Burmese Translation of Fu Jun You Zhe Dian {夫君,悠着点} by Author 苏行乐.
အခန်း (၂၉)
TRANSLATOR - SS
--------------------
မီးသည် ကြောက်ဖွယ်ကောင်း၏ - သို့ပေလျက် လောင်မြိုက်ခံရသူ ရှားသည်။ ရေသည် နု၍ ပျော့ပျောင်း၏ - သို့ပေလျက် နစ်မွန်းရသည် များချေသည်။ (Han Fei Tzu).
____________
ရန်ရှီးနဉ် အိပ်ပျော်နေရာမှာ လူးလွန့်လှုပ်ရှားနေမိလိုက်သည်။ သူမ၏ အတွင်းသားထဲ လက်ချောင်းများရှိနေသည်ဟု အိပ်မက်မက်မိလေသောကြောင့်ပင်။
"ခြင်္သေ့လေး၊ တော်တော် တုံ့ပြန်လွယ်တာပဲ" ဖေ့ကျင်း ကျီစယ်လိုက်တော့ပြီး သူ့လက်များကို ပိုအရှိန်မြှင့်တင်လိုက်တော့လေသည်။
ရန်ရှီးနဉ် လက်က စောင်ကိုသာ ခပ်တင်းတင်းဆွဲဆုပ်ထားမိတော့သည်။ သူမ လည်ချောင်းမှ ရုန်းထွက်လာသော ညည်းသံကိုလည်း မတားဆီးနိုင်။ အထွတ်အထိပ်သို့ရောက်ခါနီး၌ ထိုလက်ချောင်းများ ရပ်သွားလေသဖြင့် သူမမှာ ထွက်ပေါက်မဲ့ ပိတ်မိနေသကဲ့သို့ ခံစားရလေသည်။
ရန်ရှီးနဉ် မျက်လုံးဖွင့်ကြည့်လိုက်တော့ ဖေ့ကျင်း။ ဖေ့ကျင်းက ပြုံးနေသည်။ တောက်ပလွန်းစွာ ပြုံးနေလေသည်။
ဖေ့ကျင်းသည် ရန်ရှီးနဉ် နှုတ်ခမ်းနား တွယ်ကပ်ငြိနေသော ဆံနွယ်များကို အသာအယာဖယ်ပေးလိုက်သည်။ သူမ နှုတ်ခမ်းများကို နမ်းစုတ်လိုက်သည်။ သူ့လက်ချောင်းများကိုလည်း ဖြည်းညင်းစွာ ပြန်လည်လှုပ်ရှားလိုက်လေသည်။ သူမကတော့ နှုတ်ခမ်းကိုသာ တင်းတင်းဖိကိုက်ထားမိလျက်။
"ရှီးနဉ် သဘောတူမှာလား" ဖေ့ကျင်းက မေးရင်း လက်ကို ပြန်ထုတ်လိုက်၏။
"အင်း. . . . ." ရန်ရှီးနဉ် ခပ်တိုးတိုး ပြန်ဖြေလိုက်လေသည်။
__
အိပ်ရာကုတင်က တုန်လှုပ်၊ ကန့်လန့်ကာ ဇာခြည်က ခါရမ်းလျက် အိပ်ခန်းဆောင်တွင်း နွေဦး လေပြည်တိုးဝှေ့လေ၏။
ညည်းသံသဲ့သဲ့တစ်ဖုံ၊ အော်မြည်ကြွေးသံ တစ်နည်းတို့နှင့် တွယ်ယှက်နွယ်လေနေသော ကိုယ်နှစ်ခု။ လနတ်သည်ပင် ရှက်လွန်လွန်း၍ တိမ်အကွယ်သို့ ပုန်းခိုရမည့်အလား။
ဖေ့ကျင်း အောက်မှ ရန်ရှီးနဉ်မှာ အကြိမ်အခါပေါင်းများစွာ မောလှိုက်ရသည်။
ရန်ရှီးနဉ် မျက်ရည်စွန်းစ အလိုအလျောက်ထွက်လာမိသည်ထင့်။ သူမ လက်များကလည်း ဖေ့ကျင်း လက်မောင်းကို တင်းကြပ်စွာ ဖက်တွယ်ထားမိလေသည်။
"ဖြည်းဖြည်း... နာတယ်လို့...!" ရန်ရှီးနဉ် တိုးလျိုးတောင်းဆိုခဲ့သည်။
ဖေ့ကျင်း တစ်ခဏတော့ မလှုပ်မယှက် ငြိမ်သက်ပေးလိုက်၏။ "ရှီးနဉ်၊ ကိုယ့်နာမည်လေး ခေါ်ပါဦး"
"ဖေ့ကျင်း၊ ဖေ့ကျင်း၊ ဖေ့ကျင်း...!"
ရန်ရှီးနဉ် ခေါ်သံက တစ်ခါထက် တစ်ခါပို၍ ကျယ်လာသည်။ သူ့နာမည်ကို သူမ ရေရွတ်လိုက်လေတိုင်း သူ၏ လှုပ်ရှားမှုက ခက်ထန်သွားတတ်သောကြောင့်. . .
"ဖေ့ကျင်း၊ ဖေ့ကျင်း... ညင်ညင်သာသာလေး. . . အာ့"
ဖေ့ကျင်း သူမနှုတ်ခမ်းတို့ကို အကြင်နာပေးရင်း ချော့မော့ခဲ့လိုက်သည်။ "ရှီးနဉ် လိမ္မာနော်၊ အခု မင်း ကိုယ့်ကို တားရင် ခွင့်မပြုတော့ရင် မနက်အထိ မရပ်ဘဲနေမှာနော်၊ ခဏလောက် သည်းခံပေး... နော်"
ဖေ့ကျင်း ရန်ရှီးနဉ် ကိုယ်လေးကို သူ့ဘက်ဆွဲယူလိုက်ပြီး နက်နက်ရှိုင်းရှိုင်း ယှက်နွယ်ထားလိုက်တော့သည်။
". . . အာ. . . ဖေ့ကျင်း အဲ့ဒါဆို ဘယ်လောက်ကြာမှာလဲ"
"ခဏပဲ၊ ရှီးနဉ် ကိုယ့်ခါးကို ခြေထောက် ချိတ်ထားလိုက်" ဖေ့ကျင်းက ဆိုသည်။
ရန်ရှီးနဉ် ငိုလေပြီ။
"မလှုပ်နဲ့တော့... အင်း၊ အဲ့အတိုင်းလေးနေ"
"အား... အာ... အစ်ကိုကြီး ကျွန်မကို အနိုင်ကျင့်ပြန်ပြီ" ရန်ရှီးနဉ် ပြန်ပြောလိုက်သည်။
"လိမ္မာတယ်နော်" ဖေ့ကျင်းက ချော့၏။ "နောက်ဆို အစ်ကို မင်းကို အနိုင်မကျင့်တော့ဘူး"
"လူလိမ်"
"ရှီးနဉ်၊ ဒီတစ်ခါ အတူတူပြီးရအောင်"
ဖေ့ကျင်းနှင့် ရန်ရှီးနဉ် နှစ်ဦးသား အကြား လစ်ဟမှု စိုးစင်းမျှ မရှိတော့။ သူမ အတွင်းထဲသို့ နွေးကနဲ လှိုင်းတစ်ချက်တိုးဝင်သွားသည်ကို ခံစားလိုက်ရသည်။ သူမ ခါးကိုကော့လျက်၊ ရုန်းရင်းဆန်ခတ်၊နောက်တော့ မေ့မြောသွားရလေ၏။
ဖေ့ကျင်း သူလိုချင်တာ ရပြီးသည်နှင့် ခန္ဓာကိုယ်က ပြေလျော့သွားကာ အားပြန်တက် လန်းဆန်းသွားသလို ခံစားမိလေသည်။ အောက်သို့ လျှောကျနေခဲ့သော စောင်ကို သူ ပြန်ကောက်လိုက်ပြီး ရန်ရှီးနဉ်ကို ပွေ့ဖက်လိုက်ကာ စောင်ကို ခြုံထားလိုက်တော့သည်။ ထိုညကတော့ နှစ်ခြိုက် ငြိမ်းချမ်းစွာ အိပ်ပျော်နိုင်ကြလေသည်။
နောက်တစ်နေ့ နံနက် ရန်ရှီးနဉ် နာကျင်ကိုက်ခဲလျက် နိုးလာလေသည်။ သူမမှာ လက်တစ်ချောင်းကိုတောင် လှုပ်နိုင်စွမ်းမရှိတော့။ မနေ့ညက ဘာများဖြစ်ခဲ့သလဲ။
ရန်ရှီးနဉ်သည်က သူမ၏ အဝတ်ဗလာကိုယ်ကို ပွေ့ဖက်ထားသော ဖေ့ကျင်းကို ကြည့်လိုက်ရင်း သဘောပေါက်သွားတော့သည်။ သူ မနေ့က သူမကို... သူမ ခေါင်းခါလျက် မျက်မှောင်ကြုတ်မိပြန်သည်။ 'သူ ဘယ်လိုလုပ်. . .'
ဖူချင့်၌ လူယုတ်မာ ဖေ့ကျင်း သူမတင်ပါးကို ရိုက်ခဲ့သည်အထိ မှတ်မိသေးသည်။ နောက်တော့ သူမ အဝတ်အစားများကို ဆွဲချွတ်ပြီး နမ်းသည်။ နောက်တော့ သူမ တစ်ကိုယ်လုံး ပူလောင်လာပြီး ဖေ့ကျင်းကို မိမိသဘောဆန္ဒအလျောက် ပြန်နမ်း၊ ပြန်လျက်ခဲ့မိသည်။ . . . သို့သော် ဘယ်အချိန်က အိမ်တော်ပြန်ရောက်ခဲ့သလဲ။
တဖြည်းဖြည်း အတွေးထဲ ပြန်ရောက်လာသော မှတ်ဉာဏ်များကြောင့် ရန်ရှီးနဉ် မျက်နှာပူလာရသည်။ သူမ ဖေ့ကျင်းကို နမ်း၍ လျှဖြင့် လျက်ခဲ့သည်ကို မယုံကြည့်နိုင်။ သူ သူမကို ပြန်လှောင်တော့မည်၊ စနောက်နေတော့မည်မှာ ဧကန်ပေ။
သူမ မူးရူးသောင်းကြမ်းမိ၍ သိက္ခာအရှက် အကုန် ဆုံးရှုံးလိုက်ရလေပြီ။
ဖေ့ကျင်း နိုးသောအခါ ရန်ရှီးနဉ် နှုတ်ခမ်းစူနေသည်ကို တွေ့လိုက်ရ၏။ "ရှင်မ ဘာတွေ တွေးနေတာလဲ"
"နာတယ်" ရန်ရှီးနဉ် ပြစ်တင်သည်။
"ဘယ်နား နာလို့လဲ" ဖေ့ကျင်းက မေးလိုက်သည်။
ဖေ့ကျင်း ရန်ရှီးနဉ်ရှေ့ ကိုယ်ဗလာနှင့် မတ်တပ်ထရပ်လိုက်တော့ သူမ စောင်ကို မျက်နှာပေါ်အုပ်ကာ ဆွဲခြုံလိုက်မိတော့၏။
"တစ်ကိုယ်လုံးပဲ...!" ရန်ရှီးနဉ်က ပြောသည်။
ဖေ့ကျင်း အဝတ်အစားများ ဝတ်ဆင်လိုက်သည်။ အပြင်ထွက်သွားပြီး ရေနွေးတစ်ဇလုံပြင်ဆင်လာပေးရန် မိန်းမစေတစ်ဦးကို ခိုင်းလိုက်၏။ နောက်တော့ သူ ကုတင်ဘက်ပြန်လာကာ ရန်ရှီးနဉ်ကိုယ်ကို နှိပ်နယ်ပေးနေတော့သည်။
"မနေ့ညက ဘယ်သူက အများကြီး သောက်ခိုင်းခဲ့လို့လဲ" ဖေ့ကျင်း မေးလိုက်သည်။
"မနေ့ညက ကျွန်မ ဘာလုပ်ခဲ့မိလဲ" ရန်ရှီးနဉ် ပြန်မေးတော့သည်။
"ရှင်မ... မနေ့ညက အများကြီးတွေ လုပ်ခဲ့သေးတာ" ဖေ့ကျင်းက စ လိုက်သည်။
"ဘယ်လိုမျိုးလဲ"
"မင်း အိမ်ရှေ့မင်းသားရုပ်ရည်ကို အမွှန်းတင်ခဲ့တယ်" ဖေ့ကျင်းက ပြော၏။
ရန်ရှီးနဉ် သက်ပြင်းရှိုက်လိုက်မိတော့သည်။ . . . သူမ၏ သိမ်မွေ့သော မိန်းမငယ် သွင်ပြင်ဟန်ပန်ကြီး ပြိုကွဲသွားရလေပြီ။
"ရှင် ဘာလို့ မတားတာလဲ" ရန်ရှီးနဉ် မေးသည်။
ဖေ့ကျင်းကလည်း မတတ်သာစွာနှင့် သက်ပြင်းချလိုက်ကာ၊ "ရှင်မ၊ မမှတ်မိဘူးလား၊ ကိုယ် တားဖို့ ကြိုးစားတာပဲ... မင်းက အရမ်းမူးနေတာ"
ရန်ရှီးနဉ်သည် ဖေ့ကျင်းပြန်လည်ပြောပြသည့်စကားကို နားထောင်ရင်း ဝမ်းနည်းကြေကွဲနေမိတော့သည်။
"ကိုယ်နဲ့ မင်းလက်မထပ်ခင်ကတည်းက မင်းရဲ့ တကယ့်စရိုက်အမှန်ကို ကိုယ် သိတယ်လေ" ဖေ့ကျင်း ပြောလိုက်သည်။ "အဲ့ဒါကြောင့် မင်းရဲ့ သိမ်မွေ့တဲ့ ပုံရိပ် ဆုံးရှုံးလိုက်ရရင်တောင် ဘာမှ မဖြစ်ဘူး၊ မင်း ညင်သာသလို ဟန်ဆောင်နေစရာ မလိုတော့ပါဘူး"
ရန်ရှီးနဉ်ကတော့ ဘာမှ ပြန်မပြောနိုင်အောင်ကို ဒေါသထွက်နေလေသည်။ သူမ ဖေ့ကျင်းနှင့် အတူနေကြာလျှင် သူမ၏ စရိုက်အမှန် တစ်နည်းနည်း တစ်ဖုံဖုံတော့ ပေါ်ပေါက်သွားလိမ့်မည်မှန်း ကြိုရိပ်မိခဲ့ပြီးသား။
ရန်ရှီးနဉ် တစ်ကိုယ်လုံးက ဒေါသအလျံများထွက်နေသည်ကို ဖေ့ကျင်း သိသည်။ သူမကို ပို၍ပင် စချင်လာမိတော့လေသည်။ "ပြီးတော့... ရှီးနဉ် မမှတ်မိတာ ဆိုးတယ်၊ မနေ့ညကလေ မင်း အရမ်း အရမ်း အရမ်းကို ဆိုးတာပဲ၊ မင်းရဲ့ သိမ်မွေ့တဲ့ ခင်ပွန်းသည်မှာ မခံစားနိုင်လောက်အောင်ကို..."
ဖေ့ကျင်း ရန်ရှီးနဉ်ကို ပြုံးပြရင်း မိမိနှုတ်ခမ်းကို လျက်ပြလိုက်လေသည်။
ရန်ရှီးနဉ်သည် သူမဘက်ကစပြီး ဖေ့ကျင်းကို အနမ်းပေးခဲ့ပုံကို မှတ်မိသွားသည်။ သူမ တစ်ဖက်သို့ လှည့်သွားပြီး မျက်နှာကို ခေါင်းအုံးကြားအပ်ထားလိုက်တော့၏။
"ရှင်မ ရှက်နေစရာ မလိုဘူးနော်" ဖေ့ကျင်းက ဆိုသည်။ "ကိုယ်တို့က လက်ထပ်ထားတာပဲ၊ ဒါပေမဲ့ ရှင်မရဲ့ မျှော်မှန်းချက်က သိပ်မြင့်ပုံပဲ၊ နောက်ဆို မင်းခင်ပွန်းတော့ အများကြီး ပိုကြိုးစားအားထုတ်ရတော့မယ်၊ အခု ထပ်လုပ်ရင်ရော ဘယ်လိုလဲ"
ဖေ့ကျင်း၏ လက်ချောင်းများက ရန်ရှီးနဉ် ကျောပြင်ပေါ် ပြေးလွှားသွားတော့သည်။
ရန်ရှီးနဉ် ခေါင်းပြန်ထောင်လာပြီး ဖေ့ကျင်းကို မျက်စောင်းထိုးလိုက်သည်။ ပြီးမှ ခေါင်းအုံးပေါ် မျက်နှာပြန်အပ်၍ ပုန်းလိုက်ပြန်သည်။
တစ်ခဏမျှကြာတော့ ရန်ရှီးနဉ် အိပ်ရာထကာ ရေချိုးသည်။ သို့သည့်တိုင် သူမ ခေါင်းကိုက်လာသဖြင့် ပြန်အိပ်နေချင်မိလေသည်။ သို့သော် မိန်းမစေတစ်ယောက်က စွန်းပေသွားသော စောင်ကို ယူသွားပြီဖြစ်သောကြောင့် သူမ ပုန်းနေစရာ နေရာလည်း မရှိတော့။
ဖေ့ကျင်းသည် ရန်ရှီးနဉ်ကို ကုတင်ပေါ် ဆွဲချလိုက်ပြီး ဆေးလိမ်းပေးသည်။ ထို့နောက် မနက်စာ အတူစားကြ၏။ မနက်စာစားပြီးနောက်မှ အသစ်ပြန်ခင်းထားသော အိပ်ရာပေါ် သူမ ပြန်သွားအိပ်သည်။ ဖေ့ကျင်းကတော့ ပေ့သို့၏ အိမ်ဆောင်ကို သွားလေ၏။
ဖူချင့်၌ ဖြစ်ပျက်ခဲ့သည်များကို ဖေ့ကျင်းက ပေ့သို့အား ပြောပြလိုက်သည်။
"အိမ်ရှေ့မင်းသားတောင် အဲ့ဒီနေရာကို ရောက်နေတာ ထူးဆန်းတယ် မထင်ဘူးလား" ဖေ့ကျင်းက မေး၏။
"မထင်ဘူး၊ မင်းရဲ့ ကြင်ယာတော် အဲ့ဒီကို သွားတာကမှ ထူးဆန်းတာ"
ဖေ့ကျင်း ဆွံ့အသွားတော့၏။
"မင်းကိုက ဝမ်ဖေးကို အလိုလိုက်လွန်းတာ" ပေ့သိုက ပြန်ပြော၏။
"အလိုလိုက်ရမှာပေါ့"
"ဒါမကောင်းဘူးနော်" ပေ့သိုက ပြန်ပြောလေသည်။
"ငါတို့ ပိုပြီး ထူးဆန်းတဲ့ ကိစ္စကို ပြောကြရအောင်" ဖေ့ကျင်းက ဆို၏။
ပေ့သိုကတော့ ဆိတ်ဆိတ်သာနေသည်။
"ငါ ငါ့အတိုင်းအတာနဲ့ ငါ အလိုလိုက်တာပါကွာ"
"ပျိုနီပန်းပင်အောက်မှာ သေတတ်တယ်" ပေ့သိုက ပြန်ပြောလေသည်။
"အကြီးအကဲမာလဲ အဲ့သလို ပြောတာပဲ" ဖေ့ကျင်းက ပြောလေသည်။
"အိမ်ရှေ့မင်းက ဘာလို့ အဲ့ဒီကို သွားတာလဲ"
"သူ အရမ်းအားယားနေလို့ အပျော်အသစ်ကလေး သွားရှာတာများလား" ဖေ့ကျင်းက ဆိုသည်။ "ငါ သူ့ကို တွေ့တော့ ခါတိုင်းလို တည်ငြိမ်နေတာပဲ၊ မူပျက်မသွားဘူး၊ သူ ပါနေမယ်တော့ မထင်ဘူး"
"ဒါဆို မင်းကရော အဲ့ဒီကို ဘာသွားလုပ်တာလဲ" ပေ့သိုက ဖေ့ကျင်းအား 'မင်းလည်းပဲ မင်းသားတစ်ပါးဖြစ်တယ်ဆိုတာ မသိဘူးလား' ဟု ပြောနေပုံရသော အကြည့်တစ်ချက်ပေးလိုက်သည်။
"အဲ့ဒါ ထူးဆန်းတာပေါ့" ဖေ့ကျင်း ပြောလိုက်သည်။ "ငါက သတိကြီးတဲ့သူဆိုတာ မင်းလဲ သိတာပဲ၊ အန္တရာယ်များတဲ့ နေရာကို နေရင်း ထိုင်ရင်း သွားပါ့မလား"
"မင်းက ဖူချင့်က တစ်ယောက်ယောက်ကို သံသယရှိလို့လား"
"အရင်ကတော့ ငါ ဖူချင့်အလယ်ဆောင်မှာပဲ စားဖြစ်တာ၊ ဘာထူးဆန်းတာမှ မတွေ့မိဘူး" ဖေ့ကျင်း ဆက်ပြောသည်။ "ပြဿနာရှိတာက လက်ယာဆောင်က တစ်ယောက်ယောက်လို့ ထင်တာပဲ"
"ဆောင်ကြာမြိုင်တွေမှာ လိင်စိတ်ကြွစေတဲ့ နံ့သာအမွှေးဆီတွေ သုံးတတ်ကြတာပဲလေ" ပေ့သိုက ပြန်ရှင်းပြသည်။
"အလယ်ဆောင်မှာလဲ ဒီလို နံ့သာမျိုးတွေ သုံးတတ်တာပဲ၊ ဒါပေမဲ့ ငါ့ကို မှိုင်းမမိစေနိုင်ဘူး" ဖေ့ကျင်းက ဆိုသည်။ "ငါက ဒီတစ်ခါမှာ ဝိုင်ကြောင့်များလား ထင်မိတာ၊ ဒါပေမဲ့လဲ ဖူချင့်လို အစားအသောက် သေရည် နာမည်ကြီးတဲ့ ဆိုင်မျိုးမှာ စားစရာထဲကိုတော့ လျှောက်ထည့်မှာ မဟုတ်ပြန်ဘူး"
"ဒါဆို မင်းက ဘာလိုချင်တာလဲ" ပေ့သို သံသယကြီးနှင့် မေးမိတော့၏။
"ကျွန်ုပ်က ဒီအရေးစုံစမ်းဖို့ရာ အမျိုးကောင်းသားပေ့ကိုပဲ ဖူချင့်သွားပေးဖို့ အကူအညီတောင်းရတော့မယ်၊ ဒုက္ခပေးမိပြီ" ဖေ့ကျင်း လေသံပြောင်းကာ တောင်းဆိုလိုက်လေသည်။
"မရဘူး" ပေ့သို မျက်နှာ ရဲရဲနီလျက် ငြင်းလေသည်။
"မင်းက ကျန်းမာရေး ကောင်းတဲ့ အသက် ၂၂ နှစ်တောင်ရှိနေပြီဖြစ်တဲ့ ယောက်ျားတစ်ယောက်ပဲ၊ ဒါပေမဲ့ အခုထိ ဘုန်းကြီးလို လုပ်နေတုန်းလား" ဖေ့ကျင်း မခံချင်အောင် ပြောလိုက်လေသည်။
ပေ့သိုလည်း အင်္ကျီလက်ကို ခါထုတ်လျက် အိပ်ခန်းဆောင်ထဲမှ ထထွက်သွားတော့လေ၏။
____
[Zawgyi]
Burmese Translation of Fu Jun You Zhe Dian {夫君,悠着点} by Author 苏行乐.
အခန္း (၂၉)
TRANSLATOR - SS
--------------------
မီးသည္ ေၾကာက္ဖြယ္ေကာင္း၏ - သို႔ေပလ်က္ ေလာင္ၿမိဳက္ခံရသူ ရွားသည္။ ေရသည္ ႏု၍ ေပ်ာ့ေပ်ာင္း၏ - သို႔ေပလ်က္ နစ္မြန္းရသည္ မ်ားေခ်သည္။ (Han Fei Tzu).
____________
ရန္ရွီးနဥ္ အိပ္ေပ်ာ္ေနရာမွာ လူးလြန့္လႈပ္ရွားေနမိလိုက္သည္။ သူမ၏ အတြင္းသားထဲ လက္ေခ်ာင္းမ်ားရွိေနသည္ဟု အိပ္မက္မက္မိေလေသာေၾကာင့္ပင္။
"ျခေသၤ့ေလး၊ ေတာ္ေတာ္ တုံ႕ျပန္လြယ္တာပဲ" ေဖ့က်င္း က်ီစယ္လိုက္ေတာ့ၿပီး သူ႕လက္မ်ားကို ပိုအရွိန္ျမႇင့္တင္လိုက္ေတာ့ေလသည္။
ရန္ရွီးနဥ္ လက္က ေစာင္ကိုသာ ခပ္တင္းတင္းဆြဲဆုပ္ထားမိေတာ့သည္။ သူမ လည္ေခ်ာင္းမွ ႐ုန္းထြက္လာေသာ ညည္းသံကိုလည္း မတားဆီးနိုင္။ အထြတ္အထိပ္သို႔ေရာက္ခါနီး၌ ထိုလက္ေခ်ာင္းမ်ား ရပ္သြားေလသျဖင့္ သူမမွာ ထြက္ေပါက္မဲ့ ပိတ္မိေနသကဲ့သို႔ ခံစားရေလသည္။
ရန္ရွီးနဥ္ မ်က္လုံးဖြင့္ၾကည့္လိုက္ေတာ့ ေဖ့က်င္း။ ေဖ့က်င္းက ၿပဳံးေနသည္။ ေတာက္ပလြန္းစြာ ၿပဳံးေနေလသည္။
ေဖ့က်င္းသည္ ရန္ရွီးနဥ္ ႏႈတ္ခမ္းနား တြယ္ကပ္ၿငိေနေသာ ဆံႏြယ္မ်ားကို အသာအယာဖယ္ေပးလိုက္သည္။ သူမ ႏႈတ္ခမ္းမ်ားကို နမ္းစုတ္လိုက္သည္။ သူ႕လက္ေခ်ာင္းမ်ားကိုလည္း ျဖည္းညင္းစြာ ျပန္လည္လႈပ္ရွားလိုက္ေလသည္။ သူမကေတာ့ ႏႈတ္ခမ္းကိုသာ တင္းတင္းဖိကိုက္ထားမိလ်က္။
"ရွီးနဥ္ သေဘာတူမွာလား" ေဖ့က်င္းက ေမးရင္း လက္ကို ျပန္ထုတ္လိုက္၏။
"အင္း. . . . ." ရန္ရွီးနဥ္ ခပ္တိုးတိုး ျပန္ေျဖလိုက္ေလသည္။
__
အိပ္ရာကုတင္က တုန္လႈပ္၊ ကန့္လန့္ကာ ဇာျခည္က ခါရမ္းလ်က္ အိပ္ခန္းေဆာင္တြင္း ေႏြဦး ေလျပည္တိုးေဝွ႕ေလ၏။
ညည္းသံသဲ့သဲ့တစ္ဖုံ၊ ေအာ္ျမည္ေႂကြးသံ တစ္နည္းတို႔ႏွင့္ တြယ္ယွက္ႏြယ္ေလေနေသာ ကိုယ္ႏွစ္ခု။ လနတ္သည္ပင္ ရွက္လြန္လြန္း၍ တိမ္အကြယ္သို႔ ပုန္းခိုရမည့္အလား။
ေဖ့က်င္း ေအာက္မွ ရန္ရွီးနဥ္မွာ အႀကိမ္အခါေပါင္းမ်ားစြာ ေမာလွိုက္ရသည္။
ရန္ရွီးနဥ္ မ်က္ရည္စြန္းစ အလိုအေလ်ာက္ထြက္လာမိသည္ထင့္။ သူမ လက္မ်ားကလည္း ေဖ့က်င္း လက္ေမာင္းကို တင္းၾကပ္စြာ ဖက္တြယ္ထားမိေလသည္။
"ျဖည္းျဖည္း... နာတယ္လို႔...!" ရန္ရွီးနဥ္ တိုးလ်ိဳးေတာင္းဆိုခဲ့သည္။
ေဖ့က်င္း တစ္ခဏေတာ့ မလႈပ္မယွက္ ၿငိမ္သက္ေပးလိုက္၏။ "ရွီးနဥ္၊ ကိုယ့္နာမည္ေလး ေခၚပါဦး"
"ေဖ့က်င္း၊ ေဖ့က်င္း၊ ေဖ့က်င္း...!"
ရန္ရွီးနဥ္ ေခၚသံက တစ္ခါထက္ တစ္ခါပို၍ က်ယ္လာသည္။ သူ႕နာမည္ကို သူမ ေရ႐ြတ္လိုက္ေလတိုင္း သူ၏ လႈပ္ရွားမႈက ခက္ထန္သြားတတ္ေသာေၾကာင့္. . .
"ေဖ့က်င္း၊ ေဖ့က်င္း... ညင္ညင္သာသာေလး. . . အာ့"
ေဖ့က်င္း သူမႏႈတ္ခမ္းတို႔ကို အၾကင္နာေပးရင္း ေခ်ာ့ေမာ့ခဲ့လိုက္သည္။ "ရွီးနဥ္ လိမၼာေနာ္၊ အခု မင္း ကိုယ့္ကို တားရင္ ခြင့္မျပဳေတာ့ရင္ မနက္အထိ မရပ္ဘဲေနမွာေနာ္၊ ခဏေလာက္ သည္းခံေပး... ေနာ္"
ေဖ့က်င္း ရန္ရွီးနဥ္ ကိုယ္ေလးကို သူ႕ဘက္ဆြဲယူလိုက္ၿပီး နက္နက္ရွိုင္းရွိုင္း ယွက္ႏြယ္ထားလိုက္ေတာ့သည္။
". . . အာ. . . ေဖ့က်င္း အဲ့ဒါဆို ဘယ္ေလာက္ၾကာမွာလဲ"
"ခဏပဲ၊ ရွီးနဥ္ ကိုယ့္ခါးကို ေျခေထာက္ ခ်ိတ္ထားလိုက္" ေဖ့က်င္းက ဆိုသည္။
ရန္ရွီးနဥ္ ငိုေလၿပီ။
"မလႈပ္နဲ႕ေတာ့... အင္း၊ အဲ့အတိုင္းေလးေန"
"အား... အာ... အစ္ကိုႀကီး ကြၽန္မကို အနိုင္က်င့္ျပန္ၿပီ" ရန္ရွီးနဥ္ ျပန္ေျပာလိုက္သည္။
"လိမၼာတယ္ေနာ္" ေဖ့က်င္းက ေခ်ာ့၏။ "ေနာက္ဆို အစ္ကို မင္းကို အနိုင္မက်င့္ေတာ့ဘူး"
"လူလိမ္"
"ရွီးနဥ္၊ ဒီတစ္ခါ အတူတူၿပီးရေအာင္"
ေဖ့က်င္းႏွင့္ ရန္ရွီးနဥ္ ႏွစ္ဦးသား အၾကား လစ္ဟမႈ စိုးစင္းမွ် မရွိေတာ့။ သူမ အတြင္းထဲသို႔ ေႏြးကနဲ လွိုင္းတစ္ခ်က္တိုးဝင္သြားသည္ကို ခံစားလိုက္ရသည္။ သူမ ခါးကိုေကာ့လ်က္၊ ႐ုန္းရင္းဆန္ခတ္၊ေနာက္ေတာ့ ေမ့ေျမာသြားရေလ၏။
ေဖ့က်င္း သူလိုခ်င္တာ ရၿပီးသည္ႏွင့္ ခႏၶာကိုယ္က ေျပေလ်ာ့သြားကာ အားျပန္တက္ လန္းဆန္းသြားသလို ခံစားမိေလသည္။ ေအာက္သို႔ ေလွ်ာက်ေနခဲ့ေသာ ေစာင္ကို သူ ျပန္ေကာက္လိုက္ၿပီး ရန္ရွီးနဥ္ကို ေပြ႕ဖက္လိုက္ကာ ေစာင္ကို ၿခဳံထားလိုက္ေတာ့သည္။ ထိုညကေတာ့ ႏွစ္ၿခိဳက္ ၿငိမ္းခ်မ္းစြာ အိပ္ေပ်ာ္နိုင္ၾကေလသည္။
ေနာက္တစ္ေန႕ နံနက္ ရန္ရွီးနဥ္ နာက်င္ကိုက္ခဲလ်က္ နိုးလာေလသည္။ သူမမွာ လက္တစ္ေခ်ာင္းကိုေတာင္ လႈပ္နိုင္စြမ္းမရွိေတာ့။ မေန႕ညက ဘာမ်ားျဖစ္ခဲ့သလဲ။
ရန္ရွီးနဥ္သည္က သူမ၏ အဝတ္ဗလာကိုယ္ကို ေပြ႕ဖက္ထားေသာ ေဖ့က်င္းကို ၾကည့္လိုက္ရင္း သေဘာေပါက္သြားေတာ့သည္။ သူ မေန႕က သူမကို... သူမ ေခါင္းခါလ်က္ မ်က္ေမွာင္ၾကဳတ္မိျပန္သည္။ 'သူ ဘယ္လိုလုပ္. . .'
ဖူခ်င့္၌ လူယုတ္မာ ေဖ့က်င္း သူမတင္ပါးကို ရိုက္ခဲ့သည္အထိ မွတ္မိေသးသည္။ ေနာက္ေတာ့ သူမ အဝတ္အစားမ်ားကို ဆြဲခြၽတ္ၿပီး နမ္းသည္။ ေနာက္ေတာ့ သူမ တစ္ကိုယ္လုံး ပူေလာင္လာၿပီး ေဖ့က်င္းကို မိမိသေဘာဆႏၵအေလ်ာက္ ျပန္နမ္း၊ ျပန္လ်က္ခဲ့မိသည္။ . . . သို႔ေသာ္ ဘယ္အခ်ိန္က အိမ္ေတာ္ျပန္ေရာက္ခဲ့သလဲ။
တျဖည္းျဖည္း အေတြးထဲ ျပန္ေရာက္လာေသာ မွတ္ဉာဏ္မ်ားေၾကာင့္ ရန္ရွီးနဥ္ မ်က္ႏွာပူလာရသည္။ သူမ ေဖ့က်င္းကို နမ္း၍ လွ်ျဖင့္ လ်က္ခဲ့သည္ကို မယုံၾကည့္နိုင္။ သူ သူမကို ျပန္ေလွာင္ေတာ့မည္၊ စေနာက္ေနေတာ့မည္မွာ ဧကန္ေပ။
သူမ မူး႐ူးေသာင္းၾကမ္းမိ၍ သိကၡာအရွက္ အကုန္ ဆုံးရႈံးလိုက္ရေလၿပီ။
ေဖ့က်င္း နိုးေသာအခါ ရန္ရွီးနဥ္ ႏႈတ္ခမ္းစူေနသည္ကို ေတြ႕လိုက္ရ၏။ "ရွင္မ ဘာေတြ ေတြးေနတာလဲ"
"နာတယ္" ရန္ရွီးနဥ္ ျပစ္တင္သည္။
"ဘယ္နား နာလို႔လဲ" ေဖ့က်င္းက ေမးလိုက္သည္။
ေဖ့က်င္း ရန္ရွီးနဥ္ေရွ႕ ကိုယ္ဗလာႏွင့္ မတ္တပ္ထရပ္လိုက္ေတာ့ သူမ ေစာင္ကို မ်က္ႏွာေပၚအုပ္ကာ ဆြဲၿခဳံလိုက္မိေတာ့၏။
"တစ္ကိုယ္လုံးပဲ...!" ရန္ရွီးနဥ္က ေျပာသည္။
ေဖ့က်င္း အဝတ္အစားမ်ား ဝတ္ဆင္လိုက္သည္။ အျပင္ထြက္သြားၿပီး ေရေႏြးတစ္ဇလုံျပင္ဆင္လာေပးရန္ မိန္းမေစတစ္ဦးကို ခိုင္းလိုက္၏။ ေနာက္ေတာ့ သူ ကုတင္ဘက္ျပန္လာကာ ရန္ရွီးနဥ္ကိုယ္ကို ႏွိပ္နယ္ေပးေနေတာ့သည္။
"မေန႕ညက ဘယ္သူက အမ်ားႀကီး ေသာက္ခိုင္းခဲ့လို႔လဲ" ေဖ့က်င္း ေမးလိုက္သည္။
"မေန႕ညက ကြၽန္မ ဘာလုပ္ခဲ့မိလဲ" ရန္ရွီးနဥ္ ျပန္ေမးေတာ့သည္။
"ရွင္မ... မေန႕ညက အမ်ားႀကီးေတြ လုပ္ခဲ့ေသးတာ" ေဖ့က်င္းက စ လိုက္သည္။
"ဘယ္လိုမ်ိဳးလဲ"
"မင္း အိမ္ေရွ႕မင္းသား႐ုပ္ရည္ကို အမႊန္းတင္ခဲ့တယ္" ေဖ့က်င္းက ေျပာ၏။
ရန္ရွီးနဥ္ သက္ျပင္းရွိုက္လိုက္မိေတာ့သည္။ . . . သူမ၏ သိမ္ေမြ႕ေသာ မိန္းမငယ္ သြင္ျပင္ဟန္ပန္ႀကီး ၿပိဳကြဲသြားရေလၿပီ။
"ရွင္ ဘာလို႔ မတားတာလဲ" ရန္ရွီးနဥ္ ေမးသည္။
ေဖ့က်င္းကလည္း မတတ္သာစြာႏွင့္ သက္ျပင္းခ်လိဳက္ကာ၊ "ရွင္မ၊ မမွတ္မိဘူးလား၊ ကိုယ္ တားဖို႔ ႀကိဳးစားတာပဲ... မင္းက အရမ္းမူးေနတာ"
ရန္ရွီးနဥ္သည္ ေဖ့က်င္းျပန္လည္ေျပာျပသည့္စကားကို နားေထာင္ရင္း ဝမ္းနည္းေၾကကြဲေနမိေတာ့သည္။
"ကိုယ္နဲ႕ မင္းလက္မထပ္ခင္ကတည္းက မင္းရဲ႕ တကယ့္စရိုက္အမွန္ကို ကိုယ္ သိတယ္ေလ" ေဖ့က်င္း ေျပာလိုက္သည္။ "အဲ့ဒါေၾကာင့္ မင္းရဲ႕ သိမ္ေမြ႕တဲ့ ပုံရိပ္ ဆုံးရႈံးလိုက္ရရင္ေတာင္ ဘာမွ မျဖစ္ဘူး၊ မင္း ညင္သာသလို ဟန္ေဆာင္ေနစရာ မလိုေတာ့ပါဘူး"
ရန္ရွီးနဥ္ကေတာ့ ဘာမွ ျပန္မေျပာနိုင္ေအာင္ကို ေဒါသထြက္ေနေလသည္။ သူမ ေဖ့က်င္းႏွင့္ အတူေနၾကာလွ်င္ သူမ၏ စရိုက္အမွန္ တစ္နည္းနည္း တစ္ဖုံဖုံေတာ့ ေပၚေပါက္သြားလိမ့္မည္မွန္း ႀကိဳရိပ္မိခဲ့ၿပီးသား။
ရန္ရွီးနဥ္ တစ္ကိုယ္လုံးက ေဒါသအလ်ံမ်ားထြက္ေနသည္ကို ေဖ့က်င္း သိသည္။ သူမကို ပို၍ပင္ စခ်င္လာမိေတာ့ေလသည္။ "ၿပီးေတာ့... ရွီးနဥ္ မမွတ္မိတာ ဆိုးတယ္၊ မေန႕ညကေလ မင္း အရမ္း အရမ္း အရမ္းကို ဆိုးတာပဲ၊ မင္းရဲ႕ သိမ္ေမြ႕တဲ့ ခင္ပြန္းသည္မွာ မခံစားနိုင္ေလာက္ေအာင္ကို..."
ေဖ့က်င္း ရန္ရွီးနဥ္ကို ၿပဳံးျပရင္း မိမိႏႈတ္ခမ္းကို လ်က္ျပလိုက္ေလသည္။
ရန္ရွီးနဥ္သည္ သူမဘက္ကစၿပီး ေဖ့က်င္းကို အနမ္းေပးခဲ့ပုံကို မွတ္မိသြားသည္။ သူမ တစ္ဖက္သို႔ လွည့္သြားၿပီး မ်က္ႏွာကို ေခါင္းအုံးၾကားအပ္ထားလိုက္ေတာ့၏။
"ရွင္မ ရွက္ေနစရာ မလိုဘူးေနာ္" ေဖ့က်င္းက ဆိုသည္။ "ကိုယ္တို႔က လက္ထပ္ထားတာပဲ၊ ဒါေပမဲ့ ရွင္မရဲ႕ ေမွ်ာ္မွန္းခ်က္က သိပ္ျမင့္ပုံပဲ၊ ေနာက္ဆို မင္းခင္ပြန္းေတာ့ အမ်ားႀကီး ပိုႀကိဳးစားအားထုတ္ရေတာ့မယ္၊ အခု ထပ္လုပ္ရင္ေရာ ဘယ္လိုလဲ"
ေဖ့က်င္း၏ လက္ေခ်ာင္းမ်ားက ရန္ရွီးနဥ္ ေက်ာျပင္ေပၚ ေျပးလႊားသြားေတာ့သည္။
ရန္ရွီးနဥ္ ေခါင္းျပန္ေထာင္လာၿပီး ေဖ့က်င္းကို မ်က္ေစာင္းထိုးလိုက္သည္။ ၿပီးမွ ေခါင္းအုံးေပၚ မ်က္ႏွာျပန္အပ္၍ ပုန္းလိုက္ျပန္သည္။
တစ္ခဏမွ်ၾကာေတာ့ ရန္ရွီးနဥ္ အိပ္ရာထကာ ေရခ်ိဳးသည္။ သို႔သည့္တိုင္ သူမ ေခါင္းကိုက္လာသျဖင့္ ျပန္အိပ္ေနခ်င္မိေလသည္။ သို႔ေသာ္ မိန္းမေစတစ္ေယာက္က စြန္းေပသြားေသာ ေစာင္ကို ယူသြားၿပီျဖစ္ေသာေၾကာင့္ သူမ ပုန္းေနစရာ ေနရာလည္း မရွိေတာ့။
ေဖ့က်င္းသည္ ရန္ရွီးနဥ္ကို ကုတင္ေပၚ ဆြဲခ်လိဳက္ၿပီး ေဆးလိမ္းေပးသည္။ ထို႔ေနာက္ မနက္စာ အတူစားၾက၏။ မနက္စာစားၿပီးေနာက္မွ အသစ္ျပန္ခင္းထားေသာ အိပ္ရာေပၚ သူမ ျပန္သြားအိပ္သည္။ ေဖ့က်င္းကေတာ့ ေပ့သို႔၏ အိမ္ေဆာင္ကို သြားေလ၏။
ဖူခ်င့္၌ ျဖစ္ပ်က္ခဲ့သည္မ်ားကို ေဖ့က်င္းက ေပ့သို႔အား ေျပာျပလိုက္သည္။
"အိမ္ေရွ႕မင္းသားေတာင္ အဲ့ဒီေနရာကို ေရာက္ေနတာ ထူးဆန္းတယ္ မထင္ဘူးလား" ေဖ့က်င္းက ေမး၏။
"မထင္ဘူး၊ မင္းရဲ႕ ၾကင္ယာေတာ္ အဲ့ဒီကို သြားတာကမွ ထူးဆန္းတာ"
ေဖ့က်င္း ဆြံ႕အသြားေတာ့၏။
"မင္းကိုက ဝမ္ေဖးကို အလိုလိုက္လြန္းတာ" ေပ့သိုက ျပန္ေျပာ၏။
"အလိုလိုက္ရမွာေပါ့"
"ဒါမေကာင္းဘူးေနာ္" ေပ့သိုက ျပန္ေျပာေလသည္။
"ငါတို႔ ပိုၿပီး ထူးဆန္းတဲ့ ကိစၥကို ေျပာၾကရေအာင္" ေဖ့က်င္းက ဆို၏။
ေပ့သိုကေတာ့ ဆိတ္ဆိတ္သာေနသည္။
"ငါ ငါ့အတိုင္းအတာနဲ႕ ငါ အလိုလိုက္တာပါကြာ"
"ပ်ိဳနီပန္းပင္ေအာက္မွာ ေသတတ္တယ္" ေပ့သိုက ျပန္ေျပာေလသည္။
"အႀကီးအကဲမာလဲ အဲ့သလို ေျပာတာပဲ" ေဖ့က်င္းက ေျပာေလသည္။
"အိမ္ေရွ႕မင္းက ဘာလို႔ အဲ့ဒီကို သြားတာလဲ"
"သူ အရမ္းအားယားေနလို႔ အေပ်ာ္အသစ္ကေလး သြားရွာတာမ်ားလား" ေဖ့က်င္းက ဆိုသည္။ "ငါ သူ႕ကို ေတြ႕ေတာ့ ခါတိုင္းလို တည္ၿငိမ္ေနတာပဲ၊ မူပ်က္မသြားဘူး၊ သူ ပါေနမယ္ေတာ့ မထင္ဘူး"
"ဒါဆို မင္းကေရာ အဲ့ဒီကို ဘာသြားလုပ္တာလဲ" ေပ့သိုက ေဖ့က်င္းအား 'မင္းလည္းပဲ မင္းသားတစ္ပါးျဖစ္တယ္ဆိုတာ မသိဘူးလား' ဟု ေျပာေနပုံရေသာ အၾကည့္တစ္ခ်က္ေပးလိုက္သည္။
"အဲ့ဒါ ထူးဆန္းတာေပါ့" ေဖ့က်င္း ေျပာလိုက္သည္။ "ငါက သတိႀကီးတဲ့သူဆိုတာ မင္းလဲ သိတာပဲ၊ အႏၲရာယ္မ်ားတဲ့ ေနရာကို ေနရင္း ထိုင္ရင္း သြားပါ့မလား"
"မင္းက ဖူခ်င့္က တစ္ေယာက္ေယာက္ကို သံသယရွိလို႔လား"
"အရင္ကေတာ့ ငါ ဖူခ်င့္အလယ္ေဆာင္မွာပဲ စားျဖစ္တာ၊ ဘာထူးဆန္းတာမွ မေတြ႕မိဘူး" ေဖ့က်င္း ဆက္ေျပာသည္။ "ျပႆနာရွိတာက လက္ယာေဆာင္က တစ္ေယာက္ေယာက္လို႔ ထင္တာပဲ"
"ေဆာင္ၾကာၿမိဳင္ေတြမွာ လိင္စိတ္ႂကြေစတဲ့ နံ႕သာအေမႊးဆီေတြ သုံးတတ္ၾကတာပဲေလ" ေပ့သိုက ျပန္ရွင္းျပသည္။
"အလယ္ေဆာင္မွာလဲ ဒီလို နံ႕သာမ်ိဳးေတြ သုံးတတ္တာပဲ၊ ဒါေပမဲ့ ငါ့ကို မွိုင္းမမိေစနိုင္ဘူး" ေဖ့က်င္းက ဆိုသည္။ "ငါက ဒီတစ္ခါမွာ ဝိုင္ေၾကာင့္မ်ားလား ထင္မိတာ၊ ဒါေပမဲ့လဲ ဖူခ်င့္လို အစားအေသာက္ ေသရည္ နာမည္ႀကီးတဲ့ ဆိုင္မ်ိဳးမွာ စားစရာထဲကိုေတာ့ ေလွ်ာက္ထည့္မွာ မဟုတ္ျပန္ဘူး"
"ဒါဆို မင္းက ဘာလိုခ်င္တာလဲ" ေပ့သို သံသယႀကီးႏွင့္ ေမးမိေတာ့၏။
"ကြၽန္ုပ္က ဒီအေရးစုံစမ္းဖို႔ရာ အမ်ိဳးေကာင္းသားေပ့ကိုပဲ ဖူခ်င့္သြားေပးဖို႔ အကူအညီေတာင္းရေတာ့မယ္၊ ဒုကၡေပးမိၿပီ" ေဖ့က်င္း ေလသံေျပာင္းကာ ေတာင္းဆိုလိုက္ေလသည္။
"မရဘူး" ေပ့သို မ်က္ႏွာ ရဲရဲနီလ်က္ ျငင္းေလသည္။
"မင္းက က်န္းမာေရး ေကာင္းတဲ့ အသက္ ၂၂ ႏွစ္ေတာင္ရွိေနၿပီျဖစ္တဲ့ ေယာက္်ားတစ္ေယာက္ပဲ၊ ဒါေပမဲ့ အခုထိ ဘုန္းႀကီးလို လုပ္ေနတုန္းလား" ေဖ့က်င္း မခံခ်င္ေအာင္ ေျပာလိုက္ေလသည္။
ေပ့သိုလည္း အကၤ်ီလက္ကို ခါထုတ္လ်က္ အိပ္ခန္းေဆာင္ထဲမွ ထထြက္သြားေတာ့ေလ၏။