Love Between Serpent Beastman...

By imyourhlaing12

179K 36.2K 973

Title- 天敌饲养指南 A Guide to Raising Your Natural Enemy Original Author- Jué Jué/决绝 English Translator....Lada's... More

🐍🐹Description🐹🐍
🐹ဟမ်းစတားလေးရှုရှု🐹-1/🐹ဟမ္းစတားေလးရႈရႈ🐹-1
🐹ဟမ်းစတားလေးရှုရှု🐹-2/🐹ဟမ္းစတားေလးရႈရႈ🐹-2
🐍အဆင့်ကျသားရဲ အက်ဂါ🐍-1/🐍အဆင့္က်သားရဲ အက္ဂါ🐍-1
🐍အဆင့်ကျသားရဲ အက်ဂါ🐍-2/🐍အဆင့္က်သားရဲ အက္ဂါ🐍-2
🐔ကြက်တစ်ကောင် လက်ဆောင်🐔/🐔ၾကက္တစ္ေကာင္ လက္ေဆာင္🐔
🐍သဘောကောင်းသည့် ကိုကိုမြွေ🐍/🐍သေဘာေကာင္းသည့္ ကိုကိုေႁမြ🐍
🐹ရှုရှုအားအနိုင်ကျင့်ကြ၍ အက်ဂါလဲအနိုင်ကျင့်ခဲ့သည်🐍/🐹ရႈရႈအားအနိုင္က်င့္ၾက၍ အက္
🐍 ရှုရှုကိုစောင့်ရှောက်ပေးတဲ့ အက်ဂါ🐍/🐍 ရႈရႈကိုေစာင့္ေရွာက္ေပးတဲ့ အက္ဂါ🐍
💖သွေးအေးပေမဲ့ နှလုံးနွေးတဲ့မြွေပါလေ💖/💖ေသြးေအးေပမဲ့ ႏွလုံးႏြေးတဲ့ေႁမြပါေလ💖
🐍🐯တောအုပ်ထဲမှတိုက်ပွဲ 🐯🐍/🐍🐯ေတာအုပ္ထဲမွတိုက္ပြဲ 🐯🐍
🐍💖ရှုရှုအား ချစ်ရကျိုးနပ်ခဲ့၏💖🐍/🐍💖ရႈရႈအား ခ်စ္ရက်ိဳးနပ္ခဲ့၏💖🐍
🐹🌿ဆေးပေး၍ ပြေးခဲ့သည့် ရှုရှု🌿🐹/🐹🌿ေဆးေပး၍ ေျပးခဲ့သည့္ ရႈရႈ🌿🐹
🐹❗ကျွန်တော့်အသားကအရသာမရှိဘူး❗🐹/🐹❗ကြၽန္ေတာ့္အသားကအရသာမရွိဘူး❗🐹
Hello!!!
🐍🐾🐹ရှုရှုကကြောက်လည်း အက်ဂါကတော့လိုက်မှာပဲ🐹🐾🐍/🐍🐾🐹ရႈရႈကေၾကာက္လည္း အက္ဂါကေ
🏠အချစ်၏အိမ်မှာ ကိုယ်ရဲ့အိမ်ပါ🏠/🏠အခ်စ္၏အိမ္မွာ ကိုယ္ရဲ႕အိမ္ပါ🏠/
🐹ပျောက်ဆုံးနေသည့် မြက်စကပ်လေး🐹/🐹ေပ်ာက္ဆုံးေနသည့္ ျမက္စကပ္ေလး🐹
🌡အကောင်ငယ်လေး ဖျားလေပြီ🌡/🌡အေကာင္ငယ္ေလး ဖ်ားေလၿပီ🌡
🐍ချစ်တတ်လွန်းသည့် မြွေကြီးအက်ဂါ🐍/🐍ခ်စ္တတ္လြန္းသည့္ ေႁမြႀကီးအက္ဂါ🐍
🐍ရှုရှု၏အနာဂတ်ပိုင်ရှင်လောင်း​ကြီးအက်ဂါ🐍/ရႈရႈ၏အနာဂတ္ပိုင္ရွင္ေလာင္း​ႀကီးအက္ဂါ
🎓ဉာဏ်ကောင်းသည့် တပည့်လောင်း🎓/🎓ဉာဏ္ေကာင္းသည့္ တပည့္ေလာင္း🎓
💖🐹အချစ်က စကားပြောသင်ပေးနေသည်🐹💖/💖🐹အခ်စ္က စကားေျပာသင္ေပးေနသည္🐹💖
🐍တပည့်တစ်ကောင်မွေးရတာ လွယ်ကူမနေဘူး🐍/🐍တပည့္တစ္ေကာင္ေမြးရတာ လြယ္ကူမေနဘူး🐍
🌺ရွှေပြွန်မှရေသွန်ခံရမည့် အက်ဂါ၏ဂူကလေး🌺/🌺ေ႐ႊႁပြန္မွေရသြန္ခံရမည့္ အက္ဂါ၏ဂူကေလး
🐡🐹တပည့်ကြောင့် တံငါသည် လုပ်ခဲ့ရလေပြီ🐹🐡/🐡🐹တပည့္ေၾကာင့္ တံငါသည္ လုပ္ခဲ့ရေလၿပ
🐹ဆရာ Heat တက်နေပြီ🐹/🐹ဆရာ Heat တက္ေနၿပီ🐹
🌐👨‍👨‍👦‍👦သားရဲလူသားတို့ကမ္ဘာ👨‍👨‍👦‍👦🌐/🌐သားရဲလူသားတို႔ကမၻာ🌐
❄⛄တူတူအိပ်ကြမယ်လေ⛄❄/❄⛄တူတူအိပ္ၾကမယ္ေလ⛄❄
☯🐍 ပါရမီရင့်သည့် တပည့်ကျော်🐍☯/☯🐍 ပါရမီရင့္သည့္ တပည့္ေက်ာ္🐍☯
💖နှစ်ကိုယ်တူယှဥ်တွဲလိုရယ်နေထိုင်ကြပါတယ်💖/ႏွစ္ကိုယ္တူယွဥ္တြဲလိုရယ္ေနထိုင္ၾကပါတယ
❄🐹နှင်းတောထဲမှ နတ်သားငယ်ကလေး🐹❄/❄🐹ႏွင္းေတာထဲမွ နတ္သားငယ္ကေလး🐹❄
🐺🐹မျိုးနွယ်တူနှင့် တွေ့လေပြီ🐹🐺/🐺🐹မ်ိဳးႏြယ္တူႏွင့္ ေတြ႕ေလၿပီ🐹🐺
🐍🐹ခင်ဗျားကိုပါကျွန်တော်နဲ့ခေါ်ခဲ့မယ်🐹🐍/🐍🐹ခင္ဗ်ားကိုပါကြၽန္ေတာ္နဲ႕ေခၚခဲ့မယ္
🦁🐹ငါနဲ့အတူလာအိပ်လို့ရတယ်နော်🐹🦁/🦁🐹ငါနဲ႕အတူလာအိပ္လို႔ရတယ္ေနာ္🐹🦁
🐍🐹ဖေဖေအက်ဂါနှင့် အပုပ်သတင်း🐹🐍/🐍🐹ေဖေဖအက္ဂါႏွင့္ အပုပ္သတင္း🐹🐍
🐆💖တော်လိုက်တဲ့ ကျားသစ်ကြီး💖🐆/🐆💖ေတာ္လိုက္တဲ့ က်ားသစ္ႀကီး💖🐆
🐍💫တပည့်သာလျှင် အထူးခြားဆုံးဖြစ်၏💫🐍/🐍💫တပည့္သာလွ်င္ အထူးျခားဆုံးျဖစ္၏💫🐍
🐍🥓ခင်ဗျားက အစားကြီးလွန်းတယ်🥓🐍/🐍🥓ခင္ဗ်ားက အစားႀကီးလြန္းတယ္🥓🐍
🐹💸ရှုရှုမှာ ပိုက်ပိုက်မရှိ💸🐹/🐹💸ရႈရႈမွာ ပိုက္ပိုက္မရွိ💸🐹
🐍🌋တစ်ယောက်သောသူက သဝန်တိုနေသည်🌋🐍/🐍🌋တစ္ေယာက္ေသာသူက သဝန္တိုေနသည္🌋🐍
⚡🐍မြွေကြီးကဒီဆရာအတွက် ကျင်းတူးပေးနေတယ်🐍⚡/ေႁမြႀကီးကဒီဆရာအတြက္ က်င္းတူးေပးေနတယ္
🐍​ခြေထောက် လေးချောင်း ပေါက်လာသည်🐍/🐍​ေျခေထာက္ ေလးေခ်ာင္း ေပါက္လာသည္🐍
🙈အနမ်းသူခိုးလေး လူမိသွားတယ်🙈/🙈အနမ္းသူခိုးေလး လူမိသြားတယ္🙈
🦁အရိုက်ခံရတော့မည်ကိုတွေးပူနေသည့် ဂျေရက်🦁/🦁အရိုက္ခံရေတာ့မည္ကိုေတြးပူေနသည့္ ေဂ်
🤣💖အလှလေးက ရေချိုးပေးမလို့တဲ့💖🤣/🤣💖အလွေလးက ေရခ်ိဳးေပးမလို႔တဲ့💖🤣
👑🐹ကမ္ဘာနံပါတ်တစ် တောသားလေးရှုရှု🐹👑/👑🐹ကမၻာနံပါတ္တစ္ ေတာသားေလးရႈရႈ🐹👑
👑​🐍ဘယ်သူမှားလို့ ဘယ်သူမှန်🐍👑/👑​🐍ဘယ္သူမွားလို႔ ဘယ္သူမွန္🐍👑
🐤💩အချစ်လေးရဲ့အိမ်သာတွင်းကို အက်ဂါတွေ့သွားပြီ💩🐤/အခ်စ္ေလးရဲ႕အိမ္သာတြင္းကို အက္
👑စျေးအပေါဆုံးညအိပ်ဝတ်စုံ၏ မော်ဒယ်မင်းသားကြီး👑/ေစ်းအေပါဆုံးညအိပ္ဝတ္စုံ၏ ေမာ္ဒယ္
📩📩📩
🐹🍼ရှုရှုက ကလေးမွေးနိုင်တယ်တဲ့🍼🐹/🐹🍼ရႈရႈက ကေလးေမြးနိုင္တယ္တဲ့🍼🐹
🐍စိတ်ဝိညာဥ်စွမ်းအား၏ အသုံးဝင်မှုနှင့် အက်ဂါ၏စကေး​ကြမ်း🐍/စိတ္ဝိညာဥ္စြမ္းအား၏ အသ
👑✨အက်ဂါ၏ စွမ်းပကား✨👑/👑✨အက္ဂါ၏ စြမ္းပကား✨👑
🚀👑အက်ဂါ့ကိုလာမစမ်းနဲ့ ဓားပြတိုက်ပစ်လိုက်မယ်👑🚀/🚀👑အက္ဂါ့ကိုလာမစမ္းနဲ႕ ဓားျပတ
✨🐍အရှင့်သားကို သွားကယ်ကြရအောင်🐍✨/✨🐍အရွင့္သားကို သြားကယ္ၾကရေအာင္🐍✨
🚀🌃ကြယ်မြို့တော်ဆီ ပြန်ရောက်ပြီ🌃🚀/🚀🌃ၾကယ္ၿမိဳ႕ေတာ္ဆီ ျပန္ေရာက္ၿပီ🌃🚀
🍀🐍ငါနဲ့တိုက်ချင်သေးလား🐍🍀/🍀🐍ငါနဲ႕တိုက္ခ်င္ေသးလား🐍🍀
✨🐍တော်ဝင်မိသားစု ပြန်လည်ပေါင်းစည်းခြင်း🐍✨/✨🐍ေတာ္ဝင္မိသားစု ျပန္လည္ေပါင္းစည္းျ
🙈🐍တံတံလေးနှစ်ခုက ချစ်စရာလေးလို့ ရှုရှုကပြောတယ်🐍🙈/🙈🐍တံတံေလးႏွစ္ခုက ခ်စ္စရာေ
🐹💸စျေးဝယ်သွားမယ်💸🐹/🐹💸ေစ်းဝယ္သြားမယ္💸🐹

👑ရုပ်ရှင်တူတူကြည့်ရင်း အချဥ်အိုးကွဲသွားတယ်👑/👑႐ုပ္ရွင္တူတူၾကည့္ရင္း အခ်ဥ္အိုးက

2.3K 506 12
By imyourhlaing12

👑ရုပ်ရှင်တူတူကြည့်ရင်း အချဥ်အိုးကွဲသွားတယ်👑

(Unicode)

ကုန်တင်အာကာသယာဥ်မှ ပြတင်းပေါက်ပါသော အာကာသယာဥ်ဆီသို့​ ပြောင်းစီးခွင့်ရသဖြင့် ရှုရှုအရမ်းပျော်နေရသည်။ သို့သော် ယာဥ်ကြီးအား ယမ်းခါသွား၍ အတိုက်ခိုက်ခံနေရသလားဟု ထင်မိသွားလေသည်။

အာကာသယာဥ်ကြီး လှုပ်ယမ်းနေစဥ် ရှုရှု၏မျက်နှာလေးမှာ ဖြူဆုတ်သွားခဲ့ရ၏။ သူက အနီးအနား တွင်းလေးတူးကာ ပုန်းလိုက်ချင်မိ၏။ ကံကောင်းစွာပင် အာကာသယာဥ်လှုပ်ခါသွားချိန်က သိပ်မကြာလိုက်ပေ။ မကြာမီပင် တစ်စုံတစ်ယောက်က ပိုကောင်းသော အာကာသယာဥ်ကို သိမ်းယူနိုင်ခဲ့ကြောင်း၊ ထိုယာဥ်ကြီးအား ဆေး​ကြောပြီးပါက စိတ်တိုင်းကျ ကစားနိုင်​ကြောင်း ရှုရှုတို့အား အပြေးကလေး လာပြောပြလေသည်။

အော်....ခုနကလှုပ်သွားတာက တခြားအာကာသယာဥ်နဲ့တိုက်ခိုက်နေတာကြောင့်ပေါ့။ ဒီအက်ဂါကတော့ နောက်ထပ်အာကာသယာဥ် ထပ်လုနေပြန်ပြီ...။

ရှုရှုက ရှိုးတို့ရှုန့်တန့်နှင့် ကြောက်တတ်သော ဟမ်းစတားလေးဖြစ်လေရာ သူ၏ခြေထောက်များ တုန်ယင်နေခြင်းအပေါ် ယခုထိ မထိန်းချုပ်နိုင်သေးပေ။

မဟုတ်ဘူး...။ သူဒီလိုဖြစ်မနေသင့်ဘူး။ သားရဲတစ်ပိုင်းလူသား ဖြစ်တဲ့ ဂျွန်းကတောင် မကြောက်သေးတာ...။ သားရဲလူသားဖြစ်တဲ့ ရှုရှုက ဘာလို့ကြောက်ရမှာလဲ။

ရှုရှုက အတတ်နိုင်ဆုံးထိန်းချုပ်နိုင်ခဲ့ပြီး မကြာမီ ပို၍ကြီးမားသော အာကာသယာဥ်ပေါ်သို့ ရောက်ရှိသွားခဲ့လေသည်။

ကုန်တင်ယာဥ်တွင် ကုန်တင်ဖို့ရန် ကြီးမားကျယ်ပြန့်သော နေရာလွတ်ကြီးသာ ရှိသည်။ ကမီရယ်၏ အာကာသယာဥ်မှာလည်း ပစ္စည်းများသိပ်မရှိပဲ အခွံနီးနီးလွတ်နေလေသည်။ သို့သော် ယခုသိမ်းယူထားသည့် အာကာသယာဥ်တွင် ပစ္စည်းအသစ်အဆန်းများစွာရှိနေလေသည်။

နားနေအပန်းဖြေခန်း၊ ရုပ်ရှင်ခန်း၊ အရက်ဘားနှင့် ရေကူးကန်အပါအဝင် ရှုရှုတစ်ခါမျှမတွေးဖူးသော အရာများစွာပါရှိလေသည်။

ရှုရှုက အာကာသယာဥ်အား တစ်ပတ်ပတ်ကြည့်ရင်း အံ့သြတုန်လှုပ်နေရှာ၏။"ဒီမှာ ပစ္စည်းတွေ တကယ့်ကိုအများကြီးပဲဟ"

"သိပ်တော့မဟုတ်ပါဘူးကွာ။ နောက်ကျရင် ဒီထက်ပိုကောင်းတဲ့ယာဥ်ဆီ ကိုယ်ခေါ်သွားပေးမယ်" အက်ဂါက ​ပြောလေသည်။ သူ၏မိဘထံတွင် ကိုယ်ပိုင်အာကာသယာဥ်တစ်စင်းရှိပြီး စိတ်အပန်းပြေဖို့ လုပ်နိုင်သည့်အရာများစွာပါရှိလေ၏။ ထိုအာကာသယာဥ်တွင် ကပြဖျော်ဖြေသည့် အဖွဲ့ပင်ပါရှိလေသည်။ အက်ဂါလည်း ရှုရှုလေးကို ထိုအာကာသယာဥ်ဆီ သေချာပေါက် ခေါ်သွားရမည်။

ဒီလောက်ကောင်းတဲ့ အာကာသယာဥ်ကို ဒီလိုပြောစရာလား။ ရှုရှုက ရုတ်တရက်ကြီး ချမ်းသာသူများအပေါ် စိတ်အချဥ်ပေါက်သွားရ၏။

"ကျွန်တော်က ဒီကဘာသာစကားကို တော်တော်လေးသင်ပြီးနေပြီ။ ကျွန်တော်လည်းတော်တော်နားလည်နေပြီဆိုတော့ ကျွန်တော်တို့ ရုပ်ရှင်ကြည့်ကြရင်ကော" ရှုရှုက ရုပ်ရှင်ခန်းကြီးအား လက်ညှိုးထိုးရင်းပြောလိုက်၏။ ရှုရှုမလုပ်နိုင်သည့်အရာများရှိနေသေးပြီး သင်ယူရဦးမည်ဖြစ်သော်လည်း ရုပ်ရှင်ကြည့်ခြင်းက ပြဿနာမရှိပေ။

ရှုရှုကြည့်ရသည့် တီဗွီမှာ ကမ္ဘာမြေမှ တီဗွီနှင့်ဖန်သားမျက်နှာပြင်လေးသာ ကွဲပြားပြီးသိပ်မကွာပေ။ ဤကမ္ဘာမှ ကလေးများကြည့်ရသည့်တီ​ဗွီက နောက်ဆုံးပေါ်နည်းပညာမြင့်များစွာ သုံးခွင့်မပြုထားပေ။

သို့သော် လူကြီးများအတွက် ရုပ်ရှင်ရုံကတော့ ကွာခြားချက်များစွာရှိလေသည်။ ဤအာကာသယာဥ်မှ ရုပ်ရှင်ခန်းက စုံလိုက်အသံထုတ်လွှင်ပေးသော စတီရီယိုစနစ်ဖြင့် 3D၊ 4Dများကို သဘောကျကြည့်နိုင်ပြီး ရုပ်ရှင်ထဲ ကိုယ်တိုင်ဝင်ရောက်ကြည့်နိုင်လေသည်။

တစ်ချိန်တည်းမှာပင် ရုပ်ရှင်ကားထဲတွင် ​ပွဲကြည့်ပရိတ်သတ်အဖြစ်ရွေးချယ်ပြီး သရုပ်​ဆောင်မင်းသားများဘေး အနီးကပ်ထိုင်ကာ သူတို့၏သရုပ်ဆောင်မှုများကို ကြည့်နိုင်သလို ကြည့်ရှုသူက မင်းသားများ၏ လုပ်ဆောင်ချက်အတိုင်းလိုက်လုပ်ကာ သရုပ်ဆောင်များနှင့်အတူ ရင်ခုန်စိတ်လှုပ်ရှားနိုင်သည့် ရွေးချယ်မှုလည်းပါရှိ၏။

ပထမရွေးချယ်မှုက စာပေ၊အနုပညာနှင့်သက်ဆိုင်သည့် ရုပ်ရှင်များကိုသာလုပ်နိုင်ပြီး နောက်ရွေးချယ်မှုတစ်ခုက စွန့်စားခန်းရုပ်ရှင်များနှင့် အက်ရှင်ကားများစွာတွင် အသုံးဝင်လေသည်။ ကြည့်ရှုသူ၏ ကိုယ်ခန္ဓာ၌ ပြဿနာတစ်စုံတစ်ရာရှိမနေလျှင် နောက်ရွေးချယ်မှုက သင့်တော်လှ၏။ သို့သော်လည်း လူတိုင်းလိုလို ဇာတ်လိုက်၏ တောင်ကိုကျော်၊ ပင်လယ်ကိုဖြတ်၍ များစွာသော မွန်းစတားကြီးများအား သတ်ဖြတ်ခြင်းအမှုကို လိုက်မလုပ်နိုင်ကြပေ။

သို့သော်လည်း ယခုအာကာသယာဥ်ပေါ်မှ ရုပ်ရှင်ခန်းထဲမှ ရုပ်ရှင်ကားများက နောက်ရွေးချယ်မှုသာ လုပ်နိုင်သည့် အမျိုးအစားဖြစ်လေသည်။

အက်ဂါက သူ၏အရှေ့မှ မိုက်ခရိုချစ်ပ်ပြားများအား မွှေနှောက်ရှာပြီးနောက် ရုပ်ရှင်ကားတိုင်းလိုလို စိတ်ခံစားချက်ကို အလွန်လှုံဆော်ပေးနိုင်သောကားများဖြစ်ကြောင်း တွေ့လိုက်ရလေသည်။ ထို့​ကြောင့် အက်ဂါမနေနိုင်တော့ပဲ မျက်မှောင်ကြီး စုကျုတ်ထားလေတော့၏။

သားရဲတစ်ပိုင်းလူသားငယ်လေးပုံစံက ကြောက်ရွံ့တတ်ဟန်ရှိလေ၏။ ယခုနက အာကာသယာဥ်လှုပ်ရှားသွားခဲ့စဥ်ကလည်း သူလေးအလွန်ကြောက်ရွံ့သွားခဲ့သေး၏။ ရှုရှု့အား အမြန်ဆုံးနှုန်းဖြင့် ပြုတ်ကျသည့်အတွေ့အကြုံကို ခံစားကြည့်ခိုင်းလျှင် ရှုရှု့အား နှိပ်စက်နေသည်နှင့် တူနေပေဘူးလား။ ထိုရုပ်ရှင်ကားများက သားရဲတစ်ပိုင်းလူသား တစ်ယောက်ကြည့်ရန် မသင့်တော်ပေ။

အက်ဂါက အချိန်အတော်ကြာစဥ်းစားပြီးနောက် အချစ်ရုပ်ရှင်ကားများအား ရုတ်တရက်သတိရသွား၏။

ထို့ကြောင့် အက်ဂါက ထပ်မွှေလိုက်ရာ "နွေးထွေးလှသော ချစ်ခြင်းမေတ္တာ"၊"နွေဦးလေပြေတွင် ကြားလေမသွေးရလေအောင် ပွေ့ဖက်ကြမည်"၊"သားရဲအချစ်တော်".....စသည့်အချစ်ရုပ်ရှင်ကားများအား ရှာတွေ့သွားလေသည်။ အက်ဂါ၏အတိတ်ကအတွေ့အကြုံအချို့က အချစ်ကားများကိုမနှစ်သက်စေသော်လည်း သားရဲတစ်ပိုင်းလူသားငယ်လေးကတော့ နှစ်သက်ပေလိမ့်မည်။ ထိုသို့တွေးကာ အက်ဂါက "နွေဦးလေပြေတွင် ကြားလေမသွေးရလေအောင် ပွေ့ဖက်ကြမည်" ဆိုသည့် ရုပ်ရှင်ကားအား ရွေးချယ်လိုက်လေ၏။

အက်ဂါက ထိုရုပ်ရှင်ကားအားမကြည့်ဖူးသေးသော်လည်း ခေါင်းစဥ်ကိုကြည့်ကာ ငယ်ကျွမ်းဆွေနှစ်ယောက်၏အချစ်အား ပုံဖော်ရိုက်ကူးထားသည်ဟု အက်ဂါခန်မှန်းမိလိုက်၏။ ထိုသို့ဆိုလျှင် တော်ဝင်ဖေဖေနှင့်အတူကြည့်ခဲ့ဖူးသည့် ရုပ်ရှင်ကားထဲကလို အိမ်ရှေ့စံမင်းသား၏စပ်ရှိန်းလှသော ဇာတ်အိမ်၊ စာသားများမပါနိုင်လောက်ပေ။

မိုက်ခရိုချစ်ပ်အား ထည့်ပြီးနောက် အက်ဂါက ရှုရှုနှင့်အတူတူကြည့်ရန် ဝင်ထိုင်လိုက်လေသည်။

"ကျွန်တော်တို့ မျက်မှန်တို့၊ ဦးထုပ်တို့ မဝတ်ရဘူးလားဟင်" ရှုရှုက သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းလိုက်၏။

"ဒီလို ရုပ်ရှင်ခန်းလေးတွေထဲမှာ အဲ့ပစ္စည်းတွေမလိုဘူး။ ဒါပေမဲ့ ရုပ်ရှင်ရုံမှာ သွားကြည့်မယ်ဆိုရင်တော့ အဲ့တာတွေဝတ်ရမှာ" အက်ဂါက ပြသရန်စတင်သည့်ခလုတ်အားနှိပ်ရင်း ရှုရှု့အား ရှင်းပြ၏။

ယနေ့ခေတ်တွင် လှပချောမောသောဇာတ်ကောင်အများစုကိုသုံးကာ ရုပ်ရှင်ရိုက်နိုင်သောကြောင့် သရုပ်ဆောင်များက ရုပ်ရှင်ရိုက်ရန်ပင်မလိုအပ်ပေ။ ထိုရုပ်ရှင်များ၏ ရှုခင်းက ကြည့်ပျော်ရှုပျော်အနေအထားများရှိလေ၏။ ယခုအခါအကြီးစားရုပ်ရှင်များကို ရုပ်ရှင်ပြုလုပ်ရာနေရာတွင် ရိုက်ကူးနိုင်ပြီးကုန်ကျစရိတ်သေးငယ်သည့်ရုပ်ရှင်ကားများအတွက် ပေါင်းစပ်ထားသောရှုခင်းပုံစံများကို ငွေအနည်းငယ်ဖြင့် ဝယ်ယူကာ ရုပ်ရှင်ထုတ်လုပ်နိုင်သည်။

"နွေဦးလေပြေတွင် ကြားလေမသွေးရလေအောင် ပွေ့ဖက်ကြမည်"၏ နောက်ခံရှုခင်းမှာလည်း အလွန်လှပလေ၏။ ရေကူးကန်နောက်ခံနှင့် ရေကူးကန်ဝန်းကျင်တွင် ပန်းများဖူးပွင့်ဝေနေသောသစ်ပင်များလည်း ရှိလေ၏။ လေတစ်ချက်ဝေ့လိုက်တိုင်း ပွင့်ဖတ်လေးများ ကြွေကျနေ၏။ ထိုပွင့်ဖတ်များက ရေကူးကန်ထဲကျဆင်းလာပြီး ရေကန်ထဲရှိနေဆဲ ပြိုင်ဘက်ကင်းလှပသော သားရဲတစ်ပိုင်းလူသားလေးပေါ်လည်း ကျဆင်းလာလေ၏။

ရှုရှုက ရေကူးကန်ဘောင်ပေါ်ထိုင်နေပြီး ကြွေဆင်းလာသော ပွင့်ဖတ်များက သူ့အပေါ်ကျရောက်လာသကဲ့သို့ ခံစားနေမိလေသည်။ ရှုရှုမှာ သက်ပြင်းလေးသာချနိုင်တော့၏။ "သေလောက်အောင်လှတယ်"

ဤနေရာက ကောင်းကင်ဘုံတစ်ခုလိုပင်။ ထို့အပြင် ရုပ်ရှင်ကလည်း ထိပ်တန်းရုပ်ရှင်ကားဖြစ်ကာ နစ်မြောဖွယ်ကောင်းလွန်းလှသည်။ ရှုရှုက ကမ္ဘာမြေပေါ်မှ 3D ရုပ်ရှင်ကြည့်နိုင်ကြသော ကမ္ဘာသူ၊ကမ္ဘာသားတို့အား မနာလိုမဖြစ်တော့ပေ။

ရှုရှုက..ရှုမျော်ခင်းကိုကြည့်နေသည်ဖြစ်သော်လည်း....အက်ဂါမှာတော့ အဆင်မပြေတော့ချေ။ ဘယ်လိုဖြစ်ပြီး ရုပ်ရှင်ကားမှာ သားရဲတစ်ပိုင်းလူသားတစ်ယောက် ရေချိုးတဲ့အခန်းပါနေရတာလဲ...။

သားရဲတစ်ပိုင်းလူသားများက သူတို့၏တွဲဖက်သားရဲလူသားများ အခြားသားရဲတစ်ပိုင်းလူသားကို​ ကြည့်ခြင်းအပေါ်မကြိုက်ကြပေ။ ရေချိုးနေသော သားရဲတစ်ပိုင်းလူသားအား စိတ်မဝင်စားကြောင်း အက်ဂါက ရှုရှု့အားပြလိုသေး၍ ထိုသားရဲတစ်ပိုင်းလူသားဆီမကြည့်ပဲ ရှုရှု့ကိုသာ မျက်တောင်မခတ်စိုက်ကြည့်နေလိုက်လေသည်။ 3D ရုပ်ရှင်ကို ရုပ်ရှင်ခန်းထဲတွင် ကြည့်နေသော်လည်း အခန်းထဲမှ လူအချင်းချင်း ဆက်သွယ်ပြောဆိုနိုင်သေး၏။

"ခင်ဗျား ကျွန်တော့်ကို ဘာလို့ကြည့်တာလဲဟင်။ ခင်ဗျား ဘာမြင်လို့လဲ" ရှုရှုက နားမလည်၍မေးလိုက်၏။

"အိုးးသူက ရှုရှုလေးလောက် ကြည့်မကောင်းဘူးလေ" အက်ဂါက အတည်ပေါက်ကြီး ပြောချလိုက်လေသည်။

"တကယ်...တကယ်ကြီးလား။ ဟီးးးဟီးးဟိ" ရှုရှုက ကြက်ဖလေးလိုရင်ကိုကော့လျက် တဟီးဟီးရယ်ကာ ရုပ်ရှင်ဆက်ကြည့်နေတော့၏။

ရေချိုးနေသည့် သားရဲတစ်ပိုင်းလူသားလေးက ရေကူးကန်ထဲတွင် မတ်တပ်ရပ်လိုက်ရာ လှပသော ဗွီပုံသဏ္ဍာန်ကောက်ကြောင်းလေး ပေါ်ထွက်လာ၏။

သူ့ပုံက တကယ့်ကိုကြည့်ကောင်းတာပဲ။ ရှုရှုရဲ့ ဗိုက်ကလေးဆို ဗိုက်ခေါက်ကလေးကို ထွက်လို့..။

ရှုရှုက ခါးတုတ်သည့်အထဲမပါဝင်သော်လည်း သူ၏ကောက်ကြောင်းက ထိုသားရဲတစ်ပိုင်းလူသားလောက် ဆွဲဆောင်နိုင်အားမရှိပေ။ ရှုရှုက ဝမ်းနည်းသွားကာ အက်ဂါ့အား ဆက်၍မကြည့်စေချင်တော့ပေ။ ထိုလူ၏ပုံစံက ရှုရှု့ထက်ပိုလှကြောင်း သူ့တပည့်တွေ့သွားရင် ဘယ်လိုလုပ်မလဲ...။

ဒါနဲ့ သူတပည့်က သူ့ကိုယ်ကို ခဏခဏမြင်ဖူးသလားလို့။

ရှုရှုလည်း ဆက်သာကြည့်နေလိုက်တော့၏။ ထိုအချိန်တွင် ရေကူးကန်ဘေး သစ်ပင်၏အနောက်မှ ဝံပုလွေကြီးတစ်ကောင် ထွက်လာသည်ကို တွေ့လိုက်ရ၏။

ဇာတ်ဝင်ခန်းက စပြီ...။ အဲ့ဒီဝံပုလွေကြီးက သားရဲတစ်ပိုင်းလူသားကို စားတော့မလို့လား မသိဘူး။ အဲ့ဒီအချိန် သူရဲကောင်းကြီးက အလှလေးကို ကယ်တဲ့ဇာတ်ဝင်ခန်းမျိုး ဖြစ်လာမလား။ ရှုရှု၏ မျက်လုံးလေးများမှာ အရောင်တလဲ့လဲ့တောက်ပသွားပြီး ရှုရှုက ပျော်ရွှင်စွာဆက်၍ကြည့်နေတော့၏။ မည်သို့ပင်ဆိုစေ...ဤရုပ်ရှင်ကားက စိတ်ကူးယာဥ်ဖန်တီးထားတာပဲလေ။

အက်ဂါက သူချစ်သောသားရဲတစ်ပိုင်းလူသားငယ်လေး၏ ပျော်ရွှင်နေပုံကို ​မမောပန်းနိုင်ကြည့်နေလေသည်။ ရေပက်သံ တစ်ဗွက်ဗွက်နှင့် ရုပ်ရှင်အား သူ၏ဂုဏ်သိက္ခာအတွက် အက်ဂါမကြည့်ပဲနေလိုက်တော့၏။

"ဝိုးးးးးး"ရှုရှုက အံ့သြတကြီး ပင့်သက်ရှိုက်လိုက်မိ၏။ ဝံပုလွေကြီးက တကယ့်ကို သားရဲလူသားဟ။ အိုးးးကြည့်ပါဦး ဘာမှဝတ်မထားတဲ့ သားရဲလူသားကြီး။ ဒီလူ့ရဲ့ကိုယ်က သားရဲတစ်ပိုင်းလူသားထက်ပိုပြီး ကြည့်ကောင်းတာပဲ။ ရှုရှုက ထိုသားရဲလူသား၏ ချောကလက်ခဲများကို ကိုင်ကြည့်ချင်စိတ်ဖြစ်ပေါ်လာလေသည်။ ချောကလက်ခဲ၏ အောက်မှပစ္စည်းက......အဟမ်းးး။ ရှုရှုက သူ့ထက်သန်စွမ်းတဲ့ ပိုင်ဆိုင်မှုရှိတဲ့ ယောက်ျားတွေကို မုန်းတယ်...။

"အက်ဂါရေ...ခင်ဗျားကျွန်တော့်ကိုပဲ ကြည့်နေနော်။ အဲ့ဒီရုပ်ရှင်ကို မကြည့်နဲ့" ရှုရှု့က တပည့်ကြီးအားပြောလိုက်၏။ သူ့တပည့်ရဲ့ကိုယ်က ပိုတောင်မိုက်သေးတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ်....သူ့တပည့်ကို ဒီပုံတွေ မြင်ခွင့်မပေးနိုင်ပါဘူး။

သူ့အချစ်လေးက သဝန်တိုနေတာတဲ့လားးးး။ အက်ဂါမှာ အပျော်လွန်သွားလေသည်။

ထိုအချိန်တွင် ဝံပုလွေသားရဲလူသားက ရေကူးကန်ထဲခုန်ချကာ ရေကူးကန်ထဲမှ သားရဲတစ်ပိုင်းလူသားလေးအား သိုင်းဖက်လိုက်၏။ သူတို့နှစ်ဦးက တစ်ဦးကိုတစ်ဦးဖက်တွယ်ရင်း ​နမ်းရှိုက်နေကြပြီး သားရဲလူသားက သားရဲတစ်ပိုင်းလူသားလေးအား ရေကူးကန်နံဘေးဆီသို့ ချီမသွားလိုက်လေသည်။

ဤကမ္ဘာက ကြယ်တစ်ခုနှင့်တစ်ခုခြားအလွယ်တကူ သွားလာနိုင်သည့်ခေတ်အခါဖြစ်၍ အလွန်ပွင့်လင်းမြင်သာမှုရှိလေသည်။ ထိုကဲ့သို့ လိင်ဆက်ဆံသည့်ရုပ်ရှင်ကားက အပယ်မခံရပေ။ ဤသို့ အလှရသနှင့်ပြည့်စုံသော ဇာတ်ဝင်ခန်းမျိုးကို ထိပ်တန်းရုပ်ရှင်ဇာတ်ကားတွင်လည်း တွေ့နိုင်လေရာ ရှုရှုသဘောမကျပဲမနေနိုင်တော့ချေ။

ကမ္ဘာမြေတွင် သူ၏ပိုင်ရှင်များ ထိုကဲ့သို့ ဆင်ဆာပါသည့်ရုပ်ရှင်ကားကိုကြည့်ချင်လျှင် "တရုတ်ပြည်၏ မဟာမီးတံတိုင်း"(Firewall)၏ အပြင်ဘက်ထွက်ကာ ကြည့်ရ၏။

ရှုရှုကအတည်ပေါက်ကြီး ကြည့်ကာ သားရဲလူသားနှင့် သားရဲတစ်ပိုင်းလူသားကြား မည်ကဲ့သို့ စပ်ယှက်ကြသည်ကို စောင့်ကြည့်လေ့လာရန် ပြင်ဆင်ထားလေသည်။ ထိုအချိန် အက်ဂါက တစ်စုံတစ်ခုမှားယွင်းနေသလို ခံစားလိုက်ရ၏။

ကျေနပ်သွားတဲ့အော်သံ၊ သာယာနေတဲ့ညည်းသံတွေကို ဘာလို့ကြားနေရတာလဲ။

ခပ်မြန်မြန်ပဲ ခေါင်းလှည့်ကြည့်လိုက်ရာ အက်ဂါက ရုပ်ရှင်၏အဓိကနေရာအား ကြည့်မိရက်သားဖြစ်သွားလေသည်။

ဒီအချစ်ကားက တကယ်ကြီး ဒီလိုမျိုးဇာတ်ကားလား။ ပြီး​တော့ သူ့ရဲ့သားရဲတစ်ပိုင်းလူသားလေးက တကယ်ပဲ ကြည်နေတယ်။ အက်ဂါက ရုပ်ရှင်ကားအား အခုချက်ချင်းမြန်မြန်ပိတ်ပစ်ချင်သော်လည်း ပိတ်ဖို့အချိန်ယူရသေးပေရာ အလွန်စိတ်မောသွားရလေသည်။ ထို့ကြောင့် ချက်ချင်းပဲ သားရဲပုံစံအားပြောင်းကာ သူ့အမြီးဖြင့် ရုပ်ရှင်ခန်းအား ဖျက်စီးပစ်လိုက်တော့၏။

ရုပ်ရှင်ရုံအသေးစားလေးက ကြယ်ကိုးပွင့်အဆင့် သားရဲလူသားတစ်ဦး၏ အားကိုအဘယ်သို့ ခံနိုင်ပါမည်နည်း။ 3D ရုပ်ရှင်ကားမှ ပုံရိပ်ယောင်များ ချက်ချင်းပျောက်ကွယ်သွားကာ ပျက်စီးနေသော ရုပ်ရှင်ရုံလေးက ရှုရှု၏မျက်စိရှေ့တွင် ပေါ်ထွက်လာလေ၏။

"ခင်ဗျား ဒါဘာလုပ်တာလဲ" ရှုရှုက အက်ဂါအား ဒေါသတကြီးအော်လိုက်လေ၏။ ကြည့်နေတာ တကယ့်ကောင်းခန်းရောက်မှကွာ...။

"မင်း ကြည့်လို့မရဘူး" အက်ဂါကပြောလိုက်၏။

"ဘာလို့လဲ" ရှုရှုက မျက်မှောင်ကြုတ်လျက် ပြန်မေး၏။ "အဲ့ဒီကိစ္စက ပုံမှန်ပဲမဟုတ်ဘူးလား။ ဘာလို့ မကြည့်ပဲနေရမှာလဲ" ရှုရှုက သားရဲများ မိတ်လိုက်သည်ကို ကြည့်ဖူးပြီး မြွေအချင်းချင်း မိတ်လိုက်သည်ကိုပင်ကြည့်ခဲ့ဖူး၏။ မြွေနှစ်ကောင် ရစ်ပတ်ထွေးလုံးနေတုန်းကတောင် ကြည့်လို့အဆင်ပြေခဲ့သေးတာကို...။

"မင်းက ငယ်လွန်းသေးတယ်။ မင်းလုံးဝမကြည့်ရဘူး" အက်ဂါကအမူအရာမဲ့စွာဖြင့် ပြန်ဖြေနေသော်လည်း တကယ်တမ်းတွင် ခေါင်းထိပ်မှမီးခိုးထွက်​တော့မတတ် မျက်နှာပူနေလေသည်။

သားရဲတစ်ပိုင်းလူသားလေးက ဒီလိုရုပ်ရှင်မျိုး ကြည့်တယ်တဲ့...။

အက်ဂါ၏ပုံစံမှာ အနည်းငယ်ခက်ထန်နေလေ၏။ ရှုရှုကယခုထိ ဘဝင်မကျသေးသော်လည်း အက်ဂါ့အား မလွန်ဆန်နိုင်ပေ။ တစ်ချိန်တည်းမှာပင် သက်ပြင်းခိုးချမိလိုက်တော့၏။ သူ့တပည့်က တကယ်ကြီးကို အဖြူထည်လေး....ရိုးသားတဲ့ဖိုးသခွားလေး...လက်ထပ်ထားတဲ့စုံတွဲဆီက အခွင့်အရေးယူ ချောင်းမကြည့်ဘူး...။

"တစ်ခုခုစားဖို့ ထမင်းစားခန်းထဲ ခေါ်သွညးပေးမယ်။ ဒီအာကာသယာဥ်ပေါ်မှာ စားဖိုမှူးတစ်ယောက်ပါတယ်။ သူက ဟင်းအများကြီး ချက်တတ်တယ်တဲ့" အက်ဂါက ရှုရှုအာရုံပြောင်းသွားအောင် ချော့မောနေ၏။

ရှုရှုကလည်း မကျေမနပ်ဖြစ်သည့်အကြောင်းအား ရုတ်တရက်မေ့သွားလေသည်။ သူက ယောက်ျားနှစ်ယောက်ကြားမှ နက်ရှိုင်းသောဆက်ဆံရေးအား မတွေ့လိုက်ရသော်လည်း အစားအသောက်က ရှုရှု၏ပထမဦးစားပေးဖြစ်လေသည်။

အက်ဂါက ရှုရှု့အားထမင်းစားခန်းထဲခေါ်သွားကာ နေ့လယ်စာကို ဂျွန်းနှင့်အတူစားခိုင်းနှင့်လိုက်၏။ သူကိုယ်တိုင်ကတော့ ကုန်တင်အာကာသယာဥ်၏ အောက်ဆုံးအပိုင်းဆီ လျှောက်လာလေသည်။

...........,🐍👑🐍👑🐍👑🐍👑..........

11179 words
15.9.2021

👑႐ုပ္ရွင္တူတူၾကည့္ရင္း အခ်ဥ္အိုးကြဲသြားတယ္👑

(Zawgyi)

ကုန္တင္အာကာသယာဥ္မွ ျပတင္းေပါက္ပါေသာ အာကာသယာဥ္ဆီသို႔​ ေျပာင္းစီးခြင့္ရသျဖင့္ ရႈရႈအရမ္းေပ်ာ္ေနရသည္။ သို႔ေသာ္ ယာဥ္ႀကီးအား ယမ္းခါသြား၍ အတိုက္ခိုက္ခံေနရသလားဟု ထင္မိသြားေလသည္။

အာကာသယာဥ္ႀကီး လႈပ္ယမ္းေနစဥ္ ရႈရႈ၏မ်က္ႏွာေလးမွာ ျဖဴဆုတ္သြားခဲ့ရ၏။ သူက အနီးအနား တြင္းေလးတူးကာ ပုန္းလိုက္ခ်င္မိ၏။ ကံေကာင္းစြာပင္ အာကာသယာဥ္လႈပ္ခါသြားခ်ိန္က သိပ္မၾကာလိုက္ေပ။ မၾကာမီပင္ တစ္စုံတစ္ေယာက္က ပိုေကာင္းေသာ အာကာသယာဥ္ကို သိမ္းယူနိုင္ခဲ့ေၾကာင္း၊ ထိုယာဥ္ႀကီးအား ေဆး​ေၾကာၿပီးပါက စိတ္တိုင္းက် ကစားနိုင္​ေၾကာင္း ရႈရႈတို႔အား အေျပးကေလး လာေျပာျပေလသည္။

ေအာ္....ခုနကလႈပ္သြားတာက တျခားအာကာသယာဥ္နဲ႕တိုက္ခိုက္ေနတာေၾကာင့္ေပါ့။ ဒီအက္ဂါကေတာ့ ေနာက္ထပ္အာကာသယာဥ္ ထပ္လုေနျပန္ၿပီ...။

ရႈရႈက ရွိုးတို႔ရႈန့္တန့္ႏွင့္ ေၾကာက္တတ္ေသာ ဟမ္းစတားေလးျဖစ္ေလရာ သူ၏ေျခေထာက္မ်ား တုန္ယင္ေနျခင္းအေပၚ ယခုထိ မထိန္းခ်ဳပ္နိုင္ေသးေပ။

မဟုတ္ဘူး...။ သူဒီလိုျဖစ္မေနသင့္ဘူး။ သားရဲတစ္ပိုင္းလူသား ျဖစ္တဲ့ ဂြၽန္းကေတာင္ မေၾကာက္ေသးတာ...။ သားရဲလူသားျဖစ္တဲ့ ရႈရႈက ဘာလို႔ေၾကာက္ရမွာလဲ။

ရႈရႈက အတတ္နိုင္ဆုံးထိန္းခ်ဳပ္နိုင္ခဲ့ၿပီး မၾကာမီ ပို၍ႀကီးမားေသာ အာကာသယာဥ္ေပၚသို႔ ေရာက္ရွိသြားခဲ့ေလသည္။

ကုန္တင္ယာဥ္တြင္ ကုန္တင္ဖို႔ရန္ ႀကီးမားက်ယ္ျပန့္ေသာ ေနရာလြတ္ႀကီးသာ ရွိသည္။ ကမီရယ္၏ အာကာသယာဥ္မွာလည္း ပစၥည္းမ်ားသိပ္မရွိပဲ အခြံနီးနီးလြတ္ေနေလသည္။ သို႔ေသာ္ ယခုသိမ္းယူထားသည့္ အာကာသယာဥ္တြင္ ပစၥည္းအသစ္အဆန္းမ်ားစြာရွိေနေလသည္။

နားေနအပန္းေျဖခန္း၊ ႐ုပ္ရွင္ခန္း၊ အရက္ဘားႏွင့္ ေရကူးကန္အပါအဝင္ ရႈရႈတစ္ခါမွ်မေတြးဖူးေသာ အရာမ်ားစြာပါရွိေလသည္။

ရႈရႈက အာကာသယာဥ္အား တစ္ပတ္ပတ္ၾကည့္ရင္း အံ့ၾသတုန္လႈပ္ေနရွာ၏။"ဒီမွာ ပစၥည္းေတြ တကယ့္ကိုအမ်ားႀကီးပဲဟ"

"သိပ္ေတာ့မဟုတ္ပါဘူးကြာ။ ေနာက္က်ရင္ ဒီထက္ပိုေကာင္းတဲ့ယာဥ္ဆီ ကိုယ္ေခၚသြားေပးမယ္" အက္ဂါက ​ေျပာေလသည္။ သူ၏မိဘထံတြင္ ကိုယ္ပိုင္အာကာသယာဥ္တစ္စင္းရွိၿပီး စိတ္အပန္းေျပဖို႔ လုပ္နိုင္သည့္အရာမ်ားစြာပါရွိေလ၏။ ထိုအာကာသယာဥ္တြင္ ကျပေဖ်ာ္ေျဖသည့္ အဖြဲ႕ပင္ပါရွိေလသည္။ အက္ဂါလည္း ရႈရႈေလးကို ထိုအာကာသယာဥ္ဆီ ေသခ်ာေပါက္ ေခၚသြားရမည္။

ဒီေလာက္ေကာင္းတဲ့ အာကာသယာဥ္ကို ဒီလိုေျပာစရာလား။ ရႈရႈက ႐ုတ္တရက္ႀကီး ခ်မ္းသာသူမ်ားအေပၚ စိတ္အခ်ဥ္ေပါက္သြားရ၏။

"ကြၽန္ေတာ္က ဒီကဘာသာစကားကို ေတာ္ေတာ္ေလးသင္ၿပီးေနၿပီ။ ကြၽန္ေတာ္လည္းေတာ္ေတာ္နားလည္ေနၿပီဆိုေတာ့ ကြၽန္ေတာ္တို႔ ႐ုပ္ရွင္ၾကည့္ၾကရင္ေကာ" ရႈရႈက ႐ုပ္ရွင္ခန္းႀကီးအား လက္ညွိုးထိုးရင္းေျပာလိုက္၏။ ရႈရႈမလုပ္နိုင္သည့္အရာမ်ားရွိေနေသးၿပီး သင္ယူရဦးမည္ျဖစ္ေသာ္လည္း ႐ုပ္ရွင္ၾကည့္ျခင္းက ျပႆနာမရွိေပ။

ရႈရႈၾကည့္ရသည့္ တီဗြီမွာ ကမၻာေျမမွ တီဗြီႏွင့္ဖန္သားမ်က္ႏွာျပင္ေလးသာ ကြဲျပားၿပီးသိပ္မကြာေပ။ ဤကမၻာမွ ကေလးမ်ားၾကည့္ရသည့္တီ​ဗြီက ေနာက္ဆုံးေပၚနည္းပညာျမင့္မ်ားစြာ သုံးခြင့္မျပဳထားေပ။

သို႔ေသာ္ လူႀကီးမ်ားအတြက္ ႐ုပ္ရွင္႐ုံကေတာ့ ကြာျခားခ်က္မ်ားစြာရွိေလသည္။ ဤအာကာသယာဥ္မွ ႐ုပ္ရွင္ခန္းက စုံလိုက္အသံထုတ္လႊင္ေပးေသာ စတီရီယိုစနစ္ျဖင့္ 3D၊ 4Dမ်ားကို သေဘာက်ၾကည့္နိုင္ၿပီး ႐ုပ္ရွင္ထဲ ကိုယ္တိုင္ဝင္ေရာက္ၾကည့္နိုင္ေလသည္။

တစ္ခ်ိန္တည္းမွာပင္ ႐ုပ္ရွင္ကားထဲတြင္ ​ပြဲၾကည့္ပရိတ္သတ္အျဖစ္ေ႐ြးခ်ယ္ၿပီး သ႐ုပ္​ေဆာင္မင္းသားမ်ားေဘး အနီးကပ္ထိုင္ကာ သူတို႔၏သ႐ုပ္ေဆာင္မႈမ်ားကို ၾကည့္နိုင္သလို ၾကည့္ရႈသူက မင္းသားမ်ား၏ လုပ္ေဆာင္ခ်က္အတိုင္းလိုက္လုပ္ကာ သ႐ုပ္ေဆာင္မ်ားႏွင့္အတူ ရင္ခုန္စိတ္လႈပ္ရွားနိုင္သည့္ ေ႐ြးခ်ယ္မႈလည္းပါရွိ၏။

ပထမေ႐ြးခ်ယ္မႈက စာေပ၊အႏုပညာႏွင့္သက္ဆိုင္သည့္ ႐ုပ္ရွင္မ်ားကိုသာလုပ္နိုင္ၿပီး ေနာက္ေ႐ြးခ်ယ္မႈတစ္ခုက စြန့္စားခန္း႐ုပ္ရွင္မ်ားႏွင့္ အက္ရွင္ကားမ်ားစြာတြင္ အသုံးဝင္ေလသည္။ ၾကည့္ရႈသူ၏ ကိုယ္ခႏၶာ၌ ျပႆနာတစ္စုံတစ္ရာရွိမေနလွ်င္ ေနာက္ေ႐ြးခ်ယ္မႈက သင့္ေတာ္လွ၏။ သို႔ေသာ္လည္း လူတိုင္းလိုလို ဇာတ္လိုက္၏ ေတာင္ကိုေက်ာ္၊ ပင္လယ္ကိုျဖတ္၍ မ်ားစြာေသာ မြန္းစတားႀကီးမ်ားအား သတ္ျဖတ္ျခင္းအမႈကို လိုက္မလုပ္နိုင္ၾကေပ။

သို႔ေသာ္လည္း ယခုအာကာသယာဥ္ေပၚမွ ႐ုပ္ရွင္ခန္းထဲမွ ႐ုပ္ရွင္ကားမ်ားက ေနာက္ေ႐ြးခ်ယ္မႈသာ လုပ္နိုင္သည့္ အမ်ိဳးအစားျဖစ္ေလသည္။

အက္ဂါက သူ၏အေရွ႕မွ မိုက္ခရိုခ်စ္ပ္ျပားမ်ားအား ေမႊႏွောက္ရွာၿပီးေနာက္ ႐ုပ္ရွင္ကားတိုင္းလိုလို စိတ္ခံစားခ်က္ကို အလြန္လႈံေဆာ္ေပးနိုင္ေသာကားမ်ားျဖစ္ေၾကာင္း ေတြ႕လိုက္ရေလသည္။ ထို႔​ေၾကာင့္ အက္ဂါမေနနိုင္ေတာ့ပဲ မ်က္ေမွာင္ႀကီး စုက်ဳတ္ထားေလေတာ့၏။

သားရဲတစ္ပိုင္းလူသားငယ္ေလးပုံစံက ေၾကာက္႐ြံ႕တတ္ဟန္ရွိေလ၏။ ယခုနက အာကာသယာဥ္လႈပ္ရွားသြားခဲ့စဥ္ကလည္း သူေလးအလြန္ေၾကာက္႐ြံ႕သြားခဲ့ေသး၏။ ရႈရႈ႕အား အျမန္ဆုံးႏႈန္းျဖင့္ ျပဳတ္က်သည့္အေတြ႕အႀကဳံကို ခံစားၾကည့္ခိုင္းလွ်င္ ရႈရႈ႕အား ႏွိပ္စက္ေနသည္ႏွင့္ တူေနေပဘူးလား။ ထို႐ုပ္ရွင္ကားမ်ားက သားရဲတစ္ပိုင္းလူသား တစ္ေယာက္ၾကည့္ရန္ မသင့္ေတာ္ေပ။

အက္ဂါက အခ်ိန္အေတာ္ၾကာစဥ္းစားၿပီးေနာက္ အခ်စ္႐ုပ္ရွင္ကားမ်ားအား ႐ုတ္တရက္သတိရသြား၏။

ထို႔ေၾကာင့္ အက္ဂါက ထပ္ေမႊလိုက္ရာ "ႏြေးေထြးလွေသာ ခ်စ္ျခင္းေမတၱာ"၊"ႏြေဦးေလေျပတြင္ ၾကားေလမေသြးရေလေအာင္ ေပြ႕ဖက္ၾကမည္"၊"သားရဲအခ်စ္ေတာ္".....စသည့္အခ်စ္႐ုပ္ရွင္ကားမ်ားအား ရွာေတြ႕သြားေလသည္။ အက္ဂါ၏အတိတ္ကအေတြ႕အႀကဳံအခ်ိဳ႕က အခ်စ္ကားမ်ားကိုမႏွစ္သက္ေစေသာ္လည္း သားရဲတစ္ပိုင္းလူသားငယ္ေလးကေတာ့ ႏွစ္သက္ေပလိမ့္မည္။ ထိုသို႔ေတြးကာ အက္ဂါက "ႏြေဦးေလေျပတြင္ ၾကားေလမေသြးရေလေအာင္ ေပြ႕ဖက္ၾကမည္" ဆိုသည့္ ႐ုပ္ရွင္ကားအား ေ႐ြးခ်ယ္လိုက္ေလ၏။

အက္ဂါက ထို႐ုပ္ရွင္ကားအားမၾကည့္ဖူးေသးေသာ္လည္း ေခါင္းစဥ္ကိုၾကည့္ကာ ငယ္ကြၽမ္းေဆြႏွစ္ေယာက္၏အခ်စ္အား ပုံေဖာ္ရိုက္ကူးထားသည္ဟု အက္ဂါခန္မွန္းမိလိုက္၏။ ထိုသို႔ဆိုလွ်င္ ေတာ္ဝင္ေဖေဖႏွင့္အတူၾကည့္ခဲ့ဖူးသည့္ ႐ုပ္ရွင္ကားထဲကလို အိမ္ေရွ႕စံမင္းသား၏စပ္ရွိန္းလွေသာ ဇာတ္အိမ္၊ စာသားမ်ားမပါနိုင္ေလာက္ေပ။

မိုက္ခရိုခ်စ္ပ္အား ထည့္ၿပီးေနာက္ အက္ဂါက ရႈရႈႏွင့္အတူတူၾကည့္ရန္ ဝင္ထိုင္လိုက္ေလသည္။

"ကြၽန္ေတာ္တို႔ မ်က္မွန္တို႔၊ ဦးထုပ္တို႔ မဝတ္ရဘူးလားဟင္" ရႈရႈက သိခ်င္စိတ္ျပင္းျပစြာျဖင့္ ေမးျမန္းလိုက္၏။

"ဒီလို ႐ုပ္ရွင္ခန္းေလးေတြထဲမွာ အဲ့ပစၥည္းေတြမလိုဘူး။ ဒါေပမဲ့ ႐ုပ္ရွင္႐ုံမွာ သြားၾကည့္မယ္ဆိုရင္ေတာ့ အဲ့တာေတြဝတ္ရမွာ" အက္ဂါက ျပသရန္စတင္သည့္ခလုတ္အားႏွိပ္ရင္း ရႈရႈ႕အား ရွင္းျပ၏။

ယေန႕ေခတ္တြင္ လွပေခ်ာေမာေသာဇာတ္ေကာင္အမ်ားစုကိုသုံးကာ ႐ုပ္ရွင္ရိုက္နိုင္ေသာေၾကာင့္ သ႐ုပ္ေဆာင္မ်ားက ႐ုပ္ရွင္ရိုက္ရန္ပင္မလိုအပ္ေပ။ ထို႐ုပ္ရွင္မ်ား၏ ရႈခင္းက ၾကည့္ေပ်ာ္ရႈေပ်ာ္အေနအထားမ်ားရွိေလ၏။ ယခုအခါအႀကီးစား႐ုပ္ရွင္မ်ားကို ႐ုပ္ရွင္ျပဳလုပ္ရာေနရာတြင္ ရိုက္ကူးနိုင္ၿပီးကုန္က်စရိတ္ေသးငယ္သည့္႐ုပ္ရွင္ကားမ်ားအတြက္ ေပါင္းစပ္ထားေသာရႈခင္းပုံစံမ်ားကို ေငြအနည္းငယ္ျဖင့္ ဝယ္ယူကာ ႐ုပ္ရွင္ထုတ္လုပ္နိုင္သည္။

"ႏြေဦးေလေျပတြင္ ၾကားေလမေသြးရေလေအာင္ ေပြ႕ဖက္ၾကမည္"၏ ေနာက္ခံရႈခင္းမွာလည္း အလြန္လွပေလ၏။ ေရကူးကန္ေနာက္ခံႏွင့္ ေရကူးကန္ဝန္းက်င္တြင္ ပန္းမ်ားဖူးပြင့္ေဝေနေသာသစ္ပင္မ်ားလည္း ရွိေလ၏။ ေလတစ္ခ်က္ေဝ့လိုက္တိုင္း ပြင့္ဖတ္ေလးမ်ား ေႂကြက်ေန၏။ ထိုပြင့္ဖတ္မ်ားက ေရကူးကန္ထဲက်ဆင္းလာၿပီး ေရကန္ထဲရွိေနဆဲ ၿပိဳင္ဘက္ကင္းလွပေသာ သားရဲတစ္ပိုင္းလူသားေလးေပၚလည္း က်ဆင္းလာေလ၏။

ရႈရႈက ေရကူးကန္ေဘာင္ေပၚထိုင္ေနၿပီး ေႂကြဆင္းလာေသာ ပြင့္ဖတ္မ်ားက သူ႕အေပၚက်ေရာက္လာသကဲ့သို႔ ခံစားေနမိေလသည္။ ရႈရႈမွာ သက္ျပင္းေလးသာခ်နိဳင္ေတာ့၏။ "ေသေလာက္ေအာင္လွတယ္"

ဤေနရာက ေကာင္းကင္ဘုံတစ္ခုလိုပင္။ ထို႔အျပင္ ႐ုပ္ရွင္ကလည္း ထိပ္တန္း႐ုပ္ရွင္ကားျဖစ္ကာ နစ္ေျမာဖြယ္ေကာင္းလြန္းလွသည္။ ရႈရႈက ကမၻာေျမေပၚမွ 3D ႐ုပ္ရွင္ၾကည့္နိုင္ၾကေသာ ကမၻာသူ၊ကမၻာသားတို႔အား မနာလိုမျဖစ္ေတာ့ေပ။

ရႈရႈက..ရႈေမ်ာ္ခင္းကိုၾကည့္ေနသည္ျဖစ္ေသာ္လည္း....အက္ဂါမွာေတာ့ အဆင္မေျပေတာ့ေခ်။ ဘယ္လိုျဖစ္ၿပီး ႐ုပ္ရွင္ကားမွာ သားရဲတစ္ပိုင္းလူသားတစ္ေယာက္ ေရခ်ိဳးတဲ့အခန္းပါေနရတာလဲ...။

သားရဲတစ္ပိုင္းလူသားမ်ားက သူတို႔၏တြဲဖက္သားရဲလူသားမ်ား အျခားသားရဲတစ္ပိုင္းလူသားကို​ ၾကည့္ျခင္းအေပၚမႀကိဳက္ၾကေပ။ ေရခ်ိဳးေနေသာ သားရဲတစ္ပိုင္းလူသားအား စိတ္မဝင္စားေၾကာင္း အက္ဂါက ရႈရႈ႕အားျပလိုေသး၍ ထိုသားရဲတစ္ပိုင္းလူသားဆီမၾကည့္ပဲ ရႈရႈ႕ကိုသာ မ်က္ေတာင္မခတ္စိုက္ၾကည့္ေနလိုက္ေလသည္။ 3D ႐ုပ္ရွင္ကို ႐ုပ္ရွင္ခန္းထဲတြင္ ၾကည့္ေနေသာ္လည္း အခန္းထဲမွ လူအခ်င္းခ်င္း ဆက္သြယ္ေျပာဆိုနိုင္ေသး၏။

"ခင္ဗ်ား ကြၽန္ေတာ့္ကို ဘာလို႔ၾကည့္တာလဲဟင္။ ခင္ဗ်ား ဘာျမင္လို႔လဲ" ရႈရႈက နားမလည္၍ေမးလိုက္၏။

"အိုးးသူက ရႈရႈေလးေလာက္ ၾကည့္မေကာင္းဘူးေလ" အက္ဂါက အတည္ေပါက္ႀကီး ေျပာခ်လိဳက္ေလသည္။

"တကယ္...တကယ္ႀကီးလား။ ဟီးးးဟီးးဟိ" ရႈရႈက ၾကက္ဖေလးလိုရင္ကိုေကာ့လ်က္ တဟီးဟီးရယ္ကာ ႐ုပ္ရွင္ဆက္ၾကည့္ေနေတာ့၏။

ေရခ်ိဳးေနသည့္ သားရဲတစ္ပိုင္းလူသားေလးက ေရကူးကန္ထဲတြင္ မတ္တပ္ရပ္လိုက္ရာ လွပေသာ ဗြီပုံသ႑ာန္ေကာက္ေၾကာင္းေလး ေပၚထြက္လာ၏။

သူ႕ပုံက တကယ့္ကိုၾကည့္ေကာင္းတာပဲ။ ရႈရႈရဲ႕ ဗိုက္ကေလးဆို ဗိုက္ေခါက္ကေလးကို ထြက္လို႔..။

ရႈရႈက ခါးတုတ္သည့္အထဲမပါဝင္ေသာ္လည္း သူ၏ေကာက္ေၾကာင္းက ထိုသားရဲတစ္ပိုင္းလူသားေလာက္ ဆြဲေဆာင္နိုင္အားမရွိေပ။ ရႈရႈက ဝမ္းနည္းသြားကာ အက္ဂါ့အား ဆက္၍မၾကည့္ေစခ်င္ေတာ့ေပ။ ထိုလူ၏ပုံစံက ရႈရႈ႕ထက္ပိုလွေၾကာင္း သူ႕တပည့္ေတြ႕သြားရင္ ဘယ္လိုလုပ္မလဲ...။

ဒါနဲ႕ သူတပည့္က သူ႕ကိုယ္ကို ခဏခဏျမင္ဖူးသလားလို႔။

ရႈရႈလည္း ဆက္သာၾကည့္ေနလိုက္ေတာ့၏။ ထိုအခ်ိန္တြင္ ေရကူးကန္ေဘး သစ္ပင္၏အေနာက္မွ ဝံပုေလြႀကီးတစ္ေကာင္ ထြက္လာသည္ကို ေတြ႕လိုက္ရ၏။

ဇာတ္ဝင္ခန္းက စၿပီ...။ အဲ့ဒီဝံပုေလြႀကီးက သားရဲတစ္ပိုင္းလူသားကို စားေတာ့မလို႔လား မသိဘူး။ အဲ့ဒီအခ်ိန္ သူရဲေကာင္းႀကီးက အလွေလးကို ကယ္တဲ့ဇာတ္ဝင္ခန္းမ်ိဳး ျဖစ္လာမလား။ ရႈရႈ၏ မ်က္လုံးေလးမ်ားမွာ အေရာင္တလဲ့လဲ့ေတာက္ပသြားၿပီး ရႈရႈက ေပ်ာ္႐ႊင္စြာဆက္၍ၾကည့္ေနေတာ့၏။ မည္သို႔ပင္ဆိုေစ...ဤ႐ုပ္ရွင္ကားက စိတ္ကူးယာဥ္ဖန္တီးထားတာပဲေလ။

အက္ဂါက သူခ်စ္ေသာသားရဲတစ္ပိုင္းလူသားငယ္ေလး၏ ေပ်ာ္႐ႊင္ေနပုံကို ​မေမာပန္းနိုင္ၾကည့္ေနေလသည္။ ေရပက္သံ တစ္ဗြက္ဗြက္ႏွင့္ ႐ုပ္ရွင္အား သူ၏ဂုဏ္သိကၡာအတြက္ အက္ဂါမၾကည့္ပဲေနလိုက္ေတာ့၏။

"ဝိုးးးးးး"ရႈရႈက အံ့ၾသတႀကီး ပင့္သက္ရွိုက္လိုက္မိ၏။ ဝံပုေလြႀကီးက တကယ့္ကို သားရဲလူသားဟ။ အိုးးးၾကည့္ပါဦး ဘာမွဝတ္မထားတဲ့ သားရဲလူသားႀကီး။ ဒီလူ႕ရဲ႕ကိုယ္က သားရဲတစ္ပိုင္းလူသားထက္ပိုၿပီး ၾကည့္ေကာင္းတာပဲ။ ရႈရႈက ထိုသားရဲလူသား၏ ေခ်ာကလက္ခဲမ်ားကို ကိုင္ၾကည့္ခ်င္စိတ္ျဖစ္ေပၚလာေလသည္။ ေခ်ာကလက္ခဲ၏ ေအာက္မွပစၥည္းက......အဟမ္းးး။ ရႈရႈက သူ႕ထက္သန္စြမ္းတဲ့ ပိုင္ဆိုင္မႈရွိတဲ့ ေယာက္်ားေတြကို မုန္းတယ္...။

"အက္ဂါေရ...ခင္ဗ်ားကြၽန္ေတာ့္ကိုပဲ ၾကည့္ေနေနာ္။ အဲ့ဒီ႐ုပ္ရွင္ကို မၾကည့္နဲ႕" ရႈရႈ႕က တပည့္ႀကီးအားေျပာလိုက္၏။ သူ႕တပည့္ရဲ႕ကိုယ္က ပိုေတာင္မိုက္ေသးတယ္။ ဒါေပမဲ့ ဘယ္လိုပဲျဖစ္ျဖစ္....သူ႕တပည့္ကို ဒီပုံေတြ ျမင္ခြင့္မေပးနိုင္ပါဘူး။

သူ႕အခ်စ္ေလးက သဝန္တိုေနတာတဲ့လားးးး။ အက္ဂါမွာ အေပ်ာ္လြန္သြားေလသည္။

ထိုအခ်ိန္တြင္ ဝံပုေလြသားရဲလူသားက ေရကူးကန္ထဲခုန္ခ်ကာ ေရကူးကန္ထဲမွ သားရဲတစ္ပိုင္းလူသားေလးအား သိုင္းဖက္လိုက္၏။ သူတို႔ႏွစ္ဦးက တစ္ဦးကိုတစ္ဦးဖက္တြယ္ရင္း ​နမ္းရွိုက္ေနၾကၿပီး သားရဲလူသားက သားရဲတစ္ပိုင္းလူသားေလးအား ေရကူးကန္နံေဘးဆီသို႔ ခ်ီမသြားလိုက္ေလသည္။

ဤကမၻာက ၾကယ္တစ္ခုႏွင့္တစ္ခုျခားအလြယ္တကူ သြားလာနိုင္သည့္ေခတ္အခါျဖစ္၍ အလြန္ပြင့္လင္းျမင္သာမႈရွိေလသည္။ ထိုကဲ့သို႔ လိင္ဆက္ဆံသည့္႐ုပ္ရွင္ကားက အပယ္မခံရေပ။ ဤသို႔ အလွရသႏွင့္ျပည့္စုံေသာ ဇာတ္ဝင္ခန္းမ်ိဳးကို ထိပ္တန္း႐ုပ္ရွင္ဇာတ္ကားတြင္လည္း ေတြ႕နိုင္ေလရာ ရႈရႈသေဘာမက်ပဲမေနနိုင္ေတာ့ေခ်။

ကမၻာေျမတြင္ သူ၏ပိုင္ရွင္မ်ား ထိုကဲ့သို႔ ဆင္ဆာပါသည့္႐ုပ္ရွင္ကားကိုၾကည့္ခ်င္လွ်င္ "တ႐ုတ္ျပည္၏ မဟာမီးတံတိုင္း"(Firewall)၏ အျပင္ဘက္ထြက္ကာ ၾကည့္ရ၏။

ရႈရႈကအတည္ေပါက္ႀကီး ၾကည့္ကာ သားရဲလူသားႏွင့္ သားရဲတစ္ပိုင္းလူသားၾကား မည္ကဲ့သို႔ စပ္ယွက္ၾကသည္ကို ေစာင့္ၾကည့္ေလ့လာရန္ ျပင္ဆင္ထားေလသည္။ ထိုအခ်ိန္ အက္ဂါက တစ္စုံတစ္ခုမွားယြင္းေနသလို ခံစားလိုက္ရ၏။

ေက်နပ္သြားတဲ့ေအာ္သံ၊ သာယာေနတဲ့ညည္းသံေတြကို ဘာလို႔ၾကားေနရတာလဲ။

ခပ္ျမန္ျမန္ပဲ ေခါင္းလွည့္ၾကည့္လိုက္ရာ အက္ဂါက ႐ုပ္ရွင္၏အဓိကေနရာအား ၾကည့္မိရက္သားျဖစ္သြားေလသည္။

ဒီအခ်စ္ကားက တကယ္ႀကီး ဒီလိုမ်ိဳးဇာတ္ကားလား။ ၿပီး​ေတာ့ သူ႕ရဲ႕သားရဲတစ္ပိုင္းလူသားေလးက တကယ္ပဲ ၾကည္ေနတယ္။ အက္ဂါက ႐ုပ္ရွင္ကားအား အခုခ်က္ခ်င္းျမန္ျမန္ပိတ္ပစ္ခ်င္ေသာ္လည္း ပိတ္ဖို႔အခ်ိန္ယူရေသးေပရာ အလြန္စိတ္ေမာသြားရေလသည္။ ထို႔ေၾကာင့္ ခ်က္ခ်င္းပဲ သားရဲပုံစံအားေျပာင္းကာ သူ႕အၿမီးျဖင့္ ႐ုပ္ရွင္ခန္းအား ဖ်က္စီးပစ္လိုက္ေတာ့၏။

႐ုပ္ရွင္႐ုံအေသးစားေလးက ၾကယ္ကိုးပြင့္အဆင့္ သားရဲလူသားတစ္ဦး၏ အားကိုအဘယ္သို႔ ခံနိုင္ပါမည္နည္း။ 3D ႐ုပ္ရွင္ကားမွ ပုံရိပ္ေယာင္မ်ား ခ်က္ခ်င္းေပ်ာက္ကြယ္သြားကာ ပ်က္စီးေနေသာ ႐ုပ္ရွင္႐ုံေလးက ရႈရႈ၏မ်က္စိေရွ႕တြင္ ေပၚထြက္လာေလ၏။

"ခင္ဗ်ား ဒါဘာလုပ္တာလဲ" ရႈရႈက အက္ဂါအား ေဒါသတႀကီးေအာ္လိုက္ေလ၏။ ၾကည့္ေနတာ တကယ့္ေကာင္းခန္းေရာက္မွကြာ...။

"မင္း ၾကည့္လို႔မရဘူး" အက္ဂါကေျပာလိုက္၏။

"ဘာလို႔လဲ" ရႈရႈက မ်က္ေမွာင္ၾကဳတ္လ်က္ ျပန္ေမး၏။ "အဲ့ဒီကိစၥက ပုံမွန္ပဲမဟုတ္ဘူးလား။ ဘာလို႔ မၾကည့္ပဲေနရမွာလဲ" ရႈရႈက သားရဲမ်ား မိတ္လိုက္သည္ကို ၾကည့္ဖူးၿပီး ေႁမြအခ်င္းခ်င္း မိတ္လိုက္သည္ကိုပင္ၾကည့္ခဲ့ဖူး၏။ ေႁမြႏွစ္ေကာင္ ရစ္ပတ္ေထြးလုံးေနတုန္းကေတာင္ ၾကည့္လို႔အဆင္ေျပခဲ့ေသးတာကို...။

"မင္းက ငယ္လြန္းေသးတယ္။ မင္းလုံးဝမၾကည့္ရဘူး" အက္ဂါကအမူအရာမဲ့စြာျဖင့္ ျပန္ေျဖေနေသာ္လည္း တကယ္တမ္းတြင္ ေခါင္းထိပ္မွမီးခိုးထြက္​ေတာ့မတတ္ မ်က္ႏွာပူေနေလသည္။

သားရဲတစ္ပိုင္းလူသားေလးက ဒီလို႐ုပ္ရွင္မ်ိဳး ၾကည့္တယ္တဲ့...။

အက္ဂါ၏ပုံစံမွာ အနည္းငယ္ခက္ထန္ေနေလ၏။ ရႈရႈကယခုထိ ဘဝင္မက်ေသးေသာ္လည္း အက္ဂါ့အား မလြန္ဆန္နိုင္ေပ။ တစ္ခ်ိန္တည္းမွာပင္ သက္ျပင္းခိုးခ်မိလိုက္ေတာ့၏။ သူ႕တပည့္က တကယ္ႀကီးကို အျဖဴထည္ေလး....ရိုးသားတဲ့ဖိုးသခြားေလး...လက္ထပ္ထားတဲ့စုံတြဲဆီက အခြင့္အေရးယူ ေခ်ာင္းမၾကည့္ဘူး...။

"တစ္ခုခုစားဖို႔ ထမင္းစားခန္းထဲ ေခၚသြညးေပးမယ္။ ဒီအာကာသယာဥ္ေပၚမွာ စားဖိုမႉးတစ္ေယာက္ပါတယ္။ သူက ဟင္းအမ်ားႀကီး ခ်က္တတ္တယ္တဲ့" အက္ဂါက ရႈရႈအာ႐ုံေျပာင္းသြားေအာင္ ေခ်ာ့ေမာေန၏။

ရႈရႈကလည္း မေက်မနပ္ျဖစ္သည့္အေၾကာင္းအား ႐ုတ္တရက္ေမ့သြားေလသည္။ သူက ေယာက္်ားႏွစ္ေယာက္ၾကားမွ နက္ရွိုင္းေသာဆက္ဆံေရးအား မေတြ႕လိုက္ရေသာ္လည္း အစားအေသာက္က ရႈရႈ၏ပထမဦးစားေပးျဖစ္ေလသည္။

အက္ဂါက ရႈရႈ႕အားထမင္းစားခန္းထဲေခၚသြားကာ ေန႕လယ္စာကို ဂြၽန္းႏွင့္အတူစားခိုင္းႏွင့္လိုက္၏။ သူကိုယ္တိုင္ကေတာ့ ကုန္တင္အာကာသယာဥ္၏ ေအာက္ဆုံးအပိုင္းဆီ ေလွ်ာက္လာေလသည္။

...........,🐍👑🐍👑🐍👑🐍👑..........

11179 words
15.9.2021

Continue Reading

You'll Also Like

3M 231K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023
23.9K 3.9K 46
ဘာသာပြန်သူ - စွဲညို့အသင်း
1.4M 184K 153
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
714K 31.5K 86
ဉီးရွေးချယ်မှုသေချာပြီးဟုတ်။ဉီးရွေးချယ်မှုသေချာပြီးဆိုရင်လုံးဝနောင်တမရနဲ့နော်။ကျွန်တော်တို့ဒီနေ့ကစပြီးဘယ်တော့မှမသိခဲ့သလိုဘဲနေကြမယ်။ထွဋ်ဝဏ္ဏဉီးနဲ့နှော...