President's Shy Kiss
By kookielapyae_wun
13.6K 1.7K 246
Taekook More
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)🔞
အပိုင်း(၉)
အပိုင်း(၁)
3K 214 23
By kookielapyae_wun
Unicode
အပိုင်း(၁)
"ဒီလောက်တောင်ဖြစ်မှတော့လမ်းခွဲမယ်..ကျွန်တော့ကိုအချိန်မပေးနိုင်တဲ့စီနီယာ့​ကိုဘယ်လိုမှဆက်သည်းမခံနိုင်တော့ဘူး.."
ကလေးဆန်လွန်းတဲ့ချစ်ရသူကိုကြည့်ပြီးဂျူံးဂုတစ်ယောက်စိတ်ရူပ်လာရသည်။အလုပ်အရမ်းများတဲ့သူ့လိုစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်လိုလူကို နားမလည်ပေးဘဲအခုလိုခဏခဏရစ်နေတဲ့ဒီအဆိုးလေးကိုမှတ်လောက်သားလောက်အောင်ပစ်ထားမှရမည်ဟုဆုံးဖြတ်လိုက်သည်။
"ကောင်းပြီလေ.သဘောဘဲ"
ထိုသို့ပြောမည်မထင်ထားသော ထယ်ယောင်းမှာအခုမှမျက်လုံးပြူးကာအလန့်တကြားဖြစ်သွားရသည်
"စီနီယာ..ခင်ဗျား!!!"
"ဂရုစိုက်..ကိုယ်သွားတော့မယ်"
"လူအ" ကြီးတစ်ယောက်လို ဘာမှတောင်မပြောလိုက်နိုင်ခင်ထွက်သွားတဲ့ဂျူံးဂုကျောပြင်ကိုကြည့်ပြီးထယ်ယောင်းမှာမျက်ရည်တွေစို့လာရသည်။
သွားပြီ..ဒီတစ်ခါတကယ်သွားပြီ..
အမှန်တော့ ထယ်ယောင်းတို့ relationမှာစပြီးပိုးပန်းရသူက ကင်မ်ထယ်ယောင်းဆိုသည့်သူပင်။ အနေအေးပြီးတည်တည်တံ့တံနေတက်တဲ့ စီနီယာဂျူံးဂုကိုသုံးနှစ်သုံးမိုး စပ်စလူးခါပြီး လိုက်ခဲ့ရသူမှာလည်းထယ်ယောင်းပင်။ချစ်သူသက်တမ်းတစ်လျှောက်မှာလည်း
ဥစ္စာပေါရုပ်ချောပျိူတိုင်းကြိုက်တဲ့နှင်းဆီခိုင်တုပ်တုပ်ခဲခဲကြီးအနားကိုမလာအောင်ပျားတစ်ကောင်သဖွယ် ကာကွယ်ခဲ့ရသူမှာလည်း ကင်မ်ထယ်ယောင်းပင်။ သို့သော်ဘယ်လောက်ဘဲပျားလေးကကွာကွယ်နေပါစေထိုနှင်းဆီခိုင်ကိုမှ လာနားချင်နေသည့်ယင်ကောင်မတွေရောယင်ကောင်ထီးတွေကတစ်ပုံတစ်ပင်။
အခုလည်းမဆိုသလောက်လေးရစ်မိတာကိုထိုလူကြီးက သစ်စိမ်းချိူး ချိူးသွားတယ်တဲ့။
ရွှတ်..ရွှတ်
ဘေးနားမှာတစ်သျှူးဘူးလိုက်ချပြီးအော်ငိုလိုက် နှာညှစ်လိုက်လုပ်နေသော ဘဲပစ်ကောင်ကို ကြည့်​ပြီး ဂျီမင် စိတ်ညစ်လာသည်။
"သွားပြီ..အခုတော့အားလုံးပြီးပြီ..ငါ့အဖိုးတန်လေးကငါ့ကိုသစ်စိမ်းချိူးချိူးသွားပြီ"
ဂျီမင်ရယ်ချင်သွားရသည်။သစ်စိမ်းချိူးချိူးရအောင် ဟိုစီနီယာဂျူံးဂုက ချစ်သူ့သက်တမ်းတစ်လျှောက် ထယ်ယောင်းကိုနမ်းတောင်နမ်းဖူးရဲ့လားမသေချာဘဲနဲ့။
"အရင်ကငါလမ်းခွဲမယ်ပြောရင်တောင်စီနီယာက ငါ့ကိုစိတ်ပြေတဲ့အထိချော့တာကို..အခုတော့သေချာတယ်သူ့နောက်တစ်ယောက်ရနေပြီထင်ပါတယ်ကွာ"
"ငါသာစီနီယာနေရာမှာသာဆိုအဲ့ထဲကမင်းကိုလမ်းခွဲလိုက်မှာ"
"ဘာပြောတယ်..ပတ်ခ်ဂျီမင်..မင်းကပါငါ့ကိုအဲ့လိုပြောတယ်တဲ့လား"
"အေးလေ..မင်းဘက်ကဘာတွေမှန်နေလို့လည်း..စီနီယာလို မိန်းမမရူပ်တည်တည်တံ့တံ့နေတက်တဲ့လူကိုရထားတာကို​အေးအေးဆေးဆေးလေမနေဘဲရွပြီးလမ်းခွဲစကားသွားပြောတာကိုခံပေါ့.မသနားဘူး"
"ငါ..ငါ..စီနီယာမရှိဘဲမနေတက်ဘူး..စီနီယာကိုအရမ်းလွမ်းတယ်..စီနီယာရေ..စီနီယာ.စီနီယာရဲ့ချစ်လှစွာသော​ဘေဘီလေးအဖြစ်ကိုလာကြည့်လှည့်ပါဦး"
အော်ငိုနေသော ထယ်ယောင်းကိုကြည့်ပြီးဂျီမင်တစ်ယောက်သက်ပြင်းမောကြီးချလိုက်မိသည်။
"မင်းမပြတ်နိုင်ရင်အစထဲကဖင်မယားခဲ့သင့်တာ.သူများတကာတွေငမ်းငမ်းတက်လိုချင်နေတဲ့စီနီယာလိုလူမျိူးကို ကံလေးကောင်းလို့ရထားတာကို ဖင်ရှည်ပြီးလမ်းခွဲစကားသွားပြောတော့ အခုချိန်စီနီယာကိုလျှာတန်းလန်းနဲ့မျှော်နေတဲ့ ဟာတွေအတွက်ကတော့ စားကြောကြီးဘဲငါ့ကောင်ရေ.ဟွန့်"
ထယ်ယောင်းတစ်ယောက်နှပ်ချေးညှစ်ကာ ဂျီမင်ကိုစူးစူးစိုက်စိုက်ကြည့်ပြီးဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။
"တောင်းပန်မယ်..အီး..ဟီး..ခြေထောက်ကိုဘဲဆွဲဖက်ပြီးတောင်းပန်ရ တောင်းပန်ရ..ဘာဘဲလုပ်ရလုပ်ရ..အီးဟီး)"
နှာရည်တွေရောမျက်ရည်တွေရောထွက်ပြီးငိုနေသောသူငယ်ချင်းဖြစ်သူအားဂျီမင်ကြည့်ပြီးခေါင်းခါမိလိုက်သည်"
ရွပြီးသွားပြောတာကို.နည်းတောင်နည်းသေးတယ်ခံပေါ့
ဟု စိတ်ထဲတွေးတောရင်း.....
*************
အထပ်မြင့်အဆောက်ဦးကြီးရှေ့မှာထယ်ယောင်းငယ်လေးတစ်ယောက် အရှေ့လျှောက်လိုက်အနောက်လျှောက်ဖြင့် စိတ်ထဲဂဏာမငြိမ်ဘဲ လက်သည်းကိုက်
ကာ ဝင်ရမဝင်ရ တွေးတောနေမိသည်။ဂျူံးဂုရဲ့စီးပွားရေးကိုထိုမျှလောက်ထိကြီးလိမ့်မယိဟုထယ်ယောင်းမထင်ထားခဲ့။သူ့ချစ်သူကတကယ့်ဘီလျံနာသူဌေးကြီးဘဲ။
အယ်...ချစ်သူဆိုတာထက်အခုလက်တလော တော့ Exလို့ဘဲဆိုရမလား။ ကိစ္စမရှိပါဘူး ထယ်ထယ်လေးက ထိုဘီလျံနာသူဌေးလေးကို ပြန်ရမှာမို့ ချစ်သူဆိုတဲ့ စကားလုံးကို သုံးပိုင်ခွင့်ရှိသည်ဘဲ။
ဆုံးဖြတ်ချက်ရဲရဲချကာ ထို ကုမ္ပဏီ ထဲဝင်ဝင်ခြင်းမှာဘဲ ထိပ်တိုက်ရင်ဆိုင်လိုက်ရသည့် လုံခြုံရေးအစောင့်တစ်ချိူ့ ကြောင့်တင်းထားတဲ့စိတ်ဓာတ်အချိူ့မြေပေါ်သို့စုန်းစုန်း​ပြုတ်ကျရသည်။
"ဘယ်သူနဲ့တွေ့ချင်လို့ပါလဲ"
"ဟို..ဂျွန်းဂျူံးဂုနဲ့တွေ့ချင်လို့ပါ"
"ကြိုတင် appointment ယူထားတာရှိလား"
"ဟို appointment တော့ကြိုမယူထားပေမဲ့ ကင်မ်ထယ်ယောင်းလို့ပြောလိုက်ရင် သူသိပါတယ်ဗျ"
မဝံမရဲလေးပြောနေသောသူ့ကို မယုံသကာ်ဖြင့်ကြည့်နေသောမျက်ဝန်းတို့ကြောင့်အားငယ်တဲ့စိတ်အရင်းခံလေးမှာဆောင့်တက်လာတာကြောင့်မျက်ရည်မကျရုံတမယ်ပင်။
"ဒုဥက္ကဌ နဲ့တွေ့ချင်ရင်တစ်ပတ်ကြိုတင်ပြီး appointment ယူရပါတယ်.မဟုတ်ရင်တွေ့လို့မရပါဘူး"
"ဟို!!!!!ကျွန်တော်ကသူ့ချစ်သူကောင်လေးပါဗျ"
ထိုစကားကြောင့် ဘေးနာကရပ်နေသောဝန်ထမ်းတစ်ချိူ့ကပါသူ့ကိုကြောင်ကြည့်ပြီး လှောင်သလိုထရယ်ကြတော့သည်။
"ဒီ မှာကောင်လေးမင်းက ဒုဥက္ကဌရဲ့ကောင်လေးဆိုငါက Emma Watson ရဲ့ကောင်လေးဘဲ..ဟားဟား!"
လှောင်ပြောင်သံတွေကြား ထယ်ယောင်းမျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျလာကာ ခေါင်းလေးငုံပြီး ရှက်လွန်းလို့ထိုနေရာကနေ ထွက်မပြေးနိုင်တော့လောက်အောင်ကိုခြေလှမ်းတွေတုံဆိုင်းနေမိသည်။
ထိုစဥ်
"ခင်ဗျား ကတော့ Emma Watson ရဲ့ကောင်လေးဟုတ်မဟုတ်မသိပေမဲ့ ခင်ဗျားအရှေ့ကကောင်လေးရဲ့ ချစ်သူကတော့ ဒီဂျွန်းဂျူံးဂုဆိုတာအမှန်ဘဲ"
"စီနီယာ!!"
"ဒုဥက္ကဌ!!!!!"
To be continue
**********
Zawgyi
အပိုင်း(၁)
"ကောင်းပြီလေ.သဘောဘဲ"
"စီနီယာ..ခင်ဗျား!!!"
အခုလည်းမဆိုသလောက်လေးရစ်မိတာကိုထိုလူကြီးက သစ်စိမ်းချိုး ချိုးသွားတယ်တဲ့။
ရွှတ်..ရွှတ်
"သွားပြီ..အခုတော့အားလုံးပြီးပြီ..ငါ့အဖိုးတန်လေးကငါ့ကိုသစ်စိမ်းချိုးချိုးသွားပြီ"
"မင်းမပြတ်နိုင်ရင်အစထဲကဖင်မယားခဲ့သင့်တာ.သူများတကာတွေငမ်းငမ်းတက်လိုချင်နေတဲ့စီနီယာလိုလူမျိုးကို ကံလေးကောင်းလို့ရထားတာကို ဖင်ရှည်ပြီးလမ်းခွဲစကားသွားပြောတော့ အခုချိန်စီနီယာကိုလျှာတန်းလန်းနဲ့မျှော်နေတဲ့ ဟာတွေအတွက်ကတော့ စားကြောကြီးဘဲငါ့ကောင်ရေ.ဟွန့်"
ဟု စိတ်ထဲတွေးတောရင်း.....
*************
ဆုံးဖြတ်ချက်ရဲရဲချကာ ထို ကုမ္ပဏီ ထဲဝင်ဝင်ခြင်းမှာဘဲ ထိပ်တိုက်ရင်ဆိုင်လိုက်ရသည့် လုံခြုံရေးအစောင့်တစ်ချို့ ကြောင့်တင်းထားတဲ့စိတ်ဓာတ်အချို့မြေပေါ်သို့စုန်းစုန်း​ပြုတ်ကျရသည်။
မဝံမရဲလေးပြောနေသောသူ့ကို မယုံသက်ာဖြင့်ကြည့်နေသောမျက်ဝန်းတို့ကြောင့်အားငယ်တဲ့စိတ်အရင်းခံလေးမှာဆောင့်တက်လာတာကြောင့်မျက်ရည်မကျရုံတမယ်ပင်။
ထိုစကားကြောင့် ဘေးနာကရပ်နေသောဝန်ထမ်းတစ်ချို့ကပါသူ့ကိုကြောင်ကြည့်ပြီး လှောင်သလိုထရယ်ကြတော့သည်။
ထိုစဉ်
"စီနီယာ!!"
"ဒုဥက္ကဌ!!!!!"
To Be continue
Continue Reading
You'll Also Like
214K 6.4K 73
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...
291K 16.8K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
327K 8.1K 78
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
719K 100K 149
တစ်​ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုး​ကောင်​​လေး​တွေမှာလည်း အချစ်​တွေရှိတယ်~ ထရိုး​ကောင်​လေး​တွေမှာလည်း ခံစားချက်​တွေရှိတယ်~