မူဂျီအယ်လ်
By Ph4549
6.8K 430 36
" အဟွန့် ရယ်ရတယ်.. ရင်ခုန်သံတွေကို အလှပုံးလေးထဲထည့်ပြီး ထာဝရသိမ်းထားလို့ရလား အခုရင်ခုန်သံနဲ့နောက်ငါးမိနစ်ရင်ခ... More
Part (1)
Part 2
Part (3)
Part 4
Part (5)
Part (6)
Part (7)
Part (8)
Part (9)
Part (10)
Part (11)
Part (12)
Part (13)
Part (14)
Part (15)
Part (16)
Part (17)
Part (18)
Part (19)
Part (20)
Part (21)
Part (22)
Part (23)
Part (24)
Part (25)
Part (26)
Part (27)
Part (28)
Part (29)
Part (30)
Part (31)
Part (33)
Part (34)
Part (35)
Part (36) Final...
Part (32)
222 11 1
By Ph4549
မူဂျီအယ်လ်
🌸pann
Part (32)
နိုနို စိတ်မကြည်နေ.. ။
ကိုကိုတို့များ အလုပ်တွေများနေတာလေ.. အဖေနဲ့ညီနဲ့အချိန်တွေမျှပေးနေတာ ။
အိမ်ကနိုနို့ကိုတော့မေ့နေလေရဲ့..
အိမ်ရောက်တာနဲ့အလုပ်ကိစ္စအတွက် ရှုပ်နေတာမပြီးတော့ဘူး.. ။
သူ့လောကထဲမှာ နိုနို ရှိနေသေးတာကို မှတ်ရောရသေးရဲ့လား မပြောတတ်ဘူး.. ။
ဒီနေ့လည်း အိမ်ပြန်နောက်ကျမယ်တဲ့..
ကောင်းပါ့.. ကောင်းပါ့ မိသားစုနဲ့အဆင်လေးပြေတော့ အရာရာမိသားစုကထိပ်က ။
နိုနိုတို့ကချောင်ကပ်လို့..
" မုန်းချင်စရာ ကောင်းတဲ့ လူ.. "
နိုနို ပါးစပ်က တီးတိုးရွတ်ရင်း နောက်ဖေးဘက်ဝင်လာတာ.. ။
တစ်ယောက်ထဲ ဆိုတော့ ပျင်းပျင်းရှိတာနဲ့ တစ်ခုခုစားဖို့လုပ်ရသည်..
" ဟင်.. ဒါက ဘာကြီးလဲ "
မုန့်လေးစားဖို့ လာတာပေမယ့် ပုလင်းလေးတွေ့တော့ ယူကြည့်လိုက်သည်.. ။
အနံ့လေးခံကြည့်တော့..
" ဘာလဲ.. ဝိုင်ကြီးလား "
ဘယ်တုန်းက ဒီနားရောက်နေပါလိမ့်.. ။
သူ့နေရာသူ ပြန်ချပြီး မုန့်သာစားဖို့ ကြည့်နေရင်း မျက်လုံးလေးက ပုလင်းဆီပြန်ရောက်သွားသည်..
' နည်းနည်း သောက်ကြည့် ကြည့်ရမလား.. '
မုန့်လေးကို ချရင်း  ပုလင်းကိုပြန်ကိုင်ရသည်..။
" ဟီးဟီး.. စမ်းသောက်ကြည့်ရမယ် "
နိုနို ပုလင်းလေးကို ကိုယ်မှာပိုက်ထားရင်း..
" ဒါမျိုးဆိုတာ အထာကျကျ ဝိုင်ခွက်လေးနဲ့ သောက်ရမှာ.. "
အလှသပ်သပ် သဘောကျလို့ ဝယ်ထားတဲ့ ဝိုင်ခွက်လေး နှစ်ခုရှိတာကို နိုနိုထုတ်လိုက်သည်..
" အိုခေ.. မုန့်လည်း နည်းနည်း ယူရမယ် "
နိုနို လက်ထဲဝိုင်ပုလင်းနဲ့ မုန့်တွေပြည့်လို့..။
" တစ်ခါမှမသောက်ဖူးတော့ မူးအိပ်ပျော်နေမှာစိုးရတယ်.. တစ်ခါထဲအိပ်ရအောင် ကုတင်မှာအဆင်သင့်သောက်ရမယ် "
ဇာတ်လမ်းတွဲတွေမှာ မြင်ဖူးတယ်.. ။.
မူးပြီး ပုံပျက်ပန်းပျက် လေးအိပ်မပျော်အောင် အဆင်သင့်လေးပြင်ရသည်..
" ငါလေး တော်တော် တော်တယ်.. "
ကိုယ့်ကိုယ်ကိုယ် ခေါင်းလေး ပုတ်ရင်းချီးကျူးနေတာ.. ။
ကုတင်မှာ ငုတ်တုတ်လေးထိုင်ပြီး သောက်ဖို့ပြင်လိုက်သည်..
နိုနို ပုလင်းအဖုံးလေး ပွင့်အောင် တော်တော်ဖွင့်ယူရသေးတယ်.. ။
နည်းတွေဘာတွေတောင်ရှာယူပြီး ဖွင့်ရတယ်..
" အမလေး.. နင့်သောက်ဖို့ကလည်း တော်တော်အချိန်ပေးရသေးတယ် "
နိုနို ပုလင်းလေးထဲ ငှဲ့ထည့်ပြီး ...
မြင်ဖူးနေတဲ့ ဇာတ်ကားတွေထဲက ဝိုင်သောက်ခန်း အတိုင်း.. ဝိုင်ပုလင်းလေးအသာလှုပ်ရမ်းလိုက် ပြီးညင်ညင်သာသာလေး နှာခေါင်းထိပ်ဝလေးမှာကပ်လိုက်သည် ။
" ခိခိ.. "
ရုပ်တည်ကြီးနဲ့ ကိုယ့်ကိုယ်ကိုယ် လိုက်လုပ်ပြီး တစ်ယောက်ထဲ သဘောကျရယ်မိရသည်.. ။
ပြီး ဖြေးဖြေးချင်းသောက်ကာ လျှာအရသာခံနေလိုက်သည်..
" အင်.. သိပ်တော့ မဆိုးပါဘူး "
ဝိုင်လေး နည်းနည်းစီ သောက်လိုက် မုန့်လေးစားလိုက်လုပ်နေတာ.. ။
" သိပ်မမူးပါဘူးဟဲ့.. "
တစ်ခွက်ကနေ နှစ်ခွက် ဆက်သောက်ဖြစ်သည်..။
" ဟယ်.. အိပ်ယာပေါ် (မုန့်)အမှုန့်တွေကျတယ် ပုရွက်ဆိတ်တွေတက်လိမ့်မယ် "
နိုနို ကုတင်ကနေဆင်းပြီး ကြမ်းပြင်မှာ ထိုင်ကာ တစ်ယောက်ထဲ ပွဲလေးကျင်းပနေတာ.. ။
" နည်းနည်းရသေးမယ် ထင်တယ်.. "
ကိုယ့်ကိုယ်ကိုယ် ပြောရင်း နိုနို နောက်ထပ်တစ်ခွက် ထပ်သောက်ဖြစ်ပြန်သည်.. ။
" ........... "
ဒီလိုနဲ့ တစ်ခွက်ပြီးတစ်ခွက်..
.
ဗိုရမ် ဒီနေ့အလုပ်များတော့ ညနေမိုးချုပ်နေမှ အိမ်ရောက်တယ်.. ။
ကိုယ်အိမ်ရောက်ရင် အောက်ထပ်မှာစောင့်နေတတ်တဲ့နိုနိုကိုဒီနေ့မတွေ့..
" ခွေးမလေး.. ဘယ်သွားနေတာလဲ "
အောက်ထပ်က တစ်နေရာမှာများ ရှိနေမလားလို့ ရှာကြည့်ရသေးတယ်.. ။
မတွေ့..
" အပေါ်ထပ်မှာများလား.. "
ကိုယ့်ကိုယ်ကိုယ် တီးတိုးရွတ်ရင်း အပေါ်ထပ်တက်ရသည်.. ။
ဝရံတာမှာလည်းမရှိ.. အပေါ်ထပ်လည်းရှိနေမလား လိုက်အကဲခတ်ကြည့်တော့ပျောက်နေလို့။
" ခွေးမလေး.. ဘယ်ရောက်နေတာလဲ "
ဗိုရမ် ကိုယ့်အိပ်ခန်း ဖွင့်ဝင်လာလိုက်သည်.. ။
အခန်းထဲ မျက်လုံးဝေ့ကြည့်တော့ အရိပ်ရောင်မတွေ့ရ..
" ရေချိုးနေတာလား.. "
ရေချိုးခန်း အိမ်သာဘက်သွားကြည့်တော့ တံခါးကဟစိ.. ။
တံခါးဖွင့်ကြည့်တော့လည်း မတွေ့..
ပြန်ပြီးအခန်းဘက်လှည့်လျှောက်တော့.. တစ်ဖက်ပြတင်းပေါက်နားမှာ ဆံပင်လေးတွေ့ရသည်..
' ငါ့ကို သပ်သပ်နောက်ဖို့ ကြံစည်နေတာ နေမှာ.. '
ဗိုရမ် တစ်ချက် တီးတိုးလေးရယ်ပြီး အနားတိုးကပ်သွားလိုက်သည်.. ။
ကိုယ်ကအရင်ပြန်ခြောက်လိုက်အုံးမယ်.. ကြည့်နေ ။
ဗိုရမ် ခြေသံတိုးတိုးလေး လျှောက်ကာအနားကပ်သွားမှ..
" ဟင်.. "
သူက ခေါင်းငိုက်စိုက်အနေထားကြီးနဲ့.. ။
မျက်နှာလေးတောင် မမြင်ရဘူး.. ဆံပင်တွေနဲ့အုပ်နေတာ ။
ဘေးမှာလည်း ဝိုင်ပုလင်းကြီးနဲ့.. ။
ဝိုင်ခွက်ကလည်းရှေ့မှာ.. မုန့်ထုပ်တွေကလည်းရှိသေး
" ဟေ့ နိုနို.. "
" ဟွန် "
အံမယ်.. မျက်တောင်စင်းစင်းလေးနဲ့ ခေါင်းလေးမော့လာတာ ။
" ကိုကို.. ကိုကိုလား "
မျက်လုံးတောင် ကောင်းကောင်းမပွင့်ဘဲ လူကိုမေးနေတာ.. ။
ကျွန်တော် သူ့ရှေ့ ဒူးတစ်ဖက်ထောက်ထိုင်ချလိုက်သည်.. ။
" ဒါ တစ်ယောက်ထဲ သောက်ထားတာလား.."
ဗိုရမ် ပုလင်းကို မကြည့်တော့ တစ်ဝက်ကျော်တောင်ကျိုးနေပြီ.. ။
ကိုယ့်ကို ဟိုရှေ့တစ်ရက်ကမှ လက်ဆောင်ပေးထားတာ.. ကိုယ်တောင်မထိရသေးဘူး ။
" မင်း တစ်ယောက်ထဲ သောက်ထားတာလား.."
" ကိုကို ပြန်လာပြီလား.. ဘယ်ချိန်တောင် ရှိနေပြီလဲ ဟွန် ဟွန် "
မျက်လုံးလေးပိတ်ပြီး ခေါင်းလေးက နာရီရှာသလိုပတ်လိုက်ကြည့်နေတာ.. ။
တွေ့အုံးမယ်.. နာရီကတော့ ။
" အဟက်.. "
ပုလင်းလေး ပြန်ချကာ..
" မင်းတော့ တော်တော်ဖွထားတာပဲ.. "
ကျွန်တော် ချစ်စနိုးနဲ့ နိုနို့ဆံပင်လေးကို ဖွလိုက်သည်.. ။
" ကိုကို.. "
" အွန်.. "
" ကိုကို နိုနို့ကို ဘာလို့လက်ထပ်တာလဲ ဆိုတာ နိုနိုသိတယ်... "
" .......... "
" ကိုကိုက ဂွန်းနဲ့နိုနို လက်ထပ်မှာစိုးလို့ လက်ထပ်ပစ်တာမလား.. ဂွန်းကိုမကြိုက်တိုင်းသပ်သပ်အနိုင်ယူချင်လို့ နိုနို့ကိုယူတာမလား "
" .............. "
ဗိုရမ် နိုနိုကို မျက်လုံးလေးမှေးစေးပြီး စိုက်ကြည့်နေလိုက်သည်.. ။
" နိုနိုက ကိုကို့ကို ချစ်လို့ လက်ထပ်တာ .. ကိုကိုကတော့ သပ်သပ်အနိုင်လိုချင်ရုံနဲ့လက်ထပ်တာ ဖျတ် "
" အ့ "
ပါးနှစ်ဖက်လုံးပေါ် သူ့လက်ကြီးက ရောက်လာတာ.. ။
ဒါတောင်ဖြေးဖြေးမကိုင်ဘဲ ပါးကိုခပ်ဆတ်ဆတ်လေး ရိုက်သေးတာ.. ။
" နိုနိုက ကိုကို့ကို စတွေ့ကတည်းက ကြိုက်တာ.. ဒီခပ်တည်တည် မျက်နှာထားရော "
ပါးကို လက်ညိုးကြီးနဲ့ ထောက်ထောက်ပြီး ပြောနေတာ.. ။
" ဟော့ဒီလို ခပ်လှောင်လှောင်ပြုံးပြတာရော.."
ကျွန်တော့်ပါးနှစ်ဖက်လုံးကအသားကို သူ့လက်မလေးနဲ့ဆွဲလိုက် ကျုံ့လိုက်လုပ်နေပြန်တယ်..။
" ဟော့ဒီလိုလေး မျက်မှောင်ကျုံ့ပြတာရော.."
ကျွန်တော့်မျက်နှာလေး ကို သူ့အလိုကျကစားနေတဲ့နိုနို.. ။
ကျွန်တော် ဘာမှမပြောသေးဘဲ သူ့ကိုငေးစိုက်ပြီး ကြည့်နေတော့...
" ခိခိ.. ဒီလိုအကြည့်လေးရော နိုနိုသဘောကျတာ "
ကိုယ့်ရဲ့မျက်နှာကို မပြောမဆိုလေးနဲ့ ရှေ့ကိုဆွဲယူတော့ ကိုယ်ဟန်လေးပျက်ကာရှေ့စိုက်ထိုးလဲကျမှာစိုးလို့ လက်လေးနဲ့ထောက်ထိန်းထားရသေးတယ်.. ။
" နိုနိုကသာ ကိုကို့ကို ကြိုက်နေခဲ့တာ.. ကိုကိုကတော့ ဟွန့် "
သူကပဲ နှုတ်ခမ်းတွန့်မဲ့လိုက်ရတယ်ရှိသေးတယ်.. ။
နိုနိုရဲ့ စူပုတ်ပုတ် မျက်နှာထားလေးကြောင့် ကျွန်တော်အသည်းယားကာ ခေါင်းငုံ့ပြုံးမိသေးတယ်.. ။
" ခဏဖယ်အုံး.. ငါ အင်္ကျီလဲလိုက်အုံးမယ် ပြီးမှပြောချင်တာပြော "
ကျွန်တော် သူ့လက်ကို ဖယ်ချကာ ထပြီး ကျောပေးတော့..
" အယ်.. အယ် အဲ့ "
ရုတ်တရက်ကြီး နိုနိုမြန်မြန်ထတော့ ခြေယိုင်သွားရသေးတယ်.. ။
ယိုင်သွားတော့ ကျွန်တော် လှမ်းဆွဲဖို့ရှေ့တိုးပေမယ့် သူကတော့သူ့ကိုယ်သူပြန်မတ်နေပြီ.. ။
မျက်လုံးလေးကို ဖွင့်လိုက်ပိတ်လိုက်လေးနဲ့ သူ့ကိုယ်သူ အလုပ်ရှုပ်နေတာ.. ။
ဗိုရမ် အသာလေးပြုံးရင်းခေါင်းရမ်းကာ ကျောပေးတော့..
" ကိုကို.. ကိုကို ဘာလို့ နိုနို့ကို မချစ်တာလဲ "
" ............ "
ဗိုရမ် လှမ်းနေတဲ့ခြေလှမ်းတောင် တန့်သွားရသည်.. ။
" နိုနိုကတော့ ကိုကို့တစ်ယောက်ထဲကိုပဲ ချစ်ခဲ့တာ.. ကိုကိုကဘာလို့နိုနို့ကိုမချစ်ရတာလဲ နိုနိုက ဘာလိုအပ်နေလို့လဲ ချစ်ဖို့ကောင်းတယ် ရုပ်ချောတယ် အသားဖြူ တယ် .. ပညာတတ်တယ် တော်တယ် နောက်ဘာရှိသေးလဲ "
ကျွန်တော် ခေါင်းငုံ့ပြီးပြုံးကာ နိုနို့ဘက်ပြန်လာကြည့်လိုက်သည်.. ။
" ဘာလို့ အဲ့လိုရယ်နေတာလဲ.. နိုနိုက တကယ်ချစ်ဖို့ကောင်းတာပါနော် သေချာကြည့်ပါလား"
မျက်နှာလေးပဲရှေ့တိုးပြနေတဲ့ နိုနို.. ။
" ဟင်.. ဘာလို့ နိုနို့ကို မချစ်ရတာလဲလို့ "
ကျွန်တော် နိုနို့ကို အပြုံးရေးရေးလေးနဲ့ အတန်ကြာရပ်ကြည့်နေခဲ့တာ.. ။
" နိုနိုကို့ ကျောင်းမှာဆိုလိုက်တဲ့သူအများကြီးပါနော်.. ဒီလိုချစ်ဖို့ကောင်းတဲ့ မိန်းကလေးကို ကိုကိုမို့ အင့် "
" ချွမ်.. ခွမ် "
ဗိုရမ် နိုနို့လက်ကို လှမ်းဆွဲလိုက်တော့ နိုနို့ခြေထောက်တွေနဲ့ ဝိုင်ပုလင်းနဲ့ဝိုင်ခွက်တိုက်ကာလဲကျကုန်ပြီ.. ။
" အွန့်.. "
အနားရောက်လာတာနဲ့ နိုနို့နှုတ်ခမ်းလေးကို အမိအရနမ်းလိုက်သည်.. ။
ဝိုင်နံ့လေးနဲ့ နိုနို့ဆီကနေပန်းနံ့လေးရနေသည်..။
နိုနို့ကိုယ်လေး လွှတ်ထွက်သွားမှာစိုးလို့ခါးလေးကနေဖက်တွယ်ထားလိုက်သည်.. ။
ခဏလောက် နမ်းနေလိုက်ပြီးမှ.. ကျွန်တော် နိုနို့နဖူးလေးနဲ့ကျွန်တော့်နဖူး ထိတိုက်ထားလိုက်သည် ။
" မင်း ငါ့ကို ဘယ်လောက်ထိ ပြုစားနေအုံးမှာလဲ နိုနို.. "
" ကိုကို.. ကိုကို နိုနို့ကို "
" အဟက် "
ဗိုရမ် နိုနို့ကိုဖက်ထားရင်း ရယ်မိသည်..။
" မင်းကို ချစ်တာ ကြာနေပြီ.. မင်းကသာ မသိတာ "
" ဟင်.. နိုနို့ကို "
မျက်လုံးလေး ပြူးတူးတူးလေးနဲ့ ကျွန်တော့်ကိုမော့ကြည့်လာတာ.. ။
" အိပ်တော့.. ဝိုင်ကို ဘာလို့တစ်ယောက်ထဲ အဲ့လောက်သောက်ထားရတာလဲ "
" ကိုကို စောနက နိုနို့ကို ဘာပြောတာ.. "
" အပြင်ကပြန်လာတာ အဝတ်လဲအုံးမယ်လို့.."
" မဟုတ်ပါဘူး.. ကိုကို ပြောလိုက်တာ တစ်ခုပါ"
အခုကျ ခေါင်းမမူးနေဘူးထင်ပါရဲ့.. ။
" မင်း အမူးပြေနေတာလား.. "
ကျွန်တော် နိုနို့မျက်နှာလေးကို လက်နှစ်ဖက်နဲ့ညှပ်ကိုင်ကာ မျက်နှာကိုမော့ယူပြီးသေချာလိုက်အကဲခတ်ကြည့်ရသည်.. ။
" ............... "
မျက်လုံးက မပြေသေးတဲ့ အရိပ်ယောင်ပါ..။
ကျွန်တော် သူ့မျက်နှာလေးလွှတ်တော့ ကျွန်တော့်ခါးကိုတွယ်ဖက်လာသည်..
" ဘာလဲ.. "
" နိုနိုကို ချစ်တာတကယ်လား.. "
ခါးကိုလာဖက်ပြီး ခေါင်းလေးတိမ်းကာ လူကိုလာချွဲနေတာ.. ။
ကျွန်တော် သူ့ပါးလေးကို အသာဆွဲဆိတ်ပြီး..
" ဒီလို ချစ်ဖို့ကောင်းအောင် ခဏခဏလုပ်.. ငါကယောက်ျားတစ်ယောက်ဆိုတာလည်း မမေ့နဲ့အုံး "
" နိုနိုကို ချစ်တာတကယ်ပေါ့.. ဟင် ဟွန် "
မျက်မှောင်လေးတွန့် ပါးလေးဖောင်းပြကာ လူကိုပြုစားနေတာ.. ။
" အဟက်.. "
အသည်းတွေယားကာ ရယ်မိပြန်ရော..
" ဟွန်.. ဟွန် "
" ငါက ချစ်တယ်ဆိုရင် မင်းက ဘာလုပ်မလို့လဲ.."
ခေါင်းလေးပိုငုံ့ကာ မေးလိုက်သည်.. ။
" ဘာလဲ.. မင်း ငါ့ကို ခဏခဏပြောသလို ငါ့ကိုပြန်ချေပြမယ်ဆိုတာ လုပ်မလို့လား ".
" .............. "
ကျွန်တော့်ကို ငေးစိုက်စိုက်လေးကြည့်နေရင်းက..
" မင်း.. "
စကားတောင် ပြီးအောင်မပြောလိုက်ရ.. နိုနိုကခြေဖျားလေးထောက်ကာ ကျွန်တော့်နှုတ်ခမ်းမှာဖိကပ်နမ်းလာတာ ။
ကျွန်တော် တခဏတော့ ကြောင်ကြောင်လေး ဖြစ်နေမိပေမယ့် နိုနို့ကိုယ်လေးကိုမတွန်းဖယ်ဘဲပြန်လည်ပွေ့ဖက်ကာ အနမ်းခရီးဆက်လိုက်သည်.. ။
နိုနို့ဆီကဝိုင်နံ့လေးနဲ့ ကိုယ်သင်းရနံ့က ကျွန်တော့်ကိုပိုဆွဲဆောင်လို့..
ကျွန်တော် အသည်းယားလာကာ နိုနို့နှုတ်ခမ်းစွန်းကို တစ်ချက်ဖိကိုက်လိုက်သည်..။
" အ့ "
" နာသွားလား.. "
" နိုနို့ကို ကိုက်တယ်.. "
" နိုနို.. "
ကျွန်တော် သူ့ကိုလက်တစ်ဖက်က ဖက်ထားရင်း နောက်တစ်ဖက်က သူ့ဆံပင်လေးကိုသပ်ပေးနေမိသည်.. ။
" ချစ်ဖို့ ကောင်းနေလွန်းလို့ မင်းနားမကပ်ရဲဘူး.. ငါအသည်းယားလွန်းလို့ မင်းပေါ်ချစ်မိလိုက်ရင် ငါ့အနားကနေပြေးသွားမှာစိုးလို့.. ဒါတွေမင်းသိရဲ့လား "
ကျွန်တော် နိုနို့နဖူးကို အသာတိုက်တော့ သူက မနာဘဲ အော်ပြသေးတာ.. ။
" အဟွင်း.. မင်းကတော့ ငါ့ကို တော်တော်ကစား ပေါင်ပေါ်တက်ထိုင်ပြီးကွေးရတာနဲ့ ချစ်ဖို့ကောင်းအောင်လုပ်ပြတာနဲ့.. မင်းငါ့ကိုမကြောက်ဘူးလား ဟမ် "
" ခိခိ.. "
ကျွန်တော်ပြောတာကို နားရောလည်ရဲ့လား မပြောတတ်​ပေမယ့်.. ပခုံးလေးတောင်လှုပ်ပြီးရယ်တောင်ရယ်နေ​သေးတာ ။
" ဟွန်.. မကြောက်ဘူးလား "
" သိဘူး "
ဖြေတဲ့ပုံလေးကစ ချစ်ဖို့ကောင်းအောင် ပြန်ဖြေနေတာ.. ။
" မင်း စခဲ့တဲ့ ဇာတ်လမ်းကြောင့် ငါအခုစိတ်ထိန်းမရဘူးနော် နိုနို.. ဘယ်လိုလဲမင်းငါ့အနားမှာပဲနေအုံးမှာလား တစ်ခြားခန်းငါသွားပေးရမလား"
" နိုနိုကို နှင်ထုတ်နေတာလား.. "
" ငါနဲ့ အတူနေမှာလား "
" နိုနိုက ကိုကိုနဲ့အမြဲအတူနေမှာ.. "
ရင်ခွင်ထဲကို ကိုယ်လုံးလေးသေးသေးလေးက တိုးဝင်လာသည်.. ။
" သေချာတယ်နော်.."
" အွန်း.. "
အဟက်.. ။
ငါ သေချာပြန်မေးတယ်နော် နိုနို.. ။
မိုးလင်းကျရင် ငါ့ကိုအပြစ်မပြောနဲ့..
ကျွန်တော် နိုနို့ကိုယ်လေးကို ပွေ့ချီမကာ ကုတင်ပေါ်အသာတင်ပေးလိုက်သည်.. ။
ပြီးနိုနို့ကိုယ်လေးဘေး ဝင်လှဲရင်းနိုနို့နဖူးလေးကိုအသာနမ်းလိုက်သည်.. ။
နောက် မျက်လုံးလေး.. ။
ပါးလေးနဲ့..
နိုနိုကမျက်လုံးလေးမှိတ်နေတော့ ကျွန်တော်ပိုသဘောကျမိပြီး နိုနို့နှုတ်ခမ်းလေးကိုအပိုင်သိမ်းထားလိုက်သည်.. ။
" ကိုယ် မင်းကို ချစ်တယ် နိုနို.. "
" ခိခိ.. "
နား နားလေးတိုးကပ်ပြောတော့ နားယားလို့ထင်တယ်.. ကိုယ်လေးတွန့်ပြီးရယ်နေတာ ။
" လာ.. ဟိုဘက်မတိုးသွားနဲ့ "
တွန့်ပြီး ရှောင်တဲ့ကိုယ်လေးကို ကျွန်တော် ပြန်ဖမ်းဖက်ရင်း.. အနမ်းခရီးဆက်ရသည် ။
ကိုယ်လုံးလေး သေးသေးလေးက ကျွန်တော့်ကိုယ်လေးအောက်မှာ..
နိုနိုကိုယ်လေးကို ကျွန်တော့်ပွေ့ဖက်ထားပြီးရင်းပွေ့ထားမိသည်.. ။
သောက်ထားတဲ့ ဝိုင်နံ့လေးများရနေလို့လား..
နိုနို့ကိုပဲစွဲလမ်းမိလို့များလား မသိ.. ။
ကျွန်တော် ရစ်မူးရင်းရစ်မူးနေခဲ့လျက်...
.
မနက်မိုးလင်းတော့ နိုနို ခေါင်းကြည်ကြည်လင်လင်မရှိနိုးလာရသည်.. ။
ခေါင်းကို ဖိကိုင်ရင်း ကုတင်ကနေထကာ မျက်လုံးလေးမဖွင့်ချင်ဖွင့်ချင်နဲ့ဖွင့်လိုက်သည်..။
မျက်လုံး ဖွင့်ဖွင့်ချင်း မြင်ရတာက..
ဘာလဲ.. ဝိုင်ပုလင်းနဲ့ ဝိုင်ခွက်တွေကလဲလို့
မုန့်တွေကလည်းပြန့်ကြဲလို့.. ။
' ငါ ညက တော်တော်ဖွထားမိတာလား.. '
မုန့်တွေစားရင်း ဝိုင်သောက်တာတော့ မှတ်ရနေသည်.. ။
' ကိုကိုတော့ ငါ့ကို ဆူတော့မှာပဲ.. '
နိုနို တွေးရင်း ခြုံထားတဲ့စောင်ဖယ်ကာ ကုတင်ကနေ ခြေဆင်းထိုင်တော့..
" အမေ့.. "
ရှပ်အင်္ကျီကြီး နိုနိုဝတ်ထားလို့.. ။
ကိုယ့်ရဲ့ပေါင်တံလေးဖြူ ဖွေးဖွေးလေးက ကိုယ့်ကိုကြိုဆိုလို့..
နိုနို ကိုယ့်ကိုယ်ကိုယ် ပြန်ငုံ့ကြည့်တာ.. အားမရတော့ မှန်ပြေးကြည့်ရသည် ။
" ဘုရား.. "
မှန်ထဲက ကိုယ့်ပုံကိုယ်ကြည့်ပြီး လန့်နေရသည်..။
" ကိုကို့ အင်္ကျီကြီး.. "
နိုနို့ကိုယ်ပေါ် ရောက်နေတာ ကိုကို့ရှပ်အင်္ကျီ...
" ဟင်.. "
ကုတင်စွန်းမှာ ထွက်နေတဲ့အစ လေးတွေ့လို့ သွားကြည့်တော့.. နိုနို့မနေ့ကဝတ်ထားတဲ့အင်္ကျီ..။
" ကလစ်.. "
အမေ့.. ။
ရေချိုးခန်းက တံခါးဖွင့်သံကြားတော့ နိုနို ကုတင်ပေါ် အပြေးပြန်တက်ကာ စောင်ခြုံ လိုက်ရသည်.. ။
" နိုးပြီလား.. "
ကုတင်ပေါ် သေချာလှဲပြီး အိပ်ချင်ယောင် ဆက်ဆောင်ချိန်မရ.. ။
ကိုကိုက ဆံပင်စိုကို တဘတ်နဲ့သုတ်နေတာ..
ကိုယ်အပေါ်ပိုင်း ဗလာမို့ မျက်လုံးအကြည့်အမြန်လွှဲလိုက်ရသေးတယ်.. ။
ဒီနေ့မှ အရင်နေ့တွေကထက် ရှက်နေတယ်မသိ..
နိုနို မျက်နှာလေး လွှဲသွားတာ ကျွန်တော်အမိရဖမ်းလိုက်သည် ။
" ဟိတ် နိုနို.. ဘာဖြစ်လို့လဲ "
ကုတင်မှာ ကိုကိုက ဝင်ထိုင်တော့ နိုနို စောင်ကို အတင်းကိုယ်မှာကပ်ဖိခြုံရသည်.. ။
" ဟွန်.. ငါ မေးတာ ကြားရဲ့လား နေမကောင်းလို့လား "
" ........... "
ကိုကိုက နိုနို့ကိုယ်ဆီ လက်လေးလှမ်းလာတော့ နိုနိုကိုယ်လေးကျုံ့လိုက်ကာ..
" နိုနို နေကောင်းတယ် "
သွက်သွက်လက်လက်လေး ဖြေလိုက်ရသည်..။
" အဲ့ဒါဆိုလည်း ထလေ.. ဘာလုပ်နေတာလဲ"
ကိုကိုက စောင်ကိုထိတော့ နိုနို အတင်းပြန်ဆွဲဖက်ထားကာ..
" ခဏနေမှ ထမို့.. "
" ............ "
ကျွန်တော် နိုနို့မျက်နှာလေးကို သေချာစိုက်ကြည့်နေတော့.. သူ့ခေါင်းလေးက တဖြေးဖြေးစောင်ပုံထဲဝင်ဝင်သွားတာ ။
" အဟက်.. အဲ့ဒါ ဘာဖြစ်တာလဲ "
" အမေ့ "
ကိုကိုက ရိုးရိုးမမေးဘဲ စောင်တွေနဲ့လုံးထွေးနေတဲ့ နိုနို့ကိုယ်လေးကို ကိုကိုကလှမ်းဆွဲဖက်တော့.. လန့်ပြီး အသည်းတွေတောင်အေးသွားရသည် ။
" ဘာလဲ.. ကိုယ့်ကို ရှက်နေတာလား "
ရယ်မြူးရိပ်လေးနဲ့ နိုနို့ကို ကိုကိုမေးနေတာ..။
သူ့ကိုယ်သူလည်း ' ကိုယ် ' တဲ့...
" ဟင့်.. အင်း "
စောင်ပုံအောက်က ခေါင်းလေးတစ်ဝက်လေး က အသာရမ်းပြနေတာ.. ။
မျက်ဝန်းလေးတွေကလည်း ကျွန်တော့်ကို ကြည့်တစ်ချက် မကြည့်တစ်ချက်..
ဒါလား.. မရှက်တဲ့မျက်နှာလေး
ကျွန်တော် ညစ်ကျယ်ကျာ်လေးပြုံးလိုက်ရင်း..
" ညက ဘာဖြစ်ခဲ့တယ်ဆိုတာမှတ်မိလား.. "
" အင်.. ဟင် "
အဟက်.. ဟက် ။
ခေါင်းလေး ညိတ်ပြပြီးမှ အလန့်တကြားလေးဖြစ်သွားတဲ့မျက်နှာလေး.. ။
" ကိုယ် မေးနေတယ်လေ.. မှတ်မိတာ ဟုတ်ရဲ့လားလို့ "
" ............ "
စောင်လေးထဲ ကိုယ်လေး ကျုံ့ဝင်သထက် ဝင်သွားနေတာ..
" ဘာလို့ အောက်ကိုချောချောသွားနေတာလဲ..နိုနို "
" အက်ႌသြားဝတ္အံုး.. "
" ဟမ် "
စောင်ပုံအောက်မှာ ဗလုံးဗထွေးပြန်ပြောနေတာ..။
" စောင်ကြီး ဖယ်စမ်းပါကွာ.. "
" ဟင့်အင်း.. "
ကိုကိုက နိုနို့ကိုယ်ပေါ်ကနေ စောင်ဖယ်တော့ နိုနိုပြန်ဆွဲယူထားရသည်.. ။
" ဟားဟား.. ဘာတွေ အဲ့လောက် ကြောက်နေတာလဲ "
" ကိုကိုနော်.. သိရဲ့သားနဲ့ နိုနို့ကိုမစနဲ့ "
" ဟင်.. ဘာလဲ ဘာကိုသိနေတာလဲ "
ကြည့်.. မျက်နှာက ခပ်တည်တည်လေးနဲ့ ပြန်မေးနေတဲ့ကိုကို့ပုံကိုကြည့်ပြီး ဆွဲကုပ်ပစ်လိုက်ချင့တယ် ။
" ဖယ်ကွာ.. ကိုကိုရာ အင်္ကျီသွားဝတ်တော့ သွား"
" ဟောဗျာ.. ဘယ်တွေ ဇွတ်သွားခိုင်းနေတာလဲ ဒါငါ့အိမ်နော် "
" ကျွတ်.. နိုနို့ကို မစနဲ့တော့နဲ့ "
ကိုကို စနေတာသိသိရဲ့သားနဲ့.. နိုနိုမှာမျက်နှာမဖော်နိုင် ။
" ကဲ ပြောပါအုံး.. ညတုန်းက ကိစ္စ မှတ်မိရဲ့လား "
" နိုနို့ကို ဘာတွေလာမေးနေတာလဲ.."
" ကိုယ် မေးတာ မင်းသိတယ်နော် နိုနို.. မရှောင်နေနဲ့ "
တွေ့လား.. လူကို ချောင်လာလာပိတ်နေတာ ။
" နိုနို.. ဖြေလေ "
" ကျွတ်.. ဘာလဲ ဘာလဲ ကိုကို့အင်္ကျီ ကြီးက နိုနို့ကိုယ်ပေါ်မှာ ရှိနေတာ နိုနိုမသိဘဲနေမလား..ဘာလို့ခဏခဏ လူကိုလာမေးနေတာလဲ"
" အဟက်.. ဟားဟား ဟက် "
ကျွန်တော် သဘောကျကာ ခေါင်းမော့ပြီး ရယ်လိုက်သည်.. ။
" ဟားဟား.. "
အရယ်မရပ်နိုင်တဲ့ ကိုကို့ကြောင့် နိုနိုနေရတာ ပိုကျဉ်းလာသလိုလို..
ထပြေးရအောင်လည်း ကိုကို့အင်္ကျီဝတ်ထားပြီးကိုကို့ရှေ့ကနေ ဖြတ်မသွားချင်.. ။
" ဘာလို့ အဲ့လောက်ရယ်နေရတာလဲ.. အမြင်ကတ်ဖို့ကောင်းအောင် "
" အဟက်.. မင်းကို ကိုယ်မေးတာက ညကကိုယ်မင်းကို ချစ်တယ်လို့ပြောတာမှတ်မိရဲ့လားမေးတာ.. ဘာတွေတလွဲထင်ပြီး ကိုယ့်ကိုပြန်ဖြေနေတာလဲ မရှက်ဘူးလား "
ကျွန်တော် တမင်သပ်သပ် နိုနိုကို စနေမိတာ..။
ကိုကိုကနိုနို့နှာခေါင်းထိပ်လေး အသာညပ်ကိုင်ပြီး စနေတော့..
နိုနိုမှာရှက်လွန်းလို့ ကိုယ်လေးသာပျောက်သွားလိုက်ချင်တယ်.. ။
" ဟားဟား.. နှာဗူးမလေး "
" ဖျတ် ဖျတ်.. ဖျတ် ကိုကိုနော် "
နိုနို မနေတတ်စွာ ကိုကို့ရင်ဘတ်တွေကို လှမ်းရိုက်လိုက်သည်.. ။
ကိုကိုကတော့ မနာတတ်စွာ သဘောကျရယ်ပြီးရင်းရယ်ရင်း...
" ကိုကို သွားတော့ သွား.. "
" ကိုယ်က ဘယ်သွားရမှာလဲ "
" မသိဘူး.. သွား "
" ဘာလဲ.. ကိုကိုက ချစ်ပြီဆိုတော့ ဒါ ပြန်ချေတာလား ဟင် "
" ဟာ... မသိဘူး သွား သွား နော် "
" အဟက်ဟက်.. "
ကျွန်တော် သဘောကျကာ ရယ်ပြီးရင်းရယ်နေမိသည်.. ။
" ကဲပါကွာ.. စောင်ပုံထဲကလည်း ထွက်ပါအုံး ဘယ်ချိန်မှ ထမှာလဲ "
" ကိုကို အရင်သွား.. "
" အဟွင်း.. ကိုယ်သွားမှ ထ မှာလား "
" ဟာ.. မစနဲ့တော့ "
" အဟွင်း.. ကိုယ်သွားပေးမယ် ထတော့ "
" အွင်း "
နိုနို စောင်ပုံထဲကနေ ခေါင်းတစ်ချက်ညိတ်ပြလိုက်သည်.. ။
" မင်းကို ချစ်တယ်.. "
ကိုကိုက နိုနို့ကို ချစ်တယ်ပြောပြီး နိုနို့နဖူးကို လာနမ်းပေးတာ.. ။
" ထတော့.. "
ကိုကိုက ပြောပြီး နိုနို့နားက ထ သွားသည်..။
ပြီး အဝတ်လဲကာ နိုနို့ကို ပြုံးပြပြီး အခန်းထဲကထွက်သွားပေးတာ...
" အား.. အီးအီး "
နိုနို အသည်းယားကာ စောင်တွေကြားမှာ အော်မိသည်.. ။
" ကိုကိုက နိုနို့ကို ချစ်တယ်တဲ့.. ခိခိ "
နိုနိုမှာ ကုတင်ပေါ်ကနေ တန်းမထနိုင်.. ။
ကိုကိုချစ်တယ် ပြောတာနဲ့ အသည်းယားကာကုတင်မှာ လူးလိမ့်နေတာ..
' နိုနို ကိုကို့အချစ်ရပြီ.. '
တစ်ယောက်ထဲ အခန်းထဲမှာ လူးလိမ့်ပျော်နေသလို...
အခန်းပြင်မှာနံရံကျောပေးရပ်ရင်း အထဲကအသံတွေကြောင့် သဘောကျကာ ရယ်နေတဲ့ဗိုရမ်.. ။
နိုနိုကတော့ တစ်ယောက်ထဲ အပျော်လွန်ပြီး စကားတွေပြောနေသမျှ...
ဗိုရမ်ကတော့ အပြင်မှာပြုံးရယ်နေလို့.. ။
' မင်းနဲ့ ကြာကြာနေရင် ငါ ရူးလောက်မယ်..နိုနို'
မင်းပြောသလို မင်းကိုချစ်ရင် ရူးရလိမ့်မယ်တဲ့..။
ငါဘယ်လောက်ထိဆက်ရူးနိုင်မလဲ..နိုနို
ဒါတော့မင်းပေါ်မူတည်သွားပြီနော်..
' ငါ အချိန်ကြာကြာ ရူးပါရစေ.. '
.
" အံမယ်.. ရုပ်က အခုတလော တက်ကြွလန်းဆန်းနေပါလား မျှပါအုံးဘာတွေဖြစ်နေတယ်ဆိုတာ "
ကျွန်တော့်ကို မြူးတူးတူး မျက်လုံးတွေနဲ့ ကြည့်နေကြတာ.. ။
" မင်းတို့က ဘာသိချင်နေတာလဲ.. "
" ဒီရက်ပိုင်း ပြောင်းလဲနေတဲ့အကြောင်းပေါ့.."
" မင်းမိသားစုကြောင့်လား.. ဒါမှမဟုတ် မင်းချစ်ဇနီးကြောင့်လား "
" ငါ့ကိစ္စ မှန်သမျှ မင်းတို့ကို သံတော်ဦး တင်ပြနေရမှာလား.. "
အဲ့လိုသာ ဂျစ်ကန်ကန်ပြောနေပေမယ့် မျက်နှာကတော့ အပျော်တွေပြည့်နေတာ ငြင်းမရ..။
မျက်နှာလေးက ကြည်လင်ပြီးပျော်နေမှန်းအသိသာကြီး..
" ဘယ်လိုလဲ.. မင်းမိန်းမကို မင်း ချစ်သွားပြီလား "
" ............. "
ကျွန်တော် မဖြေသေးဘဲ နှစ်ကောင်သားကို စိုက်ကြည့်လိုက်သည်.. ။
" ဟင်.. ချစ်သွားပြီလား "
ထပ်ပြီး လူကိုလောဆော်နေကြတာ.. ။
" မင်းတို့က ဘာတွေ အဲ့လောက် သိချင်နေတာလဲ.. ငါ့မိန်းမ ငါချစ်ချစ် မချစ်ချစ် မင်းတို့နဲ့ဆိုင်လား "
" ချစ်ချစ် မချစ်ချစ်ရုပ်ကြီးက ဒီလိုဒီလိုရုပ်ကြီးဖြစ်နေမလား..ဟင် "
ကျွန်တော့်မျက်နှာတစ်ဝိုက်ကို သူတို့က လက်တွေရှုပ်ရှုပ်ယှက်ယှက်နဲ့ လုပ်ပြရင်းလူကိုအစ်အောက်မေးနေတာ... ။
ကျွန်တော်ကလည်း တမင်သပ်သပ်မဖြေဘဲနဲ့ကို အိုက်တင်တွေခံနေလိုက်သည်..
" ဟျောင့်.. ချစ်ရင်ချစ်တယ်ပြောလိုက်စမ်းပါကွာ မင်းယောက်ျားပဲ မပြောရဲဘူးလား အခြောက်လား "
" အေးလေကွာ.. ကိုယ့်မိန်းမပဲ ချစ်ရင်ချစ်တယ်ပေါ့ ရဲရဲမပြောဘူးလား "
ဒီကောင် နိုနို့ကို အခုထိ မချစ်သေးဘူးလား..ဘာလား ။
ချစ်ရဲ့သားနဲ့ အိုက်တင်ခံပြနေတာလား..
" အဟက်.. ငါယောက်ျားမှန်လို့ ဖွင့်တောင်ပြောပြီးပြီ "
" ဟမ် ဟမ်.. ဘယ်တုန်းကလဲ ဘယ်ချိန်ကလဲ ငါတို့တောင်မသိလိုက်ရပါလား "
" ဟာ.. ဖြေးဖြေးမေးပါကွာ မင်းတို့က ဘာလို့အဲ့လောက်သိချင်နေတာလဲ မင်းတို့ကငါ့မိန်းမလည်းမဟုတ်ဘဲနဲ့ "
" အဲ့လောက် အိုက်တင်ခံမနေနဲ့ကွာ.. ပြောစမ်းပါဘယ်ကတည်းကလဲ "
" မနေ့ညက.. "
" မနေ့ညက.. "
" ငါ ပြန်တော့မယ်.. နိုနိုအတွက် မုန့်ဝင်ဝယ်ရအုံးမှာမို့ "
" ဟမ် ဟမ် "
ကိုယ်တွေတောင် နှုတ်ဆက်ချိန်မရ.. ။
သူကထပြန်သွားပြီ.. လိုက်လည်းပြန်မခေါ်အားနိုင် ။
" ဟျောင့်.. ဘယ်နှလမြောက်မှာလဲ "
" ငါးလ "
" ဟမ်..ဒါဆို ငါနိုင်တာပေါ့ "
" မင်းနိုင်တယ်ရှိမလား.. မင်းက ခြောက်လလို့ပြောတာလေ "
" ခြောက်လတွင်းလေ.. "
" ခြောက်လတွင်းလို့ မပြောဘူး ဟျောင့်.. ငါ့ကိုဘတ်ကီးလာမရိုက်နဲ့ မင်းရှုံးတယ် "
" တောက်.. တစ်လလေးကိုကွာ "
" မင်းပြောမှာလား.. ငါလည်းတစ်လလိုသွားတာကို "
ဒီလိုနဲ့ ကျွန်တော်တို့ လောင်းကစားက တစ်လလေးနဲ့ ကပ်သရေကျသွားတယ်.. ။
" တောက်.. ခွေးကောင် နောက်တစ်လမှာ ချစ်တာမဟုတ်ဘူး "
" ဟုတ်ပါ့ကွာ.. တစ်လစော ချစ်လိုက်တာမဟုတ်ဘူး "
နှစ်ယောက်သား မကျေမချမ်းလေးနဲ့ကျန်နေခဲ့လျက်...
🌸pann
무지애...🍁
.........................................................
pann စာပြန်မစစ်မိဘူးနော်.. ။
အရေးသား မကောင်းလည်း မျက်စိနောက်အောင်လုပ်မိပါတယ်.. ။
ဖတ်ရတာအဆင်ရောပြေကြပါ့မလားမသိ..။
pann တို့က ro ရမယ့်နေရာဆိုပျားတုပ်ခံရတာပဲ.. ကျားမြှီးသာပြေးဆွဲရင် အဆင်ပြေအုံးမယ်ထင်တယ် (မဆွဲတတ်လို့သေရင်လည်း တစ်ခါထဲအပြတ်ကို 😅)
အဆင်ပြေသလိုသာဖတ်ပေးကြပါလို့.. ။
ကျန်းမာရေး ဂရုစိုက်ကြပါနော်.. ။
သတင်းတွေ အဆက်မပြတ်နားထောင်ကြတာ..။
အဘက်ဘက်ဘေးဒုက္ခတွေရှိနေလည်း ကြံ့ကြံ့ခံအားတင်းထားကြရအောင်နော်.. ။
မနက်ဖြန်တွေမှာ ငါတို့တွေရပ်တည်နေကြရအောင်.. ။
အချိန်ပေးဖတ်ပေးကြတဲ့ တစ်ဦးတစ်ယောက် ချင်းစီတိုင်းကိုလည်း ကျေးဇူး အများကြီးတင်ပါတယ်နော်.. 🙏
Continue Reading
You'll Also Like
4.3K 421 41
" ကျောင်းဆရာရဲ့သားသမီးဖြစ်တာနဲ့ပဲ စံပြတစ်ယောက်ပါလိုက်ဖြစ်ပေးရမှာလား..သူများလုပ်သလိုနေသလို နေလို့မရဘူးလား..အဆင့်ကောင်းမှ လိမ္မာရေးခြားရှိမှ ပေါင်းသင်းဆ...
2.4M 154K 98
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
303K 11K 44
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
1.1M 60.8K 49