ဂျင်ငယ် ပျောက်နေတာ 7 ရက်ပင်ရှိနေပြီ ဖြစ်သည်
နေ့တိုင်း Eden Bar သို့သွားရှာသော်လည်းမတွေ့
Ph Call များအကြိမ်ကြိမ်ခေါ်သော်လည်း မကိုင်ပဲ
လုံးဝအဆက်ပြတ်နေခြင်းဖြစ်သည်..VIP Room မှာ သူတို့နောက်ဆုံးအတူရှိခဲ့ကြပြီး
" သွားစရာ နေရာတစ်ခုရှိနေလို့ လက်တလောတော့ မဆက်သွယ်ရအောင် "ဆိုတဲ့
Message တစ်စောင်ပဲထားခဲ့ပြီး ထွက်သွားခဲ့တယ်
ဂျင်ငယ် မရှိတဲ့ရက်တွေမှာ သူလုံးဝအဆင်မပြေနိုင်ပါ
အလုပ်အပေါ်လည်း စိတ်ဝင်စားမှုမရှိဘဲ ဂျင်ငယ် အတွက်သာစိတ်ပူနေမိရင်း ထပ်တလဲလဲ အမှားတို့ကိုလုပ်နေမိသည်
အခုလည်းစာရင်းအမှားတွေပြန်ပြင်ရင်း ဂျင်ငယ့် အားမြင်ယောင်လာပြန်တော့
"ကျစ် ...မပြောမဆိုနဲ့ ဒီလိုထွက်သွားလို့ရမလားကွာ "
စိတ်တိုတိုနဲ့ နံရံသို့ ပန်းအိုးဖြင့်ကောက်ပေါက်လိုက်မိသည်
ခွမ်း..ဟူသောအသံနှင့်အတူ ပန်အိုးလေးဟာတစစီကွဲကျေသွားပြီး ကျူးလစ်အဖြူများလည်း ပြန့်ကျဲသွားပြီဖြစ်သည်
သူ့နှလုံးသားလည်းစူးရှနာကျင်သွားပြီး ရင်ဘက်ကို ဖိလျက်
စိတ်ကိုငြိမ်အောင်ကြိုးစားသည်...အကြိမ်ကြိမ်ကြိုးစားသော်လည်း* လွမ်းစိတ်သည် နေရခက်စွာ အိပ်လို့ပင်မရအောင်ညှင်းပန်းလွန်းသည် *
ပြန့်ကျဲသွားသော ကျူးလစ်တို့ကိုရီဝေစွာကြည့်ရင်း တစ်ချက်ပြုံးမိသွားလျက်
" ကျူးလစ်အဖြူတွေကို ဂျင်ငယ် သိပ်ကြိုက်သည် မဟုတ်လား..."
ဂျင်ငယ်သည် အတွေးတစ်ခုဖြင့်ပင်
Whiskey တစ်ခွက်လို အေးမြသွားစေသည်
သို့သော် Whiskey တစ်ခွက်ဧ။် အေးမြမှုသည်
အချိန်ကြာလာလေ ပူလောင်အောင် ညှင်းပန်းလိမ့်မည်
ဆိုတာတော့ သူသတိမထားမိခဲ့ပေ~♡
// // // //
အဖြူရောင် အုတ်ဂူ နှစ်ခုရှေ့တွင် လူငယ်တစ်ယောက်
ကျူးလစ် ပန်စည်းတို့ဖြင့် ဂါဝရ ပြုနေသည်
ချယ်ရီပင်ပန်းပွင့်တွေ သည် အုတ်ဂူ နှစ်ခုပေါ်ပြန့်ကျဲလျက်
ရှိနေကာလူငယ်သည် ပြုံးလျက် ကျူးလစ်ပန်းတို့အား ချလိုက်ပြီး
" ဖေဖေ နဲ့ မေမေ တို့ သားကို ခွင့်လွှတ်ပါ "
တိုးညင်းသောလေသံ သည် ခြောက်ကပ်စွာ ဝမ်းနည်းမှု
တို့ပြည့်နှပ်နေကာ..
" ချစ်မိသွားပြီထင်တယ်...ကျွန်တော်သူ့ကိုချစ်မိသွားပြီး
နောက်တစ်ခါ ထွက်ပြေးလာမိပြန်ပြီ ..ခွင့်လွှတ်ပါ မေမေရယ် သားမိုက်ကို ခွင့်လွှတ်ပေး ပါ "
ဂျင်ငယ် သည် ငိုကြွေးမြည်တမ်းရင်း အရူးတစ်ယောက်လိုရပ်နေမိသည် .... သူစိတ်ထဲတွင် မုန်းစရာကောင်းလောက်အောင် ပါးချိုင့်နက်နက်နဲ့ လူသားက ရှိနေပြန်သည်
" ကင်နမ်ဂျွန်း ခင်ဗျား က ဘာလို့ ခုမှအဲ့လောက် ချစ်ပြနေရတာလဲ...မုန်းတယ် ခင်ဗျားကို ကျွန်တော် သိပ်မုန်းတာပဲ "
ဘဝတွင် လူတစ်ယောက်ကို နက်နက်ရှိုင်းရှိုင်းမုန်းမိခဲ့သလို
အဲ့လူကိုပဲ သူချစ်မိသွားခဲ့သည်
ဂျင်ငယ်သည် ပူလောင်စေသလို သူကိုယ်တိုင်လည်း ပူလောင်နေရသည် ခါးသက်သက် Whiskey တစ်ခွက်ပင်ဖြစ်သည်
Joon ရဲ့ ရပ်ဝန်းတွင် သက်ရှိအရုပ်လေးဂျင်ငယ် ပျောက်ဆုံးနေသကဲ့သို့ဂျင်ငယ် ရဲ့ ရင်ထဲတွင် လည်း အငြိုးအတေးတစ်ချို့ဟာ စတင်ပျောက်ဆုံးနေပြီဖြစ်သည် ။ အကုန်လုံးတော့မဟုတ်သေး...ပါ
// // // //
မနက်အစောကြီး ရုံးခန်းမှာထိုင်နေရင်း ဂျင်ငယ့်အကြောင်းတွေးမိပြန်ပြီ... " ဒီချိန်ဘယ်တွေရောက်နေမလဲ bae "
သက်ပြင်းချမိပြီး အဖက်ပင်မလုပ်သော ဖုန်းနံပါတ်တစ်ခုကို ထပ်ခေါ်မိပြန်သည်
" ဂျွန်း "
ဖုန်းကိုင်လိုက်တာလား ? တကယ်ကြီးဂျင်ငယ်
" ဂျင်ငယ်လား? ကိုယ်ပါ မင်းဘယ်မှာလဲ ..ကိုယ်ဘယ်လောက်စိတ်ပူနေလဲသိရဲ့လား? အဆင်ပြေရဲ့လား ? နေရောကောင်းရဲ့လား? "
" ဖြေးဖြေးပေါ့ ..အခု ဂျင်ငယ် ဂျွန်းအိမ်မှာ စောင့်နေတယ်
ဘယ်ဟာမတွေနဲ့သွားနေလို့ မတွေ့ရတာတုန်း "
ဟာ..ဒီဟမ်းစတားပေါက်ကတော့ သူ့ကိုလွမ်းလို့သွေးပျက်နေပါတယ်ဆို ဘယ်ဟာမနဲ့ သွားရမှာတုန်း
" အခုချက်ချင်းလာခဲ့ ၁၀မိနစ်ပဲ "
Joon တို့ ငြိမ်မနေနိုင်တော့ပါ ..ခုံပေါ်က ကားသော့ကို ယူပြီး
ထရပ်လိုက်ကာ ရှေ့က ကြွေပန်အိုးကြီးကို ကိုယ်လုံးနဲ့တိုက်ပြီးထွက်သွားမိသည် ..ဝုန်းကနဲပိတ်သွားသော တံခါး သည် lock လည်းပျက်သွားပြီး ကြွေပန်းအိုးကြီးလည်း ကွဲလို့....
အိမ်တံခါး ကို ဖွင့်ဝင်လိုက်တော့ တွေ့ပါပြီ
သူ့ Hoodie ခဲရောင်ကိုယူဝတ်ထားတဲ့ ဂျင်ငယ်
" ၁၀ မိနစ် ပြည့်ဖို့ ၃၀ စက္ကန့်ပဲလိုတယ် "
" အချစ်ကကွာ "
လွမ်းခဲ့ရပါသော အလှလေးရဲ့ကိုယ်လုံးကိုသိုင်းဖက်ပြီး
ကိုယ်သင်းနံ့လေးကိုတစ်ဝကြီး မွှေးကြူးလိုက်သည်
"ဖယ်ပါဆို..Joon ကိုယ်လုံးကြီးနဲ့အတင်းမဖက်နဲ့ "
" မလွှတ်တော့ဘူး လွှတ်ရင်ထားသွားအုန်းမှာမလား ? "
သူ့စကားကို ကြားတော့ ဂျင်ငယ်က ရီသည်..ဒီအပြုံးလေးတွေ
ဘယ်လောက်တောင် သူ လွမ်းခဲ့ရလဲ
" ထားခဲ့မှတော့ပြန်လာမလား ? "
မျက်ခုံးပင့်ကာ မေးနေသည့် အလှလေးသည်ဆိုးလွန်းပါသည်
" ပြန်မလာရင် ဒီနှလုံးသားလေးက နာကျင်နေမှာပေါ့
ကြည့်ပါလား အခုတောင် သူ ဘယ်လောက် နာကျင်နေလဲ "
ရင်ဘက်ကို ပုတ်ပြီး ပြောသော သူ့အား ဂျင်ငယ်သည် မယုံသလိုကြည့်ပြီး သူ့ shirt အကျီ ကြယ်သီးများကို ဖြုတ်ကာ ရင်ဘက်ကို ဖွဖွလေးနမ်းသည်
" အခုရော နာတုန်းလား? "
"ဟာကွာ... "
Chapter { 4 } : Lost ( ပျောက်ဆုံးခြင်း )
Joon to Jin
အကြာကြီးပျောက်သွားမိတာ အသာ လက်ထိခိုက်ထားတာကြောင့်မို့ပါ စောင့်နေတဲ့ Readers တွေအကုန်လုံးကို
အနူးညွန့်တောင်းပန်ပါတယ်ရှင့်~♡
( ဒါနဲ့ Hoodie အသွားအပြန်ဝတ်တဲ့အတွဲကိုAnti ပါမယ်😔🖐 )
// // // //
တို့ပြည့်နှပ်နေကာ..
// // // //
" ဂျွန်း "
ထရပ်လိုက်ကာ ရှေ့က ကြွေပန်အိုးကြီးကို ကိုယ်လုံးနဲ့တိုက်ထွက်သွားမိသည် ..ဝုန်းကနဲပိတ်သွားသော တံခါး lock လည်းပျက်သွားပြီး ကြွေပန်းအိုးကြီးလည်း ကွဲလို့....
အိမ်တံခါးသော့ ကို ဖွင့်ဝင်လိုက်တော့ တွေ့ပါပြီ
" အချစ်ကကွာ "
" အခုရော နာတုန်းလား? "
"ဟာကွာ "
Joon to Jin