တီ တီ တီ တီ တီ.......
မှောင်ပိန်းနေတဲ့အခန်းထဲ ခပ်ကျယ်ကျယ် မြည်ဟီးလာတဲ့ alarm သံကို ပိတ်ဖြစ်ဖို့ရာ ကျွန်တော်လက်တွေဟာ ကုတင်ခေါင်းရင်းက စင်နားစမ်းတဝါးဝါးဖြင့် ရှာနေမိသည်။ စမ်းပြုရင်း ရှာတွေ့သွားတဲ့အခါ နာရီက alarm ကိုပိတ်ရင်း တစ်ဖန် ပြန်အိပ်ချင်းစီသို့။ သိပ်မကြာခင် ပြန်လည်ပေါ်ထွက်လာတဲ့ အသံ။ ခပ်လှမ်းလှမ်း ကနေကြားနေရတဲ့ ဖုန်းသံဟာ အတော်အတန်ကျယ်ပြီး ကျွန်တော် မကိုင်မချင်း ခေါ်နေမယ့် သဘောမှာ ရှိသည်။ ဆံပင်တွေကို ဆွဲကုတ်ရင်း စာကြည့်စားပွဲပေါ် တင်ခဲ့မိတဲ့ ဖုန်းအား ပြန်လည်ဖြေဆိုရန် သွားကိုင်ရတော့သည်။
" အေး "
" အိပ်ချင်းမူးတူးနဲ့ အေး မနေနဲ့။ ထွက်လာခဲ့တော့ "
" ပွဲက ညနေမှ။ စမှာကိုး "
" မင်းလာရင် နေ့လည်စာစားဦးမယ်လေ။ "
" ပြီးရောကွာ ငါရေချိုးပြီးထွက်လာခဲ့မယ်။ ကျောင်းထိပ်က စောင့်နေ။ "
ခပ်မြန်မြန်သန့်စင်ပြီးနောက် စပို့ရှပ်အမဲတစ်ထည် နဲ့ ဂျင်းအပွကို ကောက်စွပ်ရင်း အကြည့်တွေက စာကြည့်စားပွဲပေါ် ။ သေပြီ မနေ့က ကင်မရာသန့်ရှင်းရေးလုပ်ရင်း အိပ်ပျော်သွားတာ ပြန်မဆင်ရသေးဘူး။ ခပ်သွက်သွက် ကောက်ဆင်ပြီး memory ကပ်တွေစစ် အပို lens တွေယူ ကင်မရာအိတ်ထဲ စီထည့်ပြီး လက်ကလဲ ခုံမှာချိတ်ထားတဲ့ shirt အင်္ကျီ ကိုလှမ်းယူကာ အလောတကြီး ပြေးထွက်ရတော့တယ်။ ၄၅ အတိမှာလာမယ့် ရထားကိုမမှီရင် နာရီဝက်အချိန်ပုပ်တော့မယ်လေ။
စက်ဘီးကို ခပ်သုတ်သုတ်နင်းရင်းက နာရီကို ကြည့်တော့ ၇မိနဈအလို။ ဘူတာဝင်းက စက်ဘီးစတန်းမှာ စက်ဘီးကို ကမန်းဒရမ်း ရပ်ရင်း ဘူတာစီအပြေးနှင်ရတော့တယ်။ သံလမ်းပလက်ဖောင်း အရောက် အမောဖြေရုံရှိသေး ဆိုက်ရောက်လာတဲ့ ရထား။
" ဟူးးး... တော်သေးတယ် ကွက်တိဘဲ။ " လို့ ရေးရွတ်နေရင်း ရထားရဲ့ မှန်ထဲမြင်လိုက်ရတာက ငွေမှင်ရောင်ဆံနွယ် အုပ်အုပ်လေးတွေ ပိုင်ဆိုင်ထားတဲ့သူ။ ထိုအချိန် ရထားတံခါးပွင့်လာပြီး သူကတော့ ကျွန်တော့်ကိုကျော်ဖြတ်ကာ ဝင်ရောက်သွားတော့သည်။ ကျွန်တော်လဲ သူနောက်ကလိုက်ဝင်ရင်း ကျွန်တော် ထိုင်နေကျ နောက်ဘက်ဒေါင့်နားစီသို့။
ကျွန်တော်တို့ ရပ်ကွက်က ဘူဆန်မြို့ရဲ့ အစွန်းဆုံးဘက်မှာ ရှိပြီး ရထားဂိတ်အစဖြစ်တဲ့ အတွက် အသွားဆိုနေရာ ရတက်ပြီး ကျောင်းကို နာရီဝက် လောက်စီးရသည်။ Bus နဲ့ဆို ၄၅မိနစ်လောက်ကြာတာမို့ အိမ်နဲ့ သိပ်မဝေးတဲ့ ရထားက ကျွန်တော်အတွက် ပိုအဆင်ပြေတော့သည်။ အပြာရောင် ပန်းပွင့်သေးသေးလေးတွေ ပွင့်နေတဲ့ ပန်းခင်းကြီးကို မြင်ရတာက အပိုထပ်ဆောင်းအမြတ်တစ်ခု။
ထိုအချိန် ကျွန်တော်အာရုံထဲဝင်လာသည်က မျက်စောင်းထိုးမှာ ထိုင်နေတဲ့ ငွေမှင်ရောင်ဆံနွယ်ပိုင်ရှင် လူသားလေး။ သူ့ကြည့်ရတာ ခြေထောက် အဆင်မပြေဖြစ်နေပုံဘဲ တစ်ချိန်လုံး သူ့ခြေချင်းဝတ်ကို လှည့်နေပြီး ဒူးခေါင်းကိုနှိပ်လို့နေတော့သည်။ အဲ့အချိန်မှာဘဲ ထွက်ပေါ်လာတဲ့ ကျွန်တော့်ဖုန်းသံ...
" လာနေပြီ ရှေ့ဂိတ်ဆို ရောက်ပြီ။ "
" အဲ့တာဆို ကန်တင်းဘဲတန်းလာတော့ ငါမှာထားလိုက်တော့မယ်။ ဘာစားမလဲ။ "
" ကင်ချီထမင်းကြော် ကြက်ဥနဲ့။ ကြက်ဥ ကိုအနှစ်ကျက်တယ်ဆိုရုံနော်။ "
" မင်း ဆိုသည်မှာ "
" ပြီးတော့ Black coffeeလေး နို့ တစ်ပတ်နဲ့ ... ဟယ်လို.....ခွေးကောင် ဖုန်းကို ချပစ်တယ်။"
ထိုအချိန် ဆင်းရမယ့်ဂိတ်လဲ ရောက်ပြီမို့ ကင်မရာ အိတ်ကြီး လွယ်ရင်း အပေါက်ဝစီ လှမ်းရတော့သည်။ ကျွန်တော်နဲ့မရှေးမနှောင်းဆင်းသွားတဲ့ ထိုကောင်လေးက ဒီတက္ကသိုလ်ကဘဲလား။ မြင်လိုက်ရတဲ့ ခြေထောက်သေးသေးလေးက အခုကျတော့လဲ အဆင်ပြေနေသားဘဲ။
___________________________________
ကန်တင်းကို ဝင်ဝင်ချင်း တောင်ကြည့်မြောက်ကြည့် ရှာနေတုန်း ငှက်ဆိုးထိုးသံအလား အော်သံနက်ကြီးနဲ့ ကြားလိုက်ရတဲ့ ကျွန်တော့်နာမည်....
" Jung Kook! ဒီမှာ။ "
အသံလာရာကိုကြည့်မိတော့ အဖွဲ့သားတွေစုံလင်စွာနဲ့ တစ်ဝိုင်းတစ်ဖွဲ့ဖြစ်နေတဲ့ Media major တစ်သိုက်။
" မင်းကလဲ main cam ကို တာဝန်ယူထားပြီး နောက်ကျချင်နေတယ်။ "
" Main Cam ကို တာဝန်ယူထားလဲ ပွဲချိန်လိုပါသေးတယ်။ မင်းတို့က ဘာကိုလော။ "
" ဟိတ်ကောင် သေချာရိုက်နော်။ ပါမောက္ခ က ဒါကို ကျောင်းကြော်ငြာအတွက်ကော ရာစုပြည့်အခမ်းနားအတွက်ကော သုံးချင်သုံးမှာပြောတယ်။ "
အင်း... အဲတောင်ပြန်မလုပ်မိဘဲ ယူဂယောင်း မှာပေးထားတဲ့ ကင်ချီထမင်းကြော်ကို ခေါင်းမဖော်တမ်းစားနေမိတော့သည်။
ထိုအချိန် မင်ဆော့က စကားစလာကာ....
" ဒါနဲ့ အကမေဂျာကို ပြီးခဲ့တဲ့လက ကျောင်းသားသစ်ပြောင်းလာတယ်ကြားတယ်။ Ballet အထူးပြု Join တာတဲ့။ "
" ဘယ် yaer ကိုလဲ။ "ဟု ဟန်မင်းက ဝင်မေးသည်။
"တတိယနှစ်ကိုလို့ပြောတယ်။ "
" အမ်...တတိယနှစ် နောက်နှစ်ဘဲ Final ဖြစ်နေပြီ။ "
ထိုအခါ မင်ဆော့ က ယူဂယောင်းကို လှမ်းမေးလေသည်။
" ယူဂယောင်း မင်း မသိဘူးလား။ "
" သိတယ်။ မနေ့ကမှ ။"
" ဘယ်ကပြောင်းလာတာတဲ့လဲ။ "
" ဆော့ချို အနုပညာကျောင်းကတဲ့။ အဲမှာက model dance ဦးစားပေးဆိုတော့ ဘူဆန်ကို transfer လုပ်တယ်ပြောတာဘဲ။ ငါ့စော် ပြောနေတာတော့ ဒီနေ့အတွက် အက္ခရာဘဲတဲ့။ dance major တစ်ခုလုံး စောင့်ကြည့်နေကြတာ။"
" ဝိုး ပွဲစရင် စောင့်ကြည့်ရတော့မှာဘဲ။ Ballet မှာ ဟာယွန်း က နာမည်ကြီးမလား။ "
" ဟာယွန်းကကျောင်းရဲ့ white swan ဘဲဟာ ။ " ဒါက ဟန်မင်း ရဲ့ထောက်ခံသံ။
သူတို့ပြောနေတာတွေ ကြားနေပင်မယ့်လဲ ကျွန်တော် စိတ်မဝင်စားအား ကျွန်တော်ရဲ့ စားခြင်းအမှု ပြီးသွားပြီ ဖြစ်တဲ့အတွက် သောက်ခြင်းအမှုပြုရန် ကော်ဖီဆိုင်သို့သွားရန် ပြင်ရလေသည်။
" ငါ ကော်ဖီ သွားဝယ်လိုက်ဦးမယ်။ ပြီးရင် ကွင်းထဲ တန်းသွားမယ်။ မင်းတို့လိုက်ခဲ့ကျတော့။ "
" မင်းက စားပြီးပြီလား။ မြန်တာ။ "
" မင်းတို့က အားကြီးစကားများကျတာကိုး။ ကိုယ်နဲ့လဲမဆိုင်။ ယူဂယောင်း မင်း လိုက်မှာလား။ "
" လိုက်မယ် "
" ဟေမီ ကိုတွေ့ရင် ငါတို့လိုက်ခဲ့မယ်လို့ဘဲ ပြောပေး။ သွားပြီ။ "
___________________________________________
ကွင်းထဲ ရောက်တော့ စတိတ်စင်ရဲ့ ဘယ်ဘက်မှာ ကင်မရာကြီးစတန်းဘိုင်နဲ့ ဟေမီကိုတွေ့တော့ ကျွန်တော်တို့ နှစ်ကောင်သား သူ့နား အသာ ကပ်ရတော့တယ်။
" ရော့ နင့်အတွက် Latte ။ "
" ကျေးဇူးဘဲ။ ကင်မရာဆင်ကြတော့။ လူများလာရင် ဒုက္ခရောက်မယ်။ "
စတိတ်ရဲ့ ဘယ်ဘက်ခြမ်း တစ်ခြမ်းစောင်း အနေထားတဲ့ ကျွန်တော်တို့ သုံးကောင်။ ထိုအချိန် PD တာဝန်ယူထားတဲ့ စီနီယာက အနားရောက်လာပြီး ပွဲစဉ်နဲ့ပတ်သတ်တာတွေ အကြမ်းဖျင်းပြန်ပြောနေတော့သည်။
အဆို အတီး သရုပ်ဆောင် စတဲ့မေဂျာပေါင်းစုံပြီးတဲ့နောက်မှာတော့ အကမေဂျာကလဲ့ ရောက်ရှိလာတော့သည်။ လိုက်တင်မီးတွေ ဆလိုက်မီးတွေ ငြိမ်သက်နေချိန် စတိတ်ရဲ့ ဘယ်ဘက်ခြမ်းကနေ ထွက်ပေါ်လာတဲ့ လူတစ်စု။ စင်အလယ်မှာ နေရာယူကြပြီးနောက် စတင်ကဖို့ရာ အဆင့်သင့်အနေအထားနဲ့။ ထိုထဲမှာမှ ကျွန်တော့်အာရုံထဲဝင်လာတာ ငွေမှင်ရောင် ဆံနွယ်အုပ်အုပ်ကလေးနဲ့ သူ။
စင်အောက်က ပွဲကြည့်သူတွေကြား ဆူညံနေတဲ့ အသံတွေဟာ တီးလုံးသံ ပေါ်ထွက်လာချိန်မှာတော့ အကုန်လုံးရဲ့အာရုံဟာ စင်ပေါ်က လူတစ်စုစီသို့။ မိန်းကလေး လေးယောက် ယောင်္ကျားလေး နှစ်ယောက်ပါဝင်နေတဲ့ ဒီအကအဖွဲ့ပေါ် လူအများရဲ့ စိတ်ဝင်စားမှုတွေကလဲ အတိုင်းထက်အလွန်။
" ယူဂယောင်း မင်းကင်မရာ main roll ယူလိုက်။ "
" ဟမ်... Jeon Jung Kook မင်း ရူးနေလား။ "
" ကျစ်..... ငါ က ယူလိုက်ဆို ယူလိုက်စမ်းပါ မြန်မြန်။ "
ထို့နောက် ဟေမီကို left round ယူဖို့အော်ပြောရင်း ကျွန်တော့် Camera ကိုတော့ ထိုငွေမှင်ရောင် ကောင်လေးစီ Focus ယူလိုက်တော့သည်။ အက နဲ့ပတ်သတ်ပြီး ကျွန်တော်မှတ်ချက်တွေ မပေးတက်ဘူး။ ထိုကောင်လေးကတော့ အရမ်းကို ကျော့ရှင်း လို့နေခဲ့သည်။ လှုပ်ရှားလိုက်တိုင်း ပေါ်ထွက်လာတဲ့ လှပတဲ့ကိုယ်ဟန် ခါးသိမ်သိမ် ပြီးတော့ လည်တိုင်ကျော့ကျော့ အကုန်လုံး တစ်ပြိုင်ထဲ ဆွဲဆောင်နေရုံတင်မက ညှိငင်စွမ်းကြီးတဲ့ မျက်ဝန်းတစ်စုံ။ ကျွန်တော်မနက်က တွေ့ခဲ့ရတဲ့ Hoddie ကြီးထဲ နစ်မြုပ်နေပြီး ခြေဖဝါးနုနုသေးသေးလေးကိုပိုင်ဆိုင်ထားတဲ့ ကောင်လေးနဲ ခြားနားစွာပင်။
ပွဲစဉ်တွေအားလုံးပြီးဆုံးသွားတော့ ကွင်းထဲက နောက်ဆုံးပြန်ရသူမှာ ကျွန်တော်တို့ အဖွဲ့ပင်။ ကင်မရာတွေသိမ်းဆည်းပြီး record တွေကို အပ်ရန် အသင်းခန်းကိုသွားချိန် ယူဂယောင်းက.....
" ကဲ Dance Major Main roll cam လေးကို ဘယ်လိုတာဝန်ယူမှာလဲ Jeon Jung Kook shiii။ "
" center မဟုတ်ပင်မယ့် main cast တော့ ပါတယ်မလာ။ "
" ပါတယ်လေ ဘေးတိုက်။ "
ထိုအချိန် ဟေမီက....
" နင်မလိုက်နဲ့တော့ အသင်းခန်းကို ။ "
" ဘာလို့လဲ "
" နင် main can ထဲက Focus ကို ဖြတ်ပြီး ငါစီ mail နဲ့ပို့လိုက် မနက်ဖြန် ၉ နာရီနောက်ဆုံးထားပြီး။ Dance main cast ရဲ့ cut ကို ယူဂယောင်း Cam နဲ့ မင်ဆော့ Cam ကနေ ငါအဆင်ပြေသလို လုပ်လိုက်မယ်။ "
" ဘာလို့လဲ။ "
ထိုအချိန်မှာဘဲ ယူဂယောင်း က ဇာတ်ပိုးကို လှမ်းရိုက်ပြီး ပြောလာသည်က...
" မင်း ရဲ့ Main cam မှာ အဲ့ကောင်လေးကို Focus ကြီး ရိုက်ထားတာ သိကုန်ရင် အဲ့ကောင်လေးအတွက်မကောင်းဘူး။ "
" ဘာဆိုင်.......။ "
" ကျောင်းသားသစ် အဲ့ကောင်လေးက။ "
" အိုခေ ငါနားလည်ပြီ။ "
___________________________________
ငါးမိနစ်လိုသေးတဲ့ နောက်ဆုံးရထားကို စောင့်ရင်းက ဆာနေတဲ့ ဗိုက်ကို လက်နဲ့ပွတ်နေပြီး လမ်းထိပ်က မုန့်ဆိုင်မှာ ခေါက်ဆွဲဘူး ဝင်ဝယ်ဖို့ကိုလဲ တွေးနေမိသည်။ ထိုအချိန်မှာဘဲ ရထားရောက်လာတော့ နှာခေါင်းထဲ ခေါက်ဆွဲနံ့ တောင်ရလိုက်သလိုပင်။
ဘူတာကို ရထားဆိုက်သည်နှင့် ရထားပေါ်က မြန်မြန်ဆင်းကာ ဘူတာဝင်းက စက်ဘီးစတန်းမှာ စက်ဘီး သွားထုတ်ရင်းက ဝင်လာတဲ့ ဖုန်းcall။
" အွန်း အိုမား။ "
" အိမ်ရောက်ပြီလား။ "
" ပြန်နေပြီ ။ "
" ဒေါ်လေးတို့နဲ့ အရံဟင်းတွေထည့်ပေးလိုက်တယ်။ သွားယူလိုက်ဦး ။ "
" ဟုတ် ကျွန်တော်သွားယူလိုက်မယ်။ အာပါး ကော။ "
" .............."
အိုမား နဲ့စကားပြောနေချိန် ဘူတာဝင်းမျက်နှာစာက သစ်သားခုံတန်းလေးပေါ် ထိုင်နေတဲ့ ကောင်လေးကို အာရုံရောက်မိတော့ ကျောင်းသားသစ် ဘဲ။ ဘာအဆင်မပြေ ဖြစ်နေလို့ပါလိပ်။ အမေက စကားပြောနေပင်မယ့် အာရုံကတော့ ထိုကောင်လေးစီ ကျရောက်နေခဲ့သည်။ နဲနဲကျော်သွားပြီးချိန်မှာတော့......
" အိုမား.... ကျွန်တော် မနက်နိုးမှ ဖုန်းဆက်လိုက်မယ်။ ဒါဘဲနော်။ "
အမေ့စကားကိုတောင် ပြန်နားမထောင်မိတော့ဘဲ စက်ဘီးကို ပြန်လှည့်ကာ ထိုကောင်လေးအနားသို့.....
" အများကြီး နာနေတာလား။ "
ကျွန်တော့် အမေးစကား အဆုံးမှာ မော့ကြည့်လာပြီး...
" အဆင်ပြေပါတယ်။ "
" ကျွန်တော်တော့မထင်ဘူး မင်းခြေချင်းဝတ်တွေ ယောင်နေတာမြင်နေရတာ။ "
" အဲ့တော့ ဒီဘက်က ဘာလုပ်ပေးနိုင်မှာလဲ။ "
" မင်းကို လိုက်ပို့ပေးနိုင်တယ်။ ဘယ် လမ်းမှာနေတာလဲ။ "
" ကမ်းနား ၃လမ်း။ "
" ကျွန်တော် က ၅ လမ်း မှာနေတာ တစ်ဝေးထဲဘဲ။ လိုက်ခဲ့လေ ။ "
" လိုက်တာက ဟုတ်ပါပြီ။ နောက်ခုံမပါတဲ့ ခင်ဗျား ရဲ့ စက်ဘီးကို ကျွန်တော်က ဘယ်နားကလိုက်ရမှာလဲ။ "
သူပြောမှာ သတိထားမိတယ်။ ဟုတ်သား ကျွန်တော့်စက်ဘီးမှာ နောက်ခုံမပါဘူး။
" ရပါတယ် ဒီမှာ တန်းပါတယ်လေ။ "ဆိုကာ လက်တန်းနဲ့ ကျွန်တော့်ခုံကြားက ဗားတန်းကို ပုတ်ပြလိုက်မိတော့တယ်။
" ဘယ်လိုလဲ " လို့ ကျွန်တော် ထက်ဆိုမိတော့ ခုံတန်းကနေအသာအယာ ထလာတော့သည်။ ထိုကောင်လေး ထလာတာမြင်တော့ ကင်မရာအိတ်မှာ ချည်ထားတဲ့ shirt အင်္ကျီကို လေးချိုးခေါက်ချပြီး ဗားတန်းပေါ်တင်ပေးလိုက်မိသည်။
" ရပါတယ် ကျွန်တော် ဒီတိုင်းထိုင်လို့ "
" ဒီလို ထိုင်တာပိုအဆင်ပြေလိမ့်မယ်။ ထိုင်လိုက်ပါ။ "
ဘာမှထက်မဆိုဘဲ ကျွန်တော် ကြားရောက်လာတဲ့သူ။
" အဆင်သင့်ဖြစ်ပြီလား။ "
" nae........"
" ဒါဆို ကျွန်တော် နင်းပြီနော်။ "
အနည်းငယ်တော့ အဆင်မပြေ ဖြစ်နေတယ် ထင်တယ်။ သူ့ခန္ဓာကိုယ်ကို လိုအပ်တာထက် ပိုကျုံးထားသလိုဘဲ။
" သက်သာသလို ထိုင်ပါ။ ကျွန်တော် နင်းရတာအဆင်ပြေပါတယ်။ "
" အားးး...ဟုတ် ။ "
ထို့နောက် ခပ်ပြေပြေ ဖြစ်လာတဲ့ ပခုံးသေးသေးလေး။ အရင် ပင်လယ်ရနံ့ ဘဲ ရတက်တဲ့ အပြန်လမ်းဟာ ဒီနေ့မှာတော့ ခပ်ချိုချို အမွှေးနံ့တစ်ခုပါ ကပ်ပါလာသလို ခံစားရတယ်။ ဤအနံ့လေးက ထိုကောင်လေးစီက ရာနှုန်းပြည့် ဖြစ်လိမ့်မည်ထင်။
" ရပြီ ကျွန်တော့်ကို လမ်းထိပ်မှာဘဲ ချပေးတော့။ "
" အဆင်ပြေလို့လား။ "
" ပြေတယ်။ ဆေးဝယ်ပြီး ဖြည်းဖြည်းလေး လျှောက်သွားလိုက်မယ်။ "
" အင်း.... အဲတာဆိုလဲ...ဒီအထိဘဲပေါ့။ "
" ကျေးဇူးတင်ပါတယ်။ ကူညီပေးလို့။ "
" ရပါတယ်။ ဒါဆို သွားခွင့်ပြုပါဦး။ "
နှုတ်ဆက်စကားဆိုကာ ဖြည်းဖြည်းမှန်မှန် နင်းရင်း ထွက်သွားတဲ့ စက်ဘီးလေးကို မြင်ကွင်းကပျောက်သွားသည့်ထိ ရပ်ကြည့်နေခဲ့တဲ့ကောင်လေးက သူ့ခြေချင်းဝတ် နာနေတာကိုတောင် ဂရုမစိုက်မိတော့ဘူး ထင်ပါတယ်။
__________________________________________
ရေချိုးခန်းထဲကထွက်လာတော့ ဆူနေပြီဖြစ်တဲ့ ရေနွေးကို ကော်ဖီခွက် နဲ့ ခေါက်ဆွဲခွက်ထဲကိုလောင်ထည့်လိုက်ပြီး ရေဆက်သုတ်နေချိန် ကြားရတဲ့ ဘဲလ်တီးသံ...
" လာပြီ ခဏလေးနော်... "
အင်္ကျီ အမြန်ဝတ်ကာ တံခါးသွားဖွင့်တော့ ရောက်နေသူက ဦးလေး။
" နောက်ကျနေလို့ မနက်မှလာယူတော့မလို့။ "
" မင်းအဒေါ်က မင်းညစာ စားလို့ရအောင် လာပေးခိုင်းတာ ။ ထမင်းထည့်ပေးထားတယ် ။ စားလိုက်ဦး။ "
" ကျွန်တော်လဲ အခုဘဲ ညစာစားမလို့။ "
" အေး အေး.... ခေါင်းလဲပြောင်အောင်သုတ်။ "
" ဟုတ် "
" ဝင်တော့ ဝင်တော့...။ "
တံခါးပိတ်ပြီး အထဲရောက်တာနဲ့ သပတ်ကိုခေါင်းပေါ်တင်ကာ အိုမားထည့်ပေးလိုက်တဲ့ ဟင်းဗူးတွေထဲက ကင်ချီ နဲ့ အမဲကြော်ကို ပန်းကန်လေးထဲထည့်ကာ ထမင်းလေးနဲ့ ခေါက်ဆွဲလေးကော ဟန်ကျပြီလေ။ စားသောက်ပြီးသည်နှင့် ကျန်ဟင်းဘူးတွေကို ရေခဲသေတ္တာထဲ စီထည့်ပြီး ဖျော်ထားတဲ့ကော်ဖီခွက်ကို ယူကာ စာကြည့်စားပွဲစီသို့။
ကွန်ပျူတာရှေ့ထိုင်ကာ ကင်မရာထဲက memory card ကို ထုတ် card reader ထဲထည့်ပြီး ဒီနေ့အတွက် အထူးရိုက်ကူးခဲ့တဲ့ cut လေးကို ကူးယူနေမိတော့သည်။ ထို recordလေးကို ကူးယူပြီးနောက် ကျန် records များကို အစီစဉ်တကျလုပ်ပြီး တစ်ခါထဲ ဟေမီစီကို mail ပို့ပြီးချိန်မှာတော့ တစ်နာရီထိုးသွားခဲ့ပြီ။ အပျင်းကျောဆန့်ပြီး အိပ်ရာပေါ်သို့ ထိုးချအိပ်ရတော့သည်။ ကွန်ပျူတာဘေးက ကော်ဖီခွက်လေးကတော့ အေးစက်နေပြီး အရာလဲမယွင်း ခဲ့ပါ။
__________________________________________
ခပ်စူးစူးနေရောင် နဲ့ တစ်ဆာဆာအော်နေတဲ့ ငှက်သံတွေကြောင့် မဖွင့်ချင်သေးတဲ့မျက်ဝန်းတွေ ဟာ ပွင့်လာရတော့သည်။ ချက်ချင်းမထဘဲ လက်နှစ်ဖက်ကို ဆန့်တန်းကာ အကျောဖြေရင်း အိပ်ရာထဲ နေ,နေမိသေးသည်။ ဒီနေ့က ကျောင်းပိတ်တာမို့ လုပ်စရာ ထွေထွေထူးထူးမရှိနေပါ ။ မျက်နှာသစ်ပြီး ဧည့်ခန်းက နာရီကိုကြည့်မိတော့ ၁၁ခွဲနေခဲ့ပြီ။ မနေ့က ကျန်တဲ့ ထမင်းတစ်ဝက်ကိုနွေး အိုမား ထည့်ပေးလိုက်တဲ့ ဟင်းဗူးတွေ ထုတ်ပြီး မနက်စာစားရတော့သည်။
ကျွန်တော့်အခန်း တည်နေရာလေးက ဦးလေးတို့အိမ် အပေါ်ထပ်က ခေါင်မိုးထပ်အခန်းလေးဖြစ်သည်။ ခြံဝန်းနဲ့မဟုတ်ဘဲ မြေကုန်ခြံကုန်ဆောက်ထားပြီး ခေါင်မိုးထပ်ကို ဘေးလှေကားကနေအတက်အဆင်းလုပ်ရသည်မို့ အဆင်ပြေလှသည်။ ကျွန်တော့်ခေါင်မိုးထပ်အခန်းရှေ့က လွတ်လပ်နေသောနေရာမှာတော့ အဒေါ်စိုက်ထားတဲ့ ပန်းပင်တစ်ချို့နဲ့ ကွပ်ပျစ်လေးတစ်ခု ရှိနေသည်။ စားသောက်ပြီး ထိုကွပ်ပျစ်လေးပေါ် လှဲကာ ထမင်းလုံးစီနေရင်းက အာသီသဖြစ်လာတဲ့ ရေခဲမုန့်စားရန် လမ်းထိပ်က မုန့်ဆိုင်သို့ ထွက်ခွာခဲ့မိတော့သည် ။
" အာဂျီမား အာဂျီမား ဘယ်ရောက်နေပါလိပ်။ "
အိမ်ထဲ ဝင်သွားတာလား မသိ။ လူမရှိသောကြောင့် ဆိုင်ရှေ့မှာချထားတဲ့ ထိုင်ခုံပုလေးပေါ် ထိုင်ရင်း ဆိုင်စောင့်ပေးနေမိသည်။ ထိုအချိန် ကျွန်တော်ပေါ်ကျရောက်လာတဲ့ အရိပ်လေး။ ကျွန်တော်မော့ကြည့်တော့....
" စောနက ထဲက လာနေတာ ခုထိ လူမရှိသေးဘူး။ "
" ထမင်း ဝင်စားနေပုံဘဲ။ ဘာယူမလို့လဲ ။ "
" ရေခဲချောင်း။ "
" သွားယူလေ ။ ဆိုင်ရှင် ထွက်လာရင်ပြောပေးမယ်။ "
ကျွန်တော်ပြောလိုက်တော့ ဆိုင်ထဲဝင်ကာ ရေခဲချောင်းတွေထားတဲ့ ရေခဲသေတ္တာကို မွှေနှောက်နေတော့သည်။
" ရော့ "
" ဘာအတွက် "
" မနေ့က စက်ဘီးနဲ့ခေါ်လာပေးလို့... ကျေးဇူးတင်လို့။ "
" အားးး ကောင်းကောင်းစားပါ့မယ်။ "
" ဒီရပ်ကွက်က ဒီလိုဘဲလား။ "
" ဘာကိုလဲ။ "
" ဆိုင်တွေဖွင့်ထားပြီး လူမရှိကျဘူး။ "
" ထမင်းစားချိန်မို့ပါ။ ညနေစောင်းရင်တော့ လမ်းထဲလူတွေကြီးဘဲ။ "
" ညနေစောင်း မထွက်ကြည့်ဖူးသေးဘူး။ "
" ပြောင်းလာတာမကြာသေးဘူးလား။ "
ထိုအချိန် ဆိုင်ရှင် အန်တီကြီးထွက်လာကာ...
" Jung Kook ဆိုင်စောင့်ပေးနေရပြန်ပြီ။ "
" ရပါတယ်။ ကျွန်တော် ရေခဲချောင်းနှစ်ချောင်းယူထားတယ်။ "
" မပေးနဲ့ စားသွား။ ဒါနဲ့ သူငယ်ချင်းလား။ "
" အားးး သူက... "
" ရေခဲချောင်းက ကျွန်တော်ဝယ်တာပါ။ နှစ်ချောင်းစာလုံးယူပေးပါနော်။ "
" ဟုတ်လား။ အင်း အဲ့တာဆို ဝမ် ၁၂၀၀ ကျတယ်။ "
သူ့အင်္ကျီအိတ်ကပ်လေးထဲက ပိုက်ဆံကို ထုတ်ပေးပြီး လှည့်ထွက်ကာ ဆိုင်ထဲကထွက်သွားသောလေသူ။ ထို့နောက် အာဂျီမားက အမေးရှိလာသည်။
" မင်း သူငယ်ချင်း မဟုတ်ဘူးလား။ "
" မဟုတ်သေးဘူး။ " ဆိုရင်း ကျွန်တော်လဲဆိုင်ထဲကထွက်လာခဲ့တော့သည်။
__________________________________________
ဒီနေ့တော့ ခပ်စောစောထွက်လာတာမို့ ပြေးစရာ မလိုကာ ဘူတာဝင်းထဲ စက်ဘီးကို အကျအနရပ်ကာ ဘူတာ စီသို့။ ပလပ်ဖောင်းပေါ်ရောက်တော့ ရှာနေမိတာက ကျောင်းသားသစ်။ မရောက်သေးတာလား။ နာရီကြည့်မိတော့ ၇နာရီ၄၅။ ထိုအချိန် ဘူတာသို့ ရထားဆိုက်ရောက်လာပြီး ကျွန်တော်ရထားပေါ်နေရာယူပြီးထိ ပေါ်မလာသောသူ။ ဒီနေ့ကျောင်းမတက်ဘူးလား။ ဒါမှမဟုတ် မနက်ခင်းအတန်းမရှိတာလား။
ရထားပေါ်က ဆင်းဆင်းချင်း ခြေလှမ်းတွေက စာသင်ခန်းဘက်မဟုတ်ဘဲ Mediaအသင်း စုဝေးခန်းသို့ လှမ်းမိတော့သည်။ သွားနေရင်း ဖုန်းဆက်နေမိတာက ဟေမီစီကို....
" အေး နင် အသင်းစုဝေးခန်းမှာလား။ "
" အေး... "
" စီနီယာတွေကော ရှိလား။ "
" မရှိဘူး။ "
" ဒါဆို ဒါဘဲ ။ "
အခန်းသို့ဝင်လိုက်သည်နှင့် ထူးဆန်းစွာ တိတ်ဆိတ်နေတဲ့ အခန်း။ ပုံမှန် ဒီနေ့လို လကုန်ပြီး ကျောင်းဖွင့်ရက်နေ့ဆို အသင်းခန်းထဲ Project ထပ်ဖို့ရာ ပွတ်လောရိုက် ဆူညံနေတက်သည်။ အခုတော့ ဟေမီတစ်ယောက်ထဲ ကွန်ပျူတာ သုံးလုံးနဲ့အလုပ်ရှုပ်နေလေတော့သည်။
" ရော့ latte... ayrup များများ နဲ့ "
" ဘာတုန်း။ လာဘ်ထိုးတာလား။ "
" အင်း.... အဲ့လိုဖြစ်သွားလား။ "
" ဒီလောက်နဲ့တော့မရဘူး Jung Kook။ "
" နင် တည်းဖြတ်ထားတာတွေ မတောင်းပါဘူး။ Dance cuts တွေအကုန် ငါယူမှာ။ ကင်မရာ အကုန်လုံးထဲက records အကုန်ပေး။ "
latte ကို ayrup အထည့်လွန်သွားလို့လား။ ကျွန်တော့စကားကို လန့်သွားတာလား။ ဘာလား။ မသိပင်မယ့်။ မျက်မှန်းဝိုင်းကြီးအောက်က ဟေမီမျက်လုံးတွေက အဆမတန်ပြူးကြည့်လာခဲ့သည်။ ထို့နောက် ဘာစကားမှဆက်မဆိုဘဲ ကျွန်တော်စီ ကမ်းပေးလာတဲ့ stick။
" ကျေးဇူး။ "
" မနက်ဖြန် ပုံမှန် တစ်ခွက် ဝယ်ခဲ့။ "
" အေး။ တာဝန်ကျေလိုက်ပါဦး။ "
အခန်းထဲက အထွက် ဝင်လာတဲ့ message ကြောင့် အိမ်ပြန်မယ့်ခြေထောက်တွေက ကျောင်းသားရေရာဌာနစီ။
" Jung Kook! "
နာမည်ခေါ်သံကြားပင်မယ့် လှည့်မကြည့်ဖြစ် ဘယ်သူခေါ်နေလဲ သိတာမို့။
" ဟိတ်ကောင် ခေါ်နေတာ နဲနဲပါးပါး ပြန်ထူးပါဦး။ "
" မင်း အနားရောက်လာမှာကို ထူးနေစရာလား။ "
" ဒီကောင်ကတော့... ကျောင်းသားရေးရာလား။ "
" အေး မင်းကောလား။ "
" အေး ရေးရာကခေါ်ရင် လန့်နေပြီ။ ကိုယ့် Project တောင်မပြီးရသေးတဲ့အထဲ ကျောင်းအရေးပါလုပ်နေရတာ လခွမ်းဘဲ။ "
" extra plus ရလဲ နဲ့လား။ "
" မင်းကတော့ပြောအားရှိတာပေါ့ media ရဲ့ top one က ။ "
" မင်းက roll ဘိတ်ကိုး။ "
ယူဂယောင်း ရဲ့ ခွက်ခွက်လန်ရယ်သံကြီးကြောင့် စာရေးအပျိုကြီး ရဲ့မျက်စောင်းကို ဝင်,ဝင်ခြင်း ဒိုင်းခနဲလက်ခံရရှိကြသည်။ နှစ်ကောင်သား ကိုယ်ရှိန် အသာသတ်ပြီး နှုတ်ဆက်ပြုံးပြချိန်မှာဘဲ ဌာနမှူး အခန်းပေါက်မှာ တွေ့လိုက်ရတဲ့ ငွေမှင်ရောင်လူသားလေး။ ကျွန်တော်က အပြုံးတစ်ခုပေးလိုက်သော်လည်း ကျွန်တော်ကို မြင်နေရက်နဲ့ နှုတ်မဆက်သွားဘူး။ ပြုံးနေရင်း ကျွန်တော်မျက်ခုံးတွေတောင် တွန့်ချိုးမိသွားတယ်။ ဘာလို့မသိချင်ယောင်ဆောင်သွားတာလဲ။
" လာလေ ဟိတ်ကောင် "
" အေး "
အခန်းထဲဝင်သည်နှင့် စားပွဲပေါ် ဖိုင်တွဲ နှစ်တွဲနှင့် အသင့်စောင့်နေသူ ဌာနမှုး။
" ထိုင်ကြ ။ "
နှစ်ကောင်သား ဌာနမှူးရှေ့က ထိုင်ခုံမှာဝင်ထိုင်ကြရင်း မြင်နေရတဲ့ ဖိုင်တွဲကိုပါ လန့်နေကြရတော့သည်။
" ကျောင်းပွဲတော်တုန်းက တာဝန်ကျေကြပါတယ် ။ "
" ဟုတ်.... PD အကိုတွေအမတွေလည်း စေ့စပ်လို့ပါ။ "
" အင်း ဒီနေ့ မင်းတို့နှစ်ယောက်ကို အကူညီတစ်ခုထပ်တောင်ချင်လို့။ "
" ဟုတ် ပြောပါခင်ဗျ။ " ကျွန်တော်ဘဲ ဖမ်းမိလိုက်တဲ့ ယူဂယောင်း ရဲ့အံကြိတ်သံ။
" ဘူဆန်မြို့ ads program အတွက် မြို့တော်အုပ်ချုပ်ရေးမှူး ကနေအကူအညီတောင်းလာတာ မြို့ရဲ့ အထင်ကရတွေကို ရိုက်ကူးဖို့ရယ် နောက်ပြီး မြို့တော်ရဲ့ဂုဏ်ဆောင်တွေကို အင်တာဗျုး ဖို့ရယ်။ "
" အား ဟုတ် ။ ဒါမယ့်... ဒါကို ကျွန်တော်တို့ကို တာဝန်ပေးလို့.... "
" မင်းတို့စီနီယာတွေက မင်းတို့ကို လုပ်ခိုင်းလိုက်တာ။ သူတို့တွေ နှစ်ကုန် စုဝေး စာတမ်းရှိလို့တဲ့။ "
" အားးး.... "
" အဲ့တော့ လုပ်မယ်မလား။ "
ငြင်းဖို့ အားမသာပါဘူး။ ဖိုင်တွဲကြီးတွန်းပို့ပြီး တစ်ဆက်ထဲပြောလာခဲ့တဲ့ ဌာနမှူး စကားက....
" ရော့ မင်တို့ဘာသာ အဆင်ပြေတဲ့သူ အဆင်ပြေတာလုပ် ဒီလကုန် records တွေတစ်ခါထဲ တည်းဖြတ်ပြီး ပြန်လာပို့။ "
" ဟုတ် " " ဟုတ် " အားမရှိတော့တဲ့လေသံနဲ့ ကျွန်တော်တို့ နှစ်ယောက် ပြိုင်တူ "ဟုတ်" ခဲ့ကြလေသည်။
ဌာနမှူး ကိုနှုတ်ဆက်ကာ အခန်းထဲက ထွက်ခါနီး သတိပေးလာတဲ့ စကား...
" Jung Kook.... scholar အတွက်ကျောင်းရွေးလို့ မပြီးသေးဘူးလား။ "
" ကျွန်တော် ...စဉ်းစားနေတုန်းဘဲမို့။ "
" ရှားပါးရထားတဲ့ အခွင့်ရေးကို မိုက်ရူးရဲပြီး လက်လွှတ်ဖို့တွေးမနေနဲ့။ "
ခေါင်းကုတ်ကာ ခပ်ကြောင်ကြောင်ကြည့်မိတော့...
" အထက်တန်းပထမနှစ်ထဲက စောင့်ကြည့်လာတာ...မင်း ဘယ်အကွေ့ ဘာဂရိုက်လုပ်မလဲ နပ်နေပြီ။ "
" ဟုတ် ကျွန်တော် ဌာနမှူး စိတ်ကျေနပ်တဲ့အဖြေယူလာပေးမှာပါ။ "
ရေးရာကနေ ထွက်လာကျတော့ ယူဂယောင်း က ဖိုင်တွဲတစ်ခု ကမ်းပေးရင်း စကားဆိုလာတော့သည်။
" ဖိအားတွေကို ဂရုစိုက်မနေနဲ့ မင်းလုပ်ချင်တာကိုလုပ်။ "
" အင်း... "
" ဘယ်ဟာဘဲရွေးရွေး မင်းအောင်မြင်မှာကို ငါမြင်နေပြီးသား ..."
ခပ်မြှောက်မြှောက် ချီးကျူးသံကြောင့် ကျွန်တော် လှည့်ကြည့်လေတော့ လူယုတ်မာအပြုံးနဲ့ ယူဂယောင်း။
" ဘာလဲ ..... "
" အထင်ကရ နေရာတွေ ရိုက်ဖို့ မင်း ယူလိုက်ကွာ။ "
" ငါသိနေတယ်...."
" မင်းက အကုန်လုံးနဲ့ လမ်းသင့်နေတဲ့ နေရာမှာ နေ,နေရတာကွာ။ လုပ်ပါ။ "
အပိုလုပ်စကားတွေကို နားထောင်မနေတော့ဘဲ သူကမ်းပေးတဲ့ ဖိုင်တွဲကို ယူကာ အိပ်ပြန်ဖို့ရာထွက်ခွာခဲ့တော့သည်။
_________________________________________
အရေးကြီးတဲ့ အတန်းချိန်ရှိလို့သာ ကျောင်းသွားရတယ် ဒီတစ်လော ရက်ဆက်တိုက်အိပ်ရေးပျက်နေတော့ လူကနုံးချိနေသည်။ ပျင်းတွဲတွဲ ရပ်နေတဲ့ ကျွန်တော်အနား ခပ်ချိုချိုအမွှေး အနံ့တစ်ခုအရ လူဟာ အော်တို တောင့်ဆက် သွားရတော့သည်။ အဲ့အချိန်မှာဘဲ မထင်မှတ်ထားတဲ့ နှုတ်ဆက်စကား..
" ဒီနေ့တော့ ကျောင်းသွားတာဘဲ။ "
" အား... အင်း.... မနက်ခင်း အတန်းရှိလို့။ "
" သြော်... "
ကြောင်စီစီ အဖြေတစ်ခုနောက် ချက်ချင်းပြန်ရလာတဲ့ အာမေဋိတ်အသံလေးဟာ ခပ်တိုးးတိုးးလေးး ။ ထို့နောက် ဆိုက်ရောက်လာတဲ့ ရထားပေါ် အရင်တက်သွားတဲ့ သူ ။ ပြီးတော့ သူဦးတည်နေတဲ့နေရာက ကျွန်တော်ထိုင်နေကြ အနောက်ဘက် ဒေါင့်နားက ခုံတန်း ။
ရထားပေါ် စရောက်ထဲက စကားတစ်ခွန်းထပ်မဆိုလာတော့တဲ့သူက မျက်နှာချင်းဆိုင်မှာ မြင်နေရတဲ့ အပြာရောင် ပန်းခင်းကြီးကို မြင်သည်နှင့်....
" အဲ့ကို သွားလို့ရလား။ "
" ရတယ်။ "
" လိုက်ပို့ပါလား။ "
" ဟင်.... "
" ads program အတွက် အထင်ကရနေရာတွေ ရိုက်ပေးရမယ်မလား။ အဲ့ကိုလဲသွားမှာမလား။ "
" အင်း..... ဒါမယ့် ကျွန်တော်က view တွေ ရိုက်ရမှာ..... "
" နောက်ဆုံးမှ လိုက်ပို့လဲရပါတယ်။ တစ်လျောက်လုံး ဘေးမှာ ငြိမ်ငြိမ်လေးနေမယ်လေ။ " လို့ ဆိုကာ အပြုံးသေးသေးလေးတစ်ခုနဲ့ ကြည့်လာတဲ့သူ။
ကျွန်တော် ဘာမှပြန်မဆိုမိခင်လေး ရထားက မှတ်တိုင်ကိုဆိုက်ရောက်လို့လာခဲ့သည်။ ကျွန်တော့်နားက ထသွားတဲ့ ထိုကောင်လေး က "အပြန်တွေ့မယ်" ဟု နှုတ်ဆက်စကားဆိုကာ ကျွန်တော့်ထက်အရင် ဆင်းသွားတော့သည်။
__________________________________________
" ငါ အခု ဒီမှာ ဘာလုပ်နေတာလဲ။ "
ဘူတာဝန်း မျက်နှာစာက သစ်သားထိုင်ခုံလေးပေါ်မှာ ထိုင်နေရင်း ခပ်တိုးတိုး ရေရွတ်နေမိသည်။ ဒီတစ်စီးမှ ပါမလာရင် ပြန်ကြတာပေါ့။ သစ်သားခုံ နောက်ဘက် လက်ထောက်ပြီး ခြေဆင်းထိုင်ကာ ကောင်းကင်ယံကို ကြည့်နေမိတော့သည်။ ဒီနေ့ကြယ်တွေစုံနေတာဘဲ။
" ဒီမှာ ဘာလုပ်နေတာလဲ။ "
ရောက်လာပြီ။
" ကြယ်ကြည့်နေတာ။ "
" အားးး အဲ့လိုကိုး။ ကျွန်တော့်ကိုစောင့်နေတယ်ထင်နေတာ။ "ဟု ခပ်တွေးတွေးပြောလာသည်။
" ဟင်။ "
" မဟုတ်ဘူးဆိုတော့..... ကောင်းကောင်းနေရစ်ပါ။ "
ခဏ ဒီတိုင်းကြီးတစ်ကယ် ထွက်သွားလို့ရမလား။
" ဒီမှာ.... အပြန်တွေ့မယ်ဆိုပြီး ထားသွားလို့ဘယ်ဖြစ်မလဲ။ "
ကျွန်တော်အော်ပြောလိုက်တော့ နောက်ပြန်လှည့်ကြည့်ကာ eyes smiles တွေ ပေါ်တဲ့ထိ ရယ်နေခဲ့သူ။
" ဒါဆို လာလေ သွားမယ်။ " ဟု ပြောလာတော့ စက်ဘီးကို တွန်းကာ ထိုကောင်လေးနောက် မလှမ်းမကမ်း အကွာကနေလိုက်နေမိတော့သည်။
မလှမ်းမကမ်းကနေလိုက်နေရင်းက ဘေးချင်းယှဉ်ရပ်အနေအထားသို့ ရောက်သွားသည်က ကျွန်တော်အရှိန်မြှင့်မိလို့လား။ သူကဘဲ ခြေလှမ်းတွေနှေးချလိုက်လို့လား။ သတိမထားလိုက်မိတော့။
" ဒီနေ့မှ နောက်ကျသွားတယ်။ "
" အင်း.. "
" program အတွက် ဘယ်နေစရိုက်မှာလဲ။ "
" ဒီအပတ် ပိတ်ရက်။ "
ကျွန်တော့်စကားဆုံးသည်နှင့် သူ့ခြေလှမ်းတွေကို တိကနဲရပ်ချလိုက်ပြီး ကျွန်တော့်ဘက် ခေါင်းလေးစောင်းကာကြည့်လာပြီး ပြောလာသည်က.... " ခေါ်မယ်မလား။ " တဲ့။
" ဒီတိုင်းတော့မရဘူး။ "
" ..... " ဘာမှမဆိုဘဲ မျက်ခုံးနှစ်ခုကိုတွန့်ချိုးကာကြည့်လာပြန်တယ်။
" လမ်းစုံက အာဂျီးမားဆိုင်မှာ ရေခဲချောင်းဝယ်ကျွေးရမယ်။ "
" oki deal... " ဆိုတဲ့ အသံနဲ့အတူ ထွက်ပေါ်လာတဲ့ လက်ဖျောက်သံ။
အဲ့ဒီနောက်မှာတော့....
" ဒါဆို ငါတို့ မိတ်ဆက်ကြမလား။ " ဆိုရင်း ကျွန်တော့်အရှေ့က ပိတ်ရပ်ကာ လက်ဆန့်တန်းပေး လာသည်။
" ငါတို့.... "
" အင်း.....ငါတို့အသက်တူတူလောက်ဘဲထင်တယ်။ ရင်းရင်းနှီးနှီး ပြောကြတာမကောင်းဘူးလား။ "
" ကောင်းပြီလေ။ " ဆိုကာ ကျွန်တော်လဲ သူ့လက်ပိစိသေးသေးလေးကို ထပ်တူ ဆုပ်ကိုင်မိတော့သည်။ထို့နောက် ပထမဆုံး မိတ်ဆက်လာတဲ့သူ...
" Jimin...Park Jimin ....3rd years Dance Major က ။ "
" ငါက..... "
" Jung Kook....Media Major က Top One ဟုတ် "
" ဘယ်က Top One.. ဒါနဲ့ သိနေတာလား။ "
ကျွန်တော်ပြန်မေးမိချိန်မှာဘဲ သူ့လက်ပိစိသေးသေးလေးကို ဖယ်ခွာသွားသည်။
" ကြားမိတာ။ မျိုးရိုးကဘာလဲ။ "
" Jeon...Jeon Jung Jook "
" အားးးးး.. ဒါဆို Jung Kook ရား။ "
" အင်း " လို့ ပြန်ထူးမိတော့ ပုခုံးသေးသေးလေးကိုတွန့်ပြကာ ပါးလေးကို ခပ်မို့မို့ဖြစ်လာအောင်ပြုံးရင်းပြောသွားသည်က...
" စခင်ကြတဲ့အထိမ်းအမှတ်အနေနဲ့ ငါတို့ စက်ဘီးစီးသွားကြရအောင်လား။ ဒီနေ့ practice အများကြီး လုပ်ခဲ့ရလို့... လမ်းမလျှောက်နိုင်တော့ဘူးထင်တယ်။ "
သူပြောလိုက်သည်နှင့် အသံထွက်အောင်ရယ်မိသည်က ကျွန်တော်။ ကျွန်တော့်နောက်ကနေ ထပ်တူ လိုက်ရယ်တာက သူ။ စက်ဘီကို ခွပြီး အိတ်မှာချီထားတဲ့ shirt ကို ခေါက်ကာ ဗားတန်းပေါ် တင်ပေးပြီး အဆင့်သင့်လုပ်ပေးမိသည်။ အသင့်ဖြစ်သွားတဲ့ ဗားတန်းပေါ် ထိုင်ချပြီးနောက် လက်ညှိုးလေးထောင်ကာ ထွက်ပေါ်လာတဲ့ အသံသေးသေးက....
" ready.....GO! " ဆိုရင်း လက်ညှိုးကို ရှေ့သို့ ဦးတည်ပြလေတော့သည်။
___________________________________________
" မြန်မြန်လာ.... မြန်မြန်လာ......"
ဆိုက်ရောက်နေပြီဖြစ်တဲ့ ရထား၏အပေါက်ဝမှာ ကန့်လန့်ကြီးရပ်နေကာ လှမ်းခေါ်နေသူ အကောင်ပေါက်။ သူ့အနားရောက်လုလု အမောသကောပြေးလာတဲ့ ကျွန်တော်ကို ကိုယ်တစ်ဝက်ထွက်ကာ လှမ်းဆွဲပြီး ရထားထဲပြေးဝင်တော့သည်။
" ဒါက......"
" အန္တရာယ် များမှန်းသိရင် မင်း အချိန်မှီလာလေ..." ဆိုရင်း ကော့ပတ်ကော့ပတ်နှင့် ထွက်သွားသူ။ အခု ကျွန်တော် ပြန်အအော်ခံလိုက်ရတာလား။
ကျောင်းမှတ်တိုင်ရောက် ရထားပေါ်ကဆင်းကြတော့ ကျွန်တော့်ထက် အရင်ဆင်းသွားပြီးကာမှ ပြန်လှည့်လာကာ ဆိုသွားသည်က....
" ငါအတန်းချိန်က ၃နာရီပြီးမှာ မင်းလဲစောစောဆင်းခဲ့နော်။ " တဲ့။
လုပ်စရာရှိလို့ ထမင်းစားချိန်ပြန်ပါမယ်ဆို ဒီအကောင်ပေါက်လေးကို စောင့်ရဦးမည်။ နေရမယ့်တူတူတော့ Language အချိန်လေး ကိုယ်ထင်သွားပြလိုက်ပါဦးမယ်။
__________________________________________
" ဘယ်လိုက်မယ်.... " စားနေတဲ့ ဇွန်းကိုတန်းလန်းကြီးနဲ့မေးလာသူ ယူဂယောင်းဟာ တော်တော်လေး အမေးဇင်း ဖြစ်သွားပုံရတယ်။
" ခုအတန်းက အင်္ဂလိပ်စာချိန် မလား ။ ငါလိုက်မယ်လို့..."
" တစ်လမှာ ၅ရက်လောက် ကိုယ်ထင်ပြဖို့ ဆွဲလွဲခေါ်နေရတဲ့ အကောင်က လိုက်မယ်... "
" ငါ လိုက်တော့မကောင်းဘူးလား။ "
" ကောင်းတာပေါ့.... ကောင်းတာပေါ့.... ရား မင်းအတွက် roll call ခိုးထိုးပေးရတာ လွယ်တယ်များထင်နေလား။ ငါ့နှလုံး......."
" ငါစိတ်မပြောင်းခင် သွားကြရအောင် ။"
ထထွက်သွားပြီဖြစ်တဲ့ Jeon Jung Kook ကို ငေးကြည့်နေရင်း တွေးမိသွားတာက " ဒီကောင် အင်္ဂလိပ်စာ သင်ဖို့ ဘယ်တုန်းက အဲ့လောက်တောင် စိတ်လှုပ်ရှားသွားရတာလဲ။ "
အတန်းပြီးခေါင်းလောင်းထိုးလို့ ဆရာထွက်သွားသည်နှင့် ယူဂယောင်းဘက်လှည့်ကာ...
" ယူဂယောင်း "
" ပြော "
" ဆိုယောင်းစီသွားမှာလား။ "
" သွားမှာပေါ့ သူလဲ ဒီနေ့အတန်းစောပြီးမှာပြောတယ် ။ "
" အေး အေး။ "
" အွန်.....ငါသွားပြီ။ "
" အေး။ "
ကျွန်တော့် အဖြေတောင်မစောင့်ဘဲ ယူဂယောင်းက ထွက်သွားတော့ ကျွန်တော်လဲလွယ်အိတ် အမြန်လွယ်ကာ ထွက်ခဲ့ရတော့သည်။ စာသင်ဆောင်ကနေအထွက် dance အဆောင်ကိုသွားတဲ့ ကော်ရစ်တာ အရောက်မှာတော့...
" မင်း ဘာလိုက်လုပ်တာလဲ။ "
" အိမ်ပြန်မလို့လေ။ "
" ရထားနဲ့ပြန်မှာ မလား။ "
" အေး "
" ရထားဂိတ်အပေါက်က တောင်ဘက်မှာလေ။ "
" အော်... အေး ..... "
ထိုအချိန်မှာဘဲ " Jung Kook " ဆိုတဲ့ ခေါ်သံလေးနဲ့တူ ကျွန်တော်တို့နားရောက်လာတဲ့သူ။
" Ah! ... Jimin "
" Jung Kook ဒီဘက် ဘာအကြောင်းရှိလို့လဲ။ "
" အား Language အဆောင်မှာ အတန်းလာတက်တာ အတန်းပြီးတော့ သူက.. " ဆိုရင်း ယူဂယောင်းကို လှမ်းဖက်ရင်း ပုတ်ပြကာစကားဆက်ဆိုရသည်။
"....သူ့ ကောင်မလေးသွားခေါ်မယ်ဆိုလို့ လိုက်ခဲ့ပေးတာ။ "
" ငါက.... " ထွက်လာတဲ့ ယူဂယောင်း အသံကို ဆက်အထွက်မခံဘဲ ဖြတ်ပြောရတော့သည်။
" Jimin ကော အတန်းပြီးပြီလား။ "
" အင်း ပြီးသွားပြီ။ "
" ဟုတ်လား... ဒါဆို ပြန်ကြမယ်လေ။ " ဆိုကာ ယူဂယောင်း ဘက်သို့လဲလှည့်ပြီး တစ်ဆက်တည်း ဆိုမိသည်က " မင်းဘာသာဘဲ သွားတော့ မလိုက်တော့ဘူး။ ရတယ်မလား။ "
" ......" ဘာမှပြန်မပြောလာနိုင်တဲ့ ယူဂယောင်ကို အမေးဆက်မရှိတော့ဘဲ Jimin ကိုခေါ်ကာ ရထားဂိတ်စီသို့။
" ဒီကောင် အခု ဘာလုပ်သွားတာလဲ ငါ့ကို။ "
ထွက်သွားပြီဖြစ်ကြတဲ့ နှစ်ယောက်အား ကြောင်ကြည့်နေမိတဲ့ ကျွန်တော့်ကို ဆိုယောင်းက...
" ချစ် တောင် မိတ်ဆက်ပေးစရာမလိုတော့ဘူးဘဲ။ "
" ဘာကိုဆိုလိုတာလဲ။ "
" Jimin လေ Jung Kook အကြောင်းမေးနေတာ ကျောင်းရောက်ပြီး တစ်ပတ်လောက်ထဲက။ "
ခပ်ဝေးဝေးသို့ရောက်နေပြီ ဖြစ်တဲ့ ကောင်လေးနှစ်ယောက်ဟာ ဘာတွေ သဘောကျနေကျလဲ မသိရပင်မယ့် နှစ်ယောက်လုံးအပြုံးတွေကတော့ cheery blossom ပင်ကြီးအောက် ထင်ဟပ်လို့နေခဲ့သည်။
__________________________________________
မူလတန်းကျောင်းဆင်းချိန် ဖြစ်နေတာမို့ ရပ်ကွက်ထဲ အနည်းငယ်ဆူညံနေတော့သည်။ ကလေးတစ်ချို့က ပြေးလွှားနေကြပြီး တစ်ချို့ကတော့ စကားတွေအကျယ်ကြီး ဖောင်ဖွဲ့ရင်း သွားလာနေကြလေသည်။ ကမ်းနား ၃ လမ်းထိပ်မှာ တော့ ကောင်လေးတစ်ယောက်က စက်ဘီးမှာ ထိုင်ရပ်ရင်း တစ်ခုခုပြောနေပြီး နောက်တစ်ယောက်ကတော့ ထိုကောင်လေးဘေးနားရပ်ကာ သူပြောနေတဲ့ အရာကို မှတ်သားနေလေသည်။
" 01020171108 ...... နံပတ်လေးက လှသား။ "
ထိုနောက် ကျွန်တော့်ဖုန်း Call ထဲဝင်လာတဲ့ နံပတ် ကလေးတစ်ခု။
" Jimin နံပတ်လေးလဲမှတ်ရလွယ်ပါတယ်။ "
" ဟုတ်လား....ဒါဆို ငါတို့ မနက်ဖြန် တွေ့ကြမယ်။ "
" အင်း... ဒီမှာဘဲစောင့်နေ "
" ဒါဆို..... တာ့တာ " ဆိုရင်း လက်ပြကာ ထွက်ခွာသွားသူ။
ကျွန်တော်ကတော့ ကိစ္စရှိနေသေးတာမို့ အိမ်နဲ့ ဆန့်ကျင်ဘက် ကို စက်ဘီးပြန်လှည့်ပြီး ဈေးဘက်ရှိရာသို့ နင်းရတော့သည်။ ရောက်လာမယ့် မနက်ဖြန်တွေက စိတ်ကူးထဲတောင်တော်တော်လေး လှနှင့်နေခဲ့ပြီ။
___________________________________________
လာမယ့် ဗုဒ္ဓဟူးနေ့မှတင်ပေးမလို့ကို Kookmin Pic လေးရလို့ ပျော်သွားပြီး လာတင်ပေးတာ။ 😁