Four_Leaf Clover

By Aster_Glory

330K 39.1K 2.7K

Yizhan Every single photo in this fiction does not belong to the author. I deeply respect and fully credit to... More

Missing One Leaf
1 :-)
2 /)/)
3 (•-.•)
4 /)/)
5 (\_/)
6 :-)
7 :-)
8 (*-.*)
9 (*-.*)
10 /)/)
11 :-)
12 /)/)
13 /)/)
14 (\_/)
15 (\_/)
16 (*-.*)
17 (*-.*)
18 /)/)
19 :-)
20 /)/)
21 (\_/)
22 :-)
23 :-)
25 /)/)
26 :-)
27 (*-.*)
28 :-)
29 - Be my leaf
30 :-)
31 /)/)
32 :-)
33 :-D
34 :-)
35 (*-.*)
36/)/)
37 (*-.*)
38 (*-.*)
39 <333333333

24 :-)

7K 1K 81
By Aster_Glory


Zawgyi

'အေဖ့ ဖုန္းလာေနတယ္'

အေဖ့ရဲ႕ မန္ေနဂ်ာဆီက ဖုန္းမို႕ ယူေပးလိုက္ရတယ္။

bungalow ေရွ႕က ေျမကြက္လပ္မွာ အေဖရယ္ ဝမ္ရိေပၚရယ္ ေရွာင္းက်န္႕ရယ္က မီးဖိုျပီး ေသာက္စရာ ဝိုင္နဲ႕ စားပြဲေနရာ ခ်ထားမွုလုပ္ေနရျပီး

က်ဲနဲ႕ အေမကေတာ့ ကင္ျပီးသြားတဲ႔ အသားနဲဲ႕ သီးနွံအကင္ေခ်ာင္းေတြ ယူျပီး ေနရာ ခင္က်င္းေနတုန္း ျဖစ္ပါတယ္။

bungalow ေရွ႕ယြန္းယြန္းမွာပဲ စပ်စ္ျခံရွိေနျပီး ထိုစပ်စ္ျခံကို ျဖတ္သြားရင္ အဆံုးမွာ ေရတံခြန္ရွိေနတာလည္း ျဖစ္ပါတယ္။ မီးပံုပြဲ လုပ္တဲ႔ေနရာကဆို ေရက်သံ ပ်ပ်ေတာင္ ျကားေနရပါေသးတယ္။

အေဖက ဖုန္းထြက္ေျပာျပီးေနာက္ သူတို႕အသီးသီး ေနရာယူျပီး ျကိဳျပီး စားေသာက္ေနနွင့္ေတာ့တယ္။

အျကာျကီးဖုန္းေျပာျပီးမွ အေဖက သူတို႕ဆီျပန္ေရာက္လာခဲ႔တယ္။

'သတင္းေတြ အားလံုးပ်ံ႕ေနျပီ။ မင္းတို႔ နွစ္ေယာက္ မနက္ျဖန္ Flight နဲ႕ ျပန္ျပီး ေစ့စပ္ဖို႔ အတြက္ စီစဥ္ျကေတာ့!'

အေဖက ဖုန္းေျပာလို႕ အျပီး သူတို႕ဆီ ျပန္လာျပီးဆိုလာခဲ႔တာ။ ေရွာင္းက်န္႕ အပါအဝင္ အားလံုး မလွုပ္မယွက္ ျငိမ္သက္သြားျကရတယ္။

'သမီးျကီးတို႕ ေစ့စပ္ဖို႕ ဒီကို ထြက္လာတယ္ဆိုတဲ႔ အေျကာင္းေရာ ဟိုမွာ အတူရွိေနတဲ႔ ပံုေတြအျပင္ ဒီေန႕ center ထဲက ပံုေတြထိ အကုန္လံုး ပ်ံ႕နွံ႕ေနျပီ။ မင္းတို႕ဘာသာ ျကည့္လိုက္ေတာ့'

အကုန္ ဖုန္းထုတ္ျပီး ျကည့္လိုက္ေတာ့ အေဖေျပာသလိုပဲ Social Media ေပၚမွာ သတင္းေတြ ပံုေတြ အမ်ားျကီး ပ်ံ႕ေနတာ ေတြ႕လိုက္ရတယ္။ မင္းသား မင္းသမီးေတြရဲ႕ dating သတင္း လိုက္တဲ႔ site ကေန ဝမ္ရိေပၚ နဲ႕ က်ဲရဲ႕အေျကာင္းေတြ အတိအက် တင္ထားရာကေန ပရိတ္ေတြထဲ တင္သာမက အျပင္လူေတြထိပါ ပ်ံ႕နွံ႕ေရာက္ရွိသြားတာ။

အဓိက ကေတာ့ ဝမ္ရိေပၚ အေပၚ ေျဖရွင္းဖို႕ မွတ္ခ်က္ေတြနဲ႕ က်ဲအတြက္ မေကာင္းတဲ႔ မွတ္ခ်က္ေတြ အမ်ားျကီးေတြ႕လိုက္ရတယ္။

ဒီလိုသတင္းျကီးပ်ံ႕လာျပီး ဝမ္ရိေပၚနဲ႕ က်ဲ အေပၚ မေကာင္းတဲ႔ အျမင္ အတူတူတိုးပြားေနတယ္ဆိုေတာင္ ဆိုးဆိုးဝါးဝါး ေျပာဆိုခံရတာက ျပည္သူအခ်စ္ေတာ္နဲ႕ နာမည္ထြက္လာတဲ႔ က်ဲကိုပဲ ျဖစ္တယ္။

အဲ႔ဒီ မွတ္ခ်က္ေတြ ဖတ္ျပီး ေရွာင္းက်န္႕ ကိုယ္တိုင္ ေဒါသထြက္လာရပါတယ္။ ဝမ္ရိေပၚကို ထိခိုက္တာမ်ိဳး မျဖစ္ေစခ်င္သလို က်ဲကလည္း ေရွာင္းက်န္႕ရဲ႕ ေသြးသား ရင္းခ်ာမို႕ မထိခိုက္ေစခ်င္ဘူး။

'ေစ့စပ္ပြဲကို media အားလံုးကိုပါဖိတ္လိုက္! တစ္ခါတည္း ရွင္းျပီးသား ျဖစ္ေအာင္'

'……'

'……'

'ဟုတ္ကဲ႔ အေဖ'

အေဖ့ စကားကို အျကားျကီး နွုတ္ဆိတ္ေနျပီးမွ က်ဲဆီက စကားသံထြက္လာခဲ႔တာ… က်ဲကိုျကည့္ရတာလည္း စိတ္ရွုပ္သလို မ်က္ေမွာင္က်ံဳ႕ေနတယ္။

'က်ြန္ေတာ္ စဥ္းစားဦးမယ္ ဦးေလး'

'……'

ဝမ္ရိေပၚက ထိုစကား ေျပာျပီးျပီးခ်င္း စပ်စ္ျခံဘက္ ထ ထြက္သြားလို႕ အေဖ့က လက္သီး တင္းတင္းဆုပ္လိုက္တာ ေတြ႕လိုက္ရပါတယ္။

'သူက ဘာအခ်ိဳး ခ်ိဳးတာလဲ သမီးျကီး'

'အေဖ စိတ္ေလ်ွာ့ပါ ျဗဳန္းစားျကီး ဆိုေတာ့ သူ႕အတြက္ အခ်ိန္လိုေနေသးတာ ေနမွာပါ
ျပီးေတာ့ သမီးလည္း အလ်င္စလို မလုပ္ခ်င္ဘူး'

က်ဲက ဝမ္ရိေပၚထြက္သြားတဲ႔ဘက္ကို လွည့္ျကည့္ျပီး အေဖ့ကို ေဖ်ာင္းဖ်လာတာ။

'သူေရာ နင္ေရာက ဒီအတြက္ ဒီကိုေရာက္လာခဲ႔တာ မဟုတ္ဘူးလား! ဘယ္အခ်ိန္ျဖစ္ျဖစ္ အဆင္သင့္ ျဖစ္ေနရမယ္ မဟုတ္ဘူးလား'

'အေဖျကီး စိတ္ေလ်ွာ့ပါ ဝမ္ရိေပၚက ကိုယ့္သားသမီး မဟုတ္ဘူးေလ နည္းနည္းေတာ့ စိတ္ရွည္ရမယ္'

က်ဲနဲ႕ အေခ်အတင္ ျဖစ္လာတဲ႔ အေျခအေနအေပၚ အေမကပါ ဝင္ပါရေတာ့တယ္။

'ငါက စိတ္ရွည္တယ္! အဓိက က မင္းရဲ႕ သမီး! သိကၡာေတြအကုန္ ေရစုန္ေမ်ာလိမ့္မယ္။ သူတို႕ သတင္းကို တစ္နိုင္ငံလံုး သိေနျပီ။ ခုခ်ိန္ထိ ေသြးေအး ေနတယ္ဆိုတာ ပံုမွန္မဟုတ္ဘူး နားလည္လား ေတာက္!!!'

ေရွာင္းက်န္႕ မေနသာေတာ့ပဲ ထြက္သြားတဲ႔သူေနာက္ လိုက္ဖို႕ ျပင္ရပါတယ္။ ဝမ္ရိေပၚကို လွည့္ျကည့္ေတာ့ ေတာ္ေတာ္ေဝးေဝးကို ေရာက္သြားတာမို႕ ေရွာင္းက်န္႕ ေနာက္က လိုက္သြားလိုက္တယ္။

~ေရွာင္ေျပးေနလို႕ မွမျဖစ္တာ ဝမ္ရိေပၚ…~

…………………………………

စပ်စ္ျခံ တစ္ေလ်ွာက္ ဝမ္ရိေပၚ သြားတဲ႔အတိုင္း ထြက္လာခဲ႔တာ ျခံအဆံုးမွာရွိတဲ႔ ေရတံခြန္ျကည့္ဖို႕ လုပ္ထားတဲ႔ ေနရာေရာက္လာေတာ့တယ္။

ေရတံခြန္ကို လာေရာက္ျကည့္ရွဴခံစားသူေတြ ေရထဲျပဳတ္က်မွာစိုးလို႕ လုပ္ထားတဲ႔ လက္ရန္းကို ကိုင္ရင္း ျမစ္ေရျပင္ကို ေငးေနတဲ႔ ဝမ္ရိေပၚကို ေတြ႕လိုက္ရပါတယ္။

အျခား ဧည့္သည္မရွိ လေရာင္နဲ႕ service ေပးထားတဲ႔ လ်ွပ္စစ္မီးေအာက္မွာ ဝမ္ရိေပၚနဲ႕ ေရွာင္းက်န္႕ နွစ္ေယာက္တည္းသာ ရွိေနပါတယ္။

ပိုးေကာင္ငယ္ ေအာ္သံနဲ႕ ခပ္ေဝးေဝးက ေရတံခြန္ဆီက ေရက်သံ တေဝါေဝါ ေတြေတာင္ မတိုးမက်ယ္ ျကားေနရပါတယ္။

'ဝမ္ရိေပၚ မင္း အေဖတို႕ကို ဘယ္လို ေျပာလိုက္တာလဲ'

အသံလာရာ ျပန္လွည့္ျကည့္လာတဲ႔သူက မ်က္ခံုးေတြ တုန္႕ခ်ိဳးျပီး မ်က္နွာခ်င္းဆိုင္လာတယ္။

'ဘာျဖစ္လို႔လဲ'

ဒါေတာင္ ဘာျဖစ္လို႔လဲ ေျပာတုန္း… စားပြဲဝိုင္းကေန မေလးမစား ထ လာခဲ႔တာေလ။ အနည္းဆံုးေတာ့ ဟန္ေဆာင္ျပီး အဆင္ေျပေျပ ဆက္ဆံသင့္တာေပါ့!

'အေဖေျပာတာ နည္းလမ္းက်တယ္ ဝမ္ရိေပၚ! မင္းနဲ႕ က်ဲရဲ႕ သတင္းက ပ်ံ႕ ေနျပီ'

'ေရွာင္းက်န္႕!'

'……'

ေဆာင့္ေအာ္လိုက္သံေျကာင့္ ေရွာင္းက်န္႕က စကားမဆိုရဲပဲ ျငိမ္က်သြားတယ္။

'ဘယ္လိုပ်ံ႕ပ်ံ႕ မဟုတ္ဘူး ဆိုတာ ခင္မ်ားသိတယ္ေလ… အဓိက က ခင္မ်ား သေဘာေပါက္ဖို႕ မလား…'

'မင္း fan ေတြရွိေသးတယ္။ သူတို႔အျမင္ကို ဂရုစိုက္ရမယ္။ ျပီးေတာ့ က်ဲ! လူတကာ ဝိုင္းလက္ညိဳးထိုးေနျကျပီ။'

'ဘာလို႕ တတိယလူလို ျကားလူလို စကား ေျပာေနတာလဲ။ ဒီကိစၥက ခင္မ်ားနဲ႕ မဆိုင္ပါဘူးလို႕ လြယ္လြယ္ေလး ျငင္းလိုက္တာလား…

က်ြန္ေတာ္ကေရာ လက္ခံလိုက္ရမွာလား
ရုပ္ရွင္ေတြထဲမွာလို ေစ့စပ္ပြဲဆိုတာ ဖ်က္သိမ္းခ်င္တိုင္း ဖ်က္သိမ္းလို႕ ရတာမဟုတ္ဘူး။ လူသိရွင္ျကားေစ့စပ္လိုက္တာနဲ႕ အတည္ျဖစ္သြားတာ။ နားလည္လား။ မျဖစ္မေန လက္ထပ္ရေတာ့မွာ!'

'ဒါေတြကို အေစာျကီးကတည္းက မင္း စဥ္းစားခဲ႔သင့္တာ မဟုတ္ဘူးလား'

'……'

'က်ဲရဲ႕ သိကၡာကို ခ်နင္းျပီးမွ ရလာမယ့္ ေပ်ာ္ရႊင္မွု ငါမလိုခ်င္ဘူး ဝမ္ရိေပၚ'

'……'

'……'

အျပန္အလွန္ ေအာ္ဟစ္ေနရာကေန ဝမ္ရိေပၚက ေရွာင္းက်န္႕စကားေျကာင့္ မ်က္ေမွာင္က်ံဳ႕သြားျပီး အံ႔ျကိတ္လိုက္တာေတြ႕လိုက္ရတယ္။ ေနာက္ေတာ့ ေခါင္းကို ငံု႕ခ်လိုက္ျပီး ခပ္တိုးတိုးဆိုလာခဲ႔တယ္။

'ဒီတစ္ခါလည္း အျငင္းခံရျပန္ျပီပဲ'

'……'

''စကားတစ္ခြန္းကိုပဲ ထပ္ခါထပ္ခါ ဆိုခဲ႔တယ္
'စိတ္ထင္တိုင္း မဆံုးျဖတ္ပါနဲ႕!' လို႕
အခြင့္အေရး တစ္ခုကိုပဲ ေတာင္းဆိုခဲ႔တယ္
'က်ြန္ေတာ့္ကိုပဲ ျကည့္ေနေပးပါလား' လို႕
ထပ္ခါထပ္ခါ အာေပါက္မတတ္ ဆိုခဲ႔တဲ႔စကားေတြပါ… ဘာလို႕ အေရးမထား ေပါေပါပဲပဲ သေဘာထားရတာလဲ'

'မဟုတ္ဘူး ဝမ္ရိေပၚ~~ အခုက'

'က်ြန္ေတာ္က အခ်ိန္တိုင္း ေန႕ရက္တိုင္း နာရီတိုင္း မီနစ္တိုင္း ေရွာင္းက်န္႕ဆိုတဲ႔ ခင္မ်ားဆီေရာက္ဖို႕ ျကိဳးစားေနေပမယ့္ ခင္မ်ားကေတာ့ ေဝးဖို႕ပဲ ေတြးေနခဲ႔တယ္ ထင္ပါတယ္။ လြယ္လြယ္ေလး ပစ္ခ်ခ်င္ေနတယ္။'

'……'

'ခင္မ်ားေရွ႕မွာ အခုလိုေလး မတ္တပ္ရပ္နိုင္ဖို႕ေတာင္ က်ြန္ေတာ့္အတြက္ မလြယ္ကူခဲ႔ပါဘူး။ နဖူးကေခ်ြး ေျခမက်တဲ႔အထိ ေလ့က်င့္ျကိဳးစားခဲ႔ရတာ…

ျကိဳက္တာေရာ မျကိဳက္တာေရာ လိုခ်င္တာေတြ မလိုခ်င္တာေတြ ျငင္းခ်က္မထုတ္ အရာအားလံုးကို လက္ခံျပီးမွ ခုလိုေလး မ်က္နွာခ်င္းဆိုင္ခြင့္ရလာခဲ႔ရတာ…

မလြယ္ကူခဲ႔ပါဘူး… ပင္ပန္းလာတိုင္း ခင္မ်ားဆိုတဲ႔ ပန္းတိုင္ကိုပဲ ရည္စူးျပီး အားတင္းခဲ႔တာ… ဝါသနာပါတာ အကုန္စြန္႕ျပီး ေငြရလြယ္တဲ႔လမ္းမွန္သမ်ွ လက္ခံျကိဳးစားခဲ႔တယ္… က်ြန္ေတာ္ဘဝ ထက္ ခင္မ်ားက ပိုအေရးျကီးတယ္လို႕ ခံယူရင္း ရုန္းကန္ခဲ႔တယ္။'

'ဒါေပမယ့္ မင္းမသိလိုက္ခင္မွာပဲ တျခားတစ္ေယာက္ကို ေရြးခ်ယ္ျပီးသား အေျခအေနတစ္ခုနဲ႕ ငါ့ဆီေရာက္လာခဲ႔တယ္ဆိုတာေရာ သတိထားမိရဲ႕လား ဝမ္ရိေပၚ…… ျပီးေတာ့ အဲ႔ဒီသူက ငါ့ငဲ႔ကြက္ရမယ့္ ငါ့အမ'

'တည့္တည့္ပဲ ေျပာမယ္ ေရွာင္းက်န္႕! က်ဲကိုအားနာေပမယ့္ က်ဲက က်ြန္ေတာ္ ခင္မ်ားဆီေရာက္နိုင္မယ့္ တစ္ခုတည္းေသာ တံတားျဖစ္ခဲ႔ရံုပဲ!

က်ြန္ေတာ္က ခင္မ်ား အဆင့္အတန္းနဲ႕ ကိုက္ညီမွုရွိေအာင္ ပိုက္ဆံအမ်ားျကီး ရွာခဲ႔တယ္။ ခ်မ္းသာျပီး အင္အားျကီးလာရင္ ခင္မ်ားကို ရွာနိုင္မွာပဲ ေတြးထင္ခဲ႔တယ္။

အခ်ိန္သံုးနွစ္ျကာသြားတယ္ ခင္မ်ား အေဖရဲ႕ခ်မ္းသာမွုနဲ႕ အင္အားကို မယွဥ္နိုင္ေသးဘူး။ သူဖြက္ထားတဲ႔လူကို ဘယ္လို အင္အားနဲ႕ ရွာရမလဲ။ က်ြန္ေတာ္က နတ္ဘုရားမွ မဟုတ္တာ! ဘယ္လိုလုပ္ရမလဲ ေျဖေလ!!!

အလြမ္းေတြျကားထဲ မြန္းျကပ္ေနရတဲ႔ ဘဝမွာ မေနခ်င္ေတာ့ဘူး။ ေတြ႕ခ်င္တယ္! ဖက္ထားခ်င္တယ္! နမ္းခ်င္တယ္! အတူေနခ်င္တယ္!!'

'……'

'……'

စကားေတြအမ်ားျကီး ဆက္တိုက္ေအာ္ဟစ္ေျပာေနတဲ႔ ဝမ္ရိေပၚက ထိုစကားကို ဆိုအျပီး ခဏနားသလို ျငိမ္က်သြားတယ္။

နွစ္ေယာက္ျကားက ပါတ္ဝန္းက်င္လည္း အျကာျကီး တိတ္ဆိတ္သြားတယ္။ ေရက်သံ တေဝါေဝါ နဲ႕ ပိုးေကာင္ငယ္ေအာ္သံက လြဲရင္ ဘာဆိုဘာသံမွ မျကားရေလာက္ေအာင္ တိတ္ဆိတ္ျပီး တစ္ေယာက္ကို တစ္ေယာက္ေငးျကည့္ေနမိတယ္။

ေရွာင္းက်န္႕စိတ္အေျခအေနဟာလည္း ဝမ္ရိေပၚရဲ႕ ဆက္တိုက္ဆိုလာတဲ႔ စကားေတြျကား မီးကိုေရနဲ႕ ညိမ္းသလို ျငိမ္က်သြားျပီး ဝမ္းနည္းလာတယ္။ ညေလေအးေအးျဖတ္တိုက္လာတဲ႔ အရွိန္ေျကာင့္ လွုပ္ခတ္ေနတဲ႔ ဆံသားေပ်ာ့ေပ်ာ့ေလး ကလြဲရင္ အသက္ဝိညဥ္ လြင့္ေမ်ာသူလို မ်က္ရည္ျကည္ရစ္သိုင္းေနတဲ႔ မ်က္ဝန္းအစံုနဲ႕ သူ႕ေရွ႕ေမွာက္ကလူကို မလွုပ္မယွက္ေငးေမာ ေနတယ္။

'အိမ္မက္ဆိုးေတြနဲ႕ ေန့ရက္ေတြ ကုန္ဆံုးဖို႕ ခင္မ်ား အမကို အသံုးခ်ခဲ႔ရံုပါ။ လြန္ခဲ႔တဲ႔ သံုးနွစ္အတြင္း သူမက တကယ္ပဲ ဂရုစိုက္ေပးခဲ႔တယ္…… ဒါေပမယ့္ အဲ႔လိုဆိုတိုင္း သူမ်ားဂရုစိုက္တာကို သာယာျပီး ေရွာင္းက်န္႕ကို ေမ့ျပစ္ဖို႕ လႊတ္ခ်ဖို႕ ေတြးေတာင္ မေတြးျကည့္ခဲ႔ဖူးဘူး။ အဲ႔ဒီအစား က်ြန္ေတာ့္ အေပၚ ေကာင္းတဲ႔သူမကို အသံုးခ်ျပီး ခင္မ်ားေရွ႕ေမွာက္ ေရာက္ဖို႕ ေတာင္ လုပ္ခဲ႔တာ။ ဘာလို႔လဲ သိလား…

က်ြန္ေတာ္က ဝမ္ရိေပၚေလ
ဝမ္ရိေပၚက ေရွာင္းက်န္႕မွ မဟုတ္တာ
လႊတ္ခ်တာတို႕ စြန္႕ျပစ္တာတို႕က ေရွာင္းက်န္႕ရဲ႕ မူပိုင္ေတြပဲေလ။'

'……'

'……'

'ေတာင္းပန္ပါတယ္'

'မလိုပါဘူး… က်ြန္ေတာ္ကိုယ္တိုင္ကိုက သူမကို လံုးဝ မခ်စ္နိုင္ေတာ့တာ။ သူမွ မဟုတ္ဘူး ဘယ္သူ႕ကိုမွ ထပ္မခ်စ္နိုင္ေတာ့ေအာင္ ခင္မ်ား ကိုပဲ စြဲလန္းေနမိတာ။ ခင္မ်ားနဲ႕ စေတြ႕ကတည္းက ရည္းစားရွုပ္ပါတယ္ဆိုတဲ႔ က်ြန္ေတာ္က နွလံုးသား တစ္ခုလံုးကို ခင္မ်ား ေျခေတာ္ရင္းမွာ ေက်ေက်နပ္နပ္ျကီး ခ်နင္းခံဖို႕ အဆင္သင့္ျဖစ္ျပီးသြားခဲ႔ပါျပီ။

ဝမ္းနည္းစရာက က်ြန္ေတာ္ ဘယ္ေလာက္ပဲ ျကိဳးစား ျကိဳးစား အဆံုးမွာ အျငင္းခံရတာပါပဲ။

လူတစ္ေယာက္တည္း ဆီက ထပ္ခါထပ္ခါ ျငင္းခံေနရတာေတာင္ က်ြန္ေတာ္ဟာ စြန္႕လႊတ္ရေကာင္းမွန္း မသိေသးတဲ႔ လူထံု လူအ တစ္ေယာက္လို က်ြန္ေတာ့္နွလံုးသားက ခင္မ်ားမွ ခင္မ်ား ျဖစ္ေနတယ္။

က်ြန္ေတာ့္ အခ်စ္ေတြက ထင္သာ ျမင္သာ မရွိလို႕ထင္ပါတယ္။'

'……'

ေရွာင္းက်န္႕က အရာရာကို တုန္႕ျပန္ဖို႕ ေမ့ေလ်ာ့ေနသလို သူ႕အေရွ႕က လူကိုသာ ျကည့္ေနတယ္။

'ေျကာက္တယ္ေရွာင္းက်န္႕ ခင္မ်ားနဲ႕ ေဝးရမွာ အရမ္းေျကာက္လို႕ပါ။ ထပ္ျပီး မခံစားနိုင္ေတာ့ဘူး ဒီတစ္ခါထပ္ေဝးရ ရင္ရူးသြားလိမ့္မယ္!

ရသေလာက္ တတ္နိုင္သေလာက္ အင္အားရွိသမ်ွ ဆြဲထားေနေပမယ့္ ခင္မ်ားကေတာ့ က်ြန္ေတာ့္ကို စြန္႕လႊတ္ဖို႕ ဘယ္တုန္းကမွ မေတြေဝခဲ႔ဘူး ထင္ပါတယ္။'

'……'

ထိုစကားဆိုျပီးတာနဲ႕ ဝမ္ရိေပၚက ေရွာင္းက်န္႕ရဲ႕ ေရွ႕ကေက်ာခိုင္း ထြက္သြားေတာ့တယ္။

ရင္ဘတ္ထဲမွာ ဘာမွမရွိေတာ့သလို ဟာလာဟင္းလင္း ျဖစ္သြားတယ္။ ဝမ္ရိေပၚက ေရွာင္းက်န္႕ဆီက အျကိမ္ျကိမ္အျငင္းခံခဲ႔ရတယ္ဆိုရင္ေတာင္ လွည့္ထြက္သြားတဲ႔ ေနာက္ေက်ာျပင္ကို ေငးျကည့္ျပီး အျကိမ္ျကိမ္ က်န္ခဲ႔ရသူက အျမဲတမ္း ေရွာင္းက်န္႕ပဲ!

ေရက်သံေတာင္ မခံစားနိုင္ေလာက္ေအာင္ နားေတြအူလာတယ္။ ပါးျပင္ေပၚ သြင္သြင္စီးေနတဲ႔ မ်က္ရည္ဟာလည္း ရင္ထဲေအာင့္မ်က္လာရျခင္းရဲ႕ ရလာဒ္ပါပဲ။

'ေတာင္းပန္ပါတယ္ ငါ့ကို မစြန္႕ပစ္လိုက္ပါနဲ႕'

ေတာ္ေတာ္ေဝးေဝးကို ေရာက္သြားတဲ႔ ဝမ္ရိေပၚက ေနရာမွာ ရပ္က်န္ခဲ႔တဲ႔ ေရွာင္းက်န္႕ကို ေစာင္းငဲ႔ျပီး ျပန္လွည့္ျကည့္လာတယ္။

ေရွာင္းက်န္႕ ရင္ေတြ တဒိန္းဒိန္းေဆာင့္ခုန္ေနတယ္။ ဒီတစ္ခါလည္း အျပီးစြန္႕ပစ္သြားခဲ႔တာ မဟုတ္ဘူး မလား။

ဝမ္ရိေပၚက မလွုပ္မယွက္ရပ္ေနတဲ႔ သူကို ခဏေလာက္ရပ္ျကည့္ျပီးမွ သူ႕ဆီကို တစ္လွမ္းခ်င္း ျပန္ေလ်ွာက္လာေနတယ္။ မ်က္ရည္ေတြနဲ႕ သူျမင္ကြင္းက ေဝဝါးေနလို႔ ဝမ္ရိေပၚ မ်က္နွာက အေျခအေန အရိပ္အေယာင္ေတြ သူမျမင္ရဘူး။

ေဝးေဝးက ေဝေဝဝါးဝါး ပံုရိပ္ေလးဟာ တျဖည္းျဖည္းနီးကပ္လာျပီး ေနာက္ဆံုးေတာ့ ဝမ္ရိေပၚက သူ႕ေရွ႕မွာ ေနာက္တစ္ျကိမ္ မတ္တပ္ရပ္လာျပန္တယ္။

'ဘာရပ္လုပ္ေနတာလဲ တစ္ေယာက္တည္း သူမ်ားဆြဲသြားတာ ခံခ်င္လို႔လား'

'……'

'ျပန္မယ္လာ!'

ဝမ္ရိေပၚက ေရွာင္းက်န္႕ လက္ကေနဆြဲျပီး ျပန္ဖို႔လုပ္ေပမယ့္ ေရွာင္းက်န္႕က သူ႕လက္ကို ေတာင့္ထားျပီး ေနရာက မေရႊ႕ပဲေနေနလို႕ ျပန္လာေခၚတဲ႔သူက ေရွာင္းက်န္႕ကို နားမလည္သလို လွည့္ျကည့္လာတယ္။

'……'

'ခ်ီ'

'ဟမ္!'

'ေက်ာပိုးလို႔ မင္းအေပၚက လိုက္ခ်င္တယ္'

ဝမ္ရိေပၚက ေရွာင္းက်န္႕ေတာင္းဆိုခ်က္ကို ခဏေလာက္ေျကာင္ေနျပီးမွ ေခါင္းညိမ့္ကာ ေရွာင္းက်န္႕ေရွ႕မွာ ငုတ္တုပ္ထိုင္ေပးျပီး တက္ခိုင္းတယ္။

ေရွာင္းက်န္႕က သူဝတ္ထားတဲ႔ ဖိနပ္အနီေရာင္ေလးကို ခ်ြတ္လိုက္ျပီး လက္နဲ႕ ဘယ္ညာကိုင္ကာ ေရွ႕က လူရဲ႕ ေက်ာေပၚတက္တယ္။

အခုလိုအေျခအေနဟာ ဝမ္ရိေပၚ နဲ႕ ေရွာင္းက်န္႕ရဲ႕  ပထမဆံုးအျကိမ္ ေတြ႕ဆံုမွုကို သတိရေစပါတယ္။ အဲ႔ဒီတုန္းကေတာ့ ခုလိုပဲ ခ်ီပိုးခဲ႔ရတာ။ မတူတာက ဒီတစ္ျကိမ္ဟာ ေရွာင္းက်န္႕ရဲ႕ ေတာင္းဆိုခ်က္ျဖစ္ေနတာပဲ။

ေရွာင္းက်န္႕ကို သယ္ရင္း ဝမ္ရိေပၚက ေျခလွမ္းေတြကို ဘန္ဂလိုဘက္သို႕ ျဖည္းျဖည္းခ်င္း ေလ်ွာက္တယ္။ ေရွာင္းက်န္႕ရဲ႕ မ်က္နွာကေတာ့ သူ႕ကိုခ်ီပိုးထားသူရဲ႕ ပုခံုးေပၚ အပ္ထားတယ္။

'ငါ့ကို စိတ္နာေနျပီလား'

ပုခံုးေပၚ မ်က္နွာေမွာက္ရင္း ပလံုးပေထြးနဲ႕ ေမးလာတာ။ ေသခ်ာနားေထာင္ရင္း ရွိုက္သံေသးေသးေလး ေတာင္ျကားေနရပါတယ္။

'နည္းနည္း…'

'……'

ေရွာင္းက်န္႕က မ်က္နွာမဲ႔က်သြားကာ ဝမ္းနည္းျပီး ေအာ္ဟစ္ ငိုခ်င္တာကို တင္းခံသလို နွုတ္ခမ္းနွစ္လႊာကို ဖိပိတ္လိုက္မိတယ္။

'ဒါေပမယ့္လည္း ခ်စ္ေနတုန္းပဲ'

'အဟင့္! ဟင့္!'

ေရွာင္းက်န္႕ဟာ မထိန္းနိုင္စြာပဲ အသံထြက္ငိုမိေတာ့သလို ေက်ာပိုးထားသူကလည္း ကေလးလို ငိုေနသူေျကာင့္ အျပံဳးေရးေရးေလး ျဖစ္တည္လာပါေတာ့တယ္။

ေရွာင္းက်န္႕ဟာ ေက်ာပိုးထားတဲ႔ သူ႕ေရွ႕က လူကို လည္ပင္းကေနသိုင္းဖက္ကာ ပိုတိုးျပီး က်စ္က်စ္ပါေအာင္ ဖက္ထားတယ္။ တအိအိနဲ႕ ျပိဳဆင္းလာတဲ႔ မ်က္ရည္ေတြက ဝမ္ရိေပၚ ပုခံုး တစ္ခုလံုး စိုရႊဲေနတယ္။

'ခင္မ်ားက ဒီလိုလူမ်ိဳးပဲလို႕ လက္ခံလိုက္တယ္။ နီးစပ္ေအာင္ ျကိဳးစားရမွာ က်ြန္ေတာ့္ တာဝန္လို႕လဲ သေဘာေပါက္တယ္။

အဲ႔ေတာ့ ေျပးပါ ျကိဳက္သေလာက္ေျပး!! ဒီဘဝအတြက္ေတာ့ လက္ေလ်ွာ့ဖို႔ မျဖစ္နိုင္ေတာ့ဘူး'

ကိုယ္ေပၚက ဇိမ္အျပည့္နဲ႕ လိုက္ေနသူက နာနာက်င္က်င္ ငိုယိုလာခဲ႔ေတာ့တယ္။

ေငြမွင္ေရာင္သန္းေနတဲ႔ Canada လေရာင္းေအာက္ဝယ္ အသီးေတြေဝေဝဆာသီးေနတဲ႔ စပ်စ္ပင္ေတြျကားထဲ ေလညွင္းအရွိန္ကို ခံစားရင္း ဆံုးျဖတ္ခ်က္ကိုယ္စီနဲ႕ လူသား နွစ္ဦးဟာ အိမ္အျပန္လမ္းဆီသို႕ ျဖည္ညွင္းစြာပဲ ဦးတည္ေနခဲ႔ပါတယ္။

################






Uni

'အဖေ့ ဖုန်းလာနေတယ်'

အဖေ့ရဲ့ မန်နေဂျာဆီက ဖုန်းမို့ ယူပေးလိုက်ရတယ်။

bungalow ရှေ့က မြေကွက်လပ်မှာ အဖေရယ် ဝမ်ရိပေါ်ရယ် ရှောင်းကျန့်ရယ်က မီးဖိုပြီး သောက်စရာ ဝိုင်နဲ့ စားပွဲနေရာ ချထားမှုလုပ်နေရပြီး

ကျဲနဲ့ အမေကတော့ ကင်ပြီးသွားတဲ့ အသားနဲ့ သီးနှံအကင်ချောင်းတွေ ယူပြီး နေရာ ခင်ကျင်းနေတုန်း ဖြစ်ပါတယ်။

bungalow ရှေ့ယွန်းယွန်းမှာပဲ စပျစ်ခြံရှိနေပြီး ထိုစပျစ်ခြံကို ဖြတ်သွားရင် အဆုံးမှာ ရေတံခွန်ရှိနေတာလည်း ဖြစ်ပါတယ်။ မီးပုံပွဲ လုပ်တဲ့နေရာကဆို ရေကျသံ ပျပျတောင် ကြားနေရပါသေးတယ်။

အဖေက ဖုန်းထွက်ပြောပြီးနောက် သူတို့အသီးသီး နေရာယူပြီး ကြိုပြီး စားသောက်နေနှင့်တော့တယ်။

အကြာကြီးဖုန်းပြောပြီးမှ အဖေက သူတို့ဆီပြန်ရောက်လာခဲ့တယ်။

'သတင်းတွေ အားလုံးပျံ့နေပြီ။ မင်းတို့ နှစ်ယောက် မနက်ဖြန် Flight နဲ့ ပြန်ပြီး စေ့စပ်ဖို့ အတွက် စီစဉ်ကြတော့!'

အဖေက ဖုန်းပြောလို့ အပြီး သူတို့ဆီ ပြန်လာပြီးဆိုလာခဲ့တာ။ ရှောင်းကျန့် အပါအဝင် အားလုံး မလှုပ်မယှက် ငြိမ်သက်သွားကြရတယ်။

'သမီးကြီးတို့ စေ့စပ်ဖို့ ဒီကို ထွက်လာတယ်ဆိုတဲ့ အကြောင်းရော ဟိုမှာ အတူရှိနေတဲ့ ပုံတွေအပြင် ဒီနေ့ center ထဲက ပုံတွေထိ အကုန်လုံး ပျံ့နှံ့နေပြီ။ မင်းတို့ဘာသာ ကြည့်လိုက်တော့'

အကုန် ဖုန်းထုတ်ပြီး ကြည့်လိုက်တော့ အဖေပြောသလိုပဲ Social Media ပေါ်မှာ သတင်းတွေ ပုံတွေ အများကြီး ပျံ့နေတာ တွေ့လိုက်ရတယ်။ မင်းသား မင်းသမီးတွေရဲ့ dating သတင်း လိုက်တဲ့ site ကနေ ဝမ်ရိပေါ် နဲ့ ကျဲရဲ့အကြောင်းတွေ အတိအကျ တင်ထားရာကနေ ပရိတ်တွေထဲ တင်သာမက အပြင်လူတွေထိပါ ပျံ့နှံ့ရောက်ရှိသွားတာ။

အဓိက ကတော့ ဝမ်ရိပေါ် အပေါ် ဖြေရှင်းဖို့ မှတ်ချက်တွေနဲ့ ကျဲအတွက် မကောင်းတဲ့ မှတ်ချက်တွေ အများကြီးတွေ့လိုက်ရတယ်။

ဒီလိုသတင်းကြီးပျံ့လာပြီး ဝမ်ရိပေါ်နဲ့ ကျဲ အပေါ် မကောင်းတဲ့ အမြင် အတူတူတိုးပွားနေတယ်ဆိုတောင် ဆိုးဆိုးဝါးဝါး ပြောဆိုခံရတာက ပြည်သူအချစ်တော်နဲ့ နာမည်ထွက်လာတဲ့ ကျဲကိုပဲ ဖြစ်တယ်။

အဲ့ဒီ မှတ်ချက်တွေ ဖတ်ပြီး ရှောင်းကျန့် ကိုယ်တိုင် ဒေါသထွက်လာရပါတယ်။ ဝမ်ရိပေါ်ကို ထိခိုက်တာမျိုး မဖြစ်စေချင်သလို ကျဲကလည်း ရှောင်းကျန့်ရဲ့ သွေးသား ရင်းချာမို့ မထိခိုက်စေချင်ဘူး။

'စေ့စပ်ပွဲကို media အားလုံးကိုပါဖိတ်လိုက်! တစ်ခါတည်း ရှင်းပြီးသား ဖြစ်အောင်'

'……'

'……'

'ဟုတ်ကဲ့ အဖေ'

အဖေ့ စကားကို အကြားကြီး နှုတ်ဆိတ်နေပြီးမှ ကျဲဆီက စကားသံထွက်လာခဲ့တာ… ကျဲကိုကြည့်ရတာလည်း စိတ်ရှုပ်သလို မျက်မှောင်ကျုံ့နေတယ်။

'ကျွန်တော် စဉ်းစားဦးမယ် ဦးလေး'

'……'

ဝမ်ရိပေါ်က ထိုစကား ပြောပြီးပြီးချင်း စပျစ်ခြံဘက် ထ ထွက်သွားလို့ အဖေ့က လက်သီး တင်းတင်းဆုပ်လိုက်တာ တွေ့လိုက်ရပါတယ်။

'သူက ဘာအချိုး ချိုးတာလဲ သမီးကြီး'

'အဖေ စိတ်လျှော့ပါ ဗြုန်းစားကြီး ဆိုတော့ သူ့အတွက် အချိန်လိုနေသေးတာ နေမှာပါ
ပြီးတော့ သမီးလည်း အလျင်စလို မလုပ်ချင်ဘူး'

ကျဲက ဝမ်ရိပေါ်ထွက်သွားတဲ့ဘက်ကို လှည့်ကြည့်ပြီး အဖေ့ကို ဖျောင်းဖျလာတာ။

'သူရော နင်ရောက ဒီအတွက် ဒီကိုရောက်လာခဲ့တာ မဟုတ်ဘူးလား! ဘယ်အချိန်ဖြစ်ဖြစ် အဆင်သင့် ဖြစ်နေရမယ် မဟုတ်ဘူးလား'

'အဖေကြီး စိတ်လျှော့ပါ ဝမ်ရိပေါ်က ကိုယ့်သားသမီး မဟုတ်ဘူးလေ နည်းနည်းတော့ စိတ်ရှည်ရမယ်'

ကျဲနဲ့ အချေအတင် ဖြစ်လာတဲ့ အခြေအနေအပေါ် အမေကပါ ဝင်ပါရတော့တယ်။

'ငါက စိတ်ရှည်တယ်! အဓိက က မင်းရဲ့ သမီး! သိက္ခာတွေအကုန် ရေစုန်မျောလိမ့်မယ်။ သူတို့ သတင်းကို တစ်နိုင်ငံလုံး သိနေပြီ။ ခုချိန်ထိ သွေးအေး နေတယ်ဆိုတာ ပုံမှန်မဟုတ်ဘူး နားလည်လား တောက်!!!'

ရှောင်းကျန့် မနေသာတော့ပဲ ထွက်သွားတဲ့သူနောက် လိုက်ဖို့ ပြင်ရပါတယ်။ ဝမ်ရိပေါ်ကို လှည့်ကြည့်တော့ တော်တော်ဝေးဝေးကို ရောက်သွားတာမို့ ရှောင်းကျန့် နောက်က လိုက်သွားလိုက်တယ်။

~ရှောင်ပြေးနေလို့ မှမဖြစ်တာ ဝမ်ရိပေါ်…~

…………………………………

စပျစ်ခြံ တစ်လျှောက် ဝမ်ရိပေါ် သွားတဲ့အတိုင်း ထွက်လာခဲ့တာ ခြံအဆုံးမှာရှိတဲ့ ရေတံခွန်ကြည့်ဖို့ လုပ်ထားတဲ့ နေရာရောက်လာတော့တယ်။

ရေတံခွန်ကို လာရောက်ကြည့်ရှူခံစားသူတွေ ရေထဲပြုတ်ကျမှာစိုးလို့ လုပ်ထားတဲ့ လက်ရန်းကို ကိုင်ရင်း မြစ်ရေပြင်ကို ငေးနေတဲ့ ဝမ်ရိပေါ်ကို တွေ့လိုက်ရပါတယ်။

အခြား ဧည့်သည်မရှိ လရောင်နဲ့ service ပေးထားတဲ့ လျှပ်စစ်မီးအောက်မှာ ဝမ်ရိပေါ်နဲ့ ရှောင်းကျန့် နှစ်ယောက်တည်းသာ ရှိနေပါတယ်။

ပိုးကောင်ငယ် အော်သံနဲ့ ခပ်ဝေးဝေးက ရေတံခွန်ဆီက ရေကျသံ တဝေါဝေါ တွေတောင် မတိုးမကျယ် ကြားနေရပါတယ်။

'ဝမ်ရိပေါ် မင်း အဖေတို့ကို ဘယ်လို ပြောလိုက်တာလဲ'

အသံလာရာ ပြန်လှည့်ကြည့်လာတဲ့သူက မျက်ခုံးတွေ တုန့်ချိုးပြီး မျက်နှာချင်းဆိုင်လာတယ်။

'ဘာဖြစ်လို့လဲ'

ဒါတောင် ဘာဖြစ်လို့လဲ ပြောတုန်း… စားပွဲဝိုင်းကနေ မလေးမစား ထ လာခဲ့တာလေ။ အနည်းဆုံးတော့ ဟန်ဆောင်ပြီး အဆင်ပြေပြေ ဆက်ဆံသင့်တာပေါ့!

'အဖေပြောတာ နည်းလမ်းကျတယ် ဝမ်ရိပေါ်! မင်းနဲ့ ကျဲရဲ့ သတင်းက ပျံ့ နေပြီ'

'ရှောင်းကျန့်!'

'……'

ဆောင့်အော်လိုက်သံကြောင့် ရှောင်းကျန့်က စကားမဆိုရဲပဲ ငြိမ်ကျသွားတယ်။

'ဘယ်လိုပျံ့ပျံ့ မဟုတ်ဘူး ဆိုတာ ခင်များသိတယ်လေ… အဓိက က ခင်များ သဘောပေါက်ဖို့ မလား…'

'မင်း fan တွေရှိသေးတယ်။ သူတို့အမြင်ကို ဂရုစိုက်ရမယ်။ ပြီးတော့ ကျဲ! လူတကာ ဝိုင်းလက်ညိုးထိုးနေကြပြီ။'

'ဘာလို့ တတိယလူလို ကြားလူလို စကား ပြောနေတာလဲ။ ဒီကိစ္စက ခင်များနဲ့ မဆိုင်ပါဘူးလို့ လွယ်လွယ်လေး ငြင်းလိုက်တာလား…

ကျွန်တော်ကရော လက်ခံလိုက်ရမှာလား
ရုပ်ရှင်တွေထဲမှာလို စေ့စပ်ပွဲဆိုတာ ဖျက်သိမ်းချင်တိုင်း ဖျက်သိမ်းလို့ ရတာမဟုတ်ဘူး။ လူသိရှင်ကြားစေ့စပ်လိုက်တာနဲ့ အတည်ဖြစ်သွားတာ။ နားလည်လား။ မဖြစ်မနေ လက်ထပ်ရတော့မှာ!'

'ဒါတွေကို အစောကြီးကတည်းက မင်း စဉ်းစားခဲ့သင့်တာ မဟုတ်ဘူးလား'

'……'

'ကျဲရဲ့ သိက္ခာကို ချနင်းပြီးမှ ရလာမယ့် ပျော်ရွှင်မှု ငါမလိုချင်ဘူး ဝမ်ရိပေါ်'

'……'

'……'

အပြန်အလှန် အော်ဟစ်နေရာကနေ ဝမ်ရိပေါ်က ရှောင်းကျန့်စကားကြောင့် မျက်မှောင်ကျုံ့သွားပြီး အံ့ကြိတ်လိုက်တာတွေ့လိုက်ရတယ်။ နောက်တော့ ခေါင်းကို ငုံ့ချလိုက်ပြီး ခပ်တိုးတိုးဆိုလာခဲ့တယ်။

'ဒီတစ်ခါလည်း အငြင်းခံရပြန်ပြီပဲ'

'……'

''စကားတစ်ခွန်းကိုပဲ ထပ်ခါထပ်ခါ ဆိုခဲ့တယ်
'စိတ်ထင်တိုင်း မဆုံးဖြတ်ပါနဲ့!' လို့
အခွင့်အရေး တစ်ခုကိုပဲ တောင်းဆိုခဲ့တယ်
'ကျွန်တော့်ကိုပဲ ကြည့်နေပေးပါလား' လို့
ထပ်ခါထပ်ခါ အာပေါက်မတတ် ဆိုခဲ့တဲ့စကားတွေပါ… ဘာလို့ အရေးမထား ပေါပေါပဲပဲ သဘောထားရတာလဲ'

'မဟုတ်ဘူး ဝမ်ရိပေါ်~~ အခုက'

'ကျွန်တော်က အချိန်တိုင်း နေ့ရက်တိုင်း နာရီတိုင်း မီနစ်တိုင်း ရှောင်းကျန့်ဆိုတဲ့ ခင်များဆီရောက်ဖို့ ကြိုးစားနေပေမယ့် ခင်များကတော့ ဝေးဖို့ပဲ တွေးနေခဲ့တယ် ထင်ပါတယ်။ လွယ်လွယ်လေး ပစ်ချချင်နေတယ်။'

'……'

'ခင်များရှေ့မှာ အခုလိုလေး မတ်တပ်ရပ်နိုင်ဖို့တောင် ကျွန်တော့်အတွက် မလွယ်ကူခဲ့ပါဘူး။ နဖူးကချွေး ခြေမကျတဲ့အထိ လေ့ကျင့်ကြိုးစားခဲ့ရတာ…

ကြိုက်တာရော မကြိုက်တာရော လိုချင်တာတွေ မလိုချင်တာတွေ ငြင်းချက်မထုတ် အရာအားလုံးကို လက်ခံပြီးမှ ခုလိုလေး မျက်နှာချင်းဆိုင်ခွင့်ရလာခဲ့ရတာ…

မလွယ်ကူခဲ့ပါဘူး… ပင်ပန်းလာတိုင်း ခင်များဆိုတဲ့ ပန်းတိုင်ကိုပဲ ရည်စူးပြီး အားတင်းခဲ့တာ… ဝါသနာပါတာ အကုန်စွန့်ပြီး ငွေရလွယ်တဲ့လမ်းမှန်သမျှ လက်ခံကြိုးစားခဲ့တယ်… ကျွန်တော်ဘဝ ထက် ခင်များက ပိုအရေးကြီးတယ်လို့ ခံယူရင်း ရုန်းကန်ခဲ့တယ်။'

'ဒါပေမယ့် မင်းမသိလိုက်ခင်မှာပဲ တခြားတစ်ယောက်ကို ရွေးချယ်ပြီးသား အခြေအနေတစ်ခုနဲ့ ငါ့ဆီရောက်လာခဲ့တယ်ဆိုတာရော သတိထားမိရဲ့လား ဝမ်ရိပေါ်…… ပြီးတော့ အဲ့ဒီသူက ငါ့ငဲ့ကွက်ရမယ့် ငါ့အမ'

'တည့်တည့်ပဲ ပြောမယ် ရှောင်းကျန့်! ကျဲကိုအားနာပေမယ့် ကျဲက ကျွန်တော် ခင်များဆီရောက်နိုင်မယ့် တစ်ခုတည်းသော တံတားဖြစ်ခဲ့ရုံပဲ!

ကျွန်တော်က ခင်များ အဆင့်အတန်းနဲ့ ကိုက်ညီမှုရှိအောင် ပိုက်ဆံအများကြီး ရှာခဲ့တယ်။ ချမ်းသာပြီး အင်အားကြီးလာရင် ခင်များကို ရှာနိုင်မှာပဲ တွေးထင်ခဲ့တယ်။

အချိန်သုံးနှစ်ကြာသွားတယ် ခင်များ အဖေရဲ့ချမ်းသာမှုနဲ့ အင်အားကို မယှဉ်နိုင်သေးဘူး။ သူဖွက်ထားတဲ့လူကို ဘယ်လို အင်အားနဲ့ ရှာရမလဲ။ ကျွန်တော်က နတ်ဘုရားမှ မဟုတ်တာ! ဘယ်လိုလုပ်ရမလဲ ဖြေလေ!!!

အလွမ်းတွေကြားထဲ မွန်းကြပ်နေရတဲ့ ဘဝမှာ မနေချင်တော့ဘူး။ တွေ့ချင်တယ်! ဖက်ထားချင်တယ်! နမ်းချင်တယ်! အတူနေချင်တယ်!!'

'……'

'……'

စကားတွေအများကြီး ဆက်တိုက်အော်ဟစ်ပြောနေတဲ့ ဝမ်ရိပေါ်က ထိုစကားကို ဆိုအပြီး ခဏနားသလို ငြိမ်ကျသွားတယ်။

နှစ်ယောက်ကြားက ပါတ်ဝန်းကျင်လည်း အကြာကြီး တိတ်ဆိတ်သွားတယ်။ ရေကျသံ တဝေါဝေါ နဲ့ ပိုးကောင်ငယ်အော်သံက လွဲရင် ဘာဆိုဘာသံမှ မကြားရလောက်အောင် တိတ်ဆိတ်ပြီး တစ်ယောက်ကို တစ်ယောက်ငေးကြည့်နေမိတယ်။

ရှောင်းကျန့်စိတ်အခြေအနေဟာလည်း ဝမ်ရိပေါ်ရဲ့ ဆက်တိုက်ဆိုလာတဲ့ စကားတွေကြား မီးကိုရေနဲ့ ညိမ်းသလို ငြိမ်ကျသွားပြီး ဝမ်းနည်းလာတယ်။ ညလေအေးအေးဖြတ်တိုက်လာတဲ့ အရှိန်ကြောင့် လှုပ်ခတ်နေတဲ့ ဆံသားပျော့ပျော့လေး ကလွဲရင် အသက်ဝိညဉ် လွင့်မျောသူလို မျက်ရည်ကြည်ရစ်သိုင်းနေတဲ့ မျက်ဝန်းအစုံနဲ့ သူ့ရှေ့မှောက်ကလူကို မလှုပ်မယှက်ငေးမော နေတယ်။

'အိမ်မက်ဆိုးတွေနဲ့ နေ့ရက်တွေ ကုန်ဆုံးဖို့ ခင်များ အမကို အသုံးချခဲ့ရုံပါ။ လွန်ခဲ့တဲ့ သုံးနှစ်အတွင်း သူမက တကယ်ပဲ ဂရုစိုက်ပေးခဲ့တယ်…… ဒါပေမယ့် အဲ့လိုဆိုတိုင်း သူများဂရုစိုက်တာကို သာယာပြီး ရှောင်းကျန့်ကို မေ့ပြစ်ဖို့ လွှတ်ချဖို့ တွေးတောင် မတွေးကြည့်ခဲ့ဖူးဘူး။ အဲ့ဒီအစား ကျွန်တော့် အပေါ် ကောင်းတဲ့သူမကို အသုံးချပြီး ခင်များရှေ့မှောက် ရောက်ဖို့ တောင် လုပ်ခဲ့တာ။ ဘာလို့လဲ သိလား…

ကျွန်တော်က ဝမ်ရိပေါ်လေ
ဝမ်ရိပေါ်က ရှောင်းကျန့်မှ မဟုတ်တာ
လွှတ်ချတာတို့ စွန့်ပြစ်တာတို့က ရှောင်းကျန့်ရဲ့ မူပိုင်တွေပဲလေ။'

'……'

'……'

'တောင်းပန်ပါတယ်'

'မလိုပါဘူး… ကျွန်တော်ကိုယ်တိုင်ကိုက သူမကို လုံးဝ မချစ်နိုင်တော့တာ။ သူမှ မဟုတ်ဘူး ဘယ်သူ့ကိုမှ ထပ်မချစ်နိုင်တော့အောင် ခင်များ ကိုပဲ စွဲလန်းနေမိတာ။ ခင်များနဲ့ စတွေ့ကတည်းက ရည်းစားရှုပ်ပါတယ်ဆိုတဲ့ ကျွန်တော်က နှလုံးသား တစ်ခုလုံးကို ခင်များ ခြေတော်ရင်းမှာ ကျေကျေနပ်နပ်ကြီး ချနင်းခံဖို့ အဆင်သင့်ဖြစ်ပြီးသွားခဲ့ပါပြီ။

ဝမ်းနည်းစရာက ကျွန်တော် ဘယ်လောက်ပဲ ကြိုးစား ကြိုးစား အဆုံးမှာ အငြင်းခံရတာပါပဲ။

လူတစ်ယောက်တည်း ဆီက ထပ်ခါထပ်ခါ ငြင်းခံနေရတာတောင် ကျွန်တော်ဟာ စွန့်လွှတ်ရကောင်းမှန်း မသိသေးတဲ့ လူထုံ လူအ တစ်ယောက်လို ကျွန်တော့်နှလုံးသားက ခင်များမှ ခင်များ ဖြစ်နေတယ်။

ကျွန်တော့် အချစ်တွေက ထင်သာ မြင်သာ မရှိလို့ထင်ပါတယ်။'

'……'

ရှောင်းကျန့်က အရာရာကို တုန့်ပြန်ဖို့ မေ့လျော့နေသလို သူ့အရှေ့က လူကိုသာ ကြည့်နေတယ်။

'ကြောက်တယ်ရှောင်းကျန့် ခင်များနဲ့ ဝေးရမှာ အရမ်းကြောက်လို့ပါ။ ထပ်ပြီး မခံစားနိုင်တော့ဘူး ဒီတစ်ခါထပ်ဝေးရ ရင်ရူးသွားလိမ့်မယ်!

ရသလောက် တတ်နိုင်သလောက် အင်အားရှိသမျှ ဆွဲထားနေပေမယ့် ခင်များကတော့ ကျွန်တော့်ကို စွန့်လွှတ်ဖို့ ဘယ်တုန်းကမှ မတွေဝေခဲ့ဘူး ထင်ပါတယ်။'

'……'

ထိုစကားဆိုပြီးတာနဲ့ ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့ ရှေ့ကကျောခိုင်း ထွက်သွားတော့တယ်။

ရင်ဘတ်ထဲမှာ ဘာမှမရှိတော့သလို ဟာလာဟင်းလင်း ဖြစ်သွားတယ်။ ဝမ်ရိပေါ်က ရှောင်းကျန့်ဆီက အကြိမ်ကြိမ်အငြင်းခံခဲ့ရတယ်ဆိုရင်တောင် လှည့်ထွက်သွားတဲ့ နောက်ကျောပြင်ကို ငေးကြည့်ပြီး အကြိမ်ကြိမ် ကျန်ခဲ့ရသူက အမြဲတမ်း ရှောင်းကျန့်ပဲ!

ရေကျသံတောင် မခံစားနိုင်လောက်အောင် နားတွေအူလာတယ်။ ပါးပြင်ပေါ် သွင်သွင်စီးနေတဲ့ မျက်ရည်ဟာလည်း ရင်ထဲအောင့်မျက်လာရခြင်းရဲ့ ရလာဒ်ပါပဲ။

'တောင်းပန်ပါတယ် ငါ့ကို မစွန့်ပစ်လိုက်ပါနဲ့'

တော်တော်ဝေးဝေးကို ရောက်သွားတဲ့ ဝမ်ရိပေါ်က နေရာမှာ ရပ်ကျန်ခဲ့တဲ့ ရှောင်းကျန့်ကို စောင်းငဲ့ပြီး ပြန်လှည့်ကြည့်လာတယ်။

ရှောင်းကျန့် ရင်တွေ တဒိန်းဒိန်းဆောင့်ခုန်နေတယ်။ ဒီတစ်ခါလည်း အပြီးစွန့်ပစ်သွားခဲ့တာ မဟုတ်ဘူး မလား။

ဝမ်ရိပေါ်က မလှုပ်မယှက်ရပ်နေတဲ့ သူကို ခဏလောက်ရပ်ကြည့်ပြီးမှ သူ့ဆီကို တစ်လှမ်းချင်း ပြန်လျှောက်လာနေတယ်။ မျက်ရည်တွေနဲ့ သူမြင်ကွင်းက ဝေဝါးနေလို့ ဝမ်ရိပေါ် မျက်နှာက အခြေအနေ အရိပ်အယောင်တွေ သူမမြင်ရဘူး။

ဝေးဝေးက ဝေဝေဝါးဝါး ပုံရိပ်လေးဟာ တဖြည်းဖြည်းနီးကပ်လာပြီး နောက်ဆုံးတော့ ဝမ်ရိပေါ်က သူ့ရှေ့မှာ နောက်တစ်ကြိမ် မတ်တပ်ရပ်လာပြန်တယ်။

'ဘာရပ်လုပ်နေတာလဲ တစ်ယောက်တည်း သူများဆွဲသွားတာ ခံချင်လို့လား'

'……'

'ပြန်မယ်လာ!'

ဝမ်ရိပေါ်က ရှောင်းကျန့် လက်ကနေဆွဲပြီး ပြန်ဖို့လုပ်ပေမယ့် ရှောင်းကျန့်က သူ့လက်ကို တောင့်ထားပြီး နေရာက မရွှေ့ပဲနေနေလို့ ပြန်လာခေါ်တဲ့သူက ရှောင်းကျန့်ကို နားမလည်သလို လှည့်ကြည့်လာတယ်။

'……'

'ချီ'

'ဟမ်!'

'ကျောပိုးလို့ မင်းအပေါ်က လိုက်ချင်တယ်'

ဝမ်ရိပေါ်က ရှောင်းကျန့်တောင်းဆိုချက်ကို ခဏလောက်ကြောင်နေပြီးမှ ခေါင်းညိမ့်ကာ ရှောင်းကျန့်ရှေ့မှာ ငုတ်တုပ်ထိုင်ပေးပြီး တက်ခိုင်းတယ်။

ရှောင်းကျန့်က သူဝတ်ထားတဲ့ ဖိနပ်အနီရောင်လေးကို ချွတ်လိုက်ပြီး လက်နဲ့ ဘယ်ညာကိုင်ကာ ရှေ့က လူရဲ့ ကျောပေါ်တက်တယ်။

အခုလိုအခြေအနေဟာ ဝမ်ရိပေါ် နဲ့ ရှောင်းကျန့်ရဲ့  ပထမဆုံးအကြိမ် တွေ့ဆုံမှုကို သတိရစေပါတယ်။ အဲ့ဒီတုန်းကတော့ ခုလိုပဲ ချီပိုးခဲ့ရတာ။ မတူတာက ဒီတစ်ကြိမ်ဟာ ရှောင်းကျန့်ရဲ့ တောင်းဆိုချက်ဖြစ်နေတာပဲ။

ရှောင်းကျန့်ကို သယ်ရင်း ဝမ်ရိပေါ်က ခြေလှမ်းတွေကို ဘန်ဂလိုဘက်သို့ ဖြည်းဖြည်းချင်း လျှောက်တယ်။ ရှောင်းကျန့်ရဲ့ မျက်နှာကတော့ သူ့ကိုချီပိုးထားသူရဲ့ ပုခုံးပေါ် အပ်ထားတယ်။

'ငါ့ကို စိတ်နာနေပြီလား'

ပုခုံးပေါ် မျက်နှာမှောက်ရင်း ပလုံးပထွေးနဲ့ မေးလာတာ။ သေချာနားထောင်ရင်း ရှိုက်သံသေးသေးလေး တောင်ကြားနေရပါတယ်။

'နည်းနည်း…'

'……'

ရှောင်းကျန့်က မျက်နှာမဲ့ကျသွားကာ ဝမ်းနည်းပြီး အော်ဟစ် ငိုချင်တာကို တင်းခံသလို နှုတ်ခမ်းနှစ်လွှာကို ဖိပိတ်လိုက်မိတယ်။

'ဒါပေမယ့်လည်း ချစ်နေတုန်းပဲ'

'အဟင့်! ဟင့်!'

ရှောင်းကျန့်ဟာ မထိန်းနိုင်စွာပဲ အသံထွက်ငိုမိတော့သလို ကျောပိုးထားသူကလည်း ကလေးလို ငိုနေသူကြောင့် အပြုံးရေးရေးလေး ဖြစ်တည်လာပါတော့တယ်။

ရှောင်းကျန့်ဟာ ကျောပိုးထားတဲ့ သူ့ရှေ့က လူကို လည်ပင်းကနေသိုင်းဖက်ကာ ပိုတိုးပြီး ကျစ်ကျစ်ပါအောင် ဖက်ထားတယ်။ တအိအိနဲ့ ပြိုဆင်းလာတဲ့ မျက်ရည်တွေက ဝမ်ရိပေါ် ပုခုံး တစ်ခုလုံး စိုရွှဲနေတယ်။

'ခင်များက ဒီလိုလူမျိုးပဲလို့ လက်ခံလိုက်တယ်။ နီးစပ်အောင် ကြိုးစားရမှာ ကျွန်တော့် တာဝန်လို့လဲ သဘောပေါက်တယ်။

အဲ့တော့ ပြေးပါ ကြိုက်သလောက်ပြေး!! ဒီဘဝအတွက်တော့ လက်လျှော့ဖို့ မဖြစ်နိုင်တော့ဘူး'

ကိုယ်ပေါ်က ဇိမ်အပြည့်နဲ့ လိုက်နေသူက နာနာကျင်ကျင် ငိုယိုလာခဲ့တော့တယ်။

ငွေမှင်ရောင်သန်းနေတဲ့ Canada လရောင်းအောက်ဝယ် အသီးတွေဝေဝေဆာသီးနေတဲ့ စပျစ်ပင်တွေကြားထဲ လေညှင်းအရှိန်ကို ခံစားရင်း ဆုံးဖြတ်ချက်ကိုယ်စီနဲ့ လူသား နှစ်ဦးဟာ အိမ်အပြန်လမ်းဆီသို့ ဖြည်ညှင်းစွာပဲ ဦးတည်နေခဲ့ပါတယ်။

################

Continue Reading

You'll Also Like

699K 15.7K 44
In wich a one night stand turns out to be a lot more than that.
1.2M 48.4K 53
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
4.9M 163K 33
BLS #2 Sky Locason Billionare that never fail to make girls knee go weak. He has the charm that everyone envy. Hates everyone who tried to hurt his f...
64.1K 5.7K 24
//ထိုစဥ်ဟိုအဝေး မှန်အိမ်ငယ်ငယ်ကလေး တောင်ခြေမှတောင်ထွဋ်ဖျားထိတရွေ့ရွေ့ငြင်သာစွာလာနေ// //ထိုစဥ္ဟိုအေဝး မွန္အိမ္ငယ္ငယ္ကေလး ေတာင္ေျခမွေတာင္ထြဋ္ဖ်ားထိတေ...