"အိမ်ကိုမြန်မြန်ပြန်လာခဲ့ပါဉီး!!"
"နွေဉီး ဘာဖြစ်လို့လဲ"
မိုးပင်လယ်လူနာဆောင်ထဲကထွက်လာရုံရှိသေးတယ် နွေဉီးဆီကဖုန်းဝင်လာပြီး
သူစကားတောင်ဆုံးအောင်မပြောရသေးဘူး ဖုန်းကျသွားပြီ။ပြန်ခေါ်တော့လဲ မကိုင်ဘူး...ဖုန်းထဲကနွေဉီးအသံကပုံမှန်မဟုတ်သလိုခံစားရလို့ မိုးပင်လယ်ရင်တွေတုန်လာတယ်။ဘာများဖြစ်လို့ပါလိမ့်...
ဖုန်းကိုဂျုတီကုတ်ထဲပစ် ထည့်ပြီး သူကော်ရစ်ဒါတစ်လျှောက်ပြေးလာနေတုန်း လမ်းမှာတွေ့တဲ့ ကိုကျော်ဇင်ထွဋ်က သူ့လက်ကိုအတင်းဖမ်းဆွဲတယ်။
"Sea! Sea! ဘာဖြစ်လို့လဲ...ဘာဖြစ်လို့ပြေးနေတာလဲ"
"ဟာ!!အစ်ကို အတော်ပဲဗျာ...ကျွန်တော်အိမ်ကိုအလောတကြီးပြန်ရမှာမို့ ဂျူတီလေး ခဏစောင့်ပေးပါဗျာနော်"
အစ်ကို့အဖြေကိုတောင်နားမထောင်နိုင်တော့ပဲ သူဆေးရုံကနေအိမ်အထိတစ်ရှိန်ထိုးပြေးရတယ်။အိမ်နားကိုရောက်ခါနီးလေ သူ့ရင်တွေတုန်လာလေပဲ...ဆေးရုံကနေဆို နွေဉီးအိမ်ကိုလှမ်းမြင်ရတယ်။ခုသူမြင်နေတာတော့ ဘာအလင်းရောင်မှမရှိဘဲ မှောင်မဲနေတာပဲ။သူနိုက်ဂျူတီကျတဲ့နေ့ကျမှ ဘာတြွေဖစ်ရတာပါလိမ့်။သူ့အမေများရုတ်တရက်ရောက်လာလို့လား။
သူ့စိတ်ထဲမှာ မြွေတွေ လူဆိုးတွေထက် သူ့အမေရောက်ချလာမှာပဲစိုးရိမ်နေမိတယ်။
မိုးပင်လယ် ခြံတံခါးကို အလောတကြီးဖွင့်ဝင်သွားပြီး အိမ်ဝရောက်တော့ အိမ်တံခါးကလဲ ပွင့်နေတယ်။အိမ်ထဲမှာတော့ အပ်ကျသံတောင်ကြားရလောက်တဲ့ထိ တိတ်ဆိတ်နေလို့ သူသက်ပြင်းချလိုက်မိတယ်။ဒီလောက်ဆို သူ့အမေရောက်နေတာမဟုတ်လောက်ဘူး...သူ့အမေကလွဲရင်ကျန်တာအကုန်သူရင်ဆိုင်ရဲတာမို့ အိမ်ထဲမဝင်ခင် ခြံထဲက တုတ်တစ်ချောင်းပြန်ကောက်ပြီး အိမ်ထဲဝင်လာလိုက်တယ်။
တစ်လှမ်း...
နှစ်လှမ်း...
သုံးလှမ်း...
သူ့ခြေလှမ်း လေးလှမ်းမြောက်မှာ မီးခြစ်သံဖျောက်ခနဲမြည်သံနဲ့အတူ ကိတ်မုန့်ကိုင်ထားတဲ့ နွေဉီး ထမင်းစားပွဲ နောက်ကနေပေါ်လာတော့သူအံ့သြပျော်ရွှင်မှုနဲ့အတူ မျက်ရည်တောင်ဝဲလာမိတယ်။နွေဉီးကတော့ မွေးနေ့သီချင်းကိုဆိုပြီး သူ့ဆီတစ်လှမ်းချင်းလှမ်းလာနေတယ်။
"Happy Birthday ကိုမိုးပင်လယ်..."
မိုးပင်လယ် နွေဉီးကိုပဲ ကြည့်နေမိတယ်။ပုံရိပ်က ခပ်ဝါးဝါးမို့ သူ့လက်ကိုမြှောက်ကာ မျက်ရည်သုတ်လိုက်တော့ လက်ထဲကတုတ်ကိုနွေဉီးမြင်သွားပြီး...
"ဟင်!!တုတ်ကြီးက ဘာလုပ်ဖို့လဲ"
"ဟမ်!!သြော်...ဒါလား"
မိုးပင်လယ် ဆက်မပြောနိုင်ပဲ သူ့အဖြစ်သူပြန်တွေးကာရယ်ချလိုက်မိတယ်။တုတ်ကြီးကိုင်ထားတဲ့လက်နဲ့မှ မျက်ရည်သုတ်မိရတယ်လို့။တုတ်ကို ထမင်းစားပွဲမှာမှီထောင်လိုက်တာကိုနွေဉီးကလိုက်ကြည့်ပြီးထပ်မေးတယ်။
"တုတ်ကြီးက ဘာလုပ်ဖို့လဲ"
"ရိုက်ဖို့!"
"ကျွန်တော့်ကိုလား"
"ပေါက်ပေါက်ရှာရှာ...ကိုယ်ပြန်လာတော့တစ်အိမ်လုံးမှောင်မဲနေလို့ တစ်ခုခုဆိုရိုက်ရအောင် တုတ်ကောက်လာတာ"
"သြော်..."
"နွေဉီးက ကိုယ့်ကိုလန့်အောင်လုပ်တာကိုး...ဘာများဖြစ်နေပြီလဲဆိုပြီး ရင်တွေတောင်တုန်တယ်"
"ဟားဟား..ခင်ဗျားကတော့တကယ့်လူပဲ"
နွေဉီးကတော့ သူ့အဖြစ်ကို ရယ်လို့မဆုံးဖြစ်နေပြီး သူကတော့ ရှက်ပြုံး ပြုံးနေရုံအပြင်ဘာမှလုပ်စရာမရှိတာမို့ ကိတ်မုန့်ပေါ်ကဖယောင်းတိုင်ကို မှုတ်ချလိုက်တော့ တစ်အိမ်လုံး ပြန်မှောင်မဲသွားတော့တယ်။
"ဟာ!!မီးပြန်မဖွင့်ရသေးပဲမှုတ်ချလိုက်ပြန်ပြီ!!မီးသွားဖွင့်ဉီး "
မိုးပင်လယ် မျက်လုံးကိုအမှောင်ထဲမှာကျင့်သားရအောင် လုပ်ပြီး နွေဉီးရဲ့ရှေ့ဘက်ကိုနည်းနည်းထပ်တိုးလိုက်တယ်။နွေဉီး မျက်နှာကို သူ့လက်နှစ်ဘက်နဲ့ထိန်းကိုင်ပြီး နူးညံ့နေတဲ့ နှုတ်ခမ်းလေးတွေကို ဖိကပ်နမ်းလိုက်တော့ သူနမ်းမယ်ထင်မထားတဲ့ နွေဉီး ခန္ဓာကိုယ်ကမတ်ခနဲ...နွေဉီးနားနားကိုကပ်ပြီး..
"ကိတ်မုန့်ကိုသေချာကိုင်ထားနော်...ကိုယ့်ကိတ်မုန့်လွတ်မကျစေနဲ့"
စကားဆုံးဆုံးချင်း နွေဉီး နှုတ်ခမ်းတွေက မိုးပင်လယ်ရဲ့နှုတ်ခမ်းတွေနဲ့ နူးနူးညံ့ညံ့ပိတ်ဆို့တာခံလိုက်ရတယ်။နှုတ်ခမ်းတွေက နွေးထွေး နူးညံ့နေပြီး..သူ့နှုတ်ခမ်းတွေကို ဆွဲယူပြီး ဖွဖွလေးကိုက်နေသေးတယ်။နွေဉီး ရင်ခုန်သံတွေ မြန်လာတာမို့ လက်ထဲက ကိတ်မုန့်တောင်လွတ်ကျလုမတတ်ဘဲ။
အတန်ကြာနမ်းနေပြီးတဲ့အထိ မိုးပင်လယ်က သူ့ကိုလွှတ်မပေးသေးပါဘူး...ဒီလိုသာဆို ရင်ခုန်လို့ထက် သူ့လက်ညောင်းလို့ ကိတ်မုန့်ကပြုတ်ကျတော့မှာပါ။ မိုးပင်လယ်ကနမ်းပြီဆို အကြာကြီးနမ်းနိုင်ပေမဲ့ သူကမခံနိုင်ဘူး။သူ့ကိုအသက်တောင်ရှုခွင့်မပေးတာမို့ ခေါင်းကို စောင်းလိုက်တော့ နမ်းတာကိုရပ်လိုက်ပြီး...
"နွေဉီး!!ဘာဖြစ်လို့လဲ"
"အသက်ရှုလို့မရတော့လို့...ပြီးတော့လက်ထဲကကိတ်မုန့်လဲလွတ်ကျတော့မယ်"
နွေဉီးရဲ့စူပုတ်ပုတ် စကားသံကြားမှ မိုးပင်လယ် မီးတွေအမြန်ပြေးဖွင့်ပြီး..
"Sorry...အဟင်း!!ကိုယ်လဲအဲ့လောက်ထိမရည်ရွယ်ပါဘူး..ဒါပေမဲ့ နွေဉီး နှုတ်ခမ်းက ရေခဲမုန့်လိုပဲ၊စားပြီးရင်းစားချင်..."
"တော်..တော်!!"
နွေဉီး နားရွက်နီနီလေးနဲ့ ပျာပျာသလဲလဲတားတယ်။နှုတ်ခမ်းလေးတွေကလဲ နီရဲစိုလဲ့နေပြီး ပါးပြင်လေးတွေကလဲ ပန်းရောင်ပြေးနေတာမို့ သူ ကိတ်မုန့်စားမဲ့အစား နွေဉီးကိုပဲဝါးစားပစ်လိုက်ချင်တယ်။ဒါပေမဲ့ စိတ်မကောင်းစရာက သူဂျူတီပြန်ဝင်ရဉီးမယ်။
နွေဉီးကတော့ ကိတ်ကိုလှီးပြီး ပန်းကန်တစ်ချပ်ထဲထည့်ပြီး သူ့ကို ပေးကာ..
"ရော့ ...ခင်ဗျားဂျုတီပြန်ဝင်ရဉီးမှာလား"
"အင်း!ခဏ"
ကိုကျော်ဇင်ထွဋ်ဆီကစာဝင်လာတာမို့ ဖွင့်ကြည့်လိုက်တော့သူ မမျှော်လင့်ထားတဲ့ စာဖြစ်နေတယ်။
/အစ်ကို မွေးနေ့လက်ဆောင်အနေနဲ့ဂျုတီအစားဝင်ပေးမယ် ညီလေး...ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ/
/ကျေးဇူး အစ်ကို...အစ်ကို့ကိုတော့ ကျွန်တော်အချစ်ဆုံးပဲ/
/ချစ်ရင် ပြန်ပြီးဂျုတီလာဝင်ပါလား/
/ရတယ်အစ်ကို...အဲ့လောက်ထိချစ်တာတော့မဟုတ်ဘူး/
/ခွေးကောင်!/
အစ်ကို့ဆီကနေ အကြိမ်ပေါင်းများစွာအဆဲခံရဖူးပေမဲ့ ဒီတစ်ခါကတော့အချိုမြိန်ဆုံးပဲ။
"ကိုကျော်ဇင်ထွဋ်ဆီကလား"
"အင်းဟုတ်တယ်"
"ပြန်မလာတော့နဲ့ တဲ့လား"
"အင်း..ဘယ်လိုလုပ်သိလဲ"
"ခင်ဗျားမျက်နှာကြီးဒီလောက်ပြုံးသွားတာကို"
"နွေဉီး...ဘာလို့ ကိုယ့်ကိုမွေးနေ့အစောကြီးလုပ်ပေးတာလဲ"
"ခင်ဗျား အိမ်ပြန်လို့ရအောင်လေ...မြန်မြန်သွားရှင်းပြီးမြန်မြန်ပြန်လာခဲ့ပေါ့...ပြီးတော့ ကျွန်တော်နဲ့အတူတူ မွေးနေ့လုပ်ချင်တာဆို..အိမ်ပြန်နေတဲ့ရက်ကျမှ ခင်ဗျားမွေးနေ့ဆို အတူတူရှိမနေနိုင်မှာစိုးလို့"
"ကျေးဇူးတင်ပါတယ်နွေဉီးရာ...ကိုယ့်ကလေးလေးက အရမ်းကိုချစ်ဖို့ကောင်းတာပဲ"
ပြောပြီး ထုံးစံအတိုင်းသူ့ပါးကိုလာဖျစ်တာမို့ နွေဉီးလက်ကိုပုတ်ထုတ်လိုက်ချင်ပေမဲ့ မွေးနေ့ရှင်မို့သည်းခံနေလိုက်တယ်။
"အိမ်ပြန်ပြီး ခင်ဗျားအမေနဲ့ ခင်ဗျားဖြစ်ချင်တာကိုသေချာဆွေးနွေးခဲ့ပေါ့...သေသေချာချာ ဆွေးနွေးခဲ့မှရမှာနော် ကျွန်တော်က ခင်ဗျားသွားနေတဲ့ အချိန်မှာ ဂျုတီဝင်ပေးထားရမှာ"
"ဟုတ်ပါပြီ...ကိုယ်သေသေချာချာ စကားပြောခဲ့ပါမယ်"
နွေဉီးကကျေနပ်သွားသလိုခေါင်းညိတ်ပြီး ကိတ်မုန့်ကိုတစ်ဇွန်းခပ်စားတယ်။ခရင်မ် များတဲ့ကိတ်ဆိုတော့ အဖြူရောင်ခရင်မ်တွေက နှုတ်ခမ်းနီနီလေးမှာ အိခနဲမို့မိုးပင်လယ်ငေးသွားရတယ်။နွေဉီးက လျှာနဲ့သပ်ပြီး...
"ခရင်မ်တွေကများလိုက်တာ...ခင်ဗျား စားလို့အဆင်ပြေရဲ့လား"
"အင်းပြေပါတယ်...နွေဉီးရော..နွေဉီးကခရင်မ်များတာမကြိုက်ဘူးမလား"
"ကိုကျော်ဇင်ထွဋ်ကိုမှာလိုက်တာလေ...အဆင်ပြေတာလေးဝယ်ခဲ့ဆိုတာကို ယူချလာတာကိုကြည့်"
"အစ်ကို့ကို!!"
"အင်း သူမနေ့ကဟိုပုံးသွားတယ်လေ အဲ့တုန်းကမှာလိုက်တာ...အဲ့ဒါကြောင့်ဒီနေ့ ခင်ဗျားအစားသူဂျုတီဝင်ပေးတာပေါ့"
"သြော် အဲ့လိုလား! အမယ်...မတည့်ဘူးလဲဆိုသေး ခုကျအတိုင်အဖောက်ညီကြသား"
နွေဉီးက ကိတ်မုန့်ဝါးလက်စနှင့် နှုတ်ခမ်းကိုမဲ့ပြီး...
"မချစ်သော်လဲအောင့်ကာနမ်းပေါ့ဗျာ...ခင်ဗျား အစ်ကိုလုပ်ပုံကိုပဲကြည့် ကျွန်တော် ခရင်မ်မများတဲ့ ကိတ်လို့ရေငတ်သလို သေသေချာချာမှာလိုက်တာ..ခုကျကြည့်ဉီး တစ်ကမ္ဘာလုံးကခရင်မ်တွေများ ဒီကိတ်မှာ ပုံနေသလားမှတ်ရတယ်"
"အင်း..ဟုတ်ပါ့နော်..ခရင်မ်တွေများလိုက်တာ..ဒါပေမယ့်ကိုယ်ကြိုက်တယ်"
"ဟင်!ချက်ချင်း.."
"အင်း!!ခရင်မ်ကိုကြိုက်တာတော့မဟုတ်ဘူး...ခရင်မ်တွေပေနေတဲ့ နွေဉီး နှုတ်ခမ်းကို"
နွေဉီးနှုတ်ခမ်းမှာ တစ်စွန်းတစ်စပေနေသေးတဲ့အဖြူရောင်ခရင်မ်တွေကို မိုးပင်လယ်စိုက်ကြည့်မိရင်းပြောလိုက်တယ်။တကယ်ကိုပဲသူ အကြည့်မလွှဲနိုင်တော့ဘူး။
နွေဉီးအနေရခက်သွားသလို မျက်လုံးဝိုင်းသွားပြီး တစ်ရှုးနဲ့ သုတ်ပစ်ဖို့လုပ်တော့ သူပျာပျာသလဲလဲတားလိုက်ပြီး..
"မသုတ်ပစ်နဲ့...ကိုယ်သုတ်ပေးမယ်"
မိုးပင်လယ် ခါးကိုင်းပြီး နွေဉီးမေးစေ့လေးကိုမော့ယူကာ နှုတ်ခမ်းပေါ်မှ ခရင်မ်တွေကို လျှာနဲ့လျက်ယူလိုက်တယ်။
ပြီးမိုးပင်လယ်က သူ့နှုတ်ခမ်းထောင့်စွန်းကို လက်မနဲ့ဖိသုတ်ပြီး...
"အဟင်း!တော်တော်ချိုတာပဲ..."
"ဟေ့လူ!!"
"တော်တော်ချိုလို့ စားလို့တောင်ဝပါ့မလားမသိဘူး"
မချိုမချဉ်ရုပ်နဲ့ ကိတ်မုန့်ကိုစားနေတဲ့ မိုးပင်လယ်ကို နွေဉီးအံ့သြပြီးကြည့်နေမိတယ်။ပုံစံကိုကြည့်ရင်မထင်ရဘူးဆိုပေမဲ့ မိုးပင်လယ်က တော်တော်ကိုဉာဏ်နီဉာဏ်နက်များတဲ့လူလို့ သူထင်လာပြီ။
မိုးပင်လယ်က ကိတ်ကို ခပ်ပြီးဇွန်းကိုနွေဉီးဆီထိုးကာ..
"အာ...ဟ..ကိုယ် ကမွေးနေ့ရှင်ဖြစ်ပြီးခွံ့ကျွေးဖို့မေ့နေလို့"
နွေဉီးခေါင်းခါပြီးငြင်းလိုက်ပေမယ့်မွေးနေ့ရှင်ရဲ့လက်က သူမစားမချင်း ခွံ့နေမယ့်ပုံပေါ်နေတယ်။မိုးပင်လယ်တစ်ခုခုကြံစည်နေတာတော့ မဟုတ်ဘူးမလား...
နွေဉီး စိတ်ထဲမယုံတစ်ဝက်နဲ့မို့နှုတ်ခမ်းကိုမဟချင်ဟချင်နဲ့ ဟပြီး ရှေ့ကိုတိုးပေးလိုက်တော့ မိုးပင်လယ်က ဇွန်းကိုင်မထားတဲ့လက်နဲ့ ခရင်မ်အမြောက်အများကို မျက်စိတစ်မှိတ်အတွင်းယူပြီး သူ့နှုတ်ခမ်းကိုသုတ်ချလိုက်တယ်။
နွေဉီး ထပ်ပြီးကြောင်အသွားတာကိုအခွင့်ကောင်းယူပြီး မိုးပင်လယ်က သူ့နှုတ်ခမ်းတွေကိုငုံခဲလိုက်ပြီး ခရင်မ်တွေရော သူ့နှုတ်ခမ်းတွေကိုပါ တစ်ရှိုက်မက်မက် စားနေတယ်။ဟုတ်ပါတယ် စားနေတာပါ...သူ့နှုတ်ခမ်းတွေကို ကိတ်အမှတ်နဲ့စားနေတာ။
တစ်ခဏလေးအတွင်းမှာပဲသူတို့နှစ်ယောက်ရဲ့ မျက်နှာ နှစ်ခုကြားမှာ ကွက်လပ်ဆိုတာမရှိတော့လောက်အောင်ပူးကပ်နေပြီး နှုတ်ခမ်းတွေကကိုယ်စီအလုပ်များသွားတယ်။မိုးပင်လယ်ရဲ့လက်တွေက သူ့မျက်နှာကိုသံညှပ်တစ်ခုလိုခိုင်ခိုင်မာမာညှပ်ထားပြီး နှုတ်ခမ်းတွေကတော့ သူ့မျက်နှာတစ်လုံးကို စိတ်တိုင်းကျခြယ်လှယ်နေတယ်။
သူတို့နှုတ်ခမ်းတွေက ပူနွေးပြင်းရှနေပြီး သူတို့နှလုံးသားတွေကလဲ ပြင်းပြင်းထန်ထန်ခုန်ပေါက်နေကြတယ်။အသက်ရှုကြပ်လို့ နွေဉီးဆီက ညည်းသံတိုးတိုးလေးမသဲမကွဲ ထွက်လာတော့ သူ့နှုတ်ခမ်းတွေကို သွေးကြောလေးတွေခပ်ရေးရေးပေါ်နေတဲ့ လည်တိုင်ပေါ်ပြောင်းလိုက်တယ်။လည်တိုင်မွတ်မွတ်လေးဆီက နူးညံမှုနဲ့အတူနွေဉီးဆီက ရေချိုးဆပ်ပြာနံ့သင်းသင်းလေးက သူ့နှာခေါင်းထဲတိုးဝင်လာတာမို့ တစ်ရှိုက်မက်မက်နမ်းနေတာကိုရပ်ဖို့သူစိတ်ကူးမရှိတော့သလိုရပ်လဲမရပ်နိုင်တော့ဘူး။
မိုးပင်လယ်နှုတ်ခမ်းနဲ့ပါးပြင်ပေါ်တစ်ဖွဖွ နမ်းနေရင်း ခါးကနေဆွဲထူမလိုက်ကာသူ့ကို စားပွဲပေါ်ထိုင်ရက်မတင်လိုက်ပြီးနွေဉီးရဲ့ ခြေထောက်နှစ်ချောင်းကြားထဲကိုပိုင်ပိုင်နိုင်နိုင်ဝင်ရပ်လိုက်တယ်။အနမ်းတွေကြားမှာ နွေဉီး ကိုယ်ခန္ဓာကိုယ်ကိုတောင် ကိုယ်တိုင် မထိန်းနိုင်တော့တာမို့ မိုးပင်လယ်ရဲ့ တောင့်တင်းတဲ့ လည်တိုင်ကိုမှီတွဲလိုက်ရတယ်။
မိုးပင်လယ်ရဲ့ နှုတ်ခမ်းတွေကသူ့ပါးပြင်ကနေတစ်ဆင့် နှုတ်ခမ်းတွေကို ပြန်ရောက်လာပြီး လျှာဖျားလေးနဲ့တို့ထိကျီစယ်ကာ သူ့ပါးစပ်ကိုဖွင့်ဟစေတယ်။နွေဉီး ပါးစပ်ဖွင့်မပေးမိဘူး...မဖွင့်ချင်လို့တော့မဟုတ်ဘူး။သူကျွမ်းကျွမ်းကျင်ကျင်မနမ်းတတ်တာကို မိုးပင်လယ်သိသွားမှာကြောက်လို့။သူတွေဝေနေတော့ မိုးပင်လယ်က မျက်လုံးဖွင့်ကြည့်ပြီး...
"နွေဉီး...ကိုယ့်ကို လျှာထုတ်ပေး"
နွေဉီးခေါင်းခါလိုက်တယ်။
"ဟင့်အင်း..."
"ဘာဖြစ်လို့လဲ..."
"ရှက်လို့...ပြီးတော့အဲ့လိုကျွန်တော်မနမ်းတတ်ဘူး "
"ဘာရှက်စရာရှိလို့လဲ...နွေဉီးကိုကိုယ်ပဲကြည့်နေတာကို...ကိုယ်နမ်းတဲ့အတိုင်းသာနမ်းလိုက်လေ"
"ဟင့်အင်း..."
မျက်နှာတစ်ပြင်လုံးနီရဲနေပြီး ဆံပင်အုပ်အုပ်လေးတွေဝဲသွားတဲ့ထိခေါင်းခါလိုက်တဲ့ နွေဉီးကို မိုးပင်လယ် အသဲယားသွားပြီး ဖြူဝင်းနေတဲ့ လည်တိုင်ကို သူ့နှုတ်ခမ်းနဲ့ စုပ်ယူလိုက်တယ်။
"အ!"
အားနဲ့စုပ်ယူလိုက်တာမို့ သေချာပေါက်နာမှာ...ပြီးတော့ အမှတ်ရာ ကျန်ခဲ့မှာ။အော်လိုက်လို့ ပါးစပ်ဟသွားတဲ့အချိန်ကို မိုးပင်လယ်အလွတ်မခံပဲ သူ့လျှာကို နွေဉီး ခံတွင်းထဲထည့်လိုက်ပြီး နေရာပေါင်းစုံ ကိုလိုက်ကျီစယ်လိုက်တယ်။ပြီးနွေဉီးရဲ့လျှာလေးကို ရစ်ပတ်ဆွဲယူပြီး ပြင်းပြင်းပြပြနမ်းလိုက်တော့ ကြည်လင်တဲ့သားရည်စီးကြောင်းလေး ပါးမွတ်မွတ်လေးပေါ်စီးကျလာတယ်။
သူတို့ရဲ့ပြင်းပြတဲ့အနမ်းကြောင့်ဖြစ်လာတဲ့သားရည်စီးကြောင်းလေးနဲ့ နွေဉီးရဲ့ရီဝေနေတဲ့မျက်ဝန်းလေးက သူ့ကိုပိုပြီးတပ်မက်စိတ်တွေပိုဖြစ်လာစေတယ်။သူလျှာနဲ့ ပြန်လျက်ယူလိုက်ပြီးမေးစေ့ချွန်ချွန်လေးကို စုတ်ယူနမ်းလိုက်တော့ နှုတ်ခမ်းကိုက်ထားတဲ့နွေဉီးဆီကညည်းသံလေးကတိုးလျလျ ထွက်လာပြန်တယ်။
နွေဉီးရဲ့ညည်းသံလေးက သူ့ကိုပိုကြည်လင်စေတာမို့ အသံလေးပိုထွက်လာဖို့သူမေးစေ့လေးနေတစ်ဆင့်ချင်းအောက်ကိုဆင်းကာ လည်တိုင်ဝင်းဝင်းလေးကို ဖွဖွလေးနမ်းလိုက် ကိုက်လိုက်လုပ်နေလိုက်တယ်။
သူ့လည်တိုင်တွေကို မှီတွဲထားတဲ့ လက်လေးတွေက စားပွဲခုံပေါ်ပြောင်းထောက်ထားတာမို့ နွေဉီး အနေအထားက ခပ်လျောလျော...ခေါင်းမော့ထားတာမို့ ထင်ရှားတဲ့ လည်စေ့လေးက ထင်းနေတယ်။မီးရောင်အောက်မှာ နွေဉီးရဲ့ အလှက သူ့ကို အဆုံးထိသွားချင်အောင် ဆွဲဆောင်နေတယ်။မိုးပင်လယ် တံတွေးတစ်ချက်မျိုချပြီး နွေဉီးကိုစားပွဲပေါ် ဖိလှဲချလိုက်တယ်။နွေဉီးရဲ့ နံဘေး တစ်ဘက်တစ်ချက်ဆီမှာ လက်ထောက်ပြီး နားနားကိုတိုးတိုးလေးကပ်ပြောလိုက်တယ်။
"နွေဉီး!!ကိုယ်မာနေပြီ.."
စကားအဆုံးမှာ နွေဉီး ရဲ့ခန္ဓာကိုယ်လေးကတုန်ခနဲဖြစ်သွားပြီးသူ့ကို မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ကြည့်လာတယ်။သူကတော့ အဲ့မျက်လုံးလေးတွေကြောင့် ပို စိတ်ကြွလာသလိုပဲ။ဒါပေမဲ့ စားပွဲပေါ်မှာကတော့မဟုတ်သေးဘူးမလား။
"ကိုယ်တို့ အိပ်ခန်းထဲသွားရအောင်"
____________________
A/N
Sepring(Sea-Spring)အတွဲက ဘာမှတောင်မဘာရသေးဘူး
ဒီကလိမ္မာယဉ်ကျေး ချိုသာအေးတဲ့မွန်မွန်လေးကရှက်သလိုကြီးဖြစ်နေပြီ။😁
Seaရဲ့ Birthday က 11/11 ပါ Zodiac sign က Scorpioပါ။
Spring ရဲ့Birthday က11/3ပါ Zodiac sign က Piscesပါ။
Scorpio နဲ့ Piscesကလိုက်ဖက်တဲ့ရာသီခွင်အတွဲပါတဲ့။