๐ฟ๐‘œ๐‘ฃ๐‘’ ๐‘†๐‘œ๐‘™๐‘ข๐‘ก๐‘–๐‘œ๐‘›

By Katiekoo1997

34.3K 3.1K 292

๐šƒ๐š‘๐šŽ๐šข ๐š•๐š˜๐š˜๐š”๐šŽ๐š ๐šŠ๐š ๐šŽ๐šŠ๐šŒ๐š‘ ๐š˜๐š๐š‘๐šŽ๐š› ๐šŠ๐šœ ๐™ด๐™ฝ๐™ด๐™ผ๐šˆ ๐šž๐š—๐š๐š’๐š• ๐š๐š‘๐šŽ๐šข ๐š›๐šŽ๐šŠ๐š•๐š’๐šฃ๐šŽ๐š ๐š๐š‘๐šŽ๐šข... More

Introโœจ
Part-1
Part-2
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Final part
Extra
Surprise !!

Part-3

1.8K 177 18
By Katiekoo1997

"Jeon Jungkook!!မင်းဘာကြီးဝတ်လာတာလဲ!"

အပေါ်ထပ်ရှိအခန်းထဲကခေါင်းငိုက်စိုက်ကျကာထွက်လာသည့် Jungkook ကိုကြည့်ကာ Mr.Jeon ပြောလိုက်သည်

Mr.Jeon ပြောလည်းပြောချင်စရာဖြစ်သည်...အပြင်သွားဖို့ကောင်းကောင်းမွန်မွန်ဝတ်စားခိုင်းလိုက်တာကိုဝတ်လာသည်က hoodie အနက်ရောင်နဲ့ jean ဘောင်းဘီအနက်ဖြစ်သည်...ဆံပင်တွေကလည်းအခုမှအိပ်ရာထလာသလိုရှုပ်ပွနေလေသည်...

"ဘာဝတ်နေလို့လဲ Appa ကလည်းဗျာ..."

"မင်းဝတ်ထားတာမင်းပြန်ကြည့်လေ!ငါအခုသွားမဲ့အိမ်ကမင်းသူငယ်ချင်းတွေရဲ့အိမ်မဟုတ်ဘူးနော် စုတ်တီးစုတ်ပြတ်ဝတ်မလာနဲ့ သွား ပြန်လဲချည်!"

"အာ...မလဲချင်တော့ဘူး...."

"မရဘူး သွားလဲချည်!"

"မလဲချင်ဘူးလို့..."

"ကဲ တော်ကြပါတော့ ကျွန်မကပြင်ဆင်ပြီးပြီနော် ရှင်တို့သားအဖနှစ်ယောက်ရန်ဖြစ်တာပြီးအုံးမှာလား"

ဧည့်ခန်းထဲမှာစာအုပ်ဖတ်နေရင်း Jungkook တို့ကိုစောင့်နေသည့် Mrs.Jeon ကစာအုပ်ကိုပိတ်ကာပြောသည်

"Appa ကချေးများနေတာ..."

"ဟေ့ကောင်..."

"ကဲ မပြီးကြသေးဘူးလား သွားကြစို့"

အတောမသတ်နိုင်ကြသည့် Mr.Jeon နဲ့ Jungkookရဲ့ကြားကိုဝင်ရပ်ကာ Mrs.Jeon ပြောသည်

"Appa...ကျွန်တော်...ကားယူခဲ့မယ်နော်"

"သဘောပဲဟေ့ သဘောပဲ ပြောလည်းနားထောင်မဲ့
ကောင်မဟုတ်ဘူး အဲ့တော့မပြောတော့ဘူး"

Mr.Jeon ကရွှဲ့ပြောကာခြံထဲကိုဆင်းသွားကာကားစက်နှိုးနေလေသည်...Jungkook ကတော့အပြောခံလိုက်ရပေ
မယ့်ကားပြန်စီးခွင့်ရသွားပြီဖြစ်တာကြောင့်ပျော်မြူးနေလေသည်...ထို့ကြောင့် Mr.Jeon သိမ်းထားသည့်သူ့ရဲ့ပြိုင်ကားသော့ကိုအပြေးသွားယူလေသည်...

"Appa တို့သွားနှင့်နော် ကျွန်တော်ဝင်စရာရှိတာဝင်ပြီးရင်လိုက်လာခဲ့မယ်"

ကားသော့ကလက်ထဲကိုရောက်လာပြီဖြစ်တာကြောင့်အပြင်ထွက်ရဖို့ Jungkook ကြံစည်တော့လေသည်...

"မရဘူး!ငါတို့ကားနောက်ကနေတခါတည်းလိုက်ခဲ့ မင်းရဲ့အကြံတွေငါရိုးနေပြီ Jeon Jungkook ကြားလား"

Mr.Jeon ကခနဲ့ပြုံးပြုံးကာပြောလိုက်တာကြောင့် Jungkook အားပျက်ကာခေါင်းညိမ့်လိုက်ရတော့သည်...

"ဟုတ်..."

"ဒီသားအဖနဲ့တော့နော်....ဟူးးးး"

တချိန်လုံးရန်ဖြစ်နေကြသည့် Mr.Jeon နဲ့ Jungkook ကိုကြည့်ကာ Mrs.Jeon သက်ပြင်းချလိုက်မိသည်...
.
.
.
"ဟယ်လို..."

"ဟယ်လို Omma.."

"အေး သား ပြော လာနေပြီလား"

"အဲ့တာပြောမလို့ ကျွန်တော်နည်းနည်းနောက်ကျမယ်ထင်တယ် Omma..."

"ဟယ် ဘာဖြစ်လို့လဲ သားရဲ့"

"company မှာအရောင်းစာရင်းတွေကမှားနေလို့အဲ့တာပြန်စစ်ရမှာမို့လို့ ဒါပေမယ့်ကျွန်တော်တတ်နိုင်သလောက်မြန်မြန်လာခဲ့ပါ့မယ်..."

"အေးအေး..."

"ဟုတ် အဲ့တာဆိုဒါပဲနော် Omma"

"ဒါပဲ ဒါပဲ"

Taehyung နဲ့ဖုန်းပြောပြီးနောက်ဘေးမှာထိုင်နေသည့် Mr.Kim ကို Taehyung နောက်ကျမည်ဆိုသည့်အကြောင်းပြောပြကာ Mrs.Kim သက်ပြင်းချမိသည်...ထိုအချိန်ခြံရှေ့ကကားဟွန်းသံကြောင့်မတ်တပ်ရပ်လိုက်မိသည်...
ခြံစောင့်ဦးလေးကြီးကိုခြံတံခါးသွားဖွင့်လိုက်သည်...ထို့နောက်ခြံထဲကိုကားနှစ်စီးဝင်လာလေသည်...Mr.Kim ကခြံထဲကိုထွက်သွားတာကြောင့် Mrs.Kim လည်းလိုက်သွားလေသည်...

"သူငယ်ချင်းရောက်လာပြီလား...."

အရှေ့ကားပေါ်ကဆင်းလာသည့် Mr.Jeon ကို Mr.Kim ကနှုတ်ဆက်ရင်းပြောသည်...Mr.Kim နဲ့ Mr.Jeon ကတက္ကသိုလ်မှာအတန်းအတူတူတက်ခဲ့သည့်သူငယ်ချင်းတွေဖြစ်သည်...ကျောင်းပြီးသောအခါသူ့နေရာနဲ့သူကွဲသွားကြတာတော်တော်ကြာပြီဖြစ်သည်...အခုမှ
New York က show မှာပြန်ဆုံခဲ့ကြခြင်းဖြစ်သည်...ထို့ကြောင့်တစ်ယောက်နဲ့တစ်ယောက်အဆက်အသွယ်မပြတ်အောင်လိပ်စာတွေ၊ဖုန်းနံပါတ်တွေလဲလှယ်ကာပြန်တွေ့ကြခြင်းဖြစ်သည်.....

"အေးကွာ ငါနည်းနည်းနောက်ကျသွားတယ်"

"ရပါတယ်ကွာ...လာလာ အထဲဝင် မင်းရဲ့သားရော..."

"အနောက်ကကားမှာ...."

Mr.Jeon ရဲ့စကားကြောင့်အနောက်ကားကိုလှမ်းကြည့်လိုက်တော့ကားပေါ်ကနေစိတ်ပျက်လက်ပျက်နဲ့ဆင်းလာသည့် Jungkook ကိုမြင်လိုက်ရသည်...

"မင်းရဲ့သားကကလေးရုပ်လေးပဲ..."

"အမလေး ကလေးရုပ်တဲ့ မင်းကသူ့အကြောင်းမသိသေးလို့အဲ့လိုပြောတာပါကွာ"

"ဟေ ဟုတ်လား ဟားဟားဟား ဘယ်လောက်တောင်ဆိုးလို့လဲ"

"ပြောပြမယ် ပြောပြမယ်..."

Mr.Kim နဲ့ Mr.Jeon စကားတပြောပြောနဲ့အိမ်ထဲကိုဝင်သွားကြသည်...Mrs.Kim ကလည်း Mrs.Jeon ကိုမိတိ
ဆက်စကားပြောရင်းဧည့်ခံကာအိမ်ထဲကိုဝင်သွားကြသည်...သူတို့နောက်ကလိုက်လာသည့် Jungkook ကတော့ hoodie ခေါင်းစွပ်ကြီးစွပ်ထားကာအိပ်ချင်နေလေသည်...

"မင်းရဲ့သားရော..."

"Taehyung က company ကအလုပ်တွေမပြတ်သေးလို့နည်းနည်းနောက်ကျမယ်တဲ့ ခဏနေလောက်ကျရင်ရောက်လာတော့မှာပါ"

"အော် အေးအေး မင်းကတော့ကံကောင်းလိုက်တာကွာ သားကအားကိုးရတယ် ငါ့သားကတော့...company အလုပ်မပြောနဲ့ဟေ့ company ကိုလိုက်ခဲ့ဖို့တောင်ခေါ်လို့မရဘူး"

Mr.Jeon ရဲ့စိတ်ပျက်လက်ပျက်ပြောလိုက်တဲ့စကားကြောင့် Mr.Kim ရီလိုက်မိသည်...

"မင်းကလည်း အဲ့လောက်ဆိုးလို့လား..."

Mr.Kim က Mrs.Jeon ရဲ့ဘေးမှာစိတ်ရှုပ်စွာထိုင်နေသည့် Jungkook ကိုတစ်ချက်လှမ်းကြည့်ကာပြောသည်...

"မင်းထင်တာထက်တောင်ဆိုးသေးတယ် အဲ့တာကြောင့် Taehyung ကိုအကူအညီတောင်းမလို့..."

"အကူအညီ...ဟုတ်လား"

"အေး အဲ့တာ Taehyung လာမှပြောလို့ရမှာ"

"ရပါတယ်ကွာ ငါတို့တတ်နိုင်သလောက်ကူညီမှာပေါ့"

ထိုအချိန်ခြံထဲကိုဝင်လာတဲ့ကားတစ်စီးဝင်လာလေသည်....

"သားလာပြီထင်တယ်..."

Mrs.Kim ကခြံထဲကိုလှမ်းကြည့်ကာပြောသည်....ကားစက်ရပ်သွားပြီးခဏကြာတော့ဧည့်ခန်းထဲကို Taehyung ဝင်လာသည်...ဧည့်ခန်းထဲရောက်ရောက်ချင်း Taehyung သတိထားမိလိုက်သူက hoodie ခေါင်းစွပ်ကိုစွပ်ထားကာတစ်ကိုယ်လုံးမဲနက်နေအောင်ဝတ်ဆင်ထားသည့် Jungkook ကိုဖြစ်သည်...Jungkook ကမျက်နှာကိုငုံ့ထားတာကြောင့်မျက်နှာကိုရှင်းလင်းစွာမမြင်ရချေ....

"သား လာလေ..."

Mr.Kim က Taehyung အားသူ့ဘေးလာထိုင်ရန်ခေါ်သည်

"ဟုတ်"

"ဒါ Appa ရဲ့သူငယ်ချင်း Sunshine cosmetics company ရဲ့ CEO Jeon Jaesung တဲ့ ဟိုဘက်ကသူ့ ဇနီး Jeon Boyeon....ဟိုကလေးလေးက Jeon Jungkook တဲ့...."

"ဟုတ် တွေ့ရတာဝမ်းသာပါတယ် ကျွန်တော့်နာမည်က Kim Taehyung ပါ"

"အေးပါကွာ သားကအချောပဲ"

Mr.Jeon ရဲ့စကားကြောင့် Taehyung ရှက်ပြုံးပြုံးလိုက်မိသည်...

"ဟဲ့ သားငယ် ခေါင်းလေးဘာလေးလည်းမော့အုံး"

Mrs.Jeon ကတချိန်လုံးခေါင်းငုံ့ထားသည့် Jungkook ကိုလက်တို့ကာပြောလိုက်ခြင်းဖြစ်သည်...ထိုအခါကျတော့မှ Jungkook သက်ပြင်းချကာခေါင်းမော့လာသည်...Jungkook ခေါင်းမော့လိုက်သည့်အချိန်ကျမှ Taehyung အံ့ဩသွားသည်...

*ဟိုကောင်လေးပဲ...*

လွန်ခဲ့တဲ့တစ်ပတ်လောက်ကလူရှင်းတဲ့လမ်းမှာဖြစ်ခဲ့တဲ့အဖြစ်အပျက်ဟာ Taehyung မျက်လုံးထဲမှာရှင်းရှင်းလင်းလင်းပြန်မြင်လာသည်...Jungkook ကတော့ Taehyung ကိုမမှတ်မိပေ...

"Taehyung...အန်ကယ်လ်တစ်ခုလောက်အကူအညီတောင်းချင်လို့..."

Jungkook ကိုမျက်မှောင်ကြုတ်ကာကြည့်နေရင်း Mr.Jeon ရဲ့စကားကြောင့် Taehyung မျက်နှာကိုပြင်လိုက်သည်...

"ဟုတ် ပြောပါ အန်ကယ်လ် ကျွန်တော်ကူညီနိုင်တာဆိုရင်ကူညီပါ့မယ်"

"Jungkook ကိုသားရဲ့ company မှာအလုပ်ခန့်ပေးလို့ရမလား"

"ဗျာ!"

"Appa!!"

Mr.Jeon ရဲ့စကားကြောင့် Taehyung အံ့ဩသွားရသလို Jungkook လည်းစိတ်ညစ်သွားရသည်...

"အာ...ရတာကတော့ရပါတယ် ဒါပေမယ့် အန်ကယ်လ်တို့ company နဲ့ ကျွန်တော့် company က product မှမတူတာ သူ့အတွက်အဆင်ပြေပါ့မလား...."

အံ့ဩမှုကိုဖျောက်ထားကာတည်ငြိမ်စွာ Taehyung ပြောသည်...

"product သာမတူတာပါကွာ field ကအတူတူပဲလေ ပြီးတော့ အန်ကယ်လ့် company မှာဆိုရင်ဒီကောင်လေးကအလုပ်ကိုစိတ်ပါလက်ပါလုပ်မှာမဟုတ်ဘူး မင်းရဲ့ company မှာပဲအဆင်ပြေမှာ အခြေခံကနေစပြီးသင်ပေးပါ"

"Appa!!ကျွန်တော်မလုပ်ဘူးနော်!!ကျောင်းလည်းရှိသေးတယ်လေ!!"

တချိန်လုံးတိတ်ဆိတ်နေခဲ့သည့် Jungkook ကနောက်ဆုံးတော့မကျေနပ်စွာစကားဆိုသည်...

"Jungkook!မင်းရဲ့အတန်းချိန်ကမနက်ပိုင်းဆိုပြီးပြီ နေ့လည်ကနေညနေအထိအလုပ်လုပ်လို့ရတယ် မင်းဘာမှဝင်မပြောနဲ့ ငါကမင်းကိုကောင်းစားစေချင်လို့ပြောနေတာ"

"အန်ကယ်လ်...စိတ်တော့မရှိပါနဲ့ ကာယကံရှင်ကစိတ်ပါမှလုပ်ခိုင်းပါ"

"အာ...ပါတယ် ပါတယ် မပါလို့မရဘူး ဒီကောင့်ကိုဒီအတိုင်းထားရင်ကြာရင်လူဆိုးလုံးလုံးဖြစ်တော့မှာ အဲ့တာဆိုဘယ်လိုလဲ အလုပ်ခန့်မယ်မလား"

"ဟုတ်...ရပါတယ်"

"ကဲ...အဲ့တာဆိုမင်းတို့နှစ်ယောက်ဆွေးနွေးစရာရှိတာဆွေးနွေးလိုက်အုံး ငါတို့တွေအပြင်မှာနေ့လည်စာသွားစားလိုက်အုံးမယ် Jungkook...Taehyung နဲ့စကားပြောပြီးတာနဲ့အိမ်တန်းပြန်နော် ကြားလား"

"ဟုတ်..."

"လာ..သူငယ်ချင်း သွားကြစို့"

ထိုသို့ပြောကာ Mr.Jeon တို့က Taehyung နဲ့ Jungkook ကိုပဲချန်ထားခဲ့ကာထွက်သွားကြလေသည်...ဧည့်ခန်းထဲမှာကျန်နေခဲ့သည့် Taehyung နဲ့ Jungkook ရဲ့ကြားမှာ
တိတ်ဆိတ်မှုသာကြီးစိုးနေလေသည်...Taehyung က
ဆိုဖာကိုမှီထားပြီးခြေထောက်ချိတ်ထားကာလက်ပိုက်ထားရင်းတော်တော်လေးစိတ်ရှုပ်နေဟန်ရှိသည့် Jungkook ကိုစိုက်ကြည့်နေလေသည်...အချိန်တခဏကြာပြီးနောက် Taehyung ဘက်ကနေတိတ်ဆိတ်မှုကိုဖြိုခွဲဖို့ဆုံးဖြတ်လိုက်သည်...

"ကဲ..မင်းဖုန်းနံပါတ်ပေး"

ဘောင်းဘီအိတ်ထဲကနေဖုန်းထုတ်ယူရင်း Taehyung ပြောသည်...ထိုအခါ Jungkook က Taehyung ကိုကြည့်လာလေသည်...

"ဘာလုပ်ဖို့လဲ"

"မင်းနဲ့ငါကလုပ်ဖော်ကိုင်ဖက်ဖြစ်သွားပြီလေ ပြီးတော့ personal အရလည်းသိနေတော့ ဖုန်းနံပါတ်သိထားသင့်တယ်ထင်လို့ အလုပ်ကိစ္စလည်းပြောလို့ရတာပေါ့"

"မပေးဘူး ကျွန်တော့ဖုန်းနံပါတ်လည်းမပေးသလိုခင်ဗျားဖုန်းနံပါတ်လည်းမလိုချင်ဘူး"

အံ့ကြိတ်ကာပြောနေသည့် Jungkook ဟာ ခုနက Mr.Jeon ရှေ့မှာခေါင်းလေးငုံ့ပြီးငြိမ်နေသည့်ကောင်လေးမဟုတ်တော့ချေ....

"ချာတိတ်...မင်းဘယ်လိုကောင်လေးလဲ ဟမ် ပထမတစ်ခေါက်တွေ့တုန်းကထက်တောင်ပိုရိုင်းလာပါ့လား"

Taehyung ရဲ့စကားကြောင့် Jungkook တွေဝေသွားလေသည်...

"ပထမတစ်ခေါက်...ဟုတ်လား ခင်ဗျားနဲ့ကျွန်တော်အရင်ကတွေ့ဖူးလို့လား"

"တွေ့ဖူးတာပေါ့"

"ဘယ်မှာလဲ"

"မင်းစဉ်းစားကြည့်လေ"

Taehyung ကိုစိုက်ကြည့်နေရင်းမျက်မှောင်ကြုတ်ကာ Jungkook စဉ်းစားနေမိသည်...အချိန်တခဏကြာတော့မှမှတ်မိသွားလေသည်...

"အော်...ခင်ဗျားကိုး ကားရောအဆင်ပြေရဲ့လား"

Taehyung ဆီကအကြည့်မလွှဲဘဲခနဲ့ပြုံးပြုံးကာ Jungkook ပြောသည်...မထီသလိုရွှဲ့ပြောနေသည့် Jungkook ကိုကြည့်ကာ Taehyung ဒေါသထွက်လာလေသည်...

"အဆင်မပြေဘူးလို့ပြောရင်မင်းကလျော်ပေးမှာမို့လို့လား"

"ခင်ဗျားဗျာ...CEO တစ်ယောက်ဖြစ်နေပြီးတော့အဲ့လောက်ပိုက်ဆံလေးကိုလိုချင်သေးတာလား"

"မင်း...!!"

"ထားပါတော့ အဲ့တာကအရေးမကြီးပါဘူး အခုကိစ္စကပိုအရေးကြီးတယ် ခင်ဗျားရဲ့ company မှာကျွန်တော်ကိုအလုပ်မခန့်နိုင်ဘူးဆိုတဲ့အကြောင်း Appa ကိုပြောပေးပါ"

"ဘာလို့ပြောပေးရမှာလဲ မင်းမလုပ်ချင်တာလေ မင်းဘာသာမင်းပြောပေါ့"

"ကျွန်တော်ပြောရင် Appa ကလက်ခံမှာမဟုတ်ဘူး ပြီးတော့ခင်ဗျားလည်းကျွန်တော့်ကိုအလုပ်မခန့်ချင်ပါဘူး ပြောပေးပါ"

"နေပါအုံး မင်းကိုငါကဘာပြောရသေးလို့အဲ့လောက်တပ်အပ်ပြောနိုင်နေရတာလဲ"

"ခင်ဗျားရဲ့ပါးစပ်ကထုတ်မပြောပေမယ့်ခင်ဗျားရဲ့ပုံစံကိုကြည့်လိုက်တာနဲ့သိတယ် အဲ့တာကြောင့် Appa ကိုပြောလိုက်ပါ"

"မင်းပြောချင်တာဒါပဲလား"

"ဒါပဲ"

"ဟုတ်ပြီ မနက်ဖြန်မင်းရဲ့အတန်းချိန်တွေပြီးရင်ငါ့ company ကိုလာခဲ့ လိပ်စာကိုအန်ကယ်လ့်ဆီကို message ပို့ထားလိုက်မယ်"

မတ်တပ်ရပ်ကာအကြောဆန့်ရင်း Taehyung ပြောသည်

"ခင်ဗျား....!"

"ပြန်တော့"

စိတ်တိုလာတာကြောင့်မျက်နှာကနီရဲလာသည့် Jungkook ကိုကြည့်ကာခနဲ့ပြုံးပြုံးပြရင်း Taehyung ပြောသည်...

"တောက်!!"

အခန်းတစ်ခုလုံးဟိန်းထွက်သွားစေသည်အထိကျယ်လောင်စွာတောက်ခေါက်ကာကားသော့ကိုကောက်ယူပြီး Jungkook ထွက်သွားလေသည်...ကျန်နေခဲ့သည့် Taehyung ကတော့မနက်ဖြန်ကျရင် Jungkook ကိုဘယ်လိုနှိပ်စက်ရမလဲဟုတွေးရင်းပြုံးလိုက်မိသည်.....
________________❣︎_________________
Love you guys sooooooo much.Mwwwwah🌬🤍

Zawgyi






"အာ...မလဲချင်တော့ဘူး...."

"မရဘူး သွားလဲချည်!"

"မလဲချင်ဘူးလို့..."



"Appa ကချေးများနေတာ..."

"ဟေ့ကောင်..."










"ဟုတ်..."


.
.
.
"ဟယ်လို..."

"ဟယ်လို Omma.."





"အေးအေး..."


"ဒါပဲ ဒါပဲ"






"အနောက်ကကားမှာ...."





"ပြောပြမယ် ပြောပြမယ်..."


"မင်းရဲ့သားရော..."







"အကူအညီ...ဟုတ်လား"




"သားလာပြီထင်တယ်..."


"သား လာလေ..."


"ဟုတ်"



"အေးပါကွာ သားကအချောပဲ"




*ဟိုကောင်လေးပဲ...*






"ဗျာ!"

"Appa!!"










"ဟုတ်...ရပါတယ်"


"ဟုတ်..."





"ဘာလုပ်ဖို့လဲ"







"တွေ့ဖူးတာပေါ့"

"ဘယ်မှာလဲ"

"မင်းစဉ်းစားကြည့်လေ"






"မင်း...!!"







"ဒါပဲ"



"ခင်ဗျား....!"

"ပြန်တော့"


"တောက်!!"

________________❣︎_________________
Love you guys soooooooo much.Mwwwah🌬🤍

Continue Reading

You'll Also Like

1M 39.4K 92
๐—Ÿ๐—ผ๐˜ƒ๐—ถ๐—ป๐—ด ๐—ต๐—ฒ๐—ฟ ๐˜„๐—ฎ๐˜€ ๐—น๐—ถ๐—ธ๐—ฒ ๐—ฝ๐—น๐—ฎ๐˜†๐—ถ๐—ป๐—ด ๐˜„๐—ถ๐˜๐—ต ๐—ณ๐—ถ๐—ฟ๐—ฒ, ๐—น๐˜‚๐—ฐ๐—ธ๐—ถ๐—น๐˜† ๐—ณ๐—ผ๐—ฟ ๐—ต๐—ฒ๐—ฟ, ๐—”๐—ป๐˜๐—ฎ๐—ฟ๐—ฒ๐˜€ ๐—น๐—ผ๐˜ƒ๐—ฒ ๐—ฝ๐—น๐—ฎ๐˜†๐—ถ๐—ป๐—ด ๐˜„๐—ถ๐˜๐—ต ๏ฟฝ...
62.3K 4K 11
Kim Taehyung ร— Jeon Jungkook This fiction is my first long fic . That's not too good but I tried the best โˆ†โ€ขโˆ† Sorry for my requirement ! Start Date...
151K 8.5K 30
Kim Taehyung๐Ÿฏ Jeon Jungkook ๐Ÿฐ Min Yoongi ๐Ÿญ Park jimin ๐Ÿฅ my First yaio Fiction
815K 18.6K 47
In wich a one night stand turns out to be a lot more than that.