MYSTERY [OT12]

By Helen_Fighter_Hnin

33.4K 4.2K 756

ကျောခိုင်းသွားတဲ့ ကံကြမ္မာတွေ ဆယ်နှစ်အကြာမှာ ပြန်လည်ဆုံစည်းကြတဲ့အခါ.... More

| 01 | Z | PRELUDE
| 01 | U | PRELUDE
| 02 | Z | SHÉN MÌ
| 02 | U | SHÉN MÌ
| 03 | Z | MÈN HÚ LU
| 04 | Z | XUÁN XŪ
| 04 | U | XUÁN XŪ
| 05 | Z | SHÉN ÀO
| 05 | U | SHÉN ÀO
| 06 | Z | MÍ DÈNG
| 06 | U | MÍ DÈNG
| 07 | Z | MÍ YŬ
| 07 | U | MÍ YŬ
| 08 | Z | CĀI MÍ ER
| 08 | U | CĀI MÍ ER
| 09 | Z | JIÉ MÍ
| 09 | U | JIÉ MÍ

| 03 | U | MÈN HÚ LU

33 8 0
By Helen_Fighter_Hnin

M È N H Ú L U

[闷葫芦]

E N I G M A

"ငါသိတယ်၊ ငါလာနေပြီ"

ဖုန်းထဲက သူငယ်ချင်းကို လှမ်းအော်ရင်း Yifan အဆောင်လှေကားထစ်တွေအတိုင်း ပြေးဆင်းလာခဲ့သည်။ အရေးထဲမှ တော်ရိလျော်ရိချည်

လာမိသည့် ရှူးဖိနပ်ကြိုးက သူ့ကို သစ္စာဖောက်ဖို့ ကြံရွယ်နေသည်မို့ ခြေလှမ်းကို ထင်သလောက်

မြန်မြန် မလှမ်းနိုင်။ လွယ်အိတ်လွယ်ထားသည့်အပြင် စာအုပ်တွေဖိုင်တွေက တစ်ဖက်၊ ဖုန်းကတစ်ဖက်မို့ ဖိနပ်ကြိုးပြန်ချည်ဖို့လဲ မဖြစ်နိုင်။ ကျွတ်... ရှိုးပဲ့ချက်ကွာ...

"အမြန်လာ။ Club president ဖြစ်ပြီး နောက်ကျနေရတယ်လို့.."

"လျှာရှည်မနေနဲ့ Zi Tao! ငါလာနေပြီလို့ ပြောနေတယ်။ Vice president ကိုသာ စီစဉ်ခိုင်းထား... ဪ... ဟုတ်သားပဲ... Vice president Huang Zi Tao က ငါမရှိရင် ဘာမှမှမပြောရဲပဲကိုး"

"တော်ပြီ။ ဒါပဲ"

ကလေးဆန်သည့် Zi Tao က တစ်ခေါက်က နှစ်ခေါက်မစရသေးခင် ဖုန်းချသွားသည်။ Kris ဖုန်းကို ဘောင်းဘီအိတ်ထဲ ထိုးထည့်ရင်း ခြေထောက်ကို ငုံ့ကြည့်လိုက်သည်။ ပြီးတော့ ညာဘက်ခြေထောက်ကို လှေကားလက်ရန်းအသာတင်ကာ ညာလက်တစ်ဖက်နှင့် ကြိုးချည်ဖို့ လုပ်တုန်းမှာပဲ ကိုယ့်ဟန်ချက်ကိုယ်မထိန်းနိုင်ဖြစ်ကာ ကြမ်းပြင်ပေါ် ဘေးစောင်းကြီး ပြုတ်ကျသွားသည်။ ဒီလိုပုံမျိုးနဲ့ ဒီနေ့အဖို့တော့ Drama club ကို ရောက်ဖို့် ဝေးပါသေးသည်။

ကိုယ်နှင့်ဖိမိသွားသည့်မို့ အောင့်နာသွားသည့် ဘယ်လက်မောင်းကို Yifan ပွတ်မိလိုက်သည်။ ကိုင်ထားတဲ့ ပစ္စည်းတွေအကုန်လုံးက ကြမ်းပြင်ပေါ်မှာ ဖရိုဖရဲ... ထဖို့လုပ်ပြီးမှ ကြမ်းပြင်ပေါ် ဆက်လှဲရင်း သက်ပြင်းချမိလိုက်သည်။ ဒီနေ့အဖို့ တွတ်ပီ ကံမကောင်းပါ။

သူ့အနားသို့် ရုတ်တရတ် ရောက်လာသူက စာအုပ်တွေကို ကြမ်းပြင်ပေါ်မှ ကောက်ယူပေးနေသည်မို့ Yifan ထထိုင်လိုက်မိသည်။ သူ့ပစ္စည်းတွေကို သေချာကောက်ပေးနေသူက ဒီနေ့ရောက်သည့် ကျောင်းသားသစ်တွေထဲက တစ်ယောက်ပဲ။

"ကျေးဇူးပါပဲ"

မြေပေါ်က ဖုတ်ဖက်ခါထပြီး သူ့လက်ထဲက စာအုပ်ကို ဆွဲယူမည့် ဟန်ပြင်လိုက်ပေမဲ့ ကောင်လေးက သူ့လက်ထဲကို စာအုပ်တွေ ထည့်မပေးပဲ စိုက်ကြည့်နေသည်။ မျက်လုံးချင်းဆုံမိတော့ လက်ဖျားတွေ အေးလာသလိုလိုနဲ့ ရင်ထဲတုန်သွားတာမို့ ခေါင်းငုံ့ကာ ချောင်းဟန့်လိုက်ရ၏။ သူတို့အုပ်စုရဲ့ အကြည့်တွေက အေးစက်စက်နဲ့ ကြောက်စရာ...

"ဟို.. စာအုပ်တွေ"

"ဖိနပ်ကြိုး အရင်ချည်လိုက်ပါလား"

စကားဖြတ်ပြောသူတွေကို Yifan တစ်စက်မှ သဘောမကျတတ်ပေမဲ့ ဒီတစ်ခေါက်တော့ မနှစ်မြို့ဖို့ အချိန်မရလိုက်ခင် မျက်ခုံးပင့်အံ့ဩသွားမိသည်။ သူဖိနပ်ကြိုးချည်ဖို့လုပ်နေတာ ဘယ်လိုသိပါလိမ့်။ ဒါမှမဟုတ် ခုနကတည်းက မြင်လိုက်လို့များလား။

"ချည်လေ"

ရေခဲရိုက်ထားသလို ခပ်တိုးတိုးစကားသံကြားတော့ Yifan ဘာမှပြောဆိုမနေတော့ပဲ အသာ ဒူးတစ်ဖက်ထောက်ထိုင်ချကာ ဖိနပ်ကြိုးကို အမြန်ပြင်စည်းလိုက်သည်။ ကြိုးသေချာချည်ပြီးတော့မှ မတ်တပ်ထရပ်လိုက်တော့ သူက စာအုပ်တွေကိုရော ဖိုင်တွေကိုရော လက်ထဲ ပြန်ထည့်ပေးသည်။ ပြီးတော့ သူ့ဘေးက ဖြတ်ကာ အပေါ်တက်သည့် လှေကားထစ်တွေကို နင်းလျှောက်သွား၏။

"လူထူးဆန်းပဲ"

Yifan ခပ်တိုးတိုးရေရွတ်ရင်း ဘာရယ်မဟုတ် အဲ့ဒီ့ကောင်လေးရဲ့ကျောပြင်ကို လှမ်းကြည့်နေမိသည်။ သူ့ကျောပြင်ထက်တောင် ကြီးနိုင်သည့် လွယ်အိတ်ကြီးတစ်လုံးကို လွယ်ထားပေမဲ့ ကောင်လေးရဲ့ ခြေလှမ်းတွေက သွက်သည်ဆိုတာထက်တောင် မြန်နေသေးသည်။ ပြီးတော့ နောက်ကကြည့်ရတာတောင် ကျောထဲက စိမ့်လာသလိုလို ဘာလိုလို...

ဖျတ်ခနဲပဲ Drama club ကိုသွားဖို့ အရေးရှိသေးတာကို သတိရသွားမှ Yifan လှည့်ကာ ထွက်ခဲ့ရတော့သည်။

Wu Yifan အပြင်ထွက်ဖို့ တံခါးကို တွန်းဖွင့်လိုက်သည့်အခါမှ Yixing ခြေလှမ်းတွေကို ရပ်ရင်း လည်ပြန်ကြည့်မိသည်။

*Wu Yifan နဲ့ Huang Zi Tao တို့ပါတဲ့ Drama club? စိတ်ဝင်စားစရာပဲ*

ကျောပြင်တစ်ပိုင်းတစ် စ ပျောက်ကွယ်သွားကာ တံခါးမကြီးပြန်ပိတ်သွားတော့မှ Yixing လှေကားအတိုင်း ဆက်တက်လာခဲ့တော့သည်။ ညာဘက်ကို ချိုးကွေ့လိုက်တော့ အဆောင်ထဲမဝင်ခင်ကတည်းက ရနေသည့် အနံ့က လေထုထဲ ပိုနေရာယူလာတာကို သတိထားမိသည်။ သူ့အခန်းဖော်က Jin မျိုးနွယ်တွေထဲကပဲ ဖြစ်နေမလား မသိ။

"အခန်း ၂၀၁"

နံပါတ်ကတ်ပြားအောက်က ကျောင်းသားနှစ်ယောက်နာမည်ကို မြင်လိုက်ရသည့် အခါမှာတော့ Yixing မျက်လုံးတွေ တစ်ချက်လက်သွားသလို နှုတ်ခမ်းတွေကလည်း အလိုမကျစွာ ကွေးတွန့်သွားသည်။

"Kim Jongdae"

Yixing အသံထွက်ရုံ ရေရွတ်ရင်း သူ့လက်ဖျားတွေလိုပင် အေးစက်နေသော တံခါးလက်ကိုင်ဘုကို အသာလှည့်ဖွင့်လိုက်ပါသည်။

"ပျော်စရာကောင်းမှာပါ"

ခပ်တိုးတိုးရေရွတ်ရင်း အခန်းထဲကို ဝေ့ဝဲကြည့်နေသည့် Yixing ရဲ့မျက်လုံးတွေက နီတစ်လှည့်ညိုတစ်လှည့် တောက်ပနေကြ၏။

~=•=•=•=•=~

"Yixing တစ်ယောက်တည်း အပေါ်ထပ် ရောက်သွားတာနော်။ ငါတို့အကုန် အောက်ထပ်မှာ ရတဲ့ဟာကို"

ကုတင်ပေါ်မှာ ပက်လက်လှန်ပြီး ဂိမ်းကစားနေသည့် Minseok ကို Junmyeon လှမ်းပြောတော့ ကိုယ်တော်က ဂိမ်းအဆော့မပျက် မျက်လုံးလှန်ကြည့်သည်။

"Bai Xian လည်း အပေါ်ထပ်မှာပဲလေ... သူက ဟို Kim Jong In ဆိုတဲ့ တစ်ယောက်နဲ့"

"အင်း... ပြီးတော့ ငါတို့နှစ်ယောက်ပဲ အခန်းတူတာနော်။ အရေးထဲ သူတို့အခန်းတွေကလည်း Jin မျိုးနွယ်တွေရဲ့ အခန်းတွေချည်းပဲ... ဖြစ်ပါ့မလား"

"စကားပုံရှိတယ်လေ သခင်လေးသုံးရဲ့... အန္တရာယ်အရှိဆုံးနေရာက အလုံခြုံဆုံးနေရာပဲဆိုတာ။ သူတို့ အဆင်ပြေမှာပါ။ Jing Xiu ကိုတော့ နည်းနည်းဂရုစိုက်ရမယ်"

"အင်း... မင်းပြောတာဟုတ်တယ်"

Junmyeon နားကြပ်ပြန်တပ်ထားလိုက်ရင်း မျက်လုံးမှိတ်ထားမိလိုက်၏။ ဒီတစ်နှစ်ပြီးရင် သူတို့ တက္ကသိုလ်ရောက်ပါပြီ။ အဲ့ဒီ့အခါကျရင် ဘာကိစ္စမှ ရှိမှာ မဟုတ်တော့။

"ကြိုတင်ကာကွယ်တဲ့ အနေနဲ့ နောက်သုံးလလောက်နေရင် ကျောင်းပြောင်းရအောင်"

"အင်း... သဘောတူတယ်"

Minseok မဆိုင်းမတွ သဘောတူလိုက်သည်။

အန္တရာယ်အရှိဆုံးနေရာက အလုံခြုံဆုံးနေရာဆိုပေမဲ့ တစ်ခါတစ်လေ အခြေအနေအလိုက်လည်း ပြောင်းလဲတတ်သေးတယ်မလား။ Jin မိသားစုတွေနဲ့ ဝေးလေကောင်းလေ။ ဒါမှ သူတို့စိတ်ချရမှာပါ။

~=•=•=•=•=~

"Omma!"

Jong In အခန်းတံခါးဖွင့်ဖွင့်ချင်း တခြားကုတင်မှာ ထိုင်နေသူကို မြင်လိုက်ရတော့ ထခုန်မိမတတ်ဖြစ်ရင်း ဘုရားတမိသွားသည်။ မနက်တုန်းက Yifan ဘေးမှာ ထိုင်နေခဲ့တာ သေချာသည့် ကျောင်းသားသစ်က အခုသူ့ကုတင်ဘေးက ကုတင်ပေါ်မှာတဲ့လား... လွန်ခဲ့တဲ့တစ်ပတ်က သူ့အခန်းဖော် ကျောင်းပြောင်းသွားကတည်းက ကုတင်အလွတ်ကြီးကြည့်ပြီး မျက်ခုံးလှုပ်နေတာ အခုတော့ မျက်ခုံးတင်မက မျက်နှာကြီးပါ ငလျင်လှုပ်ချင်လာသလိုလို... မနက်ရောက်မှ သူ့ကို ကြိုတင်အသိမပေးပဲ အခန်းဖော်သစ်ထည့်လိုက်သည့် ကျောင်းသားရေးရာက အဒေါ်ကြီးကို သွားရစ်ပစ်ရမည်။

"အဟဲ... Annyeong."

နှုတ်ဆက်တုံ့ပြန်လာခြင် းမရှိ၊ မျက်နှာသေနှင့် သူ့ကိုကြည့်နေသော မျက်လုံးတွေနဲ့ ဆုံမိတော့ Jong In ကျောရိုးထဲ ရေခဲရေလောင်းထည့်လိုက်သလို စိမ့်အေးသွားသည်။

"Annyeong."

တော်သေးတယ်ဟ။ နှုတ်ဆက်တတ်သေးလို့။ သူ့ကို မျက်တောင်မခတ် စိုက်ကြည့်နေရုံကလွဲပြီး ဘာမှမပြောလာလို့ကတော့ Jong In တစ်ယောက် ညဘက်ကြီး အိပ်မက်ဆိုးမက်တော့မှာ သေချာသည်။

"ကျွန်တော့်နာမည် Kim Jong In ပါ"

ဘာမှပြန်မပြော။

"အခန်းအတူတူပဲလေ"

ပြတင်းပေါက်ကို ပိတ်ထားသည်မို့ လေတိုးသံပင် မကြားရ။ Aircon စက်လည်သံသဲ့သဲ့သာ ကြားနေရသည်။ နံရံကပ်နာရီမှ တချောက်ချောက်မြည်သံကတောင် ဟိုတစ်ယောက်ရဲ့ အသက်ရှူသံထက် ကျယ်နေဦးမည်။

"ကျွန်တော် ရေချိုးလိုက်ဦးမယ်နော်"

အသိအမှတ်ပြုသလို ခေါင်းညိတ်တာလေးတောင် မလုပ်။ Jong In ရွံ့တွန့်တွန့် အောင့်သက်သက်နဲ့ပင် မျက်စိဒေါက်ထောက်လိုက်ကြည့်နေသည့် သူ့မျက်လုံးအောက်က လွတ်အောင် ရေချိုးခန်းထဲ ခပ်သုတ်သုတ်ပြေးဝင်၊ ခပ်သုတ်သုတ်ပြန်ထွက်၊ ခပ်သုတ်သုတ် အဝတ်လဲကာ လွယ်အိတ်ထဲ အိမ်စာစာအုပ်တွေ အကုန်သိမ်းကျုံးထည့်ပြီး အောက်ထပ်က Chanyeol အခန်းကို ဦးတည်ပြေးဆင်းလာမိသည်။ ရေကအေးလို့ပဲလားတော့မသိ၊ ခြေတွေတုန်နေတာမှ လှေကားပေါ်က ချော်မကျအောင် သတိထား လျှောက်နေလိုက်ရ၏။

~=•=•=•=•=~

"CHAN... yeol..."

စူပါမန် းလိုလိုဘာလိုလို တံခါးမခေါက် အသံပင်မပေးပဲ အခန်းထဲ ဝုန်းခနဲဝင်လာသည့် Jong In ကို Chanyeol မျက်လုံးပြူးပြလိုက်သည်။ Chanyeol ခုနကတည်းက မသိမသာ အကဲခတ်နေသည့် Luhan ဆိုသည့် တစ်ယောက်ကိုမြင်တော့ Jong in လန့်သွားပုံပင်။ Luhan ကတော့ သူတို့ကို ဖုတ်လေတဲ့ငါးပိရှိတယ်လို့ပင် သဘောထားပုံမရ၊ လက်ထဲက Rubix cube ကို တချပ်ချပ်လှည့်ကာ အရောင်ညီစေလိုက်၊ အရောင်တွေ ရောပွပြန့်ကြဲသွားအောက် သူ့ဘာသာသူ ပြန်မွှေလိုက်၊ ပြန်ဆက်လိုက်၊ ပြန်ရောလိုက်နှင့် အလုပ်ရှုပ်နေသည်။

"အိမ်စာလုပ်မလို့မလား"

"ဟုတ်... ဟုတ်တယ်"

"ငါတို့ Kris နဲ့ Zitao တို့အခန်းကို သွားကြမယ်လေ။ Jongdae နဲ့ Sehun လည်း...."

"ဘာလို့ငါတို့ကို ကြောက်နေကြတာလဲ"

ရုတ်တရတ် စကားဖြတ်ပြောသည့် Luhan ကို နှစ်ယောက်လုံးပြိုင်တူ လှည့်ကြည့်မိလိုက်ကြသည်။

"မကြောက်ပါဘူး"

"မကြောက်ပါဘူး"

နှစ်ယောက်သား ပါးစပ်ထဲက ဖျတ်ခနဲ ထွက်သွားသည့် စကားနှစ်ခွန်းက ဇာတ်တိုက်ထားသည့်အလား တစ်ပုံစံတည်း။

"မကြောက်နဲ့... ငါတို့က ကိုက်မစားပါဘူး..."

ပြောလည်းပြော ပြုံးလည်းပြုံးလိုက်သည့်အခါမှပဲ အခန်းထဲက အမြန်ထွက်သွားဖို့ အကြံကို နှစ်ယောက်စလုံး ပြိုင်တူရလိုက်တော့သည်။ ဝတ်ကျေတန်းကျေ မပြုံးချင်ပြုံးချင်ပြုံးကာ လွယ်အိတ်ကိုယ်စီနှင့် အခန်းထဲက လစ်လာခဲ့ရ၏။ အပြင်ရောက်တော့မှ သက်ပြင်းချနိုင်တော့၏။

အခန်းထဲမှာ ကျန်ခဲ့သည့် Luhan ရဲ့ အပြုံးက တဖြည်းဖြည်း မှိန်ဖျော့အေးစက်သွားသည်။ ဘယ်နေရာကလာမှန်းမသိသော လေအချို့၏ ပယောဂကြောင့် Aircon အိပ်ခန်းက ခုနကထက် နှစ်ဆပိုမိုအေးစက်လို့.....

Luhan လက်ထဲက rubix cube လေးကတော့ မျက်နှာပြင်တွေ အရောင်တူသွားလိုက်... ကွဲသွားလိုက်နှင့် မဆုံးနိုင်သော သံသရာထဲ တစ်ဦးတည်း လုံးလည်ချာလည်လိုက်လို့...

~=•=•= TO BE CONTINUED =•=•=~

Continue Reading

You'll Also Like

151K 27.4K 102
English Name After the little crybaby enters the nightmare cycle Author(s) 菊长大人 Status in COO 127 chapters Associated Names Sau Khi Túi Khóc Nhỏ Tiế...
11.4K 2K 58
☠️ කොහොමද මිස්ටර් හන්..? මාව මතක ඇති කියලා හිතෙනවා. මොකද මගෙ මූන ඔයාට අමතක වෙන්න විදියක් නෑ. එහෙම නේද ? 🧔 ආ... ජො..ජෝකර්. මම උබව මැර...
277K 43.6K 122
Our S.C.I leader Mouse Xiao Bai and Cute Psychologist Cat Zhan Zhao's love story
567K 90.8K 186
Title : Modu/Slient Reading Author: Priest MC: Luo Wenzhou × Feidu myanmar translation Chapters 180+5 extras