Love of an idoit အရူးတစ်ယောက...

By Bai_lianhua

637K 41.6K 3.5K

Title - အရူးတစ်ယောက်ရဲ့ အချစ် Love of an idoit [or] အရူးညီလေးကမွေးစားအစ်ကိုကို သိမ်းပိုက်ဖို့ လိမ္မာချင်ယောင... More

မိတ်ဆက်
အပိုင်း၁
အပိုင်း၂
အပိုင်း၃
အပိုင်း၄
အပိုင်း၅
အပိုင်း၆
အပိုင်း၇
အပိုင်း၈
အပိုင်း၉
အပိုင်း၁၀
အသိပေးချက်
အပိုင်း၁၁
အပိုင်း၁၂
အပိုင်း၁၃
အပိုင်း၁၄
အပိုင်း၁၅
အပိုင်း၁၆
အပိုင်း၁၇
အပိုင်း၁၈
အပိုင်း၁၉
အပိုင်း၂၀
အပိုင်း၂၁
အပိုင်း၂၂
အပိုင်း ၂၃
အပိုင်း၂၄
အပိုင်း၂၅
အပိုင်း၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
Hi မဂ်လာပါ
အပိုင်း ၄၁
Second intro
အပိုင်း ၄၂
အပိုင်း ၄၃
အပိုင်း ၄၄
အပိုင်း ၄၅
အပိုင်း ၄၆
Psychologist Thet Wim

အပိုင်း ၃၆

7.6K 548 73
By Bai_lianhua

Unicode

     ယမန်နေ့သည် ရှောင်ဟန်သည်ကား သူ့အတွက် ဆိုင်ပိတ်သည့် နေ့ရက် မဟုတ်ပေမဲ့လည်း ဆိုင်ကိုမသွားဘဲ တစ်နေ့လုံးအိမ်တွင်သာ အချိန်ကုန်ဆုံးရန် ဆုံးဖြတ်ထားလေသည်။
Coffee ဆိုင်အတွက် ယုံကြည် စိတ်ချရတဲ့ ဝန်ထမ်းတွေကို ခန့်အပ်ထားတာဖြစ်သည့် အတွက်ကြောင့်တစ်ရက်လောက် သူ မသွားရင်လည်း ကိစ္စအထူးအထွေ မရှိပေ။ ညနေလောက်မှ ဆိုင်အခြေအနေကို သွားကြည့်ရန် သူ ဆုံးဖြတ်ထားသည်။

ရှောင်ဟန်က နံနက် ၇ နာရီလောက်ကတည်းက
အစားအသောက်များကို စိတ်ရှည်လက်ရှည်ဖြင့် ချက်ပြုတ်နေခဲ့သည်။
သူက ကျိုးယွင်ကြိုက်တတ်တဲ့ ပူတင်း နဲ့ အစာသွပ်ဖက်ထုပ် အရည်သောက်ကို အချိန်အလုံအလောက်ပေးပြီး ဂရုတစိုက် စိတ်တိုင်းတကျ ပြုလုပ်ကာ
ဖက်ထုပ်များကိုလည်း လှပသေသပ်အောင် ပုံသွန်းကာနေလေသည်။

ဒီနှစ်သည် ကျိုးယွင် ထွက်ခွာသွားသည့် ၄ နှစ်မြောက်သည့် နှစ်ဖြစ်သည်။ ကျိုးယွင် ပြန်မလာခဲ့တာ ၄နှစ်ပင်ရှိချေပြီ။ ဒီကောင်လေးက ဘာလို့ ပြန်မလာတော့တာလည်း သူမသိပေမဲ့... ဒီကောင်လေး ပြန်ရောက်လာရင် ဒီကောင်လေးနဲ့ သူ့ရဲ့ ဆက်ဆံရေးက အရင်လို မဟုတ်တော့ဘဲ အေးဆက်ဆက်နိုင်လာမှာကိုတော့ သူသိသည်။

သူ့ဘက်လည်း ကျိုးယွင်ပြန်ရောက်လာခဲ့ရင် ဘယ်လိုပုံစံမျိုးနဲ့ ဆီးကြိုမိမယ်ဆိုတာကို သူလုံးဝမသိဘူး။ အလားတူ ကျိုးယွင်ဘက်ကလည်း သူ့ကို ဘယ်လို တုန့်ပြန်ဆက်ဆံလာမယ်ဆိုတာကိုလည်း သူမခန့်မှန်းတတ်ဘူး။

သေချာတာ တစ်ခုကတော့ သူတို့နှစ်ယောက်လုံးရဲ့ အခြေအနေက အရင်ကလို နွေးထွေးမှု ရှိမှာ မဟုတ်တော့ဘူးဆိုတာဘဲ..။

ချက်ပြုတ်ပြီးလို့ အားလုံးအပြီးအစီးတွင်
အခန်းရဲ့ အချက်ပြ လူခေါ်ဘဲလ်တီးသံက ထွက်ပေါ်လာခဲ့သည်။
ရှောင်ဟန်က လုပ်နေလက်စကို အမြန်လက်စသတ်
လိုက်ပြီး အခန်းတံခါးဝင်ပေါက်ဆီကို လျောက်လှမ်းလာလိုက်သည်။
သူ အခန်းတံခါးရဲ့ လူကြည့်ပေါက်က တစ်ဆင့် အပြင်ဘက်ကို ကြည့်လိုက်တော့ အထုပ်ကြီး အထုပ်ငယ်များကို ဆွဲကာ ရပ်နေလေသည့် ဝမ်းဝမ် ကို တွေ့လိုက်ရသည်။

ထိုအခါမှ ရှောင်ဟန်က အခန်းတံခါးကို ဖွင့်ပေးလာခဲ့ပြီး ကျန်းဝမ်ရှင်းကို တအံတသြ အမူအရာဖြင့်
ပြောလာလေသည်။

"ဝမ်းဝမ် ဒီနေ့က ဝမ်းဝမ်ရဲ့ အလုပ်ပိတ်ရက်လား..."

ကျန်းဝမ်ရှင်းက ရှောင်ဟန်ကို နှာခေါင်းတချက်ရှုံ့ပြလာပြီး နှုတ်ခမ်းတစ်ချက်ဆူကာပြောလေသည်။

"ကောကောကလည်း ပိတ်ရက်မဟုတ်ရင် ကျွန်တော်က ဒီကိုမလာရတော့ဘူးလား...ဒါမှမဟုတ်
အိမ်ထဲကို ပေးဝင်ဖို့ စိတ်ကူးမရှိတာလား...ဒီမှာ ပစ္စည်းတွေသယ်ထားရတာ အလေးကြီးနော်..."

ရှောင်ဟန်က ကျန်းဝမ်ရှင်းရဲ့ အပြောစကားကြောင့် ခေါင်းတချက်ကုပ်လိုက်ပြီးမှ လက်ထဲက အထုပ်တွေကို ဆွဲယူကာ သယ်ကူလာသည်။

ရှောင်ဟန်က အထုပ်တွေကို ကျန်းဝမ်ရှင်ဆီမှ ဆွဲယူရင်း ပြောလာသည်။

"အဲ့လိုမဟုတ်ပါဘူး...ဘာလို့ အဲ့လို ထင်ရတာလဲ...ကောက မင်းကို မေးကြည့်တာပါ...လာခဲ့..အထဲကို ဝင်ရအောင်..."

"ဟုတ်ကဲ့.. ကော..."

ကျန်းဝမ်ရှင်းက ရှောင်ဟန်ရဲ့ တိုက်ခန်းနေရာ အနှံ့ကို ဝေ့ဝဲ အကဲခတ်ကြည့်လိုက်ပြီး

"ကောကောရဲ့ အခန်းကတော့ ဘယ်အချိန်ကြည့်ကြည့် သန့်ရှင်းနေတာပါပဲ...ကျွန်တော့် အခန်း သန့်ရှင်းတာ ကောရဲ့ တိုက်ခန်းကို မမှီဘူး..."

ရှောင်ဟန်က ကျန်းဝမ်ရှင်း ဝယ်လာခဲ့တဲ့ အသီးအနှံအချို့ကို ရေခဲသေတ္တာထဲထည့်နေရင်းပြန်ဖြေလာခဲ့သည်။

"ကောက မင်းထက် အလုပ်အားတယ်လေ...အဲ့တော့ တိုက်ခန်း အနေအထားက ဒီလောက်တော့ ရှိသင့်တာပေါ့...မဟုတ်ဘူးလား..."

"ဟုတ်ပါပြီ...ကောကောပြောတာမှန်ပါတယ်...ကျွန်တော်က ကောထက် အလုပ်ပို များတာ မှန်ပါတယ်...ဒါပေမဲ့ တခြားထောက်လှမ်းရေး
အေးဂျင့်(SPY) တွေနဲ့ယှဉ်လိုက်ရင်တော့ ကျွန်တော်က အအားယားဆုံးပဲဲဲဲလေ...အဲ့ဒါကြောင့် အခုလို ကောကောဆီကို လာနိုင်တာ...ဒါနဲ့ ဒီနေ့က ကောရဲ့ ဆိုင်ဖွင့်ရက်မဟုတ်လား...ဘာလို့ ဆိုင်ကို မသွားတာလည်း...ကျွန်တော်က ကောကောကို ဆိုင်မှာရှိတယ်ထင်လို့ ဆိုင်ကိုတောင် ရောက်ခဲ့ပြီးပြီ...ဒီနေ့ကောကောက ဆိုင်လာဖို့ နားထားတယ်ဆိုလို့...ကျွန်တော် ကောအိမ်ကို လိုက်ခဲ့တာ....ကောကောနေမကောင်းဘူးလား..."

ရှောင်ဟန်က ခေါင်းခါပြလာပြီး တစ်ခုခုကိုတွေးတောမိလိုက်ဟန်ဖြင့် အပြုံးလေးတပွင့် မသိမသာ ပြုံးလိုက်မိလေသည်။ ကျန်းဝမ်ရှင်းက ရှောင်ဟန်ရဲ့ မြင်ရခဲတဲ့ အသက်ပါလှတဲ့ အပြုံးလေးကို ကြည့်ပြီး မနေနိုင်စွာဖြင့် သူက ထပ်မံမေးလာခဲ့သည်။

"နေကောင်းတယ်ဆိုတော့...ဧကန်န ဒီနေ့က ကောရဲ့ မွေးနေ့ကြောင့်မို့လား"

ရှောင်ဟန်က ကျန်းဝမ်ရှင်းရဲ့ အဖြေကို လေးလေးနက်နက်ဖြင့်ပြန်ဖြေလာခဲ့သည်။

"မွေးနေ့တော့ ဟုတ်တယ်...ဒါပေမဲ့ ကောရဲ့ မွေးနေ့တော့ မဟုတ်ဘူး..."

ရှောင်ဟန်၏ အဖြေစကားတွင် လွမ်းစွက်တမ်းတသည့်လေသံအသွားအလာလေး မသိမသာ ရောရှက်နေပြီး သူ၏ မျက်လုံးများကလည်း တစ်စုံတစ်ယောက်ကို အမှတ်ရနေသည့်ဟန်ဖြင့် ရွှန်းလဲ့လဲ့အရောင်တောက်ပနေလျက်ရှိသည်။

ဒီနေ့ရက်က ကျိုးယွင်ရဲ့ ၁၉နှစ်ပြည့် မွေးနေ့...
ဒါပေမဲ့ ဒီလိုနေ့ရက်မျိုးမှာတောင် သက်ဆိုင်တဲ့သူက သူ၏အနားမှာ ရှိမနေနိုင်ပါချေ။ ဒီလို နေ့ရက်မျိုးမှာတောင် ကျိုးယွင်က သူ့ဆီကို ဖုန်းဆက်မလာခဲ့ဘူး...
ပြီးခဲ့တဲ့ နှစ်တွေတုန်းကလည်း ဒီအတိုင်းပင်...

ရှောင်ဟန်သည် ကျိုးယွင်ဘက်က ဆက်သွယ်လာချင်ရင် အဆင်ပြေလွယ်ကူစေရန်အတွက် သူ၏ ဖုန်းနံပါတ်ကိုတောင် ပြောင်းလဲပစ်လိုက်ဖို့ အစီအစဉ် မရှိခဲ့ပါချေ...။သူသည် ယနေ့အချိန်အထိ ဖုန်း ဆင်းကဒ်ကို ထုတ်မပစ်ရက်ခဲ့ပေ။
ကျိုးယွင်ဘက်က ဆက်သွယ်လာလို ဆက်သွယ်လာငှားဆိုပြီးတော့ ဒီအတိုင်း မပြောင်းလဲဘဲ အသုံးပြုခဲ့တာဖြစ်သည်။
ဒါပေမဲ့ ကျိုးယွင်ကတော့...

တစ်ချိန်တည်းမှာပင် ရှောင်ဟန်၏ မျက်လုံးအရောင်က ထိုအတွေးများကြောင့်ပင် ပြန်လည်၍ မှေးမှိန်လို့သွားလေပြန်ပါသည်။

ရှောင်ဟန်က သက်ပြင်းတစ်ချက်ချလိုက်ပြီး စောစောက အမူအရာမျက်ဝန်းအကြည့်များနှင့် လုံးဝကို မတူညီပါသည့် အသက်မပါသည့်  မျက်ဝန်းလေးများဖြင့် သူ့ဘက်ကို ကြည့်လာခဲ့ပြီး

"ရောက်တုန်းလေး...ကောလုပ်ထားတဲ့...ဖက်ထုပ်နဲ့ ပူတင်းလေး စားသွားပါလား...အခုလောက်ဆို ကျက်ပြီ....ကောလည်း...တစ်ယောက်တည်းစားဖို့...ပျင်းနေတာ..အခု ဝမ်းဝမ် လာတာတော့ အကိုက်ပဲဖြစ်သွားတယ်...စားမယ် မို့လား..."

ကျန်းဝမ်ရှင်းက ရှောင်ဟန်ကို ခေါင်းငြိမ့်ပြလာပြီး အပြုံးလေးစွက်ကာ အဖြေပေးလာခဲ့သည်။

"ဟုတ်...ကျွန်တော်လည်း...ဗိုက်ဆာနေတာဆိုတော့ အတော်ပဲ...ပြီးတော့ ကောကောရဲ့ လက်ရာလေးကို ဘယ်လိုနေလည်းဆိုတာ သိချင်တာလည်းပါတော့ မငြင်းတော့ဘူးနော်..."

"အင်း ဒါဆို...တီဗွီ ကြည့်ရင်း ခဏစောင့်နေအူး...ကော ပြင်လာခဲ့မယ်..."

"ဟုတ်...ကောကော..."

ကျန်းဝမ်ရှင်းက မီးဖိုခန်းထဲကို ဝင်သွားလေပြီ​ဖြစ်သည့် ရှောင်ဟန်ရဲ့ ကျောပြင်လေးကိုကြည့်ကာ သဘောကျစွာ တစ်ချက်ပြုံးလိုက်မိပြီး သူက အတော်အသင့် ကျယ်ဝန်းလှတဲ့ ဧည့်ခန်းအသေးစားလေးဆီကို တီဗွီ ကြည့်ပြီးစောင့်ရန်အတွက် ထွက်လာခဲ့လိုက်သည်။

ရှောင်ဟန်ကောကောရဲ့ ကွန်ဒိုတိုက်ခန်းက အခုသူနေနေတဲ့ အိမ်ရဲ့ အောက်ထပ် တစ်ခုစာလောက်ကျယ်ဝန်းသည်။ ရှောင်ဟန်ကောရဲ့ တိုက်ခန်းက အထက်တန်းစားလူငယ်တွေ စျေးကြီးပေးငှားပြီး သီးသန့်နေထိုင်လိုသည့် တိုက်ခန်းပုံစံမျိုးဖြစ်ပြီး အပြင်အဆင်အားလုံးက အထက်တန်းဆန်လှသည်။
မီးမှိန်မှိန်လေးထွန်းထားတတ်တာကလွဲရင် အရာအားလုံးက သူ့ဟာနဲ့သူ အဆင်ပြေပြေရှိလှသည်။

ကျန်းဝမ်ရှင်းသည် တီဗွီစင်ပေါ်မှာတင်ထားသည့် အရုပ်အမျိုးအစားအစုံအလင်ကို ကြည့်ပြီး တစ်ချက်ပြုံးမိလိုက်သည်။ ရှောင်ဟန်ကောကောက အေးစက်စက်ပုံစံလေးသာ ဖြစ်နေတာ တကယ်တော့ သူထင်ထားသလို မဟုတ်ခဲ့ဘူးပဲ...။
အေးစက်စက်နိုင်တဲ့ပုံစံကို ကောက ဟန်ပြတစ်ခုအနေနဲ့ ထုတ်သုံးနေတာပဲ ဖြစ်လောက်မည်။ အကြောင်းအရင်းတစ်ခုခုကြောင့်သာ ကောကောက ဒီလိုပုံစံအဖြစ် ယာယီပြောင်းလဲသွားတာမျိုးလည်းဖြစ်လောက်သည်။
ဘာကြောင့်လည်းဆိုတော့ သူကောကို ပြန်ရင်းနှိီးအောင်လုပ်ခဲ့ရတုန်းက ထင်သလောက်မခက်ခဲခဲ့သည့် အတွက်ကြောင့်သာ...
ကောကောရဲ့ သူငယ်ချင်း အစ်ကို လော့မင်ကို သူမေးကြည့်တော့ ကောက အရင်တုန်းက ပျော်ပျော်နေတတ်တယ်တဲ့...။

နောက်ပြီး...ရှောင်ဟန်ကောကောက သူ့မွေးစားအဖေရဲ့ သားတစ်ယောက်ကို လိုတာထက်ပိုဂရုစိုက်ပေးတတ်ပြီး ညီလေးအရင်းတစ်ယောက်လို ၈နှစ်လုံးလုံး အဖော်ပြုပေးခဲ့တယ် ဆိုတာပဲ...
အဲ့ဒီကောင်လေးရဲ့ အရွယ်က သူ့ထက်တစ်နှစ်ကြီးပြီး ကောကိုလည်း အရမ်းသွယ်ကပ်ဆိုးနွဲ့တတ်တယ်တဲ့...။

နာမည်က ကျိုးယွင်ဆိုလားပဲ...။

ကောအခုဖြစ်နေရတဲ့ အကြောင်းအရင်းကလည်း အစ်ကို လော့မင်ပြောသလို ...အဲ့ဒီလူထွက်သွားတာကြောင့်ပဲ ဖြစ်လောက်လား...
ဘယ်လိုလုပ်ဖြစ်နိုင်မှာလည်း...သူသိခဲ့ရတဲ့ ကောကောက ဒီလိုလူမျိုးမဟုတ်ဘူး...ကောက ကလေးအရမ်းချစ်တတ်တယ်...တစ်ယောက်က ထွက်သွားရင်တောင်မှ ရှိနေသေးတဲ့ ကလေးတစ်ယောက်
ကို ဆက်ချစ်နေအူးမှာပဲ...
အခု ကောကောရဲ့ ဘေးမှာ သူရှိနေတာပဲ...
အဲ့ဒီကျိုးယွင်ကိုမှ လိုမနေတော့ဘဲ ..

သူ ဆို ကောနဲ့ 11နှစ်လုံးလုံးခွဲခွာနေခဲ့ရတာ...
သူ့အသက် ၁၇နှစ် USကပြန်လာပြီး နှစ်ပတ်အကြာမှာပဲ...ကံကောင်းထောက်မပြီး
ကောကောနဲ့ ပေကျင်း ဂေဟာမှာ အမှတ်မထင်
ပြန်ဆုံခဲ့ရတာ..
အဲ့နေ့က သူသာ ပေကျင်းက ဂေဟာကို မသွားခဲ့ရင်..
ကောသာ မလာခဲ့ရင်...
ကောနဲ့ သူ၏ တွေ့ဆုံမှု့က ဒီထက်နောက်ကျသွားနိုင်သည်။

အဲ့ဒီ့ ကျိုးယွင်နဲ့ ကောကောရဲ့ ၄နှစ်တာ ခွဲခွာရမှုက သူနဲ့ ခွဲခွာခဲ့ရတဲ့ ကြာချိန်နဲ့ယှဉ်ရင် ဘာမှကို မပြောပါးလောက်သေးဘူးလို သူထင်မိသည်။
နောက်ပြီး ကောကောရဲ့ အကြောင်းတွေကို သူဆုံစမ်းလိုက်တိုင်း အဆက်အသွယ်မရဘဲ အမြဲ ပြတ်တောက်သွားတတ်တာ သွေးရိုးသားရိုးဆိုတာ လုံးဝကို မဖြစ်နိုင်ဘူး...

သူခန့်မှန်းထားတာသာ မမှားဘူးဆိုရင် ဒီကိစ္စရဲ့ အဓိက တရားခံက အဲ့ဒီကျိုးယွင်ဆိုတဲ့ကောင်ပဲ...
ကျိုးယွင်က ဘာကြောင့်မို့ ကောကောနဲ့ သူရဲ့ ကြားကို ဝင်ရှုပ်တာကို သူမသိပေမဲ့...
သေချာတာတစ်ခုက ဒီကိစ္စက
ကောင်းမွန်တဲ့ အရာမဟုတ်ဘူးဆိုတာပဲ

အခု ကံကြမ္မာက သူ၏ ဘက်တွင်ရှိနေပြီဖြစ်သည့်အတွက်ကြောင့် သူသည်လည်း ဒီအချိန်အတိုအတောအတွင်းမှာ ရှောင်ဟန်ကောကောကို အရင်ကထက် ပိုပြီးနီးစပ်မှု့ရယူရန်ဆုံးဖြတ်ထားသည်။

ကောကောကို ထိုသူဘက်က ဘယ်လို သတ်မှတ်လည်းဆိုတာ သူမသိပေမဲ့...
သူ့ဘက်ကတော့ ကောကောကို တန်ဖိုးထားသည်... မြတ်နိုးသည်...တွယ်တာရသည်...ဒါက အရင်ကတည်းက...
သူ သိတတ်စအရွယ်ထဲက ကောကောကို အစ်ကိုတစ်ယောက်လို ဆိုတာထက် တစ်ဆင့်ပိုပြီး အမည်တပ်ဖို့ ခက်ခဲသည့် စိတ်ခံစားချက်တစ်ခုရှိနေခဲ့သည်။

အခု အဲ့ဒီအမည်တပ်ဖို့ ခက်ခဲပါသည့်
စိတ်ခံစားချက်ကို ရှောင်ဟန်ကောကောနဲ့ ဝေးကွာနေခဲ့ရတဲ့ တစ်လျောက်လုံး အမည်အမျိုးမျိုးတပ်ကြည့်ပြီး ဘယ်လိုခံစားချက်မျိုးလည်းဆိုတာ ဝေခွဲမရ ဖြစ်ခဲ့ရဖူးသည်။
ဒါပေမဲ့ ဝေးကွာခဲ့ရတာ ကြာလာသည်နှင့်အမျှ ကောကောအပေါ်မှာထားရှိခဲ့တဲ့ သူ၏ စိတ်ခံစားချက်သည်လည်း တဖြည်းဖြည်း ရှင်းရှင်းလင်းလင်းသိမြင်လာခဲ့ရသည်။

ယခု အချိန်တွင် သေချာသည့် အမှန်တရားက
သူ ကောကောအပေါ်မှာ မေတ္တာရှိနေပြီဆိုတာပင်...
သူ ကောကို ကျိုးယွင်ဆီမှ တရားတဲ့ နည်းလမ်းသုံးပြီး ပြန်ယူမည်။

ရှောင်ဟန်ဆိုတာ...အရင်ကတည်းက သူ စ ပိုင်ခဲ့တဲ့
လူတစ်ယောက်ပဲ မဟုတ်လား...

ဧည့်ခန်းအတွင်းကို ဝင်လာလေပြီဖြစ်သည့်
ရှောင်ဟန်သည် ကျန်းဝမ်းရှင်း ကိုင်တွယ်နေလေသည့် အရာများက တစ်ချိန်တုန်းက ကျိုးယွင်ဆီက သူ ရရှိခဲ့ပါသည့် လက်ဆောင်ဟုအမည်တပ်၍မရလေသည့် အရုပ်များကို ကြည့်ပြီး ဝမ်းနည်းစိတ်များက အတိုင်းသားဝင်ရောက်လာရသည်။

သူ ကျိုးယွင်ကို အမှတ်မရအောင်နေဖို့ကြိုးစားတိုင်း ကျိုးယွင်နဲ့ သက်ဆိုင်သည့် အရာများက သူ့မျက်စိရှေ့ကို ဝင်ရောက်လာမြဲ...

ယခုတွင် သူ့ဘက်က ကျိုးယွင်ကို ဘယ်လောက်ပဲ စိတ်ကွက် စိတ်ပျက်နေခဲ့ပါစေ...သူ့ရဲ့ ကြိုးစားမှုတွေက ကျိုးယွင်နဲ့ ပတ်သတ်တဲ့ တစ်ချို့အရာတွေကို မမြင်ရခင်အထိပါပဲ...

ဒီအရာတွေက ကျိုးယွင်နဲ့ သက်ဆိုင်တဲ့အရာတွေ
အမှတ်တရ​တွေအားလုံးကို မေ့ပစ်လိုက်ဖို့ကြိုစားနေတဲ့ သူ့ရဲ့စိတ်ကို ထွေပြားလာစေသည်။
သူ ဘယ်လောက်ပဲ ကျိုးယွင်ကို စိတ်ကွက်နေခဲ့ပါစေ...ကျိုးယွင်အကြောင်းကိုမတွေးမိခဲ့တဲ့ နေ့ တစ်နေ့မှမရှိပေ။

ဒါ့ကြောင့် ၃နှစ်အကြာမှာ သူသတ်မှတ်ထားလိုက်ရသည့် သတ်မှတ်ချက်က...
သူ့ဘက်က စိတ်ပျက် စိတ်ကွက်နေခဲ့တဲ့ ကျိုးယွင်က ပစ္စုပ္ပန်က ကျိုးယွင်သာ ဖြစ်ပြီး
အတိတ်က လိမ္မာရိုကျိုးခဲ့တဲ့ အားယွင်လေးနဲ့ လုံးဝမသက်ဆိုင်ဘူးဆိုတာပဲ...

အဲ့ဒါကြောင့် သူ အရင်က ကျိုးယွင်ပေးခဲ့တဲ့ ဘယ်အရာကိုမှ စွန့်လွတ်ပစ်ဖို့ မစဉ်းစားတော့ဘဲ ဒီကွန်ဒို တိုက်ခန်းကို အပါယူဆောင်လာခဲ့သည်။
ကျိုးယွင်နဲ့ သက်ဆိုင်တဲ့ ဘယ်အရာကိုမှ သူစွန့်လွတ်မှာ မဟုတ်သလို...ကျိုးယွင်နဲ့ ပတ်သတ်တဲ့ အမှတ်တရတွေကိုလည်း သူမေ့ဖျောက်ပစ်မှာမဟုတ်ဘူး...

အမှားလုပ်ခဲ့သည့် သူက လက်ရှိ ကျိုးယွင်လေ...
အတိတ်က အားယွင်လေးမှ မဟုတ်ဘဲ....

ဒါကြောင့်လည်း ယခုအချိန်တွင် သူဖြေသာနေနိုင်တာဖြစ်သည်။

ရှောင်ဟန်က သူ့အတွေးတွေကို ရပ်တန့်လိုက်ပြီး အစားအသောက်တွေ ရပြီဖြစ်ကြောင်း ကျန်းဝမ်ရှင်းကို အသိပေးလာသည်။

"ဝမ်းဝမ်...ဒီမှာ စားစရာတွေရောက်လာပြီ...ပူတုန်းလေးစားရအောင်...အရုပ်တွေကို လျောက်ကိုင်မနေနဲ့တော့..."

ကျန်းဝမ်ရှင်းက အစားအသောက်တွေ ပြင်ဆင်ခင်းကျင်းနေတဲ့ ရှောင်ဟန်ဆီကို လျောက်လှမ်းလာခဲ့ပြီး

"ကောကောက...ဒီအရုပ်တွေကို ကျွန်တော်ထိတာ မကြိုက်လို့လား..."

ရှောင်ဟန်က ကျိုးယွင်ဆီမှရခဲ့သည့် အမှတ်တရ အရုပ်တွေဆီကို တစ်ချက်လှမ်းကြည့်လိုက်ပြီး
စိတ်ရှုပ်ထွေးနေရပါသည့် လေသံလေးဖြင့်
ခပ်သိမ်သိမ်ပြန်ဖြေလာခဲ့သည်။

"မကြိုက်လို့...မဟုတ်ပါဘူး...ဒီအတိုင်းပါပဲ...လာလေ...စားကြရအောင်..."

ရှောင်ဟန်က အစားအသောက်တွေကို ကျန်းဝမ်ရှင်း
လှမ်းယူရ အဆင်ပြေစေရန် နေရာ ရွေ့ပေးနေချိန်တွင် သူ၏ အက်ျီအတွင်းထဲမှ သူ မချွတ်ဘဲအမြဲဝတ်ဆင်ခဲ့ပါသည့် ဆွဲကြိုးလေးက လျောထွက်လာခဲ့တာကို သတိမထားမိလိုက်ပေ။

ရှောင်ဟန်ကို မသိမသာ အမြဲ အရိပ်တကြည့်ကြည့်ဖြင့် ကြည့်နေတတ်ပါသည့် ကျန်းဝမ်ရှင်းက လျောကျလာခဲ့တဲ့ဆွဲကြိုးကို ချက်ချင်းပင် မြင်လိုက်လေပြီး အသေအချာ အကဲခတ်ကာကြည့်ရူ့လာခဲ့လေသည်။

ကျန်းဝမ်ရှင်းက ရှောင်ဟန်ကို မည်သည့်စကားမှ မဆိုသေးဘဲ အချိန်ကြာသည်အထိ ဖက်ထုပ်များကို တူဖြင့်နှိုက်ယူစားနေရင်းဖြင့်ပင် ဆွဲကြိုးကို လေ့လာကြည့်ရှု့နေခဲ့သည်။

အတန်ကြာမှာတော့ ကျန်းဝမ်ရှင်းက တစ်စုံတစ်ရာကို သိချင်ပါသည့်ဟန်ဖြင့် တူကို ချလိုက်ပြီးနောက် တဖန် တူကို ပြန်ကိုင်လိုက်လေပြီး အဖန်ဖန် ဆုံးဖြတ်ရခက်နေလေတော့သည်။
သူဆုံးဖြတ်ရခက်နေတာက ဒီ water drop ပုံစံဆွဲကြိုးကို ကောကို ခဏပြပေးဖို့ ဘယ်လို ပြောကြည့်ရမလည်းဆိုတာပဲ...
ကောကောက သူ့အပေါ်မှာ အတိုင်းအတာတစ်ခုအထိကို မဟုတ်ဘဲ ထင်သလောက်ကို ရင်းနှီးမလာသေးဘူးလို့ သူခံစားနေရသည်။ ကောကောက ဆွဲကြိုးကို ပြဖို့ငြင်းဆန်လာရင်ရော...စိတ်ထင့်သွားမှာလည်း ဆိုးရသေးသည်။
သူ့လို ထောက်လှမ်းရေးအေးဂျင့်တစ်ယောက်အနေနဲ့
ဒီလို ပစ္စည်းဆွဲကြိုးမျိုးက ထင်သလောက်မရိုးရှင်းဘူးဆိုတာ အလိုလိုနေရင်း ခံစားနေရသည်။

နောက်ဆုံးတွင် ကျန်းဝမ်ရှင်းက မနေနိုင်စွာနဲ့ပဲ တူကိုချလိုက်လေပြီး မေးလာခဲ့သည်။

"ကောကော...ဟို...စိတ်မရှိဘူးဆိုရင်...ကောလည်ပင်းမှာ ဆွဲထားတဲ့ ဆွဲကြိုးလေးကို ကျွန်တော့်ကို ချွတ်​ပြီး ပြပေးကြည့်လို ရမလား... ခဏလေးပါဘဲ..."

ထိုအခါမှ ရှောင်ဟန်က သူ့ရဲ့ ရင်ဘတ်ကို ပြန်စမ်းကိုင်ကြည့်လိုက်လေပြီး သူဆွဲထားတဲ့ ဆွဲကြိုးက အပြင်ကို ထွက်နေတယ်ဆိုတာ သတိထားမိသွားလေသည်။

ရှောင်ဟန်က ကျိုးယွင်နောက်ဆုံး ပေးခဲ့သည့် လက်ဆောင်ဟုမှတ်ယူထားခဲ့ရသည့် တန်ဖိုးအထားဆုံးဆွဲကြိုးလေးကို လူတိုင်းကို ထုတ်ပြဖို့ စိတ်ကူး လုံးဝရှိမနေခဲ့ပါပေ။ ဒါကြောင့်လည်း သူက အမြဲတမ်း အက်ျီအောက်မှာပဲ ထားပြီး ဝတ်ဆင်ခဲ့တာဖြစ်သည်။

ရေစက်ပုံဆန် အလှဖော်ထားပြီး စိန်တစ်ပွင့်ကပ်ထားတဲ့ ဆွဲကြိုးလေးက အရမ်းလှနေခဲ့ပေမဲ့...
ဝတ်ဆင်လာခဲ့တဲ့ အချိန်ကာလပတ်လုံး မည်သူ့ကိုမှ မမြင်စေချင်၍ သူ ထုတ်တောင်ဝတ်မပြခဲ့ပါပေ။

ကျိုးယွင်ဘက်က ဒီဆွဲကြိုးလေးကို ဘာ့ကြောင့်မချွတ်ခိုင်းတာလည်းဆိုတာ သူတကယ်မသိပေမဲ့

သူကတော့ ပျောက်ပျက်သွားမှာဆိုးလို့ကို လုံးဝ...လုံးဝမချွတ်ပစ်ခဲ့ဘူး...လက်ရှိကျိုးယွင်အပေါ်မှာ သေလောက်အောင် စိတ်ကွက် စိတ်ပျက်နေရင်တောင်မှပေါ့...

ဒါက တစ်ချိန်က အားယွင်ရဲ့ စကားကို နားထောင်တာလည်း မဟုတ်သလို...လက်ရှိကျိုးယွင်ကို စိတ်မကောင်းဖြစ်သွားမှာ ဆိုးလို့လဲ မဟုတ်ဘူး...

ဒီလည်ဆွဲလေးရရှိလိုက်ကတည်းက ဖြစ်တည်လာခဲ့တဲ့...ဒီပစ္စည်းလေးအပေါ်မှာထားရှိသည့် သူ၏ တန်ဖိုးထားမြတ်နိုးမိတဲ့ စိတ်ကြောင့်ပဲ...
ကျန်သည့် မည်သည့် အရာနဲ့မှ ဒီလည်ဆွဲဖြစ်တည်မှု့
က မသက်ဆိုင်ပါ...

ရှောင်ဟန်က လည်ဆွဲလေးကို သူ့အက်ျီ ရင်ဘတ်ထဲ အမြန်ထည့်လိုက်ပြီး ကျန်းဝမ်ရှင်းကို စိတ်မကောင်း မဖြစ်သွားစေရန် အပြုံးလေးစွက်ကာ ပြောလာခဲ့သည်။

"ဒီဆွဲကြိုးလေးက...အဆောင်သဘောအဖြစ်နဲ့  ကောဆွဲထားတာလေ ... ဝတ်ထားတာနှစ်တောင်အတော်ကြာနေပြီ အဆောင်ဆိုတော့ ချွတ်လို့ မရဘူးလို့ပြောထားတယ်...ဒါ့ကြောင့် ကော မင်းကို ချွတ်ပြလိုက်လို့ မရဘူးလေ...ဒီအတိုင်း အနီးကပ်ကြီး
မင်းကို ပြဖို့ကလည်း ကောအတွက် အဆင်မပြေဘူး...မင်း ကောကို နားလည်ပေးမယ်မဟုတ်လား..."

ရှောင်ဟန်က ကျန်းဝမ်းရှင်းကို အခုလို ငြင်းဆန်ပြီး လိမ်ပြောလိုက်ရလို့ လုံးဝစိတ်မကောင်းဖြစ်မိပေမဲ့ ဒီလိုလုပ်လိုက်ဖို့ကလွဲပြီး သူလည်း တကယ်ဘာမှကို မတတ်နိုင်ဘူးဖြစ်နေလေသည်။

ကျန်းဝမ်ရှင်းက ရှောင်ဟန်အဖြေစကားကြောင့် မျက်နှာတစ်ချက်ပျက်သွားရပေမဲ့ အမြန်ပြန်ပြင်လိုက်ပြီး

"ဟုတ်ပါပြီ...ဒါဆိုလည်း...ကောဆန္ဒရှိတဲ့ တစ်နေ့မှပေါ့..."

နှစ်ဉီးနှစ်ဖက်စလုံးဘက်က အချိန်အတန်ကြာသည်အထိ မည်သည့် စကားမျှမဆိုတော့ပါဘဲ စားလက်စကို အမြန် အဆုံးသတ်လိုက်ကြသည်။

ကျန်းဝမ်ရှင်းက တိတ်ဆိတ်နေတဲ့ အခန်းတွင်းလေထုကို သူ့ဘက်ကပဲ စတင်ဖြိုခွင်းလိုက်ရသည်။
ရှောင်ဟန်ကောကောဘက်က သူ့ကို
ဘယ်လိုစကား စဆိုရမလည်း အခက်တွေ့နေသည် မဟုတ်လား...

သူ ကောကောကိုအဲ့လို အခက်မတွေ့စေချင်ဘူး...

"ကောကော...ကော လုပ်ထားတဲ့ အစာသွပ် ဖက်ထုပ်က တကယ်စားလို့ကောင်းတယ်...ပူတင်းကတော့ ကျွန်တော့် အကြိုက်မဟုတ်ပေမဲ့ တကယ်အရသာရှိတယ်..."

ရှောင်ဟန်က ကျန်းဝမ်ရှင်းရဲ့ ချီးမွမ်းနေသည့်စကားကို ခေါင်းငြိမ့်ကာ အသိအမှတ်ပြုပေးလာပြီး စားသောက်ပြီးသား ပန်ကန်များကို ဆေးရန်အတွက် သိမ်းဆည်းကာနေလေသည်။
ကျန်းဝမ်ရှင်းက တစ်ချက်တစ်ချက်တွင် နားလည်ရခက်ပါသည့် ရှောင်ဟန်ကို ကြည့်ပြီး ဘာဆက်လုပ်ရမှန်းမသိအောင်လမ်းစပျောက်နေတော့သည်။

ရှောင်ဟန်က ဟိုးအရင်တုန်းကထက် အစစအရာရာ မတူနေပါတော့ဘဲ အေးစက်စက် ဖြစ်နေသည့် အတွက်ကြောင့် သူလည်း ရှေ့တိုးခရီးဆက်ရန် တွန့်ဆုပ်နေရတော့သည်။
အရင်ကလို ပျော်ပျော်နေတတ်ပြီး နွေးထွေဖော်ရွေတတ်တဲ့ ရှောင်ဟန်သာ ဖြစ်နေခဲ့ပါက အဆင့်တက်ရင်နှီးမှုရယူရန် ယခုလောက် ခက်ခဲမည် မဟုတ်ပါ။

ရှောင်ဟန် ပန်ကန်တွေ သိမ်းဆည်းပြီး ဆေးကြောရန်အတွက် ထဖို့ပြင်လိုက်တော့ စားပွဲပေါ်တွင် တင်ထားသည့် သူ၏ ဖုန်းက ဖုန်းခေါ်ဆိုသံ မြည်လာခဲ့သည်။

ဖုန်း screenမှာပေါ်နေသည့် ဖုန်းနံပါတ်စိမ်းကို မြင်လိုက်ရသည့်အခါတွင် ရှောင်ဟန်
၏ မျက်ဝန်းများက မျှော်လင့်ချက်အရိပ်အယောင်တစွန်းတစ်စ ထင်ဟပ်လာခဲ့သည်။

ရှောင်ဟန်က သူ့အမူအရာကို တအံတသြဖြင့်ကြည့်ရှု့လာသည့် ကျန်းဝမ်ရှင်းကိုတောင် သတိမမူမိတော့ဘဲ လက်ထဲက ပန်ကန်တွေကို စားပွဲပေါ်အမြန်တင်လိုက်ပြီး စိတ်လှုပ်ရှားမှုကြောင့် မသိမသာ တုန်ယင်နေပါသည့် လက်ချောင်းရှည်သွယ်သွယ်လေးဖြင့်  ဖုန်းအဝင်ကောကို လက်ခံရန် screen ကို ပွတ်ဆွဲ
လိုက်လေသည်။

ရှောင်ဟန်က သူ့စိတ်ကို တစ်ထစ်လျော့ချလိုက်ပြီး သက်ပြင်းတစ်ချက် ရှုထုတ်လိုက်ကာ စိတ်ကို အတတ်နိုင်ဆုံးလျော့ချလိုက်သည်။
အခု ရှောင်ဟန်က သူဖြစ်နေတဲ့ ပုံစံကို ဘယ်လို ပုံစံဖြစ်နေလည်းဆိုတာကို ပြန်လည်ဆန်းစစ်ဖို့ စိတ်ကူး လုံးဝ မရှိဘူး။
အခုချိန်မှာ သူ သိတာက သူ တစ်စုံတစ်ယောက်ရဲ့ အသံကို နားထောင်ချင်တယ်... ကြားချင်တယ်ဆိုတာပဲ...
တစ်ကြိမ်တစ်ခါလေးပဲဖြစ်ဖြစ်...

အဲ့လိုသာဆိုရင် သူ့အတွက် လုံလောက်သွားပြီ...
သူ လောဘ မကြီးဘူး...

လက်ရှိ ကျိုးယွင်ကို စိတ်ပျက်နေမိရင်တောင်မှ သူ ကျိုးယွင်အသံကို တစ်စွန်းတစလောက်ကြားချင်ပါသေးသည်။

ကျိုးယွင်ရဲ့ အသံကို ကြားပြီးတာနဲ့လည်း ဖုန်းချပစ်ဖို့ သူဆုံးဖြတ်ထားသည်။
ဘာ့ကြောင့်လည်းဆိုတော့
သူကြားချင်တာက ကျိုးယွင်ရဲ့
ဟယ်လို ...ဆိုတဲ့ အသံတစွန်းတစလေး ဖြစ်နေလို့ပဲ

ကျိုးယွင်ရဲ့ မြောက်များလှတဲ့ အကြောင်းပြချက်ကောင်းတွေကို မဟုတ်ဘူး...

ရှောင်ဟန်၏ မျှော်လင့်ချက်အရောင်သန်းနေပါသည့် မျက်ဝန်းများက ဖုန်းတစ်ဖက်မှ ထွက်ဟလာခဲ့သည့် အသံကြောင့် ချက်ချင်းလက်ငင်းပဲ ပယ်လွင့်သွားရသည်။ ဘာ့ကြောင့်ဆို လော့မင်က ဖုန်းနံပါတ် အသစ်တစ်ခုကို အသုံးပြုပြီး ဆက်သွယ်လာခဲ့တာကြောင့်ပင်...

ဖုန်းတစ်ဖက်မှ လော့မင်၏ စိတ်ပျက်လက်ပျက် ဖြစ်နေပါသည့် စကားသံသည် ရှောင်ဟန်၏ ပြန်လည်ချေပသံကိုမကြားရ၍ ထပ်မံ၍ပင် ခပ်ကျယ်ကျယ်ဖြင့် ထွက်ဟလာခဲ့သည်။

"ရှောင်ဟန်...မင်းကြားရင်လည်း...ငါ့ကို ပြန်ဖြေပါဉီးကွာ...ဒီမှာ..မင်းရဲ့ ကြောင်က ငါ့အိမ်မှာ အငြိမ်မနေဘူး သောင်းကြမ်းနေတယ်...ငါ ဒီကောင်ကို သည်းမခံနိုင်တော့ဘူး...ငါ့စကားကိုလည်း နားမထောင်ဘူး...ကုပ်လည်းကုပ်တယ်...အဲ့ဒါ ဖြစ်နိုင်ရင် မင်းအမြန်ဆုံးလာခေါ်ပါတော့ကွာ...ဟာ...ဟေ့ကြောင်...ဟေ့ကြောင်...အဲ့ငါးကြော်က မင်းအတွက် မဟုတ်ဘူး...ငါ ညရောက်ရင်စားဖို့ချန်ထားတာ...မင်းကို ကျွေးပြီးပြီပဲ...ကျစ်!...ရှောင်ဟန် ငါနောက်မှ ခေါ်တော့မယ်...မင်းရဲ့ ကြောင်ကို အမြန်လာခေါ်တော့...ဒါပဲ...အခု မင်းကြောင်ကြောင့် ငါ မအားဘူး...ဖုန်းချလိုက်တော့မယ်..."

တစ်ဖက်မှ ဝင်လာသည့်ဖုန်းကို ကိုင်လိုက်စဉ်က ရှောင်ဟန်က စိတ်လှုပ်ရှားနေသည့်အတွက်ကြောင့် စပီကာကို ပိတ်ဖို့မေ့သွားခဲ့တာဖြစ်လို့ ကျန်းဝမ်ရှင်းလည်း တစ်ဖက်က အစ်ကို လော့မင်ဆီမှ စကားသံများကို ကြားလိုက်ရလေသည်။

ရှောင်ဟန်ရဲ့ မျက်နှာက အစ်ကို လော့မင်ပြောသည့် စကားကြောင့် မျက်နှာပျက်သွားတာ မဟုတ်မှန်း သူ ရိပ်မိသည်။

ကောကောက သူမျှော်လင့်ထားတဲ့ သူဆီက ဖုန်းဟုတ်မနေလို့ ယခုလို စိတ်မကောင်းဖြစ်ကာ မျက်နှာပျက်သွားတာကို သူသိနေသည်။
ဒီနေ့က ရှောင်ဟန်ကောကောပြောသလို ကောရဲ့ မွေးနေ့ မဟုတ်ဘူးဆိုမှတော့...တခြားဖြစ်နိုင်ခြေအများဆုံးလူက ကျိုးယွင်မဟုတ်လား...

ကောကော...မျှော်လင့်နေတဲ့ ဖုန်းအဝင်call ကလည်း...အဲ့ ...ကျိုးယွင်ဆိုတဲ့ ကောင်ဆီကပဲနေမှာပေါ့...

ကောကောရဲ့ တိုက်ခန်းမှာ ကျိုးယွင်ရဲ့ ဓာတ်ပုံရှိမနေသည့် အတွက်ကြောင့် ကျိုးယွင်ဆိုတဲ့လူအပေါ်မှာ
ရှောင်ဟန်ကောကောက အစ်ကိုလော့မင်ပြောသလောက် သံယောဇဉ် ရှိနေလိမ့်မယ်လို့ သူမထင်မိခဲ့ဘူး...

အခုတော့...သူ့အတွေးတွေ မှားယွင်နေကြောင်း လက်ရှိရှောင်ဟန် ဖြစ်နေသည့် မျက်နှာအမူအရာကပဲ သက်သေပြနေလေပြီ...

သူ...ကျိုးယွင်ဆိုတဲ့ ကောင်ကို လုံးဝ မမြင်ဖူးသေးပေမဲ့...

သူ့ထက် ဘယ်လို နိုင်ကွက်မျိုးနဲ့ အရည်အချင်းမျိုးရှိနေမလည်း ဆိုတာကိုတော့ အမှန်တကယ်စိတ်ဝင်စားလာရသည်။
သူသိချင်ပါသည်...သူ၏ ပြိုင်ဘက်ကျိုးယွင်က...
ဘယ်လို...အရည်အချင်းမျိုးပိုင်ဆိုင်ထားမယ့်လူမျိုးဆိုတာကို...

လူတိုင်းက အရည်အချင်းရှိတဲ့ ပြိုင်ဘက်ကောင်းနဲ့ဘဲ ယှဉ်ပြိုင်စိန်ခေါ်ချင်ကြတာ မဟုတ်လား...

အဲ့ဒီတော့ ကျိုးယွင်ဆိုတဲ့ ကောင်က အရေအချင်းရှိတဲ့ ပြိုင်ဘက်ကောင်းတစ်ယောက်ဟုတ်မဟုတ် သူသိချင်လာမိသည်။
ဒီလို သတ်မှတ်လိုက်လို့
ရှောင်ဟန်ကောကောက ပြိုင်ပွဲအတွက် ကြားခံ ပစ္စည်းအရုပ်တစ်ခုလိုမျိုးလည်း ဖြစ်သွားမှာမျိုးမဟုတ်ဘူး...အဖြစ်လည်း မခံဘူး...

ရှောင်ဟန်ကောကောက ယှဉ်ပြိုင်သူနှစ်ယောက်ထဲက အနိုင်ရရှိသူရဲ့ အောင်မြင်မှုအနေနဲ့ ရရှိလာမဲ့ ဆုလာဒ်ပဲ...ဟုတ်တယ်...ရှောင်ဟန်ကောကောက ဆုလာဒ်...တန်ဖိုးရှိတဲ့ ဆုလာဒ်...

ကျန်းဝမ်ရှင်းက သူ၏ အတွေးတွေကို ရပ်တန့်လိုက်ပြီး အမူအရာမဲ့ဖြစ်နေတဲ့ ရှောင်ဟန်ကို ရယ်သံခပ်လွင့်လွင့်လေးဖြင့်ပြောလိုက်သည်။

"အစ်ကို လော့မင်...ဖုန်းဆက်အသိပေးမှပဲ...ကောကောရဲ့ ကြောင် ဒီမှာ မရှိတာ ကျွန်တော်သတိထားမိတော့တယ်...snowကကောကောက လွဲပြီးကျန်တဲ့လူကို လုံးဝ မကပ်တာကို သိရက်နဲ့ ဘာလို့ တခြားကို ပို့ထားရတာလည်း...ပြီးတော့ ကောကောက snowကို သိပ်ချစ်တာပဲ မဟုတ်လား..."

"ဟို...ပြီးခဲ့တဲ့ အပတ်က ကောအရမ်းဖျားနေလို့... လော့မင်ဆီ ပို့ထားလိုက်ရတာပါ...တခြားကျန်တာ ဘာမှမဟုတ်ဘူး..."

ရှောင်ဟန်က ကျန်းဝမ်ရှင်းကို ထပ်မံ၍ ပင် လိမ်လည်ပြောဆိုလိုက်ရန်သာ သတ်နိုင်တော့သည်။
ရှောင်ဟန်သည် Snow သူ့ဘေးမှာရှိတိုင်း ကျိုးယွင်ကို အမှတ်ရရနေရသည့် အတွက်ကြောင့် ဘယ်လိုမှ
မသတ်သာတော့သည့် နောက်ဆုံး လော့မင်ဆီကို ပို့ထားရန် ဆုံးဖြတ်ခဲ့လေသည်။
အမှန်တိုင်းဝန်ခံရရင် အခုဆို snow လေးက လော့မင်ဆီကိုရောက်နေတာ ၁လ လောက်ပင် ရှိတော့မည်။ ၁လ တောင်ကြာမြင့်သွားပြီဖြစ်လို့ သူလည်း snowကို လွမ်းလှပါသည်။
ဒါကြောင့်လည်း နောက်၂ ရက် ၃ ရက်လောက်နေရင် ပြန်ခေါ်ဖို့ ဆုံးဖြတ်ထားပြီးသားပင်။

Snowမရှိတော့လည်း ကျိုးယွင်လက်ဆောင်
ပေးတဲ့ snow ဒီမှာမရှိဘူးဆိုပြီး ကျိုးယွင်အကြောင်းကို တွေးလိုက်မိတာပဲ မဟုတ်လား...

ရှောင်ဟန်က သူ့အတွေးတွေကို ရပ်တန့်လိုက်ပြီး
ပန်းကန်များကို ဆေးကြောဖို့ ပန်းကန်အထပ်လိုက်ကို တစ်ဖန်ပြန်ကိုင်လိုက်ကာ သွားဖို့ပြင်လိုက်သည်။

သို့ပေမဲ့ ဖုန်းခေါ်သံနှင့်အတူ ဖုန်းမျက်နှာပြင်က တဖန် ထပ်မံပွင့်လာခဲ့သည်။

ရှောင်ဟန်က စိတ်မပါတော့သည့် မျက်ဝန်းများဖြင့် ဖုန်း screenကိုကြည့်လိုက်သည်။
ဒီတစ်ခါတွင်တော့ contact နာမည်သည် မွေးစားအဖေ၏ နာမည်ဖြင့် ဖြစ်နေလေသည်။

ရှောင်ဟန်က မွေးစားအဖေဆီမှ ဖြစ်နေ၍
ပန်းကန်တွေကိုတောင် ပြန်ချမနေတော့ဘဲ ချက်ချင်းပဲကိုင်လိုက်သည်။

ဖုန်းသံတစ်ဖက်မှ မွေးစားအဖေ၏ စိတ်လှုပ်ရှားနေဟန်ဖြင့် ဆိုလာသည့် စကားသံက ထွက်ဟလာခဲ့သည်။

"သားရှောင်...အဖေသားကို အသိပေးစရာ ရှိလို့..."

"ဟုတ်ကဲ့...အဖေ...ပြောပါ ကျွန်တော် နားထောင်နေပါတယ်..."

"ဒါဆို အဖေပြောမယ်နော် မအံ့သြသွားနဲ့အုံး...မနက်ဖြန် သားယွင်က flight နဲ့ ဒီကို ပြန်လာခဲ့တော့မယ်ဆိုပြီး ဖုန်းလှမ်းဆက်တယ်...ပြီးတော့ သားယွင်က..."

"ခွမ်းးးး!"

ရှောင်ဟန်၏လက်ထဲတွင် သယ်ဆောင်ထားသည့်
ပန်းကန်များသည် ကျိုးဟန်၏ စကား မပြီးပြတ်သေးခင်မှာဘဲ အောက်ကိုလွတ်ကျသွားရပြီး တစ်စ စီ ကွဲကြေသွားရတော့သည်။

ကျန်းဝမ်းရှင်က ရှောင်ဟန်ကိုသာ တအံတသြဖြင့်ကြည့်နေနိုင်တော့သည်။ ဘာ့ကြောင့်ဆို ရှောင်ဟန်ရဲ့ လက်များက တဆပ်ဆပ် သိသိသာသာ တုန်ယင်လို့နေလေသည့်အတွက်ကြောင့်...
ဒီတစ်ခါတွင်လည်း စပီကာကို ပိတ်ရန်မေ့လျော့သွားလေသည့် ကောကြောင့် သူ တစ်ဖက်ကလူ၏ စကားဆိုလိုရင်းကို ချက်ချင်းကြားသိလိုက်ရသည်။
ကော အခုလို ပုံစံဖြစ်သွားတာ သိပ်လည်း မဆန်းတော့ပါဘူး...တစ်စုံတစ်ယောက်က ပြန်လာတော့မှာ မဟုတ်လား...
ဘာလို့ သူ တွက်ချက်ထားတဲ့ နှစ်ထက် ကျိုးယွင်က
အစောကြီးပြန်ရောက်လာခဲ့ရတာလဲ...
ဘာလို့ ကောက ဒီလောက်တောင် သိသိသာသာကြီး စိတ်လှုပ်ရှားသွားရတာလည်း...
ကောဘက်က ကျိုးယွင်ကို ညီတစ်ယောက်လို သတ်မှတ်ထားတာ မဟုတ်ဘူးလား...
မဟုတ်မှ...ကောဘက်ကလည်း...

ဟင့်အင်း...မဟုတ်ဘူး...မဖြစ်နိုင်ဘူး..
ကောက ညီတစ်ယောက်လို သတ်မှတ်ထားတဲ့ လူကို ဒီလို လွယ်လွယ်နဲ့ စိတ်ယိုင်သွားမှာ မဟုတ်ဘူး...
ဝမ်းရှင်း...မင်းကိုယ့်ကိုယ်ကို စိတ်အေးအေးထားစမ်း..အဲ့လို ဖြစ်လာမှာမဟုတ်ဘူး...
မင်းအတွက် နောက်မကျသေးဘူး...

ကျန်းဝမ်းရှင်းက သူ့ကိုယ်သူပြန် နှစ်သိမ့်ပေးလိုက်ပြီး စိတ်ကို ပြန်လျော့ချလိုက်သည်။သူက ရှောင်ဟန်တို့ ပြောစကားကိုသာ သေချာ စူးစိုက်နားထောင်နေလိုက်သည်။

တစ်ဖက်မှကျိုးဟန်၏ အထိတ်အလန့်မေးသံက ထွက်ပေါ်လာခဲ့သည်။

"သားရှောင်...ဘာဖြစ်တာလည်း...အဆင်ပြေရဲ့လား...သားစိတ်လှုပ်ရှားနေတာလား..."

ရှောင်ဟန်က စိတ်လှုပ်ရှားမှုကြောင့် ထွက်ဟရန်ခက်ခဲနေပါသည့် လည်ချောင်းကို လက်နဲ့ အဆင်ပြေအောင်ထိန်းကိုင်လိုက်ပြီး

"အဲ့လိုမဟုတ်ပါဘူး...ကျွန်တော် အဆင်ပြေပါတယ်..."

"ဒါဆိုရင် အဖေဆက်ပြောမယ်နော်...သားယွင်က
သားရှောင်ကိုလည်း အဖေနဲ့အတူ လေဆိပ်ကို လာကြိုဖို့ အသိပေးလိုက်အုံးဆိုလို့ ...အဖေ သားကို အရင်ဆုံးဖုန်းဆက်အသိပေးတာ...
မနက်ဖြန် သားရှောင် အိမ်တော်ကို စောစော ထွက်လာခဲ့လိုက်..."

"ဟုတ်ကဲ့..."

"ဒါဆို အဖေ ဖုန်းချလိုက်တော့မယ်...တခြား ပြင်ဆင်စရာလေးတွေ ရှိသေးလို့..."

"ဟုတ့်..."

ရှောင်ဟန်သည် ချသွားပြီဖြစ်သည့် ဖုန်းကို အချိန်အတော်ကြာသည်အထိ မျက်တောင်မခတ်ကြည့်နေလေပြီး ထိုနေရာတွင်သာ ရပ်နေမြဲ... ။

အချိန်အခိုက်အတန့် တစ်ခုလောက်ရောက်မှ သူက သူ့ရှေ့မှာ ကွဲကြေနေတဲ့ ပန်းကန်ကွဲစတွေနဲ့အတူ သူ့ကို တအံတသြကြည့်နေပါသည့် ကျန်းဝမ်ရှင်းကို သတိထားမိလိုက်ပြီး အယောင်ယောင်အနနဖြင့် ပန်းကန်ကွဲစများကို ကောက်ကိုင်သိမ်းဆည်းရန် ပြုလုပ်လာခဲ့သည်။

ကျန်းဝမ်ရှင်က ရှောင်ဟန် အရှေ့မှာ ဒူးတုပ်ထိုင်ချလိုက်ပြီး သက်ပြင်းချကာ ပြောလာခဲ့သည်။

"ကောကော...ဒါတွေကို ကျွန်တော်ပဲ...ကောက်သိမ်းလိုက်မယ်...အခု ကော အရမ်းစိတ်လှုပ်ရှားနေတယ်...ကောသာ ဒါတွေကို ကောက်သိမ်းမယ်ဆိုရင် လက်ရှ သွားလိမ့်မယ်...စိတ်ငြိမ်အောင် ခဏ ထိုင်နေလိုက်...ပြီးရင် ကျွန်တော် သံပုရာရေတစ်ခွက် ဖျော်လာခဲ့ပေးမယ်...သွားထိုင်နေတော့..."

"အင်...ဒါဆို ကော မင်းကိုပဲ ခိုင်းရတော့မယ်..."

ရှောင်ဟန်က သူလည်းအခုချိန်မှာ တကယ်စိတ်လှုပ်ရှားနေရပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေတာကြောင့် မငြင်းဆန်တော့ပဲ ဝမ်းဝမ် ပြောသလိုသာ ဘေးနားရှိ ဆိုဖာတွင် ထိုင်နေလိုက်ရတော့သည်။

ရှောင်ဟန်သည် စိတ်လှုပ်ရှားစွာဖြင့် လက်ဆစ်ကလေးများကို ချိုးနေရင်းဖြင့် နောက်တစ်နေ့တွင် ကျိုးယွင်ကို ဘယ်လို ရင်ဆိုင်ရမလည်းဆိုသည်ကို...
အတွေးနယ်ကျွံနေခဲ့သည်။

ကျန်းဝမ်ရှင်းသည်လည်း ပန်းကန် အကွဲစများကို သိမ်းဆည်းနေရင်ပင် သူနဲ့ မလှမ်းမကမ်းတွင်ထိုင်နေပါသည့် ရှောင်ဟန်၏ အမူအရာ အလုံးစုံကို မသိမသာ အကဲခတ်လေ့လာနေခဲ့သည်။

------------------

Zawgyi

  ယမန္ေန႕သည္ ေရွာင္ဟန္သည္ကား သူ႕အတြက္ ဆိုင္ပိတ္သည့္ ေန႕ရက္ မဟုတ္ေပမဲ့လည္း ဆိုင္ကိုမသြားဘဲ တစ္ေန႕လုံးအိမ္တြင္သာ အခ်ိန္ကုန္ဆုံးရန္ ဆုံးျဖတ္ထားေလသည္။
Coffee ဆိုင္အတြက္ ယုံၾကည္ စိတ္ခ်ရတဲ့ ဝန္ထမ္းေတြကို ခန့္အပ္ထားတာျဖစ္သည့္ အတြက္ေၾကာင့္တစ္ရက္ေလာက္ သူ မသြားရင္လည္း ကိစၥအထူးအေထြ မရွိေပ။ ညေနေလာက္မွ ဆိုင္အေျခအေနကို သြားၾကည့္ရန္ သူ ဆုံးျဖတ္ထားသည္။

ေရွာင္ဟန္က နံနက္ ၇ နာရီေလာက္ကတည္းက
အစားအေသာက္မ်ားကို စိတ္ရွည္လက္ရွည္ျဖင့္ ခ်က္ျပဳတ္ေနခဲ့သည္။
သူက က်ိဳးယြင္ႀကိဳက္တတ္တဲ့ ပူတင္း နဲ႕ အစာသြပ္ဖက္ထုပ္ အရည္ေသာက္ကို အခ်ိန္အလုံအေလာက္ေပးၿပီး ဂ႐ုတစိုက္ စိတ္တိုင္းတက် ျပဳလုပ္ကာ
ဖက္ထုပ္မ်ားကိုလည္း လွပေသသပ္ေအာင္ ပုံသြန္းကာေနေလသည္။

ဒီႏွစ္သည္ က်ိဳးယြင္ ထြက္ခြာသြားသည့္ ၄ ႏွစ္ေျမာက္သည့္ ႏွစ္ျဖစ္သည္။ က်ိဳးယြင္ ျပန္မလာခဲ့တာ ၄ႏွစ္ပင္ရွိေခ်ၿပီ။ ဒီေကာင္ေလးက ဘာလို႔ ျပန္မလာေတာ့တာလည္း သူမသိေပမဲ့... ဒီေကာင္ေလး ျပန္ေရာက္လာရင္ ဒီေကာင္ေလးနဲ႕ သူ႕ရဲ႕ ဆက္ဆံေရးက အရင္လို မဟုတ္ေတာ့ဘဲ ေအးဆက္ဆက္နိုင္လာမွာကိုေတာ့ သူသိသည္။

သူ႕ဘက္လည္း က်ိဳးယြင္ျပန္ေရာက္လာခဲ့ရင္ ဘယ္လိုပုံစံမ်ိဳးနဲ႕ ဆီးႀကိဳမိမယ္ဆိုတာကို သူလုံးဝမသိဘူး။ အလားတူ က်ိဳးယြင္ဘက္ကလည္း သူ႕ကို ဘယ္လို တုန့္ျပန္ဆက္ဆံလာမယ္ဆိုတာကိုလည္း သူမခန့္မွန္းတတ္ဘူး။

ေသခ်ာတာ တစ္ခုကေတာ့ သူတို႔ႏွစ္ေယာက္လုံးရဲ႕ အေျခအေနက အရင္ကလို ႏြေးေထြးမႈ ရွိမွာ မဟုတ္ေတာ့ဘူးဆိုတာဘဲ..။

ခ်က္ျပဳတ္ၿပီးလို႔ အားလုံးအၿပီးအစီးတြင္
အခန္းရဲ႕ အခ်က္ျပ လူေခၚဘဲလ္တီးသံက ထြက္ေပၚလာခဲ့သည္။
ေရွာင္ဟန္က လုပ္ေနလက္စကို အျမန္လက္စသတ္
လိုက္ၿပီး အခန္းတံခါးဝင္ေပါက္ဆီကို ေလ်ာက္လွမ္းလာလိုက္သည္။
သူ အခန္းတံခါးရဲ႕ လူၾကည့္ေပါက္က တစ္ဆင့္ အျပင္ဘက္ကို ၾကည့္လိုက္ေတာ့ အထုပ္ႀကီး အထုပ္ငယ္မ်ားကို ဆြဲကာ ရပ္ေနေလသည့္ ဝမ္းဝမ္ ကို ေတြ႕လိုက္ရသည္။

ထိုအခါမွ ေရွာင္ဟန္က အခန္းတံခါးကို ဖြင့္ေပးလာခဲ့ၿပီး က်န္းဝမ္ရွင္းကို တအံတၾသ အမူအရာျဖင့္
ေျပာလာေလသည္။

"ဝမ္းဝမ္ ဒီေန႕က ဝမ္းဝမ္ရဲ႕ အလုပ္ပိတ္ရက္လား..."

က်န္းဝမ္ရွင္းက ေရွာင္ဟန္ကို ႏွာေခါင္းတခ်က္ရႈံ႕ျပလာၿပီး ႏႈတ္ခမ္းတစ္ခ်က္ဆူကာေျပာေလသည္။

"ေကာေကာကလည္း ပိတ္ရက္မဟုတ္ရင္ ကြၽန္ေတာ္က ဒီကိုမလာရေတာ့ဘူးလား...ဒါမွမဟုတ္
အိမ္ထဲကို ေပးဝင္ဖို႔ စိတ္ကူးမရွိတာလား...ဒီမွာ ပစၥည္းေတြသယ္ထားရတာ အေလးႀကီးေနာ္..."

ေရွာင္ဟန္က က်န္းဝမ္ရွင္းရဲ႕ အေျပာစကားေၾကာင့္ ေခါင္းတခ်က္ကုပ္လိုက္ၿပီးမွ လက္ထဲက အထုပ္ေတြကို ဆြဲယူကာ သယ္ကူလာသည္။

ေရွာင္ဟန္က အထုပ္ေတြကို က်န္းဝမ္ရွင္ဆီမွ ဆြဲယူရင္း ေျပာလာသည္။

"အဲ့လိုမဟုတ္ပါဘူး...ဘာလို႔ အဲ့လို ထင္ရတာလဲ...ေကာက မင္းကို ေမးၾကည့္တာပါ...လာခဲ့..အထဲကို ဝင္ရေအာင္..."

"ဟုတ္ကဲ့.. ေကာ..."

က်န္းဝမ္ရွင္းက ေရွာင္ဟန္ရဲ႕ တိုက္ခန္းေနရာ အႏွံ႕ကို ေဝ့ဝဲ အကဲခတ္ၾကည့္လိုက္ၿပီး

"ေကာေကာရဲ႕ အခန္းကေတာ့ ဘယ္အခ်ိန္ၾကည့္ၾကည့္ သန့္ရွင္းေနတာပါပဲ...ကြၽန္ေတာ့္ အခန္း သန့္ရွင္းတာ ေကာရဲ႕ တိုက္ခန္းကို မမွီဘူး..."

ေရွာင္ဟန္က က်န္းဝမ္ရွင္း ဝယ္လာခဲ့တဲ့ အသီးအႏွံအခ်ိဳ႕ကို ေရခဲေသတၱာထဲထည့္ေနရင္းျပန္ေျဖလာခဲ့သည္။

"ေကာက မင္းထက္ အလုပ္အားတယ္ေလ...အဲ့ေတာ့ တိုက္ခန္း အေနအထားက ဒီေလာက္ေတာ့ ရွိသင့္တာေပါ့...မဟုတ္ဘူးလား..."

"ဟုတ္ပါၿပီ...ေကာေကာေျပာတာမွန္ပါတယ္...ကြၽန္ေတာ္က ေကာထက္ အလုပ္ပို မ်ားတာ မွန္ပါတယ္...ဒါေပမဲ့ တျခားေထာက္လွမ္းေရး
ေအးဂ်င့္(SPY) ေတြနဲ႕ယွဥ္လိုက္ရင္ေတာ့ ကြၽန္ေတာ္က အအားယားဆုံးပဲဲဲဲေလ...အဲ့ဒါေၾကာင့္ အခုလို ေကာေကာဆီကို လာနိုင္တာ...ဒါနဲ႕ ဒီေန႕က ေကာရဲ႕ ဆိုင္ဖြင့္ရက္မဟုတ္လား...ဘာလို႔ ဆိုင္ကို မသြားတာလည္း...ကြၽန္ေတာ္က ေကာေကာကို ဆိုင္မွာရွိတယ္ထင္လို႔ ဆိုင္ကိုေတာင္ ေရာက္ခဲ့ၿပီးၿပီ...ဒီေန႕ေကာေကာက ဆိုင္လာဖို႔ နားထားတယ္ဆိုလို႔...ကြၽန္ေတာ္ ေကာအိမ္ကို လိုက္ခဲ့တာ....ေကာေကာေနမေကာင္းဘူးလား..."

ေရွာင္ဟန္က ေခါင္းခါျပလာၿပီး တစ္ခုခုကိုေတြးေတာမိလိုက္ဟန္ျဖင့္ အၿပဳံးေလးတပြင့္ မသိမသာ ၿပဳံးလိုက္မိေလသည္။ က်န္းဝမ္ရွင္းက ေရွာင္ဟန္ရဲ႕ ျမင္ရခဲတဲ့ အသက္ပါလွတဲ့ အၿပဳံးေလးကို ၾကည့္ၿပီး မေနနိုင္စြာျဖင့္ သူက ထပ္မံေမးလာခဲ့သည္။

"ေနေကာင္းတယ္ဆိုေတာ့...ဧကန္န ဒီေန႕က ေကာရဲ႕ ေမြးေန႕ေၾကာင့္မို႔လား"

ေရွာင္ဟန္က က်န္းဝမ္ရွင္းရဲ႕ အေျဖကို ေလးေလးနက္နက္ျဖင့္ျပန္ေျဖလာခဲ့သည္။

"ေမြးေန႕ေတာ့ ဟုတ္တယ္...ဒါေပမဲ့ ေကာရဲ႕ ေမြးေန႕ေတာ့ မဟုတ္ဘူး..."

ေရွာင္ဟန္၏ အေျဖစကားတြင္ လြမ္းစြက္တမ္းတသည့္ေလသံအသြားအလာေလး မသိမသာ ေရာရွက္ေနၿပီး သူ၏ မ်က္လုံးမ်ားကလည္း တစ္စုံတစ္ေယာက္ကို အမွတ္ရေနသည့္ဟန္ျဖင့္ ႐ႊန္းလဲ့လဲ့အေရာင္ေတာက္ပေနလ်က္ရွိသည္။

ဒီေန႕ရက္က က်ိဳးယြင္ရဲ႕ ၁၉ႏွစ္ျပည့္ ေမြးေန႕...
ဒါေပမဲ့ ဒီလိုေန႕ရက္မ်ိဳးမွာေတာင္ သက္ဆိုင္တဲ့သူက သူ၏အနားမွာ ရွိမေနနိုင္ပါေခ်။ ဒီလို ေန႕ရက္မ်ိဳးမွာေတာင္ က်ိဳးယြင္က သူ႕ဆီကို ဖုန္းဆက္မလာခဲ့ဘူး...
ၿပီးခဲ့တဲ့ ႏွစ္ေတြတုန္းကလည္း ဒီအတိုင္းပင္...

ေရွာင္ဟန္သည္ က်ိဳးယြင္ဘက္က ဆက္သြယ္လာခ်င္ရင္ အဆင္ေျပလြယ္ကူေစရန္အတြက္ သူ၏ ဖုန္းနံပါတ္ကိုေတာင္ ေျပာင္းလဲပစ္လိုက္ဖို႔ အစီအစဥ္ မရွိခဲ့ပါေခ်...။သူသည္ ယေန႕အခ်ိန္အထိ ဖုန္း ဆင္းကဒ္ကို ထုတ္မပစ္ရက္ခဲ့ေပ။
က်ိဳးယြင္ဘက္က ဆက္သြယ္လာလို ဆက္သြယ္လာငွားဆိုၿပီးေတာ့ ဒီအတိုင္း မေျပာင္းလဲဘဲ အသုံးျပဳခဲ့တာျဖစ္သည္။
ဒါေပမဲ့ က်ိဳးယြင္ကေတာ့...

တစ္ခ်ိန္တည္းမွာပင္ ေရွာင္ဟန္၏ မ်က္လုံးအေရာင္က ထိုအေတြးမ်ားေၾကာင့္ပင္ ျပန္လည္၍ ေမွးမွိန္လို႔သြားေလျပန္ပါသည္။

ေရွာင္ဟန္က သက္ျပင္းတစ္ခ်က္ခ်လိဳက္ၿပီး ေစာေစာက အမူအရာမ်က္ဝန္းအၾကည့္မ်ားႏွင့္ လုံးဝကို မတူညီပါသည့္ အသက္မပါသည့္ မ်က္ဝန္းေလးမ်ားျဖင့္ သူ႕ဘက္ကို ၾကည့္လာခဲ့ၿပီး

"ေရာက္တုန္းေလး...ေကာလုပ္ထားတဲ့...ဖက္ထုပ္နဲ႕ ပူတင္းေလး စားသြားပါလား...အခုေလာက္ဆို က်က္ၿပီ....ေကာလည္း...တစ္ေယာက္တည္းစားဖို႔...ပ်င္းေနတာ..အခု ဝမ္းဝမ္ လာတာေတာ့ အကိုက္ပဲျဖစ္သြားတယ္...စားမယ္ မို႔လား..."

က်န္းဝမ္ရွင္းက ေရွာင္ဟန္ကို ေခါင္းၿငိမ့္ျပလာၿပီး အၿပဳံးေလးစြက္ကာ အေျဖေပးလာခဲ့သည္။

"ဟုတ္...ကြၽန္ေတာ္လည္း...ဗိုက္ဆာေနတာဆိုေတာ့ အေတာ္ပဲ...ၿပီးေတာ့ ေကာေကာရဲ႕ လက္ရာေလးကို ဘယ္လိုေနလည္းဆိုတာ သိခ်င္တာလည္းပါေတာ့ မျငင္းေတာ့ဘူးေနာ္..."

"အင္း ဒါဆို...တီဗြီ ၾကည့္ရင္း ခဏေစာင့္ေနအူး...ေကာ ျပင္လာခဲ့မယ္..."

"ဟုတ္...ေကာေကာ..."

က်န္းဝမ္ရွင္းက မီးဖိုခန္းထဲကို ဝင္သြားေလၿပီျဖစ္သည့္ ေရွာင္ဟန္ရဲ႕ ေက်ာျပင္ေလးကိုၾကည့္ကာ သေဘာက်စြာ တစ္ခ်က္ၿပဳံးလိုက္မိၿပီး သူက အေတာ္အသင့္ က်ယ္ဝန္းလွတဲ့ ဧည့္ခန္းအေသးစားေလးဆီကို တီဗြီ ၾကည့္ၿပီးေစာင့္ရန္အတြက္ ထြက္လာခဲ့လိုက္သည္။

ေရွာင္ဟန္ေကာေကာရဲ႕ ကြန္ဒိုတိုက္ခန္းက အခုသူေနေနတဲ့ အိမ္ရဲ႕ ေအာက္ထပ္ တစ္ခုစာေလာက္က်ယ္ဝန္းသည္။ ေရွာင္ဟန္ေကာရဲ႕ တိုက္ခန္းက အထက္တန္းစားလူငယ္ေတြ ေစ်းႀကီးေပးငွားၿပီး သီးသန့္ေနထိုင္လိုသည့္ တိုက္ခန္းပုံစံမ်ိဳးျဖစ္ၿပီး အျပင္အဆင္အားလုံးက အထက္တန္းဆန္လွသည္။
မီးမွိန္မွိန္ေလးထြန္းထားတတ္တာကလြဲရင္ အရာအားလုံးက သူ႕ဟာနဲ႕သူ အဆင္ေျပေျပရွိလွသည္။

က်န္းဝမ္ရွင္းသည္ တီဗြီစင္ေပၚမွာတင္ထားသည့္ အ႐ုပ္အမ်ိဳးအစားအစုံအလင္ကို ၾကည့္ၿပီး တစ္ခ်က္ၿပဳံးမိလိုက္သည္။ ေရွာင္ဟန္ေကာေကာက ေအးစက္စက္ပုံစံေလးသာ ျဖစ္ေနတာ တကယ္ေတာ့ သူထင္ထားသလို မဟုတ္ခဲ့ဘူးပဲ...။
ေအးစက္စက္နိုင္တဲ့ပုံစံကို ေကာက ဟန္ျပတစ္ခုအေနနဲ႕ ထုတ္သုံးေနတာပဲ ျဖစ္ေလာက္မည္။ အေၾကာင္းအရင္းတစ္ခုခုေၾကာင့္သာ ေကာေကာက ဒီလိုပုံစံအျဖစ္ ယာယီေျပာင္းလဲသြားတာမ်ိဳးလည္းျဖစ္ေလာက္သည္။
ဘာေၾကာင့္လည္းဆိုေတာ့ သူေကာကို ပြန်ရင်းႏွိီးေအာင်လဳပ်ခဲ့ရတုန်းက ထင္သေလာက္မခက္ခဲခဲ့သည့္ အတြက္ေၾကာင့္သာ...
ေကာေကာရဲ႕ သူငယ္ခ်င္း အစ္ကို ေလာ့မင္ကို သူေမးၾကည့္ေတာ့ ေကာက အရင္တုန္းက ေပ်ာ္ေပ်ာ္ေနတတ္တယ္တဲ့...။

ေနာက္ၿပီး...ေရွာင္ဟန္ေကာေကာက သူ႕ေမြးစားအေဖရဲ႕ သားတစ္ေယာက္ကို လိုတာထက္ပိုဂ႐ုစိုက္ေပးတတ္ၿပီး ညီေလးအရင္းတစ္ေယာက္လို ၈ႏွစ္လုံးလုံး အေဖာ္ျပဳေပးခဲ့တယ္ ဆိုတာပဲ...
အဲ့ဒီေကာင္ေလးရဲ႕ အ႐ြယ္က သူ႕ထက္တစ္ႏွစ္ႀကီးၿပီး ေကာကိုလည္း အရမ္းသြယ္ကပ္ဆိုးႏြဲ႕တတ္တယ္တဲ့...။

နာမည္က က်ိဳးယြင္ဆိုလားပဲ...။

ေကာအခုျဖစ္ေနရတဲ့ အေၾကာင္းအရင္းကလည္း အစ္ကို ေလာ့မင္ေျပာသလို ...အဲ့ဒီလူထြက္သြားတာေၾကာင့္ပဲ ျဖစ္ေလာက္လား...
ဘယ္လိုလုပ္ျဖစ္နိုင္မွာလည္း...သူသိခဲ့ရတဲ့ ေကာေကာက ဒီလိုလူမ်ိဳးမဟုတ္ဘူး...ေကာက ကေလးအရမ္းခ်စ္တတ္တယ္...တစ္ေယာက္က ထြက္သြားရင္ေတာင္မွ ရွိေနေသးတဲ့ ကေလးတစ္ေယာက္
ကို ဆက္ခ်စ္ေနအူးမွာပဲ...
အခု ေကာေကာရဲ႕ ေဘးမွာ သူရွိေနတာပဲ...
အဲ့ဒီက်ိဳးယြင္ကိုမွ လိုမေနေတာ့ဘဲ ..

သူ ဆို ေကာနဲ႕ 11ႏွစ္လုံးလုံးခြဲခြာေနခဲ့ရတာ...
သူ႕အသက္ ၁၇ႏွစ္ USကျပန္လာၿပီး ႏွစ္ပတ္အၾကာမွာပဲ...ကံေကာင္းေထာက္မၿပီး
ေကာေကာနဲ႕ ေပက်င္း ေဂဟာမွာ အမွတ္မထင္
ျပန္ဆုံခဲ့ရတာ..
အဲ့ေန႕က သူသာ ေပက်င္းက ေဂဟာကို မသြားခဲ့ရင္..
ေကာသာ မလာခဲ့ရင္...
ေကာနဲ႕ သူ၏ ေတြ႕ဆုံမႈ႕က ဒီထက္ေနာက္က်သြားနိုင္သည္။

အဲ့ဒီ့ က်ိဳးယြင္နဲ႕ ေကာေကာရဲ႕ ၄ႏွစ္တာ ခြဲခြာရမႈက သူနဲ႕ ခြဲခြာခဲ့ရတဲ့ ၾကာခ်ိန္နဲ႕ယွဥ္ရင္ ဘာမွကို မေျပာပါးေလာက္ေသးဘူးလို သူထင္မိသည္။
ေနာက္ၿပီး ေကာေကာရဲ႕ အေၾကာင္းေတြကို သူဆုံစမ္းလိုက္တိုင္း အဆက္အသြယ္မရဘဲ အၿမဲ ျပတ္ေတာက္သြားတတ္တာ ေသြးရိုးသားရိုးဆိုတာ လုံးဝကို မျဖစ္နိုင္ဘူး...

သူခန့္မွန္းထားတာသာ မမွားဘူးဆိုရင္ ဒီကိစၥရဲ႕ အဓိက တရားခံက အဲ့ဒီက်ိဳးယြင္ဆိုတဲ့ေကာင္ပဲ...
က်ိဳးယြင္က ဘာေၾကာင့္မို႔ ေကာေကာနဲ႕ သူရဲ႕ ၾကားကို ဝင္ရႈပ္တာကို သူမသိေပမဲ့...
ေသခ်ာတာတစ္ခုက ဒီကိစၥက
ေကာင္းမြန္တဲ့ အရာမဟုတ္ဘူးဆိုတာပဲ

အခု ကံၾကမၼာက သူ၏ ဘက္တြင္ရွိေနၿပီျဖစ္သည့္အတြက္ေၾကာင့္ သူသည္လည္း ဒီအခ်ိန္အတိုအေတာအတြင္းမွာ ေရွာင္ဟန္ေကာေကာကို အရင္ကထက္ ပိုၿပီးနီးစပ္မႈ႕ရယူရန္ဆုံးျဖတ္ထားသည္။

ေကာေကာကို ထိုသူဘက္က ဘယ္လို သတ္မွတ္လည္းဆိုတာ သူမသိေပမဲ့...
သူ႕ဘက္ကေတာ့ ေကာေကာကို တန္ဖိုးထားသည္... ျမတ္နိုးသည္...တြယ္တာရသည္...ဒါက အရင္ကတည္းက...
သူ သိတတ္စအ႐ြယ္ထဲက ေကာေကာကို အစ္ကိုတစ္ေယာက္လို ဆိုတာထက္ တစ္ဆင့္ပိုၿပီး အမည္တပ္ဖို႔ ခက္ခဲသည့္ စိတ္ခံစားခ်က္တစ္ခုရွိေနခဲ့သည္။

အခု အဲ့ဒီအမည္တပ္ဖို႔ ခက္ခဲပါသည့္
စိတ္ခံစားခ်က္ကို ေရွာင္ဟန္ေကာေကာနဲ႕ ေဝးကြာေနခဲ့ရတဲ့ တစ္ေလ်ာက္လုံး အမည္အမ်ိဳးမ်ိဳးတပ္ၾကည့္ၿပီး ဘယ္လိုခံစားခ်က္မ်ိဳးလည္းဆိုတာ ေဝခြဲမရ ျဖစ္ခဲ့ရဖူးသည္။
ဒါေပမဲ့ ေဝးကြာခဲ့ရတာ ၾကာလာသည္ႏွင့္အမွ် ေကာေကာအေပၚမွာထားရွိခဲ့တဲ့ သူ၏ စိတ္ခံစားခ်က္သည္လည္း တျဖည္းျဖည္း ရွင္းရွင္းလင္းလင္းသိျမင္လာခဲ့ရသည္။

ယခု အခ်ိန္တြင္ ေသခ်ာသည့္ အမွန္တရားက
သူ ေကာေကာအေပၚမွာ ေမတၱာရွိေနၿပီဆိုတာပင္...
သူ ေကာကို က်ိဳးယြင္ဆီမွ တရားတဲ့ နည္းလမ္းသုံးၿပီး ျပန္ယူမည္။

ေရွာင္ဟန္ဆိုတာ...အရင္ကတည္းက သူ စ ပိုင္ခဲ့တဲ့
လူတစ္ေယာက္ပဲ မဟုတ္လား...

ဧည့္ခန္းအတြင္းကို ဝင္လာေလၿပီျဖစ္သည့္
ေရွာင္ဟန္သည္ က်န္းဝမ္းရွင္း ကိုင္တြယ္ေနေလသည့္ အရာမ်ားက တစ္ခ်ိန္တုန္းက က်ိဳးယြင္ဆီက သူ ရရွိခဲ့ပါသည့္ လက္ေဆာင္ဟုအမည္တပ္၍မရေလသည့္ အ႐ုပ္မ်ားကို ၾကည့္ၿပီး ဝမ္းနည္းစိတ္မ်ားက အတိုင္းသားဝင္ေရာက္လာရသည္။

သူ က်ိဳးယြင္ကို အမွတ္မရေအာင္ေနဖို႔ႀကိဳးစားတိုင္း က်ိဳးယြင္နဲ႕ သက္ဆိုင္သည့္ အရာမ်ားက သူ႕မ်က္စိေရွ႕ကို ဝင္ေရာက္လာၿမဲ...

ယခုတြင္ သူ႕ဘက္က က်ိဳးယြင္ကို ဘယ္ေလာက္ပဲ စိတ္ကြက္ စိတ္ပ်က္ေနခဲ့ပါေစ...သူ႕ရဲ႕ ႀကိဳးစားမႈေတြက က်ိဳးယြင္နဲ႕ ပတ္သတ္တဲ့ တစ္ခ်ိဳ႕အရာေတြကို မျမင္ရခင္အထိပါပဲ...

ဒီအရာေတြက က်ိဳးယြင္နဲ႕ သက္ဆိုင္တဲ့အရာေတြ
အမွတ္တရေတြအားလုံးကို ေမ့ပစ္လိုက္ဖို႔ႀကိဳစားေနတဲ့ သူ႕ရဲ႕စိတ္ကို ေထြျပားလာေစသည္။
သူ ဘယ္ေလာက္ပဲ က်ိဳးယြင္ကို စိတ္ကြက္ေနခဲ့ပါေစ...က်ိဳးယြင္အေၾကာင္းကိုမေတြးမိခဲ့တဲ့ ေန႕ တစ္ေန႕မွမရွိေပ။

ဒါ့ေၾကာင့္ ၃ႏွစ္အၾကာမွာ သူသတ္မွတ္ထားလိုက္ရသည့္ သတ္မွတ္ခ်က္က...
သူ႕ဘက္က စိတ္ပ်က္ စိတ္ကြက္ေနခဲ့တဲ့ က်ိဳးယြင္က ပစၥဳပၸန္က က်ိဳးယြင္သာ ျဖစ္ၿပီး
အတိတ္က လိမၼာရိုက်ိဳးခဲ့တဲ့ အားယြင္ေလးနဲ႕ လုံးဝမသက္ဆိုင္ဘူးဆိုတာပဲ...

အဲ့ဒါေၾကာင့္ သူ အရင္က က်ိဳးယြင္ေပးခဲ့တဲ့ ဘယ္အရာကိုမွ စြန့္လြတ္ပစ္ဖို႔ မစဥ္းစားေတာ့ဘဲ ဒီကြန္ဒို တိုက္ခန္းကို အပါယူေဆာင္လာခဲ့သည္။
က်ိဳးယြင္နဲ႕ သက္ဆိုင္တဲ့ ဘယ္အရာကိုမွ သူစြန့္လြတ္မွာ မဟုတ္သလို...က်ိဳးယြင္နဲ႕ ပတ္သတ္တဲ့ အမွတ္တရေတြကိုလည္း သူေမ့ေဖ်ာက္ပစ္မွာမဟုတ္ဘူး...

အမွားလုပ္ခဲ့သည့္ သူက လက္ရွိ က်ိဳးယြင္ေလ...
အတိတ္က အားယြင္ေလးမွ မဟုတ္ဘဲ....

ဒါေၾကာင့္လည္း ယခုအခ်ိန္တြင္ သူေျဖသာေနနိုင္တာျဖစ္သည္။

ေရွာင္ဟန္က သူ႕အေတြးေတြကို ရပ္တန့္လိုက္ၿပီး အစားအေသာက္ေတြ ရၿပီျဖစ္ေၾကာင္း က်န္းဝမ္ရွင္းကို အသိေပးလာသည္။

"ဝမ္းဝမ္...ဒီမွာ စားစရာေတြေရာက္လာၿပီ...ပူတုန္းေလးစားရေအာင္...အ႐ုပ္ေတြကို ေလ်ာက္ကိုင္မေနနဲ႕ေတာ့..."

က်န္းဝမ္ရွင္းက အစားအေသာက္ေတြ ျပင္ဆင္ခင္းက်င္းေနတဲ့ ေရွာင္ဟန္ဆီကို ေလ်ာက္လွမ္းလာခဲ့ၿပီး

"ေကာေကာက...ဒီအ႐ုပ္ေတြကို ကြၽန္ေတာ္ထိတာ မႀကိဳက္လို႔လား..."

ေရွာင္ဟန္က က်ိဳးယြင္ဆီမွရခဲ့သည့္ အမွတ္တရ အ႐ုပ္ေတြဆီကို တစ္ခ်က္လွမ္းၾကည့္လိုက္ၿပီး
စိတ္ရႈပ္ေထြးေနရပါသည့္ ေလသံေလးျဖင့္
ခပ္သိမ္သိမ္ျပန္ေျဖလာခဲ့သည္။

"မႀကိဳက္လို႔...မဟုတ္ပါဘူး...ဒီအတိုင္းပါပဲ...လာေလ...စားၾကရေအာင္..."

ေရွာင္ဟန္က အစားအေသာက္ေတြကို က်န္းဝမ္ရွင္း
လွမ္းယူရ အဆင္ေျပေစရန္ ေနရာ ေ႐ြ႕ေပးေနခ်ိန္တြင္ သူ၏ အက္်ီအတြင္းထဲမွ သူ မခြၽတ္ဘဲအၿမဲဝတ္ဆင္ခဲ့ပါသည့္ ဆြဲႀကိဳးေလးက ေလ်ာထြက္လာခဲ့တာကို သတိမထားမိလိုက္ေပ။

ေရွာင္ဟန္ကို မသိမသာ အၿမဲ အရိပ္တၾကည့္ၾကည့္ျဖင့္ ၾကည့္ေနတတ္ပါသည့္ က်န္းဝမ္ရွင္းက ေလ်ာက်လာခဲ့တဲ့ဆြဲႀကိဳးကို ခ်က္ခ်င္းပင္ ျမင္လိုက္ေလၿပီး အေသအခ်ာ အကဲခတ္ကာၾကည့္႐ူ႕လာခဲ့ေလသည္။

က်န္းဝမ္ရွင္းက ေရွာင္ဟန္ကို မည္သည့္စကားမွ မဆိုေသးဘဲ အခ်ိန္ၾကာသည္အထိ ဖက္ထုပ္မ်ားကို တူျဖင့္ႏွိုက္ယူစားေနရင္းျဖင့္ပင္ ဆြဲႀကိဳးကို ေလ့လာၾကည့္ရႈ႕ေနခဲ့သည္။

အတန္ၾကာမွာေတာ့ က်န္းဝမ္ရွင္းက တစ္စုံတစ္ရာကို သိခ်င္ပါသည့္ဟန္ျဖင့္ တူကို ခ်လိဳက္ၿပီးေနာက္ တဖန္ တူကို ျပန္ကိုင္လိုက္ေလၿပီး အဖန္ဖန္ ဆုံးျဖတ္ရခက္ေနေလေတာ့သည္။
သူဆုံးျဖတ္ရခက္ေနတာက ဒီ water drop ပုံစံဆြဲႀကိဳးကို ေကာကို ခဏျပေပးဖို႔ ဘယ္လို ေျပာၾကည့္ရမလည္းဆိုတာပဲ...
ေကာေကာက သူ႕အေပၚမွာ အတိုင္းအတာတစ္ခုအထိကို မဟုတ္ဘဲ ထင္သေလာက္ကို ရင္းႏွီးမလာေသးဘူးလို႔ သူခံစားေနရသည္။ ေကာေကာက ဆြဲႀကိဳးကို ျပဖို႔ျငင္းဆန္လာရင္ေရာ...စိတ္ထင့္သြားမွာလည္း ဆိုးရေသးသည္။
သူ႕လို ေထာက္လွမ္းေရးေအးဂ်င့္တစ္ေယာက္အေနနဲ႕
ဒီလို ပစၥည္းဆြဲႀကိဳးမ်ိဳးက ထင္သေလာက္မရိုးရွင္းဘူးဆိုတာ အလိုလိုေနရင္း ခံစားေနရသည္။

ေနာက္ဆုံးတြင္ က်န္းဝမ္ရွင္းက မေနနိုင္စြာနဲ႕ပဲ တူကိုခ်လိဳက္ေလၿပီး ေမးလာခဲ့သည္။

"ေကာေကာ...ဟို...စိတ္မရွိဘူးဆိုရင္...ေကာလည္ပင္းမွာ ဆြဲထားတဲ့ ဆြဲႀကိဳးေလးကို ကြၽန္ေတာ့္ကို ခြၽတ္ၿပီး ျပေပးၾကည့္လို ရမလား... ခဏေလးပါဘဲ..."

ထိုအခါမွ ေရွာင္ဟန္က သူ႕ရဲ႕ ရင္ဘတ္ကို ျပန္စမ္းကိုင္ၾကည့္လိုက္ေလၿပီး သူဆြဲထားတဲ့ ဆြဲႀကိဳးက အျပင္ကို ထြက္ေနတယ္ဆိုတာ သတိထားမိသြားေလသည္။

ေရွာင္ဟန္က က်ိဳးယြင္ေနာက္ဆုံး ေပးခဲ့သည့္ လက္ေဆာင္ဟုမွတ္ယူထားခဲ့ရသည့္ တန္ဖိုးအထားဆုံးဆြဲႀကိဳးေလးကို လူတိုင္းကို ထုတ္ျပဖို႔ စိတ္ကူး လုံးဝရွိမေနခဲ့ပါေပ။ ဒါေၾကာင့္လည္း သူက အၿမဲတမ္း အက္်ီေအာက္မွာပဲ ထားၿပီး ဝတ္ဆင္ခဲ့တာျဖစ္သည္။

ေရစက္ပုံဆန္ အလွေဖာ္ထားၿပီး စိန္တစ္ပြင့္ကပ္ထားတဲ့ ဆြဲႀကိဳးေလးက အရမ္းလွေနခဲ့ေပမဲ့...
ဝတ္ဆင္လာခဲ့တဲ့ အခ်ိန္ကာလပတ္လုံး မည္သူ႕ကိုမွ မျမင္ေစခ်င္၍ သူ ထုတ္ေတာင္ဝတ္မျပခဲ့ပါေပ။

က်ိဳးယြင္ဘက္က ဒီဆြဲႀကိဳးေလးကို ဘာ့ေၾကာင့္မခြၽတ္ခိုင္းတာလည္းဆိုတာ သူတကယ္မသိေပမဲ့

သူကေတာ့ ေပ်ာက္ပ်က္သြားမွာဆိုးလို႔ကို လုံးဝ...လုံးဝမခြၽတ္ပစ္ခဲ့ဘူး...လက္ရွိက်ိဳးယြင္အေပၚမွာ ေသေလာက္ေအာင္ စိတ္ကြက္ စိတ္ပ်က္ေနရင္ေတာင္မွေပါ့...

ဒါက တစ္ခ်ိန္က အားယြင္ရဲ႕ စကားကို နားေထာင္တာလည္း မဟုတ္သလို...လက္ရွိက်ိဳးယြင္ကို စိတ္မေကာင္းျဖစ္သြားမွာ ဆိုးလို႔လဲ မဟုတ္ဘူး...

ဒီလည္ဆြဲေလးရရွိလိုက္ကတည္းက ျဖစ္တည္လာခဲ့တဲ့...ဒီပစၥည္းေလးအေပၚမွာထားရွိသည့္ သူ၏ တန္ဖိုးထားျမတ္နိုးမိတဲ့ စိတ္ေၾကာင့္ပဲ...
က်န္သည့္ မည္သည့္ အရာနဲ႕မွ ဒီလည္ဆြဲျဖစ္တည္မႈ႕
က မသက္ဆိုင္ပါ...

ေရွာင္ဟန္က လည္ဆြဲေလးကို သူ႕အက္်ီ ရင္ဘတ္ထဲ အျမန္ထည့္လိုက္ၿပီး က်န္းဝမ္ရွင္းကို စိတ္မေကာင္း မျဖစ္သြားေစရန္ အၿပဳံးေလးစြက္ကာ ေျပာလာခဲ့သည္။

"ဒီဆြဲႀကိဳးေလးက...အေဆာင္သေဘာအျဖစ္နဲ႕ ေကာဆြဲထားတာေလ ... ဝတ္ထားတာႏွစ္ေတာင္အေတာ္ၾကာေနၿပီ အေဆာင္ဆိုေတာ့ ခြၽတ္လို႔ မရဘူးလို႔ေျပာထားတယ္...ဒါ့ေၾကာင့္ ေကာ မင္းကို ခြၽတ္ျပလိုက္လို႔ မရဘူးေလ...ဒီအတိုင္း အနီးကပ္ႀကီး
မင္းကို ျပဖို႔ကလည္း ေကာအတြက္ အဆင္မေျပဘူး...မင္း ေကာကို နားလည္ေပးမယ္မဟုတ္လား..."

ေရွာင္ဟန္က က်န္းဝမ္းရွင္းကို အခုလို ျငင္းဆန္ၿပီး လိမ္ေျပာလိုက္ရလို႔ လုံးဝစိတ္မေကာင္းျဖစ္မိေပမဲ့ ဒီလိုလုပ္လိုက္ဖို႔ကလြဲၿပီး သူလည္း တကယ္ဘာမွကို မတတ္နိုင္ဘူးျဖစ္ေနေလသည္။

က်န္းဝမ္ရွင္းက ေရွာင္ဟန္အေျဖစကားေၾကာင့္ မ်က္ႏွာတစ္ခ်က္ပ်က္သြားရေပမဲ့ အျမန္ျပန္ျပင္လိုက္ၿပီး

"ဟုတ္ပါၿပီ...ဒါဆိုလည္း...ေကာဆႏၵရွိတဲ့ တစ္ေန႕မွေပါ့..."

ႏွစ္ဉီးႏွစ္ဖက္စလုံးဘက္က အခ်ိန္အတန္ၾကာသည္အထိ မည္သည့္ စကားမွ်မဆိုေတာ့ပါဘဲ စားလက္စကို အျမန္ အဆုံးသတ္လိုက္ၾကသည္။

က်န္းဝမ္ရွင္းက တိတ္ဆိတ္ေနတဲ့ အခန္းတြင္းေလထုကို သူ႕ဘက္ကပဲ စတင္ၿဖိဳခြင္းလိုက္ရသည္။
ေရွာင္ဟန္ေကာေကာဘက္က သူ႕ကို
ဘယ္လိုစကား စဆိုရမလည္း အခက္ေတြ႕ေနသည္ မဟုတ္လား...

သူ ေကာေကာကိုအဲ့လို အခက္မေတြ႕ေစခ်င္ဘူး...

"ေကာေကာ...ေကာ လုပ္ထားတဲ့ အစာသြပ္ ဖက္ထုပ္က တကယ္စားလို႔ေကာင္းတယ္...ပူတင္းကေတာ့ ကြၽန္ေတာ့္ အႀကိဳက္မဟုတ္ေပမဲ့ တကယ္အရသာရွိတယ္..."

ေရွာင္ဟန္က က်န္းဝမ္ရွင္းရဲ႕ ခ်ီးမြမ္းေနသည့္စကားကို ေခါင္းၿငိမ့္ကာ အသိအမွတ္ျပဳေပးလာၿပီး စားေသာက္ၿပီးသား ပန္ကန္မ်ားကို ေဆးရန္အတြက္ သိမ္းဆည္းကာေနေလသည္။
က်န္းဝမ္ရွင္းက တစ္ခ်က္တစ္ခ်က္တြင္ နားလည္ရခက္ပါသည့္ ေရွာင္ဟန္ကို ၾကည့္ၿပီး ဘာဆက္လုပ္ရမွန္းမသိေအာင္လမ္းစေပ်ာက္ေနေတာ့သည္။

ေရွာင္ဟန္က ဟိုးအရင္တုန္းကထက္ အစစအရာရာ မတူေနပါေတာ့ဘဲ ေအးစက္စက္ ျဖစ္ေနသည့္ အတြက္ေၾကာင့္ သူလည္း ေရွ႕တိုးခရီးဆက္ရန္ တြန့္ဆုပ္ေနရေတာ့သည္။
အရင္ကလို ေပ်ာ္ေပ်ာ္ေနတတ္ၿပီး ႏြေးေထြေဖာ္ေ႐ြတတ္တဲ့ ေရွာင္ဟန္သာ ျဖစ္ေနခဲ့ပါက အဆင့္တက္ရင္ႏွီးမႈရယူရန္ ယခုေလာက္ ခက္ခဲမည္ မဟုတ္ပါ။

ေရွာင္ဟန္ ပန္ကန္ေတြ သိမ္းဆည္းၿပီး ေဆးေၾကာရန္အတြက္ ထဖို႔ျပင္လိုက္ေတာ့ စားပြဲေပၚတြင္ တင္ထားသည့္ သူ၏ ဖုန္းက ဖုန္းေခၚဆိုသံ ျမည္လာခဲ့သည္။

ဖုန္း screenမွာေပၚေနသည့္ ဖုန္းနံပါတ္စိမ္းကို ျမင္လိုက္ရသည့္အခါတြင္ ေရွာင္ဟန္
၏ မ်က္ဝန္းမ်ားက ေမွ်ာ္လင့္ခ်က္အရိပ္အေယာင္တစြန္းတစ္စ ထင္ဟပ္လာခဲ့သည္။

ေရွာင္ဟန္က သူ႕အမူအရာကို တအံတၾသျဖင့္ၾကည့္ရႈ႕လာသည့္ က်န္းဝမ္ရွင္းကိုေတာင္ သတိမမူမိေတာ့ဘဲ လက္ထဲက ပန္ကန္ေတြကို စားပြဲေပၚအျမန္တင္လိုက္ၿပီး စိတ္လႈပ္ရွားမႈေၾကာင့္ မသိမသာ တုန္ယင္ေနပါသည့္ လက္ေခ်ာင္းရွည္သြယ္သြယ္ေလးျဖင့္ ဖုန္းအဝင္ေကာကို လက္ခံရန္ screen ကို ပြတ္ဆြဲလိုက္ေလသည္။

ေရွာင္ဟန္က သူ႕စိတ္ကို တစ္ထစ္ေလ်ာ့ခ်လိဳက္ၿပီး သက္ျပင္းတစ္ခ်က္ ရႈထုတ္လိုက္ကာ စိတ္ကို အတတ္နိုင္ဆုံးေလ်ာ့ခ်လိဳက္သည္။
အခု ေရွာင္ဟန္က သူျဖစ္ေနတဲ့ ပုံစံကို ဘယ္လို ပုံစံျဖစ္ေနလည္းဆိုတာကို ျပန္လည္ဆန္းစစ္ဖို႔ စိတ္ကူး လုံးဝ မရွိဘူး။
အခုခ်ိန္မွာ သူ သိတာက သူ တစ္စုံတစ္ေယာက္ရဲ႕ အသံကို နားေထာင္ခ်င္တယ္... ၾကားခ်င္တယ္ဆိုတာပဲ...
တစ္ႀကိမ္တစ္ခါေလးပဲျဖစ္ျဖစ္...

အဲ့လိုသာဆိုရင္ သူ႕အတြက္ လုံေလာက္သြားၿပီ...
သူ ေလာဘ မႀကီးဘူး...

လက္ရွိ က်ိဳးယြင္ကို စိတ္ပ်က္ေနမိရင္ေတာင္မွ သူ က်ိဳးယြင္အသံကို တစ္စြန္းတစေလာက္ၾကားခ်င္ပါေသးသည္။

က်ိဳးယြင္ရဲ႕ အသံကို ၾကားၿပီးတာနဲ႕လည္း ဖုန္းခ်ပစ္ဖို႔ သူဆုံးျဖတ္ထားသည္။
ဘာ့ေၾကာင့္လည္းဆိုေတာ့
သူၾကားခ်င္တာက က်ိဳးယြင္ရဲ႕
ဟယ္လို ...ဆိုတဲ့ အသံတစြန္းတစေလး ျဖစ္ေနလို႔ပဲ

က်ိဳးယြင္ရဲ႕ ေျမာက္မ်ားလွတဲ့ အေၾကာင္းျပခ်က္ေကာင္းေတြကို မဟုတ္ဘူး...

ေရွာင္ဟန္၏ ေမွ်ာ္လင့္ခ်က္အေရာင္သန္းေနပါသည့္ မ်က္ဝန္းမ်ားက ဖုန္းတစ္ဖက္မွ ထြက္ဟလာခဲ့သည့္ အသံေၾကာင့္ ခ်က္ခ်င္းလက္ငင္းပဲ ပယ္လြင့္သြားရသည္။ ဘာ့ေၾကာင့္ဆို ေလာ့မင္က ဖုန္းနံပါတ္ အသစ္တစ္ခုကို အသုံးျပဳၿပီး ဆက္သြယ္လာခဲ့တာေၾကာင့္ပင္...

ဖုန္းတစ္ဖက္မွ ေလာ့မင္၏ စိတ္ပ်က္လက္ပ်က္ ျဖစ္ေနပါသည့္ စကားသံသည္ ေရွာင္ဟန္၏ ျပန္လည္ေခ်ပသံကိုမၾကားရ၍ ထပ္မံ၍ပင္ ခပ္က်ယ္က်ယ္ျဖင့္ ထြက္ဟလာခဲ့သည္။

"ေရွာင္ဟန္...မင္းၾကားရင္လည္း...ငါ့ကို ျပန္ေျဖပါဉီးကြာ...ဒီမွာ..မင္းရဲ႕ ေၾကာင္က ငါ့အိမ္မွာ အၿငိမ္မေနဘူး ေသာင္းၾကမ္းေနတယ္...ငါ ဒီေကာင္ကို သည္းမခံနိုင္ေတာ့ဘူး...ငါ့စကားကိုလည္း နားမေထာင္ဘူး...ကုပ္လည္းကုပ္တယ္...အဲ့ဒါ ျဖစ္နိုင္ရင္ မင္းအျမန္ဆုံးလာေခၚပါေတာ့ကြာ...ဟာ...ေဟ့ေၾကာင္...ေဟ့ေၾကာင္...အဲ့ငါးေၾကာ္က မင္းအတြက္ မဟုတ္ဘူး...ငါ ညေရာက္ရင္စားဖို႔ခ်န္ထားတာ...မင္းကို ေကြၽးၿပီးၿပီပဲ...က်စ္!...ေရွာင္ဟန္ ငါေနာက္မွ ေခၚေတာ့မယ္...မင္းရဲ႕ ေၾကာင္ကို အျမန္လာေခၚေတာ့...ဒါပဲ...အခု မင္းေၾကာင္ေၾကာင့္ ငါ မအားဘူး...ဖုန္းခ်လိဳက္ေတာ့မယ္..."

တစ္ဖက္မွ ဝင္လာသည့္ဖုန္းကို ကိုင္လိုက္စဥ္က ေရွာင္ဟန္က စိတ္လႈပ္ရွားေနသည့္အတြက္ေၾကာင့္ စပီကာကို ပိတ္ဖို႔ေမ့သြားခဲ့တာျဖစ္လို႔ က်န္းဝမ္ရွင္းလည္း တစ္ဖက္က အစ္ကို ေလာ့မင္ဆီမွ စကားသံမ်ားကို ၾကားလိုက္ရေလသည္။

ေရွာင္ဟန္ရဲ႕ မ်က္ႏွာက အစ္ကို ေလာ့မင္ေျပာသည့္ စကားေၾကာင့္ မ်က္ႏွာပ်က္သြားတာ မဟုတ္မွန္း သူ ရိပ္မိသည္။

ေကာေကာက သူေမွ်ာ္လင့္ထားတဲ့ သူဆီက ဖုန္းဟုတ္မေနလို႔ ယခုလို စိတ္မေကာင္းျဖစ္ကာ မ်က္ႏွာပ်က္သြားတာကို သူသိေနသည္။
ဒီေန႕က ေရွာင္ဟန္ေကာေကာေျပာသလို ေကာရဲ႕ ေမြးေန႕ မဟုတ္ဘူးဆိုမွေတာ့...တျခားျဖစ္နိုင္ေျခအမ်ားဆုံးလူက က်ိဳးယြင္မဟုတ္လား...

ေကာေကာ...ေမွ်ာ္လင့္ေနတဲ့ ဖုန္းအဝင္call ကလည္း...အဲ့ ...က်ိဳးယြင္ဆိုတဲ့ ေကာင္ဆီကပဲေနမွာေပါ့...

ေကာေကာရဲ႕ တိုက္ခန္းမွာ က်ိဳးယြင္ရဲ႕ ဓာတ္ပုံရွိမေနသည့္ အတြက္ေၾကာင့္ က်ိဳးယြင္ဆိုတဲ့လူအေပၚမွာ
ေရွာင္ဟန္ေကာေကာက အစ္ကိုေလာ့မင္ေျပာသေလာက္ သံေယာဇဥ္ ရွိေနလိမ့္မယ္လို႔ သူမထင္မိခဲ့ဘူး...

အခုေတာ့...သူ႕အေတြးေတြ မွားယြင္ေနေၾကာင္း လက္ရွိေရွာင္ဟန္ ျဖစ္ေနသည့္ မ်က္ႏွာအမူအရာကပဲ သက္ေသျပေနေလၿပီ...

သူ...က်ိဳးယြင္ဆိုတဲ့ ေကာင္ကို လုံးဝ မျမင္ဖူးေသးေပမဲ့...

သူ႕ထက္ ဘယ္လို နိုင္ကြက္မ်ိဳးနဲ႕ အရည္အခ်င္းမ်ိဳးရွိေနမလည္း ဆိုတာကိုေတာ့ အမွန္တကယ္စိတ္ဝင္စားလာရသည္။
သူသိခ်င္ပါသည္...သူ၏ ၿပိဳင္ဘက္က်ိဳးယြင္က...
ဘယ္လို...အရည္အခ်င္းမ်ိဳးပိုင္ဆိုင္ထားမယ့္လူမ်ိဳးဆိုတာကို...

လူတိုင္းက အရည္အခ်င္းရွိတဲ့ ၿပိဳင္ဘက္ေကာင္းနဲ႕ဘဲ ယွဥ္ၿပိဳင္စိန္ေခၚခ်င္ၾကတာ မဟုတ္လား...

အဲ့ဒီေတာ့ က်ိဳးယြင္ဆိုတဲ့ ေကာင္က အေရအခ်င္းရွိတဲ့ ၿပိဳင္ဘက္ေကာင္းတစ္ေယာက္ဟုတ္မဟုတ္ သူသိခ်င္လာမိသည္။
ဒီလို သတ္မွတ္လိုက္လို႔
ေရွာင္ဟန္ေကာေကာက ၿပိဳင္ပြဲအတြက္ ၾကားခံ ပစၥည္းအ႐ုပ္တစ္ခုလိုမ်ိဳးလည္း ျဖစ္သြားမွာမ်ိဳးမဟုတ္ဘူး...အျဖစ္လည္း မခံဘူး...

ေရွာင္ဟန္ေကာေကာက ယွဥ္ၿပိဳင္သူႏွစ္ေယာက္ထဲက အနိုင္ရရွိသူရဲ႕ ေအာင္ျမင္မႈအေနနဲ႕ ရရွိလာမဲ့ ဆုလာဒ္ပဲ...ဟုတ္တယ္...ေရွာင္ဟန္ေကာေကာက ဆုလာဒ္...တန္ဖိုးရွိတဲ့ ဆုလာဒ္...

က်န္းဝမ္ရွင္းက သူ၏ အေတြးေတြကို ရပ္တန့္လိုက္ၿပီး အမူအရာမဲ့ျဖစ္ေနတဲ့ ေရွာင္ဟန္ကို ရယ္သံခပ္လြင့္လြင့္ေလးျဖင့္ေျပာလိုက္သည္။

"အစ္ကို ေလာ့မင္...ဖုန္းဆက္အသိေပးမွပဲ...ေကာေကာရဲ႕ ေၾကာင္ ဒီမွာ မရွိတာ ကြၽန္ေတာ္သတိထားမိေတာ့တယ္...snowကေကာေကာက လြဲၿပီးက်န္တဲ့လူကို လုံးဝ မကပ္တာကို သိရက္နဲ႕ ဘာလို႔ တျခားကို ပို႔ထားရတာလည္း...ၿပီးေတာ့ ေကာေကာက snowကို သိပ္ခ်စ္တာပဲ မဟုတ္လား..."

"ဟို...ၿပီးခဲ့တဲ့ အပတ္က ေကာအရမ္းဖ်ားေနလို႔... ေလာ့မင္ဆီ ပို႔ထားလိုက္ရတာပါ...တျခားက်န္တာ ဘာမွမဟုတ္ဘူး..."

ေရွာင္ဟန္က က်န္းဝမ္ရွင္းကို ထပ္မံ၍ ပင္ လိမ္လည္ေျပာဆိုလိုက္ရန္သာ သတ္နိုင္ေတာ့သည္။
ေရွာင္ဟန္သည္ Snow သူ႕ေဘးမွာရွိတိုင္း က်ိဳးယြင္ကို အမွတ္ရရေနရသည့္ အတြက္ေၾကာင့္ ဘယ္လိုမွ
မသတ္သာေတာ့သည့္ ေနာက္ဆုံး ေလာ့မင္ဆီကို ပို႔ထားရန္ ဆုံးျဖတ္ခဲ့ေလသည္။
အမွန္တိုင္းဝန္ခံရရင္ အခုဆို snow ေလးက ေလာ့မင္ဆီကိုေရာက္ေနတာ ၁လ ေလာက္ပင္ ရွိေတာ့မည္။ ၁လ ေတာင္ၾကာျမင့္သြားၿပီျဖစ္လို႔ သူလည္း snowကို လြမ္းလွပါသည္။
ဒါေၾကာင့္လည္း ေနာက္၂ ရက္ ၃ ရက္ေလာက္ေနရင္ ျပန္ေခၚဖို႔ ဆုံးျဖတ္ထားၿပီးသားပင္။

Snowမရွိေတာ့လည္း က်ိဳးယြင္လက္ေဆာင္
ေပးတဲ့ snow ဒီမွာမရွိဘူးဆိုၿပီး က်ိဳးယြင္အေၾကာင္းကို ေတြးလိုက္မိတာပဲ မဟုတ္လား...

ေရွာင္ဟန္က သူ႕အေတြးေတြကို ရပ္တန့္လိုက္ၿပီး
ပန္းကန္မ်ားကို ေဆးေၾကာဖို႔ ပန္းကန္အထပ္လိုက္ကို တစ္ဖန္ျပန္ကိုင္လိုက္ကာ သြားဖို႔ျပင္လိုက္သည္။

သို႔ေပမဲ့ ဖုန္းေခၚသံႏွင့္အတူ ဖုန္းမ်က္ႏွာျပင္က တဖန္ ထပ္မံပြင့္လာခဲ့သည္။

ေရွာင္ဟန္က စိတ္မပါေတာ့သည့္ မ်က္ဝန္းမ်ားျဖင့္ ဖုန္း screenကိုၾကည့္လိုက္သည္။
ဒီတစ္ခါတြင္ေတာ့ contact နာမည္သည္ ေမြးစားအေဖ၏ နာမည္ျဖင့္ ျဖစ္ေနေလသည္။

ေရွာင္ဟန္က ေမြးစားအေဖဆီမွ ျဖစ္ေန၍
ပန္းကန္ေတြကိုေတာင္ ျပန္ခ်မေနေတာ့ဘဲ ခ်က္ခ်င္းပဲကိုင္လိုက္သည္။

ဖုန္းသံတစ္ဖက္မွ ေမြးစားအေဖ၏ စိတ္လႈပ္ရွားေနဟန္ျဖင့္ ဆိုလာသည့္ စကားသံက ထြက္ဟလာခဲ့သည္။

"သားေရွာင္...အေဖသားကို အသိေပးစရာ ရွိလို႔..."

"ဟုတ္ကဲ့...အေဖ...ေျပာပါ ကြၽန္ေတာ္ နားေထာင္ေနပါတယ္..."

"ဒါဆို အေဖေျပာမယ္ေနာ္ မအံ့ၾသသြားနဲ႕အုံး...မနက္ျဖန္ သားယြင္က flight နဲ႕ ဒီကို ျပန္လာခဲ့ေတာ့မယ္ဆိုၿပီး ဖုန္းလွမ္းဆက္တယ္...ၿပီးေတာ့ သားယြင္က..."

"ခြမ္းးးး!"

ေရွာင္ဟန္၏လက္ထဲတြင္ သယ္ေဆာင္ထားသည့္
ပန္းကန္မ်ားသည္ က်ိဳးဟန္၏ စကား မၿပီးျပတ္ေသးခင္မွာဘဲ ေအာက္ကိုလြတ္က်သြားရၿပီး တစ္စ စီ ကြဲေၾကသြားရေတာ့သည္။

က်န္းဝမ္းရွင္က ေရွာင္ဟန္ကိုသာ တအံတၾသျဖင့္ၾကည့္ေနနိုင္ေတာ့သည္။ ဘာ့ေၾကာင့္ဆို ေရွာင္ဟန္ရဲ႕ လက္မ်ားက တဆပ္ဆပ္ သိသိသာသာ တုန္ယင္လို႔ေနေလသည့္အတြက္ေၾကာင့္...
ဒီတစ္ခါတြင္လည္း စပီကာကို ပိတ္ရန္ေမ့ေလ်ာ့သြားေလသည့္ ေကာေၾကာင့္ သူ တစ္ဖက္ကလူ၏ စကားဆိုလိုရင္းကို ခ်က္ခ်င္းၾကားသိလိုက္ရသည္။
ေကာ အခုလို ပုံစံျဖစ္သြားတာ သိပ္လည္း မဆန္းေတာ့ပါဘူး...တစ္စုံတစ္ေယာက္က ျပန္လာေတာ့မွာ မဟုတ္လား...
ဘာလို႔ သူ တြက္ခ်က္ထားတဲ့ ႏွစ္ထက္ က်ိဳးယြင္က
အေစာႀကီးျပန္ေရာက္လာခဲ့ရတာလဲ...
ဘာလို႔ ေကာက ဒီေလာက္ေတာင္ သိသိသာသာႀကီး စိတ္လႈပ္ရွားသြားရတာလည္း...
ေကာဘက္က က်ိဳးယြင္ကို ညီတစ္ေယာက္လို သတ္မွတ္ထားတာ မဟုတ္ဘူးလား...
မဟုတ္မွ...ေကာဘက္ကလည္း...

ဟင့္အင္း...မဟုတ္ဘူး...မျဖစ္နိုင္ဘူး..
ေကာက ညီတစ္ေယာက္လို သတ္မွတ္ထားတဲ့ လူကို ဒီလို လြယ္လြယ္နဲ႕ စိတ္ယိုင္သြားမွာ မဟုတ္ဘူး...
ဝမ္းရွင္း...မင္းကိုယ့္ကိုယ္ကို စိတ္ေအးေအးထားစမ္း..အဲ့လို ျဖစ္လာမွာမဟုတ္ဘူး...
မင္းအတြက္ ေနာက္မက်ေသးဘူး...

က်န္းဝမ္းရွင္းက သူ႕ကိုယ္သူျပန္ ႏွစ္သိမ့္ေပးလိုက္ၿပီး စိတ္ကို ျပန္ေလ်ာ့ခ်လိဳက္သည္။သူက ေရွာင္ဟန္တို႔ ေျပာစကားကိုသာ ေသခ်ာ စူးစိုက္နားေထာင္ေနလိုက္သည္။

တစ္ဖက္မွက်ိဳးဟန္၏ အထိတ္အလန့္ေမးသံက ထြက္ေပၚလာခဲ့သည္။

"သားေရွာင္...ဘာျဖစ္တာလည္း...အဆင္ေျပရဲ႕လား...သားစိတ္လႈပ္ရွားေနတာလား..."

ေရွာင္ဟန္က စိတ္လႈပ္ရွားမႈေၾကာင့္ ထြက္ဟရန္ခက္ခဲေနပါသည့္ လည္ေခ်ာင္းကို လက္နဲ႕ အဆင္ေျပေအာင္ထိန္းကိုင္လိုက္ၿပီး

"အဲ့လိုမဟုတ္ပါဘူး...ကြၽန္ေတာ္ အဆင္ေျပပါတယ္..."

"ဒါဆိုရင္ အေဖဆက္ေျပာမယ္ေနာ္...သားယြင္က
သားေရွာင္ကိုလည္း အေဖနဲ႕အတူ ေလဆိပ္ကို လာႀကိဳဖို႔ အသိေပးလိုက္အုံးဆိုလို႔..အေဖ သားကို အရင္ဆုံးဖုန္းဆက္အသိေပးတာ...
မနက္ျဖန္ သားေရွာင္ အိမ္ေတာ္ကို ေစာေစာ ထြက္လာခဲ့လိုက္..."

"ဟုတ္ကဲ့..."

"ဒါဆို အေဖ ဖုန္းခ်လိဳက္ေတာ့မယ္...တျခား ျပင္ဆင္စရာေလးေတြ ရွိေသးလို႔..."

"ဟုတ့္..."

ေရွာင္ဟန္သည္ ခ်သြားၿပီျဖစ္သည့္ ဖုန္းကို အခ်ိန္အေတာ္ၾကာသည္အထိ မ်က္ေတာင္မခတ္ၾကည့္ေနေလၿပီး ထိုေနရာတြင္သာ ရပ္ေနၿမဲ... ။

အခ်ိန္အခိုက္အတန့္ တစ္ခုေလာက္ေရာက္မွ သူက သူ႕ေရွ႕မွာ ကြဲေၾကေနတဲ့ ပန္းကန္ကြဲစေတြနဲ႕အတူ သူ႕ကို တအံတၾသၾကည့္ေနပါသည့္ က်န္းဝမ္ရွင္းကို သတိထားမိလိုက္ၿပီး အေယာင္ေယာင္အနနျဖင့္ ပန္းကန္ကြဲစမ်ားကို ေကာက္ကိုင္သိမ္းဆည္းရန္ ျပဳလုပ္လာခဲ့သည္။

က်န္းဝမ္ရွင္က ေရွာင္ဟန္ အေရွ႕မွာ ဒူးတုပ္ထိုင္ခ်လိဳက္ၿပီး သက္ျပင္းခ်ကာ ေျပာလာခဲ့သည္။

"ေကာေကာ...ဒါေတြကို ကြၽန္ေတာ္ပဲ...ေကာက္သိမ္းလိုက္မယ္...အခု ေကာ အရမ္းစိတ္လႈပ္ရွားေနတယ္...ေကာသာ ဒါေတြကို ေကာက္သိမ္းမယ္ဆိုရင္ လက္ရွ သြားလိမ့္မယ္...စိတ္ၿငိမ္ေအာင္ ခဏ ထိုင္ေနလိုက္...ၿပီးရင္ ကြၽန္ေတာ္ သံပုရာေရတစ္ခြက္ ေဖ်ာ္လာခဲ့ေပးမယ္...သြားထိုင္ေနေတာ့..."

"အင္...ဒါဆို ေကာ မင္းကိုပဲ ခိုင္းရေတာ့မယ္..."

ေရွာင္ဟန္က သူလည္းအခုခ်ိန္မွာ တကယ္စိတ္လႈပ္ရွားေနရၿပီး ဘာလုပ္လို႔ ဘာကိုင္ရမွန္းမသိ ျဖစ္ေနတာေၾကာင့္ မျငင္းဆန္ေတာ့ပဲ ဝမ္းဝမ္ ေျပာသလိုသာ ေဘးနားရွိ ဆိုဖာတြင္ ထိုင္ေနလိုက္ရေတာ့သည္။

ေရွာင္ဟန္သည္ စိတ္လႈပ္ရွားစြာျဖင့္ လက္ဆစ္ကေလးမ်ားကို ခ်ိဳးေနရင္းျဖင့္ ေနာက္တစ္ေန႕တြင္ က်ိဳးယြင္ကို ဘယ္လို ရင္ဆိုင္ရမလည္းဆိုသည္ကို...
အေတြးနယ္ကြၽံေနခဲ့သည္။

က်န္းဝမ္ရွင္းသည္လည္း ပန္းကန္ အကြဲစမ်ားကို သိမ္းဆည္းေနရင္ပင္ သူနဲ႕ မလွမ္းမကမ္းတြင္ထိုင္ေနပါသည့္ ေရွာင္ဟန္၏ အမူအရာ အလုံးစုံကို မသိမသာ အကဲခတ္ေလ့လာေနခဲ့သည္။

------------------

Continue Reading

You'll Also Like

374K 55.2K 199
ဘာသာ​ပြန်သူ - Swae Nyoe Team (တစ်ဦးတည်း ဘာသာပြန်ဆိုခြင်း မဟုတ်ပါ)
179K 4.4K 71
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
662K 7K 96
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
433K 26.4K 65
သောက်မြင်ကပ်ပုဒ်မဖြင့်လက်ထပ်ယူရန်ဂျစ်တူးတစ်ယောက်အားရွာသို့ခေါ်လာမိသောအခါ(╥﹏╥) #photo crd အပိုင်း5က အပိုင်း20ရဲ့အောက်မှာရှိပါတယ်..