မိုးကောင်းကင်နှင့်ကမ္ဘာမြေ...

By SpringGenAerri

778K 71.3K 3.3K

မိုးကုပ်စက်ဝိုင်းနဲ့ ကမ္ဘာမြေကြီး ထိစပ်သွားသလိုထင်ခဲ့မိတဲ့ အချိန် ကလေးတိုင်းမှာရှိခဲ့ဖူးပါတယ်။ ဘယ်တော့မှ မထိစ... More

part(1)
part(2)
part(3)
part(4)
part(5)
part(6)
part(7)
part(8)
part(9)
part(10)
part(11)
part(12)
part(13)
part(14)
part(15)
part(16)
part(17)
part(18)
part(19)
part(20)
part(21)
part(22)
part(23)
part(24)
part(25)
part(26)
part(27)
part(28)
part(29)
part(30)
part(31)
part(32)
part(33)
part(34)
part(35)
part(36)
part(37)
part(38)
part(39)
part(40)
part(41)
part(42)
part(43)
part(44)
part(45)
part(46)
part(47)
part(48)
part(49)
part(50)
part(51)
part(52)
part(53)
part(54)
part(55)
part(56)
part(57)
part(58)
part(59)
part(60)
part(61)
part(62)
part(63)
part(64)
part (65)
part(66)
part(67)
part(68)
part(69)🍧🍧🍧
part(70)
part(71)ဇာတ်သိမ်းပိုင်း
မောင့်အကြောင်းလေးတွေ
ကြင်နာသူနဲ့ နေ့ရက်ပေါင်းများစွာ♥
အကြင်နာ ဝေမျှခြင်း♥
ယနေ့မှစ နှစ်တစ်ရာတိုင်
နွေးထွေးစွာအေးမြလေသော အကြင်နာ♥

အကြင်နာနှင့် နွေးထွေးသော အရိပ်

10.1K 804 80
By SpringGenAerri

Unicode

ဒီနေ့က နေ့ထူးနေ့မြတ်တို့ရဲ့.... နေ့

နေ့ထူးနဲ့နေ့မြတ်ဆိုတဲ့ ကလေးနှစ်ယောက်က အသက်တစ်နှစ်ကွာတယ်။ မွေးရက်ကမတူပေမဲ့ မွေးလက တူတယ်။ ဒီနေ့က နေ့ထူးနေ့မြတ်တို့ရဲ့ မွေးနေ့ ကျင်းပနေတာ။ မွေးလတစ်လထဲဆိုတော့ မွေးနေ့ပွဲကို ခွဲပြီးမကျင်းပနိုင်ဘူး။
သိတဲ့အတိုင်း မွေးသဖခင်ကျေးဇူးရှင်နှစ်ယောက်လုံးက အရှားပါးဆုံးမေးရင် အချိန်ပဲ။
တစ်ယောက်ကလဲ မှော်ထဲမသွားဘူးဆိုတာ ယုံတမ်းစကား..
ပြောလဲမောင်ပြောပဲ... ဘယ်သူကမှ မယုံဘူး။

ဟော...နောက်တစ်ယောက်ကလဲ တူတူပဲ.... ဆေးရုံကို မစွန့်လွှတ်နိုင်ဘူး။
ဘာကြောင့်လဲဆိုတော့ နယ်မြို့ဆေးရုံဆိုတာက လူနာတွေသိပ်အားကိုးကြတာ။
တကယ်ပဲ ပြည်သူ့ဆေးရုံကိုအားကိုးကြသူတွေပဲရှိတယ်။
ပုဂ္ဂလိကဆေးရုံတွေလဲ ရန်ကုန်လောက်မများပေမဲ့ ရှိပါတယ်။
တကယ်အရေးကြီး case တွေကတော့ ဆေးရုံပဲ လာကြရတာလေ။

ဗန်းမောက် ပတ်ဝန်းကျင်ရွာတွေကလဲ အားကိုးတကြီး လာပြတာတွေရှိတော့...ဒေါက်တာလင်းသန့်ကြည်အလုပ်မထွက်နိုင်ဘူးရယ်။
ကလေးနှစ်ယောက်ရနေပြီ။
တိုးလို့တွဲလောင်းနှစ်ကောင်ကို သူ့အဖေက ကလေးထိန်းတွေနဲ့ စိတ်မချဘူးလေ။
ဒါကြောင့် ကလေးနှစ်ကောင်ကိုလဲ ထိန်းရသေးတာ။

မောင်ပြောခဲ့သလိုပါပဲ.... မောင့်အမေရော ငယ်ထွေးအမေရော ဗန်းမောက်ကို လာနေပေးကြရတယ်။
တကယ်ကို အမေတွေကို အားနာရတယ်။
သူတို့ဘာသူတို့ ဘုရားနဲ့တရားနဲ့အေးချမ်းနေတာကို မနေနိုင်အောင်လုပ်တယ်လေ။
ကလေးနှစ်ကောင်နဲ့ လင်းသန့်ကြည်ဘာမှ မလုပ်တတ်မှာကိုသိလေတော့ လာကြရပြီပေါ့။
မောင့်တူမလေးရောပဲ....ဖွားအေတွေနောက်လိုက်လာရတယ်။

မိုးလင်းရင် လင်းသန့်ကြည် အရင်လို အိပ်ပုတ်နေလို့မရတော့ဘူး။
ကလေးကိစ္စကို ကိုယ်တိုင်လုပ်ရတယ်။
ကူလုပ်ပေးဖို့ရာ အကူတွေအိမ်မှာအများကြီးရှိတယ်။
ဒါပေမဲ့ သူတို့နဲ့ပဲ လွှတ်မထားနဲ့ မကြိုက်ဘူး။
ဘယ်သူမကြိုက်တာလဲ....သိကြလား။
အဲ့တော့.... ကိုယ်တိုင်ပဲ မွေးထားတာလေးတွေကို ပြုစုရတယ်။
လင်းသန့်ကြည် ကိုယ်တိုင်ကလဲ ကလေးတွေကို ကိုယ်တိုင်လုပ်ပေးရမှ ကျေနပ်တာလဲ ပါတာပေါ့။
ဆေးရုံတစ်ဖက်...ကလေးတစ်ဖက်နဲ့ပဲ...ဖတ်ဖတ်သီနေရတဲ့နေ့ရက်တွေပါ။

သူ့အဖေက အိမ်မှာပဲ အလုပ်လုပ်တဲ့ရက်တွေဆိုရင် နည်းနည်းသက်သာတယ်။ တစ်နေကုန် သူတို့အဖေနဲ့ထားခဲ့လို့ရတယ်။
သူ့အဖေ မှော်ထဲဆင်းသွားတဲ့ရက်မျိုးမှာတော့ ဆေးရုံနဲ့အိမ်ကို လွန်းပျံလေးလိုလုပ်နေရတယ်။
တော်သေးတာက....ဆေးရုံနားမှာပဲ အိပ်ဝယ်ပေးထားလို့ပေါ့။
ရန်ကုန်မှာလို တစ်ခါအိမ်ပြန်တစ်နာရီလောက်အချိန်ပေးရရင်တော့လား.... လင်းသန့်ကြည် လမ်းမှာတင် နောက်ထပ်လင်တစ်ယောက်ရသွားမယ်။
အဟဲ.....နောက်တာပါ....လင်မယူချင်တော့ပါဘူး...
တစ်ယောက်နဲ့တင် အတော်မှတ်နေပါပြီ။

အရင်ကတော့....ငယ်ထွေး...ငယ်ထွေးနဲ့ ငုံထားတာ။
ငုံထားမတတ်မဟုတ်ဘူး...တစ်ကယ်ကို ငုံထားပြီးချစ်တာလေ....သူတို့လဲသိတာပဲကို။
ငုံတာမှလေ တစ်နေရာပဲကွက်ပြီး ငုံတာမဟုတ်ဘူး.... တစ်ကိုယ်လုံးငုံထားတာပဲ....နော့လေ။

ခုတော့ကွယ်.....
သူ့သားတွေ မျက်နှာပဲ ကြည့်နေတာ.... ကိုယ့်ကို ပလစ်တတ်နေပြီ...သိလား။
အံမယ်....သူကသာ သူ့သားတွေကိုတုန်ခိုက်နေတာ... ကိုယ်က သူ့ကိုကျော်ပြီး ကလေးတွေကို မပိုလိုက်နဲ့ မရဘူးတော့်ရေ့..... အဆန်းတကြယ်....

နေ့ထူးက သုံးနှစ်
နေ့မြတ်က နှစ်နှစ်....
မွေးနေ့လက်ဆောင်က သူများလို အရုပ်တွေ အဝတ်အစားတွေမဟုတ်ဘူး။
သူတို့အဝတ်အစားတွေကလဲ မြန်မာပြည်မှာဝယ်တာမဟုတ်ဘူး။
ဒါကို သိတဲ့မိတ်ဆွေတွေက အဝတ်အစားလက်ဆောင်မပေးကြဘူး။
လက်ဆောင်က ရွှေတွေပဲ။
ရွှေမှော် သူဌေးရဲ့သားတွေ လက်ဆောင်ရတာ ရွှေတွေပါပဲ။ ပေး​ပြန်​တော့လဲ အတုံးလိုက်တွေပေးကြတာ။
အထည်လုပ်ပြီးပေးတာ မဟုတ်ဘူး။

နေ့ထူးနဲ့နေ့မြတ်အတွက် အဝတ်အစား အသုံးအဆောင် သောက်တဲ့နို့မှုန့်တွေကိုတော့ စင်ကာပူကနေပို့ပေးတယ်။
စင်ကာပူမှာ သူတို့ရဲ့ မွေးအမေနှစ်​​ယောက်လုံးရှိတယ်။
နေ့ထူးအမေရော နေ့မြတ်အမေရောက ညီအစ်မဝမ်းကွဲတွေ။
ဝတ်ရည်နဲ့ဆိုလဲ ညီအစ်မဝမ်းကွဲတွေပဲ။

မောင်က ဝတ်ရည်ကို တဂျီဂျီ လုပ်ပြီးပူဆာတာ... ဝတ်ရည်လဲ မနေနိုင်တော့ဘူး။
စီစဥ်ပေးရတော့တယ်။
ဝတ်ရည်မက လင်းသန့်နဲ့ဘဂျမ်းကို သူနဲ့လဲအမျိုးတော်ချင်သေးတယ်လေ။
ဒါကြောင့် သူ့ညီမတွေကိုပဲ ရအောင်အကူအညီတောင်းတာ။

ရှင်းရှင်းပြောရရင်ပေါ့လေ.... အငှားကိုယ်ဝန်ဆောင်တယ်ဆိုတာက ပိုက်ဆံပေးပြီးလုပ်လိုက်လို့ရတာပါပဲ။
သူဌေးယောကျားဆိုပြီး ငွေစကားပြောတာမဟုတ်ပါဘူး.. ပြောပြတာပါနော်...
ကိုယ့်သွေးနဲ့ဖြစ်တည်ရမဲ့ သားသမီးကို လက်လွတ်စပါယ် မဖြစ်ချင်တာကလဲ အမှန်တရားပဲလေ။
ဒါကြောင့်.... မျိုးရိုးသိပြီး ကိုယ့်ပတ်ဝန်းကျင်အသိုင်းအဝိုင်းကဆိုတော့လဲ ကောင်းတာပဲပေါ့။
တစ်ခုရှိတာက ကိုယ့်အသိဖြစ်နေတာကထားအုံး...
အမြဲတွေ့နေရရင်အဆင်မပြေပြန်ဘူး။
ဒါကြောင့် ဝတ်ရည်ကအကောင်းဆုံးဖြစ်အောင်စီစဥ်ပေးတာကို လက်ခံရတယ်။
နေ့ထူးအမေရော နေ့မြတ်အမေရောက နိုင်ငံခြါးမှာအခြေချမှာသေချာနေတဲ့သူတွေ။
ဒါကြောင့် အဆင်ပြေတယ်။ ပြီးတော့ သားတို့အမေတွေအနေနဲ့ professional အငှားကိုယ်ဝန်ဆောင်တွေမဟုတ်တော့ ခေတ်မှီပြီး LGBT တွေရဲ့ဘဝကို စာနာနားလည်နိုင်သူတွေဖြစ်မှလဲ ရမှာလေ။

ကလေးတွေအတွက် ပစ္စည်းတွေကို လတိုင်းပို့ပေးတယ်... ဒါပေမဲ့ ဝတ်ရည်ဆီကိုပဲကို့ပေးတာ....
လင်းသန့်တို့ဆီကို တိုက်ရိုက်မပို့ဘူး။
ပြီးတော့ သူတို့ညီအစ်မနှစ်ယောက်မှာ ဘယ်သူက နေ့ထူးအမေ...ဘယ်သူက နေ့မြတ်အမေရယ်လို့လဲ လင်းသန့်ရော ဘဂျမ်းပါမသိကြရဘူး။
အားလုံး ဝတ်ရည်ကပဲ စီစဥ်သွားတာ။

ကလေးတွေ ကိုယ်ဝန်ဆောင်ချိန်မှာလဲ စင်ကာပူထိသွားပြီး စောင့်ရှောက်ပေးခဲ့တာ ဝတ်ရည်ပဲ။
သူ့သမီးနဲ့သူ နှစ်ယောက်လုံးသွားတာ။
ဝတ်ရည်သမီးလေးလဲ ငယ်သေးတာဆိုတော့ ထားခဲ့လို့မရဘူး။ မောင် ပူလကျီထတာ ကလးပါမနေရဘူး ကန့်လန့် ကန့်လန့်နဲ့ပါသွားရရှာတာ။ မြေးလုပ်တဲ့သူက စင်ကာပူမှာ လေးငါးလ သွားနေမယ်ဆိုတော့လဲ အန်တီထားခမျာ မခွဲနိုင်တာရော ကလေးမွေးတဲ့အချိန်ဝတ်ရည်အလုပ်များမှာရောကြောင့် လိုက်သွားရတယ်။
ကုန်ကျစရိတ်အတွက်ကတော့ မပူရပါဘူး။
မောင်တစ်ယောက် ဝတ်ရည်ကို စိတ်ကြိုက်ပေးသုံးထားတာ။
ဝတ်ရည်ရော ကလေးတို့အမေတွေရော အကောင်းဆုံးဆိုတာတွေ သုံးစေ စားစေပဲ။

အာကာ့ကိုဆေးရုံမှာအလုပ်တွေနဲ့ထားခဲ့ပြီးတော့ကို သွားတာ။
ကလေးမွေးတဲ့အချိန်တောင် လင်းသန့်တို့ကို မလာခိုင်းသေးဘူး... ဆေးရုံကဆင်းပြီး အိမ်ရောက်မှ လာခိုင်းတော့တာ။
လာချင်ပါတယ် တဂျီဂျီပြောလဲမရဘူး။
သားတို့အမေက ကိုယ်ဝန်ဆောင်ချိန်မှာ ဖုန်းဆက်ပြီး စကားပြောခွင့်​တော့ ရတယ်။
ဒီလောက်ပဲ.... လေသံနားထောင်ရုံနဲ့ပဲ ဝတ်ရည်ရဲ့အမျိုးတွေ ဘယ်လောက်မာကြောင်းသိရပါတယ်။
သူတို့ကတောင် ကိုယ့်ကိုပြန်အားပေးသေးတာ။
သိတဲ့အတိုင်း.... လင်းသန့်ကြည်က တာဝန်ကျေချင်နေတာ။

ဝတ်ရည်နဲ့အာကာက ပြင်ပဆေးရုံပေါ့.... ဖွင့်လိုက်ကြပြီ။
အရမ်းကိုအောင်မြင်နေတဲ့ ရန်ကုန်မြို့ ပုဂ္ဂလိကဆေးရုံတွေထဲက တစ်ခုပေါ့။
လင်းသန့်တို့ အလုပ်လုပ်ခဲ့တဲ့ ရန်ကုန်ဆင်ခြေဖုံးမြို့လေးမှာပဲ ဖွင့်လိုက်တာ။
မြေနေရာ ကျယ်ကျယ်ကတော့... မောင်ဝယ်ထားတာ။
ဒါကြောင့် လင်းသန့်က အလုပ်သာမလုပ်ပေးရတာ..
ဝတ်ရည်နဲ့အာကာ့ဆီက ပိုက်ဆံကို ခုထိရနေတုန်းပဲ။

ရုပ်လေးတွေကတော့.... နှစ်ယောက်လုံးအဖေတူတယ်။
အဖေတွေနဲ့ တူတယ်ပေါ့ ပြောချင်တာက...
မောင့် သားက မောင့်ရုပ်လေး.....
နေ့မြတ်အသားက ညိုတယ်....နှာခေါင်းလေးများချွန်လို့ပါပဲ။
ဆံပင်က သူ့အဖေလိုပဲ ခွေခွေလေးတွေ။
မောင်ကလေ....ဆံပင်ကို တိုကပ်ကပ်ညှပ်ထားရင်သာ ဆံပင်ခွေတာကို မသိသာတာ။
နည်းနည်းလေးရှည်လာရင်ပဲ ဆံပင်လှိုင်းလေး​တွေပေါ်လာတော့တာပဲ။ ​နေ့​မြတ်က ​ထွားလဲထွားသေးတာ... မောင့်အတိုင်းပဲ.... အငယ်သာဆိုတယ် သူ့အကိုနဲ့ အရပ်ကတူတူပဲ။

နေ့ထူးကတော့ လင်းသန့်ကြည်ပုံလေး....
နုထွေးထွေးနဲ့.... မျက်ဝန်းကြည်လေးရောတူတာ။
မောင်သိပ်ချစ်တာ နေ့ထူးကို.....
နေ့ထူးကလဲ သူ့အ​ဖေကို သိပ်ချစ်တာ။
လူပုံသာ လင်းသန့်ကြည်ဖြစ်နေတာ.... ပုံစံကြည့်ရတာ သူ့အဖေလို ပင်ပန်းတဲ့အလုပ်တွေပဲ လုပ်ချင်တာလားမသိ။
ဆော့လဲ ခပ်ကြမ်းကြမ်းပဲ။
ထိလဲ မငိုဘူး။
ဖြူဥပြီး ထိရက်စရာမရှိပေမဲ့ အကြမ်းကခံသေးတာ။
ခြံဝင်းတစ်ဝင်းလုံးကို ကျောက်ပြါးခင်းပေးထားတော့ ညနေဆို အကြိုက်ဆော့တာ...ကားမောင်းတမ်းတဲ့။
ကလေးစီးကားတွေ နေ့ထူးမှာရှိတယ်။
တစ်စီးထဲမဟုတ်ဘူး....အကြိုက်....gradeအစုံပဲ။
ထိန်းတဲ့သူတွေက ပြေးလိုက်ကြပေါ့။
ကားဆိုလဲ နေ့ထူးသိပ်ကြိုက်တာ။
လမ်းလျှောက်တတ်ပြီး မကြာဘူး.... ကားနဲ့ခြံထဲဆင်းတော့တာပဲ။
ရုပ်က လင်းသန့်ကြည်နဲ့တူပြီး အကျင့်ကသူတို့အဖေနဲ့တူတာဘာကြောင့်လဲ မတွေးတတ်ပါဘူး။
.
.
.
.

မွေးနေ့ပွဲ ပြီးတာနဲ့ လင်းသန့်ကြည် ဖတ်ဖတ်ကိုမောနေရောပဲ။
ဧည့်ခံရတာလေ.... ဝတ်ရည်တို့လဲရောက်နေတာ။
ပါပါးရော အန်တီထားရော အန်တီရှိန်ရောပဲ.... အားလုံးလာကြတာ။
တစ်ခေါက်မှ မရောက်ဖူးကြဘူးလေ။
ဘဂျမ်းရဲ့အောင်မြေကို သူတို့လဲလာချင်နေတာကြာပြီ။

ဝတ်ရည်မွေးထားတဲ့ တစ်ယောက်ကြောင့် လူကြီးတွေလဲ ဘုရားရိပ် တရားရိပ်ထက် မြေးရိပ်ခိုနေကြရတာပေါ့... ဒါကြောင့် ခြေချုပ်တွေမိနေကြတာ။ အကြောင်းရှိမှ လာကြရတယ်... တွေ့ကြရတယ်။

နေ့ထူး နဲ့ နေ့မြတ်က ပါပါးနဲ့လဲမြေးတော်တာပဲလေ။
ဝတ်ရည်နဲ့ဆိုရင် တူလေးတွေပေါ့။
ပြီးတော့ ဝတ်ရည်ရဲ့သမီးလေး.... ကာရံလေးနဲ့လဲ မောင်နှစ်မ ဝမ်းကွဲတွေပဲပေါ့။
ဝတ်ရည်က ဒီလိုဖြစ်ချင်လို့ တမင် ဒီလိုစီစဥ်ခဲ့တာလေ။
မောင်ရောပဲပေါ့.... လင်းသန့်ကြည်ကိုတောင် သိပ်ပြီးတိုင်ပင်ခဲ့တာမဟုတ်ဘူး။ မောင်နဲ့ လင်းသန့်ကြည် စင်ကာပူကို ဆေးစစ်ဖို့သွား... လိုအပ်တာလုပ်ကြရပြီး ပြန်ခဲ့ရတာပဲလေ... ကျန်တာအကုန် ဝတ်ရည်ပဲ လုပ်ပေးသွားတာ။ မွေးတော့လဲ ဒီတိုင်းပဲ ချက်ချင်းလှမ်းမခေါ်ဘူး.... ဝတ်ရည်က အဲ့လိုပါဆို... သူ့ကလေးတွေကို သူကိုယ်တိုင်လဲ သိပ်ချစ်တာ။

နေ့ထူးမွေးတော့ မောင်က အရမ်းသဲသဲလှုပ်နေတာမို့ မောင့်သွေးကြောင့်ရတဲ့ ကလေးလို့တောင်ထင်မိတာပါဆို။
နေ့ထူးမေမေက အသားဖြူတယ်တဲ့လေ။
ဘယ်သိမလဲ နေ့ထူးအသားဖြူနေတာ အမေတူလို့များလားပေါ့.... ထင်မိသေးတာ။
ဘယ်လိုပဲဖြစ်ဖြစ်ပါ မောင်ရောငယ်ထွေးရော...ဘဝမှာ နေ့ထူး နဲ့ နေ့မြတ်က နေရာအပြည့်ယူထားပြီ။
သူတို့နဲ့ပဲ မနက်ခင်းတွေကို စတင်ပြီး သူတို့နဲ့ပဲညတွေကုန်ဆုံးရတယ်။
မောင်နဲ့ငယ်ထွေးဘဝမှာ ပိုပြီးပြည့်စုံလာတာတော့ အမှန်ပဲ။

"ပါးကြီးရေ .... မြတ်လေး ငိုနေတယ်"

ဟော...အသံကြားရပြီ။
ခဏလေးနားတာနဲ့ ကပ်လိုက်လာတာပဲ အသံက...
ထူးက သူ့ညီကို မြတ်လေးတဲ့...
ထူးကသိပ်ချစ်တာ သူ့ညီ အမဲတုံးလေးကို။
လူလဲမနားရဘူး...  ခေါ်သံရှိရာဆီကို ပြေးရပြန်တယ်။

ကလေးလဲလေ.... တကယ်ကမမွေးချင်ဘူးရယ်။
ကလေးမွေးရတာ ပင်ပန်းတာကို သိပါရဲ့။
မနေနိုင် မထိုင်နိုင်အတင်းအဓမ္မ မွေးခိုင်းတာကလေ... ​မောင်နဲ့ မောင့်ပရိသတ်တွေ
မွေးခိုင်းချင်တော့လဲ သူတို့ပဲ အတင်း...
မွေးပြီးရင် လာကူထိန်းလား မေးကြည့်....မထိန်းဘူး။
😎😎😎😎😎

Zawgyi

ဒီေန႕က ေန႕ထူးေန႕ျမတ္တို႔ရဲ႕.... ေန႕

ေန႕ထူးနဲ႕ေန႕ျမတ္ဆိုတဲ့ ကေလးႏွစ္ေယာက္က အသက္တစ္ႏွစ္ကြာတယ္။ ေမြးရက္ကမတူေပမဲ့ ေမြးလက တူတယ္။ ဒီေန႕က ေန႕ထူးေန႕ျမတ္တို႔ရဲ႕ ေမြးေန႕ က်င္းပေနတာ။ ေမြးလတစ္လထဲဆိုေတာ့ ေမြးေန႕ပြဲကို ခြဲၿပီးမက်င္းပနိုင္ဘူး။
သိတဲ့အတိုင္း ေမြးသဖခင္ေက်းဇူးရွင္ႏွစ္ေယာက္လုံးက အရွားပါးဆုံးေမးရင္ အခ်ိန္ပဲ။
တစ္ေယာက္ကလဲ ေမွာ္ထဲမသြားဘူးဆိုတာ ယုံတမ္းစကား..
ေျပာလဲေမာင္ေျပာပဲ... ဘယ္သူကမွ မယုံဘူး။

ေဟာ...ေနာက္တစ္ေယာက္ကလဲ တူတူပဲ.... ေဆး႐ုံကို မစြန့္လႊတ္နိုင္ဘူး။
ဘာေၾကာင့္လဲဆိုေတာ့ နယ္ၿမိဳ႕ေဆး႐ုံဆိုတာက လူနာေတြသိပ္အားကိုးၾကတာ။
တကယ္ပဲ ျပည္သူ႕ေဆး႐ုံကိုအားကိုးၾကသူေတြပဲရွိတယ္။
ပုဂၢလိကေဆး႐ုံေတြလဲ ရန္ကုန္ေလာက္မမ်ားေပမဲ့ ရွိပါတယ္။
တကယ္အေရးႀကီး case ေတြကေတာ့ ေဆး႐ုံပဲ လာၾကရတာေလ။

ဗန္းေမာက္ ပတ္ဝန္းက်င္႐ြာေတြကလဲ အားကိုးတႀကီး လာျပတာေတြရွိေတာ့...ေဒါက္တာလင္းသန့္ၾကည္အလုပ္မထြက္နိုင္ဘူးရယ္။
ကေလးႏွစ္ေယာက္ရေနၿပီ။
တိုးလို႔တြဲေလာင္းႏွစ္ေကာင္ကို သူ႕အေဖက ကေလးထိန္းေတြနဲ႕ စိတ္မခ်ဘဴးေလ။
ဒါေၾကာင့္ ကေလးႏွစ္ေကာင္ကိုလဲ ထိန္းရေသးတာ။

ေမာင္ေျပာခဲ့သလိုပါပဲ.... ေမာင့္အေမေရာ ငယ္ေထြးအေမေရာ ဗန္းေမာက္ကို လာေနေပးၾကရတယ္။
တကယ္ကို အေမေတြကို အားနာရတယ္။
သူတို႔ဘာသူတို႔ ဘုရားနဲ႕တရားနဲ႕ေအးခ်မ္းေနတာကို မေနနိုင္ေအာင္လုပ္တယ္ေလ။
ကေလးႏွစ္ေကာင္နဲ႕ လင္းသန့္ၾကည္ဘာမွ မလုပ္တတ္မွာကိုသိေလေတာ့ လာၾကရၿပီေပါ့။
ေမာင့္တူမေလးေရာပဲ....ဖြားေအေတြေနာက္လိုက္လာရတယ္။

မိုးလင္းရင္ လင္းသန့္ၾကည္ အရင္လို အိပ္ပုတ္ေနလို႔မရေတာ့ဘူး။
ကေလးကိစၥကို ကိုယ္တိုင္လုပ္ရတယ္။
ကူလုပ္ေပးဖို႔ရာ အကူေတြအိမ္မွာအမ်ားႀကီးရွိတယ္။
ဒါေပမဲ့ သူတို႔နဲ႕ပဲ လႊတ္မထားနဲ႕ မႀကိဳက္ဘူး။
ဘယ္သူမႀကိဳက္တာလဲ....သိၾကလား။
အဲ့ေတာ့.... ကိုယ္တိုင္ပဲ ေမြးထားတာေလးေတြကို ျပဳစုရတယ္။
လင္းသန့္ၾကည္ ကိုယ္တိုင္ကလဲ ကေလးေတြကို ကိုယ္တိုင္လုပ္ေပးရမွ ေက်နပ္တာလဲ ပါတာေပါ့။
ေဆး႐ုံတစ္ဖက္...ကေလးတစ္ဖက္နဲ႕ပဲ...ဖတ္ဖတ္သီေနရတဲ့ေန႕ရက္ေတြပါ။

သူ႕အေဖက အိမ္မွာပဲ အလုပ္လုပ္တဲ့ရက္ေတြဆိုရင္ နည္းနည္းသက္သာတယ္။ တစ္ေနကုန္ သူတို႔အေဖနဲ႕ထားခဲ့လို႔ရတယ္။
သူ႕အေဖ ေမွာ္ထဲဆင္းသြားတဲ့ရက္မ်ိဳးမွာေတာ့ ေဆး႐ုံနဲ႕အိမ္ကို လြန္းပ်ံေလးလိုလုပ္ေနရတယ္။
ေတာ္ေသးတာက....ေဆး႐ုံနားမွာပဲ အိပ္ဝယ္ေပးထားလို႔ေပါ့။
ရန္ကုန္မွာလို တစ္ခါအိမ္ျပန္တစ္နာရီေလာက္အခ်ိန္ေပးရရင္ေတာ့လား.... လင္းသန့္ၾကည္ လမ္းမွာတင္ ေနာက္ထပ္လင္တစ္ေယာက္ရသြားမယ္။
အဟဲ.....ေနာက္တာပါ....လင္မယူခ်င္ေတာ့ပါဘူး...
တစ္ေယာက္နဲ႕တင္ အေတာ္မွတ္ေနပါၿပီ။

အရင္ကေတာ့....ငယ္ေထြး...ငယ္ေထြးနဲ႕ ငုံထားတာ။
ငုံထားမတတ္မဟုတ္ဘူး...တစ္ကယ္ကို ငုံထားၿပီးခ်စ္တာေလ....သူတို႔လဲသိတာပဲကို။
ငုံတာမွေလ တစ္ေနရာပဲကြက္ၿပီး ငုံတာမဟုတ္ဘူး.... တစ္ကိုယ္လုံးငုံထားတာပဲ....ေနာ့ေလ။

ခုေတာ့ကြယ္.....
သူ႕သားေတြ မ်က္ႏွာပဲ ၾကည့္ေနတာ.... ကိုယ့္ကို ပလစ္တတ္ေနၿပီ...သိလား။
အံမယ္....သူကသာ သူ႕သားေတြကိုတုန္ခိုက္ေနတာ... ကိုယ္က သူ႕ကိုေက်ာ္ၿပီး ကေလးေတြကို မပိုလိုက္နဲ႕ မရဘူးေတာ့္ေရ႕..... အဆန္းတၾကယ္....

ေန႕ထူးက သုံးႏွစ္
ေန႕ျမတ္က ႏွစ္ႏွစ္....
ေမြးေန႕လက္ေဆာင္က သူမ်ားလို အ႐ုပ္ေတြ အဝတ္အစားေတြမဟုတ္ဘူး။
သူတို႔အဝတ္အစားေတြကလဲ ျမန္မာျပည္မွာဝယ္တာမဟုတ္ဘူး။
ဒါကို သိတဲ့မိတ္ေဆြေတြက အဝတ္အစားလက္ေဆာင္မေပးၾကဘူး။
လက္ေဆာင္က ေ႐ႊေတြပဲ။
ေ႐ႊေမွာ္ သူေဌးရဲ႕သားေတြ လက္ေဆာင္ရတာ ေ႐ႊေတြပါပဲ။ ေပး​ျပန္​ေတာ့လဲ အတုံးလိုက္ေတြေပးၾကတာ။
အထည္လုပ္ၿပီးေပးတာ မဟုတ္ဘူး။

ေန႕ထူးနဲ႕ေန႕ျမတ္အတြက္ အဝတ္အစား အသုံးအေဆာင္ ေသာက္တဲ့နို႔မႈန့္ေတြကိုေတာ့ စင္ကာပူကေနပို႔ေပးတယ္။
စင္ကာပူမွာ သူတို႔ရဲ႕ ေမြးအေမႏွစ္​​ေယာက္လုံးရွိတယ္။
ေန႕ထူးအေမေရာ ေန႕ျမတ္အေမေရာက ညီအစ္မဝမ္းကြဲေတြ။
ဝတ္ရည္နဲ႕ဆိုလဲ ညီအစ္မဝမ္းကြဲေတြပဲ။

ေမာင္က ဝတ္ရည္ကို တဂ်ီဂ်ီ လုပ္ၿပီးပူဆာတာ... ဝတ္ရည္လဲ မေနနိုင္ေတာ့ဘူး။
စီစဥ္ေပးရေတာ့တယ္။
ဝတ္ရည္မက လင္းသန့္နဲ႕ဘဂ်မ္းကို သူနဲ႕လဲအမ်ိဳးေတာ္ခ်င္ေသးတယ္ေလ။
ဒါေၾကာင့္ သူ႕ညီမေတြကိုပဲ ရေအာင္အကူအညီေတာင္းတာ။

ရွင္းရွင္းေျပာရရင္ေပါ့ေလ.... အငွားကိုယ္ဝန္ေဆာင္တယ္ဆိုတာက ပိုက္ဆံေပးၿပီးလုပ္လိုက္လို႔ရတာပါပဲ။
သူေဌးေယာက်ားဆိုၿပီး ေငြစကားေျပာတာမဟုတ္ပါဘူး.. ေျပာျပတာပါေနာ္...
ကိုယ့္ေသြးနဲ႕ျဖစ္တည္ရမဲ့ သားသမီးကို လက္လြတ္စပါယ္ မျဖစ္ခ်င္တာကလဲ အမွန္တရားပဲေလ။
ဒါေၾကာင့္.... မ်ိဳးရိုးသိၿပီး ကိုယ့္ပတ္ဝန္းက်င္အသိုင္းအဝိုင္းကဆိုေတာ့လဲ ေကာင္းတာပဲေပါ့။
တစ္ခုရွိတာက ကိုယ့္အသိျဖစ္ေနတာကထားအုံး...
အၿမဲေတြ႕ေနရရင္အဆင္မေျပျပန္ဘူး။
ဒါေၾကာင့္ ဝတ္ရည္ကအေကာင္းဆုံးျဖစ္ေအာင္စီစဥ္ေပးတာကို လက္ခံရတယ္။
ေန႕ထူးအေမေရာ ေန႕ျမတ္အေမေရာက နိုင္ငံျခါးမွာအေျခခ်မွာေသခ်ာေနတဲ့သူေတြ။
ဒါေၾကာင့္ အဆင္ေျပတယ္။ ၿပီးေတာ့ သားတို႔အေမေတြအေနနဲ႕ professional အငွားကိုယ္ဝန္ေဆာင္ေတြမဟုတ္ေတာ့ ေခတ္မွီၿပီး LGBT ေတြရဲ႕ဘဝကို စာနာနားလည္နိုင္သူေတြျဖစ္မွလဲ ရမွာေလ။

ကေလးေတြအတြက္ ပစၥည္းေတြကို လတိုင္းပို႔ေပးတယ္... ဒါေပမဲ့ ဝတ္ရည္ဆီကိုပဲကို႔ေပးတာ....
လင္းသန့္တို႔ဆီကို တိုက္ရိုက္မပို႔ဘူး။
ၿပီးေတာ့ သူတို႔ညီအစ္မႏွစ္ေယာက္မွာ ဘယ္သူက ေန႕ထူးအေမ...ဘယ္သူက ေန႕ျမတ္အေမရယ္လို႔လဲ လင္းသန့္ေရာ ဘဂ်မ္းပါမသိၾကရဘူး။
အားလုံး ဝတ္ရည္ကပဲ စီစဥ္သြားတာ။

ကေလးေတြ ကိုယ္ဝန္ေဆာင္ခ်ိန္မွာလဲ စင္ကာပူထိသြားၿပီး ေစာင့္ေရွာက္ေပးခဲ့တာ ဝတ္ရည္ပဲ။
သူ႕သမီးနဲ႕သူ ႏွစ္ေယာက္လုံးသြားတာ။
ဝတ္ရည္သမီးေလးလဲ ငယ္ေသးတာဆိုေတာ့ ထားခဲ့လို႔မရဘူး။ ေမာင္ ပူလက်ီထတာ ကလးပါမေနရဘူး ကန့္လန့္ ကန့္လန့္နဲ႕ပါသြားရရွာတာ။ ေျမးလုပ္တဲ့သူက စင္ကာပူမွာ ေလးငါးလ သြားေနမယ္ဆိုေတာ့လဲ အန္တီထားခမ်ာ မခြဲနိုင္တာေရာ ကေလးေမြးတဲ့အခ်ိန္ဝတ္ရည္အလုပ္မ်ားမွာေရာေၾကာင့္ လိုက္သြားရတယ္။
ကုန္က်စရိတ္အတြက္ကေတာ့ မပူရပါဘူး။
ေမာင္တစ္ေယာက္ ဝတ္ရည္ကို စိတ္ႀကိဳက္ေပးသုံးထားတာ။
ဝတ္ရည္ေရာ ကေလးတို႔အေမေတြေရာ အေကာင္းဆုံးဆိုတာေတြ သုံးေစ စားေစပဲ။

အာကာ့ကိုေဆး႐ုံမွာအလုပ္ေတြနဲ႕ထားခဲ့ၿပီးေတာ့ကို သြားတာ။
ကေလးေမြးတဲ့အခ်ိန္ေတာင္ လင္းသန့္တို႔ကို မလာခိုင္းေသးဘူး... ေဆး႐ုံကဆင္းၿပီး အိမ္ေရာက္မွ လာခိုင္းေတာ့တာ။
လာခ်င္ပါတယ္ တဂ်ီဂ်ီေျပာလဲမရဘူး။
သားတို႔အေမက ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ဖုန္းဆက္ၿပီး စကားေျပာခြင့္​ေတာ့ ရတယ္။
ဒီေလာက္ပဲ.... ေလသံနားေထာင္႐ုံနဲ႕ပဲ ဝတ္ရည္ရဲ႕အမ်ိဳးေတြ ဘယ္ေလာက္မာေၾကာင္းသိရပါတယ္။
သူတို႔ကေတာင္ ကိုယ့္ကိုျပန္အားေပးေသးတာ။
သိတဲ့အတိုင္း.... လင္းသန့္ၾကည္က တာဝန္ေက်ခ်င္ေနတာ။

ဝတ္ရည္နဲ႕အာကာက ျပင္ပေဆး႐ုံေပါ့.... ဖြင့္လိုက္ၾကၿပီ။
အရမ္းကိုေအာင္ျမင္ေနတဲ့ ရန္ကုန္ၿမိဳ႕ ပုဂၢလိကေဆး႐ုံေတြထဲက တစ္ခုေပါ့။
လင္းသန့္တို႔ အလုပ္လုပ္ခဲ့တဲ့ ရန္ကုန္ဆင္ေျခဖုံးၿမိဳ႕ေလးမွာပဲ ဖြင့္လိုက္တာ။
ေျမေနရာ က်ယ္က်ယ္ကေတာ့... ေမာင္ဝယ္ထားတာ။
ဒါေၾကာင့္ လင္းသန့္က အလုပ္သာမလုပ္ေပးရတာ..
ဝတ္ရည္နဲ႕အာကာ့ဆီက ပိုက္ဆံကို ခုထိရေနတုန္းပဲ။

႐ုပ္ေလးေတြကေတာ့.... ႏွစ္ေယာက္လုံးအေဖတူတယ္။
အေဖေတြနဲ႕ တူတယ္ေပါ့ ေျပာခ်င္တာက...
ေမာင့္ သားက ေမာင့္႐ုပ္ေလး.....
ေန႕ျမတ္အသားက ညိုတယ္....ႏွာေခါင္းေလးမ်ားခြၽန္လို႔ပါပဲ။
ဆံပင္က သူ႕အေဖလိုပဲ ေခြေခြေလးေတြ။
ေမာင္ကေလ....ဆံပင္ကို တိုကပ္ကပ္ညွပ္ထားရင္သာ ဆံပင္ေခြတာကို မသိသာတာ။
နည္းနည္းေလးရွည္လာရင္ပဲ ဆံပင္လွိုင္းေလး​ေတြေပၚလာေတာ့တာပဲ။ ​ေန႕​ျမတ္က ​ထြားလဲထြားေသးတာ... ေမာင့္အတိုင္းပဲ.... အငယ္သာဆိုတယ္ သူ႕အကိုနဲ႕ အရပ္ကတူတူပဲ။

ေန႕ထူးကေတာ့ လင္းသန့္ၾကည္ပုံေလး....
ႏုေထြးေထြးနဲ႕.... မ်က္ဝန္းၾကည္ေလးေရာတူတာ။
ေမာင္သိပ္ခ်စ္တာ ေန႕ထူးကို.....
ေန႕ထူးကလဲ သူ႕အ​ေဖကို သိပ္ခ်စ္တာ။
လူပုံသာ လင္းသန့္ၾကည္ျဖစ္ေနတာ.... ပုံစံၾကည့္ရတာ သူ႕အေဖလို ပင္ပန္းတဲ့အလုပ္ေတြပဲ လုပ္ခ်င္တာလားမသိ။
ေဆာ့လဲ ခပ္ၾကမ္းၾကမ္းပဲ။
ထိလဲ မငိုဘူး။
ျဖဴဥၿပီး ထိရက္စရာမရွိေပမဲ့ အၾကမ္းကခံေသးတာ။
ၿခံဝင္းတစ္ဝင္းလုံးကို ေက်ာက္ျပါးခင္းေပးထားေတာ့ ညေနဆို အႀကိဳက္ေဆာ့တာ...ကားေမာင္းတမ္းတဲ့။
ကေလးစီးကားေတြ ေန႕ထူးမွာရွိတယ္။
တစ္စီးထဲမဟုတ္ဘူး....အႀကိဳက္....gradeအစုံပဲ။
ထိန္းတဲ့သူေတြက ေျပးလိုက္ၾကေပါ့။
ကားဆိုလဲ ေန႕ထူးသိပ္ႀကိဳက္တာ။
လမ္းေလွ်ာက္တတ္ၿပီး မၾကာဘူး.... ကားနဲ႕ၿခံထဲဆင္းေတာ့တာပဲ။
႐ုပ္က လင္းသန့္ၾကည္နဲ႕တူၿပီး အက်င့္ကသူတို႔အေဖနဲ႕တူတာဘာေၾကာင့္လဲ မေတြးတတ္ပါဘူး။
.
.
.
.

ေမြးေန႕ပြဲ ၿပီးတာနဲ႕ လင္းသန့္ၾကည္ ဖတ္ဖတ္ကိုေမာေနေရာပဲ။
ဧည့္ခံရတာေလ.... ဝတ္ရည္တို႔လဲေရာက္ေနတာ။
ပါပါးေရာ အန္တီထားေရာ အန္တီရွိန္ေရာပဲ.... အားလုံးလာၾကတာ။
တစ္ေခါက္မွ မေရာက္ဖူးၾကဘူးေလ။
ဘဂ်မ္းရဲ႕ေအာင္ေျမကို သူတို႔လဲလာခ်င္ေနတာၾကာၿပီ။

ဝတ္ရည္ေမြးထားတဲ့ တစ္ေယာက္ေၾကာင့္ လူႀကီးေတြလဲ ဘုရားရိပ္ တရားရိပ္ထက္ ေျမးရိပ္ခိုေနၾကရတာေပါ့... ဒါေၾကာင့္ ေျခခ်ဳပ္ေတြမိေနၾကတာ။ အေၾကာင္းရွိမွ လာၾကရတယ္... ေတြ႕ၾကရတယ္။

ေန႕ထူး နဲ႕ ေန႕ျမတ္က ပါပါးနဲ႕လဲေျမးေတာ္တာပဲေလ။
ဝတ္ရည္နဲ႕ဆိုရင္ တူေလးေတြေပါ့။
ၿပီးေတာ့ ဝတ္ရည္ရဲ႕သမီးေလး.... ကာရံေလးနဲ႕လဲ ေမာင္ႏွစ္မ ဝမ္းကြဲေတြပဲေပါ့။
ဝတ္ရည္က ဒီလိုျဖစ္ခ်င္လို႔ တမင္ ဒီလိုစီစဥ္ခဲ့တာေလ။
ေမာင္ေရာပဲေပါ့.... လင္းသန့္ၾကည္ကိုေတာင္ သိပ္ၿပီးတိုင္ပင္ခဲ့တာမဟုတ္ဘူး။ ေမာင္နဲ႕ လင္းသန့္ၾကည္ စင္ကာပူကို ေဆးစစ္ဖို႔သြား... လိုအပ္တာလုပ္ၾကရၿပီး ျပန္ခဲ့ရတာပဲေလ... က်န္တာအကုန္ ဝတ္ရည္ပဲ လုပ္ေပးသြားတာ။ ေမြးေတာ့လဲ ဒီတိုင္းပဲ ခ်က္ခ်င္းလွမ္းမေခၚဘူး.... ဝတ္ရည္က အဲ့လိုပါဆို... သူ႕ကေလးေတြကို သူကိုယ္တိုင္လဲ သိပ္ခ်စ္တာ။

ေန႕ထူးေမြးေတာ့ ေမာင္က အရမ္းသဲသဲလႈပ္ေနတာမို႔ ေမာင့္ေသြးေၾကာင့္ရတဲ့ ကေလးလို႔ေတာင္ထင္မိတာပါဆို။
ေန႕ထူးေမေမက အသားျဖဴတယ္တဲ့ေလ။
ဘယ္သိမလဲ ေန႕ထူးအသားျဖဴေနတာ အေမတူလို႔မ်ားလားေပါ့.... ထင္မိေသးတာ။
ဘယ္လိုပဲျဖစ္ျဖစ္ပါ ေမာင္ေရာငယ္ေထြးေရာ...ဘဝမွာ ေန႕ထူး နဲ႕ ေန႕ျမတ္က ေနရာအျပည့္ယူထားၿပီ။
သူတို႔နဲ႕ပဲ မနက္ခင္းေတြကို စတင္ၿပီး သူတို႔နဲ႕ပဲညေတြကုန္ဆုံးရတယ္။
ေမာင္နဲ႕ငယ္ေထြးဘဝမွာ ပိုၿပီးျပည့္စုံလာတာေတာ့ အမွန္ပဲ။

"ပါးႀကီးေရ .... ျမတ္ေလး ငိုေနတယ္"

ေဟာ...အသံၾကားရၿပီ။
ခဏေလးနားတာနဲ႕ ကပ္လိုက္လာတာပဲ အသံက...
ထူးက သူ႕ညီကို ျမတ္ေလးတဲ့...
ထူးကသိပ္ခ်စ္တာ သူ႕ညီ အမဲတုံးေလးကို။
လူလဲမနားရဘူး...  ေခၚသံရွိရာဆီကို ေျပးရျပန္တယ္။

ကေလးလဲေလ.... တကယ္ကမေမြးခ်င္ဘူးရယ္။
ကေလးေမြးရတာ ပင္ပန္းတာကို သိပါရဲ႕။
မေနနိုင္ မထိုင္နိုင္အတင္းအဓမၼ ေမြးခိုင္းတာကေလ... ​ေမာင္နဲ႕ ေမာင့္ပရိသတ္ေတြ
ေမြးခိုင္းခ်င္ေတာ့လဲ သူတို႔ပဲ အတင္း...
ေမြးၿပီးရင္ လာကူထိန္းလား ေမးၾကည့္....မထိန္းဘူး။
😎😎😎😎😎










Continue Reading

You'll Also Like

1M 101K 69
စစ်မှန်သောချစ်ခြင်းတရားတိုင်း ဆုံစည်းခွင့်ရှိစေ။ #Firstlove #Boy Love #Romance #Drama #Complete (Unicode)
1.1M 45K 57
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
982K 35.4K 42
🚨 ဒီ Fic မှာ Adult Scences တွေပါဝင်တာကြောင့် မကြိုက်တဲ့လူများရှောင်ဖို့ ကြိုတင်အသိပေးပါတယ်နော် 🚨 🚨 ဒီ Fic မွာ Adult Scences ေတြပါဝင္တာေၾကာင့္ မႀက...
156K 9.5K 38
U & Z 15th Creation Start - 13 Nov 2022 End - 11 Jan 2023 Pic Credit Original owner from Pinterest Captured me, want to protect "ကာကွယ်ပေးချင်အောင် ဖ...