ရှီရှန်း (႐ွီ႐ွန္း) Book 2...

Hanpandora tarafından

817K 125K 3.1K

This is not my own story just for offline reading and Myanmar transalation . full crd to original uploder and... Daha Fazla

Transalator note
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 5.11
Arc 5.12
Arc 5.13
Arc 5.14
Arc 5.15
Arc 5.16
Arc 5.17
Arc 5.18
Sorry!!!
Arc 5.19
Arc 5.20
Arc 5.21
Arc 5.22
Arc 5.23
Arc 5.24
Arc 5.25
Arc 5.26
Arc 5.27
Arc 5.28
Arc 5.29
Arc 5.30
Arc 5.31
Arc 5.32 End
​ပေ့ကျဲ့ (special episode)
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 6.11
Arc 6.11 (ဒီတစ်ခါ တကယ်😂)
Arc 6.12
Arc 6.13
Arc 6.14
Arc 6.15
Arc 6.16
Arc 6.17
Note
Arc 6.18
Arc 6.19
Arc 6.20
Arc 6.21
Arc 6.22
Arc 6.23
Arc 6.24
Arc 6.25
Arc 6.26
Arc 6.27
Arc 6.28
Arc 6.29
Arc 6.30
Arc 6.31
Arc 6.32 End
welcom back💜💙
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 7.16
Arc 7.17
Arc 7.18
Arc 7.19
Arc 7.20
Arc 7.21
Arc 7.22
Arc 7.23
Arc 7.24
Arc 7.25
Arc 7.26
Arc 7.27
Arc 2.28
Arc 7.29
Arc 7.30
Arc 7.31
Arc 7.32
Arc 7.33
Arc 7.34[END]
spoiler alert❣
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 8.11
Arc 8.12
Arc 8.13
Arc 8.14
Arc 8.15
Arc 8.16
Arc 8.17
Arc 8.18
Arc 8.19
Arc 8.20
Arc 8.21
Arc 8.22
Arc 8.23
Arc 8.24
Arc 8.25
Arc 8.26
Arc 8.27
Arc 8.28
Arc 8.29
Arc 8.30
Arc 8.31End
Arc 8 Extra(ဖုန်းကျင်း)
Arc 9.1
Warning
Arc 9.2
Arc 9.3
Arc 9.4
Arc 9.5
Arc 9.6
Arc 9.7
Arc 9.8
Arc 9.9
Arc 9.10
Arc 9.11
Arc 9.12
Arc 9.13
Arc 9.14
Arc 9.15
Arc 9.16 + 9.17
Arc 9.18
Arc 9.19
Arc 9.21
Arc 9.22
Arc 9.23
Arc 9.24 END
Arc 10.1
Arc 10.2
Arc 10.3
Arc 10.4
Arc 10.5
Arc 10.6
Arc 10.7
Arc 10.8
Arc 10.9
Arc 10.10
Arc 10.11
Arc 10.12
Arc 10.13
Arc 10.14
Arc 10.15
Arc 10.16
Arc 10.17
Arc 10.18
Arc 10.19
Arc 10.20
Arc 10.21
Arc 10.22
Arc 10.23
Arc 10.24
Arc 10.25
Arc 10.26
Arc 10.27
Arc 10.28
Arc 10.29
Arc 10.30
Arc 10.31
Arc 10.32
Arc 10.33
Arc 10.34
Arc 10.35
Arc 10.36
Arc 10.37
Arc 10.38
Arc 10.39 to extra

Arc 9.20

3K 499 1
Hanpandora tarafından

Unicode

ဒါပေါ့နောက်ဆုံးမှာတော့, ရီ,အာ့, ဆန်း,စစ်, ဝူ,လျို့, တို့ကမျက်နှာဖြူဖြူလေးတွေအကုန်လုံးကိုပြန်ပို့လိုက်ကြရတယ် ဒါပေမဲ့သူတို့တွေနားမလည်ဘူး'ဘာဖြစ်လို့ဘောစ့်က သူတို့ကိုသဘောမကျရတာလဲ, အများစုကြိုက်ကြတာက လိင်ကိစ္စနဲ့အင်အားပဲလေ,သူတို့ကကြည့်မကောင်းလို့လား,ဟုတ်လောက်တယ်,သူတို့ကကြည့်မကောင်းလို့ပဲဖြစ်ရမယ်,အခြားခပ်ချောချောလေးတွေဘောစ့်အတွက်ထပ်ရှာကြမယ်!!'

အဲ့လိုနဲ့မကောင်းဆိုးဝါးတွေကမျက်နှာဖြူဖြူခပ်ချောချောလေးတွေရှာဖို့လူသားမျိုးနွယ်ကိုပတ်မွှေတော့တယ်

အဲ့အချိန်မှာသုန်းကျင်းကလည်းကောင်းကင်ဘုံတပ်ဖွဲ့နဲ့အကြီးအကျယ်တိုက်နေရတယ်

အဆုံးမှာတော့ တိုက်ပွဲကြောင့်ကောင်းကင်ဘုံသားတွေအုပ်စုကွဲကုန်တယ်

မကောင်းဆိုးဝါး တွေကအမြဲတမ်းရှီရှန်းဆီလာပြီးသတင်းပို့ရတယ် တိုက်ပွဲနှစ်ဖက်မှာဘယ်သူကနစ်နာကြောင်းသိုလှောင်ထားတဲ့အစားအစာတွေပျက်ဆီးကုန်ကြောင်းရှင်းပြတယ်

'လခွမ်း, နင်တို့အတိုက်ခိုက်ခံရရင်ဘယ်လိုပြန်တိုက်ရမလဲရောသိကြရဲ့လား'

စကားပြောတာတွေလုံလောက်တဲ့အခါမှာရှီရှန်းကသူတို့ကိုရှေ့တန်းကိုခေါ်သွားတယ်နှစ်ဦးနှစ်ဖက်ရဲ့ကြားမှာပဋိပက္ခတွေနဲ့လေထုကလေးလံနေတယ်

ရှီရှန်း တို့ရောက်လာတဲ့အခါမှာလူတိုင်းကသူမကိုကြည့်ကြတယ်
"....ထွီး...မကောင်းဆိုးဝါး တွေရောက်လာကြပြီ "

ရှီရှန်းက ဇီဟွမ်ကိုတွေ့လိုက်တယ်'အိုး, ပြန်ကောင်းသွားပြီလား,ငါကနင်ဇာတ်လိုက်မကိုအရမ်းဂရုစိုက်မယ်ထင်နေတာ,....တွေ့လား?, အင်အားနဲ့သူမနဲ့ဆိုတော့လည်းနင်အင်အားကိုယူခဲ့တာပဲလေ'

'စိတ်မကောင်းစရာပဲ, ဘယ်သူမှမရိပ်မိကြဘူး'

"ချင်းကွမ်း!!,နင်ဒီကိုလာရဲသေးတယ်ပေါ့' တစ်စုံတစ်ယောက်ကသူမကိုလက်ညှိုးထိုးပြီးအော်ပြောတယ်'ဒီကိစ္စတွေအားလုံးဒီမိစ္ဆာမကြောင့်ရှုပ်ကုန်တာ'

"ငါကဘာလို့လာလို့မရရမှာလဲ'
'ဒါကကောင်းကင်ဘုံဆိုပေမယ့်လည်း, အနှေးနဲ့အမြန်သုန်းကျင်းတိုက်ခိုက်တာကိုခံရမှာပဲလေ, နင်က ကပ်ဘေးကိုရှောင်နိုင်မယ်ထင်နေလား'

"ချင်းကွမ်း! အရမ်းတွေမာနကြီးမနေနဲ့,နင့်ကိုအရင်ကဘာမှမလုပ်နိုင်ဘူးဆိုတာက ရှေးဟောင်းနတ်ဘုရားဇီဟွမ် နေမကောင်းလို့ပဲ အခုသူကလုံးဝပြန်ကောင်းသွားပြီနင်ဘာလုပ်နိုင်သေးလဲ''

"အိုးး, လုံးဝပြန်ကောင်းသွားတယ်??''ရှီရှန်းက ပေါ့ပေါ့ပါးပါးပဲပြောပြီးတော့ခပ်လှောင်လှောင်ပြုံးလိုက်တယ်''ယွဲ့ယောင်ရော အသက်ရှိသေးရဲ့လား,နင်တို့တွေသူ့ကိုအသုံးချလိုက်တယ်ပေါ့,ဒါကတရားမျှတမှုတဲ့လား''

ကောင်းကင်ဘုံသားတွေရဲ့မျက်နှာကမသက်မသာဖြသ်သွားတယ်'သူမသိနေတာပဲ'

အချိန်အတော်ကြာမှလူအုပ်ထဲကတစ်ယောက်ကလှမ်းပြောတယ်''ဒါကပိုကောင်းဖို့အတွက်ပဲလေ''

"ဟမ့်, နားကြားကောင်းအောင်လာပြောမနေပါနဲ့,နင်တို့တွေကောင်းစားဖို့အတွက်သူမကိုအသုံးချခဲ့တာပဲလေ,လုပ်တာကလုပ်တာပဲ, ဝန်ခံရင်တောင်ငါမလှောင်ပါဘူး'' ရှီရှန်းက အေးစက်စွာပြောလိုက်တယ်

'သူတို့လုပ်ခဲ့တာတွေကိုဖုံးဖိဖို့အတွက်အကြောင်းပြချက်လာရှာနေတာပဲဘသူ့တို့ကအရမ်းအားနည်းလွန်းတယ်,အကယ်၍သာသူတို့မှာအင်အားရှိမယ်ဆိုရင်အခြားဘာမှအကြောင်းပြချက်ရှာစရာမလိုဘူး'

"ချင်းကွမ်း!,စကားလမ်းကြောင်းလာလွှဲမနေနဲ့,မင်းဘာကိစ္စဒီကိုလာရတာလဲ''ဇီဟွမ်ကမျက်နှာတည်နဲ့မေးတယ်

"ရှင်တကယ်ပြန်ကောင်းသွားပြီဆိုတာသေချာရဲ့လား, '' ဒီအသံလေးရဲ့နောက်ကွယ်မှာလျို့ဝှက်ချက်တွေပြည့်နေတယ်ဆိုတာလူတိုင်းခံစားမိကြတယ်

"မင်းဘာကိုဆိုလိုတာလဲ''ဇီဟွမ်ကရှီရှန်းကိုမျက်မှောက်ကြုတ်ပြီးကြည့်လိုက်တယ်
'ငါ,ငါရဲ့ကောင်းကင်ဘုံလက်နက်စွမ်းအားကိုသုံးလို့ရပြီလေ'

ရှီရှန်းရဲ့အပြုံးတွေကပိုပိုပြီးတော့တောက်ပလာပြီးတော့,သူမရဲ့တည်ငြိမ်တဲ့မျက်လုံးတွေကပိုပိုပြီးတော့လှည့်ဖျားမှုတွေနဲ့ပြည့်လာတယ်''အဲဒီရွှေရောင်အမှုန်လေးတွေကိုကုအဆိပ်လို့ခေါ်တယ်သူတို့တွေပူးပေါင်းသွားရင် ယင်ယန်အဆိပ်ဖြစ်တည်လာတယ်
"

အဆိပ်မိထားတဲ့သူနှစ်ဦးကတစ်ဦးနဲ့တစ်ဦးပိုပိုပြီးတော့နီးကပ်သလိုခံစားရမယ် ဒါပေမယ့်လည်းသူတို့တွေလိင်ဆက်ဆံပြီးတော့မှသာ ယင်,ယန်အဆိပ်ဖြစ်တည်လာမယ်

ကိုယ့်ကိုယ်တိုင်ကအရမ်းအင်အားကြီးနေတဲ့သူတိုရင်တော့ဒီယင်ယန်အဆိပ်က လိင်မဆက်ဆံဘူးဆိုရင်သူ့ဟာသူသေ သွားမယ် အခက်ခဲဆုံးအပိုင်းက သူတို့နှလုံးသားထဲမှာပေါ်လာတဲ့အကြောက်တရားနဲ့လှုပ်ဆော်မှုကိုသည်းခံရတာပဲ

ရှီရှန်းက ဒါတွေကိုဖုန်းစီရဲ့လောကမှာတွေ့လာခဲ့တာ,ဒီလောက်တောင်အသုံးဝင်တဲ့ပစ္စည်းတွေမို့လို့သူမနည်းနည်းလောက်စုခဲ့တယ်

ဇီဟွမ်က မျက်နှာတစ်ခုလုံးအေးခဲသွားတယ်'ယင်, နဲ့ယန် ပေါင်းစပ်တာက အဆိပ်ကိုဖြစ်ပေါ်စေတယ်'

ဒီစကားလုံးတွေကသူ့နားထဲကိုဝင်လာတယ်

ဘေးနားကသူတွေကတော့အမှန်တရားကိုလက်မခံနိုင်ဘဲနဲ့သူတို့တွေစိတ်သက်သာရာရဖို့အတွက်အော်ပြောတယ်''ချင်းကွမ်း!!, ရှေးဟောင်းနတ်ဘုရားဇီဟွမ်ကိုဖြဲခြောက်မနေနဲ့,သူကလုံးဝပြန်ကောင်းသွားပြီ''

"ပျော်သလိုသာတွေးပါ''ရှီရှန်းကအေးအေးဆေးဆေးပဲ''ဘာပဲဖြစ်ဖြစ်သေရမှာကငါမှမဟုတ်တာ''

ဘယ်သူကမှစကားဆက်မပြောတော့ဘူးအဲဒီအစားဇီဟွမ်ကိုပဲကြည့်နေကြတယ်'ရှေးဟောင်းနတ်ဘုရားဇီဟွမ်ပဲ သူမပြောတာမှန်လားမမှန်လားသိမှာ'

ဇီဟွမ်က သူ့ခန္ဓာကိုယ်ထဲမှာပုံမှန်မဟုတ်တာကိုမခံစားရဘူးပြီးတော့သူ့ရဲ့ကောင်းကင်ဘုံလက်နက်ကိုလည်းသုံးချင်သလိုသုံးရနေတာပဲ
'သူမဘာကိုပြောချင်တာလဲ'

"တွေးနေရမယ့်အချိန်ကုန်သွားပြီအခုက....''ရှီရှန်းကသူမဓားကိုထုတ်လိုက်ပြီးတော့လှပစွာဓားရေးပြတယ်သူမရဲ့ကျက်သရေရှိတဲ့မျက်နှာပေါ်ကပန်းနုရောင်နှုတ်ခမ်းတစ်စုံကကွေးသွားတယ်''သတ်ရမယ့်အချိန်ပဲ''

ခနအကြာမှာကောင်းကင်ကနေပြီးတော့မိုးပေါက်တွေကျလာပြီးတော့မိုးသဲလာတယ် မိုးရေတွေနဲ့သူမပုံရိပ်ကဝေဝါးသွားပြီးတော့အလင်းပြန်နေတဲ့အရာတစ်ခုကိုပဲမြင်ရတယ်

"အားးး''မိုးရေထဲကနေစူးရှတဲ့အသံတစ်ချက်ပေါ်လာပြီးတော့ သွေးတွေနဲ့မိုးရေတွေရောသွားတယ်
အဖြူရောင်ပုံရိပ်တစ်ခုကကောင်းကင်ဘုံကနေမြေပြင်ပေါ်ကိုကျသွားတယ်သူ့ဘေးပတ်ပတ်လည်ကသွေးတွေဝိုင်းနေတယ်

"တိုက်ကြ!!''
သုန်းကျင်း ရဲ့တပ်ဖွဲ့ကလည်းပထမလူမြေပြင်ပေါ်ကျလာတာနဲ့တိုပ်ဖို့ဝင်လာကြတယ်ဘသူ့နောက်မှာလည်းလူသတ်ချင်နေတဲ့မကောင်းဆိုးဝါးတွေလည်းအုပ်လိုက်ကြီးလိုက်လာကြတယ်

ဒီတစ်ခုမှာတော့ကောင်းကင်ဘုံသားတွေကဇီဟွမ်ရဲ့အကူအညီမပါတာကြောင့်နောက်ဆုတ်သွားခဲ့ရတယ်

ကောင်းကင်ဘုံသားတွေပြန်ဆုတ်သွားတာနဲ့ရှီရှန်းက ဆန်းဆန်းသူ့ကိုသစ်ရွက်အကြီးကြီးနဲ့မိုးပေးထားတဲ့နေရာကနေထလိုက်ပြီးတော့လေထဲမှာရပ်နေတဲ့သုန်းကျင်းကိုကြည့်တယ်

သုန်းကျင်းကဆင်းမလာခင်နည်းနည်းတော့ချီတုံချတုံဖြစ်နေသေးတယ် သူ့ရဲ့မျက်နှာဖုံးကမိုးရေတွေနဲ့ရွှဲနေပြီးတော့ပိုပြီးတော့တောင်အထီးကျန်ဆန်တဲ့ပုံပေါက်နေစေတယ်

"မင်းဘာလို့,သူတို့ကိုအဲ့လောက်ထိဆန့်ကျင်နေရတာလဲ''

"ရှင့်ကိုတစ်ချိန်လုံးသတ်ချင်နေတဲ့သူဆိုရင်ရောသူတို့ကိုကရုဏာပြုမှာလား?''ရှီရှန်းက အမေးကိုအမေးနဲ့ပြန်ဖြေတယ်

'ဒီလူတွေကဇာတ်လိုက်မဘက်ကနေမယ်လို့ရွေးချယ်လိုက်မှတော့သူတို့တွေကအနှေးနဲ့အမြန်ငါ့ကိုဆန့်ကျင်မှာပဲလေ သူတို့ကဘာမှမလုပ်ရသေးလို့အပြစ်ကင်းတဲ့သူလေးတွေလို့တော့လာမပြောနဲ့ ဒီကမ္ဘာမှာအပြစ်ကင်းတာမရှိဘူး,ရှင်သန်ဖို့ရုန်းကန်နေရတာကြီးပဲ'

သုန်းကျင်းကခနလောက်တိတ်သွားတယ်ပြီးတော့မှစကားပြန်ပြောတယ်''မင်းရှာနေတဲ့သူရောတွေ့ပြီလား''

"မတွေ့သေးဘူး,ဒီဘဝမှာတော့သူ့ကိုမရှာတော့ဘူး''

သုန်းကျင်း''......''
"ဒီဘဝတဲ့လား''
သုန်းကျင်းကသိပ်နားမလည်နိုင်ဘူး
'သူမကမြနန်းတော်မှာနေတာဖြစ်ပြီးတော့ငါသိသလောက်ဆိုရင်သူမမှာအချစ်စမ်းသပ်ချက်တွေဘာတွေမရှိလောက်တော့ပါဘူး,အဲ့တော့ဒီဘဝဆိုတာကဘာကိုပြောချင်တာလဲ'

"ကျွန်မပြောလည်းရှင်နားမလည်လောက်ဘူး''
ရှီရှန်းက သူ့ဆီအကြည့်ကိုလွှဲလိုက်တယ်''ရှင်ကျွန်မနဲ့ပတ်သတ်ပြီးတစ်ခုခုခံစားရသေးလား''

'ကြိုးနီတွေအချည်ခံထားရတာဆိုတော့, အရင်နဲ့နည်းနည်းတော့ကွာခြားမှာပဲလေဟုတ်တယ်မလား'

"အင်း, မင်းကိုသတ်ချင်စိတ်မရှိရုံလောက်ပဲ''သုန်းကျင်းကမျက်နှာတည်ကြီးနဲ့ဖြေတယ်

ရှီရှန်း''.....''
'နင်သတ်ချင်တာလောက်ပဲသိတာပေါ့*'

သုန်းကျင်းလိုသူမျိုးအတွက်တော့အသက်ရှင်နေတာမြင်တာနဲ့သတ်ချင်စိတ်ကဖြစ်မှာပဲ ဒါပေမဲ့သူမကိုတွေ့တော့ သတ်ချင်စိတ်တော့မဖြစ်မိဘူး

ရှီရှန်းက ခနလောက်တိတ်ပြီးတွေးနေတယ်ဘာလို့အဲ့ခွေးမလေးကသူတို့ကြိုးနီတွေကိုအတူချည်ပေးတယ်ဆိုတာပဲ

သုန်းကျင်းကဘာပြောရမှန်းမသိတာရယ်ပြီးတော့ရှီရှန်းကလည်းပြောစရာမရှိတာရယ်ကြောင့်နှစ်ယောက်လုံးအသံတိတ်သွားကြတယ်
......

Transalated by Dora💜 Mia💙

Zawgyi
ဒါေပါ့ေနာက္ဆုံးမွာေတာ့, ရီ,အာ့, ဆန္း,စစ္, ဝူ,လ်ိဳ႕, တို႔ကမ်က္ႏွာျဖဴျဖဴေလးေတြအကုန္လုံးကိုျပန္ပို႔လိုက္ၾကရတယ္ ဒါေပမဲ့သူတို႔ေတြနားမလည္ဘူး'ဘာျဖစ္လို႔ေဘာစ့္က သူတို႔ကိုသေဘာမက်ရတာလဲ, အမ်ားစုႀကိဳက္ၾကတာက လိင္ကိစၥနဲ႔အင္အားပဲေလ,သူတို႔ကၾကည့္မေကာင္းလို႔လား,ဟုတ္ေလာက္တယ္,သူတို႔ကၾကည့္မေကာင္းလို႔ပဲျဖစ္ရမယ္,အျခားခပ္ေခ်ာေခ်ာေလးေတြေဘာစ့္အတြက္ထပ္႐ွာၾကမယ္!!'

အဲ့လိုနဲ႔မေကာင္းဆိုးဝါးေတြကမ်က္ႏွာျဖဴျဖဴခပ္ေခ်ာေခ်ာေလးေတြ႐ွာဖို႔လူသားမ်ိဳးႏြယ္ကိုပတ္ေမႊေတာ့တယ္

အဲ့အခ်ိန္မွာသုန္းက်င္းကလည္းေကာင္းကင္ဘုံတပ္ဖြဲ႕နဲ႔အႀကီးအက်ယ္တိုက္ေနရတယ္

အဆုံးမွာေတာ့ တိုက္ပြဲေၾကာင့္ေကာင္းကင္ဘုံသားေတြအုပ္စုကြဲကုန္တယ္

မေကာင္းဆိုးဝါး ေတြကအၿမဲတမ္း႐ွီ႐ွန္းဆီလာၿပီးသတင္းပို႔ရတယ္ တိုက္ပြဲႏွစ္ဖက္မွာဘယ္သူကနစ္နာေၾကာင္းသိုေလွာင္ထားတဲ့အစားအစာေတြပ်က္ဆီးကုန္ေၾကာင္း႐ွင္းျပတယ္

'လခြမ္း, နင္တို႔အတိုက္ခိုက္ခံရရင္ဘယ္လိုျပန္တိုက္ရမလဲေရာသိၾကရဲ႕လား'

စကားေျပာတာေတြလုံေလာက္တဲ့အခါမွာ႐ွီ႐ွန္းကသူတို႔ကိုေ႐ွ႕တန္းကိုေခၚသြားတယ္ႏွစ္ဦးႏွစ္ဖက္ရဲ႕ၾကားမွာပဋိပကၡေတြနဲ႔ေလထုကေလးလံေနတယ္

႐ွီ႐ွန္း တို႔ေရာက္လာတဲ့အခါမွာလူတိုင္းကသူမကိုၾကည့္ၾကတယ္
"....ထြီး...မေကာင္းဆိုးဝါး ေတြေရာက္လာၾကၿပီ "

႐ွီ႐ွန္းက ဇီဟြမ္ကိုေတြ႕လိုက္တယ္'အိုး, ျပန္ေကာင္းသြားၿပီလား,ငါကနင္ဇာတ္လိုက္မကိုအရမ္းဂ႐ုစိုက္မယ္ထင္ေနတာ,....ေတြ႕လား?, အင္အားနဲ႔သူမနဲ႔ဆိုေတာ့လည္းနင္အင္အားကိုယူခဲ့တာပဲေလ'

'စိတ္မေကာင္းစရာပဲ, ဘယ္သူမွမရိပ္မိၾကဘူး'

"ခ်င္းကြမ္း!!,နင္ဒီကိုလာရဲေသးတယ္ေပါ့' တစ္စုံတစ္ေယာက္ကသူမကိုလက္ညိႇဳးထိုးၿပီးေအာ္ေျပာတယ္'ဒီကိစၥေတြအားလုံးဒီမိစၧာမေၾကာင့္႐ႈပ္ကုန္တာ'

"ငါကဘာလို႔လာလို႔မရရမွာလဲ'
'ဒါကေကာင္းကင္ဘုံဆိုေပမယ့္လည္း, အေႏွးနဲ႔အျမန္သုန္းက်င္းတိုက္ခိုက္တာကိုခံရမွာပဲေလ, နင္က ကပ္ေဘးကိုေ႐ွာင္ႏိုင္မယ္ထင္ေနလား'

"ခ်င္းကြမ္း! အရမ္းေတြမာနႀကီးမေနနဲ႔,နင့္ကိုအရင္ကဘာမွမလုပ္ႏိုင္ဘူးဆိုတာက ေ႐ွးေဟာင္းနတ္ဘုရားဇီဟြမ္ ေနမေကာင္းလို႔ပဲ အခုသူကလုံးဝျပန္ေကာင္းသြားၿပီနင္ဘာလုပ္ႏိုင္ေသးလဲ''

"အိုးး, လုံးဝျပန္ေကာင္းသြားတယ္??''႐ွီ႐ွန္းက ေပါ့ေပါ့ပါးပါးပဲေျပာၿပီးေတာ့ခပ္ေလွာင္ေလွာင္ျပဳံးလိုက္တယ္''ယြဲ႕ေယာင္ေရာ အသက္႐ွိေသးရဲ႕လား,နင္တို႔ေတြသူ႕ကိုအသုံးခ်လိုက္တယ္ေပါ့,ဒါကတရားမွ်တမႈတဲ့လား''

ေကာင္းကင္ဘုံသားေတြရဲ႕မ်က္ႏွာကမသက္မသာျဖသ္သြားတယ္'သူမသိေနတာပဲ'

အခ်ိန္အေတာ္ၾကာမွလူအုပ္ထဲကတစ္ေယာက္ကလွမ္းေျပာတယ္''ဒါကပိုေကာင္းဖို႔အတြက္ပဲေလ''

"ဟမ့္, နားၾကားေကာင္းေအာင္လာေျပာမေနပါနဲ႔,နင္တို႔ေတြေကာင္းစားဖို႔အတြက္သူမကိုအသုံးခ်ခဲ့တာပဲေလ,လုပ္တာကလုပ္တာပဲ, ဝန္ခံရင္ေတာင္ငါမေလွာင္ပါဘူး'' ႐ွီ႐ွန္းက ေအးစက္စြာေျပာလိုက္တယ္

'သူတို႔လုပ္ခဲ့တာေတြကိုဖုံးဖိဖို႔အတြက္အေၾကာင္းျပခ်က္လာ႐ွာေနတာပဲဘသူ႕တို႔ကအရမ္းအားနည္းလြန္းတယ္,အကယ္၍သာသူတို႔မွာအင္အား႐ွိမယ္ဆိုရင္အျခားဘာမွအေၾကာင္းျပခ်က္႐ွာစရာမလိုဘူး'

"ခ်င္းကြမ္း!,စကားလမ္းေၾကာင္းလာလႊဲမေနနဲ႔,မင္းဘာကိစၥဒီကိုလာရတာလဲ''ဇီဟြမ္ကမ်က္ႏွာတည္နဲ႔ေမးတယ္

"႐ွင္တကယ္ျပန္ေကာင္းသြားၿပီဆိုတာေသခ်ာရဲ႕လား, '' ဒီအသံေလးရဲ႕ေနာက္ကြယ္မွာလ်ိဳ႕ဝွက္ခ်က္ေတြျပည့္ေနတယ္ဆိုတာလူတိုင္းခံစားမိၾကတယ္

"မင္းဘာကိုဆိုလိုတာလဲ''ဇီဟြမ္က႐ွီ႐ွန္းကိုမ်က္ေမွာက္ၾကဳတ္ၿပီးၾကည့္လိုက္တယ္
'ငါ,ငါရဲ႕ေကာင္းကင္ဘုံလက္နက္စြမ္းအားကိုသုံးလို႔ရၿပီေလ'

႐ွီ႐ွန္းရဲ႕အျပဳံးေတြကပိုပိုၿပီးေတာ့ေတာက္ပလာၿပီးေတာ့,သူမရဲ႕တည္ၿငိမ္တဲ့မ်က္လုံးေတြကပိုပိုၿပီးေတာ့လွည့္ဖ်ားမႈေတြနဲ႔ျပည့္လာတယ္''အဲဒီေ႐ႊေရာင္အမႈန္ေလးေတြကိုကုအဆိပ္လို႔ေခၚတယ္သူတို႔ေတြပူးေပါင္းသြားရင္ ယင္ယန္အဆိပ္ျဖစ္တည္လာတယ္
"

အဆိပ္မိထားတဲ့သူႏွစ္ဦးကတစ္ဦးနဲ႔တစ္ဦးပိုပိုၿပီးေတာ့နီးကပ္သလိုခံစားရမယ္ ဒါေပမယ့္လည္းသူတို႔ေတြလိင္ဆက္ဆံၿပီးေတာ့မွသာ ယင္,ယန္အဆိပ္ျဖစ္တည္လာမယ္

ကိုယ့္ကိုယ္တိုင္ကအရမ္းအင္အားႀကီးေနတဲ့သူတိုရင္ေတာ့ဒီယင္ယန္အဆိပ္က လိင္မဆက္ဆံဘူးဆိုရင္သူ႕ဟာသူေသ သြားမယ္ အခက္ခဲဆုံးအပိုင္းက သူတို႔ႏွလုံးသားထဲမွာေပၚလာတဲ့အေၾကာက္တရားနဲ႔လႈပ္ေဆာ္မႈကိုသည္းခံရတာပဲ

႐ွီ႐ွန္းက ဒါေတြကိုဖုန္းစီရဲ႕ေလာကမွာေတြ႕လာခဲ့တာ,ဒီေလာက္ေတာင္အသုံးဝင္တဲ့ပစၥည္းေတြမို႔လို႔သူမနည္းနည္းေလာက္စုခဲ့တယ္

ဇီဟြမ္က မ်က္ႏွာတစ္ခုလုံးေအးခဲသြားတယ္'ယင္, နဲ႔ယန္ ေပါင္းစပ္တာက အဆိပ္ကိုျဖစ္ေပၚေစတယ္'

ဒီစကားလုံးေတြကသူ႕နားထဲကိုဝင္လာတယ္

ေဘးနားကသူေတြကေတာ့အမွန္တရားကိုလက္မခံႏိုင္ဘဲနဲ႔သူတို႔ေတြစိတ္သက္သာရာရဖို႔အတြက္ေအာ္ေျပာတယ္''ခ်င္းကြမ္း!!, ေ႐ွးေဟာင္းနတ္ဘုရားဇီဟြမ္ကိုၿဖဲေျခာက္မေနနဲ႔,သူကလုံးဝျပန္ေကာင္းသြားၿပီ''

"ေပ်ာ္သလိုသာေတြးပါ''႐ွီ႐ွန္းကေအးေအးေဆးေဆးပဲ''ဘာပဲျဖစ္ျဖစ္ေသရမွာကငါမွမဟုတ္တာ''

ဘယ္သူကမွစကားဆက္မေျပာေတာ့ဘူးအဲဒီအစားဇီဟြမ္ကိုပဲၾကည့္ေနၾကတယ္'ေ႐ွးေဟာင္းနတ္ဘုရားဇီဟြမ္ပဲ သူမေျပာတာမွန္လားမမွန္လားသိမွာ'

ဇီဟြမ္က သူ႕ခႏၶာကိုယ္ထဲမွာပုံမွန္မဟုတ္တာကိုမခံစားရဘူးၿပီးေတာ့သူ႕ရဲ႕ေကာင္းကင္ဘုံလက္နက္ကိုလည္းသုံးခ်င္သလိုသုံးရေနတာပဲ
'သူမဘာကိုေျပာခ်င္တာလဲ'

"ေတြးေနရမယ့္အခ်ိန္ကုန္သြားၿပီအခုက....''႐ွီ႐ွန္းကသူမဓားကိုထုတ္လိုက္ၿပီးေတာ့လွပစြာဓားေရးျပတယ္သူမရဲ႕က်က္သေရ႐ွိတဲ့မ်က္ႏွာေပၚကပန္းႏုေရာင္ႏႈတ္ခမ္းတစ္စုံကေကြးသြားတယ္''သတ္ရမယ့္အခ်ိန္ပဲ''

ခနအၾကာမွာေကာင္းကင္ကေနၿပီးေတာ့မိုးေပါက္ေတြက်လာၿပီးေတာ့မိုးသဲလာတယ္ မိုးေရေတြနဲ႔သူမပုံရိပ္ကေဝဝါးသြားၿပီးေတာ့အလင္းျပန္ေနတဲ့အရာတစ္ခုကိုပဲျမင္ရတယ္

"အားးး''မိုးေရထဲကေနစူး႐ွတဲ့အသံတစ္ခ်က္ေပၚလာၿပီးေတာ့ ေသြးေတြနဲ႔မိုးေရေတြေရာသြားတယ္
အျဖဴေရာင္ပုံရိပ္တစ္ခုကေကာင္းကင္ဘုံကေနေျမျပင္ေပၚကိုက်သြားတယ္သူ႕ေဘးပတ္ပတ္လည္ကေသြးေတြဝိုင္းေနတယ္

"တိုက္ၾက!!''
သုန္းက်င္း ရဲ႕တပ္ဖြဲ႕ကလည္းပထမလူေျမျပင္ေပၚက်လာတာနဲ႔တိုပ္ဖို႔ဝင္လာၾကတယ္ဘသူ႕ေနာက္မွာလည္းလူသတ္ခ်င္ေနတဲ့မေကာင္းဆိုးဝါးေတြလည္းအုပ္လိုက္ႀကီးလိုက္လာၾကတယ္

ဒီတစ္ခုမွာေတာ့ေကာင္းကင္ဘုံသားေတြကဇီဟြမ္ရဲ႕အကူအညီမပါတာေၾကာင့္ေနာက္ဆုတ္သြားခဲ့ရတယ္

ေကာင္းကင္ဘုံသားေတြျပန္ဆုတ္သြားတာနဲ႔႐ွီ႐ွန္းက ဆန္းဆန္းသူ႕ကိုသစ္႐ြက္အႀကီးႀကီးနဲ႔မိုးေပးထားတဲ့ေနရာကေနထလိုက္ၿပီးေတာ့ေလထဲမွာရပ္ေနတဲ့သုန္းက်င္းကိုၾကည့္တယ္

သုန္းက်င္းကဆင္းမလာခင္နည္းနည္းေတာ့ခ်ီတုံခ်တုံျဖစ္ေနေသးတယ္ သူ႕ရဲ႕မ်က္ႏွာဖုံးကမိုးေရေတြနဲ႔႐ႊဲေနၿပီးေတာ့ပိုၿပီးေတာ့ေတာင္အထီးက်န္ဆန္တဲ့ပုံေပါက္ေနေစတယ္

"မင္းဘာလို႔,သူတို႔ကိုအဲ့ေလာက္ထိဆန္႔က်င္ေနရတာလဲ''

"႐ွင့္ကိုတစ္ခ်ိန္လုံးသတ္ခ်င္ေနတဲ့သူဆိုရင္ေရာသူတို႔ကိုက႐ုဏာျပဳမွာလား?''႐ွီ႐ွန္းက အေမးကိုအေမးနဲ႔ျပန္ေျဖတယ္

'ဒီလူေတြကဇာတ္လိုက္မဘက္ကေနမယ္လို႔ေ႐ြးခ်ယ္လိုက္မွေတာ့သူတို႔ေတြကအေႏွးနဲ႔အျမန္ငါ့ကိုဆန္႔က်င္မွာပဲေလ သူတို႔ကဘာမွမလုပ္ရေသးလို႔အျပစ္ကင္းတဲ့သူေလးေတြလို႔ေတာ့လာမေျပာနဲ႔ ဒီကမ႓ာမွာအျပစ္ကင္းတာမ႐ွိဘူး,႐ွင္သန္ဖို႔႐ုန္းကန္ေနရတာႀကီးပဲ'

သုန္းက်င္းကခနေလာက္တိတ္သြားတယ္ၿပီးေတာ့မွစကားျပန္ေျပာတယ္''မင္း႐ွာေနတဲ့သူေရာေတြ႕ၿပီလား''

"မေတြ႕ေသးဘူး,ဒီဘဝမွာေတာ့သူ႕ကိုမ႐ွာေတာ့ဘူး''

သုန္းက်င္း''......''
"ဒီဘဝတဲ့လား''
သုန္းက်င္းကသိပ္နားမလည္ႏိုင္ဘူး
'သူမကျမနန္းေတာ္မွာေနတာျဖစ္ၿပီးေတာ့ငါသိသေလာက္ဆိုရင္သူမမွာအခ်စ္စမ္းသပ္ခ်က္ေတြဘာေတြမ႐ွိေလာက္ေတာ့ပါဘူး,အဲ့ေတာ့ဒီဘဝဆိုတာကဘာကိုေျပာခ်င္တာလဲ'

"ကြၽန္မေျပာလည္း႐ွင္နားမလည္ေလာက္ဘူး''
႐ွီ႐ွန္းက သူ႕ဆီအၾကည့္ကိုလႊဲလိုက္တယ္''႐ွင္ကြၽန္မနဲ႔ပတ္သတ္ၿပီးတစ္ခုခုခံစားရေသးလား''

'ႀကိဳးနီေတြအခ်ည္ခံထားရတာဆိုေတာ့, အရင္နဲ႔နည္းနည္းေတာ့ကြာျခားမွာပဲေလဟုတ္တယ္မလား'

"အင္း, မင္းကိုသတ္ခ်င္စိတ္မ႐ွိ႐ုံေလာက္ပဲ''သုန္းက်င္းကမ်က္ႏွာတည္ႀကီးနဲ႔ေျဖတယ္

႐ွီ႐ွန္း''.....''
'နင္သတ္ခ်င္တာေလာက္ပဲသိတာေပါ့*'

သုန္းက်င္းလိုသူမ်ိဳးအတြက္ေတာ့အသက္႐ွင္ေနတာျမင္တာနဲ႔သတ္ခ်င္စိတ္ကျဖစ္မွာပဲ ဒါေပမဲ့သူမကိုေတြ႕ေတာ့ သတ္ခ်င္စိတ္ေတာ့မျဖစ္မိဘူး

႐ွီ႐ွန္းက ခနေလာက္တိတ္ၿပီးေတြးေနတယ္ဘာလို႔အဲ့ေခြးမေလးကသူတို႔ႀကိဳးနီေတြကိုအတူခ်ည္ေပးတယ္ဆိုတာပဲ

သုန္းက်င္းကဘာေျပာရမွန္းမသိတာရယ္ၿပီးေတာ့႐ွီ႐ွန္းကလည္းေျပာစရာမ႐ွိတာရယ္ေၾကာင့္ႏွစ္ေယာက္လုံးအသံတိတ္သြားၾကတယ္
......

Transalated by Dora💜 Mia💙

Okumaya devam et

Bunları da Beğeneceksin

3.8M 264K 81
Married Life ( Male Pregnant ) " ငါေမာင့္ကိုခ်စ္တယ္ ဒါေပမယ့္ ငါ့မွာလည္းသည္းခံႏိုင္တဲ့အတိုင္းအတာဆိုတာ႐ွိတယ္ မင္းငါ့ကိုအရင္ေက်ာခိုင္းရင္ မင္းထားခဲ႔တဲ႔အ...
55.9K 7.1K 172
sequel of (1394 to final)