President's Shy Kiss
By kookielapyae_wun
13.7K 1.7K 246
Taekook More
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)🔞
အပိုင်း(၉)
အပိုင်း(၅)
1.1K 187 30
By kookielapyae_wun
Unicode
ဟယ်လို..ဘေဘီအဆင်ပြေလား.."
"......."
"ဆေးသောက်တာလည်းမသက်သာဘူးလား.."
"......."
"ဟုတ်ပြီ ..ဒါဆိုကိုကိုနဲ့အတူညကျဆေးခန်းသွားပြရအောင်..ကိုကိုလာခေါ်မယ်"
"..."
"ဒါဘဲနော်​ဘေဘီလေး"
"......."
နမ်ဂျွန်ဖုန်းချလိုက်ပြီးအရှေ့ကကော်ဖီခွက်ကိုတစ်ငုံသောက်လိုက်မိသည်။
"ဂျီမင်နေမကောင်းဘူးလား"
"အင်း..ငါမနေ့ကတော်တော်ကြမ်းမိသွားလို့"
"ဘာရယ်!!!!!!"
ဂျူံးဂုမှာအံသြလွန်းလို့ သောက်လိုက်စကော်ဖီတောင်နင်သွားရသည်။
"ဖြေးဖြေးအော်ပါကွမင်းကလည်း"
"မင်း.မင်း မယူရသေးဘဲနဲ့ "
"ဒီခေတ်ကြီးမှာ အထူးအဆန်းလုပ်လို့..အဲ့လိုမှမလုပ်ထားရင် လက်သာတဲ့ နောက်တစ်ယောက်အနောက်ကိုကောက်ကောက်ပါအောင်ပါသွားလိမ့်မယ်ဟေ့ကောင်ရေ..အဲ့ဒါကြောင်ငါကကြိုတင် appointment ယူထားလိုက်တာရှင်းပြီလား"
နမ်ဂျွန် စကားကြောင့်ဂျူံးဂုမှာတွေတွေလေးငိူင်သွားရသည်။
"မဟုတ်မှလွဲရော မင်းထယ်ယောင်းကိုဘာမှမလုပ်ရသေးဘူးလား"
ဂျူံးဂုမှာသက်ပြင်းချပြီး ခေါင်းငြိမ့်ပြလိုက်သည်။
"တကယ်ကြီး!!!"
"အင်း..ကလေးစိတ်ဆိုးမှာဆိုးလို့ လက်ကိုင်တာနဲ့ဖက်တာကလွဲရင် ကျန်တာဘာမှမလုပ်ဖူးဘူး"
"ဂျွန်းဂျူံးဂုရာမင်းက တုံးလိုက်တာကွာ..မင်းနောက်ကျကျန်ခဲ့တော့မှာဘဲ..ရှေးခေတ်ကခပ်တုံးတုံးအတွေးတွေကိုဒီခေတ်မှာမယူလာစမ်းပါနဲ့..မင်းထယ်ယောင်းကို တကယ်ချစ်တယ်ယူမယ်လို့ဆုံးဖြတ်ထားပြီရင် အရင်ဆုံးအုပ်ထားလိုက်တော့..မဟုတ်ရင်ကျန်ရစ်ဖြစ်သွားလိမ့်မယ်..အပျော်ဘဲတွဲတာ လို့မင်းတွေးထားရင်တော့ တစ်မျိူးပေါ့ကွာ.."
"ငါ သူ့ကိုတကယ်ရည်ရွယ်ထားတာ"
"အေးအဲ့လိုတကယ်ယူဖို့ရည်ရွယ်ထားရင်မင်းလက်မနှေးနဲ့တော့..ဂျီမင်ပြောတယ်.ကျောင်းမှာ ထယ်ယောင်းကိုလိုက်နေတဲ့ဘဲတွေရှိတယ်တဲ့နော်"
"ဟင်...."
အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးထယ်ယောင်းသူ့ကိုဘာမှမပြောဖူးဘူး။အခုမှဂျူံးဂုအတွက်စိုးရိမ်စိတ်တွေ အလုံးလိုက်အရင်းလိုက်ဝင်လာရသည်။နမ်ဂျွန်ပြောသလို ထယ်ယောင်းသာအဲ့တစ်ယောက်အနောက်ပါသွားခဲ့ရင်...
"ဟိုဘဲကလည်းခပ်မိုက်မိုက်ထဲကဘဲတဲ့နော်..ကြည့်လုပ်ဦး..တော်ကြာပါသွားမှ ထိုင်ငိုနေလို့လည်းအပိုဘဲ..လက်သာရာဘက်ကိုပါသွားရင်ဘာမှမတက်နိုင်ဘူး.."
"ငါ ဘယ်လိုလုပ်ရမှန်းမသိဘူး..ထယ်ယောင်းသာစိတ်ဆိုးသွားရင်...."
"ဝုန်းဒိုင်းကြဲပြီးတော့ထမလုပ်နဲ့ပေါ့ကွာ..သူ့ဆီအရင်ခွင့်တောင်းကြည့်ပေါ့..sexကိစ္စဆိုတာနှစ်ဦးနှစ်ဖက်အပေးယူမျှပြီးငြိမ့်ငြိမ့်ညောင်းညောင်းလေးစီးမြောနိုင်မှသာယာမှုရမှာ"
"ဒါပေမဲ့ ဘယ်ကနေစရမလဲငါမသိဘူး.."
ဂျူံးဂုကိုကြည့်ရတာအပိုတွေပြောနေတာမဟုတ်။တကယ်ကိုဘေးကြပ်နံကြပ်ဖြစ်ပြီးစိတ်ရူပ်နေတဲ့ပုံပေါ်တာမို့နမ်ဂျွန်ကတော့ကူညီလက်စနဲ့ဆက်ပြီးကူညီလိုက်တော့မည်ဟုတွေးရင်းဂျူံးကိုဖုန်းထဲကိုsmsကနေတစ်ဆင့် videoတစ်ခုပို့လိုက်တော့သည်။
"ငါအခု ပို့လိုက်တဲ့ videoကို မင်းအိမ်ရောက်မှအေးဆေးကြည့်ပြီးဘာတွေဆက်လုပ်ရမလဲဆိုတာစဥ်းစားထားလိုက်တော့..လက်နှေးလို့တော့မဖြစ်ဘူးနော်ဂျူံးဂုရေ..သူများလက်ထဲမပါစေချင်ရင်ပေါ့"
ရိုးရှင်းစွာဖြတ်သန်းခဲ့တဲ့ဂျူံးဂုဘဝဟာအခုများတော့
နမ်ဂျွန်ပြောလိုက်တဲ့စကားတွေကြောင့်တွေးစရာတွေအများကြီးပေါ်လာကတော့သည်။
***********
📩 ကိုယ်ကျောင်းရှေ့မှာစောင့်နေတယ်
ဝင်လာတဲ့ smsကြောင့် ထယ်ယောင်းမျက်လုံးမှာအပြူးသား။ထူးထူးဆန်းဆန်းတစ်ခါမှလာမကြိုဖူးတဲ့စီနီယာကအခုသူ့ကိုအချိန်ပေးပြီးလာကြိုတယ်တဲ့လား။
စာတောင်ဆက်မသင်နိုင်တော့။ အရှေ့က lecture ပေးနေတဲ့ဆရာမကိုသူခိုးချောင်းချောင်းပြီးထွက်ဖို့ဟန်ပြင်လိုက်စ သူ့အနောက်တန်းကဒုံရှစ်ကသူ့လက်ကိုလှမ်းဆွဲလိုက်လေသည်။
ဒီခွေးမသားကတော့...
"ဘယ်သွားမလို့လဲ.. အတန်းချိန်မပြီးသေးဘူးလေ.."
"ငါ့လက်ကိုလွှက်လိုက်ဟေ့ကောင်.."
"ဘယ်သွားမလို့လဲ မေးနေတာကိုအရင်ဖြေလိုက်"
"ဘဲနဲ့ဟိုတယ်သွားမလို့ဟေ့!!!ရှင်းပြီလား.. လွှတ်"
ထယ်ယောင်းစကားအဆုံးဒုံရှစ်ဆုပ်ကိုင်ထားတဲ့ လက်တွေပြေလျော့သွားသလိုဒေါသကြောင့်နူတ်ခမ်းတွေတဆက်ဆက်တုန်ပြီး လက်ကိုလွှတ်ပေးလိုက်သည်။ဒေါသထွက်နေတာကိုမသိတဲ့ထယ်ယောင်းကတော့လွယ်အိတ်လေးကိုခပ်တင်းတင်းပိုက်ကာ ကုန်းကုန်းကုန်းကုန်းဖြင့်အခန်းထဲကနေထွက်ပြေးသွားရှာပြီ။
ဝုန်းခနဲဆိုသလို ဒုံရှစ်တစ်ယောက်စာသင်နေတဲ့ဆရာမကိုတောင်ဂရုမစိုက်ဘဲ လွယ်အိတ်ကိုဆွဲကာ ထယ်ယောင်းအနောက်ကိုပြေးလိုက်လေတော့သည်။
ထယ်ယောင်းညာနေတာဖြစ်မှာ..ထယ်ယောင်းမှာရည်းစားရှိမှာမဟုတ်ဘူး..ဟုကိုယ့်စိတ်ကိုဖြေနေရင်းမှ ကျောင်းရှေ့ကတွေ့လိုက်ရတဲ့မြင်ကွင်းကြောင့်လွယ်အိတ်ကိုခပ်တင်းတင်းဆုပ်ကိုင်မိလိုက်သည်။
သူသိတာပေါ့..ဒီလူကသူတို့ကျောင်းမှာနာမည်ကြီးခဲ့ဖူးသည်စီနီယာကျောင်းသားဟောင်းတစ်ယောက်ပင်။ စီနီယာကအရမ်းတည်တံ့လွန်းလို့လေးစားရတဲ့အထဲမှာတောင်ပါခဲ့တာကို အခုတော့ ရည်းစားအပြိုင်လုရတော့မယ်တဲ့လား။ဒုံရှစ်လွယ်လွယ်နှင့်အရူံးပေးမည်မဟုတ်ပါ။ ထယ်ယောင်းကိုရဖို့ဆိုဘာနည်းနဲ့ဘဲဖြစ်ဖြစ်လုပ်ရလုပ်ရ။
************
ကားနောက်ကြည့်မှန်ကနေ သူတို့ကားကို လက်သီးဆုပ်ပြီးခပ်စူးစူးစိုက်ကြည့်နေတဲ့ ကောင်းလေးကိုကြည့်ပြီးဂျူံးဂုကားမောင်းနေတဲ့လရ်တွေခပ်တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်မိလိုက်သည်။
"ယောင်းကိုကျောင်းမှာလိုက်နေတဲ့သူတွေရှိလား"
"ထူးထူးဆန်းဆန်း..ဘာဖြစ်လိ​ု့လဲစီနီယာ"
"ဒီအတိုင်းသိချင်လို့ပါ"
"တစ်ကောင်တော့ရှိတယ်..ဒုံရှစ်တဲ့"
နူတ်ခမ်းလေးစူကာ ပြောနေတဲ့ ထယ်ယောင်းကိုတစ်ချက်မှလှည့်ကြည့်ပြီး သက်ပြင်းချလိုက်လေသည်။
"ကိုယ်ဒီနှစ်ကုန် ယောင်းမိဘတွေနဲ့ ကိုယ့်မိဘတွေတွေ့ဖို့စီစဥ်ထားတော့မယ်"
ရုတ်တရက်ကြီးပြောချလိုက်တဲ့ ဂျူံးဂုစကားကြောင့်
ထယ်ယောင်းခေါင်းမှာမေးခွန်းတွေအမှီလိုက်ထုတ်ရတော့သည်.မိဘတွေပေးတွေ့ပြီးသူကဘာလုပ်ဖို့လဲ..
"ဟို..စီနီယာ..တစ်ခုလိုက်မေးချင်လို့.."
"ကိုကို......"
"ဘာကြီး!!!!"
"ကိုကိုလို့ခေါ်..စီနီယာဆိုတာအခေါ်ဝေါ်ကြီးကကြားရတာအရမ်းနားကြားပြင်းကပ်လာပြီ"
ထယ်ယောင်းမှာအံသြလွန်းလိ​ု့ ဘာမှတောင်ဆက်မပြောနိုင်။ဒီလူ ဧကန ဒီနေ့ဆေးများမှားသောက်ခဲ့တာလား???? ကျောင်းကိုလာကြိုတယ်..လိုက်နေတဲ့သူရှိလားဆိုပြီးမေးတယ်..မိဘတွေ တွေ့ပေးမယ်ဆိုပြီးပြောတယ်.အခု..ဘာတဲ့..ကိုကိုလို့ခေါ်တဲ့.။
"စီနီယာ..နေကောင်းတယ်မဟုတ်လားဟင်"
ထယ်ယောင်းရဲ့မဝံမရဲပြောလာတဲ့စကားကြောင့်ဂျူံးဂု အားရပါးရရယ်မိလိုက်သည်။
"ဘာလို့မေးတာလဲ"
"ထူးဆန်းနေလို့"
"ဒီအတိုင်း ဘဲ..ကိုယ်ကြားချင်လို့ပါ"
"......"
"ကိုကို...ချစ်တယ်"
ချစ်တယ်ဆိုတဲ့စကားအဆုံး ထယ်ယောင်းရဲ့အိမ်ရှေ့ကိုလည်းကားအရောက်မို့တုံခနဲရပ်သွားသောကားလေးအတွင်း၌ပိုင်ရှင်နှစ်ဦးကတော့ တစ်ယောက်ကိုတစ်ယောက်အကြည်စိုက်နေမိသည်။
သိပ်မကြာလိုက် ထယ်ယောင်းရဲ့အနားသို့တဖြေးဖြေးတိုးကပ်လာသည့်ဂျူံးဂုကြောင့်ထယ်ယောင်းရင်ခုန်နူန်းတွေတဖြေးဖြေးမြန်လာသည်။
ထယ်ယောင်းလည်တိုင်လေးကိုစောင်းကိုင်ကာ နူတ်ခမ်းဖျားကိုထိကပ်လိုက်တဲ့အချိန်မှာတော့ ထယ်ယောင်းမှာရူးမတက် လက်သီးလေးဆုပ်ထားမိလိက်သည်။ အလွယ်တကူဖွင့်ဟလာတဲ့ နူတ်ခမ်းပါးကြောင့် လျှာအချင်းချင်း မထိတထိ စနေကြပြီဆိုတာသိလိုက်တဲ့အချိန်မှာတော့ ထယ်ယောင်းခြေဖျားလက်ဖျားတွေအေးစက်လာတော့သည်။
အမောဖြေရန် အနမ်းတွေခဏတာခွာလိုက်ကြသောလည်းဂျူံးဂုကတော့ ထယ်ယောင်းကိုအနီးကပ်စိုက်ကြည့်ပြီးပါးပြင်လေးတွေကိုပွတ်သပ်ပေးပြီးနောက်နဖူးပေါ်ကိုနောက်ထပ်အနမ်းတစ်ကြိမ်စွန့်ကြဲလိုက်လေသည်။
ကာယကံရှင်ထယ်ယောင်းမှာတော့ ဒီနေ့တစ်ရက်ထဲမှာပင် အစုလိုက်အပြုံလိုက်ပေးလာသောကြင်နာမူတွေကြောင့် အိမ်မက်များမက်နေဆာလားဟုထင်ရသာ်အထိရူးမတက်ဖြစ်လာရသည်။
"သွား..သွားတော့မယ်.. "
"အင်း...ဖြေးဖြေးသွား"
ဖြေးဖြေးသွားဟုပြောလိုက်သောလည်းရှက်ရမ်းရမ်းနေသည်ထယ်ယောင်းမှာတော့ ခြံတံခါးဖွင့်ပြီးတာနဲ့ ခြံထဲကိုတစ်ရှိန်ထိုးဝင်ပြေးတော့သည်။ အခန်းတံခါးကိုဝုန်းခနဲ့ပိတ်ကာ အိပ်ယာပေါ်ပြေးတက်ပြီးလူးလွန့်နေမိသည်။ အောက်ထပမကအမေကတော့
"ဘာတွေဒီလောက်ထိပျာယာခတ်ပြီးစပ်စလူးထနေတာလဲ ထယ်ယောင်းရေ"ဆိုပြီးအောက်ထပ်ကနေလှမ်းအော်နေလေရဲ့..
"အား!!!!!!တကယ်ကြီးငါအနမ်းခံလိုက်ရတာလား..တကယ်ကြီးလေ..အား!!!!!!!!!!"
ခေါင်းအုံးထဲ ခေါင်းကိုနှစ်ကာ တအားအား အော်နေသောထယ်ယောင်းမှာတော့အပျော်လွန်ပြီးတကယ့်ကိုထိန်းမနိုင်သိမ်းမနိုင်တော့ပေ။
"အနမ်းတွေကလည်းနူးညံလိုက်တာ..လျှာချင်းလည်းအဟိ!!!!!!"
နူတ်ခမ်းလေးကိုင်ကာ ထယ်ယောင်းတစ်ယောက်သာယာကြည်နူးနေသလောက် တစ်ဖက်ကဂျူံးဂုမှာ​တော့ ရင်တွေတုန်ကာခြေဖျားလက်ဖျားတွေအေးစက်လာပြီးကားကိုအိမ်ရောက်သည်အထိ မနည်းသတိထားပြီး မောင်းလာခဲ့ရသည်ကိုတော့ ဘယ်သူမှမသိနိုင်တော့ပါချေ။
***********
To be Continue
Zawgyi
Unicode
"......."
"......."
"..."
"ဒါဘဲနော်​ဘေဘီလေး"
"......."
"ဘာရယ်!!!!!!"
နမ်ဂျွန် စကားကြောင့်ဂျူံးဂုမှာတွေတွေလေးငိုင်သွားရသည်။
"တကယ်ကြီး!!!"
"ဂျွန်းဂျူံးဂုရာမင်းက တုံးလိုက်တာကွာ..မင်းနောက်ကျကျန်ခဲ့တော့မှာဘဲ..ရှေးခေတ်ကခပ်တုံးတုံးအတွေးတွေကိုဒီခေတ်မှာမယူလာစမ်းပါနဲ့..မင်းထယ်ယောင်းကို တကယ်ချစ်တယ်ယူမယ်လို့ဆုံးဖြတ်ထားပြီရင် အရင်ဆုံးအုပ်ထားလိုက်တော့..မဟုတ်ရင်ကျန်ရစ်ဖြစ်သွားလိမ့်မယ်..အပျော်ဘဲတွဲတာ လို့မင်းတွေးထားရင်တော့ တစ်မျိုးပေါ့ကွာ.."
"ဟင်...."
***********
ဒီခွေးမသားကတော့...
************
"ကိုကို......"
"ဘာကြီး!!!!"
"ဘာလို့မေးတာလဲ"
"ထူးဆန်းနေလို့"
"......"
"ကိုကို...ချစ်တယ်"
ကာယကံရှင်ထယ်ယောင်းမှာတော့ ဒီနေ့တစ်ရက်ထဲမှာပင် အစုလိုက်အပြုံလိုက်ပေးလာသောကြင်နာမူတွေကြောင့် အိမ်မက်များမက်နေဆာလားဟုထင်ရသ်ာအထိရူးမတက်ဖြစ်လာရသည်။
"သွား..သွားတော့မယ်.. "
"အင်း...ဖြေးဖြေးသွား"
***********
To be Continue
Continue Reading
You'll Also Like
224K 6.6K 82
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...
206K 20.5K 79
လှပကြော့ရှင်းသော ချစ်ခြင်းမေတ္တာသည် အမုန်းတရားမှ စတင်ပေါက်ဖွားလာခြင်းဖြစ်၏။ Own Creation by Moe(JE Rain)
299K 17.1K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
286K 14.6K 83
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...