တစ်ဦးဆိုင် ရပ်ဝန်း

By Garlic_Boom

1.4M 118K 8K

Strawberry pudding and its counterpart . More

အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၂)
ဇာတ်သိမ်းပိုင်း

အပိုင်း(၃၁)

33.2K 3.1K 283
By Garlic_Boom

တစ်ဦးဆိုင်   ရပ်ဝန်း

Unicode

" လက်ထဲက ဖုန်းကို အခုချလိုက်တော့ လွန်းလရိပ်ဝေး "

တစ်မနက်လုံး Iris ကြည့်နေတာ လွန်းလရိပ်ဝေး တစ်ယောက်  ဖုန်းကို မနက်တည်းက အကြည့်ကိုမပြတ်ဘူး ။ မျက်လုံးက ကောင်းလားဆိုတော့ မကောင်းဘူး ။ မျက်မှန်သမားမို့ Iris က ပိုပြီး စိတ်ပူတာ။

" လွန်း အခုချလိုက်တော့ မောင် ကြည့်နေတာကြာပြီနော် မျက်လုံးထိခိုက်လိမ့်မယ် ရှမ်းခေါက်ဆွဲ ပြင်ပြီးပြီ အစားစားဖို့လည်း သတိရဦး "

ပါးစပ်ကသာ အမြှုပ်ထွက်မတတ် ပြောနေသော်လည်း လွန်းလရိပ်ဝေး တစ်ယောက် Iris ကို အဖက်ပင်မလုပ် ။

" မောင့်ကို စိတ်ဆိုးနေတာလား သည်းငယ် "

" မောင်မှားပါတယ်နော် စကားမပြောပဲနဲ့တော့ မနေပါနဲ့ မောင်မနေတတ်ဘူး လွန်းရာ "

Apron တောင် မချွတ်နိုင်ပဲ Iris လွန်းကို ချော့နေရသည်။

ပြဿနာက ဒီလို အိပ်ရာထထချင်း လွန်းကပုံမှန်အတိုင်း ဆေးရုံသွားဖို့ပြင်တယ် ။

Iris က လက်မခံ အိမ်မှာပဲနေဖို့ ပြောသည် ။ လွန်းကလည်း မရမက သွားမယ်လုပ်တာ Iris လည်း ဘယ်လိုမှထိန်းမရတော့ လွန်းကို အမှန်အတိုင်းပဲ ပြောပြလိုက်တယ် ။

" မောင် မင်းရဲ့ အလုပ်ထွက်စာ တင်ပြီးပြီ လွန်း "

" ဘာပြောတယ် လမြတ်ဝါဆို "

နားစည်တွေပါ ကွဲထွက်သွားပြီလားဟုတောင် Iris ထင်ရသည်။

" ဟုတ်တယ် လွန်း မောင်က လွန်း ပင်ပန်းမှာဆိုးလို့ ပြီးတော့ ဒီနားတစ်ဝိုက်မှာပဲ မင်းအတွက် ကိုယ်ပိုင်ဆေးခန်း ဖွင့်ဖို့ အကုန်လုံးစီစဥ်ပြီးပြီ ။ ပိုက်ဆံမယူဘဲနဲ့လေ သိတယ်မလား အခမဲ့ ဆေးခန်းပေါ့ လွန်း မောင့်ကို စိတ်မဆိုးနဲ့ နော် "

" ဘယ်တုန်းကလဲ လမြတ်ဝါဆို ဘယ်တုန်းထဲက အလုပ်ထွက်စာ တင်လိုက်တာလဲ "

Iris ခေါင်းတစ်ချက်ကုတ်ပြီး

" လွန်း ဖျားတဲ့နေ့ကပဲ မောင် လွန်းတို့ ဆေးရုံအုပ်နဲ့တွေ့ပြီးပြီ ။ လွန်းကို အလုပ်မလုပ်ခိုင်းတော့ဘူးလို့ "

" အုပ်ကြီးက ဘာပြောလဲ "

" ဘာမှတော့မပြောဘူး ပြောလည်း မောင်က လက်ခံမှာမှ မဟုတ်တာ "

" လက်ချောင်းသွယ်သွယ်လေးတွေ အားလုံးထဲမှာမှ အလယ်က အရှည်ဆုံးတစ်ချောင်းကိုယူလိုက်​နော် လမြတ်ဝါဆို "

လီးပဲဟေ့ လမြတ်ဝါဆို ။ လွန်းလရိပ်ဝေး စိတ်ထဲကနေပဲ ဆဲလိုက်တော့သည် ။

မနက်တည်းက စကားမပြောပဲ နေလိုက်တာ အခုညနေ ငါးနာရီထိုးတော့မယ် ။ လွန်းကိုသာ ဘေးကနေ တတွတ်တွတ်လာပြောနေပေမယ့် လွန်းကတော့ ဖုန်းကိုပဲ အာရုံစိုက်ပြီး
ကြည့်နေလိုက်တယ်။

ဖုန်းကြည့်တယ်ဆိုတာလည်း ထွေထွေထူးထူးကြည့်နေတာ မဟုတ်ပဲ မောင့်ကို စိတ်မကြည်သမျှ Wall ထဲမှာ တက်လာသမျှ Post အကုန်လက်မသာပေးပြီး ခရီးသွား blog အတိုလေးတွေကြည့်နေခြင်း ဖြစ်သည် ။

" မောင်မှားပါတယ်လို့ မောင့်အချစ်ရဲ့ "

Iris လွန်း ခန္ဓာကိုယ်လေးကို လှုပ်ရမ်းကာ အလိုမကျပြောမိသည် ။

" မောင့်အမှား မောင်သိလား "

လွန်း မျက်စောင်းဝင့်ကာ မေးလိုက်တော့ မောင်က ခေါင်းငြိမ့်ပြလာသည်။

"မောင်ဘာမှားလဲ လွန်းကိုပြော  "

"လွန်းကို မတိုင်ပင်ပဲ မောင်  လုပ်မိတာ မှားတယ် ပြီးတော့ "

" ပြီးတော့ ဘာဖြစ်လဲ ဆက်ပြော "

စကားတစ်ဝက်မှာ ရပ်နေသည့် မောင့်ကြောင့် လွန်း ဝင်ထောက်ပေးလိုက်တယ် ။

" မောင်က ကိုယ့်ကိုကိုယ် သာ အမှန်လို့ထင်ပြီး တစ်ကိုယ်ကောင်းဆန်ဆန် လုပ်မိတာ ။ မောင်မှားတယ်နော် လွန်း နောက်တစ်ခါ လွန်းကို တိုင်ပင်ပြီးမှ မောင်လုပ်မယ် "

မျက်နှာလေး ငယ်ကာ ပြောလာသည့် မောင့်ကြောင့် လွန်းလရိပ်ဝေး ပြောမိတာများ လွန်သွားလား ပြန်တွေးရသည် ။

" မောင့်ကို ချစ်လို့ လွန်းက ပြောတာ သိလားလွန်းကြောင့်နဲ့ မောင့်ကို သူများတွေ အထင်သေးမှာ မကြိုက်ဘူး  အာ့ "

နှာခေါင်းလေးကို အကိုက်ဆွဲခံလိုက်ရသောကြောင့် လွန်း မျက်နှာလေး ရှုံ့မဲ့သွားရသည်။

Iris ကိုက်လို့ဝမှ လွန်း နှာခေါင်းလုံးလုံးလေးကို လွှတ်ပေးလိုက်တယ် ။

" စကားနားထောင်မယ် နော် လွန်း စကားမှန်သမျှ မောင်နားထောင်မယ် မောင့်နှလုံးသားလေး စိတ်ချမ်းသာစေရမယ် "

" ဒါဆို အဝတ်စား သွားလဲ ညစျေးသွားရအောင် မောင်နဲ့​ လျှောက်လည်ဖူးချင်တယ် "

" အိုကေ ဗျာ ခဏစောင့် အာ့ဆို ရှမ်းခေါက်ဆွဲ ကို ပြန်ရောက်မှစားတော့နော် "

" အင်း "

မောင် အခန်းထဲဝင်သွားမှ လွန်း ခရီးသွား blog အတိုလေးတွေ ထပ်ကြည့်နေလိုက်သည် ။

အိမ်မှာနေရင်း ဝတ်လို့ရအောင် မောင်ဝယ်ပေးထားသည့် ဒူးဖုံး ချည်သား ဘောင်းဘီအညို​ရောင်လေးနဲ့ မောင့်အင်္ကျီ တွေထဲက  တင်ပါးထိဖုံးသည့်  အင်္ကျီအဖြူရောင် အရှည်ကြီး တစ်ထည်ကို လွန်းက ဝတ်ထားသောကြောင့် လဲစရာမလိုပေ ။

လွန်းရဲ့ မကောင်းတဲ့အကျင့်က အိမ်မှာပဲနေနေ အပြင်ပဲထွက်ထွက် ရှပ်အင်္ကျီပွပွကြီးတွေကို သာဝတ်လေရှိပြီး ဝတ်တဲ့အင်္ကျီ အပွကြီးတွေကလည်း တင်ပါးထိဖုံးသည့် ရှပ်အင်္ကျီ တွေချည်းပဲ ဖြစ်သည် ။

လွန်း တင်ပါးလုံးလုံးလေးတွေကြောင့် ငယ်ငယ်က အစခံခဲ့ရဖူးတယ် ။ အာ့ကြောင့် အင်္ကျီ အတိုများ ဝတ်လိုက်ရင် လွန်းကိုပဲ လိုက်ကြည့်နေကြမလားဟု တွေးမိပြီး အင်္ကျီ ခါးအရမ်းမတိုတာ​တွေတောင် လွန်း အကုန်လွှင့်ပြစ်ခဲ့တာ ။

နောက်ပိုင်းမှသာ ဆေးရုံသွားဖြစ်တဲ့နေ့တွေ ဂျူတီကုတ် ကြောင့် ရိုးရိုး T-shirt တွေ ပြန်ဝတ်ဖြစ်တာ ။

မောင်က လည်း လွန်းအကြောင်း ကိုသိသူပီပီ
Limited တွေထဲကပဲ ဝယ်ပေး​ဖြစ်တာများတယ် ။

" သွားမယ်လေ လွန်း မောင်ပြီးပြီ "

အပေါ်က အဖြူရောင် အင်္ကျီ ဂျိုင်းပြတ်နဲ့ အောက်က လွန်းလို ချည်သားဘောင်းဘီ အတိုလေးသာ မောင်ကဝတ်ထားသည် ။

" လမြတ်ဝါဆို မင်း ငါ့ဘောင်းဘီတွေ ယူဝတ်ပြန်ပြီ "

လွန်းထက်ပင် မောင်က အသားအရေ ပိုပြီး ကြည်လင်ကာတောက်ပနေသေးသည်။

" လွန်းဟာလည်း မောင့်ဟာ မောင့်ဟာလည်း လွန်းဟာပေါ့ လွန်းရဲ့ မောင်ထပ်မှာပေးမယ်နော် ချည်သားအစစ်နဲ့ထုတ်ထားတာပဲ ကြိုက်တာမလား "

Iris က အဝတ်အစားဆို LV နဲ့ Channel Brand တွေသာ အဝတ်များပေမယ့် အခုနောက်ပိုင်း လွန်း အတွက် သီးသန့်မှာရင်းနဲ့မှသူပါ လွန်း ဝတ်သလို လိုက်ဝတ်ဖြစ်နေခြင်းပင် ။

" Tote-Bag ကို မလွယ်ခဲ့နဲ့တော့ လွန်း မောင် Wallet ပဲ ယူလာလိုက်မယ် "

" ပြီးတာပဲ "

လွန်းလရိပ်ဝေး ဟွန့်ခနဲ လုပ်ပြီးသာ ရှေ့ကထွက်သွားလိုက်သည် ။

" အဲ့ဒါ ဘယ်သွားမှာလဲ "

ခြံပြင်ကို ကျော်ထွက်သွားသော လွန်းကြောင့် Iris လှမ်းအော်လိုက်ခြင်းဖြစ်သည် ။

" ဘယ်သွားရမှာလဲ ဟိုနားဒီနားပဲဟာကို ကားမယူခဲ့နဲ့တော့ မောင် လူရှုပ်တယ် "

" မောင်လည်း မယူခဲ့ပါဘူး လွန်းရယ် bike နဲ့သွားမှာ ဒီမှာကြည့်လွန်း "

နှစ်ယောက်စီးဆိုင်ကယ် အသေးစားလေး ကို မောင်က ထုတ်လာကာ လွန်းကို helmet ဆောင်းပေးလာသည်။

" လွန်းတောင် မသိလိုက်ဖူး မောင်ဘယ်တုန်းကဝယ်လိုက်တာလဲ "

သေးသေးကွေးကွေး အရာဝတ္ထုပစ္စည်းတွေကို လွန်းကြိုက်မှန်းမောင်သိသောကြောင့် ဆိုင်ကယ်တောင် E bike အသေးစားလေးဝယ်ခြင်းပင် ။

" ဒီမနက်ပဲ လွန်း အစတုန်းက ကားဝယ်ပေးမလို့ မောင်တွေးမိတာ ကားနဲ့ကြတော့ လွန်းကို စိတ်မချဘူးလေ အဲ့ဒါကြောင့် ဒါလေးပဲ ဝယ်ပေးဖြစ်သွားတာ "

" မောင် အတော်ဆုံးပဲ သွားမယ် သွားမယ် "

ကားမဝယ်ပေးတာပဲ တော်သေးတယ် မဟုတ်ရင် လွန်းလရိပ်ဝေးသာ ကားမောင်းလို့ကတော့ ကားပဲ လွန်း ဆိုင်ကယ်အောက်ရောက်မလား လွန်းဆိုင်ကယ်ပဲ ကားအောက်ရောက်မလား အရမ်းတွေရင်ခုန်နေရမှာ ။

မောင့်ခါးကို ဖက်ပြီး နောက်ကထိုင်လိုက်ရတဲ့ ခံစားချက်က  က တစ်ကယ်ကို ပြောမပြတတ်အောင် ကြည်နူးဖို့ကောင်းတယ် ။

Iris လည်း လက်တစ်ဖက်ကို လွှတ်ကာ လွန်း လက်လေးကို ပြန်ကိုင်ထားလိုက်သည်။

လေ​ပြည်​လေညှင်း​လေးများကလည်း တဖြူးဖြူးတိုက်ခတ်နေပြီး သစ်ရွက်ကြွေတွေကလည်း မြေနီ ​လမ်းမ​ကြီးထက်မှာ ပြန့်ကျဲနေသည်။

မြေနီလမ်းမကြီးထက်မှာ E bike လေး တစ်စီးရယ် ကောင်လေးနှစ်ယောက် ရယ် သစ်ရွက်နီဆွေးဆွေးတွေရယ် သိပ်လှတဲ့ မြင်ကွင်းတစ်ခုပါပဲ ။

______________________________________________________

GarlicBoom

တစ္ဦးဆိုင္   ရပ္ဝန္း

Zawgyi

" လက္ထဲက ဖုန္းကို အခုခ်လိဳက္ေတာ့ လြန္းလရိပ္ေဝး "

တစ္မနက္လုံး Iris ၾကည့္ေနတာ လြန္းလရိပ္ေဝး တစ္ေယာက္  ဖုန္းကို မနက္တည္းက အၾကည့္ကိုမျပတ္ဘူး ။ မ်က္လုံးက ေကာင္းလားဆိုေတာ့ မေကာင္းဘူး ။ မ်က္မွန္သမားမို႔ Iris က ပိုၿပီး စိတ္ပူတာ။

" လြန္း အခုခ်လိဳက္ေတာ့ ေမာင္ ၾကည့္ေနတာၾကာၿပီေနာ္ မ်က္လုံးထိခိုက္လိမ့္မယ္ ရွမ္းေခါက္ဆြဲ ျပင္ၿပီးၿပီ အစားစားဖို႔လည္း သတိရဦး "

ပါးစပ္ကသာ အျမႇုပ္ထြက္မတတ္ ေျပာေနေသာ္လည္း လြန္းလရိပ္ေဝး တစ္ေယာက္ Iris ကို အဖက္ပင္မလုပ္ ။

" ေမာင့္ကို စိတ္ဆိုးေနတာလား သည္းငယ္ "

" ေမာင္မွားပါတယ္ေနာ္ စကားမေျပာပဲနဲ႕ေတာ့ မေနပါနဲ႕ ေမာင္မေနတတ္ဘူး လြန္းရာ "

Apron ေတာင္ မခြၽတ္နိုင္ပဲ Iris လြန္းကို ေခ်ာ့ေနရသည္။

ျပႆနာက ဒီလို အိပ္ရာထထခ်င္း လြန္းကပုံမွန္အတိုင္း ေဆး႐ုံသြားဖို႔ျပင္တယ္ ။

Iris က လက္မခံ အိမ္မွာပဲေနဖို႔ ေျပာသည္ ။ လြန္းကလည္း မရမက သြားမယ္လုပ္တာ Iris လည္း ဘယ္လိုမွထိန္းမရေတာ့ လြန္းကို အမွန္အတိုင္းပဲ ေျပာျပလိုက္တယ္ ။

" ေမာင္ မင္းရဲ႕ အလုပ္ထြက္စာ တင္ၿပီးၿပီ လြန္း "

" ဘာေျပာတယ္ လျမတ္ဝါဆို "

နားစည္ေတြပါ ကြဲထြက္သြားၿပီလားဟုေတာင္ Iris ထင္ရသည္။

" ဟုတ္တယ္ လြန္း ေမာင္က လြန္း ပင္ပန္းမွာဆိုးလို႔ ၿပီးေတာ့ ဒီနားတစ္ဝိုက္မွာပဲ မင္းအတြက္ ကိုယ္ပိုင္ေဆးခန္း ဖြင့္ဖို႔ အကုန္လုံးစီစဥ္ၿပီးၿပီ ။ ပိုက္ဆံမယူဘဲနဲ႕ေလ သိတယ္မလား အခမဲ့ ေဆးခန္းေပါ့ လြန္း ေမာင့္ကို စိတ္မဆိုးနဲ႕ ေနာ္ "

" ဘယ္တုန္းကလဲ လျမတ္ဝါဆို ဘယ္တုန္းထဲက အလုပ္ထြက္စာ တင္လိုက္တာလဲ "

Iris ေခါင္းတစ္ခ်က္ကုတ္ၿပီး

" လြန္း ဖ်ားတဲ့ေန႕ကပဲ ေမာင္ လြန္းတို႔ ေဆး႐ုံအုပ္နဲ႕ေတြ႕ၿပီးၿပီ ။ လြန္းကို အလုပ္မလုပ္ခိုင္းေတာ့ဘူးလို႔ "

" အုပ္ႀကီးက ဘာေျပာလဲ "

" ဘာမွေတာ့မေျပာဘူး ေျပာလည္း ေမာင္က လက္ခံမွာမွ မဟုတ္တာ "

" လက္ေခ်ာင္းသြယ္သြယ္ေလးေတြ အားလုံးထဲမွာမွ အလယ္က အရွည္ဆုံးတစ္ေခ်ာင္းကိုယူလိုက္ေနာ္ လျမတ္ဝါဆို "

လီးပဲေဟ့ လျမတ္ဝါဆို ။ လြန္းလရိပ္ေဝး စိတ္ထဲကေနပဲ ဆဲလိုက္ေတာ့သည္ ။

မနက္တည္းက စကားမေျပာပဲ ေနလိုက္တာ အခုညေန ငါးနာရီထိုးေတာ့မယ္ ။ လြန္းကိုသာ ေဘးကေန တတြတ္တြတ္လာေျပာေနေပမယ့္ လြန္းကေတာ့ ဖုန္းကိုပဲ အာ႐ုံစိုက္ၿပီး
ၾကည့္ေနလိုက္တယ္။

ဖုန္းၾကည့္တယ္ဆိုတာလည္း ေထြေထြထူးထူးၾကည့္ေနတာ မဟုတ္ပဲ ေမာင့္ကို စိတ္မၾကည္သမွ် Wall ထဲမွာ တက္လာသမွ် Post အကုန္လက္မသာေပးၿပီး ခရီးသြား blog အတိုေလးေတြၾကည့္ေနျခင္း ျဖစ္သည္ ။

" ေမာင္မွားပါတယ္လို႔ ေမာင့္အခ်စ္ရဲ႕ "

Iris လြန္း ခႏၶာကိုယ္ေလးကို လႈပ္ရမ္းကာ အလိုမက်ေျပာမိသည္ ။

" ေမာင့္အမွား ေမာင္သိလား "

လြန္း မ်က္ေစာင္းဝင့္ကာ ေမးလိုက္ေတာ့ ေမာင္က ေခါင္းၿငိမ့္ျပလာသည္။

"ေမာင္ဘာမွားလဲ လြန္းကိုေျပာ  "

"လြန္းကို မတိုင္ပင္ပဲ ေမာင္  လုပ္မိတာ မွားတယ္ ၿပီးေတာ့ "

" ၿပီးေတာ့ ဘာျဖစ္လဲ ဆက္ေျပာ "

စကားတစ္ဝက္မွာ ရပ္ေနသည့္ ေမာင့္ေၾကာင့္ လြန္း ဝင္ေထာက္ေပးလိုက္တယ္ ။

" ေမာင္က ကိုယ့္ကိုကိုယ္ သာ အမွန္လို႔ထင္ၿပီး တစ္ကိုယ္ေကာင္းဆန္ဆန္ လုပ္မိတာ ။ ေမာင္မွားတယ္ေနာ္ လြန္း ေနာက္တစ္ခါ လြန္းကို တိုင္ပင္ၿပီးမွ ေမာင္လုပ္မယ္ "

မ်က္ႏွာေလး ငယ္ကာ ေျပာလာသည့္ ေမာင့္ေၾကာင့္ လြန္းလရိပ္ေဝး ေျပာမိတာမ်ား လြန္သြားလား ျပန္ေတြးရသည္ ။

" ေမာင့္ကို ခ်စ္လို႔ လြန္းက ေျပာတာ သိလားလြန္းေၾကာင့္နဲ႕ ေမာင့္ကို သူမ်ားေတြ အထင္ေသးမွာ မႀကိဳက္ဘူး  အာ့ "

ႏွာေခါင္းေလးကို အကိုက္ဆြဲခံလိုက္ရေသာေၾကာင့္ လြန္း မ်က္ႏွာေလး ရႈံ႕မဲ့သြားရသည္။

Iris ကိုက္လို႔ဝမွ လြန္း ႏွာေခါင္းလုံးလုံးေလးကို လႊတ္ေပးလိုက္တယ္ ။

" စကားနားေထာင္မယ္ ေနာ္ လြန္း စကားမွန္သမွ် ေမာင္နားေထာင္မယ္ ေမာင့္ႏွလုံးသားေလး စိတ္ခ်မ္းသာေစရမယ္ "

" ဒါဆို အဝတ္စား သြားလဲ ညေစ်းသြားရေအာင္ ေမာင္နဲ႕ ေလွ်ာက္လည္ဖူးခ်င္တယ္ "

" အိုေက ဗ်ာ ခဏေစာင့္ အာ့ဆို ရွမ္းေခါက္ဆြဲ ကို ျပန္ေရာက္မွစားေတာ့ေနာ္ "

" အင္း "

ေမာင္ အခန္းထဲဝင္သြားမွ လြန္း ခရီးသြား blog အတိုေလးေတြ ထပ္ၾကည့္ေနလိုက္သည္ ။

အိမ္မွာေနရင္း ဝတ္လို႔ရေအာင္ ေမာင္ဝယ္ေပးထားသည့္ ဒူးဖုံး ခ်ည္သား ေဘာင္းဘီအညိုေရာင္ေလးနဲ႕ ေမာင့္အကၤ်ီ ေတြထဲက  တင္ပါးထိဖုံးသည့္  အကၤ်ီအျဖဴေရာင္ အရွည္ႀကီး တစ္ထည္ကို လြန္းက ဝတ္ထားေသာေၾကာင့္ လဲစရာမလိုေပ ။

လြန္းရဲ႕ မေကာင္းတဲ့အက်င့္က အိမ္မွာပဲေနေန အျပင္ပဲထြက္ထြက္ ရွပ္အကၤ်ီပြပြႀကီးေတြကို သာဝတ္ေလရွိၿပီး ဝတ္တဲ့အကၤ်ီ အပြႀကီးေတြကလည္း တင္ပါးထိဖုံးသည့္ ရွပ္အကၤ်ီ ေတြခ်ည္းပဲ ျဖစ္သည္ ။

လြန္း တင္ပါးလုံးလုံးေလးေတြေၾကာင့္ ငယ္ငယ္က အစခံခဲ့ရဖူးတယ္ ။ အာ့ေၾကာင့္ အကၤ်ီ အတိုမ်ား ဝတ္လိုက္ရင္ လြန္းကိုပဲ လိုက္ၾကည့္ေနၾကမလားဟု ေတြးမိၿပီး အကၤ်ီ ခါးအရမ္းမတိုတာေတြေတာင္ လြန္း အကုန္လႊင့္ျပစ္ခဲ့တာ ။

ေနာက္ပိုင္းမွသာ ေဆး႐ုံသြားျဖစ္တဲ့ေန႕ေတြ ဂ်ဴတီကုတ္ ေၾကာင့္ ရိုးရိုး T-shirt ေတြ ျပန္ဝတ္ျဖစ္တာ ။

ေမာင္က လည္း လြန္းအေၾကာင္း ကိုသိသူပီပီ
Limited ေတြထဲကပဲ ဝယ္ေပးျဖစ္တာမ်ားတယ္ ။

" သြားမယ္ေလ လြန္း ေမာင္ၿပီးၿပီ "

အေပၚက အျဖဴေရာင္ အကၤ်ီ ဂ်ိဳင္းျပတ္နဲ႕ ေအာက္က လြန္းလို ခ်ည္သားေဘာင္းဘီ အတိုေလးသာ ေမာင္ကဝတ္ထားသည္ ။

" လျမတ္ဝါဆို မင္း ငါ့ေဘာင္းဘီေတြ ယူဝတ္ျပန္ၿပီ "

လြန္းထက္ပင္ ေမာင္က အသားအေရ ပိုၿပီး ၾကည္လင္ကာေတာက္ပေနေသးသည္။

" လြန္းဟာလည္း ေမာင့္ဟာ ေမာင့္ဟာလည္း လြန္းဟာေပါ့ လြန္းရဲ႕ ေမာင္ထပ္မွာေပးမယ္ေနာ္ ခ်ည္သားအစစ္နဲ႕ထုတ္ထားတာပဲ ႀကိဳက္တာမလား "

Iris က အဝတ္အစားဆို LV နဲ႕ Channel Brand ေတြသာ အဝတ္မ်ားေပမယ့္ အခုေနာက္ပိုင္း လြန္း အတြက္ သီးသန့္မွာရင္းနဲ႕မွသူပါ လြန္း ဝတ္သလို လိုက္ဝတ္ျဖစ္ေနျခင္းပင္ ။

" Tote-Bag ကို မလြယ္ခဲ့နဲ႕ေတာ့ လြန္း ေမာင္ Wallet ပဲ ယူလာလိုက္မယ္ "

" ၿပီးတာပဲ "

လြန္းလရိပ္ေဝး ဟြန့္ခနဲ လုပ္ၿပီးသာ ေရွ႕ကထြက္သြားလိုက္သည္ ။

" အဲ့ဒါ ဘယ္သြားမွာလဲ "

ၿခံျပင္ကို ေက်ာ္ထြက္သြားေသာ လြန္းေၾကာင့္ Iris လွမ္းေအာ္လိုက္ျခင္းျဖစ္သည္ ။

" ဘယ္သြားရမွာလဲ ဟိုနားဒီနားပဲဟာကို ကားမယူခဲ့နဲ႕ေတာ့ ေမာင္ လူရႈပ္တယ္ "

" ေမာင္လည္း မယူခဲ့ပါဘူး လြန္းရယ္ bike နဲ႕သြားမွာ ဒီမွာၾကည့္လြန္း "

ႏွစ္ေယာက္စီးဆိုင္ကယ္ အေသးစားေလး ကို ေမာင္က ထုတ္လာကာ လြန္းကို helmet ေဆာင္းေပးလာသည္။

" လြန္းေတာင္ မသိလိုက္ဖူး ေမာင္ဘယ္တုန္းကဝယ္လိုက္တာလဲ "

ေသးေသးေကြးေကြး အရာဝတၳဳပစၥည္းေတြကို လြန္းႀကိဳက္မွန္းေမာင္သိေသာေၾကာင့္ ဆိုင္ကယ္ေတာင္ E bike အေသးစားေလးဝယ္ျခင္းပင္ ။

" ဒီမနက္ပဲ လြန္း အစတုန္းက ကားဝယ္ေပးမလို႔ ေမာင္ေတြးမိတာ ကားနဲ႕ၾကေတာ့ လြန္းကို စိတ္မခ်ဘဴးေလ အဲ့ဒါေၾကာင့္ ဒါေလးပဲ ဝယ္ေပးျဖစ္သြားတာ "

" ေမာင္ အေတာ္ဆုံးပဲ သြားမယ္ သြားမယ္ "

ကားမဝယ္ေပးတာပဲ ေတာ္ေသးတယ္ မဟုတ္ရင္ လြန္းလရိပ္ေဝးသာ ကားေမာင္းလို႔ကေတာ့ ကားပဲ လြန္း ဆိုင္ကယ္ေအာက္ေရာက္မလား လြန္းဆိုင္ကယ္ပဲ ကားေအာက္ေရာက္မလား အရမ္းေတြရင္ခုန္ေနရမွာ ။

ေမာင့္ခါးကို ဖက္ၿပီး ေနာက္ကထိုင္လိုက္ရတဲ့ ခံစားခ်က္က  က တစ္ကယ္ကို ေျပာမျပတတ္ေအာင္ ၾကည္ႏူးဖို႔ေကာင္းတယ္ ။

Iris လည္း လက္တစ္ဖက္ကို လႊတ္ကာ လြန္း လက္ေလးကို ျပန္ကိုင္ထားလိုက္သည္။

ေလျပည္ေလညွင္းေလးမ်ားကလည္း တျဖဴးျဖဴးတိုက္ခတ္ေနၿပီး သစ္႐ြက္ေႂကြေတြကလည္း ေျမနီ လမ္းမႀကီးထက္မွာ ျပန့္က်ဲေနသည္။

ေျမနီလမ္းမႀကီးထက္မွာ E bike ေလး တစ္စီးရယ္ ေကာင္ေလးႏွစ္ေယာက္ ရယ္ သစ္႐ြက္နီေဆြးေဆြးေတြရယ္ သိပ္လွတဲ့ ျမင္ကြင္းတစ္ခုပါပဲ ။

______________________________________________________

GarlicBoom

Continue Reading

You'll Also Like

438K 10.5K 86
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
342K 11.8K 45
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
5M 406K 153
(Unicode & Zawgyi) ကြယ်ကြွေချိန်ဆိုတာ တကယ်တော့ ခဏလေးပါ။ ဒါပေမယ့် အဲဒီအချိန်မှာ အရမ်းကိုပူပြင်းလောင်ကျွမ်းခဲ့တာလေ။ နေရှင်းခ.. ငါတို့နှစ်ယောက်ရဲ့ ဆုံစ...
418K 16K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...