Unicode
နှစ်ရက်လောက်တိတိဖုန်းလည်းမဆက်စာလည်းမပို့လာလည်းမတွေ့တဲ့စီနီယာကြောင့် မတွေ့ရမနေနိုင်တဲ့ထယ်ယောင်းကဘဲကျောင်းပျက်ကာ စီနီယာရဲ့ ကုမ္ပဏီ ကိုသာချစ်ရသူကိုတွေ့ဖို့ ထမင်းချိူင့် အိတ်လေးဆွဲကာ ထွက်လာရတော့ဘည်။ဒီအိတ်ထဲမှာ သူ့ရဲ့အချစ်တွေအပြည့်နဲ့ ပြုတ်ထားတဲ့ခေါက်ဆွဲ ပြုတ် ရယ် ကြက်ဥကြော်ရယ် သစ်သီးကွိစိကွစတွေကအစလှလှပပပြင်ဆင်ပြီးနေ့လည်စာ စားချိန်အမှီတက်တက်ကြွကြွဖြင့်ထွက်လာတော့လေသည်။
ကုမ္ပဏီ အရှေ့ရောက်တာနဲ့ လွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်ကကြုံခဲ့ရတဲ့အခြေတွေနဲ့မတူ သူ့ကိုလှိုက်လှဲစွာကြိုဆိုနေသည့် Emma Watson ရဲ့ကောင်လေးဆိုသည့်လုံခြုံရေးဝန်ထမ်းဦးလေးကြီး။
"ဒုဥက္ကဌဆီကိုဘဲလာတာမို့လားကောင်လေး.. 7လွှာကိုတက်သွားလိုက်နော်"
"ဟုတ်.. ကျေးဇူးတင်ပါတယ်ဦးလေးကြီး"
တင်ခနဲမြည်သံနဲ့အတူဓာတ်လှေကားတံခါးဖွင့်လာတော့ စီနီယာရဲ့ရုံးခန်းအရှေ့မှာတင် Laptopတစ်လုံးနဲ့အလုပ်ရူပ်နေသည့်အတွင်းရေးမှူးမင်ကိုပြုံးပြလိုက်သည်။
"ဒုဥက္ကဌကအထဲမှာ လုပ်ငန်းရှင်တစ်ယောက်နဲ့တွေ့နေတုန်းမို့ခဏထိုင်စောင့်ပေးဦးနော်"
"ဟုတ်ကဲ့.."
သိပ်မကြာလိုက်ချစ်ရသူနဲ့အတူတူထွက်လာသည့်လုပ်ငန်းရှင်အမျိူးသမီးကတစ်ချိန်က စီနီယာနဲ့ ဘာလိုလိုနာမည်ထွက်ဖူးသည့်စီနီယာကိုကြိုက်ခဲ့ဖူးသည့် စီနီယာ လီဂျီအွန်း...
"သြော်..ထယ်ယောင်းလေးပါလား..ဂျူံးဂုဆီလာတာလား"
"ဟုတ်"
ကျော့ရှင်းပြီးလှပသည့်ထိုအမျိူးသမီးငယ်လေးကိုကြည့်ပြီး ထယ်ယောင်းသိမ်ငယ်စိတ်တွေအလုံးအရင်းဝင်လာသည်။
တကယ်ဆိုထယ်ယောင်းတို့ တက္ကသိုလ်စရောက်တော့ စီနီယာဂျူံးဂုကဒုတိယနှစ်ရောက်နေပြီပင်။အရမ်းတည်ငြိမ်ပြီးယောက်ကျာ်းပီသလွန်းတဲ့စီနီယာကို ပိုးကြေးပန်းကြေး လုပ်နေတဲ့မိန်းကလေးတွေ ယောကျာ်းလေးတွေ ပါဒုနဲ့ဒေး။ထို အများကြီးထဲမှ စီနီယာအရေးပေးပြီးတွဲသွားတွဲလာ လုပ်တဲ့မိန်းကလေးဆိုစီနီယာလီဂျီအွန်းတစ်ယောက်သာရှိသည်မို့ သို့လောသို့လောသတင်းတွေအများကြီးထွက်ခဲ့သည်။
စီနီယာလီဂျီအွန်းမှာလည်းဂျူံးဂုကိုသဘောကျနေသည်ဆိုမှာအတိအကျပင်။ ထိုအချိန်တွေက မျှော်လင့်ချက်တွေမဲ့ခဲ့ရသည့်အချိန်တွေပေါ့။အရဲစွန့်ပြီးစီနီယာဂျူံးဂုကို ချစ်ရေးသွားဆိုတော့ သူ့ကိုပြုံးပြကာ စဥ်းစားပေးမယ်ဆိုတဲ့ စကားတစ်ခွန်းကြောင့် ထယ်ယောင်းအပျော်ကြီးပျော်မိသည်။
စဥ်းစားပေးသည့်အချိန်ကတစ်နှစ်ကျော်နီးပါးလောက်ကြာသွားတော့ ထယ်ယောင်းမှာအပျော်ကြီးပျော်နေရာကမျှော်လင့်ချက်ကပိုမိုမှိန်းမှေးလာရသည်။ ထိုတစ်နှစ်အတွင်းမှာလည်း စီနီယာလီဂျီအွန်းနဲ့သတင်းတွေကထွက်မြဲထွက်ဆဲမို့ ထယ်ယောင်းလက်လျော့ဖို့ကြိုးစားတော့မည့်ဆဲဆဲမှာပင် ကိုယ်တို့တွဲကြရအောင်ဆိုတဲ့ စကားတစ်ခွန်းကြောင့်ထိုနေ့က ကမ္ဘာမှာအပျော်ဆုံးလူသားကထယ်ယောင်းဖြစ်ခဲ့ရသည်။
"ယောင်း.."
"ဝင်မယ်လေ..ဘာတွေအတွေးလွန်နေပြန်ပြီလဲ"
"မဟုတ်ပါဘူး..ဝင်မယ်လေ"
အခန်းထဲဝင်ပြီးဂျူံးဂုကိုပါဘေးနားဆွဲခေါ်ကာ ထုပ်ပိုးလာသည့်ထမင်းဘူးကိုဖွင့်လိုက်တော့
ပွနေပြီဖြစ်တဲ့ ခေါက်ဆွဲပြုတ်ရယ် နည်းနည်းအမဲရောင်ဘက်ကိုသန်းနေတဲ့ ကြက်ဥကြော်အချိူ့ရယ် အထူအပါးမညီတဲ့ သစ်သီးအချိူ့ရယ်ကြောဂ့်ဂျူံးဂုပြုံးလိုက်မိသည်။
"ဟင်..ခေါက်ဆွဲတွေကပွကုန်ပြီ..စားလို့မရတော့ဘူးထင်တယ်"
မျက်နှာလေးညိုးသွားကာ စိတ်မကောင်းဖြစ်နေတဲ့ပုံလေးကြောင့်ဂျူံးဂုအလျင်အမြန်ပင်တူကိုကိုင်ကာခေါက်ဆွဲကိုမွှေလိုက်တော့သည်။
"ရပါတယ်.. ကိုယ်ကခေါက်ဆွဲဆို ပွနေမှကြိုက်တာ"
ရွှေစိတ်တော်မညိုးအောင်ကြိုးစားပြီးထုပ်လာတဲ့ထို ခေါက်ဆွဲပြုတ်ကို စားပြလိုက်တော့မှအနည်းငယ်ပြုံးတော့သည်။
"ဒါနဲ့..ဒီနေ့ကျောင်းမတက်ဘူးလား..ကျောင်းခဏခဏပျက်တာကို ကိုယ်မကြိုက်ဘူးနော်.နောက်ဆုံးနှစ်မှာA+ တွေရမှလုပ်ငန်းဝင်ရင်အဆင်ပြေမှာလေ"
"ကေျာင်းကမပျက်ချင်ပါဘူး.ဒါပေမဲ့ နှစ်ရက်လောက်ထိ စီနီယာကမှကျွန်တော့်ကို အဆက်သွယ်မလုပ်တာ.အဲ့တာကြောင့်နေများမကောင်းလို့လားဆိုပြီးစိတ်ပူလို့"
နူတ်ခမ်းလေးစူကာလက်လေးနှသ်ဖက်ကိုပွတ်ပြီးခေါင်းငုံကာပြောနေသည့်ထိုကောင်လေးကြောင့်ဂျူံးဂုသက်ပြင်းချလိုက်သည်။
"A+မရတော့လည်းဘာအရေးလည်း..ဘယ်သူမှအလုပ်မခန့်ရင်တောင်စီနီယာကတော့ကျွန်တော့်ကိုဒီမှာ အလုပ်ပေးမယ်မဟုတ်လား"
"ကိုယ်တို့ကုမ္ပဏီကအရည်ချင်းပြည့်ဝတဲ့သူတွေမှခန့်တာ"
"ဟွန့်..ကြီးကျယ်လိုက်တာ..ဒါဆိုလည်းဘာအရေးလည်း အချိန်ပိုင်းအလုပ်တွေမှဒယ်ဟန်မင်ဂုမှာပေါလွန်းလို့..အချိန်ပိုင်းအလုပ်လုပ်မှာပေါ့"
"မိဘတွေငွေကုန်ခံပြီးထားပေးထားတဲ့ပညာအရည်ချင်းကိုမှမထောက် အချိန်ပိုင်းအလုပ်လုပ်မှာတဲ့လား..ယောင်းရဲ့ ရည်မှန်းချက်ကအဲ့လောက်ဘဲလား"
မျက်မှောင်ကြုံ့ကာ ဆူသလိုပြောလာတဲ့ဂျူံးဂုကြောင့်ခုနထဲက ဝင်နေတဲ့သိမ်ငယ်စိတ်တွေဝင်လာပြီး မျက်ရည်တွေဝဲလာသည်။
"ကိုယ့်ကိုကြည့်"
"ကြည့်ဘူး"
ခေါင်းကြီးငုံ့ကာအသံတိတ်ငိုနေသောထိုကောင်ငယ်လေးကိုပခုံးကနေညင်သာစွာဆုပ်ကိုင်ပြီးမျက်နှာချင်းဆိုင်ဖြစ်သည်အထိလှည့်လိုက်ပြီးနောက်
ငုံ့ကြည့်ကာပါးပြင်ပေါ်ကမျက်ရည်စတွေကိုလက်မလေးနဲ့ခပ်ဖွဖွသုတ်ပေးလိုက်သည်။
"မငိုရဘူး.."
"ခင်ဗျားက အင့်...ကျွန်တော့်ကိုအမြဲသိမ်ငယ်အောင်လုပ်တယ်"
ရိူက်ရိူက်ပြီးငိုနေတဲ့ထိုကလေးငယ်ကိုရင်ခွင်ထဲဆွဲသွင်းကာပွေ့ဖက်ထားလိုက်သည်။
"ကိုယ်မှားပါတယ်..ဟုတ်ပြီလား"
"......."
"A+မရလည်းကိစ္စမရှိဘူး..အလုပ်မရလည်းကိစ္စမရှိပါဘူး..ကိုယ်ရှာကျွေးမှာပေါ့."
"တကယ်လား.ကတိပေးလား."
ဆူပုတ်ပုတ်လေးနဲ့ပြန်မေးသည့်ထိုကလေးကိုဂျူံးဂုအသည်းယားလို့ဖျစ်ညှစ်ချင်လာသည်။
"အင်း..တကယ်ကတိပေးတယ်"
"အခုတော့ကိုယ်အလုပ်လုပ်လိုက်ဦးမယ်..ပြန်မလား..စောင့်နေမလား"
"စောင့်မယ်.စီနီယာအလုပ်လုပ်တာကိုထိုင်ကြည့်ချင်လို့"
"ဟုတ်ပါပြီဗျာ"
ပါးလေးကိုတစ်ချက်ဆွဲပြီးအလုပ်လုပ်နေသော ဂျူံးဂုကိုကြည့်ပြီးချစ်သူနှစ်ဦးကသာယာနေသလောက်တစ်ဖက်မှာတော့....
"ဒုံရှစ်..မင်းပုံစံကြီးကဘာဖြစ်နေတာလဲကွာ"
"ဒီနေ့ထယ်ယောင်းကျောင်းမတက်ဘူး.ချန်ယော့"
"ဘာများလဲလို့ကွာ..မင်းကိုသူအဖြေမပေးသေးဘူးလား"
ဒုံရှစ်သက်ပြင်းချလိုက်မိသည်။
"ငါ ထယ်ယောင်းကိုပိုင်ဆိုင်ချင်ပြီကွာ"
"အဲဲ့ဒါများကွာ ဘာတွေတွေးနေတာလဲ..အဖြေမပေးလည်းကားတင်ပြေးကွာ.."
"သူငါ့ကိုမုန်းသွားနိုင်လောက်လား??"
" သွေးပူပူချင်းတော့ဘာဘာညာညာဖြစ်နိုင်ပေမဲ့ မင်းကယုယပေးလိုက်ရင်အဆင်ပြေသွားမှာပေါ့"
".."
"အရင်ကဒုံရှစ်ပီသစမ်းပါကွာ..လိုချင်တာရှိရင်ဘာမှမတွေးဘဲရအောင်ယူတက်တဲ့ ဒံုရှစ်ဘယ်ရောက်သွားလို့အခုလိုတွေတွေဝေနေရတာလဲ"
"ငါ့ကို များအထင်သေးလို့မင်းတို့ကောင်တွေက..ရြည့်နေထယ်ယောင်းကမကြာခင်ငါ့သတို့သားလောင်းလေးဖြစ်ကိုဖြစ်လာရမယ်..စောင့်ကြည့်နေလိုက်"
အန္တရာယ်တွေကိုကြိုမမြင်နိုင်တဲ့ထယ်ယောင်းကတော့ချစ်ရသူကိုငေးကြည့်ပြီးပျော်လို့ရွှင်လို့
********
To be continue
Unicode
"ဟုတ်ကဲ့.."
သိပ်မကြာလိုက်ချစ်ရသူနဲ့အတူတူထွက်လာသည့်လုပ်ငန်းရှင်အမျိုးသမီးကတစ်ချိန်က စီနီယာနဲ့ ဘာလိုလိုနာမည်ထွက်ဖူးသည့်စီနီယာကိုကြိုက်ခဲ့ဖူးသည့် စီနီယာ လီဂျီအွန်း...
"ဟုတ်"
ကျော့ရှင်းပြီးလှပသည့်ထိုအမျိုးသမီးငယ်လေးကိုကြည့်ပြီး ထယ်ယောင်းသိမ်ငယ်စိတ်တွေအလုံးအရင်းဝင်လာသည်။
"ယောင်း.."
"မဟုတ်ပါဘူး..ဝင်မယ်လေ"
ပွနေပြီဖြစ်တဲ့ ခေါက်ဆွဲပြုတ်ရယ် နည်းနည်းအမဲရောင်ဘက်ကိုသန်းနေတဲ့ ကြက်ဥကြော်အချို့ရယ် အထူအပါးမညီတဲ့ သစ်သီးအချို့ရယ်ကြောဂ့်ဂျူံးဂုပြုံးလိုက်မိသည်။
"ကျောင်းကမပျက်ချင်ပါဘူး.ဒါပေမဲ့ နှစ်ရက်လောက်ထိ စီနီယာကမှကျွန်တော့်ကို အဆက်သွယ်မလုပ်တာ.အဲ့တာကြောင့်နေများမကောင်းလို့လားဆိုပြီးစိတ်ပူလို့"
"ကိုယ့်ကိုကြည့်"
"ကြည့်ဘူး"
"မငိုရဘူး.."
ရိုက်ရိုက်ပြီးငိုနေတဲ့ထိုကလေးငယ်ကိုရင်ခွင်ထဲဆွဲသွင်းကာပွေ့ဖက်ထားလိုက်သည်။
"......."
"တကယ်လား.ကတိပေးလား."
"အင်း..တကယ်ကတိပေးတယ်"
"ဟုတ်ပါပြီဗျာ"
"အဲ့ဒါများကွာ ဘာတွေတွေးနေတာလဲ..အဖြေမပေးလည်းကားတင်ပြေးကွာ.."
".."
"အရင်ကဒုံရှစ်ပီသစမ်းပါကွာ..လိုချင်တာရှိရင်ဘာမှမတွေးဘဲရအောင်ယူတက်တဲ့ ဒုံရှစ်ဘယ်ရောက်သွားလို့အခုလိုတွေတွေဝေနေရတာလဲ"
********
To be continue