သောကမီးလျှံ

By Ling____

137K 23.1K 2.1K

အဓိကဇာတ်ဆောင်များ : ရွှမ်းကျီး, ရှန့်လင်ယွမ်း More

Description and Synopsis
နိဒါန်း
အတွဲ(၁) အပိုင်း (၁)
(၂)
(၃-၁)
(၃-၂)
(၄)
(၅-၁)
(၅-၂)
(၆)
(၇)
(၈)
(၉)
(၁၀)
(၁၁)
(၁၂-၁)
(၁၂-၂)
(၁၃)
အတွဲ (၂) အပိုင်း(၁၄)
(၁၅)
(၁၆)
(၁၇-၁)
(၁၇-၂)
(၁၈)
(၁၉)
(၂၀)
(၂၁)
(၂၂)
(၂၃)
(၂၄)
(၂၅)
(၂၆)
(၂၇)
(၂၈)
(၂၉)
(၃၀)
(၃၁)
(၃၂)
(၃၃)
(၃၄)
(၃၅)
(၃၆)
(၃၇)
(၃၈)
(၃၉)
(၄၁)
(၄၂-၁)
(၄၂-၂)
အတွဲ (၃) အပိုင်း (၄၃)
Announcement
(၄၄)
(၄၅)
(၄၆)
(၄၇)
(၄၈)
(၄၉)
(၅၀)
(၅၁)
(၅၂)
(၅၃)
(၅၄)
(၅၅)
(၅၆-၁)
(၅၆-၂)
(၅၇)
(၅၈)
(၅၉)
(၆၀)
(၆၁)
(၆၂)
(၆၃)
အတွဲ (၄) အခန်း (၆၄)
(၆၅)
(၆၆)
(၆၇)

(၄၀)

1.3K 298 29
By Ling____

Unicode

ရွှမ်းကျီးက ကမန်းကတန်းဖြင့် အရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သည်။

"ဝေ့.....ခင်ဗျား?"

ကူယွဲ့ရှီးမှာ တစ်ချက်လှမ်းကြည့်လိုက်ချိန်၌ ရှန့်လင်ယွမ်း၏ခန္ဓာကိုယ်ဆီမှ မည်သည့်အရာကိုတွေ့မြင်သွားသည်မသိ၊ သူမ၏မျက်နှာအမူအရာမှာ ထိတ်လန့်တုန်လှုပ်သောအသွင်သဏ္ဌာန်သို့ပြောင်းလဲသွား၏။

"မထိနဲ့"

ရှန့်လင်ယွမ်း၏ခန္ဓာကိုယ်တွင်းမှ ဝိညာဉ်ကြောများမှာ ပြတ်တောက်သွားရှာပြီဖြစ်သည်။ သူက အတုန်တုန်အယင်ယင်ဖြစ်နေသောလေသံဖြင့်ပြောလိုက်ရင်း ရွှမ်းကျီး၏လက်ကိုတွန်းထုတ်လိုက်သည်။

"သွေး....အဟွတ်....သွေးတွေရှိတယ်"

ရွှမ်းကျီးမှာ လည်ချောင်းထဲတွင်တစ်ဆို့သွားသလိုခံစားလိုက်ရပြီးသော် တစ်ဖက်လူ၏ပုခုံးပေါ်သို့ရောက်နှင့်နေပြီဖြစ်သော သူ့လက်ကိုအသာလေးပြန်ရုတ်သိမ်းကာ အင်္ကျီလက်အတွင်းသို့ထိုးထည့်လိုက်လေသည်။ သူက နောက်လှည့်ကာ အော်ဟစ်လိုက်သည်။

"လောင်ဝမ်....ငါ့ကိုလာကူဦး!"

သို့သော် သူ့စကားမဆုံးခင်မှာပင် ရှန့်လင်ယွမ်းခမျာ လုံးလုံးလျားလျားကိုသတိလစ်မေ့မြောသွားပြီးသကာလဝယ် သူ့လက်ပေါ်သို့ပြုတ်ကျသွားရှာတော့သည်။

ရွှမ်းကျီးက သူ့လက်များကိုရှောင်တိမ်းလိုက်သင့်သော်လည်း လက်များမှာမူ သူ့ကိုသစ္စာဖောက်သွားကြသည်။ သူက အလိုအလျောက်ပင် အရှေ့သို့လက်လှမ်းလိုက်ပြီး ရှန့်လင်ယွမ်းအား လှမ်းဖမ်းလိုက်လေသည်။

တော်တော့်ကိုပူခြစ်တောက်နေတာပဲ!

"ငါက ဘာလုပ်ပေးရမှာလဲ? ငါတို့ သူ့ကိုဆေးရုံခေါ်သွားရမလား? ဒါပေမဲ့ အထူးကုဆေးပညာရပ်တွေက သူနဲ့ကိုက်ညီပါ့မလား၊ သူတို့က လက်နက်ဝိညာဉ်ကိုကုတတ်လို့လား?"

ဝမ်ဇယ်က အနားသို့ရောက်လာကာ သူ့ဆံပင်ကိုဆုပ်ဆွဲလိုက်သည်။ သူ၏ မည်သည့်ဦးနှောက်အာရုံကြောပတ်လမ်းကြောင်းက ပြတ်တောက်သွားသည်မသိ။

"ဒီဟာက.....သူ့ရဲ့အခြေအနေအရဆိုရင် သူ့ကို MRI ရိုက်ကြည့်လို့လည်းမရနိုင်ဘူးမဟုတ်လား?"

"ငါတို့ သူ့ကို မိုက်ခရိုဝေ့ဖ်မီးဖိုထဲမှာ ပစ်ထားခဲ့လို့လည်းမရဘူးလေ"

ရွှမ်းကျီးတစ်ယောက် သတိပြန်ကပ်လာပြီး ရွဲ့တဲ့တဲ့ပြန်ပြောလိုက်သည်။

"အမြန်လုပ်....ငါ့ကို ကားတံခါးသွားဖွင့်ပေးထား"

စကားဆုံးသည်နှင့် ဝမ်ဇယ်မှာ သူ့လက်ကိုမဆန့်တန်းလိုက်ရသေးခင်မှာပင် ရွှမ်းကျီးသည်ကား ရှန့်လင်ယွမ်း၏ကိုယ်ပေါ်၌ စိမ့်ထွက်လာသောသွေးစသွေးနများကျန်နေသေးသလားဆိုတာကို သေသေချာချာကြည့်ရှုစစ်ဆေးလိုက်ပြီးနောက် ကိုယ်ကိုငုံ့ကိုင်းကာ ရှန့်လင်ယွမ်းကို ပွေ့ချီလိုက်ပြီး ကားအတွင်း၌နေရာချထားပေးလိုက်လေတော့သည်။

ဝမ်ဇယ်မှာ အူတီးအူကြောင်ဖြင့်ပင် သူ၏ဆန့်တန်းထားသောလက်ကိုပြန်ရုတ်သိမ်းလိုက်ရင်း တီးတိုးရေရွတ်လိုက်သည်။

"ခုနတုန်းက 'ငါ့ကို လာကူဦး' ဆိုပြီး အော်ခေါ်တဲ့သူက ဘယ်သူများပါလိမ့်?"

ဗန်ကားလေးထဲတွင် အနံ့အသက်သိပ်မကောင်းလှပေ။ ပင်လယ်စာစားသောက်ဆိုင်များသို့ အစားအသောက်ပို့သောကားဖြစ်နိုင်သည်။ သို့သော် ကံကောင်းထောက်မစွာပင် သားရေအတုများဖြင့်ပြုလုပ်ထားသောထိုင်ခုံများသည်ကား ရှေးခေတ်လူသားတစ်ယောက်အတွက်မူ နူးညံ့ပျော့ပျောင်းကာ သက်တောင့်သက်သာရှိလှသေးသည်။ ရှန့်လင်ယွမ်းမှာ ရွှေ့ပြောင်းသယ်ဆောင်ခြင်းခံနေရချိန်၌ မသိလိုက်မသိဘာသာဖြင့် မျက်လုံးများပွင့်လာပြီး သူ၏ခန္ဓာကိုယ်မှာလည်း အလိုအလျောက်တောင့်တင်းသွားလေတော့သည်။ ၎င်းသည်ကား ခက်ခက်ခဲခဲကြိုးစားပမ်းစားဖွင့်ဟလိုက်ရှာသော ကျဉ်းမြောင်းလှသည့်မြင်ကွင်းလေးထဲတွင် သုံးချွမ်း၏အရုဏ်ဦးရောင်ခြည်လေးကိုတွေ့မြင်လိုက်ရသည်။ ထိုအခိုက် ၎င်းမှာ စိတ်အာရုံပျံ့လွင့်သွားပြီး ရုတ်တရက် သူရောက်ရှိနေသည့် အချိန်ကာလနှင့်နေရာကိုမေ့လျော့သွားကာ ပို၍နက်ရှိုင်းသောမသိစိတ်နယ်ပယ်အတွင်းသို့ကျရောက်သွားလေတော့သည်။

တစ်ဝက်နှိမ့်ချထားသော ကားထိုင်ခုံများသည်ကား သူ့အား နူးညံ့စွာထွေးပွေ့လွှမ်းခြုံလို့ထားသည်။ သူ၏အတွေးများက လေနှင့်အတူလွင့်ပါးပျံ့လွင့်သွားသော ပြာမှုန့်များအလား၊ လက်လှမ်းမမီနိုင်တော့ပြီဖြစ်သော နတ်ဆရာမျိုးနွယ်စုဆီသို့ သူအားပြန်လည်ခေါ်ဆောင်သွားလေတော့သည်။

သူ၏ငယ်ဘဝမှတ်ဉာဏ်များမှာ ဆောင်းလယ်တွင်ရှိနေသည့် ပင်လယ်ရေများအလား၊ လှိုင်းတံပိုးများရိုက်ပုတ်လိုက်ချိန်၌ ကမ်းခြေသို့လူးလွန့်ရိုက်ခတ်လာသော ရေစင်ရေမွှားများကဲ့သို့နှယ်။

ထိုစဉ်အခါတုန်းကလည်း သူ့ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာဒဏ်ချက်များရှိနေခဲ့တာကို သူမှတ်မိပါသည်။ ဤတစ်ကြိမ်နှင့်မတူညီတာက သူ၏ကိုယ်တွင်းကလီစာများအားလုံးမှာ ပူပြင်းလောင်ကျွမ်းနေကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း မီးတမျှခြစ်ခြစ်တောက်ပူလောင်နေခဲ့သည်__ထိုအချိန်၌မူ ၎င်းမှာ ချမ်းအေးနေခဲ့တာဖြစ်သည်။ သူ၏သွေးများအားလုံးမှာ သူ့ခန္ဓာကိုယ်တွင်းမှ အကုန်အစင်ယိုစိမ့်ထွက်သွားသည့်အလား။ မျိုးနွယ်စုခေါင်းဆောင်ဟောင်းသည်ကား သူ့ကို သူ၏ဝတ်ရုံထဲတွင် သိမ်းပွေ့ပိုက်ထွေးထားရင်း ကျောပေါ်၌ဂရုတစိုက်သယ်ပိုးခေါ်ဆောင်လာကာ တောင်ပေါ်သို့တက်သွားခဲ့သည်။ ပညာရှိပဏ္ဍိတကြီး၏သစ်သားအိမ်ငယ်လေးမှာ ခြောက်သွေ့နွေးထွေးလှပြီး နွယ်ချိုရနံ့များဖြင့်ပြည့်နှက်နေခဲ့သည်__အလွန်တရာနွေးထွေးလွန်းတာမှ သူ၏နှလုံးသည်းညှာထဲဝယ် ခပ်တင်းတင်းဆွဲဆန့်ထားသော ကြိုးလေးတစ်ချောင်းအား ဆတ်ခနဲပြတ်တောက်သွားစေသည်အထိပင်။

အချိန်မည်မျှကြာလို့ကြာသွားမှန်းမသိ၊ ၎င်းမှာ ကလေးငယ်တစ်ဦး၏ကြည်လင်ပြတ်သားသော စကားသံကြောင့်နိုးထလာရသည်။ ဘာကိုမှအမှုမထားသလိုမျိုးဟန်ဆောင်ထားသော ကလေးငယ်လေးတစ်ဦးသည်ကား သူ၏ပြတင်းပေါက်ဘောင်အောက်နားတွင် ဟိုလျှောက်လိုက်သည်လျှောက်လိုက်လုပ်နေတာဖြစ်သည်။ ထိုကလေးမှာ သူနားမလည်သောဘာသာစကားဖြင့် ကလေးတေးသီချင်းတစ်ပုဒ်ကို သီဆိုနေကာ ရှန့်လင်ယွမ်း၏အာရုံစိုက်မှုကိုရရှိရန်ကြိုးစားနေရှာသည်။ အချိန်ကား အရုဏ်တက်ခါစအချိန်လည်းဖြစ်သည်။ သူ့မျက်လုံးများကိုဖွင့်လိုက်ချိန်၌ ရင်သတ်ရှုမောဖွယ်ရာကောင်းလှသော သူရိန်နေမင်းကြီးသည်ကား တောင်ထိပ်မှ ထွက်ပြူစပြုလာကာ ရှည်လျားသောရွှေရောင်အလင်းတန်းတစ်မျှင်က အတားအဆီးကင်းမဲ့စွာဖြင့် တောင်တစ်ဝက်လောက်အထိကို ခမ်းနားကြီးကျယ်စွာလင်းလက်ဖြာကျလို့နေသည်။ သစ်သားအိမ်လေး၏အနောက်ဘက်တွင် ကြီးမားသောပန်းသစ်တော်ပင်ကြီးတစ်ပင်ရှိသည်။ ထိုအပင်ကြီးမှာ ဥတုရာသီမရွေးသီးပွင့်ဝေဆာလျက်ရှိကာ သစ်ပင်၏တစ်ဝက်လောက်တွင် ပန်းများပွင့်လန်းနေသလို ကျန်တစ်ဝက်လောက်တွင်တော့ မှည့်ဝင်းသောသစ်သီးများ တွဲလောင်းကျနေလျက်ရှိသည်။ အပြင်ခန်းအတွင်းသို့ လူများထွက်လိုက်ဝင်လိုက်လုပ်နေသည့်အခါတိုင်း သစ်သားတံခါးချပ်များထံမှ တကျွိကျွိမြည်သံများထွက်ပေါ်လို့လာသည်။ တံခါးများပွင့်သွားချိန်တိုင်းတွင် ထိုအခွင့်အရေးကိုအသုံးချပြီး စွဲမက်ဖွယ်ရာကောင်းလှသောသစ်သီးရနံ့များသည်ကား အခန်းတွင်းသို့အလုံးအရင်းဖြင့်တိုးဝှေ့ဝင်ရောက်လာကြသည်မှာ သူတို့မည်မျှချစ်စရာကောင်းသလဲဆိုတာကို အခြားသူများမမြင်မှာကိုစိုးရိမ်ကြောက်ရွံ့နေရှာသော သီချင်းဆိုနေသည့်ကလေးငယ်လေးအတိုင်းပင်ဖြစ်သည်။

ပညာရှိပဏ္ဍိတကြီးစိုက်ပျိုးထားသော ပန်းသစ်တော်ပင်ကြီးရှိအသီးများ၏အရွယ်အစားမှာ လက်သီးဆုပ်တစ်ဆုပ်စာမျှကြီးမားလှပေသည်။ ထိုသစ်သီးများအနက် တစ်ဝက်မှာ နတ်ဆရာမျိုးနွယ်စုကိုမျှဝေပေးတာဖြစ်ပြီး တစ်ဝက်မှာတော့ အားလော့ကျင်းခိုးစားရင်းကုန်သွားတာဖြစ်သည်။

အနှီကောင်စုတ်လေးသည်ကား မျောက်တစ်ကောင်လိုပင် သစ်ပင်ပေါ်တွယ်တက်ကာ သူ့လက်နှစ်ဖက်လုံးမရပ်မနားအလုပ်ပေးရင်း သစ်သီးများကိုစားသောက်တတ်သူဖြစ်သည်။ စားလို့ဝသွားသည့်အခါတွင်တော့ သူ့အင်္ကျီကိုချွတ်ကာ သစ်သီးများကို ထိုအဝတ်ထဲသို့ကောက်ထည့်ယူသွားတတ်သေးသည်။ သူ၏အဝတ်အစားကင်းမဲ့နေသော နေလောင်ထားသည့်နောက်ကျောပြင်လေးသည်ကား ရွှေအိုရောင်ဂျုံပင်များ၏အရောင်အဆင်းမျိုးရှိလေသည်။ သူက ထိုသစ်သီးများကိုယူဆောင်သွားကာ ယဇ်ပလ္လင်အပြင်ဘက်တွင်ရှိသော လိုဏ်ဂူကလေးတစ်ခုထဲတွင် အခြောက်လှမ်းထားတတ်သည်။ သူ့လုပ်ရပ်များကို မည်သူတစ်ဦးတစ်ယောက်ကမှ တွေ့မြင်ခြင်းမရှိဟုလည်း ထင်နေတတ်ပြန်သည်။

ယဇ်ပလ္လင်အောက်ဘက်တွင် ရေခဲနေသောရေအိုင်ငယ်လေးတစ်အိုင်ရှိသည်။ ရှန့်လင်ယွမ်းသည်ကား အအေးကြိုက်သူတစ်ဦးဖြစ်သောကြောင့် ထိုနေရာအနီးတဝိုက်တွင် စာဖတ်ရင်းအပန်းဖြေလေ့ရှိသည်။ စာဖတ်ရင်းပျင်းလာသည့်အခါမျိုးတွင်မူ ၎င်းသည်ကား အားလော့ကျင်း၏ 'ရတနာသိုက်' ထဲသို့သွားကာ သစ်သီးများကိုလက်တစ်ဆုပ်စာယူလာတတ်သည်။ ပိရှသည်ကား သူခိုးတစ်ယောက်မဟုတ်ပေ။ သူက ခိုးကြောင်ခိုးဝှက်လုပ်နေတာမျိုး၊ ခြေရာလက်ရာများကိုဖျောက်ဖျက်ထားတာမျိုးမရှိဘဲ ပေါ်ပေါ်တင်တင်သာယူလာခြင်းဖြစ်သည်။ သို့ပေသိ အားလော့ကျင်းသည်ကား ငယ်စဉ်ကတည်းကပင် တုံးအနုံချာသူတစ်ဦးဖြစ်လေရာ သူစုဆောင်းထားသောပစ္စည်းများမှာ တစ်နေ့တခြားလျော့နည်းလာတာကိုလည်း မည်သည့်အခါကမှသတိမထားမိခဲ့ပါချေ။

"လင်ယွမ်းကော...ဒီကိုလာကြည့်! ကျွန်တော် ပညာရှိပဏ္ဍိတကြီးဆီကနေ လူမျက်နှာလိပ်ပြာတွေကိုခိုးလာတယ်!"

"ဘာ...မင်း ဘယ်လိုဖြစ်ပြီး စည်းကျော်တဲ့အလုပ်မျိုးကိုလုပ်ခဲ့ရတာလဲ၊ မြန်မြန်ပြန်သွားထားလိုက်၊ အရိုက်ခံချင်လို့လား?"

"အိုင်း...ကျွန်တော့်အဖေကိုတိုင်မပြောပါနဲ့ဗျာ! ကျွန်တော်က ကြည့်ရုံလေးတင်ကြည့်ကြည့်တာပါ၊ ကော...ဒီပစ္စည်းတွေက တကယ်ပဲ နတ်ဘုရားတွေနဲ့မိစ္ဆာတွေကိုဆင့်ခေါ်နိုင်ပြီး သေတဲ့လူတွေကိုပြန်အသက်သွင်းနိုင်တာလားဟင်?"

"သေပြီဆိုမှတော့ သေပြီပဲပေါ့၊ သေတဲ့လူဟာ မီးငြိမ်းသွားတဲ့မီးအိမ်တစ်လုံးလိုပဲ၊ နတ်ဘုရားတွေနဲ့မိစ္ဆာတွေဆိုတာ လူသားတွေက သူတို့ကိုယ်သူတို့ လိမ်ညာဖို့အတွက်ဖန်တီးထားတဲ့အတုအယောင်အရာတွေပဲ"

"ဒါဖြင့်....လူတစ်ယောက်ကသေသွားပြီးရင် ဘာဆိုဘာမှမကျန်ခဲ့တော့ဘူးပေါ့နော်? မသေလို့မရဘူးလား?"

"ဘာတွေပြောနေတာလဲ? လူတိုင်းလူတိုင်းဟာ သေကြရမှာပဲ...တစ်ခုကလွဲလို့..."

"ဘာကလွဲလို့လဲ?"

"သူတို့တွေဟာ အရှင်လတ်လတ် မိစ္ဆာဘဝကိုကျရောက်သွားတာကလွဲလို့ပေါ့"

"တကယ်လား!"

အားလော့ကျင်းပေါက်စလေးသည်ကား အံ့အားသင့်သွားရှာသည်။ သူ့မျက်လုံးများက တဖျတ်ဖျတ်အရောင်လက်လာ၏။

"အဲဒါဆိုမကောင်းဘူးလား?"

"ကလေးစကားတွေ၊ ဘာကိုကောင်းရမှာလဲ?"

အရွယ်ငယ်သော်လည်း ရင့်ကျက်လှပါသော လူကြီးပေါက်စလေးဖြစ်သည့် လူသားမျိုးနွယ်စုဝင် အိမ်ရှေ့စံမင်းသားလေးက တစ်ချက်မျှပြုံးလိုက်သည်။ တစ်ဖက်တွင်တော့ အားလော့ကျင်းသည်ကား ဤအကြောင်းအရာကိုအလွတ်မပေးသေးဘဲ မေးခွန်းများကိုအတင်းအကြပ်မရမကမေးမြန်းနေလေရာ ရှန့်လင်ယွမ်းခမျာ ဆက်လက်၍စာကောင်းကောင်းဖတ်လို့မရတော့သည်အထိပင်။

"ဘာဖြစ်လို့လဲ? လင်ယွမ်းကောကော၊ အချိန်အကြာကြီးအထိ အသက်ရှည်ရှည်နေရတာ မကောင်းဘူးလား?"

"ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာလောကကြီးပေါ်မှာရှိတဲ့ ကောင်းမွန်တဲ့အရာအားလုံးဟာ ထာဝရမတည်မြဲနိုင်ကြဘူးလေ၊ ငါကြားဖူးတာက အလှဆုံးပန်းပွင့်လေးတစ်ပွင့် ဖူးပွင့်လန်းဆန်းလာဖို့ အချိန်အကြာကြီးစောင့်ရတယ်တဲ့၊ သူက တစ်သက်မှာတစ်ခါပဲပွင့်ပြီး ပွင့်ပြီးတာနဲ့ချက်ချင်းညှိုးနွမ်းသွားရော၊ အသက်အရှည်ဆုံးလူကြီးတစ်ယောက်က ဘဝရဲ့နေဝင်ချိန်ရောက်လာတဲ့အခါ သူ့ဘဝတစ်သက်တာကိုပြန်ပြောင်းတွေးတောကြည့်လိုက်ချိန်မှာ ပျော်စရာကောင်းတဲ့မှတ်ဉာဏ်အနည်းအကျဉ်းလောက်ကိုပဲ ပြန်မှတ်မိတော့တယ်တဲ့။ ကျန်တဲ့အရာတွေအားလုံးကတော့ မီးခတ်ကျောက်က ထွက်လာတဲ့မီးပွားလေးတွေလိုပဲ ခဏသာခံပြီးပျောက်ကွယ်သွားကြတယ်တဲ့လေ။ ငါ့ဆရာကပြောဖူးတယ်၊ ရှင်လို့လည်းမရ သေလို့လည်းမရတဲ့လူတွေမှသာ ထာဝရရှင်သန်နိုင်တာတဲ့__အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောမနေနဲ့တော့၊ အဲဒီလိပ်ပြာတွေကို ပညာရှိကြီးဆီ မြန်မြန်ပြန်သွားပေးလိုက်။ ကလေးတစ်ယောက်က သေခြင်းရှင်ခြင်းအကြောင်းတွေကို ဘာအကြောင်းမှမရှိဘဲ လက်လွတ်စပယ်မပြောရဘူး။ ဒါတွေက တားမြစ်ထားတဲ့အရာတွေဆိုတာ မင်းမသိဘူးလား? မင်းက သေခြင်းတရားအကြောင်းကိုပြောဖို့ သိပ်ငယ်လွန်းသေးတယ်"

"လင်ယွမ်းကော...ကျွန်တော်တို့ကို ဘာဖြစ်လို့ သေခြင်းရှင်ခြင်းအကြောင်း မပြောဖို့တားမြစ်ထားတာလဲ? ဘာဖြစ်လို့ အချိန်အကြာကြီးအသက်ရှင်လို့မရတာလဲ? အိုင်းယား....ပြောနေရင်းနဲ့ ခေါင်းရှုပ်လာပြီဗျာ၊ ကော...ကျွန်တော့်ကိုထပ်ပြောပြပါဦး၊ 'အရှင်လတ်လတ် မိစ္ဆာဘဝကိုကျရောက်သွားတယ်' ဆိုတာကရော ဘာကြီးလဲ? .....မသွားနဲ့ဦးလေ....ကော!"

သို့သော် ထိုအရာများသည်ကား အတော်လေးကိုကြာညောင်းခဲ့ပြီဖြစ်သော အရာများပင်တည်း။

ဤဘဝတစ်သက်တာသည်ကား အလွန်အင်မတန်တိုတောင်းသလို အလွန်အင်မတန်ရှည်လျားလွန်းလှပါကြောင်းကို မည်သူကများသိရှိပါမည်နည်း။

ရွှမ်းကျီးက ရှန့်လင်ယွမ်းအား အောက်သို့ချထားပေးလိုက်ချိန်၌ သူ့မျက်လုံးများပွင့်လာသော တဒင်္ဂအတွင်း၌ ထိုမျက်ဝန်းများမှာ ရီဝေဝေဖြစ်နေသလို သူခံစားလိုက်ရသည်။ နောက်တခဏအကြာမှာတော့ သူ၏မျက်ခွံများက ဖြည်းဖြည်းချင်းအောက်သို့ကျဆင်းသွားလေသည်။ သူ့မျက်နှာအမူအရာမှာလည်း ပို၍ပြေလျော့သက်သာသွားကာ နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးရိပ်တစ်စကိုပင် သိမ်းဆည်းသိုဝှက်ထားသယောင်။

ရွှမ်းကျီးတစ်ယောက် တအံ့တဩဖြစ်သွားရှာသည်။ သို့ပေမင့် သူသေသေချာချာမကြည့်လိုက်ရသေးခင်မှာပင် ထိုအပြုံးရိပ်မှာပျောက်ကွယ်သွားတော့သည်။ တစ်သက်မှာတစ်ခါသာပွင့်လန်းပြီး လက်ဖျောက်တစ်ချက်စာအချိန်လေးအတွင်းမှာပင် ညှိုးလျော်ခြောက်သွေ့သွားတတ်သော ပန်းမာလာတစ်ပွင့်နှယ်။

ရွှမ်းကျီးသည်ကား အလွန်အင်မတန်နားပါးသူတစ်ဦးဖြစ်သည်။ သူက အနားသို့တိုးကပ်လိုက်သောအခါ ရှန့်လင်ယွမ်း၏ခန္ဓာကိုယ်ပေါ်မှ ထူးဆန်းသောအသံတစ်သံကိုကြားလိုက်ရလေသည်။ ပူနွေးစပြုလာသောနွေဦးရာသီအတွင်း မြစ်ပြင်ကျယ်ပေါ်ရှိ နောက်ဆုံးသောရေခဲပြင်တစ်လွှာက တဂျွတ်ဂျွတ်မြည်သံပေးကာ အရည်ပျော်လာနေသည့်အသံမျိုးကဲ့သို့နှယ်။ ရွှမ်းကျီးက သူ့လက်ကို အင်္ကျီလက်ဖြင့်ဖုံးအုပ်ထားလိုက်ရင်း လက်ကိုဆန့်တန်းလိုက်ပြီး အသံလာရာအရင်းအမြစ်ကိုရှာဖွေရန်ကြိုးစားလိုက်သည်။ ကူယွဲ့ရှီးက လှမ်းအော်ကာ ဟန့်တားလိုက်၏။

"ခဏလေး...ဒါရိုက်တာရွှမ်း....သူ့ကိုမထိနဲ့ဦး!"

ကူယွဲ့ရှီးက ဗန်ကားပေါ်သို့တက်လာသည်။ သူက ခြေလှမ်းဝက်အကွာမှနေ၍ ကားနောက်ထိုင်ခုံပေါ်တွင် ခွေခွေလေးတိတ်ဆိတ်ငြိမ်သက်စွာလဲလျောင်းနေသော ရှန့်လင်ယွမ်းအား ရိုသေလေးစားမှုအပြည့်ဖြင့်ကြည့်လိုက်သည်။

"ဘာဖြစ်လို့လဲ?"

ဝမ်ဇယ်က သူမစကားကိုကြားသောအခါ ကားပြတင်းပေါက်မှတဆင့် အထဲသို့ခေါင်းပြူကြည့်လာသည်။

"ယွဲ့အာ...မင်း ဘာတွေမြင်လိုက်လို့လဲ?"

"သူ့ရဲ့အရိုးတွေနဲ့ကိုယ်တွင်းကလီစာတွေက မိုးကြိုးပစ်ခံလိုက်ရလို့ မီးကျွမ်းကုန်ကြပြီ"

ကူယွဲ့ရှီးက ဒူးတစ်ဝက်ခန့်ထောက်ချလိုက်ပြီးသော် တစ်စုံတစ်ရာလန့်နိုးသွားမည်ကိုစိုးရိမ်နေသည့်အလား သူမ၏လေသံကိုနှိမ့်နိုင်သမျှနှိမ့်ကာပြောလာသည်။

"အခုချိန်မှာ သူတို့တွေက သူတို့ဘာသာသူတို့ မြန်မြန်ဆန်ဆန်ပြန်လည်ပြုပြင်နေကြတယ်။ ဝိညာဉ်ကြောကလည်း ပြန်ပြီးဖွဲ့စည်းနေကြတယ်....ဒါက အတော့်ကိုအံ့မခန်းဖြစ်ရပ်မျိုးပဲ၊ လက်နက်ဝိညာဉ်တွေရဲ့ခန္ဓာကိုယ်က လူသားတွေနဲ့မတူသင့်ဘူးမဟုတ်ဘူးလား?"

ရွှမ်းကျီးတစ်ယောက် အလန့်တကြားဖြစ်သွားရှာသည်။

"မင်းက လက်နက်ဝိညာဉ်တွေအကြောင်းကို အများကြီးသိထားတာလား?"

လက်နက်များကိုလက်နက်ဝိညာဉ်အဖြစ်ဖိုသွင်းသန့်စင်မွမ်းမံသည့် ရှေးဟောင်းနည်းပညာရပ်သည်ကား ပျောက်ကွယ်သွားသည်မှာ နှစ်ပေါင်းထောင်နှင့်ချီခဲ့ပြီဖြစ်သည်။ ယနေ့ခေတ်လူသားများမှာ ထိုအကြောင်းကိုမသိလောက်တော့ဘူးဟုထင်မှတ်ကာ သူက လွယ်လင့်တကူလုပ်ကြံဖန်တီးပြောဆိုခဲ့တာဖြစ်သည်။ သူ့ရဲ့လံကြုတ်ဇာတ်လမ်းက အခု ပေါ်သွားတော့မှာတော့မဟုတ်ပါဘူးနော်?

"မဟုတ်ပါဘူး၊ အခုချိန်မှာ အဲဒီဟာတွေနဲ့ပတ်သက်တဲ့မှတ်တမ်းမှတ်ရာတွေက သိပ်ပြီးများများစားစားမကျန်တော့ဘူး၊ ကျွန်မက အရင်တုန်းက ဓားဝိညာဉ်တစ်ခုနဲ့သိကျွမ်းခဲ့ဖူးလို့ပါ.....ကြည့်ရတာ လက်နက်ဝိညာဉ်တွေအချင်းချင်းတောင်မှ ကွဲပြားခြားနားမှုတွေရှိကြတဲ့ပုံပဲ"

ကူယွဲ့ရှီး၏အကြည့်များက ရှန့်လင်ယွမ်း၏ကိုယ်ပေါ်၌ စူးစိုက်စွဲမြဲစွာကျရောက်နေလျက်ရှိသည်။

"ကျွန်မရဲ့မျက်လုံးတွေက ထူးခြားစွမ်းရည်ပိုင်ရှင်တွေကိုယ်ပေါ်မှာရှိတဲ့ သူတို့ရဲ့ထူးခြားစွမ်းအင်တွေကိုမြင်တွေ့နိုင်စွမ်းရှိတယ်။ မျိုးနွယ်စုမတူတဲ့လူတွေဆီမှာ မတူညီတဲ့အရောင်အဆင်းနဲ့အရည်အသွေးတွေရှိကြတယ်၊ ဒါပေမဲ့ အခုလိုမျိုး သန့်စင်မည်းနက်နေတဲ့ ထူးခြားစွမ်းရည်မျိုးကို တစ်ခါမှမတွေ့ဖူးသေးဘူး"

ရွှမ်းကျီးသည်ကား မိမိစိတ်ကိုမိမိထိန်းချုပ်နိုင်စွမ်းမြင့်မားသူတစ်ယောက်ဖြစ်သည့်အလျောက် သူ့မျက်နှာပေါ်ရှိအပြုံးရိပ်ကို ခက်ခက်ခဲခဲကြိုးစားပမ်းစားဆက်လက်ထိန်းသိမ်းထားလိုက်သည်__သန့်စင်မည်းနက်တဲ့ထူးခြားစွမ်းရည်.....ဒါက မိစ္ဆာဆီက ထွက်လာတဲ့ မိစ္ဆာစွမ်းအင်ကိုပြောနေတာမဟုတ်ဘူးလား?

ရွှမ်းကျီးမှာ သူ့ကိုယ်သူပြန်လည်တည်ငြိမ်အောင်မထိန်းချုပ်လိုက်ရသေးခင်မှာပင် သူ့ဘေးနားတွင်ရှိနေသည့် ကျန်းကျောင်းက အရိပ်အကဲနားမလည်ဘဲ သူမေးချင်ရာကိုသာမေးလိုက်သည်။

"အစ်မ...ချိယွမ်းဆေးရုံမှာတုန်းက ပူဆွေးယဇ်ပူဇော်ပွဲရဲ့ဆင့်ခေါ်မှုကြောင့်ရောက်လာတဲ့ မိစ္ဆာဆီက စွမ်းအင်ကလည်း အနက်ရောင်ပဲဆိုပြီးပြောခဲ့ဖူးတယ်မဟုတ်လား?"

"မတူဘူး၊ အဲဒီလူရဲ့ထူးခြားစွမ်းရည်က ဟာလာဟင်းလင်းဖြစ်နေတဲ့ အနက်ရောင်မြူခိုးတစ်ဆုပ်ပဲ၊ ခုနတုန်းက ငါတို့နောက်ကနေလိုက်လာတဲ့ မိစ္ဆာဆီက စွမ်းအင်မျိုးနဲ့တူတယ်၊ ဒါပေမဲ့ သူကတော့....."

ကူယွဲ့ရှီးက ရှန့်လင်ယွမ်းကိုကြည့်ကာ ရေရွတ်ပြောဆိုလိုက်သည်။

"သူ့ရဲ့ထူးခြားစွမ်းအင်က ပိုပြီးသန့်စင်မည်းနက်တဲ့စွမ်းအင်မျိုးပဲ၊ အသားကလည်း ပိုပြီးထူထဲသိပ်သည်းတယ်၊ စကားလုံးသေးသေးလေးတွေအများကြီးကို ပြည့်သိပ်ကြပ်ညပ်နေအောင်စုစည်းထားတဲ့အတိုင်းပဲ၊ ငါ ရှင်းရှင်းလင်းလင်းမမြင်ရဘူး....အင်း...ဒါက..."

သူတို့စကားနှစ်ခွန်းသုံးခွန်းလောက်ပြောနေသည့်အချိန်အတွင်းမှာပင် မိုးကြိုးအပစ်ခံရပြီး မီးလောင်ကျွမ်းကာ စုတ်တီးစုတ်ပဲ့ဖြစ်နေရှာသော ရှန့်လင်ယွမ်း၏ခန္ဓာကိုယ်သည်ကား ၇၀၊ ၈၀ ရာခိုင်နှုန်းလောက်အထိကို သူတို့ဘာသာသူတို့အလိုအလျောက်ပြန်လည်အနာကျက်သွားပြီဖြစ်သည်။ ကူယွဲ့ရှီး၏အမြင်အာရုံထဲတွင် သူ၏သွေးစီးကြောင်းများလှည့်ပတ်စီးဆင်းနေမှုနှင့် တစတစပုံသဏ္ဌာန်ပေါ်လာနေသော သူ၏နှလုံးသည်းညှာတို့ကို ဖြည်းဖြည်းချင်းတွေ့မြင်နေရသည်။ သူ့နှလုံးအိမ်ထိပ်တွင် မည်သည့်အရာဖြင့်ပြုလုပ်ထားမှန်းမသိရသော မီးလျှံရောင်ဝါတစ်ခုက ရုတ်တရက် ထွက်ပေါ်လို့လာသည်။

ဖောက်ထွင်းမြင်နိုင်သောစွမ်းရည်ရှိသူများမှာ အလိုအလျောက်ပင် တောက်ပလင်းလက်သောမီးအလင်းရောင်များ၏ဆွဲဆောင်မှုကိုခံရတတ်စမြဲပင်ဖြစ်သည်။ ကူယွဲ့ရှီးခမျာ သေသေချာချာမကြည့်လိုက်ရသေးခင်မှာပင် သူမ၏မျက်လုံးများထဲတွင် စူးရှသောနာကျင်မှုတစ်ခုကိုခံစားလိုက်ရလေသည်။ သူမ၏မျက်လုံးများကို သံမဏိအပ်ချောင်းများဖြင့် ထိုးဖောက်နေသည့်အလား။ သူမသည်ကား တည်ငြိမ်သောဟန်ပန်အမူအရာမျိုးကိုဆောင်ကြဉ်းထားတတ်ပြီး နာကျင်မှုကိုခံနိုင်ရည်မြင့်မားသူတစ်ယောက်ဖြစ်သော်ငြား ၎င်းမှာ မျက်လုံးများကိုလက်နှစ်ဖက်ဖြင့် ဖုံးအုပ်လိုက်ရရင်း ခပ်ပြတ်ပြတ်အော်သံတစ်ချက်ပြုလိုက်ရရှာ​တော့သည်။

"ယွဲ့ရှီးကျယ်ကျဲ!"

"ယွဲ့အာ!"

ကူယွဲ့ရှီး၏ဇီဝကမ္မတုံ့ပြန်မှုကြောင့်ဖြစ်တည်လာသော မျက်ရည်များမှာ ရုတ်ချည်းပင်အိုင်ထွန်းလာသည်။ ထိုအခါရေဖြင့်ဆေးချလိုက်သည့်နှယ် စူးရှသောနာကျင်မှုဝေဒနာတို့က အနည်းငယ်မျှလျော့ပါးသက်သာသွားလေသည်။ သူမက အကြိမ်ရေအနည်းငယ်ခန့် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။ နောက်ဆုံး သူ့မျက်လုံးများကိုပြန်ဖွင့်လိုက်ချိန်မှာတော့ အတော်လေးကိုအံ့အားသင့်သွားသောအမူအရာမျိုးဖြစ်ပေါ်သွားတော့သည်__သူမ၏ရှေ့မှောက်တွင်ရှိနေသောလူသည်ကား ဒဏ်ရာအနာတရတစ်ခုမှမရှိတော့သည့် သာမန်အမျိုးသားတစ်ယောက်သာဖြစ်လို့နေသည်။

ခိုးကြည့်ခြင်းကို တားမြစ်ထားသည်။

ကူယွဲ့ရှီးက သူ့ပါးစပ်ကိုဖွင့်ဟကာ သူမအား စိုးရိမ်ပူပန်နေကြသော လုပ်ဖော်ကိုင်ဖက်များကို ရှင်းပြရန်ပြင်လိုက်စေကာမူ သူမ၏အသံမှာ ပျောက်ဆုံးသွားရှာတော့သည်။

ထုတ်ဖော်ပြောကြားခြင်းကို တားမြစ်ထားသည်။

လူသား-မိစ္ဆာတောင်မှ သူ ခိုးကြည့်တာကို မတားဆီးနိုင်ခဲ့ဘူးလေ။ ဒီဓားက ဘာဓားမို့လို့ပါလိမ့်?

ရွှမ်းကျီး၏ဇဝေဇဝါဖြစ်နေသောအကြည့်များက သူမအပေါ်သို့ကျရောက်သွားသည်။

"အဖွဲ့ခေါင်းဆောင်(၂)?"

"ဘာမှမဖြစ်ပါဘူး"

ကူယွဲ့ရှီးခမျာ ရုတ်ချည်းဆိုသလိုပင် ရှန့်လင်ယွမ်းအား ထပ်မကြည့်ရဲတော့ပါချေ။

"ဒီနေ့ ကျွန်မရဲ့မျက်လုံးတွေကိုအသုံးပြုတာများသွားလို့ပါ၊ နည်းနည်းလေး အားကုန်သွားတာပါ__သူ့ရဲ့ သူ့ဘာသာသူပြန်လည်ကုသတဲ့အလုပ်က မကြာခင်ပြီးတော့မှာပါ။ သူ ဘာမှမဖြစ်လောက်ပါဘူး၊ စိတ်မပူပါနဲ့ ဒါရိုက်တာရွှမ်း.....ကားကို ဘယ်လိုပြန်ပြင်ရမလဲဆိုတာကိုပဲ အရင်စဉ်းစားကြရအောင်"

ရွှမ်းကျီးက သူ့အစီအရင်များဖြင့်အကွက်ချတိုက်ခိုက်စဉ်အခါက သေတ္တာတစ်လုံးစာရေဘူးများအပါအဝင် ကား၏ရေတိုင်ကီအတွင်းမှရေများအားလုံးကိုပင် အငွေ့ပျံစေခဲ့ပြီးအသုံးချခဲ့တာဖြစ်သည်။ သူတို့၏ဘေးပတ်ဝန်းကျင်တဝိုက်တွင် ပူနွေးသောမြူခိုးငွေ့များက နေရာအနှံ့ပြည့်နှက်လို့နေပြီး ထမင်းပေါင်းအိုးတစ်လုံးထဲရောက်နေသကဲ့သို့ပင်။ ဝမ်ဇယ်က အငွေ့ပျံသွားသောမြူခိုးငွေ့များကိုစုစည်းလိုက်ပြီး ဗန်ကားအပေါ်သို့ပင့်တင်လိုက်သည်။ ထိုအငွေ့များပြန်လည်အေးစက်သွားသည်နှင့် သူက ထိုအရည်များကိုကားရေတိုင်ကီအတွင်းသို့ပြန်လည်ထည့်သွင်းလိုက်လေသည်။

ဗန်ကားလေးမှာ အပြင်ပန်းမှကြည့်လျှင်သာ ဟောင်းနွမ်းစုတ်ပြတ်နေပုံပေါက်နေသော်ငြား အံ့ဩစရာကောင်းလောက်အောင်ပင် 'အသက်ကြီးသော်လည်း မပျက်စီးသေးပါချေ'။ ၎င်းမှာ လမ်းတစ်လျှောက်လုံး ခုန်လိုက်ပေါက်လိုက်ဖြင့်မောင်းနှင်ခံထားရသည့်အပြင် ကူယွဲ့ရှီးကလည်း သူ၏ရင်ဘတ်ကိုဖွင့်၍အစာအိမ်ကိုလှီးဖြတ်လိုက်သေးသည်။ ထို့နောက်တွင်မှ အဝတ်အစားသစ်များပြန်လည်ဝတ်ဆင်ပေးလိုက်တာဖြစ်သည့်တိုင်အောင် ၎င်းမှာ အပြန်လမ်းခရီးတွင်လည်း ကောင်းကောင်းမွန်မွန်အလုပ်လုပ်နေဆဲဖြစ်သည်။

"ဒါရိုက်တာရှောင်း *မိုးကြိုးပစ်ခံလိုက်ရတယ်လို့ကြားတယ်"

ဝမ်ဇယ်က အခင်းဖြစ်ရပ်နေရာတွင်ရှင်းလင်းရေးလုပ်နေသော လုပ်ဖော်ကိုင်ဖက်တစ်ယောက်နှင့်ဖုန်းပြောပြီးသည့်နောက်တွင် နောက်သို့လှည့်လာကာ အခြားသူများကိုပြောဆိုလိုက်သည်။ သူ့စကားကိုကြားပြီးနောက် ကျန်လူများ၏ထူးဆန်းသောမျက်နှာအမူအရာများကိုတွေ့လိုက်ရသောအခါ ၎င်းမှာ သူ့မျက်နှာကိုသူ ကမန်းကတန်းလက်ညှိုးထိုးကာပြောလိုက်သည်။

"မဟုတ်ဘူး....ရဲဘော်တို့....ငါရဲ့တည်ငြိမ်လေးနက်တဲ့မျက်နှာထားကို ကြည့်ကြပါကွာ၊ ငါ အရှိကိုအရှိအတိုင်းပြောနေတာပါ၊ သူ့ကိုကျိန်ဆဲနေတာမဟုတ်ရပါဘူး"

(T/N

*မိုးကြိုးပစ်တယ်ဆိုတဲ့အသုံးအနှုန်းမျိုးက ကိုယ်မကြိုက်တဲ့တစ်စုံတစ်ယောက်ကို ကျိန်ဆဲတဲ့နေရာမျိုးမှာလည်းသုံးလေ့ရှိတဲ့အသုံးအနှုန်းမျိုးဖြစ်နေလို့ပါ)

စီးကရက်တစ်လိပ်ကိုလက်ကြားညှပ်ထားသော ရွှမ်းကျီး၏လက်မှာလည်း တုံ့ခနဲဖြစ်သွားသည်။

ကျန်းကျောင်းက အူတီးအူကြောင်ဖြင့် သူ့ဖုန်းကိုလှန်လှောကြည့်နေသည်။

"ငါ ဒီကိစ္စကိုအစောကြီးကတည်းကပြောချင်နေတာ၊ လွန်ခဲ့တဲ့ရက်ပိုင်းလောက်အထိ သုံးချွမ်းမှာ နေသာနေခဲ့တာမဟုတ်ဘူးလား၊ မိုးကြိုးလျှပ်စီးတွေက ဘယ်ကနေဘယ်လိုရောက်လာတာလဲ? နောက်ပြီး ဒါရိုက်တာရှောင်းကိုယ်တိုင်ကလည်း မိုးကြိုး-လျှပ်စီးအမျိုးအစားထူးခြားစွမ်းရည်ပိုင်ရှင်ပဲမဟုတ်ဘူးလား? သူက ဘယ်လိုဖြစ်ပြီး မိုးကြိုးအပစ်ခံလိုက်ရတာလဲ?"

"ဒါက အဓိကအချက်မဟုတ်ပါဘူး"

ကူယွဲ့ရှီးက မျက်မှောင်ကြုတ်ကာပြောလာသည်။

"သူ ဘာဖြစ်သွားသေးလဲ?"

"ကံကောင်းသွားတာက သူက မိုးကြိုး-လျှပ်စီးအမျိုးအစားဖြစ်နေလို့ပဲ၊ မဟုတ်လို့ကတော့ ငါတို့ မနက်ဖြန် သူ့ဈာပနပွဲကိုသွားတက်ရလိမ့်မယ်"

ဝမ်ဇယ်က သက်ပြင်းချကာဆိုသည်။

"သူ့ကို အခု ဆေးရုံပို့လိုက်ကြပြီ၊ ဒါပေမဲ့ သူနဲ့အဖော်ပါသွားတဲ့လူက ပြောတာတော့ အခြေအနေကောင်းပါတယ်တဲ့၊ ပြဿနာမရှိတော့ပါဘူး"

အားလုံးမှာ ထိုစကားကိုကြားသောအခါမှ စုပေါင်း၍သက်ပြင်းချလိုက်ကြလေသည်။ ရွှမ်းကျီးက သူတို့ကိုကြည့်ကာ စိတ်ထဲ၌တွေးလိုက်သည်။

ဒီထိပ်သီးတပ်ဖွဲ့မှာလည်း နောက်ဆုံးတော့ ရဲဘော်ရဲဘက်စိတ်ဓာတ်လေး နည်းနည်းပါးပါးတော့ကျန်သေးတာပါလား

ကျန်းကျောင်းက သူ့ရင်ဘတ်ကိုသူ တဘုတ်ဘုတ်ပုတ်ကာပြောလာသည်။

"လန့်သေတော့မှာပဲ၊ တကယ်လို့ ရှောင်းပါပါးသာ ကံဆိုးမိုးမှောင်ကျပြီး တစ်ခုခုဖြစ်သွားရင် ငါတို့စစ်ဆင်ရေးအတွက် ပိုသုံးမိတဲ့ဘတ်ဂျက်တွေကိုဘယ်လိုလုပ်ရတော့မှာလဲ? ဘယ်သူ့ဆီသွားပြီး ရှိခိုးတောင်းပန်ရတော့မှာလဲ?"

ရွှမ်းကျီး : "........"

နတ်ဆရာဂူသင်္ချိုင်းထဲတွင် ဘာတွေဖြစ်ခဲ့သလဲဆိုသည့်အကြောင်းနှင့်ပတ်သက်၍ ဝမ်ဇယ်က သူတို့ကိုအတိုချုပ်ကာရှင်းပြလိုက်သည်။ ထို့နောက် သူက ရွှမ်းကျီးဘက်သို့လှည့်လာကာ မေးမြန်းလိုက်၏။

"ဒါနဲ့ ဒါရိုက်တာရွှမ်း...ခင်ဗျားရဲ့လက်နက်ဝိညာဉ်က ခုနလေးတင်ပြောလိုက်တယ်မဟုတ်လား.... မိုးကြိုးအစီအရင်ကို သူထားခဲ့တာဆိုလား? ကျွန်တော် နားကြားမမှားပါဘူးနော်?"

ရွှမ်းကျီးက သူ့နဖူးကိုသူ ပွတ်သပ်ကာပြောလိုက်သည်။

"အင်း....သူက အားလော့ကျင်းရဲ့အလောင်းပေါ်မှာ လှည့်ကွက်တစ်ခုထားခဲ့ပြီး ပူဆွေးယဇ်ပူဇော်ပွဲကိုဆင့်ခေါ်တဲ့သူကို မျှားခေါ်ထုတ်ဖို့အတွက် တမင်သက်သက် ငါးစာထားခဲ့တာဖြစ်နိုင်တယ်၊ ဒါပေမဲ့ ကြည့်ရတာ ငါးစာကိုလာဟပ်တဲ့သူက ကိုယ်ပွားတစ်ခုပဲဖြစ်နေတယ်၊ အဲဒီကိုယ်ပွားကလည်း မိုးကြိုးအပစ်ခံလိုက်ရပြီ။ တကယ့်ခန္ဓာကိုယ်အစစ်က ငါတို့ကိုတောင်ဖုန်းခေါ်ပြီး လိမ်ညာလိုက်သေးတယ်။ ငါတို့ပြန်သွားပြီးရင် ပထမဆုံးအနေနဲ့ အဲဒီဖုန်းက ဘယ်နေရာကနေခေါ်တာလဲဆိုတာကို စုံစမ်းစစ်ဆေးရမယ်"

ကူယွဲ့ရှီးက မူမမှန်သော သူ့မျက်နှာအမူအရာကိုသတိထားမိသွားကာ အကင်းပါးစွာဖြင့်မေးလိုက်သည်။

"ဘာဖြစ်လို့လဲ?"

"အားလော့ကျင်း__ခုနတုန်းက မိစ္ဆာက ပြောခဲ့တယ်...ပူဆွေးယဇ်ပူဇော်ပွဲကိုဆင့်ခေါ်သူက ချိယွမ်းက မီးတောက်တွေကိုနောက်တစ်ကြိမ်လောင်ကျွမ်းစေချင်တာတဲ့၊ သူပြောတဲ့အထဲမှာ ကျွန်တော် သိပ်နားမလည်တဲ့ နာမ်ပုဒ်တွေအများကြီးပါတယ်၊ အသံထွက်တွေက 'မိစ္ဆာမျိုးနွယ်စု'တွေနဲ့တူသလို 'အရိပ်မျိုးနွယ်စု' တွေ၊ 'ကောင်းရှန်းမျိုးနွယ်စု' တွေနဲ့လည်းတူတယ်.....ဘာတွေလဲလို့တော့ ကျွန်တော့်ကိုလာမမေးနဲ့၊ ကျွန်တော်လည်း မသိဘူး"

ရွှမ်းကျီးက စဉ်းစားချင့်ချိန်ဟန်ဖြင့် ခေါင်းကိုခါယမ်းလိုက်သည်။

"ကျွန်တော်ထင်တာကတော့ ဒါက အဆုံးသတ်မဟုတ်သေးဘူး"

ချိယွမ်း၏မီးတောက်များသာ နောက်တစ်ကြိမ်လောင်ကျွမ်းသွားမည်ဆိုပါက အားလော့ကျင်းပြောခဲ့သလိုမျိုး ကိုးပြည်ထောင်စစ်ပွဲဖြစ်ပွားခဲ့တဲ့ ပဋိပက္ခခေတ်ကာလမျိုးကိုပြန်ရောက်သွားမှာလား?

သူက မနေနိုင်မထိုင်နိုင်ဖြစ်စွာပင် အနောက်သို့တစ်ဝက်လှန်ချထားသော ကားထိုင်ခုံပေါ်တွင် တိတ်ဆိတ်စွာ ခပ်ကွေးကွေးလေးနေနေရှာသည့် ရှန့်လင်ယွမ်းကိုလှမ်းကြည့်လိုက်လေသည်။ သူ့မျက်လုံးများမှာပိတ်ထားသော်လည်း သူ၏ဦးခေါင်းမှာမူ ကားပြတင်းပေါက်ဘက်သို့စောင်းငဲ့ထားလျက်ရှိနေကာ တစ်စုံတစ်ရာကိုမခွဲနိုင်မခွာနိုင်ဖြစ်နေသည့်နှယ်။

သုံးချွမ်း၏နေ့သစ်တစ်နေ့တာ စတင်ပြီဖြစ်သည်။ လမ်းများပေါ်ရှိ အမျိုးစုံသောစားသောက်ဆိုင်လေးများထံမှ မီးခိုးငွေ့များနှင်ရေနွေးငွေ့များလွင့်ပျံထွက်ပေါ်လို့လာနေသည်။ အလုပ်ဖွင့်ရက်ဖြစ်သည်နှင့်အညီ နံနက်ပိုင်းယာဉ်လမ်းကြောများမှာလည်း အကြပ်ဆုံးအချိန်သို့ရောက်နေပြီဖြစ်လေရာ သူတို့၏အပြန်လမ်းခရီးမှာ ထင်ထားသည်ထက် ပို၍နောက်ကျသွားလေတော့သည်။

သူတို့ ဟိုတယ်သို့ရောက်သောအခါမှာတော့ အဆောက်အဦးအောက်ရှိဈေးဝယ်စင်တာနားတွင် လူအများစုရုံးနေကြသည်ကိုတွေ့လိုက်ရသည်။ 'ကြမ်းခင်း' များကျွံကျသွားသည့်အကြောင်းနှင့်ပတ်သက်ပြီး တီးတိုးပြောဆိုနေကြခြင်းဖြစ်သည်။ အနှီကွင်းဆင်းဝန်ထမ်းများသည်ကား လူသတ်သည့်အလုပ်သာလုပ်တတ်ပြီး မြေမြှုပ်သည့်အလုပ်ကိုမလုပ်တတ်ကြသော ဝါရင့်စစ်မှုထမ်းဟောင်းများဖြစ်ကြလေသည်__သို့ဖြစ်ရာ ၎င်းတို့အားလုံးသည်ကား ဘာတစ်ခုကိုမှမမြင်သလို ဟန်ဆောင်နေလိုက်ကြပြီး ကားကိုတိတ်တဆိတ်ပြန်သွားထားကာ ဟိုတယ်အတွင်းသို့ခိုးကြောင်ခိုးဝှက်ဝင်သွားရှာတော့သည်။

ရွှမ်းကျီးမှာ ပြန်လည်ပြုပြင်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သော်ငြား သူနှင့်မသက်ဆိုင်သော အလုပ်တာဝန်များကိုလုပ်နေမိတာကိုလည်း သူ့ကိုယ်သူသတိထားမိပါ၏။ မိမိသည်ကား ကိုယ့်အလုပ်တာဝန်ကို ပေါ်ပေါ်တင်တင်လျစ်လျူရှုထားခဲ့သည့်အပြင် လေနတ်ဘုရားအဖွဲ့နှင့်အတူ ခိုးလိုက်သွားခဲ့သေးသည်။

သူက ရှန့်လင်ယွမ်းအား ဟိုတယ်သို့ပြန်လည်ခေါ်ဆောင်သွားပြီး သူ၏ကိုယ်အပူချိန်ကိုစမ်းသပ်ကြည့်လိုက်သည်။ ယခင်တုန်းကလောက် သိပ်မပူတော့ပါချေ။

တော်သေးတယ်

ရွှမ်းကျီးက တွေးလိုက်သည်။

မဟုတ်ရင် ဒါကို ဘယ်လိုဖြေရှင်းပေးရမလဲဆိုတာ သိမှာမဟုတ်ဘူး

ရှန့်လင်ယွမ်း၏ခန္ဓာကိုယ်မှာ သန်မာသည်ဟုလည်းပြော၍ရသလို အားနည်းသည်ဟုလည်း ပြော၍ရနိုင်သည်။ ချိယွမ်းတွင်တွေ့ခဲ့ရသော ကျောက်စိမ်းရုပ်သေးရုပ်နှင့်နှိုင်းယှဉ်မည်ဆိုပါက အနှီခန္ဓာကိုယ်သည်ကား သွေးထွက်တတ်၊ ဒဏ်ရာရတတ်သလို အဖျားရောဂါလည်းစွဲကပ်တတ်ပေသည်။ သေမျိုးလူသားများခံစားရသော နာကျင်မှုဝေဒနာများကို သူသည်လည်း လွတ်အောင်ပြေးရှောင်နိုင်ခြင်းမရှိပါချေ။ သို့သော် ချိယွမ်းရှိမီးတောက်များက မငြိမ်းသွားဘဲ အားလော့ကျင်းဟူသည့် သူ့နည်းတူမိစ္ဆာတစ်ကောင်အား မြဲမြံစွာချိပ်ပိတ်ထားနေပါစေ၊ ကောင်းကင်နှင့်မြေကြီး၏အမျက်ဒေါသကိုဆင့်ခေါ်သလိုဖြစ်နေဦးမည့်အပြင် သတိလစ်နေသောအခြေအနေအတွင်းမှာပင် ခိုးကြည့်ခြင်းကိုတားမြစ်ထားသည်အထိတောင်ဖြစ်နိုင်ပေသည်။

ကူယွဲ့ရှီးက သူမ၏ဖောက်ထွင်းမြင်နိုင်စွမ်းကိုအသုံးပြုသည့်အချိန်တွင် သူမ၏မျက်ဆံများမှာ ဒေါင်လိုက်မျဉ်းတန်းလေးများအဖြစ်ပြောင်းလဲသွားတတ်သည်။ သို့သော် ၎င်းမှာ ရှန့်လင်ယွမ်းအား စူးစိုက်ကြည့်ရှုူနေစဉ်အတွင်း သူမ၏မျက်လုံးများက ရုတ်တရက်နာကျင်မှုကိုခံစားလိုက်ရသည့်အချိန်၌ ဒေါင်လိုက်မျက်ဆံများမှာ ပုံမှန်အတိုင်းပြန်ဖြစ်သွားလေတော့သည်။ သူမ၏အမြင်အာရုံမှာ အတင်းအဓမ္မဖြတ်တောက်ပိတ်ဆို့ခြင်းခံလိုက်ရသည်ဟု ရွှမ်းကျီးခန့်မှန်းယူဆမိသည်။

ဤလူသားဧကရာဇ်သည်ကား နတ်ဘုရားတစ်ပါးလည်းမဟုတ်သလို လူသားတစ်ယောက်လည်းမဟုတ်။ အသက်ရှင်နေတာလည်းမဟုတ်သလို သေသွားတာလည်းမဟုတ်။ သူ ဘာလဲဆိုတာကို လုံးဝကိုမသိပါချေ။

ရွှမ်းကျီးက လက်ဖက်ရည်တစ်ခွက်ဖျော်လိုက်ပြီးနောက် ညသန်းခေါင်ယံအချိန်လောက်တွင် ခပ်သွက်သွက်ရေချိုးလိုက်သည်။ သူက အခြားကုတင်တစ်လုံးပေါ်သို့တက်လိုက်ပြီး ကုတင်ခေါင်းရင်းကိုမှီထားကာ မျက်လုံးများကိုပိတ်ပြီး အနားယူရန်ပြင်ဆင်လိုက်သည်။ သို့သော် သူ့မျက်လုံးများကိုပိတ်လိုက်သည်နှင့်တပြိုင်နက် သူ့ရှေ့မှောက်တွင် အရိပ်သဏ္ဌာန်တစ်ခုက ရုတ်တရက်ထွက်ပေါ်လာပြီး မည်သို့မှဖျောက်ဖျက်ပစ်လို့မရပါချေ။

သူက ဘာဖြစ်လို့ ငါ့ရှေ့ကနေ ပိတ်ကာပေးခဲ့တာလဲ?

ရွှမ်းကျီးမှာ ဟိုလှိမ့်သည်လှိမ့်လုပ်နေကာ အိပ်မပျော်နိုင်ဘဲဖြစ်နေရှာသည်။ သို့ဖြစ်ရာ သူက ဖုန်းကိုထုတ်ယူလိုက်ပြီး စာဖတ်သည့် app အတွင်းမှ "ချီခေတ်ကာလမှ ဧကရာဇ်ဝူ၏မှတ်တမ်းများ" ဟူသည့်စာအုပ်ကိုရှာဖွေလိုက်ပြီး ဝယ်ယူလိုက်သည်။

ဤစာအုပ်မှာ သာမန်လူပြိန်းများဖတ်ရှုရန်အတွက်ဖြစ်သည်ဟုဆိုထားသော်လည်း ရှေးဟောင်းသမိုင်းနယ်ပယ်မှ ပညာရှင်အကျော်အမော်ဟောင်းတစ်ဦးက ရေးသားထားတာဖြစ်သည့်အပြင် ပါဝင်သောအကြောင်းအရာအချက်အလက်များမှာလည်း ခိုင်မာသေချာစွာသုတေသနပြုလုပ်ထားသည့်အတွက် ယုံကြည်လို့ရနိုင်သောစာအုပ်မျိုးဖြစ်သည်။ သူ စာအုပ်အဖုံးကိုလှန်လိုက်သောအခါ ယောက်ျားပီသပြီး သန်မာထွားကျိုင်းသော ခန္ဓာကိုယ်ပိုင်ရှင် ဧကရာဇ်ဝူ၏ပန်းချီပုံတစ်ပုံကိုတွေ့မြင်လိုက်ရလေသည်။ ရွှမ်းကျီးမှာ မနေနိုင်မထိုင်နိုင်ဖြစ်ကာ ရှန့်လင်ယွမ်းအား တစ်ချက်ခိုးကြည့်လိုက်ပြီးသော် ဖုန်းကို စောင်အတွင်းသို့ကြုံ့ကာဆွဲယူလိုက်ပြီး လက်ထဲတွင်ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားလိုက်လေသည်..... ဤစာအုပ်သည်ကား သေချာပေါက်ကို အပျော်ဖတ်စာအုပ်တစ်အုပ်မဟုတ်သလို စိတ်ကူးယဉ်ဝတ္ထုစာအုပ်လည်းမဟုတ်သည့်တိုင်အောင် သူစာဖတ်နေသည့်ပုံစံကိုကြည့်ရသည်မှာ မြေအောက်ရထားပေါ်တွင် အပြာစာအုပ်တစ်အုပ်ကိုဖတ်နေသူတစ်ယောက်နှင့်တူနေတော့သည်။

"........ဧကရာဇ်ဝူ၊ ရှန့်ရှောင်းသည် ပထမဖျင်ယွမ်းစစ်ပွဲအတွင်း၌မွေးဖွားခဲ့သူဖြစ်သည်။ အချို့ကတော့ ၎င်းမှာ 'ကပ်ဘေးဆိုးကြီးကိုတုံ့ပြန်ရန်' အတွက်မွေးဖွားလာသူဖြစ်သည်ဟုဆိုကြသည်။ ထိုသွေးစွန်းသောစစ်ပွဲကြီးသည်ကား နောင်တစ်ချိန်တွင် နှစ်ပေါင်းနှစ်ဆယ်ကျော်မျှကြာညောင်းလိမ့်မည်ဖြစ်သော စစ်ပွဲကြီး၏အစကနဦးပင်ဖြစ်သည်။ ဧကရာဇ်ဖျင်သည်ကား စစ်ပွဲကို ကိုယ်တိုင်ကိုယ်ကျဦးဆောင်တိုက်ခိုက်ခဲ့သူဖြစ်ပြီး စစ်မြေပြင်၌ပင် နတ်ရွာစံသွားခဲ့သည်။ မင်းဆက်မှာလည်း ကစဉ့်ကလျားဖြစ်သွားခဲ့ရပြီး မွေးကင်းစအရွယ်သာရှိသေးသော အိမ်ရှေ့စံမင်းသားမှာလည်း ပျက်စီးဆုံးရှုံးမှုများကိုကြုံတွေ့ရသောကြောင့် ရုတ်တရက်ထိတ်လန့်ပျာယာခတ်သွားရှာသော မှူးမတ်ဝန်ကြီးများကြားတွင် ပျောက်ဆုံးသွားခဲ့ရသည်။ မှူးကြီးမတ်ရာများသည်ကား အချိန် (၂)နှစ်ခန့်ကြာပြီးနောက်မှသာ အိမ်ရှေ့စံမင်းသားငယ်လေးကိုပြန်လည်ရှာတွေ့ခဲ့လေသည်"

"မည်သို့မည်ပုံရှာတွေ့ခဲ့သလဲဆိုသည့်ဖြစ်စဉ်ကိုမူ မသိကြပါချေ။ ထိုခေတ်အခါက မှူးမတ်ဝန်ကြီးများသည်ကား အိမ်ရှေ့စံမင်းသားလေးမှာ သူတို့ရှာဖွေနေသောမင်းသားအစစ်အမှန်ဖြစ်ကြောင်းကို မည်သို့မည်ပုံအတည်ပြုခဲ့သလဲဆိုသည့်အကြောင်းနှင့်ပတ်သက်၍လည်း ဆီလျော်ကိုက်ညီသောသမိုင်းအချက်အလက်များမရှိကြပါချေ။ ပညာရပ်နယ်ပယ်အတွင်း၌ တစ်ချိန်လုံးပျံ့နှံ့နေခဲ့သည့် အယူအဆသဘောတရားတစ်ခုမှာ ဧကရာဇ်ဝူမှာ အမှန်စင်စစ် ဧကရာဇ်ဖျင်နှင့်မိဖုရားချန်၏ သားတော်အရင်းမဟုတ် ဟူသည့်အချက်ပင်ဖြစ်သည်။ သို့မဟုတ်ပါက နောက်ပိုင်းတွင် မိမိ၏မွေးသမိခင်ဖြစ်သူအား သတ်ဖြတ်ခဲ့သော သူ၏လုပ်ရပ်သည်ကား လူသားဆန်မှုနှင့်ဆန့်ကျင်ဘက်ဖြစ်နေပေလိမ့်မည်"

"စာရေးသူ၏ကိုယ်ပိုင်အမြင်အရမှာမူ ဤခန့်မှန်းယူဆချက်မှာ သက်သေအထောက်အထားမရှိသောယူဆချက်တစ်ခုသာဖြစ်သည်ဟု ထင်မြင်မိပါသည်"

"ပထမဦးစွာ 'ချီစာအုပ်' ထဲတွင် ချန်မိဖုရားခေါင်ကြီး၏ကိုယ်ဝန်ဆောင်ခြင်းများနှင့်ပတ်သက်သော မှတ်တမ်းမှတ်ရာများကိုရေးသားမှတ်တမ်းတင်ထားခဲ့သည်။ သူမ၏ရင်သွေးတော်လေးမွေးဖွားသန့်စင်သည့်အချိန်ကာလမှာ ရှန့်ရှောင်း၏မွေးဖွားမှုရာဇဝင်မှတ်တမ်းများနှင့်ကိုက်ညီမှုရှိသည်။ အခြားတစ်ဖက်အရကြည့်လျှင် 'ကလေးချင်းအလဲခံရသည်' ဟူသည့်ယူဆချက်မှာ အခြေအမြစ်မရှိတော့ပါချေ။ ရှန့်ရှောင်းမွေးဖွားမလာသေးခင်အချိန်က ချန်မိဖုရားထံတွင် ရှန့်ဝေဟူသည့်သားတစ်ယောက်ရှိခဲ့သည်။ ရှန့်ရှောင်း၏အစ်ကိုအရင်းတော်စပ်သူဖြစ်သော ဤမင်းသားလေးသည်ကား သူ့ထက် အသက်သုံးနှစ်ကြီးသူဖြစ်သည်။ ၎င်းမှာ ခန္ဓာကိုယ်က အားနည်းချိနဲ့ပြီး အကြိမ်ပေါင်းများစွာအဖျားရောဂါဝေဒနာများကိုခံစားခဲ့ရသူဖြစ်သော်ငြား အလွန်တရာကံကောင်းထောက်မစွာပင် ပဋိပက္ခများဖြစ်ပွားနေသည့် ခက်ခဲကြမ်းတမ်းလှသောအချိန်ကာလအတွင်းမှာပင် လူလားမြောက်အရွယ်ရောက်သည်အထိ ကြီးပြင်းလာနိုင်ခဲ့သည်။ နောက်ပိုင်းတွင် 'နင်မင်းသား' ဟူသည့်ဘွဲ့အမည်နာမတော်ကို ပေးအပ်ချီးမြှင့်ခြင်းခံခဲ့ရသည်။ ချန်မိဖုရားခေါင်ကြီးသည်ကား သူမ၏ရာထူးအာဏာတည်မြဲစေရန်အလို့ငှာ အခြားသောသားတော်တစ်ပါးကိုမွေးစားရန်လည်းမလိုအပ်ပါချေ။ သူမ၏သားတော်အရင်းကိုစွန့်ပစ်ကာ မွေးစားသားတော်အား ရာဇပလ္လင်ထီးနန်းကို လွှဲပြောင်းပေးအပ်ခဲ့သည်ဟူသည့်ယူဆချက်မှာ ပို၍ပင်ကျိုးကြောင်းဆီလျော်မှုမရှိလှပါချေ။

"အချုပ်အားဖြင့်ဆိုရလျှင် အချို့သော 'ပရိသတ်' များသည်ကား မိမိ၏မိခင်အရင်းဖြစ်သူအားသတ်ဖြတ်ခဲ့သော ရှန့်ရှောင်း၏လုပ်ရပ်အပေါ် လက်ခံနိုင်ခြင်းမရှိဘဲ သီအိုရီအမျိုးမျိုးကိုထုတ်ကာ သူ၏လုပ်ရပ်မှာမှန်ကန်သင့်လျော်ကြောင်း ရှာကြံအကြောင်းပြပေးခဲ့ကြသော်လည်း ထိုအကြောင်းပြချက်များအားလုံးသည်ကား လုံလောက်သော သက်သေအထောက်အထားများမရှိကြပါချေ။ ဧကရာဇ်ဝူ၏ဘဝတစ်သက်တာကို ခြုံငုံသုံးသပ်ကြည့်မည်ဆိုပါက ၎င်းမှာ သူ့ကိုယ်သူ ငါးစာအဖြစ်အသုံးချကာ ရန်သူများအဝိုင်းခံထားရသောမြို့တွင်းမှ သာမန်ပြည်သူပြည်သားများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမည့်အန္တရာယ်မှကယ်တင်ပေးခဲ့သော ကောင်းကွက်များရှိသော်ငြား အခြားတစ်ဖက်တွင်လည်း ရက်စက်ကြမ်းတမ်းပြီးသွေးဆာသောအပြုအမူများနှင့်မိမိ၏ဆွေမျိုးသားချင်းများကိုတောင်မှ ခွင့်လွှတ်သည်းခံမှုမရှိသော အမှောင်မျက်နှာတစ်ဖက်ခြမ်းလည်းရှိနေသေးပေသည်။ သမိုင်းရာဇဝင်ထဲရှိအကျော်အမော်ပုဂ္ဂိုလ်များနှင့်ပတ်သက်သည့်အကြောင်းခြင်းရာများကိုစဉ်းစားရာ၌ ကျွန်တော်တို့သည်ကား ဘက်လိုက်မှုမရှိဘဲ သမာသမတ်ကျသောရှုထောင့်အမြင်များမှသာ သုံးသပ်ယူဆသင့်ကြပေသည်...."

စာရေးသူ၏သမိုင်းဆိုင်ရာရှုထောင့်အမြင်များကိုရေးသားထားသောအပိုင်းကဏ္ဍတစ်ခုကိုမူ ရွှမ်းကျီးက ခပ်မြန်မြန်သွက်သွက်ပင် အပေါ်ယံသာလျှပ်ဖတ်သွားလိုက်သည်။ နောက်ထပ်အခန်းတစ်ခန်းကိုလှန်လိုက်သောအခါ ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ စိတ်ပညာရှင်တစ်ယောက်၏မှတ်ချက်ကို အကိုးအကားပြု၍ရေးသားထားသောစာတစ်ပိုဒ်ကိုတွေ့လိုက်ရလေသည်။

"ယုံတမ်းစကားများအရ ရှန့်ရှောင်းသည်ကား ပဋိပက္ခစစ်ပွဲများဖြစ်ပွားနေသောအချိန်ကာလအတွင်း၌မွေးဖွားလာခဲ့ကာ စစ်သည်ရဲမက်များနှင့်အတူကြီးပြင်းလာခဲ့ရသူတစ်ယောက်ဖြစ်စေကာမူ ပြင်းပြထက်သန်သောထိန်းချုပ်လိုသည့် ဆန္ဒတို့ကြောင့် သူ၏နေထိုင်မှုဆိုင်ရာအလေ့အကျင့်များသည်ကား အလွန်တရာ လျော်ကန်မွန်ရည်ကာ စည်းစနစ်တကျရှိလှပေသည်။ [ချီစာအုပ်: ဧကရာဇ်ဝူ] ထဲတွင်ရေးသားထားပုံများအရ ရှန့်ရှောင်းသည်ကား ငယ်စဉ်အခါက ခြေသလုံးအိမ်တိုင်ဘဝဖြင့်လေလွင့်လျှောက်သွားနေခဲ့ရသည့်အချိန်မှလွဲ၍ ကျန်သောအချိန်များတွင် ညစ်ပေမှုများကိုမကြိုက်မနှစ်သက်တတ်သူတစ်ဦးဖြစ်ပုံရလေသည်။ သူ၏မိခင်ရင်းဖြစ်သူသည်ပင် သူ့ကိုလာရောက်တွေ့ဆုံသောအခါ၌ သူမအား စောင့်ဆိုင်းထားစေတတ်ပြီး သူ့ကိုယ်သူရေချိုးသန့်စင်ကာ အဝတ်အစားများလဲလှယ်ပြီးသောအခါမှသာ တွေ့ခွင့်ရခဲ့တာဖြစ်သည်။ ၎င်းသည်ကား သူ၏ရုပ်သွင်ကို သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြင်ဆင်ပြီးသောအခါမှသာ မျက်နှာပြတတ်သူဖြစ်သည်။ တစ်ကြိမ်တွင် ၎င်းမှာ အပြင်းအထန်နာမကျန်းဖြစ်ကာ သုံးရက်တိုင်တိုင်သတိလစ်မေ့မြောနေခဲ့သည်။ သူသတိရလာသောအခါဝယ် ပထမဆုံးလုပ်ခဲ့သည့်အရာမှာ သူ၏ဘယ်ညာနှစ်ဖက်မှ အစေခံများကိုအပြင်သို့ထွက်သွားစေပြီး သူ၏ရုပ်သွင်သဏ္ဌာန်ကိုဂရုတစိုက်ထိန်းသိမ်းပြင်ဆင်ခြင်းပင်ဖြစ်သည်။ ဤသည်ကား သူ ငယ်စဉ်အခါက နေရာအတည်တကျမရှိဘဲလေလွင့်သွားလာနေခဲ့ရပြီး ပတ်ဝန်းကျင်ကိုလည်း အမြဲတစေထိန်းချုပ်ကိုင်တွယ်နိုင်ခြင်းမရှိခဲ့သောဖြစ်ရပ်များအတွက် တစ်မျိုးတစ်ဖုံ အစားထိုးဖာထေးသည့်အပြုအမူမျိုးဖြစ်ပုံရလေသည်....."

ရွှမ်းကျီး၏အကြည့်များက 'ညစ်ပေခြင်းကိုမနှစ်သက်' ဟူသည့်စာသားပေါ်သို့ အချိန်ခဏကြာမျှစိုက်ကြည့်နေပြီးနောက်မှာတော့ သူ့အကြည့်များသည်ကား အနားစွန်းများဖွာလန်ကြဲနေသည့် စုတ်တီးစုတ်ပဲ့ကောက်ရိုးမြက်ခြောက်ဝတ်ရုံကိုဝတ်ဆင်ထားပြီး ဆံနွယ်များရှုပ်ပွငြိထွေးနေသည့် ရှန့်လင်ယွမ်း၏ကိုယ်ပေါ်သို့ ဝေ့ဝဲကျရောက်သွားလေတော့သည်။ ထို့နောက်မှာတော့ သဘာဝလွန်စွမ်းအားများ၏လှုံ့ဆော်ခြင်းကိုခံလိုက်ရသည့်အလား သူက ကုန်းရုန်းထလိုက်ကာ ရေချိုးခန်းထဲမှ အဝတ်စိုတစ်ထည်ကိုသွားယူလိုက်သည်။ ၎င်းမှာ ရေအပူချိန်ကိုထိန်းညှိနေရင်းက သူ့စိတ်ထဲ၌တွေးတောလိုက်သည်။

ဒါက ဘာဖြစ်တာလဲ? ငါ ရူးသွားပြီလား?.....ကျစ်....မဟုတ်ပါဘူး...ငါက ကိုယ်ဆပ်ရမယ့်အကြွေးကိုပြန်ဆပ်ပေးရုံပါပဲ

'ကျေးဇူးတရားနှင့်ရန်ငြိုးအာဃာတများ' ကို ရှင်းရှင်းလင်းလင်းခွဲခြားသိမြင်နိုင်သူဖြစ်သော ဒါရိုက်တာရွှမ်းသည်ကား သူ့ဘာသာသူတစ်ယောက်တည်း တည်ငြိမ်လေးနက်စွာစဉ်းစားခန်းဝင်နေရှာတော့သည်။ ဤသို့ဖြင့် ၎င်းသည်ကား 'ကြီးမြတ်သောတရားမျှတမှု' တို့ကိုဆောင်ကြဉ်းကာ ရေတတောက်တောက်ကျနေသော အဝတ်စိုတစ်ထည်ကို ကုတင်ဘေးနားသို့ယူဆောင်လာခဲ့သည်။ 'ရှေးခေတ်လူသား' တစ်ယောက်၏ ကောက်ရိုးဝတ်ရုံမှာ မည်သို့မည်ပုံကြိုးချည်စည်းနှောင်ထားသလဲဆိုတာကို အချိန်အတော်ကြာအောင် စေ့စေ့စပ်စပ်ကြည့်ရှုအကဲခတ်ပြီးနောက်မှာတော့ နောက်ဆုံးတွင် ခါးပေါ်၌ ရှုပ်ထွေးပွေလီလှသော ကြိုးထုံးတစ်ထုံးကိုတွေ့ရှိသွားလေတော့သည်။

ငါက တဏှာရူးနှာဘူးကောင် မဟုတ်ပါဘူးနော်

ရွှမ်းကျီးက သူ့ဘာသာသူတွေးလိုက်ရင်း ကြိုးထုံးကိုဖြေလိုက်သည်။

ငါက မန္တန်အစီအရင်တွေရဲ့တန်ပြန်တိုက်ခိုက်မှုကြောင့် သူ့ကိုယ်ပေါ်မှာ ရသွားတဲ့ဒဏ်ရာဒဏ်ချက်တွေကို တစ်ချက်လောက် ကြည့်ကြည့်ရုံလေးတင်ပါ.....

ထိုအခိုက် ဖြူဆုတ်နေသောလက်တစ်ဖက်က သူ့လက်ကောက်ဝတ်ကို ရုတ်တရက် ဖမ်းဆုပ်လိုက်သည်။

ရွှမ်းကျီး : "......."

ဒီပိရှက တကယ်ပဲကောင်းကောင်းမနေနိုင်ဘူးလားဟ? အချိန်မတော် ရောက်လာတယ်၊ အချိန်မ​တော် သတိလစ်သွားတယ်၊ အချိန်မတော် သွေးထွက်သံယိုဖြစ်သွားတယ်၊ Bluetooth အဆက်အသွယ်ကလည်း အချိန်မတော်ပြတ်တောက်သွားတယ်......အခုလည်း အချိန်မတော် နိုးလာပြန်ပြီ!

17.9.21

🔥🔥🔥🔥🔥🔥🔥

T/N

Hello တစ်ခုလောက်ပြောချင်လို့ပါ။ ကိုယ့်ရဲ့ wp က ဘာဖြစ်မှန်းမသိ၊ အခုထိ error တက်နေတုန်းမို့လို့ ဘယ်နေရာမှာမှ reply ပြန်လို့မရပါဘူး။ ဆို​တော့ တချို့ကွန်မန့်လေးတွေကို အခုလောလောဆယ်ပြန်မဖြေပေးနိုင်သေးတာကို စိတ်မရှိပါနဲ့နော်။ တော်ကြာ ကိုယ်က ချေပြီး Reply မပြန်ဘူးထင်မှာစိုးလို့ပါ။ တကယ်ကဖြေချင်ပေမယ့် ဖြေလို့မရတာပါလို့ 😭

***********

Zawgyi

႐ႊမ္းက်ီးက ကမန္းကတန္းျဖင့္ အေရွ႕သို႔ေျခတစ္လွမ္းတိုးလိုက္သည္။

"ေဝ့.....ခင္ဗ်ား?"

ကူယြဲ႕ရွီးမွာ တစ္ခ်က္လွမ္းၾကည့္လိုက္ခ်ိန္၌ ရွန႔္လင္ယြမ္း၏ခႏၶာကိုယ္ဆီမွ မည္သည့္အရာကိုေတြ႕ျမင္သြားသည္မသိ၊ သူမ၏မ်က္ႏွာအမူအရာမွာ ထိတ္လန႔္တုန္လႈပ္ေသာအသြင္သဏၭာန္သို႔ေျပာင္းလဲသြား၏။

"မထိနဲ႕"

ရွန႔္လင္ယြမ္း၏ခႏၶာကိုယ္တြင္းမွ ဝိညာဥ္ေၾကာမ်ားမွာ ျပတ္ေတာက္သြားရွာၿပီျဖစ္သည္။ သူက အတုန္တုန္အယင္ယင္ျဖစ္ေနေသာေလသံျဖင့္ေျပာလိုက္ရင္း ႐ႊမ္းက်ီး၏လက္ကိုတြန္းထုတ္လိုက္သည္။

"ေသြး....အဟြတ္....ေသြးေတြရွိတယ္"

႐ႊမ္းက်ီးမွာ လည္ေခ်ာင္းထဲတြင္တစ္ဆို႔သြားသလိုခံစားလိုက္ရၿပီးေသာ္ တစ္ဖက္လူ၏ပုခုံးေပၚသို႔ေရာက္ႏွင့္ေနၿပီျဖစ္ေသာ သူ႕လက္ကိုအသာေလးျပန္႐ုတ္သိမ္းကာ အကၤ်ီလက္အတြင္းသို႔ထိုးထည့္လိုက္ေလသည္။ သူက ေနာက္လွည့္ကာ ေအာ္ဟစ္လိုက္သည္။

"ေလာင္ဝမ္....ငါ့ကိုလာကူဦး!"

သို႔ေသာ္ သူ႕စကားမဆုံးခင္မွာပင္ ရွန႔္လင္ယြမ္းခမ်ာ လုံးလုံးလ်ားလ်ားကိုသတိလစ္ေမ့ေျမာသြားၿပီးသကာလဝယ္ သူ႕လက္ေပၚသို႔ျပဳတ္က်သြားရွာေတာ့သည္။

႐ႊမ္းက်ီးက သူ႕လက္မ်ားကိုေရွာင္တိမ္းလိုက္သင့္ေသာ္လည္း လက္မ်ားမွာမူ သူ႕ကိုသစၥာေဖာက္သြားၾကသည္။ သူက အလိုအေလ်ာက္ပင္ အေရွ႕သို႔လက္လွမ္းလိုက္ၿပီး ရွန႔္လင္ယြမ္းအား လွမ္းဖမ္းလိုက္ေလသည္။

ေတာ္ေတာ့္ကိုပူျခစ္ေတာက္ေနတာပဲ!

"ငါက ဘာလုပ္ေပးရမွာလဲ? ငါတို႔ သူ႕ကိုေဆး႐ုံေခၚသြားရမလား? ဒါေပမဲ့ အထူးကုေဆးပညာရပ္ေတြက သူနဲ႕ကိုက္ညီပါ့မလား၊ သူတို႔က လက္နက္ဝိညာဥ္ကိုကုတတ္လို႔လား?"

ဝမ္ဇယ္က အနားသို႔ေရာက္လာကာ သူ႕ဆံပင္ကိုဆုပ္ဆြဲလိုက္သည္။ သူ၏ မည္သည့္ဦးေႏွာက္အာ႐ုံေၾကာပတ္လမ္းေၾကာင္းက ျပတ္ေတာက္သြားသည္မသိ။

"ဒီဟာက.....သူ႕ရဲ႕အေျခအေနအရဆိုရင္ သူ႕ကို MRI ရိုက္ၾကည့္လို႔လည္းမရနိုင္ဘူးမဟုတ္လား?"

"ငါတို႔ သူ႕ကို မိုက္ခရိုေဝ့ဖ္မီးဖိုထဲမွာ ပစ္ထားခဲ့လို႔လည္းမရဘူးေလ"

႐ႊမ္းက်ီးတစ္ေယာက္ သတိျပန္ကပ္လာၿပီး ႐ြဲ႕တဲ့တဲ့ျပန္ေျပာလိုက္သည္။

"အျမန္လုပ္....ငါ့ကို ကားတံခါးသြားဖြင့္ေပးထား"

စကားဆုံးသည္ႏွင့္ ဝမ္ဇယ္မွာ သူ႕လက္ကိုမဆန႔္တန္းလိုက္ရေသးခင္မွာပင္ ႐ႊမ္းက်ီးသည္ကား ရွန႔္လင္ယြမ္း၏ကိုယ္ေပၚ၌ စိမ့္ထြက္လာေသာေသြးစေသြးနမ်ားက်န္ေနေသးသလားဆိုတာကို ေသေသခ်ာခ်ာၾကည့္ရႈစစ္ေဆးလိုက္ၿပီးေနာက္ ကိုယ္ကိုငုံ႕ကိုင္းကာ ရွန႔္လင္ယြမ္းကို ေပြ႕ခ်ီလိုက္ၿပီး ကားအတြင္း၌ေနရာခ်ထားေပးလိုက္ေလေတာ့သည္။

ဝမ္ဇယ္မွာ အူတီးအူေၾကာင္ျဖင့္ပင္ သူ၏ဆန႔္တန္းထားေသာလက္ကိုျပန္႐ုတ္သိမ္းလိုက္ရင္း တီးတိုးေရ႐ြတ္လိုက္သည္။

"ခုနတုန္းက 'ငါ့ကို လာကူဦး' ဆိုၿပီး ေအာ္ေခၚတဲ့သူက ဘယ္သူမ်ားပါလိမ့္?"

ဗန္ကားေလးထဲတြင္ အနံ႕အသက္သိပ္မေကာင္းလွေပ။ ပင္လယ္စာစားေသာက္ဆိုင္မ်ားသို႔ အစားအေသာက္ပို႔ေသာကားျဖစ္နိုင္သည္။ သို႔ေသာ္ ကံေကာင္းေထာက္မစြာပင္ သားေရအတုမ်ားျဖင့္ျပဳလုပ္ထားေသာထိုင္ခုံမ်ားသည္ကား ေရွးေခတ္လူသားတစ္ေယာက္အတြက္မူ ႏူးညံ့ေပ်ာ့ေပ်ာင္းကာ သက္ေတာင့္သက္သာရွိလွေသးသည္။ ရွန႔္လင္ယြမ္းမွာ ေ႐ႊ႕ေျပာင္းသယ္ေဆာင္ျခင္းခံေနရခ်ိန္၌ မသိလိုက္မသိဘာသာျဖင့္ မ်က္လုံးမ်ားပြင့္လာၿပီး သူ၏ခႏၶာကိုယ္မွာလည္း အလိုအေလ်ာက္ေတာင့္တင္းသြားေလေတာ့သည္။ ၎သည္ကား ခက္ခက္ခဲခဲႀကိဳးစားပမ္းစားဖြင့္ဟလိုက္ရွာေသာ က်ဥ္းေျမာင္းလွသည့္ျမင္ကြင္းေလးထဲတြင္ တုံးခြၽမ္း၏အ႐ုဏ္ဦးေရာင္ျခည္ေလးကိုေတြ႕ျမင္လိုက္ရသည္။ ထိုအခိုက္ ၎မွာ စိတ္အာ႐ုံပ်ံ့လြင့္သြားၿပီး ႐ုတ္တရက္ သူေရာက္ရွိေနသည့္ အခ်ိန္ကာလႏွင့္ေနရာကိုေမ့ေလ်ာ့သြားကာ ပို၍နက္ရွိုင္းေသာမသိစိတ္နယ္ပယ္အတြင္းသို႔က်ေရာက္သြားေလေတာ့သည္။

တစ္ဝက္ႏွိမ့္ခ်ထားေသာ ကားထိုင္ခုံမ်ားသည္ကား သူ႕အား ႏူးညံ့စြာေထြးေပြ႕လႊမ္းၿခဳံလို႔ထားသည္။ သူ၏အေတြးမ်ားက ေလႏွင့္အတူလြင့္ပါးပ်ံ့လြင့္သြားေသာ ျပာမႈန႔္မ်ားအလား၊ လက္လွမ္းမမီနိုင္ေတာ့ၿပီျဖစ္ေသာ နတ္ဆရာမ်ိဳးႏြယ္စုဆီသို႔ သူအားျပန္လည္ေခၚေဆာင္သြားေလေတာ့သည္။

သူ၏ငယ္ဘဝမွတ္ဉာဏ္မ်ားမွာ ေဆာင္းလယ္တြင္ရွိေနသည့္ ပင္လယ္ေရမ်ားအလား၊ လွိုင္းတံပိုးမ်ားရိုက္ပုတ္လိုက္ခ်ိန္၌ ကမ္းေျခသို႔လူးလြန႔္ရိုက္ခတ္လာေသာ ေရစင္ေရမႊားမ်ားကဲ့သို႔ႏွယ္။

ထိုစဥ္အခါတုန္းကလည္း သူ႕ခႏၶာကိုယ္ေပၚတြင္ ဒဏ္ရာဒဏ္ခ်က္မ်ားရွိေနခဲ့တာကို သူမွတ္မိပါသည္။ ဤတစ္ႀကိမ္ႏွင့္မတူညီတာက သူ၏ကိုယ္တြင္းကလီစာမ်ားအားလုံးမွာ ပူျပင္းေလာင္ကြၽမ္းေနကာ သူ႕ခႏၶာကိုယ္တစ္ခုလုံးမွာလည္း မီးတမွ်ျခစ္ျခစ္ေတာက္ပူေလာင္ေနခဲ့သည္__ထိုအခ်ိန္၌မူ ၎မွာ ခ်မ္းေအးေနခဲ့တာျဖစ္သည္။ သူ၏ေသြးမ်ားအားလုံးမွာ သူ႕ခႏၶာကိုယ္တြင္းမွ အကုန္အစင္ယိုစိမ့္ထြက္သြားသည့္အလား။ မ်ိဳးႏြယ္စုေခါင္းေဆာင္ေဟာင္းသည္ကား သူ႕ကို သူ၏ဝတ္႐ုံထဲတြင္ သိမ္းေပြ႕ပိုက္ေထြးထားရင္း ေက်ာေပၚ၌ဂ႐ုတစိုက္သယ္ပိုးေခၚေဆာင္လာကာ ေတာင္ေပၚသို႔တက္သြားခဲ့သည္။ ပညာရွိပ႑ိတႀကီး၏သစ္သားအိမ္ငယ္ေလးမွာ ေျခာက္ေသြ႕ေႏြးေထြးလွၿပီး ႏြယ္ခ်ိဳရနံ႕မ်ားျဖင့္ျပည့္ႏွက္ေနခဲ့သည္__အလြန္တရာေႏြးေထြးလြန္းတာမွ သူ၏ႏွလုံးသည္းညွာထဲဝယ္ ခပ္တင္းတင္းဆြဲဆန႔္ထားေသာ ႀကိဳးေလးတစ္ေခ်ာင္းအား ဆတ္ခနဲျပတ္ေတာက္သြားေစသည္အထိပင္။

အခ်ိန္မည္မွ်ၾကာလို႔ၾကာသြားမွန္းမသိ၊ ၎မွာ ကေလးငယ္တစ္ဦး၏ၾကည္လင္ျပတ္သားေသာ စကားသံေၾကာင့္နိုးထလာရသည္။ ဘာကိုမွအမႈမထားသလိုမ်ိဳးဟန္ေဆာင္ထားေသာ ကေလးငယ္ေလးတစ္ဦးသည္ကား သူ၏ျပတင္းေပါက္ေဘာင္ေအာက္နားတြင္ ဟိုေလွ်ာက္လိုက္သည္ေလွ်ာက္လိုက္လုပ္ေနတာျဖစ္သည္။ ထိုကေလးမွာ သူနားမလည္ေသာဘာသာစကားျဖင့္ ကေလးေတးသီခ်င္းတစ္ပုဒ္ကို သီဆိုေနကာ ရွန႔္လင္ယြမ္း၏အာ႐ုံစိုက္မႈကိုရရွိရန္ႀကိဳးစားေနရွာသည္။ အခ်ိန္ကား အ႐ုဏ္တက္ခါစအခ်ိန္လည္းျဖစ္သည္။ သူ႕မ်က္လုံးမ်ားကိုဖြင့္လိုက္ခ်ိန္၌ ရင္သတ္ရႈေမာဖြယ္ရာေကာင္းလွေသာ သူရိန္ေနမင္းႀကီးသည္ကား ေတာင္ထိပ္မွ ထြက္ျပဴစျပဳလာကာ ရွည္လ်ားေသာေ႐ႊေရာင္အလင္းတန္းတစ္မွ်င္က အတားအဆီးကင္းမဲ့စြာျဖင့္ ေတာင္တစ္ဝက္ေလာက္အထိကို ခမ္းနားႀကီးက်ယ္စြာလင္းလက္ျဖာက်လိဳ႕ေနသည္။ သစ္သားအိမ္ေလး၏အေနာက္ဘက္တြင္ ႀကီးမားေသာပန္းသစ္ေတာ္ပင္ႀကီးတစ္ပင္ရွိသည္။ ထိုအပင္ႀကီးမွာ ဥတုရာသီမေ႐ြးသီးပြင့္ေဝဆာလ်က္ရွိကာ သစ္ပင္၏တစ္ဝက္ေလာက္တြင္ ပန္းမ်ားပြင့္လန္းေနသလို က်န္တစ္ဝက္ေလာက္တြင္ေတာ့ မွည့္ဝင္းေသာသစ္သီးမ်ား တြဲေလာင္းက်ေနလ်က္ရွိသည္။ အျပင္ခန္းအတြင္းသို႔ လူမ်ားထြက္လိုက္ဝင္လိုက္လုပ္ေနသည့္အခါတိုင္း သစ္သားတံခါးခ်ပ္မ်ားထံမွ တကြၽိကြၽိျမည္သံမ်ားထြက္ေပၚလို႔လာသည္။ တံခါးမ်ားပြင့္သြားခ်ိန္တိုင္းတြင္ ထိုအခြင့္အေရးကိုအသုံးခ်ၿပီး စြဲမက္ဖြယ္ရာေကာင္းလွေသာသစ္သီးရနံ႕မ်ားသည္ကား အခန္းတြင္းသို႔အလုံးအရင္းျဖင့္တိုးေဝွ႕ဝင္ေရာက္လာၾကသည္မွာ သူတို႔မည္မွ်ခ်စ္စရာေကာင္းသလဲဆိုတာကို အျခားသူမ်ားမျမင္မွာကိုစိုးရိမ္ေၾကာက္႐ြံ႕ေနရွာေသာ သီခ်င္းဆိုေနသည့္ကေလးငယ္ေလးအတိုင္းပင္ျဖစ္သည္။

ပညာရွိပ႑ိတႀကီးစိုက္ပ်ိဳးထားေသာ ပန္းသစ္ေတာ္ပင္ႀကီးရွိအသီးမ်ား၏အ႐ြယ္အစားမွာ လက္သီးဆုပ္တစ္ဆုပ္စာမွ်ႀကီးမားလွေပသည္။ ထိုသစ္သီးမ်ားအနက္ တစ္ဝက္မွာ နတ္ဆရာမ်ိဳးႏြယ္စုကိုမွ်ေဝေပးတာျဖစ္ၿပီး တစ္ဝက္မွာေတာ့ အားေလာ့က်င္းခိုးစားရင္းကုန္သြားတာျဖစ္သည္။

အႏွီေကာင္စုတ္ေလးသည္ကား ေမ်ာက္တစ္ေကာင္လိုပင္ သစ္ပင္ေပၚတြယ္တက္ကာ သူ႕လက္ႏွစ္ဖက္လုံးမရပ္မနားအလုပ္ေပးရင္း သစ္သီးမ်ားကိုစားေသာက္တတ္သူျဖစ္သည္။ စားလို႔ဝသြားသည့္အခါတြင္ေတာ့ သူ႕အကၤ်ီကိုခြၽတ္ကာ သစ္သီးမ်ားကို ထိုအဝတ္ထဲသို႔ေကာက္ထည့္ယူသြားတတ္ေသးသည္။ သူ၏အဝတ္အစားကင္းမဲ့ေနေသာ ေနေလာင္ထားသည့္ေနာက္ေက်ာျပင္ေလးသည္ကား ေ႐ႊအိုေရာင္ဂ်ဳံပင္မ်ား၏အေရာင္အဆင္းမ်ိဳးရွိေလသည္။ သူက ထိုသစ္သီးမ်ားကိုယူေဆာင္သြားကာ ယဇ္ပလႅင္အျပင္ဘက္တြင္ရွိေသာ လိုဏ္ဂူကေလးတစ္ခုထဲတြင္ အေျခာက္လွမ္းထားတတ္သည္။ သူ႕လုပ္ရပ္မ်ားကို မည္သူတစ္ဦးတစ္ေယာက္ကမွ ေတြ႕ျမင္ျခင္းမရွိဟုလည္း ထင္ေနတတ္ျပန္သည္။

ယဇ္ပလႅင္ေအာက္ဘက္တြင္ ေရခဲေနေသာေရအိုင္ငယ္ေလးတစ္အိုင္ရွိသည္။ ရွန႔္လင္ယြမ္းသည္ကား အေအးႀကိဳက္သူတစ္ဦးျဖစ္ေသာေၾကာင့္ ထိုေနရာအနီးတဝိုက္တြင္ စာဖတ္ရင္းအပန္းေျဖေလ့ရွိသည္။ စာဖတ္ရင္းပ်င္းလာသည့္အခါမ်ိဳးတြင္မူ ၎သည္ကား အားေလာ့က်င္း၏ 'ရတနာသိုက္' ထဲသို႔သြားကာ သစ္သီးမ်ားကိုလက္တစ္ဆုပ္စာယူလာတတ္သည္။ ပိရွသည္ကား သူခိုးတစ္ေယာက္မဟုတ္ေပ။ သူက ခိုးေၾကာင္ခိုးဝွက္လုပ္ေနတာမ်ိဳး၊ ေျခရာလက္ရာမ်ားကိုေဖ်ာက္ဖ်က္ထားတာမ်ိဳးမရွိဘဲ ေပၚေပၚတင္တင္သာယူလာျခင္းျဖစ္သည္။ သို႔ေပသိ အားေလာ့က်င္းသည္ကား ငယ္စဥ္ကတည္းကပင္ တုံးအႏုံခ်ာသူတစ္ဦးျဖစ္ေလရာ သူစုေဆာင္းထားေသာပစၥည္းမ်ားမွာ တစ္ေန႕တျခားေလ်ာ့နည္းလာတာကိုလည္း မည္သည့္အခါကမွသတိမထားမိခဲ့ပါေခ်။

"လင္ယြမ္းေကာ...ဒီကိုလာၾကည့္! ကြၽန္ေတာ္ ပညာရွိပ႑ိတႀကီးဆီကေန လူမ်က္ႏွာလိပ္ျပာေတြကိုခိုးလာတယ္!"

"ဘာ...မင္း ဘယ္လိုျဖစ္ၿပီး စည္းေက်ာ္တဲ့အလုပ္မ်ိဳးကိုလုပ္ခဲ့ရတာလဲ၊ ျမန္ျမန္ျပန္သြားထားလိုက္၊ အရိုက္ခံခ်င္လို႔လား?"

"အိုင္း...ကြၽန္ေတာ့္အေဖကိုတိုင္မေျပာပါနဲ႕ဗ်ာ! ကြၽန္ေတာ္က ၾကည့္႐ုံေလးတင္ၾကည့္ၾကည့္တာပါ၊ ေကာ...ဒီပစၥည္းေတြက တကယ္ပဲ နတ္ဘုရားေတြနဲ႕မိစာၦေတြကိုဆင့္ေခၚနိုင္ၿပီး ေသတဲ့လူေတြကိုျပန္အသက္သြင္းနိုင္တာလားဟင္?"

"ေသၿပီဆိုမွေတာ့ ေသၿပီပဲေပါ့၊ ေသတဲ့လူဟာ မီးၿငိမ္းသြားတဲ့မီးအိမ္တစ္လုံးလိုပဲ၊ နတ္ဘုရားေတြနဲ႕မိစာၦေတြဆိုတာ လူသားေတြက သူတို႔ကိုယ္သူတို႔ လိမ္ညာဖို႔အတြက္ဖန္တီးထားတဲ့အတုအေယာင္အရာေတြပဲ"

"ဒါျဖင့္....လူတစ္ေယာက္ကေသသြားၿပီးရင္ ဘာဆိုဘာမွမက်န္ခဲ့ေတာ့ဘူးေပါ့ေနာ္? မေသလို႔မရဘူးလား?"

"ဘာေတြေျပာေနတာလဲ? လူတိုင္းလူတိုင္းဟာ ေသၾကရမွာပဲ...တစ္ခုကလြဲလို႔..."

"ဘာကလြဲလို႔လဲ?"

"သူတို႔ေတြဟာ အရွင္လတ္လတ္ မိစာၦဘဝကိုက်ေရာက္သြားတာကလြဲလို႔ေပါ့"

"တကယ္လား!"

အားေလာ့က်င္းေပါက္စေလးသည္ကား အံ့အားသင့္သြားရွာသည္။ သူ႕မ်က္လုံးမ်ားက တဖ်တ္ဖ်တ္အေရာင္လက္လာ၏။

"အဲဒါဆိုမေကာင္းဘူးလား?"

"ကေလးစကားေတြ၊ ဘာကိုေကာင္းရမွာလဲ?"

အ႐ြယ္ငယ္ေသာ္လည္း ရင့္က်က္လွပါေသာ လူႀကီးေပါက္စေလးျဖစ္သည့္ လူသားမ်ိဳးႏြယ္စုဝင္ အိမ္ေရွ႕စံမင္းသားေလးက တစ္ခ်က္မွ်ၿပဳံးလိုက္သည္။ တစ္ဖက္တြင္ေတာ့ အားေလာ့က်င္းသည္ကား ဤအေၾကာင္းအရာကိုအလြတ္မေပးေသးဘဲ ေမးခြန္းမ်ားကိုအတင္းအၾကပ္မရမကေမးျမန္းေနေလရာ ရွန႔္လင္ယြမ္းခမ်ာ ဆက္လက္၍စာေကာင္းေကာင္းဖတ္လို႔မရေတာ့သည္အထိပင္။

"ဘာျဖစ္လို႔လဲ? လင္ယြမ္းေကာေကာ၊ အခ်ိန္အၾကာႀကီးအထိ အသက္ရွည္ရွည္ေနရတာ မေကာင္းဘူးလား?"

"ဘာျဖစ္လို႔လဲဆိုေတာ့ ကမာၻေလာကႀကီးေပၚမွာရွိတဲ့ ေကာင္းမြန္တဲ့အရာအားလုံးဟာ ထာဝရမတည္ၿမဲနိုင္ၾကဘူးေလ၊ ငါၾကားဖူးတာက အလွဆုံးပန္းပြင့္ေလးတစ္ပြင့္ ဖူးပြင့္လန္းဆန္းလာဖို႔ အခ်ိန္အၾကာႀကီးေစာင့္ရတယ္တဲ့၊ သူက တစ္သက္မွာတစ္ခါပဲပြင့္ၿပီး ပြင့္ၿပီးတာနဲ႕ခ်က္ခ်င္းညွိုးႏြမ္းသြားေရာ၊ အသက္အရွည္ဆုံးလူႀကီးတစ္ေယာက္က ဘဝရဲ႕ေနဝင္ခ်ိန္ေရာက္လာတဲ့အခါ သူ႕ဘဝတစ္သက္တာကိုျပန္ေျပာင္းေတြးေတာၾကည့္လိုက္ခ်ိန္မွာ ေပ်ာ္စရာေကာင္းတဲ့မွတ္ဉာဏ္အနည္းအက်ဥ္းေလာက္ကိုပဲ ျပန္မွတ္မိေတာ့တယ္တဲ့။ က်န္တဲ့အရာေတြအားလုံးကေတာ့ မီးခတ္ေက်ာက္က ထြက္လာတဲ့မီးပြားေလးေတြလိုပဲ ခဏသာခံၿပီးေပ်ာက္ကြယ္သြားၾကတယ္တဲ့ေလ။ ငါ့ဆရာကေျပာဖူးတယ္၊ ရွင္လို႔လည္းမရ ေသလို႔လည္းမရတဲ့လူေတြမွသာ ထာဝရရွင္သန္နိုင္တာတဲ့__အဓိပၸာယ္မရွိတာေတြ ေလွ်ာက္ေျပာမေနနဲ႕ေတာ့၊ အဲဒီလိပ္ျပာေတြကို ပညာရွိႀကီးဆီ ျမန္ျမန္ျပန္သြားေပးလိုက္။ ကေလးတစ္ေယာက္က ေသျခင္းရွင္ျခင္းအေၾကာင္းေတြကို ဘာအေၾကာင္းမွမရွိဘဲ လက္လြတ္စပယ္မေျပာရဘူး။ ဒါေတြက တားျမစ္ထားတဲ့အရာေတြဆိုတာ မင္းမသိဘူးလား? မင္းက ေသျခင္းတရားအေၾကာင္းကိုေျပာဖို႔ သိပ္ငယ္လြန္းေသးတယ္"

"လင္ယြမ္းေကာ...ကြၽန္ေတာ္တို႔ကို ဘာျဖစ္လို႔ ေသျခင္းရွင္ျခင္းအေၾကာင္း မေျပာဖို႔တားျမစ္ထားတာလဲ? ဘာျဖစ္လို႔ အခ်ိန္အၾကာႀကီးအသက္ရွင္လို႔မရတာလဲ? အိုင္းယား....ေျပာေနရင္းနဲ႕ ေခါင္းရႈပ္လာၿပီဗ်ာ၊ ေကာ...ကြၽန္ေတာ့္ကိုထပ္ေျပာျပပါဦး၊ 'အရွင္လတ္လတ္ မိစာၦဘဝကိုက်ေရာက္သြားတယ္' ဆိုတာကေရာ ဘာႀကီးလဲ? .....မသြားနဲ႕ဦးေလ....ေကာ!"

သို႔ေသာ္ ထိုအရာမ်ားသည္ကား အေတာ္ေလးကိုၾကာေညာင္းခဲ့ၿပီျဖစ္ေသာ အရာမ်ားပင္တည္း။

ဤဘဝတစ္သက္တာသည္ကား အလြန္အင္မတန္တိုေတာင္းသလို အလြန္အင္မတန္ရွည္လ်ားလြန္းလွပါေၾကာင္းကို မည္သူကမ်ားသိရွိပါမည္နည္း။

႐ႊမ္းက်ီးက ရွန႔္လင္ယြမ္းအား ေအာက္သို႔ခ်ထားေပးလိုက္ခ်ိန္၌ သူ႕မ်က္လုံးမ်ားပြင့္လာေသာ တဒဂၤအတြင္း၌ ထိုမ်က္ဝန္းမ်ားမွာ ရီေဝေဝျဖစ္ေနသလို သူခံစားလိုက္ရသည္။ ေနာက္တခဏအၾကာမွာေတာ့ သူ၏မ်က္ခြံမ်ားက ျဖည္းျဖည္းခ်င္းေအာက္သို႔က်ဆင္းသြားေလသည္။ သူ႕မ်က္ႏွာအမူအရာမွာလည္း ပို၍ေျပေလ်ာ့သက္သာသြားကာ ႏႈတ္ခမ္းေထာင့္စြန္းတြင္ အၿပဳံးရိပ္တစ္စကိုပင္ သိမ္းဆည္းသိုဝွက္ထားသေယာင္။

႐ႊမ္းက်ီးတစ္ေယာက္ တအံ့တဩျဖစ္သြားရွာသည္။ သို႔ေပမင့္ သူေသေသခ်ာခ်ာမၾကည့္လိုက္ရေသးခင္မွာပင္ ထိုအၿပဳံးရိပ္မွာေပ်ာက္ကြယ္သြားေတာ့သည္။ တစ္သက္မွာတစ္ခါသာပြင့္လန္းၿပီး လက္ေဖ်ာက္တစ္ခ်က္စာအခ်ိန္ေလးအတြင္းမွာပင္ ညွိုးေလ်ာ္ေျခာက္ေသြ႕သြားတတ္ေသာ ပန္းမာလာတစ္ပြင့္ႏွယ္။

႐ႊမ္းက်ီးသည္ကား အလြန္အင္မတန္နားပါးသူတစ္ဦးျဖစ္သည္။ သူက အနားသို႔တိုးကပ္လိုက္ေသာအခါ ရွန႔္လင္ယြမ္း၏ခႏၶာကိုယ္ေပၚမွ ထူးဆန္းေသာအသံတစ္သံကိုၾကားလိုက္ရေလသည္။ ပူေႏြးစျပဳလာေသာေႏြဦးရာသီအတြင္း ျမစ္ျပင္က်ယ္ေပၚရွိ ေနာက္ဆုံးေသာေရခဲျပင္တစ္လႊာက တဂြၽတ္ဂြၽတ္ျမည္သံေပးကာ အရည္ေပ်ာ္လာေနသည့္အသံမ်ိဳးကဲ့သို႔ႏွယ္။ ႐ႊမ္းက်ီးက သူ႕လက္ကို အကၤ်ီလက္ျဖင့္ဖုံးအုပ္ထားလိုက္ရင္း လက္ကိုဆန႔္တန္းလိုက္ၿပီး အသံလာရာအရင္းအျမစ္ကိုရွာေဖြရန္ႀကိဳးစားလိုက္သည္။ ကူယြဲ႕ရွီးက လွမ္းေအာ္ကာ ဟန႔္တားလိုက္၏။

"ခဏေလး...ဒါရိုက္တာ႐ႊမ္း....သူ႕ကိုမထိနဲ႕ဦး!"

ကူယြဲ႕ရွီးက ဗန္ကားေပၚသို႔တက္လာသည္။ သူက ေျခလွမ္းဝက္အကြာမွေန၍ ကားေနာက္ထိုင္ခုံေပၚတြင္ ေခြေခြေလးတိတ္ဆိတ္ၿငိမ္သက္စြာလဲေလ်ာင္းေနေသာ ရွန႔္လင္ယြမ္းအား ရိုေသေလးစားမႈအျပည့္ျဖင့္ၾကည့္လိုက္သည္။

"ဘာျဖစ္လို႔လဲ?"

ဝမ္ဇယ္က သူမစကားကိုၾကားေသာအခါ ကားျပတင္းေပါက္မွတဆင့္ အထဲသို႔ေခါင္းျပဴၾကည့္လာသည္။

"ယြဲ႕အာ...မင္း ဘာေတြျမင္လိုက္လို႔လဲ?"

"သူ႕ရဲ႕အရိုးေတြနဲ႕ကိုယ္တြင္းကလီစာေတြက မိုးႀကိဳးပစ္ခံလိုက္ရလို႔ မီးကြၽမ္းကုန္ၾကၿပီ"

ကူယြဲ႕ရွီးက ဒူးတစ္ဝက္ခန႔္ေထာက္ခ်လိဳက္ၿပီးေသာ္ တစ္စုံတစ္ရာလန႔္နိုးသြားမည္ကိုစိုးရိမ္ေနသည့္အလား သူမ၏ေလသံကိုႏွိမ့္နိုင္သမွ်ႏွိမ့္ကာေျပာလာသည္။

"အခုခ်ိန္မွာ သူတို႔ေတြက သူတို႔ဘာသာသူတို႔ ျမန္ျမန္ဆန္ဆန္ျပန္လည္ျပဳျပင္ေနၾကတယ္။ ဝိညာဥ္ေၾကာကလည္း ျပန္ၿပီးဖြဲ႕စည္းေနၾကတယ္....ဒါက အေတာ့္ကိုအံ့မခန္းျဖစ္ရပ္မ်ိဳးပဲ၊ လက္နက္ဝိညာဥ္ေတြရဲ႕ခႏၶာကိုယ္က လူသားေတြနဲ႕မတူသင့္ဘူးမဟုတ္ဘူးလား?"

႐ႊမ္းက်ီးတစ္ေယာက္ အလန႔္တၾကားျဖစ္သြားရွာသည္။

"မင္းက လက္နက္ဝိညာဥ္ေတြအေၾကာင္းကို အမ်ားႀကီးသိထားတာလား?"

လက္နက္မ်ားကိုလက္နက္ဝိညာဥ္အျဖစ္ဖိုသြင္းသန႔္စင္မြမ္းမံသည့္ ေရွးေဟာင္းနည္းပညာရပ္သည္ကား ေပ်ာက္ကြယ္သြားသည္မွာ ႏွစ္ေပါင္းေထာင္ႏွင့္ခ်ီခဲ့ၿပီျဖစ္သည္။ ယေန႕ေခတ္လူသားမ်ားမွာ ထိုအေၾကာင္းကိုမသိေလာက္ေတာ့ဘူးဟုထင္မွတ္ကာ သူက လြယ္လင့္တကူလုပ္ႀကံဖန္တီးေျပာဆိုခဲ့တာျဖစ္သည္။ သူ႕ရဲ႕လံၾကဳတ္ဇာတ္လမ္းက အခု ေပၚသြားေတာ့မွာေတာ့မဟုတ္ပါဘူးေနာ္?

"မဟုတ္ပါဘူး၊ အခုခ်ိန္မွာ အဲဒီဟာေတြနဲ႕ပတ္သက္တဲ့မွတ္တမ္းမွတ္ရာေတြက သိပ္ၿပီးမ်ားမ်ားစားစားမက်န္ေတာ့ဘူး၊ ကြၽန္မက အရင္တုန္းက ဓားဝိညာဥ္တစ္ခုနဲ႕သိကြၽမ္းခဲ့ဖူးလို႔ပါ.....ၾကည့္ရတာ လက္နက္ဝိညာဥ္ေတြအခ်င္းခ်င္းေတာင္မွ ကြဲျပားျခားနားမႈေတြရွိၾကတဲ့ပုံပဲ"

ကူယြဲ႕ရွီး၏အၾကည့္မ်ားက ရွန႔္လင္ယြမ္း၏ကိုယ္ေပၚ၌ စူးစိုက္စြဲၿမဲစြာက်ေရာက္ေနလ်က္ရွိသည္။

"ကြၽန္မရဲ႕မ်က္လုံးေတြက ထူးျခားစြမ္းရည္ပိုင္ရွင္ေတြကိုယ္ေပၚမွာရွိတဲ့ သူတို႔ရဲ႕ထူးျခားစြမ္းအင္ေတြကိုျမင္ေတြ႕နိုင္စြမ္းရွိတယ္။ မ်ိဳးႏြယ္စုမတူတဲ့လူေတြဆီမွာ မတူညီတဲ့အေရာင္အဆင္းနဲ႕အရည္အေသြးေတြရွိၾကတယ္၊ ဒါေပမဲ့ အခုလိုမ်ိဳး သန႔္စင္မည္းနက္ေနတဲ့ ထူးျခားစြမ္းရည္မ်ိဳးကို တစ္ခါမွမေတြ႕ဖူးေသးဘူး"

႐ႊမ္းက်ီးသည္ကား မိမိစိတ္ကိုမိမိထိန္းခ်ဳပ္နိုင္စြမ္းျမင့္မားသူတစ္ေယာက္ျဖစ္သည့္အေလ်ာက္ သူ႕မ်က္ႏွာေပၚရွိအၿပဳံးရိပ္ကို ခက္ခက္ခဲခဲႀကိဳးစားပမ္းစားဆက္လက္ထိန္းသိမ္းထားလိုက္သည္__သန႔္စင္မည္းနက္တဲ့ထူးျခားစြမ္းရည္.....ဒါက မိစာၦဆီက ထြက္လာတဲ့ မိစာၦစြမ္းအင္ကိုေျပာေနတာမဟုတ္ဘူးလား?

႐ႊမ္းက်ီးမွာ သူ႕ကိုယ္သူျပန္လည္တည္ၿငိမ္ေအာင္မထိန္းခ်ဳပ္လိုက္ရေသးခင္မွာပင္ သူ႕ေဘးနားတြင္ရွိေနသည့္ က်န္းေက်ာင္းက အရိပ္အကဲနားမလည္ဘဲ သူေမးခ်င္ရာကိုသာေမးလိုက္သည္။

"အစ္မ...ခ်ိယြမ္းေဆး႐ုံမွာတုန္းက ပူေဆြးယဇ္ပူေဇာ္ပြဲရဲ႕ဆင့္ေခၚမႈေၾကာင့္ေရာက္လာတဲ့ မိစာၦဆီက စြမ္းအင္ကလည္း အနက္ေရာင္ပဲဆိုၿပီးေျပာခဲ့ဖူးတယ္မဟုတ္လား?"

"မတူဘူး၊ အဲဒီလူရဲ႕ထူးျခားစြမ္းရည္က ဟာလာဟင္းလင္းျဖစ္ေနတဲ့ အနက္ေရာင္ျမဴခိုးတစ္ဆုပ္ပဲ၊ ခုနတုန္းက ငါတို႔ေနာက္ကေနလိုက္လာတဲ့ မိစာၦဆီက စြမ္းအင္မ်ိဳးနဲ႕တူတယ္၊ ဒါေပမဲ့ သူကေတာ့....."

ကူယြဲ႕ရွီးက ရွန႔္လင္ယြမ္းကိုၾကည့္ကာ ေရ႐ြတ္ေျပာဆိုလိုက္သည္။

"သူ႕ရဲ႕ထူးျခားစြမ္းအင္က ပိုၿပီးသန႔္စင္မည္းနက္တဲ့စြမ္းအင္မ်ိဳးပဲ၊ အသားကလည္း ပိုၿပီးထူထဲသိပ္သည္းတယ္၊ စကားလုံးေသးေသးေလးေတြအမ်ားႀကီးကို ျပည့္သိပ္ၾကပ္ညပ္ေနေအာင္စုစည္းထားတဲ့အတိုင္းပဲ၊ ငါ ရွင္းရွင္းလင္းလင္းမျမင္ရဘူး....အင္း...ဒါက..."

သူတို႔စကားႏွစ္ခြန္းသုံးခြန္းေလာက္ေျပာေနသည့္အခ်ိန္အတြင္းမွာပင္ မိုးႀကိဳးအပစ္ခံရၿပီး မီးေလာင္ကြၽမ္းကာ စုတ္တီးစုတ္ပဲ့ျဖစ္ေနရွာေသာ ရွန႔္လင္ယြမ္း၏ခႏၶာကိုယ္သည္ကား ၇၀၊ ၈၀ ရာခိုင္ႏႈန္းေလာက္အထိကို သူတို႔ဘာသာသူတို႔အလိုအေလ်ာက္ျပန္လည္အနာက်က္သြားၿပီျဖစ္သည္။ ကူယြဲ႕ရွီး၏အျမင္အာ႐ုံထဲတြင္ သူ၏ေသြးစီးေၾကာင္းမ်ားလွည့္ပတ္စီးဆင္းေနမႈႏွင့္ တစတစပုံသဏၭာန္ေပၚလာေနေသာ သူ၏ႏွလုံးသည္းညွာတို႔ကို ျဖည္းျဖည္းခ်င္းေတြ႕ျမင္ေနရသည္။ သူ႕ႏွလုံးအိမ္ထိပ္တြင္ မည္သည့္အရာျဖင့္ျပဳလုပ္ထားမွန္းမသိရေသာ မီးလွ်ံေရာင္ဝါတစ္ခုက ႐ုတ္တရက္ ထြက္ေပၚလို႔လာသည္။

ေဖာက္ထြင္းျမင္နိုင္ေသာစြမ္းရည္ရွိသူမ်ားမွာ အလိုအေလ်ာက္ပင္ ေတာက္ပလင္းလက္ေသာမီးအလင္းေရာင္မ်ား၏ဆြဲေဆာင္မႈကိုခံရတတ္စၿမဲပင္ျဖစ္သည္။ ကူယြဲ႕ရွီးခမ်ာ ေသေသခ်ာခ်ာမၾကည့္လိုက္ရေသးခင္မွာပင္ သူမ၏မ်က္လုံးမ်ားထဲတြင္ စူးရွေသာနာက်င္မႈတစ္ခုကိုခံစားလိုက္ရေလသည္။ သူမ၏မ်က္လုံးမ်ားကို သံမဏိအပ္ေခ်ာင္းမ်ားျဖင့္ ထိုးေဖာက္ေနသည့္အလား။ သူမသည္ကား တည္ၿငိမ္ေသာဟန္ပန္အမူအရာမ်ိဳးကိုေဆာင္ၾကဥ္းထားတတ္ၿပီး နာက်င္မႈကိုခံနိုင္ရည္ျမင့္မားသူတစ္ေယာက္ျဖစ္ေသာ္ျငား ၎မွာ မ်က္လုံးမ်ားကိုလက္ႏွစ္ဖက္ျဖင့္ ဖုံးအုပ္လိုက္ရရင္း ခပ္ျပတ္ျပတ္ေအာ္သံတစ္ခ်က္ျပဳလိုက္ရရွာ​ေတာ့သည္။

"ယြဲ႕ရွီးက်ယ္က်ဲ!"

"ယြဲ႕အာ!"

ကူယြဲ႕ရွီး၏ဇီဝကမၼတုံ႕ျပန္မႈေၾကာင့္ျဖစ္တည္လာေသာ မ်က္ရည္မ်ားမွာ ႐ုတ္ခ်ည္းပင္အိုင္ထြန္းလာသည္။ ထိုအခါေရျဖင့္ေဆးခ်လိဳက္သည့္ႏွယ္ စူးရွေသာနာက်င္မႈေဝဒနာတို႔က အနည္းငယ္မွ်ေလ်ာ့ပါးသက္သာသြားေလသည္။ သူမက အႀကိမ္ေရအနည္းငယ္ခန႔္ မ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္လုပ္လိုက္သည္။ ေနာက္ဆုံး သူ႕မ်က္လုံးမ်ားကိုျပန္ဖြင့္လိုက္ခ်ိန္မွာေတာ့ အေတာ္ေလးကိုအံ့အားသင့္သြားေသာအမူအရာမ်ိဳးျဖစ္ေပၚသြားေတာ့သည္__သူမ၏ေရွ႕ေမွာက္တြင္ရွိေနေသာလူသည္ကား ဒဏ္ရာအနာတရတစ္ခုမွမရွိေတာ့သည့္ သာမန္အမ်ိဳးသားတစ္ေယာက္သာျဖစ္လို႔ေနသည္။

ခိုးၾကည့္ျခင္းကို တားျမစ္ထားသည္။

ကူယြဲ႕ရွီးက သူ႕ပါးစပ္ကိုဖြင့္ဟကာ သူမအား စိုးရိမ္ပူပန္ေနၾကေသာ လုပ္ေဖာ္ကိုင္ဖက္မ်ားကို ရွင္းျပရန္ျပင္လိုက္ေစကာမူ သူမ၏အသံမွာ ေပ်ာက္ဆုံးသြားရွာေတာ့သည္။

ထုတ္ေဖာ္ေျပာၾကားျခင္းကို တားျမစ္ထားသည္။

လူသား-မိစာၦေတာင္မွ သူ ခိုးၾကည့္တာကို မတားဆီးနိုင္ခဲ့ဘူးေလ။ ဒီဓားက ဘာဓားမို႔လို႔ပါလိမ့္?

႐ႊမ္းက်ီး၏ဇေဝဇဝါျဖစ္ေနေသာအၾကည့္မ်ားက သူမအေပၚသို႔က်ေရာက္သြားသည္။

"အဖြဲ႕ေခါင္းေဆာင္(၂)?"

"ဘာမွမျဖစ္ပါဘူး"

ကူယြဲ႕ရွီးခမ်ာ ႐ုတ္ခ်ည္းဆိုသလိုပင္ ရွန႔္လင္ယြမ္းအား ထပ္မၾကည့္ရဲေတာ့ပါေခ်။

"ဒီေန႕ ကြၽန္မရဲ႕မ်က္လုံးေတြကိုအသုံးျပဳတာမ်ားသြားလို႔ပါ၊ နည္းနည္းေလး အားကုန္သြားတာပါ__သူ႕ရဲ႕ သူ႕ဘာသာသူျပန္လည္ကုသတဲ့အလုပ္က မၾကာခင္ၿပီးေတာ့မွာပါ။ သူ ဘာမွမျဖစ္ေလာက္ပါဘူး၊ စိတ္မပူပါနဲ႕ ဒါရိုက္တာ႐ႊမ္း.....ကားကို ဘယ္လိုျပန္ျပင္ရမလဲဆိုတာကိုပဲ အရင္စဥ္းစားၾကရေအာင္"

႐ႊမ္းက်ီးက သူ႕အစီအရင္မ်ားျဖင့္အကြက္ခ်တိဳက္ခိုက္စဥ္အခါက ေသတၱာတစ္လုံးစာေရဘူးမ်ားအပါအဝင္ ကား၏ေရတိုင္ကီအတြင္းမွေရမ်ားအားလုံးကိုပင္ အေငြ႕ပ်ံေစခဲ့ၿပီးအသုံးခ်ခဲ့တာျဖစ္သည္။ သူတို႔၏ေဘးပတ္ဝန္းက်င္တဝိုက္တြင္ ပူေႏြးေသာျမဴခိုးေငြ႕မ်ားက ေနရာအႏွံ႕ျပည့္ႏွက္လို႔ေနၿပီး ထမင္းေပါင္းအိုးတစ္လုံးထဲေရာက္ေနသကဲ့သို႔ပင္။ ဝမ္ဇယ္က အေငြ႕ပ်ံသြားေသာျမဴခိုးေငြ႕မ်ားကိုစုစည္းလိုက္ၿပီး ဗန္ကားအေပၚသို႔ပင့္တင္လိုက္သည္။ ထိုအေငြ႕မ်ားျပန္လည္ေအးစက္သြားသည္ႏွင့္ သူက ထိုအရည္မ်ားကိုကားေရတိုင္ကီအတြင္းသို႔ျပန္လည္ထည့္သြင္းလိုက္ေလသည္။

ဗန္ကားေလးမွာ အျပင္ပန္းမွၾကည့္လွ်င္သာ ေဟာင္းႏြမ္းစုတ္ျပတ္ေနပုံေပါက္ေနေသာ္ျငား အံ့ဩစရာေကာင္းေလာက္ေအာင္ပင္ 'အသက္ႀကီးေသာ္လည္း မပ်က္စီးေသးပါေခ်'။ ၎မွာ လမ္းတစ္ေလွ်ာက္လုံး ခုန္လိုက္ေပါက္လိုက္ျဖင့္ေမာင္းႏွင္ခံထားရသည့္အျပင္ ကူယြဲ႕ရွီးကလည္း သူ၏ရင္ဘတ္ကိုဖြင့္၍အစာအိမ္ကိုလွီးျဖတ္လိုက္ေသးသည္။ ထို႔ေနာက္တြင္မွ အဝတ္အစားသစ္မ်ားျပန္လည္ဝတ္ဆင္ေပးလိုက္တာျဖစ္သည့္တိုင္ေအာင္ ၎မွာ အျပန္လမ္းခရီးတြင္လည္း ေကာင္းေကာင္းမြန္မြန္အလုပ္လုပ္ေနဆဲျဖစ္သည္။

"ဒါရိုက္တာေရွာင္း *မိုးႀကိဳးပစ္ခံလိုက္ရတယ္လို႔ၾကားတယ္"

ဝမ္ဇယ္က အခင္းျဖစ္ရပ္ေနရာတြင္ရွင္းလင္းေရးလုပ္ေနေသာ လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္ႏွင့္ဖုန္းေျပာၿပီးသည့္ေနာက္တြင္ ေနာက္သို႔လွည့္လာကာ အျခားသူမ်ားကိုေျပာဆိုလိုက္သည္။ သူ႕စကားကိုၾကားၿပီးေနာက္ က်န္လူမ်ား၏ထူးဆန္းေသာမ်က္ႏွာအမူအရာမ်ားကိုေတြ႕လိုက္ရေသာအခါ ၎မွာ သူ႕မ်က္ႏွာကိုသူ ကမန္းကတန္းလက္ညွိုးထိုးကာေျပာလိုက္သည္။

"မဟုတ္ဘူး....ရဲေဘာ္တို႔....ငါရဲ႕တည္ၿငိမ္ေလးနက္တဲ့မ်က္ႏွာထားကို ၾကည့္ၾကပါကြာ၊ ငါ အရွိကိုအရွိအတိုင္းေျပာေနတာပါ၊ သူ႕ကိုက်ိန္ဆဲေနတာမဟုတ္ရပါဘူး"

(T/N

*မိုးႀကိဳးပစ္တယ္ဆိုတဲ့အသုံးအႏႈန္းမ်ိဳးက ကိုယ္မႀကိဳက္တဲ့တစ္စုံတစ္ေယာက္ကို က်ိန္ဆဲတဲ့ေနရာမ်ိဳးမွာလည္းသုံးေလ့ရွိတဲ့အသုံးအႏႈန္းမ်ိဳးျဖစ္ေနလို႔ပါ)

စီးကရက္တစ္လိပ္ကိုလက္ၾကားညွပ္ထားေသာ ႐ႊမ္းက်ီး၏လက္မွာလည္း တုံ႕ခနဲျဖစ္သြားသည္။

က်န္းေက်ာင္းက အူတီးအူေၾကာင္ျဖင့္ သူ႕ဖုန္းကိုလွန္ေလွာၾကည့္ေနသည္။

"ငါ ဒီကိစၥကိုအေစာႀကီးကတည္းကေျပာခ်င္ေနတာ၊ လြန္ခဲ့တဲ့ရက္ပိုင္းေလာက္အထိ တုံးခြၽမ္းမွာ ေနသာေနခဲ့တာမဟုတ္ဘူးလား၊ မိုးႀကိဳးလွ်ပ္စီးေတြက ဘယ္ကေနဘယ္လိုေရာက္လာတာလဲ? ေနာက္ၿပီး ဒါရိုက္တာေရွာင္းကိုယ္တိုင္ကလည္း မိုးႀကိဳး-လွ်ပ္စီးအမ်ိဳးအစားထူးျခားစြမ္းရည္ပိုင္ရွင္ပဲမဟုတ္ဘူးလား? သူက ဘယ္လိုျဖစ္ၿပီး မိုးႀကိဳးအပစ္ခံလိုက္ရတာလဲ?"

"ဒါက အဓိကအခ်က္မဟုတ္ပါဘူး"

ကူယြဲ႕ရွီးက မ်က္ေမွာင္ၾကဳတ္ကာေျပာလာသည္။

"သူ ဘာျဖစ္သြားေသးလဲ?"

"ကံေကာင္းသြားတာက သူက မိုးႀကိဳး-လွ်ပ္စီးအမ်ိဳးအစားျဖစ္ေနလို႔ပဲ၊ မဟုတ္လို႔ကေတာ့ ငါတို႔ မနက္ျဖန္ သူ႕ဈာပနပြဲကိုသြားတက္ရလိမ့္မယ္"

ဝမ္ဇယ္က သက္ျပင္းခ်ကာဆိုသည္။

"သူ႕ကို အခု ေဆး႐ုံပို႔လိုက္ၾကၿပီ၊ ဒါေပမဲ့ သူနဲ႕အေဖာ္ပါသြားတဲ့လူက ေျပာတာေတာ့ အေျခအေနေကာင္းပါတယ္တဲ့၊ ျပႆနာမရွိေတာ့ပါဘူး"

အားလုံးမွာ ထိုစကားကိုၾကားေသာအခါမွ စုေပါင္း၍သက္ျပင္းခ်လိဳက္ၾကေလသည္။ ႐ႊမ္းက်ီးက သူတို႔ကိုၾကည့္ကာ စိတ္ထဲ၌ေတြးလိုက္သည္။

ဒီထိပ္သီးတပ္ဖြဲ႕မွာလည္း ေနာက္ဆုံးေတာ့ ရဲေဘာ္ရဲဘက္စိတ္ဓာတ္ေလး နည္းနည္းပါးပါးေတာ့က်န္ေသးတာပါလား

က်န္းေက်ာင္းက သူ႕ရင္ဘတ္ကိုသူ တဘုတ္ဘုတ္ပုတ္ကာေျပာလာသည္။

"လန႔္ေသေတာ့မွာပဲ၊ တကယ္လို႔ ေရွာင္းပါပါးသာ ကံဆိုးမိုးေမွာင္က်ၿပီး တစ္ခုခုျဖစ္သြားရင္ ငါတို႔စစ္ဆင္ေရးအတြက္ ပိုသုံးမိတဲ့ဘတ္ဂ်က္ေတြကိုဘယ္လိုလုပ္ရေတာ့မွာလဲ? ဘယ္သူ႕ဆီသြားၿပီး ရွိခိုးေတာင္းပန္ရေတာ့မွာလဲ?"

႐ႊမ္းက်ီး : "........"

နတ္ဆရာဂူသခၤ်ိဳင္းထဲတြင္ ဘာေတြျဖစ္ခဲ့သလဲဆိုသည့္အေၾကာင္းႏွင့္ပတ္သက္၍ ဝမ္ဇယ္က သူတို႔ကိုအတိုခ်ဳပ္ကာရွင္းျပလိုက္သည္။ ထို႔ေနာက္ သူက ႐ႊမ္းက်ီးဘက္သို႔လွည့္လာကာ ေမးျမန္းလိုက္၏။

"ဒါနဲ႕ ဒါရိုက္တာ႐ႊမ္း...ခင္ဗ်ားရဲ႕လက္နက္ဝိညာဥ္က ခုနေလးတင္ေျပာလိုက္တယ္မဟုတ္လား.... မိုးႀကိဳးအစီအရင္ကို သူထားခဲ့တာဆိုလား? ကြၽန္ေတာ္ နားၾကားမမွားပါဘူးေနာ္?"

႐ႊမ္းက်ီးက သူ႕နဖူးကိုသူ ပြတ္သပ္ကာေျပာလိုက္သည္။

"အင္း....သူက အားေလာ့က်င္းရဲ႕အေလာင္းေပၚမွာ လွည့္ကြက္တစ္ခုထားခဲ့ၿပီး ပူေဆြးယဇ္ပူေဇာ္ပြဲကိုဆင့္ေခၚတဲ့သူကို မွ်ားေခၚထုတ္ဖို႔အတြက္ တမင္သက္သက္ ငါးစာထားခဲ့တာျဖစ္နိုင္တယ္၊ ဒါေပမဲ့ ၾကည့္ရတာ ငါးစာကိုလာဟပ္တဲ့သူက ကိုယ္ပြားတစ္ခုပဲျဖစ္ေနတယ္၊ အဲဒီကိုယ္ပြားကလည္း မိုးႀကိဳးအပစ္ခံလိုက္ရၿပီ။ တကယ့္ခႏၶာကိုယ္အစစ္က ငါတို႔ကိုေတာင္ဖုန္းေခၚၿပီး လိမ္ညာလိုက္ေသးတယ္။ ငါတို႔ျပန္သြားၿပီးရင္ ပထမဆုံးအေနနဲ႕ အဲဒီဖုန္းက ဘယ္ေနရာကေနေခၚတာလဲဆိုတာကို စုံစမ္းစစ္ေဆးရမယ္"

ကူယြဲ႕ရွီးက မူမမွန္ေသာ သူ႕မ်က္ႏွာအမူအရာကိုသတိထားမိသြားကာ အကင္းပါးစြာျဖင့္ေမးလိုက္သည္။

"ဘာျဖစ္လို႔လဲ?"

"အားေလာ့က်င္း__ခုနတုန္းက မိစာၦက ေျပာခဲ့တယ္...ပူေဆြးယဇ္ပူေဇာ္ပြဲကိုဆင့္ေခၚသူက ခ်ိယြမ္းက မီးေတာက္ေတြကိုေနာက္တစ္ႀကိမ္ေလာင္ကြၽမ္းေစခ်င္တာတဲ့၊ သူေျပာတဲ့အထဲမွာ ကြၽန္ေတာ္ သိပ္နားမလည္တဲ့ နာမ္ပုဒ္ေတြအမ်ားႀကီးပါတယ္၊ အသံထြက္ေတြက 'မိစာၦမ်ိဳးႏြယ္စု'ေတြနဲ႕တူသလို 'အရိပ္မ်ိဳးႏြယ္စု' ေတြ၊ 'ေကာင္းရွန္းမ်ိဳးႏြယ္စု' ေတြနဲ႕လည္းတူတယ္.....ဘာေတြလဲလို႔ေတာ့ ကြၽန္ေတာ့္ကိုလာမေမးနဲ႕၊ ကြၽန္ေတာ္လည္း မသိဘူး"

႐ႊမ္းက်ီးက စဥ္းစားခ်င့္ခ်ိန္ဟန္ျဖင့္ ေခါင္းကိုခါယမ္းလိုက္သည္။

"ကြၽန္ေတာ္ထင္တာကေတာ့ ဒါက အဆုံးသတ္မဟုတ္ေသးဘူး"

ခ်ိယြမ္း၏မီးေတာက္မ်ားသာ ေနာက္တစ္ႀကိမ္ေလာင္ကြၽမ္းသြားမည္ဆိုပါက အားေလာ့က်င္းေျပာခဲ့သလိုမ်ိဳး ကိုးျပည္ေထာင္စစ္ပြဲျဖစ္ပြားခဲ့တဲ့ ပဋိပကၡေခတ္ကာလမ်ိဳးကိုျပန္ေရာက္သြားမွာလား?

သူက မေနနိုင္မထိုင္နိုင္ျဖစ္စြာပင္ အေနာက္သို႔တစ္ဝက္လွန္ခ်ထားေသာ ကားထိုင္ခုံေပၚတြင္ တိတ္ဆိတ္စြာ ခပ္ေကြးေကြးေလးေနေနရွာသည့္ ရွန႔္လင္ယြမ္းကိုလွမ္းၾကည့္လိုက္ေလသည္။ သူ႕မ်က္လုံးမ်ားမွာပိတ္ထားေသာ္လည္း သူ၏ဦးေခါင္းမွာမူ ကားျပတင္းေပါက္ဘက္သို႔ေစာင္းငဲ့ထားလ်က္ရွိေနကာ တစ္စုံတစ္ရာကိုမခြဲနိုင္မခြာနိုင္ျဖစ္ေနသည့္ႏွယ္။

တုံးခြၽမ္း၏ေန႕သစ္တစ္ေန႕တာ စတင္ၿပီျဖစ္သည္။ လမ္းမ်ားေပၚရွိ အမ်ိဳးစုံေသာစားေသာက္ဆိုင္ေလးမ်ားထံမွ မီးခိုးေငြ႕မ်ားႏွင္ေရေႏြးေငြ႕မ်ားလြင့္ပ်ံထြက္ေပၚလို႔လာေနသည္။ အလုပ္ဖြင့္ရက္ျဖစ္သည္ႏွင့္အညီ နံနက္ပိုင္းယာဥ္လမ္းေၾကာမ်ားမွာလည္း အၾကပ္ဆုံးအခ်ိန္သို႔ေရာက္ေနၿပီျဖစ္ေလရာ သူတို႔၏အျပန္လမ္းခရီးမွာ ထင္ထားသည္ထက္ ပို၍ေနာက္က်သြားေလေတာ့သည္။

သူတို႔ ဟိုတယ္သို႔ေရာက္ေသာအခါမွာေတာ့ အေဆာက္အဦးေအာက္ရွိေဈးဝယ္စင္တာနားတြင္ လူအမ်ားစု႐ုံးေနၾကသည္ကိုေတြ႕လိုက္ရသည္။ 'ၾကမ္းခင္း' မ်ားကြၽံက်သြားသည့္အေၾကာင္းႏွင့္ပတ္သက္ၿပီး တီးတိုးေျပာဆိုေနၾကျခင္းျဖစ္သည္။ အႏွီကြင္းဆင္းဝန္ထမ္းမ်ားသည္ကား လူသတ္သည့္အလုပ္သာလုပ္တတ္ၿပီး ေျမျမႇုပ္သည့္အလုပ္ကိုမလုပ္တတ္ၾကေသာ ဝါရင့္စစ္မႈထမ္းေဟာင္းမ်ားျဖစ္ၾကေလသည္__သို႔ျဖစ္ရာ ၎တို႔အားလုံးသည္ကား ဘာတစ္ခုကိုမွမျမင္သလို ဟန္ေဆာင္ေနလိုက္ၾကၿပီး ကားကိုတိတ္တဆိတ္ျပန္သြားထားကာ ဟိုတယ္အတြင္းသို႔ခိုးေၾကာင္ခိုးဝွက္ဝင္သြားရွာေတာ့သည္။

႐ႊမ္းက်ီးမွာ ျပန္လည္ျပဳျပင္ေရးဌာနမွ တာဝန္ရွိသူတစ္ဦးျဖစ္ေသာ္ျငား သူႏွင့္မသက္ဆိုင္ေသာ အလုပ္တာဝန္မ်ားကိုလုပ္ေနမိတာကိုလည္း သူ႕ကိုယ္သူသတိထားမိပါ၏။ မိမိသည္ကား ကိုယ့္အလုပ္တာဝန္ကို ေပၚေပၚတင္တင္လ်စ္လ်ဴရႈထားခဲ့သည့္အျပင္ ေလနတ္ဘုရားအဖြဲ႕ႏွင့္အတူ ခိုးလိုက္သြားခဲ့ေသးသည္။

သူက ရွန႔္လင္ယြမ္းအား ဟိုတယ္သို႔ျပန္လည္ေခၚေဆာင္သြားၿပီး သူ၏ကိုယ္အပူခ်ိန္ကိုစမ္းသပ္ၾကည့္လိုက္သည္။ ယခင္တုန္းကေလာက္ သိပ္မပူေတာ့ပါေခ်။

ေတာ္ေသးတယ္

႐ႊမ္းက်ီးက ေတြးလိုက္သည္။

မဟုတ္ရင္ ဒါကို ဘယ္လိုေျဖရွင္းေပးရမလဲဆိုတာ သိမွာမဟုတ္ဘူး

ရွန႔္လင္ယြမ္း၏ခႏၶာကိုယ္မွာ သန္မာသည္ဟုလည္းေျပာ၍ရသလို အားနည္းသည္ဟုလည္း ေျပာ၍ရနိုင္သည္။ ခ်ိယြမ္းတြင္ေတြ႕ခဲ့ရေသာ ေက်ာက္စိမ္း႐ုပ္ေသး႐ုပ္ႏွင့္ႏွိုင္းယွဥ္မည္ဆိုပါက အႏွီခႏၶာကိုယ္သည္ကား ေသြးထြက္တတ္၊ ဒဏ္ရာရတတ္သလို အဖ်ားေရာဂါလည္းစြဲကပ္တတ္ေပသည္။ ေသမ်ိဳးလူသားမ်ားခံစားရေသာ နာက်င္မႈေဝဒနာမ်ားကို သူသည္လည္း လြတ္ေအာင္ေျပးေရွာင္နိုင္ျခင္းမရွိပါေခ်။ သို႔ေသာ္ ခ်ိယြမ္းရွိမီးေတာက္မ်ားက မၿငိမ္းသြားဘဲ အားေလာ့က်င္းဟူသည့္ သူ႕နည္းတူမိစာၦတစ္ေကာင္အား ၿမဲၿမံစြာခ်ိပ္ပိတ္ထားေနပါေစ၊ ေကာင္းကင္ႏွင့္ေျမႀကီး၏အမ်က္ေဒါသကိုဆင့္ေခၚသလိုျဖစ္ေနဦးမည့္အျပင္ သတိလစ္ေနေသာအေျခအေနအတြင္းမွာပင္ ခိုးၾကည့္ျခင္းကိုတားျမစ္ထားသည္အထိေတာင္ျဖစ္နိုင္ေပသည္။

ကူယြဲ႕ရွီးက သူမ၏ေဖာက္ထြင္းျမင္နိုင္စြမ္းကိုအသုံးျပဳသည့္အခ်ိန္တြင္ သူမ၏မ်က္ဆံမ်ားမွာ ေဒါင္လိုက္မ်ဥ္းတန္းေလးမ်ားအျဖစ္ေျပာင္းလဲသြားတတ္သည္။ သို႔ေသာ္ ၎မွာ ရွန႔္လင္ယြမ္းအား စူးစိုက္ၾကည့္ရႈူေနစဥ္အတြင္း သူမ၏မ်က္လုံးမ်ားက ႐ုတ္တရက္နာက်င္မႈကိုခံစားလိုက္ရသည့္အခ်ိန္၌ ေဒါင္လိုက္မ်က္ဆံမ်ားမွာ ပုံမွန္အတိုင္းျပန္ျဖစ္သြားေလေတာ့သည္။ သူမ၏အျမင္အာ႐ုံမွာ အတင္းအဓမၼျဖတ္ေတာက္ပိတ္ဆို႔ျခင္းခံလိုက္ရသည္ဟု ႐ႊမ္းက်ီးခန႔္မွန္းယူဆမိသည္။

ဤလူသားဧကရာဇ္သည္ကား နတ္ဘုရားတစ္ပါးလည္းမဟုတ္သလို လူသားတစ္ေယာက္လည္းမဟုတ္။ အသက္ရွင္ေနတာလည္းမဟုတ္သလို ေသသြားတာလည္းမဟုတ္။ သူ ဘာလဲဆိုတာကို လုံးဝကိုမသိပါေခ်။

႐ႊမ္းက်ီးက လက္ဖက္ရည္တစ္ခြက္ေဖ်ာ္လိုက္ၿပီးေနာက္ ညသန္းေခါင္ယံအခ်ိန္ေလာက္တြင္ ခပ္သြက္သြက္ေရခ်ိဳးလိုက္သည္။ သူက အျခားကုတင္တစ္လုံးေပၚသို႔တက္လိုက္ၿပီး ကုတင္ေခါင္းရင္းကိုမွီထားကာ မ်က္လုံးမ်ားကိုပိတ္ၿပီး အနားယူရန္ျပင္ဆင္လိုက္သည္။ သို႔ေသာ္ သူ႕မ်က္လုံးမ်ားကိုပိတ္လိုက္သည္ႏွင့္တၿပိဳင္နက္ သူ႕ေရွ႕ေမွာက္တြင္ အရိပ္သဏၭာန္တစ္ခုက ႐ုတ္တရက္ထြက္ေပၚလာၿပီး မည္သို႔မွေဖ်ာက္ဖ်က္ပစ္လို႔မရပါေခ်။

သူက ဘာျဖစ္လို႔ ငါ့ေရွ႕ကေန ပိတ္ကာေပးခဲ့တာလဲ?

႐ႊမ္းက်ီးမွာ ဟိုလွိမ့္သည္လွိမ့္လုပ္ေနကာ အိပ္မေပ်ာ္နိုင္ဘဲျဖစ္ေနရွာသည္။ သို႔ျဖစ္ရာ သူက ဖုန္းကိုထုတ္ယူလိုက္ၿပီး စာဖတ္သည့္ app အတြင္းမွ "ခ်ီေခတ္ကာလမွ ဧကရာဇ္ဝူ၏မွတ္တမ္းမ်ား" ဟူသည့္စာအုပ္ကိုရွာေဖြလိုက္ၿပီး ဝယ္ယူလိုက္သည္။

ဤစာအုပ္မွာ သာမန္လူၿပိန္းမ်ားဖတ္ရႈရန္အတြက္ျဖစ္သည္ဟုဆိုထားေသာ္လည္း ေရွးေဟာင္းသမိုင္းနယ္ပယ္မွ ပညာရွင္အေက်ာ္အေမာ္ေဟာင္းတစ္ဦးက ေရးသားထားတာျဖစ္သည့္အျပင္ ပါဝင္ေသာအေၾကာင္းအရာအခ်က္အလက္မ်ားမွာလည္း ခိုင္မာေသခ်ာစြာသုေတသနျပဳလုပ္ထားသည့္အတြက္ ယုံၾကည္လို႔ရနိုင္ေသာစာအုပ္မ်ိဳးျဖစ္သည္။ သူ စာအုပ္အဖုံးကိုလွန္လိုက္ေသာအခါ ေယာက္်ားပီသၿပီး သန္မာထြားက်ိဳင္းေသာ ခႏၶာကိုယ္ပိုင္ရွင္ ဧကရာဇ္ဝူ၏ပန္းခ်ီပုံတစ္ပုံကိုေတြ႕ျမင္လိုက္ရေလသည္။ ႐ႊမ္းက်ီးမွာ မေနနိုင္မထိုင္နိုင္ျဖစ္ကာ ရွန႔္လင္ယြမ္းအား တစ္ခ်က္ခိုးၾကည့္လိုက္ၿပီးေသာ္ ဖုန္းကို ေစာင္အတြင္းသို႔ႀကဳံ႕ကာဆြဲယူလိုက္ၿပီး လက္ထဲတြင္က်စ္က်စ္ပါေအာင္ဆုပ္ကိုင္ထားလိုက္ေလသည္..... ဤစာအုပ္သည္ကား ေသခ်ာေပါက္ကို အေပ်ာ္ဖတ္စာအုပ္တစ္အုပ္မဟုတ္သလို စိတ္ကူးယဥ္ဝတၳဳစာအုပ္လည္းမဟုတ္သည့္တိုင္ေအာင္ သူစာဖတ္ေနသည့္ပုံစံကိုၾကည့္ရသည္မွာ ေျမေအာက္ရထားေပၚတြင္ အျပာစာအုပ္တစ္အုပ္ကိုဖတ္ေနသူတစ္ေယာက္ႏွင့္တူေနေတာ့သည္။

"........ဧကရာဇ္ဝူ၊ ရွန႔္ေရွာင္းသည္ ပထမဖ်င္ယြမ္းစစ္ပြဲအတြင္း၌ေမြးဖြားခဲ့သူျဖစ္သည္။ အခ်ိဳ႕ကေတာ့ ၎မွာ 'ကပ္ေဘးဆိုးႀကီးကိုတုံ႕ျပန္ရန္' အတြက္ေမြးဖြားလာသူျဖစ္သည္ဟုဆိုၾကသည္။ ထိုေသြးစြန္းေသာစစ္ပြဲႀကီးသည္ကား ေနာင္တစ္ခ်ိန္တြင္ ႏွစ္ေပါင္းႏွစ္ဆယ္ေက်ာ္မွ်ၾကာေညာင္းလိမ့္မည္ျဖစ္ေသာ စစ္ပြဲႀကီး၏အစကနဦးပင္ျဖစ္သည္။ ဧကရာဇ္ဖ်င္သည္ကား စစ္ပြဲကို ကိုယ္တိုင္ကိုယ္က်ဦးေဆာင္တိုက္ခိုက္ခဲ့သူျဖစ္ၿပီး စစ္ေျမျပင္၌ပင္ နတ္႐ြာစံသြားခဲ့သည္။ မင္းဆက္မွာလည္း ကစဉ့္ကလ်ားျဖစ္သြားခဲ့ရၿပီး ေမြးကင္းစအ႐ြယ္သာရွိေသးေသာ အိမ္ေရွ႕စံမင္းသားမွာလည္း ပ်က္စီးဆုံးရႈံးမႈမ်ားကိုႀကဳံေတြ႕ရေသာေၾကာင့္ ႐ုတ္တရက္ထိတ္လန႔္ပ်ာယာခတ္သြားရွာေသာ မႉးမတ္ဝန္ႀကီးမ်ားၾကားတြင္ ေပ်ာက္ဆုံးသြားခဲ့ရသည္။ မႉးႀကီးမတ္ရာမ်ားသည္ကား အခ်ိန္ (၂)ႏွစ္ခန႔္ၾကာၿပီးေနာက္မွသာ အိမ္ေရွ႕စံမင္းသားငယ္ေလးကိုျပန္လည္ရွာေတြ႕ခဲ့ေလသည္"

"မည္သို႔မည္ပုံရွာေတြ႕ခဲ့သလဲဆိုသည့္ျဖစ္စဥ္ကိုမူ မသိၾကပါေခ်။ ထိုေခတ္အခါက မႉးမတ္ဝန္ႀကီးမ်ားသည္ကား အိမ္ေရွ႕စံမင္းသားေလးမွာ သူတို႔ရွာေဖြေနေသာမင္းသားအစစ္အမွန္ျဖစ္ေၾကာင္းကို မည္သို႔မည္ပုံအတည္ျပဳခဲ့သလဲဆိုသည့္အေၾကာင္းႏွင့္ပတ္သက္၍လည္း ဆီေလ်ာ္ကိုက္ညီေသာသမိုင္းအခ်က္အလက္မ်ားမရွိၾကပါေခ်။ ပညာရပ္နယ္ပယ္အတြင္း၌ တစ္ခ်ိန္လုံးပ်ံ့ႏွံ႕ေနခဲ့သည့္ အယူအဆသေဘာတရားတစ္ခုမွာ ဧကရာဇ္ဝူမွာ အမွန္စင္စစ္ ဧကရာဇ္ဖ်င္ႏွင့္မိဖုရားခ်န္၏ သားေတာ္အရင္းမဟုတ္ ဟူသည့္အခ်က္ပင္ျဖစ္သည္။ သို႔မဟုတ္ပါက ေနာက္ပိုင္းတြင္ မိမိ၏ေမြးသမိခင္ျဖစ္သူအား သတ္ျဖတ္ခဲ့ေသာ သူ၏လုပ္ရပ္သည္ကား လူသားဆန္မႈႏွင့္ဆန႔္က်င္ဘက္ျဖစ္ေနေပလိမ့္မည္"

"စာေရးသူ၏ကိုယ္ပိုင္အျမင္အရမွာမူ ဤခန႔္မွန္းယူဆခ်က္မွာ သက္ေသအေထာက္အထားမရွိေသာယူဆခ်က္တစ္ခုသာျဖစ္သည္ဟု ထင္ျမင္မိပါသည္"

"ပထမဦးစြာ 'ခ်ီစာအုပ္' ထဲတြင္ ခ်န္မိဖုရားေခါင္ႀကီး၏ကိုယ္ဝန္ေဆာင္ျခင္းမ်ားႏွင့္ပတ္သက္ေသာ မွတ္တမ္းမွတ္ရာမ်ားကိုေရးသားမွတ္တမ္းတင္ထားခဲ့သည္။ သူမ၏ရင္ေသြးေတာ္ေလးေမြးဖြားသန႔္စင္သည့္အခ်ိန္ကာလမွာ ရွန႔္ေရွာင္း၏ေမြးဖြားမႈရာဇဝင္မွတ္တမ္းမ်ားႏွင့္ကိုက္ညီမႈရွိသည္။ အျခားတစ္ဖက္အရၾကည့္လွ်င္ 'ကေလးခ်င္းအလဲခံရသည္' ဟူသည့္ယူဆခ်က္မွာ အေျခအျမစ္မရွိေတာ့ပါေခ်။ ရွန႔္ေရွာင္းေမြးဖြားမလာေသးခင္အခ်ိန္က ခ်န္မိဖုရားထံတြင္ ရွန႔္ေဝဟူသည့္သားတစ္ေယာက္ရွိခဲ့သည္။ ရွန႔္ေရွာင္း၏အစ္ကိုအရင္းေတာ္စပ္သူျဖစ္ေသာ ဤမင္းသားေလးသည္ကား သူ႕ထက္ အသက္သုံးႏွစ္ႀကီးသူျဖစ္သည္။ ၎မွာ ခႏၶာကိုယ္က အားနည္းခ်ိနဲ႕ၿပီး အႀကိမ္ေပါင္းမ်ားစြာအဖ်ားေရာဂါေဝဒနာမ်ားကိုခံစားခဲ့ရသူျဖစ္ေသာ္ျငား အလြန္တရာကံေကာင္းေထာက္မစြာပင္ ပဋိပကၡမ်ားျဖစ္ပြားေနသည့္ ခက္ခဲၾကမ္းတမ္းလွေသာအခ်ိန္ကာလအတြင္းမွာပင္ လူလားေျမာက္အ႐ြယ္ေရာက္သည္အထိ ႀကီးျပင္းလာနိုင္ခဲ့သည္။ ေနာက္ပိုင္းတြင္ 'နင္မင္းသား' ဟူသည့္ဘြဲ႕အမည္နာမေတာ္ကို ေပးအပ္ခ်ီးျမႇင့္ျခင္းခံခဲ့ရသည္။ ခ်န္မိဖုရားေခါင္ႀကီးသည္ကား သူမ၏ရာထူးအာဏာတည္ၿမဲေစရန္အလို႔ငွာ အျခားေသာသားေတာ္တစ္ပါးကိုေမြးစားရန္လည္းမလိုအပ္ပါေခ်။ သူမ၏သားေတာ္အရင္းကိုစြန႔္ပစ္ကာ ေမြးစားသားေတာ္အား ရာဇပုလႅင္ထီးနန္းကို လႊဲေျပာင္းေပးအပ္ခဲ့သည္ဟူသည့္ယူဆခ်က္မွာ ပို၍ပင္က်ိဳးေၾကာင္းဆီေလ်ာ္မႈမရွိလွပါေခ်။

"အခ်ဳပ္အားျဖင့္ဆိုရလွ်င္ အခ်ိဳ႕ေသာ 'ပရိသတ္' မ်ားသည္ကား မိမိ၏မိခင္အရင္းျဖစ္သူအားသတ္ျဖတ္ခဲ့ေသာ ရွန႔္ေရွာင္း၏လုပ္ရပ္အေပၚ လက္ခံနိုင္ျခင္းမရွိဘဲ သီအိုရီအမ်ိဳးမ်ိဳးကိုထုတ္ကာ သူ၏လုပ္ရပ္မွာမွန္ကန္သင့္ေလ်ာ္ေၾကာင္း ရွာႀကံအေၾကာင္းျပေပးခဲ့ၾကေသာ္လည္း ထိုအေၾကာင္းျပခ်က္မ်ားအားလုံးသည္ကား လုံေလာက္ေသာ သက္ေသအေထာက္အထားမ်ားမရွိၾကပါေခ်။ ဧကရာဇ္ဝူ၏ဘဝတစ္သက္တာကို ၿခဳံငုံသုံးသပ္ၾကည့္မည္ဆိုပါက ၎မွာ သူ႕ကိုယ္သူ ငါးစာအျဖစ္အသုံးခ်ကာ ရန္သူမ်ားအဝိုင္းခံထားရေသာၿမိဳ႕တြင္းမွ သာမန္ျပည္သူျပည္သားမ်ားကို အစုလိုက္အၿပဳံလိုက္သတ္ျဖတ္ခံရမည့္အႏၲရာယ္မွကယ္တင္ေပးခဲ့ေသာ ေကာင္းကြက္မ်ားရွိေသာ္ျငား အျခားတစ္ဖက္တြင္လည္း ရက္စက္ၾကမ္းတမ္းၿပီးေသြးဆာေသာအျပဳအမူမ်ားႏွင့္မိမိ၏ေဆြမ်ိဳးသားခ်င္းမ်ားကိုေတာင္မွ ခြင့္လႊတ္သည္းခံမႈမရွိေသာ အေမွာင္မ်က္ႏွာတစ္ဖက္ျခမ္းလည္းရွိေနေသးေပသည္။ သမိုင္းရာဇဝင္ထဲရွိအေက်ာ္အေမာ္ပုဂၢိဳလ္မ်ားႏွင့္ပတ္သက္သည့္အေၾကာင္းျခင္းရာမ်ားကိုစဥ္းစားရာ၌ ကြၽန္ေတာ္တို႔သည္ကား ဘက္လိုက္မႈမရွိဘဲ သမာသမတ္က်ေသာရႈေထာင့္အျမင္မ်ားမွသာ သုံးသပ္ယူဆသင့္ၾကေပသည္...."

စာေရးသူ၏သမိုင္းဆိုင္ရာရႈေထာင့္အျမင္မ်ားကိုေရးသားထားေသာအပိုင္းက႑တစ္ခုကိုမူ ႐ႊမ္းက်ီးက ခပ္ျမန္ျမန္သြက္သြက္ပင္ အေပၚယံသာလွ်ပ္ဖတ္သြားလိုက္သည္။ ေနာက္ထပ္အခန္းတစ္ခန္းကိုလွန္လိုက္ေသာအခါ ကိုယ္ရည္ကိုယ္ေသြးဆိုင္ရာ စိတ္ပညာရွင္တစ္ေယာက္၏မွတ္ခ်က္ကို အကိုးအကားျပဳ၍ေရးသားထားေသာစာတစ္ပိုဒ္ကိုေတြ႕လိုက္ရေလသည္။

"ယုံတမ္းစကားမ်ားအရ ရွန႔္ေရွာင္းသည္ကား ပဋိပကၡစစ္ပြဲမ်ားျဖစ္ပြားေနေသာအခ်ိန္ကာလအတြင္း၌ေမြးဖြားလာခဲ့ကာ စစ္သည္ရဲမက္မ်ားႏွင့္အတူႀကီးျပင္းလာခဲ့ရသူတစ္ေယာက္ျဖစ္ေစကာမူ ျပင္းျပထက္သန္ေသာထိန္းခ်ဳပ္လိုသည့္ ဆႏၵတို႔ေၾကာင့္ သူ၏ေနထိုင္မႈဆိုင္ရာအေလ့အက်င့္မ်ားသည္ကား အလြန္တရာ ေလ်ာ္ကန္မြန္ရည္ကာ စည္းစနစ္တက်ရွိလွေပသည္။ [ခ်ီစာအုပ္: ဧကရာဇ္ဝူ] ထဲတြင္ေရးသားထားပုံမ်ားအရ ရွန႔္ေရွာင္းသည္ကား ငယ္စဥ္အခါက ေျခသလုံးအိမ္တိုင္ဘဝျဖင့္ေလလြင့္ေလွ်ာက္သြားေနခဲ့ရသည့္အခ်ိန္မွလြဲ၍ က်န္ေသာအခ်ိန္မ်ားတြင္ ညစ္ေပမႈမ်ားကိုမႀကိဳက္မႏွစ္သက္တတ္သူတစ္ဦးျဖစ္ပုံရေလသည္။ သူ၏မိခင္ရင္းျဖစ္သူသည္ပင္ သူ႕ကိုလာေရာက္ေတြ႕ဆုံေသာအခါ၌ သူမအား ေစာင့္ဆိုင္းထားေစတတ္ၿပီး သူ႕ကိုယ္သူေရခ်ိဳးသန႔္စင္ကာ အဝတ္အစားမ်ားလဲလွယ္ၿပီးေသာအခါမွသာ ေတြ႕ခြင့္ရခဲ့တာျဖစ္သည္။ ၎သည္ကား သူ၏႐ုပ္သြင္ကို သပ္သပ္ရပ္ရပ္ျဖစ္ေအာင္ျပင္ဆင္ၿပီးေသာအခါမွသာ မ်က္ႏွာျပတတ္သူျဖစ္သည္။ တစ္ႀကိမ္တြင္ ၎မွာ အျပင္းအထန္နာမက်န္းျဖစ္ကာ သုံးရက္တိုင္တိုင္သတိလစ္ေမ့ေျမာေနခဲ့သည္။ သူသတိရလာေသာအခါဝယ္ ပထမဆုံးလုပ္ခဲ့သည့္အရာမွာ သူ၏ဘယ္ညာႏွစ္ဖက္မွ အေစခံမ်ားကိုအျပင္သို႔ထြက္သြားေစၿပီး သူ၏႐ုပ္သြင္သဏၭာန္ကိုဂ႐ုတစိုက္ထိန္းသိမ္းျပင္ဆင္ျခင္းပင္ျဖစ္သည္။ ဤသည္ကား သူ ငယ္စဥ္အခါက ေနရာအတည္တက်မရွိဘဲေလလြင့္သြားလာေနခဲ့ရၿပီး ပတ္ဝန္းက်င္ကိုလည္း အၿမဲတေစထိန္းခ်ဳပ္ကိုင္တြယ္နိုင္ျခင္းမရွိခဲ့ေသာျဖစ္ရပ္မ်ားအတြက္ တစ္မ်ိဳးတစ္ဖုံ အစားထိုးဖာေထးသည့္အျပဳအမူမ်ိဳးျဖစ္ပုံရေလသည္....."

႐ႊမ္းက်ီး၏အၾကည့္မ်ားက 'ညစ္ေပျခင္းကိုမႏွစ္သက္' ဟူသည့္စာသားေပၚသို႔ အခ်ိန္ခဏၾကာမွ်စိုက္ၾကည့္ေနၿပီးေနာက္မွာေတာ့ သူ႕အၾကည့္မ်ားသည္ကား အနားစြန္းမ်ားဖြာလန္ႀကဲေနသည့္ စုတ္တီးစုတ္ပဲ့ေကာက္ရိုးျမက္ေျခာက္ဝတ္႐ုံကိုဝတ္ဆင္ထားၿပီး ဆံႏြယ္မ်ားရႈပ္ပြၿငိေထြးေနသည့္ ရွန႔္လင္ယြမ္း၏ကိုယ္ေပၚသို႔ ေဝ့ဝဲက်ေရာက္သြားေလေတာ့သည္။ ထို႔ေနာက္မွာေတာ့ သဘာဝလြန္စြမ္းအားမ်ား၏လႈံ႕ေဆာ္ျခင္းကိုခံလိုက္ရသည့္အလား သူက ကုန္း႐ုန္းထလိုက္ကာ ေရခ်ိဳးခန္းထဲမွ အဝတ္စိုတစ္ထည္ကိုသြားယူလိုက္သည္။ ၎မွာ ေရအပူခ်ိန္ကိုထိန္းညွိေနရင္းက သူ႕စိတ္ထဲ၌ေတြးေတာလိုက္သည္။

ဒါက ဘာျဖစ္တာလဲ? ငါ ႐ူးသြားၿပီလား?.....က်စ္....မဟုတ္ပါဘူး...ငါက ကိုယ္ဆပ္ရမယ့္အေႂကြးကိုျပန္ဆပ္ေပး႐ုံပါပဲ

'ေက်းဇူးတရားႏွင့္ရန္ၿငိဳးအာဃာတမ်ား' ကို ရွင္းရွင္းလင္းလင္းခြဲျခားသိျမင္နိုင္သူျဖစ္ေသာ ဒါရိုက္တာ႐ႊမ္းသည္ကား သူ႕ဘာသာသူတစ္ေယာက္တည္း တည္ၿငိမ္ေလးနက္စြာစဥ္းစားခန္းဝင္ေနရွာေတာ့သည္။ ဤသို႔ျဖင့္ ၎သည္ကား 'ႀကီးျမတ္ေသာတရားမွ်တမႈ' တို႔ကိုေဆာင္ၾကဥ္းကာ ေရတေတာက္ေတာက္က်ေနေသာ အဝတ္စိုတစ္ထည္ကို ကုတင္ေဘးနားသို႔ယူေဆာင္လာခဲ့သည္။ 'ေရွးေခတ္လူသား' တစ္ေယာက္၏ ေကာက္ရိုးဝတ္႐ုံမွာ မည္သို႔မည္ပုံႀကိဳးခ်ည္စည္းေႏွာင္ထားသလဲဆိုတာကို အခ်ိန္အေတာ္ၾကာေအာင္ ေစ့ေစ့စပ္စပ္ၾကည့္ရႈအကဲခတ္ၿပီးေနာက္မွာေတာ့ ေနာက္ဆုံးတြင္ ခါးေပၚ၌ ရႈပ္ေထြးေပြလီလွေသာ ႀကိဳးထုံးတစ္ထုံးကိုေတြ႕ရွိသြားေလေတာ့သည္။

ငါက တဏွာ႐ူးႏွာဘူးေကာင္ မဟုတ္ပါဘူးေနာ္

႐ႊမ္းက်ီးက သူ႕ဘာသာသူေတြးလိုက္ရင္း ႀကိဳးထုံးကိုေျဖလိုက္သည္။

ငါက မႏၲန္အစီအရင္ေတြရဲ႕တန္ျပန္တိုက္ခိုက္မႈေၾကာင့္ သူ႕ကိုယ္ေပၚမွာ ရသြားတဲ့ဒဏ္ရာဒဏ္ခ်က္ေတြကို တစ္ခ်က္ေလာက္ ၾကည့္ၾကည့္႐ုံေလးတင္ပါ.....

ထိုအခိုက္ ျဖဴဆုတ္ေနေသာလက္တစ္ဖက္က သူ႕လက္ေကာက္ဝတ္ကို ႐ုတ္တရက္ ဖမ္းဆုပ္လိုက္သည္။

႐ႊမ္းက်ီး : "......."

ဒီပိရွက တကယ္ပဲေကာင္းေကာင္းမေနနိုင္ဘူးလားဟ? အခ်ိန္မေတာ္ ေရာက္လာတယ္၊ အခ်ိန္မ​ေတာ္ သတိလစ္သြားတယ္၊ အခ်ိန္မေတာ္ ေသြးထြက္သံယိုျဖစ္သြားတယ္၊ Bluetooth အဆက္အသြယ္ကလည္း အခ်ိန္မေတာ္ျပတ္ေတာက္သြားတယ္......အခုလည္း အခ်ိန္မေတာ္ နိုးလာျပန္ၿပီ!

17.9.21

🔥🔥🔥🔥🔥🔥🔥

T/N

Hello တစ္ခုေလာက္ေျပာခ်င္လို႔ပါ။ ကိုယ့္ရဲ႕ wp က ဘာျဖစ္မွန္းမသိ၊ အခုထိ error တက္ေနတုန္းမို႔လို႔ ဘယ္ေနရာမွာမွ reply ျပန္လို႔မရပါဘူး။ ဆို​ေတာ့ တခ်ိဳ႕ကြန္မန့္ေလးေတြကို အခုေလာေလာဆယ္ျပန္မေျဖေပးနိုင္ေသးတာကို စိတ္မရွိပါနဲ႕ေနာ္။ ေတာ္ၾကာ ကိုယ္က ေခ်ၿပီး Reply မျပန္ဘူးထင္မွာစိုးလို႔ပါ။ တကယ္ကေျဖခ်င္ေပမယ့္ ေျဖလို႔မရတာပါလို႔ 😭

Continue Reading

You'll Also Like

28.3K 4.7K 51
ဘာသာပြန်သူ - စွဲညို့အသင်း
227K 25K 87
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...
263K 9.2K 61
ဒယ်ဒီဆိုတာ ကျွန်တော့်ဘဝရဲ့ အသက်သည်းညှာဆိုတာ ယုံထားပါ..။ START DATE -28,9,2023 END DATE -14,11,2023
217K 19.8K 55
ကောင်းကင်ဘုံရဲ့ထိပ်သီးမဟေသီတစ်ပါးဖြစ်ဖို့ကလွယ်ကူမယ်ထင်နေသလား ? အဓိကဇာတ်ဆောင် - အဓိပတိရာဇ + ရူစန္ဒာအဏီရာ MAHARVERSE SEASON 2|| Start Date - June 26 20...