖြင့္ဟကာ ရယ္ေမာလာေတာ့သည္။မ်က္လံုးေလးမ်ားဟာ ေမွးမွိတ္သြားၿပီး ပါးေလးေတြေဖာင္းတက္ကာ ပုလဲလိုျဖဴေဖြးသည့္သြားေလးေတြေပၚလာသည့္အထိ ရယ္ေမာေနသည့္ကေလးငယ္ရဲ႕ပံုစံေလးေၾကာင့္ သူရဲ႕စိတ္မ်ားပင္ ပိုမိုၾကည္လင္သြားၿပီး

"ေတာ္ေတာ္ေပ်ာ္ေနတာလား"

"အြန္း! အရမ္းေပ်ာ္တယ္...ဟိဟိ ဒယ္ဒီက ႐ွန္ေလးကို ပိုခ်စ္တာေပါ့ေနာ္" ျမျပာေရာင္မ်က္ဝန္းမ်ားဟာ အလင္းထိုးေမာင္းထားသလို လင္းလက္ေတာက္ပေနေတာ့သည္၊ေလာ့က်န္းေပ့ ဘာမွမေျပာေပမယ့္ သူရဲ႕ႏူတ္ခမ္းေထာင့္ဟာ အနည္းငယ္ေကာ့သြားၿပီးေနာက္ သူဟာ ေခ်ာင္းတခ်က္ဟန္႔ကာ

"ေက်ာင္းကို ေမာင္းေတာ့" လို႔ ဒ႐ိုင္ဘာကို လွမ္းေျပာလိုက္ေတာ့သည္။
---------------------

အျပာေရာင္ေကာင္းကင္ႀကီးေအာက္က
ပင္လယ္ႀကီးဟာ ဒယ္ဒီရဲ႕အခ်စ္လိုပဲ၊

ပင္လယ္ႀကီးေအာက္မွာ ႐ွင္သန္ေနတဲ့တမာေလးကေတာ့
႐ွန္႔ဟြာလိုပဲ၊

ပင္လယ္ဟာ တမာေလး ႐ွိမွန္းေတာင္မသိေပမယ့္ တမာ​ေလးဟာ ပင္လယ္ႀကီးကို သူရဲ႕ဘဝလို သတ္မွတ္ထားတယ္။

အဲ့လိုပဲ က်ြန္ေတာ္ကလဲ ဒယ္ဒီေပးကမ္းတဲ့အခ်စ္နဲ႔႐ွင္သန္ၿပီး ၊
ဒယ္ဒီေၾကာင့္ ႐ွင္သန္ေနတဲ့လူငယ္ေလးတစ္ေယာက္ေပါ့... ၊

------------
စာေရးဆရာ ေျပာ...

ေလာ့႐ွန္ဟြာ: No!!!! ကြၽန္ေတာ္ေျပာမယ္ ဘယ္မွာလဲ အမွတ္!!!

Moon: အဲ့ေလာက္အေသးအမႊားေလးနဲ႔ အမွတ္လိုခ်င္တယ္ ဟုတ္လား သြား စိတ္က်န္းမာေရးဆရာဝန္ဆီ သြားျပ

ေလာ့႐ွန္ဟြာ: systemအစုတ္အျပတ္!!!

စာေရးဆရာ: ေျပာ...

ေလာ့႐ွန္ဟြာ/Systen:ပိတ္ထား ခင္ဗ်ား!!!!

စာေရးဆရာ: (৹ᵒ̴̶̷᷄﹏ᵒ̴̶̷᷅৹)

-*-*-*-*-*-
Unicode

Chapter -36(ဒယ်ဒီက ရှန်လေးကို ပိုချစ်တာပေါ့နော်)

လော့ရှန်ဟွာ သူရဲ့မျက်နှာကို အလင်းစူးလာတာကြောင့် မျက်မှောင်ကြုတ်သွားပြီး ပြတင်းပေါက်ဘက်ကို ကျောပေးကာ ရှေ့ကို တိုးကာ ဖက်လုံးဖက်ရန် လက်တင်လိုက်ပေမယ့် ဖက်လုံးမဟုတ်ဘဲ နွေးကာကျယ်ပြန်သည့်မျက်နှာပြင်ပေါ်လက်တင်မိသွားတာကြောင့် အလန့်တကြားလက်ကို ပြန်ရုတ်သိမ်းကာ မျက်လုံးပြူးပြဲကြည့်လိုက်တော့ ပြတင်းပေါက်မှာ ဖြာကျဆင်းလာသည့်နေရောင်ခြည်ထက် ပိုမိုလင်းလက်စူးရှတောက်ပသည့် နတ်ဘုရားကြီး အဲလေ သူရဲ့ဒယ်ဒီကို မြင်လိုက်ရတော့သည်၊

ဒယ်ဒီဟာ သူ့ဘေးတွင် အသက်ရှူမှန်မှန်နဲ့အိပ်စက်နေပြီး ဒယ်ဒီရဲ့ အမြဲသေသပ်ကာ ဖြီးသပ်ထားသည့်ဆံပင်တွေဟာ အခုတော့ အနည်းငယ်ဖွာကြဲကျနေတာကြောင့် ဒယ်ဒီရဲ့လေးထောင်အချိုးမျက်နှာထက်တွင် ပိုမိုကြည့်ကောင်းနေပြီး ဒယ်ဒီကို ပိုမိုငယ်ရွယ်စေပုံပေါက်သည်။အပေါ်ပိုင်းဗလာဖြစ်နေတာကြောင့် ဒယ်ဒီရဲ့တောင့်တင်းကျယ်ပြန့်သည်ရင်အုံကျယ်ဟာ သူခုနက ထိတွေ့မိသည့် နွေးပြီးကျယ်ပြန့်သည့်မျက်နှာပြင်ဆိုတာ စဉ်းစားစရာမလိုအောင်ပင်။

ဒါကြောင့် လော့ရှန်ဟွာ သူရဲ့လက်တွေကို ဒယ်ဒီရဲ့ရင်ဘက်ပေါ် တင်ရန် လှမ်းလိုက်ပေမယ့် သူ့ဒယ်ဒီ နိုးသွားမှာလဲ ကြောက်တာကြောင့် သူရဲ့လက်လေးကို ပြန်ရုတ်သိမ်းလိုက်ပြီး ဒယ်ဒီရဲ့မျက်နှာတော်ကိုသာ ဖူးမော်နေတော့သည်။

'ဒယ်ဒီကအရမ်းကြည့်ကောင်းတာပဲ "

တိုတိုစိပ်စိပ်မျက်တောင်တွေဝန်းရံထားပြီး အမြဲလူတစ်ဖက်သားကို စိတ်အတွင်းပိုင်းထိရောက်အောင်ကြည့်ရှုတတ်သည့်မျက်လုံးများကတော့ မှေးမှိတ်ထားတော့သည်။

နောက်တော့ လော့ရှန်ဟွာ သူရဲ့လက်သန်းလေးနဲ့ လော့ကျန်းပေ့ရဲ့ဖြောင့်စင်းနေသည်နှာတံထိပ်ဖူးကို ဖွဖွလေးထိတွေ့ကာ ခပ်တိုးတိုးလေးရယ်လိုက်သည်။

"ဒယ်ဒီရဲ့နှာခေါင်းထိပ်ကို ကိုက်လိုက်ချင်တယ်" လို့ လော့ရှန်ဟွာဟာ အံလေးကြိတ်ကာပြောလိုက်ပေမယ့် လက်တွေ့မှာတော့ သူ့ဒယ်ဒီနိုးသွားမှာကြောက်နေမိသည်။နေပါဦး ငါက ဘယ်လိုလုပ်ပြီး ဒယ်ဒီရဲ့မွေ့ယာပေါ်ရောက်နေရတာလဲ၊ မနေ့က System Moon နဲ့ရန်သတ်ပြီးနောက်မှာ သူပြန်အိပ်ပျော်သွားခဲ့သည်မလား၊ဒါဆို မနေ့ညက ဒယ်ဒီက သူ့ဘေးပြန်လာအိပ်တာပေါ့

"ဟီဟီ" လော့ရှန်ဟွာ အသံလေးရယ်မောလိုက်ပြီးနောက်မှာ သူဟာ ကုတင်ပေါ်ကဆင်းရန်အလုပ် အနောက်ကနေ လက်တဖက်ဟာ သူ့ဗိုက်ချပ်ချပ်လေးပေါ်ရောက်လာကာ ပြန်အဆွဲခံရပြီး ကြီးမားကျယ်ပြန့်သည့်ဒယ်ဒီရဲ့ရင်ခွင်ကြီးထဲကို ရောက်သွားတော့သည်။

"ဘာတွေ သဘောကျနေတာလဲ ပေါင်ပေ့" နိုးနိုးချင်းပဲမို့လို့လား၊ ဒယ်ဒီရဲ့အသံဟာ တိုးညင်းကာ လေးပင်ပြီး သြနေတော့သည်။ထိုအသံကြောင့် လော့ရှန်ဟွာ ကြက်သီးမွှေးများပင် ထချင်သွားပေမယ့် သူဟာ အနောက်ဘက်ကို စွေကြည့်လိုက်ပြီး မကျေမနပ်အသံဖြင့်

"ဒယ်ဒီ! " လို့အော်ခေါ်လိုက်ပေမယ့် ရုန်းကန်တာတွေတော့ မလုပ်ပေ၊ဒယ်ဒီဟာလည်း သူရဲ့ခါးကို တင်းကြပ်စွာဖက်ထားရင်း

"မနေ့က ဒယ်ဒီသာမရှိရင် မင်းဘာဆက်ဖြစ်သွားနိုင်လဲ သိလား"လို့ ထပ်မေးလာတာကြောင့် လော့ရှန်ဟွာတစ်ယောက် အောက်နူတ်ခမ်းလေးဖိကိုက်လိုက်ပြီး

"မနေ့က ... ရှန်လေးအမှားမှ မဟုတ်တာ"လို့ အသံတိုးတိုးလေးနဲ့ပြန်ဖြေလိုက်တော့ သူ့ဒယ်ဒီ ကျစ်သပ်သံကြားလိုက်ရတော့သည်၊

"ဒယ်ဒီက အမှား၊အမှန် ပြောနေတာမဟုတ်ဘူး မင်းကို နည်းနည်းသတိရှိဖို့ပြောနေတာ" လို့ လေသံမာမာနဲ့ပြောလာသည့်ချိန်မှာ လော့ရှန်ဟွာရဲ့ကိုယ်လေးဟာ တုန်တက်သွားပြီး လော့ကျန်းပေ့ရဲ့လက်တဖက်ကို ကိုင်လိုက်ပြီး လေသံတိုးတိုးလေးဖြင့်

"ရှန်လေး တောင်းပန်ပါတယ်..." လို့ ပြောလိုက်တော့ သူရဲ့နားကနေ လေပူများဖြတ်သန်းသွားပြီး သူရဲ့ဂုတ်သားလေးဟာ နွမ်းခနဲဖြစ်သွားတော့သည်။

"ခေါင်းမူးနေသေးလား... အထိန်းတော်ကို မနက်စာပြင်ခိုင်းလိုက်တယ်" လို့ သူ့ဒယ်ဒီ ပြောလာမှ သူလည်း ယောင်ယမ်းခေါင်းခါလိုက်ပြီး

"ခေါင်းမမူးတော့ဘူး"

"အချိန်နောက်ကျနေပေမယ့် မနက်စာစားပြီးမှ သွားတော့" လို့ သူ့ဒယ်ဒီဟာ သူခါးပေါ်က လက်တွေကို ပြန်ရုတ်သိမ်းကာ ပြောလာတာကြောင့် လော့ရှန်ဟွာ အူကြောင်ကြောင် မျက်နှာဘေးလေးဖြင့် ငုတ်တုတ်ထထိုင်ရင်း

"ဘယ်သွားရမှာလဲ..." လို့ မေးလာတာကြောင့် သူ့ဒယ်ဒီဟာ သူရဲ့ဆံပင်များကို ဖွကာ မတ်တပ်ထရပ်လာတော့သည်။ ဒယ်ဒီ နောက်ဘက်ကျောပြင်ကျယ်ကျယ်ကို သူကြည့်ရင်း လည်ဇလုပ်လေးပင် အပေါ်အအောက်ရွေ့လျားသွားတော့သည်။

ယောကျာ်းတစ်ယောက်ရဲ့နောက်ကျောက ဘယ်​လောက်ကြည့်ကောင်းလဲ၊ ကျယ်ပြန့်တဲ့ပခုံး၊ပန်းပုထုထားသလို ကြည့်ကောင်းသန်မာတောင့်တင်းသည့် လက်ပြင်တွေ၊ထင်းရှားသည့်​ကျောရိုးအလယ်၊ထိုကနေ သိမ်ဆင်းသွားကာ ကျွဲတစ်ကောင်လိုခိုင်မာတောင့်တင်းသည့်ခါး၊ ပြည့်စုံသည်ထက် ပိုသော ပြီးပြည့်စုံသည့် ယောကျာ်းတစ်ယောက်ရဲ့နောက်ကျောအလှ၊ထိုလိုအရာမျိုးကို သူချစ်ရသည့်ဒယ်ဒီ ပိုင်ဆိုင်ထားသည်။​ရှေ့ကို လှည့်လာသည့်ချိန်မှာလည်း ရေလှိုင်းသဖွယ် ကြည့်ကောင်းသည့် ဝမ်းဗိုက်ကြွက်သားအစိုင်အခဲများ...

"ကြားလား ကလေးငယ်"

"ဟမ်... ဗျာ...ဗျာ... ! " သူ့ဒယ်ဒီရဲ့အသံကြောင့် သူ့မှာ ငေးမောနေရင်းကနေ သတိပြန်ဝင်လာကာ သူ့ကို စူးစိုက်ကြည့်နေသည့် ဒယ်ဒီအကြည့်များကြောင့် ပါလေးရဲတွတ်သွားကာ လက်တဖက်ဟာ နားထင်ကို ကုတ်ဟန်လုပ်ရင်း

"ရှန်လေး ဒယ်ဒီကို လုံးဝ မကြည့်ဘူး...ဒီအတိုင်း အတွေးတစ်ခုဝင်နေလို့"လို့ ပြောလိုက်တော့ သူ့ဒယ်ဒီဟာ 'အော်' တလုံးသာ ပြန်ပြောရင်း အနီးပြန်လျှောက်လာကာ သူရဲ့နူတ်ခမ်းထောင့်ကို သုတ်လိုက်ရင်း ကျီဆယ်သည့်အသံဖြင့်

"အတွေးက တော်တော်အရသာရှိမှာပဲ" လို့ပြောကာ ရေချိုးခန်းထဲ ဝင်သွားတော့သည်။ကျန်ရစ်သည့် လော့ရှန်ဟွာတစ်ယောက်ကတော့ နူတ်ခမ်းကို လက်နဲ့ခပ်ကြမ်းကြမ်းပွတ်လိုက်ပြီး သူရဲ့နားလေးတွေဟာ ရဲတွတ်နေရင်း ရန်ရှာခံလိုက်သည့် နူတ်ခမ်းလေးဟာလည်း အနည်းငယ်နီရဲနေတော့သည်။ထိုနောက် ကျောင်းဝတ်စုံလဲရန် သူအခန်းသူပြန်ထွက်သွားတော့သည်။

'ရှက်လိုက်တာ...'

ဒါပေမယ့် မျက်လုံးထဲပြန်ပြေးဝင်လာသည့်ချိန်မှာ ဒယ်ဒီရဲ့နောက်ကျောကို ပြေးဖက်ချင်သည့်စိတ်တွေဟာ တားဆီးမရနိုင်ပေ၊လော့ရှန်ဟွာ သူရဲ့ ညဝတ်အကျႌကို ချွတ်လိုက်ရင်း တကိုယ်လုံးပေါ်မှန်အရှေ့မှာ သူကိုယ်သူ ကြည့်လိုက်သည်။

သေးညှပ်ကာ နို့နှစ်လိုဖြူဖွေးနေသည့်ခန္ဓာကိုယ်လေးဟာ မှန်ထဲတွင် ပုံရိပ်ထင်လာတော့သည်။ခုနက လော့ကျန်းပေ့ရဲ့ခန္ဓာကိုယ်နဲ့ကွာဟလွန်းလှသည့် လော့ရှန်ဟွာကိုယ်လေးကတော့ ဗလလည်းမရှိပေမယ့် အဆီအပိုလည်းမရှိပေ၊ပခုံးကျဉ်းကျဉ်းလေးတွေရယ်၊ရင်ဘက်ပေါ့က ပဲစေ့နီနှစ်စေ့၊ဗိုက်သားချပ်ချပ်လေးတွေ၊လေတိုက်ရုံနဲ့ကျိုးလွယ်သည့်ခါးသိမ်သိမ်လေးတွေဟာ တကယ်ကိုပင် ဘယ်နားကြည့်ကြည့် ကျန်းမာသန်စွမ်းသည့်ယောကျာ်းနဲ့မတူချေ၊ ပုံရိပ်ထဲက ချစ်စရာကောင်းသည့်ကောင်လေးရဲ့ပါးလေးတွေဟာ ဖောင်းကာ ဆူပုပ်ပုပ်လေးဖြစ်သွားတော့သည်။ထို​ကောင်​လေးဟာ သူရဲ့ဝမ်ဗိုက်ချပ်ချပ်လေးကို လက်တဖက်နဲ့ နှစ်ချပ်၊သုံးချပ်ရိုက်လိုက်ပြီး

"ငါက ငယ်သေးလို့ပါ ကြီးလာရင် ဒယ်ဒီလို ခန့်ချောကြီးဖြစ်လာမှာ"လို့ ပြောပြီးနောက် မှန်ရှေ့ကနေ ခွာကာ ကျောင်းဝတ်စုံလဲလိုက်တော့သည်။ ထိုနောက် သူဟာ ထမင်းစားခန်းဝင်လာ​တော့ သူရဲ့ဒယ်ဒီကို မတွေ့တာကြောင့် ဘေးနားက အစေခံတွေကို ကြည့်ကာ

"ဒယ်ဒီရော"

"သခင်ကြီးက ကားပေါ်မှာ စောင့်နေပါတယ် ပြီးတော့ မနက်ပိုင်းအစည်းအဝေးလုပ်နေတာပါ သခင်လေးစားသောက်ပြီးမှ လာခဲ့လို့ မှာထားပါတယ်ရှင့်" လို့ ပြောလိုက်တော့ လော့ရှန်ဟွာလည်း ခေါင်းလေးတညိတ်ညိတ်ဖြင့် သူရှေ့လာချသည့် အစားအသောက်တွေကို ကြည့်လိုက်သည်။

"ကြက်သားခေါက်ဆွဲပြုတ်ပဲ" လို့ ပြောရင်း ကြွေပန်းကန်အသေးလေးရယ်၊တူကို ယူကာ ကြက်သားခေါက်ဆွဲပြုတ်ထည့်ထားကြွေဇလုံထဲကနေ လက်တလုံးနီးပါးရှိသည့် ခေါက်ဆွဲမျှင်ကို သူရဲ့ပန်းကန်လုံးထဲ တူနဲ့ညှပ်လိုက်သည်။ အငွေ့တထောင်းထောင်းထနေသည့် ခေါက်ဆွဲကို အပူသက်သာရဲ့လေမှုတ်လိုက်ပြီးနောက်မှာ သူဟာ စတင်စားသုံးတော့သည်။ မနက်ပိုင်း ဒီလိုအရသာရှိတဲ့အစားအသာက်စားရတာ တကယ်ကိုကံအကျိူး​ပေး​ကောင်းတယ်​ပဲ ပြောရမလို၊အရင်ဘဝက မနက်စာပြင်ပေးမဲ့သူမရှိသလို၊တစ်ခါတလေ မနက်စာပင် လွတ်သွားတတ်အောင် အလုပ်များနေခဲ့သည်။အခု​တော့ လော့ရှန်ဟွာဟာ အားရပါးရဖော်မတမ်းစားသုံးပြီးနောက်မှာ စိတ်များလည်း ပိုကြည်လင်လာတော့သည်။ခုချိန် တစ်ယောက်ယောက် သူ့ကို လာကျိန်ဆဲရင်တောင် နည်းနည်းလေးမှ စိတ်ဆိုးမည်မဟုတ်ပေ၊

ထိုနောက် အစေခံဟာ ဖန်ခွက်ရယ် ဇွန်းသေးသေးရယ်နဲ့ကို သူရှေ့ချလာကာ

"သခင်လေး ဒါက ဂျယ်လီငှက်ပေါင်းအားဆေးပါ" လို့ ပြောလာတာကြောင့် သူလည်း ဇွန်းကိုင်ကာ ခပ်လိုက်ပြီး တဇွန်းပြီးတဇွန်းစားလိုက်သည်။ဂျယ်လီငှက်ပေါင်းအားဆေးဟာ လူငယ်တွေအတွက် စားလို့ကောင်းအောင်လုပ်ထားတာကြောင့် အားဆေးမကြိုက်တဲ့လူငယ်တွေပင် ကြယ်ငါးလုံးအဆင့်ထိသတ်မှတ်ထားသည့်အားဆေးဖြစ်သည်။သူက လျှာပေါ် ပျော်ဝင်ကာ အချိုအရသာဟာ စားလို့ကုန်တဲ့အထိ ကျန်ရစ်နေတုန်းပင်၊

လော့ရှန်ဟွာ စားလို့်ပြီးသွားပြီးနောက်မှာ သူဒယ်ဒီရှိရာကို သွားတော့သည်။ဒယ်ဒီရဲ့ဇိမ်ခံကားထဲကို ဝင်သည့်ချိန်မှာ ဒယ်ဒီဟာ Laptopတစ်လုံးနဲ့အလုပ်ရှုပ်နေဆဲပင်၊ဒါကြောင့် လော့ရှန်ဟွာ တိတ်တိတ်လေးတက်လာပြီး သူ့ဒယ်ဒီဘေးနား ထိုင်လိုက်သည်။

"အဖွဲ့မှူးရန် ပြော Project Aက ရန်ပုံငွေကိစ္စက ဘာလို့ကွာဟနေတာလဲ" သူ့ဒယ်ဒီရဲ့အေးစက်စက်အသံကြောင့် သူရဲ့ကိုယ်လေးပါ တုန်တက်သွားတော့သည်၊ဒါပေမယ့် သူရဲ့နားရွက်လေးကို လာရောက်ပွတ်သပ်သည့်လက်တဖက်ကြောင့် သူဟာ လှည့်ကြည့်လိုက်တော့ ဒယ်ဒီဟာ Laptop screenကိုသာ ကြည့်နေပြီး ဒယ်ဒီရဲ့လက်တဖက်ကသာ သူ့ကို မကြောက်ရန် နှစ်သိမ့်​ပေး​နေ​တော့သည်၊

ဒါကြောင့် သူလည်း ဒယ်ဒီရဲ့လက်ကို သူရဲ့လက်လေးနဲ့ဆုပ်ကိုင်ထားရင်း သူဘာမှမဖြစ်ကြောင်း ပြောလိုက်သည်။အမှန်တော့ ကောင်းကျိုးပေးလွန်းသည့်System moonရဲ့ ခံစားချက်အမူအရာထိရှလွယ်သည့်အဆင့်သာ မဖွင့်ထားရင် ငါယုန်သူငယ်လေးလို ဖြစ်နေစရာမလိုဘူး၊အခုတော့ လော့ကျန်းပေ့တောင် ဘာမှမလုပ်ရဘူး ငါ့မှာနှလုံးရောဂါသည်ကြီးကျနေတာပဲ၊

[Moon:ညည်းမနေနဲ့ side missionကျလာတယ်၊ လော့ကျန်းပေ့နဲ့သင့်ရဲ့ဆက်ဆံရေးထူးခြားပုံကို လူသိအောင် လုပ်ပြရန် +150]

Systemပေးအပ်လာသည့်တာဝန်ကို ရရှိပြီးနောက်မှာတော့ လော့ရှန်ဟွာတစ်ယောက်မျက်မှောင်ကြုတ်တစ်ချက်ကြုတ်သွားရင်း သူဟာ သက်ပြင်းချလိုက်ပြီး လော့ကျန်းပေ့ရဲ့ရင်ခွင်ထဲကို မျက်စိစုံမှိတ်ကာ ပြေးဝင်လိုက်တော့သည်။ထိုနောက် သူဟာ မကျေမနပ်လေသံလေးဖြင့်

"ဒယ်ဒီ မပြီးသေးဘူးလား...ရှန်လေးထက် ဒီလူတွေက အရေးကြီးတယ်ပေါ့" လို့ ပြောနေပေမယ့် စိတ်ထဲမှာတော့ ပြောမိသည့်သူ့ပါးစပ်ကို ရိုက်သတ်ချင်နေတော့သည်။ဘယ်လိုတောင် ချွဲပစ်နေတာလဲ၊ရုံပတီသီးတောင် မင်းလောက်မချွဲဘူး၊တကယ်ပဲ ငါရဲ့အရှက်တရားတွေ၊

[Moon:ညည်းမနေနဲ့]

လော့ကျန်းပေ့တစ်ယောက် ဒီဘက်မှာ project Aအတွက် အရေးကြီးအစည်းအဝေးကျင်းပနေပေမယ့် သူ့ကလေးငယ်ရဲ့အသံချိုချိုလေးကြားချိန်မှာ သူရပ်တန့်သွားပြီး သူရင်ခွင်ထဲအတင်းတိုးဝင်လာသည့် ကလေးငယ်ကို သူရဲ့လက်တဖက်နဲ့ထိန်းပေးလိုက်ရင်း ကျောပြင်သေးသေးလေးကို ဖွဖွလေးပုတ်ကာ

"မဆိုးနဲ့" လို့ ပြောလိုက်ပေမယ့် လော့ကျန်းပေ့ရဲ့အသံဟာ ခုနက screenတဖက်ကလူတွေကို ကြည့်သည့်အသံနဲ့ကွာခြားလွန်းလှတာကြောင့် တဖက်ကလူများဟာ အံ့အားသင့်နေကျတော့သည်။သူတို့ရဲ့ ဥက္ကဋလက်ရှိပုံစံကို မမြင်ဖူးတာကြောင့် သူတို့မှာကြောင်အကြည့်နေရုံသာတတ်နိုင်သည်။

ဥက္ကဋလော့ရင်ခွင်ထဲကကောင်လေးက သခင်လေးလော့ရှန်ဟွာလား၊သူတို့ သိရသလောက် ဥက္ကဋလော့ဟာ သူရဲ့သားကို သဘောမကျဘူးမလား၊ကြည့်ရတာ သူတို့ကြားရတဲ့သတင်းတွေက ကောလဟာလဖြစ်ပုံရသည်။ဥက္ကဋလော့ဟာ သခင်လေးလော့ပေါ် အလေးထားပုံရသည်။

လော့ကျန်းပေ့ဟာ သူ့လူတွေရဲ့အတွေးကို မသိစွာ သူ့မှာ ပန်ဒါလေးလို သူကိုဖက်တွယ်ထားသည့်ကလေးငယ်ကြောင့် ကူရာမဲ့နေတော့သည်။ဒါကြောင့် နောက်ဆုံး အစည်းအဝေးကို ရပ်လိုက်ပြီး Screenပိတ်ကျသွားတော့မှာ သူ့ရင်ခွင်ထဲက ကလေးငယ်ရဲ့မေးကို ပင့်လိုက်ပြီး

"ဒယ်ဒီကို ဘာလို့နှောင့်ယှက်နေရတာလဲ" လို့ မေးလိုက်တော့ ကလေးငယ်ရဲ့နူတ်ခမ်းလေးများဟာ ဖွင့်ဟကာ ရယ်မောလာတော့သည်။မျက်လုံးလေးများဟာ မှေးမှိတ်သွားပြီး ပါးလေးတွေဖောင်းတက်ကာ ပုလဲလိုဖြူဖွေးသည့်သွားလေးတွေပေါ်လာသည့်အထိ ရယ်မောနေသည့်ကလေးငယ်ရဲ့ပုံစံလေးကြောင့် သူရဲ့စိတ်များပင် ပိုမိုကြည်လင်သွားပြီး

"တော်တော်ပျော်နေတာလား"

"အွန်း! အရမ်းပျော်တယ်...ဟိဟိ ဒယ်ဒီက ရှန်လေးကို ပိုချစ်တာပေါ့နော်" မြပြာရောင်မျက်ဝန်းများဟာ အလင်းထိုးမောင်းထားသလို လင်းလက်တောက်ပနေတော့သည်၊လော့ကျန်းပေ့ ဘာမှမပြောပေမယ့် သူရဲ့နူတ်ခမ်းထောင့်ဟာ အနည်းငယ်ကော့သွားပြီးနောက် သူဟာ ချောင်းတချက်ဟန့်ကာ

"ကျောင်းကို မောင်းတော့" လို့ ဒရိုင်ဘာကို လှမ်းပြောလိုက်တော့သည်။
---------------------

အပြာရောင်ကောင်းကင်ကြီးအောက်က
ပင်လယ်ကြီးဟာ ဒယ်ဒီရဲ့အချစ်လိုပဲ၊

ပင်လယ်ကြီးအောက်မှာ ရှင်သန်နေတဲ့တမာလေးကတော့
ရှန့်ဟွာလိုပဲ၊

ပင်လယ်ဟာ တမာလေး ရှိမှန်းတောင်မသိပေမယ့် တမာ​လေးဟာ ပင်လယ်ကြီးကို သူရဲ့ဘဝလို သတ်မှတ်ထားတယ်။

အဲ့လိုပဲ ကျွန်တော်ကလဲ ဒယ်ဒီပေးကမ်းတဲ့အချစ်နဲ့ရှင်သန်ပြီး ၊
ဒယ်ဒီကြောင့် ရှင်သန်နေတဲ့လူငယ်လေးတစ်ယောက်ပေါ့... ၊

------------
စာရေးဆရာ ပြော...

လော့ရှန်ဟွာ: No!!!! ကျွန်တော်ပြောမယ် ဘယ်မှာလဲ အမှတ်!!!

Moon: အဲ့လောက်အသေးအမွှားလေးနဲ့ အမှတ်လိုချင်တယ် ဟုတ်လား သွား စိတ်ကျန်းမာရေးဆရာဝန်ဆီ သွားပြ

လော့ရှန်ဟွာ: systemအစုတ်အပြတ်!!!

စာရေးဆရာ: ပြော...

လော့ရှန်ဟွာ/Systen:ပိတ်ထား ခင်ဗျား!!!!

စာရေးဆရာ: (৹ᵒ̴̶̷᷄﹏ᵒ̴̶̷᷅৹)

-*-*-*-*-*-

Continue Reading

You'll Also Like

963K 50.3K 44
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
732K 7.8K 98
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
201K 4.9K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်