ဦးခ်ီ ေရခ်ိဳးၿပီး အခန္းထဲဝင္လာခဲ့တဲ့အခ်ိန္မွာ ေသာ္က စာၾကည့္စားပြဲမွာထိုင္ၿပီး စိတ္ပါဝင္စားစြာစာၾကည့္ေနသည္။
ေသာ္စာၾကည့္ပ်က္မွာ စိုးလို ႔ နွစ္ေယာက္အတူသံုးတဲ့ ကုတင္ေျခရင္းက အဝတ္ဘီဒိုဖြင့္တာေတာင္မွ အသံမၾကားေအာင္ တိုးတိုးတိတ္တိတ္ လုပ္ရ၏။ အကုန္ၿပီးစီးၿပီး ကုတင္ေပၚတက္ထိုင္တဲ့အခ်ိန္မွာ လူရိပ္ျမင္လို ႔ထင္တယ္ ေသာ္က လွမ္းၾကည့္လာသည္။ ထို႔ေနာက္ စာအုပ္ပိတ္ကာ ဦးခ်ီ ေဘးနားက ေနရာလြတ္မွာ ဝင္ထိုင္၏။
"ေရခ်ိဳးၿပီးပီလား "
"အင္း ခုပဲ ၿပီးခဲ့တာ နည္းနည္းမိုးခ်ဳပ္သြားတယ္ မနက္အတြက္ ျပင္ဆင္စရာရွိတာျပင္ေနရတာနဲ ့ "
" ပင္ပန္းေနၿပီမို႔လား..ငါနွိပ္ေပးမယ္ေနာ္ ကုိုကို "
"မဟုတ္တာ ေသာ္ စာပဲက်က္ပါ ၊ ငါမပင္ပန္းပါဘူး "
အခန္းမီး အကူအညီနဲ ့ျမင္ေနရတဲ့ ဦးခ်ီမ်က္နွာကို ၾကည့္ရင္းေသာ္ ဝမ္းနည္းလာရသည္။ ကိုကို သူ ႔အေပၚ ေကာင္းေပးလြန္းေလ သူ႔မွာအားနာရေလပဲ။ တေနကုန္မတ္တပ္ရပ္ရလြန္းလို ႔ကိုကို ႔ေျခဖမိုးေလးေတြမို ႔ေဖာင္းခ်င္ေနတာကို မပင္ပန္းဘူးလုပ္ေနေသးသည္။
" ငါ ဒီေန ႔ည..စာမက်က္ေတာ့ဘူး ညေနကလည္းထမင္းအိုးတည္ထားရင္းငါစာက်က္ထားေသးပါတယ္။ ငါနွိပ္ေပးမယ္ေနာ္ တေနကုန္ မင္းမတ္တပ္ရပ္ေနရတာေညာင္းေရာ႕ေပါ့ "
ခုတင္ေနာက္မွီကို ေခါင္းအံုးခုကာ ေက်ာမွီထားတဲ့ ဦးခ်ီက ေသာ္ အလိုက် ဒူး ေထာင္ထားတဲ့ သူ႔ေျခေထာက္ေတြကိုဆန္ ႔ေပးလိုက္သည္။ ထိုအခါမွ ေသာ္က သူ ႔ေဘးမွာႀကံဳ ႕ႀကံဳ ႕ေလးလာထိုင္ကာ သူေျခေထာက္ေတြကို ေသခ်ာေလးနွိပ္ေပးေန၏။
" ေက်ာင္းမွာ အဆင္ေျပရဲ႕လားေသာ္၊
ပိုက္ဆံသံုးစရာရွိရင္ အားမနာပဲသံုးေနာ္ ၊
နွေျမာမေနနဲ ့"
"ငါ့မွာသံုးစရာမရွိပါဘူး ၊ေျခေထာက္ေတြနာေနလားဟင္ နည္းနည္းေယာင္ေနသလိုပဲ ငါ့ပရုတ္ဆီေလးနဲ႔နွိပ္မွ မင္းသက္သာမယ္ထင္တယ္ ခဏေနာ္ ငါဆင္းယူလိုက္အံုးမယ္ "
သူ ႔ေျခေထာက္ေပၚကေနရုတ္ခြာသြားတဲ့ေသာ့္လက္ကေလးကိုဦးခ်ီ ဆြဲကာ တားျမစ္လိုက္၏။ ၿပီးေတာ့ လက္ကေနအားစိုက္ဆြဲကာ အနားကို တိုးေစလ်က္
သူ႔ေဘးနားမွာထိုင္ေစ၏။
" ေနပါေစ မနွိပ္ေပးနဲ ့ေတာ့ ၊ ေယာက်ာ္းပဲ ဒီေလာက္ကေတာ့ မျဖစ္စေလာက္ ပါ၊ၿပီးေတာ့ ခုမွ ပထမဆံုးေန႔ပဲရွိေသးတယ္ ပင္ပန္းတယ္ညည္းညဴ ေနလို႔ဘယ္ျဖစ္မလဲ "
"ေယာက်ာ္းျဖစ္ၿပီးမပင္ပန္းရဘူးလို႔မင္းကိုဘယ္ေရွးစာဆိုက ေျပာထားသလဲ။
ေနာက္ရက္လည္း ညတိုင္း ငါနွိပ္ေပးပါ့မယ္ ..တေနကုန္ ေစ်းေရာင္းေနရတာ
လက္အိတ္စြပ္တယ္ဆိုေပမဲ့ ငရုတ္သီးေတြကိုင္ရေတာ့ ကိုကို လက္ကေလးေတြ ပူေနမလား။ "
ေျခေထာက္ကေန လက္ကို ေျပာင္းစိတ္ဝင္စားသြားတဲ့ေသာ္က ဆူပူေနရက္နဲ ့ဦးခ်ီလက္ေတြကို ဆြဲကိုင္ၾကည့္ရူ ႔ေနျပန္၏။
တကယ္ပူပင္ေသာကမ်ားတဲ့ကေလးေလးပဲ ေသာ္က ။
"ကိုကိုဘာမွမျဖစ္ပါဘူးကြာ ...
အရမ္းလည္းမပင္ပန္းပါဘူး ေသာ္သာ တေနကုန္ စာသင္ရ၊စာက်က္ရနဲ ့ ေခါင္းကိုက္ေနမွာ "
ေဘးနားမွာ ဦးခ်ီ လက္ေတြကို ေစ့ေစ့စပ္စပ္ၾကည့္ေနတဲ့ေသာ့္ကို ဆံပင္ေတြသပ္ေပးရင္းေျပာမိသည္။ သူတို ႔နွစ္ေယာက္
သူငယ္ခ်င္းေတြဆိုေပမဲ့ ေသာ္က အသက္မကြာပဲနဲ ့ေတာင္ ဦးခ်ီ မွာ ေမြးထားတဲ့ သားကေလးလိုပင္ ခံစားေနရသည္။
အန္တီခင္ေလးမရွိေတာ့တဲ့ေနာက္မွာ အေမ့ကို လြမ္းတယ္ဆိုၿပီး တခြန္းေျပာမလာေသာ္ျငားလည္း ေသာ္က သူ ႔ကိုပိုတြယ္ကပ္လာ၏။ ဦးခ်ီ ကိုယ္တိုင္ကလည္း လူႀကီးဆန္သူမို ႔ ယေသာ္လင္းကိုဆိုရင္
သနားတာနဲ ့သံေယာဇဥ္ေပါင္းကာ
အၿမဲ ေႏြးေထြးၾကင္နာေပးတက္သူပင္။
" ကိုကို ခဏေလးပဲ သည္းခံေပးပါေနာ္ ..ငါစာပိုႀကိဳးစားၿပီး ဆရာဝန္ျမန္ျမန္ျဖစ္ေအာင္လုပ္ပါ့မယ္ .. ေက်ာင္းၿပီးသြားရင္ေတာ့ မင္းဘာမွလုပ္စရာမလိုေတာ့ပါဘူး ငါတလွည့္ မင္းကို ျပန္လုပ္ေကြၽးပါ့မယ္ "
"အဟင္း ကိုကို႔ေသာ္က လိမ္မာလိုက္တာ
ဒါေပမဲ့ ဒါေတြ စိတ္ထဲထည့္မေနေစခ်င္ဘူး ေသာ္ ..မင္းစာကိုပဲဂရုစိုက္လုပ္ပါ
ငါက မပင္ပန္းတဲ့အျပင္ေပ်ာ္ေတာင္ေနေသးပါတယ္ "
ေသာ္ ကိုကိုမ်က္နွာကို စူးစိုက္ ၾကည့္ရင္း
ညေနက ကိုကို ႔ပံုရိပ္ကေလးကို ျမင္ေယာင္လာ၏။ ထို႔ေနာက္ ေဝ့သီလာတဲ့ မ်က္ရည္စေတြကို ပုတ္ခတ္လိုက္ၿပီး
" ေပ်ာ္ေနတယ္ဆိုရင္ေတာင္ မင္းကို
ေနာက္ဆို ပင္ပန္းတာေတြ မလုပ္ခိုင္းေတာ့ဘူး ကိုကို .. ဒီေန ႔မင္းေစ်းေရာင္းေနတာေတြ ႕ေတာ့ ငါ့ရင္ထဲမေကာင္းဘူး
ၿပီးေတာ့ ငါက ေက်ာင္းမွာ စာေအးေအးခ်မ္းခ်မ္းသင္ေနရတဲ့အခ်ိန္မွာ မင္းက ဆိုင္မွာ တေနကုန္ေစ်းေရာင္းေနရတယ္ ငါ စိတ္မေကာင္းသလို ဝမ္းလည္းနည္းရတယ္ကိုကို ျဖစ္နိုင္ရင္ေက်ာင္းေတာင္မတက္ခ်င္ေတာ့ဘူး "
" တိတ္စမ္းေသာ္ ! မင္းစကားေတြက ငါေစတနာေတြကို ေစာ္ကားေနသလိုပဲ
မင္းေရွ ႔မွာ မင္းကို ခုလိုလုပ္ေပးေနရလို႔
ပင္ပန္းပါတယ္လို႔ငါ တစ္ခြန္းေျပာဘူးသလား .. ညည္းညဴ ျပဘူးသလား ..
စာမသင္ခ်င္ေတာ့ဘူးဆိုတဲ့စကား ငါ့ေရွ႕မွာ ေနာက္ထပ္ ဘယ္ေတာ့မွ လာမေျပာနဲ ့ယေသာ္လင္းမာန္ "
ဦးခ်ီ ေသာ့္ကို ဘာစကားမွဆက္မေျပာခ်င္ေတာ့တာေၾကာင့္ ေက်ာေပးကာ အိပ္လိုက္သည္။ ဝမ္းနည္းစိတ္ႀကီးဟာ ဦးခ်ီ ရင္ထဲ တစ္စို ႔လ်က္ မ်က္ရည္ေတာင္ က်ခ်င္သည္။ ေသာ္ဟာ သူ ႔ကေလး ၊ သူ ႔ ညီေလး ။ ေသာ္အတြက္ကိုေတြးၿပီးစိတ္ကူးယဥ္ခဲ့ရတဲ့ အနာဂတ္ အစီအစဥ္ေတြမွ အမ်ားႀကီးပဲ။
သူပင္ပန္းတယ္ဆိုရင္ေတာင္
တေန ႔ေန႔တခ်ိန္ခ်ိန္ ဂ်ဴ တီကုတ္ေလးဝတ္ရမဲ့ေသာ့္ပံုစံေလးျမင္ေယာင္ၿပီး ဘယ္ေလာက္ ေက်နပ္ခဲ့ရသလဲ၊ေပ်ာ္ခဲ့ရသလဲ။
ေနာင္ ေသာ္ အိမ္ေထာင္ရက္သားက်သြားခဲ့ရင္ေတာင္ တင့္ေတာင္းတင့္တယ္ ဆရာဝန္ပါဆိုတဲ့ ဂုဏ္ကေလးေၾကာင့္ တစ္ဘဝစာလံုး မပင္မပန္းေနရမွာဆိုတဲ့စိတ္နဲ ့သူဘယ္ေလာက္ ျဖစ္ေစခ်င္ခဲ့ရလဲ
ဒါေတြကို ေသာ္ နားမလည္ဘူး
" ကိုကို ငါေတာင္းပန္ပါတယ္
ေနာက္ကို မင္းမႀကိဳက္တာ မေျပာတာပါဘူး ဟင့္ စာလည္းႀကိဳးစားပါ့မယ္ ငါ့ကိုမေခၚပဲနဲ ့မေနပါနဲ ့ေနာ္ "
ေက်ာမွာ မ်က္နွာအပ္ၿပီး ခါးကို အတင္းတိုးဖက္လာတဲ့ ေသာ္က ငိုရင္း ေတာင္းပန္လာတယ္။ ေသာ္က ေခါင္းမာတဲ့ေကာင္ေလး ၊ အၿမဲ သန္မာခ်င္ေယာင္ေဆာင္ၿပီး စိတ္ထဲ မွာ အားငယ္တက္တာ ေတြကို
ေသာ္အေၾကာင္းကို သူကလြဲၿပီးဘယ္သူကပိုသိနိုင္မွာလဲ။ ေနာက္ဆံုး အႀကီးျဖစ္တဲ့ သူကပဲ အေလ်ာ့ေပးရေတာ့တာမို ႔
ေသာ့္ဖက္ကိုလွည့္ကာ ျပန္ဖက္ေပးလိုက္၏။ သူတို ႔နွစ္ေယာက္သာတစ္ေယာက္နဲ ့တစ္ေယာက္ မွီခိုၿပီးေနရတာေၾကာင့္
ဦးခ် ီ အၾကာႀကီး ေသာ့္ကိုစိတ္မဆင္းရဲေစခ်င္ဘူး...
"မငိုနဲ ့ေတာ့ မနက္က် ေက်ာင္းသြားရင္ေခါင္းကိုက္ေနလိမ့္မယ္.. ၿပီးေတာ့မင္းမွတ္ထားေသာ္ မင္း ဆရာဝန္ျဖစ္ကိုျဖစ္ရမယ္ ..အဲ့ဒါ ငါ့အတြက္ တစ္ခုတည္းေသာေမ်ာ္လင့္ခ်က္ပဲ ...အရင္က ငါျဖစ္ခ်င္တာ
စီးပြားေရးလုပ္ငန္းရွင္...ခုေတာ့မတူေတာ့ဘူးေသာ္ ..မင္း လွလွပပေလးႀကီးျပင္းလာမဲ့ေန႔ေတြက ငါ့ ေပ်ာ္ရႊင္ျခင္း ငါအိမ္မက္ေတြပဲ အဲ့ဒါကို မင္းေခါင္းထဲမွာ ၿမဲၿမဲမွတ္ထား ..ေနာက္တစ္ႀကိမ္မင္းနဲ ့ရန္မျဖစ္ခ်င္ဘူး စိတ္လည္းမဆိုးခ်င္ေတာ့ဘူး "
ကိုကို ႔စကားေတြကို ေသာ္နွလံုးသားထဲမွာ စူးေနေအာင္မွတ္သားထားလိုက္သည္ ကိုကိုက စိတ္ဆိုးခဲသည္ ။ အေတာ္ႀကီး
ေဒါသထြက္မွသာ ေသာ့္ကိုေအာ္တက္တာမို ႔ ဒီခ်ိန္ကိုကိုေျပာတဲ့ စကားေတြကိုေသာ္ ေပါေပါပဲပဲ ဂရုမစိုက္ပဲ မေနရဲပါ။
ထို ႔ေၾကာင့္ ကိုကို ႔ရင္ခြင္ထဲ တိုးဝင္ရင္း အႀကိမ္ႀကိမ္ ေခါင္းညိမ့္လ်က္ ကတိမ်ားစြာေပးေနမိသည္။
" ေနာက္မေျပာေတာ့ဘူး ကိုကို
တကယ္ေနာက္ကို ခုလိုေတြ ငါမေျပာေတာ့ပါဘူး "
ေသာ့္ေခါင္းေပၚ ေမးတင္ထားရင္း
ဦးခ်ီ နံရံကို အေၾကာင္းျပခ်က္မရွိ ၾကည့္ကာ ေသာ့္ရင္ထဲဘာေတြေတြးေနသလဲဆိုတာ စဥ္းစားေနမိသည္။ ေသာ္ ဒီေန ႔ေျပာလိုက္တဲ့ စကားဟာ သူ ႔ကို မ်ားစြာ ေၾကာက္႐ြံ ့ေစခဲ့သည္။
ဟင္း...ကိုကို မင္းကို ဒီထက္ ပိုဂရုစိုက္ေပးဖို ႔ေတာ့လိုေနၿပီထင္တယ္ ေသာ္ေရ...
________
"ကိုကို ေရ ငါေက်ာင္းသြားေတာ့မလို ႔ "
ေသာ္အသံလြင္လြင္ေလးက မနက္ခင္းအစမွာ ခ်စ္စရာေကာင္းေအာင္ ဦးခ်ီနားထဲကိုတိုးဝင္လာ၏။ မနက္အေစာႀကီး ထကာ
အလုပ္မ်ားေနတဲ့ ဦးခ်ီတစ္ေယာက္ ေသာ့္အသံၾကားေတာ့ မီးဖိုခန္းထဲမွ မုန္႔ဘူးေလးကိုင္ၿပီး ေျပးထြက္လာခဲ့၏။
"သြားေတာ့မွာလား ေသာ္ ..ေရာ႕ ဒါေလးယူသြား ေက်ာင္းမွာ သူငယ္ခ်င္းေတြနဲ ့မ်ွစား "
"အဲ့ဒါဘာေတြလဲ ကိုကို "
"ကိတ္မုန္ ႔ေလ .. ေသာ္ ဒီရက္ပိုင္း
စိတ္ဖိစီးေနတာမ်ားလို ႔ကိုကို ေသာ့္အတြက္ သီးစံုကိတ္ကေလး စမ္းဖုတ္ေပးထားတာ အဆင္ေျပရင္ ဆိုင္မွာ ေနာက္ တင္ေရာင္းမယ္ေလ ေသာ္ ျမည္းၾကည့္ေပး "
ဆိုင္တံဆိပ္ပါတဲ့ စကၠဴ အိတ္လွလွေလးကို ၾကည့္ရင္း ေသာ္ ကိုကို ႔ကို ခါးကေန သိမ္းဖက္လိုက္၏။ မနက္ေစာေစာ အိပ္ယာ ထရတာမႀကိဳက္တဲ့ ပံုညာဦးခ်ီဟာ အရမ္း အကိုႀကီးပီသခ်င္တဲ့ ေကာင္ပဲ။
အေစာႀကီးပဲ သူ ႔ကိုဝမ္းနည္းေအာင္လုပ္တဲ့မေကာင္းတဲ့ေကာင္ ...
" ၾကည့္ ကေလးလည္းမဟုတ္ေတာ့ပဲ "
"မင္းအတြက္ ငါက အၿမဲ ကေလးပဲမဟုတ္ဘူးလား ကိုကို .."
ဦးခ်ီ ခပ္ဖြဖြရယ္ရင္း ေသာ့္ေက်ာကိုပုတ္ေပးလိုက္သည္။
" ကဲကိုကို႔ေသာ္ ေက်ာင္းေနာက္က်မယ္ ေန႔လည္ စားၿပီးရင္ ဖုန္းဆက္လိုက္..
ဒါမွ ေကာင္းမေကာင္း သိရမွာ "
" မင္းဖုတ္သမ်ွမုန္ ႔တိုင္းအကုန္စားေကာင္းတာထပ္ပိုပါတယ္ "
" ဟက္! ဟုတ္ပါၿပီကြာ လမ္းကူးေတြကို ေသခ်ာၾကည့္ၿပီးမွ ျဖတ္ေနာ္ေသာ္ ဆိုင္
ကယ္ကိုလည္း ျဖည္းျဖည္းစီး "
"ဟုတ္ကဲ့ "
ၿခံေရွ ႔ထိ ဆိုင္ကယ္တြန္းေပးရင္းေသာ့္ကို မွာစရာရွိတာကိုပါ မေမ့မေလ်ာ့မွာေနရဆဲ။
ေသာ္က လိမ္မာၿပီး သူ႔စကားနားေထာင္တယ္ဆိုေပမဲ့ ဦးခ်ီ က အက်င့္ပါေနတာမို႔ပင္....
ထံုးစံအတိုင္းေသာ္ ဆိုင္ကယ္ေလး ေပ်ာက္ကြယ္သြားတဲ့အထိရပ္ၾကည့္ၿပီးမွ တစ္ေန႔တာ အလုပ္ကို စရ သည္။
ဒီေန ႔ ဟိုေကာင္သံုးေယာက္ ေက်ာင္းမသြားဘူးဆိုေတာ့ သူ႔မွာခိုင္းစရာေတြ တပံုႀကီးရွိတာနဲ ့ အေတာ္ပဲျဖစ္သြား၏။
ေလဝင္ေလထြက္ေကာင္းေအာင္ မွန္
တံခါးမွန္သမ်ွ တြန္းဖြင့္ထားလိုက္၏။
ပထမဆံုး အသီးေတြကို အရင္ေ႐ြးတဲ့အလုပ္ကိုအရင္စ ၏။ ဦးခ်ီ၏ ဆိုင္က
သစ္သီးဆိုင္မို ႔အနာအဆာ ရွိတဲ့ သစ္သီးေတြ ကို ဆိုင္ေပၚတင္မေရာင္းမိေအာင္ သူအထူးဂရုစိုက္ဖို ႔လိုသည္။
" အေစာႀကီးပဲ ဝီရိယ ေကာင္းေနတာပါလားပံုညာ "
အိပ္ယာထလာတဲ့ တိုးသိန္းက ဆိုင္ထဲဝင္လာရင္း ေျပာလာတာမို ႔ ေမာ့ၾကည့္ၿပီး
" မင္းေရာဘာထူးလဲ အားေနရင္ စားပြဲေတြတိုက္ေပးစမ္းပါ ငါ ဒီမွာ အသီးေ႐ြးေနတာ မအားလို ႔"
တိုးသိန္းေခါင္းၿငိမ့္ျပကာ မေန ႔က ေလ်ွာ္ဖြတ္လွမ္းထားတဲ့ ပုဆိုးအေဟာင္းနဲ ့
ခံုေတြစားပြဲေတြကို ေသခ်ာတိုက္၏။
ညက သူေရေသာက္ဆင္းရင္း
ယေသာ္လင္းနဲ ့စကားမ်ားတာကို အမွတ္မထင္ၾကားခဲ့ရသည္။
သူမ်ားကိုယ္ေရးကိုယ္တာ ကို တမင္နားေထာင္တာမဟုတ္ေပမဲ့ အသံလံုတဲ့အခန္းမဟုတ္ေတာ့ ေအာက္ထပ္ဆင္းတာနဲ ့
စကားေျပာတဲ့အသံမွန္သမ်ွၾကားရတာပင္.
ယေသာ္လင္း ေျပာတာလည္းမွန္ပါသည္။
သူငယ္ခ်င္း တစ္ေယာက္အေနျဖင့္ေျပာရရင္ ပံုညာကို ဒီလိုဘဝမ်ိဳး မျမင္ခ်င္ပါ။
တကယ္လည္း႐ြာမွာဆို ပံုညာတို ႔မိသားစုက ခ်မ္းသာတာမို႔ သူဒီအလုပ္ေတြ မလုပ္ပဲေနရင္ေတာင္ နွစ္ေယာက္စလံုး ေက်ာင္းေကာင္းေကာင္းတက္လို ႔ရနိုင္၏။
ဒါကိုပင္ ပံုညာက ယေသာ္လင္းကို သူေမြးထားတဲ့ သားတစ္ေယာက္လို သူပဲဂရုစိုက္မယ္ ၊ သူပဲ ေက်ာင္းထားေပး မယ္ဆိုၿပီး
အတၱႀကီးႀကီး နဲ႔ အပင္ပန္းခံခ်င္ေသးတာ။
ယေသာ္လင္းအေနနဲ ့ေတြးၾကည့္ရင္ သူလည္း စိတ္မေကာင္းျဖစ္ရွာမွာေပါ့ ..
ၾကားကေန ဝင္ေျပာရင္ ပံုညာက
သိပ္ႀကိဳက္တာမဟုတ္ေတာ့ သူတို ႔အကုန္လံုးလည္း နႈတ္ပိတ္ေနရသည္။
"တိုးသိန္း "
"ဟင္"
" ငါဒီေန ႔ Menu အသစ္ ထြင္မလို ႔ "
တိုးသိန္း အလိုမက်ေတာ့ပါ။
မေန႔က အစနဲ ့တင္ သူတို ႔အကုန္ အလုပ္မနိုင္တာသာ ၾကည့္ေတာ့..
ဘာေတြထြင္အံုးမလို႔လဲဒီေကာင္
" ၾကားလား "
"ေအး..မင္းအပင္ပန္းခံနိုင္ရင္လုပ္ "
" ေယာက်ာ္းပဲကြာ ဒီေလာက္ကေတာ့
ဘာအေရးလဲ ..တေနကုန္ ကုန္တင္ကုန္ခ် လုပ္ခဲ့ဖူးတဲ့ ပါးပါးေတာင္ ၃နွစ္ၾကာေအာင္ကုန္ထမ္းခဲ့ဖူးတာပဲ ငါက အေအးခန္းထဲမွာ ေအးေအးခ်မ္းခ်မ္းလုပ္ရတာပဲ
ၿပီးေတာ့ ခုဟာ က မလုပ္လို ႔မရဘူးကြ
အသီးဆိုတာ လတ္ဆတ္တုန္း စားမွခ်ိဳတာ
အၾကာႀကီးေလွာင္မထားခ်င္ေတာ့ဘူး အဲ့ဒါေၾကာင့္ ဒီေန ႔မွည့္ေနတဲ့ အသီးေတြကို
ေနာက္ရက္ကို အလကားမျဖစ္ေအာင္
ေရခဲေခ်ာင္းလုပ္မလို ႔ ..သစ္သီးစစ္စစ္နဲ ့
အရသာေကာင္းေအာင္ လုပ္မယ္ေလ
လူစိတ္ဝင္စားေအာင္ pageမွာလည္းတင္ေရာင္းမယ္ ဟိုတေလာက ေသာ္ စားခ်င္တယ္ဆိုလို ႔mini mart မွာ သြားဝယ္ေကြၽးတာ ၁၃၀၀ေတာင္ေပးရတယ္ကြ ..
ငါကေတာ့ တစ္ထုပ္ ၅၀၀ေလာက္ပဲေရာင္းမယ္ ဘယ္လိုေရာင္းေရာင္း ျမတ္ေနတာ ေတာ္ၿပီေပါ့အဲ့ေလာက္ဆို "
တိုးသိန္း နွာေခါင္းရႈံ ့ကာ
မၾကား ေအာင္ ခံုသုတ္ရင္းေျပာလိုက္၏
"မယားကိုရွာေကြၽးတဲ့ ေနရာမွာေတာ့
ပံုညာဦးခ်ီ က ပထမပဲ..."
ခ်စ္တဲ့အိမ္စည္။
ဦးချီ ရေချိုးပြီး အခန်းထဲဝင်လာခဲ့တဲ့အချိန်မှာ သော်က စာကြည့်စားပွဲမှာထိုင်ပြီး စိတ်ပါဝင်စားစွာစာကြည့်နေသည်။
သော်စာကြည့်ပျက်မှာ စိုးလို့ နှစ်ယောက်အတူသုံးတဲ့ ကုတင်ခြေရင်းက အဝတ်ဘီဒိုဖွင့်တာတောင်မှ အသံမကြားအောင် တိုးတိုးတိတ်တိတ် လုပ်ရ၏။ အကုန်ပြီးစီးပြီး ကုတင်ပေါ်တက်ထိုင်တဲ့အချိန်မှာ လူရိပ်မြင်လို့ ထင်တယ် သော်က လှမ်းကြည့်လာသည်။ ထို့နောက် စာအုပ်ပိတ်ကာ ဦးချီ ဘေးနားက နေရာလွတ်မှာ ဝင်ထိုင်၏။
"ရေချိုးပြီးပီလား "
"အင်း ခုပဲ ပြီးခဲ့တာ နည်းနည်းမိုးချုပ်သွားတယ် မနက်အတွက် ပြင်ဆင်စရာရှိတာပြင်နေရတာနဲ့ "
" ပင်ပန်းနေပြီမို့လား..ငါနှိပ်ပေးမယ်နော် ကိုကို "
"မဟုတ်တာ သော် စာပဲကျက်ပါ ၊ ငါမပင်ပန်းပါဘူး "
အခန်းမီး အကူအညီနဲ့ မြင်နေရတဲ့ ဦးချီမျက်နှာကို ကြည့်ရင်းသော် ဝမ်းနည်းလာရသည်။ ကိုကို သူ့ အပေါ် ကောင်းပေးလွန်းလေ သူ့မှာအားနာရလေပဲ။ တနေကုန်မတ်တပ်ရပ်ရလွန်းလို့ ကိုကို့ ခြေဖမိုးလေးတွေမို့ ဖောင်းချင်နေတာကို မပင်ပန်းဘူးလုပ်နေသေးသည်။
" ငါ ဒီနေ့ ည..စာမကျက်တော့ဘူး ညနေကလည်းထမင်းအိုးတည်ထားရင်းငါစာကျက်ထားသေးပါတယ်။ ငါနှိပ်ပေးမယ်နော် တနေကုန် မင်းမတ်တပ်ရပ်နေရတာညောင်းရော့ပေါ့ "
ခုတင်နောက်မှီကို ခေါင်းအုံးခုကာ ကျောမှီထားတဲ့ ဦးချီက သော် အလိုကျ ဒူး ထောင်ထားတဲ့ သူ့ခြေထောက်တွေကိုဆန့် ပေးလိုက်သည်။ ထိုအခါမှ သော်က သူ့ ဘေးမှာကြုံ့ ကြုံ့ လေးလာထိုင်ကာ သူခြေထောက်တွေကို သေချာလေးနှိပ်ပေးနေ၏။
" ကျောင်းမှာ အဆင်ပြေရဲ့လားသော်၊
ပိုက်ဆံသုံးစရာရှိရင် အားမနာပဲသုံးနော် ၊
နှမြောမနေနဲ့ "
"ငါ့မှာသုံးစရာမရှိပါဘူး ၊ခြေထောက်တွေနာနေလားဟင် နည်းနည်းယောင်နေသလိုပဲ ငါ့ပရုတ်ဆီလေးနဲ့နှိပ်မှ မင်းသက်သာမယ်ထင်တယ် ခဏနော် ငါဆင်းယူလိုက်အုံးမယ် "
သူ့ ခြေထောက်ပေါ်ကနေရုတ်ခွာသွားတဲ့သော့်လက်ကလေးကိုဦးချီ ဆွဲကာ တားမြစ်လိုက်၏။ ပြီးတော့ လက်ကနေအားစိုက်ဆွဲကာ အနားကို တိုးစေလျက်
သူ့ဘေးနားမှာထိုင်စေ၏။
" နေပါစေ မနှိပ်ပေးနဲ့ တော့ ၊ ယောကျာ်းပဲ ဒီလောက်ကတော့ မဖြစ်စလောက် ပါ၊ပြီးတော့ ခုမှ ပထမဆုံးနေ့ပဲရှိသေးတယ် ပင်ပန်းတယ်ညည်းညူ နေလို့ဘယ်ဖြစ်မလဲ "
"ယောကျာ်းဖြစ်ပြီးမပင်ပန်းရဘူးလို့မင်းကိုဘယ်ရှေးစာဆိုက ပြောထားသလဲ။
နောက်ရက်လည်း ညတိုင်း ငါနှိပ်ပေးပါ့မယ် ..တနေကုန် ဈေးရောင်းနေရတာ
လက်အိတ်စွပ်တယ်ဆိုပေမဲ့ ငရုတ်သီးတွေကိုင်ရတော့ ကိုကို လက်ကလေးတွေ ပူနေမလား။ "
ခြေထောက်ကနေ လက်ကို ပြောင်းစိတ်ဝင်စားသွားတဲ့သော်က ဆူပူနေရက်နဲ့ ဦးချီလက်တွေကို ဆွဲကိုင်ကြည့်ရူ့ နေပြန်၏။
တကယ်ပူပင်သောကများတဲ့ကလေးလေးပဲ သော်က ။
"ကိုကိုဘာမှမဖြစ်ပါဘူးကွာ ...
အရမ်းလည်းမပင်ပန်းပါဘူး သော်သာ တနေကုန် စာသင်ရ၊စာကျက်ရနဲ့ ခေါင်းကိုက်နေမှာ "
ဘေးနားမှာ ဦးချီ လက်တွေကို စေ့စေ့စပ်စပ်ကြည့်နေတဲ့သော့်ကို ဆံပင်တွေသပ်ပေးရင်းပြောမိသည်။ သူတို့ နှစ်ယောက်
သူငယ်ချင်းတွေဆိုပေမဲ့ သော်က အသက်မကွာပဲနဲ့ တောင် ဦးချီ မှာ မွေးထားတဲ့ သားကလေးလိုပင် ခံစားနေရသည်။
အန်တီခင်လေးမရှိတော့တဲ့နောက်မှာ အမေ့ကို လွမ်းတယ်ဆိုပြီး တခွန်းပြောမလာသော်ငြားလည်း သော်က သူ့ ကိုပိုတွယ်ကပ်လာ၏။ ဦးချီ ကိုယ်တိုင်ကလည်း လူကြီးဆန်သူမို့ ယသော်လင်းကိုဆိုရင်
သနားတာနဲ့ သံယောဇဉ်ပေါင်းကာ
အမြဲ နွေးထွေးကြင်နာပေးတက်သူပင်။
" ကိုကို ခဏလေးပဲ သည်းခံပေးပါနော် ..ငါစာပိုကြိုးစားပြီး ဆရာဝန်မြန်မြန်ဖြစ်အောင်လုပ်ပါ့မယ် .. ကျောင်းပြီးသွားရင်တော့ မင်းဘာမှလုပ်စရာမလိုတော့ပါဘူး ငါတလှည့် မင်းကို ပြန်လုပ်ကျွေးပါ့မယ် "
"အဟင်း ကိုကို့သော်က လိမ်မာလိုက်တာ
ဒါပေမဲ့ ဒါတွေ စိတ်ထဲထည့်မနေစေချင်ဘူး သော် ..မင်းစာကိုပဲဂရုစိုက်လုပ်ပါ
ငါက မပင်ပန်းတဲ့အပြင်ပျော်တောင်နေသေးပါတယ် "
သော် ကိုကိုမျက်နှာကို စူးစိုက် ကြည့်ရင်း
ညနေက ကိုကို့ ပုံရိပ်ကလေးကို မြင်ယောင်လာ၏။ ထို့နောက် ဝေ့သီလာတဲ့ မျက်ရည်စတွေကို ပုတ်ခတ်လိုက်ပြီး
" ပျော်နေတယ်ဆိုရင်တောင် မင်းကို
နောက်ဆို ပင်ပန်းတာတွေ မလုပ်ခိုင်းတော့ဘူး ကိုကို .. ဒီနေ့ မင်းဈေးရောင်းနေတာတွေ့ တော့ ငါ့ရင်ထဲမကောင်းဘူး
ပြီးတော့ ငါက ကျောင်းမှာ စာအေးအေးချမ်းချမ်းသင်နေရတဲ့အချိန်မှာ မင်းက ဆိုင်မှာ တနေကုန်ဈေးရောင်းနေရတယ် ငါ စိတ်မကောင်းသလို ဝမ်းလည်းနည်းရတယ်ကိုကို ဖြစ်နိုင်ရင်ကျောင်းတောင်မတက်ချင်တော့ဘူး "
" တိတ်စမ်းသော် ! မင်းစကားတွေက ငါစေတနာတွေကို စော်ကားနေသလိုပဲ
မင်းရှေ့ မှာ မင်းကို ခုလိုလုပ်ပေးနေရလို့
ပင်ပန်းပါတယ်လို့ငါ တစ်ခွန်းပြောဘူးသလား .. ညည်းညူ ပြဘူးသလား ..
စာမသင်ချင်တော့ဘူးဆိုတဲ့စကား ငါ့ရှေ့မှာ နောက်ထပ် ဘယ်တော့မှ လာမပြောနဲ့ ယသော်လင်းမာန် "
ဦးချီ သော့်ကို ဘာစကားမှဆက်မပြောချင်တော့တာကြောင့် ကျောပေးကာ အိပ်လိုက်သည်။ ဝမ်းနည်းစိတ်ကြီးဟာ ဦးချီ ရင်ထဲ တစ်စို့ လျက် မျက်ရည်တောင် ကျချင်သည်။ သော်ဟာ သူ့ ကလေး ၊ သူ့ ညီလေး ။ သော်အတွက်ကိုတွေးပြီးစိတ်ကူးယဉ်ခဲ့ရတဲ့ အနာဂတ် အစီအစဉ်တွေမှ အများကြီးပဲ။
သူပင်ပန်းတယ်ဆိုရင်တောင်
တနေ့ နေ့တချိန်ချိန် ဂျူ တီကုတ်လေးဝတ်ရမဲ့သော့်ပုံစံလေးမြင်ယောင်ပြီး ဘယ်လောက် ကျေနပ်ခဲ့ရသလဲ၊ပျော်ခဲ့ရသလဲ။
နောင် သော် အိမ်ထောင်ရက်သားကျသွားခဲ့ရင်တောင် တင့်တောင်းတင့်တယ် ဆရာဝန်ပါဆိုတဲ့ ဂုဏ်ကလေးကြောင့် တစ်ဘဝစာလုံး မပင်မပန်းနေရမှာဆိုတဲ့စိတ်နဲ့ သူဘယ်လောက် ဖြစ်စေချင်ခဲ့ရလဲ
ဒါတွေကို သော် နားမလည်ဘူး
" ကိုကို ငါတောင်းပန်ပါတယ်
နောက်ကို မင်းမကြိုက်တာ မပြောတာပါဘူး ဟင့် စာလည်းကြိုးစားပါ့မယ် ငါ့ကိုမခေါ်ပဲနဲ့ မနေပါနဲ့ နော် "
ကျောမှာ မျက်နှာအပ်ပြီး ခါးကို အတင်းတိုးဖက်လာတဲ့ သော်က ငိုရင်း တောင်းပန်လာတယ်။ သော်က ခေါင်းမာတဲ့ကောင်လေး ၊ အမြဲ သန်မာချင်ယောင်ဆောင်ပြီး စိတ်ထဲ မှာ အားငယ်တက်တာ တွေကို
သော်အကြောင်းကို သူကလွဲပြီးဘယ်သူကပိုသိနိုင်မှာလဲ။ နောက်ဆုံး အကြီးဖြစ်တဲ့ သူကပဲ အလျော့ပေးရတော့တာမို့
သော့်ဖက်ကိုလှည့်ကာ ပြန်ဖက်ပေးလိုက်၏။ သူတို့ နှစ်ယောက်သာတစ်ယောက်နဲ့ တစ်ယောက် မှီခိုပြီးနေရတာကြောင့်
ဦးချီ အကြာကြီး သော့်ကိုစိတ်မဆင်းရဲစေချင်ဘူး...
"မငိုနဲ့ တော့ မနက်ကျ ကျောင်းသွားရင်ခေါင်းကိုက်နေလိမ့်မယ်.. ပြီးတော့မင်းမှတ်ထားသော် မင်း ဆရာဝန်ဖြစ်ကိုဖြစ်ရမယ် ..အဲ့ဒါ ငါ့အတွက် တစ်ခုတည်းသောမျော်လင့်ချက်ပဲ ...အရင်က ငါဖြစ်ချင်တာ
စီးပွားရေးလုပ်ငန်းရှင်...ခုတော့မတူတော့ဘူးသော် ..မင်း လှလှပပလေးကြီးပြင်းလာမဲ့နေ့တွေက ငါ့ ပျော်ရွှင်ခြင်း ငါအိမ်မက်တွေပဲ အဲ့ဒါကို မင်းခေါင်းထဲမှာ မြဲမြဲမှတ်ထား ..နောက်တစ်ကြိမ်မင်းနဲ့ ရန်မဖြစ်ချင်ဘူး စိတ်လည်းမဆိုးချင်တော့ဘူး "
ကိုကို့ စကားတွေကို သော်နှလုံးသားထဲမှာ စူးနေအောင်မှတ်သားထားလိုက်သည် ကိုကိုက စိတ်ဆိုးခဲသည် ။ အတော်ကြီး
ဒေါသထွက်မှသာ သော့်ကိုအော်တက်တာမို့ ဒီချိန်ကိုကိုပြောတဲ့ စကားတွေကိုသော် ပေါပေါပဲပဲ ဂရုမစိုက်ပဲ မနေရဲပါ။
ထို့ ကြောင့် ကိုကို့ ရင်ခွင်ထဲ တိုးဝင်ရင်း အကြိမ်ကြိမ် ခေါင်းညိမ့်လျက် ကတိများစွာပေးနေမိသည်။
" နောက်မပြောတော့ဘူး ကိုကို
တကယ်နောက်ကို ခုလိုတွေ ငါမပြောတော့ပါဘူး "
သော့်ခေါင်းပေါ် မေးတင်ထားရင်း
ဦးချီ နံရံကို အကြောင်းပြချက်မရှိ ကြည့်ကာ သော့်ရင်ထဲဘာတွေတွေးနေသလဲဆိုတာ စဉ်းစားနေမိသည်။ သော် ဒီနေ့ ပြောလိုက်တဲ့ စကားဟာ သူ့ ကို များစွာ ကြောက်ရွံ့ စေခဲ့သည်။
ဟင်း...ကိုကို မင်းကို ဒီထက် ပိုဂရုစိုက်ပေးဖို့ တော့လိုနေပြီထင်တယ် သော်ရေ...
________
"ကိုကို ရေ ငါကျောင်းသွားတော့မလို့ "
သော်အသံလွင်လွင်လေးက မနက်ခင်းအစမှာ ချစ်စရာကောင်းအောင် ဦးချီနားထဲကိုတိုးဝင်လာ၏။ မနက်အစောကြီး ထကာ
အလုပ်များနေတဲ့ ဦးချီတစ်ယောက် သော့်အသံကြားတော့ မီးဖိုခန်းထဲမှ မုန့်ဘူးလေးကိုင်ပြီး ပြေးထွက်လာခဲ့၏။
"သွားတော့မှာလား သော် ..ရော့ ဒါလေးယူသွား ကျောင်းမှာ သူငယ်ချင်းတွေနဲ့ မျှစား "
"အဲ့ဒါဘာတွေလဲ ကိုကို "
"ကိတ်မုန့် လေ .. သော် ဒီရက်ပိုင်း
စိတ်ဖိစီးနေတာများလို့ ကိုကို သော့်အတွက် သီးစုံကိတ်ကလေး စမ်းဖုတ်ပေးထားတာ အဆင်ပြေရင် ဆိုင်မှာ နောက် တင်ရောင်းမယ်လေ သော် မြည်းကြည့်ပေး "
ဆိုင်တံဆိပ်ပါတဲ့ စက္ကူ အိတ်လှလှလေးကို ကြည့်ရင်း သော် ကိုကို့ ကို ခါးကနေ သိမ်းဖက်လိုက်၏။ မနက်စောစော အိပ်ယာ ထရတာမကြိုက်တဲ့ ပုံညာဦးချီဟာ အရမ်း အကိုကြီးပီသချင်တဲ့ ကောင်ပဲ။
အစောကြီးပဲ သူ့ ကိုဝမ်းနည်းအောင်လုပ်တဲ့မကောင်းတဲ့ကောင် ...
" ကြည့် ကလေးလည်းမဟုတ်တော့ပဲ "
"မင်းအတွက် ငါက အမြဲ ကလေးပဲမဟုတ်ဘူးလား ကိုကို .."
ဦးချီ ခပ်ဖွဖွရယ်ရင်း သော့်ကျောကိုပုတ်ပေးလိုက်သည်။
" ကဲကိုကို့သော် ကျောင်းနောက်ကျမယ် နေ့လည် စားပြီးရင် ဖုန်းဆက်လိုက်..
ဒါမှ ကောင်းမကောင်း သိရမှာ "
" မင်းဖုတ်သမျှမုန့် တိုင်းအကုန်စားကောင်းတာထပ်ပိုပါတယ် "
" ဟက်! ဟုတ်ပါပြီကွာ လမ်းကူးတွေကို သေချာကြည့်ပြီးမှ ဖြတ်နော်သော် ဆိုင်
ကယ်ကိုလည်း ဖြည်းဖြည်းစီး "
"ဟုတ်ကဲ့ "
ခြံရှေ့ ထိ ဆိုင်ကယ်တွန်းပေးရင်းသော့်ကို မှာစရာရှိတာကိုပါ မမေ့မလျော့မှာနေရဆဲ။
သော်က လိမ်မာပြီး သူ့စကားနားထောင်တယ်ဆိုပေမဲ့ ဦးချီ က အကျင့်ပါနေတာမို့ပင်....
ထုံးစံအတိုင်းသော် ဆိုင်ကယ်လေး ပျောက်ကွယ်သွားတဲ့အထိရပ်ကြည့်ပြီးမှ တစ်နေ့တာ အလုပ်ကို စရ သည်။
ဒီနေ့ ဟိုကောင်သုံးယောက် ကျောင်းမသွားဘူးဆိုတော့ သူ့မှာခိုင်းစရာတွေ တပုံကြီးရှိတာနဲ့ အတော်ပဲဖြစ်သွား၏။
လေဝင်လေထွက်ကောင်းအောင် မှန်
တံခါးမှန်သမျှ တွန်းဖွင့်ထားလိုက်၏။
ပထမဆုံး အသီးတွေကို အရင်ရွေးတဲ့အလုပ်ကိုအရင်စ ၏။ ဦးချီ၏ ဆိုင်က
သစ်သီးဆိုင်မို့ အနာအဆာ ရှိတဲ့ သစ်သီးတွေ ကို ဆိုင်ပေါ်တင်မရောင်းမိအောင် သူအထူးဂရုစိုက်ဖို့ လိုသည်။
" အစောကြီးပဲ ဝီရိယ ကောင်းနေတာပါလားပုံညာ "
အိပ်ယာထလာတဲ့ တိုးသိန်းက ဆိုင်ထဲဝင်လာရင်း ပြောလာတာမို့ မော့ကြည့်ပြီး
" မင်းရောဘာထူးလဲ အားနေရင် စားပွဲတွေတိုက်ပေးစမ်းပါ ငါ ဒီမှာ အသီးရွေးနေတာ မအားလို့ "
တိုးသိန်းခေါင်းငြိမ့်ပြကာ မနေ့ က လျှော်ဖွတ်လှမ်းထားတဲ့ ပုဆိုးအဟောင်းနဲ့
ခုံတွေစားပွဲတွေကို သေချာတိုက်၏။
ညက သူရေသောက်ဆင်းရင်း
ယသော်လင်းနဲ့ စကားများတာကို အမှတ်မထင်ကြားခဲ့ရသည်။
သူများကိုယ်ရေးကိုယ်တာ ကို တမင်နားထောင်တာမဟုတ်ပေမဲ့ အသံလုံတဲ့အခန်းမဟုတ်တော့ အောက်ထပ်ဆင်းတာနဲ့
စကားပြောတဲ့အသံမှန်သမျှကြားရတာပင်.
ယသော်လင်း ပြောတာလည်းမှန်ပါသည်။
သူငယ်ချင်း တစ်ယောက်အနေဖြင့်ပြောရရင် ပုံညာကို ဒီလိုဘဝမျိုး မမြင်ချင်ပါ။
တကယ်လည်းရွာမှာဆို ပုံညာတို့ မိသားစုက ချမ်းသာတာမို့ သူဒီအလုပ်တွေ မလုပ်ပဲနေရင်တောင် နှစ်ယောက်စလုံး ကျောင်းကောင်းကောင်းတက်လို့ ရနိုင်၏။
ဒါကိုပင် ပုံညာက ယသော်လင်းကို သူမွေးထားတဲ့ သားတစ်ယောက်လို သူပဲဂရုစိုက်မယ် ၊ သူပဲ ကျောင်းထားပေး မယ်ဆိုပြီး
အတ္တကြီးကြီး နဲ့ အပင်ပန်းခံချင်သေးတာ။
ယသော်လင်းအနေနဲ့ တွေးကြည့်ရင် သူလည်း စိတ်မကောင်းဖြစ်ရှာမှာပေါ့ ..
ကြားကနေ ဝင်ပြောရင် ပုံညာက
သိပ်ကြိုက်တာမဟုတ်တော့ သူတို့ အကုန်လုံးလည်း နှုတ်ပိတ်နေရသည်။
"တိုးသိန်း "
"ဟင်"
" ငါဒီနေ့ Menu အသစ် ထွင်မလို့ "
တိုးသိန်း အလိုမကျတော့ပါ။
မနေ့က အစနဲ့ တင် သူတို့ အကုန် အလုပ်မနိုင်တာသာ ကြည့်တော့..
ဘာတွေထွင်အုံးမလို့လဲဒီကောင်
" ကြားလား "
"အေး..မင်းအပင်ပန်းခံနိုင်ရင်လုပ် "
" ယောကျာ်းပဲကွာ ဒီလောက်ကတော့
ဘာအရေးလဲ ..တနေကုန် ကုန်တင်ကုန်ချ လုပ်ခဲ့ဖူးတဲ့ ပါးပါးတောင် ၃နှစ်ကြာအောင်ကုန်ထမ်းခဲ့ဖူးတာပဲ ငါက အအေးခန်းထဲမှာ အေးအေးချမ်းချမ်းလုပ်ရတာပဲ
ပြီးတော့ ခုဟာ က မလုပ်လို့ မရဘူးကွ
အသီးဆိုတာ လတ်ဆတ်တုန်း စားမှချိုတာ
အကြာကြီးလှောင်မထားချင်တော့ဘူး အဲ့ဒါကြောင့် ဒီနေ့ မှည့်နေတဲ့ အသီးတွေကို
နောက်ရက်ကို အလကားမဖြစ်အောင်
ရေခဲချောင်းလုပ်မလို့ ..သစ်သီးစစ်စစ်နဲ့
အရသာကောင်းအောင် လုပ်မယ်လေ
လူစိတ်ဝင်စားအောင် pageမှာလည်းတင်ရောင်းမယ် ဟိုတလောက သော် စားချင်တယ်ဆိုလို့ mini mart မှာ သွားဝယ်ကျွေးတာ ၁၃၀၀တောင်ပေးရတယ်ကွ ..
ငါကတော့ တစ်ထုပ် ၅၀၀လောက်ပဲရောင်းမယ် ဘယ်လိုရောင်းရောင်း မြတ်နေတာ တော်ပြီပေါ့အဲ့လောက်ဆို "
တိုးသိန်း နှာခေါင်းရှုံ့ ကာ
မကြား အောင် ခုံသုတ်ရင်းပြောလိုက်၏
"မယားကိုရှာကျွေးတဲ့ နေရာမှာတော့
ပုံညာဦးချီ က ပထမပဲ..."
ချစ်တဲ့အိမ်စည်။