အမုန္းတရား၏ေနာက္ေတာ္ပါး Ep-66
Zawgyi
နံနက္ေလးနာရီခြဲဆိုေသာအခ်ိန္သည္ ေပက်င္အိမ္တြင္ အခ်ိန္ေစာေသးေသာ္လည္း ယခုေက်းလက္ေဒသတြင္ေတာ့ ၾကက္ဖတြန္သံ၊ ႏြားတင္းကုတ္မွ ကြၽဲႏြားခေလာက္သံ၊ အိမ္ေျမႇာင္တို႔ရဲ႕ တိုင္လံုးပိုးေဖာက္သံတို႔ႏွင့္အတူ အိမ္နီးနားခ်င္းအိမ္မ်ားမွ ထမင္းဟင္းခ်က္သံမ်ားက ဆူညံစြာ ထြက္ေပၚေလသည္။
ေန႔ႀကီးရက္ႀကီးအခါႀကီးရက္ေပမလို႔ နံနက္သံုးနာရီအခ်ိန္ကတည္းက ခ်က္ျပဳတ္ဖို႔ရာအတြက္ အိပ္ရာထၾကသည္မွာ အိမ္႐ွိအမ်ိဳးသမီးတိုင္းရဲ႕ ဓေလ့တစ္ခုပင္။ Tomb Sweeping Day(ဂူသခ်ႋဳင္းေန႔)မလို႔ အိမ္႐ွိသက္လတ္ပိုင္းလူမ်ားအားလံုး မနက္ေစာေစာထကာ သစ္သီးဝလံအစားအေသာက္မ်ား ခူးယူ၊ဝယ္ျခမ္းျပင္ဆင္ၾကေလသည္။
ရြာတြင္စိုက္ပ်ိဳးေသာ သစ္သီးဝလံမ်ား၊ ဟင္းေပၚသည့္ အသားမ်ား၊ လက္လုပ္မုန္႔မ်ား၊ အေမႊးတိုင္၊ ဖေယာင္းတိုင္၊ ပန္း၊ ဆန္၊ အရက္၊ စသည့္စားေသာက္ဖြယ္ရာမ်ား ျခင္းေတာင္းေတြထဲထည့္၍ Graveyardသို႔သြားရန္ အဆင္သင့္ျပင္ဆင္ထားၾကၿပီး၊ နံနက္ခင္းေစာေစာထကာ အိမ္သို႔လာေရာက္သည့္ ဖြားေအရဲ႕သားသမီးမ်ားကလည္း ကူညီလုပ္ကိုင္ေပးၾက၏။
ရြာသို႔ဖခင္ႏွင့္အတူလာေရာက္သည့္မိခင္အား ဖြားေအသည္ ဆဲဆိုႀကိမ္းေမာင္းျခင္းမျပဳေတာ့ဘဲ သမီးနဲ႔သမက္အား ေကာင္းခ်ီးမဂၤလာျပဳေပးကာ၊ ေပြ႔ဖက္နမ္း႐ႈိက္ၿပီး သူမတို႔အေမြျပတ္စြန္႔လြတ္မသင့္ေၾကာင့္ ႐ႈိက္ငို၍ေတာင္းပန္ခဲ့သည္။
ကူညီလုပ္ကိုင္ေပးသည့္ မိသားစုေဆြမ်ိဳးမ်ားလွသည္ေၾကာင့္ နံနက္ခင္းငါးနာရီအခ်ိန္၌ အားလံုးျပင္ဆင္ၿပီးေလၿပီ။ က်ဥ္းေျမာင္းလွသည့္မီးဖိုခန္းေလးသည္လည္း တစ္ေယာက္ဝင္တစ္ေယာက္ထြက္ျဖင့္ ေျခရာမ်ား႐ႈပ္သလို၊ ဧည့္ခန္းအတြင္းမွ ကေလးမ်ားရဲ႕ေအာ္ဟစ္ရယ္ေမာသံႏွင့္ လူႀကီးမ်ား၏သေဘာက်ရယ္ေမာသံမ်ားက ဆူညံစြာထြက္ေပၚေနသည္မွာ သူတို႔ရဲ႕အိမ္တစ္အိမ္တည္းပင္မဟုတ္။
တစ္ရြာလံုးမီးေတြထိန္လင္းသလို ၿမိဳ႕ေပၚတြင္လည္းယခုအခ်ိန္ လႈပ္႐ွားသြားလာေနၾကၿပီး ဆူညံေနၾကေတာ့မည္ဆိုတာ ခန္႔မွန္းမိသည္။ မီးပံုးေလးေတြအိမ္ေ႐ွ႕တြင္ထြန္းညိွကာ ေျဗာက္အိုးေတြေဖာက္ထားသည့္အသံေၾကာင့္ တေဖာက္ေဖာက္ျမည္ေနသလို ထိန္ထိန္သာေနသည့္လျပည့္ဝန္းမွာလည္း တိမ္ကေလးေတြရဲ႕ေအာက္ ေပၚလိုက္ေပ်ာက္လိုက္ျဖစ္ေနေလသည္။
ဧည့္ခန္းအတြင္းစင္တစ္ခုေပၚ၌ ဘိုးေဘးဘီဘင္၏ဓာတ္ပံုမ်ားႏွင့္တကြ အဖိုးဓာတ္ပံုပါတင္ကာ အေမႊးတိုင္း၊ ဖေယာင္းတိုင္၊ ပန္း၊ ဆန္၊ အရက္၊ စသည့္စားေသာက္ဖြယ္ရာမ်ားကို ခင္းက်င္းထားၿပီး မိသားစုအားလံုးဝတ္ျပဳၾက၏။
ငါးႏွာရီခြဲအခ်ိန္တြင္ Graveyardသို႔ပစၥည္းမ်ားယူေဆာင္ကာ အားလံုးထြက္ခြာလာၾကေတာ့ မီးေတြထိန္လင္းကာ လူအမ်ားအျပားေရာက္ႏွင့္ေနၾကေလၿပီ။ အဖိုး၏အုတ္ဂူအေ႐ွ႕တြင္ ပုဝါပါးအခင္းခင္းကာ ယူေဆာင္လာသည့္ပစၥည္းမ်ားကို ခင္းက်င္းၿပီး ဝတ္ျပဳကန္ေတာ့ၾက၏။
အားလံုးကေနၾကဦးမည္ဆိုေသာေၾကာင့္ အႁမႊႏွစ္ေယာက္သည္လည္း မျပန္ခ်င္ေသးဘူးဆိုသျဖင့္ သူတို႔သာအိမ္ျပန္လာခဲ့ၾကသည္။ လမ္းတစ္ေလ်ွာက္လယ္ကြင္းမ်ား၊ သစ္ပင္မ်ား၊ ေတာေတာင္မ်ားက စိမ္းစိုေနၿပီး ေလအေဝွ႔၌ ဟိုဒီယိမ္းခါေန၏။ စပါးေတြရိတ္သိမ္းၿပီး ေျမပဲ၊ ႏွမ္း၊ ဆီျပဳလုပ္၍ရေသာ မုန္႔ညႇင္းမ်ားကို လယ္ကြင္းေတြအတြင္း၌ ျမင္ရေလသည္။
"ဘာလိုလိုနဲ႔ ျပန္ဖို႔အခ်ိန္ေတာင္နီးေနၿပီ"
အေနာက္တြင္က်န္ရစ္ၿပီး စိမ္းစိုေနသည့္လယ္ကြင္းေတြဘက္ မ်က္ႏွာမူကာ ေျပာေနသည့္က်န္႔အား လွည့္ၾကည့္မိေတာ့ မ်က္ႏွာညိွဳးေနသည္ေၾကာင့္၊ အနားမွာသြားရပ္ကာ လက္ဖဝါးေလးကိုဆုပ္ကိုင္လိုက္ၿပီး လက္ဖမိုးေလးအားတစ္ခ်က္နမ္း႐ႈိက္လိုက္၏။
လတ္ဆတ္သည့္ေလႏုေအးေတြက မ်က္ႏွာျပင္ကို႐ိုက္ခတ္လာသည္ေၾကာင့္ နဖူးေပၚဝဲက်ေနသည့္ဆံပင္ေလးေတြမွာ ဟိုဒီယိမ္းခါလ်က္။ ေနအလင္းေရာင္ထြက္ေပၚလာၿပီျဖစ္ေသာေၾကာင့္ ဆုပ္ကိုင္ထားသည့္လက္ဖဝါးႏွစ္ဖက္မွာလည္း ေခြၽးစေလးေတြထြက္ေပၚေလၿပီ။
ေပြ႔ခ်ီထားျခင္းခံရသည့္ ေ႐ွာင္းေ႐ွာင္ေလးသည္လည္း ေနအလင္းေရာင္ေၾကာင့္ ပါးျပင္ႏုႏုေလးေတြက ရဲတက္လို႔ေန၏။ ယူေဆာင္လာသည့္ထီးကေလးအား သံုးေယာက္စလံုးလံုျခံဳေအာင္ ခိုလႈံၿပီးအိမ္သို႔သာျပန္လာခဲ့ၾကသည္။ လမ္းတစ္ေလ်ွာက္ျမင္ေနရသည့္အရာေတြကို အထူးအဆန္းတဖြယ္လိုက္လံၾကည့္႐ႈေနသည့္ မ်က္ဝန္းဝိုင္းဝိုင္းနဲ႔ေ႐ွာင္းေ႐ွာင္ေလးသည္ တစ္ခ်က္ခ်က္ တခစ္ခစ္ရယ္ေမာျပန္၏။
"မာမား"
႐ုတ္တရက္ ေ႐ွာင္းေ႐ွာင္ေလးထံမွ မပီကလာျဖင့္ မာမားဟုေခၚဆိုလိုက္ျခင္းအသံေၾကာင့္ ႏွစ္ေယာက္သားအၾကည့္ခ်င္းဆံုကာ ေ႐ွာင္းေ႐ွာင္ေလးကိုၾကည့္မိျပန္ေတာ့ သူ႔ကိုၾကည့္၍ေခၚဆိုေနျခင္းေၾကာင့္ သေဘာက်ႏွစ္သက္ကာ ဝမ္းသာပီတိျဖစ္ရသည္။
"မာမား"
"ပါပါးလို႔ေခၚေလ ပါပါး. . .ပါပါး"
"မာမား"
"မာမားမဟုတ္ဘူး ပါပါး"
"မာမား"
"သူေလးက က်န္႔ကို မာမားလို႔ေခၚတာပဲသေဘာက်တယ္ထင္တယ္"
"အဟင္း. . .မာမားဆိုလည္းမာမားေပါ့"
အိမ္ျပန္ေရာက္ခ်ိန္အထိ တစ္လမ္းလုံး မာမားလို႔ေခၚကာစေနာက္ေန႔သည့္ ခုႏွစ္လထဲဝင္ေနၿပီျဖစ္ေသာေ႐ွာင္းေ႐ွာင္ေလးေၾကာင့္ မ်က္ႏွာေတြထက္အျပံဳးေတြျဖစ္ထြန္းေနရ၏။
ပိတ္ထားသည့္ဝါးျခမ္းျခံတံခါး၊ အိမ္တံခါးႏွင့္ျပတင္းေပါက္တံခါးေတြအားလံုးကိုဖြင့္ၿပီး ထိုင္ကြင္းထဲေ႐ွာင္းေ႐ွာင္ေလးအား ထည့္ေပးလိုက္သည္ႏွင့္ ထိုင္ကြင္းအထိန္းေလးျဖင့္ဧည့္ခန္းအႏွံ႔ ေလ်ွာက္သြားေနေလသည္။
ေရအိုးထဲမွေရအနည္းငယ္ခပ္၍ ေ႐ွာင္းေ႐ွာင္ေလးကိုခပ္တိုက္လိုက္ေတာ့ ေရခြက္ကိုလက္ေခ်ာင္းေသးေသးေလးေတြျဖင့္ ဆုပ္ကိုင္ကာ ေမာ့ေသာက္ေနျပန္၏။
"အိုး. . .ေရေတာ္ေတာ္ဆာသြားၿပီထင္တယ္"
ေမးဖ်ားေလးမွတြဲခိုေနသည့္ ေရစက္ကေလးကို လက္ေခ်ာင္းေလးျဖင့္ခပ္ဖြဖြသုတ္ေပးမိေတာ့ ႏူးညံ့လြန္းသည့္ကေလးအသားအရည္ေၾကာင့္ ခ်က္ခ်င္းရဲတက္သြား၏။
"ေမာင္"
"ဗ်ာ"
"ေပက်င္းမျပန္ခင္ ရြာနဲ႔ေတာစပ္အၾကားက ေရေခ်ာင္းကေရႀကီးရင္ သြားရလာရခက္ခဲတာမို႔ တံတားတစ္ခုစာ လုပ္အားေငြအားလွဴရင္မေကာင္းဘူးလား"
"အင္း. . .ေမာင္လည္းစဥ္းစားမိေသးတယ္ မျပန္ခင္ဒီရြာမွာလိုအပ္တာေတြ လွဴဒါန္းသြားဖို႔"
"ဒါဆို ရြာရဲ႕လိုအပ္တဲ့ေနရာေတြကို ေက်းရြကလူႀကီးေတြနဲ႔တိုင္ပင္ၿပီး လွဴဒါန္းၾကတာေပါ့"
"အိုး. . .ေမာင့္အမ်ိဳးသားေလးက စိတ္ထားမြန္ျမတ္လိုက္တာ"
"ႁပြတ္"
"ေ႐ွာင္းေ႐ွာင္ေလး႐ွိတယ္ေနာ္ အေနအထိုင္ဆင္ျခင္"
ခါးကိုလွမ္းဖက္ၿပီး ႏႈတ္ခမ္းေတြကိုစုပ္ယူနမ္း႐ႈိက္ေနသည့္ ေမာင့္ရဲ႕လက္ေမာင္ကိုခပ္ဖြဖြ႐ိုက္၍ သူတို႔ႏွစ္ဦးအားေမာ့ၾကည့္ေနသည့္ ေ႐ွာင္းေ႐ွာင္ေလးကို ေမးဆတ္၍ျပလိုက္ရာ ေ႐ွာင္းေ႐ွာင္ေလးသည္ အလိုက္တသိပင္ အေဝးသို႔တေရြ႕ေရြ႕ထြက္သြားေလသည္။
"ဒက္ဒီရဲ႕သမီးေလးက အလိုက္သိလိုက္တာ"
"ေမာင္ မရဘူးေနာ္ ေ႐ွာင္းေ႐ွာင္ေလး႐ွိတယ္"
"ဘာမွသိမွာမဟုတ္ဘူး၊ ေပက်င္းအိမ္မွာတုန္းကေတာင္ ေပြ႔ခ်ီၿပီးအတူေနခဲ့ၾကေသးတာပဲ၊ အခုက ဘယ္သူမွမ႐ွိတုန္းေလး"
"ေတာ္ၾကာ ျပန္လာၾကေတာ့မွာ"
"တစ္ခါတည္းပါ"
"ေမာင့္ရဲ႕တစ္ခါက အၾကာႀကီးပဲ မရဘူးဆိုမရဘူး"
"ေမာင့္ကိုမသနားဘူးလား"
"ကိုယ့္ကိုကိုယ္ပဲ သနားတယ္"
"ေႏွာင့္ယွက္မယ့္သူမ႐ွိတုန္းေလးကို ေနာ္"
မ်က္ႏွာငယ္ေလးျဖင့္ေျပာေနသည့္ေမာင့္ကို မ်က္ေစာင္းတစ္ခ်က္ထိုး၍ ေလ်ွာ္ဖြတ္စရာမ်ားထည့္ထားသည့္ပံုးကိုမ,ကာ ေရဆိပ္ဘက္ထြက္လာခဲ့လိုက္သည္။ ေႏွာင့္ယွက္မယ့္သူ႐ွိလည္း ဇြတ္အတင္း အတူမေနခဲ့ဘူးလားလို႔ ေမးလိုက္ခ်င္စမ္းပါဘိ. . .
ကေလးေတြလက္ပူးလက္ၾကပ္မိတာက ခံသာေပမယ့္၊ လူႀကီးသူမေတြသာမိလိုက္ရင္ သူမ်က္ႏွာျပရဲေတာ့မွာမဟုတ္။ Graveyardသို႔သြားၾကသည့္သူမ်ားအားလံုး ယခုအိမ္သို႔သာလာေရာက္ၿပီး စားၾကေသာက္ၾကဦးမည္ဆိုသျဖင့္ ေမာင္ႏွင့္သူသာအတူေနခ်ိန္ ေရာက္ခဲ့မိလ်ွင္ အသံမလံုသည့္အခန္းထဲ ျဖစ္ပ်က္သမ်ွအရာေတြကို အတိုင္းသားၾကားေနရလိမ့္မည္။
အိမ္ထဲမွေမာင့္ရဲ႕ေအာ္သံႀကီးနဲ႔ ေ႐ွာင္းေ႐ွာင္ေလးရဲ႕တခစ္ခစ္ရယ္ေမာသံကို နားေထာင္၍ ရယ္မိလ်က္၊ ယူေဆာင္လာသည့္အဝတ္ေတြကိုသာ တစ္ထည္ခ်င္းေလ်ွာ္လိုက္၏။ ၿမိဳ႕ေပၚမွဝယ္ယူလာသည့္ ေမာ္တာစက္ကို မေန႔ညေနခင္းမွာပင္ အိမ္ေဆာက္သည့္လက္သမားကို ေငြစအနည္းငယ္ေပး၍ တပ္ဆင္ခဲ့ၾကသည္။ မားတို႔ပါေရာက္႐ွိလာျခင္းေၾကာင့္ ေရဆြဲေရတင္ရမပင္ပန္းေအာင္ အျမန္ဆံုးတပ္ခဲ့ၾကျခင္းပင္။
"ေမာင္ေရ"
". . . . ."
"ေမာင္"
"ဗ်ာ"
"ဒီကိုခဏလာပါဦး"
"လာၿပီ၊ လာၿပီ"
လူကိုေနာက္ထားအသံသာအရင္လာသည့္ေမာင့္ကို ေမ်ွာ္လိုက္ရသည္မွာ အဝတ္တစ္ထည္ႏွစ္ထည္ပင္ ေလ်ွာ္ဖြတ္ၿပီးေလၿပီ။ ႏြားတင္းကုတ္မွ အစာေတာင္းေနၾကသည့္ႏြားေတြေၾကာင့္ အလ်င္စလိုေခၚမိေပမယ့္ ေတာ္ေတာ္ျဖင့္ေရာက္မလာ။
ေႏြ၊မိုး၊ေဆာင္း၊ရာသီမေရြး အခင္းစိုက္စားၾကသည့္ေက်းရြာမို႔ လယ္ကြင္းေတြဘက္ ကြၽဲႏြားေတြလြတ္လို႔မရ။ စိုက္ထားသည့္အသီးအႏွံခင္းထဲဝင္လ်ွင္ အေလ်ာ္ေပးရသည္မွာေပးေပ်ာ္ေပမယ့္၊ အခင္း႐ွင္ေတြလည္း သူတို႔ရဲ႕အားျဖင့္ျပဳလုပ္ထားရျခင္းေၾကာင့္ ႏွေျမာမိၾကမည္ပင္။ ထို႔ေၾကာင့္ လယ္ကန္စင္းတြင္သာေပါက္ေရာက္ေသာ ျမက္ပင္မ်ားကို႐ိုတ္သိမ္းကာ အိမ္တြင္သာ ေကြၽးေမြးျဖစ္ၾက၏။
ေတာင္ေပၚေတြတစ္ခါတစ္ရံလြတ္တတ္ၾကေပမယ့္ ေတာေခြးေတြရဲ႕ရန္ေၾကာင့္ ေတာင္ေပၚမလြတ္ျဖစ္ၾက။ အဖြဲ႔လိုက္ေနလ်ွင္ပင္ လိုက္လံသတ္ျဖတ္ၾကျခင္းမို႔ တစ္ေကာင္တည္းသာ႐ွိလ်ွင္ အ႐ိုးပင္မက်န္ေသာေၾကာင့္ ႏြားေတြ႐ွာၾကခ်ိန္၌ ဘယ္သူ႔ႏြားကိုယ့္ႏြားမွန္းပင္မသိရ။
"ဘာခိုင္းမလို႔လဲ"
"ႏြားေတြအစာေကြၽးၿပီး ေရတိုက္လိုက္ဦး၊ ေအာ္ေနကုန္ၿပီ"
"အင္း"
"ကေလးေနပူတယ္ ဦးထုပ္ေဆာင္းေပး၊ ေနပူေနတာေနာ္ လသာေနတာမဟုတ္ဘူး"
"အေလာတႀကီးထြက္လာရလို႔ မေဆာင္းေပးခဲ့မိတာပါကြာ က်န္႔ကေျပာမယ္ဆိုတာႀကီးပဲ"
"ဒီေလာက္ေျပာေနတာေတာင္ ေတာ္ခါက်လို႔လား"
"ဟုတ္ပါၿပီဗ်ာ ေမာင္မွားပါတယ္"
ေနာက္ထပ္အေျပာခံရမည္စိုးေသာေၾကာင့္ အိမ္ထဲမွဦးထုပ္ျမန္ျမန္ယူၿပီး ႏြားတင္းကုတ္သို႔သာ ခပ္သုတ္သုတ္ထြက္လာခဲ့၏။ ေနာက္ပါးဆီမွ တတြတ္တြတ္ေျပာဆိုသံက ႏြားတင္းကုတ္ေရာက္သည္အထိ အတိုင္းသားၾကားေနရေသာ္လည္း ပါးစပ္ေညာင္းရင္ရပ္သြားလိမ့္မယ္ဆိုၿပီးသာ နားေထာင္၍ ႏြားစာေကြၽးေနလိုက္သည္။ ႏြားေရတိုက္ရေအာင္အတြက္ လႊတ္ေနသည့္ပံုးေတြကိုယူကာ ေရတြင္းသို႔ေရခပ္ရန္သြားမိျပန္ေတာ့ က်န္႔ထံမွ မ်က္ေစာင္းကဒိုင္းခနဲ အပိုလက္ေဆာင္ရျပန္၏။
သြားေတြအေအးပတ္ေလာက္သည္အထိ ျပံဳးျပမိျပန္ေတာ့လည္း မ်က္ေမွာင္ေတြတြန္႔က်ံဳ႕သြားသည္ေၾကာင့္ ေရအျမန္ခပ္ကာ ႏြားတင္းကုတ္သို႔ျပန္လာရသည္။ မေတာ္လို႔ ကိုင္ထားတဲ့အဝတ္ေလ်ွာ္တုတ္ျဖင့္ ေကာက္ေပါက္လိုက္ရင္ ေခါင္းကြဲရခ်ည္ရဲ႕။
"ခ်စ္တာေရာေၾကာက္တာေရာေပါင္းေတာ့ ဒီလူကိုအျမဲႏိုင္စားတဲ့အမ်ိဳးသားေလး အာဘြားေတြခ်ည္းလွိမ့္ေပးပစ္ခ်င္တယ္"
"ခစ္ခစ္"
ေက်ာေပၚမွာေနၿပီး သေဘာက်ကာတခစ္ခစ္ရယ္ေနသည့္ ေ႐ွာင္းေ႐ွာင္ေၾကာင့္ မ်က္ေမွာင္ကုတ္ရင္းလွမ္းၾကည့္ေတာ့ သူ႔လက္ေခ်ာင္းေဖာင္းေဖာင္းေလးေတြျဖင့္ မ်က္ႏွာကို ဘတ္ခနဲလာ႐ိုက္၏။
"ဒက္ဒီကို ေလွာင္တာလား ဟမ္"
မ်က္လံုးဝိုင္းဝိုင္းေလးေတြျဖင့္ျပဴးၾကည့္ေနၿပီး တဖတ္ဖတ္လာ႐ိုက္သည္ေၾကာင့္ မ်က္ႏွာပင္ပူထူလာရသည္။ သူ႔ပါးျပင္ရဲမရဲေတာ့မသိ ေ႐ွာင္းေ႐ွာင္ေလးရဲ႕လက္ဖဝါးေလးေတြမွာေတာ့ နီရဲေနေလၿပီ။
"မ႐ိုက္နဲ႔ေတာ့ လက္ေတြနာကုန္မယ္"
"ဒက္ဒီ၊ ပါပါး သားသားေလးတို႔ အိမ္ျပန္ေရာက္ပါၿပီ!!"
"ပါပါး!!!"
"ေအာင္လိုက္တဲ့အသံေတြ"
အိမ္ေ႐ွ႕မွအႁမႊာႏွစ္ေယာက္ရဲ႕ေအာ္ဟစ္သံ၊ လူႀကီးေတြရဲ႕စကားေျပာသံ၊ က်န္႔ရဲ႕အဝတ္လွန္းဖို႔ရာအတြက္ အဝတ္စားတဖတ္ဖတ္ခါသံတို႔က က်ယ္ေလာင္စြာ ထြက္ေပၚလာ၏။
"ဒက္ဒီဘာလုပ္ေနတာလဲ"
"ႏြားေသာက္ဖို႔အတြက္ခပ္ထားတဲ့ေရေတြကို ငါေသာက္မလို႔"
သိသိလ်က္နဲ႔ တမင္ေမးေနၾကသည့္ အႁမႊာႏွစ္ေယာက္အား ဘုကလန္႔ျပန္ေျပာမိေတာ့ ႏႈတ္ခမ္းေတြစူကာ ေ႐ွာင္းေ႐ွာင္ေလးရဲ႕ေျခေထာက္ကိုကိုင္ၿပီး ေဆာ့ကစားေနျပန္သည္။
ႏြားေရေတြတိုက္ၿပီးအိမ္ထဲဝင္ခဲ့ေတာ့ ခ်ီပိုးထားခံရသည့္ေ႐ွာင္းေ႐ွာင္ေလးကို က်န္႔ကလက္လႊဲယူကာ လူႀကီးေတြအနားမွာထိုင္၍ ႏို႔တိုက္ေန၏။ က်န္႔နဲ႔တိုင္ပင္ထားသည့္ကိစၥကို လူႀကီးေတြကိုဖြင့္ေျပာျပလိုက္ေတာ့ မာမီတို႔ကလည္း သူမတို႔ပါ,ပါဝင္မည္ဆိုၿပီးေျပာ၏။
"ဒီရြာမွာက လိုအပ္ခ်က္႐ွိတဲ့ေနရာေတြအမ်ားႀကီးပဲကြ၊ ငါ့တူတို႔ဆီက ဒီလိုစကားၾကားရတာဝမ္းသာတယ္ကြာ၊ တစ္ရြာလံုး ေငြေၾကးမတတ္ႏိုင္ၾကေပမယ့္ လုပ္အားပါဝင္ဖို႔ကေတာ့ ဦးေလးအာမခံတယ္ေဟး"
"ရြာနဲ႔ေတာစပ္အၾကားကေရေခ်ာင္းက မိုးတြင္းဆိုပိုၿပီး အခက္အခဲျဖစ္တယ္၊ အခင္းေတြသြားၿပီး မိုးရြာေရႀကီးခဲ့ရင္ အိမ္မျပန္ရဘဲ ကိုယ့္ယာခင္မွာသာေနခဲ့ရတဲ့ အႀကိမ္ေရေတြက အမ်ားႀကီးပဲ"
"ေခ်ာင္းကသိပ္မက်ယ္ေပမယ့္ ေရႀကီးရင္ ေရစီးကမ္းပါးၿပိဳလိုက္ၿပီး တစ္စတစ္စက်ယ္ရင္း ကမ္းနားမွာေပါက္တဲ့သစ္ပင္ေတြပါၿပိဳၿပီး တိုက္စားပါသြားတတ္တယ္၊ အရင္ကေတာ့ ဒီေခ်ာင္းက ေျမာင္းတစ္ခုစာက်ဥ္းက်ဥ္းေလး၊ ေရစီးကမ္းပါးၿပိဳလိုက္ရင္းသာ ေခ်ာင္းအျဖစ္ေျပာင္းသြားတာ"
"ေက်ာင္းကလည္း ဒီမွာကအလယ္တန္းအထိပဲ႐ွိေတာ့ ၿမိဳ႕ေပၚတက္ၿပီးသြားရတယ္ေလ၊ ေက်ာင္းသားေတြစုၿပီး စက္ဘီးနဲ႔သာေက်ာင္းသြားရေတာ့ ေက်ာင္းခ်ိန္ေတြကလိုတာထက္ပိုေနာက္က်ၾကတယ္၊ မိုးရြာၿပီးေလျပင္းတိုက္တဲ့ေန႔ဆို ပိုၿပီးအခက္အခဲျဖစ္ၾကရတယ္"
"တစ္ခ်ိဳ႕စာေတာ္ၿပီး မိဘေတြေက်ာင္းမထားႏိုင္ေတာ့လို႔ ထြက္လိုက္ရတဲ့ကေလးေတြဆိုလည္း အမ်ားႀကီး၊ တစ္ရက္လုပ္တစ္ရက္စားသမားဆို ေသစာ႐ွင္စာဖတ္တတ္ရင္ေတာ္ၿပီဆိုၿပီး မူလတန္းကတည္းကေက်ာင္းထြက္ခိုင္းလိုက္တာေတြ၊ အထက္တန္းေအာင္လို႔ မိဘေတြေက်ာင္းမထားႏိုင္ဘဲ တကၠသိုလ္တက္ရမယ့္ကေလးေတြလည္း နားထားရတာအမ်ားႀကီး"
"ၿပီးေတာ့ ဒီရြာအနီးအနားလာစြန္႔ပစ္ထားတဲ့ကေလးေတြကို ဘုရားေက်ာင္းကဘုန္းေတာ္ႀကီးေတြ ေမြးစားထားရတာ အေယာက္ႏွစ္ဆယ္ေက်ာ္တယ္၊ ဒီရြာကၿမိဳ႕နဲ႔နည္းနည္းအလွန္းေဝးေတာ့ စာလာသင္ျပရမယ့္ ေက်ာင္းဆရာ၊ဆရာမေတြကလည္း နည္းတယ္၊ ေတာ္ရံုတန္ရံုနဲ႔မလာၾကဘူး"
"ရြာရဲ႕က်န္းမာေရးေဆးခန္းဆိုလည္း ေဆးခန္းသာ႐ွိတယ္၊ ေဒါက္တာနဲ႔သူနာျပဳက မလာတစ္ခ်က္လာတစ္ခ်က္၊ ခုေရာက္ေနတဲ့ေက်းရြာသူနာျပဳကလည္း မိသားစုနဲ႔ကေလးေတြနဲ႔ဆိုေတာ့ ေက်းရြာကလူေတြကိုကုဖို႔ေနေနသာသာ သူ႔မိသားစုကိုအခ်ိန္ေပးေနရတာ ျပဳစုေပးေနရတာနဲ႔ ဘာမွမလုပ္ေပးႏိုင္ေတာ့ဘူး"
"သူနာျပဳလို႔သာဆိုတယ္ေအ ရြာကိုလာသေလာလို႔ ဝက္ေမြးၾကက္ေမြးနဲ႔၊ လူေတြကိုလာကုတာမဟုတ္ဘဲ ေရာဂါေတြလာပို႔ေနသလိုျဖစ္ေနၿပီ၊ သူနာျပဳလာမယ္ဆိုလို႔ ႐ွင္းလင္းထားတဲ့ေဆးခန္းကလည္း သူတို႔ကေလးေတြ႐ႈပ္ပြထားတဲ့ကစားစရာေတြနဲ႔ ျမက္ပင္ေတြက ေဆးခန္းနဲ႔မတူေတာ့ဘဲ လူမေနေတာ့တဲ့အိမ္နဲ႔ကပိုတူေနတယ္"
"ဦးေလးတို႔က အထက္ကိုမတင္ျပဘူးလား"
လူႀကီးေတြရဲ႕တစ္ေယာက္တစ္ေပါက္ ေျပာဆိုေနသံကို သူကိုယ္တိုင္သိခ်င္ေမးခ်င္သည့္ေမးခြန္းအား က်န္႔ကျဖတ္ေျပာလိုက္သည္ေၾကာင့္ လူႀကီးေတြဘက္ျပန္လွည့္မိေတာ့၊ သက္ျပင္းေတြခ်ကာ မ်က္လႊာေတြပါခ်ေနၾက၏။ ဒီေလာက္လိုအပ္ခ်က္႐ွိတဲ့ေက်းရြာကို ဘာလို႔လ်စ္လ်ဴ႐ႈထားလည္းဆိုတာ သိလည္းသိခ်င္မိသည္။ တကယ္ဆို ရြာလမ္းေတြကအစ ျပဳျပင္ေပးသင့္သည္မဟုတ္ပါလား။
"ဟင္း. . .ေက်းရြာလူႀကီးကိုယ္တိုင္ အထက္ကိုခဏခဏတင္ျပေနေပမယ့္ တင္ျပတဲ့အႀကိမ္ေရတိုင္း ပယ္ခ်ခံရတယ္ေလ၊ ေနာက္ေတာ့ ပယ္ခ်ခံရပါမ်ားလြန္းလို႔ ဦးေလးတို႔လည္း ထပ္ၿပီးမတင္ျပေတာ့ဘူး"
"ေတာက္!!!"
တက္ေခါက္လိုက္သည့္ ေမာင့္အသံက ဧည့္ခန္းအတြင္းလိုဏ္သံခတ္ကာ က်ယ္က်ယ္ေလာင္ေလာင္။ ေမာင္ေဒါသထြက္လည္းထြက္ခ်င္စရာပင္ နားေထာင္ေနရသည့္သူေတြေတာင္ ဒီေလာက္ခံျပင္းေဒါသထြက္ေနလ်ွင္ ခံရသည့္ရြာသူရြာသားအဖို႔ မည္မ်ွဝမ္းနည္းေဒါသထြက္ၾကမလည္းဆိုတာ ေတြးၾကည့္ခ်င္စရာပင္မလို။
အဖက္ဖက္မွလိုအပ္ခ်က္မ်ားကို လွဴဒါန္းသြားမည္ဟု ဝန္ခံကတိေပးလိုက္သျဖင့္ အားလံုးကဝမ္းသာေနၾက၏။ လဝက္ေလာက္ေနရင္ျပန္မည္ဟု တြက္ဆထားၾကေသာ္လည္း အႁမႊာႏွစ္ေယာက္ရဲ႕ေက်ာင္းဖြင့္ခ်ိန္ေလာက္မွျပန္ရန္ ရက္လေနာက္ဆုတ္ထားလိုက္သည္။
ေက်းရြာလူႀကီးမ်ားကိုေခၚကာ အသိေပးေျပာၾကားလိုက္ျခင္းေၾကာင့္ တစ္ရြာလံုးကိုယ္စား ေက်းဇူးတင္ပါတယ္ဆိုကာ တဖြဖြေျပာေနျပန္သည္မို႔ မေနတတ္စြာ ျပံဳးရံုသာေနလိုက္ရ၏။ က်န္႔က သူ႔မိဘေတြကိုဖုန္းဆက္ကာ ျဖစ္ေၾကာင္းကုန္စင္ေျပာျပေတာ့ သူမတို႔ပါ လွဴဒါန္းပါဝင္မည္ဟု ေျပာေလသည္။
Coming Soon Ep-67
ေပါ့သြားသလားေဝ့ ၿပီးေတာ့မွာေနာ္
အမုန်းတရား၏နောက်တော်ပါး Ep-66
Unicode
နံနက်လေးနာရီခွဲဆိုသောအချိန်သည် ပေကျင်အိမ်တွင် အချိန်စောသေးသော်လည်း ယခုကျေးလက်ဒေသတွင်တော့ ကြက်ဖတွန်သံ၊ နွားတင်းကုတ်မှ ကျွဲနွားခလောက်သံ၊ အိမ်မြှောင်တို့ရဲ့ တိုင်လုံးပိုးဖောက်သံတို့နှင့်အတူ အိမ်နီးနားချင်းအိမ်များမှ ထမင်းဟင်းချက်သံများက ဆူညံစြာ ထွက်ပေါ်လေသည်။
နေ့ကြီးရက်ကြီးအခါကြီးရက်ပေမလို့ နံနက်သုံးနာရီအချိန်ကတည်းက ချက်ပြုတ်ဖို့ရာအတွက် အိပ်ရာထကြသည်မှာ အိမ်ရှိအမျိုးသမီးတိုင်းရဲ့ ဓလေ့တစ်ခုပင်။ Tomb Sweeping Day(ဂူသချႋုင်းနေ့)မလို့ အိမ်ရှိသက်လတ်ပိုင်းလူများအားလုံး မနက်စောစောထကာ သစ်သီးဝလံအစားအသောက်များ ခူးယူ၊ဝယ်ခြမ်းပြင်ဆင်ကြလေသည်။
ရွာတွင်စိုက်ပျိုးသော သစ္သီးဝလံမ်ား၊ ဟင်းပေါ်သည့် အသားမ်ား၊ လက်လုပ်မုန့်များ၊ အမွှေးတိုင်၊ ဖယောင်းတိုင်၊ ပန်း၊ ဆန်၊ အရက်၊ စသည့်စားသောက်ဖွယ်ရာများ ခြင်းတောင်းတွေထဲထည့်၍ Graveyardသို့သွားရန် အဆင်သင့်ပြင်ဆင်ထားကြပြီး၊ နံနက်ခင်းစောစောထကာ အိမ်သို့လာရောက်သည့် ဖွားအေရဲ့သားသမီးများကလည်း ကူညီလုပ်ကိုင်ပေးကြ၏။
ရွာသို့ဖခင်နှင့်အတူလာရောက်သည့်မိခင်အား ဖွားအေသည် ဆဲဆိုကြိမ်းမောင်းခြင်းမပြုတော့ဘဲ သမီးနဲ့သမက်အား ကောင်းချီးမင်္ဂလာပြုပေးကာ၊ ပွေ့ဖက်နမ်းရှိုက်ပြီး သူမတို့အမွေပြတ်စွန့်လွတ်မသင့်ကြောင့် ရှိုက်ငို၍တောင်းပန်ခဲ့သည်။
ကူညီလုပ်ကိုင်ပေးသည့် မိသားစုဆွေမျိုးများလှသည်ကြောင့် နံနက်ခင်းငါးနာရီအချိန်၌ အားလုံးပြင်ဆင်ပြီးလေပြီ။ ကျဉ်းမြောင်းလှသည့်မီးဖိုခန်းလေးသည်လည်း တစ်ယောက်ဝင်တစ်ယောက်ထွက်ဖြင့် ခြေရာများရှုပ်သလို၊ ဧည့်ခန်းအတွင်းမှ ကလေးများရဲ့အော်ဟစ်ရယ်မောသံနှင့် လူကြီးများ၏သဘောကျရယ်မောသံများက ဆူညံစွာထွက်ပေါ်နေသည်မှာ သူတို့ရဲ့အိမ်တစ်အိမ်တည်းပင်မဟုတ်။
တစ်ရွာလုံးမီးတွေထိန်လင်းသလို မြို့ပေါ်တွင်လည်းယခုအချိန် လှုပ်ရှားသွားလာနေကြပြီး ဆူညံနေကြတော့မည်ဆိုတာ ခန့်မှန်းမိသည်။ မီးပုံးလေးတွေအိမ်ရှေ့တွင်ထွန်းညှိကာ ဗြောက်အိုးတွေဖောက်ထားသည့်အသံကြောင့် တဖောက်ဖောက်မြည်နေသလို ထိန်ထိန်သာနေသည့်လပြည့်ဝန်းမှာလည်း တိမ်ကလေးတွေရဲ့အောက် ပေါ်လိုက်ပျောက်လိုက်ဖြစ်နေလေသည်။
ဧည့်ခန်းအတွင်းစင်တစ်ခုပေါ်၌ ဘိုးဘေးဘီဘင်၏ဓာတ်ပုံများနှင့်တကွ အဖိုးဓာတ်ပုံပါတင်ကာ အမွှေးတိုင်း၊ ဖယောင်းတိုင်၊ ပန်း၊ ဆန်၊ အရက်၊ စသည့်စားသောက်ဖွယ်ရာများကို ခင်းကျင်းထားပြီး မိသားစုအားလုံးဝတ်ပြုကြ၏။
ငါးနှာရီခွဲအချိန်တွင် Graveyardသို့ပစ္စည်းများယူဆောင်ကာ အားလုံးထွက်ခွာလာကြတော့ မီးတွေထိန်လင်းကာ လူအများအပြားရောက်နှင့်နေကြလေပြီ။ အဖိုး၏အုတ်ဂူအရှေ့တွင် ပုဝါပါးအခင်းခင်းကာ ယူဆောင်လာသည့်ပစ္စည်းများကို ခင်းကျင်းပြီး ဝတ်ပြုကန်တော့ကြ၏။
အားလုံးကနေကြဦးမည်ဆိုသောကြောင့် အမြွှနှစ်ယောက်သည်လည်း မပြန်ချင်သေးဘူးဆိုသဖြင့် သူတို့သာအိမ်ပြန်လာခဲ့ကြသည်။ လမ်းတစ်လျှောက်လယ်ကွင်းများ၊ သစ်ပင်များ၊ တောတောင်များက စိမ်းစိုနေပြီး လေအဝှေ့၌ ဟိုဒီယိမ်းခါနေ၏။ စပါးတွေရိတ်သိမ်းပြီး မြေပဲ၊ နှမ်း၊ ဆီပြုလုပ်၍ရသော မုန့်ညှင်းများကို လယ်ကွင်းတွေအတွင်း၌ မြင်ရလေသည်။
"ဘာလိုလိုနဲ့ ပြန်ဖို့အချိန်တောင်နီးနေပြီ"
အနောက်တွင်ကျန်ရစ်ပြီး စိမ်းစိုနေသည့်လယ်ကွင်းတွေဘက် မျက်နှာမူကာ ပြောနေသည့်ကျန့်အား လှည့်ကြည့်မိတော့ မျက်နှာညှိုးနေသည်ကြောင့်၊ အနားမွာသြားရပ္ကာ လက်ဖဝါးလေးကိုဆုပ်ကိုင်လိုက်ပြီး လက်ဖမိုးလေးအားတစ်ချက်နမ်းရှိုက်လိုက်၏။
လတ်ဆတ်သည့်လေနုအေးတွေက မျက်နှာပြင်ကိုရိုက်ခတ်လာသည်ကြောင့် နဖူးပေါ်ဝဲကျနေသည့်ဆံပင်လေးတွေမှာ ဟိုဒီယိမ်းခါလျက်။ နေအလင်းရောင်ထွက်ပေါ်လာပြီဖြစ်သောကြောင့် ဆုပ်ကိုင်ထားသည့်လက်ဖဝါးနှစ်ဖက်မှာလည်း ချွေးစလေးတွေထွက်ပေါ်လေပြီ။
ပွေ့ချီထားခြင်းခံရသည့် ရှောင်းရှောင်လေးသည်လည်း နေအလင်းရောင်ကြောင့် ပါးပြင်နုနုလေးတွေက ရဲတက်လို့နေ၏။ ယူဆောင်လာသည့်ထီးကလေးအား သုံးယောက်စလုံးလုံခြုံအောင် ခိုလှုံပြီးအိမ်သို့သာပြန်လာခဲ့ကြသည်။ လမ်းတစ်လျှောက်မြင်နေရသည့်အရာတွေကို အထူးအဆန်းတဖွယ်လိုက်လံကြည့်ရှုနေသည့် မျက်ဝန်းဝိုင်းဝိုင်းနဲ့ရှောင်းရှောင်လေးသည် တစ်ချက်ချက် တခစ်ခစ်ရယ်မောပြန်၏။
"မာမား"
ရုတ်တရက် ရှောင်းရှောင်လေးထံမှ မပီကလာဖြင့် မာမားဟုခေါ်ဆိုလိုက်ခြင်းအသံကြောင့် နှစ်ယောက်သားအကြည့်ချင်းဆုံကာ ရှောင်းရှောင်လေးကိုကြည့်မိပြန်တော့ သူ့ကိုကြည့်၍ခေါ်ဆိုနေခြင်းကြောင့် သဘောကျနှစ်သက်ကာ ဝမ်းသာပီတိဖြစ်ရသည်။
"မာမား"
"ပါပါးလို့ခေါ်လေ ပါပါး. . .ပါပါး"
"မာမား"
"မာမားမဟုတ္ဘူး ပါပါး"
"မာမား"
"သူလေးက ကျန့်ကို မာမားလို့ခေါ်တာပဲသဘောကျတယ်ထင်တယ်"
"အဟင်း. . .မာမားဆိုလည်းမာမားပေါ့"
အိမ်ပြန်ရောက်ချိန်အထိ တစ်လမ်းလုံး မာမားလို့ခေါ်ကာစနောက်နေ့သည့် ခုနှစ်လထဲဝင်နေပြီဖြစ်သောရှောင်းရှောင်လေးကြောင့် မျက်နှာတွေထက်အပြုံးတွေဖြစ်ထွန်းနေရ၏။
ပိတ်ထားသည့်ဝါးခြမ်းခြံတံခါး၊ အိမ်တံခါးနှင့်ပြတင်းပေါက်တံခါးတွေအားလုံးကိုဖွင့်ပြီး ထိုင်ကွင်းထဲရှောင်းရှောင်လေးအား ထည့်ပေးလိုက်သည်နှင့် ထိုင်ကွင်းအထိန်းလေးဖြင့်ဧည့်ခန်းအနှံ့ လျှောက်သွားနေလေသည်။
ရေအိုးထဲမှရေအနည်းငယ်ခပ်၍ ရှောင်းရှောင်လေးကိုခပ်တိုက်လိုက်တော့ ရေခွက်ကိုလက်ချောင်းသေးသေးလေးတွေဖြင့် ဆုပ်ကိုင်ကာ မော့သောက်နေပြန်၏။
"အိုး. . .ရေတော်တော်ဆာသွားပြီထင်တယ်"
မေးဖျားလေးမှတွဲခိုနေသည့် ရေစက်ကလေးကို လက်ချောင်းလေးဖြင့်ခပ်ဖွဖွသုတ်ပေးမိတော့ နူးညံ့လွန်းသည့်ကလေးအသားအရည်ကြောင့် ချက်ချင်းရဲတက်သွား၏။
"မောင်"
"ဗ်ာ"
"ပေကျင်းမပြန်ခင် ရွာနဲ့တောစပ်အကြားက ရေချောင်းကရေကြီးရင် သွားရလာရခက်ခဲတာမို့ တံတားတစ္ခုစာ လုပ်အားငွေအားလှူရင်မကောင်းဘူးလား"
"အင်း. . .မောင်လည်းစဉ်းစားမိသေးတယ် မပြန်ခင်ဒီရွာမှာလိုအပ်တာတွေ လှူဒါန်းသွားဖို့"
"ဒါဆို ရွာရဲ့လိုအပ်တဲ့နေရာတွေကို ကျေးရွကလူကြီးတွေနဲ့တိုင်ပင်ပြီး လှူဒါန်းကြတာပေါ့"
"အိုး. . .မောင့်အမျိုးသားလေးက စိတ်ထားမွန်မြတ်လိုက်တာ"
"ပြွတ်"
"ရှောင်းရှောင်လေးရှိတယ်နော် အနေအထိုင်ဆင်ခြင်"
ခါးကိုလှမ်းဖက်ပြီး နှုတ်ခမ်းတွေကိုစုပ်ယူနမ်းရှိုက်နေသည့် မောင့်ရဲ့လက်မောင်ကိုခပ်ဖွဖွရိုက်၍ သူတို့နှစ်ဦးအားမော့ကြည့်နေသည့် ရှောင်းရှောင်လေးကို မေးဆတ်၍ပြလိုက်ရာ ရှောင်းရှောင်လေးသည် အလိုက်တသိပင် အဝေးသို့တရွေ့ရွေ့ထွက်သွားလေသည်။
"ဒက်ဒီရဲ့သမီးလေးက အလိုက္သိလိုက္တာ"
"မောင် မရဘူးနော် ရှောင်းရှောင်လေးရှိတယ်"
"ဘာမွသိမွာမဟုတ္ဘူး၊ ပေကျင်းအိမ်မှာတုန်းကတောင် ပွေ့ချီပြီးအတူနေခဲ့ကြသေးတာပဲ၊ အခုက ဘယ်သူမှမရှိတုန်းလေး"
"တော်ကြာ ပြန်လာကြတော့မှာ"
"တစ်ခါတည်းပါ"
"မောင့်ရဲ့တစ်ခါက အကြာကြီးပဲ မရဘူးဆိုမရဘူး"
"မောင့်ကိုမသနားဘူးလား"
"ကိုယ့်ကိုကိုယ်ပဲ သနားတယ်"
"နှောင့်ယှက်မယ့်သူမရှိတုန်းလေးကို နော်"
မျက်နှာငယ်လေးဖြင့်ပြောနေသည့်မောင့်ကို မျက်စောင်းတစ်ချက်ထိုး၍ လျှော်ဖွတ်စရာများထည့်ထားသည့်ပုံးကိုမ,ကာ ရေဆိပ်ဘက်ထွက်လာခဲ့လိုက်သည်။ နှောင့်ယှက်မယ့်သူရှိလည်း ဇွတ်အတင်း အတူမနေခဲ့ဘူးလားလို့ မေးလိုက်ချင်စမ်းပါဘိ. . .
ကလေးတွေလက်ပူးလက်ကြပ်မိတာက ခံသာပေမယ့်၊ လူကြီးသူမတွေသာမိလိုက်ရင် သူမျက်နှာပြရဲတော့မှာမဟုတ်။ Graveyardသို့သွားကြသည့်သူများအားလုံး ယခုအိမ်သို့သာလာရောက်ပြီး စားကြသောက်ကြဦးမည်ဆိုသဖြင့် မောင်နှင့်သူသာအတူနေချိန် ရောက်ခဲ့မိလျှင် အသံမလုံသည့်အခန်းထဲ ဖြစ်ပျက်သမျှအရာတွေကို အတိုင်းသားကြားနေရလိမ့်မည်။
အိမ်ထဲမှမောင့်ရဲ့အော်သံကြီးနဲ့ ရှောင်းရှောင်လေးရဲ့တခစ်ခစ်ရယ်မောသံကို နားထောင်၍ ရယ်မိလျက်၊ ယူဆောင်လာသည့်အဝတ်တွေကိုသာ တစ်ထည်ချင်းလျှော်လိုက်၏။ မြို့ပေါ်မှဝယ်ယူလာသည့် မော်တာစက်ကို မနေ့ညနေခင်းမှာပင် အိမ်ဆောက်သည့်လက်သမားကို ငွေစအနည်းငယ်ပေး၍ တပ်ဆင်ခဲ့ကြသည်။ မားတို့ပါရောက်ရှိလာခြင်းကြောင့် ရေဆွဲရေတင်ရမပင်ပန်းအောင် အမြန်ဆုံးတပ်ခဲ့ကြခြင်းပင်။
"မောင်ရေ"
". . . . ."
"မောင်"
"ဗ်ာ"
"ဒီကိုခဏလာပါဦး"
"လာပြီ၊ လာပြီ"
လူကိုနောက်ထားအသံသာအရင်လာသည့်မောင့်ကို မျှော်လိုက်ရသည်မှာ အဝတ်တစ်ထည်နှစ်ထည်ပင် လျှော်ဖွတ်ပြီးလေပြီ။ နွားတင်းကုတ်မှ အစာတောင်းနေကြသည့်နွားတွေကြောင့် အလျင်စလိုခေါ်မိပေမယ့် တော်တော်ဖြင့်ရောက်မလာ။
နွေ၊မိုး၊ဆောင်း၊ရာသီမရွေး အခင်းစိုက်စားကြသည့်ကျေးရွာမို့ လယ်ကွင်းတွေဘက် ကျွဲနွားတွေလွတ်လို့မရ။ စိုက်ထားသည့်အသီးအနှံခင်းထဲဝင်လျှင် အလျော်ပေးရသည်မှာပေးပျော်ပေမယ့်၊ အခင်းရှင်တွေလည်း သူတို့ရဲ့အားဖြင့်ပြုလုပ်ထားရခြင်းကြောင့် နှမြောမိကြမည်ပင်။ ထို့ကြောင့် လယ်ကန်စင်းတွင်သာပေါက်ရောက်သော မြက်ပင်များကိုရိုတ်သိမ်းကာ အိမ်တွင်သာ ကျွေးမွေးဖြစ်ကြ၏။
တောင်ပေါ်တွေတစ်ခါတစ်ရံလွတ်တတ်ကြပေမယ့် တောခွေးတွေရဲ့ရန်ကြောင့် တောင်ပေါ်မလွတ်ဖြစ်ကြ။ အဖွဲ့လိုက်နေလျှင်ပင် လိုက်လံသတ်ဖြတ်ကြခြင်းမို့ တစ်ကောင်တည်းသာရှိလျှင် အရိုးပင်မကျန်သောကြောင့် နွားတွေရှာကြချိန်၌ ဘယ်သူ့နွားကိုယ့်နွားမှန်းပင်မသိရ။
"ဘာခိုင်းမလို့လဲ"
"နွားတွေအစာကျွေးပြီး ရေတိုက်လိုက်ဦး၊ အော်နေကုန်ပြီ"
"အင်း"
"ကလေးနေပူတယ် ဦးထုပ်ဆောင်းပေး၊ နေပူနေတာနော် လသာနေတာမဟုတ်ဘူး"
"အလောတကြီးထွက်လာရလို့ မဆောင်းပေးခဲ့မိတာပါကွာ ကျန့်ကပြောမယ်ဆိုတာကြီးပဲ"
"ဒီလောက်ပြောနေတာတောင် တော်ခါကျလို့လား"
"ဟုတ်ပါပြီဗျာ မောင်မှားပါတယ်"
နောက်ထပ်အပြောခံရမည်စိုးသောကြောင့် အိမ်ထဲမှဦးထုပ်မြန်မြန်ယူပြီး နွားတင်းကုတ်သို့သာ ခပ်သုတ်သုတ်ထွက်လာခဲ့၏။ နောက်ပါးဆီမှ တတွတ်တွတ်ပြောဆိုသံက နွားတင်းကုတ်ရောက်သည်အထိ အတိုင်းသားကြားနေရသော်လည်း ပါးစပ်ညောင်းရင်ရပ်သွားလိမ့်မယ်ဆိုပြီးသာ နားထောင်၍ နွားစာကျွေးနေလိုက်သည်။ နွားရေတိုက်ရအောင်အတွက် လွှတ်နေသည့်ပုံးတွေကိုယူကာ ရေတွင်းသို့ရေခပ်ရန်သွားမိပြန်တော့ ကျန့်ထံမှ မျက်စောင်းကဒိုင်းခနဲ အပိုလက်ဆောင်ရပြန်၏။
သွားတွေအအေးပတ်လောက်သည်အထိ ပြုံးပြမိပြန်တော့လည်း မျက်မှောင်တွေတွန့်ကျုံ့သွားသည်ကြောင့် ရေအမြန်ခပ်ကာ နွားတင်းကုတ်သို့ပြန်လာရသည်။ မတော်လို့ ကိုင်ထားတဲ့အဝတ်လျှော်တုတ်ဖြင့် ကောက်ပေါက်လိုက်ရင် ခေါင်းကွဲရချည်ရဲ့။
"ချစ်တာရောကြောက်တာရောပေါင်းတော့ ဒီလူကိုအမြဲနိုင်စားတဲ့အမျိုးသားလေး အာဘွားတွေချည်းလှိမ့်ပေးပစ်ချင်တယ်"
"ခစ်ခစ်"
ကျောပေါ်မှာနေပြီး သဘောကျကာတခစ်ခစ်ရယ်နေသည့် ရှောင်းရှောင်ကြောင့် မျက်မှောင်ကုတ်ရင်းလှမ်းကြည့်တော့ သူ့လက်ချောင်းဖောင်းဖောင်းလေးတွေဖြင့် မျက်နှာကို ဘတ်ခနဲလာရိုက်၏။
"ဒက္ဒီကို လှောင်တာလား ဟမ်"
မျက်လုံးဝိုင်းဝိုင်းလေးတွေဖြင့်ပြူးကြည့်နေပြီး တဖတ်ဖတ်လာရိုက်သည်ကြောင့် မျက်နှာပင်ပူထူလာရသည်။ သူ့ပါးပြင်ရဲမရဲတော့မသိ ရှောင်းရှောင်လေးရဲ့လက်ဖဝါးလေးတွေမှာတော့ နီရဲနေလေပြီ။
"မရိုက်နဲ့တော့ လက်တွေနာကုန်မယ်"
"ဒက္ဒီ၊ ပါပါး သားသားလေးတို့ အိမ်ပြန်ရောက်ပါပြီ!!"
"ပါပါး!!!"
"အောင်လိုက်တဲ့အသံတွေ"
အိမ်ရှေ့မှအမြွှာနှစ်ယောက်ရဲ့အော်ဟစ်သံ၊ လူကြီးတွေရဲ့စကားပြောသံ၊ ကျန့်ရဲ့အဝတ်လှန်းဖို့ရာအတွက် အဝတ်စားတဖတ်ဖတ်ခါသံတို့က ကျယ်လောင်စွာ ထွက်ပေါ်လာ၏။
"ဒက်ဒီဘာလုပ်နေတာလဲ"
"နွားသောက်ဖို့အတွက်ခပ်ထားတဲ့ရေတွေကို ငါသောက်မလို့"
သိသိလျက်နဲ့ တမင်မေးနေကြသည့် အမြွှာနှစ်ယောက်အား ဘုကလန့်ပြန်ပြောမိတော့ နှုတ်ခမ်းတွေစူကာ ရှောင်းရှောင်လေးရဲ့ခြေထောက်ကိုကိုင်ပြီး ဆော့ကစားနေပြန်သည်။
နွားရေတွေတိုက်ပြီးအိမ်ထဲဝင်ခဲ့တော့ ချီပိုးထားခံရသည့်ရှောင်းရှောင်လေးကို ကျန့်ကလက်လွှဲယူကာ လူကြီးတွေအနားမှာထိုင်၍ နို့တိုက်နေ၏။ ကျန့်နဲ့တိုင်ပင်ထားသည့်ကိစ္စကို လူကြီးတွေကိုဖွင့်ပြောပြလိုက်တော့ မာမီတို့ကလည်း သူမတို့ပါ,ပါဝင်မည်ဆိုပြီးပြော၏။
"ဒီရွာမှာက လိုအပ်ချက်ရှိတဲ့နေရာတွေအများကြီးပဲကွ၊ ငါ့တူတို့ဆီက ဒီလိုစကားကြားရတာဝမ်းသာတယ်ကွာ၊ တစ်ရွာလုံး ငွေကြေးမတတ်နိုင်ကြပေမယ့် လုပ်အားပါဝင်ဖို့ကတော့ ဦးလေးအာမခံတယ်ဟေး"
"ရွာနဲ့တောစပ်အကြားကရေချောင်းက မိုးတွင်းဆိုပိုပြီး အခက်အခဲဖြစ်တယ်၊ အခင်းတွေသွားပြီး မိုးရွာရေကြီးခဲ့ရင် အိမ်မပြန်ရဘဲ ကိုယ့်ယာခင်မှာသာနေခဲ့ရတဲ့ အကြိမ်ရေတွေက အများကြီးပဲ"
"ချောင်းကသိပ်မကျယ်ပေမယ့် ရေကြီးရင် ရေစီးကမ်းပါးပြိုလိုက်ပြီး တစ်စတစ်စကျယ်ရင်း ကမ်းနားမှာပေါက်တဲ့သစ်ပင်တွေပါပြိုပြီး တိုက်စားပါသွားတတ်တယ်၊ အရင်ကတော့ ဒီချောင်းက မြောင်းတစ်ခုစာကျဉ်းကျဉ်းလေး၊ ရေစီးကမ်းပါးပြိုလိုက်ရင်းသာ ချောင်းအဖြစ်ပြောင်းသွားတာ"
"ကျောင်းကလည်း ဒီမှာကအလယ်တန်းအထိပဲရှိတော့ မြို့ပေါ်တက်ပြီးသွားရတယ်လေ၊ ကျောင်းသားတွေစုပြီး စက်ဘီးနဲ့သာကျောင်းသွားရတော့ ကျောင်းချိန်တွေကလိုတာထက်ပိုနောက်ကျကြတယ်၊ မိုးရွာပြီးလေပြင်းတိုက်တဲ့နေ့ဆို ပိုပြီးအခက်အခဲဖြစ်ကြရတယ်"
"တစ်ချို့စာတော်ပြီး မိဘတွေကျောင်းမထားနိုင်တော့လို့ ထွက်လိုက်ရတဲ့ကလေးတွေဆိုလည်း အများကြီး၊ တစ်ရက်လုပ်တစ်ရက်စားသမားဆို သေစာရှင်စာဖတ်တတ်ရင်တော်ပြီဆိုပြီး မူလတန်းကတည်းကကျောင်းထွက်ခိုင်းလိုက်တာတွေ၊ အထက်တန်းအောင်လို့ မိဘတွေကျောင်းမထားနိုင်ဘဲ တက္ကသိုလ်တက်ရမယ့်ကလေးတွေလည်း နားထားရတာအများကြီး"
"ပြီးတော့ ဒီရွာအနီးအနားလာစွန့်ပစ်ထားတဲ့ကလေးတွေကို ဘုရားကျောင်းကဘုန်းတော်ကြီးတွေ မွေးစားထားရတာ အယောက်နှစ်ဆယ်ကျော်တယ်၊ ဒီရွာကမြို့နဲ့နည်းနည်းအလှန်းဝေးတော့ စာလာသင်ပြရမယ့် ကျောင်းဆရာ၊ဆရာမတွေကလည်း နည်းတယ်၊ တော်ရုံတန်ရုံနဲ့မလာကြဘူး"
"ရွာရဲ့ကျန်းမာရေးဆေးခန်းဆိုလည်း ဆေးခန်းသာရှိတယ်၊ ဒေါက်တာနဲ့သူနာပြုက မလာတစ်ချက်လာတစ်ချက်၊ ခုရောက်နေတဲ့ကျေးရွာသူနာပြုကလည်း မိသားစုနဲ့ကလေးတွေနဲ့ဆိုတော့ ကျေးရွာကလူတွေကိုကုဖို့နေနေသာသာ သူ့မိသားစုကိုအချိန်ပေးနေရတာ ပြုစုပေးနေရတာနဲ့ ဘာမှမလုပ်ပေးနိုင်တော့ဘူး"
"သူနာပြုလို့သာဆိုတယ်အေ ရွာကိုလာသလောလို့ ဝက်မွေးကြက်မွေးနဲ့၊ လူတွေကိုလာကုတာမဟုတ်ဘဲ ရောဂါတွေလာပို့နေသလိုဖြစ်နေပြီ၊ သူနာပြုလာမယ်ဆိုလို့ ရှင်းလင်းထားတဲ့ဆေးခန်းကလည်း သူတို့ကလေးတွေရှုပ်ပွထားတဲ့ကစားစရာတွေနဲ့ မြက်ပင်တွေက ဆေးခန်းနဲ့မတူတော့ဘဲ လူမနေတော့တဲ့အိမ်နဲ့ကပိုတူနေတယ်"
"ဦးလေးတို့က အထက်ကိုမတင်ပြဘူးလား"
လူကြီးတွေရဲ့တစ်ယောက်တစ်ပေါက် ပြောဆိုနေသံကို သူကိုယ်တိုင်သိချင်မေးချင်သည့်မေးခွန်းအား ကျန့်ကဖြတ်ပြောလိုက်သည်ကြောင့် လူကြီးတွေဘက်ပြန်လှည့်မိတော့၊ သက်ပြင်းတွေချကာ မျက်လွှာတွေပါချနေကြ၏။ ဒီလောက်လိုအပ်ချက်ရှိတဲ့ကျေးရွာကို ဘာလို့လျစ်လျူရှုထားလည်းဆိုတာ သိလည်းသိချင်မိသည်။ တကယ္ဆို ရွာလမ်းတွေကအစ ပြုပြင်ပေးသင့်သည်မဟုတ်ပါလား။
"ဟင်း. . .ကျေးရွာလူကြီးကိုယ်တိုင် အထက်ကိုခဏခဏတင်ပြနေပေမယ့် တင်ပြတဲ့အကြိမ်ရေတိုင်း ပယ်ချခံရတယ်လေ၊ နောက်တော့ ပယ်ချခံရပါများလွန်းလို့ ဦးလေးတို့လည်း ထပ်ပြီးမတင်ပြတော့ဘူး"
"တောက်!!!"
တက်ခေါက်လိုက်သည့် မောင့်အသံက ဧည့်ခန်းအတွင်းလိုဏ်သံခတ်ကာ ကျယ်ကျယ်လောင်လောင်။ မောင်ဒေါသထွက်လည်းထွက်ချင်စရာပင် နားထောင်နေရသည့်သူတွေတောင် ဒီလောက်ခံပြင်းဒေါသထွက်နေလျှင် ခံရသည့်ရွာသူရွာသားအဖို့ မည်မျှဝမ်းနည်းဒေါသထွက်ကြမလည်းဆိုတာ တွေးကြည့်ချင်စရာပင်မလို။
အဖက်ဖက်မှလိုအပ်ချက်များကို လှူဒါန်းသွားမည်ဟု ဝန်ခံကတိပေးလိုက်သဖြင့် အားလုံးကဝမ်းသာနေကြ၏။ လဝက်လောက်နေရင်ပြန်မည်ဟု တွက်ဆထားကြသော်လည်း အမြွှာနှစ်ယောက်ရဲ့ကျောင်းဖွင့်ချိန်လောက်မှပြန်ရန် ရက်လနောက်ဆုတ်ထားလိုက်သည်။
ကျေးရွာလူကြီးများကိုခေါ်ကာ အသိပေးပြောကြားလိုက်ခြင်းကြောင့် တစ်ရွာလုံးကိုယ်စား ကျေးဇူးတင်ပါတယ်ဆိုကာ တဖွဖွပြောနေပြန်သည်မို့ မေနတတ္စြာ ပြုံးရုံသာနေလိုက်ရ၏။ ကျန့်က သူ့မိဘတွေကိုဖုန်းဆက်ကာ ဖြစ်ကြောင်းကုန်စင်ပြောပြတော့ သူမတို့ပါ လှူဒါန်းပါဝင်မည်ဟု ပြောလေသည်။
Coming Soon Ep-67
ပေါ့သွားသလားဝေ့ ပြီးတော့မှာနော်