𝑩 𝑹 𝑶 𝑾 𝑵 _𝑻 𝑨 𝑬 || V...

By Amethyst_jei

7.7K 1.3K 244

မဖော်ပြတတ်ခဲ့တဲ့ချစ်ခြင်းတရားတွေကြောင့်ဘဝတွေနာရတယ်။ မေဖာ္ျပတတ္ခဲ့တဲ့ခ်စ္ျခင္းတရားေတြေၾကာင့္ဘဝေတြနာရတယ္။ ✓ Ame... More

INTRO
🤎1🤎
🤎2🤎
🤎3🤎
🤎4🤎[P-1]
🤎4🤎[P-2]
🤎5🤎
🤎6🤎
🤎7🤎
🤎8🤎(💔)
🤎9🤎 [P-1]
🤎9🤎[P-2]
🤎11🤎[P-1]
🤎11🤎[P-2]
🤎12🤎
🤎13🤎
🤎14🤎
🤎15🤎[P-1]
🤎15🤎[P-2]
🤎16🤎
🤎17🤎
BROWN TAE

🤎10🤎

238 52 6
By Amethyst_jei

Unicode

အုပ်မှိုင်းနေသောတိမ်ညိုရောင်တို့ဖြစ်ပေါ်ခြင်းသည်  အညိုရောင်အချစ်တို့ တစ်ဖန်ပြန်လည်စတင်ရာ.......🤎

"ကိုကို......"

တွေ့စရာရှိသည်ဟုချိန်းလာသော ချစ်သူကောင်မလေးကြောင့် ကော်ဖီဆိုင်ရဲ့ထောင့်တွင် လက်ဖက်ရည်သောက်ကာကျွန်တော်စောင့်နေခဲ့သည်။ ကော်ဖီခါးခါး ခုထိမသောက်နိုင်သေး။

"လာလေထိုင်......အရေးတကြီးဘာပြောစရာရှိလို့လဲငယ်"

"ငယ်တို့လမ်းခွဲကြရအောင် ကိုကို "

"ဟင်.....!"

"တောင်းပန်ပါတယ် "

အပြစ်သားလို ခေါင်းငုံ့ကာသူမကဆိုလာသည်။ ဘာဖြစ်လို့လဲ တွဲလာတဲ့တစ်လျှောက်ဒီ relationship ဟာ ရန်ဖြစ်ဖို့မပြောနဲ့စိတ်ဆိုးစိတ်ကောက်တောင်မရှိခဲ့။

လူကြီးလူကောင်းဆန်သူနှစ်ဦးရဲ့ relationship မို့အလျှော့ပေးကာ နားလည်မှုလည်းအပြည့်ရှိကြသည်။ခုက ချက်ချင်းကြီးဖြစ်ပျက်သွားတဲ့ကိစ္စမို့ ဟိုဆော့လည်းကြောင်အအ။

"ဘယ်လိုဖြစ်ရတာလဲငယ်ရယ် ကိုကိုဘာမှားလို့လဲ"

လက်ကလေးကိုဆုပ်ကိုင်ကာ သူမျက်နှာလေးအားသေချာလိုက်ကြည့်ရင်းမေးလိုက်သည်။ ကောင်မလေးဟာ အကြည့်တို့ကိုလည်းရှောင်နေပါသည်။

ထိုမြင်ကွင်းကိုကြည့်နေသူလေးမှာတော့ မျက်လုံးတို့ကမီးတွေတောက်နေသလိုတဟုန်းဟုန်း။ အကြည့်စူးစူးတို့ကိုနဂိုထဲကပိုင်ဆိုင်ထားသူမို့ ခုအခြေအနေဟာသူ့မျက်လုံးကိုဘယ်သူမှကြည့်ရဲမည်မဟုတ်။

မသောက်ဖူးတဲ့ကော်ဖီကို လက်တည့်စမ်းကာသောက်ချင်လာတာမို့ ဝင်ဝယ်ရင်း ထောင့်နားလေးက နေရောင်ခြည်နတ်သားလေးအားတွေ့ခဲ့ရသည်။ တိတ်တိတ်လေးခိုးကြည့်ဖို့ စားပွဲခုံတစ်နေရာယူလိုက်ရင်းမလှမ်းမကမ်းမှာကြည့်နေခဲ့မိသည်။

ဒါပေမယ့် ခုအခြေအနေကြီးက ရင်ဘတ်အောင့်လိုက်တာ အစ်ကိုက သူမဟုတ်တဲ့တစ်ခြားသူရဲ့လက်ကိုဆုပ်ကိုင်ထားတာပဲ။

"အိမ်ကမိဘတွေက သူတို့သူငယ်ချင်းရဲ့သားနဲ့စေ့စပ်ပေးတော့မယ်ကိုကို။ အစကငြင်းပေမယ့်မရဘူး မိဘမျက်နှာကိုအိုးမဲသုတ်တဲ့အလုပ်လည်းမလုပ်ချင်ဘူးကိုကို ရင့်ကျက်သူမို့ အချစ်ထပ် ကောင်းသောအနာဂတ်ကိုပဲရွေးချယ်ရလိမ့်မယ် ကိုကို"

ရင့်ကျက်သူတို့က ရင့်ကျက်စေမယ့်လမ်းကိုပဲရွေးသွားတယ်။

ဂျောင်ဟိုဆော့ဟာ အချစ်ကံခေသူလေးပါလားလို့ကိုယ့်ဘာသာတွေးလိုက်ရင်း ထိုနေရာကထွက်လာလိုက်မိသည်။ မွန်းကြပ်လာတယ် ဘာကြောင့်လဲ ဘာလို့ ငါမှတဲ့လဲ???

အချစ်ရေးသည် ကိုယ့်ဘက်မလိုက်တော့တာသိပ်သိသာတာပဲ။မချစ်နိုင်အောင်နေဖို့ကြိုးစားမှပါလေ အရမ်းစိတ်နာချင်နေပြီအားလုံးကို။

ကားကိုရပ်ထားဆဲ နေရာမှာပဲထားကာ ကော်ဖီဆိုင်ရဲ့မလှမ်းမကမ်းဆီက ပန်းခြံလေးကိုထွက်လာခဲ့သည်။ လူကြီးလူကောင်းဆန်ဆန်အဝတ်အစားတွေ သိပ်စိတ်ရှုပ်ဖို့ကောင်းတယ်။ ကွက်တိအဝတ်အစားတွေက ပေါ့ပေါ့ပါးပါးနေတတ်သူ သူ့အဖို့တော့ တကယ်အဆင်မပြေလှဘူး။

အဖေရွေးချယ်ပေးတဲ့လမ်းကို ကျော့ကျော့ကော့ကော့လျှောက်ခဲ့ရပေမယ့်စိတ်ထဲမပါခဲ့ဘူး။ ဟန်ဆောင်မှုအပြည့်နဲ့ အပြုံးတွေကိုဖုံးကွယ်ပြီး ဒီလုပ်ငန်းတွေမှာ လူကြီးလူကောင်းဆန်အောင်နေထိုင်ပြီး ဘာမဆိုကြိုးစားခဲ့ရတယ်။

ပင်ပန်းတယ် သိပ်ကိုပင်ပန်းတယ်!!

အချစ်ရေးကြောင့်လား အလုပ်ကိစ္စတွေကြောင့်လား ရောထွေးကာ ကျွန်တော်ပန်းခြံထဲကထိုင်ခုံမှာထိုင်ပြီးငိုချပစ်လိုက်တော့သည်။ လက်ကိုဒူးပေါ်ထောက်ထားရင်း မျက်နှာကိုအုပ်တကာတသိမ့်သိမ့်ငိုနေခဲ့မိသည်။

ငါ့အတွက်ဘယ်အရာတွေကများကောင်းစေခဲ့လို့လဲ....အကုန်အလွဲအမှားပြဿနာတွေကြီးပဲ။

ရုတ်တရက်နွေးထွေးရာရင်ခွင်တစ်ခုဆီဆွဲကပ်ခံလိုက်ရသောခေါင်း။ ခွာဖို့ကြိုးစားလိုက်ပေမယ့် ရင်ခွင်နွေးနွေး ရေမွှေးသင်းပျံ့ပျံ့ ပိုင်ရှင်လေးသည် မလွတ်တမ်းတင်းကျပ်စွာဖက်တွယ်ထားသည်။ မင်းများလား အညိုရောင်ရယ်

"မခွာပါနဲ့ ငိုချလိုက်ပါ ငိုချဖို့အတွက် ကျွန်တော်ရင်ခွင်ခဏငှားမယ် ပြီးရင်တော့ငှားခအနေနဲ့ ၁၅၀၀ ပေးပေါ့အစ်ကို"

အညိုရောင်တွေပြန်လာပြီလား...မထိတထိစကားတွေက ကိုယ့်အားဒုတိယအကြိမ်နာကျင်စေရာစက်ကွင်းဆီတွန်းပို့နေသလိုပဲ။​ငါထပ်နာကျင်ရမယ်ဆိုလည်း မနာကျင်ခင် မင်းဆီပျော်နိုင်သလောက်ပျော်ချင်သေးတယ် အညိုရောင်လေး....

"အရူးလိုပဲ"

ရင်ဘတ်ကိုလက်နဲ့တွန်းထုတ်ကာ သူဆိုလိုက်သည်။ အညိုရောင်လေးဟာ သူ့အားလက်ကိုင်ပုဝါအညိုရောင်လေးကမ်းပေးလာပြီး

"အရင်ထဲကသဘောကျခဲ့တာ... သေချာမသိလိုက်ခဲ့လို့ ငြင်းဆန်ခဲ့ပေမယ့် ခုသေသေချာချာသိလိုက်ချိန်မှာတော့ကျွန်တော်ပြန်ဆွဲထားရမယ်လေမဟုတ်ဘူးလား...အစ်ကိုကျွန်တော့်ကိုအညိုရောင်လေးလို့ခေါ်ခဲ့ဖူးလို့လားမသိဘူး ကျွန်တော်အညိုရောင်တွေကိုတမ်းတမ်းစွဲလာတယ်"

လွဲလိုက်တာ အညိုရောင်လေးရယ်။ ဘယ်တော့မှ တည့်လို့မရမယ့် အလွဲတွေကြီးပဲ။

ငါနဲ့မင်းရဲ့ မတူညီမှုတွေ။ ငါမေ့ဖို့ကြိုးစားနေချိန် မင်းကစွဲလမ်းနေပြီတဲ့။ ငါချစ်နေချိန်က မင်းစိတ်မဝင်စားသလို ငါမေ့ပစ်မယ့်အချိန်က မင်းကငါ့ကိုချစ်တယ်တဲ့..... လွဲလိုက်တာ...

တစ်ခါလောက်အညိုရောင်လို့သုံးလိုက်ခြင်းကို မင်းစွဲလမ်းတယ်ဆို ငါ့စိတ်ထဲ ထပ်ကာထပ်ကာရေမတွက်နိုင်အောင် အညိုရောင်လို့သုံးခြင်းကိုမင်းသိရင် ရူးသွားမလားပဲ....

မေ့လိုက်စနဲ့ မေ့ကြည့်ချင်တယ်။ ငါချစ်ရမှာဝန်လေးလိုက်တာ....

"ငါကအခုမှအသည်းကွဲနေတာ မင်းကအခွင့်ကောင်းလာယူနေတယ်"

"မဟုတ်တာဗျာ.... အစ်ကိုတို့မကွဲလည်းကျွန်တော်က ခွဲပြီးအစ်ကို့ကိုရအောင်ယူမှာဗျ"

"ရက်စက်လိုက်တာ!"

ထိုသို့ပြော၍ ထိုနေရာမှထွက်လာခဲ့သည်။ ၁၅၀၀မပြောနဲ့ ၇၅၀ပေးလိုက်ဖို့တောင် ငါဝန်လေးတယ်။ အချစ်ကြောင့် စိတ်ဓာတ်တွေထိုးကျပြီးငိုရတာ တစ်ခါမှမကတာ....မင်းကငါ့ကိုဒဏ်ရာတွေပေးခဲ့ပြီး ခုကျဒဏ်ရာတွေဖျောက်ပေးမှာတဲ့လား.....ငါတော့မထင်ပါဘူး အညိုရောင်လေးရယ်

🤎

ဂရုစိုက်ပေးတတ်သူဟာ ကိုယ့်ရင်ထဲမသိမသာနေရာယူထားတတ်သတဲ့....။

တကယ်တော့ ကလေးဆန်ဆန်ရေခဲမုန့်စားဖို့ပူဆာတတ်တာကအစ မိသားစုပြဿနာတက်တိုင်း အစ်ကိုဟိုဆော့ရင်ခွင်ထဲဝင်ကာ ရင်ဖွင့်ခဲ့ခြင်းတွေက ဒါ ချစ်သူတွေလုပ်တတ်ကြတဲ့အရာတွေမလား?

မသိခဲ့ဖူး ချစ်လို့ဖြစ်တည်နေတဲ့ခံစားချက်တွေမှန်း အမူအရာတွေမှန်းမသိလိုက်ဘူး။ ဒီလူနဲ့နေရတာသက်တောင့်သက်သာရှိတယ်လို့တွေးမိလိုက်ရင် အဲ့လူအနားမှာပဲ ကပ်နေမိတယ်လို့တွေးလိုက်တာ။

နာစရာလေးတွေရှိနေတော့ ဖြစ်ရမယ့် goals ဖို့ပဲစာတွေအာရုံစိုက်ပြီး အချစ်ကဘာဆိုဘာမှန်းလဲမသိ။ အရောင်မရှိ အဆင်းမရှိ ကိုင်တွယ်လို့မရတဲ့ စိတ္တဇနာမ်ဆိုတဲ့အရာ။
အရမ်း ချစ်မိချစ်တတ်သွားတော့ စိတ္တဇလို ရူးနှမ်းနှမ်း။

သတိရနေရတဲ့နှစ်တွေကမှ မမြင်လည်းအဆင်ပြေနေပေမယ့် ပြန်တွေ့သွားတဲ့ခုနှစ်မှာတော့မတွေ့ရမနေနိုင်။ တွေ့ဆုံမှုကဒီလောက်နဲ့တော့ပြီးမသွား။ personal အရ အဆင်မပြေရင် လုပ်ငန်းသဘောနဲ့ထပ်တွေ့ကြမယ်။

ဘယ်လိုလုပ်မလဲ ကျွန်တော်ကသိပ်ကိုချစ်ချင်နေမိတဲ့ အချစ်ငတ်ငှက်ကလေးပေါ့.....

Brown_Tae

လေးရက်ငါးရက်လောက်ဖျားသွားတာ လူကနုံးချိနေတာလေ ခုမှနလန်ထစ☺ အပ်ပေးထားတယ်နော်။

Thanks for reading
Amethyst_Jei

Zawgyi

အုပ္မွိုင္းေနေသာတိမ္ညိုေရာင္တို႔ျဖစ္ေပၚျခင္းသည္ အညိုေရာင္အခ်စ္တို႔ တစ္ဖန္ျပန္လည္စတင္ရာ.......

"ကိုကို......"

ေတြ႕စရာရွိသည္ဟုခ်ိန္းလာေသာ ခ်စ္သူေကာင္မေလးေၾကာင့္ ေကာ္ဖီဆိုင္ရဲ႕ေထာင့္တြင္ လက္ဖက္ရည္ေသာက္ကာကြၽန္ေတာ္ေစာင့္ေနခဲ့သည္။ ေကာ္ဖီခါးခါး ခုထိမေသာက္နိုင္ေသး။

"လာေလထိုင္......အေရးတႀကီးဘာေျပာစရာရွိလို႔လဲငယ္"

"ငယ္တို႔လမ္းခြဲၾကရေအာင္ ကိုကို "

"ဟင္.....!"

"ေတာင္းပန္ပါတယ္ "

အျပစ္သားလို ေခါင္းငုံ႕ကာသူမကဆိုလာသည္။ ဘာျဖစ္လို႔လဲ တြဲလာတဲ့တစ္ေလွ်ာက္ဒီ relationship ဟာ ရန္ျဖစ္ဖို႔မေျပာနဲ႕စိတ္ဆိုးစိတ္ေကာက္ေတာင္မရွိခဲ့။

လူႀကီးလူေကာင္းဆန္သူႏွစ္ဦးရဲ႕ relationship မို႔အေလွ်ာ့ေပးကာ နားလည္မႈလည္းအျပည့္ရွိၾကသည္။ခုက ခ်က္ခ်င္းႀကီးျဖစ္ပ်က္သြားတဲ့ကိစၥမို႔ ဟိုေဆာ့လည္းေၾကာင္အအ။

"ဘယ္လိုျဖစ္ရတာလဲငယ္ရယ္ ကိုကိုဘာမွားလို႔လဲ"

လက္ကေလးကိုဆုပ္ကိုင္ကာ သူမ်က္ႏွာေလးအားေသခ်ာလိုက္ၾကည့္ရင္းေမးလိုက္သည္။ ေကာင္မေလးဟာ အၾကည့္တို႔ကိုလည္းေရွာင္ေနပါသည္။

ထိုျမင္ကြင္းကိုၾကည့္ေနသူေလးမွာေတာ့ မ်က္လုံးတို႔ကမီးေတြေတာက္ေနသလိုတဟုန္းဟုန္း။ အၾကည့္စူးစူးတို႔ကိုနဂိုထဲကပိုင္ဆိုင္ထားသူမို႔ ခုအေျခအေနဟာသူ႕မ်က္လုံးကိုဘယ္သူမွၾကည့္ရဲမည္မဟုတ္။

မေသာက္ဖူးတဲ့ေကာ္ဖီကို လက္တည့္စမ္းကာေသာက္ခ်င္လာတာမို႔ ဝင္ဝယ္ရင္း ေထာင့္နားေလးက ေနေရာင္ျခည္နတ္သားေလးအားေတြ႕ခဲ့ရသည္။ တိတ္တိတ္ေလးခိုးၾကည့္ဖို႔ စားပြဲခုံတစ္ေနရာယူလိုက္ရင္းမလွမ္းမကမ္းမွာၾကည့္ေနခဲ့မိသည္။

ဒါေပမယ့္ ခုအေျခအေနႀကီးက ရင္ဘတ္ေအာင့္လိုက္တာ အစ္ကိုက သူမဟုတ္တဲ့တစ္ျခားသူရဲ႕လက္ကိုဆုပ္ကိုင္ထားတာပဲ။

"အိမ္ကမိဘေတြက သူတို႔သူငယ္ခ်င္းရဲ႕သားနဲ႕ေစ့စပ္ေပးေတာ့မယ္ကိုကို။ အစကျငင္းေပမယ့္မရဘူး မိဘမ်က္ႏွာကိုအိုးမဲသုတ္တဲ့အလုပ္လည္းမလုပ္ခ်င္ဘူးကိုကို ရင့္က်က္သူမို႔ အခ်စ္ထပ္ ေကာင္းေသာအနာဂတ္ကိုပဲေ႐ြးခ်ယ္ရလိမ့္မယ္ ကိုကို"

ရင့္က်က္သူတို႔က ရင့္က်က္ေစမယ့္လမ္းကိုပဲေ႐ြးသြားတယ္။

ေဂ်ာင္ဟိုေဆာ့ဟာ အခ်စ္ကံေခသူေလးပါလားလို႔ကိုယ့္ဘာသာေတြးလိုက္ရင္း ထိုေနရာကထြက္လာလိုက္မိသည္။ မြန္းၾကပ္လာတယ္ ဘာေၾကာင့္လဲ ဘာလို႔ ငါမွတဲ့လဲ???

အခ်စ္ေရးသည္ ကိုယ့္ဘက္မလိုက္ေတာ့တာသိပ္သိသာတာပဲ။မခ်စ္နိုင္ေအာင္ေနဖို႔ႀကိဳးစားမွပါေလ အရမ္းစိတ္နာခ်င္ေနၿပီအားလုံးကို။

ကားကိုရပ္ထားဆဲ ေနရာမွာပဲထားကာ ေကာ္ဖီဆိုင္ရဲ႕မလွမ္းမကမ္းဆီက ပန္းၿခံေလးကိုထြက္လာခဲ့သည္။ လူႀကီးလူေကာင္းဆန္ဆန္အဝတ္အစားေတြ သိပ္စိတ္ရႈပ္ဖို႔ေကာင္းတယ္။ ကြက္တိအဝတ္အစားေတြက ေပါ့ေပါ့ပါးပါးေနတတ္သူ သူ႕အဖို႔ေတာ့ တကယ္အဆင္မေျပလွဘူး။

အေဖေ႐ြးခ်ယ္ေပးတဲ့လမ္းကို ေက်ာ့ေက်ာ့ေကာ့ေကာ့ေလွ်ာက္ခဲ့ရေပမယ့္စိတ္ထဲမပါခဲ့ဘူး။ ဟန္ေဆာင္မႈအျပည့္နဲ႕ အၿပဳံးေတြကိုဖုံးကြယ္ၿပီး ဒီလုပ္ငန္းေတြမွာ လူႀကီးလူေကာင္းဆန္ေအာင္ေနထိုင္ၿပီး ဘာမဆိုႀကိဳးစားခဲ့ရတယ္။

ပင္ပန္းတယ္ သိပ္ကိုပင္ပန္းတယ္!!

အခ်စ္ေရးေၾကာင့္လား အလုပ္ကိစၥေတြေၾကာင့္လား ေရာေထြးကာ ကြၽန္ေတာ္ပန္းၿခံထဲကထိုင္ခုံမွာထိုင္ၿပီးငိုခ်ပစ္လိုက္ေတာ့သည္။ လက္ကိုဒူးေပၚေထာက္ထားရင္း မ်က္ႏွာကိုအုပ္တကာတသိမ့္သိမ့္ငိုေနခဲ့မိသည္။

ငါ့အတြက္ဘယ္အရာေတြကမ်ားေကာင္းေစခဲ့လို႔လဲ....အကုန္အလြဲအမွားျပႆနာေတြႀကီးပဲ။

႐ုတ္တရက္ႏြေးေထြးရာရင္ခြင္တစ္ခုဆီဆြဲကပ္ခံလိုက္ရေသာေခါင္း။ ခြာဖို႔ႀကိဳးစားလိုက္ေပမယ့္ ရင္ခြင္ႏြေးႏြေး ေရေမႊးသင္းပ်ံ့ပ်ံ့ ပိုင္ရွင္ေလးသည္ မလြတ္တမ္းတင္းက်ပ္စြာဖက္တြယ္ထားသည္။ မင္းမ်ားလား အညိုေရာင္ရယ္

"မခြာပါနဲ႕ ငိုခ်လိဳက္ပါ ငိုခ်ဖိဳ႕အတြက္ ကြၽန္ေတာ္ရင္ခြင္ခဏငွားမယ္ ၿပီးရင္ေတာ့ငွားခအေနနဲ႕ ၁၅၀၀ ေပးေပါ့အစ္ကို"

အညိုေရာင္ေတြျပန္လာၿပီလား...မထိတထိစကားေတြက ကိုယ့္အားဒုတိယအႀကိမ္နာက်င္ေစရာစက္ကြင္းဆီတြန္းပို႔ေနသလိုပဲ။ငါထပ္နာက်င္ရမယ္ဆိုလည္း မနာက်င္ခင္ မင္းဆီေပ်ာ္နိုင္သေလာက္ေပ်ာ္ခ်င္ေသးတယ္ အညိုေရာင္ေလး....

"အ႐ူးလိုပဲ"

ရင္ဘတ္ကိုလက္နဲ႕တြန္းထုတ္ကာ သူဆိုလိုက္သည္။ အညိုေရာင္ေလးဟာ သူ႕အားလက္ကိုင္ပုဝါအညိုေရာင္ေလးကမ္းေပးလာၿပီး

"အရင္ထဲကသေဘာက်ခဲ့တာ... ေသခ်ာမသိလိုက္ခဲ့လို႔ ျငင္းဆန္ခဲ့ေပမယ့္ ခုေသေသခ်ာခ်ာသိလိုက္ခ်ိန္မွာေတာ့ကြၽန္ေတာ္ျပန္ဆြဲထားရမယ္ေလမဟုတ္ဘူးလား...အစ္ကိုကြၽန္ေတာ့္ကိုအညိုေရာင္ေလးလို႔ေခၚခဲ့ဖူးလို႔လားမသိဘူး ကြၽန္ေတာ္အညိုေရာင္ေတြကိုတမ္းတမ္းစြဲလာတယ္"

လြဲလိုက္တာ အညိုေရာင္ေလးရယ္။ ဘယ္ေတာ့မွ တည့္လို႔မရမယ့္ အလြဲေတြႀကီးပဲ။

ငါနဲ႕မင္းရဲ႕ မတူညီမႈေတြ။ ငါေမ့ဖို႔ႀကိဳးစားေနခ်ိန္ မင္းကစြဲလမ္းေနၿပီတဲ့။ ငါခ်စ္ေနခ်ိန္က မင္းစိတ္မဝင္စားသလို ငါေမ့ပစ္မယ့္အခ်ိန္က မင္းကငါ့ကိုခ်စ္တယ္တဲ့..... လြဲလိုက္တာ...

တစ္ခါေလာက္အညိုေရာင္လို႔သုံးလိုက္ျခင္းကို မင္းစြဲလမ္းတယ္ဆို ငါ့စိတ္ထဲ ထပ္ကာထပ္ကာေရမတြက္နိုင္ေအာင္ အညိုေရာင္လို႔သုံးျခင္းကိုမင္းသိရင္ ႐ူးသြားမလားပဲ....

ေမ့လိုက္စနဲ႕ ေမ့ၾကည့္ခ်င္တယ္။ ငါခ်စ္ရမွာဝန္ေလးလိုက္တာ....

"ငါကအခုမွအသည္းကြဲေနတာ မင္းကအခြင့္ေကာင္းလာယူေနတယ္"

"မဟုတ္တာဗ်ာ.... အစ္ကိုတို႔မကြဲလည္းကြၽန္ေတာ္က ခြဲၿပီးအစ္ကို႔ကိုရေအာင္ယူမွာဗ်"

"ရက္စက္လိုက္တာ!"

ထိုသို႔ေျပာ၍ ထိုေနရာမွထြက္လာခဲ့သည္။ ၁၅၀၀မေျပာနဲ႕ ၇၅၀ေပးလိုက္ဖို႔ေတာင္ ငါဝန္ေလးတယ္။ အခ်စ္ေၾကာင့္ စိတ္ဓာတ္ေတြထိုးက်ၿပီးငိုရတာ တစ္ခါမွမကတာ....မင္းကငါ့ကိုဒဏ္ရာေတြေပးခဲ့ၿပီး ခုက်ဒဏ္ရာေတြေဖ်ာက္ေပးမွာတဲ့လား.....ငါေတာ့မထင္ပါဘူး အညိုေရာင္ေလးရယ္

🤎

ဂ႐ုစိုက္ေပးတတ္သူဟာ ကိုယ့္ရင္ထဲမသိမသာေနရာယူထားတတ္သတဲ့....။

တကယ္ေတာ့ ကေလးဆန္ဆန္ေရခဲမုန့္စားဖို႔ပူဆာတတ္တာကအစ မိသားစုျပႆနာတက္တိုင္း အစ္ကိုဟိုေဆာ့ရင္ခြင္ထဲဝင္ကာ ရင္ဖြင့္ခဲ့ျခင္းေတြက ဒါ ခ်စ္သူေတြလုပ္တတ္ၾကတဲ့အရာေတြမလား?

မသိခဲ့ဖူး ခ်စ္လို႔ျဖစ္တည္ေနတဲ့ခံစားခ်က္ေတြမွန္း အမူအရာေတြမွန္းမသိလိုက္ဘူး။ ဒီလူနဲ႕ေနရတာသက္ေတာင့္သက္သာရွိတယ္လို႔ေတြးမိလိုက္ရင္ အဲ့လူအနားမွာပဲ ကပ္ေနမိတယ္လို႔ေတြးလိုက္တာ။

နာစရာေလးေတြရွိေနေတာ့ ျဖစ္ရမယ့္ goals ဖို႔ပဲစာေတြအာ႐ုံစိုက္ၿပီး အခ်စ္ကဘာဆိုဘာမွန္းလဲမသိ။ အေရာင္မရွိ အဆင္းမရွိ ကိုင္တြယ္လို႔မရတဲ့ စိတၱဇနာမ္ဆိုတဲ့အရာ။
အရမ္း ခ်စ္မိခ်စ္တတ္သြားေတာ့ စိတၱဇလို ႐ူးႏွမ္းႏွမ္း။

သတိရေနရတဲ့ႏွစ္ေတြကမွ မျမင္လည္းအဆင္ေျပေနေပမယ့္ ျပန္ေတြ႕သြားတဲ့ခုႏွစ္မွာေတာ့မေတြ႕ရမေနနိုင္။ ေတြ႕ဆုံမႈကဒီေလာက္နဲ႕ေတာ့ၿပီးမသြား။ personal အရ အဆင္မေျပရင္ လုပ္ငန္းသေဘာနဲ႕ထပ္ေတြ႕ၾကမယ္။

ဘယ္လိုလုပ္မလဲ ကြၽန္ေတာ္ကသိပ္ကိုခ်စ္ခ်င္ေနမိတဲ့ အခ်စ္ငတ္ငွက္ကေလးေပါ့.....

Brown_Tae

ေလးရက္ငါးရက္ေလာက္ဖ်ားသြားတာ လူကႏုံးခ်ိေနတာေလ ခုမွနလန္ထစ အပ္ေပးထားတယ္ေနာ္။

Thanks for reading
Amethyst_Jei

Continue Reading

You'll Also Like

496K 67.2K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...
66.6K 5K 65
ផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែល...
66K 9K 35
Após a morte de seu pai Edward Teach, um dos maiores e mais respeitados piratas da região do Caribe, Mon assume como capitã do navio Concorde. Bem qu...
156K 9.8K 20
ကမ္ဘာပေါ်မှာ လူပေါင်း billion ချီပြီးရှိနေလည်း ကျွန်မအကြည့်တွေက ရှင့်တ​ယောက်အတွက်သာ။