Uni❤️
ပုံမှန်ရုံးပိတ်ရက်ဆိုရင် စနေနေ့ကိုကြီးတို့အိမ်ကိုအလည်သွားဖြစ်တယ် ကြီးကြီးကလည်းလွမ်းတယ်ခနခနပြောလို့ ။ တနင်္ဂနွေဆိုရင်ကျောက်ယွီနဲ့အေးအေးအေးဆေးဆေးဒိတ်ဖြစ်ကြတယ် ။ ကိုငယ်ကလည်းကိုကြီးကုပ္မဏီမှာအလုပ်ဝင်ကူလုပ်ပေးနေပြီဖြစ်သည် ။ ဖြတ်လမ်းကဝင်လုပ်ကြသည်ဆိုပြီးရှယ်ယာရှင်တွေဝန်ထမ်းတွေကတီးတိုးပြောချင်ကြပေမဲ့ တကယ်တမ်းကိုငယ့်အရည်အချင်းကိုလည်းမြင်ကြရောဘယ်သူမှမထီမဲ့မြင်မပြုရဲကြတော့ပေ ။
ဒီနေ့စနေနေ့မလို့ပုံမှန်အတိုင်းအိမ်ကိုအလည်သွားမလို့စဉ်းစားမိပေမဲ့ ကိုငယ်ရှိနေတာမလို့စိတ်ကမသွားချင် ။ ကုပ္မဏီမှာကလည်းသိပ်မတွေ့မိကြဘူး ဟိုတခါမနက်အစောကြီးထပြန်သွားတဲ့နေ့ကတည်းကလည်းအိမ်ကိုမလာတော့တာကြောင့် သူနဲ့ကလုံးဝမတွေ့ဖြစ်ကြဘူး ။ အခုလိုအိမ်ကိုသွားရင်တော့တွေ့မှာသေချာသည်မို့ မသွားချင်တဲ့စိတ်ကကြီးစိူးနေလေသည် ။
Ring ...
" ဟယ်လို ကြီးကြီး "
" အားကျန့်လေးလာရင် နွားနို့လေးဝင်ဝယ်ခဲ့ပါအုံးကွယ် ကြီးကြီးကအသက်ကြီးလာပြီဆိုတော့မေ့တတ်နေပြီကွယ် "
သူပြန်ရောက်တာနဲ့နွားနို့ကဝယ်ရပြီ ။ အသက်ကပဲဘယ်လောက်ရှိနေပြီလဲ အခုထက်ထိနွားနို့သောက်တုန်းလား သူက ။
" ဟုတ်ကဲ့ ကြီးကြီး "
" အေးအေး သား ၊ ကားသေချာမောင်းခဲ့နော် "
" ဟုတ်ကဲ့ "
တီ ~ ~ ~
ကြီးကြီးကိုလည်းမလာတော့ဘူးလို့မငြင်းချင်ဘူး ။
အို!ဘာဖြစ်လို့ကိုယ်ကသူ့ကိုရှောင်နေရမှာလဲ ။ ပြီးတော့တသက်လုံးလည်းရှောင်နေလို့ရတာမှမဟုတ်တာ ။ ကိုယ်ကသာဒီလိုချီတုံချတုံဖြစ်နေတာ သူကတော့ကိုယ်နဲ့ပတ်သတ်ပြီးဘာမှတောင်အရေးတယူစဉ်းစားနေမှာမဟုတ် !
ရှောင်းကျန့်တစ်ယောက်သူ့အကြောင်းတွေကိုခေါင်းထဲကထုတ်ပြီး အိပ်ယာပေါ်မှထကာရေချိုးခန်းထဲဝင်ပြီးမျက်နှာသစ်ရင်း တစ်လက်စတည်းရေချိုးလိုက်သည် ။ မနက်စာကတော့အိမ်ရောက်မှစားနေကျမို့ အဝတ်အစားလဲပြီးတာနဲ့အိမ်တံခါးတွေပိတ် လိုက်စစ်ပြီးတာနဲ့ကားလေးမောင်းကာ နွားနို့ဝင်ဝယ်ပြီးအိမ်ကိုခရီးဆက်နှင်ခဲ့လိုက်သည် ။
အိမ်ရောက်ရောက်ချင်းမီးဖိုထဲအရင်သွားပြီး ကြီးကြီးကိုလုပ်ကူပေးသည် ။ ကြီးကြီးကလည်းသူပါလာသည့်နွားနို့ကိုကျိုလေသည် ။ သူထင်တဲ့အတိုင်းပဲကိုငယ်သောက်ဖို့တဲ့ ။
" ကြီးကြီး ကိုကိုရော ! "
" ဆင်းမလာသေးဘူးလေ အားဝမ် "
" အော် .. ဟုတ်ကဲ့ ၊ စကားသံတွေကြားလို့ကိုကိုများအောက်ရောက်နေပြီလားလို့ "
" စနေနေ့ဆိုအားကျန့်ကအလည်လာနေကျလေ "
" မနက်စာပြင်ထားတော့နော် ၊ ကျွန်တော်ကိုကို့ကိုသွားခေါ်လိုက်အုံးမယ် "
" အေးအေး အားဝမ် "
ကိုငယ်ကသူ့အကြောင်းပြောတာကို မကောင်းတတ်တဲ့သဘောနဲ့'အင်း'လို့တောင်မပြောသွားဘူး ။
" အားကျန့် ကြီးကြီးကိုကူပြင်ပေးပါအုံးကွယ် "
" ဟုတ်ကဲ့ကြီးကြီး "
သူနဲ့ကြီးကြီးမနက်စာပြင်လို့အပြီး ကိုကြီးနဲ့ကိုငယ်ဆင်းလာတာနဲ့ကွက်တိ ၊
" ကျန့်ကျန့်တောင်ရောက်နေပြီလား "
" ဟုတ် ကိုကြီး၊ကြာပြီ "
" မနက်စာတခါတည်းစားလေ "
ကိုကြီးကမနက်စာစားဖို့ခေါ်ပေမဲ့ မဆီမဆိုင်ကိုငယ့်ကိုကြည့်လိုက်သေးသည် ။ သူကတော့သူနဲ့မဆိုင်သလိုသူ့ပန်းကန်ထဲကမုန့်ကိုသာဂရုစိုက်ပြီးစားနေသောကြောင့် ..
" ရပါတယ် ကိုကြီး ၊ ကြီးကြီးနဲ့မှအတူတူစားတော့မယ် "
" ဘာလို့လဲကျန့်ကျန့်ရဲ့ တခါတည်းစားပါ "
" ဟို … "
ကြီးကြီးကလည်းတခါတည်းစားဖို့မျက်နှာရိပ်မျက်နှာကဲပြနေပြီး ကိုကြီးကခနခနခေါ်နေတာအားနာသည်မို့စားမလို့ပြင်တော့ ကိုငယ်ကထသွားသည် ။ ဘာလဲသူကကိုယ်နဲ့တစ်ဝိုင်းထဲအတူတူမစားနိုင်တာလား၊အဲ့ဒါဆိုသူပြန်လာတဲ့ညကဘာလို့ကိုယ်နဲ့ညစာအတူလာစားရသလဲ ။ အခုလည်း ကိုယ်ကအိမ်မှာတစ်နေကုန်ရှိနေမှာမို့ သူကအပြင်ထွက်မလို့လုပ်တာမလား ။
" ကျွန်တော်သွားစရာရှိလို့သွားတော့မယ်ကိုကို၊ဗိုက်ပြည့်ပြီ "
" ဟမ် ! အော် အေးအေး "
" ကျွန်တော်စားခဲ့ပြီးပြီကိုကြီး မစားတော့ပါဘူး "
ရှောင်းကျန့်လည်းစိတ်မကြည်တော့တာနဲ့ကိုကြီးနဲ့ကြီးကြီးကိုလူမှုရေးကိစ္စတစ်ခုအကြောင်းပြန်ပြီးအိမ်ပြန်လာခဲ့သည် ။
ကားသော့နဲ့ပိုက်ဆံအိတ်ယူကာအပေါ်မှပြန်ဆင်းလာတော့ထမင်းဝိုင်းမှာ ကိုကိုတစ်ယောက်ထဲပဲတွေ့ရသည် ။ ဘာလဲ ! ရှောင်းကျန့်ကမစားဘူးလား ။ အစောကငြင်းတာ သူရှိလို့မစားချင်လို့ စိတ်ကျဉ်းကျပ်နေမှာစိုးလို့တောင်တမင်ရှောင်ပေးတာကို သူကမစားဘူးလား ။ ဒါမှမဟုတ်သူငြင်းတာကကိုယ့်ကြောင့်မဟုတ်ဘဲ ရိုးရိုးငြင်းတာကိုကိုယ်ကတလွဲတွေးမိတာလား ။
ကားပေါ်တတ်ပြီးစက်နှိုးဖို့လုပ်နေတုန်းမှာပင် …
Ring ...
" ပြော!ခိုအီချီ "
" Honey!တို့ပေကျင်းကိုရောက်နေတယ်နော် "
" ဘယ်လို!! "
" Honey ကိုလွမ်းလို့လိုက်လာတာလေ မယုံဘူးလား "
" အခုဘယ်မှာတည်းနေလဲ "
" Blue Sky Hotel မှာ "
" ကိုယ်လာခဲ့မယ် အောက်ဆင်းစောင့်နေ "
" အိုကေ Honey "
ဒီကောင်မလေးသတ္တိရှိချက်ကလွန်ပါရော !
ခိုအီချီနဲ့သူနဲ့ကကျောင်းပြီးခါနီးလောက်မှာတွဲဖြစ်သွားကြတယ် ။ အားလုံအောင်သွယ်ကောင်းတာလည်းပါမှာပေါ့ ကောင်မလေးကလည်းသူ့ကိုအသေပစ်ကြွေနေသေးတယ် ။ ကျောင်းလည်းပိတ်တော့ ဒီကိုပြန်လာခါနီးသူနဲ့အသေအချာကိုလမ်းခွဲခဲ့ပါသေးတယ် ။ ဘယ်လိုလုပ်သူကဒီကိုလိုက်လာတာပါလိမ့် ။
Blue Sky Hotel အရှေ့ရောက်မှ ခိုအီချီ့ကိုဖုန်းဆက်လိုက်မှအထဲကအပြေးထွက်လာတဲ့ကောင်မလေးက သူ့ကိုတာ့တာလှမ်းပြလိုက်သေးတာ ။ ကောင်မလေးကချစ်မွှေးတော့အပါ !
" Honey "
" တတ်!ကားပေါ် "
သူပြောစကားကိုတော့ချက်ချင်းနားထောင်ရှာသည် ။ ကားပေါ်ရောက်တော့လည်းကောင်မလေးကဘာမှမပြောဘဲ ပြုံးကြည့်နေပြန်သည် ။ ဒီကောင်မလေးဘာတွေဖြစ် !!
" ဟိတ်!ဘာတွေပြုံးနေတာလဲ ၊ ပြီးတော့ဘာလို့ဒီအထိလိုက်လာတာလဲ၊မင်းမိဘတွေရောသိရဲ့လား "
" မေးခွန်းတွေကများလိုက်တာ .. Honey ကိုလွမ်းနေတာကိုအခုအနီးကပ်ပြန်တွေ့ရလို့ပြုံးတာ ပြီးတော့အိမ်ကိုသူငယ်ချင်းဆီအလည်သွားမယ်ပြောခဲ့တာ ၊ စိတ်မကောင်းစရာကတစ်ပတ်လောက်ပဲနေလို့ရမှာ "
စူပုတ်ပုတ်ဖြစ်နေသည့်ထိုကောင်မလေးကိုကြည့်ပြီးရီချင်လာသည် ။
" တစ်ပတ်ဆိုတာများတောင်များနေသေးတယ်အရှုပ်ထုတ်ရဲ့ "
" ဟွန့် ! ယူကတို့ကိုပြန်စေချင်နေပြီလား "
" သဘောတော်ရှိဗျာ "
" ဟွန်း ! ဒီကတို့ကောင်လေးကိုလာတွေ့တာနော် မနှင်ထုတ်နဲ့ "
" ဟားးဟားး ! ကောင်လေးကဘယ်မှာလဲ "
ကောင်မလေးကမျက်စောင်းထိုးသည် ။ ပြတ်စဲပြီးသားဆက်ဆံရေးဆိုတာကိုဒီကောင်မလေးမေ့နေသလား ။
Ring ...
" ခနနော် "
" အိုကေ Honey "
" Hello ကိုကို "
" ဝမ်လေး ဘယ်မှာလဲ "
" အပြင်မှာလေကိုကို ဘာလို့လဲ "
" ပြန်လာရင် Market တစ်ခုကနဂါးမောက်သီးဝင်ဝယ်ခဲ့အုံး ကိုကိုစားချင်နေလို့ "
" ဟုတ်ကဲ့ ကိုကို "
" အေးအေး ဒါပဲ "
" ဟုတ်ကဲ့ "
တီ ~ ~ ~
" ယူ့အစ်ကိုလား Honey "
" အင်း ! ကိုယ်ကိစ္စရှိလို့ပြန်ရမယ် ၊ နောက်မှလာတွေ့မယ်နော် "
သူမပြန်ခင်တခါလောက်တော့သွားတွေ့ပေးရအုံးမည် ။ ကိုယ့်ဆီကိုတကူးတကလာသည်မို့ဒီမှာသူနဲ့သိတဲ့သူမရှိတာကြောင့်သွားပေးရအုံးမည် ။
" အိုကေ Honey ! ကားဖြည်းဖြည်းမောင်း "
ခိုအီချီကားပေါ်ကဆင်းသွားတာနဲ့ဟိုတယ်ရှေ့ကပြန်ထွက်လာပြီး လမ်းမှာတွေ့တဲ့ Market တစ်ခုထဲဝင်ပြီးသစ်သီးအတန်းဘက်သွားတော့ တွန်းလှည်းတစ်ခုကိုရှောင်းကျန့်ကကိုင်ထားပြီးသူ့ကောင်မလေးကပစ္စည်းတွေဝယ်ပြီးခြင်းထဲထည့်နေသည်ကိုတွေ့လိုက်ရသည် ။ အဲ့ဒါဆိုဒီဈေးဝယ်ထားတဲ့ပစ္စည်းကိုကောင်မလေးကသူ့အိမ်ထဲလိုက်ပို့ပေးပြန်တာလား ဒါမှမဟုတ်ကောင်မလေးအိမ်အတွက်ပစ္စည်းတွေကို ရှောင်းကျန့်ကအတူတူလိုက်ဝယ်ပေးတာလားဆိုပြီးတွေးမိပြန်သည် ။
ကိုကို့အတွက်နဂါးမောက်သီးဝယ်ကာအိမ်ပြန်ပို့ပြီး လူကတော့ချက်ချင်းအိမ်ကပြန်ထွက်လာပြီးရှောင်းကျန့်ခြံနဲ့မျက်နှာချင်းဆိုင်လမ်းဘေးကအပင်အရိပ်အောက်မှာကားရပ်ပြီးရှောင်းကျန့်ပြန်အလာကိုကားပေါ်ကထိုင်စောင့်နေလိုက်သည် ။ သိပ်တောင်မစောင့်လိုက်ရပါဘူး ကားတစ်စီးကရှောင်းကျန့်ခြံရှေ့ကိုလာရပ်ပြီး ကားပေါ်ကရှောင်းကျန့်ကအထုတ်တွေဆွဲပြီးကားပေါ်ကဆင်းလာသည် ။ ကားကတော့အိမ်ထဲမဝင်ဘဲချက်ချင်းပြန်လှည့်သွားသည် ။
ခြံတံခါးဖွင့်ပြီးအိမ်ထဲသို့ဝင်မလို့လုပ်နေသည့်ရှောင်းကျန့်ကို ကားဟွန်းတီးပြီးလှမ်းနှုတ်ဆက်လိုက်သည် ။ ဟွန်းတီးသံကြားလို့လှည့်ကြည့်လာသည့်ရှောင်းကျန့်ကို ခြံတံခါးအကြီးကိုဖွင့်ခိုင်းလိုက်ပြီး ကားကိုပါခြံထဲထိမောင်းဝင်ခဲ့လိုက်သည် ။ အိမ်ထဲရောက်တော့ကိုယ့်ကိုဂရုမစိုက် သူ့မှာပါလာတဲ့အထုပ်တွေကိုသာရေခဲသေတ္တာထဲထည့်နေသည် ။
" ရှောင်းကျန့် "
ကိုယ့်နာမည်ကိုခေါ်သည်မို့ တစ်ချက်လှည့်ကြည့်လိုက်သည် ။ ပါးစပ်ကထူးဖို့တော့အစီအစဉ်မရှိ !
" ဘယ်ကပြန်လာတာလဲ "
ဈေးပစ္စည်းတွေမြင်ရဲ့သားနဲ့ဘယ်ကပြန်လာတာလဲမေးတော့ဒီကဘာပြန်ဖြေရမှာတဲ့လဲ ။ သိရက်နဲ့တမင်လုပ်နေတာမို့ မဖြေချင် ၊ အဲ့ဒါကြောင့်မဖြေဘဲကျန်တဲ့ပစ္စည်းတွေကိုသာရေခဲသေတ္တာထဲကိုစီစီရီရီထည့်နေလိုက်သည် ။
သူ့ကိုမဖြေလို့စိတ်တိုနေသည်ထင်ပါ့ ၊ ထိုင်ရာမှထလာပြီးအလုပ်လုပ်နေတဲ့ကိုယ့်လက်ကိုအားနဲ့ဆောင့်ဆွဲတော့ လက်ထဲကပန်းသီးထုတ်ကပြုတ်ကျကုန်သည် ။
" ဘာလုပ်တာလဲ ဒီမှာအလုပ်လုပ်နေတာမမြင်ဘူးလား ! "
" ငါမေးတာဖြေလေ ဖြေရင်ဒီလိုလုပ်စရာအကြောင်းမရှိဘူး "
" အထုတ်တွေမမြင်ဘူးလား ဈေးဝယ်ပြီးပြန်လာတာပေါ့ "
" ဘယ်သူနဲ့လဲ "
" ကျွန်တော့်ချစ်သူနဲ့ "
ရှောင်းကျန့်လည်းလိမ်ဖို့စိတ်ကူးမရှိ လိမ်လည်းမလိမ်တတ်ဘူး ။
" နောက်'တစ်ယောက်ထဲသွား "
သူလိုက်ပို့မယ် တစ်ခွန်းမပြောဘူး ။
" ဒါကျွန်တော့်ကိစ္စပါ "
" ဘာ! မင်း .. "
စကားဆက်ပြောမလို့လုပ်တုန်းရှောင်းကျန့်ဆီဖုန်းလာသည်မို့ ပြောချင်တဲ့စကားတွေအားလုံးလည်ချောင်းထဲပြန်ဝင်သွားသည် ။
Ring ...
" အင်း!ဖန်ရှင်း "
ဖန်ရှင်း .. ဖန်ရှင်းဆိုတာယူဘင့်ကောင်လေးမလား ။ ဒီကောင်နဲ့တောင်မတွေ့ရတာတော်တော်ကြာနေပြီ ။ ဂျပန်ကိုကျောင်းသွားတတ်ကတည်းကအခုထိပဲ ။ ဖန်ရှင်းဆိုတဲ့ကောင်လေးနဲ့ရောအခုထိတွဲနေတုန်းလားလည်းမသိ ဘယ်မှာဘာအလုပ်လုပ်နေလဲဆိုတာလည်းမသိ ။ တစ်ရက်တော့ဒီကောင်နဲ့ဆုံအုံးမည် ။ ကိုယ့်အတွေးနဲ့ကိုယ်ငြိမ့်နေတုန်းရှောင်းကျန့်ကဖုန်းတောင်ပြောပြီးသွားပြီ ။
" ရှောင်းကျန့် "
လှည့်တော့ကြည့်ပါသည် ။ ထူးတော့မထူး ၊ ဒီကောင် ဘာလဲ ! ခေါ်လို့ပြန်ထူးတာသူ့အတွက်ဘယ်လောက်တောင်ပင်ပန်းသွားလို့လဲ ။ မဟုတ် ! ပင်ပန်းလို့မဟုတ်ဘူး တမင်တကာကိုကိုယ့်ကိုလျစ်လျှူရှုနေတာ ။
" မင်းသူငယ်ချင်းကငါ့သူငယ်ချင်းနဲ့အခုထိတွဲနေတုန်းလား "
" အင်း ! စေ့စပ်ပြီးသား "
အော် .. စေ့စပ်တောင်ထားပြီးပြီပဲ ။
" ဒီညလည်းဒီမှာအိပ်မယ် "
" အသိပေးတာမလား "
" အင်း!မင်းခွင့်မပြုလည်းအိပ်မှာ မင်းနဲ့အတူတူ "
သိပါတယ် ~ ကျွန်တော့်စကားကခင်ဗျားအတွက်အရေးမပါမှန်း !
တော်သေးတယ် ခင်ဗျားအပေါ်ကျွန်တော့်စိတ်တွေမရိုးသားဘူးဆိုတာဟိုးးးတစ်ခါကခင်ဗျားရှေ့မှာဝန်မခံဘဲ ကိုယ့်စိတ်ကိုပဲတိုးတိုးတိတ်တိတ်ဝန်ခံခဲ့မိတာတကယ်ကိုတော်သေးတယ် ။
တိမ်တွေကဟိုးအမြင့်မှာပဲငိုရတာပါ ~ ကျွန်တော်ကတော့ခင်ဗျားအတွက်အရေးမပါမှုတွေအောက်မှာငိုရတယ် ~
#############
Zawgyi❤️
ပံုမွန္ရံုးပိတ္ရက္ဆိုရင္ စေနေန့ကိုႀကီးတို႔အိမ္ကိုအလည္သြားျဖစ္တယ္ ႀကီးႀကီးကလည္းလြမ္းတယ္ခနခနေျပာလို႔ ။ တနဂၤေနြဆိုရင္ေက်ာက္ယြီနဲ႔ေအးေအးေအးေဆးေဆးဒိတ္ျဖစ္ၾကတယ္ ။ ကိုငယ္ကလည္းကိုႀကီးကုပၼဏီမွာအလုပ္ဝင္ကူလုပ္ေပးေနၿပီျဖစ္သည္ ။ ျဖတ္လမ္းကဝင္လုပ္ၾကသည္ဆိုၿပီးရွယ္ယာရွင္ေတြဝန္ထမ္းေတြကတီးတိုးေျပာခ်င္ၾကေပမဲ့ တကယ္တမ္းကိုငယ့္အရည္အခ်င္းကိုလည္းျမင္ၾကေရာဘယ္သူမွမထီမဲ့ျမင္မျပဳရဲၾကေတာ့ေပ ။
ဒီေန့စေနေန့မလို႔ပံုမွန္အတိုင္းအိမ္ကိုအလည္သြားမလို႔စဉ္းစားမိေပမဲ့ ကိုငယ္ရိွေနတာမလို႔စိတ္ကမသြားခ်င္ ။ ကုပၼဏီမွာကလည္းသိပ္မေတြ့မိၾကဘူး ဟိုတခါမနက္အေစာႀကီးထျပန္သြားတဲ့ေန့ကတည္းကလည္းအိမ္ကိုမလာေတာ့တာေၾကာင့္ သူနဲ႔ကလံုးဝမေတြ့ျဖစ္ၾကဘူး ။ အခုလိုအိမ္ကိုသြားရင္ေတာ့ေတြ့မွာေသခ်ာသည္မို႔ မသြားခ်င္တဲ့စိတ္ကႀကီးစိူးေနေလသည္ ။
Ring ...
" ဟယ္လို ႀကီးႀကီး "
" အားက်န႔္ေလးလာရင္ ႏြားႏို႔ေလးဝင္ဝယ္ခဲ့ပါအံုးကြယ္ ႀကီးႀကီးကအသက္ႀကီးလာၿပီဆိုေတာ့ေမ့တတ္ေနၿပီကြယ္ "
သူျပန္ေရာက္တာနဲ႔ႏြားႏို႔ကဝယ္ရၿပီ ။ အသက္ကပဲဘယ္ေလာက္ရိွေနၿပီလဲ အခုထက္ထိႏြားႏို႔ေသာက္တုန္းလား သူက ။
" ဟုတ္ကဲ့ ႀကီးႀကီး "
" ေအးေအး သား ၊ ကားေသခ်ာေမာင္းခဲ့ေနာ္ "
" ဟုတ္ကဲ့ "
တီ ~ ~ ~
ႀကီးႀကီးကိုလည္းမလာေတာ့ဘူးလို႔မျငင္းခ်င္ဘူး ။
အို!ဘာျဖစ္လို႔ကိုယ္ကသူ႔ကိုေရွာင္ေနရမွာလဲ ။ ၿပီးေတာ့တသက္လံုးလည္းေရွာင္ေနလို႔ရတာမွမဟုတ္တာ ။ ကိုယ္ကသာဒီလိုခ်ီတံုခ်တံုျဖစ္ေနတာ သူကေတာ့ကိုယ္နဲ႔ပတ္သတ္ၿပီးဘာမွေတာင္အေရးတယူစဉ္းစားေနမွာမဟုတ္ !
ေရွာင္းက်န႔္တစ္ေယာက္သူ႔အေၾကာင္းေတြကိုေခါင္းထဲကထုတ္ၿပီး အိပ္ယာေပၚမွထကာေရခ်ိဳးခန္းထဲဝင္ၿပီးမ်က္ႏွာသစ္ရင္း တစ္လက္စတည္းေရခ်ိဳးလိုက္သည္ ။ မနက္စာကေတာ့အိမ္ေရာက္မွစားေနက်မို႔ အဝတ္အစားလဲၿပီးတာနဲ႔အိမ္တံခါးေတြပိတ္ လိုက္စစ္ၿပီးတာနဲ႔ကားေလးေမာင္းကာ ႏြားႏို႔ဝင္ဝယ္ၿပီးအိမ္ကိုခရီးဆက္ႏွင္ခဲ့လိုက္သည္ ။
အိမ္ေရာက္ေရာက္ခ်င္းမီးဖိုထဲအရင္သြားၿပီး ႀကီးႀကီးကိုလုပ္ကူေပးသည္ ။ ႀကီးႀကီးကလည္းသူပါလာသၫ့္ႏြားႏို႔ကိုႀကိဳေလသည္ ။ သူထင္တဲ့အတိုင္းပဲကိုငယ္ေသာက္ဖို႔တဲ့ ။
" ႀကီးႀကီး ကိုကိုေရာ ! "
" ဆင္းမလာေသးဘူးေလ အားဝမ္ "
" ေအာ္ .. ဟုတ္ကဲ့ ၊ စကားသံေတြၾကားလို႔ကိုကိုမ်ားေအာက္ေရာက္ေနၿပီလားလို႔ "
" စေနေန့ဆိုအားက်န႔္ကအလည္လာေနၾကေလ "
" မနက္စာျပင္ထားေတာ့ေနာ္ ၊ ကြၽန္ေတာ္ကိုကို႔ကိုသြားေခၚလိုက္အံုးမယ္ "
" ေအးေအး အားဝမ္ "
ကိုငယ္ကသူ႔အေၾကာင္းေျပာတာကို မေကာင္းတတ္တဲ့သေဘာနဲ႔'အင္း'လို႔ေတာင္မေျပာသြားဘူး ။
" အားက်န႔္ ႀကီးႀကီးကိုကူျပင္ေပးပါအံုးကြယ္ "
" ဟုတ္ကဲ့ႀကီးႀကီး "
သူနဲ႔ႀကီးႀကီးမနက္စာျပင္လို႔အၿပီး ကိုႀကီးနဲ႔ကိုငယ္ဆင္းလာတာနဲ႔ကြက္တိ ၊
" က်န႔္က်န႔္ေတာင္ေရာက္ေနၿပီလား "
" ဟုတ္ ကိုႀကီး၊ၾကာၿပီ "
" မနက္စာတခါတည္းစားေလ "
ကိုႀကီးကမနက္စာစားဖို႔ေခၚေပမဲ့ မဆီမဆိုင္ကိုငယ့္ကိုၾကၫ့္လိုက္ေသးသည္ ။ သူကေတာ့သူနဲ႔မဆိုင္သလိုသူ႔ပန္းကန္ထဲကမုန႔္ကိုသာဂရုစိုက္ၿပီးစားေနေသာေၾကာင့္ ..
" ရပါတယ္ ကိုႀကီး ၊ ႀကီးႀကီးနဲ႔မွအတူတူစားေတာ့မယ္ "
" ဘာလို႔လဲက်န႔္က်န႔္ရဲ့ တခါတည္းစားပါ "
" ဟို … "
ႀကီးႀကီးကလည္းတခါတည္းစားဖို႔မ်က္ႏွာရိပ္မ်က္ႏွာကဲျပေနၿပီး ကိုႀကီးကခနခနေခၚေနတာအားနာသည္မို႔စားမလို႔ျပင္ေတာ့ ကိုငယ္ကထသြားသည္ ။ ဘာလဲသူကကိုယ္နဲ႔တစ္ဝိုင္းထဲအတူတူမစားႏိုင္တာလား၊အဲ့ဒါဆိုသူျပန္လာတဲ့ညကဘာလို႔ကိုယ္နဲ႔ညစာအတူလာစားရသလဲ ။ အခုလည္း ကိုယ္ကအိမ္မွာတစ္ေနကုန္ရိွေနမွာမို႔ သူကအျပင္ထြက္မလို႔လုပ္တာမလား ။
" ကြၽန္ေတာ္သြားစရာရိွလို႔သြားေတာ့မယ္ကိုကို၊ဗိုက္ျပၫ့္ၿပီ "
" ဟမ္ ! ေအာ္ ေအးေအး "
" ကြၽန္ေတာ္စားခဲ့ၿပီးၿပီကိုႀကီး မစားေတာ့ပါဘူး "
ေရွာင္းက်န႔္လည္းစိတ္မၾကည္ေတာ့တာနဲ႔ကိုႀကီးနဲ႔ႀကီးႀကီးကိုလူမႈေရးကိစၥတစ္ခုအေၾကာင္းျပန္ၿပီးအိမ္ျပန္လာခဲ့သည္ ။
ကားေသာ့နဲ႔ပိုက္ဆံအိတ္ယူကာအေပၚမျွပန္ဆင္းလာေတာ့ထမင္းဝိုင္းမွာ ကိုကိုတစ္ေယာက္ထဲပဲေတြ့ရသည္ ။ ဘာလဲ ! ေရွာင္းက်န႔္ကမစားဘူးလား ။ အေစာကျငင္းတာ သူရိွလို႔မစားခ်င္လို႔ စိတ္က်ဉ္းက်ပ္ေနမွာစိုးလို႔ေတာင္တမင္ေရွာင္ေပးတာကို သူကမစားဘူးလား ။ ဒါမွမဟုတ္သူျငင္းတာကကိုယ့္ေၾကာင့္မဟုတ္ဘဲ ရိုးရိုးျငင္းတာကိုကိုယ္ကတလြဲေတြးမိတာလား ။
ကားေပၚတတ္ၿပီးစက္ႏိႈးဖို႔လုပ္ေနတုန္းမွာပင္ …
Ring ...
" ေျပာ!ခိုအီခ်ီ "
" Honey!တို႔ေပက်င္းကိုေရာက္ေနတယ္ေနာ္ "
" ဘယ္လို!! "
" Honey ကိုလြမ္းလို႔လိုက္လာတာေလ မယံုဘူးလား "
" အခုဘယ္မွာတည္းေနလဲ "
" Blue Sky Hotel မွာ "
" ကိုယ္လာခဲ့မယ္ ေအာက္ဆင္းေစာင့္ေန "
" အိုေက Honey "
ဒီေကာင္မေလးသတၲိရိွခ်က္ကလြန္ပါေရာ !
ခိုအီခ်ီနဲ႔သူနဲ႔ကေက်ာင္းၿပီးခါနီးေလာက္မွာတြဲျဖစ္သြားၾကတယ္ ။ အားလံုေအာင္သြယ္ေကာင္းတာလည္းပါမွာေပါ့ ေကာင္မေလးကလည္းသူ႔ကိုအေသပစ္ေႂကြေနေသးတယ္ ။ ေက်ာင္းလည္းပိတ္ေတာ့ ဒီကိုျပန္လာခါနီးသူနဲ႔အေသအခ်ာကိုလမ္းခြဲခဲ့ပါေသးတယ္ ။ ဘယ္လိုလုပ္သူကဒီကိုလိုက္လာတာပါလိမ့္ ။
Blue Sky Hotel အေရ႔ွေရာက္မွ ခိုအီခ်ီ့ကိုဖုန္းဆက္လိုက္မွအထဲကအေျပးထြက္လာတဲ့ေကာင္မေလးက သူ႔ကိုတာ့တာလွမ္းျပလိုက္ေသးတာ ။ ေကာင္မေလးကခ်စ္ေမႊးေတာ့အပါ !
" Honey "
" တတ္!ကားေပၚ "
သူေျပာစကားကိုေတာ့ခ်က္ခ်င္းနားေထာင္ရွာသည္ ။ ကားေပၚေရာက္ေတာ့လည္းေကာင္မေလးကဘာမွမေျပာဘဲ ၿပံဳးၾကၫ့္ေနျပန္သည္ ။ ဒီေကာင္မေလးဘာေတျြဖစ္ !!
" ဟိတ္!ဘာေတြၿပံဳးေနတာလဲ ၊ ၿပီးေတာ့ဘာလို႔ဒီအထိလိုက္လာတာလဲ၊မင္းမိဘေတြေရာသိရဲ့လား "
" ေမးခြန္းေတြကမ်ားလိုက္တာ .. Honey ကိုလြမ္းေနတာကိုအခုအနီးကပ္ျပန္ေတြ့ရလို႔ၿပံဳးတာ ၿပီးေတာ့အိမ္ကိုသူငယ္ခ်င္းဆီအလည္သြားမယ္ေျပာခဲ့တာ ၊ စိတ္မေကာင္းစရာကတစ္ပတ္ေလာက္ပဲေနလို႔ရမွာ "
စူပုတ္ပုတ္ျဖစ္ေနသၫ့္ထိုေကာင္မေလးကိုၾကၫ့္ၿပီးရီခ်င္လာသည္ ။
" တစ္ပတ္ဆိုတာမ်ားေတာင္မ်ားေနေသးတယ္အရႈပ္ထုတ္ရဲ့ "
" ဟြန႔္ ! ယူကတို႔ကိုျပန္ေစခ်င္ေနၿပီလား "
" သေဘာေတာ္ရိွဗ်ာ "
" ဟြန္း ! ဒီကတို႔ေကာင္ေလးကိုလာေတြ့တာေနာ္ မႏွင္ထုတ္နဲ႔ "
" ဟားးဟားး ! ေကာင္ေလးကဘယ္မွာလဲ "
ေကာင္မေလးကမ်က္ေစာင္းထိုးသည္ ။ ျပတ္စဲၿပီးသားဆက္ဆံေရးဆိုတာကိုဒီေကာင္မေလးေမ့ေနသလား ။
Ring ...
" ခနေနာ္ "
" အိုေက Honey "
" Hello ကိုကို "
" ဝမ္ေလး ဘယ္မွာလဲ "
" အျပင္မွာေလကိုကို ဘာလို႔လဲ "
" ျပန္လာရင္ Market တစ္ခုကနဂါးေမာက္သီးဝင္ဝယ္ခဲ့အံုး ကိုကိုစားခ်င္ေနလို႔ "
" ဟုတ္ကဲ့ ကိုကို "
" ေအးေအး ဒါပဲ "
" ဟုတ္ကဲ့ "
တီ ~ ~ ~
" ယူ႔အစ္ကိုလား Honey "
" အင္း ! ကိုယ္ကိစၥရိွလို႔ျပန္ရမယ္ ၊ ေနာက္မွလာေတြ့မယ္ေနာ္ "
သူမျပန္ခင္တခါေလာက္ေတာ့သြားေတြ့ေပးရအံုးမည္ ။ ကိုယ့္ဆီကိုတကူးတကလာသည္မို႔ဒီမွာသူနဲ႔သိတဲ့သူမရိွတာေၾကာင့္သြားေပးရအံုးမည္ ။
" အိုေက Honey ! ကားျဖည္းျဖည္းေမာင္း "
ခိုအီခ်ီကားေပၚကဆင္းသြားတာနဲ႔ဟိုတယ္ေရ႔ွကျပန္ထြက္လာၿပီး လမ္းမွာေတြ့တဲ့ Market တစ္ခုထဲဝင္ၿပီးသစ္သီးအတန္းဘက္သြားေတာ့ တြန္းလွည္းတစ္ခုကိုေရွာင္းက်န႔္ကကိုင္ထားၿပီးသူ႔ေကာင္မေလးကပစၥည္းေတြဝယ္ၿပီးျခင္းထဲထၫ့္ေနသည္ကိုေတြ့လိုက္ရသည္ ။ အဲ့ဒါဆိုဒီေဈးဝယ္ထားတဲ့ပစၥည္းကိုေကာင္မေလးကသူ႔အိမ္ထဲလိုက္ပို႔ေပးျပန္တာလား ဒါမွမဟုတ္ေကာင္မေလးအိမ္အတြက္ပစၥည္းေတြကို ေရွာင္းက်န္႔ကအတူတူလိုက္ဝယ္ေပးတာလားဆိုၿပီးေတြးမိျပန္သည္ ။
ကိုကို႔အတြက္နဂါးေမာက္သီးဝယ္ကာအိမ္ျပန္ပို႔ၿပီး လူကေတာ့ခ်က္ခ်င္းအိမ္ကျပန္ထြက္လာၿပီးေရွာင္းက်န႔္ၿခံနဲ႔မ်က္ႏွာခ်င္းဆိုင္လမ္းေဘးကအပင္အရိပ္ေအာက္မွာကားရပ္ၿပီးေရွာင္းက်န႔္ျပန္အလာကိုကားေပၚကထိုင္ေစာင့္ေနလိုက္သည္ ။ သိပ္ေတာင္မေစာင့္လိုက္ရပါဘူး ကားတစ္စီးကေရွာင္းက်န႔္ၿခံေရ႔ွကိုလာရပ္ၿပီး ကားေပၚကေရွာင္းက်န႔္ကအထုတ္ေတြဆြဲၿပီးကားေပၚကဆင္းလာသည္ ။ ကားကေတာ့အိမ္ထဲမဝင္ဘဲခ်က္ခ်င္းျပန္လွၫ့္သြားသည္ ။
ၿခံတံခါးဖြင့္ၿပီးအိမ္ထဲသို႔ဝင္မလို႔လုပ္ေနသၫ့္ေရွာင္းက်န႔္ကို ကားဟြန္းတီးၿပီးလွမ္းႏႈတ္ဆက္လိုက္သည္ ။ ဟြန္းတီးသံၾကားလို႔လွၫ့္ၾကၫ့္လာသၫ့္ေရွာင္းက်န႔္ကို ၿခံတံခါးအႀကီးကိုဖြင့္ခိုင္းလိုက္ၿပီး ကားကိုပါၿခံထဲထိေမာင္းဝင္ခဲ့လိုက္သည္ ။ အိမ္ထဲေရာက္ေတာ့ကိုယ့္ကိုဂရုမစိုက္ သူ႔မွာပါလာတဲ့အထုပ္ေတြကိုသာေရခဲေသတၲာထဲထၫ့္ေနသည္ ။
" ေရွာင္းက်န႔္ "
ကိုယ့္နာမည္ကိုေခၚသည္မို႔ တစ္ခ်က္လွၫ့္ၾကၫ့္လိုက္သည္ ။ ပါးစပ္ကထူးဖို႔ေတာ့အစီအစဉ္မရိွ !
" ဘယ္ကျပန္လာတာလဲ "
ေဈးပစၥည္းေတျြမင္ရဲ့သားနဲ႔ဘယ္ကျပန္လာတာလဲေမးေတာ့ဒီကဘာျပန္ေျဖရမွာတဲ့လဲ ။ သိရက္နဲ႔တမင္လုပ္ေနတာမို႔ မေျဖခ်င္ ၊ အဲ့ဒါေၾကာင့္မေျဖဘဲက်န္တဲ့ပစၥည္းေတြကိုသာေရခဲေသတၲာထဲကိုစီစီရီရီထၫ့္ေနလိုက္သည္ ။
သူ႔ကိုမေျဖလို႔စိတ္တိုေနသည္ထင္ပါ့ ၊ ထိုင္ရာမွထလာၿပီးအလုပ္လုပ္ေနတဲ့ကိုယ့္လက္ကိုအားနဲ႔ေဆာင့္ဆြဲေတာ့ လက္ထဲကပန္းသီးထုတ္ကျပဳတ္က်ကုန္သည္ ။
" ဘာလုပ္တာလဲ ဒီမွာအလုပ္လုပ္ေနတာမျမင္ဘူးလား ! "
" ငါေမးတာေျဖေလ ေျဖရင္ဒီလိုလုပ္စရာအေၾကာင္းမရိွဘူး "
" အထုတ္ေတြမျမင္ဘူးလား ေဈးဝယ္ၿပီးျပန္လာတာေပါ့ "
" ဘယ္သူနဲ႔လဲ "
" ကြၽန္ေတာ့္ခ်စ္သူနဲ႔ "
ေရွာင္းက်န႔္လည္းလိမ္ဖို႔စိတ္ကူးမရိွ လိမ္လည္းမလိမ္တတ္ဘူး ။
" ေနာက္'တစ္ေယာက္ထဲသြား "
သူလိုက္ပို႔မယ္ တစ္ခြန္းမေျပာဘူး ။
" ဒါကြၽန္ေတာ့္ကိစၥပါ "
" ဘာ! မင္း .. "
စကားဆက္ေျပာမလို႔လုပ္တုန္းေရွာင္းက်န္႔ဆီဖုန္းလာသည္မို႔ ေျပာခ်င္တဲ့စကားေတြအားလံုးလည္ေခ်ာင္းထဲျပန္ဝင္သြားသည္ ။
Ring ...
" အင္း!ဖန္ရွင္း "
ဖန္ရွင္း .. ဖန္ရွင္းဆိုတာယူဘင့္ေကာင္ေလးမလား ။ ဒီေကာင္နဲ႔ေတာင္မေတြ့ရတာေတာ္ေတာ္ၾကာေနၿပီ ။ ဂ်ပန္ကိုေက်ာင္းသြားတတ္ကတည္းကအခုထိပဲ ။ ဖန္ရွင္းဆိုတဲ့ေကာင္ေလးနဲ႔ေရာအခုထိတြဲေနတုန္းလားလည္းမသိ ဘယ္မွာဘာအလုပ္လုပ္ေနလဲဆိုတာလည္းမသိ ။ တစ္ရက္ေတာ့ဒီေကာင္နဲ႔ဆံုအံုးမည္ ။ ကိုယ့္အေတြးနဲ႔ကိုယ္ၿငိမ့္ေနတုန္းေရွာင္းက်န႔္ကဖုန္းေတာင္ေျပာၿပီးသြားၿပီ ။
" ေရွာင္းက်န႔္ "
လွၫ့္ေတာ့ၾကၫ့္ပါသည္ ။ ထူးေတာ့မထူး ၊ ဒီေကာင္ ဘာလဲ ! ေခၚလို႔ျပန္ထူးတာသူ႔အတြက္ဘယ္ေလာက္ေတာင္ပင္ပန္းသြားလို႔လဲ ။ မဟုတ္ ! ပင္ပန္းလို႔မဟုတ္ဘူး တမင္တကာကိုကိုယ့္ကိုလ်စ္လ်ွူရႈေနတာ ။
" မင္းသူငယ္ခ်င္းကငါ့သူငယ္ခ်င္းနဲ႔အခုထိတြဲေနတုန္းလား "
" အင္း ! ေစ့စပ္ၿပီးသား "
ေအာ္ .. ေစ့စပ္ေတာင္ထားၿပီးၿပီပဲ ။
" ဒီညလည္းဒီမွာအိပ္မယ္ "
" အသိေပးတာမလား "
" အင္း!မင္းခြင့္မျပဳလည္းအိပ္မွာ မင္းနဲ႔အတူတူ "
သိပါတယ္ ~ ကြၽန္ေတာ့္စကားကခင္ဗ်ားအတြက္အေရးမပါမွန္း !
ေတာ္ေသးတယ္ ခင္ဗ်ားအေပၚကြၽန္ေတာ့္စိတ္ေတြမရိုးသားဘူးဆိုတာဟိုးးးတစ္ခါကခင္ဗ်ားေရ႔ွမွာဝန္မခံဘဲ ကိုယ့္စိတ္ကိုပဲတိုးတိုးတိတ္တိတ္ဝန္ခံခဲ့မိတာတကယ္ကိုေတာ္ေသးတယ္ ။
တိမ္ေတြကဟိုးအျမင့္မွာပဲငိုရတာပါ ~ ကြၽန္ေတာ္ကေတာ့ခင္ဗ်ားအတြက္အေရးမပါမႈေတြေအာက္မွာငိုရတယ္ ~
#############