"လေပြေ ဟဲ့ လေပြေ"
"အင်.. အာ နိုးပြီ၊ နိုးပြီ အမေ"
"အမလေးတော်.. ကျောင်းတတ်တာသုံးရက်ရှိပြီ။ ခုထိမင်းကိုနိူးနေရတုန်း လေပြေ မင်းတော်တော်အအိပ်မက်ပါလားဟမ်"
အမေ့ရဲ့ဆူပူသံကိုနားယဉ်စွာနဲ့လုပ်စရာရှိတာကိုလုပ်နေလိုက်သည်။ ညတိုင်း အမေထမင်းရောင်းဖို့ဝိုင်းကူရလို့ ၁၂နာရီထိုးခါနီးမှအိပ်ရတဲ့အကြောင်း အမေတင်မက၊ သူပါမေ့ထားလိုက်ကြ၏။ အကိုကလဲ အင်ဂျင်နီယာကျောင်းသားကြီးမို့မအားသလို အငယ်မလေးကလဲအဆော့မက်သူမို့ သူကသာအိမ်တွင်အရာရာလိုက်လုပ်ရမြဲ။
"ရော့.. ရော့ မုန့်ဖိုး"
"ဟုတ်ကဲ့"
အမေ့ဆီကမုန့်ဖိုးယူပြီးထွက်လာလိုက်တော့ အိမ်ရှေ့ကွပ်ပျစ်လေးပေါ်တွင်ထိုင်နေသောကိုကြီးကတစ်ချက်မျှကြည့်ရင်း လမ်းမဘက်သို့ပြန်ငေးကြည့်နေ၏။
"ကိုကြီး ကျွန်တော်သွားတော့မယ်ဗျ"
ကိုကြီးဘက်က တုံ့ပြန်သံမကြားခင် သူထွက်လာလိုက်သည်။ ကြားရမှာလဲမဟုတ်တာသေချာနေတာမို့၊ ကိုကြီးဟာ အဖေ့ရှေ့ကလွဲရင် သူ့ကိုအဖက်လုပ်ပြီးစကားပြန်ပြောလေ့မရှိခဲ့။
... 💜 ...
"ဟေ့ရောင်.. လေပြေ"
"မင်းမ၀င်သေးဘဲ ဘာလုပ်နေတာလဲ"
"မင်းစောင့်နေတာ"
အောင်ကျော်ထက်က စက်ဘီးလေးကိုတွန်းရင်း သူ့ဘေးချင်းကပ်လျှောက်လိုက်လာရင်း
"မင်း စက်ဘီးမစီးဘူးလား"
"ငါ မစီးတတ်ဘူး"
"အင်း"
"ပြီးတော့ မရှိဘူး"
"အော်"
ခပ်တိုးတိုးရေရွတ်ရင်း အားနာသလိုပုံစံဖြစ်သွားတဲ့အောင်ကျော်ထက်ကြောင့် သူခပ်သာသာပင်ပြုံးပြလိုက်တယ်။ ဒါကို သိမ်ငယ်ရခြင်း လို့တွေးကြမလား။ သူကတော့မတွေးပါ။ မရှိတာကမရှိတာဘဲပေါ့။ ကံအကျိုးပေးအတိုင်းဘဲဖြစ်လာရတာတွေပါလေ။
"ဟယ်.. ဟိုကောင်လေး နင်ခုထိဆံပင်မညှပ်ရသေးဘူးလား"
ကျောင်း၀င်စမှာပင် ဆရာမရဲ့အသံကြောင့် အောင်ကျော်ထက်ဇက်လေးပု၀င်သွားကာ ရယ်ကျဲကျဲဖြင့်
"ညှပ်မယ်ဆရာမ.. သား သားမအားသေးလို့"
"ဟဲ့ နင်မအားသေးရင် ငါကိုယ်တိုင်ညှပ်ပေးရမလား.. ကတ်ကြေးစာမိချင်လို့လား"
"မမိချင်ပါဘူးဆရာမ သားနောက်နေ့ညှပ်ခဲ့ပါ့မယ်ဗျ"
"အေး နောက်နေ့ဒီဆံပင်အတိုင်းတွေ့လို့ကတော့.. နင့်ခေါင်းမွှေးပြောင်းပြီမှတ်"
"ဟုတ်ကဲ့ပါခင်ဗျ"
သွားလေးဖြီးရင်းပြောတဲ့အောင်ကျော်ထက်ကိုကြည့်ရင်း လေပြေမှာရယ်ချင်စိတ်ကိုမနည်းထိန်းထားရ၏။
အောင်ကျော်ထက်စက်ဘီးကိုကွင်းစပ်တွင်ရပ်ပြီးနောက် နှစ်ယောက်အတူတွဲလျှောက်၀င်လာမိခိုက် ကျောင်းလျှောက်လမ်းကကောင်လေးတစ်ယောက်က သူ့ကိုပြုံးသွားတာမို့ သူ့မှာအူကြောင်ကြောင်ပြန်ပြုံးပြမိတော့
"အောင်ကျော်ထက်"
"အကို"
သူ့ကိုပြုံးတာမဟုတ်ဘဲ အောင်ကျော်ထက်ကိုပြုံးပြတာမှန်းသိတော့မှာ သူ့မှာပြုံးပြလက်စကိုရပ်ချရင်း မျက်လွှာချထားလိုက်ရသည်။
"ဟေ့"
"ကျွန်တော်လား"
"အင်း မင်းလေ.. ငါ့ကိုမမှတ်မိဘူးလား"
"ဗျာ.."
မျက်ဆံလေးကိုထောင့်ကပ်ရင်းစဉ်းစားဟန်ပြုမိတော့ သူ့ကိုမမှတ်မိဘူးလား ဆိုတဲ့သဘောဖြင့် မျက်မှောင်ကုတ်ကြည့်ရင်း
"ကျောင်းစတက်တဲ့နေ့က မင်းအခန်းမေးတဲ့လူလေ"
"အော်.. ဟုတ် ကျေးဇူးပါဗျ"
"ဟား ခုထိကျေးဇူးတင်တုန်းလားကွ"
"အော်.. သိနေကြတာလား။ လေပြေ ကိုပိုင်က ပိုင်တဲ့"
"ဟမ်... အော် ပိုင်တစ်လုံးတည်းလား"
"အင်း ညီလေးကရော လေပြေလား"
"လေပြေလျှမ်းခပါ"
"အော်.. အေး အေး ၀င်ကြ နောက်ကျနေဦးမယ်"
ခေါင်းညိတ်ပြရင်း နှစ်ယောက်တူတူဆက်လျှောက်လာကြတော့ အောင်ကျော်ထက်က
"အဲ့အကိုက ကျောင်းဒုက္ကဌလေ 10တန်း Bio A ခန်းက"
ဒါကြောင့် Jခန်းကို သိနေရခြင်းဘဲ။ သူနဲ့ရွယ်တူလို့လွယ်လွယ်မှတ်ထားလိုက်ပေမဲ့ အတန်းကိုသိရမှပင် မိမိထက်တော်တော်အရပ်ရှည်ကြောင်းသတိပြုမိလိုက်သည်။
အခန်းထဲ၀င်လိုက်တာနဲ့ဝုန်းဒိုင်းကြဲနေကြသောကျောင်းသားများကြောင့် သူမျက်နှာလေးရှုံ့မိသည်။ ဘုန်းခန့်ပြောတဲ့နေသားကျမဲ့နေ့ဟာ ဘယ်နေ့များပါလိမ့်။ ထိုင်ခုံထဲ၀င်ထိုင်ရင်း လွယ်အိတ်ကိုအောက်အကန့်ထဲထည့်ကာ စာရေးခုံပေါ်ကဖုန်တွေကို လက်နှင့်ပင်ခါထုတ်လိုက်၏။ ဘယ်ကောင်တက်သွားလဲမသိပေမယ့် စိတ်ထဲနာနာကျိန်ဆဲလိုက်မိရင်း
"ဘုန်းခန့်ဆိုတဲ့ကောင် ဘယ်ရောက်နေပါလိမ့်"
"တစ်ခန်းခန်းဖွန်သွားကြောင်တာနေမှာပေါ့"
ကျောင်းတက်ခေါင်းလောင်းထိုးချိန်မှ စပ်ဖြဲဖြဲနဲ့ကမန်းကတန်း၀င်လာတဲ့ဘုန်းခန့်ကြောင့် အောင်ကျော်ထက်က တွေ့လားဆိုသောသဘောဖြင့် မေးငေါ့ပြလေသည်။
"..စည်းကမ်းသေ၀ပ်ခြင်းအရင်းပြုသည်.. ဝီရိယလဲရှိရမည်.."
အခန်းရှေ့တွင်တန်းစီကာနိုင်ငံတော်သီချင်းဆိုပြီးနောက် အတန်းထဲ၀င်ကာ ဘုရားရှိခိုးချိန်တွင် ဘာသာမတူသောသူငယ်ချင်းများကစာကြည့်နေသလို ဟိုလုပ်၊ ဒီလုပ်။ ဘုရားရှိခိုးတဲ့သူတို့ကလဲ ပါးစပ်ကအော်ပြီး မျက်လုံးက ဟိုရောက်၊ ဒီရောက်။
"ကဲ ပုံနှိပ်စာအုပ်ထုတ်.. စာမျက်နှာ"
"...
"ဟဲ့ ဟိုကောင်လေး စာအုပ်မပါဘူးလား"
"ဆရာမသားစာအုပ်ကျန်ခဲ့.."
"အေး ကျန်..ကျန် ကျောင်းတတ်တာမှ သုံးရက်ဘဲရှိသေးတယ်နော်"
ဆရာမဆူတော့မှ ထိုကောင်လေးက သူ့သူငယ်ချင်းစာအုပ်ကို စပ်ဖြဲဖြဲယူကြည့်၏။ ဆရာမကဒေါသကင်းသောမျက်စောင်းဖြင့် လှမ်းခဲသည်။ သူတို့ရဲ့ဆရာမသဘောကောင်းကြောင်းကို သူတို့သိခဲ့ပြီးဖြစ်သည့်အပြင် နာမည်ပြောင်အဖြစ် ဒေါ်ကြွက်ကြွက်ဟန်လို့ ချစ်စနိုးခေါ်ကြောင်းကိုလဲ သိရသည်။
ဆရာမတွေကို နာမည်ပြောင်ပေးခြင်းဟာလည်း ကျောင်းသားတွေရဲ့စော်ကားလိုခြင်း အလျှင်းကင်းသော အပြစ်ကင်းသောစနောက်မှုသက်သက်တစ်ခုပင်။
... 💜 ...
ထိုနေ့.. ထိုနေ့ဟာ သူ့ဘ၀တွင်မမေ့နိုင်တဲ့ရက်စွဲလေး..။
ဘုရားရှိခိုးပြီးချိန်ထိ ဆရာမမလာသေးတာမို့ အကုန်လုံးတစ်ယောက်တစ်ပေါက်။ တစ်ချို့က ပြတင်းပေါက်မှခေါင်းထွက်ရင်း ဆယ်တန်းဆောင်မှမိန်းကလေးတွေကို လှမ်းငေးရင်းဟိုစ၊ ဒီစ။ ဆယ်တန်းဆောင်က တစ်ထပ်ဆောင်မို့ သူတို့ကရှင်းလင်းစွာဖြင့် အပေါ်စီးမှမြင်ရလေသည်။
"အားလုံးမတ်တပ်ရပ်.. ဆရာမကိုနှုတ်ဆက်"
မော်နီတာရဲ့ကြည်လည်ပြတ်သားသောအသံနှင့်အတူ သူ့ရဲ့အိပ်ချင်စိတ်တွေကလဲလွင့်ပျံ့ကုန်ရလေပြီ။
"ပဥ္စဂုဏံ.. အဟံ၀န္ဒာမိ၊ အာစရိယဂုဏံ.. အဟံ၀န္ဒာမိ၊ မင်္ဂလာပါ.. ဆရာမ"
"အေး.. အေး"
ဆရာမကနာမည်ခေါ်ကာစာရင်းမှတ်လေတော့ နာမည်ထောက်လွန်းတဲ့သူ့နာမည်ခေါ်ချိန်တွင် အစဉ်အလာမပျက်ပင်။
"လေပြေလျှမ်းခ"
"ရှိပါတယ်ဗျ"
"အမလေး.. မောလိုက်တာဟယ်။ မောင်လေပြေရေ မင်းနာမည်ဘယ်သူပေးတာတုန်း"
"သူ့အဘ ဆရာမ.. သူ့အဘက ကဗျာရူးဗျ"
"ကျစ်! ခွေးကောင်"
"ဟဲ..ဟဲ"
ဆရာမကမမာန်ခင် သူကဦးအောင်ခပ်တိုးတိုးဆဲရေးလိုက်တာမို့ ဘုန်းခန့်ဇက်လေးပုသွား၏။ ဆရာမကတော့ တိတ်စမ်း ဟုသာပြောရင်း နာမည်ဆက်ခေါ်လေပြီ။ နောက်နေ့ကျ လူစာရင်းကြိုကောက်ပေးဖို့ မော်နီတာကိုလှမ်းခိုင်း၏။
"၀င်ခွင့်ပြုပါ ဆရာမ"
အိပ်ချင်မပြေသေးသောသူ့မျက်လုံးလေးတွေပြန်လည်မှေးစင်းလာခိုက် အန်တီကြီးတစ်ယောက်ရဲ့အော်သံကြောင့် သူ့မျက်လုံးလေးတွေပြူးကြောင်ရင်းကြည့်လိုက်တော့ အန်တီကြီးရဲ့နောက်တွေကပ်လိုက်လာသောကောင်လေး။
တီးတိုးသံတွေပေါ်လာသောမိန်းကလေးသံတစ်ချို့နဲ့အတူ ယောင်္ကျားလေးတွေရဲ့ဆရာမလစ်တာနဲ့ပေါ်လာတတ်တဲ့အသံတွေဆူညံသွားကြတာမို့ ဘာတွေပြောလဲသူသေချာမကြားရသော် လည်း မျက်လုံးတွေကတော့ ထိုကောင်လေးကိုငေးနေမိခဲ့တယ်။
မျက်နှာရှည်သွယ်ကာ မျက်ခုံးမျှင်းမျှင်းလေးတွေရံထားတဲ့ မျက်၀န်းလေးတွေဟာ ဗံဒါစေ့သဏ္ဍန်ရှိပြီး အကြည့်ခပ်ရဲရဲတို့ဖြင့်သူတို့ကျောင်းသားတွေဘက်ကိုအကဲခတ်နေခဲ့သည်။ ရှေ့ဆုံးတန်းကမိန်းကလေးတွေနဲ့အကြည့်ချင်းဆုံသွားပုံရခိုက် နှုတ်ခမ်းစွန်းကအထက်စီးဆန်စွာ လျော့ရဲရဲတစ်ချက်ပြုံးလေ၏။
ထို့နောက် ထို့အကြည့်များဟာ ငေးကြည့်နေမိသောသူထံသို့တည့်တည့်ရောက်ရှ်ိလာတာမို့ သူမျက်လွှာကိုကမန်းကတန်းချလိုက်မိချိန်မှာတော့
"ဟ! ခွန်ပြည့်ပါလားကွ"
အောင်ကျော်ထက်ရဲ့ခပ်တိုးတိုးရေရွတ်သံနဲ့လက်ပြကာ နှုတ်ဆက်မှုကြောင့် သူပါရောယောင်ကာပြန်မော့ကြည့်ခိုက် ထိုကောင်လေးက အောင်ကျော်ထက်ကိုလက်ပြန်ပြရင်း သူ့ကိုပါ ခေါင်းလေးငဲ့စောင်းကာကြည့်ရင်း မျက်ခုံးပင့်ပြတာမို့ သူမျက်နှာလွှဲလိုက်မိသည်။
ထိုအချိန်သေးသေးလေးမှာပင် သူ့ရင်ထဲမှာအမျိုးအမည်မသိသောခံစားချက်လေးဖြတ်ပြေးသွားရသလို ချွေးစေးလေးတွေပင်ပြန်သွားရလေပြီ။
ဒေါက်..။
သူတို့ထိုင်တဲ့စာရေးခုံရှည်ကို လက်နဲ့တစ်ချက်ခေါက်ပြီးမှ ထောင့်ဆုံးRollရဲ့ နောက်ဆုံးတန်းမှာသွားထိုင်သောကောင်လေးကို သူထပ်မကြည့်ဖြစ်သော်လည်း သူနောက်ကျောမလုံသလိုခံစားလိုက်ရတာတော့အမှန်။
ထိုနေ့မှစ၍ သူ့ရဲ့ကျောပြင်လေးပေါ်တွင် မောင့်ရဲ့အကြည့်ရဲရဲတို့ဟာ တံဆိပ်ခတ်နှိပ်ခဲ့လေသည်။
#Unicode
"ေလေျပ ဟဲ့ ေလေျပ"
"အင္.. အာ ႏိုးၿပီ၊ ႏိုးၿပီ အေမ"
"အမေလးေတာ္.. ေက်ာင္းတတ္တာသုံးရက္႐ွိၿပီ။ ခုထိမင္းကိုႏိူးေနရတုန္း ေလေျပ မင္းေတာ္ေတာ္အအိပ္မက္ပါလားဟမ္"
အေမ့ရဲ႕ဆူပူသံကိုနားယဥ္စြာနဲ႔လုပ္စရာ႐ွိတာကိုလုပ္ေနလိုက္သည္။ ညတိုင္း အေမထမင္းေရာင္းဖို႔ဝိုင္းကူရလို႔ ၁၂နာရီထိုးခါနီးမွအိပ္ရတဲ့အေၾကာင္း အေမတင္မက၊ သူပါေမ့ထားလိုက္ၾက၏။ အကိုကလဲ အင္ဂ်င္နီယာေက်ာင္းသားႀကီးမို႔မအားသလို အငယ္မေလးကလဲအေဆာ့မက္သူမို႔ သူကသာအိမ္တြင္အရာရာလိုက္လုပ္ရၿမဲ။
"ေရာ့.. ေရာ့ မုန္႔ဖိုး"
"ဟုတ္ကဲ့"
အေမ့ဆီကမုန္႔ဖိုးယူၿပီးထြက္လာလိုက္ေတာ့ အိမ္ေ႐ွ႕ကြပ္ပ်စ္ေလးေပၚတြင္ထိုင္ေနေသာကိုႀကီးကတစ္ခ်က္မွ်ၾကည့္ရင္း လမ္းမဘက္သို႔ျပန္ေငးၾကည့္ေန၏။
"ကိုႀကီး ကြၽန္ေတာ္သြားေတာ့မယ္ဗ်"
ကိုႀကီးဘက္က တုံ႔ျပန္သံမၾကားခင္ သူထြက္လာလိုက္သည္။ ၾကားရမွာလဲမဟုတ္တာေသခ်ာေနတာမို႔၊ ကိုႀကီးဟာ အေဖ့ေ႐ွ႕ကလြဲရင္ သူ႕ကိုအဖက္လုပ္ၿပီးစကားျပန္ေျပာေလ့မ႐ွိခဲ့။
... 💜 ...
"ေဟ့ေရာင္.. ေလေျပ"
"မင္းမ၀င္ေသးဘဲ ဘာလုပ္ေနတာလဲ"
"မင္းေစာင့္ေနတာ"
ေအာင္ေက်ာ္ထက္က စက္ဘီးေလးကိုတြန္းရင္း သူ႕ေဘးခ်င္းကပ္ေလွ်ာက္လိုက္လာရင္း
"မင္း စက္ဘီးမစီးဘူးလား"
"ငါ မစီးတတ္ဘူး"
"အင္း"
"ၿပီးေတာ့ မ႐ွိဘူး"
"ေအာ္"
ခပ္တိုးတိုးေရ႐ြတ္ရင္း အားနာသလိုပုံစံျဖစ္သြားတဲ့ေအာင္ေက်ာ္ထက္ေၾကာင့္ သူခပ္သာသာပင္ျပဳံးျပလိုက္တယ္။ ဒါကို သိမ္ငယ္ရျခင္း လို႔ေတြးၾကမလား။ သူကေတာ့မေတြးပါ။ မ႐ွိတာကမ႐ွိတာဘဲေပါ့။ ကံအက်ိဳးေပးအတိုင္းဘဲျဖစ္လာရတာေတြပါေလ။
"ဟယ္.. ဟိုေကာင္ေလး နင္ခုထိဆံပင္မညႇပ္ရေသးဘူးလား"
ေက်ာင္း၀င္စမွာပင္ ဆရာမရဲ႕အသံေၾကာင့္ ေအာင္ေက်ာ္ထက္ဇက္ေလးပု၀င္သြားကာ ရယ္က်ဲက်ဲျဖင့္
"ညႇပ္မယ္ဆရာမ.. သား သားမအားေသးလို႔"
"ဟဲ့ နင္မအားေသးရင္ ငါကိုယ္တိုင္ညႇပ္ေပးရမလား.. ကတ္ေၾကးစာမိခ်င္လို႔လား"
"မမိခ်င္ပါဘူးဆရာမ သားေနာက္ေန႔ညႇပ္ခဲ့ပါ့မယ္ဗ်"
"ေအး ေနာက္ေန႔ဒီဆံပင္အတိုင္းေတြ႕လို႔ကေတာ့.. နင့္ေခါင္းေမႊးေျပာင္းၿပီမွတ္"
"ဟုတ္ကဲ့ပါခင္ဗ်"
သြားေလးၿဖီးရင္းေျပာတဲ့ေအာင္ေက်ာ္ထက္ကိုၾကည့္ရင္း ေလေျပမွာရယ္ခ်င္စိတ္ကိုမနည္းထိန္းထားရ၏။
ေအာင္ေက်ာ္ထက္စက္ဘီးကိုကြင္းစပ္တြင္ရပ္ၿပီးေနာက္ ႏွစ္ေယာက္အတူတြဲေလွ်ာက္၀င္လာမိခိုက္ ေက်ာင္းေလွ်ာက္လမ္းကေကာင္ေလးတစ္ေယာက္က သူ႕ကိုျပဳံးသြားတာမို႔ သူ႕မွာအူေၾကာင္ေၾကာင္ျပန္ျပဳံးျပမိေတာ့
"ေအာင္ေက်ာ္ထက္"
"အကို"
သူ႕ကိုျပဳံးတာမဟုတ္ဘဲ ေအာင္ေက်ာ္ထက္ကိုျပဳံးျပတာမွန္းသိေတာ့မွာ သူ႕မွာျပဳံးျပလက္စကိုရပ္ခ်ရင္း မ်က္လႊာခ်ထားလိုက္ရသည္။
"ေဟ့"
"ကြၽန္ေတာ္လား"
"အင္း မင္းေလ.. ငါ့ကိုမမွတ္မိဘူးလား"
"ဗ်ာ.."
မ်က္ဆံေလးကိုေထာင့္ကပ္ရင္းစဥ္းစားဟန္ျပဳမိေတာ့ သူ႕ကိုမမွတ္မိဘူးလား ဆိုတဲ့သေဘာျဖင့္ မ်က္ေမွာင္ကုတ္ၾကည့္ရင္း
"ေက်ာင္းစတက္တဲ့ေန႔က မင္းအခန္းေမးတဲ့လူေလ"
"ေအာ္.. ဟုတ္ ေက်းဇူးပါဗ်"
"ဟား ခုထိေက်းဇူးတင္တုန္းလားကြ"
"ေအာ္.. သိေနၾကတာလား။ ေလေျပ ကိုပိုင္က ပိုင္တဲ့"
"ဟမ္... ေအာ္ ပိုင္တစ္လုံးတည္းလား"
"အင္း ညီေလးကေရာ ေလေျပလား"
"ေလေျပလွ်မ္းခပါ"
"ေအာ္.. ေအး ေအး ၀င္ၾက ေနာက္က်ေနဦးမယ္"
ေခါင္းညိတ္ျပရင္း ႏွစ္ေယာက္တူတူဆက္ေလွ်ာက္လာၾကေတာ့ ေအာင္ေက်ာ္ထက္က
"အဲ့အကိုက ေက်ာင္းဒုကၠဌေလ 10တန္း Bio A ခန္းက"
ဒါေၾကာင့္ Jခန္းကို သိေနရျခင္းဘဲ။ သူနဲ႔႐ြယ္တူလို႔လြယ္လြယ္မွတ္ထားလိုက္ေပမဲ့ အတန္းကိုသိရမွပင္ မိမိထက္ေတာ္ေတာ္အရပ္႐ွည္ေၾကာင္းသတိျပဳမိလိုက္သည္။
အခန္းထဲ၀င္လိုက္တာနဲ႔ဝုန္းဒိုင္းႀကဲေနၾကေသာေက်ာင္းသားမ်ားေၾကာင့္ သူမ်က္ႏွာေလး႐ႈံ႕မိသည္။ ဘုန္းခန္႔ေျပာတဲ့ေနသားက်မဲ့ေန႔ဟာ ဘယ္ေန႔မ်ားပါလိမ့္။ ထိုင္ခုံထဲ၀င္ထိုင္ရင္း လြယ္အိတ္ကိုေအာက္အကန္႔ထဲထည့္ကာ စာေရးခုံေပၚကဖုန္ေတြကို လက္ႏွင့္ပင္ခါထုတ္လိုက္၏။ ဘယ္ေကာင္တက္သြားလဲမသိေပမယ့္ စိတ္ထဲနာနာက်ိန္ဆဲလိုက္မိရင္း
"ဘုန္းခန္႔ဆိုတဲ့ေကာင္ ဘယ္ေရာက္ေနပါလိမ့္"
"တစ္ခန္းခန္းဖြန္သြားေၾကာင္တာေနမွာေပါ့"
ေက်ာင္းတက္ေခါင္းေလာင္းထိုးခ်ိန္မွ စပ္ၿဖဲၿဖဲနဲ႔ကမန္းကတန္း၀င္လာတဲ့ဘုန္းခန္႔ေၾကာင့္ ေအာင္ေက်ာ္ထက္က ေတြ႕လားဆိုေသာသေဘာျဖင့္ ေမးေငါ့ျပေလသည္။
"..စည္းကမ္းေသ၀ပ္ျခင္းအရင္းျပဳသည္.. ဝီရိယလဲ႐ွိရမည္.."
အခန္းေ႐ွ႕တြင္တန္းစီကာႏိုင္ငံေတာ္သီခ်င္းဆိုၿပီးေနာက္ အတန္းထဲ၀င္ကာ ဘုရား႐ွိခိုးခ်ိန္တြင္ ဘာသာမတူေသာသူငယ္ခ်င္းမ်ားကစာၾကည့္ေနသလို ဟိုလုပ္၊ ဒီလုပ္။ ဘုရား႐ွိခိုးတဲ့သူတို႔ကလဲ ပါးစပ္ကေအာ္ၿပီး မ်က္လုံးက ဟိုေရာက္၊ ဒီေရာက္။
"ကဲ ပုံႏွိပ္စာအုပ္ထုတ္.. စာမ်က္ႏွာ"
"...
"ဟဲ့ ဟိုေကာင္ေလး စာအုပ္မပါဘူးလား"
"ဆရာမသားစာအုပ္က်န္ခဲ့.."
"ေအး က်န္..က်န္ ေက်ာင္းတတ္တာမွ သုံးရက္ဘဲ႐ွိေသးတယ္ေနာ္"
ဆရာမဆူေတာ့မွ ထိုေကာင္ေလးက သူ႕သူငယ္ခ်င္းစာအုပ္ကို စပ္ၿဖဲၿဖဲယူၾကည့္၏။ ဆရာမကေဒါသကင္းေသာမ်က္ေစာင္းျဖင့္ လွမ္းခဲသည္။ သူတို႔ရဲ႕ဆရာမသေဘာေကာင္းေၾကာင္းကို သူတို႔သိခဲ့ၿပီးျဖစ္သည့္အျပင္ နာမည္ေျပာင္အျဖစ္ ေဒၚႂကြက္ႂကြက္ဟန္လို႔ ခ်စ္စႏိုးေခၚေၾကာင္းကိုလဲ သိရသည္။
ဆရာမေတြကို နာမည္ေျပာင္ေပးျခင္းဟာလည္း ေက်ာင္းသားေတြရဲ႕ေစာ္ကားလိုျခင္း အလွ်င္းကင္းေသာ အျပစ္ကင္းေသာစေနာက္မႈသက္သက္တစ္ခုပင္။
... 💜 ...
ထိုေန႔.. ထိုေန႔ဟာ သူ႕ဘ၀တြင္မေမ့ႏိုင္တဲ့ရက္စြဲေလး..။
ဘုရား႐ွိခိုးၿပီးခ်ိန္ထိ ဆရာမမလာေသးတာမို႔ အကုန္လုံးတစ္ေယာက္တစ္ေပါက္။ တစ္ခ်ိဳ႕က ျပတင္းေပါက္မွေခါင္းထြက္ရင္း ဆယ္တန္းေဆာင္မွမိန္းကေလးေတြကို လွမ္းေငးရင္းဟိုစ၊ ဒီစ။ ဆယ္တန္းေဆာင္က တစ္ထပ္ေဆာင္မို႔ သူတို႔က႐ွင္းလင္းစြာျဖင့္ အေပၚစီးမွျမင္ရေလသည္။
"အားလုံးမတ္တပ္ရပ္.. ဆရာမကိုႏႈတ္ဆက္"
ေမာ္နီတာရဲ႕ၾကည္လည္ျပတ္သားေသာအသံႏွင့္အတူ သူ႕ရဲ႕အိပ္ခ်င္စိတ္ေတြကလဲလြင့္ပ်ံ႕ကုန္ရေလၿပီ။
"ပၪၥဂုဏံ.. အဟံ၀ႏၵာမိ၊ အာစရိယဂုဏံ.. အဟံ၀ႏၵာမိ၊ မဂၤလာပါ.. ဆရာမ"
"ေအး.. ေအး"
ဆရာမကနာမည္ေခၚကာစာရင္းမွတ္ေလေတာ့ နာမည္ေထာက္လြန္းတဲ့သူ႕နာမည္ေခၚခ်ိန္တြင္ အစဥ္အလာမပ်က္ပင္။
"ေလေျပလွ်မ္းခ"
"႐ွိပါတယ္ဗ်"
"အမေလး.. ေမာလိုက္တာဟယ္။ ေမာင္ေလေျပေရ မင္းနာမည္ဘယ္သူေပးတာတုန္း"
"သူ႕အဘ ဆရာမ.. သူ႕အဘက ကဗ်ာ႐ူးဗ်"
"က်စ္! ေခြးေကာင္"
"ဟဲ..ဟဲ"
ဆရာမကမမာန္ခင္ သူကဦးေအာင္ခပ္တိုးတိုးဆဲေရးလိုက္တာမို႔ ဘုန္းခန္႔ဇက္ေလးပုသြား၏။ ဆရာမကေတာ့ တိတ္စမ္း ဟုသာေျပာရင္း နာမည္ဆက္ေခၚေလၿပီ။ ေနာက္ေန႔က် လူစာရင္းႀကိဳေကာက္ေပးဖို႔ ေမာ္နီတာကိုလွမ္းခိုင္း၏။
"၀င္ခြင့္ျပဳပါ ဆရာမ"
အိပ္ခ်င္မေျပေသးေသာသူ႕မ်က္လုံးေလးေတြျပန္လည္ေမွးစင္းလာခိုက္ အန္တီႀကီးတစ္ေယာက္ရဲ႕ေအာ္သံေၾကာင့္ သူ႕မ်က္လုံးေလးေတြျပဴးေၾကာင္ရင္းၾကည့္လိုက္ေတာ့ အန္တီႀကီးရဲ႕ေနာက္ေတြကပ္လိုက္လာေသာေကာင္ေလး။
တီးတိုးသံေတြေပၚလာေသာမိန္းကေလးသံတစ္ခ်ိဳ႕နဲ႔အတူ ေယာက်ၤားေလးေတြရဲ႕ဆရာမလစ္တာနဲ႔ေပၚလာတတ္တဲ့အသံေတြဆူညံသြားၾကတာမို႔ ဘာေတြေျပာလဲသူေသခ်ာမၾကားရေသာ္ လည္း မ်က္လုံးေတြကေတာ့ ထိုေကာင္ေလးကိုေငးေနမိခဲ့တယ္။
မ်က္ႏွာ႐ွည္သြယ္ကာ မ်က္ခုံးမွ်င္းမွ်င္းေလးေတြရံထားတဲ့ မ်က္၀န္းေလးေတြဟာ ဗံဒါေစ့သ႑န္႐ွိၿပီး အၾကည့္ခပ္ရဲရဲတို႔ျဖင့္သူတို႔ေက်ာင္းသားေတြဘက္ကိုအကဲခတ္ေနခဲ့သည္။ ေ႐ွ႕ဆုံးတန္းကမိန္းကေလးေတြနဲ႔အၾကည့္ခ်င္းဆုံသြားပုံရခိုက္ ႏႈတ္ခမ္းစြန္းကအထက္စီးဆန္စြာ ေလ်ာ့ရဲရဲတစ္ခ်က္ျပဳံးေလ၏။
ထို႔ေနာက္ ထို႔အၾကည့္မ်ားဟာ ေငးၾကည့္ေနမိေသာသူထံသို႔တည့္တည့္ေရာက္႐ွ္ိလာတာမို႔ သူမ်က္လႊာကိုကမန္းကတန္းခ်လိုက္မိခ်ိန္မွာေတာ့
"ဟ! ခြန္ျပည့္ပါလားကြ"
ေအာင္ေက်ာ္ထက္ရဲ႕ခပ္တိုးတိုးေရ႐ြတ္သံနဲ႔လက္ျပကာ ႏႈတ္ဆက္မႈေၾကာင့္ သူပါေရာေယာင္ကာျပန္ေမာ့ၾကည့္ခိုက္ ထိုေကာင္ေလးက ေအာင္ေက်ာ္ထက္ကိုလက္ျပန္ျပရင္း သူ႕ကိုပါ ေခါင္းေလးငဲ့ေစာင္းကာၾကည့္ရင္း မ်က္ခုံးပင့္ျပတာမို႔ သူမ်က္ႏွာလႊဲလိုက္မိသည္။
ထိုအခ်ိန္ေသးေသးေလးမွာပင္ သူ႕ရင္ထဲမွာအမ်ိဳးအမည္မသိေသာခံစားခ်က္ေလးျဖတ္ေျပးသြားရသလို ေခြၽးေစးေလးေတြပင္ျပန္သြားရေလၿပီ။
ေဒါက္..။
သူတို႔ထိုင္တဲ့စာေရးခုံ႐ွည္ကို လက္နဲ႔တစ္ခ်က္ေခါက္ၿပီးမွ ေထာင့္ဆုံးRollရဲ႕ ေနာက္ဆုံးတန္းမွာသြားထိုင္ေသာေကာင္ေလးကို သူထပ္မၾကည့္ျဖစ္ေသာ္လည္း သူေနာက္ေက်ာမလုံသလိုခံစားလိုက္ရတာေတာ့အမွန္။
ထိုေန႔မွစ၍ သူ႕ရဲ႕ေက်ာျပင္ေလးေပၚတြင္ ေမာင့္ရဲ႕အၾကည့္ရဲရဲတို႔ဟာ တံဆိပ္ခတ္ႏွိပ္ခဲ့ေလသည္။
#Zawgyi
#Blfic
-Hanna
2021 Sep 24 Fri
8:20PM