𝑩 𝑹 𝑶 𝑾 𝑵 _𝑻 𝑨 𝑬 || V...
By Amethyst_jei
7.8K 1.3K 244
INTRO
🤎1🤎
🤎2🤎
🤎3🤎
🤎4🤎[P-1]
🤎4🤎[P-2]
🤎5🤎
🤎6🤎
🤎7🤎
🤎8🤎(💔)
🤎9🤎 [P-1]
🤎10🤎
🤎11🤎[P-1]
🤎11🤎[P-2]
🤎12🤎
🤎13🤎
🤎14🤎
🤎15🤎[P-1]
🤎15🤎[P-2]
🤎16🤎
🤎17🤎
BROWN TAE
🤎9🤎[P-2]
305 59 10
By Amethyst_jei
Unicode
"မတွေ့ရတာကြာတော့ကြည့်ကောင်းလာလိုက်တာ အစ်ကို"
ကြားလိုက်ရသောခပ်သြသြအသံကြောင့် လှည့်ကြည့်စရာမလိုခင်မှာတင် ရင်ထဲဒုန်းခနဲဒိုင်းခနဲဖြစ်သွားရသည်။ ပြန်မတွေ့ဖြစ်ကြတော့ဘူးထင်နေတာ။
ပြီးတော့ ဘယ်လိုပဲပြောပြော နောက်ဆုံးတွေ့ခဲ့တဲ့နေ့မှာ သူဖွင့်ပြောခဲ့တာလေ။ ရှက်သလိုလိုတော့ရှိမိတယ် ခုက အချစ်ဦးနဲ့ လက်ရှိအနာဂတ်လက်တွဲဖော်လေးကြား ဘယ်လိုဆက်ဆံရမည်ကိုမသိကာ မျက်နှာကလည်းလှည့်မကြည့်ခင်ပျက်ယွင်းလျက်....
တွဲထားသောလက်အစုံကိုလည်း ဟိုဆော့ဘက်မှအရင်ဖြုတ်ချလိုက်မိတော့သည်။
"ဪ ထယ်..ထယ်ယောင်းပဲ ပြန်လာပြီလား"
အံ့အံ့သြသြမျက်နှာလေးက ချစ်စရာလေးပါလားအစ်ကို။ ဒီလိုအမူအရာနဲ့ဆိုကျွန်တော်တော့ရူးမှာပဲ.....
"အင်း အပြီးပြန်လာတာ ပိုင်ဆိုင်သင့်တာတွေပိုင်ဆိုင်ရဖို့ပြန်လာရတာပေါ့"
ပိုင်ဆိုင်သင့်တာတွေပိုင်ဆိုင်ရဖို့.... ဒီစကားမှာတော့ ဟိုဆော့အဓိပ္ပါယ်မသိဘူး။ ဒီလုပ်ငန်းတွေဟာသူပဲပိုင်ဆိုင်ပြီးသားကို ဘာကိုထပ်ပိုင်ဆိုင်ချင်နေသေးတာလဲ...မသိဖူးကွာ ဒါသူ့အလုပ်။
"ဘေးကလူနဲ့မိတ်မဆက်ပေးတော့ဘူးလား"
အတွေးလွန်နေတော့ ထပ်မံ၍ခပ်သြသြအသံကထွက်လာပြန်သည်။ မင်းစကားပြောတဲ့အသံက ငါ့ရင်ထဲခုထိထိုးဖောက်နေတုန်းပဲလား။ တကယ်ပါပဲ ငါမေ့ပစ်နိုင်ခဲ့တာပဲကို....
မေ့ပစ်နိုင်ခြင်းနဲ့ ချစ်မိနိုင်ခြင်းတွေဟာ လားလားမှမဆိုင်သောစိတ္တဇနာမ်စားများ။ မေ့ခဲ့တာလေ မချစ်ခဲ့တော့တာမှမဟုတ်တာပဲ။ ဒါကို ကာယံကံရှင်က သိစိတ်ကရော မသိစိတ်ကပါမေ့ထားခဲ့ရုံပါပဲ....သူချစ်နေတုန်းဆိုတာ ခုသူဖြစ်နေတဲ့အမူအရာတွေက သက်သေပဲ။
"အင်း ဒါ ငါ့ကောင်မလေး ယူဆယ်ဝန်းတဲ့"
"အစ်ကိုက လူရွေးတော်သားပဲ မင်ဂလာပါ။ ကျွန်တော်က ကင်မ်ထယ်ယောင်း"
"ဟုတ် မင်ဂလာပါ "
ကျွန်တော့်မျက်နှာအမူအရာထိန်းမရဘူး။ ဘာလို့လဲ ကင်မ်ထယ်ယောင်းကသူ့ဘာသာလာတာလေ.... ဒါပေမယ့် ငါက ရည်းစားနောက်ကွယ်မှာ နောက်တစ်ယောက်ထားနေမိသလိုမျိုး မိသွားလို့ကြောက်နေမိတဲ့ပုံစံနဲ့
ကင်မ်ထယ်ယောင်းရဲ့အကြည့်တွေ သိပ်​စူးရှလာတယ်။ ဒီလိုပုံနဲ့ အညိုရောင်ဝက်ဝံလိမ္မာလေးကိုပြန်ရှာမရဘူး။ ကျွန်တော်ချစ်ခဲ့တာ အညိုရောင်လေးကိုပဲ။ အနက်ရောင်မီးခိုးတွေတောက်လောင်နေတဲ့ ရှေ့ကလူဖို့တော့ ကျွန်တော်ချစ်ခြင်းမေတ္တာမရှိဘူး.......
.
.
.
.
ထင်တာပဲ~
"သွားခွင့်ပြုပါအုံး ကင်မ်ထယ်ယောင်း"
"နောက်ရက်ဆုံကြတာပေါ့ အစ်ကိုဟိုဆော့"
"ပြောစရာစကားမရှိဘူး!"
ဆယ်ဝန်းလက်ကိုဆွဲကာ ထိုပတ်ဝန်းကျင်မှထွက်လာခဲ့သည်။ ဒီနေရာကဘာတွေများကောင်းလို့လဲ! ဆယ်ဝန်းသိချင်တယ်ဆိုလို့သာ လိုက်ပြခဲ့တာပဲရှိတယ်။ ဒီနေရာမှ အမှတ်တရကောင်းတစ်ခုတောင်ရှိခဲ့တာမဟုတ်ဘူး။
ရည်းစားမဖြစ်ခဲ့ကြဘူး မှန်တယ် ရည်းစားထပ်ပိုနိုင်တဲ့ပျော်ပျော်ရွှင်ရွှင်အမှတ်တရလေးတွေရှိခဲ့တယ်။ ကိုယ့်ဘက်က မိတ်ဆွေထပ်ပိုချင်တဲ့ဆက်ဆံရေးစိတ်တွေရှိခဲ့တယ်။မလုံမလဲတွေဖြစ်ခဲ့ရတယ်။ မေ့မပစ်နိုင်တုန်းကထားခဲ့ပြန်ပြီး မေ့ပစ်နိုင်တော့ ငါ့ရှေ့ရက်ရက်စက်စက်ပေါ်လာပြန်ပြီ။
ငါမမှားဘူး မင်းလည်းမမှားဘူး စီမံရာကံကြမ္မာက လွဲနေပြန်ပြီ! ကားထဲဝင်ခံနီး ကျောင်းဆောင်နံရံကိုကြည့်လိုက်တော့အညိုရောင်လေး....
အညိုရောင်တွေကိုသိပ်မုန်းချင်တာပဲ!!!
🤎
ကံကြမ္မာစီမံပုံအကြောင်းထပ်ကာထပ်ကာပြောရတာသိပ်မုန်းတာပဲ။ ဒီလူနဲ့တွေ့ဆုံလိုက် ဝေးကွာလိုက် ထပ်ဆုံတွေ့လိုက် ပိုခံစားရလိုက်နဲ့ အကျိုးသက်ရောက်မှုတွေက ကျွန်တော်ပဲရတာ...ချစ်မိသူကျွန်တော်ပဲရတာ
ဒီအညိုရောင်တွေကို မုန်းဖို့ဘယ်လောက်ကြိုးစားလိုက်ရလဲ ကြိုးစားနေရင်း အညိုရောင်တွေတွေ့တိုင်း သူ့ကိုဘယ်လိုသတိရမိခဲ့လဲ သူ့အကြောင်းတွေးတိုင်း နှလုံးရောဂါသည်လို ရင်ဘတ်တွေအောင့်အောင့်လာလွန်းလို့ အညိုရောင်တွေမမြင်ရအောင်ရှောင်ရှားခဲ့ပေမယ့် တစ်လောကလုံးအညိုရောင်တွေကြီးလိုပဲ...
အညိုရောင်ကင်းမဲ့ဇုန်ဆီခြေချဖို့ ဝေးရာတွေပြေးခဲ့ရတယ်။ လက်တွဲဖော်ရပြီလို့ပျော်နေချိန်လေးမှာပဲ ဒဏ်ရာတွေကိုထပ်တူးဆွဖို့ အညိုရောင်တို့ဒီနယ်မြေကိုပြန်ရောက်လာတယ်။
ကင်မ်ထယ်ယောင်းဟာ သူ့ဘာသာအချစ်ရေးကိုစိတ်မဝင်စားတာလေ ဘာကြောင့်မုန်းသလဲဆို..... ကိုယ့်ကိုကိုလည်းပြန်မေးချင်ခဲ့တာ ကျွန်တော်ထင်တာက ကင်မ်ထယ်ယောင်းကိုမုန်းနိုင်ရင် မေ့ပစ်နိုင်ပြီးအသစ်ကအားလုံးစနိုင်မယ်ထင်ခဲ့တာ ပင်ပင်ပန်းပန်းကြိုးစားမေ့ခဲ့ပေမယ့် ခဏပဲ....
အချစ်ဦးဆိုတဲ့ အရာဟာနှလုံးသားဆီတစ်ဖန်ပြန်ရောက်လာပါသည်။
ကျွန်တော်ချစ်တယ် ဒါကြောင့်ပိုင်ဆိုင်ချင်မိခဲ့တယ်။
ချစ်တာနဲ့ပိုင်ဆိုင်တယ်ဆိုတာမျိုးအတူတူမရောလိုက်နဲ့။ ချစ်တာနဲ့ပိုင်ဆိုင်ရမယ်ဆို ငေးကြည့်ရုံနဲ့ရင်နင့်သည်းချာချစ်ခဲ့ရတဲ့သူတွေကိုစော်ကားရကျမယ်ထင်တယ်။ ချစ်ခြင်းကပိုင်ဆိုင်ရမှဆိုရင် တစ်ထောင့်တစ်ညပုံပြင်ထဲကလို ကြယ်စင်တန်းကိုငေးကြည့်နေတဲ့လူအကြောင်း နေကြာတွေဟာနေဆီမရောက်နိုင်ပေမယ့် ညိုးနွမ်းခြောက်သွေ့စွာထိ ငေးကြည့်နေခဲ့ကြောင်းတွေကိုပြန်ဖတ်ကြည့်လိုက်ပါ့လား။ ချစ်လို့ပိုင်ဆိုင်လိုခြင်းဟာအချစ်ပေါ်လောဘတက်လိုက်တာပဲ။ အချစ်ကနဂိုထဲကပူလောင်ပြီးသားပါ။ လောဘဆိုတဲ့နာမ်စားကိုထပ်အသုံးပြုပြီး ကိုယ့်နှလုံးသားကို ကိုယ်ကိုတိုင်အဆိပ်မခတ်နေပါနဲ့။
ကျွန်တော်ချစ်ခဲ့ပြီးပြီ ထပ်နာမကျင်တော့ဘူး။ အင်း ထပ်မနာကျင်တော့ပါလောက်ပါဘူး...ကျွန်တော်ခုလေးတင်စိတ်ဓာတ်ကိုထပ်ပြင်ဆင်ခဲ့ပြီးပြီ
Brown_Tae
အရေးအသားကစုတ်ပြတ်နေပြီလားကွယ် တကယ်ပါပဲ
Thanks for reading
Amethyst_Jei
Zawgyi
Unicode
"ဟုတ် မင်ဂလာပါ "
.
.
.
.
ထင်တာပဲ~
"ပြောစရာစကားမရှိဘူး!"
Brown_Tae
Thanks for reading
Amethyst_Jei
Continue Reading
You'll Also Like
353K 64.9K 76
නිරූ .....සදාකාලික ආදරයක් තියන හාදුවකින් පුලුවන්ලු.....මැරුනත් ආපහු පන පොවන්න.....!!
2.1M 89.2K 75
602K 103K 91
මා දන්නා ප්‍රේමනීයම යක්ශපරානය අග්නි!!
723K 123K 119
කවුරුත් නැතිව උඹම උඹේ හිත සනස ගත් දවසට ඒහිත ඒ හේතුවටම කිසිදින නැවත නොවැටෙනු ඇත.........!!