မိုးကောင်းကင်နှင့်ကမ္ဘာမြေ...

Par SpringGenAerri

784K 71.8K 3.3K

မိုးကုပ်စက်ဝိုင်းနဲ့ ကမ္ဘာမြေကြီး ထိစပ်သွားသလိုထင်ခဲ့မိတဲ့ အချိန် ကလေးတိုင်းမှာရှိခဲ့ဖူးပါတယ်။ ဘယ်တော့မှ မထိစ... Plus

part(1)
part(2)
part(3)
part(4)
part(5)
part(6)
part(7)
part(8)
part(9)
part(10)
part(11)
part(12)
part(13)
part(14)
part(15)
part(16)
part(17)
part(18)
part(19)
part(20)
part(21)
part(22)
part(23)
part(24)
part(25)
part(26)
part(27)
part(28)
part(29)
part(30)
part(31)
part(32)
part(33)
part(34)
part(35)
part(36)
part(37)
part(38)
part(39)
part(40)
part(41)
part(42)
part(43)
part(44)
part(45)
part(46)
part(47)
part(48)
part(49)
part(50)
part(51)
part(52)
part(53)
part(54)
part(55)
part(56)
part(57)
part(58)
part(59)
part(60)
part(61)
part(62)
part(63)
part(64)
part (65)
part(66)
part(67)
part(68)
part(69)🍧🍧🍧
part(70)
part(71)ဇာတ်သိမ်းပိုင်း
မောင့်အကြောင်းလေးတွေ
ကြင်နာသူနဲ့ နေ့ရက်ပေါင်းများစွာ♥
အကြင်နာနှင့် နွေးထွေးသော အရိပ်
ယနေ့မှစ နှစ်တစ်ရာတိုင်
နွေးထွေးစွာအေးမြလေသော အကြင်နာ♥

အကြင်နာ ဝေမျှခြင်း♥

9.7K 706 60
Par SpringGenAerri

Unicode

ဘဂျမ်း ကိတ်မုန့်ဖုတ်နေတယ်။
မီးဖိုခန်းထဲမှာ တစ်နေကုန် ကြိုးစားပြီးကလိနေတာ... အဆင်တော့ မချောသေးဘူး။

ဒီနေ့.... ငယ်ထွေးမွေးနေ့...
ဂျူတီရှိနေတဲ့ ငယ်ထွေးက မနက်စောစော ဘုရားရှိခိုး အမေတွေကိုလဲကန်တော့ ပြီးတာနဲ့ ဆေးရုံကိုသွားပြီ။

သူ့သားနှစ်ကောင် နိုးလာတော့ ဘဂျမ်းပဲရှိတယ်။
ငယ်ထွေးက မူကြိုတက်ပြီဆို အကျင့်ဖြစ်ဖို့အတွက် အိမ်သာဝင်တာတွေ သွားတိုက်တာတွေကို သူ့သားတွေကို training ပေးပြီးသားပဲ။

နေ့ထူးနဲ့ နေ့မြတ် မူကြိုတက်နေကြပြီ။
တစ်ယောက်က kindergarten....
တစ်ယောက်က pre...

မိုးလင်းရင် သူတို့ကိုယ်တိုင် ကိုယ်လက်သန့်စင်တယ်။
ဘေးက လူကြီးကစောင့်ကြည့်နေပေးရုံပဲ။
သူတို့အားလုံး လုပ်တတ်ကြပြီ။
သူ့ပါပါးက မရဘူးဆိုတာမရှိရဘူး.... သင်တယ်။

တစ်အိမ်လုံး နေ့ထူးနဲ့နေ့မြတ်အတွက်ဆို လုပ်ပေးချင်သူတွေချည်းပဲ။
ဒီလိုသာဖြင့် ဒီကလေးတွေ အပါးခိုတတ်ကုန်လိမ့်မယ်။
ဒါကြောင့် လုပ်တတ်အောင် လုပ်ရမယ်။
နိုင်ရာအလုပ်ကို တစ်နိုင်လေးလုပ်ခိုင်းတယ် သင်တယ်။
မောင့်ငယ်ထွေးရဲ့ စနစ်ကျမှုမှာ ကလေးတွေ အသားကျနေပြီ။
ဖြူမဲညီနောင် အပိုးကိုကျိုးလို့ပါပဲ။
သူဌေးသားတွေက ပျက်စီးတတ်တယ်ဆိုတာ ငယ်ထွေးလက်သုံးစကား.... ဒါကြောင့် သူ့သားတွေကို လိုတာထက်ပိုပြီး အလိုလိုက်သူ ရန်သူပဲ။

ဘဂျမ်းက ကိုယ်ငယ်ငယ်က မနေခဲ့ မစားခဲ့ရတဲ့ အနေအစား ကိုယ့်သားတွေကို ပုံပြီးပေးချင်တယ်။
လက်ညှိုးညွှန်ရာ ရွှေဖြစ်စေချင်တယ်။
လိုတိုင်းတ ရ စေချင်တယ်။
ဒါပေမဲ့ အလိုမလိုက်ရဲဘူး.... ငယ်ထွေးရန်သူအဖြစ်ခံပြီးတော့ ဒီကောင်တွေကို ဖေဖေဘဂျမ်းက အလိုလိုက်ပါ့မလားလို့.... နော်။
အလကား နောက်တာပါ။
ငယ်ထွေးပြောတာ မှန်တယ်လေ.... ဒါကြောင့် သိပ်ပြီးအလိုမလိုက်ပါဘူး။
အသုံးအဆောင်ကအစ သူမတူအောင်ထားပေးပေမဲ့ စည်းကမ်းရှိဖို့တော့သင်ရတယ်။
အိမ်မှာ သူတို့အတွက်အလုပ်သမားတွေ အများကြီးရှိပေမဲ့ ဆိုးတာ အနိုင်ကျင့်တာတွေ လုံးဝလုပ်လို့မရအောင် တားမြစ်ထားတယ်။
ဒါကြောင့် နေ့ထူးနဲ့နေ့မြတ်က သူဌေးသားဆိုပေမဲ့ ခစျ်စရာကောင်းတယ်။ လူကို လူလို့ပဲ မြင်ပြီး ကြီးသူကိုရိုသေရမယ်ဆိုတာ ဒီကလေးတွေသိတယ်။

အစားအသောက်ဆိုလဲ ငယ်ထွေးစိတ်ကြိုက် ဒီနေ့ ဘာနဲ့ဘာနဲ့တွဲ စားရမယ်။
ဘယ်ချိန် ဘာလုပ်ရမယ်.... အချိန်ဇယားနဲ့ပဲ။
ငယ်ထွေး ဆရာမကြီးတစ်ယောက်က ကလေးအဟာရအထူးကုတစ်ယောက်ဆိုတော့ အမြဲဖုန်းဆက်ပြီး အကြံပေးတတ်တယ်။

ငယ်ထွေးစည်းကမ်းတွေကို တစ်အိမ်သားလုံးလိုက်နာရတယ်။
ငယ်ထွေးမရှိတုန်းဆိုပြီး အပါးခိုဖို့မတွေးနဲ့ နေ့ထူး နေ့မြတ်တို့ အပါးခိုလို့မရဘူး။
တစ်အိမ်လုံးမှာ CCTVရှိတယ်။
စက်မဟုတ်ဘူး.... လူ လူ...ငယ်ထွေးမှာ လူ CCTVရှိတယ်။
နေ့ထူးအကြောင်းသိချင်ရင် နေ့မြတ်ကို ညာပြီးမေးတယ်။
နေ့မြတ်အကြောင်းသိချင်ရင် နေ့ထူးကိုမြှောက်ပြီးမေးတယ်။
သူ့သားနှစ်ကောင်ရော ဘဂျမ်းပါ ငယ်ထွေးကွယ်ရာမှ ယနေ့ထိ မဟုတ်တာ လုပ်လို့မရဘူး။
မိတာပဲ....ကွိကနဲ...
ဒါကြောင့် နေ့ထူးနဲ့နေ့မြတ်က သူ့ပါပါးနဲ့ ပြသနာအဖြစ်မခံဘူး။

.
.

ကလေးတွေ မူကြိုသွားပြီလားဆိုတာနဲ့ ငယ်ထွေးကို surprise ချင်လို့ onlineကနေကြိတ်သင်ထားတဲ့ ကိတ်မုန့်ဖုတ်နည်းလေ.... ဘဂျမ်း စမ်းနေတာ။

မီးဖိုခန်းလဲ ပွ ထ လို့...
ဘေးနားက အကူကလေးတွေလဲ ငိုချင်သလို ရယ်ချင်သလိုဖြစ်လို့ပဲပေါ့။

အခုက သုံးခုမြောက်ကိတ်ဖြစ်နေပြီ။
အရသာမှန်ပေမဲ့ ဒီဇိုင်းက ကြည့်ရဆိုးနေလို့ စိတ်ကြိုက်မဖြစ်သေးဘူး။

ပထမတစ်ခုက မုန့်စိမ်းပေါင်းနဲ့တူသွားလို့ ပစ်လိုက်ရတယ်။
ကိတ်မုန့်လှလှလေးလိုချင်တာလေ....
ဘယ်လို မုန့်စိမ်းပေါင်းပုံစံတဲ့လဲ။

ဒုတိယတစ်ခုက အကုန်ကောင်းနေတယ်။
ဒါပေမဲ့ ကိတ်က အဝိုင်းမမယ် လေးထောင့်မမယ်နဲ့မို့ စိတ်ကြိုက်မဖြစ်ပြန်ဘူး။
အလှအပဆင်လိုက်ရင် ပိုဆိုးသွားမဲ့ ပုံစံမို့ ပယ်လိုက်ရတယ်။

တတိယတစ်ခုတော့ လုပ်နေပြီ။
အချိန်လဲ မနည်းတော့ဘူး။
ထွက်လာတော့ အ​​ပြင်ပန်းကနဲနဲတော့အဆင်ပြေတယ်။
ဒါပေမဲ့ ကိတ်ကပျော့တော့တော့နဲ့ ဘာများမှားထည့်လိုက်မိတယ်မသိဘူး။
Ovan ထဲကထုတ်လာလာချင်းပဲ ကျွန်မကိုမထိပါနဲ့ရှင် ဖြစ်နေတယ်။
ပြုတ်ကျတော့မတတ်... ပျော့တွဲတွဲလိုပဲ။

ခါးထောက်ပြီး ကိတ်မုန့်ကိုကြည့်နေတဲ့ ဘဂျမ်း...
ကိတ်မုန့်က ဘဂျမ်းကို ပြောင်ပြနေတယ်။
ဘယ်နေရာမှာ ဘာလွဲနေလဲ မစဥ်းစားတတ်ဘူး။

ဒီနေ့ လုပ်ရမဲ့အလုပ်တွေ ရှိပေမဲ့ လှည့်ကိုမကြည့်ဘူး။
ဖြစ်ချင်ရာဖြစ် ပစ်ထားတယ်။
ကိတ်မုန့် လုပ်နည်း video ကို ထပ်ကြည့်တယ်။
ဒီတစ်ခါတော့ ဘေးကလက်ထောက်တွေကိုပါ ကြည့်ခိုင်းလိုက်တယ်။
ဒါမှ အဆင်ပြေလိမ့်မယ်ထင်တယ်။
တစ်ယောက်ထဲ ဘာမှ အဆင်မပြေဘူး။

မကြာခင်ပဲ နေ့ထူးနဲ့နေ့မြတ်ကျောင်းကပြန်လာတော့မယ်။
အခုထိ ကိတ်က မရသေးဘူး။
ငယ်ထွေး ပြန်လာရင် အခန်းထဲမှာ အလှဆင်ထားပြီး သားအဖသုံးယောက်စောင့်မလို့လေ။

ကိတ်မုန့်ကို အစကနေပြန်လုပ်ရတယ်။
ဒီတစ်ခါတော့ သေချာလေး ဖြေးဖြေးချင်းလုပ်တယ်။
အရမ်းကြီးမဟုတ်တောင် မောင်ကိုယ်တိုင်လုပ်​ပေးတဲ့ မွေးနေ့ကိတ်ဆိုပြီး ငယ်ထွေးအရမ်းသဘောကျရင်ပြီးရော။

ကြာပြီပေါ့.... ငယ်ထွေးနားမကပ်ရတာ။
သူ့သားတွေကို အခန်းခွဲသိပ်ပါမယ်ဆိုတာကို လက်မခံဘူး။
ဘဂျမ်းတို့အိပ်တဲ့အခန်းမှာပဲ ကုတင်လေးတွေထပ်ထည့်ပြီး သိပ်တယ်။
ည ည ဆို ငယ်ထွေးက ထကြည့်သေးတာလေ... သူ့သားတွေကို။

အရင်လို ငယ်ထွေးလေးရယ်ဆိုပြီး တောင်းဆိုတိုင်းရတာ မဟုတ်ဘူး။
ငယ်ထွေးစိတ်က သူ့သားတွေဆီကို အာရုံများနေတတ်တယ်။

ကလေးတွေကြားမယ်....ကလေးတွေရှိတယ်နဲ့ ငယ်ထွေးက အလိုမလိုက်တော့ဘူး။
ဒီညတော့ သေချာပြင်ဆင်ထားတယ်လေ။
ငယ်ထွေး ငြင်းမရအောင် ပင်ပန်းခံ ပြင်ဆင်ထားတာ။
လိုချင်တာရှိလို့လေ။

.
.
.
.

နေ့ထူးနဲ့နေ့မြတ် သူတို့အဖွားတွေအခန်းကိုရောက်နေတုန်းမှာပဲ အခန်းထဲမှာ ပြင်ဆင်ထားရသေးတယ်။ ဝင်လာတာနဲ့ ရင်ခုန်သွားအောင်ပေါ့။
ကိုယ်ကလဲ တစ်သက်လုံး ဒါမျိုးတွေမလုပ်ခဲ့ရတော့ မလုပ်တတ်ဘူး။ အနုအယွဆိုတာ ဘဂျမ်းနဲ့အဝေးကြီးလေ။
ဒါပေမဲ့.... ငယ်ထွေးအတွက် အရိုးရှင်းဆုံးကိုပဲအလှဆုံးဖြစ်အောင် ပုံဖော်ထားတယ်။

ဟော.... ငယ်ထွေး ပြန်လာပြီ။
အသံကြားတယ်။

လှေကားကနေ အောက်ကိုပြေးဆင်းတယ်။
ထုံးစံအတိုင်းပေါ့.... အရင်လို အိမ်ပြန်ရောက်တာနဲ့ ယောကျားကိုရှာတာမဟုတ်ဘူး။
သူ့သားနှစ်ကောင်ကို အရင်ရှာတယ်။
တစ်နေ့တာ သင်ခဲ့သမျှ.... စားခဲ့သမျှ.... လုပ်ခဲ့သမျှကိုတဆွေးတနွေး ပြော​နေကြပြန်တယ်။
ပြီးမှ.... အပေါ်ကိုတက်လာတယ်။

ဒုတိယထပ်ရဲ့ လှေကားထိပ်မှာ ဘဂျမ်းရယ်.....

"မောင်..... ဘာလုပ်နေတာလဲ.... အောက်လဲမဆင်း အပေါ်လဲမတက်.."

"ငယ်ထွေးကို စောင့်နေတာလေ..."

"ဟုတ်လား.... မောင်ကလဲ ငယ်လာမှာပေါ့"

ပြောရင်းအနားရောက်လာတဲ့ ငယ်ထွေးခါးကို ဖက်တယ်။

"နေအုံး.... ရေချိုးရမယ်... ဒီနေ့ ခွဲခန်းဝင်ရတယ်"

"ဟုတ်လား.... ပင်ပန်းလာပြီလား.... ငယ်ထွေးလေး"

"ပင်ပန်းတယ်..... ကလေးက အမွှာပူးလေ... ရိုးရိုးမွေးမယ်ဆိုပြီး မမွေးနိုင်တော့ဘဲ....ခွဲရတယ်.... အမေလဲနှစ်ခါပင်ပန်းတာပေါ့"

"အော်.... ကလေးမွေး​ပေးလာတာလား.... ဒါဆို ကလေးလေးတွေက ငယ်ထွေးနဲ့မွေးနေ့တူတာပေါ့..."

"အင်း... ဟုတ်တာပေါ့... အလုပ်တွေများနေတာ မောင်ရယ်.... မွေးနေ့တောင် မေ့ပါတယ်... မနက်က ဝတ်ရည်ကတော့ လှမ်းပြောနေသား.... မွေးနေ့မေ့မယ်နော်ဆိုပြီး.... ဒါပေမဲ့လဲ မေ့တာပါပဲ"

အခန်းတံခါး ဖွင့်လိုက်တာနဲ့.... ပြင်ဆင်ထားတာတွေ မြင်သွားရော... စားပွဲပေါ်မှာ မွေးနေ့ကိတ်နဲ့...  ပန်းစည်းနဲ့(ပန်းစည်းကမှာတာပါ😁) အကျအနပေါ့။

"ဟာ.... မောင် လုပ်ပေးထားတာလား..."

"အင်းပေါ့.... ကိတ်မုန့်လဲ မောင်ကိုယ်တိုင်လုပ်ထားတာ"

"အို.... တော်လိုက်တာ.... မောင်ကအရမ်းချစ်ဖို့ကောင်းနေတာ"

"အဲ့တော့.... မောင့်ကို မွေးနေ့အမှတ်တရပေး...နော်"

"ဟမ်.... ဘယ်လိုလဲ မကြားဖူးပါဘူး"

"မကြားဖူးလဲ ရတယ်.... မောင် သင်ပေးမယ် "

ပြောရင်း ဆွဲဖက်တယ်။

"မောင်ရေ.... ရေချိုးမယ်.... ရေချိုးရမယ်...မဖြစ်ဘူး... ရေချိုးလိုက်အုံးမယ်"

အဝတ်တွေဆွဲချွတ်ပြီး ရေချိုးခန်းထဲထိ ပွေ့ချီပြီးခေါ်သွားတယ်။

ရေချိုးခန်းထဲမှာတော့.... အသံတွေ မျိုးစုံထွက်ရပြီ။
အခန်းတွေက ကျယ်ပြီး အားလုံးကိုယ်တွေအခန်းဘက်ဆိုရင် သိပ်မလာကြလို့ပဲ တော်သေးတာ။
ကလေးတွေလဲ အောက်ထပ်မှာပဲ ရှိသေးလို့ပေါ့။
မဟုတ်ရင် စပ်စုစိန်တွေက အပ်ကျတာကအစ သိချင်နေကြတာ။

ကိုယ်ကမေ့နေပေမဲ့ မောင်ကမမေ့တာမို့ မွေးနေ့ကတော့ ပျော်စရာလေးဖြစ်ခဲ့ပါတယ်။
မောင်ကိုယ်တိုင် လက်ဆောင်ပေးထားတဲ့ကိတ်မုန့်လေး...
သူ့သားတွေကတော့ ဖေဖေ့လက်ရာ ကောင်းတယ်လို့ပြောကြတာပါပဲ။

မွေးနေ့ကိတ်တစ်လုံးကို အကြောင်းပြပြီး မောင် တောင်းဆိုတာတွေကတော့.... မရပ်ဘူး။

ရေချိုးခန်းထဲက ထွက်လာပြီး​တော့လဲ ပြီးတယ်မထင်နဲ့။
သူက ရည်ရွယ်ပြီး စီစဥ်ထားတာတွေရှိသေးတာ။

နေ့ထူးနဲ့ နေ့မြတ် အိပ်ပြီလားဆိုတာကို တကြည့်ကြည့်နဲ့ လုပ်နေတယ်။
ကလေးဆိုတာ အိပ်မပျော်ခင်သာ လှုပ်စိလှုပ်ပက်နဲ့ပါ။
အိပ်ပျော်သွားတော့လဲ တုန်းကနဲပါပဲ။
ဒါပေမဲ့.... တစ်ခါနဲ့မပြီး နှစ်ခါနဲ့မပြီးဖြစ်နေတဲ့ မောင့်ကို စချင်တာနဲ့ပဲ.... ကလေးတွေ မအိပ်သေးဘူးချည်း ငယ်ထွေးကပြောနေတာ။

"ငယ်.... "

"အင်း...."

"မောင်...မရတော့ဘူး....လာတော့ကွာ"

ငယ်ထွေးက ကလေးနှစ်ယောက်ရဲ့ ကုတင်ဘက်မှာ ကလေးသိပ်နေတာ.... ပုံပြင်ဖတ်ပြရင်းပေါ့။
ကလေးတွေ အိပ်သွားပေမဲ့ ကလေးအဖေလေးက....စာအုပ်တွေဆက်ပြီးဖတ်နေတယ်.... စိတ်မရှည်တော့တဲ့ မောင်က လှမ်းခေါ်ပြီ။

"မောင်.... ဘယ်လိုဖြစ်နေလဲ...မတော်သေးဘူးလား"

"အင်း...တစ်ခေါက်ပဲလေ.... ပေးပါလား"

"မောင်.... အရင်လိုမဟုတ်ဘူးနော်....အရမ်းကိုပဲ"

"ဘာဖြစ်လဲ...ငယ်ထွေးရယ်...မောင်က အရမ်းပဲဘာဖြစ်လဲ"

"တောင်းနေတာလေ.... ငယ် မရတော့ဘူး...မောင်ရဲ့"

"ဟုတ်လား.... ရလား...မရလား.... မောင် ကြည့်ပေးမယ်လေ....ပြ"

ပြောရင်း ငယ်ထွေးညအိတ်ဝတ်လေးတွေကို ဆွဲချွတ်တယ်.... သူလဲ ချွတ်ပြီ။

"မောင်ရယ်.... မောင်ကြည့်ပေးတာကလဲ အဝတ်ပါချွတ်ရတာလား"

"ဟုတ်တယ်..... လက်တွေ့ပဲ စမ်းသပ်ချင်တာ.... မရတော့ရင်ပြောလေ...မောင် ရပ်ပေးမှာပေါ့"

​ပြောရင်းပဲ မောင်က စပြီ။

တိုးကြိတ်ကြိတ်အော်ညည်းသံတွေ.... သာယာမှုနဲ့နာကျင်မှုကြားကပဲ ဝေမျှနေကြတဲ့အကြင်နာတွေ....
အချိန်တွေ လှပစွာ ပုံဖော်မိကြရင်း... ညကို နွေးထွေးစွာ ကျော်ဖြတ်ရင်း...
😍😍😍😍😍


Zawgyi

ဘဂ်မ္း ကိတ္မုန့္ဖုတ္ေနတယ္။
မီးဖိုခန္းထဲမွာ တစ္ေနကုန္ ႀကိဳးစားၿပီးကလိေနတာ... အဆင္ေတာ့ မေခ်ာေသးဘူး။

ဒီေန႕.... ငယ္ေထြးေမြးေန႕...
ဂ်ဴတီရွိေနတဲ့ ငယ္ေထြးက မနက္ေစာေစာ ဘုရားရွိခိုး အေမေတြကိုလဲကန္ေတာ့ ၿပီးတာနဲ႕ ေဆး႐ုံကိုသြားၿပီ။

သူ႕သားႏွစ္ေကာင္ နိုးလာေတာ့ ဘဂ်မ္းပဲရွိတယ္။
ငယ္ေထြးက မူႀကိဳတက္ၿပီဆို အက်င့္ျဖစ္ဖို႔အတြက္ အိမ္သာဝင္တာေတြ သြားတိုက္တာေတြကို သူ႕သားေတြကို training ေပးၿပီးသားပဲ။

ေန႕ထူးနဲ႕ ေန႕ျမတ္ မူႀကိဳတက္ေနၾကၿပီ။
တစ္ေယာက္က kindergarten....
တစ္ေယာက္က pre...

မိုးလင္းရင္ သူတို႔ကိုယ္တိုင္ ကိုယ္လက္သန့္စင္တယ္။
ေဘးက လူႀကီးကေစာင့္ၾကည့္ေနေပး႐ုံပဲ။
သူတို႔အားလုံး လုပ္တတ္ၾကၿပီ။
သူ႕ပါပါးက မရဘူးဆိုတာမရွိရဘူး.... သင္တယ္။

တစ္အိမ္လုံး ေန႕ထူးနဲ႕ေန႕ျမတ္အတြက္ဆို လုပ္ေပးခ်င္သူေတြခ်ည္းပဲ။
ဒီလိုသာျဖင့္ ဒီကေလးေတြ အပါးခိုတတ္ကုန္လိမ့္မယ္။
ဒါေၾကာင့္ လုပ္တတ္ေအာင္ လုပ္ရမယ္။
နိုင္ရာအလုပ္ကို တစ္နိုင္ေလးလုပ္ခိုင္းတယ္ သင္တယ္။
ေမာင့္ငယ္ေထြးရဲ႕ စနစ္က်မႈမွာ ကေလးေတြ အသားက်ေနၿပီ။
ျဖဴမဲညီေနာင္ အပိုးကိုက်ိဳးလို႔ပါပဲ။
သူေဌးသားေတြက ပ်က္စီးတတ္တယ္ဆိုတာ ငယ္ေထြးလက္သုံးစကား.... ဒါေၾကာင့္ သူ႕သားေတြကို လိုတာထက္ပိုၿပီး အလိုလိုက္သူ ရန္သူပဲ။

ဘဂ်မ္းက ကိုယ္ငယ္ငယ္က မေနခဲ့ မစားခဲ့ရတဲ့ အေနအစား ကိုယ့္သားေတြကို ပုံၿပီးေပးခ်င္တယ္။
လက္ညွိုးၫႊန္ရာ ေ႐ႊျဖစ္ေစခ်င္တယ္။
လိုတိုင္းတ ရ ေစခ်င္တယ္။
ဒါေပမဲ့ အလိုမလိုက္ရဲဘူး.... ငယ္ေထြးရန္သူအျဖစ္ခံၿပီးေတာ့ ဒီေကာင္ေတြကို ေဖေဖဘဂ်မ္းက အလိုလိုက္ပါ့မလားလို႔.... ေနာ္။
အလကား ေနာက္တာပါ။
ငယ္ေထြးေျပာတာ မွန္တယ္ေလ.... ဒါေၾကာင့္ သိပ္ၿပီးအလိုမလိုက္ပါဘူး။
အသုံးအေဆာင္ကအစ သူမတူေအာင္ထားေပးေပမဲ့ စည္းကမ္းရွိဖို႔ေတာ့သင္ရတယ္။
အိမ္မွာ သူတို႔အတြက္အလုပ္သမားေတြ အမ်ားႀကီးရွိေပမဲ့ ဆိုးတာ အနိုင္က်င့္တာေတြ လုံးဝလုပ္လို႔မရေအာင္ တားျမစ္ထားတယ္။
ဒါေၾကာင့္ ေန႕ထူးနဲ႕ေန႕ျမတ္က သူေဌးသားဆိုေပမဲ့ ခစ်္စရာေကာင္းတယ္။ လူကို လူလို႔ပဲ ျမင္ၿပီး ႀကီးသူကိုရိုေသရမယ္ဆိုတာ ဒီကေလးေတြသိတယ္။

အစားအေသာက္ဆိုလဲ ငယ္ေထြးစိတ္ႀကိဳက္ ဒီေန႕ ဘာနဲ႕ဘာနဲ႕တြဲ စားရမယ္။
ဘယ္ခ်ိန္ ဘာလုပ္ရမယ္.... အခ်ိန္ဇယားနဲ႕ပဲ။
ငယ္ေထြး ဆရာမႀကီးတစ္ေယာက္က ကေလးအဟာရအထူးကုတစ္ေယာက္ဆိုေတာ့ အၿမဲဖုန္းဆက္ၿပီး အႀကံေပးတတ္တယ္။

ငယ္ေထြးစည္းကမ္းေတြကို တစ္အိမ္သားလုံးလိုက္နာရတယ္။
ငယ္ေထြးမရွိတုန္းဆိုၿပီး အပါးခိုဖို႔မေတြးနဲ႕ ေန႕ထူး ေန႕ျမတ္တို႔ အပါးခိုလို႔မရဘူး။
တစ္အိမ္လုံးမွာ CCTVရွိတယ္။
စက္မဟုတ္ဘူး.... လူ လူ...ငယ္ေထြးမွာ လူ CCTVရွိတယ္။
ေန႕ထူးအေၾကာင္းသိခ်င္ရင္ ေန႕ျမတ္ကို ညာၿပီးေမးတယ္။
ေန႕ျမတ္အေၾကာင္းသိခ်င္ရင္ ေန႕ထူးကိုျမႇောက္ၿပီးေမးတယ္။
သူ႕သားႏွစ္ေကာင္ေရာ ဘဂ်မ္းပါ ငယ္ေထြးကြယ္ရာမွ ယေန႕ထိ မဟုတ္တာ လုပ္လို႔မရဘူး။
မိတာပဲ....ကြိကနဲ...
ဒါေၾကာင့္ ေန႕ထူးနဲ႕ေန႕ျမတ္က သူ႕ပါပါးနဲ႕ ျပသနာအျဖစ္မခံဘူး။

.
.

ကေလးေတြ မူႀကိဳသြားၿပီလားဆိုတာနဲ႕ ငယ္ေထြးကို surprise ခ်င္လို႔ onlineကေနႀကိတ္သင္ထားတဲ့ ကိတ္မုန့္ဖုတ္နည္းေလ.... ဘဂ်မ္း စမ္းေနတာ။

မီးဖိုခန္းလဲ ပြ ထ လို႔...
ေဘးနားက အကူကေလးေတြလဲ ငိုခ်င္သလို ရယ္ခ်င္သလိုျဖစ္လို႔ပဲေပါ့။

အခုက သုံးခုေျမာက္ကိတ္ျဖစ္ေနၿပီ။
အရသာမွန္ေပမဲ့ ဒီဇိုင္းက ၾကည့္ရဆိုးေနလို႔ စိတ္ႀကိဳက္မျဖစ္ေသးဘူး။

ပထမတစ္ခုက မုန့္စိမ္းေပါင္းနဲ႕တူသြားလို႔ ပစ္လိုက္ရတယ္။
ကိတ္မုန့္လွလွေလးလိုခ်င္တာေလ....
ဘယ္လို မုန့္စိမ္းေပါင္းပုံစံတဲ့လဲ။

ဒုတိယတစ္ခုက အကုန္ေကာင္းေနတယ္။
ဒါေပမဲ့ ကိတ္က အဝိုင္းမမယ္ ေလးေထာင့္မမယ္နဲ႕မို႔ စိတ္ႀကိဳက္မျဖစ္ျပန္ဘူး။
အလွအပဆင္လိုက္ရင္ ပိုဆိုးသြားမဲ့ ပုံစံမို႔ ပယ္လိုက္ရတယ္။

တတိယတစ္ခုေတာ့ လုပ္ေနၿပီ။
အခ်ိန္လဲ မနည္းေတာ့ဘူး။
ထြက္လာေတာ့ အ​​ျပင္ပန္းကနဲနဲေတာ့အဆင္ေျပတယ္။
ဒါေပမဲ့ ကိတ္ကေပ်ာ့ေတာ့ေတာ့နဲ႕ ဘာမ်ားမွားထည့္လိုက္မိတယ္မသိဘူး။
Ovan ထဲကထုတ္လာလာခ်င္းပဲ ကြၽန္မကိုမထိပါနဲ႕ရွင္ ျဖစ္ေနတယ္။
ျပဳတ္က်ေတာ့မတတ္... ေပ်ာ့တြဲတြဲလိုပဲ။

ခါးေထာက္ၿပီး ကိတ္မုန့္ကိုၾကည့္ေနတဲ့ ဘဂ်မ္း...
ကိတ္မုန့္က ဘဂ်မ္းကို ေျပာင္ျပေနတယ္။
ဘယ္ေနရာမွာ ဘာလြဲေနလဲ မစဥ္းစားတတ္ဘူး။

ဒီေန႕ လုပ္ရမဲ့အလုပ္ေတြ ရွိေပမဲ့ လွည့္ကိုမၾကည့္ဘူး။
ျဖစ္ခ်င္ရာျဖစ္ ပစ္ထားတယ္။
ကိတ္မုန့္ လုပ္နည္း video ကို ထပ္ၾကည့္တယ္။
ဒီတစ္ခါေတာ့ ေဘးကလက္ေထာက္ေတြကိုပါ ၾကည့္ခိုင္းလိုက္တယ္။
ဒါမွ အဆင္ေျပလိမ့္မယ္ထင္တယ္။
တစ္ေယာက္ထဲ ဘာမွ အဆင္မေျပဘူး။

မၾကာခင္ပဲ ေန႕ထူးနဲ႕ေန႕ျမတ္ေက်ာင္းကျပန္လာေတာ့မယ္။
အခုထိ ကိတ္က မရေသးဘူး။
ငယ္ေထြး ျပန္လာရင္ အခန္းထဲမွာ အလွဆင္ထားၿပီး သားအဖသုံးေယာက္ေစာင့္မလို႔ေလ။

ကိတ္မုန့္ကို အစကေနျပန္လုပ္ရတယ္။
ဒီတစ္ခါေတာ့ ေသခ်ာေလး ေျဖးေျဖးခ်င္းလုပ္တယ္။
အရမ္းႀကီးမဟုတ္ေတာင္ ေမာင္ကိုယ္တိုင္လုပ္​ေပးတဲ့ ေမြးေန႕ကိတ္ဆိုၿပီး ငယ္ေထြးအရမ္းသေဘာက်ရင္ၿပီးေရာ။

ၾကာၿပီေပါ့.... ငယ္ေထြးနားမကပ္ရတာ။
သူ႕သားေတြကို အခန္းခြဲသိပ္ပါမယ္ဆိုတာကို လက္မခံဘူး။
ဘဂ်မ္းတို႔အိပ္တဲ့အခန္းမွာပဲ ကုတင္ေလးေတြထပ္ထည့္ၿပီး သိပ္တယ္။
ည ည ဆို ငယ္ေထြးက ထၾကည့္ေသးတာေလ... သူ႕သားေတြကို။

အရင္လို ငယ္ေထြးေလးရယ္ဆိုၿပီး ေတာင္းဆိုတိုင္းရတာ မဟုတ္ဘူး။
ငယ္ေထြးစိတ္က သူ႕သားေတြဆီကို အာ႐ုံမ်ားေနတတ္တယ္။

ကေလးေတြၾကားမယ္....ကေလးေတြရွိတယ္နဲ႕ ငယ္ေထြးက အလိုမလိုက္ေတာ့ဘူး။
ဒီညေတာ့ ေသခ်ာျပင္ဆင္ထားတယ္ေလ။
ငယ္ေထြး ျငင္းမရေအာင္ ပင္ပန္းခံ ျပင္ဆင္ထားတာ။
လိုခ်င္တာရွိလို႔ေလ။

.
.
.
.

ေန႕ထူးနဲ႕ေန႕ျမတ္ သူတို႔အဖြားေတြအခန္းကိုေရာက္ေနတုန္းမွာပဲ အခန္းထဲမွာ ျပင္ဆင္ထားရေသးတယ္။ ဝင္လာတာနဲ႕ ရင္ခုန္သြားေအာင္ေပါ့။
ကိုယ္ကလဲ တစ္သက္လုံး ဒါမ်ိဳးေတြမလုပ္ခဲ့ရေတာ့ မလုပ္တတ္ဘူး။ အႏုအယြဆိုတာ ဘဂ်မ္းနဲ႕အေဝးႀကီးေလ။
ဒါေပမဲ့.... ငယ္ေထြးအတြက္ အရိုးရွင္းဆုံးကိုပဲအလွဆုံးျဖစ္ေအာင္ ပုံေဖာ္ထားတယ္။

ေဟာ.... ငယ္ေထြး ျပန္လာၿပီ။
အသံၾကားတယ္။

ေလွကားကေန ေအာက္ကိုေျပးဆင္းတယ္။
ထုံးစံအတိုင္းေပါ့.... အရင္လို အိမ္ျပန္ေရာက္တာနဲ႕ ေယာက်ားကိုရွာတာမဟုတ္ဘူး။
သူ႕သားႏွစ္ေကာင္ကို အရင္ရွာတယ္။
တစ္ေန႕တာ သင္ခဲ့သမွ်.... စားခဲ့သမွ်.... လုပ္ခဲ့သမွ်ကိုတေဆြးတႏြေး ေျပာ​ေနၾကျပန္တယ္။
ၿပီးမွ.... အေပၚကိုတက္လာတယ္။

ဒုတိယထပ္ရဲ႕ ေလွကားထိပ္မွာ ဘဂ်မ္းရယ္.....

"ေမာင္..... ဘာလုပ္ေနတာလဲ.... ေအာက္လဲမဆင္း အေပၚလဲမတက္.."

"ငယ္ေထြးကို ေစာင့္ေနတာေလ..."

"ဟုတ္လား.... ေမာင္ကလဲ ငယ္လာမွာေပါ့"

ေျပာရင္းအနားေရာက္လာတဲ့ ငယ္ေထြးခါးကို ဖက္တယ္။

"ေနအုံး.... ေရခ်ိဳးရမယ္... ဒီေန႕ ခြဲခန္းဝင္ရတယ္"

"ဟုတ္လား.... ပင္ပန္းလာၿပီလား.... ငယ္ေထြးေလး"

"ပင္ပန္းတယ္..... ကေလးက အမႊာပူးေလ... ရိုးရိုးေမြးမယ္ဆိုၿပီး မေမြးနိုင္ေတာ့ဘဲ....ခြဲရတယ္.... အေမလဲႏွစ္ခါပင္ပန္းတာေပါ့"

"ေအာ္.... ကေလးေမြး​ေပးလာတာလား.... ဒါဆို ကေလးေလးေတြက ငယ္ေထြးနဲ႕ေမြးေန႕တူတာေပါ့..."

"အင္း... ဟုတ္တာေပါ့... အလုပ္ေတြမ်ားေနတာ ေမာင္ရယ္.... ေမြးေန႕ေတာင္ ေမ့ပါတယ္... မနက္က ဝတ္ရည္ကေတာ့ လွမ္းေျပာေနသား.... ေမြးေန႕ေမ့မယ္ေနာ္ဆိုၿပီး.... ဒါေပမဲ့လဲ ေမ့တာပါပဲ"

အခန္းတံခါး ဖြင့္လိုက္တာနဲ႕.... ျပင္ဆင္ထားတာေတြ ျမင္သြားေရာ... စားပြဲေပၚမွာ ေမြးေန႕ကိတ္နဲ႕...  ပန္းစည္းနဲ႕(ပန္းစည္းကမွာတာပါ😁) အက်အနေပါ့။

"ဟာ.... ေမာင္ လုပ္ေပးထားတာလား..."

"အင္းေပါ့.... ကိတ္မုန့္လဲ ေမာင္ကိုယ္တိုင္လုပ္ထားတာ"

"အို.... ေတာ္လိုက္တာ.... ေမာင္ကအရမ္းခ်စ္ဖို႔ေကာင္းေနတာ"

"အဲ့ေတာ့.... ေမာင့္ကို ေမြးေန႕အမွတ္တရေပး...ေနာ္"

"ဟမ္.... ဘယ္လိုလဲ မၾကားဖူးပါဘူး"

"မၾကားဖူးလဲ ရတယ္.... ေမာင္ သင္ေပးမယ္ "

ေျပာရင္း ဆြဲဖက္တယ္။

"ေမာင္ေရ.... ေရခ်ိဳးမယ္.... ေရခ်ိဳးရမယ္...မျဖစ္ဘူး... ေရခ်ိဳးလိုက္အုံးမယ္"

အဝတ္ေတြဆြဲခြၽတ္ၿပီး ေရခ်ိဳးခန္းထဲထိ ေပြ႕ခ်ီၿပီးေခၚသြားတယ္။

ေရခ်ိဳးခန္းထဲမွာေတာ့.... အသံေတြ မ်ိဳးစုံထြက္ရၿပီ။
အခန္းေတြက က်ယ္ၿပီး အားလုံးကိုယ္ေတြအခန္းဘက္ဆိုရင္ သိပ္မလာၾကလို႔ပဲ ေတာ္ေသးတာ။
ကေလးေတြလဲ ေအာက္ထပ္မွာပဲ ရွိေသးလို႔ေပါ့။
မဟုတ္ရင္ စပ္စုစိန္ေတြက အပ္က်တာကအစ သိခ်င္ေနၾကတာ။

ကိုယ္ကေမ့ေနေပမဲ့ ေမာင္ကမေမ့တာမို႔ ေမြးေန႕ကေတာ့ ေပ်ာ္စရာေလးျဖစ္ခဲ့ပါတယ္။
ေမာင္ကိုယ္တိုင္ လက္ေဆာင္ေပးထားတဲ့ကိတ္မုန့္ေလး...
သူ႕သားေတြကေတာ့ ေဖေဖ့လက္ရာ ေကာင္းတယ္လို႔ေျပာၾကတာပါပဲ။

ေမြးေန႕ကိတ္တစ္လုံးကို အေၾကာင္းျပၿပီး ေမာင္ ေတာင္းဆိုတာေတြကေတာ့.... မရပ္ဘူး။

ေရခ်ိဳးခန္းထဲက ထြက္လာၿပီး​ေတာ့လဲ ၿပီးတယ္မထင္နဲ႕။
သူက ရည္႐ြယ္ၿပီး စီစဥ္ထားတာေတြရွိေသးတာ။

ေန႕ထူးနဲ႕ ေန႕ျမတ္ အိပ္ၿပီလားဆိုတာကို တၾကည့္ၾကည့္နဲ႕ လုပ္ေနတယ္။
ကေလးဆိုတာ အိပ္မေပ်ာ္ခင္သာ လႈပ္စိလႈပ္ပက္နဲ႕ပါ။
အိပ္ေပ်ာ္သြားေတာ့လဲ တုန္းကနဲပါပဲ။
ဒါေပမဲ့.... တစ္ခါနဲ႕မၿပီး ႏွစ္ခါနဲ႕မၿပီးျဖစ္ေနတဲ့ ေမာင့္ကို စခ်င္တာနဲ႕ပဲ.... ကေလးေတြ မအိပ္ေသးဘူးခ်ည္း ငယ္ေထြးကေျပာေနတာ။

"ငယ္.... "

"အင္း...."

"ေမာင္...မရေတာ့ဘူး....လာေတာ့ကြာ"

ငယ္ေထြးက ကေလးႏွစ္ေယာက္ရဲ႕ ကုတင္ဘက္မွာ ကေလးသိပ္ေနတာ.... ပုံျပင္ဖတ္ျပရင္းေပါ့။
ကေလးေတြ အိပ္သြားေပမဲ့ ကေလးအေဖေလးက....စာအုပ္ေတြဆက္ၿပီးဖတ္ေနတယ္.... စိတ္မရွည္ေတာ့တဲ့ ေမာင္က လွမ္းေခၚၿပီ။

"ေမာင္.... ဘယ္လိုျဖစ္ေနလဲ...မေတာ္ေသးဘူးလား"

"အင္း...တစ္ေခါက္ပဲေလ.... ေပးပါလား"

"ေမာင္.... အရင္လိုမဟုတ္ဘူးေနာ္....အရမ္းကိုပဲ"

"ဘာျဖစ္လဲ...ငယ္ေထြးရယ္...ေမာင္က အရမ္းပဲဘာျဖစ္လဲ"

"ေတာင္းေနတာေလ.... ငယ္ မရေတာ့ဘူး...ေမာင္ရဲ႕"

"ဟုတ္လား.... ရလား...မရလား.... ေမာင္ ၾကည့္ေပးမယ္ေလ....ျပ"

ေျပာရင္း ငယ္ေထြးညအိတ္ဝတ္ေလးေတြကို ဆြဲခြၽတ္တယ္.... သူလဲ ခြၽတ္ၿပီ။

"ေမာင္ရယ္.... ေမာင္ၾကည့္ေပးတာကလဲ အဝတ္ပါခြၽတ္ရတာလား"

"ဟုတ္တယ္..... လက္ေတြ႕ပဲ စမ္းသပ္ခ်င္တာ.... မရေတာ့ရင္ေျပာေလ...ေမာင္ ရပ္ေပးမွာေပါ့"

​ေျပာရင္းပဲ ေမာင္က စၿပီ။

တိုးႀကိတ္ႀကိတ္ေအာ္ညည္းသံေတြ.... သာယာမႈနဲ႕နာက်င္မႈၾကားကပဲ ေဝမွ်ေနၾကတဲ့အၾကင္နာေတြ....
အခ်ိန္ေတြ လွပစြာ ပုံေဖာ္မိၾကရင္း... ညကို ႏြေးေထြးစြာ ေက်ာ္ျဖတ္ရင္း...
😍😍😍😍😍

Continuer la Lecture

Vous Aimerez Aussi

1.2M 114K 92
Start - May 2020 BL OC (Myanmar) 💗 စိတ်ကူးယဥ် ဇာတ်လမ်းတစ်ပုဒ်သာ ဖြစ်ပါသည်။ တစ်စုံတစ်ယောက်ကို ထိခိုက်စေလိုသော ဆန္ဒမရှိပါ။
12.8K 782 29
🌀Cover By Aqua🌀-Fancy romance×Comedy Theme- 🌀လေလျင်မှာ​မျောတတ်တဲ့ ​ရောင်စုံစကြာ​လေး​တွေက ဦးတို့နှစ်​ယောက်ကြား အချစ်သ​​​​င်္ကေတတစ်ခုအဖြစ် မယ်မယ်ရရ...
102K 7.3K 71
အချစ်ဇာတ်လမ်းလေးပါ။ဤficကို Wp၌ ဒီဇင်ဘာ ၁၂ရက် 2020 စတင်ရေးသားခဲ့သည်။ ကူးယူထားခြင်းမရှိပါ။ မူပိုင်Ficလေး ဖြစ်ပါသည်။
241K 6K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်