Unicode
"မင်းဒယ်ဒီဘယ်လိုနေလဲ သား"
"အခြေအနေကောင်းတယ် ဖေ...
ယိုယိုနဲ့ဆော့နေတယ်။ သားကိုတော့ ဂိုဏ်းက ကောင်လေးတစ်ယောက်လို့ထင်နေတုန်းပဲ။"
"အေး... ဒါဆို ဖေ ခဏနေမှပြန်လာခဲ့မယ်နော်
ဆေးတိုက်ချိန်ကျရင် ထပ်သောင်းကျန်းသေးတယ်မလား။"
"ဪ အဲ့ခါကျလည်း အမှုန့်ခြေ အအေးထဲဖျော်ပြီးတိုက်ရင် ဘာသိတာမှတ်လို့ ဖေ မလာလည်းရပါ့။"
"ခွေးကောင် ငါ့ယောကျာ်းကိုလူလည်ကျတယ်"
တစ်ဖက်ကရယ်သံထွက်လာပြီးဖုန်းချသွားတယ်။
၁၂ထပ်အမြင့်မှာရှိတဲ့မှန်ပြတင်းကနေ ညနေဆည်းဆာကိုကြည့်ရင်း CEOကြီး ခန့်သျှားတစ်ယောက် အိမ်ကလူကိုလွမ်းနေပြန်တယ်။
"ဟာ... ယောက်ဖ... ဘယ်သူ့လွမ်းနေပြန်ပြီလဲ။မှန်မှန်ပြောစမ်း"
"ဘယ်သူရှိရမလဲ။မင်းအစ်ကိုပေါ့"
Eagleဝင်လာတော့ အတွင်းရေးမှူးက ကော်ဖီချပေးရင်း ဒီနေ့အတွက်လုပ်ငန်းဆောင်တာတွေ သိပ်မကျန်တော့ကြောင်းပြောနေတယ်။
အလုပ်တစ်ဖက်နဲ့ပဲ ယောက်ဖလုပ်သူကိုဧည့်ခံရပြန်တယ်။
"ဆေးရုံရက်ချိန်း လိုသေးလား။"
"အင်း ၃၀ရက်နေ့မှ... အခုမှ ၂၂ပဲရှိသေးတာလေ"
"ငါ့တောင်မမှတ်မိဘူးကွာ။ ဘယ်ကလူကြီးလဲဆိုပြီးအော်ထုတ်တာများ"
ဟာသနှောပြီးပြောနေပေမဲ့ တကယ်တမ်းသူတို့ပျော်မနေမှန်းခြောက်ကပ်ကပ်ရယ်သံတွေကအသက်ပါပဲ။
"ဆေးတွေသောက်ရတာမနည်းဘူး။သူတစ်ခါ ဆေးမျိုချရင် တစ်ခါအန်တယ်။ ငါလည်းသနားမိပြီးဆက်မတိုက်ဖြစ်မှာစိုးတာနဲ့ သားပေါင်ကပဲတိုက်နေရတာ... သူ့သားတိုက်ရင်ကျဝင်တယ်။"
"မင်းစပြောတုန်းကငါယုံတောင်မယုံနိုင်ဘူး။
မင်းရော ငါ့ပါ မေ့သွားမှ ယုံလိုက်ရတာ...
စောက်ကံကြမ္မာက ငါ့အစ်ကို ကို ကောင်းကျိုးကိုမပေးဘူး။ တောက်!!!"
ချုံးရီလန်း ကိုမေ့ပြီးမကြာဘူး။မိသားစုကိုပါတဖြည်းဖြည်းမေ့လာပြန်တယ်။ ယောကျာ်းဖြစ်တဲ့ခန့်သျှားကိုမေ့တော့ သူနဲ့ရတဲ့သားတွေကိုပါ မေ့သွားခဲ့တာမဆန်းလှပေ။ ကလေးတွေက သူနဲ့ပတ်သက်ပြီးမှရတာမို့လား။ သူ့ဂိုဏ်းသားတွေကို အိမ်ပြန်ခေါ်ထားရသည်။သူတို့Bossအဲ့လိုဖြစ်တော့ သူ့တပည့်တွေလည်းငိုကြ၊ယိုကြဖြင့် လူမိုက်တွေလို့ပင်ပြောရမှာခက်သည်။
"ဆေးရုံတင်ဖို့ကရော..."
ခန့်သျှားကဆတ်ခနဲမော့ကြည့်ကာပြတ်သားစွာဖြေသည်။
"ငါ့ယောကျာ်းကို သူစိမ်းတွေလက်ထဲစိတ်ချလက်ချမထားနိုင်ဘူး။အိမ်မှာလည်းဆရာဝန်တွေရော လိုအပ်တာတွေတင်မကဘူး ခွဲစိတ်ခန်းပါ အသင့်ရှိတယ်။ မပူနဲ့။"
Eagleမှာ ခန့်သျှားကမိမိထက်ပိုဂရုစိုက်မှန်းသိပေမဲ့ အတွေးတွေက လွန်တာမို့ ယောက်ဖဖြစ်သူကို ပြန်နှစ်သိမ့်ရသည်။
"အေးပါကွာ အခြေအနေဆိုးလာရင် ဆေးရုံမှာလည်းနေလို့ရတယ်ပြောမလို့ပါ။ ငါ့မိတ်ဆွေပိုင်တဲ့ဆေးရုံမှာ..."
"ငါ့ယောကျာ်းကို ငါကုနိုင်ပါတယ်။ ဟုတ်ပြီလား။"
ခေါင်းမာတဲ့ ယောက်ဖဖြစ်သူကို ဆက်မပြောတော့ဘဲ လက်လျှော့လိုက်ရသည်။သူမေ့သွားခဲ့တာ...
ခန့်သျှားကျော်လိုလူက သူ့ယောကျာ်းကို အထီးကျန်အောင်ဆေးရုံလိုနေရာမျိုးမှာ ပစ်ထားမဲ့သူမဟုတ်တာ...
"အိမ်ကရောထပ်ထွက်ပြေးသေးလား။"
"သူ့တပည့်တွေ ဝိုင်းထိန်းထားတယ်။ မနက်အိပ်ရာနိုးရင်ပုံမှန်လိုကို လိုက်တမ်းပြေးတမ်းကစားနေရတာ..."
ကုတင်ပေါ်မတက်ရတာ လချီပြီဆိုတာတော့မပြောဖြစ်ပါ။ သူစိမ်းယောကျာ်းတစ်ယောက်နဲ့အတူမအိပ်နိုင်ဘူး ငြင်းလို့ ဆိုဖာနဲ့ နှစ်ပါးသွားရတာခြောက်လနီးပါး...
"ကဲ... ငါပြီးပြီ။ မင်းအိမ်လိုက်မှာလား။"
"အေး... လမ်းမှာ အမှည့်သီးဝင်ကြိုရဦးမယ်။ခဏစောင့်..."
ခန့်သျှားမျက်မှောင်ကြုတ်လိုက်သည်။
"ဟ... မင်းကလေးကို အဲ့လောက်မကြပ်နဲ့လေ။ ဒီအရွယ်လွတ်လွတ်လပ်လပ်သွားပါစေပေါ့"
"ရမယ် အားကြီးကြီး... မင်းတူကို သူငယ်နှပ်စားများအောက်မေ့နေလား။ကျောင်းပြေးလိုက်၊ သင်တန်းလစ်လိုက်နဲ့ ဘယ်နှကြိမ်မှန်းမသိဘူး။ မိဘခေါ်တွေ့ခံရတာ... အခု သူ့ပါးပါးက warningပေးထားလို့ သူ့ကို ငါကိုယ်တိုင်အကြိုအပို့လုပ်နေရတာကွ။ မင်းဘယ်လောက်လည်တယ်မှတ်သလဲ။ သင်တန်းဆရာကိုကျ သူ့ပါးပါး အသံတုနဲ့ဖုန်းကဒ်ပါခိုးပြီးခွင့်လှမ်းတိုင်တယ်။ သူ့ပါးပါးကိုကျ ဆရာနေမကောင်းလို့ သင်တန်းပိတ်တာတဲ့လေ...ဒီကောင် နှစ်ပေါက်တစ်ပေါက်ရိုက်တာ လွယ်တယ်မှတ်သလား။"
ခန့်သျှားကျော် တူတော်မောင့်ဥာဏ်ရည်ကိုချီးကျူးမိသည်။ငတောက်ဝဋ်လည်တာပဲ။
"မင်းယောကျာ်းငယ်ငယ်က ဒီထက်တောင်ပိုဆိုးသေး... အဲ့ဒါ သင်းဝဋ်လည်တာ "
"သားပေါင်တို့နဲ့ကွာပါ့ကွာ
အမြွှာနှစ်ကောင်ဆို ကျောင်းကိစ္စပြောစရာကိုမလိုတာ။ ပင်စိမ်းကျလည်း မင်းလုပ်ငန်းတွေပါ ဝင်ဦးစီးနေပြီမလား။ ဒီအမှည့်သီးပဲ တစ်ဆိတ်ရှိပြောနေရတယ်။"
"Eagle မင်းကလေးတွေကို အဲ့လိုမနှိုင်းနဲ့ကွ။ ကလေးဆိုတာ တစ်ယောက်နဲ့တစ်ယောက် Levelမတူဘူး။ ပင်မှည့်သီးမှာလည်း သူ့ Talentနဲ့သူရှိမှာပဲ။ ဒါကိုမင်းက Supportပေးရုံပဲ။မင်းတို့ပိုင်တဲ့ ကျောက်တွင်းတွေမနည်းပါဘူးကွာ။ မင်းသားဒီတစ်သက်မဆင်းရဲပါဘူး။ အချိန်တန်ရင် သူ့ဝါသနာပါရာ သူလုပ်လိမ့်မယ် ဟုတ်ပြီလား။"
စကားတပြောပြောနဲ့ခန့်သျှားတစ်ယောက်Fileတွေ saveပြီးတာနဲ့ ကုတ်အင်္ကျီကိုထယူကာယောက်ဖတော်နဲ့ ထွက်လာခဲ့ရသည်။
"Daddy သားညကျ ငပေါင်တို့အိမ်အိပ်မှာနော်"
ကားထဲဝင်တာနဲ့ ပင်မှည့်ကောင်ဇာတ်လမ်းစတော့ လင်ဖြစ်သူနဲ့သားကြားဗျာများရသော Eagleမှာမနိုင် နိုင်ရာလှမ်းမဲရသည်။
"ဟေ့ကောင် မင်းအကြံမသိဘူးများထင်လား။ ညကျClubခိုးသွားမယ်မကြံနဲ့။ မအိပ်ရဘူး။ မင်းပါးပါးသေချာမှာလိုက်တာ"
စိတ်ဆိုးသွားသည်ထင်၏။ဂိမ်းနှိပ်နေပြီးစကားပြန်မလာတော့ပေ။
ကားနှစ်စီးက ဗဟန်းကခြံရောက်တော့မှရပ်သွားသည်။
အိမ်ထဲဝင်ဝင်ချင်း အထဲက ဒရောသောပါးပြေးလာသော တစ်စုံတစ်ယောက်ကEagleကိုဝင်တိုက်တာမို့ဖမ်းလိုက်ရသည်။
"Wow Wow... ဟေ့ သားပေါင် ဘာဖြစ်လာတာလဲ။မင်းဒယ်ဒယ်ရိုက်လိုက်လို့လား။"
ပင်ပေါင်ကတစ်ခုခုကိုအသည်းအသန်ဖြစ်နေပုံရ၍မေးရသည်။
"ကျွန်တော့်ညီ မက္ကစီကို ကိုသွားတယ်"
လူကြီးနှစ်ယောက် မျက်ခုံးပင့်လိုက်ပေမဲ့ အသက်ပြည့်ပြီးတည်းက သူလုပ်ချင်တာဆို မရရအောင်လုပ်တတ်သော ပင်စိမ်းကောင်၏ တစ်ဇွတ်ထိုးညဥ့်ကို သိနေ၍ နှစ်ယောက်လုံးခပ်အေးအေးအမူအရာသာဖြစ်နေကြသည်။
"ဪ... ဒါပြဿနာမှမဟုတ်ဘဲ
သူအရင်လည်း သွားနေကြဟာ"
"သူ့ခေါ်သွားတာ ကျွန်တော့်ချစ်သူဗျ"
"အမ်... ဒါတော့ shockရှိသွားပြီ။"
Eagleကထိုမျှသာရေရွတ်လိုက်ပေမဲ့ ခန့်သျှားကျော်က ဒေါသထွက်နေသည်။
"ဒီမအေဘေး ငါ့သားကြီး အားမရလို့ သားငယ်ကိုပါကြံရတယ်လို့ တောက်!!!
ငါနဲ့တွေ့မယ်။"
ဖေကအင်္ကျီလက်တွေပါခေါက်တင်ပြီး ကြိမ်းဝါးတော့ ရည်းစားဘက်က ကာပေးရသည်။
"ဟာဗျာ... ဖေနော် သူများဦးကိုအဲ့လိုမစွပ်စွဲနဲ့။ဦးက မတော်တဆလူမှားပြီးခေါ်သွားတာဗျ
အဲ့ဒါကြောင့် ဖေ့ကိုပြောသားပဲ။ Campဝင်တာကို အငယ်ကောင့်အစားထိုးမသွားခိုင်းနဲ့လို့။ဟိုက သားname tagမြင်ပြီး တန်းခေါ်သွားတာ"
"ဒီကောင်ကလည်း သိရက်နဲ့လိုက်သွားတာပဲလား။ ကျစ်..."
"ဦးလာခေါ်တော့အိပ်ချင်မူးတူးဖြစ်နေလို့ မသိလိုက်တာတဲ့။ လေယာဥ်ပေါ်ကဆင်းမှသားဆီဖုန်းဆက်တယ်။"
"ငပေါင်... ငါလည်းလိုက်မယ်။ ပါးပါးခြေချုပ်ထားလို့ဘယ်မှမသွားရတာကြာပြီကွ။ ထီပေါက်တာပဲ..."
"အရေးထဲ မင်းကတစ်မျိုး"
ပင်မှည့်သီးကို ငပေါင်ကမာန်မဲတယ်။
ဒီနှစ်တော့မက္ကစီကို ကို အုပ်စုလိုက်သွားကြဖို့ဖြစ်သွားပြီပေါ့။
အဖြစ်က ပင်ပေါင်နဲ့ ပင်စိမ်းကို ငပွေးရီလန်းကလူမှားခေါ်သွားတာကြောင့်လေ...
သူတို့စကားများနေတုန်း Eagleက တစ်နေရာကိုဖုန်းဆက်နေတယ်။
"မဏီရေ... အဲ... Phoenixရေ..."
ယိုယိုနဲ့ဆော့နေတဲ့ ဇာမဏီက ခန့်သျှားခေါ်သံကြောင့် အာရုံပျက်ဟန်နဲ့ ထွက်လာတယ်။
"ဘာလဲ။ ဟေ့ကောင်"
"မင်းနဲ့ကိုယ်တို့ ခရီးထွက်ရမယ်။ လာ"
"ဖေ လေယာဥ်လက်မှတ်ဖြတ်လို့ရသေးလား။"
ငပေါင့်စကားကို Eagleကပြန်ဖြေတယ်။
"ငပေါင် ဖြတ်မနေနဲ့။မမှီဘူး။ကြာတယ်။ ဦးငယ် စီစဥ်ထားတယ်။ ဟော...ရောက်ပြီ။"
ပတ်ဝန်းကျင်တစ်ခုလုံးတုန်ဆင်းလာပြီး မြေကြီးတွေပါလှုပ်လာတယ်။ တိုက်ကအုတ်မြစ်ကြွသံတွေတောင်ကြားနေရတော့ ငလျင်များလားဆိုပြီး လန့်ဖျပ်ကာခန့်သျှားမှာ သားနဲ့ယောကျာ်းကို ပွေ့ဖက်ထားလိုက်ရတယ်။
ထိုသို့ဝုန်းဒိုင်းဆန်စေတဲ့တရားခံကတော့ ကောင်းကင်ကလာလေတယ်။
လေယာဥ်တစ်စင်းက ဗဟန်းရှိ သူတို့ခြံဝန်းကျယ်ထဲဆင်းသက်တယ်။
တဒက်ဒက်နဲ့ အသံကျယ်ကြောင့် ဇာမဏီတောင်ခေါင်းကိုက်ရတယ်။
"ကဲ... ငါတို့အဘိုးလက်ထက်ကစီးတော်ယာဥ်ကြီးပဲ။ကောင်းသေးတယ်။ တက်..."
ပင်ပေါင်ကတော့ပြောစရာမလိုပေ။ Private Jetပေါ် ဖအေတွေတောင်မစောင့်ဘဲ လှစ်ခနဲပြေးတက်သွားတယ်။
လေယာဥ်ပေါ်မတက်ခင်ခရီးကကြာတော့ Decemberထဲလည်းဖြစ်တာမို့ဇာမဏီချမ်းနေမှာစိုးလို့ခန့်သျှားဝတ်ထားတဲ့ကုတ်အင်္ကျီကိုခြုံပေးလိုက်သည်။အမျိုးသားဖြစ်သူကမနှစ်မြို့စွာ ဖယ်ထုတ်ပစ်လေတယ်။သူစိမ်းယောကျာ်းကသူ့ကိုယ်ပေါ်ပိုင်စိုးပိုင်နင်းလုပ်လို့လည်းဒေါသအကြည့်နဲ့ကြည့်တယ်။
"မင်းက ဘာအခွင့်နဲ့ ငါ့ကိုထိရဲတာလဲ။"
E-bayကဝယ်တဲ့ ဒေါ်လာသိန်းချီတန်ကုတ်အင်္ကျီရှည်ကြီးကမြေကြီးပေါ်ကျသွားတယ်။
ဟုတ်သားပဲ။သူ့ယောကျာ်းအသိစိတ်က အခု သူ့ကိုယ်သူလူပျိုလို့ထင်နေသေးတာ...
"ဖေ ပြန်ကောက်ခြုံပေးပြီးတက်လာတော့လေ
နောက်ကျနေပြီ။မြန်မြန်လုပ်ပါဗျ
သားရင်ပူနေပြီ။"
"ဖုန်ပေနေတဲ့ အင်္ကျီ ငါ့ယောကျာ်းပြန်ဝတ်ပေးစရာလား။ "
ဒေါ်လာသိန်းချီ လေလံဆွဲဝယ်ရတဲ့ Limited Brandကကောက်မယ့်သူမရှိလို့ မြေကြီးပေါ်မှာဖုန်အလိမ်းလိမ်းနဲ့သနားစရာ...
ကြာကြာစိတ်မရှည်တဲ့သူ့ယောက်ဖက သူ့အစ်ကို ကိုယ်ပေါ် သူ့ကုတ်ခြုံပေးပြီးခန့်သျှားနဲ့အတူ လေယာဥ်ပေါ် ချုပ်တင်တယ်။ ယောကျာ်းနှစ်ယောက်အားမို့ ဇာမဏီရှုံးသွားရတယ်။
"ဟာ... Eagle မင်းမလိုက်ဘူးလား။"
"ငါ့ယောကျာ်းတစ်ယောက်တည်းကျန်ခဲ့မှာ ငါက လိုက်စရာလား။ ကိုယ့်ဟာကိုယ်သွားကြ"
Eagleစကားမဆုံးခင် သူ့သားငပွေးက ဖအေကိုကျော်ပြီး လေယာဥ်ပေါ်ပြေးတက်ကာ တံခါးပိတ်ပစ်လိုက်တယ်။
"ဟာ... ဟေ့ကောင် ပြန်ဆင်း...
မင်းနဲ့မဆိုင်ဘူးလေ"
"တာ့တာ... Daddy
ပါးပါးကို Daddyပဲကြည့်ပြောလိုက်တော့"
လေယာဥ်ကအပေါ်ပျံတက်နေပြီမို့ Eagle တားမရတော့ပေ။
"ခွေးသူတောင်းစားလေး...
မင်းပါးပါးက သူ့သားမပါရင် ငါ့သတ်မှာကွ"
Eagleတစ်ယောက် မကျေမချမ်းနဲ့ကျန်ခဲ့ရပြန်သည်။
Private Jetလေးကတော့ အမေရိကားတိုက် မြောက်ပိုင်းကိုဦးတည်လျက်...
***************************
တစ်ဖက်မှာတော့ အစ်ကိုလုပ်သူနဲ့ မှား အမ ခံလာရတဲ့ ပင်စိမ်းကောင်က ဒေါပွပြီးရှိသမျှလူမဲနေသည်။Camping ထွက်ပြီးပြီးချင်း ကားပေါ်အိပ်ပျော်သွားလို့ ကိုယ့်ဟာကိုယ်ဘာဖြစ်သွားမှန်းမသိလိုက်ဘဲ နိုင်ငံရပ်ခြားရောက်သွားရသည်။ချီးညီအစ်ကိုတွေ... ကောင်းကျိုးကိုမပေးဘူး။
"ငပေါင်ကဘာတဲ့လဲ။ ဘဲကြီး".
ဒီကောင်လေး လူကြီးကို ရိုင်းချက်...
ရီလန်း ယောက်ဖတော်ရမည့်သူမို့စိတ်လျှော့လိုက်ရပြန်သည်။
"အခုလမ်းမှာလာနေပြီတဲ့။ မင်းအဖေနှစ်ယောက်ပါ ပါတယ်ပြောတယ်။ Private Jetနဲ့မို့ မြန်မှာပါ။"
"Shit...စောက်ကျိုးနည်းတယ်။ အလကားနေ အလကား ယောကျာ်း ရတော့မလို့ ကံကောင်းတယ်။ ခင်ဗျားဟာလေ ဒုက္ခိတပျားတုပ် သိလား။ စောက်တလွဲ Proposeနဲ့ ရပါလိမ့်မယ် ယောကျာ်း...
ကိုယ့်လူတောင် ကိုယ်မခွဲတတ်ဘူး။ ဘာချစ်တာလဲ။ ဘောကိုချစ်တာလား။"
"ဟေ့ ဟေ့... မစွပ်စွဲနဲ့။ ကိုယ်က မင်းအပေါ်ဖြူစင်တယ်။ မင်းအစ်ကိုအစားမင်းက ဘာလို့ Campingထွက်လဲ။ ကိုယ်မှားခေါ်တာအပြစ်လား။ မင်းကုလားသေကုလားမော Express carပေါ်မှာ အိပ်ပျော်နေလို့ စေတနာနဲ့ မင်းကိုယ်ကြီး ထမ်းလာရတာလည်းအားနာဦး။ လူကိုဘာများမှတ်လဲ။"
ပင်စိမ်း အမြင်ကတ်ကတ်နဲ့ အဘိုးကြီးကို မကျေမချမ်း လက်ခလယ်ထောင်ပြလိုက်တယ်။
"တော်တော်သနားစရာပါလား။ စောက်ကျိုးနည်း ချစ်တတ်တဲ့ ဘဲကြီး... ကျုပ်အစ်ကို နဲ့ ကျုပ် ရုပ်တူလို့ မခွဲတတ်လည်း ရှက်မနေနဲ့။ မသိရင် မေး...
ချီးလို တစ်ဇွတ်ထိုးထပ်လုပ်ရင် ကျုပ်လက်သီးက ခင်ဗျားပါး ဝဲမယ်။ ကျုပ်အနားကဝေးဝေးနေ..."
"ကိုယ့်အသည်းက လူရွေးတယ်။ မင်းစိတ်ပူမနေနဲ့။ မင်းကိုစိတ်ထဲမရှိဘူး။ဟုတ်ပြီလား။"
"ချီးပဲ ဘဲကြီး အခုတော့ခင်ဗျားကြောင့်အားလုံးရှုပ်ကုန်ပြီလေ။Double fuckပဲ။ ရှိသမျှလက်ခလယ်အကုန်ယူဗျာ။ လမ်းသွားရင်ဖိနပ်ပေါက်ပါစေ အိပ်နေရင်း ဘီလူးစီးပါစေ ကျုပ်အစ်ကိုfuckခံပြီးရှောပါစေဗျာ..."
ကလေးမို့ အလျှော့ပေးတာကိုတအားရိုင်းလာပြီမို့ ရီလန်းသည်းမခံနိုင်တော့ပေ။
"ဟေ့ကောင်!!! မင်းလွန်လာပြီ"
"လွန်တယ်ဟုတ်လား ဘယ်သူကစလွန်တာလဲ
သူများသားလူပျိုနုနုထွတ်ထွတ်လေးကိုမေ့ဆေးအုပ်ပြီး လေယာဥ်ပေါ်တင်တာ ကရောမလွန်ဘူးလား။ကိုယ့်ဘဲတောင်ကိုယ်မသိတာ အံ့ပါ့။ မတော်လို့ ကျုပ်ရေတိမ်နစ်သွားရင်ဘယ့်နှယ့်လုပ်မလဲ။ဒါ ပြစ်မှုမြောက်တယ်နော်... ကျုပ်အစ်ကိုကခွင့်လွှတ်လည်းကျုပ်ကခွင့်မလွှတ်ဘူး။ ဘောပဲ ဘဲကြီး..."
"ဟေ့ကောင် ငါလည်းလူပျိုပါကွ
မင်းပြောမှပဲ ငါ့သိက္ခါလည်း တစ်ပြားမှမရှိတော့ဘူး။ ခွေးစားသွားပြီ ကျစ်..."
ပင်စိမ်းသီးက ခနဲ့တဲ့တဲ့ နဲ့ အရယ်တစ်ဝက်နှောကာပြန်ပက်တယ်။
"ဘာလူပျိုလဲ။ယရစ်နဲ့ ပြိုတာလား။ လူကဖြင့် ကျုပ်အစ်ကိုကြောင့်မျက်တွင်းချောင်နေပြီးများ ပျိုချင်သေးတယ်။ပင်စိမ်းသီးတို့ကဟားတိုက်ပြီးတော့တောင်ရယ်ပစ်လိုက်ဦးမယ်။ သဘောပေါက်"
ရီလန်း အရွေးမှန်သွားတာပဲတော်သေးသည်။ဒီကောင့်သာကြိုက်မိရင် သူ့ဘဝဟာမတွေးရဲစရာပါ။ လေတစ်လုံးမိုးတစ်လုံးအပြောမှာ နစ်သေသွားလောက်သည်။
'အဆဲတလိုင်း ငရိုင်းကိုမှ မှားပြီး surpriseတိုက်ဖို့မေ့ဆေးအုပ်ခေါ်လာမိရလား ချုံးရီလန်းရဲ့' လို့သာ ကိုယ့်ကိုယ်ကိုယ် မေတ္တာပို့မိတော့သည်။
》¤》¤》¤》¤》¤》¤》¤》¤
လေယာဥ်ပေါ် မှာနာရီ ၂၀လောက်ဖြတ်သန်းရမှာမို့ခရီးကကြာ၍ နှစ်နပ်စာ စားဖို့ ထည့်ပေးလိုက်တာတွေကိုမောင်ကပြင်ကျွေးတယ်။
"မဏီ... အဲ Phoenix
အဆာပြေတစ်ခုခုစားလိုက်ဦး။ ရောက်ဖို့လိုဦးမှာ"
ပင်ပေါင်ကတော့ ရည်းစားဇောနဲ့ မစားနိုင်ပါ။ ဖအေနှစ်ယောက် ငယ်မူပြန်တာ ပြန်ကြည့်နေရသည်။
"မင်းလက်ဖယ်စမ်း...
မင်းကိုငါဘယ်နှခါပြောရမလဲ။ ငါ့ကို အဲ့လိုတွေမလုပ်ပါနဲ့လို့။ ငါကယောကျာ်းစစ်စစ်ကွ..."
"ကိုယ်လည်းယောကျာ်းစစ်စစ်ပါပဲ။ရေမရောဘူး။"
အဟွတ်...
အကူထည့်ပေးလိုက်တဲ့ချုံးကတီးတွေဆီက ရယ်သံထွက်လာတော့ ဇာမဏီပိုစိတ်ရှုပ်လာရတယ်။
"မင်းစစ်တာမစစ်တာငါမသိချင်ဘူး။ငါ့ကို ဘုမသိ၊ ဘမသိ ခေါ်လာတည်းကကျေနပ်တာမဟုတ်ဘူးနော်။ ဟိုကောင်လေး ဘီယာတစ်ဘူးဖောက်ပေးစမ်း"
ပုံမှန်စိတ်မရှိတဲ့အခါမျိုးမို့ သူဖူးဖူးမှုတ်သောသားကြီးပေါင်ကို ဂိုဏ်းတပည့်အသစ်ထင်ပြီး ပြောချင်ရာပြောသည်။
"ငါတို့အခု ဘယ်သွားနေတာလဲ။ ငါ့ကိုအဲ့ဒါတော့ပြောပြ... မဟုတ်ရင် ဒီသံစက မင်းလည်ပင်းထဲရောက်သွားမယ်။"
ကြိမ်းဝါးချက်၊ ကြမ်းတမ်းချက်က သူတို့မယူခင်က ခေါင်းဆောင်ကြီးကိုပြန်မြင်နေရသည်။
"ဘီယာဘူးနဲ့လူသတ်တာခုမှပဲကြားဖူးတယ် ဟားဟား... ကဲပါ ကိုယ်ပြောပြမယ်။အခု ကိုယ်တို့က မက္ကစီကိုက Red hill Houseကိုသွားနေတာ
မင်းသူငယ်ချင်းက မင်းရဲ့သားကို လူမှားပြီးခိုးပြေးသွားလို့။ ကိုယ်တို့သွားပြန်ခေါ်ရမှာ... ဒါကသူ့ရည်းစားအစစ် မင်းသားကြီး ပင်ပေါင်... မှတ်မိပြီလား။"
"မဖြစ်နိုင်တာ... မဟုတ်ဘူး။ ငါ့ကိုမလိမ်နဲ့။ငါ့အသက်၂၀ပဲရှိသေးတာ... ချီးမို့ ဒီကလေးတွေ ထွက်လာရမှာလား။ လူလိမ်ကောင်"
ဝေဟင်ပေါ်ရောက်တာတောင် သောင်းကျန်းနေသေးသော ဇာမဏီကြောင့် သားအဖနှစ်ယောက် ထပ်ချုပ်ရပြန်သည်။
မောင့်ရဲ့စကားသံတွေကလည်းတတွတ်တွတ်နှင့်
သားပေါင်ကလည်း သူတို့အခြေအနေကိုလက်ခံနိုင်အောင်ပြန်ပြောပြနေသည်။
"ငါ့သူငယ်ချင်းနဲ့ငါ့သားကို ငါက ခွင့်ပြုပေးခဲ့တယ်တဲ့လား။ ဗလောင်းဗလဲစကားတွေ လာမပြောနဲ့။ ငါမယုံဘူးကွ..."
"သား... မင်းအလှည့်ပဲ။ ပြောမရရင် ဆေးပဲတိုက်သိပ်လိုက်တော့..."
ဇာမဏီ့ရှေ့ရောက်လာပြီး သူ့ကိုဖက်တွယ်လိုက်တဲ့ကောင်လေးက သနားစရာ...
သူကဘာလို့အဲ့ကောင်လေးကိုမြင်ပြီးဝမ်းနည်းနေရတာလဲ။သူ့ရင်ထဲမှာတင်းကျပ်ကျပ်ကြီး...
ပင်မှည့်သီးကတော့ Pilotနားမှာ အကူလုပ်ရင်းမွှေနေလို့ သူတို့ကိစ္စဝင်မပါဘဲ အပူငြိမ်းနေသည်။
ပင်ပေါင် ဦးကိုစခေါ်လာသောနေ့ကိုပြန်ပြောပြလေသည်။ ဒယ်ဒယ်က သူ့မိသားစုဘဝကို ပြန်အမှတ်ရစေဖို့မျှော်လင့်သည့်အနေဖြင့်သာ...
"မောင် ရှူဆေးလေးရှူလိုက်ပါဦး။"
သားခေါ်လာတဲ့ Boyfriend ကိုမြင်ပြီးမောင်လန့်ကာထိုင်သောင်းကျန်း၍ မနည်းနှာနှပ်ရသည်။ အခုတော့ သူငယ်ချင်းဟောင်း ချုံးရီလန်းက ရှေ့မှာ... သားဖြစ်သူက ဖအေရှေ့တောင် သူ့ဦးလက်ကိုကိုင်ထားတာမလွှတ်ပေ။
"သားကသူ့ကိုတာဝန်ယူရမဲ့ကိစ္စလုပ်ခဲ့တာပါဆို...
ဖေက ဘာလို့ ခွင့်မပြုချင်တာလဲ။သားတို့ တွဲဖို့ပဲပြောတာပါ။ချစ်သူဖြစ်ဖို့တောင် ဖေတို့ခွင့်ပြုချက်ရမှ ဦးကလက်ခံမယ်ဆိုလို့ သားကခွင့်တောင်းတာ"
ဇာမဏီသက်ပြင်းချလိုက်သည်။
"သားက သူ့ကိုတစ်ဘဝစာတွေးတာလား။ တစ်ခဏတာလား။"
ရီလန်းကိုအားနာပေမဲ့သူသေချာမေးရမည်။ကလေးကအသက်ပြည့်သေးတာမဟုတ်ပေ။
"သားအတွက်တော့ အခုရောနောင်တစ်ချိန်ပါ ဦးပဲရှိစေရမယ်။ သားတခြားသူတွေနဲ့တွဲဖို့စဥ်းစားလို့ကိုမရဘူး။ဒယ်... သားအတွက် အတည်တကျ တစ်ယောက်ယောက်ကိုတွေ့သွားတာလည်း ဒယ်ဝမ်းသာသင့်တယ်မလား။ သားက ဦးဘာပဲဖြစ်ခဲ့ ဖြစ်ခဲ့ လက်ခံပေးနိုင်တာမို့ပါ။"
ဇာမဏီနဲ့မောင်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးသားကို ပထုတ်လိုက်ကြသည်။ပင်ပေါင် မသွားချင် သွားချင်ဖြင့် ဦးကိုထားပြီး တစ်နေရာက ချောင်းနားထောင်နေလိုက်သည်။Privacyမရှိတာပေမဲ့ ဒီကိစ္စက သူ့လူနဲ့ ပတ်သက်နေတာလေ...
"ရီလန်း..."
ဇာမဏီ့အသံကြောင့် ထကြည့်လာပေမဲ့ ချုံးရီလန်းမျက်နှာမှာ အားငယ်မှုတချို့ပါနေသည်။ အသက်ကွာလွန်းသည့် ဆက်ဆံရေးတွေကရေရှည်အဆင်ပြေပါ့မလားသူမသိပေ။အခုအခိုက်အတန့်လေးမှာတော့ ကလေးကိုသူချစ်သည်။
"မင်း...ငါတို့ကိုလက်စားချေမလို့ သားပေါင်ကိုတမင်သိမ်းသွင်းတာလား။"
မောင်က သားဇောနဲ့ စွတ်ပြောတော့ ဇာမဏီပြန်အားနာရသည်။ရီလန်းစိတ်ကိုသူသိသည်။ထိုကဲ့သို့သောလူမျိုးမဟုတ်ပေ။
"ငါက ဒီအသက်အရွယ်မှ ဒုတိယအကြိမ်ထပ်ချစ်မိသွားခဲ့တယ်။အဲ့လူက မင်းသားဖြစ်နေရုံလေးပဲ။ကျန်တာဘာအကန့်မှမရှိဘူး။မင်းတို့သဘောမတူလောက်တာ ငါရိပ်မိတယ်။နားလည်ပါတယ်။ ဒါကြောင့်လည်း ငါ့ဘက်က စပြီးကလေးကိုဖွင့်မပြောခဲ့တာ... သူ့အနားမှာအရိပ်လိုနေနေပေးရာက ခုလိုဖြစ်ကြတာပဲ။မင်းတို့မကြိုက်ရင် ငါထွက်သွားပေးမယ်။"
ပင်ပေါင် ဦးဆီသွားဖို့မတ်ခနဲဖြစ်သွား၍ ညီလုပ်သူကအတင်းတားထားရသည်။
"မင်းက ဖေတို့ကိုမယုံတာလား။ ခဏလောက်စောင့်ကြည့်ပါဦးကွ"
ဦးက သူ့အဖေရှေ့မှာဒူးပါထောက်မတတ်ဖြစ်နေတော့ သူ့ကိုယ်သူ ချစ်သူတောင်မကာကွယ်ပေးနိုင်တဲ့ အစွမ်းအစမရှိတဲ့ယောကျာ်းလို့ထင်မိသွားသည်။
"ရီလန်း ထပါကွာ... မောင့်အစားငါတောင်းပန်ပါတယ်။ ဘယ်သူမှမယုံရင်တောင်ငါတော့ မင်းစိတ်ကိုသိတယ်။ ငါ့သားကို စောင့်ရှောက်နိုင်လား။ တစ်ဘဝလုံးလေ..."
"မင်းက ငါ့ကိုဘာထင်လဲ။ ငါကအနည်းဆုံးတော့ ကိုယ့်နှလုံးသားကိုယ်ကာကွယ်နိုင်တဲ့ကောင်ပါကွ"
ဤသို့ဖြင့် သားအဖနှစ်ယောက်က အလိုရှိနေတော့ နှစ်မဲတစ်မဲဖြင့်မောင်ရှုံးသွားသည်။ အတော်လေးကြာမှ မောင်ကိုယ်တိုင်လည်းကြည်ဖြူလာလေသည်။
ဒီနေရာမှာ ပင်စိမ်းရဲ့အခန်းကဏ္ဍကသိပ်စိတ်ဝင်စားဖို့ကောင်းသည်။
"ငါ Gayတွေမကြိုက်ဘူးတဲ့လေ..."
ပင်ပေါင် ချုံးရီလန်းကို အိမ်စခေါ်လာတော့ သူ့အစ်ကိုနဲ့နှစ်ကိုယ်သားဆွေးနွေးတဲ့စကား...
ဇာမဏီ မအံ့ဩမိပါ။ ယောကျာ်းနှစ်ယောက်က မွေးတဲ့ကလေးတိုင်း ယောကျာ်းချင်းပဲကြိုက်ကြမယ်ဆိုတာဘယ်ရှိပါ့မလဲ။သူတို့ကစည်းစိမ်ချမ်းသာကြောင့်သားသမီးကို မတောင့်မတ ထားနိုင်ပေမဲ့ လူ့ပါးစပ်ပေါက်အပြောကတော့လွတ်ခဲ့မည်မထင်ပေ။သားငယ်က တစ်ခုတော့ကောင်းသည်။သူကိုယ်တိုင်က Straightပေမဲ့လို့ ဖအေတွေ အခုလိုနေတာကို ရွံရှာသည် တစ်ခါမှမပြောပေ။ သူ့ကိုယ်သူလည်းယောကျာ်းနှစ်ယောက်ရဲ့သားမို့လို့ ဝမ်းနည်းသည်ဟုမထင်မိပါတဲ့။ သူGayတွေကိုမမုန်းပါ။မကြိုက်တာပဲရှိသည်ဟု သူ့အစ်ကိုကိုရင်ဖွင့်လေသည်။
"သားငယ်... ကျေးဇူးတင်ပါတယ်။"
ညီအစ်ကိုနှစ်ယောက် ဆွေးနွေးသည့်ဆီသူသွားကာ သားတွေအားရင်ခွင်ထဲဆွဲသွင်းလိုက်ပါသည်။
ပေးနိုင်တာဟာ စည်းစိမ်နဲ့ မေတ္တာပဲမို့ မပြည့်လျှံတောင် လုံလောက်စေချင်ပါသည်။
"သား မက္ကစီကို ကိုမသွားခင် ဒယ်က သားကိုမေးခဲ့သေးတယ်။"
မောင်က သူ့သားပြောတာကို ဝင်မပါဘဲ ထိုင်သာကြည့်နေသည်။ ဇာမဏီရောထွေးနေသောမှတ်ဥာဏ်တွေထဲမှပုံရိပ်တချို့ကိုရရာဖမ်းဆုပ်နေမိသည်။
"သားက သူ့ဆီလိုက်သွားမှာဆိုတော့ ဟိုမှာ တစ်ခါတည်းလက်ထပ်မလို့လား။သားလည်း၁၈နှစ်ပြည့်ပြီဆိုတော့..."
ဇာမဏီနဲ့ မောင် နှစ်ယောက် သားပေါင်နဲ့ဆွေးနွေးမိသည်။လက်ထပ်ချင်တယ်ဆိုလည်း ဘာအရေးလဲ။ ကလေးတွေပျော်ရွှင်မှုကို ကိုယ်တွေကတားခွင့်မှမရှိတာပဲ။
"သားတို့လက်မထပ်ပါဘူး ဒယ်"
"ဘယ်လို!!!"
မောင်ရော သူပါ အံ့ဩသွားရသည်။ သူ့သားကဘာကြောင့်များလဲ။
"သားက ဘာဖြစ်လို့လက်မထပ်ချင်တာလဲ။ ဒယ့်ကြောင့်လား။ဒယ်ကကိစ္စမရှိဘူးနော် သား ရတယ် သားလက်ထပ်ချင်တယ်ဆို ဒယ့်ကိုငဲ့စရာမလိုဘူး။ သားကြိုက်တဲ့သူကိုသားယူခွင့်ရှိတယ်။ဒယ်တို့က သားနဲ့အမြဲမနေပေးနိုင်ဘူး။ ဒယ်တို့လည်းအသက်ကြီးလာမှာပဲ။အဲ့ခါကျ သားအနားမှာ ဆိုးတူကောင်းဖက် လက်တွဲဖော်လိုတယ်။ သား... ဘာလို့များခေါင်းမာတာလဲ သားရယ်"
"ဒါက သားရော ဦးရော နှစ်ယောက်လုံးတိုင်ပင်ထားတာပါ။ သားတို့အချစ်ကိုသက်သေပြဖို့မဖြစ်မနေလက်ထပ်စရာမလိုပါဘူး။ ဒယ်ရယ် စာချုပ်တစ်ခုက လူနှစ်ယောက် အချစ်လောက်အရေးကြီးလို့လား။သားတို့ရင်ထဲမှာသစ္စာတရားကတည်ပြီးသားပဲ။လက်ထပ်ရမှ တစ်ယောက်ကိုတစ်ယောက်ပိုင်တာမဟုတ်ပါဘူး။ ဒီအတိုင်းအတူရှိနေရလည်း ဦးကို သားပိုင်နေတာပါပဲ။"
သားဟာ ဇာမဏီ့ထက်လူကြီးဆန်လွန်းသည်။ဇာမဏီ့တုန်းကဘယ်သူနဲ့မှမတိုင်ပင်ပါဘဲမောင့်ကို ကိုယ့်သဘောနဲ့ကိုယ်လက်ထပ်ခဲ့တာဖြစ်သည်။
"မောင် သားက ရင့်ကျက်လွန်းတယ်နော်"
"ကိုယ်နဲ့တူလို့လေ"
"မင်း... သေချင်လို့"
"တကယ်ပြောတာ မဏီရဲ့
တစ်နေ့ကျရင်မောင်ရောမဏီရော အဘိုးကြီးတွေဖြစ်လို့ သားတွေလည်းသူ့လမ်းသူလျှောက်ကြမှာပဲ။အဲ့ခါကျ မဏီ့နားမှာ မောင်ပဲရှိမှာဖြစ်သလို သားပေါင်နားမှာလည်း ရီလန်းရှိစေချင်တယ်။"
"ငါတို့နှစ်ယောက်ဘယ်တော့မှမခွဲဘူး။ မောင်
ကလေးတွေနေချင်သလို နေခွင့်ပေးပြီး မျောက်နှစ်ကောင်ကိုပထုတ်မယ် ငါတို့ချည်းပဲခရီးတွေထွက်ကြရအောင် မင်းအတွက် သေချာအချိန်ပေးချင်တယ် ငါ့ရဲ့ အိမ်ကြီးရှင်လေး ..."
》》》
ဒါတွေ သူပြောခဲ့တာလား။အဲ့စကားတွေအားလုံးလေ... သူဘာလို့မေ့သွားရတာလဲ။ ဒီနွေးထွေးတဲ့မိသားစုလေးကို သူ့ရဲ့စောက်သုံးမကျတဲ့ဦးနှောက်က ဘာလို့မေ့ဖျောက်ပစ်ရတာလဲ။
"ဒယ်..."
"မဏီ..."
ငြိမ်ကျသွားတဲ့သူတစ်ဦးအား သားအဖနှစ်ယောက် ထိတ်လန့်တကြားခေါ်မိလေသည်။
》》》》》》》》》》》》》
တောင်ကုန်းနီပေါ်မှာဆောက်ထားတဲ့အိမ်ကြီးက လျှို့ဝှက်လွန်းတယ်။ ကျောက်လှေကားထစ်တွေနဲ့ ကိုယ်ပိုင်လေယာဥ်ကွင်းကလည်းကျယ်ကျယ်ပြန့်ပြန့်ရှိသလို မတ်စောက်တဲ့တောင်ထိပ်မှာ အိမ်တည်တော့ ပိုင်ရှင်ကလည်း ကြီးကျယ်မယ်လို့ ယူဆရတယ်။
"မင်းမေ့သွားမယ်ဆိုရင်လည်း
ဘာကြောင့်များ ကိုယ့်ကို
စောက်ရမ်းချစ်ပေးခဲ့သလဲ"
၁၈နှစ်အရွယ်တည်းကစချစ်ခဲ့ရတဲ့ကောင်လေး...
ဖူးစာပါမယ်လို့မထင်ခဲ့လို့ မင်းနဲ့မတွေ့ရသေးခင်မှာ ကိုယ့်ကိုယ်ကိုယ်သန့်ရှင်းအောင်မနေထိုင်ခဲ့မိဘူး။ တကယ်လို့များ ကိုယ်သာကြိုသိခဲ့ရင် မင်းအတွက်သီးသန့်ထားပေးခဲ့မှာပါ။အချိန်တွေဟာ ပြန်နောက်ဆုတ်လို့မရတဲ့ မုန်းတီးစရာလောကတစ်ခုဆိုတာမမှားဘူး။ကိုယ်သာတန်ခိုးရှင်ဖြစ်ခဲ့ရင် မင်းကို ဒီကမ္ဘာမှာ အပျော်ရွှင်ရဆုံးသူဖြစ်ဖို့စွမ်းဆောင်ပေးမိလိမ့်မယ်။
ချုံးရီလန်းရဲ့အိမ်မှာဈေးဦးဖောက်ဝင်ရောက်လာပြီး Private Jetပေါ်ကဆင်းဆင်းချင်း လူကိုဆွဲမထိုးရုံတမယ် ဆရာဝန်ရှာခိုင်းတဲ့ ငခန့်က အခုကျတော့လည်းသနားစရာ...
နာရီပေါင်းများစွာအိပ်မောကျနေတဲ့သူ့ယောကျာ်းကိုကြည့်ပြီးစကားတွေပြောနေရှာတယ်။
"ဦး... ခင်ဗျားကို အပြစ်ပေးချင်နေတာ သိတယ်နော်။ ဒယ်နေကောင်းရင်တွေ့မယ်။ "
ရေပတ်ဝတ်တွေသယ်လာရင်း ငပေါင်ကခြိမ်းခြောက်တော့ ကလေးမုန့်ပေးကြိုက်တဲ့ ရီလန်းမှာ နောက်ကချော့ရပြန်သည်။
"ကိုယ်မှားတာပါ။ Baby ကျေနပ်တာလုပ်
ဟုတ်ပြီလား။ ကိုယ်က Babyကို Surpriseလုပ်ဖို့ ပဲစိတ်အားထက်သန်နေတော့ လောသွားခဲ့တာ
December 24တောင်ရောက်နေပြီလေ။Christmas Eveကိုစိတ်မဆိုးပါနဲ့။ Babyရဲ့"
"ဗျာ...24လား ဟာ ဒါဆို ဒယ့်မွေးနေ့ပဲ။
ဖေရေ... ဒီနေ့က...အု...ခင်ဗျား...လွှတ်စမ်း"
အလိုက်မသိသော ကလေးစုတ်က ဖအေနှစ်ယောက်ဘာဖြစ်လဲ မသိဘဲ သွားနှောင့်ယှက်မည်စိုး၍ မြေအောက်ရုပ်ရှင်ရုံဆောက်ထားသည့်ဆီ ဓါတ်လှေကားနဲ့ ဆင်းသွားလိုက်သည်။
"Baby အတွက် Surprise
ကြိုက်တယ်မလား။"
"လျှို့ဝှက်လိုက်တာ... ဒါတွေလုပ်နေတာတောင်ကျွန်တော်မသိဘူး။"
"ဒီနေရာကဗုံးခိုကျင်းလို့တောင်ပြောလို့ရတယ်။
လေဒဏ် မိုးဒဏ်မပြောနဲ့။ အမြောက်စာတောင်ခံနိုင်တယ်။ကိုယ့်စိတ်ကြိုက် Architectကိုရွေးထားတာ။ကိုယ်က Babyကို Present ပေးတာလေ Christmas Presentပေါ့။"
အခန်းအားခရမ်းရောင်နဲ့ အနီရောင်ကိုများများသုံးထားပြီးရုပ်ရှင်ကြည့်ဖို့ ခုံတွေက အစ Latherအကောင်းစားအပြင် ကျားရေပါ သုံးထား၍ အတော်ပိုက်ဆံဖြုန်းတဲ့လူလို့တွေးလိုက်မိသည်။
"ဒါတွေ ဦး ဘယ်တည်းက ပြင်ထားတာလဲ။"
"အင်း... ကလေးနဲ့ တရားဝင်စတွဲတည်းက ဆောက်ထားတာ... ပြင်ရင်း ပြင်ရင်း စိတ်တိုင်းမကျလို့လေ... အခုမှခေါ်လာမိတာ
ဒါနဲ့ ပိုင်ရှင်ကကိုယ်မဟုတ်ဘူးနော်"
ပင်ပေါင်မျက်မှောင်ကြုတ်သွားသည်။
"ဒါဆို ဘယ်သူလဲ။"
"ဒီအိမ်ပိုင်ရှင်ကို သိချင်ရင် ရှေ့ကိုကြည့်လိုက်"
သုံးမြှောင့်ဖန်တုံးပုံစံတြိဂံကားချပ်နှင့် အခန်းကျယ်ကြီးထဲက မှန်တွေပတ်ပတ်လည်မှာ ပင်ပေါင့်ပုံသာတွေ့ရသည်။
သူ့ချစ်သူက သူ့ကို အိမ်ဆောက်ပေးတာပဲ။
"ကျွန်တော်က ဒါတွေမက်တယ်ထင်လား။"
"ပေးတဲ့သူစိတ်ချမ်းသာအောင်တော့ မက်သင့်ပါတယ်။ "
မျက်စောင်းတစ်ချက်ကျရောက်သွားပေမဲ့ ထိုကလေးသဘောကျသွားမှန်းသူသိပါသည်။
Oh... အချစ်က ရင်ခုန်ရသား...
"လာပါ အချစ်ကားကြည့်ကြတာပေါ့။ စိတ်ကောက်ပြေ..."
"အချစ်ကားကြည့်ရတာပျင်းပါတယ်။ကိုယ်တိုင်ပဲရိုက်ကြမယ်လေ"
ချုံးရီလန်းတို့ကိုယ့်ဒုက္ခကိုယ်ရှာတာပါပင်...
》》》》》》》》》》》》》》
"ငါ့ကိုစိတ်မကုန်ဘူးလား။ခန့်သျှားကျော်"
ပြန်သတိရလာပြီးနောက်ပိုင်းစပြောသောစကား...
"ဘာကိစ္စကုန်ရမလဲ။ မင်းအပေါ်မှာစိတ်အမြဲအပြည့်ရှိနေတာ...မယုံစမ်းကြည့်"
ပြုံးပြုံးလေးပြောသူ၏ခေါင်းကို ခပ်ဖွဖွပုတ်လိုက်မိသည်။
"ငါတို့ ဟိုတယ်မှာတည်းကြရအောင်
ရီလန်းအိမ်က သားပေါင်နဲ့ပဲဆိုင်တာ ငါတို့ပါတက်မနေချင်ဘူး။"
"အိုကေ... ကိုယ့်မိတ်ဆွေတွေဆီ လှမ်းဆက်ထားလိုက်မယ်။ booking ကြိုလုပ်တာပေါ့။မဏီရွေး... ဘယ်မှာတည်းမလဲ။"
Cancunရဲ့ Top 12 Hotel lists တွေကိုမြင်ပေမဲ့ဝေဝါးတဲ့မှတ်ဥာဏ်ကြောင့် တွေ့ကရာတစ်ခုကိုသာထောက်ပြလိုက်သည်။ မက္ကစီကိုက ၂၀လောက်တည်းက ကမ္ဘာပတ်မှောင်ခိုလုပ်ရင်း လှည့်လည်နေကျပေမဲ့ အခုတော့ ခေါင်းထဲမှာဗလာနတ္ထိ...
"အင်း...အတော်ပဲ။အဲ့ ဟိုတယ်က တစ်ခါကိုယ့်ကိုဖိတ်ထားဖူးတယ်။ အခုနေသွားရင် Freeတောင်တည်းခွင့်ပေးမှာ...
ကိုယ်ဖုန်းဆက်လိုက်ဦးမယ်။ခဏစောင့်"
ဟိုတယ်လုပ်ငန်းစုချင်း လိမ်ယှက်နေတာမို့ မောင့်ကိုသိနေကြတာမဆန်းလောက်ပါ။ Red hillပေါ်ကရှုခင်းတွေကြည့်ရင်း Second Honeymoon လိုခံစားမိသည်။
"ဒယ်ဒယ်... သားလွမ်းနေတာ"
ပင်စိမ်းကောင်ပြေးဖက်တော့လူကအင့်ခနဲ...
မေ့လဲသွားပြီးမှ ကလေးတွေကိုပြန်သတိရတာမို့ သင်းတွန်းထုတ်မခံရတာကံကောင်း...
"ဘာသားလဲ။ ခွေးသားလား။ နောက်နမော်နမဲ့မနိုင်နဲ့။ဒယ် မကြိုက်ဘူး။ သားအစ်ကိုကကွိုင်မရှာပေမဲ့ မကောင်းဘူးလေ။ သားကလည်းကိုယ့်ကိုယ်ကိုယ်ထိန်းသိမ်း ဟုတ်ပြီလား။ဒယ်တို့ရောက်မလာရင် မင်းဘယ့်နှယ့်လုပ်မလဲ။"
"ဒယ်က သားကိုအထင်သေးလို့...
ဦးခန့်သျှားကျော်နဲ့ Mr.Phoenixကမွေးထားတာပါဗျ... လွယ်လွယ်နဲ့ ရမလား။ သားကို မထိခင် ကွိသွားအောင်လုပ်ပလိုက်မှာပေါ့။"
စိတ်တွေလည်းလေပါတယ်။ လူကသာအပေအတေအရိုင်းအစိုင်းဆန်တာ... အတွင်းစိတ်က ကလေးသာသာ...
ဒါလည်းကောင်းတာပဲ။ သူ့ရင်ကိုခွဲဖို့ လက်တွဲဖော်တွေ ဘာတွေမရှာလောက်တော့ဘူးပေါ့။
ဟိုတယ်က ပင်လယ်နားမှာ ဖြစ်၍ ကမ်းခြေနှင့်နီးသည်။ညအိပ်ချိန် Caribbean Blue Sea မှ လှိုင်းပုတ်သံတစ်ချက် တစ်ချက်ကြားရလို့ ငြိမ်းချမ်းစွာအိပ်စက်ရလောက်သည်။
"မောင်... ကလေးနှစ်ယောက်ပါ အခန်းတစ်ခန်းတည်းအတူထားပေးနော်။ တစ်ယောက်တစ်ခန်းမလုပ်နဲ့။ တစ်ခုခုဆို လူမသိ သူမသိဖြစ်နေမှာစိုးလို့"
"ဟုတ်ကဲ့ပါ။ ဦးဇာမဏီရဲ့...တကတဲ...
မင်းသတိပြန်ရတာနဲ့ အမိန့်တွေတန်းပေးတော့တာပဲ။ စက်သေနတ်နဲ့ ပါးစပ်များမှားသလားပဲ။"
ဇာမဏီ ခါးထောက်ကာရှုတည်တည်နဲ့ပြန်ကြည့်ပေးလိုက်သည်။
"ဟေ့ကောင် ခန့်သျှားကျော်... ငါက ကိုယ့်သားကိုယ့်တူတွေစိတ်မချလို့ ပြောတာလေ... မင်းက ဆရာကြီးလုပ်တယ်ထင်ရင် လဲသေလိုက်... သွား Receptionကိုခေါ်ပြီး Extra bed ထပ်ထည့်ခိုင်းလိုက်
ငါ့ကုတင်ပေါ်တက်မလာနဲ့။"
ဘုံပျောက်မဲ့ကိန်းတော့အဖြစ်မခံနိုင်၍ ပါးစပ်လေးပိတ်လိုက်ရသည်။
ကလေးအဖေအတွက် ညမှစီစဥ်ထားတာတွေထုတ်ပြရမှာ အခုနေ စိတ်တိုအောင်စထားရတာချစ်ဖို့ကောင်းလို့...
ဟိုတယ်ကို ညနေပိုင်းရောက်တော့ လုပ်စရာက သိပ်မရှိလှပေ။ ပန်းခြံတွေနဲ့ ကစားကွင်းသို့နောက်တစ်နေ့မှလိုက်ပို့မည်ဟု ပင်မှည့်သီးနဲ့ ပင်စိမ်းကောင်ကို ပြောထားရသည်။
"မ...ဟင်... မင်းဘာလို့ ဒါတွေယူလာတာလဲ။"
ဂျောက်...
ပစ္စတိုတစ်လက်ကိုကျည်ထည့်လက်စ မဏီက သူ့တစ်ချက်မော့ကြည့်ကာလုပ်စရာရှိတာဆက်လုပ်နေသည်။
"စကားပုံမကြားဖူးဘူးလား။မက္ကစီကိုလမ်းမပေါ်ကို လက်ဗလာနဲ့ မထွက်ရဘူး ဆိုတာလေ...
ဒီမှာက အလွယ်ရတာများတယ်။ မောင်
ဒါကြောင့် ငါ့မိသားစုငါကာကွယ်ဖို့ပြင်တာပါ။"
သူ့အမျိုးသားက သိပ်မရိုးရှင်းတာမေ့သွားသည်။ ဒါဆို လေယာဥ်ပေါ်မှာတည်းက ပါလာတယ်ပေါ့။Shit... သူ့ကို မပစ်လိုက်တာကံကောင်း...
"ရီလန်း ပေးတဲ့ကျည်တွေက ရှယ်ပဲ။ ဟိုဘက်မှာ ဝယ်ရခက်တယ်။ဒီမှာတော့ ပေါပါ့"
"ဒါဆို အိမ်ကယူလာတုန်းက အလွတ်ကြီးပေါ့"
"No...ကျည်တစ်တောင့်ပဲ ပါလာလို့ ငါလက်လျှော့ထားတာ... ဒီရောက်မှ ထပ်ဖြည့်လိုက်တာ
ဘာလို့လဲ။"
မောင်က ကြက်သီးထသလိုတမင်လုပ်ပြကာ သူ့အားမွေ့ယာပေါ်ဆွဲချသည်။
"ဘာဖြစ်တာလဲလို့ မေးနေတယ်လေ"
"မင်းသာ လေယာဥ်ပေါ်မှာတုန်းကကိုယ့်ခေါင်းကိုချိန်လိုက်ရင်ဘယ်လိုလုပ်ရပါ့ လို့တွေးလိုက်မိလို့..."
"ဖြစ်ရလေကွာ... ဟားဟား..."
ရယ်သံတွေက ညနေခင်းကိုတောက်ပသွားစေလေသည်။
မောင်မသိတာက သူတို့အိပ်သောကုတင်အောက်မှာ ဇာမဏီထည့်ထားသောလက်နက်အပြည့်နဲ့သေတ္တာကြီးရှိနေတာကိုပင်...
》》》
ပင်စိမ်းသီးတို့တည်းတဲ့ ဟိုတယ်ကအပြင်အဆင်အတော်လှသည်။ Christmas Eveမို့ Santa Claus တွေက နေရာအနှံ့...
ဝန်ထမ်းမိန်းကလေးတွေကလည်းခေါင်းမှာ Reindeer ဘီးကုပ်လေးတွေ တပ်ကာကြိုဆိုနေကြသည်။
အလန်းဆုံး Christmas Treeကတော့ထိပ်ဆုံးမှာ ကြယ်အစားစိန်သရဖူကိုတပ်ထားကာမှန်ပေါင်အတွင်းကသာကြည့်ရလေသည်။အစောင့်တွေကိုလက်နက်ပေါ်ပေါ်ထင်ထင်ကိုင်ခွင့်ပေးထား၍လည်း ထားရဲတာနေမည်။
ပင်စိမ်းကောင်တို့ကတော့နေရာစိမ်းမှာ စည်းလွတ်ဝါးလွတ်ကိုပျော်နေကြသည်။ကျောင်းနဲ့သင်တန်းလုံးပန်းနေရသောဘဝမှာ ထွက်ပေါက်ကခပ်ရှားရှား...
အခုလိုရှားရှားပါးပါးအခွင့်အရေးရတုန်း ပင်မှည့်သီးမှာ စပိန်စကားမတောက်တခေါက်နှင့် နိုင်ငံခြားသူချောချောလေးတွေကိုဂွင်ဖန်နေသည်။ ပင်စိမ်းကတော့ ဟိုတယ်ကကျွေးတဲ့ ဘူဖေးတွေနဲ့ Cocktailအပြင်းစားတွေကို တစ်ခွက်ပြီးတစ်ခွက်သောက်ကာငြိမ့်နေသည်။တစ်ခါတစ်ရံ ပိုကာဝိုင်းသွားပြီးလောင်းကြေးကထပ်လိုက်သေးသည်။
"Sir. Cash or something..."
လောင်းကြေးနိုင်ရင် ပုံမှန်အားဖြင့် ငွေသားပေးကြပေမဲ့ သူတို့မေးပုံက ထူးဆန်းတာမို့ ဖအေတွေပါ၍ငွေပူစရာမလိုသော ပင်စိမ်းမှာ တခြားတစ်ခုကိုရွေးလိုက်သည်။
မကြာပါ။ မိန်းမလှလေးတစ်ယောက် အနက်ရောင် Jump Suit တစ်ထည်ဖြင့် သူ့ဆီလျှောက်လာကာ ရှားပါး စိန်ဖြင့်ထိပ်ကိုပိတ်ထားသောဖောက်ခွဲရေး ဗုံးတစ်လုံးကို မထူးဆန်းသလို သမားရိုးကျပုံစံဖြင့် ဗန်းတစ်ခုထဲထည့်ကာယူလာပေးသည်မို့ ညီအစ်ကိုနှစ်ယောက်လန့်သွားကြသည်။
"အမှည့်သီးရေ..."
"ဟေ... ဘာတုန်း"
"ငါတို့ပြေးကြရင်ကောင်းမလား။"
"ပြေးရင် မလွယ်ဘူး။ ဆက်ဆော့ကြမယ်လေ ဒီလိုလုပ်...မင်းကဗုံးယူ ငါက အလှလေးယူမယ်။ ငါ အနစ်နာခံပါ့မယ်။"
ပင်စိမ်းသီး ညီလုပ်သူကိုဆတ်ခနဲကြည့်လိုက်မိလေသည်။
》》》》》
ညစာစားပွဲမှာတော့ မက်ဆီကန်ဟင်းလျာတွေက ချဥ်ချဥ်စပ်စပ်မို့ ရာသီဥတုနဲ့ လိုက်လှသည်။ စားပြီးချွေးပြန်တာမျိုးမဖြစ်တော့ပေ။ မောင်က ရိုးရာမပျက် ငါးဟင်းတွေ့တာနဲ့ ကလေးတွေထက်အရင်ဦးအောင်ယူကာ ယောကျာ်းလုပ်သူအားအရိုးနွှင်ခိုင်းသည်။
"ဘူဖေးစားပါတယ်ဆို မောင်ကရုပ်ပျက်တယ်ကွာ သူများဝိုင်းတွေကြည့်နေပြီ။ မောင့်ရှယ်ယာပါတဲ့ဟိုတယ်ဆိုတာလည်း သတိထားဦး။"
"ကိုယ့်ယောကျာ်း ကိုယ်ခွံ့ကျွေးခိုင်းတာ ရုပ်ပျက်စရာလား။ခင်ဗျားလေး ဖောင်းနေပြီနော် ဇာမဏီ... မင်းမခွံ့မချင်းပါးစပ်ဟထားမှာ... ကဲ... စပြီ။ အာ..."
ပြောရင်ပြောတဲ့အတိုင်း တစ်သဝေမတိမ်းလုပ်တတ်တဲ့မောင့်ကြောင့်ရှက်ရှက်နဲ့ပဲ တခြားဝိုင်းက မိန်းမပျိုတွေကိုမသိမသာကြည့်ပြီးခက်ရင်းနဲ့ဖဲ့လို့ခွံ့ရတယ်။ ဒီယောကျာ်း ကလေးလုပ်နေတာ အရေးမကြီးဘူး။ သူများတွေက အတင်းတုပ်ကုန်ပြီ။
Pescado Zarandeadoလို့ခေါ်တဲ့ ဆီပူထိုးထားတဲ့ငါးဟာ နူးညံ့ပြီး လျှာပေါ်စိမ့်ဝင်သွားတယ်။ သိပ်မစပ်လို့ ကလေးတွေရော သူပါကြိုက်တယ်။မဏီကတော့ Pipián ဆိုတဲ့အစိမ်းရောင်စွပ်ပြုတ်တချို့ကို Burritos မုန့်လိပ်နဲ့တို့စားနေတယ်။ ပလာတာနဲ့တူတဲ့ဖြူဖြူအရွက်လေးတွေကိုအစာထည့်လိပ်ထားတဲ့အစားအစာက ရန်ကုန်မှာတောင် တစ်ခါတလေ ရတတ်တယ်။ Amaranth Hard Joy Candy ကတော့ အစေ့အဆံတွေပါတဲ့ခပ်မာမာ သကြားချောင်းဖြစ်ပြီး မြေပဲယို နဲ့ဆင်တူတယ်။ သူတို့အချိူတည်းကြတော့ Cheese Mousse cakeက မပါမဖြစ်။Tacos စားချင်တယ်ပူဆာတဲ့ သားငယ်ကို နောက်မှအပြင်လိုက်ကျွေးမယ်ပြောရတယ်။ ဘယ်လောက်အရွယ်ရောက်ရောက် ဖအေကိုချွဲတုန်း...
မောင်ကညစာစားပြီးတော့မီးရှူးမီးပန်းဖောက်တာပြမယ်ဆိုပြီးခေါ်လာလို့ သားတွေထားကာလိုက်ခဲ့ရသည်။ ကလေးနှစ်ကောင်က ခရီးပန်းလို့အိပ်ချင်နေကြလောက်ပြီထင်၏။ သူတို့မလိုက်ဘူးဟုအတင်းငြင်းသည်။
အမိုးမြင့်အထပ်မှပင်လယ်ပြင်ကိုငေးကြည့်ရင်းဇာမဏီမျက်မှောင်ကြုတ်လာသည်။
တကယ်ဆိုဟိုတယ်ရဲ့ညပိုင်းရှုခင်းကိုကြည့်မဲ့သူကများမှာပဲ။အခုက Christmas Eveမို့ပိုတောင်များဦးမှာ... အခုတော့သူတို့နှစ်ဦးတည်းမို့မသင်္ကာပါ။ မောင်ဘာတွေလုပ်ထားတာလဲ။ရှုခင်းကြည့်ဖို့အတွက်နဲ့ငွေဘယ်လောက်များ သူ့အတွက်သုံးလိုက်လဲ။
"မောင်... မှန်မှန်ပြော..."
"ဘာကိုလဲ။ မဏီရဲ့..."
နားထင်ကိုဖွဖွနမ်းပြီးမေးလာတော့ သင်းရဲ့ ကော်လံစကိုဆွဲဆုပ်ကာအနားတိုးပြီးအံကြိတ်သံနဲ့မေးလိုက်သည်။
"မင်း Bank Accထဲမှာငွေရောကျန်သေးရဲ့လား။ချီးပဲ။ မဟုတ်တဲ့နေရာမှာအကုန်သုံးနေ သိလား။"
"ဪ... ဒါများ ...သိပ်မသုံးပါဘူးကွာ။ မောင်က ဒီဟိုတယ်မှာ ရှယ်ယာနည်းနည်းပါးပါးထည့်ထားရုံပါ။ပြုပြင်မွမ်းမံမဲ့နေရာတွေကိုလည်း Tipsနည်းနည်းပေးလိုက်တယ်လေ။ မဆိုသလောက်လေးပဲ မဏီ စိတ်မပူနဲ့နော်"
မောင့်ရဲ့ အဲ့မဆိုသလောက်လေးဟာ ဘဏ်ထဲက ငွေအမြောက်အမြားလျော့ကျသွားတာကိုဆိုလိုတယ်လို့မဏီသိလိုက်ပါသည်။သူ့ယောကျာ်းဟာသူ့အတွက်သိပ်ဖြုန်းတာပဲ။
"ကြည့်လုပ် မောင့်သားတွေအတွက်အမွေမကျန်ဘဲနေမယ်"
"နေပါ။ မောင်ရှာသမျှက မောင့်မဏီလေးသုံးဖို့ပဲလေ... သူတို့အတွက်သူတို့ဘာသာရှာပါစေပေါ့။မဟုတ်ဘူးလား။"
"ချီးကို မောင့်မဏီ..."
"ဟားဟား... ဒါဆို မောင့်မဟေသီလား"
"ယီးပဲ ခွေးကောင်..."
"ဟာ ဆဲတယ် ကြည့်စမ်း...
မွေးနေ့ရှင်က ယဥ်ကျေးရမှာလေ
ဒီပါးစပ်ကိုတော့နာနာလေး အပြစ်ပေးထားရမယ်။"
"အွန်း..."
သူ့တစ်ကိုယ်လုံးထိုသူ့ရင်ခွင်ထဲပါသွားပြီး ခေါင်းနောက်ကို လက်ဖဝါးကျယ်ကြီးဖြင့်ထိန်းကာ နှုတ်ခမ်းဖူးတွေကို အားပါးတရ ကစားခံလိုက်ရသည်။ သွားစွယ် ဖွေးဖွေးလေးတွေနှင့် ဖိတစ်လှည့် ကိုက်တစ်လှည့်...
ဖူးစိုသော နှုတ်ခမ်းရဲရဲဟာ ညအမှောင်မှာ Christmas Themeနဲ့အပြိုင် တောက်ပနေသည်။ သူတို့အနမ်းအဆုံးသတ်သွားချိန်မှာတော့ ကောင်းကင်ပေါ်မှာ မီးရှူးမီးပန်းရောင်စုံကပေါက်ကွဲဖြာကျသွားကာ တစ်ယောက်သောသူနာမည်ပေါ်လာသည်။
*Happy Birthday
Manie*
အချစ်ဟာ ဘာကိုရည်ညွှန်းပါသလဲ။ နောက်တစ်နေ့ရောက်ရင် ဒီအံ့အားသင့်စရာတွေ မေ့သွားမလားတောင်မသိတဲ့လူတစ်ယောက်ကို ဒီလောက်ကောင်းတဲ့အရာတွေမပေးသင့်ဘူးမလား။
သူ့နာမည်ကောင်းကင်မှာပေါ်နေတာကြည့်ပြီး ဇာမဏီက ရိသဲ့သဲ့ပြုံးသည်။
"နောက်၁၀မိနစ်နေရင်တောင် မျက်စိရှေ့က အရာတွေကို ပြန်မေ့သွားမလားမသိတဲ့ ငါ့လိုကောင်အတွက်ကိုမှ မင်းက သိပ်အပင်ပန်းခံလုပ်ပေးတာပဲ မောင်..."
မောင်က ဝိုင်တစ်ခွက်ကိုအရသာခံသောက်ကာ ခေါင်းလေးစောင်းလိုက်သည်။
"ဘာမတန်စရာရှိသလဲကွယ်
မင်းခဏတာပျော်ဖို့ ကိုယ့်ဆီကတချို့တလေ ဆုံးရှုံးလိုက်ရတာ ကိုယ်ဝမ်းမနည်းပါဘူး။ အနည်းဆုံးတော့ ၁၀မိနစ်ဆိုလည်း ၁၀မိနစ်အလျောက် မင်းပျော်ရတယ်လေ..."
"မင်းကိုနမ်းရမလား။ လက်သီးနဲ့ထိုးရမလား မသဲကွဲတော့ဘူး။နောက်တစ်ခါကျရင် မင်းBank acc ငါပိတ်မယ်။ ကြားလား။"
ပခုံးတွန့်ပြတဲ့ကောင်အားအသည်းယားစွာ နဖူးကို တောက်လိုက်သည်။
"Happy Birthday...
ဒယ် ဒယ်..."
Roof top ပေါ်မှာသားတွေသယ်လာတဲ့ ချောကလက်ကိတ်မုန့်ကိုကြည့်ရင်း သူ့အမြင်တွေဝါးလာပြန်သည်။
"မင်းတို့သိပ်ချစ်ဖို့ကောင်းတာပဲ။"
ချောကလက်အနှစ်တွေပေနေသောမျက်နှာကိုယ်စီနှင့် ယခုနှစ်မွေးနေ့က ချောကလက်လိုမခါးဘဲ ပျားရည်တမျှချိုမြိန်ပါလိမ့်မည်။
》》》》》》》》》》》》》》》
ရီလန်းယူလာတဲ့ Helicopterကိုကြည့်ပြီး ကလေးနှစ်ကောင်ပျော်သွားကြတယ်။
"ဒါနဲ့ ဖေ ရဟတ်ယာဥ်နဲ့ မြို့ပတ်တော့ လူတွေကမကြည့်ဘူးလား။"
"သား ဒီမှာ ဒါတွေက ရိုးနေပြီလေ...
ဖေတို့မှာကိုယ်ပိုင်လေယာဥ်တောင်ရှိတာ လေယာဥ်နဲ့တောင်မြို့ပတ်လို့ရတယ်။"
"မဟုတ်ဘူးလေ။သားတို့လည်ပတ်နေတုန်း ခဏရပ်ထားတယ်ပဲထား
ရဟတ်ယာဥ်လုသွားရင် ဘယ့်နှယ့်လုပ်မလဲ။"
"ဟားဟား ငါ့သားကတော့ မဟုတ်တာတွေးရော့မယ်။ မင်းဒယ်ဒယ် တစ်ယောက်လုံးပါလာတာအားနာဦး။ "
"ဟုတ်တယ်သားရဲ့။ ဒယ်အရင်က ဒီကို ခဏ ခဏလာတာ ဘာသံကြားတုန်း။ ဒါလည်းသားအပြစ်မဟုတ်ပါဘူး။တချို့လူတွေက ထင်ကြတာ မက္ကစီကိုက လူဆိုးဂျပိုးတွေနဲ့ပြည့်နေတဲ့ကြောက်စရာနယ်မြေဆိုပြီး...တကယ်တမ်းကျလည်ပတ်လို့သိပ်ကောင်းမှန်းမသိကြဘူး။ Cancun parksတွေရောက်ရင် သားပျော်သွားမှာ အဲ့မှာ Cable divingတွေ ရေကန်ပေါ်ကနေစီးလို့ရတယ်။ ပြုတ်ကျလည်း ရေထဲပဲဆိုတော့ ရေကူးတတ်ရင် ကွိုင်မရှိဘူး။ Hollywood က တကူးတက Photo Shooting လာရိုက်ရတဲ့ ရောင်စုံလမ်းကြားတွေ သားရောက်ရင် ကိုယ့်ကိုယ်ကိုယ် Modelလို့တောင်ထင်သွားမှာ အရေးကြီးတာ ပိုက်ဆံပဲ။မင်းသာပိုက်ဆံရှိရင် ဘယ်နေရာ ဘာမဆိုလုပ်လို့ရတယ်။ အေး တစ်ခုပဲ။ စပိန်စကားတော့ နည်းနည်းသင်ထားလိုက်။ ဒီမှာအသုံးများတယ်။"
ပင်စိမ်းတို့စလည်ပတ်တော့မနက်၈နာရီပဲရှိသေးသည်။
ကလေးနှစ်ယောက်က သူတို့နီးပါးထွားကြိုင်းတာမို့ ၂၁နှစ်ပြည့်မှသွားခွင့်ရသည့်နေရာတွေလည်းအစစ်သိပ်မခံရဘဲသွားရသည်။ မောင်ကလည်းလွှတ်ထားပေး ဆိုတာချည်း...
Ventura parkမှာ ရိုးရာအစာ Tacosကို လေးယောက်သားဝင်စားလိုက်ကြတယ်။တစ်ခါတလေ လမ်းဘေးစာက ဟိုတယ်ကထက်ပိုကောင်းနေတတ်တယ်။
အမဲသားစင်းကောနဲ့ ခရမ်းချဥ်သီးအနှစ်တွေ ပါတဲ့ မက်ဆီကန်မုန့်ကို အငယ်နှစ်ကောင်က ကြိုက်လို့ တစ်ယောက်၃ခုစီစားကြတယ်။
စားပြီးတာနဲ့ ဆော့ဖို့ဆီအာရုံရောက်ကြတော့တာပဲ။ဆယ်ကျော်သက်လား ဆယ်နှစ်သားတွေလား မသဲကွဲဘူး။
"Diving kingကွ...ဝူး ဟူး..."
Life Jacket ဝတ်ထားပြီး Helmetဆောင်းထားကာ လေထဲကနေတွဲလောင်းခိုနေသည့်မျောက်က သူ့ဆူမဲ့သူမရှိလို့အေးဆေးဖြစ်နေသည်။ Cableစီးလျှင် ကြိုးတန်းကနေ လူက လက်ကိုင်ကိုသာကိုင်ထားရသည်။ ဘာထိုင်ခုံ၊ ဘာအမိုးမှမပါ။ ဒီနိုင်ငံကကြမ်းသည်။တချို့ကစားနည်းတွေဆို အသက်အာမခံတောင်မရှိ။ ဇာမဏီတို့ငယ်ငယ်က အဲ့ထက်ပိုဆိုးတာမို့ ပြဿနာမရှိပေမဲ့ ပင်မှည့်သီးကကြောက်နေသည်။
"ဟေး...သွားလေ မင်းအစ်ကိုလို..."
"သားရေမကူးတတ်ဘူး။ ရေထဲကျရင်..."
"ဦးလာဆယ်မယ်။ သွား ရောက်တုန်းပျော်ရတာ"
အစကတော့ အသစ်အဆန်းမို့ကြောက်ပေမဲ့ နောက်တော့ လူငယ်သဘာဝ ပျော်သွားပြန်သည်။မိန်းကလေးတွေတောင်စီးနေတာ သူက အပျော့ပေါ့တဲ့။ Cableပေါ် တက်တာဘယ်နှခါမှန်းမသိတော့ပေ။
တိုက်တိုက်ဆိုင်ဆိုင် သူ့ပါးပါး Video callခေါ်တော့ တစ်ဖက်လှည့်နဲ့ တမင်တကာ သူ့သားတွဲလောင်းဖြစ်နေပုံကို ပြလိုက်သည်။
"မင်း မင်းတို့ ငါ့သားကို ပင်မှည့်သီး အခုချက်ချင်း ရပ်နော် မင်းပြန်လာရင် ငါနဲ့တွေ့မယ်။"
ပေ၅၀နီးပါးမြင့်တဲ့အပေါ်က ပြုတ်ကျသွားရင် အသည်းယားစရာ...
ဒီကောင်တွေနဲ့မှထည့်ပေးလိုက်တဲ့ ယောကျာ်းလုပ်သူ လင်းယုန်ကြီးကို ငတောက် မကျေမချမ်းကြည့်မိသည်။
"ဟာ...Baby ကိုယ်နဲ့မဆိုင်ဘူးနော်
မင်းသား သူ့ဘာသာတက်သွားတာ
ကိုယ်တားမရလိုက်တာ...ဟေ့..."
တစ်ဖက်အတွဲနောင်ဂျိန်ဖြစ်နေကြတော့ မဏီတို့ရယ်မိသည်။
"ကောင်းတယ်။ ဒုခေါင်းဆောင် Eagleကြီး...
အခုတော့ ယောကျာ်းကြောက်နေပြီမလား။ညစာငတ်မယ်။ချော့လိုက်ပါဦး။"
"ခွေးမသား"
တိတ်တိတ်ဆဲရေးတာခံရပြီးဖုန်းချသွားသည်။
"ကဲ... မောင် ကလေးတွေပျော်တုန်း လူကြီးတွေသွားနားကြတာပေါ့။"
Cableစီးပြီးနောက် ရိုလာကိုစတာဘက် အာရုံရောက်သွားကြ၍ သူတို့စိတ်ချလက်ချ လွှတ်ထားလိုက်သည်။
ရိုလာကိုစတာကလည်း သိပ်မရိုးရှင်းလှပေ။ အကွေ့အကောက်တင်မဟုတ်။ ရှုပ်ထွေးပွေလီသောလမ်းကြောင်းများဖြင့် အသံနှင့်ဓါတ်ပုံရိုက်တာပါ ပါ၍နှလုံးရောဂါသည်တွေတောင်မစီးရဲကြ။
လှိုဏ်ခေါင်းထဲဝင်သွားလျှင်မှောင်မည်းကာလူတွေအော်သံထွက်မှဓါတ်ပုံရိုက်တာဖြစ်သည်။ ပင်စိမ်းတို့အာပြဲနဲ့အော်နေသည့်ရုပ်ပုံက ပုံသွားထုတ်တော့ထင်းနေသည်။
"ဟေး... လူချောလေး... "
Dateဖို့လာတောင်းဆိုတဲ့ မိန်းကလေးတွေကို ငြင်းရတာဘယ်နှခါမှန်းမသိတော့ပေ။ သူတို့ပဲတအားသန့်ပြန့်ထွက်နေလား။ အတော်များများအာရုံကသူတို့ဆီမှာ
"စပိန်မချောချောလေးမှ မရရင် မပြန်ဘူးဆို အမှည့်ကောင်"
"ငါကြောက်သွားပြီကွ။သူတို့က Skillကြမ်းတယ်။"
စီးပွားရေးသမားပီပီ သူကတော့ ဒီက ကစားကွင်းနဲ့ အပြိုင် မြန်မာမှာ အသစ်ဆောက်ဖို့လေ့လာနေမိသည်။
"ဟေ့...ယောက်ဖ...
ဘာတွေကြံသတုန်းကွ"
နှမပေးယောက်ဖမဟုတ်တဲ့အစ်ကိုပေးယောက်ဖ ချုံးရီလန်းက သူတို့ရှေ့ရောက်လာတော့နှစ်ယောက်သားဘုကြည့်ကြည့်ပေးလိုက်သည်။နွားအိုမြက်နုကြိုက်ကြီး...
"ငယ်ငယ်ချောချောအလန်းဇယားလေးတွေဆွဲစားရကောင်းမလားကြံနေတာ ခင်ဗျားကဘာလာရှုပ်"
ထိုသူ့အနောက်ကနေ အကြောပြိုင်းပြိုင်းနဲ့လက်တစ်ဖက်က ကိုယ်တစ်ပိုင်းနီးပါးဖက်တွယ်လိုက်ပြီး သူတို့ကို စကားပြောတာ ကြည့်ပြောဆိုတဲ့အကြည့်နဲ့ သတိထားခိုင်းသည်။
"မင်းဟာကြီး မင်းပြန်ခေါ်သွားပါ။
ငါတို့မှာ အပူမလိုချင်လို့ ဟုတ်ပြီလား။"
"အလကား...အစွမ်းအစမရှိရင်မရှိဘူးပေါ့။ စောက်ပေါတွေ"
ညီတွေကိုဖဲ့ပြီး သူ့ဘဲကြီးသူခေါ်ကာ ပန်းခြံပတ်နေတဲ့ကောင်က နားရင်းပိတ်အုပ်ချင်စရာ...
ကလေးတွေပထုတ်ပြီး ရေကူးကန်ထဲငြိမ့်နေတဲ့ ဇာမဏီတို့က အချိန်ခဏအတွင်းမှာလျှပ်ပြေးယာဥ်ကိုအတွဲလိုက် Pacific oceanထဲစီးပြီးပြီ။
ရေသူထီးနဲ့ ရေသူမ လက်ချင်းကပ်ထားတဲ့ ရုပ်ထုကြီးနားလည်း ဓါတ်ပုံသွားရိုက်ပြီးပြီ။ အခြားစုံတွဲတွေလို မိန်းမနေရာမှာ ယောကျာ်းတစ်ယောက်ဖြစ်တဲ့သူ ရုပ်ထုနဲ့ အဝေးက ယှဥ်ရိုက်တော့ နည်းနည်း တစ်မျိုးဖြစ်ပေမဲ့ ဝေဖန်သူတွေကိုသောက်ဂရုမစိုက်ကြပါ။ Publicမှာလည်း အနမ်းခြွေပြီး မိန်းမပျိုတွေအသည်းကိုပြိုင်တူခွဲကြပြီးဖြစ်သည်။
"အိုလာရင် မကောင်းဘူးကွမောင်ရ... ကလေးတွေလို ကြာကြာ မဆော့နိုင်တာပဲကြည့်..."
"မင်းSpeed boatမောင်းတာ ကိုယ်ကံကောင်းလို့အသက်မထွက်တယ်။ ဒါနဲ့များ အိုတယ်တဲ့။ ဘယ်နားကအိုတာ... ပြပါဦး။"
ဒီဇင်ဘာကြီး ရေကန်ထဲငြိမ့်နေတဲ့သူတို့ကို ရူးနေသလားဆိုပြီးကြည့်သွားကြပေမဲ့ ဂရုမစိုက်ပါ။ သွေးပူလေ့ကျင့်ခန်းကို ရေကန်ထဲပဲလုပ်လိုက်တာ သိမှမသိကြဘဲ...
ညကကြည့်ဖူးတဲ့ ရုပ်ရှင်ကိုပြန်သတိရတော့ ခန့်သျှားအတွေးပေါ်လာသည်။ကလေးအဖေကိုစဦးမှပဲ။
"Te quiero." (တယ့်ဂယ်ရို)
ရုတ်တရက်မို့ ဇာမဏီနားထဲရေဝင်နေ၍သေချာမကြားလိုက်ရ၍ပြန်မေးလိုက်သည်။
"အဲ့ဒါ ဘာပြောတာလဲ မောင်"
"စပိန်လိုချစ်တယ်လို့ပြောတာ"
"ဪ... "Yo también" "(ယိုးသမ်ဘီယမ်)
မောင့်မျက်နှာကအူကြောင်ကြောင်ဖြစ်သွားရှာသည်။
"ဒါကရော ဘာလဲ မဏီ"
"Yo también (ယိုးသမ်ဘီယမ်) ဆိုတာ Me too လို့ပြောတာ မောင်
ငါလည်း မင်းနဲ့ထပ်တူပဲ"
မဏီက ဘာသာစကား ၄မျိုးပြောတတ်တာသူမေ့သွားသည်။ ဒါဆို တမင်မေးတာပေါ့ လူဆိုးလေး
"ကရော် ကရော် ရှက်ပါတယ်။ ငါ့များပညာစမ်းလို့"
"အေး တွေ့မယ်။ လူဆိုးကောင် ကဲကွာ...."
ဇာမဏီ့လည်ပင်းစပ်ဖျားကိုအားပြင်းပြင်းနဲ့စုပ်ယူပေးတော့ အလိုက်သင့်မော့ပေးလာသည်။
Adult ဧရိယာမို့ အတော်များများက သူလိုကိုယ်လိုအတွဲတွေချည်းသာ...
"နောက်နေ့ ဘယ်ထပ်လည်ဦးမလဲ။"
မောဟိုက်သံနဲ့မေးတော့ တိုးညှင်းညှင်းပြန်ဖြေသည်။
"ကလေးတွေပြန်ပို့ပြီးမှ..."
"အင်း..."
ယောကျာ်းပြော တစ်ခဏ မူသုံးကာ နှင်ခံရတော့မည့် ကလေးနှစ်ယောက်အတွက်တော့ စိတ်မကောင်းလှပါ။
》》》》》》
"မ..."
မဏီ လို့ဆုံးအောင်မခေါ်လိုက်ရ၊ ဓါးမြှောင်က အနောက်ကတံခါးပေါင်ကိုသွားမှန်၍ရပ်လိုက်ရသည်။
"ဘာကိစ္စလဲ ဟေ့ကောင်"
ကလေးတွေကကျောင်းရှိလို့ပြန်သွားတာနဲ့တစ်ပြိုင်နက် မှတ်ဥာဏ်ကပြန်ပျောက်သွားပြန်သည်။
"ဒီနေ့ မြို့ထဲလည်မလား လို့...
မင်းကိုလာခေါ်တာ..."
အလိုက်သင့်သရုပ်ဆောင်ပေးရတော့ မောင်တွေ မဏီတွေ သုံးမရတော့ပေ။
"မင်းမှာ စီးစရာဘာရှိလဲ။ကုန်းကြောင်းလျှောက်မို့လား။"
ရင့်သီးတဲ့အပြောနဲ့ မစိမ်းတာမို့တစ်မျိုးခံစားမနေတော့ပေ။
"ကားစီစဥ်လို့ရတယ်လေ...မင်းယောကျာ်းငါက သာမန်လူလား။ ဟိုတယ်သူဌေးကတောင် နှစ်ခါမပြောရဘူး။ငါလိုချင်ရင် တန်းပေးတာ..."
"ဘောလား။"
"ဇာမဏီ!!!"
ပင်မှည့်ကောင်နဲ့ပင်စိမ်းကကျောင်းရှိလို့ပြန်ပို့နေရတာကြောင့် သူတို့ပါလာတဲ့ Private Jetက မရှိ။စီးစရာပျောက်ရှသည်။
Cancunနဲ့ Chichen Itzaက ကားနဲ့တောင် ၂နာရီခွဲသွားရလို့မဏီက စိတ်မရှည်ပေ။
"မငှားနဲ့။ ငါ့မှာရှိတယ်။"
ဖုန်းထုတ်ကာနံပါတ်တချို့ကောက်နှိပ်လိုက်သည်။
မက္ကစီကို အာဏာပိုင်တချို့နဲ့ အရင်တည်းက အဆက်အဆံရှိတာမို့ ခေါ်တော့တန်းကိုင်သည်။
"Mr.Smith...
ကျုပ် Phoenixပါ။ အေး ဒီရောက်နေလို့...
ခင်ဗျားမှာ ရှိတဲ့ ငှက်တစ်ကောင်လောက်ရောင်းပါလား။မြို့ပတ်မလို့လေ...
ဒါပေါ့။ ပစ္စည်းချင်းလဲမှာပေါ့။ငွေသားက ဘာနေနေရတာချည်း...
စောင့်နေမယ်ဗျာ"
သူ့ပိုင်တွင်းထွက်ကျောက်စိမ်းတချို့နဲ့ Helicopter တစ်စင်းကို ဝယ်လိုက်သည်။နှစ်ယောက်တည်းဆို အဲ့ဒါက ပိုသင့်တော်သည်။
သူနဲ့သိတဲ့အာဏာပိုင်ဆီက Helicopterလှမ်းတောင်းတဲ့မဏီ့ကိုစိတ်ဆိုးမိပါသည်။
သူအရင်ကျင်လည်ဖူးတဲ့ ဒီလောကထဲကလူတွေကျမမေ့ဘဲ ယောကျာ်းကိုကျမေ့လို့...
အကုန်ပြင်ဆင်ပြီးတော့ မဏီက သူ့ဆီလှမ်းလာသည်။
"အပြင်သွားတဲ့အခါ အပြုအမူသတိထားပေး။ မင်းနဲ့ငါ အိမ်ထောင်ဖက်မှန်းငါလက်မခံချင်သေးဘူး။ ငါက Gayမဟုတ်ဘူး။ မင်းသိဖို့"
"မင်းရဲ့အခု စိတ်အခြေအနေကိုငါမသိဘူး။မေးလည်းမမေးချင်ဘူး။ Gay ဖြစ်ရတာလည်း ရှက်စရာမဟုတ်ဘူး။ မင်းသိဖို့... ငါ့ရဲ့ မဏီက ငါ့လိုယောကျာ်းတစ်ယောက်ကိုချစ်မိလို့ Gay ပါလို့ သူ့ကိုယ်သူ လက်ခံခဲ့တာ... အဲ့ဒါမြဲမြဲမှတ်ထားလိုက်"
သူကဘုဂလန့်ပြန်ပြောတော့ ဟိုကစူးစူးရဲရဲကြည့်သည်။
"ဒါနဲ့... အဲ့ဘဲက လွယ်လိုက်တာ
မင်းဘာမှသိပ်မပြောရဘဲ Helicopterပါအမ်းလို့"
ဇာမဏီလက်က ထိုသူ့လည်ပင်းဆီသို့...
"ပြန်ပြောလိုက်စမ်း...ဟေ့ကောင်"
"ဟက်...အမ်းလို့ အမ်းတယ်ပြောတာလေ"
ဗိုက်ကိုလက်သီးတစ်လုံးပစ်သွင်းကာ သွေးအေးအေးလေသံနဲ့ဆိုသည်။
"ဒီမှာ မင်းဘာကောင်လဲ ဘာလဲတော့ ငါမမှတ်မိဘူး။မင်းသိထားဖို့က ဇာမဏီဆိုတဲ့ ငါက ကျောက်စိမ်းတစ်တုံးရောင်းရင်တောင် ဒေါ်လာထောင်ချီမြတ်နေတဲ့ကောင်ဥစ္စာ
ဒီရဟတ်ယာဥ်လောက်က မဝယ်နိုင်စရာလား။မင်းပြောတဲ့ အမ်းတယ်ဆိုတဲ့ စကားက ငါ့မာနကို ထိခိုက်တယ်။"
သူလွှတ်ပေးလိုက်တော့ ခန့်သျှားပြိုကျသွားတယ်။ သူအစလွန်သွားတာပဲ။
မနက်စာအဖြစ် Tamales ဆိုတဲ့ပြောင်းဖူးရွက်နဲ့ထုပ်ထားတဲ့ ရှမ်းဟင်းထုပ်နဲ့ဆင်တဲ့ မုန့်တစ်မျိုးစားကြကာ အဆာပိတ် ပူတင်းမီးဖုတ်ကိတ်တချို့ကို ကော်ဖီခါးခါးနဲ့သောက်လိုက်ပြီးမှ ဟိုတယ်ကနှစ်ယောက်အတူထွက်လာကြသည်။
Helicopter တစ်စင်းက ဟိုတယ်ရှေ့အဆင်သင့်...
မက္ကစီကိုမှာကရောင်စုံအိမ်လေးတွေများတယ်။ အပေါ်စီးကနေကြည့်ရင် မြင်ကွင်းကတအားလှလွန်းတယ်။ အိမ်တွေပေါ်ကဖြတ်သန်းရင် ရပ်ကွက်တချို့က ကလေးတွေ မော့ကြည့်ကြတယ်။
ပွဲတော်ရက်မို့လူစည်ကားလွန်းသည်။နှစ်ယောက်သားခြေချင်းလိမ်ရင်းအချမ်းဒဏ်ခံနိုင်ဖို့ သောက်စရာတချို့လည်းဝယ်ရတယ်။
ပိရမစ်နဲ့တူတဲ့ Mayan Templeတချို့ကိုလည်းမြင်ရတယ်။တကယ်တမ်းသွားကြည့်ရင် မတူပေမဲ့ သူ့ပုံစံက ပိရမစ်ပုံစံအသေးစားနဲ့တူပြန်တယ်။
"မဏီ...လူရှုပ်တယ်။ လက်တွဲထားမလား။"
ကင်မရာတစ်လုံးနဲ့ ဇာမဏီကတော့ သူ့ကိစ္စကလွဲ လျှင် ကျန်တာအာရုံရှိဟန်မတူ။ အာရုံစိုက်ခြင်းမခံရသော ဥပက္ခါခံငနဲလေး ခန့်သျှားမှာ သူအနှောင့်အယှက်ဖြစ်မှာစိုး၍ တံတားပေါ် တစ်ယောက်တည်းလျှောက်သွားလိုက်သည်။
ခန့်သျှားကျော် တစ်ယောက်Sea view မြင်နေရတဲ့ Tower ပေါ်ကနေ အောက်ကို ဆင်းချင်စိတ်တွေပေါ်လာမိတယ်။သူတစ်ခုခုဖြစ်မဲ့ပုံပြရင် သတိပြန်ရလာနိုင်မလား။
ရေလှိုင်းတွေကတော့ သူ့ကိုကယ်တင်နိုင်ကောင်းပါရဲ့...
ဇာမဏီ နှစ်ကြာနေတဲ့ အဆောက်အအုံတချို့ကိုလေ့လာရင်း Towerပေါ်ရပ်နေတဲ့ကောင်မြင်တော့ လှမ်းအော်လိုက်သည်။
"ဟေ့ကောင် ဘာလို့ ထိပ်နားသွားတာလဲ။ သေချင်နေတာလား။"
"အင်း... ငါခုန်ချမလို့"
Suicide caseတွေဖြစ်မှာစိုးလို့ Touristsအချို့က အထိတ်တလန့် တားကြသည်။ ဘယ်သူမဆို ခရီးသွားရင် အေးဆေးသွားချင်ကြတာကို ဒီဘဲက ဘာလာစားမှန်းမသိ။
သူ့ကို အရွဲ့တိုက်တဲ့ကောင်လို့ပဲထင်တာမို့ တကယ်လည်းမလုပ်လောက်ဘူးထင်၍ပေါ့ပေါ့တန်တန်သာပြောလိုက်သည်။
"အေး... အဲ့လောက် ခုန်ချချင်လည်း သွား
လွှတ်ထားလိုက်ကြ"
"What..."
အနားရှိလူတချို့က ထိတ်ထိတ်ပျာပျာဖြစ်နေသလောက် ဇာမဏီက သွေးအေးသည်။
"ကျုပ်ပြောတာ မကြားဘူးလား။ ဆွဲမနေနဲ့။လွှတ်ပေးလိုက်လို့..."
သူသာစကားပြန်ပြောရင်မလုပ်လောက်ဘူးထင်၍ဒီတိုင်းပြောလိုက်တာဖြစ်သည်။
မထင်ထားတာက အဲ့ ခွေး တကယ်ကြီးဆင်းသွားမယ်မှန်း...
"ဟာ ကျစ်... သေကုန်တော့မှာပဲ။"
ကံကောင်းတာလား၊ ကံဆိုးတာလား အောက်ကဖြတ်သွားသော ငါးဖမ်းစက်လှေပေါ် ပါသွား၍ ကြီးကြီးမားမားမဖြစ်လိုက်ပေ။
ဇာမဏီ အဲ့ကောင်ကိုပြောမိတာက...
"မင်းနောက်တစ်ခါ စောက်ရူးမထစမ်းနဲ့။"
အရောင်စုံလမ်းကြားပတ်ဖို့လည်းအာရုံမရတော့ပေမဲ့ အဲ့ဘက်က နှစ်ယောက်သားဖြတ်လျှောက်လာတော့ မိန်းကလေးတချို့က Modelထင်ကြသည်။ ပြင်သစ်ကလမ်းကြားတွေလို ဓါတ်ပုံရိုက်စရာနေရာများပြားသော မက္ကစီကိုရဲ့အလှက အရောင်အဝါတူသောလူနှစ်ယောက် ဖြတ်လျှောက်လာတော့မှေးမှိန်သွားသလို။ Modelထင်ပြီးလာမိတ်ဆက်တာတွေတောင်ရှိ၍ ဘေးကကောင်စိတ်ရှုပ်သလို နဖူးကြောတွန့်ကာ ဘာမပြော ညာမပြော သူ့လက်ဆွဲပြေးသည်။
"မင်းမလိုက်ရင် ငါမင်းကို ဒီနေရာမှာ ပိတ်နမ်းမှာ..."
လုပ်ရဲရင် လုပ်ကြည့်ဆိုတဲ့ပုံနဲ့ ကြည့်နေပေမဲ့ အသာတကြည်လိုက်လာ၍တော်ပါသေးသည်။
ဇာမဏီ ဟိုတယ်ပြန်ရောက်တော့ ရေမိုးချိုးကာ အညောင်းအညာပြေအောင် ဆေးစိမ်လိုက်ရသည်။
"ဟူး... ငါပဲ အလိုလိုနေရင်း အသက်ကြီးလာတာလား။"
သူ့စိတ်ထဲ၂၀ကျော်ထင်နေပေမဲ့ အတွေးမှားနေကြောင်းကိုမှန်ထဲမှာ အသက်၄၀ကျော်အရွယ် တည်ငြိမ်တဲ့ယောကျာ်းတစ်ယောက် က ပြုံးကာသက်သေပြနေသည်။
သူဘာလို့ယောကျာ်းတစ်ယောက်ကို အိမ်ထောင်ဖက်အဖြစ်ရွေးချယ်ခဲ့လဲ မသိသေးပါ။
"မင်းရေချိုးချင် ချိုးလို့ရပြီ။"
ဆံနွယ်ရှည်တွေ စုစည်းကာDryerနဲ့မှုတ်ပေးနေသူကဘာမှမပြောပေ။
"မင်းဒီနေ့လိုအရူးမထနဲ့။ ငါမကြိုက်ဘူး။မင်းသေတာကိစ္စမရှိပေမဲ့ လူအများကြီးရှေ့မလုပ်နဲ့။Attentionရှာသလိုပဲ။"
ခန့်သျှားကျော်လက်ကရပ်သွားသည်။
သူကတော့အသက်နဲ့လဲပြီးစွန့်စားလိုက်တာပေမဲ့ တစ်ဖက်လူကAttentionရှာတယ်တဲ့လား။
"အ...မင်း..."
ဇာမဏီအခု မွေ့ယာပေါ်ပြားကပ်လို့
တစ်စုံတစ်ယောက်ရဲ့ အဖိခံနေရသည်။
"မင်းသတိမေ့နေတုန်း ကိုယ်တို့တစ်ခါလောက်အတူနေကြည့်ကြမလား။ သေနတ်နဲ့တော့မပစ်နဲ့နော်။ "
ဇာမဏီ့လက်က ခေါင်းအုံးအောက်မရောက်လိုက်၊ပစ္စတိုကိုသူကအဝေးကန်ထုတ်ပစ်သည်။
"မင်းကို ငါအခုထိမယုံကြည်နိုင်သေးဘူး။"
"မင်းအရင်မခံစားကြည့်ဘဲမပြောပါနဲ့။"
အပြောထက်အလုပ်ကပိုထိရောက်၍ ပြောပြီးပြီးချင်း နှုတ်ခမ်းဖူးတွေကိုထိကပ်လိုက်သည်။လျှာတွေပါရစ်ပတ်ပြီး အနမ်းစက်ကွင်းတစ်ခုကို ကျယ်လောင်စွာဖန်တီးလာသည်။အခန်းထဲမှာသူတို့၏နှုတ်အာမေဍိတ်သံတွေသာကြီးစိုးနေသည်။
ဇာမဏီ့မျက်ဝန်းအိမ်က စိုစွတ်လာကာ မွန်းကျပ်မှုကိုမခံစားနိုင်တော့သလို သူ့အား အားကုန်သုံးကာဖယ်ထုတ်လိုက်သည်။
"မင်းငါနဲ့ ဝေးဝေးနေစမ်း။ မင်းကို လက်ခံတယ်လို့ဘယ်သူပြောသေးလဲ ဟမ်"
"မဏီ အဆင်မပြေရင် ဆောရီး မင်းအဆင်မပြေရင် မောင် အဲ... ကိုယ် အောက်ဆင်းပေးပါ့မယ်။"
"ဘာရယ်..."
"တကယ်ပြောတာ"
ဒါလည်းသူလက်မခံနိုင်ပါ။သို့သော် သူ့ခန္ဓာကိုယ်ကသူ့အမိန့်ကိုမနာခံပါလေ။
"အား ကိုယ်တို့မင်္ဂလာဦးညကိုတောင်ပြန်သတိရသွားတယ်ကွာ"
ဒီလူဘာတွေပြောနေမှန်းသူမမှတ်မိပါ။ သို့သော်ပြီးဆုံးသွားတော့လည်းကျေနပ်သလိုပင်။
ထိုသူက ထိုမျှနှင့်မပြီးသေးချေ။
သူ့ပေါ် လက်ချောင်းတွေကတရွရွတက်လာသည်။
"မောင်လို့...ခေါ်ပေးစမ်းပါ။"
"ဆုတောင်းလေ..."
ထိုအခါထိုသူကတိုက်စစ်တစ်မျိုးပြောင်းလေသည်။
ဇာမဏီရဲ့နတ်ဘုရားလိုသွယ်လျတဲ့ချောမွတ်သောပေါင်တံစင်းစင်းနှစ်ဖက်မှာ မူပိုင်ယောကျာ်းရဲ့လက်ဝါးရာတွေကထင်းလို့... သူ့တစ်ကိုယ်လုံးဟာ အနှီလူသား၏ခံတွင်းထဲပါသွားတော့မတတ်... ခြေချောင်းလေးတွေကုပ်သွားမိတယ်။ ခံစားမှု အသစ်အဆန်းက လှိုက်ဖိုစေတယ်။ မုန်းတာရွံတာတွေမရှိဘူး။သူတကယ်ပဲ ယောကျာ်းတစ်ယောက်ရဲ့ ဇနီးသည်နေရာမှာနေရတာ အကျွမ်းဝင်နေတာပဲ။ သူတို့အရင်က ဘယ်နှခါလုပ်ဖူးလဲမသိပါ။ ဦးနှောက်ကမမှတ်မိတော့ရင်တောင်ခန္ဓာကိုယ်က မှတ်မိနေတယ်။အလိုအလျောက်တုံ့ပြန်နေတဲ့ သူ့သံစဥ်တွေ ...
"ဘာမှန်းလည်းမသိဘူး" ဆိုတဲ့စကားသံကလည်းညတာနက်နက်မှာထွက်ပေါ်လာပြန်တယ်။
"မောင်မှန်း သိသွားပြီလား။ အချစ်..."
"ခန့်သျှားကျော် မင်းနော်..."
သူ့ရင်ဘတ်ကိုထုလာတဲ့လက်သီးအားဖမ်းဆုပ်ကာဆွဲနမ်းလိုက်သည်။
မဏီထိုညအကျိုးဆက်ကြောင့် ၃ရက်တိတိဖျားသွားသည်။ထို့ကြောင့်ပြန်ဖို့ကိုလည်းရက်ရွေ့ရပြန်သည်။သားပေါင်ကလာလာကြည့်ပေမဲ့ လူငယ်မို့ ရီလန်းနဲ့အချိန်ကုန်တာကများသည်။
ခန့်သျှားတစ်ယောက် ၃ရက်လုံးစားဖိုမှူးပြန်လုပ်ရသည်။လူမမာစားဖို့ သူများဟိုတယ်မီးဖိုချောင်အပိုင်သိမ်းကာ မြူစွမ်တွေချည်းလှိမ့်ချက်ပစ်၍ ဧည့်သည်တွေ Complainတက်ကြပြန်သည်။များများချက်ပြီးသူများတွေကိုအရသာမြည်းခိုင်းကာ စားကောင်းတယ်ဆိုမှ သူ့ယောကျာ်းကိုကျွေးသည်။ဟိုတယ်ပိုင်ရှင်မှာ ဒုတိယအများဆုံးရှယ်ယာရှင်နဲ့ ဧည့်သည်တွေကြားဗျာများရလေသည်။
အဖျားကျသွားတဲ့မနက်ခင်းမှာ ရေပတ်တိုက်ပေးနေတဲ့လက်ဖြူဖြူတွေကိုဇာမဏီဖမ်းဆွဲလိုက်သည်။
"ငါ့ကိုစိတ်ကုန်နေပြီလား။"
မကြာခဏကြားရတဲ့မေးခွန်းပေမဲ့ ခန့်သျှားက မညည်းညူပါ။
"မင်းကိုစိတ်ကုန်တဲ့နေ့က ဒီတစ်သက် ပြက္ခဒိန်မှာပေါ်လာမှာမဟုတ်ဘူး။"
မဏီကလက်မလျှော့ဘဲ ထပ်ပြောပြန်သည်။
"ငါ မင်းခေါ်ခိုင်းသလို နုနုရွရွနာမ်စားတွေမခေါ်နိုင်ဘူး။ အရင်က ခေါ်ခဲ့ဖူးလားမသိပေမဲ့ အခု ငါ့နှုတ်ကထွက်ဖို့ခက်နေတယ်။"
ခန့်သျှားအဝတ်ကိုဇလုံထဲထည့်ကာဘေးချပြီး ဇာမဏီ့ကိုလွတ်ထွက်သွားတော့မတတ် ဖက်တွယ်လိုက်သည်။
"မောင်လို့ပြန်မခေါ်နိုင်သေးလည်းရတယ်
ခန့်သျှားကျော်လို့ခေါ်နေလည်းရတယ်
အရင်ကချစ်ခဲ့တာတွေမမှတ်မိလည်းရတယ်
ကိုယ့်အပေါ်အနိုင်ပြန်လိုချင်လည်းရတယ်
မင်းပြောသမျှအရာရာ ရတယ်
ကိုယ့်ဘေးနားမှာ အချိန်တွေအကြာကြီးအတူရှိနေပေးပါ။ မင်းမရှိဘဲ နိုးထရတဲ့မနက်တွေဟာ သိပ်ကိုဆိုးရွားလွန်းတယ်"
သူခံစားနေရတယ်
ဒီယောကျာ်းရဲ့အချစ်တွေ၊ အလျှော့ပေးမှုတွေ၊ မေတ္တာတရားတွေ...
"ငါ..."
မောင်က မေးလေးဆတ်ပြီး ဆက်ပြော ဆိုတဲ့ ပုံနဲ့ နားထောင်ပေးတယ်။
"ငါ... မောင့်ကိုထပ်ချစ်သွားတယ်"
ပြောပြီး မျက်နှာပူလာလို့ သူ့ရင်ခွင်ထဲခေါင်းမြှုပ်ထားလိုက်တယ်
"ဟဟ"
ခပ်ဖွဖွရယ်သံတွေ၊ နားထင်ကိုဖိနမ်းလာတဲ့ အကြင်နာတွေ၊ လက်ထပ်လက်စွပ်နှစ်ကွင်းရဲ့ ပွတ်တိုက်သံတွေ... သိပ်ကို ပြင်းပြစွာချိုမြိန်လွန်းတယ်။
"မောင့် မဟေသီ...ဇာမဏီ..."
💮💮💮💮💮💮💮💮💮💮💮💮💮
A/N
မေး- မက္ကစီကိုက ဒီလောက်မိုက်တာ ဘာလို့ action ခန်း ထည့်မရေးတာလဲ။
ဖြေ- SE ဖြစ်စေချင်လို့ရေးပေးရမှာလား။
"..."
Action sceneထည့်လိုက်ရင် sad endingလုပ်မိမယ် ဒါဒါတို့ ကိုယ့်အကြောင်းကိုယ်သိတယ်။
မဏီ ဘာလို့ ဘုဂလန့်လဲ။ အမေတူလို့ပါ☺
လိုအပ်ချက်တွေရှိမယ်ထင်ပါတယ်။အဆုံးသတ်ပေးနိုင်တာပဲကျေနပ်ပါတယ်။
ဒီficကနေ စပိန်လိုရည်းစားစကားပြောနည်းသင်ပေးလိုက်မယ်နော် ကိုယ့်crushကိုတွေ့ရင် Te quiero (တယ့်ဂယ်ရို) လို့သာ လှမ်းပြောပါ။ ဟိုက ပြန်မေးရင် ပြောချင်တာပြောခဲ့။
ဒါဒါတွေကိုမြှောက်ပေးနေတာ 😆
အစက ချစ်တယ်ကို Te amo ပဲ ထင်တာ ၅၂၈မှ တီအားမိုလို့သုံးပါတယ်တဲ့။ တီအားမိုကပိုခေါ်လို့ကောင်းတယ်နော်
အားလုံးစိတ်ထင့်နေမှာပေါ့နော်
အပိုင်း၄၀မှာရပ်သွားပြီးအတော်ကြာမှExtraတွေနဲ့ပြန်လာတော့...
ပင်ပန်းလွန်းလို့ စောမှန်းသိရက်နဲ့လွှတ်ချလိုက်မိတာပါ။အခုမှစိတ်အခြေအနေကောင်းလို့ ပြန်လာတာပါ။အားလုံးပေါင်း ၄၅ပိုင်းတိတိကို နှလုံးနဲ့ရင်းပြီးရေးခဲ့ပါတယ်။ ပင်ပန်းပေမဲ့ကျေနပ်ပါတယ်။နောက်ထပ်အသစ်တွေထပ်ရေးနေပါတယ်။ Long storyဆို Happy Endingပဲရေးတတ်တဲ့ဒီမိန်းမအကြောင်းသိကြရင် အသစ်တွေလည်းဖတ်ပေးဖို့တောင်းဆိုပါတယ်။
စပိန်ရည်းစားချောချောလေးရကြပါစေ😁
(Extraထပ်မရှိတော့ပါ။)
မဏီတို့စားတဲ့ ဟင်းပွဲတွေပါ
ဟိုတယ်
ရေသူထီးနဲ့ ရေသူမ ရုပ်ထု
Cable biking
Mayan Temple
ရောင်စုံလမ်းကြား
မောင်တို့ ကြည်နူးတဲ့ ရေကူးကန်
Zawgyi
"မင္းဒယ္ဒီဘယ္လိုေနလဲ သား"
"အေျခအေနေကာင္းတယ္ ေဖ...
ယိုယိုနဲ႕ေဆာ့ေနတယ္။ သားကိုေတာ့ ဂိုဏ္းက ေကာင္ေလးတစ္ေယာက္လို႔ထင္ေနတုန္းပဲ။"
"ေအး... ဒါဆို ေဖ ခဏေနမွျပန္လာခဲ့မယ္ေနာ္
ေဆးတိုက္ခ်ိန္က်ရင္ ထပ္ေသာင္းက်န္းေသးတယ္မလား။"
"ဪ အဲ့ခါက်လည္း အမႈန့္ေျခ အေအးထဲေဖ်ာ္ၿပီးတိုက္ရင္ ဘာသိတာမွတ္လို႔ ေဖ မလာလည္းရပါ့။"
"ေခြးေကာင္ ငါ့ေယာက်ာ္းကိုလူလည္က်တယ္"
တစ္ဖက္ကရယ္သံထြက္လာၿပီးဖုန္းခ်သြားတယ္။
၁၂ထပ္အျမင့္မွာရွိတဲ့မွန္ျပတင္းကေန ညေနဆည္းဆာကိုၾကည့္ရင္း CEOႀကီး ခန့္သွ်ားတစ္ေယာက္ အိမ္ကလူကိုလြမ္းေနျပန္တယ္။
"ဟာ... ေယာက္ဖ... ဘယ္သူ႕လြမ္းေနျပန္ၿပီလဲ။မွန္မွန္ေျပာစမ္း"
"ဘယ္သူရွိရမလဲ။မင္းအစ္ကိုေပါ့"
Eagleဝင္လာေတာ့ အတြင္းေရးမႉးက ေကာ္ဖီခ်ေပးရင္း ဒီေန႕အတြက္လုပ္ငန္းေဆာင္တာေတြ သိပ္မက်န္ေတာ့ေၾကာင္းေျပာေနတယ္။
အလုပ္တစ္ဖက္နဲ႕ပဲ ေယာက္ဖလုပ္သူကိုဧည့္ခံရျပန္တယ္။
"ေဆး႐ုံရက္ခ်ိန္း လိုေသးလား။"
"အင္း ၃၀ရက္ေန႕မွ... အခုမွ ၂၂ပဲရွိေသးတာေလ"
"ငါ့ေတာင္မမွတ္မိဘူးကြာ။ ဘယ္ကလူႀကီးလဲဆိုၿပီးေအာ္ထုတ္တာမ်ား"
ဟာသေႏွာၿပီးေျပာေနေပမဲ့ တကယ္တမ္းသူတို႔ေပ်ာ္မေနမွန္းေျခာက္ကပ္ကပ္ရယ္သံေတြကအသက္ပါပဲ။
"ေဆးေတြေသာက္ရတာမနည္းဘူး။သူတစ္ခါ ေဆးမ်ိဳခ်ရင္ တစ္ခါအန္တယ္။ ငါလည္းသနားမိၿပီးဆက္မတိုက္ျဖစ္မွာစိုးတာနဲ႕ သားေပါင္ကပဲတိုက္ေနရတာ... သူ႕သားတိုက္ရင္က်ဝင္တယ္။"
"မင္းစေျပာတုန္းကငါယုံေတာင္မယုံနိုင္ဘူး။
မင္းေရာ ငါ့ပါ ေမ့သြားမွ ယုံလိုက္ရတာ...
ေစာက္ကံၾကမၼာက ငါ့အစ္ကို ကို ေကာင္းက်ိဳးကိုမေပးဘူး။ ေတာက္!!!"
ခ်ဳံးရီလန္း ကိုေမ့ၿပီးမၾကာဘူး။မိသားစုကိုပါတျဖည္းျဖည္းေမ့လာျပန္တယ္။ ေယာက်ာ္းျဖစ္တဲ့ခန့္သွ်ားကိုေမ့ေတာ့ သူနဲ႕ရတဲ့သားေတြကိုပါ ေမ့သြားခဲ့တာမဆန္းလွေပ။ ကေလးေတြက သူနဲ႕ပတ္သက္ၿပီးမွရတာမို႔လား။ သူ႕ဂိုဏ္းသားေတြကို အိမ္ျပန္ေခၚထားရသည္။သူတို႔Bossအဲ့လိုျဖစ္ေတာ့ သူ႕တပည့္ေတြလည္းငိုၾက၊ယိုၾကျဖင့္ လူမိုက္ေတြလို႔ပင္ေျပာရမွာခက္သည္။
"ေဆး႐ုံတင္ဖို႔ကေရာ..."
ခန့္သွ်ားကဆတ္ခနဲေမာ့ၾကည့္ကာျပတ္သားစြာေျဖသည္။
"ငါ့ေယာက်ာ္းကို သူစိမ္းေတြလက္ထဲစိတ္ခ်လက္ခ်မထားနိုင္ဘူး။အိမ္မွာလည္းဆရာဝန္ေတြေရာ လိုအပ္တာေတြတင္မကဘူး ခြဲစိတ္ခန္းပါ အသင့္ရွိတယ္။ မပူနဲ႕။"
Eagleမွာ ခန့္သွ်ားကမိမိထက္ပိုဂ႐ုစိုက္မွန္းသိေပမဲ့ အေတြးေတြက လြန္တာမို႔ ေယာက္ဖျဖစ္သူကို ျပန္ႏွစ္သိမ့္ရသည္။
"ေအးပါကြာ အေျခအေနဆိုးလာရင္ ေဆး႐ုံမွာလည္းေနလို႔ရတယ္ေျပာမလို႔ပါ။ ငါ့မိတ္ေဆြပိုင္တဲ့ေဆး႐ုံမွာ..."
"ငါ့ေယာက်ာ္းကို ငါကုနိုင္ပါတယ္။ ဟုတ္ၿပီလား။"
ေခါင္းမာတဲ့ ေယာက္ဖျဖစ္သူကို ဆက္မေျပာေတာ့ဘဲ လက္ေလွ်ာ့လိုက္ရသည္။သူေမ့သြားခဲ့တာ...
ခန့္သွ်ားေက်ာ္လိုလူက သူ႕ေယာက်ာ္းကို အထီးက်န္ေအာင္ေဆး႐ုံလိုေနရာမ်ိဳးမွာ ပစ္ထားမဲ့သူမဟုတ္တာ...
"အိမ္ကေရာထပ္ထြက္ေျပးေသးလား။"
"သူ႕တပည့္ေတြ ဝိုင္းထိန္းထားတယ္။ မနက္အိပ္ရာနိုးရင္ပုံမွန္လိုကို လိုက္တမ္းေျပးတမ္းကစားေနရတာ..."
ကုတင္ေပၚမတက္ရတာ လခ်ီၿပီဆိုတာေတာ့မေျပာျဖစ္ပါ။ သူစိမ္းေယာက်ာ္းတစ္ေယာက္နဲ႕အတူမအိပ္နိုင္ဘူး ျငင္းလို႔ ဆိုဖာနဲ႕ ႏွစ္ပါးသြားရတာေျခာက္လနီးပါး...
"ကဲ... ငါၿပီးၿပီ။ မင္းအိမ္လိုက္မွာလား။"
"ေအး... လမ္းမွာ အမွည့္သီးဝင္ႀကိဳရဦးမယ္။ခဏေစာင့္..."
ခန့္သွ်ားမ်က္ေမွာင္ၾကဳတ္လိုက္သည္။
"ဟ... မင္းကေလးကို အဲ့ေလာက္မၾကပ္နဲ႕ေလ။ ဒီအ႐ြယ္လြတ္လြတ္လပ္လပ္သြားပါေစေပါ့"
"ရမယ္ အားႀကီးႀကီး... မင္းတူကို သူငယ္ႏွပ္စားမ်ားေအာက္ေမ့ေနလား။ေက်ာင္းေျပးလိုက္၊ သင္တန္းလစ္လိုက္နဲ႕ ဘယ္ႏွႀကိမ္မွန္းမသိဘူး။ မိဘေခၚေတြ႕ခံရတာ... အခု သူ႕ပါးပါးက warningေပးထားလို႔ သူ႕ကို ငါကိုယ္တိုင္အႀကိဳအပို႔လုပ္ေနရတာကြ။ မင္းဘယ္ေလာက္လည္တယ္မွတ္သလဲ။ သင္တန္းဆရာကိုက် သူ႕ပါးပါး အသံတုနဲ႕ဖုန္းကဒ္ပါခိုးၿပီးခြင့္လွမ္းတိုင္တယ္။ သူ႕ပါးပါးကိုက် ဆရာေနမေကာင္းလို႔ သင္တန္းပိတ္တာတဲ့ေလ...ဒီေကာင္ ႏွစ္ေပါက္တစ္ေပါက္ရိုက္တာ လြယ္တယ္မွတ္သလား။"
ခန့္သွ်ားေက်ာ္ တူေတာ္ေမာင့္ဥာဏ္ရည္ကိုခ်ီးက်ဴးမိသည္။ငေတာက္ဝဋ္လည္တာပဲ။
"မင္းေယာက်ာ္းငယ္ငယ္က ဒီထက္ေတာင္ပိုဆိုးေသး... အဲ့ဒါ သင္းဝဋ္လည္တာ "
"သားေပါင္တို႔နဲ႕ကြာပါ့ကြာ
အႁမႊာႏွစ္ေကာင္ဆို ေက်ာင္းကိစၥေျပာစရာကိုမလိုတာ။ ပင္စိမ္းက်လည္း မင္းလုပ္ငန္းေတြပါ ဝင္ဦးစီးေနၿပီမလား။ ဒီအမွည့္သီးပဲ တစ္ဆိတ္ရွိေျပာေနရတယ္။"
"Eagle မင္းကေလးေတြကို အဲ့လိုမႏွိုင္းနဲ႕ကြ။ ကေလးဆိုတာ တစ္ေယာက္နဲ႕တစ္ေယာက္ Levelမတူဘူး။ ပင္မွည့္သီးမွာလည္း သူ႕ Talentနဲ႕သူရွိမွာပဲ။ ဒါကိုမင္းက Supportေပး႐ုံပဲ။မင္းတို႔ပိုင္တဲ့ ေက်ာက္တြင္းေတြမနည္းပါဘူးကြာ။ မင္းသားဒီတစ္သက္မဆင္းရဲပါဘူး။ အခ်ိန္တန္ရင္ သူ႕ဝါသနာပါရာ သူလုပ္လိမ့္မယ္ ဟုတ္ၿပီလား။"
စကားတေျပာေျပာနဲ႕ခန့္သွ်ားတစ္ေယာက္Fileေတြ saveၿပီးတာနဲ႕ ကုတ္အကၤ်ီကိုထယူကာေယာက္ဖေတာ္နဲ႕ ထြက္လာခဲ့ရသည္။
"Daddy သားညက် ငေပါင္တို႔အိမ္အိပ္မွာေနာ္"
ကားထဲဝင္တာနဲ႕ ပင္မွည့္ေကာင္ဇာတ္လမ္းစေတာ့ လင္ျဖစ္သူနဲ႕သားၾကားဗ်ာမ်ားရေသာ Eagleမွာမနိုင္ နိုင္ရာလွမ္းမဲရသည္။
"ေဟ့ေကာင္ မင္းအႀကံမသိဘူးမ်ားထင္လား။ ညက်Clubခိုးသြားမယ္မႀကံနဲ႕။ မအိပ္ရဘူး။ မင္းပါးပါးေသခ်ာမွာလိုက္တာ"
စိတ္ဆိုးသြားသည္ထင္၏။ဂိမ္းႏွိပ္ေနၿပီးစကားျပန္မလာေတာ့ေပ။
ကားႏွစ္စီးက ဗဟန္းကၿခံေရာက္ေတာ့မွရပ္သြားသည္။
အိမ္ထဲဝင္ဝင္ခ်င္း အထဲက ဒေရာေသာပါးေျပးလာေသာ တစ္စုံတစ္ေယာက္ကEagleကိုဝင္တိုက္တာမို႔ဖမ္းလိုက္ရသည္။
"Wow Wow... ေဟ့ သားေပါင္ ဘာျဖစ္လာတာလဲ။မင္းဒယ္ဒယ္ရိုက္လိုက္လို႔လား။"
ပင္ေပါင္ကတစ္ခုခုကိုအသည္းအသန္ျဖစ္ေနပုံရ၍ေမးရသည္။
"ကြၽန္ေတာ့္ညီ မကၠစီကို ကိုသြားတယ္"
လူႀကီးႏွစ္ေယာက္ မ်က္ခုံးပင့္လိုက္ေပမဲ့ အသက္ျပည့္ၿပီးတည္းက သူလုပ္ခ်င္တာဆို မရရေအာင္လုပ္တတ္ေသာ ပင္စိမ္းေကာင္၏ တစ္ဇြတ္ထိုးညဥ့္ကို သိေန၍ ႏွစ္ေယာက္လုံးခပ္ေအးေအးအမူအရာသာျဖစ္ေနၾကသည္။
"ဪ... ဒါျပႆနာမွမဟုတ္ဘဲ
သူအရင္လည္း သြားေနၾကဟာ"
"သူ႕ေခၚသြားတာ ကြၽန္ေတာ့္ခ်စ္သူဗ်"
"အမ္... ဒါေတာ့ shockရွိသြားၿပီ။"
Eagleကထိုမွ်သာေရ႐ြတ္လိုက္ေပမဲ့ ခန့္သွ်ားေက်ာ္က ေဒါသထြက္ေနသည္။
"ဒီမေအေဘး ငါ့သားႀကီး အားမရလို႔ သားငယ္ကိုပါႀကံရတယ္လို႔ ေတာက္!!!
ငါနဲ႕ေတြ႕မယ္။"
ေဖကအကၤ်ီလက္ေတြပါေခါက္တင္ၿပီး ႀကိမ္းဝါးေတာ့ ရည္းစားဘက္က ကာေပးရသည္။
"ဟာဗ်ာ... ေဖေနာ္ သူမ်ားဦးကိုအဲ့လိုမစြပ္စြဲနဲ႕။ဦးက မေတာ္တဆလူမွားၿပီးေခၚသြားတာဗ်
အဲ့ဒါေၾကာင့္ ေဖ့ကိုေျပာသားပဲ။ Campဝင္တာကို အငယ္ေကာင့္အစားထိုးမသြားခိုင္းနဲ႕လို႔။ဟိုက သားname tagျမင္ၿပီး တန္းေခၚသြားတာ"
"ဒီေကာင္ကလည္း သိရက္နဲ႕လိုက္သြားတာပဲလား။ က်စ္..."
"ဦးလာေခၚေတာ့အိပ္ခ်င္မူးတူးျဖစ္ေနလို႔ မသိလိုက္တာတဲ့။ ေလယာဥ္ေပၚကဆင္းမွသားဆီဖုန္းဆက္တယ္။"
"ငေပါင္... ငါလည္းလိုက္မယ္။ ပါးပါးေျခခ်ဳပ္ထားလို႔ဘယ္မွမသြားရတာၾကာၿပီကြ။ ထီေပါက္တာပဲ..."
"အေရးထဲ မင္းကတစ္မ်ိဳး"
ပင္မွည့္သီးကို ငေပါင္ကမာန္မဲတယ္။
ဒီႏွစ္ေတာ့မကၠစီကို ကို အုပ္စုလိုက္သြားၾကဖို႔ျဖစ္သြားၿပီေပါ့။
အျဖစ္က ပင္ေပါင္နဲ႕ ပင္စိမ္းကို ငေပြးရီလန္းကလူမွားေခၚသြားတာေၾကာင့္ေလ...
သူတို႔စကားမ်ားေနတုန္း Eagleက တစ္ေနရာကိုဖုန္းဆက္ေနတယ္။
"မဏီေရ... အဲ... Phoenixေရ..."
ယိုယိုနဲ႕ေဆာ့ေနတဲ့ ဇာမဏီက ခန့္သွ်ားေခၚသံေၾကာင့္ အာ႐ုံပ်က္ဟန္နဲ႕ ထြက္လာတယ္။
"ဘာလဲ။ ေဟ့ေကာင္"
"မင္းနဲ႕ကိုယ္တို႔ ခရီးထြက္ရမယ္။ လာ"
"ေဖ ေလယာဥ္လက္မွတ္ျဖတ္လို႔ရေသးလား။"
ငေပါင့္စကားကို Eagleကျပန္ေျဖတယ္။
"ငေပါင္ ျဖတ္မေနနဲ႕။မမွီဘူး။ၾကာတယ္။ ဦးငယ္ စီစဥ္ထားတယ္။ ေဟာ...ေရာက္ၿပီ။"
ပတ္ဝန္းက်င္တစ္ခုလုံးတုန္ဆင္းလာၿပီး ေျမႀကီးေတြပါလႈပ္လာတယ္။ တိုက္ကအုတ္ျမစ္ႂကြသံေတြေတာင္ၾကားေနရေတာ့ ငလ်င္မ်ားလားဆိုၿပီး လန့္ဖ်ပ္ကာခန့္သွ်ားမွာ သားနဲ႕ေယာက်ာ္းကို ေပြ႕ဖက္ထားလိုက္ရတယ္။
ထိုသို႔ဝုန္းဒိုင္းဆန္ေစတဲ့တရားခံကေတာ့ ေကာင္းကင္ကလာေလတယ္။
ေလယာဥ္တစ္စင္းက ဗဟန္းရွိ သူတို႔ၿခံဝန္းက်ယ္ထဲဆင္းသက္တယ္။
တဒက္ဒက္နဲ႕ အသံက်ယ္ေၾကာင့္ ဇာမဏီေတာင္ေခါင္းကိုက္ရတယ္။
"ကဲ... ငါတို႔အဘိုးလက္ထက္ကစီးေတာ္ယာဥ္ႀကီးပဲ။ေကာင္းေသးတယ္။ တက္..."
ပင္ေပါင္ကေတာ့ေျပာစရာမလိုေပ။ Private Jetေပၚ ဖေအေတြေတာင္မေစာင့္ဘဲ လွစ္ခနဲေျပးတက္သြားတယ္။
ေလယာဥ္ေပၚမတက္ခင္ခရီးကၾကာေတာ့ Decemberထဲလည္းျဖစ္တာမို႔ဇာမဏီခ်မ္းေနမွာစိုးလို႔ခန့္သွ်ားဝတ္ထားတဲ့ကုတ္အကၤ်ီကိုၿခဳံေပးလိုက္သည္။အမ်ိဳးသားျဖစ္သူကမႏွစ္ၿမိဳ႕စြာ ဖယ္ထုတ္ပစ္ေလတယ္။သူစိမ္းေယာက်ာ္းကသူ႕ကိုယ္ေပၚပိုင္စိုးပိုင္နင္းလုပ္လို႔လည္းေဒါသအၾကည့္နဲ႕ၾကည့္တယ္။
"မင္းက ဘာအခြင့္နဲ႕ ငါ့ကိုထိရဲတာလဲ။"
E-bayကဝယ္တဲ့ ေဒၚလာသိန္းခ်ီတန္ကုတ္အကၤ်ီရွည္ႀကီးကေျမႀကီးေပၚက်သြားတယ္။
ဟုတ္သားပဲ။သူ႕ေယာက်ာ္းအသိစိတ္က အခု သူ႕ကိုယ္သူလူပ်ိဳလို႔ထင္ေနေသးတာ...
"ေဖ ျပန္ေကာက္ၿခဳံေပးၿပီးတက္လာေတာ့ေလ
ေနာက္က်ေနၿပီ။ျမန္ျမန္လုပ္ပါဗ်
သားရင္ပူေနၿပီ။"
"ဖုန္ေပေနတဲ့ အကၤ်ီ ငါ့ေယာက်ာ္းျပန္ဝတ္ေပးစရာလား။ "
ေဒၚလာသိန္းခ်ီ ေလလံဆြဲဝယ္ရတဲ့ Limited Brandကေကာက္မယ့္သူမရွိလို႔ ေျမႀကီးေပၚမွာဖုန္အလိမ္းလိမ္းနဲ႕သနားစရာ...
ၾကာၾကာစိတ္မရွည္တဲ့သူ႕ေယာက္ဖက သူ႕အစ္ကို ကိုယ္ေပၚ သူ႕ကုတ္ၿခဳံေပးၿပီးခန့္သွ်ားနဲ႕အတူ ေလယာဥ္ေပၚ ခ်ဳပ္တင္တယ္။ ေယာက်ာ္းႏွစ္ေယာက္အားမို႔ ဇာမဏီရႈံးသြားရတယ္။
"ဟာ... Eagle မင္းမလိုက္ဘူးလား။"
"ငါ့ေယာက်ာ္းတစ္ေယာက္တည္းက်န္ခဲ့မွာ ငါက လိုက္စရာလား။ ကိုယ့္ဟာကိုယ္သြားၾက"
Eagleစကားမဆုံးခင္ သူ႕သားငေပြးက ဖေအကိုေက်ာ္ၿပီး ေလယာဥ္ေပၚေျပးတက္ကာ တံခါးပိတ္ပစ္လိုက္တယ္။
"ဟာ... ေဟ့ေကာင္ ျပန္ဆင္း...
မင္းနဲ႕မဆိုင္ဘူးေလ"
"တာ့တာ... Daddy
ပါးပါးကို Daddyပဲၾကည့္ေျပာလိုက္ေတာ့"
ေလယာဥ္ကအေပၚပ်ံတက္ေနၿပီမို႔ Eagle တားမရေတာ့ေပ။
"ေခြးသူေတာင္းစားေလး...
မင္းပါးပါးက သူ႕သားမပါရင္ ငါ့သတ္မွာကြ"
Eagleတစ္ေယာက္ မေက်မခ်မ္းနဲ႕က်န္ခဲ့ရျပန္သည္။
Private Jetေလးကေတာ့ အေမရိကားတိုက္ ေျမာက္ပိုင္းကိုဦးတည္လ်က္...
***************************
တစ္ဖက္မွာေတာ့ အစ္ကိုလုပ္သူနဲ႕ မွား အမ ခံလာရတဲ့ ပင္စိမ္းေကာင္က ေဒါပြၿပီးရွိသမွ်လူမဲေနသည္။Camping ထြက္ၿပီးၿပီးခ်င္း ကားေပၚအိပ္ေပ်ာ္သြားလို႔ ကိုယ့္ဟာကိုယ္ဘာျဖစ္သြားမွန္းမသိလိုက္ဘဲ နိုင္ငံရပ္ျခားေရာက္သြားရသည္။ခ်ီးညီအစ္ကိုေတြ... ေကာင္းက်ိဳးကိုမေပးဘူး။
"ငေပါင္ကဘာတဲ့လဲ။ ဘဲႀကီး".
ဒီေကာင္ေလး လူႀကီးကို ရိုင္းခ်က္...
ရီလန္း ေယာက္ဖေတာ္ရမည့္သူမို႔စိတ္ေလွ်ာ့လိုက္ရျပန္သည္။
"အခုလမ္းမွာလာေနၿပီတဲ့။ မင္းအေဖႏွစ္ေယာက္ပါ ပါတယ္ေျပာတယ္။ Private Jetနဲ႕မို႔ ျမန္မွာပါ။"
"Shit...ေစာက္က်ိဳးနည္းတယ္။ အလကားေန အလကား ေယာက်ာ္း ရေတာ့မလို႔ ကံေကာင္းတယ္။ ခင္ဗ်ားဟာေလ ဒုကၡိတပ်ားတုပ္ သိလား။ ေစာက္တလြဲ Proposeနဲ႕ ရပါလိမ့္မယ္ ေယာက်ာ္း...
ကိုယ့္လူေတာင္ ကိုယ္မခြဲတတ္ဘူး။ ဘာခ်စ္တာလဲ။ ေဘာကိုခ်စ္တာလား။"
"ေဟ့ ေဟ့... မစြပ္စြဲနဲ႕။ ကိုယ္က မင္းအေပၚျဖဴစင္တယ္။ မင္းအစ္ကိုအစားမင္းက ဘာလို႔ Campingထြက္လဲ။ ကိုယ္မွားေခၚတာအျပစ္လား။ မင္းကုလားေသကုလားေမာ Express carေပၚမွာ အိပ္ေပ်ာ္ေနလို႔ ေစတနာနဲ႕ မင္းကိုယ္ႀကီး ထမ္းလာရတာလည္းအားနာဦး။ လူကိုဘာမ်ားမွတ္လဲ။"
ပင္စိမ္း အျမင္ကတ္ကတ္နဲ႕ အဘိုးႀကီးကို မေက်မခ်မ္း လက္ခလယ္ေထာင္ျပလိုက္တယ္။
"ေတာ္ေတာ္သနားစရာပါလား။ ေစာက္က်ိဳးနည္း ခ်စ္တတ္တဲ့ ဘဲႀကီး... က်ဳပ္အစ္ကို နဲ႕ က်ဳပ္ ႐ုပ္တူလို႔ မခြဲတတ္လည္း ရွက္မေနနဲ႕။ မသိရင္ ေမး...
ခ်ီးလို တစ္ဇြတ္ထိုးထပ္လုပ္ရင္ က်ဳပ္လက္သီးက ခင္ဗ်ားပါး ဝဲမယ္။ က်ဳပ္အနားကေဝးေဝးေန..."
"ကိုယ့္အသည္းက လူေ႐ြးတယ္။ မင္းစိတ္ပူမေနနဲ႕။ မင္းကိုစိတ္ထဲမရွိဘူး။ဟုတ္ၿပီလား။"
"ခ်ီးပဲ ဘဲႀကီး အခုေတာ့ခင္ဗ်ားေၾကာင့္အားလုံးရႈပ္ကုန္ၿပီေလ။Double fuckပဲ။ ရွိသမွ်လက္ခလယ္အကုန္ယူဗ်ာ။ လမ္းသြားရင္ဖိနပ္ေပါက္ပါေစ အိပ္ေနရင္း ဘီလူးစီးပါေစ က်ဳပ္အစ္ကိုfuckခံၿပီးေရွာပါေစဗ်ာ..."
ကေလးမို႔ အေလွ်ာ့ေပးတာကိုတအားရိုင္းလာၿပီမို႔ ရီလန္းသည္းမခံနိုင္ေတာ့ေပ။
"ေဟ့ေကာင္!!! မင္းလြန္လာၿပီ"
"လြန္တယ္ဟုတ္လား ဘယ္သူကစလြန္တာလဲ
သူမ်ားသားလူပ်ိဳႏုႏုထြတ္ထြတ္ေလးကိုေမ့ေဆးအုပ္ၿပီး ေလယာဥ္ေပၚတင္တာ ကေရာမလြန္ဘူးလား။ကိုယ့္ဘဲေတာင္ကိုယ္မသိတာ အံ့ပါ့။ မေတာ္လို႔ က်ဳပ္ေရတိမ္နစ္သြားရင္ဘယ့္ႏွယ့္လုပ္မလဲ။ဒါ ျပစ္မႈေျမာက္တယ္ေနာ္... က်ဳပ္အစ္ကိုကခြင့္လႊတ္လည္းက်ဳပ္ကခြင့္မလႊတ္ဘူး။ ေဘာပဲ ဘဲႀကီး..."
"ေဟ့ေကာင္ ငါလည္းလူပ်ိဳပါကြ
မင္းေျပာမွပဲ ငါ့သိကၡါလည္း တစ္ျပားမွမရွိေတာ့ဘူး။ ေခြးစားသြားၿပီ က်စ္..."
ပင္စိမ္းသီးက ခနဲ႕တဲ့တဲ့ နဲ႕ အရယ္တစ္ဝက္ေႏွာကာျပန္ပက္တယ္။
"ဘာလူပ်ိဳလဲ။ယရစ္နဲ႕ ၿပိဳတာလား။ လူကျဖင့္ က်ဳပ္အစ္ကိုေၾကာင့္မ်က္တြင္းေခ်ာင္ေနၿပီးမ်ား ပ်ိဳခ်င္ေသးတယ္။ပင္စိမ္းသီးတို႔ကဟားတိုက္ၿပီးေတာ့ေတာင္ရယ္ပစ္လိုက္ဦးမယ္။ သေဘာေပါက္"
ရီလန္း အေ႐ြးမွန္သြားတာပဲေတာ္ေသးသည္။ဒီေကာင့္သာႀကိဳက္မိရင္ သူ႕ဘဝဟာမေတြးရဲစရာပါ။ ေလတစ္လုံးမိုးတစ္လုံးအေျပာမွာ နစ္ေသသြားေလာက္သည္။
'အဆဲတလိုင္း ငရိုင္းကိုမွ မွားၿပီး surpriseတိုက္ဖို႔ေမ့ေဆးအုပ္ေခၚလာမိရလား ခ်ဳံးရီလန္းရဲ႕' လို႔သာ ကိုယ့္ကိုယ္ကိုယ္ ေမတၱာပို႔မိေတာ့သည္။
》¤》¤》¤》¤》¤》¤》¤》¤
ေလယာဥ္ေပၚ မွာနာရီ ၂၀ေလာက္ျဖတ္သန္းရမွာမို႔ခရီးကၾကာ၍ ႏွစ္နပ္စာ စားဖို႔ ထည့္ေပးလိုက္တာေတြကိုေမာင္ကျပင္ေကြၽးတယ္။
"မဏီ... အဲ Phoenix
အဆာေျပတစ္ခုခုစားလိုက္ဦး။ ေရာက္ဖို႔လိုဦးမွာ"
ပင္ေပါင္ကေတာ့ ရည္းစားေဇာနဲ႕ မစားနိုင္ပါ။ ဖေအႏွစ္ေယာက္ ငယ္မူျပန္တာ ျပန္ၾကည့္ေနရသည္။
"မင္းလက္ဖယ္စမ္း...
မင္းကိုငါဘယ္ႏွခါေျပာရမလဲ။ ငါ့ကို အဲ့လိုေတြမလုပ္ပါနဲ႕လို႔။ ငါကေယာက်ာ္းစစ္စစ္ကြ..."
"ကိုယ္လည္းေယာက်ာ္းစစ္စစ္ပါပဲ။ေရမေရာဘူး။"
အဟြတ္...
အကူထည့္ေပးလိုက္တဲ့ခ်ဳံးကတီးေတြဆီက ရယ္သံထြက္လာေတာ့ ဇာမဏီပိုစိတ္ရႈပ္လာရတယ္။
"မင္းစစ္တာမစစ္တာငါမသိခ်င္ဘူး။ငါ့ကို ဘုမသိ၊ ဘမသိ ေခၚလာတည္းကေက်နပ္တာမဟုတ္ဘူးေနာ္။ ဟိုေကာင္ေလး ဘီယာတစ္ဘူးေဖာက္ေပးစမ္း"
ပုံမွန္စိတ္မရွိတဲ့အခါမ်ိဳးမို႔ သူဖူးဖူးမႈတ္ေသာသားႀကီးေပါင္ကို ဂိုဏ္းတပည့္အသစ္ထင္ၿပီး ေျပာခ်င္ရာေျပာသည္။
"ငါတို႔အခု ဘယ္သြားေနတာလဲ။ ငါ့ကိုအဲ့ဒါေတာ့ေျပာျပ... မဟုတ္ရင္ ဒီသံစက မင္းလည္ပင္းထဲေရာက္သြားမယ္။"
ႀကိမ္းဝါးခ်က္၊ ၾကမ္းတမ္းခ်က္က သူတို႔မယူခင္က ေခါင္းေဆာင္ႀကီးကိုျပန္ျမင္ေနရသည္။
"ဘီယာဘူးနဲ႕လူသတ္တာခုမွပဲၾကားဖူးတယ္ ဟားဟား... ကဲပါ ကိုယ္ေျပာျပမယ္။အခု ကိုယ္တို႔က မကၠစီကိုက Red hill Houseကိုသြားေနတာ
မင္းသူငယ္ခ်င္းက မင္းရဲ႕သားကို လူမွားၿပီးခိုးေျပးသြားလို႔။ ကိုယ္တို႔သြားျပန္ေခၚရမွာ... ဒါကသူ႕ရည္းစားအစစ္ မင္းသားႀကီး ပင္ေပါင္... မွတ္မိၿပီလား။"
"မျဖစ္နိုင္တာ... မဟုတ္ဘူး။ ငါ့ကိုမလိမ္နဲ႕။ငါ့အသက္၂၀ပဲရွိေသးတာ... ခ်ီးမို႔ ဒီကေလးေတြ ထြက္လာရမွာလား။ လူလိမ္ေကာင္"
ေဝဟင္ေပၚေရာက္တာေတာင္ ေသာင္းက်န္းေနေသးေသာ ဇာမဏီေၾကာင့္ သားအဖႏွစ္ေယာက္ ထပ္ခ်ဳပ္ရျပန္သည္။
ေမာင့္ရဲ႕စကားသံေတြကလည္းတတြတ္တြတ္ႏွင့္
သားေပါင္ကလည္း သူတို႔အေျခအေနကိုလက္ခံနိုင္ေအာင္ျပန္ေျပာျပေနသည္။
"ငါ့သူငယ္ခ်င္းနဲ႕ငါ့သားကို ငါက ခြင့္ျပဳေပးခဲ့တယ္တဲ့လား။ ဗေလာင္းဗလဲစကားေတြ လာမေျပာနဲ႕။ ငါမယုံဘူးကြ..."
"သား... မင္းအလွည့္ပဲ။ ေျပာမရရင္ ေဆးပဲတိုက္သိပ္လိုက္ေတာ့..."
ဇာမဏီ့ေရွ႕ေရာက္လာၿပီး သူ႕ကိုဖက္တြယ္လိုက္တဲ့ေကာင္ေလးက သနားစရာ...
သူကဘာလို႔အဲ့ေကာင္ေလးကိုျမင္ၿပီးဝမ္းနည္းေနရတာလဲ။သူ႕ရင္ထဲမွာတင္းက်ပ္က်ပ္ႀကီး...
ပင္မွည့္သီးကေတာ့ Pilotနားမွာ အကူလုပ္ရင္းေမႊေနလို႔ သူတို႔ကိစၥဝင္မပါဘဲ အပူၿငိမ္းေနသည္။
ပင္ေပါင္ ဦးကိုစေခၚလာေသာေန႕ကိုျပန္ေျပာျပေလသည္။ ဒယ္ဒယ္က သူ႕မိသားစုဘဝကို ျပန္အမွတ္ရေစဖို႔ေမွ်ာ္လင့္သည့္အေနျဖင့္သာ...
"ေမာင္ ရႉေဆးေလးရႉလိုက္ပါဦး။"
သားေခၚလာတဲ့ Boyfriend ကိုျမင္ၿပီးေမာင္လန့္ကာထိုင္ေသာင္းက်န္း၍ မနည္းႏွာႏွပ္ရသည္။ အခုေတာ့ သူငယ္ခ်င္းေဟာင္း ခ်ဳံးရီလန္းက ေရွ႕မွာ... သားျဖစ္သူက ဖေအေရွ႕ေတာင္ သူ႕ဦးလက္ကိုကိုင္ထားတာမလႊတ္ေပ။
"သားကသူ႕ကိုတာဝန္ယူရမဲ့ကိစၥလုပ္ခဲ့တာပါဆို...
ေဖက ဘာလို႔ ခြင့္မျပဳခ်င္တာလဲ။သားတို႔ တြဲဖို႔ပဲေျပာတာပါ။ခ်စ္သူျဖစ္ဖို႔ေတာင္ ေဖတို႔ခြင့္ျပဳခ်က္ရမွ ဦးကလက္ခံမယ္ဆိုလို႔ သားကခြင့္ေတာင္းတာ"
ဇာမဏီသက္ျပင္းခ်လိဳက္သည္။
"သားက သူ႕ကိုတစ္ဘဝစာေတြးတာလား။ တစ္ခဏတာလား။"
ရီလန္းကိုအားနာေပမဲ့သူေသခ်ာေမးရမည္။ကေလးကအသက္ျပည့္ေသးတာမဟုတ္ေပ။
"သားအတြက္ေတာ့ အခုေရာေနာင္တစ္ခ်ိန္ပါ ဦးပဲရွိေစရမယ္။ သားတျခားသူေတြနဲ႕တြဲဖို႔စဥ္းစားလို႔ကိုမရဘူး။ဒယ္... သားအတြက္ အတည္တက် တစ္ေယာက္ေယာက္ကိုေတြ႕သြားတာလည္း ဒယ္ဝမ္းသာသင့္တယ္မလား။ သားက ဦးဘာပဲျဖစ္ခဲ့ ျဖစ္ခဲ့ လက္ခံေပးနိုင္တာမို႔ပါ။"
ဇာမဏီနဲ႕ေမာင္တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ၿပီးသားကို ပထုတ္လိုက္ၾကသည္။ပင္ေပါင္ မသြားခ်င္ သြားခ်င္ျဖင့္ ဦးကိုထားၿပီး တစ္ေနရာက ေခ်ာင္းနားေထာင္ေနလိုက္သည္။Privacyမရွိတာေပမဲ့ ဒီကိစၥက သူ႕လူနဲ႕ ပတ္သက္ေနတာေလ...
"ရီလန္း..."
ဇာမဏီ့အသံေၾကာင့္ ထၾကည့္လာေပမဲ့ ခ်ဳံးရီလန္းမ်က္ႏွာမွာ အားငယ္မႈတခ်ိဳ႕ပါေနသည္။ အသက္ကြာလြန္းသည့္ ဆက္ဆံေရးေတြကေရရွည္အဆင္ေျပပါ့မလားသူမသိေပ။အခုအခိုက္အတန့္ေလးမွာေတာ့ ကေလးကိုသူခ်စ္သည္။
"မင္း...ငါတို႔ကိုလက္စားေခ်မလို႔ သားေပါင္ကိုတမင္သိမ္းသြင္းတာလား။"
ေမာင္က သားေဇာနဲ႕ စြတ္ေျပာေတာ့ ဇာမဏီျပန္အားနာရသည္။ရီလန္းစိတ္ကိုသူသိသည္။ထိုကဲ့သို႔ေသာလူမ်ိဳးမဟုတ္ေပ။
"ငါက ဒီအသက္အ႐ြယ္မွ ဒုတိယအႀကိမ္ထပ္ခ်စ္မိသြားခဲ့တယ္။အဲ့လူက မင္းသားျဖစ္ေန႐ုံေလးပဲ။က်န္တာဘာအကန့္မွမရွိဘူး။မင္းတို႔သေဘာမတူေလာက္တာ ငါရိပ္မိတယ္။နားလည္ပါတယ္။ ဒါေၾကာင့္လည္း ငါ့ဘက္က စၿပီးကေလးကိုဖြင့္မေျပာခဲ့တာ... သူ႕အနားမွာအရိပ္လိုေနေနေပးရာက ခုလိုျဖစ္ၾကတာပဲ။မင္းတို႔မႀကိဳက္ရင္ ငါထြက္သြားေပးမယ္။"
ပင္ေပါင္ ဦးဆီသြားဖို႔မတ္ခနဲျဖစ္သြား၍ ညီလုပ္သူကအတင္းတားထားရသည္။
"မင္းက ေဖတို႔ကိုမယုံတာလား။ ခဏေလာက္ေစာင့္ၾကည့္ပါဦးကြ"
ဦးက သူ႕အေဖေရွ႕မွာဒူးပါေထာက္မတတ္ျဖစ္ေနေတာ့ သူ႕ကိုယ္သူ ခ်စ္သူေတာင္မကာကြယ္ေပးနိုင္တဲ့ အစြမ္းအစမရွိတဲ့ေယာက်ာ္းလို႔ထင္မိသြားသည္။
"ရီလန္း ထပါကြာ... ေမာင့္အစားငါေတာင္းပန္ပါတယ္။ ဘယ္သူမွမယုံရင္ေတာင္ငါေတာ့ မင္းစိတ္ကိုသိတယ္။ ငါ့သားကို ေစာင့္ေရွာက္နိုင္လား။ တစ္ဘဝလုံးေလ..."
"မင္းက ငါ့ကိုဘာထင္လဲ။ ငါကအနည္းဆုံးေတာ့ ကိုယ့္ႏွလုံးသားကိုယ္ကာကြယ္နိုင္တဲ့ေကာင္ပါကြ"
ဤသို႔ျဖင့္ သားအဖႏွစ္ေယာက္က အလိုရွိေနေတာ့ ႏွစ္မဲတစ္မဲျဖင့္ေမာင္ရႈံးသြားသည္။ အေတာ္ေလးၾကာမွ ေမာင္ကိုယ္တိုင္လည္းၾကည္ျဖဴလာေလသည္။
ဒီေနရာမွာ ပင္စိမ္းရဲ႕အခန္းက႑ကသိပ္စိတ္ဝင္စားဖို႔ေကာင္းသည္။
"ငါ Gayေတြမႀကိဳက္ဘူးတဲ့ေလ..."
ပင္ေပါင္ ခ်ဳံးရီလန္းကို အိမ္စေခၚလာေတာ့ သူ႕အစ္ကိုနဲ႕ႏွစ္ကိုယ္သားေဆြးေႏြးတဲ့စကား...
ဇာမဏီ မအံ့ဩမိပါ။ ေယာက်ာ္းႏွစ္ေယာက္က ေမြးတဲ့ကေလးတိုင္း ေယာက်ာ္းခ်င္းပဲႀကိဳက္ၾကမယ္ဆိုတာဘယ္ရွိပါ့မလဲ။သူတို႔ကစည္းစိမ္ခ်မ္းသာေၾကာင့္သားသမီးကို မေတာင့္မတ ထားနိုင္ေပမဲ့ လူ႕ပါးစပ္ေပါက္အေျပာကေတာ့လြတ္ခဲ့မည္မထင္ေပ။သားငယ္က တစ္ခုေတာ့ေကာင္းသည္။သူကိုယ္တိုင္က Straightေပမဲ့လို႔ ဖေအေတြ အခုလိုေနတာကို ႐ြံရွာသည္ တစ္ခါမွမေျပာေပ။ သူ႕ကိုယ္သူလည္းေယာက်ာ္းႏွစ္ေယာက္ရဲ႕သားမို႔လို႔ ဝမ္းနည္းသည္ဟုမထင္မိပါတဲ့။ သူGayေတြကိုမမုန္းပါ။မႀကိဳက္တာပဲရွိသည္ဟု သူ႕အစ္ကိုကိုရင္ဖြင့္ေလသည္။
"သားငယ္... ေက်းဇူးတင္ပါတယ္။"
ညီအစ္ကိုႏွစ္ေယာက္ ေဆြးေႏြးသည့္ဆီသူသြားကာ သားေတြအားရင္ခြင္ထဲဆြဲသြင္းလိုက္ပါသည္။
ေပးနိုင္တာဟာ စည္းစိမ္နဲ႕ ေမတၱာပဲမို႔ မျပည့္လွ်ံေတာင္ လုံေလာက္ေစခ်င္ပါသည္။
"သား မကၠစီကို ကိုမသြားခင္ ဒယ္က သားကိုေမးခဲ့ေသးတယ္။"
ေမာင္က သူ႕သားေျပာတာကို ဝင္မပါဘဲ ထိုင္သာၾကည့္ေနသည္။ ဇာမဏီေရာေထြးေနေသာမွတ္ဥာဏ္ေတြထဲမွပုံရိပ္တခ်ိဳ႕ကိုရရာဖမ္းဆုပ္ေနမိသည္။
"သားက သူ႕ဆီလိုက္သြားမွာဆိုေတာ့ ဟိုမွာ တစ္ခါတည္းလက္ထပ္မလို႔လား။သားလည္း၁၈ႏွစ္ျပည့္ၿပီဆိုေတာ့..."
ဇာမဏီနဲ႕ ေမာင္ ႏွစ္ေယာက္ သားေပါင္နဲ႕ေဆြးေႏြးမိသည္။လက္ထပ္ခ်င္တယ္ဆိုလည္း ဘာအေရးလဲ။ ကေလးေတြေပ်ာ္႐ႊင္မႈကို ကိုယ္ေတြကတားခြင့္မွမရွိတာပဲ။
"သားတို႔လက္မထပ္ပါဘူး ဒယ္"
"ဘယ္လို!!!"
ေမာင္ေရာ သူပါ အံ့ဩသြားရသည္။ သူ႕သားကဘာေၾကာင့္မ်ားလဲ။
"သားက ဘာျဖစ္လို႔လက္မထပ္ခ်င္တာလဲ။ ဒယ့္ေၾကာင့္လား။ဒယ္ကကိစၥမရွိဘူးေနာ္ သား ရတယ္ သားလက္ထပ္ခ်င္တယ္ဆို ဒယ့္ကိုငဲ့စရာမလိုဘူး။ သားႀကိဳက္တဲ့သူကိုသားယူခြင့္ရွိတယ္။ဒယ္တို႔က သားနဲ႕အၿမဲမေနေပးနိုင္ဘူး။ ဒယ္တို႔လည္းအသက္ႀကီးလာမွာပဲ။အဲ့ခါက် သားအနားမွာ ဆိုးတူေကာင္းဖက္ လက္တြဲေဖာ္လိုတယ္။ သား... ဘာလို႔မ်ားေခါင္းမာတာလဲ သားရယ္"
"ဒါက သားေရာ ဦးေရာ ႏွစ္ေယာက္လုံးတိုင္ပင္ထားတာပါ။ သားတို႔အခ်စ္ကိုသက္ေသျပဖို႔မျဖစ္မေနလက္ထပ္စရာမလိုပါဘူး။ ဒယ္ရယ္ စာခ်ဳပ္တစ္ခုက လူႏွစ္ေယာက္ အခ်စ္ေလာက္အေရးႀကီးလို႔လား။သားတို႔ရင္ထဲမွာသစၥာတရားကတည္ၿပီးသားပဲ။လက္ထပ္ရမွ တစ္ေယာက္ကိုတစ္ေယာက္ပိုင္တာမဟုတ္ပါဘူး။ ဒီအတိုင္းအတူရွိေနရလည္း ဦးကို သားပိုင္ေနတာပါပဲ။"
သားဟာ ဇာမဏီ့ထက္လူႀကီးဆန္လြန္းသည္။ဇာမဏီ့တုန္းကဘယ္သူနဲ႕မွမတိုင္ပင္ပါဘဲေမာင့္ကို ကိုယ့္သေဘာနဲ႕ကိုယ္လက္ထပ္ခဲ့တာျဖစ္သည္။
"ေမာင္ သားက ရင့္က်က္လြန္းတယ္ေနာ္"
"ကိုယ္နဲ႕တူလို႔ေလ"
"မင္း... ေသခ်င္လို႔"
"တကယ္ေျပာတာ မဏီရဲ႕
တစ္ေန႕က်ရင္ေမာင္ေရာမဏီေရာ အဘိုးႀကီးေတြျဖစ္လို႔ သားေတြလည္းသူ႕လမ္းသူေလွ်ာက္ၾကမွာပဲ။အဲ့ခါက် မဏီ့နားမွာ ေမာင္ပဲရွိမွာျဖစ္သလို သားေပါင္နားမွာလည္း ရီလန္းရွိေစခ်င္တယ္။"
"ငါတို႔ႏွစ္ေယာက္ဘယ္ေတာ့မွမခြဲဘူး။ ေမာင္
ကေလးေတြေနခ်င္သလို ေနခြင့္ေပးၿပီး ေမ်ာက္ႏွစ္ေကာင္ကိုပထုတ္မယ္ ငါတို႔ခ်ည္းပဲခရီးေတြထြက္ၾကရေအာင္ မင္းအတြက္ ေသခ်ာအခ်ိန္ေပးခ်င္တယ္ ငါ့ရဲ႕ အိမ္ႀကီးရွင္ေလး ..."
》》》
ဒါေတြ သူေျပာခဲ့တာလား။အဲ့စကားေတြအားလုံးေလ... သူဘာလို႔ေမ့သြားရတာလဲ။ ဒီေႏြးေထြးတဲ့မိသားစုေလးကို သူ႕ရဲ႕ေစာက္သုံးမက်တဲ့ဦးေႏွာက္က ဘာလို႔ေမ့ေဖ်ာက္ပစ္ရတာလဲ။
"ဒယ္..."
"မဏီ..."
ၿငိမ္က်သြားတဲ့သူတစ္ဦးအား သားအဖႏွစ္ေယာက္ ထိတ္လန့္တၾကားေခၚမိေလသည္။
》》》》》》》》》》》》》
ေတာင္ကုန္းနီေပၚမွာေဆာက္ထားတဲ့အိမ္ႀကီးက လွ်ို႔ဝွက္လြန္းတယ္။ ေက်ာက္ေလွကားထစ္ေတြနဲ႕ ကိုယ္ပိုင္ေလယာဥ္ကြင္းကလည္းက်ယ္က်ယ္ျပန့္ျပန့္ရွိသလို မတ္ေစာက္တဲ့ေတာင္ထိပ္မွာ အိမ္တည္ေတာ့ ပိုင္ရွင္ကလည္း ႀကီးက်ယ္မယ္လို႔ ယူဆရတယ္။
"မင္းေမ့သြားမယ္ဆိုရင္လည္း
ဘာေၾကာင့္မ်ား ကိုယ့္ကို
ေစာက္ရမ္းခ်စ္ေပးခဲ့သလဲ"
၁၈ႏွစ္အ႐ြယ္တည္းကစခ်စ္ခဲ့ရတဲ့ေကာင္ေလး...
ဖူးစာပါမယ္လို႔မထင္ခဲ့လို႔ မင္းနဲ႕မေတြ႕ရေသးခင္မွာ ကိုယ့္ကိုယ္ကိုယ္သန့္ရွင္းေအာင္မေနထိုင္ခဲ့မိဘူး။ တကယ္လို႔မ်ား ကိုယ္သာႀကိဳသိခဲ့ရင္ မင္းအတြက္သီးသန့္ထားေပးခဲ့မွာပါ။အခ်ိန္ေတြဟာ ျပန္ေနာက္ဆုတ္လို႔မရတဲ့ မုန္းတီးစရာေလာကတစ္ခုဆိုတာမမွားဘူး။ကိုယ္သာတန္ခိုးရွင္ျဖစ္ခဲ့ရင္ မင္းကို ဒီကမာၻမွာ အေပ်ာ္႐ႊင္ရဆုံးသူျဖစ္ဖို႔စြမ္းေဆာင္ေပးမိလိမ့္မယ္။
ခ်ဳံးရီလန္းရဲ႕အိမ္မွာေဈးဦးေဖာက္ဝင္ေရာက္လာၿပီး Private Jetေပၚကဆင္းဆင္းခ်င္း လူကိုဆြဲမထိုး႐ုံတမယ္ ဆရာဝန္ရွာခိုင္းတဲ့ ငခန့္က အခုက်ေတာ့လည္းသနားစရာ...
နာရီေပါင္းမ်ားစြာအိပ္ေမာက်ေနတဲ့သူ႕ေယာက်ာ္းကိုၾကည့္ၿပီးစကားေတြေျပာေနရွာတယ္။
"ဦး... ခင္ဗ်ားကို အျပစ္ေပးခ်င္ေနတာ သိတယ္ေနာ္။ ဒယ္ေနေကာင္းရင္ေတြ႕မယ္။ "
ေရပတ္ဝတ္ေတြသယ္လာရင္း ငေပါင္ကၿခိမ္းေျခာက္ေတာ့ ကေလးမုန့္ေပးႀကိဳက္တဲ့ ရီလန္းမွာ ေနာက္ကေခ်ာ့ရျပန္သည္။
"ကိုယ္မွားတာပါ။ Baby ေက်နပ္တာလုပ္
ဟုတ္ၿပီလား။ ကိုယ္က Babyကို Surpriseလုပ္ဖို႔ ပဲစိတ္အားထက္သန္ေနေတာ့ ေလာသြားခဲ့တာ
December 24ေတာင္ေရာက္ေနၿပီေလ။Christmas Eveကိုစိတ္မဆိုးပါနဲ႕။ Babyရဲ႕"
"ဗ်ာ...24လား ဟာ ဒါဆို ဒယ့္ေမြးေန႕ပဲ။
ေဖေရ... ဒီေန႕က...အု...ခင္ဗ်ား...လႊတ္စမ္း"
အလိုက္မသိေသာ ကေလးစုတ္က ဖေအႏွစ္ေယာက္ဘာျဖစ္လဲ မသိဘဲ သြားေႏွာင့္ယွက္မည္စိုး၍ ေျမေအာက္႐ုပ္ရွင္႐ုံေဆာက္ထားသည့္ဆီ ဓါတ္ေလွကားနဲ႕ ဆင္းသြားလိုက္သည္။
"Baby အတြက္ Surprise
ႀကိဳက္တယ္မလား။"
"လွ်ို႔ဝွက္လိုက္တာ... ဒါေတြလုပ္ေနတာေတာင္ကြၽန္ေတာ္မသိဘူး။"
"ဒီေနရာကဗုံးခိုက်င္းလို႔ေတာင္ေျပာလို႔ရတယ္။
ေလဒဏ္ မိုးဒဏ္မေျပာနဲ႕။ အေျမာက္စာေတာင္ခံနိုင္တယ္။ကိုယ့္စိတ္ႀကိဳက္ Architectကိုေ႐ြးထားတာ။ကိုယ္က Babyကို Present ေပးတာေလ Christmas Presentေပါ့။"
အခန္းအားခရမ္းေရာင္နဲ႕ အနီေရာင္ကိုမ်ားမ်ားသုံးထားၿပီး႐ုပ္ရွင္ၾကည့္ဖို႔ ခုံေတြက အစ Latherအေကာင္းစားအျပင္ က်ားေရပါ သုံးထား၍ အေတာ္ပိုက္ဆံျဖဳန္းတဲ့လူလို႔ေတြးလိုက္မိသည္။
"ဒါေတြ ဦး ဘယ္တည္းက ျပင္ထားတာလဲ။"
"အင္း... ကေလးနဲ႕ တရားဝင္စတြဲတည္းက ေဆာက္ထားတာ... ျပင္ရင္း ျပင္ရင္း စိတ္တိုင္းမက်လိဳ႕ေလ... အခုမွေခၚလာမိတာ
ဒါနဲ႕ ပိုင္ရွင္ကကိုယ္မဟုတ္ဘူးေနာ္"
ပင္ေပါင္မ်က္ေမွာင္ၾကဳတ္သြားသည္။
"ဒါဆို ဘယ္သူလဲ။"
"ဒီအိမ္ပိုင္ရွင္ကို သိခ်င္ရင္ ေရွ႕ကိုၾကည့္လိုက္"
သုံးျမႇောင့္ဖန္တုံးပုံစံႀတိဂံကားခ်ပ္ႏွင့္ အခန္းက်ယ္ႀကီးထဲက မွန္ေတြပတ္ပတ္လည္မွာ ပင္ေပါင့္ပုံသာေတြ႕ရသည္။
သူ႕ခ်စ္သူက သူ႕ကို အိမ္ေဆာက္ေပးတာပဲ။
"ကြၽန္ေတာ္က ဒါေတြမက္တယ္ထင္လား။"
"ေပးတဲ့သူစိတ္ခ်မ္းသာေအာင္ေတာ့ မက္သင့္ပါတယ္။ "
မ်က္ေစာင္းတစ္ခ်က္က်ေရာက္သြားေပမဲ့ ထိုကေလးသေဘာက်သြားမွန္းသူသိပါသည္။
Oh... အခ်စ္က ရင္ခုန္ရသား...
"လာပါ အခ်စ္ကားၾကည့္ၾကတာေပါ့။ စိတ္ေကာက္ေျပ..."
"အခ်စ္ကားၾကည့္ရတာပ်င္းပါတယ္။ကိုယ္တိုင္ပဲရိုက္ၾကမယ္ေလ"
ခ်ဳံးရီလန္းတို႔ကိုယ့္ဒုကၡကိုယ္ရွာတာပါပင္...
》》》》》》》》》》》》》》
"ငါ့ကိုစိတ္မကုန္ဘူးလား။ခန့္သွ်ားေက်ာ္"
ျပန္သတိရလာၿပီးေနာက္ပိုင္းစေျပာေသာစကား...
"ဘာကိစၥကုန္ရမလဲ။ မင္းအေပၚမွာစိတ္အၿမဲအျပည့္ရွိေနတာ...မယုံစမ္းၾကည့္"
ၿပဳံးၿပဳံးေလးေျပာသူ၏ေခါင္းကို ခပ္ဖြဖြပုတ္လိုက္မိသည္။
"ငါတို႔ ဟိုတယ္မွာတည္းၾကရေအာင္
ရီလန္းအိမ္က သားေပါင္နဲ႕ပဲဆိုင္တာ ငါတို႔ပါတက္မေနခ်င္ဘူး။"
"အိုေက... ကိုယ့္မိတ္ေဆြေတြဆီ လွမ္းဆက္ထားလိုက္မယ္။ booking ႀကိဳလုပ္တာေပါ့။မဏီေ႐ြး... ဘယ္မွာတည္းမလဲ။"
Cancunရဲ႕ Top 12 Hotel lists ေတြကိုျမင္ေပမဲ့ေဝဝါးတဲ့မွတ္ဥာဏ္ေၾကာင့္ ေတြ႕ကရာတစ္ခုကိုသာေထာက္ျပလိုက္သည္။ မကၠစီကိုက ၂၀ေလာက္တည္းက ကမာၻပတ္ေမွာင္ခိုလုပ္ရင္း လွည့္လည္ေနက်ေပမဲ့ အခုေတာ့ ေခါင္းထဲမွာဗလာနတၳိ...
"အင္း...အေတာ္ပဲ။အဲ့ ဟိုတယ္က တစ္ခါကိုယ့္ကိုဖိတ္ထားဖူးတယ္။ အခုေနသြားရင္ Freeေတာင္တည္းခြင့္ေပးမွာ...
ကိုယ္ဖုန္းဆက္လိုက္ဦးမယ္။ခဏေစာင့္"
ဟိုတယ္လုပ္ငန္းစုခ်င္း လိမ္ယွက္ေနတာမို႔ ေမာင့္ကိုသိေနၾကတာမဆန္းေလာက္ပါ။ Red hillေပၚကရႈခင္းေတြၾကည့္ရင္း Second Honeymoon လိုခံစားမိသည္။
"ဒယ္ဒယ္... သားလြမ္းေနတာ"
ပင္စိမ္းေကာင္ေျပးဖက္ေတာ့လူကအင့္ခနဲ...
ေမ့လဲသြားၿပီးမွ ကေလးေတြကိုျပန္သတိရတာမို႔ သင္းတြန္းထုတ္မခံရတာကံေကာင္း...
"ဘာသားလဲ။ ေခြးသားလား။ ေနာက္နေမာ္နမဲ့မနိုင္နဲ႕။ဒယ္ မႀကိဳက္ဘူး။ သားအစ္ကိုကကြိုင္မရွာေပမဲ့ မေကာင္းဘူးေလ။ သားကလည္းကိုယ့္ကိုယ္ကိုယ္ထိန္းသိမ္း ဟုတ္ၿပီလား။ဒယ္တို႔ေရာက္မလာရင္ မင္းဘယ့္ႏွယ့္လုပ္မလဲ။"
"ဒယ္က သားကိုအထင္ေသးလို႔...
ဦးခန့္သွ်ားေက်ာ္နဲ႕ Mr.Phoenixကေမြးထားတာပါဗ်... လြယ္လြယ္နဲ႕ ရမလား။ သားကို မထိခင္ ကြိသြားေအာင္လုပ္ပလိုက္မွာေပါ့။"
စိတ္ေတြလည္းေလပါတယ္။ လူကသာအေပအေတအရိုင္းအစိုင္းဆန္တာ... အတြင္းစိတ္က ကေလးသာသာ...
ဒါလည္းေကာင္းတာပဲ။ သူ႕ရင္ကိုခြဲဖို႔ လက္တြဲေဖာ္ေတြ ဘာေတြမရွာေလာက္ေတာ့ဘူးေပါ့။
ဟိုတယ္က ပင္လယ္နားမွာ ျဖစ္၍ ကမ္းေျခႏွင့္နီးသည္။ညအိပ္ခ်ိန္ Caribbean Blue Sea မွ လွိုင္းပုတ္သံတစ္ခ်က္ တစ္ခ်က္ၾကားရလို႔ ၿငိမ္းခ်မ္းစြာအိပ္စက္ရေလာက္သည္။
"ေမာင္... ကေလးႏွစ္ေယာက္ပါ အခန္းတစ္ခန္းတည္းအတူထားေပးေနာ္။ တစ္ေယာက္တစ္ခန္းမလုပ္နဲ႕။ တစ္ခုခုဆို လူမသိ သူမသိျဖစ္ေနမွာစိုးလို႔"
"ဟုတ္ကဲ့ပါ။ ဦးဇာမဏီရဲ႕...တကတဲ...
မင္းသတိျပန္ရတာနဲ႕ အမိန့္ေတြတန္းေပးေတာ့တာပဲ။ စက္ေသနတ္နဲ႕ ပါးစပ္မ်ားမွားသလားပဲ။"
ဇာမဏီ ခါးေထာက္ကာရႈတည္တည္နဲ႕ျပန္ၾကည့္ေပးလိုက္သည္။
"ေဟ့ေကာင္ ခန့္သွ်ားေက်ာ္... ငါက ကိုယ့္သားကိုယ့္တူေတြစိတ္မခ်လိဳ႕ ေျပာတာေလ... မင္းက ဆရာႀကီးလုပ္တယ္ထင္ရင္ လဲေသလိုက္... သြား Receptionကိုေခၚၿပီး Extra bed ထပ္ထည့္ခိုင္းလိုက္
ငါ့ကုတင္ေပၚတက္မလာနဲ႕။"
ဘုံေပ်ာက္မဲ့ကိန္းေတာ့အျဖစ္မခံနိုင္၍ ပါးစပ္ေလးပိတ္လိုက္ရသည္။
ကေလးအေဖအတြက္ ညမွစီစဥ္ထားတာေတြထုတ္ျပရမွာ အခုေန စိတ္တိုေအာင္စထားရတာခ်စ္ဖို႔ေကာင္းလို႔...
ဟိုတယ္ကို ညေနပိုင္းေရာက္ေတာ့ လုပ္စရာက သိပ္မရွိလွေပ။ ပန္းၿခံေတြနဲ႕ ကစားကြင္းသို႔ေနာက္တစ္ေန႕မွလိုက္ပို႔မည္ဟု ပင္မွည့္သီးနဲ႕ ပင္စိမ္းေကာင္ကို ေျပာထားရသည္။
"မ...ဟင္... မင္းဘာလို႔ ဒါေတြယူလာတာလဲ။"
ေဂ်ာက္...
ပစၥတိုတစ္လက္ကိုက်ည္ထည့္လက္စ မဏီက သူ႕တစ္ခ်က္ေမာ့ၾကည့္ကာလုပ္စရာရွိတာဆက္လုပ္ေနသည္။
"စကားပုံမၾကားဖူးဘူးလား။မကၠစီကိုလမ္းမေပၚကို လက္ဗလာနဲ႕ မထြက္ရဘူး ဆိုတာေလ...
ဒီမွာက အလြယ္ရတာမ်ားတယ္။ ေမာင္
ဒါေၾကာင့္ ငါ့မိသားစုငါကာကြယ္ဖို႔ျပင္တာပါ။"
သူ႕အမ်ိဳးသားက သိပ္မရိုးရွင္းတာေမ့သြားသည္။ ဒါဆို ေလယာဥ္ေပၚမွာတည္းက ပါလာတယ္ေပါ့။Shit... သူ႕ကို မပစ္လိုက္တာကံေကာင္း...
"ရီလန္း ေပးတဲ့က်ည္ေတြက ရွယ္ပဲ။ ဟိုဘက္မွာ ဝယ္ရခက္တယ္။ဒီမွာေတာ့ ေပါပါ့"
"ဒါဆို အိမ္ကယူလာတုန္းက အလြတ္ႀကီးေပါ့"
"No...က်ည္တစ္ေတာင့္ပဲ ပါလာလို႔ ငါလက္ေလွ်ာ့ထားတာ... ဒီေရာက္မွ ထပ္ျဖည့္လိုက္တာ
ဘာလို႔လဲ။"
ေမာင္က ၾကက္သီးထသလိုတမင္လုပ္ျပကာ သူ႕အားေမြ႕ယာေပၚဆြဲခ်သည္။
"ဘာျဖစ္တာလဲလို႔ ေမးေနတယ္ေလ"
"မင္းသာ ေလယာဥ္ေပၚမွာတုန္းကကိုယ့္ေခါင္းကိုခ်ိန္လိုက္ရင္ဘယ္လိုလုပ္ရပါ့ လို႔ေတြးလိုက္မိလို႔..."
"ျဖစ္ရေလကြာ... ဟားဟား..."
ရယ္သံေတြက ညေနခင္းကိုေတာက္ပသြားေစေလသည္။
ေမာင္မသိတာက သူတို႔အိပ္ေသာကုတင္ေအာက္မွာ ဇာမဏီထည့္ထားေသာလက္နက္အျပည့္နဲ႕ေသတၱာႀကီးရွိေနတာကိုပင္...
》》》
ပင္စိမ္းသီးတို႔တည္းတဲ့ ဟိုတယ္ကအျပင္အဆင္အေတာ္လွသည္။ Christmas Eveမို႔ Santa Claus ေတြက ေနရာအႏွံ႕...
ဝန္ထမ္းမိန္းကေလးေတြကလည္းေခါင္းမွာ Reindeer ဘီးကုပ္ေလးေတြ တပ္ကာႀကိဳဆိုေနၾကသည္။
အလန္းဆုံး Christmas Treeကေတာ့ထိပ္ဆုံးမွာ ၾကယ္အစားစိန္သရဖူကိုတပ္ထားကာမွန္ေပါင္အတြင္းကသာၾကည့္ရေလသည္။အေစာင့္ေတြကိုလက္နက္ေပၚေပၚထင္ထင္ကိုင္ခြင့္ေပးထား၍လည္း ထားရဲတာေနမည္။
ပင္စိမ္းေကာင္တို႔ကေတာ့ေနရာစိမ္းမွာ စည္းလြတ္ဝါးလြတ္ကိုေပ်ာ္ေနၾကသည္။ေက်ာင္းနဲ႕သင္တန္းလုံးပန္းေနရေသာဘဝမွာ ထြက္ေပါက္ကခပ္ရွားရွား...
အခုလိုရွားရွားပါးပါးအခြင့္အေရးရတုန္း ပင္မွည့္သီးမွာ စပိန္စကားမေတာက္တေခါက္ႏွင့္ နိုင္ငံျခားသူေခ်ာေခ်ာေလးေတြကိုဂြင္ဖန္ေနသည္။ ပင္စိမ္းကေတာ့ ဟိုတယ္ကေကြၽးတဲ့ ဘူေဖးေတြနဲ႕ Cocktailအျပင္းစားေတြကို တစ္ခြက္ၿပီးတစ္ခြက္ေသာက္ကာၿငိမ့္ေနသည္။တစ္ခါတစ္ရံ ပိုကာဝိုင္းသြားၿပီးေလာင္းေၾကးကထပ္လိုက္ေသးသည္။
"Sir. Cash or something..."
ေလာင္းေၾကးနိုင္ရင္ ပုံမွန္အားျဖင့္ ေငြသားေပးၾကေပမဲ့ သူတို႔ေမးပုံက ထူးဆန္းတာမို႔ ဖေအေတြပါ၍ေငြပူစရာမလိုေသာ ပင္စိမ္းမွာ တျခားတစ္ခုကိုေ႐ြးလိုက္သည္။
မၾကာပါ။ မိန္းမလွေလးတစ္ေယာက္ အနက္ေရာင္ Jump Suit တစ္ထည္ျဖင့္ သူ႕ဆီေလွ်ာက္လာကာ ရွားပါး စိန္ျဖင့္ထိပ္ကိုပိတ္ထားေသာေဖာက္ခြဲေရး ဗုံးတစ္လုံးကို မထူးဆန္းသလို သမားရိုးက်ပဳံစံျဖင့္ ဗန္းတစ္ခုထဲထည့္ကာယူလာေပးသည္မို႔ ညီအစ္ကိုႏွစ္ေယာက္လန့္သြားၾကသည္။
"အမွည့္သီးေရ..."
"ေဟ... ဘာတုန္း"
"ငါတို႔ေျပးၾကရင္ေကာင္းမလား။"
"ေျပးရင္ မလြယ္ဘူး။ ဆက္ေဆာ့ၾကမယ္ေလ ဒီလိုလုပ္...မင္းကဗုံးယူ ငါက အလွေလးယူမယ္။ ငါ အနစ္နာခံပါ့မယ္။"
ပင္စိမ္းသီး ညီလုပ္သူကိုဆတ္ခနဲၾကည့္လိုက္မိေလသည္။
》》》》》
ညစာစားပြဲမွာေတာ့ မက္ဆီကန္ဟင္းလ်ာေတြက ခ်ဥ္ခ်ဥ္စပ္စပ္မို႔ ရာသီဥတုနဲ႕ လိုက္လွသည္။ စားၿပီးေခြၽးျပန္တာမ်ိဳးမျဖစ္ေတာ့ေပ။ ေမာင္က ရိုးရာမပ်က္ ငါးဟင္းေတြ႕တာနဲ႕ ကေလးေတြထက္အရင္ဦးေအာင္ယူကာ ေယာက်ာ္းလုပ္သူအားအရိုးႏႊင္ခိုင္းသည္။
"ဘူေဖးစားပါတယ္ဆို ေမာင္က႐ုပ္ပ်က္တယ္ကြာ သူမ်ားဝိုင္းေတြၾကည့္ေနၿပီ။ ေမာင့္ရွယ္ယာပါတဲ့ဟိုတယ္ဆိုတာလည္း သတိထားဦး။"
"ကိုယ့္ေယာက်ာ္း ကိုယ္ခြံ႕ေကြၽးခိုင္းတာ ႐ုပ္ပ်က္စရာလား။ခင္ဗ်ားေလး ေဖာင္းေနၿပီေနာ္ ဇာမဏီ... မင္းမခြံ႕မခ်င္းပါးစပ္ဟထားမွာ... ကဲ... စၿပီ။ အာ..."
ေျပာရင္ေျပာတဲ့အတိုင္း တစ္သေဝမတိမ္းလုပ္တတ္တဲ့ေမာင့္ေၾကာင့္ရွက္ရွက္နဲ႕ပဲ တျခားဝိုင္းက မိန္းမပ်ိဳေတြကိုမသိမသာၾကည့္ၿပီးခက္ရင္းနဲ႕ဖဲ့လို႔ခြံ႕ရတယ္။ ဒီေယာက်ာ္း ကေလးလုပ္ေနတာ အေရးမႀကီးဘူး။ သူမ်ားေတြက အတင္းတုပ္ကုန္ၿပီ။
Pescado Zarandeadoလို႔ေခၚတဲ့ ဆီပူထိုးထားတဲ့ငါးဟာ ႏူးညံ့ၿပီး လွ်ာေပၚစိမ့္ဝင္သြားတယ္။ သိပ္မစပ္လို႔ ကေလးေတြေရာ သူပါႀကိဳက္တယ္။မဏီကေတာ့ Pipián ဆိုတဲ့အစိမ္းေရာင္စြပ္ျပဳတ္တခ်ိဳ႕ကို Burritos မုန့္လိပ္နဲ႕တို႔စားေနတယ္။ ပလာတာနဲ႕တူတဲ့ျဖဴျဖဴအ႐ြက္ေလးေတြကိုအစာထည့္လိပ္ထားတဲ့အစားအစာက ရန္ကုန္မွာေတာင္ တစ္ခါတေလ ရတတ္တယ္။ Amaranth Hard Joy Candy ကေတာ့ အေစ့အဆံေတြပါတဲ့ခပ္မာမာ သၾကားေခ်ာင္းျဖစ္ၿပီး ေျမပဲယို နဲ႕ဆင္တူတယ္။ သူတို႔အခ်ိဴတည္းၾကေတာ့ Cheese Mousse cakeက မပါမျဖစ္။Tacos စားခ်င္တယ္ပူဆာတဲ့ သားငယ္ကို ေနာက္မွအျပင္လိုက္ေကြၽးမယ္ေျပာရတယ္။ ဘယ္ေလာက္အ႐ြယ္ေရာက္ေရာက္ ဖေအကိုခြၽဲတုန္း...
ေမာင္ကညစာစားၿပီးေတာ့မီးရႉးမီးပန္းေဖာက္တာျပမယ္ဆိုၿပီးေခၚလာလို႔ သားေတြထားကာလိုက္ခဲ့ရသည္။ ကေလးႏွစ္ေကာင္က ခရီးပန္းလို႔အိပ္ခ်င္ေနၾကေလာက္ၿပီထင္၏။ သူတို႔မလိုက္ဘူးဟုအတင္းျငင္းသည္။
အမိုးျမင့္အထပ္မွပင္လယ္ျပင္ကိုေငးၾကည့္ရင္းဇာမဏီမ်က္ေမွာင္ၾကဳတ္လာသည္။
တကယ္ဆိုဟိုတယ္ရဲ႕ညပိုင္းရႈခင္းကိုၾကည့္မဲ့သူကမ်ားမွာပဲ။အခုက Christmas Eveမို႔ပိုေတာင္မ်ားဦးမွာ... အခုေတာ့သူတို႔ႏွစ္ဦးတည္းမို႔မသကၤာပါ။ ေမာင္ဘာေတြလုပ္ထားတာလဲ။ရႈခင္းၾကည့္ဖို႔အတြက္နဲ႕ေငြဘယ္ေလာက္မ်ား သူ႕အတြက္သုံးလိုက္လဲ။
"ေမာင္... မွန္မွန္ေျပာ..."
"ဘာကိုလဲ။ မဏီရဲ႕..."
နားထင္ကိုဖြဖြနမ္းၿပီးေမးလာေတာ့ သင္းရဲ႕ ေကာ္လံစကိုဆြဲဆုပ္ကာအနားတိုးၿပီးအံႀကိတ္သံနဲ႕ေမးလိုက္သည္။
"မင္း Bank Accထဲမွာေငြေရာက်န္ေသးရဲ႕လား။ခ်ီးပဲ။ မဟုတ္တဲ့ေနရာမွာအကုန္သုံးေန သိလား။"
"ဪ... ဒါမ်ား ...သိပ္မသုံးပါဘူးကြာ။ ေမာင္က ဒီဟိုတယ္မွာ ရွယ္ယာနည္းနည္းပါးပါးထည့္ထား႐ုံပါ။ျပဳျပင္မြမ္းမံမဲ့ေနရာေတြကိုလည္း Tipsနည္းနည္းေပးလိုက္တယ္ေလ။ မဆိုသေလာက္ေလးပဲ မဏီ စိတ္မပူနဲ႕ေနာ္"
ေမာင့္ရဲ႕ အဲ့မဆိုသေလာက္ေလးဟာ ဘဏ္ထဲက ေငြအေျမာက္အျမားေလ်ာ့က်သြားတာကိုဆိုလိုတယ္လို႔မဏီသိလိုက္ပါသည္။သူ႕ေယာက်ာ္းဟာသူ႕အတြက္သိပ္ျဖဳန္းတာပဲ။
"ၾကည့္လုပ္ ေမာင့္သားေတြအတြက္အေမြမက်န္ဘဲေနမယ္"
"ေနပါ။ ေမာင္ရွာသမွ်က ေမာင့္မဏီေလးသုံးဖို႔ပဲေလ... သူတို႔အတြက္သူတို႔ဘာသာရွာပါေစေပါ့။မဟုတ္ဘူးလား။"
"ခ်ီးကို ေမာင့္မဏီ..."
"ဟားဟား... ဒါဆို ေမာင့္မေဟသီလား"
"ယီးပဲ ေခြးေကာင္..."
"ဟာ ဆဲတယ္ ၾကည့္စမ္း...
ေမြးေန႕ရွင္က ယဥ္ေက်းရမွာေလ
ဒီပါးစပ္ကိုေတာ့နာနာေလး အျပစ္ေပးထားရမယ္။"
"အြန္း..."
သူ႕တစ္ကိုယ္လုံးထိုသူ႕ရင္ခြင္ထဲပါသြားၿပီး ေခါင္းေနာက္ကို လက္ဖဝါးက်ယ္ႀကီးျဖင့္ထိန္းကာ ႏႈတ္ခမ္းဖူးေတြကို အားပါးတရ ကစားခံလိုက္ရသည္။ သြားစြယ္ ေဖြးေဖြးေလးေတြႏွင့္ ဖိတစ္လွည့္ ကိုက္တစ္လွည့္...
ဖူးစိုေသာ ႏႈတ္ခမ္းရဲရဲဟာ ညအေမွာင္မွာ Christmas Themeနဲ႕အၿပိဳင္ ေတာက္ပေနသည္။ သူတို႔အနမ္းအဆုံးသတ္သြားခ်ိန္မွာေတာ့ ေကာင္းကင္ေပၚမွာ မီးရႉးမီးပန္းေရာင္စုံကေပါက္ကြဲျဖာက်သြားကာ တစ္ေယာက္ေသာသူနာမည္ေပၚလာသည္။
*Happy Birthday
Manie*
အခ်စ္ဟာ ဘာကိုရည္ၫႊန္းပါသလဲ။ ေနာက္တစ္ေန႕ေရာက္ရင္ ဒီအံ့အားသင့္စရာေတြ ေမ့သြားမလားေတာင္မသိတဲ့လူတစ္ေယာက္ကို ဒီေလာက္ေကာင္းတဲ့အရာေတြမေပးသင့္ဘူးမလား။
သူ႕နာမည္ေကာင္းကင္မွာေပၚေနတာၾကည့္ၿပီး ဇာမဏီက ရိသဲ့သဲ့ၿပဳံးသည္။
"ေနာက္၁၀မိနစ္ေနရင္ေတာင္ မ်က္စိေရွ႕က အရာေတြကို ျပန္ေမ့သြားမလားမသိတဲ့ ငါ့လိုေကာင္အတြက္ကိုမွ မင္းက သိပ္အပင္ပန္းခံလုပ္ေပးတာပဲ ေမာင္..."
ေမာင္က ဝိုင္တစ္ခြက္ကိုအရသာခံေသာက္ကာ ေခါင္းေလးေစာင္းလိုက္သည္။
"ဘာမတန္စရာရွိသလဲကြယ္
မင္းခဏတာေပ်ာ္ဖို႔ ကိုယ့္ဆီကတခ်ိဳ႕တေလ ဆုံးရႈံးလိုက္ရတာ ကိုယ္ဝမ္းမနည္းပါဘူး။ အနည္းဆုံးေတာ့ ၁၀မိနစ္ဆိုလည္း ၁၀မိနစ္အေလ်ာက္ မင္းေပ်ာ္ရတယ္ေလ..."
"မင္းကိုနမ္းရမလား။ လက္သီးနဲ႕ထိုးရမလား မသဲကြဲေတာ့ဘူး။ေနာက္တစ္ခါက်ရင္ မင္းBank acc ငါပိတ္မယ္။ ၾကားလား။"
ပခုံးတြန့္ျပတဲ့ေကာင္အားအသည္းယားစြာ နဖူးကို ေတာက္လိုက္သည္။
"Happy Birthday...
ဒယ္ ဒယ္..."
Roof top ေပၚမွာသားေတြသယ္လာတဲ့ ေခ်ာကလက္ကိတ္မုန့္ကိုၾကည့္ရင္း သူ႕အျမင္ေတြဝါးလာျပန္သည္။
"မင္းတို႔သိပ္ခ်စ္ဖို႔ေကာင္းတာပဲ။"
ေခ်ာကလက္အႏွစ္ေတြေပေနေသာမ်က္ႏွာကိုယ္စီႏွင့္ ယခုႏွစ္ေမြးေန႕က ေခ်ာကလက္လိုမခါးဘဲ ပ်ားရည္တမွ်ခ်ိဳၿမိန္ပါလိမ့္မည္။
》》》》》》》》》》》》》》》
ရီလန္းယူလာတဲ့ Helicopterကိုၾကည့္ၿပီး ကေလးႏွစ္ေကာင္ေပ်ာ္သြားၾကတယ္။
"ဒါနဲ႕ ေဖ ရဟတ္ယာဥ္နဲ႕ ၿမိဳ႕ပတ္ေတာ့ လူေတြကမၾကည့္ဘူးလား။"
"သား ဒီမွာ ဒါေတြက ရိုးေနၿပီေလ...
ေဖတို႔မွာကိုယ္ပိုင္ေလယာဥ္ေတာင္ရွိတာ ေလယာဥ္နဲ႕ေတာင္ၿမိဳ႕ပတ္လို႔ရတယ္။"
"မဟုတ္ဘူးေလ။သားတို႔လည္ပတ္ေနတုန္း ခဏရပ္ထားတယ္ပဲထား
ရဟတ္ယာဥ္လုသြားရင္ ဘယ့္ႏွယ့္လုပ္မလဲ။"
"ဟားဟား ငါ့သားကေတာ့ မဟုတ္တာေတြးေရာ့မယ္။ မင္းဒယ္ဒယ္ တစ္ေယာက္လုံးပါလာတာအားနာဦး။ "
"ဟုတ္တယ္သားရဲ႕။ ဒယ္အရင္က ဒီကို ခဏ ခဏလာတာ ဘာသံၾကားတုန္း။ ဒါလည္းသားအျပစ္မဟုတ္ပါဘူး။တခ်ိဳ႕လူေတြက ထင္ၾကတာ မကၠစီကိုက လူဆိုးဂ်ပိဳးေတြနဲ႕ျပည့္ေနတဲ့ေၾကာက္စရာနယ္ေျမဆိုၿပီး...တကယ္တမ္းက်လည္ပတ္လို႔သိပ္ေကာင္းမွန္းမသိၾကဘူး။ Cancun parksေတြေရာက္ရင္ သားေပ်ာ္သြားမွာ အဲ့မွာ Cable divingေတြ ေရကန္ေပၚကေနစီးလို႔ရတယ္။ ျပဳတ္က်လည္း ေရထဲပဲဆိုေတာ့ ေရကူးတတ္ရင္ ကြိုင္မရွိဘူး။ Hollywood က တကူးတက Photo Shooting လာရိုက္ရတဲ့ ေရာင္စုံလမ္းၾကားေတြ သားေရာက္ရင္ ကိုယ့္ကိုယ္ကိုယ္ Modelလို႔ေတာင္ထင္သြားမွာ အေရးႀကီးတာ ပိုက္ဆံပဲ။မင္းသာပိုက္ဆံရွိရင္ ဘယ္ေနရာ ဘာမဆိုလုပ္လို႔ရတယ္။ ေအး တစ္ခုပဲ။ စပိန္စကားေတာ့ နည္းနည္းသင္ထားလိုက္။ ဒီမွာအသုံးမ်ားတယ္။"
ပင္စိမ္းတို႔စလည္ပတ္ေတာ့မနက္၈နာရီပဲရွိေသးသည္။
ကေလးႏွစ္ေယာက္က သူတို႔နီးပါးထြားႀကိဳင္းတာမို႔ ၂၁ႏွစ္ျပည့္မွသြားခြင့္ရသည့္ေနရာေတြလည္းအစစ္သိပ္မခံရဘဲသြားရသည္။ ေမာင္ကလည္းလႊတ္ထားေပး ဆိုတာခ်ည္း...
Ventura parkမွာ ရိုးရာအစာ Tacosကို ေလးေယာက္သားဝင္စားလိုက္ၾကတယ္။တစ္ခါတေလ လမ္းေဘးစာက ဟိုတယ္ကထက္ပိုေကာင္းေနတတ္တယ္။
အမဲသားစင္းေကာနဲ႕ ခရမ္းခ်ဥ္သီးအႏွစ္ေတြ ပါတဲ့ မက္ဆီကန္မုန့္ကို အငယ္ႏွစ္ေကာင္က ႀကိဳက္လို႔ တစ္ေယာက္၃ခုစီစားၾကတယ္။
စားၿပီးတာနဲ႕ ေဆာ့ဖို႔ဆီအာ႐ုံေရာက္ၾကေတာ့တာပဲ။ဆယ္ေက်ာ္သက္လား ဆယ္ႏွစ္သားေတြလား မသဲကြဲဘူး။
"Diving kingကြ...ဝူး ဟူး..."
Life Jacket ဝတ္ထားၿပီး Helmetေဆာင္းထားကာ ေလထဲကေနတြဲေလာင္းခိုေနသည့္ေမ်ာက္က သူ႕ဆူမဲ့သူမရွိလို႔ေအးေဆးျဖစ္ေနသည္။ Cableစီးလွ်င္ ႀကိဳးတန္းကေန လူက လက္ကိုင္ကိုသာကိုင္ထားရသည္။ ဘာထိုင္ခုံ၊ ဘာအမိုးမွမပါ။ ဒီနိုင္ငံကၾကမ္းသည္။တခ်ိဳ႕ကစားနည္းေတြဆို အသက္အာမခံေတာင္မရွိ။ ဇာမဏီတို႔ငယ္ငယ္က အဲ့ထက္ပိုဆိုးတာမို႔ ျပႆနာမရွိေပမဲ့ ပင္မွည့္သီးကေၾကာက္ေနသည္။
"ေဟး...သြားေလ မင္းအစ္ကိုလို..."
"သားေရမကူးတတ္ဘူး။ ေရထဲက်ရင္..."
"ဦးလာဆယ္မယ္။ သြား ေရာက္တုန္းေပ်ာ္ရတာ"
အစကေတာ့ အသစ္အဆန္းမို႔ေၾကာက္ေပမဲ့ ေနာက္ေတာ့ လူငယ္သဘာဝ ေပ်ာ္သြားျပန္သည္။မိန္းကေလးေတြေတာင္စီးေနတာ သူက အေပ်ာ့ေပါ့တဲ့။ Cableေပၚ တက္တာဘယ္ႏွခါမွန္းမသိေတာ့ေပ။
တိုက္တိုက္ဆိုင္ဆိုင္ သူ႕ပါးပါး Video callေခၚေတာ့ တစ္ဖက္လွည့္နဲ႕ တမင္တကာ သူ႕သားတြဲေလာင္းျဖစ္ေနပုံကို ျပလိုက္သည္။
"မင္း မင္းတို႔ ငါ့သားကို ပင္မွည့္သီး အခုခ်က္ခ်င္း ရပ္ေနာ္ မင္းျပန္လာရင္ ငါနဲ႕ေတြ႕မယ္။"
ေပ၅၀နီးပါးျမင့္တဲ့အေပၚက ျပဳတ္က်သြားရင္ အသည္းယားစရာ...
ဒီေကာင္ေတြနဲ႕မွထည့္ေပးလိုက္တဲ့ ေယာက်ာ္းလုပ္သူ လင္းယုန္ႀကီးကို ငေတာက္ မေက်မခ်မ္းၾကည့္မိသည္။
"ဟာ...Baby ကိုယ္နဲ႕မဆိုင္ဘူးေနာ္
မင္းသား သူ႕ဘာသာတက္သြားတာ
ကိုယ္တားမရလိုက္တာ...ေဟ့..."
တစ္ဖက္အတြဲေနာင္ဂ်ိန္ျဖစ္ေနၾကေတာ့ မဏီတို႔ရယ္မိသည္။
"ေကာင္းတယ္။ ဒုေခါင္းေဆာင္ Eagleႀကီး...
အခုေတာ့ ေယာက်ာ္းေၾကာက္ေနၿပီမလား။ညစာငတ္မယ္။ေခ်ာ့လိုက္ပါဦး။"
"ေခြးမသား"
တိတ္တိတ္ဆဲေရးတာခံရၿပီးဖုန္းခ်သြားသည္။
"ကဲ... ေမာင္ ကေလးေတြေပ်ာ္တုန္း လူႀကီးေတြသြားနားၾကတာေပါ့။"
Cableစီးၿပီးေနာက္ ရိုလာကိုစတာဘက္ အာ႐ုံေရာက္သြားၾက၍ သူတို႔စိတ္ခ်လက္ခ် လႊတ္ထားလိုက္သည္။
ရိုလာကိုစတာကလည္း သိပ္မရိုးရွင္းလွေပ။ အေကြ႕အေကာက္တင္မဟုတ္။ ရႈပ္ေထြးေပြလီေသာလမ္းေၾကာင္းမ်ားျဖင့္ အသံႏွင့္ဓါတ္ပုံရိုက္တာပါ ပါ၍ႏွလုံးေရာဂါသည္ေတြေတာင္မစီးရဲၾက။
လွိုဏ္ေခါင္းထဲဝင္သြားလွ်င္ေမွာင္မည္းကာလူေတြေအာ္သံထြက္မွဓါတ္ပုံရိုက္တာျဖစ္သည္။ ပင္စိမ္းတို႔အာၿပဲနဲ႕ေအာ္ေနသည့္႐ုပ္ပုံက ပုံသြားထုတ္ေတာ့ထင္းေနသည္။
"ေဟး... လူေခ်ာေလး... "
Dateဖို႔လာေတာင္းဆိုတဲ့ မိန္းကေလးေတြကို ျငင္းရတာဘယ္ႏွခါမွန္းမသိေတာ့ေပ။ သူတို႔ပဲတအားသန့္ျပန့္ထြက္ေနလား။ အေတာ္မ်ားမ်ားအာ႐ုံကသူတို႔ဆီမွာ
"စပိန္မေခ်ာေခ်ာေလးမွ မရရင္ မျပန္ဘူးဆို အမွည့္ေကာင္"
"ငါေၾကာက္သြားၿပီကြ။သူတို႔က Skillၾကမ္းတယ္။"
စီးပြားေရးသမားပီပီ သူကေတာ့ ဒီက ကစားကြင္းနဲ႕ အၿပိဳင္ ျမန္မာမွာ အသစ္ေဆာက္ဖို႔ေလ့လာေနမိသည္။
"ေဟ့...ေယာက္ဖ...
ဘာေတြႀကံသတုန္းကြ"
ႏွမေပးေယာက္ဖမဟုတ္တဲ့အစ္ကိုေပးေယာက္ဖ ခ်ဳံးရီလန္းက သူတို႔ေရွ႕ေရာက္လာေတာ့ႏွစ္ေယာက္သားဘုၾကည့္ၾကည့္ေပးလိုက္သည္။ႏြားအိုျမက္ႏုႀကိဳက္ႀကီး...
"ငယ္ငယ္ေခ်ာေခ်ာအလန္းဇယားေလးေတြဆြဲစားရေကာင္းမလားႀကံေနတာ ခင္ဗ်ားကဘာလာရႈပ္"
ထိုသူ႕အေနာက္ကေန အေၾကာၿပိဳင္းၿပိဳင္းနဲ႕လက္တစ္ဖက္က ကိုယ္တစ္ပိုင္းနီးပါးဖက္တြယ္လိုက္ၿပီး သူတို႔ကို စကားေျပာတာ ၾကည့္ေျပာဆိုတဲ့အၾကည့္နဲ႕ သတိထားခိုင္းသည္။
"မင္းဟာႀကီး မင္းျပန္ေခၚသြားပါ။
ငါတို႔မွာ အပူမလိုခ်င္လို႔ ဟုတ္ၿပီလား။"
"အလကား...အစြမ္းအစမရွိရင္မရွိဘူးေပါ့။ ေစာက္ေပါေတြ"
ညီေတြကိုဖဲ့ၿပီး သူ႕ဘဲႀကီးသူေခၚကာ ပန္းၿခံပတ္ေနတဲ့ေကာင္က နားရင္းပိတ္အုပ္ခ်င္စရာ...
ကေလးေတြပထုတ္ၿပီး ေရကူးကန္ထဲၿငိမ့္ေနတဲ့ ဇာမဏီတို႔က အခ်ိန္ခဏအတြင္းမွာလွ်ပ္ေျပးယာဥ္ကိုအတြဲလိုက္ Pacific oceanထဲစီးၿပီးၿပီ။
ေရသူထီးနဲ႕ ေရသူမ လက္ခ်င္းကပ္ထားတဲ့ ႐ုပ္ထုႀကီးနားလည္း ဓါတ္ပုံသြားရိုက္ၿပီးၿပီ။ အျခားစုံတြဲေတြလို မိန္းမေနရာမွာ ေယာက်ာ္းတစ္ေယာက္ျဖစ္တဲ့သူ ႐ုပ္ထုနဲ႕ အေဝးက ယွဥ္ရိုက္ေတာ့ နည္းနည္း တစ္မ်ိဳးျဖစ္ေပမဲ့ ေဝဖန္သူေတြကိုေသာက္ဂ႐ုမစိုက္ၾကပါ။ Publicမွာလည္း အနမ္းေႁခြၿပီး မိန္းမပ်ိဳေတြအသည္းကိုၿပိဳင္တူခြဲၾကၿပီးျဖစ္သည္။
"အိုလာရင္ မေကာင္းဘူးကြေမာင္ရ... ကေလးေတြလို ၾကာၾကာ မေဆာ့နိုင္တာပဲၾကည့္..."
"မင္းSpeed boatေမာင္းတာ ကိုယ္ကံေကာင္းလို႔အသက္မထြက္တယ္။ ဒါနဲ႕မ်ား အိုတယ္တဲ့။ ဘယ္နားကအိုတာ... ျပပါဦး။"
ဒီဇင္ဘာႀကီး ေရကန္ထဲၿငိမ့္ေနတဲ့သူတို႔ကို ႐ူးေနသလားဆိုၿပီးၾကည့္သြားၾကေပမဲ့ ဂ႐ုမစိုက္ပါ။ ေသြးပူေလ့က်င့္ခန္းကို ေရကန္ထဲပဲလုပ္လိုက္တာ သိမွမသိၾကဘဲ...
ညကၾကည့္ဖူးတဲ့ ႐ုပ္ရွင္ကိုျပန္သတိရေတာ့ ခန့္သွ်ားအေတြးေပၚလာသည္။ကေလးအေဖကိုစဦးမွပဲ။
"Te quiero." (တယ့္ဂယ္ရို)
႐ုတ္တရက္မို႔ ဇာမဏီနားထဲေရဝင္ေန၍ေသခ်ာမၾကားလိုက္ရ၍ျပန္ေမးလိုက္သည္။
"အဲ့ဒါ ဘာေျပာတာလဲ ေမာင္"
"စပိန္လိုခ်စ္တယ္လို႔ေျပာတာ"
"ဪ... "Yo también" "(ယိုးသမ္ဘီယမ္)
ေမာင့္မ်က္ႏွာကအူေၾကာင္ေၾကာင္ျဖစ္သြားရွာသည္။
"ဒါကေရာ ဘာလဲ မဏီ"
"Yo también (ယိုးသမ္ဘီယမ္) ဆိုတာ Me too လို႔ေျပာတာ ေမာင္
ငါလည္း မင္းနဲ႕ထပ္တူပဲ"
မဏီက ဘာသာစကား ၄မ်ိဳးေျပာတတ္တာသူေမ့သြားသည္။ ဒါဆို တမင္ေမးတာေပါ့ လူဆိုးေလး
"ကေရာ္ ကေရာ္ ရွက္ပါတယ္။ ငါ့မ်ားပညာစမ္းလို႔"
"ေအး ေတြ႕မယ္။ လူဆိုးေကာင္ ကဲကြာ...."
ဇာမဏီ့လည္ပင္းစပ္ဖ်ားကိုအားျပင္းျပင္းနဲ႕စုပ္ယူေပးေတာ့ အလိုက္သင့္ေမာ့ေပးလာသည္။
Adult ဧရိယာမို႔ အေတာ္မ်ားမ်ားက သူလိုကိုယ္လိုအတြဲေတြခ်ည္းသာ...
"ေနာက္ေန႕ ဘယ္ထပ္လည္ဦးမလဲ။"
ေမာဟိုက္သံနဲ႕ေမးေတာ့ တိုးညွင္းညွင္းျပန္ေျဖသည္။
"ကေလးေတြျပန္ပို႔ၿပီးမွ..."
"အင္း..."
ေယာက်ာ္းေျပာ တစ္ခဏ မူသုံးကာ ႏွင္ခံရေတာ့မည့္ ကေလးႏွစ္ေယာက္အတြက္ေတာ့ စိတ္မေကာင္းလွပါ။
》》》》》》
"မ..."
မဏီ လို႔ဆုံးေအာင္မေခၚလိုက္ရ၊ ဓါးျမႇောင္က အေနာက္ကတံခါးေပါင္ကိုသြားမွန္၍ရပ္လိုက္ရသည္။
"ဘာကိစၥလဲ ေဟ့ေကာင္"
ကေလးေတြကေက်ာင္းရွိလို႔ျပန္သြားတာနဲ႕တစ္ၿပိဳင္နက္ မွတ္ဥာဏ္ကျပန္ေပ်ာက္သြားျပန္သည္။
"ဒီေန႕ ၿမိဳ႕ထဲလည္မလား လို႔...
မင္းကိုလာေခၚတာ..."
အလိုက္သင့္သ႐ုပ္ေဆာင္ေပးရေတာ့ ေမာင္ေတြ မဏီေတြ သုံးမရေတာ့ေပ။
"မင္းမွာ စီးစရာဘာရွိလဲ။ကုန္းေၾကာင္းေလွ်ာက္မို႔လား။"
ရင့္သီးတဲ့အေျပာနဲ႕ မစိမ္းတာမို႔တစ္မ်ိဳးခံစားမေနေတာ့ေပ။
"ကားစီစဥ္လို႔ရတယ္ေလ...မင္းေယာက်ာ္းငါက သာမန္လူလား။ ဟိုတယ္သူေဌးကေတာင္ ႏွစ္ခါမေျပာရဘူး။ငါလိုခ်င္ရင္ တန္းေပးတာ..."
"ေဘာလား။"
"ဇာမဏီ!!!"
ပင္မွည့္ေကာင္နဲ႕ပင္စိမ္းကေက်ာင္းရွိလို႔ျပန္ပို႔ေနရတာေၾကာင့္ သူတို႔ပါလာတဲ့ Private Jetက မရွိ။စီးစရာေပ်ာက္ရွသည္။
Cancunနဲ႕ Chichen Itzaက ကားနဲ႕ေတာင္ ၂နာရီခြဲသြားရလို႔မဏီက စိတ္မရွည္ေပ။
"မငွားနဲ႕။ ငါ့မွာရွိတယ္။"
ဖုန္းထုတ္ကာနံပါတ္တခ်ိဳ႕ေကာက္ႏွိပ္လိုက္သည္။
မကၠစီကို အာဏာပိုင္တခ်ိဳ႕နဲ႕ အရင္တည္းက အဆက္အဆံရွိတာမို႔ ေခၚေတာ့တန္းကိုင္သည္။
"Mr.Smith...
က်ဳပ္ Phoenixပါ။ ေအး ဒီေရာက္ေနလို႔...
ခင္ဗ်ားမွာ ရွိတဲ့ ငွက္တစ္ေကာင္ေလာက္ေရာင္းပါလား။ၿမိဳ႕ပတ္မလို႔ေလ...
ဒါေပါ့။ ပစၥည္းခ်င္းလဲမွာေပါ့။ေငြသားက ဘာေနေနရတာခ်ည္း...
ေစာင့္ေနမယ္ဗ်ာ"
သူ႕ပိုင္တြင္းထြက္ေက်ာက္စိမ္းတခ်ိဳ႕နဲ႕ Helicopter တစ္စင္းကို ဝယ္လိုက္သည္။ႏွစ္ေယာက္တည္းဆို အဲ့ဒါက ပိုသင့္ေတာ္သည္။
သူနဲ႕သိတဲ့အာဏာပိုင္ဆီက Helicopterလွမ္းေတာင္းတဲ့မဏီ့ကိုစိတ္ဆိုးမိပါသည္။
သူအရင္က်င္လည္ဖူးတဲ့ ဒီေလာကထဲကလူေတြက်မေမ့ဘဲ ေယာက်ာ္းကိုက်ေမ့လို႔...
အကုန္ျပင္ဆင္ၿပီးေတာ့ မဏီက သူ႕ဆီလွမ္းလာသည္။
"အျပင္သြားတဲ့အခါ အျပဳအမူသတိထားေပး။ မင္းနဲ႕ငါ အိမ္ေထာင္ဖက္မွန္းငါလက္မခံခ်င္ေသးဘူး။ ငါက Gayမဟုတ္ဘူး။ မင္းသိဖို႔"
"မင္းရဲ႕အခု စိတ္အေျခအေနကိုငါမသိဘူး။ေမးလည္းမေမးခ်င္ဘူး။ Gay ျဖစ္ရတာလည္း ရွက္စရာမဟုတ္ဘူး။ မင္းသိဖို႔... ငါ့ရဲ႕ မဏီက ငါ့လိုေယာက်ာ္းတစ္ေယာက္ကိုခ်စ္မိလို႔ Gay ပါလို႔ သူ႕ကိုယ္သူ လက္ခံခဲ့တာ... အဲ့ဒါၿမဲၿမဲမွတ္ထားလိုက္"
သူကဘုဂလန့္ျပန္ေျပာေတာ့ ဟိုကစူးစူးရဲရဲၾကည့္သည္။
"ဒါနဲ႕... အဲ့ဘဲက လြယ္လိုက္တာ
မင္းဘာမွသိပ္မေျပာရဘဲ Helicopterပါအမ္းလို႔"
ဇာမဏီလက္က ထိုသူ႕လည္ပင္းဆီသို႔...
"ျပန္ေျပာလိုက္စမ္း...ေဟ့ေကာင္"
"ဟက္...အမ္းလို႔ အမ္းတယ္ေျပာတာေလ"
ဗိုက္ကိုလက္သီးတစ္လုံးပစ္သြင္းကာ ေသြးေအးေအးေလသံနဲ႕ဆိုသည္။
"ဒီမွာ မင္းဘာေကာင္လဲ ဘာလဲေတာ့ ငါမမွတ္မိဘူး။မင္းသိထားဖို႔က ဇာမဏီဆိုတဲ့ ငါက ေက်ာက္စိမ္းတစ္တုံးေရာင္းရင္ေတာင္ ေဒၚလာေထာင္ခ်ီျမတ္ေနတဲ့ေကာင္ဥစၥာ
ဒီရဟတ္ယာဥ္ေလာက္က မဝယ္နိုင္စရာလား။မင္းေျပာတဲ့ အမ္းတယ္ဆိုတဲ့ စကားက ငါ့မာနကို ထိခိုက္တယ္။"
သူလႊတ္ေပးလိုက္ေတာ့ ခန့္သွ်ားၿပိဳက်သြားတယ္။ သူအစလြန္သြားတာပဲ။
မနက္စာအျဖစ္ Tamales ဆိုတဲ့ေျပာင္းဖူး႐ြက္နဲ႕ထုပ္ထားတဲ့ ရွမ္းဟင္းထုပ္နဲ႕ဆင္တဲ့ မုန့္တစ္မ်ိဳးစားၾကကာ အဆာပိတ္ ပူတင္းမီးဖုတ္ကိတ္တခ်ိဳ႕ကို ေကာ္ဖီခါးခါးနဲ႕ေသာက္လိုက္ၿပီးမွ ဟိုတယ္ကႏွစ္ေယာက္အတူထြက္လာၾကသည္။
Helicopter တစ္စင္းက ဟိုတယ္ေရွ႕အဆင္သင့္...
မကၠစီကိုမွာကေရာင္စုံအိမ္ေလးေတြမ်ားတယ္။ အေပၚစီးကေနၾကည့္ရင္ ျမင္ကြင္းကတအားလွလြန္းတယ္။ အိမ္ေတြေပၚကျဖတ္သန္းရင္ ရပ္ကြက္တခ်ိဳ႕က ကေလးေတြ ေမာ့ၾကည့္ၾကတယ္။
ပြဲေတာ္ရက္မို႔လူစည္ကားလြန္းသည္။ႏွစ္ေယာက္သားေျခခ်င္းလိမ္ရင္းအခ်မ္းဒဏ္ခံနိုင္ဖို႔ ေသာက္စရာတခ်ိဳ႕လည္းဝယ္ရတယ္။
ပိရမစ္နဲ႕တူတဲ့ Mayan Templeတခ်ိဳ႕ကိုလည္းျမင္ရတယ္။တကယ္တမ္းသြားၾကည့္ရင္ မတူေပမဲ့ သူ႕ပုံစံက ပိရမစ္ပုံစံအေသးစားနဲ႕တူျပန္တယ္။
"မဏီ...လူရႈပ္တယ္။ လက္တြဲထားမလား။"
ကင္မရာတစ္လုံးနဲ႕ ဇာမဏီကေတာ့ သူ႕ကိစၥကလြဲ လွ်င္ က်န္တာအာ႐ုံရွိဟန္မတူ။ အာ႐ုံစိုက္ျခင္းမခံရေသာ ဥပကၡါခံငနဲေလး ခန့္သွ်ားမွာ သူအေႏွာင့္အယွက္ျဖစ္မွာစိုး၍ တံတားေပၚ တစ္ေယာက္တည္းေလွ်ာက္သြားလိုက္သည္။
ခန့္သွ်ားေက်ာ္ တစ္ေယာက္Sea view ျမင္ေနရတဲ့ Tower ေပၚကေန ေအာက္ကို ဆင္းခ်င္စိတ္ေတြေပၚလာမိတယ္။သူတစ္ခုခုျဖစ္မဲ့ပုံျပရင္ သတိျပန္ရလာနိုင္မလား။
ေရလွိုင္းေတြကေတာ့ သူ႕ကိုကယ္တင္နိုင္ေကာင္းပါရဲ႕...
ဇာမဏီ ႏွစ္ၾကာေနတဲ့ အေဆာက္အအုံတခ်ိဳ႕ကိုေလ့လာရင္း Towerေပၚရပ္ေနတဲ့ေကာင္ျမင္ေတာ့ လွမ္းေအာ္လိုက္သည္။
"ေဟ့ေကာင္ ဘာလို႔ ထိပ္နားသြားတာလဲ။ ေသခ်င္ေနတာလား။"
"အင္း... ငါခုန္ခ်မလို႔"
Suicide caseေတြျဖစ္မွာစိုးလို႔ Touristsအခ်ိဳ႕က အထိတ္တလန့္ တားၾကသည္။ ဘယ္သူမဆို ခရီးသြားရင္ ေအးေဆးသြားခ်င္ၾကတာကို ဒီဘဲက ဘာလာစားမွန္းမသိ။
သူ႕ကို အ႐ြဲ႕တိုက္တဲ့ေကာင္လို႔ပဲထင္တာမို႔ တကယ္လည္းမလုပ္ေလာက္ဘူးထင္၍ေပါ့ေပါ့တန္တန္သာေျပာလိုက္သည္။
"ေအး... အဲ့ေလာက္ ခုန္ခ်ခ်င္လည္း သြား
လႊတ္ထားလိုက္ၾက"
"What..."
အနားရွိလူတခ်ိဳ႕က ထိတ္ထိတ္ပ်ာပ်ာျဖစ္ေနသေလာက္ ဇာမဏီက ေသြးေအးသည္။
"က်ဳပ္ေျပာတာ မၾကားဘူးလား။ ဆြဲမေနနဲ႕။လႊတ္ေပးလိုက္လို႔..."
သူသာစကားျပန္ေျပာရင္မလုပ္ေလာက္ဘူးထင္၍ဒီတိုင္းေျပာလိုက္တာျဖစ္သည္။
မထင္ထားတာက အဲ့ ေခြး တကယ္ႀကီးဆင္းသြားမယ္မွန္း...
"ဟာ က်စ္... ေသကုန္ေတာ့မွာပဲ။"
ကံေကာင္းတာလား၊ ကံဆိုးတာလား ေအာက္ကျဖတ္သြားေသာ ငါးဖမ္းစက္ေလွေပၚ ပါသြား၍ ႀကီးႀကီးမားမားမျဖစ္လိုက္ေပ။
ဇာမဏီ အဲ့ေကာင္ကိုေျပာမိတာက...
"မင္းေနာက္တစ္ခါ ေစာက္႐ူးမထစမ္းနဲ႕။"
အေရာင္စုံလမ္းၾကားပတ္ဖို႔လည္းအာ႐ုံမရေတာ့ေပမဲ့ အဲ့ဘက္က ႏွစ္ေယာက္သားျဖတ္ေလွ်ာက္လာေတာ့ မိန္းကေလးတခ်ိဳ႕က Modelထင္ၾကသည္။ ျပင္သစ္ကလမ္းၾကားေတြလို ဓါတ္ပုံရိုက္စရာေနရာမ်ားျပားေသာ မကၠစီကိုရဲ႕အလွက အေရာင္အဝါတူေသာလူႏွစ္ေယာက္ ျဖတ္ေလွ်ာက္လာေတာ့ေမွးမွိန္သြားသလို။ Modelထင္ၿပီးလာမိတ္ဆက္တာေတြေတာင္ရွိ၍ ေဘးကေကာင္စိတ္ရႈပ္သလို နဖူးေၾကာတြန့္ကာ ဘာမေျပာ ညာမေျပာ သူ႕လက္ဆြဲေျပးသည္။
"မင္းမလိုက္ရင္ ငါမင္းကို ဒီေနရာမွာ ပိတ္နမ္းမွာ..."
လုပ္ရဲရင္ လုပ္ၾကည့္ဆိုတဲ့ပုံနဲ႕ ၾကည့္ေနေပမဲ့ အသာတၾကည္လိုက္လာ၍ေတာ္ပါေသးသည္။
ဇာမဏီ ဟိုတယ္ျပန္ေရာက္ေတာ့ ေရမိုးခ်ိဳးကာ အေညာင္းအညာေျပေအာင္ ေဆးစိမ္လိုက္ရသည္။
"ဟူး... ငါပဲ အလိုလိုေနရင္း အသက္ႀကီးလာတာလား။"
သူ႕စိတ္ထဲ၂၀ေက်ာ္ထင္ေနေပမဲ့ အေတြးမွားေနေၾကာင္းကိုမွန္ထဲမွာ အသက္၄၀ေက်ာ္အ႐ြယ္ တည္ၿငိမ္တဲ့ေယာက်ာ္းတစ္ေယာက္ က ၿပဳံးကာသက္ေသျပေနသည္။
သူဘာလို႔ေယာက်ာ္းတစ္ေယာက္ကို အိမ္ေထာင္ဖက္အျဖစ္ေ႐ြးခ်ယ္ခဲ့လဲ မသိေသးပါ။
"မင္းေရခ်ိဳးခ်င္ ခ်ိဳးလို႔ရၿပီ။"
ဆံႏြယ္ရွည္ေတြ စုစည္းကာDryerနဲ႕မႈတ္ေပးေနသူကဘာမွမေျပာေပ။
"မင္းဒီေန႕လိုအ႐ူးမထနဲ႕။ ငါမႀကိဳက္ဘူး။မင္းေသတာကိစၥမရွိေပမဲ့ လူအမ်ားႀကီးေရွ႕မလုပ္နဲ႕။Attentionရွာသလိုပဲ။"
ခန့္သွ်ားေက်ာ္လက္ကရပ္သြားသည္။
သူကေတာ့အသက္နဲ႕လဲၿပီးစြန့္စားလိုက္တာေပမဲ့ တစ္ဖက္လူကAttentionရွာတယ္တဲ့လား။
"အ...မင္း..."
ဇာမဏီအခု ေမြ႕ယာေပၚျပားကပ္လို႔
တစ္စုံတစ္ေယာက္ရဲ႕ အဖိခံေနရသည္။
"မင္းသတိေမ့ေနတုန္း ကိုယ္တို႔တစ္ခါေလာက္အတူေနၾကည့္ၾကမလား။ ေသနတ္နဲ႕ေတာ့မပစ္နဲ႕ေနာ္။ "
ဇာမဏီ့လက္က ေခါင္းအုံးေအာက္မေရာက္လိုက္၊ပစၥတိုကိုသူကအေဝးကန္ထုတ္ပစ္သည္။
"မင္းကို ငါအခုထိမယုံၾကည္နိုင္ေသးဘူး။"
"မင္းအရင္မခံစားၾကည့္ဘဲမေျပာပါနဲ႕။"
အေျပာထက္အလုပ္ကပိုထိေရာက္၍ ေျပာၿပီးၿပီးခ်င္း ႏႈတ္ခမ္းဖူးေတြကိုထိကပ္လိုက္သည္။လွ်ာေတြပါရစ္ပတ္ၿပီး အနမ္းစက္ကြင္းတစ္ခုကို က်ယ္ေလာင္စြာဖန္တီးလာသည္။အခန္းထဲမွာသူတို႔၏ႏႈတ္အာေမဍိတ္သံေတြသာႀကီးစိုးေနသည္။
ဇာမဏီ့မ်က္ဝန္းအိမ္က စိုစြတ္လာကာ မြန္းက်ပ္မႈကိုမခံစားနိုင္ေတာ့သလို သူ႕အား အားကုန္သုံးကာဖယ္ထုတ္လိုက္သည္။
"မင္းငါနဲ႕ ေဝးေဝးေနစမ္း။ မင္းကို လက္ခံတယ္လို႔ဘယ္သူေျပာေသးလဲ ဟမ္"
"မဏီ အဆင္မေျပရင္ ေဆာရီး မင္းအဆင္မေျပရင္ ေမာင္ အဲ... ကိုယ္ ေအာက္ဆင္းေပးပါ့မယ္။"
"ဘာရယ္..."
"တကယ္ေျပာတာ"
ဒါလည္းသူလက္မခံနိုင္ပါ။သို႔ေသာ္ သူ႕ခႏၶာကိုယ္ကသူ႕အမိန့္ကိုမနာခံပါေလ။
"အား ကိုယ္တို႔မဂၤလာဦးညကိုေတာင္ျပန္သတိရသြားတယ္ကြာ"
ဒီလူဘာေတြေျပာေနမွန္းသူမမွတ္မိပါ။ သို႔ေသာ္ၿပီးဆုံးသြားေတာ့လည္းေက်နပ္သလိုပင္။
ထိုသူက ထိုမွ်ႏွင့္မၿပီးေသးေခ်။
သူ႕ေပၚ လက္ေခ်ာင္းေတြကတ႐ြ႐ြတက္လာသည္။
"ေမာင္လို႔...ေခၚေပးစမ္းပါ။"
"ဆုေတာင္းေလ..."
ထိုအခါထိုသူကတိုက္စစ္တစ္မ်ိဳးေျပာင္းေလသည္။
ဇာမဏီရဲ႕နတ္ဘုရားလိုသြယ္လ်တဲ့ေခ်ာမြတ္ေသာေပါင္တံစင္းစင္းႏွစ္ဖက္မွာ မူပိုင္ေယာက်ာ္းရဲ႕လက္ဝါးရာေတြကထင္းလို႔... သူ႕တစ္ကိုယ္လုံးဟာ အႏွီလူသား၏ခံတြင္းထဲပါသြားေတာ့မတတ္... ေျခေခ်ာင္းေလးေတြကုပ္သြားမိတယ္။ ခံစားမႈ အသစ္အဆန္းက လွိုက္ဖိုေစတယ္။ မုန္းတာ႐ြံတာေတြမရွိဘူး။သူတကယ္ပဲ ေယာက်ာ္းတစ္ေယာက္ရဲ႕ ဇနီးသည္ေနရာမွာေနရတာ အကြၽမ္းဝင္ေနတာပဲ။ သူတို႔အရင္က ဘယ္ႏွခါလုပ္ဖူးလဲမသိပါ။ ဦးေႏွာက္ကမမွတ္မိေတာ့ရင္ေတာင္ခႏၶာကိုယ္က မွတ္မိေနတယ္။အလိုအေလ်ာက္တုံ႕ျပန္ေနတဲ့ သူ႕သံစဥ္ေတြ ...
"ဘာမွန္းလည္းမသိဘူး" ဆိုတဲ့စကားသံကလည္းညတာနက္နက္မွာထြက္ေပၚလာျပန္တယ္။
"ေမာင္မွန္း သိသြားၿပီလား။ အခ်စ္..."
"ခန့္သွ်ားေက်ာ္ မင္းေနာ္..."
သူ႕ရင္ဘတ္ကိုထုလာတဲ့လက္သီးအားဖမ္းဆုပ္ကာဆြဲနမ္းလိုက္သည္။
မဏီထိုညအက်ိဳးဆက္ေၾကာင့္ ၃ရက္တိတိဖ်ားသြားသည္။ထို႔ေၾကာင့္ျပန္ဖို႔ကိုလည္းရက္ေ႐ြ႕ရျပန္သည္။သားေပါင္ကလာလာၾကည့္ေပမဲ့ လူငယ္မို႔ ရီလန္းနဲ႕အခ်ိန္ကုန္တာကမ်ားသည္။
ခန့္သွ်ားတစ္ေယာက္ ၃ရက္လုံးစားဖိုမႉးျပန္လုပ္ရသည္။လူမမာစားဖို႔ သူမ်ားဟိုတယ္မီးဖိုေခ်ာင္အပိုင္သိမ္းကာ ျမဴစြမ္ေတြခ်ည္းလွိမ့္ခ်က္ပစ္၍ ဧည့္သည္ေတြ Complainတက္ၾကျပန္သည္။မ်ားမ်ားခ်က္ၿပီးသူမ်ားေတြကိုအရသာျမည္းခိုင္းကာ စားေကာင္းတယ္ဆိုမွ သူ႕ေယာက်ာ္းကိုေကြၽးသည္။ဟိုတယ္ပိုင္ရွင္မွာ ဒုတိယအမ်ားဆုံးရွယ္ယာရွင္နဲ႕ ဧည့္သည္ေတြၾကားဗ်ာမ်ားရေလသည္။
အဖ်ားက်သြားတဲ့မနက္ခင္းမွာ ေရပတ္တိုက္ေပးေနတဲ့လက္ျဖဴျဖဴေတြကိုဇာမဏီဖမ္းဆြဲလိုက္သည္။
"ငါ့ကိုစိတ္ကုန္ေနၿပီလား။"
မၾကာခဏၾကားရတဲ့ေမးခြန္းေပမဲ့ ခန့္သွ်ားက မညည္းၫူပါ။
"မင္းကိုစိတ္ကုန္တဲ့ေန႕က ဒီတစ္သက္ ျပကၡဒိန္မွာေပၚလာမွာမဟုတ္ဘူး။"
မဏီကလက္မေလွ်ာ့ဘဲ ထပ္ေျပာျပန္သည္။
"ငါ မင္းေခၚခိုင္းသလို ႏုႏု႐ြ႐ြနာမ္စားေတြမေခၚနိုင္ဘူး။ အရင္က ေခၚခဲ့ဖူးလားမသိေပမဲ့ အခု ငါ့ႏႈတ္ကထြက္ဖို႔ခက္ေနတယ္။"
ခန့္သွ်ားအဝတ္ကိုဇလုံထဲထည့္ကာေဘးခ်ၿပီး ဇာမဏီ့ကိုလြတ္ထြက္သြားေတာ့မတတ္ ဖက္တြယ္လိုက္သည္။
"ေမာင္လို႔ျပန္မေခၚနိုင္ေသးလည္းရတယ္
ခန့္သွ်ားေက်ာ္လို႔ေခၚေနလည္းရတယ္
အရင္ကခ်စ္ခဲ့တာေတြမမွတ္မိလည္းရတယ္
ကိုယ့္အေပၚအနိုင္ျပန္လိုခ်င္လည္းရတယ္
မင္းေျပာသမွ်အရာရာ ရတယ္
ကိုယ့္ေဘးနားမွာ အခ်ိန္ေတြအၾကာႀကီးအတူရွိေနေပးပါ။ မင္းမရွိဘဲ နိုးထရတဲ့မနက္ေတြဟာ သိပ္ကိုဆိုး႐ြားလြန္းတယ္"
သူခံစားေနရတယ္
ဒီေယာက်ာ္းရဲ႕အခ်စ္ေတြ၊ အေလွ်ာ့ေပးမႈေတြ၊ ေမတၱာတရားေတြ...
"ငါ..."
ေမာင္က ေမးေလးဆတ္ၿပီး ဆက္ေျပာ ဆိုတဲ့ ပုံနဲ႕ နားေထာင္ေပးတယ္။
"ငါ... ေမာင့္ကိုထပ္ခ်စ္သြားတယ္"
ေျပာၿပီး မ်က္ႏွာပူလာလို႔ သူ႕ရင္ခြင္ထဲေခါင္းျမႇုပ္ထားလိုက္တယ္
"ဟဟ"
ခပ္ဖြဖြရယ္သံေတြ၊ နားထင္ကိုဖိနမ္းလာတဲ့ အၾကင္နာေတြ၊ လက္ထပ္လက္စြပ္ႏွစ္ကြင္းရဲ႕ ပြတ္တိုက္သံေတြ... သိပ္ကို ျပင္းျပစြာခ်ိဳၿမိန္လြန္းတယ္။
"ေမာင့္ မေဟသီ...ဇာမဏီ..."
💮💮💮💮💮💮💮💮💮💮💮💮💮
A/N
ေမး- မကၠစီကိုက ဒီေလာက္မိုက္တာ ဘာလို႔ action ခန္း ထည့္မေရးတာလဲ။
ေျဖ- SE ျဖစ္ေစခ်င္လို႔ေရးေပးရမွာလား။
"..."
Action sceneထည့္လိုက္ရင္ sad endingလုပ္မိမယ္ ဒါဒါတို႔ ကိုယ့္အေၾကာင္းကိုယ္သိတယ္။
မဏီ ဘာလို႔ ဘုဂလန့္လဲ။ အေမတူလို႔ပါ☺
လိုအပ္ခ်က္ေတြရွိမယ္ထင္ပါတယ္။အဆုံးသတ္ေပးနိုင္တာပဲေက်နပ္ပါတယ္။
ဒီficကေန စပိန္လိုရည္းစားစကားေျပာနည္းသင္ေပးလိုက္မယ္ေနာ္ ကိုယ့္crushကိုေတြ႕ရင္ Te quiero (တယ့္ဂယ္ရို) လို႔သာ လွမ္းေျပာပါ။ ဟိုက ျပန္ေမးရင္ ေျပာခ်င္တာေျပာခဲ့။
ဒါဒါေတြကိုျမႇောက္ေပးေနတာ 😆
အစက ခ်စ္တယ္ကို Te amo ပဲ ထင္တာ ၅၂၈မွ တီအားမိုလို႔သုံးပါတယ္တဲ့။ တီအားမိုကပိုေခၚလို႔ေကာင္းတယ္ေနာ္
အားလုံးစိတ္ထင့္ေနမွာေပါ့ေနာ္
အပိုင္း၄၀မွာရပ္သြားၿပီးအေတာ္ၾကာမွExtraေတြနဲ႕ျပန္လာေတာ့...
ပင္ပန္းလြန္းလို႔ ေစာမွန္းသိရက္နဲ႕လႊတ္ခ်လိဳက္မိတာပါ။အခုမွစိတ္အေျခအေနေကာင္းလို႔ ျပန္လာတာပါ။အားလုံးေပါင္း ၄၅ပိုင္းတိတိကို ႏွလုံးနဲ႕ရင္းၿပီးေရးခဲ့ပါတယ္။ ပင္ပန္းေပမဲ့ေက်နပ္ပါတယ္။ေနာက္ထပ္အသစ္ေတြထပ္ေရးေနပါတယ္။ Long storyဆို Happy Endingပဲေရးတတ္တဲ့ဒီမိန္းမအေၾကာင္းသိၾကရင္ အသစ္ေတြလည္းဖတ္ေပးဖို႔ေတာင္းဆိုပါတယ္။
စပိန္ရည္းစားေခ်ာေခ်ာေလးရၾကပါေစ😁
(Extraထပ္မရွိေတာ့ပါ။)
မဏီတို႔စားတဲ့ ဟင္းပြဲေတြပါ
ဟိုတယ္
ေရသူထီးနဲ႕ ေရသူမ ႐ုပ္ထု
Cable biking
Mayan Temple
ေရာင္စုံလမ္းၾကား
ေမာင္တို႔ ၾကည္ႏူးတဲ့ ေရကူးကန္